3🤟
"လာလေ...အခန်းထဲလာချင်လို့မလား..."
ခွင့်ပြုချက်မရှိဘဲသူအလုပ်လုပ်နေသော
အချိန်တွင်အခန်းထဲမဝင်လာတတ်သော
ကလေးသည်နို့ခွက်ကလေးကိုင်ပြီး
အခန်းဝတွင်ရပ်နေသည်။
ဒီနေ့ကသူမွေးနေ့...။Graceနှင့်ညစာစားပြီး
ပြန်လာကာအဖေခိုင်းသောအလုပ်ကိစ္စ
တချို့အားလုပ်နေလိုက်သည်။
"Happy Birthday ကိုကို....."
နွားနို့ခွက်လေးအားစားပွဲပေါ်ဖြေးဖြေးလေး
ချကာမရဲတရဲလေးဆိုသည်။
"ကိုကို့အတွက်လား"
"အင်း...မွေးနေ့လက်ဆောင်....လေ"
"မွေးနေ့လက်ဆောင်ကရိုးလိုက်တာကွာ...."
ခုံပေါ်တွင်ထိုင်နေသောသူ့ပါးပြင်အား
ဖိကပ်နမ်းလိုက်သောကလေး....။
သူသည်ကျောက်ရုပ်လို...။
သွေးလည်ပတ်မှုတွေရပ်တန့်သွားခဲ့သည်။
"မရိုးဘူး Minအောက်ကမီးဖိုချောင်ထဲကနေ
ကိုကို့အခန်းအထဲအထိတစက်မှမဖိတ်ကျအောင်
သယ်လာရတာ..လက်တွေလည်းပူတယ်..."
"အော်..အင်း...ကိုကိုရေချ်ုးလိုက်အုန်းမယ်
ကလေး အခန်းပြန်ချင်ပြန်လိုက်တော့လေ..."
"မပြန်ချင်ဘူး..."
မတ်တပ်ထရပ်​သောသူ့အားမှီတွယ်ဖက်ထား
သောခန္ဓာကိုယ်လေးသည်ထိုအချိန်အခါတုန်း
ကသိပ်ရိုးရှင်းခဲ့ပါသည်....။
"အဲ့တာဆိုလည်းငြိမ်ငြိမ်ထိုင်စောင့်နေ
ကိုကိုရေချိုးပီးရင်ခြံပြင်ကိုလမ်းထွက်လျှောက်
ရအောင်...."
"ဟုတ်...."
ရှောင်တိမ်းချင်ခဲ့တာပါ...ကလေးသည်
သူအကြောက်ဆုံးအနှောင်အတွယ်ပင်မို့။
ကိုကိုရေချိုးခန်းထဲဝင်သွားပြီးသည့်နောက်
ငြိမ်ငြိမ်လေးထိုင်ကာစောင့်နေလိုက်သည်။
ဖွင့်လက်စကွန်ပျူတာထဲကVideoတချ်ို့အား
လိုက်ကြည့်ရင်းအရာရာသည်အေးအေးချမ်းချမ်း။
ကိုကို့ဖုန်းNotifications အသံတခု....။
အဲ့ညကကိုကို့ဖုန်းအားဖွင့်မကြည့်ခဲ့ပါက
အဖြစ်အပျက်တွေသည်အများကြီး
ပြောင်းလဲသွားနိုင်မည်မဟုတ်ပါ။
သူအရင်ကလည်းကြည့်နေကျမို့
ဖွင့်ကြည့်လိုက်ချိန်တွင် အမျိုးသမီးတယောက်
ကျောပြင်....ထ်ုကျောပြင်၏ဘယ်ဘက်ခြမ်း
တွင် Jeonjungkook ဟူသောစာလုံးအား
သိသိသာသာပင်တက်တူးထိုးထားသည်။
"Happy Birthday Jeon....
Grace ပေးတဲ့မွေးနေ့လက်ဆောင်ကို
ကြိုက်လိမ့်မယ်လို့ထင်ပါတယ်....
Jeonသွားမယ့်နေရာတိုင်းကိုလက်တွဲမဖြုတ်
ဘဲအပါခေါ်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်
အရမ်းချစ်တယ် Jeon...
နွားနို့တခွက်နဲ့ကလေးဆန်နေချိန်တွင်
ထိုအမျိုးသမီးအသားထဲအထိကိုကို့နာမည်
အားထိုးဖောက်ကာအချစ်အားသက်သေ
ပြပြီးပြီ..။အရမ်းချစ်တယ်ဆိုတော့ချစ်သူတွေလား
ဒါဆိုငါကဘာလဲ...ငါ့ကိုဆက်ဆံခဲ့တဲ့
ပုံစံတွေကဘာလဲ....။
သွားမဲ့နေရာတိုင်းကိုခေါ်တယ်ဆိုတော့
အလောတကြီးထွက်ပြေးချင်နေတာ
ဒီမိန်းမနဲ့အတူတူလွတ်လွတ်လပ်လပ်နေရဖို့လား
တသက်လုံးချစ်လာပေးခဲ့တဲ့ငါက
ဘာမှအသုံးမဝင်တော့ဘူးလား
ယောကျ်ားလေးမလို့လား...
ရီစရာကောင်းလိုက်တာ ကိုကိုရယ်။
နောက်ထပ်ရောက်လာခဲ့သော
ဆွဲဆောင်မှုအပြည့်နှင့်ဓာတ်ပုံတွေစာတွေ
ငါဘယ်လိုပဲဆွဲထားဆွဲထား
ငါဘယ်လောက်ကြိုးစားကြိုးစား
မရတော့တာ ဒီလိုအလှအပတွေကြောင့်လား
အသက်ငယ်ငယ်လေးမလို့လား
ရင်သားကြီးကြီးတွေမရှိလို့လား
တက်တူးထိုးပစ်လိုက်ရအောင်
အချစ်တွေကခိုင်မြဲနေပြီလား....
သိပ်ချစ်ခဲ့ရတဲ့ငါ့အတွက်ကျ
ကိုကို ဘာလို့မတွေးပေးရတာလဲ....
ဒေါသသည်တစ်ချိန်လုံးချိုးနှိမ်ခဲ့ရသမျှ
ပေါက်ကွဲထွက်လာသည်...
ကိုကို အတိအလင်းချစ်သူထားနေခြင်း
ကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာ
တမျိုး....
နိုင်ငံခြားကိုဒီမိန်းမနဲ့အတူတူသူ့ကိုပစ်ချထား
ခဲ့ပြီးထွက်သွားမယ်ဆိုတဲ့နာကျင်မှုကတမျိုး
ထိုမိန်းမရဲ့အဝတ်မဲ့ကျောပြင်က
ကိုကို့နာမည်ကတော့ ရင်ကွဲနာကျခြင်း၏
အစပင်....။
"ဘာလုပ်နေတာလဲ....ငါ့ဖုန်းကို"
ရေချိုးခန်းထဲမှထွက်လာလာချင်း
သူ့ဆီပြေးလာသောကိုကိုသည်
လက်ထဲမှဖုန်းအားဆက်ခနဲယူကာ
စက်ပိတ်ပစ်သည်။
ကိုကို့မျက်လုံးထဲမှာမလုံခြုံခြင်းတွေ
အများကြီးတွေ့လိုက်ရတော့သူရီချင်လာသည်။
"ဘာဖြစ်လို့လဲကြည့်လို့ကောင်းပါတယ်..
တက်တူးတွေက..အထပ်ထပ်အခါခါကြည့်
ချင်စရာလေး..."
"မရွဲ့နဲ့ ParkJimin...ထွက်သွားငါ့အခန်းထဲက"
အကျီတောင်မဝတ်နိုင်အသဲအသန်ပြာယာ
နေသောကိုကိုအားသူပထမဆုံး
ချစ်တဲ့မျက်စိဖြင့်ကြည့်မပေးနိုင်တော့ခြင်း...။
"သစ္စာဖောက်....!"
"ဘာ...!"
"ကိုကိုက သစ္စာဖောက်...."
"သစ္စာဖောက်လို့ပြောရအောင်မင်းဆီမှာ
ငါဘယ်တုန်းကသစ္စာခံဖူးလို့လဲ....
ပြောစမ်း ကြီးကြီးကျယ်ကျယ်ငါ့ကိုများ.."
"နှလုံးသားမရှိတဲ့သူ..."
"အေးမရှိဘူး..မင်းအတွက်ဆိုပိုတောင်မရှိ
ချင်သေးတယ် ငါ့ကိုဒီမျက်နှာနဲ့ကြည့်နေတာ
တောင်တော်တော်လွန်နေပီနော်..."
"ကျတော်ဆံပင်ကနေခြေဖျားအထိကိုကို
နမ်းတယ် ကျတော့်ကိုချစ်တယ်လို့
နေ့တိုင်းပြောခဲ့တယ် ကျတော့်ကိုလူတိုင်း
နဲ့သဝန်တိုတယ် ကျတော့်ဘဝကို ကိုကို
ခြယ်လှယ်တယ်...ကိုကိုဖောက်ပြန်ချင်လာမှ
ညီအကိုတွေပါ ဘာတွေပါ လို့ကိုကိုခေါင်းစဉ်
တပ်တယ်...ဘယ်သူကမှားတာလဲ.."
"ParkJimin....!!!!!"
"လာမအော်နဲ့...!!!!!"
အသံကုန်အော်လိုက်သောJiminသည်
အသံတွေပါပြာသည်အထိ...။တုန်ရီနေသော
လက်တွေအရသူဘယ်အတိုင်းအတာအထိ
ပေါက်ကွဲချင်နေသလဲဆိုတာမခန့်မှန်းနိုင်...
"ဘာဖြစ်လဲဖောက်ပြန်တော့...
ငါဘယ်သူ့ကိုဂရုစိုက်ရမှာလဲ
မင်းလိုကောင်ကိုငါကငဲ့ကွက်နေရမှာလား
ဟမ်....ငါ့ကိုကြည့်စမ်း ငါ့မျက်နှာကိုသေချာကြည့်
မင်းမှာရှိတာတွေအကုန် ငါ့မှာရှိတယ်
မင်းလည်းယောကျ်ား ငါလည်းယောကျ်ား
မင်းဦးနှောက်ပျက်သွားတာလား..."
"ကျတော့်အတွက်ကိုကိုက ယောကျ်ားလည်း
မဟုတ်ဘူး မိန်းမလည်းမဟုတ်ဘူး
ကိုကို မလို့....အဲ့ဒီဖြစ်တည်မှုကိုပဲလိုအပ်တာ.."
"ရူးနေသလား..မင်းဒီစကားတွေကို
တခြားသူတွေကြားအောင်အသံကောင်း
ဟစ်မနေနဲ့...ကြားလို့ကောင်းတဲ့အရာ
တွေမဟုတ်ဘူး..."
"လူယုတ်မာ....."
"ဘာ..."
"လူယုတ်မာလို့....မဟုတ်လို့လား..
မယုတ်မာလို့လား JeonJungkook...."
"JeonJungkook...ငါ့နာမည်ကိုအစအဆုံး
ခေါ်လိုက်တာလား...."
"ဟုတ်တယ်...ခင်ဗျားနာမည်ကိုအစအဆုံး
ခေါ်လိုက်တာ လူယုတ်မာကြီးရဲ့.."
ခင်ဗျားတဲ့...။ဒီကောင်လေးဘယ်သူ့အား
ကိုးတွေနဲ့များမိုက်ရဲနေတာလဲ....။
ဒေါသသည်ဓာတ်ဆီလောင်းမီးရှို့လိုက်
သလိုမျိုးတဟုန်းဟုန်းတောက်လာသည်။
"အသားယူခဲ့တာမလား
နည်းနည်းလေးတောင်မချစ်ဘဲနဲ့လေ
ကျတော်ခံစားချက်တွေကိုကြိုက်သလို
ကစားပီး မလိုအပ်တော့မှပစ်ချတာ
အဲ့မိန်းမရဲ့
အဝတ်အစားမပါတဲ့ အဲ့ခန္ဓာကိုယ်ကို
ခင်ဗျား အဲ့လောက်တောင်ပဲမက်ရသလား..."
JungKookသည်လက်သီးတင်းတင်း
ဆုပ်ခဲ့သည်။အံကြိတ်ထားခြင်းကြောင့်
ပါးရိုးတလျှောက်တင်းမာနေလျက်။
ရဲရဲတောက်မျက်လုံးတွေနဲ့Jiminရော
သူ့စကားလုံးတွေကပါနှလုံးသားထဲကို
အရှိုက်ထိစွာပင်နာကျင်ရပါသည်။
"အေး မက်တယ်...ဒါပေမယ့်ငါထင်တာ
မင်းဘာမှမဝတ်ထားရင်ပိုမက်မိမယ်ထင်တယ်
စမ်းကြည့်မလား...."
တုန်လှုပ်သွားသောမျက်လုံးတွေအား
လျစ်လျှူရှုကာJiminအားရေချ်ုးခန်းထဲ
သို့ချီသွားခဲ့သည်။အပြင်းအထန်ရုန်းကန်
နေသောခန္ဓာကိုယ်ငယ်သည်သူ့အား
လွှတ်လိုလွှတ်ငြားထုရိုက်နေခဲ့သည်။
ရေစိမ်ချ်ုးသောကန်ထဲသို့ပစ်ချကာ
ရေဖြည့်နေတော့ ထပြေးတာကြောင့်
အားသုံးချူပ်ကာမျက်နှာတည့်တည့်သို့
ရေစက်တွေဖြန်းချလိုက်သည်။
"မွှန်းတယ်.....ဖယ်..."
ရေပြည့်သွားသောအခါသူကန်ထဲသို့
ဝင်လိုက်ရင်း သွေးအေးစွာပင်
အကျီတွေအားဆွဲဖြဲလိုက်သည်..။
ကြောက်လန့်တကြားအော်ဟစ်နေသော
နူတ်ခမ်းတွေအား အတိုင်းအဆမရှိ
နုနုနယ်နယ်ကလေးငယ်ဆိုတဲ့
အသိတွေပျောက်ကာ ရမ်းရမ်းကားကားထိ
တွေ့မိခဲ့သည်။ဘာခံစားမှမရှိ..သူ့ကိုပြောရဲ
ရမလားဆိုတဲ့ ဒေါသတခုသာရှိတာကြောင့်
နူးညံ့မှုဆိုတာလည်းအဝေးတကအဝေးဆုံးတွင်
"နမ်းတယ်ဆိုတာ ဒါကိုပြောတာ
ဟိုထိဒီထိက ငါအသဲယားလို့လုပ်တာ
မင်းလိုအပ်သလိုတွေဆွဲမတွေးနဲ့.
ခုရှင်းသွားပီလား..."
သွေးဆို့သွားသောနူတ်ခမ်းလွှာများ
သည်ဆက်ဆက်တုန်နေလျက်...။
အကြည့်တွေကတော့မလျှော့သွားသေးပါ။
ပါးပေါ်သို့ရောက်လာခဲ့သောရိုက်ချက်တခု..။
"မုန်းတယ်...."
"အေး ...မုန်း...ငါကလည်းတစက်ကလေးမှ
စောက်ဂရုမစိုက်ဘူး..."
"လူယုတ်မာ"
"ခေါ်ပြန်ပီလား....အမှတ်တစက်မှမရှိတာလား"
ပါးနှစ်ဖက်အားလက်ချောင်းရှည်တွေနှင့်
ဖျစ်ထားတာကြောင့်နာကျင်ခြင်း
တွေနဲ့အတူအေးစက်နေသောရေတွေထဲ
September လအစတွင်တုန်ခိုက်နေခဲ့ရသည်။
ကြောက်လန့်ခြင်း ဝမ်းနည်းခြင်း ယူကျုံးမရခြင်း
လုပ်ရက်လေခြင်းဆိုတဲ့ နာကျင်ခံစားခြင်း
များဖြင့်ရနိုင်သမျှတော့ရေတွေထဲကရုန်းထွက်
ခဲ့သည်....။
သူ့လက်တွေအောက်ကသွေးရူးသွေး
တန်းရုန်းထွက်ရင်း အပြင်အရောက်
မှောက်ကျထားသောဆပ်ပြာရည်တွေနဲ့
အတူတကိုယ်လုံးသည်လေပေါ်ရောက်သွား
ပြီးနောက်ရေချိုးခန်းကြမ်းပြင်ပေါ်
သိူ့ပြန်ကျလာခဲ့တော့သည်။
"Min...!!!!"
မျက်နှာဖြင့်ကျတာကြောင့်ထိခိုက်သွား
မှုသည်မနည်းပါ..သွေးများသည်
ချက်ချင်းဆိုသလိုနီရဲသွားခဲ့ပြီး
ပြုတ်ကျသူကတော့သတိမရတော့....။
သူကိုယ်တိုင်ပင်ကြက်သေသေနေခဲ့သည်။
ဘာလုပ်ရမလဲဆိုတာကိုဦးနှောက်ကမဆုံး
ဖြတ်နိုင်တော့....။
"Jimin..!!!!!"
NamJoonHyungနှင့်အလုပ်သမားတချို့
ဝင်လာတာကိုသိလိုက်သည်။ပြာနှမ်းနေပီ
ဖြစ်သော သူ့ကို NamjoonHyung
စောင်တထည်လွှမ်းပေးရင်းချီသွားတာကို
သိလိုက်သည်..။
သူရေကန်ထဲမှာပဲ...။
ဘာတွေလုပ်မိတာလဲဟုအကြိမ်ကြိမ်ပြန်မေး
ကာတုန်လှုပ်လာသည်။
ခါးတွင်အကျီမရှိသောJiminအား
Nam Joon Hyungတွေ့တွေ့ချင်း
သူ့အားလှမ်းကြည့်သောမျက်လုံးတွေသည်
တကိုယ်လုံးပင်သေးကျုံ့သွားသလို.....။
မျက်နှာတခုလုံးသွေးမတိတ်စွာပါသွား
ခဲ့သောMinသည်သူ့အားခွင့်လွှတ်နိုင်မှာလား..။
"JeonJungkook....!!!!!"
ရေချိုးခန်းထဲဝင်လာသောအဖေသည်
သူ့မျက်နှာအားပြေးထိုးတော့သည်။
ရှောင်ချိန်လည်းမရ..။
"အရိုင်းအစိုင်းကောင်...အောက်တန်းစား..
ဆင်းသွား ငါ့အိမ်ပေါ်က..မင်းကိုတစက္ကန့်
တောင်မမြင်ချင်ဘူး..."
"မင်းလောက်ရက်စက်တဲ့ကောင်မျိုး
ငါတခါမှမမြင်ဖူးဘူး...."
ဖေဖေသည်လက်ညိုးငေါက်​ငေါက်ထိုး
ကာအသံကုန်အော်သွားသည်။
ဘာမှလည်းပြန်ပြောချိန်မရခဲ့...။
အေးစက်သောရေတွေထဲတွင်တညလုံး
ထိုင်နေခဲ့မိသည်။အပြင်သို့
ထွက်မလာရဲပါ...။
သတိပြန်ရခဲ့လျှင်Minသည်ခါးသီးစွာ
မုန်းနေတော့မည်ဆိုတာသူသိသည်။
သတိပြန်ဝင်လာချိန်တွင်သူအဝတ်အစား
တွေအိတ်ထဲစုထည့်ကာအိမ်တော်ကြီး
အားမြန်မြန်ဆန်ဆန်စွန့်ခွါခဲ့သည်...
ပြန်ရင်ဆိုင်ရမှာရှက်မိသောမျက်နှာတွေလည်း
ရှိနေတာကြောင့် တကယ်ကိုပဲအဲ့ဒီညက
ဆောက်တည်ရာမရခဲ့သောကောင်လေးတစ်ယောက်
လည်းရှိခဲ့ပါသည်...
တဖက်ထဲကိုတွေးရင်တော့...Jeonသည်
သိပ်အတ္တကြီးကာ သိပ်ဆိုးဝါးလွန်းသော
လူတစ်ယောက်ပေါ့...ဒါဟာအမှန်တရားပဲလေ
ဟု Complainတက်လာခဲ့လျှင်လည်းဟုတ်ပါ
သည်...Jeonဟာ သိပ်ဆိုးသည့်လူတစ်ယောက်ပါ
Jeonဟာမင်းသားဘဝကိုရခဲ့သော်လည်း..
ဒီကလေးငယ်အား...ချစ်မိခဲ့ခြင်းသည်...
အမှားတခုဟု ထင်မှတ်ခဲ့သည်..
သူငယ်ချင်းတွေရဲ့ ခံယူချက်...
ပတ်ဝန်းကျင်၏ အမြင်များအကြည့်များ
အပေါ် ထိုအသက်အရွယ်တုန်းက
သိပ်ဂရုစိုက်ခဲ့သောသူသည်
ဝမ်းနည်းစွာ....ဇာတ်လမ်းစထဲကဗီလိန်တစ်ယောက်
ဖြစ်ခဲ့ရသည်....။
ကြင်နာလို့ရသည့်အခွင့်အရေးတွေ
ရှိရက်နှင့် ဒီကလေးနာကျင်စွာ
ကြည့်လာမည့်ဒဏ်တွေအားကြိုတွေး
ကာကြောက်လန့်တကြားထွက်ပြေးခဲ့သည်။
ထိုညကအိမ်တော်ကြီးတွင်များစွာသော
လှုပ်ခတ်မှုများရှိခဲ့ပါသည်...။
........................။
"ကိုကိုရော...."
နှစ်ရက်မြောက်သောနေ့တွင်
သတိရရခြင်းသူ့လက်အားဆွဲကာ
တန်းမေးသောJiminသည်သတိရရ
သတိလစ်လစ် JungKookတယောက်
ပဲခေါင်းထဲရှိခဲ့သလို...။
"ဘယ်မှာလဲလို့..ကျတော်ရောဘယ်ရောက်
နေတာလဲ..."
"ညကထိခိုက်သွားလို့ဆေးရုံမှာ
Jeonက ကျောင်းတက်ဖို့ထွက်သွားပြီ"
"Nam Joon Hyung...!!!"
"Min...သူသွားပါမယ်လို့ပြောထားတာ
သူသွားမှာပဲ...သူ့ကိုHyungတို့တားလို့ရ
မှာမဟုတ်ဘူး...လွှတ်ပေးလိုက်ပါ
အချိန်တန်ကျရင် ပြန်လာပါလိမ့်မယ်.."
"သူဟိုမိန်းမနဲ့သွားမှာ Hyung...
Hyungဘာမှမသိဘဲနဲ့ တရားတွေလာမချနဲ့...
မရဘူး မသွားရဘူး...."
Jiminသည်ဆေးရုံထဲခန်းထဲမှပြေးထွက်ခဲ့သည်။
ဖိနပ်ပင်မပါ သူဘယ်ကိုဦးတည်နေသလဲဆို
တာလည်းမသိရ...။တွေ့သမျှတွန်းတိုက်ကာ
ဆေးရုံအပြင်ဘက်ရှိလမ်းမကြီးပေါ်သို့
ပြေးတက်သွားသည်။ဟွန်းသံတွေသည်
ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
Nam joonသည်အားလုံးအားတောင်းပန်ကာ
လမ်းလည်ကောင်တွင်ပြန်ဆွဲခေါ်ရသည်။
"ကျတော်တို့ရန်ဖြစ်တာ..ရန်ဖြစ်ကြရုံပဲ
ဘာမှကြီးကျယ်တဲ့ကိစ္စလည်းမဟုတ်ဘဲ
ထားသွားစရာလား...ကျတော့်ကို..."
လမ်းဘေးတနေရာတွင်ထိုင်ချကာငိုသော
Minသည်ရူးမတတ်... ။
"မသွားပါနဲ့လို့အကြိမ်ကြိမ်အခါခါပြောတယ်..
ချစ်လို့ပါလို့ပြောတာတောင်မရဘူး...
ကျတော်ကဘာဖြစ်နေလို့လဲ....."
"ဘာမှမဖြစ်ပါဘူးကွာ.."
"မိန်းမတစ်ယောက်နဲ့အတူတူနေချင်တာ
နဲ့ သူနဲ့ပဲအတူတူနေချင်တဲ့ကျတော့်ကို
ထားသွားတယ်....JeonJungkook...!!!!!"
အော်ဟစ်သောင်းကျန်းနေသောMin
သည်ဆေးရုံမျက်စောင်းထိုးကPlatform
ပေါ်တွင်နာရီနဲ့ချီအောင်ငိုကြွေးခဲ့သည်။
ဖိနပ်မပါသောကောင်လေး...
ဆေးရုံအဝတ်လေးနဲ့ကောင်လေး...
မျက်ခုံးနားလေးတွင်ပလာစတာတခုဖြင့်
ကောင်လေး....
တချ်ု့လမ်းသွားလမ်းလာများသည်
အထူးအဆန်းလုပ်ကာကြည့်သွားကြ
သည်..။ခေါ်လို့လည်းမရခဲ့ပါ...။
Nam joonသည် ဘေးနားတွင်ထိုင်ရင်း
ကြည့်ရုံမှအပကျန်တာလည်းမတတ်နိုင်....။
"အစ်ကို...အရမ်းငိုနေတာ ဒါလေးကျွေးကြည့်ပါ
လားအချိုတွေက စိတ်နည်းနည်းသက်သာစေတယ်"
ရုတ်တရက်ဆံပင်စုတ်ဖွားလေးနှင့်
ကောင်လေးတယောက်သည်Namjoon
လက်ထဲသို့ Lollipop လေးတခုလာပေးခဲ့သည်။
ကျောင်းဝတ်စုံလေးနဲ့မို့ဒီနားကကျောင်းတခုခု
ကကျောင်းသားတစ်ယောက်ဖြစ်ဟန်တူပြီး
NameCardလေးအားကြည့်မိတော့..
KimTaeHyung....
Minသည်ငိုရတာမောသွားတဲ့အခါငြိမ်သွား
ခဲ့ပြီးဆေးရုံသို့ပြန်လျှောက်လာခဲ့သည်။
ဆေးရုံခုံတန်းတွင်ထိုင်ပြီးတခုခုအား
ငြိမ်သက်စွာတွေးတောနေခဲ့သောပုံ။
"စားမလား..ခုနကျောင်းသားလေးတယောက်
Jiminအရမ်းငိုနေလို့ပေးသွားတာ..."
"အင်း..."
ဘာအရသာမှန်းတောင်သိရက်လားလို့
မေးလိုက်ချင်ပေမယ့်မမေးမိတော့။
Lollipop အားပါးစပ်ထဲထည့်ပြီး
မျက်လုံးတွေမှိတ်ထားသောကောင်လေး
သည် ဝေဒနာကိုမွေးမြူခံစားနေသည့်ပုံ။
အိမ်ကြီးရှင်သည်ထိုနေ့မှစ
သူပိုင်ဆိုင်သောကလေးငယ်၏
ဘဝထဲမှပျောက်ကွယ်သွားခဲ့သည်....။
အစအနလေးတောင်ရှာမရစွာ
စုန်းစုန်းမြုပ်ထွက်ပြေးတိမ်းရှောင်သွား
ခဲ့သည်.......။
အဲ့ဒီနောက်ပိုင်း..အဖြစ်အပျက်များသည်
Jeonအား တသက်တာ ဗီလိန်အဖြစ်
တွန်းပို့ခဲ့တော့သည်.....
အဆင်ပြေကြရဲ့လား
အဆင်မပြေတဲ့နေရာလေးရှိရင်ပြောကြအုန်း😔
အခန်းဝတွင်ရပ်နေသည်။
"Happy Birthday ကိုကို....."
ချကာမရဲတရဲလေးဆိုသည်။
"ကိုကို့အတွက်လား"
သူသည်ကျောက်ရုပ်လို...။
"အော်..အင်း...ကိုကိုရေခ်ျုးလိုက်အုန်းမယ်
"မပြန်ချင်ဘူး..."
ရအောင်...."
"ဟုတ်...."
ဖွင့်လက်စကွန်ပျူတာထဲကVideoတခ်ျို့အား
"Happy Birthday Jeon....
အရမ်းချစ်တယ် Jeon...
ပုံစံတွေကဘာလဲ....။
ယောက်ျားလေးမလို့လား...
ပေါက်ကွဲထွက်လာသည်...
တမျိုး....
အစပင်....။
စက်ပိတ်ပစ်သည်။
ချင်စရာလေး..."
"သစ္စာဖောက်....!"
"ဘာ...!"
"ကိုကိုက သစ္စာဖောက်...."
"နှလုံးသားမရှိတဲ့သူ..."
"ParkJimin....!!!!!"
"လာမအော်နဲ့...!!!!!"
အသံတွေပါပြာသည်အထိ...။တုန်ရီနေသော
မင်းလည်းယောက်ျား ငါလည်းယောက်ျား
"ကျတော့်အတွက်ကိုကိုက ယောက်ျားလည်း
တွေမဟုတ်ဘူး..."
"လူယုတ်မာ....."
"ဘာ..."
ခေါ်လိုက်တာလား...."
ခင်ဗျားတဲ့...။ဒီကောင်လေးဘယ်သူ့အား
"အသားယူခဲ့တာမလား
အဲ့မိန်းမရဲ့
စမ်းကြည့်မလား...."
လျစ်လျှူရှုကာJiminအားရေခ်ျုးခန်းထဲ
သို့ချီသွားခဲ့သည်။အပြင်းအထန်ရုန်းကန်
ရေစိမ်ခ်ျုးသောကန်ထဲသို့ပစ်ချကာ
"မွှန်းတယ်.....ဖယ်..."
ခုရှင်းသွားပီလား..."
သည်ဆက်ဆက်တုန်နေလျက်...။
"မုန်းတယ်...."
စောက်ဂရုမစိုက်ဘူး..."
"လူယုတ်မာ"
ခဲ့သည်....။
သို့ပြန်ကျလာခဲ့တော့သည်။
"Min...!!!!"
ဖြတ်နိုင်တော့....။
"Jimin..!!!!!"
သိလိုက်သည်..။
သူရေကန်ထဲမှာပဲ...။
ကာတုန်လှုပ်လာသည်။
"JeonJungkook....!!!!!"
ရှောင်ချိန်လည်းမရ..။
တောင်မမြင်ချင်ဘူး..."
ငါတခါမှမမြင်ဖူးဘူး...."
ထိုင်နေခဲ့မိသည်။အပြင်သို့
ထွက်မလာရဲပါ...။
လည်းရှိခဲ့ပါသည်...
ဖြစ်ခဲ့ရသည်....။
........................။
"ကိုကိုရော...."
နေတာလဲ..."
"Nam Joon Hyung...!!!"
မရဘူး မသွားရဘူး...."
ပြေးတက်သွားသည်။ဟွန်းသံတွေသည်
Minသည်ရူးမတတ်... ။
"ဘာမှမဖြစ်ပါဘူးကွာ.."
ဖိနပ်မပါသောကောင်လေး...
ကောင်လေး....
တခ်ျု့လမ်းသွားလမ်းလာများသည်
သည်..။ခေါ်လို့လည်းမရခဲ့ပါ...။
KimTaeHyung....
"အင်း..."
ခဲ့သည်.......။
တွန်းပို့ခဲ့တော့သည်.....
အဆင်ပြေကြရဲ့လား
Bạn đang đọc truyện trên: AzTruyen.Top