7🤟
အိပ်စက်ခြင်းသည်ဘယ်လိုမှအဆင်မပြေနိုင်တော့။
တယောက်ယောက်ကလာလှုပ်နိုးနေသလို
အိမ်မက်ထဲကလား...
လက်တွေ့လားမဝေခွဲနိုင်ခဲ့..
အသက်ရှူတွေကျပ်လာသည်...။
Phone Vibrateသံသည်မနက်သုံးနာရီအချိန်
တွင်အခန်းထဲကျယ်ကျယ်လောင်လောင်ထိုး
ဖောက်ဝင်ရောက်လာတာကြောင့်
နောက်ဆုံးတော့သူလန့်န်ုးသွားသည်...။
ချွေးတွေတကိုယ်လုံးရွှဲစိုနေကာ
နှလုံးတွေမပြတ်ခုန်နေတာကြောင့်
ရေသောက်ရန်ထလိုက်ချ်န်တွင် ထယ်ပါနိုး
လာသည်။ ခရီးပြန်လာသည်အထိသူ့ထယ့်အိမ်
မှာသောင်တင်နေတုန်း။အိမ်ကိုလည်းမပြန်ရဲပါ
တယောက်ထဲရှိနေသောအချိန်မျိုးတွင်
ဝင်ရောက်လာမဲ့အတွေးတွေကိုသူခံစား
နိုင်မည်မဟုတ်။တောက်လျှောက်မြည်နေသော
ဖုန်းအားလှမ်းကြည့်တော့ NamjoonHyung
Miss callတွေ....ဆယ်ချီရာချီ...။
"ဘာဖြစ်လို့လဲ အိပ်မရဘူးလား..."
"ငါ ငါ အိမ်ပြန်အုန်းမယ် ထယ်..."
"ဒီအချိန်ကြီးကို..မိုးလင်းမှပြန်ပါ...
ငါလိုက်ပို့ပေးမယ်....."
"ရတယ်....ငါ့ကိုပြန်ခေါ်နေသလိုပဲ
ငါပြန်အိပ်လည်းအိပ်ရမှာမဟုတ်ဘူး
မင်းကိုငါအားနာပါတယ် ...."
"မဟုတ်တာ ပြန်ချင်တယ်မလား
ထထ ငါပြန်လိုက်ပို့ပေးမယ်...."
Jimin သည်တခါတရံဒီလိုမျိုးဖြစ်တတ်
တာကြောင့်သိပ်အထူးအဆန်းကြီးတော့
မဟုတ်ပါ။
လွမ်းချိန်တန်လာရင်ဒီကောင်က
မနက်မိုးမလင်းလည်းသွေးရူးသွေးတန်း...။
သူကားမောင်းနေတော့ဘေးနားတွင်
ငြိမ်ငြိမ်ကလေးလိုက်လာသည်။
ရုတ်တရက်ဆန်သောဆုံးရှုံးမှုများ
တွင်Jimin သည်တော်တော်လေးကို
နာကျင်ခံစားခဲ့ရကြောင့် ပိန်သေးသွား
သောခန္ဓာကိုယ်လေးသည်
အားမရနိုင်စွာ....။
အိမ်တော်ကြီးရှေ့ရောက်တော့တံခါးဖွင့်ကာ
သူ့ကိုပင်သေချာနူတ်ဆက်မသွား
ဘဲခြံတံခါးဖွင့်ကာဝင်သွားခဲ့သောသူသည်
ဘာတွေဖြစ်နေတာလဲ...။
အိမ်ရှေ့ရောက်ရောက်ချင်းထိန်ထိန်ညီး
နေသောမီးများသည် ဒေါသကို
ချက်ချင်းဖြစ်တည်စေကာတောက်တချက်
ခေါက်လိုက်သည်။အိမ်မကြီးတံခါးအား
ခြေထောက်ဖြင့်ကန်ဖွင့်ကာ
တအိမ်လုံးကြားနိုင်လောက်မည့်အသံဖြင့်
စတင်အော်လိုက်သည်။
"ဘယ်သူက အတင့်ရဲပြီးမီးတွေကိုဖွင့်ထား
တာလဲ.....!!!!!!!!"
ဧည့်ခန်းထဲတွင်ဘယ်သူမှရှိမနေပါ...
မီးတွေပင်မက TVမှ စိတ်ဆင်းရဲစရာ
တီးလုံးတခုကလည်းလာနေသေးသည်။
"ငါဖွင့်ထားတာ......"
Jimin သည်ခြေတလှမ်းနောက်သို့
ချက်ချင်းဆုပ်မိရဲ့သား။အသံသည်
TVရှေ့ရှိ ဆိုဖာခုံအကြီးကြီးဆီမှလာသည်။
ကျောခိုင်းနေတာမို့ ခုံအရွယ်အစား
ကြောင့်သူဝင်လာသောအချိန်တွင်
အမှတ်တမဲ့ဖြစ်ခဲ့သည်...။
ဒီအသံ...ဒီဟန်တွေ....
ငါးနှစ်သားထဲက ရိုကျိုးဆည်းကပ်မှုတွေ
ခေါင်းငုံ့အရှုံးပေးခဲ့ခြင်းတွေ
အမှိုက်တစလိုအလွယ်တကူ
လွှင့်ပစ်လိုက်ခြင်းတွေ
နာပါတယ်ဆိုတာထက်ပိုနာကျင်အောင်
အထပ်ထပ်အခါခါ အနိုင်ကျင့်ခဲ့မှုတွေရဲ့
အမှတ်အသားတခုဖြစ်သည်။
အေးစက်သည် သိပ်လည်းကြောက်စရာ
ကောင်းပါသည်...။
ခုံပေါ်ကထလာသူသည်အသေအချာ
ကိုထိုလူဖြစ်နေခဲ့သည်။
လေးနှစ်ကျော်ငါးနှစ် ခွဲခွါခဲ့ရသော
သူမမြင်ဆုံးမျက်နှာသည်အရင်ကထက်
အဆပေါင်းများစွာပင်ပိုခက်ထန်နေသည်...။
သူနောက်ထပ်တလှမ်းထပ်ဆုတ်ခဲ့သည်။
ပြန်လာတာလား..ဘာလုပ်ဖို့လဲ....
ဘာလို့ခုချိန်ကျမှပြန်ပေါ်လာရတာလဲ...
"ငါပါ JungKookပါ..."
"ခင်ဗျား ကသေသွားပီမလား...."
နူတ်ဆက်စကားသည်တချိန်လုံးသူနိုင်စား
ခဲ့တာတွေနဲ့တန်အောင်လှပါသည်။
ဘယ်မှာလဲ Min....?
သရုပ်ပျက်ဆံပင်တွေနဲ့ ရှုပ်ယှက်ခတ်နေသော
တက်တူးအစုတ်အပြတ်တွေက
သူ့ကလေးလေးတဲ့လား။
သူMinကိုကြိုးစားပမ်းစားပြန်ရှာနေသော်
လည်းရှေ့မှာရှိနေတာ လမ်းသရဲလို
ကောင်လေးကိုပဲမြင်နေသည်...။
ဘယ်သူတွေကဖျက်ဆီးလိုက်တာလဲ...။
အပေါက်အပြဲဘောင်းဘီတွေအောက်က
အသားလှလှတွေ.ကဘာလုပ်ဖို့ဖော်ပြထားရ
တာလဲ....။သွေးတွေသည်ဆူပွက်လာကာ
ပြောင်းလဲခြင်းမကပြောင်းလဲသွားခဲ့
သော Minပုံစံကိုသူလက်မခံနိုင်ပါ။
Nam joon Hyungက မတားခဲ့ဘူးလား....။
ကြည့်ကောင်းလို့ကြည့်နေခဲ့တာလား။
"မင်းငါသေဖို့နေ့တိုင်းဆုတောင်းခဲ့ပုံပဲ..."
"အင်း......"
ရဲတင်းလိုက်တာလိမ္မော်ရောင်ဆံပင်တွေ
ကြားကမျက်လုံးတွေသည် သူ့အား
ကြောင်လေးခွေးကလေးလို
ကြည့်နေသည်...။ပေါ့ပျက်ပျက်အသံဖြင့်
ခေါင်းညိတ်ထောက်ခံနေလိုက်သေးသည်...။
"စိတ်မကောင်းစရာကငါမင်းဆီ
ပြန်ရောက်လာပီ ParkJimin..."
"ခင်ဗျားအိမ်ခင်ဗျားပြန်လာတာ
ကျတော်စိတ်မကောင်းစရာမရှိပါဘူး
ပြန်လာပါ..ကျတော်ထွက်သွား
ပေးမှာပါ...."
"ဘာ.....မင်းက.."
"ဟုတ်တယ် ကျတော်က...."
"ဘယ်ကပြန်လာတာလဲဒီအချိန်ကြီး
ဘယ်မှာအလေလိုက်ပြီးစုတ်ပြတ်သတ်နေတဲ့
ပုံစံနဲ့ပြန်လာရတာလဲ မင်းအိမ်မှာမအိပ်ဘူးလား
မင်းက လမ်းဘေးကကောင်လား...."
လွန်ခဲ့သောနှစ်တွေကအတိုင်း
JeonJungkook ဟာအော်ဟစ်မေးလိုက်
ရင်ငိုမဲ့မဲ့နှင့်ပြန်ဖြေလာမည့် Minဟု
ထင်မှတ်နေပုံရပါသည်။
သွေးကတော့ကြီးဆဲ....။
"ကျတော့်ချစ်သူအိမ်မှာအိပ်နေတာ.
.ဘာဖြစ်လို့လဲ..."
တောင်းပန်ပါတယ်ထယ်....။ငါဒီတခဏလေး
တော့အသုံးချပါရစေ..။ငါဒီလူကိုသိပ်အနိုင်
လိုနေချင်လို့ပါ...။ခွင့်မလွှတ်ပါနဲ့..။
"မင်းရဲ့ ချစ်သူ......မင်းကိုချစ်မဲ့သူက
ရှိသေးတာလား..."
"ခင်ဗျားကလွဲရင်ချစ်ပေးခဲ့ကြပါတယ်..."
"အော်...."
ချစ်သူတဲ့....ချစ်သူတဲ့လေ..။
အိပ်ပြီးတောင်ပြန်လာလေသတဲ့..။
ကျစ်ကျစ်ပါအောင်ဆုပ်ထားသော
လက်သီးတွေသည်သွေးထွက်မတတ်။
လေးနှစ်လုံးလွမ်းခဲ့ရသောမျက်နှာလေး
ကိုမြင်ရဖို့ တနေကုန်ထိုင်စောင့်ခဲ့ရတာ
စောင်ခဲ့ရတဲ့စက္ကန့်တိုင်းမှာလည်း
နာကျင်မှုကပြောမပြတတ်ခဲ့..။
ဖေဖေမေမေတို့ကိစ္စနဲ့အိပ်ယာထဲများ
လဲသွားမလားဟုတောင်ထင်ခဲ့မိ၍
လွတ်တာနှင့်အမြန်ဆုံးပြန်ပြေးလာသော်
လည်း Jiminဟာ သူ့မိဘတွေရဲ့
သေဆုံးခြင်းအပေါ်သိပ်ဂရုစိုက်ပုံမပေါ်...
အသဲတွေလည်းနာရသည်။
"မင်းငါ့မိဘတွေဆုံးတာတော်တော်
စိတ်ထိခိုက်နေပုံပဲ....."
"အချိန်မှီတောင်ပြန်မလာနိုင်ဘဲ
တချိန်လုံးအတူရှိပေးခဲ့တဲ့သူကို
လာအပြစ်တင်နေသေးတယ်..
ရူးချက်က အရင်ကအတိုင်းပဲ..."
"ParkJimin...!!!!!!"
စိတ်ထက်လက်ကမြန်ပါသည်...။
ကျတော့်လက်တွေသည်သူ့အကျီလည်ပင်း
အားဆွဲဆောင့်လိုက်ပြီးပြီ။
"လွှတ်စမ်း...ငါ့ကိုလက်လွတ်စပယ်လာမထိနဲ့.."
ချက်ချင်းပြန်တွန်းလွှတ်ခဲ့သောသူသည်
သတ္တိအပြည့်နှင့်...။စူးရဲတောက်ပနေသော
မျက်လုံးတွေသည်လေးနှစ်လုံးမွေးမြူ
ထားခဲ့သောအမုန်းပေါင်းများစွာအပြည့်..။
"ခင်ဗျား ဘာကိစ္စနဲ့ပြန်လာသလဲဆိုတာ
မသိပေမယ့် ကျတော့်ဘဝမှာခင်ဗျားက
သေသွားပြီ..ခုလိုစကားရပ်ပြောနေတာ
ကိုတောင်လွန်လှပြီ JeonJungkook...
ချက်ချင်းထွက်သွားပေးမယ်
ခင်ဗျားနဲ့တအိမ်ထဲမပြောနဲ့ တကမ္ဘာထဲ
တောင်မဖြစ်လို့နေနေရတာ...
ခင်ဗျားကို တစက်ကလေးမှမမြင်ချင်ဘူး.."
လက်ညိုးသေးသေးလေးသည်မျက်နှာ
ကိုတောင်ထိုးဖောက်တော့မတတ်။
ပြသနာတက်နိုင်မည်ဆိုတာသိပေမယ့်
ဒီလောက်ခါးသီးနေလိမ့်မည်ဟုသူမထင်ခဲ့မိတာပါ။
ကလေးသည်အရင်ကအတိုင်း....။
ပြောပြီးပြီးချင်းအိမ်ပြင်သို့ပြန်ထွက်ရန်
ပြင်သော လမ်းသရဲလေးအား
ပြေးလိုက်ကာ ကောက်ချီတော့
လွှင့်ပြန်လာသောလက်တွေ...။
"ဘာလုပ်တာလဲ..ငါ့ကိုလွှတ်စမ်း!!!!!လွှတ်..."
ထိန်းရသိမ်းရအလွန်ပင်ခက်ပါသည်။
မလိုလားခြင်းသည်အဆုံးမဲ့ဖြစ်နေတာ
ကြောင့်။ရင်ဘက်အားကုတ်ဆွဲနေသော
လက်တွေသည်ကြောင်ပေါက်ကလေးလို
တကယ်ပင်ချွန်ချွန်ထက်ထက်...။
"အဲ့အခန်းထဲကိုမသွားဘူး ငါ့ကိုလွှတ်ပေး...!!!!!!"
ညာဘက်လှေကားအတိုင်းသူချီပိုး
တက်လာတာကြောင့်အသံကုန်အော်
ဟစ်တော့သည်။မရမကရုန်းထွက်နေသော
ကိုယ်လုံးငယ်သည် သူ့ငါးနှစ်သား
ထဲက အလွတ်ရနေခဲ့တာမို့
ဘယ်လ်ုများလွတ်မြောက်နိုင်မှာလဲ...။
အဝါရောင်အခန်းအားဖွင့်ဝင်လိုက်ကာ
အခန်းထဲရောက်သည်နှင့်လွှတ်ပေးလိုက်
တော့ တံခါးဆီသို့ပြန်ပြေးထွက်သောသူ။
လက်ကဆွဲထားကာအားသုံးဖျစ်လိုက်
တော့နာသွားသည်ထင်သည်။
အသံလေးတခုတော့ထွက်ပေါ်လာသည်။
"ဒီထဲမှာပဲနေ...ဒါမင်းရဲ့နေရာ..."
"သေလိုက်လေ..လဲသေလိုက်...."
မျက်စိရှေ့ကအရိုင်းပန်းလေးသည်
သူ့စိတ်နှလုံးအားထပ်ဆင့်ထပ်ဆင့်
ထိပါးခဲ့သည်။မျက်လုံးထဲတွင်
လှုပ်လိလှုပ်လဲ့နားဆွဲရှည်တွေ...
ခန္ဓာကိုယ်နဲ့တသားထဲကျနေသော
အဝတ်အစားတွေသည်အဆိပ်တွေလို..။
"လာစမ်း...."
အိပ်ယာပေါ်ပစ်တင်ကာနားကနားကပ်တွေအား
ဆွဲဖြုတ်တော့ ဘယ်နှချက်အရိုက်ခံရမှန်း
မသိသောပါးတွေ.. ။သူမကြိုက်ပါ..
ဒါတွေက ကလေးမှာရှိရမဲ့ပစ္စည်းတွေ
မဟုတ်..။သူ့ကလေးဟာဒီအခန်းဝါဝါထဲက
အပြစ်ကင်းစင်သောကလေးလေးတယောက်။
လည်တိုင်ကဆွဲကြိုးတွေ
လက်ကအချွန်အထက်လက်ပတ်တွေ
လက်ချောင်းတွေကလက်စွပ်တွေအထိ
သူချူပ်ကာ ချွတ်ခဲ့သည်....။
"လူယုတ်မာကောင်...!!!!"
ရှပ်အကျီအားဆွဲချွတ်လိုက်သော်အခါ
ခါးစပ်တွင်တွေ့လိုက်ရသောတက်တူး
ခပ်ကြီးကြီးသည်တကယ်ကိုမှင်သက်
သွားစေခဲ့သည်။
ဘာလို့များ ဒီလောက်တောင်ကွာ....။
သူ့လက်တွေအားလျှော့ချပစ်လိုက်တော့
Jimin သည်ကြောက်လန့်ရှက်ရွံ့နေပုံလည်း
မပေါ်ပါ...။အံ့ဩသလိုထိုတက်တူးတွေ
အားစိုက်ကြည့်နေသောJungkook
အားခပ်ရဲရဲပင်
"ခင်ဗျားမိန်းမကိုသတိရသွားလို့လား
သူရောပြန်ပါမလာဘူးလား...."
"ဘာလို့လဲ....ဘာလို့ ဒီလိုအသားနာ
ရမဲ့အလုပ်တွေကိုလုပ်ခဲ့တာလဲ
မင်းနဲ့ဒါတွေကအက်စပ်လို့လား
မင်းဘယ်လောက်တောင်ပျက်ဆီးနေခဲ့ပြီလဲ
ParkJimin....."
"ယောကျ်ားတယောက်တက်တူး
ထိုးတာဘာမှားလို့လဲ မိန်းမတွေတောင်
ထိုးပီးမြူစွယ်ခဲ့သေးတာပဲ....
နာကျင်ပြမနေနဲ့ JeonJungkook..."
နာကျင်မပြနဲ့တဲ့လေ...။
"အေး...ငါမနာကျင်ပါဘူး..
မင်းဒီအခန်းထဲကနေခြေတလှမ်းမှရွေ့
ဖို့မစဉ်းစားနဲ့နော်...မင်းပုံစံကို
အကုန်ပြန်ပြုပြင်ပီးမှထွက်လာခဲ့...
အရေးကြီးဆုံးကမင်းရဲ့အချိုး..
ငါပြန်လာပြီဆိုတော့ ပြင်ဆင်လိုက်တော့...."
JungKookသည်ပြောပီးပီချင်းအခန်းထဲက
ထွက်ကာအခန်းအားအပြင်မှသော့ခတ်
လိုက်သည်။တဒုန်းဒုန်းထုကာအော်ဟစ်
သောင်းကျန်သံများအားကြားသော်
လည်းမသိသလိုပင်အောက်ထပ်သို့
ပြန်ဆင်းလာခဲ့သည်...။
အောက်ထပ်တွင်NamJoonရှိနေသည်။
သူ၏မျက်နှာသည်ပိုတင်းမာသွားကာ
Nam joonဆီသို့ မြန်မြန်ရောက်အောင်
လျှောက်လိုက်သည်...။
"ဘာရည်ရွယ်ချက်နဲ့လဲဒီလောက်
ပျက်ဆီးနေတာကိုလက်ပိုက်ကြည့်နေတာ
ဘာဖြစ်လို့လဲ ကျတော့်ကိုပြောပြစမ်းပါ..."
"Hyungတောင်းပန်ပါတယ်....Jeon..."
"တောင်းပန်ခိုင်းနေတာမဟုတ်ဘူး"
"Jimin ကိုစိိတ်ချမ်းသာစေချင်ခဲ့လို့ပါ
သူမင်းထွက်သွားပီးထဲကတော်တော်လေး
ပြိုလဲခဲ့လို့ သူနေပျော်တဲ့ဘဝကို
နေစေချင်ခဲ့တာပါ.."
"ရူးတာပဲ....သိပ်ရူးကြတာပဲ...
ကျတော်လည်းရူးခဲ့တာပဲ..."
"သူ့ချစ်သူဆိုတာကရော...
Hyungကျတော့်ကိုထပ်မတောင်းပန်နဲ့နော်..."
"KimTaeHyungလို့ခေါ်တယ်..
Jimin နဲ့ တွေ့ခဲ့တာကတော့တော်တော်
ကြာပီး မင်းထွက်သွားပီးမကြာဘူး
သူတို့ကြားထဲကRelationship ကိုတော့
Hyungသေချာနားမလည်ဘူး..."
"ဘာလဲ Hyungက ကျတော်တောင်
ပစ်ထားခဲ့သေးတာပဲ Parkjimin
ဘာလုပ်လုပ် နားလည်ပေးရမယ်ဆိုတဲ့
အကွက်မျိုးကို ချိုးလိုက်တာလား...
Relationship ဆိုတာနားမလည်နိုင်စရာ
ဘာမှမလိုဘူး..."
"မဟုတ်ဘူး Jeon...Hyungအဲ့သဘောမျိုး
မဟုတ်ဘူး..ဟိုကောင်လေးဘက်ကတော့
Jiminကိုစိတ်ဝင်စားနေတာသေချာပေမယ့်
Jiminဘက်ကိုHyungမသိဘူး...."
"သူအိပ်ပီးပြန်လာတာပါတဲ့...
မျက်လုံးတောင်လှန်မကြည့်ရဲခဲ့တဲ့
ကျတော့်ကိုဝန်ခံသွားတယ်.."
"သူအရင်ကလည်းဒီလိုပဲ အဲ့ကောင်လေးအိမ်မှာ.."
"Hyungရေ ပေါ်ကုန်ပီလေဗျာ..."
"ကျတော်ပြန်လာတာ Jimin ကိုလက်ထပ်ဖို့...
မှားခဲ့တာတွေအားလုံးအတွက်
ပြန်တောင်းပန်ချင်လို့...ကျတော့်လမ်းကို
ဘယ်သူမှလာရှုပ်တာမျိုးကိုမလိုချင်ဘူး
Hyung..."
"အဲ့ကောင်လေးကမင်းရဲ့လမ်းတွေကို
ရှုပ်နိုင်မဲ့အင်အားမျိုးမရှိပါဘူး...
ဒါပေမယ့် Jimin ကိုလက်ထပ်ဖို့က
လည်းလွယ်မယ်မထင်ဘူး...
အတင်းအကျပ်တော့မလုပ်ပါနဲ့..."
"မေတ္တာရှင်လေးဘက်ကိုသိနေပြန်ပြီ..
ကျတော်လည်းလူပါ..နှလုံးသာပါပါတယိ
သူ့ဘဝမှာဘယ်သူကျန်သေးလို့လဲ
ကျတော့်အပြင်ဘယ်သူများရှိသေးလို့လဲ
ကျတော်လက်လွှတ်ပေးလိုက်ရင်
ကျတော့်ကလေးဒုက္ခရောက်မှာ
Hyungမသိလို့လား သူဘာလုပ်တတ်လို့လဲ
သူဘာသိလို့လဲ....ဖေဖေတို့ရှိလို့ကျတော်
မသိသလိုနေလို့ရပေမယ့်
ခုချိန်မှာ ကျတော်ကလွဲပီးသူဘယ်သူ့ကို
အားကိုးမှာလဲ...."
"......."
"KimTaeHyungနဲ့ထပ်မပတ်သတ်စေနဲ့
တော့..ဘယ်အတိုင်းအတာအထိ
ချစိမြတ်နိုးကြပီး ကျော်လွန်ပီးအုန်း
တော့ ကျတော်ပြန်လာပြီ..
ကျတော့် ပစ္စည်းကျတော်ပြန်သိမ်းမယ်
အဆက်အသွယ်တွေအားလုံးဖြတ်
ပေးပါ...."
ထိုညကထိန်ထိန်လင်းနေသောJeonစံအိမ်တော်
ကြီးသည်တံခါးထုသံများ အော်ဟစ်သံများ
ဖြင့်ဆူညံနေကာ ရောက်သည့်နေ့ထဲက
ရူးချင်သလိုလိုဖြစ်ခဲ့ရသောJeonသခင်လေးသည်
ဆေးလိပ်တလိပ်နူတ်ခမ်းတွင်တေ့ကာ
မီးညှိနေသည်...။
"တောင်းပန်ပါတယ်....ကိုကို
တောင်းပန်ပါတယ် ကလေးရယ်...."
.................။
"ထယ် ငါ့ကိုလာခေါ်ပါ...
သူပြန်ရောက်နေတယ် အရင်လိုပဲ
မဟုတ်ဘူး...အရင်ကထက်ပိုဆိုးတယ်
ငါ့ကိုကယ်ထုတ်ပေးပါ ငါ့ကိုအခန်းထဲမှ
ပိတ်လှောင်ထားတယ်..."
ခြောက်ခြားနေသောJimin အသံသည်
ရင်ကိုအစိမ်းလိုက်ခွဲသည်။
ဘယ်လောက်များတောင်ဆိုးဝါးနေခဲ့လို့လဲ။
"လာခေါ်မယ် မင်းကြောက်နေတယ်မလား
မကြောက်နဲ့ ငါရှိတယ်နော်..."
"မနက်ဖြန်ည သန်ခေါင်းကျရင်
ငါထွက်လာခဲ့မယ် ငါ့ကိုစောင့်နေပေးပါ..."
"မင်းအဆင်ပြေသလိုလုပ်ပါ..
မင်းအဆင်ပြေဖို့ကအရေးအကြီးဆုံးပါ"
ဒါပေမယ့် မင်းသူနဲ့အတူမရှိချင်တော့တာ
သေချာမှငါ့ကိုခေါ်နော်.."
"သူငါ့အပေါ်အရင်လိုပဲ
အရင်ကထက်ပိုတောင်ရက်စက်လာတယ်
သူမရှိဘဲနဲ့တောငိငါအကြာကြီးနေလာပီးပီကွာ
ငါလုပ်နိုင်ပါတယ်..."
"မင်းသဘောပါ...စောင့်နေ
ငါမင်းမနေချင်တဲ့အရပ်မှာမင်းကိုမထားပါဘူး"
ထယ်ယောင်းသည်ဘာမှမတွေးခဲ့။
တုန်ရီနေသောအသံလေးအား
ဖုန်းထဲမှကြားရုံနဲ့တင်ကမ္ဘာပျက်
နေခဲ့ပြီ။ သူသွားခေါ်ရမည်..
Jimin ကလာဆိုလျှင်သူလာလိုက်မည်..
Jimin ကသွားဆိုလျှင်သူသွားလိုက်မည်
ဒါဟာအရိုးရှင်းဆုံးချစ်ခြင်းမေတ္ထာတခုပါပဲ......။
အဆင်ပြေကြရဲ့လား
ဆက်သွားမယ်နော်🥺
အိပ္စက္ျခင္းသည္ဘယ္လိုမွအဆင္မေျပနိုင္ေတာ့။
တေယာက္ေယာက္ကလာလွုပ္နိုးေနသလို
အိမ္မက္ထဲကလား...
လက္ေတြ႕လားမေဝခြဲနိုင္ခဲ့..
အသက္ရွူေတြက်ပ္လာသည္...။
Phone Vibrateသံသည္မနက္သုံးနာရီအခ်ိန္
တြင္အခန္းထဲက်ယ္က်ယ္ေလာင္ေလာင္ထိုး
ေဖာက္ဝင္ေရာက္လာတာေၾကာင့္
ေနာက္ဆုံးေတာ့သူလန့္န္ုးသြားသည္...။
ေခၽြးေတြတကိုယ္လုံးရႊဲစိုေနကာ
ႏွလုံးေတြမျပတ္ခုန္ေနတာေၾကာင့္
ေရေသာက္ရန္ထလိုက္ခ်္န္တြင္ ထယ္ပါနိုး
လာသည္။ ခရီးျပန္လာသည္အထိသူ႔ထယ့္အိမ္
မွာေသာင္တင္ေနတုန္း။အိမ္ကိုလည္းမျပန္ရဲပါ
တေယာက္ထဲရွိေနေသာအခ်ိန္မ်ိဳးတြင္
ဝင္ေရာက္လာမဲ့အေတြးေတြကိုသူခံစား
နိုင္မည္မဟုတ္။ေတာက္ေလၽွာက္ျမည္ေနေသာ
ဖုန္းအားလွမ္းၾကည့္ေတာ့ NamjoonHyung
Miss callေတြ....ဆယ္ခ်ီရာခ်ီ...။
"ဘာျဖစ္လို႔လဲ အိပ္မရဘူးလား..."
"ငါ ငါ အိမ္ျပန္အုန္းမယ္ ထယ္..."
"ဒီအခ်ိန္ႀကီးကို..မိုးလင္းမွျပန္ပါ...
ငါလိုက္ပို႔ေပးမယ္....."
"ရတယ္....ငါ့ကိုျပန္ေခၚေနသလိုပဲ
ငါျပန္အိပ္လည္းအိပ္ရမွာမဟုတ္ဘူး
မင္းကိုငါအားနာပါတယ္ ...."
"မဟုတ္တာ ျပန္ခ်င္တယ္မလား
ထထ ငါျပန္လိုက္ပို႔ေပးမယ္...."
Jimin သည္တခါတရံဒီလိုမ်ိဳးျဖစ္တတ္
တာေၾကာင့္သိပ္အထူးအဆန္းႀကီးေတာ့
မဟုတ္ပါ။
လြမ္းခ်ိန္တန္လာရင္ဒီေကာင္က
မနက္မိုးမလင္းလည္းေသြး႐ူးေသြးတန္း...။
သူကားေမာင္းေနေတာ့ေဘးနားတြင္
ၿငိမ္ၿငိမ္ကေလးလိုက္လာသည္။
႐ုတ္တရက္ဆန္ေသာဆုံးရွုံးမွုမ်ား
တြင္Jimin သည္ေတာ္ေတာ္ေလးကို
နာက်င္ခံစားခဲ့ရေၾကာင့္ ပိန္ေသးသြား
ေသာခႏၶာကိုယ္ေလးသည္
အားမရနိုင္စြာ....။
အိမ္ေတာ္ႀကီးေရွ႕ေရာက္ေတာ့တံခါးဖြင့္ကာ
သူ႔ကိုပင္ေသခ်ာႏူတ္ဆက္မသြား
ဘဲၿခံတံခါးဖြင့္ကာဝင္သြားခဲ့ေသာသူသည္
ဘာေတြျဖစ္ေနတာလဲ...။
အိမ္ေရွ႕ေရာက္ေရာက္ခ်င္းထိန္ထိန္ညီး
ေနေသာမီးမ်ားသည္ ေဒါသကို
ခ်က္ခ်င္းျဖစ္တည္ေစကာေတာက္တခ်က္
ေခါက္လိုက္သည္။အိမ္မႀကီးတံခါးအား
ေျခေထာက္ျဖင့္ကန္ဖြင့္ကာ
တအိမ္လုံးၾကားနိုင္ေလာက္မည့္အသံျဖင့္
စတင္ေအာ္လိုက္သည္။
"ဘယ္သူက အတင့္ရဲၿပီးမီးေတြကိုဖြင့္ထား
တာလဲ.....!!!!!!!!"
ဧည့္ခန္းထဲတြင္ဘယ္သူမွရွိမေနပါ...
မီးေတြပင္မက TVမွ စိတ္ဆင္းရဲစရာ
တီးလုံးတခုကလည္းလာေနေသးသည္။
"ငါဖြင့္ထားတာ......"
Jimin သည္ေျခတလွမ္းေနာက္သို႔
ခ်က္ခ်င္းဆုပ္မိရဲ့သား။အသံသည္
TVေရွ႕ရွိ ဆိုဖာခုံအႀကီးႀကီးဆီမွလာသည္။
ေက်ာခိုင္းေနတာမို႔ ခုံအရြယ္အစား
ေၾကာင့္သူဝင္လာေသာအခ်ိန္တြင္
အမွတ္တမဲ့ျဖစ္ခဲ့သည္...။
ဒီအသံ...ဒီဟန္ေတြ....
ငါးႏွစ္သားထဲက ရိုက်ိဳးဆည္းကပ္မွုေတြ
ေခါင္းငုံ႔အရွုံးေပးခဲ့ျခင္းေတြ
အမွိုက္တစလိုအလြယ္တကူ
လႊင့္ပစ္လိုက္ျခင္းေတြ
နာပါတယ္ဆိုတာထက္ပိုနာက်င္ေအာင္
အထပ္ထပ္အခါခါ အနိုင္က်င့္ခဲ့မွုေတြရဲ့
အမွတ္အသားတခုျဖစ္သည္။
ေအးစက္သည္ သိပ္လည္းေၾကာက္စရာ
ေကာင္းပါသည္...။
ခုံေပၚကထလာသူသည္အေသအခ်ာ
ကိုထိုလူျဖစ္ေနခဲ့သည္။
ေလးႏွစ္ေက်ာ္ငါးႏွစ္ ခြဲခြါခဲ့ရေသာ
သူမျမင္ဆုံးမ်က္ႏွာသည္အရင္ကထက္
အဆေပါင္းမ်ားစြာပင္ပိုခက္ထန္ေနသည္...။
သူေနာက္ထပ္တလွမ္းထပ္ဆုတ္ခဲ့သည္။
ျပန္လာတာလား..ဘာလုပ္ဖို႔လဲ....
ဘာလို႔ခုခ်ိန္က်မွျပန္ေပၚလာရတာလဲ...
"ငါပါ JungKookပါ..."
"ခင္ဗ်ား ကေသသြားပီမလား...."
ႏူတ္ဆက္စကားသည္တခ်ိန္လုံးသူနိုင္စား
ခဲ့တာေတြနဲ႔တန္ေအာင္လွပါသည္။
ဘယ္မွာလဲ Min....?
သ႐ုပ္ပ်က္ဆံပင္ေတြနဲ႔ ရွုပ္ယွက္ခတ္ေနေသာ
တက္တူးအစုတ္အျပတ္ေတြက
သူ႔ကေလးေလးတဲ့လား။
သူMinကိုႀကိဳးစားပမ္းစားျပန္ရွာေနေသာ္
လည္းေရွ႕မွာရွိေနတာ လမ္းသရဲလို
ေကာင္ေလးကိုပဲျမင္ေနသည္...။
ဘယ္သူေတြကဖ်က္ဆီးလိုက္တာလဲ...။
အေပါက္အျပဲေဘာင္းဘီေတြေအာက္က
အသားလွလွေတြ.ကဘာလုပ္ဖို႔ေဖာ္ျပထားရ
တာလဲ....။ေသြးေတြသည္ဆူပြက္လာကာ
ေျပာင္းလဲျခင္းမကေျပာင္းလဲသြားခဲ့
ေသာ Minပုံစံကိုသူလက္မခံနိုင္ပါ။
Nam joon Hyungက မတားခဲ့ဘူးလား....။
ၾကည့္ေကာင္းလို႔ၾကည့္ေနခဲ့တာလား။
"မင္းငါေသဖို႔ေန႔တိုင္းဆုေတာင္းခဲ့ပုံပဲ..."
"အင္း......"
ရဲတင္းလိုက္တာလိေမၼာ္ေရာင္ဆံပင္ေတြ
ၾကားကမ်က္လုံးေတြသည္ သူ႔အား
ေၾကာင္ေလးေခြးကေလးလို
ၾကည့္ေနသည္...။ေပါ့ပ်က္ပ်က္အသံျဖင့္
ေခါင္းညိတ္ေထာက္ခံေနလိုက္ေသးသည္...။
"စိတ္မေကာင္းစရာကငါမင္းဆီ
ျပန္ေရာက္လာပီ ParkJimin..."
"ခင္ဗ်ားအိမ္ခင္ဗ်ားျပန္လာတာ
က်ေတာ္စိတ္မေကာင္းစရာမရွိပါဘူး
ျပန္လာပါ..က်ေတာ္ထြက္သြား
ေပးမွာပါ...."
"ဘာ.....မင္းက.."
"ဟုတ္တယ္ က်ေတာ္က...."
"ဘယ္ကျပန္လာတာလဲဒီအခ်ိန္ႀကီး
ဘယ္မွာအေလလိုက္ၿပီးစုတ္ျပတ္သတ္ေနတဲ့
ပုံစံနဲ႔ျပန္လာရတာလဲ မင္းအိမ္မွာမအိပ္ဘူးလား
မင္းက လမ္းေဘးကေကာင္လား...."
လြန္ခဲ့ေသာႏွစ္ေတြကအတိုင္း
JeonJungkook ဟာေအာ္ဟစ္ေမးလိုက္
ရင္ငိုမဲ့မဲ့ႏွင့္ျပန္ေျဖလာမည့္ Minဟု
ထင္မွတ္ေနပုံရပါသည္။
ေသြးကေတာ့ႀကီးဆဲ....။
"က်ေတာ့္ခ်စ္သူအိမ္မွာအိပ္ေနတာ.
.ဘာျဖစ္လို႔လဲ..."
ေတာင္းပန္ပါတယ္ထယ္....။ငါဒီတခဏေလး
ေတာ့အသုံးခ်ပါရေစ..။ငါဒီလူကိုသိပ္အနိုင္
လိုေနခ်င္လို႔ပါ...။ခြင့္မလႊတ္ပါနဲ႔..။
"မင္းရဲ့ ခ်စ္သူ......မင္းကိုခ်စ္မဲ့သူက
ရွိေသးတာလား..."
"ခင္ဗ်ားကလြဲရင္ခ်စ္ေပးခဲ့ၾကပါတယ္..."
"ေအာ္...."
ခ်စ္သူတဲ့....ခ်စ္သူတဲ့ေလ..။
အိပ္ၿပီးေတာင္ျပန္လာေလသတဲ့..။
က်စ္က်စ္ပါေအာင္ဆုပ္ထားေသာ
လက္သီးေတြသည္ေသြးထြက္မတတ္။
ေလးႏွစ္လုံးလြမ္းခဲ့ရေသာမ်က္ႏွာေလး
ကိုျမင္ရဖို႔ တေနကုန္ထိုင္ေစာင့္ခဲ့ရတာ
ေစာင္ခဲ့ရတဲ့စကၠန့္တိုင္းမွာလည္း
နာက်င္မွုကေျပာမျပတတ္ခဲ့..။
ေဖေဖေမေမတို႔ကိစၥနဲ႔အိပ္ယာထဲမ်ား
လဲသြားမလားဟုေတာင္ထင္ခဲ့မိ၍
လြတ္တာႏွင့္အျမန္ဆုံးျပန္ေျပးလာေသာ္
လည္း Jiminဟာ သူ႔မိဘေတြရဲ့
ေသဆုံးျခင္းအေပၚသိပ္ဂ႐ုစိုက္ပုံမေပၚ...
အသဲေတြလည္းနာရသည္။
"မင္းငါ့မိဘေတြဆုံးတာေတာ္ေတာ္
စိတ္ထိခိုက္ေနပုံပဲ....."
"အခ်ိန္မွီေတာင္ျပန္မလာနိုင္ဘဲ
တခ်ိန္လုံးအတူရွိေပးခဲ့တဲ့သူကို
လာအျပစ္တင္ေနေသးတယ္..
႐ူးခ်က္က အရင္ကအတိုင္းပဲ..."
"ParkJimin...!!!!!!"
စိတ္ထက္လက္ကျမန္ပါသည္...။
က်ေတာ့္လက္ေတြသည္သူ႔အက်ီလည္ပင္း
အားဆြဲေဆာင့္လိုက္ၿပီးၿပီ။
"လႊတ္စမ္း...ငါ့ကိုလက္လြတ္စပယ္လာမထိနဲ႔.."
ခ်က္ခ်င္းျပန္တြန္းလႊတ္ခဲ့ေသာသူသည္
သတၱိအျပည့္ႏွင့္...။စူးရဲေတာက္ပေနေသာ
မ်က္လုံးေတြသည္ေလးႏွစ္လုံးေမြးျမဴ
ထားခဲ့ေသာအမုန္းေပါင္းမ်ားစြာအျပည့္..။
"ခင္ဗ်ား ဘာကိစၥနဲ႔ျပန္လာသလဲဆိုတာ
မသိေပမယ့္ က်ေတာ့္ဘဝမွာခင္ဗ်ားက
ေသသြားၿပီ..ခုလိုစကားရပ္ေျပာေနတာ
ကိုေတာင္လြန္လွၿပီ JeonJungkook...
ခ်က္ခ်င္းထြက္သြားေပးမယ္
ခင္ဗ်ားနဲ႔တအိမ္ထဲမေျပာနဲ႔ တကမၻာထဲ
ေတာင္မျဖစ္လို႔ေနေနရတာ...
ခင္ဗ်ားကို တစက္ကေလးမွမျမင္ခ်င္ဘူး.."
လက္ညိဳးေသးေသးေလးသည္မ်က္ႏွာ
ကိုေတာင္ထိုးေဖာက္ေတာ့မတတ္။
ျပသနာတက္နိုင္မည္ဆိုတာသိေပမယ့္
ဒီေလာက္ခါးသီးေနလိမ့္မည္ဟုသူမထင္ခဲ့မိတာပါ။
ကေလးသည္အရင္ကအတိုင္း....။
ေျပာၿပီးၿပီးခ်င္းအိမ္ျပင္သို႔ျပန္ထြက္ရန္
ျပင္ေသာ လမ္းသရဲေလးအား
ေျပးလိုက္ကာ ေကာက္ခ်ီေတာ့
လႊင့္ျပန္လာေသာလက္ေတြ...။
"ဘာလုပ္တာလဲ..ငါ့ကိုလႊတ္စမ္း!!!!!လႊတ္..."
ထိန္းရသိမ္းရအလြန္ပင္ခက္ပါသည္။
မလိုလားျခင္းသည္အဆုံးမဲ့ျဖစ္ေနတာ
ေၾကာင့္။ရင္ဘက္အားကုတ္ဆြဲေနေသာ
လက္ေတြသည္ေၾကာင္ေပါက္ကေလးလို
တကယ္ပင္ခၽြန္ခၽြန္ထက္ထက္...။
"အဲ့အခန္းထဲကိုမသြားဘူး ငါ့ကိုလႊတ္ေပး...!!!!!!"
ညာဘက္ေလွကားအတိုင္းသူခ်ီပိုး
တက္လာတာေၾကာင့္အသံကုန္ေအာ္
ဟစ္ေတာ့သည္။မရမက႐ုန္းထြက္ေနေသာ
ကိုယ္လုံးငယ္သည္ သူ႔ငါးႏွစ္သား
ထဲက အလြတ္ရေနခဲ့တာမို႔
ဘယ္လ္ုမ်ားလြတ္ေျမာက္နိုင္မွာလဲ...။
အဝါေရာင္အခန္းအားဖြင့္ဝင္လိုက္ကာ
အခန္းထဲေရာက္သည္ႏွင့္လႊတ္ေပးလိုက္
ေတာ့ တံခါးဆီသို႔ျပန္ေျပးထြက္ေသာသူ။
လက္ကဆြဲထားကာအားသုံးဖ်စ္လိုက္
ေတာ့နာသြားသည္ထင္သည္။
အသံေလးတခုေတာ့ထြက္ေပၚလာသည္။
"ဒီထဲမွာပဲေန...ဒါမင္းရဲ့ေနရာ..."
"ေသလိုက္ေလ..လဲေသလိုက္...."
မ်က္စိေရွ႕ကအရိုင္းပန္းေလးသည္
သူ႔စိတ္ႏွလုံးအားထပ္ဆင့္ထပ္ဆင့္
ထိပါးခဲ့သည္။မ်က္လုံးထဲတြင္
လွုပ္လိလွုပ္လဲ့နားဆြဲရွည္ေတြ...
ခႏၶာကိုယ္နဲ႔တသားထဲက်ေနေသာ
အဝတ္အစားေတြသည္အဆိပ္ေတြလို..။
"လာစမ္း...."
အိပ္ယာေပၚပစ္တင္ကာနားကနားကပ္ေတြအား
ဆြဲျဖဳတ္ေတာ့ ဘယ္ႏွခ်က္အရိုက္ခံရမွန္း
မသိေသာပါးေတြ.. ။သူမႀကိဳက္ပါ..
ဒါေတြက ကေလးမွာရွိရမဲ့ပစၥည္းေတြ
မဟုတ္..။သူ႔ကေလးဟာဒီအခန္းဝါဝါထဲက
အျပစ္ကင္းစင္ေသာကေလးေလးတေယာက္။
လည္တိုင္ကဆြဲႀကိဳးေတြ
လက္ကအခၽြန္အထက္လက္ပတ္ေတြ
လက္ေခ်ာင္းေတြကလက္စြပ္ေတြအထိ
သူခ်ဴပ္ကာ ခၽြတ္ခဲ့သည္....။
"လူယုတ္မာေကာင္...!!!!"
ရွပ္အက်ီအားဆြဲခၽြတ္လိုက္ေသာ္အခါ
ခါးစပ္တြင္ေတြ႕လိုက္ရေသာတက္တူး
ခပ္ႀကီးႀကီးသည္တကယ္ကိုမွင္သက္
သြားေစခဲ့သည္။
ဘာလို႔မ်ား ဒီေလာက္ေတာင္ကြာ....။
သူ႔လက္ေတြအားေလၽွာ့ခ်ပစ္လိုက္ေတာ့
Jimin သည္ေၾကာက္လန့္ရွက္ရြံ႕ေနပုံလည္း
မေပၚပါ...။အံ့ဩသလိုထိုတက္တူးေတြ
အားစိုက္ၾကည့္ေနေသာJungkook
အားခပ္ရဲရဲပင္
"ခင္ဗ်ားမိန္းမကိုသတိရသြားလို႔လား
သူေရာျပန္ပါမလာဘူးလား...."
"ဘာလို႔လဲ....ဘာလို႔ ဒီလိုအသားနာ
ရမဲ့အလုပ္ေတြကိုလုပ္ခဲ့တာလဲ
မင္းနဲ႔ဒါေတြကအက္စပ္လို႔လား
မင္းဘယ္ေလာက္ေတာင္ပ်က္ဆီးေနခဲ့ၿပီလဲ
ParkJimin....."
"ေယာက်္ားတေယာက္တက္တူး
ထိုးတာဘာမွားလို႔လဲ မိန္းမေတြေတာင္
ထိုးပီးျမဴစြယ္ခဲ့ေသးတာပဲ....
နာက်င္ျပမေနနဲ႔ JeonJungkook..."
နာက်င္မျပနဲ႔တဲ့ေလ...။
"ေအး...ငါမနာက်င္ပါဘူး..
မင္းဒီအခန္းထဲကေနေျခတလွမ္းမွေရြ႕
ဖို႔မစဥ္းစားနဲ႔ေနာ္...မင္းပုံစံကို
အကုန္ျပန္ျပဳျပင္ပီးမွထြက္လာခဲ့...
အေရးႀကီးဆုံးကမင္းရဲ့အခ်ိဳး..
ငါျပန္လာၿပီဆိုေတာ့ ျပင္ဆင္လိုက္ေတာ့...."
JungKookသည္ေျပာပီးပီခ်င္းအခန္းထဲက
ထြက္ကာအခန္းအားအျပင္မွေသာ့ခတ္
လိုက္သည္။တဒုန္းဒုန္းထုကာေအာ္ဟစ္
ေသာင္းက်န္သံမ်ားအားၾကားေသာ္
လည္းမသိသလိုပင္ေအာက္ထပ္သို႔
ျပန္ဆင္းလာခဲ့သည္...။
ေအာက္ထပ္တြင္NamJoonရွိေနသည္။
သူ၏မ်က္ႏွာသည္ပိုတင္းမာသြားကာ
Nam joonဆီသို႔ ျမန္ျမန္ေရာက္ေအာင္
ေလၽွာက္လိုက္သည္...။
"ဘာရည္ရြယ္ခ်က္နဲ႔လဲဒီေလာက္
ပ်က္ဆီးေနတာကိုလက္ပိုက္ၾကည့္ေနတာ
ဘာျဖစ္လို႔လဲ က်ေတာ့္ကိုေျပာျပစမ္းပါ..."
"Hyungေတာင္းပန္ပါတယ္....Jeon..."
"ေတာင္းပန္ခိုင္းေနတာမဟုတ္ဘူး"
"Jimin ကိုစိိတ္ခ်မ္းသာေစခ်င္ခဲ့လို႔ပါ
သူမင္းထြက္သြားပီးထဲကေတာ္ေတာ္ေလး
ၿပိဳလဲခဲ့လို႔ သူေနေပ်ာ္တဲ့ဘဝကို
ေနေစခ်င္ခဲ့တာပါ.."
"႐ူးတာပဲ....သိပ္႐ူးၾကတာပဲ...
က်ေတာ္လည္း႐ူးခဲ့တာပဲ..."
"သူ႔ခ်စ္သူဆိုတာကေရာ...
Hyungက်ေတာ့္ကိုထပ္မေတာင္းပန္နဲ႔ေနာ္..."
"KimTaeHyungလို႔ေခၚတယ္..
Jimin နဲ႔ ေတြ႕ခဲ့တာကေတာ့ေတာ္ေတာ္
ၾကာပီး မင္းထြက္သြားပီးမၾကာဘူး
သူတို႔ၾကားထဲကRelationship ကိုေတာ့
Hyungေသခ်ာနားမလည္ဘူး..."
"ဘာလဲ Hyungက က်ေတာ္ေတာင္
ပစ္ထားခဲ့ေသးတာပဲ Parkjimin
ဘာလုပ္လုပ္ နားလည္ေပးရမယ္ဆိုတဲ့
အကြက္မ်ိဳးကို ခ်ိဳးလိုက္တာလား...
Relationship ဆိုတာနားမလည္နိုင္စရာ
ဘာမွမလိုဘူး..."
"မဟုတ္ဘူး Jeon...Hyungအဲ့သေဘာမ်ိဳး
မဟုတ္ဘူး..ဟိုေကာင္ေလးဘက္ကေတာ့
Jiminကိုစိတ္ဝင္စားေနတာေသခ်ာေပမယ့္
Jiminဘက္ကိုHyungမသိဘူး...."
"သူအိပ္ပီးျပန္လာတာပါတဲ့...
မ်က္လုံးေတာင္လွန္မၾကည့္ရဲခဲ့တဲ့
က်ေတာ့္ကိုဝန္ခံသြားတယ္.."
"သူအရင္ကလည္းဒီလိုပဲ အဲ့ေကာင္ေလးအိမ္မွာ.."
"Hyungေရ ေပၚကုန္ပီေလဗ်ာ..."
"က်ေတာ္ျပန္လာတာ Jimin ကိုလက္ထပ္ဖို႔...
မွားခဲ့တာေတြအားလုံးအတြက္
ျပန္ေတာင္းပန္ခ်င္လို႔...က်ေတာ့္လမ္းကို
ဘယ္သူမွလာရွုပ္တာမ်ိဳးကိုမလိုခ်င္ဘူး
Hyung..."
"အဲ့ေကာင္ေလးကမင္းရဲ့လမ္းေတြကို
ရွုပ္နိုင္မဲ့အင္အားမ်ိဳးမရွိပါဘူး...
ဒါေပမယ့္ Jimin ကိုလက္ထပ္ဖို႔က
လည္းလြယ္မယ္မထင္ဘူး...
အတင္းအက်ပ္ေတာ့မလုပ္ပါနဲ႔..."
"ေမတၱာရွင္ေလးဘက္ကိုသိေနျပန္ၿပီ..
က်ေတာ္လည္းလူပါ..ႏွလုံးသာပါပါတယိ
သူ႔ဘဝမွာဘယ္သူက်န္ေသးလို႔လဲ
က်ေတာ့္အျပင္ဘယ္သူမ်ားရွိေသးလို႔လဲ
က်ေတာ္လက္လႊတ္ေပးလိုက္ရင္
က်ေတာ့္ကေလးဒုကၡေရာက္မွာ
Hyungမသိလို႔လား သူဘာလုပ္တတ္လို႔လဲ
သူဘာသိလို႔လဲ....ေဖေဖတို႔ရွိလို႔က်ေတာ္
မသိသလိုေနလို႔ရေပမယ့္
ခုခ်ိန္မွာ က်ေတာ္ကလြဲပီးသူဘယ္သူ႔ကို
အားကိုးမွာလဲ...."
"......."
"KimTaeHyungနဲ႔ထပ္မပတ္သတ္ေစနဲ႔
ေတာ့..ဘယ္အတိုင္းအတာအထိ
ခ်စိျမတ္နိုးၾကပီး ေက်ာ္လြန္ပီးအုန္း
ေတာ့ က်ေတာ္ျပန္လာၿပီ..
က်ေတာ့္ ပစၥည္းက်ေတာ္ျပန္သိမ္းမယ္
အဆက္အသြယ္ေတြအားလုံးျဖတ္
ေပးပါ...."
ထိုညကထိန္ထိန္လင္းေနေသာJeonစံအိမ္ေတာ္
ႀကီးသည္တံခါးထုသံမ်ား ေအာ္ဟစ္သံမ်ား
ျဖင့္ဆူညံေနကာ ေရာက္သည့္ေန႔ထဲက
႐ူးခ်င္သလိုလိုျဖစ္ခဲ့ရေသာJeonသခင္ေလးသည္
ေဆးလိပ္တလိပ္ႏူတ္ခမ္းတြင္ေတ့ကာ
မီးညႇိေနသည္...။
"ေတာင္းပန္ပါတယ္....ကိုကို
ေတာင္းပန္ပါတယ္ ကေလးရယ္...."
.................။
"ထယ္ ငါ့ကိုလာေခၚပါ...
သူျပန္ေရာက္ေနတယ္ အရင္လိုပဲ
မဟုတ္ဘူး...အရင္ကထက္ပိုဆိုးတယ္
ငါ့ကိုကယ္ထုတ္ေပးပါ ငါ့ကိုအခန္းထဲမွ
ပိတ္ေလွာင္ထားတယ္..."
ေျခာက္ျခားေနေသာJimin အသံသည္
ရင္ကိုအစိမ္းလိုက္ခြဲသည္။
ဘယ္ေလာက္မ်ားေတာင္ဆိုးဝါးေနခဲ့လို႔လဲ။
"လာေခၚမယ္ မင္းေၾကာက္ေနတယ္မလား
မေၾကာက္နဲ႔ ငါရွိတယ္ေနာ္..."
"မနက္ျဖန္ည သန္ေခါင္းက်ရင္
ငါထြက္လာခဲ့မယ္ ငါ့ကိုေစာင့္ေနေပးပါ..."
"မင္းအဆင္ေျပသလိုလုပ္ပါ..
မင္းအဆင္ေျပဖို႔ကအေရးအႀကီးဆုံးပါ"
ဒါေပမယ့္ မင္းသူနဲ႔အတူမရွိခ်င္ေတာ့တာ
ေသခ်ာမွငါ့ကိုေခၚေနာ္.."
"သူငါ့အေပၚအရင္လိုပဲ
အရင္ကထက္ပိုေတာင္ရက္စက္လာတယ္
သူမရွိဘဲနဲ႔ေတာငိငါအၾကာႀကီးေနလာပီးပီကြာ
ငါလုပ္နိုင္ပါတယ္..."
"မင္းသေဘာပါ...ေစာင့္ေန
ငါမင္းမေနခ်င္တဲ့အရပ္မွာမင္းကိုမထားပါဘူး"
ထယ္ေယာင္းသည္ဘာမွမေတြးခဲ့။
တုန္ရီေနေသာအသံေလးအား
ဖုန္းထဲမွၾကား႐ုံနဲ႔တင္ကမၻာပ်က္
ေနခဲ့ၿပီ။ သူသြားေခၚရမည္..
Jimin ကလာဆိုလၽွင္သူလာလိုက္မည္..
Jimin ကသြားဆိုလၽွင္သူသြားလိုက္မည္
ဒါဟာအရိုးရွင္းဆုံးခ်စ္ျခင္းေမတၳာတခုပါပဲ......။
အဆင္ေျပၾကရဲ့လား
ဆက္သြားမယ္ေနာ္🥺
Bạn đang đọc truyện trên: AzTruyen.Top