💪30💪
အချိန်တွေသည်ရာသီစက်ဝန်းအတိုင်း
လည်ပတ်နေခဲ့ရင်း...ဆောင်းရာသီ
ငါးခုအားဖြတ်သန်းပြီးသွားတဲ့အခါ
အပြောင်းအလဲလေးတွေများစွာတော့
ဖြစ်သွားခဲ့သည်.....။
"PaPaက အရမ်းခေါတ်နောက်ကျနေပီ...."
"ဘာ..ဘာ...!"
ကားပေါ်မှ ကျောပိုးအိတ်လွယ်ကာ
ထမင်းဗူးခြင်းကိုင်လျက်
ဆောင့်ဆောင့်အောင့်အောင့်အိမ်ထဲဝင်လာ
သောငါးနှစ်ကျော်ခြောက်နှစ်နီးပါး
ကလေးလေးတယောက်နှင့်နောက်မှ
မယုံနိုင်စွာရေရွတ်ရင်းပြေးလိုက်လာသူက
အသက်သုံးဆယ်နီးပါးJeonဖြစ်သည်။
"ဒါခေါတ်နောက်ကျတာမဟုတ်ဘူး..
မိဘက ဆုံးမနေတာ..."
"Babeဘာဖြစ်လာလို့လဲ...."
TVကြည့်နေသော နောက်ထပ်အဖေတစ်ယောက်
သည်သမီးမျက်နှာမကောင်းလာသော်အခါ
ကိုယ့်ဆီသ်ု့အရင်အကြည့်ကရောက်လာပြီးပြီ။
"Pa Paပေါ့ ကျောင်းကClassmateတွေနဲ့
Hoseokoppa ဆီသွားကတာကို
မလုပ်ရဘူးတဲ့....."
"Oppa Oppa နင့်အရွယ်က ဦးလေး
ခေါ်ရမှာမဟုတ်ဘူးလား JeonJiJi..."
"Respect လေ Mr.Jeonရာ
HoseokOppaက ဒီလောက်လန်းဆန်းနေတာ
Uncle ခေါ်ရမှာ အားနားစရာကြီး..နော် Daddy..."
JiJiသည် မတူညီသောအဖေနှစ်ယောက်၏
စိတ်နှလုံးနဲ့ အမူအကျင့်များအား
လက်ထပ်သင်ထားသလိုကွက်တိကျလှသည်။
Jeonလိုဒေါသကြီးတတ်ပြီး...
Minလို ဆိုးပြတတ်သည်။
ကလေးတွေသည်မျက်စိရှေ့ကအရာမှန်သမျှအား
အတုခိုးတတ်သည်ဆိုလျှင်JiJiဆိုးပုံသည်
JeonJimin အားCopyဆွဲချထားသလို
ထပ်တူထပ်မျှ...။
"ကိုကိုကလည်း...Babeကချင်တာကပါစေ...
ဘာဖြစ်နေလို့လဲ...."
"PaPaကကျောင်းလာကြိုတယ်
ကလေးအမေတွေကဝိုင်းကြည့်တယ်
သိပ်ပဲများတာပဲ Ji Daddyကိုတိုင်တာ
တော့မဟုတ်ပါဘူး...."
"ဟဲ့...ကတဲ့ကိစ္စကနေ ရောယောင်သွေး
သောက်တွေမလုပ်ပစ်နဲ့ မကရဘူးဆို
မကရဘူးပဲ နင့်အဖေတုန်းကလည်း
မကရဘူး..."
"အဲ့တာ Daddyက PaPaကို
ကြောက်လို့လေ...Jiက
Papaကို ချစ်တာ...မကြောက်ဘူး
ကမှာပဲ...Uncle Taeက လည်း
ကတဲ့ idolဖြစ်အောင်ပံ့ပိုးပေးမယ်တဲ့...."
"တွေ့လား Min...မင်း သမီးက
ငါ့ကို အရုပ်ကြီးလိုပဲ
ငါတလောကလုံးကိုနိုင်လာပြီး
ငါဒါလေးကျမှ...."
မရင့်ကျက်တော့သော Jeonဖြစ်ခဲ့တာ
JiJiကျောင်းစတက်ထဲက....
သိပ်သွက်လက်လှသော၂၁ရာစု
သမီးတယောက်နှင့် သဲသဲလှုပ်အဖေ
တို့၏ ထိပ်တိုက်တွေ့ဆုံခြင်းတွေသည်
ခဏခဏရယ်....။
Minကတော့ နားလည်အောင်ပြောခြင်းဖြင့်
သမီးကို သိမ်းသွင်းယူသည်...။
Jeon ကတော့ သိမ်းသွင်းယူရင်း
သမီးကိုနားမလည်ဖြစ်ကာ
ကလေးဆိုးကြီးဖြစ်ခဲ့ရသည်။
"MyLoveJeon...ရယ်
Ji က အရုပ်ကြီးလိုသဘောမထားပါဘူး
Ji Pa Paကို အရမ်းချစ်တာသိရက်သားနဲ့....."
ပွတ်သီးပွတ်သပ်လုပ်ကာJeonJimin
အမွေမျက်လုံးဝိုင်းကလေးများကို
ကောင်းကောင်းအသုံးချတတ်သော
Ji သည် JeonJungkook၏
အားနည်းချက်အလုံးစုံကိုသိသူဖြစ်သည်။
"ရေသွားချိုးတော့...သွား....!"
JiJiသည် မျက်နှာတခုလုံးအား
အနှံ့အပြားနမ်းရှုံ့သွားလျက်
အဒေါ်ကြီးဆီသို့ရေချိုးရန်ပြေးသွားတော့
သည်။
"အခန်းထဲသွားရအောင်ကိုကို
Minတို့စကားပြောရအောင်....."
..............
"ကိုကို JiJiက ကလေးလေးပဲ
ရှိနေတယ်လေ....ခုအရွယ်က
ကတဲ့Hoseokတွေ့ရင်ကကြည့်ချင်မယ်
NamjoonHyung စာတွေဖတ်တာ
တွေ့ရင်လည်း လုဖတ်မယ်
JinHyung ပန်းတွေကိုသူတွေ့ရင်လည်းစိတ်
ဝင်စားသွားတာပဲ....
ကလေးသဘာဝလေ ကိုကိုရယ်...."
"သမီး ကို... ကိုကိုစိတ်မချဘူး
ကလေးငယ်ရယ် အကတွေ အခုန်တွေ
စိတ်ဝင်စားတာ မကြိုက်ဘူး...."
တစ်ချိန်လုံးစီးပွါးရေးလုပ်ငန်းအပေါ်
ခေါင်းစိုက်ခဲ့သော ကိုကိုသည်
စာအုပ်ကြီးလို့ပြောလို့မရပေမယ့်
JiJiဟာ ထားပေးခဲ့သောကျောင်း
ကြီးပြင်းခဲ့ရသော မိသားစု၏
အကောင်းဆုံးပံ့ပိုးမှုတွေကြောင့်
ထက်ထက်မြက်မြက်သွက်သွက်လက်လက်
လေးဖြစ်လာတဲ့အခါ ကိုကိုသည်
ငါးနှစ်သမီးနောက်ကို ဓားထမ်းလိုက်တော့သည်။
"သူဘာကိုလုပ်ချင်လဲဆိုတာကို
Minတို့ကခုချိန်မှာ ဆုံးဖြတ်လို့မရသေးဘူး
တချိန်မှာ သူဝါသနာပါတာကို
သေချာသိလာရတဲ့အခါ အကောင်းဆုံး
ပံ့ပိုးပေးရမှာကိုကို....
မင်းသမီးဖြစ်ချင်လည်းဖြစ်အောင်လုပ်
ပေးရမှာပဲ
ဆရာဝန်ဖြစ်ချင်လည်းဖြစ်အောင်
လုပ်ပေးရမှာပဲ
ကိုကို့ စီးပွါးရေးကို စိတ်ဝင်စားလာရင်
လည်း သင်ကြားပေးရမှာပဲ
သမီးရဲ့ အနာဂါတ်ကို Minတို့မရွေးချယ်ရဘူး
သမီးရွေးချယ်မှုနောက်မှာပံ့ပိုးပေးရုံပဲ..."
"ကိုကိုက ယောကျ်ားလေးတွေနဲ့လည်း
စိတ်မချတာ...သမီးမှာ သူငယ်ချင်းတွေ
အရမ်းများလွန်းတယ် Min..."
"အရွယ်ရောက်လာအုန်းမှာကိုကို..
JiJiဟာ ကောင်မလေး တစ်ယောက်
ဖြစ်လာမှာ...ကိုကိုခုထဲကဒီလိုမျိုး
အဆင်မပြေရင် ဆယ်ကျော်သက်
အသက်၂၀ဖြစ်လာတဲ့အခါ
ဘယ်လိုရင်ဆိုင်မလဲ.....
Minတို့က ထိန်းပေးရုံပဲရမယ်
အမှားအမှန်ခွဲခြားသိအောင်
လုပ်သင့်မလုပ်သင့်
တရားမှု မတရားမှုသေချာသိအောင်
ပညာကောင်းကောင်းသင်ပေးပြီး
ဆုံးမပေးနိုင်ရင်...အဆင်ပြေပါတယ်
သမီးက မဆိုးပါဘူး ကိုကိုရယ်
ကိုကိုက အစိုးရိမ်လွန်လွန်းတယ်
ကလေးပဲ..ကစားဖော်တွေများမှာပေါ့...."
ကိုကိုသည်...ခေါင်းညိတ်ရင်း
သက်ပြင်းချသည်....။
သူ့တုန်းကလည်းပူ
သမီးအလှည့်ကျလည်းအပူမလျှော့သော
ကိုကိုသည် ယောကျ်ားတစ်ယောက်
အဖေကောင်းတစ်ယောက်ပီသခဲ့ပါသည်။
"ကိုကို့ JeonJimin လေးကကိုကို့ထက်
တောင်အများကြီးရင့်ကျက်နေတာပဲ...
အဲ့ဒီအတွေးလေးတွေဘယ်ကရသလဲပြောပါအုန်း...."
"သမီးရှင်အဖေ တွေတွေးရမဲ့အတွေးတွေးပဲကို
ကိုကို Minကိုမွေးသလို သမီးကိုမွေးလို့မရဘူး"
"သိပါတယ်...ကိုကိုက ခေါတ်နောက်ကျနေပါပီ..."
"မကျပါဘူး...Minယောကျ်ားကအမြဲ
ခေါတ်လွန် အချစ်လွန်ပါပဲ...."
Jeonသည် မျက်စိရှေ့ကသေးသေးလေးအား
ရင်ခွင်ထဲသိမ်းထည့်ကာသဘောတကျရီသည်။
ခုနှစ်ပိုင်းတွေမှာ JeonJiminလေး
သိပ်လိမ္မာလာတာကြောင့်သိပ်ပျော်ရပါသည်။
သမီးအတွက်ပြောင်းလဲပေးခဲ့ခြင်းပါတဲ့လေ....။
လူတွေက သူ့ကိုသမီးကကြောက်လိမ့်မည်
ထင်ကြသော်လည်း သမီးတကယ်ကြောက်သူမှာ
Minကိုပင်...။Minဟာ စာမျက်နှာများစွာဖြင့်
သမီးကိုစနစ်တကျ စည်းကမ်းရှိရှိပျိုးထောင်
နိုင်ပါသည်။သမီးသည် သိပ်မငိုပြတတ်...
ယဉ်ကျေးဖို့လိုအပ်လာခဲ့လျှင်လည်း
သိမ်မွေ့သောကလေးလေးတယောက်ဖြစ်ကာ
မတရားတွေ့ကြုံလျှင်လည်း
ပြင်းပြင်းထန်ထန်တုံပြန်တတ်သည်။
လူတွေကိုကြောက်မနေဘဲရဲရဲတင်းတင်း
ပြောဝံ့ရှိအောင်သင်ထားပေးခဲ့သည်။
သူကတော့.....
ကလေးအဖေ၏ ကိုကို...ဆိုသောစကားစုနှင့်
ကလေး၏ MyLoveJeon ဆိုသောစကားစု
ကိုလုံးဝမလွန်ဆန်နိုင်ပါ...
သမီးသည် အိမ်ကြီးရှင် ကိုမကြောက်ခဲ့...။
"ဝင်လာမယ်နော်..."
အခန်းဝလေးတွင်တံခါးအားခေါက်ရင်း
ခွင့်တောင်းနေသောJiJiသည်
ဘယ်တော့မှအခန်းထဲသို့ခွင့်မတောင်းဘဲ
ဝင်လေ့မရှိ...။
"လာလေ....Babe...."
ပြေးဝင်လာပြီးMinပေါင်ပေါ်သို့
ဝင်ထိုင်လိုက်သောJiJi သည်
လက်ထဲတွင် Lollipop လေးကိုင်လျက်..။
"ချောင်းဆိုးအုန်းမယ် သမီးငယ်ရယ်...."
Jeonသည်ချစ်ရသောသူရင်ခွင်နား
ကချစ်ရသူနောက်တစ်ယောက်အား
စိုးရိမ်နေပြန်သေးသည်။
"တခုပဲစားမှာပါ...."
"Pa Pa နဲ့ Daddyကိုပြောစရာလေးရှိလို့...."
"ပြောပါအုန်း...."
"Ji ကျောင်းပိတ်ရက်...ခရီးထွက်ချင်လို့..."
"ထွက်လေ....Daddyဘယ်လိုက်ပို့ပေးရမလဲ....."
"ဒီနေရာ......"
JiJiသည်Tabletထဲမှဓာတ်ပုံတပုံအား
ပြသည်။ဘုရားစေတီတွေတမျှော်တခေါ်နှင့်
နေဝင်နေသောဓာတ်ပုံသည်တော်တော်လေး
တော့လှသည်....သူတို့နဲ့မရင်းနှီးသော
ပတ်ဝန်းကျင်အနေအထားတခု....။
Jeonသည်သေသေချာချာယူလိုက်ရင်း
Locationအားကြည့်လိုက်တော့....
Bagan.....။
"Myanmar ကမလား....မဖြစ်ဘူး
JiJi အဲ့နိုင်ငံကအရမ်းပူလွန်းတယ်
သမီး Daddy နေနိုင်မှာမဟုတ်ဘူး
ပါးပါး တို့ နိုင်ငံနဲ့ အပူချိန်တော်တော်ကွာတယ်...."
"Uncle Joonieပြောတာတော့
ခုချိန်ကဆောင်းတွင်းဖြစ်နေတယ်တဲ့"
"သူတို့ဆီကဆောင်းက
ပါးပါးတို့ဆီကနွေရာသီထက်ပူတယ်....
Hyung က ဘာတွေမြှောက်ပေးလိုက်ပြန်
ပီလဲမသိဘူး...."
Jeonသည်ဓာတ်ပုံတွေအားတပုံပီးတပုံ
ကြည့်ရင်းအကြီးအကျယ်တားတော့သည်။
စိတ်ကောက်၍ချော့တာတောင်
နှင်းတောထဲသွားချော့ရသော
Minသည် အပူပိုင်းဇုန်အားခေါ်သွား၍
မဖြစ်...။သမီးနဲ့ရအောင်ညှိရမည်...။
"Babeကဘာလို့သွားချင်တာလဲ...
ကမ္ဘာပေါ်မှာဆန်းဆန်းပြားပြား
နေရာတွေအများကြီးကို
Daddyတို့လိုက်ပို့ပေးနိုင်ပါတယ်..."
"ရှေးဟောင်းအမွေအနှစ်တွေအများကြီး
ရှိတယ်တဲ့ .... ဘုရားစေတီတွေ
လက်ညိုးထိုးမလွဲပြည့်နှက်နေတဲ့
နေရာကို ရောက်ဖူးချင်တာပါ....
Uncle Joonieပြောတာတော့
သမိုင်းကြောင်းတွေကလည်းသိပ်စိတ်
ဝင်စားဖို့ကောင်းတယ်တဲ့..."
"နင်ရှေးဟောင်းအမွေအနှစ်ကိစ္စ
ကိုလည်းစိတ်ဝင်စားသွားပြန်ပီလား..."
"ပါးပါးကလည်း...ကျောင်းပိတ်ရက်
အပျော်ခရီးပဲဟာ...
စိတ်ဝင်စားမှလား..."
"မဖြစ်ဘူး မြန်မာနိုင်ငံက
အရမ်းပူတယ်...
ငါ့ကလေး ခံနိုင်မှာမဟုတ်ဘူး...."
"ပါးပါးကလည်း...
JiJiက ကလေးအစစ်ပါ...."
"ဥရောပဘက်သွားမလား
ပါးပါးအစုံပို့ပေးမယ်..."
"ဒီလို ဘုရားတွေအများကြီးကိုပဲ
ကြည့်ချင်ပါတယ်ဆို..."
ဂျီကျတဲ့ဘက်ရောက်လာပြီဖြစ်တာကြောင့်
အပူကြောက်လွန်းသူ Jiminသည်
Jeonအားဘာမှမပြောတော့ရန်
တားလိုက်ကာ....
"Daddyကအဆင်ပြေအောင်နေလို့ရ
တယ် Babeကသာအဆင်ပြေနိုင်မလား
သေသေချာချာစဉ်းစားအုန်းနော်...
Babeစားနေကျ မုန့်တွေ ထမင်းတွေဟင်းတွေ
လုံးဝ လုံးဝကိုမတူဘူး
ရောက်ပီးမှ ငိုနေရင် Daddyဆူမှာနော်..."
"Min...."
ကိုကိုသည်..အလိုမလိုက်ရန်နေ့တိုင်း
ဟန့်တားတတ်သော်လည်း
သူသည်ဘယ်တုန်းကမှလက်မခံခဲ့...။
သမီးစကားတခွန်းကိုသာအတည်ယူကာ
မဖြစ်ဖြစ်အောင်အမြဲဖန်တီးပေးလေ့ရှိသည်။
"မငိုဘူး ...Daddy...Promise...."
"ကတိတည်ရင်ပီးတာပဲ...
Daddy Papaကို စည်းရုံးရေး
ဆင်းလိုက်အုန်းမှာမလို့ Babeက
လက်ရေးလေးတွေလှအောင်
လေ့ကျင့်နေလိုက်အုန်းနော်....."
JiJiသည်ခေါင်းလေးညိတ်Jimin
နားနားကပ်ရင်းတိုးတိုးလေးကပ်ပြောသည်။
"ပြောလို့မရရင်အာဘွားအကြီးကြီး
ပေးလိုက် ပါးပါးက အာဘွားပေး
ရင်ရတယ် ....."
"ဟုတ်လား....အင်းအင်း..
Daddyလုပ်လိုက်ပါ့မယ်...."
JiJiသည်ဖေဖေနှစ်ယောက်၏
ပါးနှစ်ဖက်အားတဖက်တချက်ဆီ
နမ်းကာအခန်းထဲမှပြန်ထွက်သွားခဲ့သည်။
"Min....Ji ကိုထပ်အလိုလိုက်ပြန်ပီလား
ကိုကို ပြောရင်ရနော်....
မင်းရော သမီးရော အတွက်ပြောနေတာ..."
"သမီးသေချာရွေးထားပုံရတယ်
ကိုကို..Minလည်းဗုဒ္ဓဘာသာကို
စိတ်ဝင်စားနေတာ....ဒီလိုပဲသွား
နေကြတာပဲ သဲကန္တာရတောင်သွားနေကြတဲ့ဟာ"
"JeonJiminက မဆိုးတော့ဘူးမှတ်နေတာ
ကလေးနဲ့အပြိုင်ပဲ...."
"ဘာဖြစ်လဲ...ကိုကို့ကိုမဆိုးတော့ပါဘူး
လို့ဘယ်တုန်းကမှအာမခံမထားဘူး
Minသမီးအတွက်ပဲ ရင့်ကျက်ပေးနိုင်မယ်
ကိုကို့ ကိုတော့ Sorryပဲ...."
"အော်...အေးအေး ကောင်းတာပေါ့...."
"ကိုကိုရယ်...Minကအလိုလိုက်တယ်ဆို
တာလည်း JiJiက ကိုကိုလက်ဆောင်ပေးခဲ့တဲ့
အဖိုးတန်လေးမလို့ပါ...."
JeonJimin သည်လက်သေးသေးလေး
တွေနှင့်မနိုင်မနင်းကျတော့်ကိုယ်လုံးကြီး
အားဖက်ထားကာချော့ပြောလာတော့
သိပ်မကြိုက်ပါ...
Bagan မကဘူး မြန်မာတစ်နိုင်ငံလုံးပင်
လိုက်ပို့ပေးချင်စိတ်ကချက်ချင်း.......။
စိတ်ပူရုံပါပဲ ခေါတ်ဟောင်းဘိုးတော်ကြီးပဲ
ဆိုဆို ရာသီဥတုဒဏ် အစားအသောက်တွေ
အစရှိသမျှ အဆင်မပြေမှာစိုးသည့်စိတ်တခု
သာရှိခဲ့တာပါ။
"ကိုကို့ ကို လည်း JiJiလိုအလိုလိုက်ပါ......"
"ကိုကို က ကလေးလား....."
"အင်း......"
ငါးနှစ်ကြာလည်းရင်ခွင်ထဲခေါင်းတိုး
ချွဲနေတုန်း...ဦးလေးကြီးJeonJungkookသည်
JiJiနှင့်အပြိုင်သူ့ရင်ခွင်လေးထဲ
တိုးဝင်တတ်တုန်း....။
အာဘွားကြီးကြီးပေးစရာမလိုပါဘူး
JiJiရယ်......သမီးပါးပါးက
Daddyဖက်ထားပေးရုံနဲ့လောကကြီးတခုလုံး
ကိုဝယ်ပေးနိုင်တဲ့ နှလုံးသားနဲ့ လူပါ...........
ချစ်ပုံချစ်နည်းတွေများတော့.....
လိုက်၍မှီရန်ဘယ်ကစရမှန်းမသိတော့ပါ.....။
...........................
"Hyung ဟိုကောင်တွေ အချိုးမပြေလို့
ထယ် တစ်ဆိုင်လုံးကို ထယ့်လူတွေနဲ့
သိမ်းလာတယ် အကြွေးမဆပ်နိုင်ဘူး
ပြောတဲ့ကောင်လည်းသွားတစ်ချောင်းမှ
မရှိတော့ဘူး......"
"ဟမ်......"
ဒါသည်ပုံမှန်ဖြစ်ရပ်တွေလို....အရင်ကဆိုးပေ
မယ့်Background သေးငယ်သောထယ်သည်
ရမ်းကားရုံအဆင့်သာရှိသော်လည်း
သူနဲ့လက်ထပ်ပီးသော်အခါ MinYoongiဆိုသော
တံတိုင်းကြီးဖြင့် စိတ်ပါလက်ပါ အားရပါးရ
ဖိုက်တာကြီးဖြစ်လာခဲ့သည်။
JungKookသည် Jiminက JiJi ကိုမွေးပီးမှ
သိပ်ပြောင်းလဲသွားကာရင့်ကျက်သွားတဲ့
အကြောင်းကြွားလုံးထုတ်တိုင်း
ကလေးတယောက်မွေးစားရင်ကောင်းမလား
စဉ်းစားမိသည်.....
မဖြစ်ပါ...Jimin လိုမရင့်ကျက်ဘဲ
ကလေးပါ လူဆိုးခေါင်းဆောင်ဖြစ်သွား
နိုင်တာကြောင့်အတွေးစကိုမြန်မြန်ဖြတ်ရသည်။
အပြစ်ပြောခဲ့သလားမေးရင်တော့
ထယ်ဘာလုပ်လုပ်...
အမှန်တွေကိုလည်း သူချစ်သည်...
အမှားတွေကိုလည်း သူချစ်သည်....
မျက်နှာကလေးမဲ့ကျသွားမည့်
စကားလုံး အပြုအမူမျိူး တခါမှပင်
သူမလုပ်ခဲ့ဖူး.......။
"ထယ် ထိခိုက်သွားသေးလား....."
"ထယ်ဘာမှတောင်လုပ်စရာမလိုပါဘူး
Hyungရာ....အေးဆေး အေးဆေး...."
Confidence Level So Highသူလေး
အား သဘောကျလွန်း၍
ဆံပင်လေးတွေအားထိုးဖွလိုက်သော်အခါ
ငြိမ်ငြိမ်လေးနေနေသည်....။
နောက်ဆုံးတော့ အကြွေးလိုက်တောင်းနေစရာ
မလို ယူထားသောယောကျ်ားလေးက
အကြွေးတောင်းကြမ်းလွန်း၍
လုပ်ငန်းတွေအသစ်ထပ်ချဲ့လို့တောင်
ရနိုင်သည်။
"သောက်ကြမလား...."
"တကယ်ပြောတာလား Hyung..."
"တကယ်.ပေါ့...နှစ်ယောက်ထဲ
အမူးသောက်ကြမယ်...."
"အမူးသောက်ပီးရင်တော့....."
မယုံကြည်သလိုမျက်လုံးတွေနဲ့ထယ်သည်
ကြောက်ပါပြလိုက်သေးသည်
သူ့ကိုဘယ်တုန်းကများလက်လွတ်စပယ်
ထိခဲ့ဖူးလို့လဲ...။
"မူးနေတဲ့သူကိုငါဘာမှမလုပ်ချင်ဘူး
ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့"
"Hyung ကိုယုံတယ်....
ထယ့် ကိုယ် ထယ်မယုံတာ..."
ပြောလို့၍မှမဆုံးသေးစက္ကန့်တိုင်း
စိတ်ခံစားချက်ပြောင်းလဲနိုင်လွန်းသော
ထယ်သည်သူ့အပေါ်ခုန်တက်လိုက်တာ
ကြောင့်ပြုတ်မကျအောင်ထိန်းရင်း
အိမ်ရဲ့ဝရံတာသို့လျှောက်သွားလိုက်သည်..။
ကောင်းကင်ပြာလေးသည်...
မက်မက်မောမောနမ်းနေသည်.....
ရူးရူးမူးမူးထိတွေ့ရင်း
ထင်တာမမှားဘူးဆို ထယ် သူမတိုက်ခင်ထဲက
မူးလာပုံ...။
တကိုယ်လုံးတွင်ထင်ထင်ရှားရှား
မက်မွန်သီးလေးတွေက အသက်ဆိုသည့်အတိုင်း
ပင့်ချီထားရတာ..တော်တော်ပင်မလွယ်သည့်
အလုပ်....။
"အရက်မသောက်တော့ဘူးလား..."
"မသောက်ချင်တော့ဘူး
Hyung နမ်းရုံနဲ့ ထယ်က မူးတယ်...."
"စကားတွေကတတ်လွန်းတယ်
KimTaeHyung...."
"MinYoongi ကို ချစ်တယ်....."
အများကြီးချစ်တယ်...
အကြီးကြီး ချစ်တယ်......"
"အေးပါ....."
"အေးပါလောက်ပဲပြောလည်း
ချစ်တယ်...ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်လိုပဲနေနေ အရမ်းချစ်တယ်...."
MinYoongiသည်သဘောကျစွာပြုံး
လျက်ဝရံတာမှအော်ချင်ရာအော်နေသော
ထယ်ယောင်းအား မြတ်မြတ်နိုးနိုး
ငေးနေခဲ့သည်...။
"Hyung ချီထားရတာညောင်းရင်
အိပ်ယာပေါ် ခဏ ချပေးလည်းရတယ်နော်...
အားနာလို့ပါ...."
"ငါ့ကိုဥာဏ်တွေဆင်နေလိုက်
KimTaeHyung...."
ရီသံလေးသည် ခပ်ဩဩလေး
ထွက်လာကာ ပွတ်သီးပွတ်သတ်
နေရခြင်းအားသိပ်သဘောကျတတ်သော
ထယ်သည် တကိုယ်လုံး တရှုံ့ရှုံ့နမ်း၍
မပီးနိုင်သေး...။အတူတူနေလာသည့်တလျှောက်လုံး
စိတ်ဆိုးစိတ်ကောက်သိပ်မရှိလှသော်လည်း
မျက်စိနောက်အောင် လက်လက်ထခြင်း
ကိုတော့ သည်းခံခဲ့ရသည်....
ခုနောက်ပိုင်း Jungkook သမီးနှင့်ပေါင်းပြီး
နှစ်ယောက်ပေါင်းRemixလုပ်ကာ
ဆိုင်မှာတမျိုး အိမ်မှာတဖုံ ရွစိထိုးနေလျှင်
လည်းကြည့်နေခဲ့ရသည်။
ငြိမ်ငြိမ်မနေဘဲ အမြဲတမ်း လှုပ်ရွနေကာ
သူ့အားချစ်လို့ပါ ကြိုက်လို့ပါ လို့ခေါင်းစဉ်
တပ်ရင်း ဘေးနားတွင် အမြဲအသဲယား
အောင် စနောက်နေတတ်သည်။
အချိန်တွေ ဘယ်လိုပဲပြောင်းလဲလာပါစေ
ကျတော်သိပ်ချစ်ရသော ထယ် ကတော့
ဘာတခုမှမပြောင်းလဲသွားခဲ့ပါ....
ပြောင်းလဲပေးစရာလည်းမလိုပါ....
KimTaeHyungဆိုသောဖြစ်တည်မှုလေး
ကိုသာသိပ်ချစ်ခဲ့တာကြောင့်....
မျက်စိနောက်လှသော်လည်း
လှုပ်ရှားမှုလေးတခုကိုမျှမလွတ်ရလေ
အောင်လိုက်ကြည့်ခဲ့ရသည်
နားညီးလာအောင်စကားတွေ
ပေါက်ပေါက်ဖောက်တတ်ပေမယ့်
ငြိမ်ကျသွားလျှင်သူ့မှာ
မနေတတ်ခဲ့.....
ယောကျ်ားလှလှလေးရထားတာကြောင့်
တစ်ချိန်လုံးဥစ္စာခြောက်စွာ
ရင်တမမဖြစ်ခဲ့ရပေမယ့်...
ထယ်ဟာ မယုံကြည်နိုင်စွာ
သူ့အပေါ်...ချစ်ပေးခဲ့သည်
ဘယ်မိန်းမယောကျ်ားကိုမှ
စေ့စေ့ပင်မကြည့်ခဲ့ဖူးပါ........။
ဒီလိုညမျိုးတွေသည်...
ထယ်က...ချစ်စရာကောင်းစွာ
ရေလောင်းမြောင်းပေးတတ်ပြီး
သူကဆိုးပြရတော့မည့် ညမျိုး.....
ဘာDramaမှမရှိ
ဘာအလွမ်းအဆွေးမှမရှိ
ဘာအပူအပင်မှမရှိပါ.....
အချစ်များသာရှိခဲ့ပါသည်......။
.................။
"Joonie.....ဒါလေးပီးရင်
သွားပို့ပေးအုန်း...လိပ်စာရေးထား
ပေးတယ်....."
"ဟုတ်ကဲ့ Hyung...."
"အရမ်းကြမ်းကြမ်းတမ်းတမ်း
မကိုင်နဲ့နော်....ပို့မဲ့နေရာမရောက်ခင်
အကုန်ပန်းတွေကြွေကုန်မယ်...."
"စိတ်ချပါ....."
KimNamjoonညင်ညင်သာသာ
ထိတွေ့တာသည် ဘုရားစူး
KimSeokJinတယောက်သာ
ရှိတာကြောင့် သတိအထပ်ထပ်ပေးရသည်။
"အဲ့လိုပြောရင် ပိုမချဘူး...."
Hyungသည်ပန်းဆိုင်လေးအပြင်
သူ့အတွက်စာအုပ်ဆိုင်လှလှလေး
ထပ်တိုးဖွင့်ပေးသည်။
မေတ္တာကို စာအုပ်ကလေးတွေနဲ့
Hyungကပြသည်...
Hyungက စာရေး စာဖတ်ရတာ
ဝါသနာပါသူမဟုတ်ခဲ့ပေမယ့်..
စာအုပ်ဆိုင်လေးလက်ဆောင်ပေးခဲ့ခြင်းသည်
သူ့အပေါ်လေးစားခြင်း
အလေးအနက်ထားခြင်း အဓိပ္ပာယ်အား
ဆောင်နိုင်ခဲ့သည်...
Hyung နဲ့အတူတူ ပန်းဆိုင်လေးမှာ
လာနေခဲ့သည်....
Hyung လက်ကလေးတွေကို
နေ့တိုင်းကိုင်ခွင့်ရသည်...
အေးချမ်းလှသောညမျိုးတွင်
Hyung အားဖွဖွလေးဖက်ထားခွင့်ရသည်
Hyungခိုင်းတာတွေကို လွဲလွဲလေးတွေ
လုပ်ရင်း.. KimNamjoon ဟူသော
ခပ်ဆောင့်ဆောင့်အော်သံလေးကို
ကြည်ကြည်နူးနူးနားထောင်ခွင့်ရသည်....
JiJiအိမ်လည်လာလျှင်
Hyung ကမုန့်တွေလုပ်ကျွေးကာ
သူကစာတွေဖတ်ပြမည်...
သဘာဝတရားကိုချစ်မြတ်နိုးရမည့်
အကြောင်းစိတ်ရှည်လက်ရှည်ရှင်းပြရင်း
Hyung က ဘဝကိုပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းသင့်ကြောင်းပြောပြမည်...
စီးပွါးရေးသမား ဖေဖေနှင့်
ဂျစ်ကန်ကန် ဖေဖေတို့
၏ရင်ခွင်အောက်ကြီးပြင်းခဲ့ရ
သော JiJiသည်...
တခုခုများသိချင်လာတဲ့အခါ
ဖေဖေတွေထက် သူ့ဆီပြေးလာကာ
လူကြီးလေးလိုတိုင်ပင်လေ့ရှိသည်...။
Hyung သည်ထိုကဲ့သို့သော်အချ်န်လေးတွေအား
သိပ်သဘောကျတတ်ကာ
အစအဆုံးထိုင်နားထောင်ပေးလေ့ရှိတဲ့သူ...။
"ကလေးတစ်ယောက်လောက်ရှိချင်လား
ဟုစိတ်ရသည့်အခါ မေးတတ်ပြီး...
"JiJiကလည်းကျတော်တို့သမီးပါပဲဟုဖြေလျှင်
Hyung သိပ်သဘောကျတတ်ပါသည်။
"မြန်မြန်သွားပီးမြန်မြန်ပြန်ခဲ့...."
"Naë..."
ပါးပြင်လေးအား ဖိကပ်နမ်းလိုက်ပြီး
Hyungစည်းပေးသော ပန်းစည်းလေး
အားပိုက်ရင်း စက်ဘီးခြင်းထဲထည့်ကာ
ဖြောင့်ဖြောင့်ဖြူးဖြူးလမ်းကြားလေး
တွေအားဖြတ်ရင်း ပန်းသွားပို့ရသည့်
ဘဝကို အပျော်ဆုံးပင်....
ငွေကြေးချမ်းသာမှုတွေ
နောက်ဆုံးပေါ်ပစ္စည်းတွေအကောင်းစားတွေ
ဘာဆိုဘာမှစိတ်မဝင်စားခဲ့ဘဲ...
ဘဝ၏Goals သည်
KimSeokJin ဖန်တီးပေးထားသော
ရိုးရှင်းသောဘဝ
အေးဆေးသောဘဝ
ပူပန်မှုမဲ့သော ပန်းဆိုင်သေးသေးလေးနှင့်
စာအုပ်ဆိုင်လှလှလေးတွင်သာ
ရိုးမြေကျ Hyung လက်ကိုတွဲရင်း
နေသွားရန်.....သာဖြစ်သည်....
စက်ဘီးနင်းထွက်သွားသောကောင်လေးအား
ဆိုင်ထဲမှလှမ်းကြည့်ရင်း...
ပြုံးနေသော ပန်းတွေလိုလူ၏
ရည်မှန်းချက်သည်လည်း....
ထပ်တူထပ်မျှ...ပင်ဖြစ်ပါလိမ့်မည်..
ချစ်စရာJoonie လေး.........။
"OMG....အရမ်းလှတဲ့နိုင်ငံပါလား....."
ပုဂံသွားကြမယ်...Nextpartတော့
ခဏတော့စောင့်နေကြပါနော်
အင်တာနက်ပျက်သွားတဲ့အချ်န်
ဘာလုပ်ရမှန်းမသိတာနဲ့ရေးထားတာ
မတင်သင့်ပေမယ့် ရေးပီးသားဆိုတော့လည်း
စိတ်တွေပင်ပန်းနေရင်ခဏတော့အဆင်ပြေသွား
အောင်ပါ..
တဖက်မှာလည်း ဆဲလိုက်ဆိုလိုက်
ဖြဲလိုက်နဲ့မလို့
ဒီဘက်မှာအရမ်းလိုအပ်မှာသိတဲ့အတွက်
တောင်းပန်ပါတယ်....❤️
အားလုံးပဲဘေးကင်းကြပါစေ....🤍
ဖြစ်သွားခဲ့သည်.....။
"ဘာ..ဘာ...!"
မိဘက ဆုံးမနေတာ..."
"Babeဘာဖြစ်လာလို့လဲ...."
မလုပ်ရဘူးတဲ့....."
"Respect လေ Mr.Jeonရာ
Minလို ဆိုးပြတတ်သည်။
ထပ်တူထပ်မျှ...။
ဘာဖြစ်နေလို့လဲ...."
တော့မဟုတ်ပါဘူး...."
မကရဘူး..."
"အဲ့တာ Daddyက PaPaကို
ကြောက်လို့လေ...Jiက
ကမှာပဲ...Uncle Taeက လည်း
"တွေ့လား Min...မင်း သမီးက
ငါဒါလေးကျမှ...."
JiJiကျောင်းစတက်ထဲက....
ခဏခဏရယ်....။
"MyLoveJeon...ရယ်
Ji သည် JeonJungkook၏
"ရေသွားချိုးတော့...သွား....!"
သည်။
..............
ရှိနေတယ်လေ....ခုအရွယ်က
တွေ့ရင်လည်း လုဖတ်မယ်
ဝင်စားသွားတာပဲ....
ကလေးသဘာဝလေ ကိုကိုရယ်...."
ပေးရမှာပဲ
လုပ်ပေးရမှာပဲ
"ကိုကိုက ယောက်ျားလေးတွေနဲ့လည်း
အသက်၂၀ဖြစ်လာတဲ့အခါ
ဘယ်လိုရင်ဆိုင်မလဲ.....
လုပ်သင့်မလုပ်သင့်
သက်ပြင်းချသည်....။
သူ့တုန်းကလည်းပူ
ကိုကိုသည် ယောက်ျားတစ်ယောက်
"မကျပါဘူး...Minယောက်ျားကအမြဲ
သူကတော့.....
"ဝင်လာမယ်နော်..."
ဝင်လေ့မရှိ...။
"လာလေ....Babe...."
"တခုပဲစားမှာပါ...."
"ပြောပါအုန်း...."
"ဒီနေရာ......"
Bagan.....။
"သူတို့ဆီကဆောင်းက
ပီလဲမသိဘူး...."
နေရာတွေအများကြီးကို
အပျော်ခရီးပဲဟာ...
စိတ်ဝင်စားမှလား..."
အရမ်းပူတယ်...
"ပါးပါးကလည်း...
JiJiက ကလေးအစစ်ပါ...."
"ဥရောပဘက်သွားမလား
ကြည့်ချင်ပါတယ်ဆို..."
တားလိုက်ကာ....
လုံးဝ လုံးဝကိုမတူဘူး
"Min...."
ဟန့်တားတတ်သော်လည်း
"မငိုဘူး ...Daddy...Promise...."
"ကတိတည်ရင်ပီးတာပဲ...
လက်ရေးလေးတွေလှအောင်
ရင်ရတယ် ....."
"ဟုတ်လား....အင်းအင်း..
ကိုကို ပြောရင်ရနော်....
ကလေးနဲ့အပြိုင်ပဲ...."
အဖိုးတန်လေးမလို့ပါ...."
သိပ်မကြိုက်ပါ...
သာရှိခဲ့တာပါ။
"ကိုကို က ကလေးလား....."
"အင်း......"
တိုးဝင်တတ်တုန်း....။
JiJiရယ်......သမီးပါးပါးက
...........................
မရှိတော့ဘူး......"
"ဟမ်......"
စဉ်းစားမိသည်.....
ထယ်ဘာလုပ်လုပ်...
စကားလုံး အပြုအမူမျိုး တခါမှပင်
သူမလုပ်ခဲ့ဖူး.......။
Hyungရာ....အေးဆေး အေးဆေး...."
အား သဘောကျလွန်း၍
မလို ယူထားသောယောက်ျားလေးက
ရနိုင်သည်။
"သောက်ကြမလား...."
"တကယ်ပြောတာလား Hyung..."
"တကယ်.ပေါ့...နှစ်ယောက်ထဲ
အမူးသောက်ကြမယ်...."
"အမူးသောက်ပီးရင်တော့....."
ထိခဲ့ဖူးလို့လဲ...။
"Hyung ကိုယုံတယ်....
ထယ့် ကိုယ် ထယ်မယုံတာ..."
ကောင်းကင်ပြာလေးသည်...
မူးလာပုံ...။
အလုပ်....။
"မသောက်ချင်တော့ဘူး
"စကားတွေကတတ်လွန်းတယ်
KimTaeHyung...."
"MinYoongi ကို ချစ်တယ်....."
အများကြီးချစ်တယ်...
အကြီးကြီး ချစ်တယ်......"
"အေးပါ....."
ငေးနေခဲ့သည်...။
အားနာလို့ပါ...."
KimTaeHyung...."
ရီသံလေးသည် ခပ်ဩဩလေး
လည်းကြည့်နေခဲ့ရသည်။
အောင် စနောက်နေတတ်သည်။
မနေတတ်ခဲ့.....
ယောက်ျားလှလှလေးရထားတာကြောင့်
ဘယ်မိန်းမယောက်ျားကိုမှ
ဒီလိုညမျိုးတွေသည်...
ဘာDramaမှမရှိ
ဘာအလွမ်းအဆွေးမှမရှိ
ဘာအပူအပင်မှမရှိပါ.....
.................။
"Joonie.....ဒါလေးပီးရင်
ပေးတယ်....."
"ဟုတ်ကဲ့ Hyung...."
"စိတ်ချပါ....."
ထိတွေ့တာသည် ဘုရားစူး
KimSeokJinတယောက်သာ
ထပ်တိုးဖွင့်ပေးသည်။
Hyungကပြသည်...
Hyungက စာရေး စာဖတ်ရတာ
သူ့အပေါ်လေးစားခြင်း
ဆောင်နိုင်ခဲ့သည်...
လာနေခဲ့သည်....
Hyung လက်ကလေးတွေကို
JiJiအိမ်လည်လာလျှင်
သူကစာတွေဖတ်ပြမည်...
ဂျစ်ကန်ကန် ဖေဖေတို့
သော JiJiသည်...
Hyung သည်ထိုကဲ့သို့သော်အခ်ျန်လေးတွေအား
သိပ်သဘောကျတတ်ကာ
"Naë..."
ဘဝကို အပျော်ဆုံးပင်....
ဘဝ၏Goals သည်
ရိုးရှင်းသောဘဝ
အေးဆေးသောဘဝ
နေသွားရန်.....သာဖြစ်သည်....
ရည်မှန်းချက်သည်လည်း....
ချစ်စရာJoonie လေး.........။
အင်တာနက်ပျက်သွားတဲ့အခ်ျန်
အောင်ပါ..
ဖြဲလိုက်နဲ့မလို့
တောင်းပန်ပါတယ်....❤️
Bạn đang đọc truyện trên: AzTruyen.Top