5🤟
Bellတီးသံသည်မနက်စောစောနားထဲသို့
ဆိုးဝါးစွာတိုးဝင်လာတော့ထယ်ယောင်း
အိပ်မောနေကျနေရာမှလန့်နိူးသွားတော့သည်။
အခန်းPasswardသိရက်သားနဲ့လာမဖွင့်မပေး
မချင်းညစ်ပတ်တတ်တာParkjiminအပြင်
မရှိ...။အော်ဆဲလိုက်ချင်သောစိတ်တို့ကို
လျှော့ကာတံခါးသွားဖွင့်ပေးလိုက်တော့
မျက်စိရှေ့သို့ရောက်လာသော
စားစရာအထုပ်တွေ....။
ဘီယာပုလင်းတွေ...။
"မင်္ဂလာနံနက်ခင်းပါ ထယ်...."
"မင်္ဂလာမရှိဘူး မင်းငါ့အိမ်ကိုမလာဘူးဆို
ခုဘာကိစ္စရောက်လာတာလဲ...."
ထယ်သည်စိတ်မဆိုးတတ်ဘဲစိတ်ဆိုးချင်
သောကောင်းကင်ပြာလေး..။
သူဘာတွေလုပ်လုပ် ဘယ်လောက်ပဲ
မှားမှားသူ့ဘက်မှာရှိခဲ့သောတစ်ယောက်ထဲသော
နားခိုးရာငယ်လေးကိုအဖိုးထိုက်တန်စွာ
ခင်မင်ရင်နှီးခွင့်ရခဲ့သည်။
လေပေနေသောနေ့တွေထဲကဆွဲထုတ်ကာ
ထယ်ပြခဲ့သောပျော်ရွှင်မှုတွေကမှားမှား
မှန်မှန်သူ့အတွက်ထွက်ပေါက်တချို့ဖြစ်ခဲ့သည်။
မူးကာ အော်ငိုခဲ့သော ညတွေမှာလည်း
ထယ် သည် လိုက်မငိုပေးခဲ့ပေမယ့်
နားလည်ပါကြောင်းတဖွဖွဆိုပေးတတ်သူ။
စိတ်လိုက်မာန်ပါ ဘာကိုပဲလုပ်လာလုပ်လာ
အဆင်ပြေကြောင်း ပြောပြီး
အရာခပ်သိမ်းအားဖြေရှင်းပေးခဲ့တဲ့သူ။
သူထယ့်ကို သိပ်တွယ်တာသည်
သူ့ထယ့်ကို သိပ်တန်ဖိုးထားသည်
"အိမ်မှာမနေချင်လို့ပေါ့ကွာ...ဒီနေ့နေရတာ
အေးစိမ့်စိမ့်နဲ့ သောက်ကြမလား
ငါဝယ်လာတယ်..."
"မအေးလည်းသောက်မဲ့ကောင်က...."
"အကြောင်းပြချက်တော့ရှာရမှာပေါ့ကွ
အရက်ဆိုတာအကြောင်းပြချက်နဲ့မှ
သောက်ကောင်းတာ..."
"အပိုတွေ...ငါမျက်နှာသစ်လိုက်အုန်းမယ်
ခဏစောင့်...အရက်ဝိုင်းကိုငါလုပ်ပေးမယ်
မင်းလျှောက်လုပ်မနေနဲ့"
"I Know I Know....ဒိုး ဒိုး..."
ထယ့်အခန်းလေးသည်ခရမ်းနုရောင်
လေးသုတ်ထားပြီးကမ္ဘာအသစ်တခုလို
လှလှကလေးဖြစ်သည်။ဘယ်နေရာမှာ
ဘာအကြောင်းကြောင့်နဲ့ကမ္ဘာပျက်လာပါစေ
ထယ့် ရဲ့ Purpleရောင်အခန်းထဲခေါင်းချအိပ်
လိုက်လျှင်အဆင်ပြေသွားမြဲ....။
လာဗင်ဒါနံ့တွေကိုသူသိပ်ကြိုက်တာကြောင့်
ထယ်က တခန်းလုံးထိုအနံ့တွေသင်းနေစေ
သည်။နံရံတခုလုံးမှာထယ်နဲ့စဆုံခဲ့သော
အထက်တန်းကျောင်းသားဘဝကအစ
လက်ရှိအချိန်အထိMemoryလေးတွေကို
မှတ်ထားသောဓာတ်ပုံလေးတွေများစွာရှိ
သည်။ကြည့်မိတိုင်းပျော်ရွှင်ရမြဲ
အေးချမ်းရမြဲ...။ထယ်ဟာသူ့အတွက်
ပျော်ရွှင်ခြင်းလက်ဆောင်မွန်လေးတခုဆို
တာသည်ဘယ်သူလာငြင်းငြင်း ငြင်း၍
မရသောအမှန်တရားတခုပင်ဖြစ်သည်။
မျက်နှာသစ်ပီးထွက်လာတော့ဆိုဖာပေါ်
တွင်ဖုန်းအားအာရုံစိုက်နေသောလူသား
သည်လက်ကလည်းတတောက်တောက်
စာရိုက်နေသည်။ရှုပ်ရှုပ်ပွပွလိမ္မော်ရောင်
ဆံပင်တွေနဲ့ ဖြစ်သလိုလှဲလျောင်းနေသော
Jiiminသည်သူ့မျက်လုံးထဲတွင်သိပ်
တော့အဆင်မပြေလှပါ...။
"Jimin...."
"အင်း...."
"မင်းညဘက်တွေမအိပ်ဘူးလား"
"အိပ်ပါတယ်...."
"မင်းမျက်လုံးကပန်ဒါဖြစ်နေပြီ..."
"အင်း...."
ဖုန်းကိုသာအာရုံဆက်စ်ိုက်နေဆဲ..။
အသစ်စက်စက်ကောင်မလေးတစ်ယောက်
နှင့်Chatနေပုံရကာတချက်တချက်ထရီလိုက်
သေးသည်...။
"ငါတို့သူများတွေအပေါ်
ဆိုးလို့ရတယ်မိုက်လို့ရတယ်
ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့
ပြန်ဆိုးလို့မရဘူး မင်းညဘက်တွေ
မအိပ်ဘဲဘာလုပ်နေလဲဆိုတာငါသိတဲ့
အတွက် ငါအိပ်တယ်လို့ လွယ်လွယ်လေး
မပြောနဲ့...."
"ငါHoneyနဲ့တညလုံးဖုန်းပြောနေလို့ကွာ...
ဟုတ်ပီလားနားညီးတယ်အာရုံပျက်တယ်
တကယ်ပါပဲ...."
Jiminသည်ဖုန်းအားဆိုဖာပေါ်ပစ်ချကာ
ထွက်သွားခဲ့သည်။ရေခဲသေတ္တာထဲမှ
ရေတဗူးထုတ်ကာသောက်ပြီး
သူ့အားတချက်ကြည့်ကာဖုန်းကိုပြန်ကိုင်သည်။
ထယ်ယောင်းသည်ဖုန်းအားဆက်ခနဲဖြတ်ယူ
လိုက်တော့ပြူးကြည့်လာသည်။
"ဘာလုပ်တာလဲ..ငါပြောလက်စကြီး.."
"ဘယ်အချိန်ထိလဲ ဘယ်အချိန်အထိဒီလို
နေနေမှာလဲ..."
"ဘာကိုလဲ"
တညလုံးမအိပ်ထား၍ညိုနေသော
မျက်လုံးအရောင်မှိန်မှိန်တွေနဲ့မေးသည်။
ဒါသူ့ရဲ့မျက်လုံးရောင်စစ်စစ်..
ရီဝေဝေမှိုင်းပြပြနှင့်သူငယ်ချင်း
အရင်းကြီးကိုတောင်စူးစူးရဲရဲ
စိုက်ကြည့်တတ်သေးသည်။
"မင်း ဒီလိုပုံစံနဲ့ဘယ်အချိန်အထိလေလွင့်
နေအုန်းမှာလဲလို့...."
"ငါဘာလုပ်နေလို့လဲ ထယ်
ဒါငါပျော်နေတဲ့ငါ့ဘဝလေ
မင်းရှိတယ် ပိုက်ဆံရှိတယ် အာဏာရှိတယ်
ဒါလေလွင့်တယ်လို့ခေါ်ရမှာလား"
"မဟုတ်ဘူး..မင်းခံစားချက်တွေကို
ပြောနေတာ...."
"ငါ့မှာဘာခံစားချက်မှမရှိဘူး...
မဟုတ်ဘူး ငါဘာကိုမှမခံစားတတ်တာ
မင်းဘာတွေလာပြောနေတာလဲ..."
"မင်းသူ့ကိုလေးနှစ်လုံးလုံးသယ်ပိုး
ထားရတာမလေးဘူးလား Jimin...
လွှတ်ချသင့်ပီလို့မထင်ဘူးလား"
"ထယ်ယောင်း....!!!!"
"ငါပြောတာကိုမကြိုက်ရင်
မင်းဒီမျက်နှာနဲ့ငါ့အိမ်ကိုမလာနဲ့
မင်းကောင်ကိုလွမ်းဖျားလွမ်းနာကျပီး
ငါ့အိမ်ကိုမလာနဲ့....
လေတိုက်သွားရင်တောင်လဲပြိုတော့မဲ့
မင်းပုံစံကိုမင်းဂရုမစိုက်ပေမယ့်
ငါကဂရုစိုက်မိတော့ စောက်ရူးဖြစ်ရတယ်..."
"ဘာကိုလွမ်းရမှာလဲ..အရေးမပါလိုက်တာ
KimTaeHyungရယ်..
မင်းငါ့သူငယ်ချင်းဖြစ်ပီးငါ့ကိုသိပ်
အထင်သေးတာပဲ..အဲ့ဒီလူသေသွားပါပီလို့
ငါမင်းကိုဘယ်နှခါပြောရမလဲ.."
"တကယ်မှမသေတာ...."
"သေတယ်..ငါကသေတယ်ဆိုရင်
သေလိုက်...ငါ့ကိုထပ်ပီးအဲ့ဒီအကြောင်း
မပြောနဲ့နော်....."
"အေးဒါဆို..ငါတို့အကြောင်းပြောကြမလား.."
Jiminမျက်နှာသည်ရဲခနဲ..။သူ့မျက်လုံး
တွေအားချက်ချင်းရှောင်ဖယ်သွားသည်။
"အေးရှောင်နေလိုက်...
ငါ့ကိုမင်းတစ်သက်လုံးသာ
ရှောင်ဖယ်နေလိုက်...ParkJimin...
ကောင်းတယ်..."
"ထယ်ယောင်း...."
"သနားစရာလိုငါ့နာမည်ကိုမခေါ်နဲ့...
ငါကသနားစရာကောင်မဟုတ်ဘူး
အရက်သောက်မှာမလား သောက်မယ်..."
ထယ်ယောင်းနှင့်Friendship သည်သုံးနှစ်
မြောက်လောက်အကြာတွင်ထယ်သည်
သူ့အားတခါတလေငေးတတ်လာသည်။
သူကတော့ချန်ခဲ့ခံရသူမို့ထိုအချိန်က
အသဲအသန်ကြေကွဲနေခဲ့သည်။
ထယ့်ကိုအရာအားလုံးရင်ဖွင့်ခဲ့သည်။
ထယ်က ခေါင်းတညိတ်ညိတ်နားထောင်သည်။
မှားသည်မှန်သည်မပြောဘဲသူ့စကားတွေ
အပေါ်တွင်အပြည့်အဝအာရုံစိုက်ပေးခဲ့သောပုံ။
အချိန်ကြာလာတဲ့အခါ ထယ်ဟာ
သူငယ်ချင်းစည်းလေးတွေအားမသိမသာ
ထိပါးလာသည်..။သူဒါကိုကောင်းကောင်းသိသည်။
သို့သော် သူမသိချင်ယောင်ဆောင်နေလည်း
ဘာမှမဖြစ်ခဲ့ပါ..။ထယ်ဟာသူ့အတွက်ဖိအား
တခုမဖြစ်ခဲ့...။
သူသေလောက်အောင်လွမ်းကာတညလုံးလဲပြို
တတ်သောညမျိုးတွေအကြောင်းထယ်ကောင်း
ကောင်းသိတာကြောင့် အမြဲတမ်းလည်းဒေါသ
ထွက်တတ်သည်...။
တရားဝင်ဝန်မခံပေမယ့် ထယ်က တရားဝင်ဝန်ခံ
နေတာထက်သိသာလွန်းခဲ့ပါသည်။
သိပ်ရိုးရှင်းသော ထယ် ရယ်ပါ...။
လေးနှစ်လုံး သူဆိုးရာနောက်
ထပ်ချပ်မကွာလိုက်ကာပြိုင်တူဆိုးပေး
ခဲ့သော ထယ်...။
အခက်အခဲဆုံးအချိန်များတွင်အနားမှာ
နေရင်း ComfortZone တခုအား
ဖန်တီးပေးနိုင်ခဲ့သောထယ်...။
ထယ့်ကျေးဇူးတရားတွေသည်အပုံလိုက်
အထပ်လိုက်...ထယ့်ကိုတော့ဖြင်
သေချာပေါက်အလျှော့ပေးကိုပေးရမည်။
"ငါတောင်းပန်တယ် ထယ်ရာ....
မင်းရော ငါရောအတွက်အဲ့တာက
လွယ်ကူတဲ့ကိစ္စမှမဟုတ်တာ...."
"ငါမင်းကိုဘာမှမပြောဘူး
Jimin...ကျဉ်းကျပ်သလိုတွေလုပ်မနေနဲ့
မင်းနဲ့ငါဒီလိုအတူရှိနေရုံနဲ့ငါရတယ်..
မင်းပါးစပ်ကိုပိတ်အောင်ပြောလိုက်ရုံပဲ..."
"ထယ် ....."
ရင်ခွင်ထဲတိုးဝင်လာသောဒီကောင်သည်
ဘယ်တုန်းကမှကောင်းကျိုးမပေးခဲ့ဖူးပါ။
စတွေ့ခဲ့တာ Platformတခုမှာ..
ဆေးရုံဝတ်စုံနဲ့အော်ငိုနေတဲ့သူ..။
KimTaeHyung တို့ဘယ်လောက်များလွဲ
ခဲ့သလဲဆိုရင် တခြားသူတွေက
အပြုံးလေးမှာရင်ထဲထိခဲ့သည်...
စကားပြောပုံလေးတွင်ကြွေဆင်းခဲ့သည်
အမျိုးမျိုးပေမယ့် ကျတော်ကတော့
သေမလိုအော်ငိုနေသော ဒီကောင့်ပုံကို
စပီးစိတ်လှုပ်ရှားခဲ့ပါသည်တဲ့...။
စခင်မင်သည့်နေ့ကစ လက်ရှိအချိန်အထိ
လူတစ်ယောက်အားအလွန်အကြူး
စွဲလန်းကာ လွမ်းစွတ်နေတဲ့သူကိုလည်း
ရင်ခွင်ထဲထည့်ထားချင်နေသေးတယ်...။
မှားလိုက်တာတွေ...
အထက်တန်းပီးလျှင်သူမေ့လောက်မည်
တက္ကသိူလ်တက်လျှင်မေ့လောက်မည်
သုံးနှစ်နေရင်တော့မေ့လောက်မည်
လေးနှစ်နေရင်မေ့လောက်မည်
မျှော်သာမျှော်လင့်ခဲ့တာ...
ParkJiMinသည်ကြောက်စရာကောင်း
အောင်ကို ထိုလူအားချစ်ပေးခဲ့သည်။
"ဖယ်စမ်း..
ငါ့ကိုမပြောမဆို လာလာမထိနဲ့...
အပေအတေကောင်.."
ထယ်သည်ရင်ခွင်ထဲမှသူ့အားဆွဲထုတ်ကာ
ဘီယာပုလင်းတွေဆီသို့လျှောက်သွား
ခဲ့သည်။သောက်ဖို့စားဖို့ပြင်ဆင်ပေးနေပြီး
သူကတော့ငြိမ်ငြိမ်လေးထိုင်နေရုံ။
ဒီလိုဂရုစိုက်မှုမျိုးတွေသည်ထယ်နဲ့အတူ
ရှိနေလျှင် Package လိုက်ကိုရကာ
ကျေနပ်မှုသည်လည်းအပြည့်...။
"ငါတို့တွဲချင်ရင်လည်းရတယ်နော်
ထယ်...အဲ့လောက်ခက်ခဲနေတာမဟုတ်ဘူး
သိပ်အကြီးကြီးတွေတွေးမထားနဲ့
ငါရှောင်ဖယ်နေတာမဟုတ်ဘူး
မျက်နှာတွေပူလို့..."
Jimin သည်သူ့ကိုမကြည့်ပါ
ဖုန်းကိုပဲကြည့်နေရင်းမှပြောသည်...။
သိပ်တည်ငြိမ်နေသောပုံစံမျိုးလုပ်ယူ
နေပေမယ့် Jimin စိတ်တွေသိပ်လှုပ်ရှား
နေမှန်းသူသိတာပေါ့....။
"မင်းနဲ့ငါကိစ္စကိုသိပ်အကြီးကြီး
မတွေးနဲ့ဆိုထဲက မင်းလိုကောင်ကို
မတွဲချင်တော့တာ လာ အဆင်သင့်နေပီ
စားလို့သောက်လို့ရပီ..."
ဟုတ်တာပေါ့...။သူတို့နှစ်ယောက်အခြေအနေက
ဘာများခက်ခဲစရာတွေရှိနေသေးလို့လဲ..။
ပေါင်းသင်းလာခဲ့တာ လေးနှစ်..
တယောက်အကြောင်းတယောက်အသိလွန်ကာ
စကားပင်ပြောစရာမလိုပဲနားလည်နေတာ
Friend zoneလေးကိုနည်းနည်းလေးကျော်
ပစ်လိုက်ရုံပဲ...။ခက်တာက
Jimin ရဲ့ ညသန်းခေါင်ယံငိုသံတွေဖြစ်
နေခဲ့သည်...။
အိမ်တော်ကြီးထဲက ParkJiminကို
သူဆွဲမထုတ်နိုင်သေး...။
အေးစိမ့်စိမ့်ရာသီဥတုတွင်ဘီယာဗူး
ကိုယ်စီကိုင်ကာတောင်တောင်ရီရီတွေပြော
ရင်းခေါင်းချင်းဆိုင်ကာအိပ်ပျော်သွားခဲ့ကြသည်။
အရာခပ်သိမ်းသည်တည်တည်ငြိမ်ငြိမ်ပင်.....။
..............................။
"နင်မိုက်လို့မပီးနိုင်တော့ဘူးလား
JeonJungkook...."
ထောင်ဝင်စာလာတွေ့သောမေမေသည်
လွယ်ကူလျှင်သူ့ကိုရိုက်ချင်နေသောပုံ။
မေမေသူ့ဆီကိုခိုးလာတာခုတကြိမ်ဆို
နှစ်ခါရှိခဲ့ပြီ...။
ဖေဖေသိ၍မရပါ...။ဖေဖေသည်
သူ့အားလုံးဝစိတ်နာကာအမွေပင်ဖြတ်
ထားသည်...။
"လွတ်တော့မှာပါ..."
"ဆက်ကျနေသင့်တာနင်က..."
"မေမေ...."
"နင်ဝဋ်လည်တာအဲ့တာ Minကို
နင်နှိပ်စက်ခဲ့သမျှဝဋ်ကြွေးတွေလေ..."
"မသိလို့မေးပါအုန်းမယ်
ကျတော်ကသားအရင်းလား
အဲ့ဟာလေးက အရင်းလား.."
"ငါတို့အပေါ်ငဲ့ကွက်ရင်ငါ့တို့သားပဲ
ငါတို့ကိုပစ်ပယ်ရင်ငါတို့ကလည်းပစ်ပယ်မှာ
အသားနာပီးမွေးမှသားသမီးမဟုတ်ဘူး
JeonJungkook..."
JungKookသည်ဝဲတက်လာသော
မျက်ရည်တွေအားလက်ထိပ်ကြောင့်
သုတ်၍မရခဲ့။မှားခဲ့တာတွေမှန်ပေမယ့်
မေမေကတော့သူ့ဘက်တွင်နည်းနည်းလေး
တော့ရှိသင့်ပါသည်။ပြီးခဲ့သောအသက်အရွယ်မှာ
စိတ်လက်မာန်ပါလုပ်ခဲ့ခြင်းများသည်
မူရင်းစိတ်အရင်းခံကဆိုးခဲ့၍မှမဟုတ်ဘဲ...။
JungKookသည်အိမ်ကအထုတ်ဆွဲကာ
စီစဉ်ထားသည့်အတိုင်း Parisသို့
ချက်ချင်းထွက်ပြေးခဲ့သည်...။
ဘယ်သူ့ကိုမှအသိမပေး...
ဘယ်သူကိုမှမပြောဘဲ...လုပ်ခဲ့သော
လုပ်ရပ်ကြောင့် ဖေဖေ့ထပ်အပြစ်ပြော
မှာကိုကြောက်ခဲ့တာရယ်...
Jimin ရဲ့အမုန်းဒဏ်ကိုမခံစားနိုင်တာ
ရယ်နှင့် ထွက်လာခဲ့သည်။
ဖေဖေသည်ချက်ချင်းပြန်ခေါ်ခဲ့သော်လည်း
သူသိပ်ထူပူနေခဲ့သည်....။
ကျောင်းတကယ်တက်ချင်ပါသည်ဟု
အခါခါပြောသောအခါ ဖေဖေသည်
မလျှော့ပေးချင်သော်လည်းလျှော့ချလိုက်သည်။
Graceကဆက်သွယ်လာသည်။Graceသည်
ထိုအချိန်ကသူသိပ်စွဲလန်းရသော
ချစ်သူရည်းစားပင်မို့သူရှိသောနေရာကို
ပြောပြခဲ့သည်။အရင်ကအတူတူသွားရန်
စီစဉ်ခဲ့သော်လည်းတကယ်တမ်း
သွားသည့်အခါ သူမခေါ်ချင်တော့ပါ...။
မလိုအပ်ဘူးလို့လည်းထင်ခဲ့ခြင်း...။
တယောက်ထဲParisမြို့တွင်အထီးကျန်ခဲ့သည်။
ကလေးကိုအသေအလဲလွမ်းကာ
ပြန်မယ်စဉ်းစားမိတိုင်း ဒီကလေးဝဲဂယက်ထဲ
ထပ်များကျွံကျရင်နစ်နာသူက ကလေးသာ
လျှင်ဖြစ်လိမ့်မည်...။သူအနာတရတွေဖြစ်
အောင်လုပ်ခဲ့တာပင်လွန်လှပြီ..။
နောက်တခုကဖေဖေ...။
သားသမီးနဲ့မိဘအားပြိုင်မှုတွင်
မိဘတွေကရှုံးတတ်တာများပေမယ့်
ဖေဖေကတော့သူနဲ့တထပ်ထဲတူတာကြောင့်
သူ့ကိုနိုငိသည်...။NamjoonHyung
အကူအညီဖြင့် Jimin ကိုဘယ်လောက်
ဂရုစိုက်နေကြောင်းသတင်းတွေရသည်။
မနာလိုတာလား ခံပြင်းတာလား
ဝမ်းနည်းတာလား အကုန်စုပေါင်းပီးပဲဖြစ်
နေတာလားမပြောတတ်တော့.....။
တဖက်တွင်လည်းမကျေနပ်ခဲ့ပါ...။
နောက်ပိုင်းအလွမ်းလွန်ကာသေသွားပါစေ
Jimin ၏သတင်းတွေအားမကြားချင်
တော့...။
တယောက်ထဲမွေးထားသောတစ်ဦးထဲသော
သားသမီးတွေရဲ့အတ္တသေးသေးလေးဟု
ဆို၍ရပါသည်။သူမုန်း၍မဟုတ်ခဲ့ပါ...။
ခြောက်လလောက်နေတော့Graceသည်
မထင်မှတ်စွာသူ့ဆီရောက်လာခဲ့သည်။
တယောက်ထဲယောင်လည်လည်ဖြင့်
လမ်းပျောက်နေချိန် Graceရောက်လာ
ခြင်းသည်သူ့အတွက်အသုံးတော့ဝင်ခဲ့ပါသည်။
သို့သော်......။
"ဘာလို့JungKookကိုဒီလိုဖြစ်အောင်
လုပ်ခဲ့ရတာလဲ Grace...."
"ကျမသူ့နောက်ကိုလိုက်သွားချင်ခဲ့တယ်...
သူကကျမချစ်သူလေ...ကျမသူ့ကို
သိပ်ချစ်ခဲ့တယ်တဲ့တူပါတယ်...
သူParisကိုထွက်သွားပီဆိုတော့
သူခေါ်မဲ့အချိန်ကိုစောင့်ခဲ့ပါတယ်
JungKookကမခေါ်ခဲ့ဘူး..
နောက်ဆုံးမနေနိုင်တဲ့ကျမကပဲလိုက်သွား
ခဲ့တယ်...ကျမမမေ့ဘူးဆို
ကျမ သူ့အိမ်ရောက်သွားတော့
JungKookကခေါက်ဆွဲတွေကိုကြုံသလို
ပဲစားနေတယ်....."
"အတူတူနေရအောင်လို့ပြောတော့
အဆင့်သင့်မဖြစ်သေးဘူးတဲ့..
ကျမကိုရီးယားကအလုပ်တွေအားလုံး
ကိုထားရစ်ခဲ့တာ..ကျမကModelလေ
ဘယ်လောက်ဆက်သွားသွား
ရနိုင်ပေမယ့် ကျမJungkook ကိုပဲ
ရွေးချယ်ခဲ့တာပါ..."
"သူနေ့တိုင်းစိတ်နဲလူနဲ့မကပ်ဘူး...
တခါတလေ သူ့ကိုယ်တိုင်ဘာလုပ်နေမှန်း
တောင်သူမသိဘူး မိသားစုနဲ့ရုတ်တရက်
ခွဲလာခဲ့ရလို့လို့နားလည်ပေးခဲ့ပါတယ်...
ကျမ ချစ်သူတယောက်လိုသူနားမှာ
နေ့တိုင်း ကျောင်းသွားကျောင်းပြန်
အစဂရုစိုက်ပေးခဲ့ပါတယ်..."
"Jungkookကကျမကိုမချစ်ရင်တောင်
ကြိုက်တော့ကြိုက်လိမ့်မယ်ထင်ခဲ့တာပါ
ကျမတို့ အချိန်တခုကိုဖြတ်သန်းပီးတဲ့အထိ
သူကျမကို မိန်းမတစ်ယောက်လိုမျိုးကို
မကြည့်ခဲ့ဘူး...ကျမစိတ်တွေရှုပ်လာတယ်
ဝန်ခံပါတယ် ကျမသူ့အိပ်ယာပေါ်အထိ
တက်ခဲ့ဖူးပေမယ့် Jungkookက
အသက်မရှိသလိုကျမကိုကြည့်တယ်...
ကျမက သူ့ရည်းစားလေ
သူနဲ့နိုင်ငံခြားမှာ LivingTogetherနေနေ
ကြောင်း ကျမနောက်လိုက်တဲ့သတင်းသမား
တွေကဖွပီးနေပီ...ကျမကိုသူစိတ်မဝင်စား
လို့ဘယ်ဖြစ်ပါ့မလဲ..."
"Jungkookအဖေနဲ့အမြဲတမ်းပြသနာတွေ
တက်တိုင်း ကျမနာမည်ကသူ့အဖေပါးစပ်
အောက်မှာစုတ်ပြတ်သတ်ခဲ့တယ်...
Jungkookကအနည်းနဲ့အများတော့
ကာကွယ်ပြောပေမယ့်Jungkookဟာ
ကျမရှိနေတာကို ညီးညူနေပီ...
ဒါပေမယ့် သူဟာကျမအောင်မြင်မှု
ကျမမိန်းမသိက္ခာတရားတွေနဲ့ယှဉ်ပြီး
ရွေးချယ်ခဲ့တဲ့သူမို့ ကျမလက်မလွှတ်ပေးခဲ့ဘူး"
"တခါတလေကျမကိုထွက်သွားခိုင်းတယ်..
ကျမတို့ရန်တွေအကြီးအကျယ်ဖြစ်ခဲ့ကြ
တယ်...သူခေါ်ခဲ့တာမဟုတ်ဘူးတဲ့လေ...
အမှန်တရားပေမယ့်ကျမသိပ်နာတာပဲ
မချစ်ခဲ့ဘူးလားဆိုတဲ့မေးခွန်းကိုတော့
မေးကိုမမေးရဲခဲ့တာပါ..ကျမလက်တချောင်း
ကိုတောင် ကိုင်ကြည့်ခဲ့တဲ့ယောကျ်ားမဟုတ်ခဲ့ဘူး
ကျမကသူ့ကိုသိပ်မက်မောလို့ဖက်တွယ်ခဲ့တာ"
"ညည ထယောင်တာက Minတဲ့လေ..
ကျမကတော်တော်သုံးစားလို့မရတဲ့
မိန်းမဖြစ်နေခဲ့ပြီ..ကျမသိနေတယ်
ဒါပေမယ့် သည်းခံနေတုန်းပဲ..."
"သူ့အဖေကအမွေဖြတ်ခဲ့တယ်..
အားတက်စရာက
သူအဲ့ဒီတုန်းက Minဆိုတဲ့ကျမမြင်ပင်မ
မြင်ဖူးတဲ့ကောင်လေးကိုမကျေနပ်ကြောင်း
အထပ်ထပ်အော်ပြောနေတာ...
သူ့အဖေကသူ့ကိုလုံးလုံးနားမလည်ပေးခဲ့ပုံပဲ...
မကြာပါ..သူကျမကိုနှင်ထုတ်ခဲ့တယ်..
ရက်ရက်စက်စက်ပါပဲ...
တကယ့်ကိုရက်ရက်စက်စက်ပါပဲ.."
"ကျမသူ့ကိုမကျေနပ်ချက်တွေကို
စာစီရင်တောင်ကုန်နိုင်ခဲ့မှာမဟုတ်
မစားရတဲ့အမဲသဲနဲ့ကျမသွေးအေးအေးပဲပက်ခဲ့တယ်
ကျမသုံးနေတဲ့ဆေးတွေအားလုံးကို
သူ့ကျောင်းလွယ်အိတ်ထဲထည့်ပစ်ခဲ့တယ်
သူ့သောက်နေကျကော်ဖီတွေထဲနေ့တိုင်း
နည်းနည်းစီ ထည့်ထားပေးတော့
Jungkookဟာရှောင်လို့မလွတ်ခဲ့ဘူး...
သိပ်သနားဖို့ကောင်းပါတယ်
မိဘရဲ့ဥပေက္ခာနဲ့ တယောက်ထဲကူရာကယ်ရာ
မဲ့အထဲဝင်သွားရတယ်..."
"မိန်းမတစ်ယောက်ဟာ
ယောကျ်ားတစ်ယောက်ကို
အဆုံးမဲ့ချစ်ပေးနိုင်ပြီး
အဆုံးမဲ့စွာဆွဲချသွားနိုင်ကြောင်း
Jungkookနားလည်သွားခဲ့တဲ့အခါသိပ်နောက်
ကျနေပီ....ကျမကသူ့ချစ်သူလေ
ကျမအားလုံးကိုထားခဲ့ပြီးအထီးကျန်နေတဲ့
သူ့နားသစ္စာရှိရှိရပ်တည်ပေးခဲ့တာ
Modelတယောက်အနေနဲ့ ကျမမှာပေါလွန်းတာပေါ့
ဒါတွေဟာ Minဆိုတဲ့ကောင်လေးကိုကျမ
မနာလိုလာလို့ မိန်းမလိုမိန်းမရ
လုပ်ပစ်ခဲ့တာကြီးပဲ....
မိန်းမတယောက်အနေနဲ့ယောကျ်ားတယောက်နဲ့
ယှဉ်ပြိုင်လုတာတောင်ကျမမနိုင်ခဲ့ဘူး...
ရီရတယ်...ဒါတောင်အဲ့ဒီကလေးက
အဝေးကြီးမှာ ကျမသူနဲ့နီးနီလေး...
သူကအဝေးကြီးကိုပဲမြင်နေတာကို...
ကျမမှားလား...."
"ကျမမှားခဲ့တယ်ဆိုလည်း
လက်ခံပါတယ်...
အရှုံးပေးလိုက်ရတာမျိုးတော့
အနည်းဆုံးမဖြစ်ဘူးပေါ့...
Clubမှာအမှတ်တမဲ့ပဲဆုံဆုံ
လမ်းတကွေ့ကွေ့မှာပဲဆုံဆုံ
စာသင်ခန်းထဲမှာပဲဆုံဆုံ
ချစ်သွားမိရင်...မတက်နိုင်ဘူးလေ...
ကျမအချစ်ကို JungKookကလျှော့တွက်ပီး
ကျမကိုလည်းလျှော့တွက်ခဲ့တဲ့ပုံရတယ်
ကျမသိပ်ဥာဏ်များလွန်းတယ်မလား..."
Graceသည်ကြောက်စရာကောင်းစွာ
ဖြေပေးခဲ့ပြီးနောက် ထွက်သွားခဲ့သည်။
Jungkook သတင်းအားအတတ်နိုင်ဆုံး
မထွက်လာစေရန်ဖုံးဖိကာNamjoon
ကအတော်ဆုံးရှေ့နေတွေငှါးကာ
ကြိုးစားခဲ့သည်။
Jungkookအဖေသည်ထပ်ဆင့်စိတ်ပျက်
မှုများနှင့်အတူလုံးဝဥပေက္ခာပြုခဲ့တော့သည်။
အမေကတော့ မွေးထားရသူမို့
မစွန့်လွှတ်နိုင်စွာသူ့ကိုလာတွေ့မြဲ...
သို့သော် နာကျငိစရာစကားတွေကိုပဲရွေးပြော
သည်။
ဒီကလေးလေးကိုသူရည်ရွယ်ချက်ရှိရှိ
နာကျင်စေခဲ့တာမဟုတ်ကြောင်း...
ဒီကလေးလေးအတွက်နဲ့သူ့အား
ဝိုင်းအပြစ်တင်နေကြခြင်းသည်
သူ့ကိုသိပ်သိမ်ငယ်စေကြောင်း
မေမေ့ကိုတော့သိစေချင်ခဲ့ပါသည်..။
"ကျတော်အဲ့ဒီမိန်းမကိုပတ်သတ်မိလို့
ခုလိုဘဝဖြစ်ခဲ့ရတာဝန်ခံပါတယ်
အဲ့တာကြောင့်တော်ပါတော့...
ဘာလို့ပတ်သတ်ခဲ့သလဲဆိုရင်
ခုမေမေတို့ ကျတော့်ထပ်ပိုပီး
သဲသဲလှုပ်နေတဲ့ အဲ့ဒီကလေးလေးကို
လိုချင်နေလို့....ထိချင်နေခဲ့လို့ပါဗျာ.."
"ဘာစကားလဲ....ဒါ...."
"...ကျတော်မိန်းမတွေကို
ဘယ်တုန်းကမှစိတ်မဝင်းစားခဲ့ဘူး
ကျတော် မေမေတို့ရဲ့ အသဲအသက်လေး
ကိုပဲ တစိမ့်စိမ့်ကြည့်နေလို့
ကျတော့်အတတ်ကျတော်ဆူးပီး
လွတ်ရာလွတ်ကြောင်းလုပ်ခဲ့တာမေမေ...
ခုစိတ်ဆင်းရဲရတာထက်
ကျတော်နဲ့Jimin....."
"နင်တော်စမ်း JeonJungkook...
နင်တကယ်ပက်ပက်စက်စက်အကောင်..."
"ထွက်သွားချင်မိတာမှားလို့လား
အဲ့မှာဆက်နေပီးကျတော်ရူးရမှာလား
ဖွင့်ပြောပြရငိလည်းအဖေသတ်လို့သေ
အုန်းမယ်....မေမေပြန်တော့...
ကျတော်အဆင်မပြေတော့ဘူး...."
Jungkookအမေသည်လူဆိုးကောင်
လေးအားကြည့်ကာယူကျုံးမရနိုင်ခဲ့။
"ထွက်သွားလိုက်လို့အနေများဝေးသွား
ရင် သွေးအေးပီးပုံမှန်ပြန်ဖြစ်လိမ့်မယ်
လို့ထင်ခဲ့တာပါ ခုတော့ ကျတော်သတိရလို့
သေမှာပဲ...ဓာတ်ပုံလေးတပုံတောင်
မြင်ရဖို့မလွယ်ခဲ့ဘူး..."
Jungkookဘက်ကသွေးအေးချင်လျှင်
Jiminဘက်ကသွေးခဲတတ်ခဲ့သည်။
မာနနှင့် အတ္တသည် ခိုင်ခိုင်မာမာ
သူတို့နှစ်ယောက်ကြား ကာဆီးထားခဲ့သည်။
ချစ်တာရဲ့တခြားတဖက်မှာ
မိဘတွေရဲ့ယုယမှုများအားသူ့အစား
သိမ်းပိုက်နေသောထိုကလေးအား
တနုံ့နုံ့မကျေနပ်ချက်များကလည်းရှိနေသေးသည်။
ချစ်ပစ်လိုက်မိမှာစိုးလို့ထွက်လာခဲ့တာ...
မင်းကငါ့ရှိသမျှအကုန်သိမ်းနေတော့တာပဲ
ကလေးလေးရေ....
ပြန်လာရင်တော့ မင်းကိုအရင်ပြန်သိမ်းမယ်.....။
နားလည်ပေးကြပါလိုအပ်သွားရင်
ပေါ့များသွားပီလား😔
Bellတီးသံသည္မနက္ေစာေစာနားထဲသို႔
ဆိုးဝါးစြာတိုးဝင္လာေတာ့ထယ္ေယာင္း
အိပ္ေမာေနက်ေနရာမွလန့္နိူးသြားေတာ့သည္။
အခန္းPasswardသိရက္သားနဲ႔လာမဖြင့္မေပး
မခ်င္းညစ္ပတ္တတ္တာParkjiminအျပင္
မရွိ...။ေအာ္ဆဲလိုက္ခ်င္ေသာစိတ္တို႔ကို
ေလၽွာ့ကာတံခါးသြားဖြင့္ေပးလိုက္ေတာ့
မ်က္စိေရွ႕သို႔ေရာက္လာေသာ
စားစရာအထုပ္ေတြ....။
ဘီယာပုလင္းေတြ...။
"မဂၤလာနံနက္ခင္းပါ ထယ္...."
"မဂၤလာမရွိဘူး မင္းငါ့အိမ္ကိုမလာဘူးဆို
ခုဘာကိစၥေရာက္လာတာလဲ...."
ထယ္သည္စိတ္မဆိုးတတ္ဘဲစိတ္ဆိုးခ်င္
ေသာေကာင္းကင္ျပာေလး..။
သူဘာေတြလုပ္လုပ္ ဘယ္ေလာက္ပဲ
မွားမွားသူ႔ဘက္မွာရွိခဲ့ေသာတစ္ေယာက္ထဲေသာ
နားခိုးရာငယ္ေလးကိုအဖိုးထိုက္တန္စြာ
ခင္မင္ရင္ႏွီးခြင့္ရခဲ့သည္။
ေလေပေနေသာေန႔ေတြထဲကဆြဲထုတ္ကာ
ထယ္ျပခဲ့ေသာေပ်ာ္ရႊင္မွုေတြကမွားမွား
မွန္မွန္သူ႔အတြက္ထြက္ေပါက္တခ်ိဳ႕ျဖစ္ခဲ့သည္။
မူးကာ ေအာ္ငိုခဲ့ေသာ ညေတြမွာလည္း
ထယ္ သည္ လိုက္မငိုေပးခဲ့ေပမယ့္
နားလည္ပါေၾကာင္းတဖြဖြဆိုေပးတတ္သူ။
စိတ္လိုက္မာန္ပါ ဘာကိုပဲလုပ္လာလုပ္လာ
အဆင္ေျပေၾကာင္း ေျပာၿပီး
အရာခပ္သိမ္းအားေျဖရွင္းေပးခဲ့တဲ့သူ။
သူထယ့္ကို သိပ္တြယ္တာသည္
သူ႔ထယ့္ကို သိပ္တန္ဖိုးထားသည္
"အိမ္မွာမေနခ်င္လို႔ေပါ့ကြာ...ဒီေန႔ေနရတာ
ေအးစိမ့္စိမ့္နဲ႔ ေသာက္ၾကမလား
ငါဝယ္လာတယ္..."
"မေအးလည္းေသာက္မဲ့ေကာင္က...."
"အေၾကာင္းျပခ်က္ေတာ့ရွာရမွာေပါ့ကြ
အရက္ဆိုတာအေၾကာင္းျပခ်က္နဲ႔မွ
ေသာက္ေကာင္းတာ..."
"အပိုေတြ...ငါမ်က္ႏွာသစ္လိုက္အုန္းမယ္
ခဏေစာင့္...အရက္ဝိုင္းကိုငါလုပ္ေပးမယ္
မင္းေလၽွာက္လုပ္မေနနဲ႔"
"I Know I Know....ဒိုး ဒိုး..."
ထယ့္အခန္းေလးသည္ခရမ္းႏုေရာင္
ေလးသုတ္ထားၿပီးကမၻာအသစ္တခုလို
လွလွကေလးျဖစ္သည္။ဘယ္ေနရာမွာ
ဘာအေၾကာင္းေၾကာင့္နဲ႔ကမၻာပ်က္လာပါေစ
ထယ့္ ရဲ့ Purpleေရာင္အခန္းထဲေခါင္းခ်အိပ္
လိုက္လၽွင္အဆင္ေျပသြားျမဲ....။
လာဗင္ဒါနံ႔ေတြကိုသူသိပ္ႀကိဳက္တာေၾကာင့္
ထယ္က တခန္းလုံးထိုအနံ႔ေတြသင္းေနေစ
သည္။နံရံတခုလုံးမွာထယ္နဲ႔စဆုံခဲ့ေသာ
အထက္တန္းေက်ာင္းသားဘဝကအစ
လက္ရွိအခ်ိန္အထိMemoryေလးေတြကို
မွတ္ထားေသာဓာတ္ပုံေလးေတြမ်ားစြာရွိ
သည္။ၾကည့္မိတိုင္းေပ်ာ္ရႊင္ရျမဲ
ေအးခ်မ္းရျမဲ...။ထယ္ဟာသူ႔အတြက္
ေပ်ာ္ရႊင္ျခင္းလက္ေဆာင္မြန္ေလးတခုဆို
တာသည္ဘယ္သူလာျငင္းျငင္း ျငင္း၍
မရေသာအမွန္တရားတခုပင္ျဖစ္သည္။
မ်က္ႏွာသစ္ပီးထြက္လာေတာ့ဆိုဖာေပၚ
တြင္ဖုန္းအားအာ႐ုံစိုက္ေနေသာလူသား
သည္လက္ကလည္းတေတာက္ေတာက္
စာရိုက္ေနသည္။ရွုပ္ရွုပ္ပြပြလိေမၼာ္ေရာင္
ဆံပင္ေတြနဲ႔ ျဖစ္သလိုလွဲေလ်ာင္းေနေသာ
Jiiminသည္သူ႔မ်က္လုံးထဲတြင္သိပ္
ေတာ့အဆင္မေျပလွပါ...။
"Jimin...."
"အင္း...."
"မင္းညဘက္ေတြမအိပ္ဘူးလား"
"အိပ္ပါတယ္...."
"မင္းမ်က္လုံးကပန္ဒါျဖစ္ေနၿပီ..."
"အင္း...."
ဖုန္းကိုသာအာ႐ုံဆက္စ္ိုက္ေနဆဲ..။
အသစ္စက္စက္ေကာင္မေလးတစ္ေယာက္
ႏွင့္Chatေနပုံရကာတခ်က္တခ်က္ထရီလိုက္
ေသးသည္...။
"ငါတို႔သူမ်ားေတြအေပၚ
ဆိုးလို႔ရတယ္မိုက္လို႔ရတယ္
ဒါေပမယ့္ ကိုယ့္ကိုကိုယ္ေတာ့
ျပန္ဆိုးလို႔မရဘူး မင္းညဘက္ေတြ
မအိပ္ဘဲဘာလုပ္ေနလဲဆိုတာငါသိတဲ့
အတြက္ ငါအိပ္တယ္လို႔ လြယ္လြယ္ေလး
မေျပာနဲ႔...."
"ငါHoneyနဲ႔တညလုံးဖုန္းေျပာေနလို႔ကြာ...
ဟုတ္ပီလားနားညီးတယ္အာ႐ုံပ်က္တယ္
တကယ္ပါပဲ...."
Jiminသည္ဖုန္းအားဆိုဖာေပၚပစ္ခ်ကာ
ထြက္သြားခဲ့သည္။ေရခဲေသတၱာထဲမွ
ေရတဗူးထုတ္ကာေသာက္ၿပီး
သူ႔အားတခ်က္ၾကည့္ကာဖုန္းကိုျပန္ကိုင္သည္။
ထယ္ေယာင္းသည္ဖုန္းအားဆက္ခနဲျဖတ္ယူ
လိုက္ေတာ့ျပဴးၾကည့္လာသည္။
"ဘာလုပ္တာလဲ..ငါေျပာလက္စႀကီး.."
"ဘယ္အခ်ိန္ထိလဲ ဘယ္အခ်ိန္အထိဒီလို
ေနေနမွာလဲ..."
"ဘာကိုလဲ"
တညလုံးမအိပ္ထား၍ညိဳေနေသာ
မ်က္လုံးအေရာင္မွိန္မွိန္ေတြနဲ႔ေမးသည္။
ဒါသူ႔ရဲ့မ်က္လုံးေရာင္စစ္စစ္..
ရီေဝေဝမွိုင္းျပျပႏွင့္သူငယ္ခ်င္း
အရင္းႀကီးကိုေတာင္စူးစူးရဲရဲ
စိုက္ၾကည့္တတ္ေသးသည္။
"မင္း ဒီလိုပုံစံနဲ႔ဘယ္အခ်ိန္အထိေလလြင့္
ေနအုန္းမွာလဲလို႔...."
"ငါဘာလုပ္ေနလို႔လဲ ထယ္
ဒါငါေပ်ာ္ေနတဲ့ငါ့ဘဝေလ
မင္းရွိတယ္ ပိုက္ဆံရွိတယ္ အာဏာရွိတယ္
ဒါေလလြင့္တယ္လို႔ေခၚရမွာလား"
"မဟုတ္ဘူး..မင္းခံစားခ်က္ေတြကို
ေျပာေနတာ...."
"ငါ့မွာဘာခံစားခ်က္မွမရွိဘူး...
မဟုတ္ဘူး ငါဘာကိုမွမခံစားတတ္တာ
မင္းဘာေတြလာေျပာေနတာလဲ..."
"မင္းသူ႔ကိုေလးႏွစ္လုံးလုံးသယ္ပိုး
ထားရတာမေလးဘူးလား Jimin...
လႊတ္ခ်သင့္ပီလို႔မထင္ဘူးလား"
"ထယ္ေယာင္း....!!!!"
"ငါေျပာတာကိုမႀကိဳက္ရင္
မင္းဒီမ်က္ႏွာနဲ႔ငါ့အိမ္ကိုမလာနဲ႔
မင္းေကာင္ကိုလြမ္းဖ်ားလြမ္းနာက်ပီး
ငါ့အိမ္ကိုမလာနဲ႔....
ေလတိုက္သြားရင္ေတာင္လဲၿပိဳေတာ့မဲ့
မင္းပုံစံကိုမင္းဂ႐ုမစိုက္ေပမယ့္
ငါကဂ႐ုစိုက္မိေတာ့ ေစာက္႐ူးျဖစ္ရတယ္..."
"ဘာကိုလြမ္းရမွာလဲ..အေရးမပါလိုက္တာ
KimTaeHyungရယ္..
မင္းငါ့သူငယ္ခ်င္းျဖစ္ပီးငါ့ကိုသိပ္
အထင္ေသးတာပဲ..အဲ့ဒီလူေသသြားပါပီလို႔
ငါမင္းကိုဘယ္ႏွခါေျပာရမလဲ.."
"တကယ္မွမေသတာ...."
"ေသတယ္..ငါကေသတယ္ဆိုရင္
ေသလိုက္...ငါ့ကိုထပ္ပီးအဲ့ဒီအေၾကာင္း
မေျပာနဲ႔ေနာ္....."
"ေအးဒါဆို..ငါတို႔အေၾကာင္းေျပာၾကမလား.."
Jiminမ်က္ႏွာသည္ရဲခနဲ..။သူ႔မ်က္လုံး
ေတြအားခ်က္ခ်င္းေရွာင္ဖယ္သြားသည္။
"ေအးေရွာင္ေနလိုက္...
ငါ့ကိုမင္းတစ္သက္လုံးသာ
ေရွာင္ဖယ္ေနလိုက္...ParkJimin...
ေကာင္းတယ္..."
"ထယ္ေယာင္း...."
"သနားစရာလိုငါ့နာမည္ကိုမေခၚနဲ႔...
ငါကသနားစရာေကာင္မဟုတ္ဘူး
အရက္ေသာက္မွာမလား ေသာက္မယ္..."
ထယ္ေယာင္းႏွင့္Friendship သည္သုံးႏွစ္
ေျမာက္ေလာက္အၾကာတြင္ထယ္သည္
သူ႔အားတခါတေလေငးတတ္လာသည္။
သူကေတာ့ခ်န္ခဲ့ခံရသူမို႔ထိုအခ်ိန္က
အသဲအသန္ေၾကကြဲေနခဲ့သည္။
ထယ့္ကိုအရာအားလုံးရင္ဖြင့္ခဲ့သည္။
ထယ္က ေခါင္းတညိတ္ညိတ္နားေထာင္သည္။
မွားသည္မွန္သည္မေျပာဘဲသူ႔စကားေတြ
အေပၚတြင္အျပည့္အဝအာ႐ုံစိုက္ေပးခဲ့ေသာပုံ။
အခ်ိန္ၾကာလာတဲ့အခါ ထယ္ဟာ
သူငယ္ခ်င္းစည္းေလးေတြအားမသိမသာ
ထိပါးလာသည္..။သူဒါကိုေကာင္းေကာင္းသိသည္။
သို႔ေသာ္ သူမသိခ်င္ေယာင္ေဆာင္ေနလည္း
ဘာမွမျဖစ္ခဲ့ပါ..။ထယ္ဟာသူ႔အတြက္ဖိအား
တခုမျဖစ္ခဲ့...။
သူေသေလာက္ေအာင္လြမ္းကာတညလုံးလဲၿပိဳ
တတ္ေသာညမ်ိဳးေတြအေၾကာင္းထယ္ေကာင္း
ေကာင္းသိတာေၾကာင့္ အျမဲတမ္းလည္းေဒါသ
ထြက္တတ္သည္...။
တရားဝင္ဝန္မခံေပမယ့္ ထယ္က တရားဝင္ဝန္ခံ
ေနတာထက္သိသာလြန္းခဲ့ပါသည္။
သိပ္ရိုးရွင္းေသာ ထယ္ ရယ္ပါ...။
ေလးႏွစ္လုံး သူဆိုးရာေနာက္
ထပ္ခ်ပ္မကြာလိုက္ကာၿပိဳင္တူဆိုးေပး
ခဲ့ေသာ ထယ္...။
အခက္အခဲဆုံးအခ်ိန္မ်ားတြင္အနားမွာ
ေနရင္း ComfortZone တခုအား
ဖန္တီးေပးနိုင္ခဲ့ေသာထယ္...။
ထယ့္ေက်းဇူးတရားေတြသည္အပုံလိုက္
အထပ္လိုက္...ထယ့္ကိုေတာ့ျဖင္
ေသခ်ာေပါက္အေလၽွာ့ေပးကိုေပးရမည္။
"ငါေတာင္းပန္တယ္ ထယ္ရာ....
မင္းေရာ ငါေရာအတြက္အဲ့တာက
လြယ္ကူတဲ့ကိစၥမွမဟုတ္တာ...."
"ငါမင္းကိုဘာမွမေျပာဘူး
Jimin...က်ဥ္းက်ပ္သလိုေတြလုပ္မေနနဲ႔
မင္းနဲ႔ငါဒီလိုအတူရွိေန႐ုံနဲ႔ငါရတယ္..
မင္းပါးစပ္ကိုပိတ္ေအာင္ေျပာလိုက္႐ုံပဲ..."
"ထယ္ ....."
ရင္ခြင္ထဲတိုးဝင္လာေသာဒီေကာင္သည္
ဘယ္တုန္းကမွေကာင္းက်ိဳးမေပးခဲ့ဖူးပါ။
စေတြ႕ခဲ့တာ Platformတခုမွာ..
ေဆး႐ုံဝတ္စုံနဲ႔ေအာ္ငိုေနတဲ့သူ..။
KimTaeHyung တို႔ဘယ္ေလာက္မ်ားလြဲ
ခဲ့သလဲဆိုရင္ တျခားသူေတြက
အျပဳံးေလးမွာရင္ထဲထိခဲ့သည္...
စကားေျပာပုံေလးတြင္ေႂကြဆင္းခဲ့သည္
အမ်ိဳးမ်ိဳးေပမယ့္ က်ေတာ္ကေတာ့
ေသမလိုေအာ္ငိုေနေသာ ဒီေကာင့္ပုံကို
စပီးစိတ္လွုပ္ရွားခဲ့ပါသည္တဲ့...။
စခင္မင္သည့္ေန႔ကစ လက္ရွိအခ်ိန္အထိ
လူတစ္ေယာက္အားအလြန္အၾကဴး
စြဲလန္းကာ လြမ္းစြတ္ေနတဲ့သူကိုလည္း
ရင္ခြင္ထဲထည့္ထားခ်င္ေနေသးတယ္...။
မွားလိုက္တာေတြ...
အထက္တန္းပီးလၽွင္သူေမ့ေလာက္မည္
တကၠသိူလ္တက္လၽွင္ေမ့ေလာက္မည္
သုံးႏွစ္ေနရင္ေတာ့ေမ့ေလာက္မည္
ေလးႏွစ္ေနရင္ေမ့ေလာက္မည္
ေမၽွာ္သာေမၽွာ္လင့္ခဲ့တာ...
ParkJiMinသည္ေၾကာက္စရာေကာင္း
ေအာင္ကို ထိုလူအားခ်စ္ေပးခဲ့သည္။
"ဖယ္စမ္း..
ငါ့ကိုမေျပာမဆို လာလာမထိနဲ႔...
အေပအေတေကာင္.."
ထယ္သည္ရင္ခြင္ထဲမွသူ႔အားဆြဲထုတ္ကာ
ဘီယာပုလင္းေတြဆီသို႔ေလၽွာက္သြား
ခဲ့သည္။ေသာက္ဖို႔စားဖို႔ျပင္ဆင္ေပးေနၿပီး
သူကေတာ့ၿငိမ္ၿငိမ္ေလးထိုင္ေန႐ုံ။
ဒီလိုဂ႐ုစိုက္မွုမ်ိဳးေတြသည္ထယ္နဲ႔အတူ
ရွိေနလၽွင္ Package လိုက္ကိုရကာ
ေက်နပ္မွုသည္လည္းအျပည့္...။
"ငါတို႔တြဲခ်င္ရင္လည္းရတယ္ေနာ္
ထယ္...အဲ့ေလာက္ခက္ခဲေနတာမဟုတ္ဘူး
သိပ္အႀကီးႀကီးေတြေတြးမထားနဲ႔
ငါေရွာင္ဖယ္ေနတာမဟုတ္ဘူး
မ်က္ႏွာေတြပူလို႔..."
Jimin သည္သူ႔ကိုမၾကည့္ပါ
ဖုန္းကိုပဲၾကည့္ေနရင္းမွေျပာသည္...။
သိပ္တည္ၿငိမ္ေနေသာပုံစံမ်ိဳးလုပ္ယူ
ေနေပမယ့္ Jimin စိတ္ေတြသိပ္လွုပ္ရွား
ေနမွန္းသူသိတာေပါ့....။
"မင္းနဲ႔ငါကိစၥကိုသိပ္အႀကီးႀကီး
မေတြးနဲ႔ဆိုထဲက မင္းလိုေကာင္ကို
မတြဲခ်င္ေတာ့တာ လာ အဆင္သင့္ေနပီ
စားလို႔ေသာက္လို႔ရပီ..."
ဟုတ္တာေပါ့...။သူတို႔ႏွစ္ေယာက္အေျခအေနက
ဘာမ်ားခက္ခဲစရာေတြရွိေနေသးလို႔လဲ..။
ေပါင္းသင္းလာခဲ့တာ ေလးႏွစ္..
တေယာက္အေၾကာင္းတေယာက္အသိလြန္ကာ
စကားပင္ေျပာစရာမလိုပဲနားလည္ေနတာ
Friend zoneေလးကိုနည္းနည္းေလးေက်ာ္
ပစ္လိုက္႐ုံပဲ...။ခက္တာက
Jimin ရဲ့ ညသန္းေခါင္ယံငိုသံေတြျဖစ္
ေနခဲ့သည္...။
အိမ္ေတာ္ႀကီးထဲက ParkJiminကို
သူဆြဲမထုတ္နိုင္ေသး...။
ေအးစိမ့္စိမ့္ရာသီဥတုတြင္ဘီယာဗူး
ကိုယ္စီကိုင္ကာေတာင္ေတာင္ရီရီေတြေျပာ
ရင္းေခါင္းခ်င္းဆိုင္ကာအိပ္ေပ်ာ္သြားခဲ့ၾကသည္။
အရာခပ္သိမ္းသည္တည္တည္ၿငိမ္ၿငိမ္ပင္.....။
..............................။
"နင္မိုက္လို႔မပီးနိုင္ေတာ့ဘူးလား
JeonJungkook...."
ေထာင္ဝင္စာလာေတြ႕ေသာေမေမသည္
လြယ္ကူလၽွင္သူ႔ကိုရိုက္ခ်င္ေနေသာပုံ။
ေမေမသူ႔ဆီကိုခိုးလာတာခုတႀကိမ္ဆို
ႏွစ္ခါရွိခဲ့ၿပီ...။
ေဖေဖသိ၍မရပါ...။ေဖေဖသည္
သူ႔အားလုံးဝစိတ္နာကာအေမြပင္ျဖတ္
ထားသည္...။
"လြတ္ေတာ့မွာပါ..."
"ဆက္က်ေနသင့္တာနင္က..."
"ေမေမ...."
"နင္ဝဋ္လည္တာအဲ့တာ Minကို
နင္ႏွိပ္စက္ခဲ့သမၽွဝဋ္ေႂကြးေတြေလ..."
"မသိလို႔ေမးပါအုန္းမယ္
က်ေတာ္ကသားအရင္းလား
အဲ့ဟာေလးက အရင္းလား.."
"ငါတို႔အေပၚငဲ့ကြက္ရင္ငါ့တို႔သားပဲ
ငါတို႔ကိုပစ္ပယ္ရင္ငါတို႔ကလည္းပစ္ပယ္မွာ
အသားနာပီးေမြးမွသားသမီးမဟုတ္ဘူး
JeonJungkook..."
JungKookသည္ဝဲတက္လာေသာ
မ်က္ရည္ေတြအားလက္ထိပ္ေၾကာင့္
သုတ္၍မရခဲ့။မွားခဲ့တာေတြမွန္ေပမယ့္
ေမေမကေတာ့သူ႔ဘက္တြင္နည္းနည္းေလး
ေတာ့ရွိသင့္ပါသည္။ၿပီးခဲ့ေသာအသက္အရြယ္မွာ
စိတ္လက္မာန္ပါလုပ္ခဲ့ျခင္းမ်ားသည္
မူရင္းစိတ္အရင္းခံကဆိုးခဲ့၍မွမဟုတ္ဘဲ...။
JungKookသည္အိမ္ကအထုတ္ဆြဲကာ
စီစဥ္ထားသည့္အတိုင္း Parisသို႔
ခ်က္ခ်င္းထြက္ေျပးခဲ့သည္...။
ဘယ္သူ႔ကိုမွအသိမေပး...
ဘယ္သူကိုမွမေျပာဘဲ...လုပ္ခဲ့ေသာ
လုပ္ရပ္ေၾကာင့္ ေဖေဖ့ထပ္အျပစ္ေျပာ
မွာကိုေၾကာက္ခဲ့တာရယ္...
Jimin ရဲ့အမုန္းဒဏ္ကိုမခံစားနိုင္တာ
ရယ္ႏွင့္ ထြက္လာခဲ့သည္။
ေဖေဖသည္ခ်က္ခ်င္းျပန္ေခၚခဲ့ေသာ္လည္း
သူသိပ္ထူပူေနခဲ့သည္....။
ေက်ာင္းတကယ္တက္ခ်င္ပါသည္ဟု
အခါခါေျပာေသာအခါ ေဖေဖသည္
မေလၽွာ့ေပးခ်င္ေသာ္လည္းေလၽွာ့ခ်လိုက္သည္။
Graceကဆက္သြယ္လာသည္။Graceသည္
ထိုအခ်ိန္ကသူသိပ္စြဲလန္းရေသာ
ခ်စ္သူရည္းစားပင္မို႔သူရွိေသာေနရာကို
ေျပာျပခဲ့သည္။အရင္ကအတူတူသြားရန္
စီစဥ္ခဲ့ေသာ္လည္းတကယ္တမ္း
သြားသည့္အခါ သူမေခၚခ်င္ေတာ့ပါ...။
မလိုအပ္ဘူးလို႔လည္းထင္ခဲ့ျခင္း...။
တေယာက္ထဲParisၿမိဳ႕တြင္အထီးက်န္ခဲ့သည္။
ကေလးကိုအေသအလဲလြမ္းကာ
ျပန္မယ္စဥ္းစားမိတိုင္း ဒီကေလးဝဲဂယက္ထဲ
ထပ္မ်ားကၽြံက်ရင္နစ္နာသူက ကေလးသာ
လၽွင္ျဖစ္လိမ့္မည္...။သူအနာတရေတြျဖစ္
ေအာင္လုပ္ခဲ့တာပင္လြန္လွၿပီ..။
ေနာက္တခုကေဖေဖ...။
သားသမီးနဲ႔မိဘအားၿပိဳင္မွုတြင္
မိဘေတြကရွုံးတတ္တာမ်ားေပမယ့္
ေဖေဖကေတာ့သူနဲ႔တထပ္ထဲတူတာေၾကာင့္
သူ႔ကိုနိုငိသည္...။NamjoonHyung
အကူအညီျဖင့္ Jimin ကိုဘယ္ေလာက္
ဂ႐ုစိုက္ေနေၾကာင္းသတင္းေတြရသည္။
မနာလိုတာလား ခံျပင္းတာလား
ဝမ္းနည္းတာလား အကုန္စုေပါင္းပီးပဲျဖစ္
ေနတာလားမေျပာတတ္ေတာ့.....။
တဖက္တြင္လည္းမေက်နပ္ခဲ့ပါ...။
ေနာက္ပိုင္းအလြမ္းလြန္ကာေသသြားပါေစ
Jimin ၏သတင္းေတြအားမၾကားခ်င္
ေတာ့...။
တေယာက္ထဲေမြးထားေသာတစ္ဦးထဲေသာ
သားသမီးေတြရဲ့အတၱေသးေသးေလးဟု
ဆို၍ရပါသည္။သူမုန္း၍မဟုတ္ခဲ့ပါ...။
ေျခာက္လေလာက္ေနေတာ့Graceသည္
မထင္မွတ္စြာသူ႔ဆီေရာက္လာခဲ့သည္။
တေယာက္ထဲေယာင္လည္လည္ျဖင့္
လမ္းေပ်ာက္ေနခ်ိန္ Graceေရာက္လာ
ျခင္းသည္သူ႔အတြက္အသုံးေတာ့ဝင္ခဲ့ပါသည္။
သို႔ေသာ္......။
"ဘာလို႔JungKookကိုဒီလိုျဖစ္ေအာင္
လုပ္ခဲ့ရတာလဲ Grace...."
"က်မသူ႔ေနာက္ကိုလိုက္သြားခ်င္ခဲ့တယ္...
သူကက်မခ်စ္သူေလ...က်မသူ႔ကို
သိပ္ခ်စ္ခဲ့တယ္တဲ့တူပါတယ္...
သူParisကိုထြက္သြားပီဆိုေတာ့
သူေခၚမဲ့အခ်ိန္ကိုေစာင့္ခဲ့ပါတယ္
JungKookကမေခၚခဲ့ဘူး..
ေနာက္ဆုံးမေနနိုင္တဲ့က်မကပဲလိုက္သြား
ခဲ့တယ္...က်မမေမ့ဘူးဆို
က်မ သူ႔အိမ္ေရာက္သြားေတာ့
JungKookကေခါက္ဆြဲေတြကိုၾကဳံသလို
ပဲစားေနတယ္....."
"အတူတူေနရေအာင္လို႔ေျပာေတာ့
အဆင့္သင့္မျဖစ္ေသးဘူးတဲ့..
က်မကိုရီးယားကအလုပ္ေတြအားလုံး
ကိုထားရစ္ခဲ့တာ..က်မကModelေလ
ဘယ္ေလာက္ဆက္သြားသြား
ရနိုင္ေပမယ့္ က်မJungkook ကိုပဲ
ေရြးခ်ယ္ခဲ့တာပါ..."
"သူေန႔တိုင္းစိတ္နဲလူနဲ႔မကပ္ဘူး...
တခါတေလ သူ႔ကိုယ္တိုင္ဘာလုပ္ေနမွန္း
ေတာင္သူမသိဘူး မိသားစုနဲ႔႐ုတ္တရက္
ခြဲလာခဲ့ရလို႔လို႔နားလည္ေပးခဲ့ပါတယ္...
က်မ ခ်စ္သူတေယာက္လိုသူနားမွာ
ေန႔တိုင္း ေက်ာင္းသြားေက်ာင္းျပန္
အစဂ႐ုစိုက္ေပးခဲ့ပါတယ္..."
"Jungkookကက်မကိုမခ်စ္ရင္ေတာင္
ႀကိဳက္ေတာ့ႀကိဳက္လိမ့္မယ္ထင္ခဲ့တာပါ
က်မတို႔ အခ်ိန္တခုကိုျဖတ္သန္းပီးတဲ့အထိ
သူက်မကို မိန္းမတစ္ေယာက္လိုမ်ိဳးကို
မၾကည့္ခဲ့ဘူး...က်မစိတ္ေတြရွုပ္လာတယ္
ဝန္ခံပါတယ္ က်မသူ႔အိပ္ယာေပၚအထိ
တက္ခဲ့ဖူးေပမယ့္ Jungkookက
အသက္မရွိသလိုက်မကိုၾကည့္တယ္...
က်မက သူ႔ရည္းစားေလ
သူနဲ႔နိုင္ငံျခားမွာ LivingTogetherေနေန
ေၾကာင္း က်မေနာက္လိုက္တဲ့သတင္းသမား
ေတြကဖြပီးေနပီ...က်မကိုသူစိတ္မဝင္စား
လို႔ဘယ္ျဖစ္ပါ့မလဲ..."
"Jungkookအေဖနဲ႔အျမဲတမ္းျပသနာေတြ
တက္တိုင္း က်မနာမည္ကသူ႔အေဖပါးစပ္
ေအာက္မွာစုတ္ျပတ္သတ္ခဲ့တယ္...
Jungkookကအနည္းနဲ႔အမ်ားေတာ့
ကာကြယ္ေျပာေပမယ့္Jungkookဟာ
က်မရွိေနတာကို ညီးညဴေနပီ...
ဒါေပမယ့္ သူဟာက်မေအာင္ျမင္မွု
က်မမိန္းမသိကၡာတရားေတြနဲ႔ယွဥ္ၿပီး
ေရြးခ်ယ္ခဲ့တဲ့သူမို႔ က်မလက္မလႊတ္ေပးခဲ့ဘူး"
"တခါတေလက်မကိုထြက္သြားခိုင္းတယ္..
က်မတို႔ရန္ေတြအႀကီးအက်ယ္ျဖစ္ခဲ့ၾက
တယ္...သူေခၚခဲ့တာမဟုတ္ဘူးတဲ့ေလ...
အမွန္တရားေပမယ့္က်မသိပ္နာတာပဲ
မခ်စ္ခဲ့ဘူးလားဆိုတဲ့ေမးခြန္းကိုေတာ့
ေမးကိုမေမးရဲခဲ့တာပါ..က်မလက္တေခ်ာင္း
ကိုေတာင္ ကိုင္ၾကည့္ခဲ့တဲ့ေယာက်္ားမဟုတ္ခဲ့ဘူး
က်မကသူ႔ကိုသိပ္မက္ေမာလို႔ဖက္တြယ္ခဲ့တာ"
"ညည ထေယာင္တာက Minတဲ့ေလ..
က်မကေတာ္ေတာ္သုံးစားလို႔မရတဲ့
မိန္းမျဖစ္ေနခဲ့ၿပီ..က်မသိေနတယ္
ဒါေပမယ့္ သည္းခံေနတုန္းပဲ..."
"သူ႔အေဖကအေမြျဖတ္ခဲ့တယ္..
အားတက္စရာက
သူအဲ့ဒီတုန္းက Minဆိုတဲ့က်မျမင္ပင္မ
ျမင္ဖူးတဲ့ေကာင္ေလးကိုမေက်နပ္ေၾကာင္း
အထပ္ထပ္ေအာ္ေျပာေနတာ...
သူ႔အေဖကသူ႔ကိုလုံးလုံးနားမလည္ေပးခဲ့ပုံပဲ...
မၾကာပါ..သူက်မကိုႏွင္ထုတ္ခဲ့တယ္..
ရက္ရက္စက္စက္ပါပဲ...
တကယ့္ကိုရက္ရက္စက္စက္ပါပဲ.."
"က်မသူ႔ကိုမေက်နပ္ခ်က္ေတြကို
စာစီရင္ေတာင္ကုန္နိုင္ခဲ့မွာမဟုတ္
မစားရတဲ့အမဲသဲနဲ႔က်မေသြးေအးေအးပဲပက္ခဲ့တယ္
က်မသုံးေနတဲ့ေဆးေတြအားလုံးကို
သူ႔ေက်ာင္းလြယ္အိတ္ထဲထည့္ပစ္ခဲ့တယ္
သူ႔ေသာက္ေနက်ေကာ္ဖီေတြထဲေန႔တိုင္း
နည္းနည္းစီ ထည့္ထားေပးေတာ့
Jungkookဟာေရွာင္လို႔မလြတ္ခဲ့ဘူး...
သိပ္သနားဖို႔ေကာင္းပါတယ္
မိဘရဲ့ဥေပကၡာနဲ႔ တေယာက္ထဲကူရာကယ္ရာ
မဲ့အထဲဝင္သြားရတယ္..."
"မိန္းမတစ္ေယာက္ဟာ
ေယာက်္ားတစ္ေယာက္ကို
အဆုံးမဲ့ခ်စ္ေပးနိုင္ၿပီး
အဆုံးမဲ့စြာဆြဲခ်သြားနိုင္ေၾကာင္း
Jungkookနားလည္သြားခဲ့တဲ့အခါသိပ္ေနာက္
က်ေနပီ....က်မကသူ႔ခ်စ္သူေလ
က်မအားလုံးကိုထားခဲ့ၿပီးအထီးက်န္ေနတဲ့
သူ႔နားသစၥာရွိရွိရပ္တည္ေပးခဲ့တာ
Modelတေယာက္အေနနဲ႔ က်မမွာေပါလြန္းတာေပါ့
ဒါေတြဟာ Minဆိုတဲ့ေကာင္ေလးကိုက်မ
မနာလိုလာလို႔ မိန္းမလိုမိန္းမရ
လုပ္ပစ္ခဲ့တာႀကီးပဲ....
မိန္းမတေယာက္အေနနဲ႔ေယာက်္ားတေယာက္နဲ႔
ယွဥ္ၿပိဳင္လုတာေတာင္က်မမနိုင္ခဲ့ဘူး...
ရီရတယ္...ဒါေတာင္အဲ့ဒီကေလးက
အေဝးႀကီးမွာ က်မသူနဲ႔နီးနီေလး...
သူကအေဝးႀကီးကိုပဲျမင္ေနတာကို...
က်မမွားလား...."
"က်မမွားခဲ့တယ္ဆိုလည္း
လက္ခံပါတယ္...
အရွုံးေပးလိုက္ရတာမ်ိဳးေတာ့
အနည္းဆုံးမျဖစ္ဘူးေပါ့...
Clubမွာအမွတ္တမဲ့ပဲဆုံဆုံ
လမ္းတေကြ႕ေကြ႕မွာပဲဆုံဆုံ
စာသင္ခန္းထဲမွာပဲဆုံဆုံ
ခ်စ္သြားမိရင္...မတက္နိုင္ဘူးေလ...
က်မအခ်စ္ကို JungKookကေလၽွာ့တြက္ပီး
က်မကိုလည္းေလၽွာ့တြက္ခဲ့တဲ့ပုံရတယ္
က်မသိပ္ဥာဏ္မ်ားလြန္းတယ္မလား..."
Graceသည္ေၾကာက္စရာေကာင္းစြာ
ေျဖေပးခဲ့ၿပီးေနာက္ ထြက္သြားခဲ့သည္။
Jungkook သတင္းအားအတတ္နိုင္ဆုံး
မထြက္လာေစရန္ဖုံးဖိကာNamjoon
ကအေတာ္ဆုံးေရွ႕ေနေတြငွါးကာ
ႀကိဳးစားခဲ့သည္။
Jungkookအေဖသည္ထပ္ဆင့္စိတ္ပ်က္
မွုမ်ားႏွင့္အတူလုံးဝဥေပကၡာျပဳခဲ့ေတာ့သည္။
အေမကေတာ့ ေမြးထားရသူမို႔
မစြန့္လႊတ္နိုင္စြာသူ႔ကိုလာေတြ႕ျမဲ...
သို႔ေသာ္ နာက်ငိစရာစကားေတြကိုပဲေရြးေျပာ
သည္။
ဒီကေလးေလးကိုသူရည္ရြယ္ခ်က္ရွိရွိ
နာက်င္ေစခဲ့တာမဟုတ္ေၾကာင္း...
ဒီကေလးေလးအတြက္နဲ႔သူ႔အား
ဝိုင္းအျပစ္တင္ေနၾကျခင္းသည္
သူ႔ကိုသိပ္သိမ္ငယ္ေစေၾကာင္း
ေမေမ့ကိုေတာ့သိေစခ်င္ခဲ့ပါသည္..။
"က်ေတာ္အဲ့ဒီမိန္းမကိုပတ္သတ္မိလို႔
ခုလိုဘဝျဖစ္ခဲ့ရတာဝန္ခံပါတယ္
အဲ့တာေၾကာင့္ေတာ္ပါေတာ့...
ဘာလို႔ပတ္သတ္ခဲ့သလဲဆိုရင္
ခုေမေမတို႔ က်ေတာ့္ထပ္ပိုပီး
သဲသဲလွုပ္ေနတဲ့ အဲ့ဒီကေလးေလးကို
လိုခ်င္ေနလို႔....ထိခ်င္ေနခဲ့လို႔ပါဗ်ာ.."
"ဘာစကားလဲ....ဒါ...."
"...က်ေတာ္မိန္းမေတြကို
ဘယ္တုန္းကမွစိတ္မဝင္းစားခဲ့ဘူး
က်ေတာ္ ေမေမတို႔ရဲ့ အသဲအသက္ေလး
ကိုပဲ တစိမ့္စိမ့္ၾကည့္ေနလို႔
က်ေတာ့္အတတ္က်ေတာ္ဆူးပီး
လြတ္ရာလြတ္ေၾကာင္းလုပ္ခဲ့တာေမေမ...
ခုစိတ္ဆင္းရဲရတာထက္
က်ေတာ္နဲ႔Jimin....."
"နင္ေတာ္စမ္း JeonJungkook...
နင္တကယ္ပက္ပက္စက္စက္အေကာင္..."
"ထြက္သြားခ်င္မိတာမွားလို႔လား
အဲ့မွာဆက္ေနပီးက်ေတာ္႐ူးရမွာလား
ဖြင့္ေျပာျပရငိလည္းအေဖသတ္လို႔ေသ
အုန္းမယ္....ေမေမျပန္ေတာ့...
က်ေတာ္အဆင္မေျပေတာ့ဘူး...."
Jungkookအေမသည္လူဆိုးေကာင္
ေလးအားၾကည့္ကာယူက်ဳံးမရနိုင္ခဲ့။
"ထြက္သြားလိုက္လို႔အေနမ်ားေဝးသြား
ရင္ ေသြးေအးပီးပုံမွန္ျပန္ျဖစ္လိမ့္မယ္
လို႔ထင္ခဲ့တာပါ ခုေတာ့ က်ေတာ္သတိရလို႔
ေသမွာပဲ...ဓာတ္ပုံေလးတပုံေတာင္
ျမင္ရဖို႔မလြယ္ခဲ့ဘူး..."
Jungkookဘက္ကေသြးေအးခ်င္လၽွင္
Jiminဘက္ကေသြးခဲတတ္ခဲ့သည္။
မာနႏွင့္ အတၱသည္ ခိုင္ခိုင္မာမာ
သူတို႔ႏွစ္ေယာက္ၾကား ကာဆီးထားခဲ့သည္။
ခ်စ္တာရဲ့တျခားတဖက္မွာ
မိဘေတြရဲ့ယုယမွုမ်ားအားသူ႔အစား
သိမ္းပိုက္ေနေသာထိုကေလးအား
တႏုံ႔ႏုံ႔မေက်နပ္ခ်က္မ်ားကလည္းရွိေနေသးသည္။
ခ်စ္ပစ္လိုက္မိမွာစိုးလို႔ထြက္လာခဲ့တာ...
မင္းကငါ့ရွိသမၽွအကုန္သိမ္းေနေတာ့တာပဲ
ကေလးေလးေရ....
ျပန္လာရင္ေတာ့ မင္းကိုအရင္ျပန္သိမ္းမယ္.....။
နားလည္ေပးၾကပါလိုအပ္သြားရင္
ေပါ့မ်ားသြားပီလား😔
Bạn đang đọc truyện trên: AzTruyen.Top