🤍24🤍
တစ်ရက်နှစ်ရက်သုံးရက်လောက်အထိ..
ကိုကို နဲ့သူ မျက်နှာချင်းမဆိုင်ဘဲ
နေနိုင်ခဲ့ပေမယ့်..တပတ်ခန့်ကြာလာသော်
အခါ ကိုကိုသည် တကယ်ပင်စိမ်းကားနိုင်
သည်လားဟု ဝမ်းနည်းစွာတွေးမိလာသည်။
မနက်Company သို့ထွက်သွားသည်
ညနေပြန်လာသည်...
ဝတ်တရားရှိသည်များကိုလုပ်ပေးသည်...
စကားအပိုအလိုတခွန်းမျှမပြောဘဲ
ကျောခိုင်းအိပ်သွားသည်...။
အပြိုင်အဆိုင် အားပြိုင်နေတုန်းကတော့
အဆင်ပြေနေပေမယ့် မနေတတ်လာသောသူ့
အတွက် ကိုကို့ဥပေက္ခာသည်
ကြောက်စရာကောင်းလွန်းကာ
စိတ်တကယ်ကုန်ပြီလားဟုမိနစ်တိုင်းမှာ
တွေးမိနေသည်။
လီဂျွန်ယောင်းကိုမသတ်ရ၍လား....
သတ်မှသူ့ကိုဂရုစိုက်မယ်ဆိုရင်လည်း
သတ်လိုက်တော့ဟုရက်ရက်စက်စက်
JeonJiminမပီသစွာကြမ်းကြမ်းတမ်းတမ်း
တွေးချမိသည်....
အဲ့လောက်အထိ ကိုကို့ကိုချစ်ပါသည်....။
လီဂျွန်ယောင်းကိုလည်းသေသလား
ရှင်သလား ဘာတွေဖြစ်ကုန်သလဲ
စိတ်မဝင်စားနိုင်တော့....
အေးတိအေးစက်ကိုကို့ကိုကြည့်ကာ
အတွင်းတွင်လှိုက်လောင်နေသည်။
ရေချိုးပီး၍ ကိုကိုသဘောကျသော
ကြက်ဥနှစ်ရောင် ညဝတ်အကျီဝမ်းဆက်
လေးဝတ်ထားကာခုတင်ပေါ်တွင်ငြိမ်ငြိမ်လေး
ထိုင်နေသည်။
Jetသည်အခန်းထောင့်မှလှမ်းကြည့်နေသော်
လည်းသူမခေါ်မိ....။
အတွေးတွေသည်ယောက်ယက်ခတ်နေကာ
ဒီနေ့မှ ကိုကိုမခေါ်ရင်...။
Company မှပြန်လာသောကိုကိုသည်
အိတ်တွေနေရာချကာအကျီတွေလဲရင်း
စာရွက်စာတန်းတွေယူကာအောက်ထပ်တွင်
Namjoon Hyungနှင့်အလုပ်သွားထပ်လုပ်
အုန်းမည့်ပုံ....။သူ့အားတချက်မျှကြည့်ကာ
ချက်ချင်းအကြည့်လွှဲသွားပီးနောက်
ယူစရာရှိတာယူကာထွက်သွားတော့သည်။
အခြေအနေသည်ဒီလိုမျိုးသာဆက်
သွားနေလျှင်ကြာလျှင် ရူးလိမ့်မည်။
ကိုကိုနေနိုင်ပေမယ့် သူကဘယ်တုန်းက
နေနိုင်ဖူးလို့လဲ....။
ကိုကို့ဆီကအာရုံစိုက်မှုကိုရကိုရမှဖြစ်တော့မည်။
စားပွဲခုံပေါ်တွင်တင်ထားသော
ဖန်ခွက်ကာ ယူကာလွှတ်ချလိုက်တော့
ကျကွဲသံနှင့်အတူ တစစီလွင့်ပျံလာသော
ဖန်ကွဲစအပိုင်းအစများ....။
နာတော့နာမှာသိပေမယ့်..ခဏလေးပဲနာ
ပါလိမ့်မည်...ပီးသွားလျှင်ကိုကို
သူအားချစ်သေးလား မချစ်တော့ဘူးလား
ဆိုသောအဖြေကို သိရလိမ့်မည်။
ခြေထောက်တဖက်အားဖန်ကွဲစကြီးကြီး
တခုပေါ်တင်ကာ မျက်စိစုံမှိတ်ထားသည်။
လူတစ်ယောက်ပေမို့ အသားနာခြင်းအား
ကြောက်ရွံ့တတ်ပေမယ့်
ကိုကို ဒီလိုသူစိမ်းတွေဆက်ပြီးဆန်နေမှာကို
ပိုကြောက်ပါသည်။
လှုပ်လှုပ်ရှားရှားလေးဖြစ်အောင်တော့
ခဏလေးအနာခံရမည်...။
JeonJungkook သည်
ParkJimin အားသိပ်ချစ်ပါသည်ဟု
နာမည်ကြီးခဲ့ပေမယ့် လူတွေမမြင်နိုင်တဲ့
အပိုင်းကJimin၏ရူးသွပ်စွာချစ်ပြခဲ့မှု
တွေကလည်း ဩချလောက်အောင်
ကြီးမားခဲ့သည်...။
ဖန်ကွဲစအပေါ်သိပ်အများကြီးမစဉ်းစား
တော့ဘဲ စိတ်နှလုံးဒုန်းဒုန်းချကာ
နင်းချလိုက်သည်။
နက်သလောက်အသဲခိုက်အောင်နာကျင်
မှုသည်ပြောမပြတတ်....။
အံတွေကြိတ်ကာစီးလာသောသွေးရဲရဲ
များသည်ခင်းထားသောအခင်းအရောင်ဖျော့ဖျော့
လေးပေါ်တွင်ချက်ချင်းအိုင်ထွန်းသွားသည်။
"အားးးးး!!!!"
ကြားလိုက်ရပါသည် အပေါ်ထပ်သို့ပြေး
တက်လာသောခြေသံများ..
ကိုကို ပါပါစေဟု ဖန်ကွဲစတန်းလန်းဖြင့်
အကြိမ်ကြိမ်ဆုတောင်းမိသည်။
တံခါးဖွင့်ကာအရင်ပြေးဝင်လာသူက
ကိုကိုပင်မလို့...ဝမ်းသာမှုသည်ပြောမပြတတ်...။
Jungkookသည်မြင်လိုက်ရသောမြင်ကွင်း
အားခဏပင်ကြောင်ကြည့်မိသည်အထိ...။
ဖြူဖြူဖွေးဖွေးခြေထောက်တခုလုံး
သွေးထဲနစ်နေကာ အံကြိတ်ကာငိုနေသော
ကလေးငယ်သည် သူအရာအားလုံး
ပျောက်ဆုံးသွားသလ်ုပါပဲ..."
"ကလေး....!!!"
သတိဝင်လာ၍ကလေးဆီပြေးသွားကာ
ခြေထောက်လေးအားကိုင်လိုက်တော့
အနာကိုများထိသွား၍လားမသိ
အော်ငိုတော့သည်။
"နာတယ်...အရမ်းနာတယ်...!!!"
အော်ဟစ်ငိုကာသူရင်ဘက်တွေပေါ်ကုတ်
ကပ်တက်နေသောကလေးငယ်သည်
မနာဘဲရောခံနိုင်မလား...
ပုံမှန်ဆိုရင်တောင် ပေါက်ထွက်တော့မလို
နီနီရဲရဲခြေဖဝါးငယ်တွေသည် ပါးလွှားလွန်း၍။
"သိတယ် ကိုကိုသိတယ်...."
အဝါရောင်လေးအားကောက်ချီကာသွေး
တွေအားရေဆေးချရန်ရေချိုးခန်းထဲ
ဦးတည်လိုက်သည်။
ကိုကို့မျက်နှာ ကိုကို့မျက်လုံး
ကိုကို့အပြုအမူတွေအားသေသေချာချာ
မျက်ရည်တွေကြားထဲကကြည့်မိသည်
ခြေထောက်သည်နာလားမနာလားသူမသိ
များလားမများလားသူမသိ။
တုန်ရီနေသောကိုကို့လက်တွေနဲ့
စိုးရိမ်မှုတွေများစွာသောကိုကို့မျက်လုံး
တွေကိုမြင်လိုက်ရသော်အခါ နာရကျိုးတွေ
တကယ်နပ်ခဲ့ပြီ။
ဖန်ကွဲစကြီးသည်ခြေထောက်ထဲကအပြင်ကို
မထွက်သေး...။သွေးစက်တွေလည်း
တောက်လျှောက်တစက်စက်ကျနေတုန်း...။
စိတ်နှလုံးထဲမှာတော့ တော်ပါသေးရဲ့ဟု
အခါခါပြောနေကာ အပြင်မှာတော့
အော်ငိုလိုက်သည်...။
နာ၍မဟုတ်ပါ...'တပတ်လောက်ကြိတ်မှိတ်
ခံစားခဲ့ရတာတွေအားဖွင့်ထုတ်ပစ်လိုက်ခြင်းပင်..။
ဘေစင်ပေါ်ချီတင်ကာကိုကိုသည်
ရေယူကာဆေးချသည်...။
Namjoon Hyungသည်ဆရာဝန်ခေါ်နေသံ
ကိုကြားလိုက်သည်။
"စပ်တယ်.....!!!"
ဖျက်ဖျက်လူးအော်ငိုနေသောကောင်လေး
သည်အနာနှင့်လူနဲ့ပင်မလိုက်သလို
Jungkookသည် ဆေးမှုနှင့်ရဲတအုပ်လာဖမ်း
တုန်းကတောင်ဒီလိုဆောက်တည်ရာမရမဖြစ်ခဲ့။
ခြေထောက်ကလေးတွေအားနမ်းကာ
အငိုတိတ်စေရန် ပြာပြာလဲလဲချော့မိသည်။
"ကလေး...ရယ်ရေမဆေးရင်အဆင်မပြေ
ဘူးလေ..ခဏလေးသည်းခံပေးပါ
ကိုကိုတို့ဆေးရုံသွားမယ်နော်...
သွေးမတိတ်ရင် တခုခုဖြစ်မှာစိုးလို့..."
"Namjoon Hyungဆရာဝန်ကလာအုန်းမှာ
လား.ကျတော်မစောင့်တော့ဘူး
ဆေးရုံပဲသွားတော့မယ်..."
Jungkookသည်ဘယ်အရာကိုမှစိတ်မရှည်
နိုင်တော့ပါ...။ကလေးအားချီကာအောက်ထပ်
သို့ပြေးဆင်းသည်။အနာသည်ခုမှတကယ်ပင်
နာလာတော့သည်....။
လှုပ်ရှား၍လားမသိ တဆစ်ဆစ်နှင့်
မခံစားနိုင်ခဲ့။Namjoon Hyung
သည်ကားစက်နှိုးကာသူကတော့
ကလေးအားချီထားကာချော့မော့နေလိုက်သည်။
"ခဏလေးပဲ...ခဏလေးပဲ
ဆေးရုံရောက်ရင်ကောင်းသွားမှာ
Minလေးက သိပ်သန်မာတာကိုကိုသိတာပေါ့..."
အဝတ်စတစ်စဖြင့်အနာအားဖိထားပေးရင်း
Jungkookသည်သိပ်နာကျင်နေသော
ကလေး၏မျက်နှာလေးအားကြည့်ကာ
နောင်တသည်နောင်မှတသည်။
အနားမှာရှိနေပေးနေလျှင် ဒီလိုမျိုးဘယ်
ဖြစ်ပါ့မလဲ....။
သူပြန်ချော့လိုက်လျှင် အဆင်ပြေကာ
လီဂျွန်ယောင်းအပေါ်အာရုံတွေရောက်
နေမည်စိုး၍ နောက်ထပ်မဆိုးရဲတော့
အောင်အသံတိတ်သတိပေးခဲ့ခြင်းတွေ....။
သူကရောဘယ်လိုလုပ်နေနိုင်မလဲ...
ဟိုကောင်ကပေါ်တင်စိန်ခေါ်ထားတာကြောင့်
စိတ်မချမှုများဖြင့် အနီးကတမျိုးအဝေးကတမျိုး
အမြဲတမ်းအရိပ်တကြည့်ကြည့်..။
ကလေးကသာမသိခဲ့ မမြင်ခဲ့တာပါ...။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်
အချိန်လေးတွေကျမှ ခိုးနမ်းခဲ့တာတွေလည်း
ဒီကလေးကဘာတွေများသိခဲ့မှာလဲ...။
ဆေးရုံသို့ရောက်သည်အထိငိုနေဆဲ
Minသည်တိတ်မသွားခဲ့ပါ....။
ချီပိုးကာချက်ချင်းအရေးပေါ်လုပ်လိုက်ရင်း
ဆရာဝန်တွေကြားထဲသို့ရောက်သွားခဲ့သည်။
ဆရာဝန်တွေသည် အနာအားချက်ချင်း
သန့်စင်တော့ ပိုငိုလာပြန်သည်။
သူဆရာဝန်တွေကြားထဲတိုးကာ
လက်ကလေးတွေအားဆုပ်ကိုင်ပေးလိုက်မှ
အနည်းငယ်ငြိမ်သက်သွားသည်။
ဖန်ကွဲစစူးရုံပါပဲ....အသေးငယ်ဆုံးထိခိုက်မှု
တွင်တောင် JeonJungkook တို့
ဘာလုပ်ရမှန်းမသိနေခဲ့ရင်..အရူးကြီးလို
ဖြစ်နေခဲ့လျှင်....ရှေ့လျှောက်ကလေးကို
သူ့ရင်ခွင်ထဲပဲထည့်ထားလိုက်တော့မည်...။
ယုတ်တိမတန်ဘူးပဲပြောပြောပါ...
ခလုတ်လေးတောင်မတိုက်မိရအောင်
ယုယုယယပိုချစ်ပေးရတော့မည်...။
ပိုးသတ်ဆေးတွေသည်သိပ်စပ်ပုံရကာ
သူ့လက်တွေအားကလေးငယ်သည်
မလွှတ်ခဲ့...။ဆေးထည့်ကာပတ်တီးစီးပေး
သည့်အဆင့်ရောက်တော့ တော်တော်လေး
ငြိမ်သက်လာသည်။ရှိုက်သံလေးသဲ့သဲ့တော့
ရှိသေးပါသည်။
"လမ်းမလျှောက်နဲ့နော်......
အိမ်ပြန်လို့ရပါပီ...."
"ဆေးရုံနေလို့ရမလားဒေါက်တာ
အနာရှိန်နဲ့ဖျားတာတွေဘာတွေဖြစ်မှာစိုးလို့..."
"မနေချင်ဘူး ကိုကိုကလည်း
အိမ်ပဲပြန်မယ်...."
"ဒါဆို အိမ်ပဲပြန်လိုက်ပါတော့မယ်
ဒေါက်တာ..ကျေးဇူးတင်ပါတယ်...."
သူတစ်ယောက်မေး သူတယောက်ထဲ
ဖြေသွားတော့ Jeonကဆရာဝန်တွေက
အံ့အံ့ဩဩကြည့်ကာထွက်သွားကြသည်။
ချက်ချင်းလက်ငင်းပတ်တီးဖြူဖြူနှင့်
လမ်းလျှောက်မရတော့သောကိုယ့်ဘဝကို
စိတ်ညစ်မသွားပါ...။
"ချီ ပြန်ရအောင်...."
"အင်း..အင်း ကလေး...."
NamjoonHyungလိုအပ်သည့်ဆေးဗူး
များကိုင်ကာနောက်ကလိုက်လာရင်း
Jeonကတော့ အဆိုးအပေလေးအား
ခပ်ဖွဖွလေးပွေ့ချီသွားသည်။
.........
"နောက်တခါငါတို့အခန်းထဲကွဲတတ်ရှတတ်
တဲ့ပစ္စည်းဘာတခုမှလာမထားနဲ့..."
"ဟုတ်ကဲ့သခင်လေး..."
Jeonသည်တအိမ်လုံးအားတင်းတင်း
ကျပ်ကျပ်မှာကြားကာJiminအနားမှမခွါ
တော့....။တပတ်လောက်ခပ်ကင်းကင်း
နေကြ၍မျက်စိနောက်အနည်းငယ်မျှ
သက်သာရုံရှိသေးတယ်....
ခုတော့ အရှိန်ဖြင့်ပြန်ကပ်သွားသလို...။
"ဂရုစိုက်မှပေါ့...ကွာ
ကိုကိုလန့်လိုက်ရတာ....."
"ဂရုစိုက်တာပဲ....
Minမှမမြင်တာ....တက်နင်းမိတာပေါ့...."
"ကိုကို ကလေးငယ်ကိုဘာမှမပြောပါဘူး
ဖန်ကွဲစကိုက အချိုးမှမပြေတာ..."
ခုတင်ပေါ်တွင်ထိုင်နေသောကလေးငယ်၏
ခြေထောက်ကလေးနားတွင်ထိုင်လျက်
ပတ်တီးဖြူဖြူလေးအားဖွဖွလေး
ထိရင်းတိုးတိုးလေးဆိုနေသောJeonသည်
ထိခိုက်သွားသူထက်ပင်ပို၍နာနေသလို..။
"ကိုကိုက ငိုချင်နေတာလား..."
"ငိုလို့လား ကိုကိုငိုရင်
ဒါလေးက ပိုငိုမှာစိုးလို့
မငိုရဲပါဘူးကွာ..."
"ကျတော်ကိုကို့ ကိုချစ်လို့ပါ...."
လှလှပပလေးမော့ကြည့်လာသော
ကိုကို့မျက်လုံးဝိုင်းဝိုင်းတွေ...။
သိပ်ကြည့်ကောင်းတာပဲ....
ကိုကိုကအသက်တွေသာကြီးလာခဲ့တာ
မျက်လုံးလေးတွေကငယ်ရွယ်မှုတွေထဲ
မှာကျန်နေခဲ့သည်....။
"ကျတော့်ကိုဖက်ထားပေးပါလား..."
ကိုကိုသည်ခုတင်ပေါ်တက်လာကာ
နူးနူးညံ့ညံ့လေးဖက်ထားသည်။
"ကျတော့်ကိုနမ်းပါအုန်း..."
ကိုကိုသည်သဘောတကျပြုံးလျက်
နူတ်ခမ်းလေးတွေထိရုံမျှထိကာပြန်ခွါ
သွားသည်။အသံလေးတခုချန်ခဲ့ရင်းပေါ့...။
"ချစ်တဲ့အကြောင်းတွေလည်းပြောပါအုန်းဗျာ..."
မျက်ရည်စတွေမခြောက်သေးသော
ကလေးငယ်သည် နာနေရက်နဲ့
ဘယ်လိုများပေါ့ပါးပျော်ရွှင်နေရတာလဲ။
သူဖြင့်ရင်နာ၍မပီးနိုင်သေးပါ....။
"ထပ်မထိခိုက်ပါနဲ့ကလေးငယ်လေးရယ်...
ချစ်တဲ့အကြောင်းတွေကိုမပြောနိုင်လောက်
အောင် ကိုကို တော်တော်ပူလောင်နေရလို့ပါ..."
ကလေးရင်ခွင်သေးသေးထဲကြီးကောင်ကြီး
မားဖြင့်ဝင်တိုးလာတော့ကလေးရီသံလေး
တွေထွက်လာသည်။
သူကကြိတ်ငိုလေ ကလေးကသဘောကျစွာ
ရီလေ.....။
အသားထဲမှန်စစိုက်ဝင်သူက...
ပြန်ချော့နေရသော တမိုးအောက်
JeonJungkook သည်တစ်ခါတစ်ရံ
နားလည်ရခက်ပါသည်....။
................။
"ParkJimin တို့အကွက်ကလေး
တွေလှတယ်ဟေ့..."
"တိတ်တိတ်နေစမ်း..."
KimTaeHyung သည်ဟာသကြီး
တခုလိုပြောပြောရီနေတာကြောင့်
ပါးစပ်ကာအတင်းပိတ်ထားရသည်။
လူနာသတင်းမေးဆိုပီးMinYoongi နှင့်
အတူတူရောက်ချလာသောထယ်ယောင်း
သည်လမ်းမလျှောက်နိုင်မှုအပေါ်အခွင့်
ကောင်းယူကာကောင်းကောင်းစနောက်နေသည်။
Jeonနှင့်MinYoongi အခန်းထဲဝင်လာမှ
ကိုယ်ရှိန်သပ်ကာငြိမ်သွားသောအကောင်သည်
သူရေခဲရိုက်လူကြီးတော့ဖြုံသည့်ပုံစံ။
"နာသေးလားJimin...."
မနာဘဲနေမလားဟုအော်လိုက်ချင်သော်
လည်းကိုကို့ရှေ့တွင်Imageထိန်းရမည်...။
"စဖြစ်နေတဲ့နေ့ကလောက်တော့
မနာတော့ပါဘူး..."
"အော်...."
လူမှုရေးကောင်းလွန်းသည့်MinYoongi သည်
ဘာမှဆက်မမေးတော့ အော် တလုံးနှင့်
ပိတ်သိမ်းသွားသည်။
"ParkJimin တို့ကစဖြစ်တဲ့နေ့ကလည်း
မနာပါဘူးဗျာ...."
KimTaeHyung သည်ဘယ်တော့များမှ
ကောင်းကျိုးပေးမှာလဲ..။
မျက်စောင်းလှမ်းထိုးလိုက်သော်အခါ
အရူးကခိုးရီနေသည်။
"ထယ်ယောင်း..ကိုကိုက
YoongiHyung ကိုရည်းစားနဲ့တွဲရိုက်
ထားတဲ့ပုံပို့ပါဆိုတာကိုဘာလို့မင်းနဲ့
အိပ်နေတဲ့ပုံကြီးပို့ရတာလဲ...."
ParkJimin ၏တကွက်ပြမှုတွင်
ထယ်ယောင်းသည်သွေးချက်ချင်းတိုးကာ
ချွေးပါထွက်လာသည်။
"ဟုတ်တယ် ဟုတ်တယ်...
အဲ့တာမေးမလို့...."
Jungkookသည်သေချာမသိတာကြောင့်
ဘာရယ်မဟုတ်ဝင်ထောက်လိုက်သော်
လည်းထယ်ယောင်းကတော့တိုင်ပတ်ပြီ။
"ဘယ်တုန်းကလဲ....ငါတခါမှဒီကောင်
နဲ့အိပ်နေတုန်းဓာတ်ပုံမရိုက်ပါဘူး..."
"YoongiHyung
ကောင်မလေးနဲ့ပြတ်သွားလို့လား
ဒီကောင်နဲ့တွဲနေတာ..."
ခုတင်ပေါ်တွင်လှဲနေတာအနာကျေးဇူး
နှင့်ဆရာကြီးလုပ်နေသောParkJimin
သည်ခပ်တည်တည်ဖြင့်မေးချသည်။
"မတွဲပါဘူး....
Honeyနဲ့က ပြတ်....ပြတ်ပေမယ့်..."
"တွဲတော့ဘာဖြစ်လဲကွာ...
မင်းတို့တောင်ယူထားကြသေးတာပဲ
ငါတို့တွဲတော့ဘာဖြစ်လဲ..."
KimTaeHyung အသံဩဩကြီးသည်
ခြောက်ခြောက်ခြားခြားထွက်ပေါ်လာ
တော့Jiminရီချင်လာတော့သည်။Jungkook
ကတော့ ဘာမှသိပ်နားမလည်သောအခြေအနေ
ကိုဘာမှလည်းဝင်မပြောမိ....။
"ဘာမှမဖြစ်ပါဘူး ..မင်းတို့ဆက်ဆံရေး
ကိုငါတို့ကိုဖွင့်ပြောရမှတမျိုးဖြစ်နေမှာစိုးလို့ပါ"
"ဘာတမျိုးမှမဖြစ်ဘူး..."
"ဓာတ်ပုံကရှိသေးတယ်နော်
ကိုကိုပြလိုက်ပါအုန်း.."
"မပြနဲ့...ရတယ်ကျေးဇူးပဲ
ငါတို့မှာအဲ့ထက်ဆိုးတဲ့မင်းတို့
မကြည့်ရဲမယ့်ပုံတွေတောင်ရှိတယ်"
"ပြန်ကြမလား Hyung ထယ်ဗိုက်ဆာနေပီ..'"
"အင်း..အင်း ပြန်ချင်ရင်ပြန်မယ်လေ.."
KimTaeHyung သည်လက်နက်မချခဲ့..။
တန်ပြန်တိုက်စစ်တွေနှင့်သူ့ဘုရင်ကြီး
အားခေါ်ကာပြန်ပြေးတော့သည်။
အဲ့လိုမှမပို့ရင်လည်းရောက်တော့မှာမဟုတ်...။
...........
"Accတခုက ဓာတ်ပုံပို့ခိုင်းတာ
JeonJungkook Accမှန်းလည်းမသိတော့
ဘာရယ်မဟုတ်ဘူးပို့မိတာပါ ထယ်က
Hyungအရှက်ရအောင်လုပ်တာမျိုးမဟုတ်ပါဘူး.."
"ငါမရှက်ပါဘူး...."
"တော်သေးတာပေါ့.."
ကားပေါ်တွင်အပြင်ဘက်အားငေးနေသော
ထိုကောင်လေးသည်မျက်နှာဆိုင်တော့
မပြောရဲ...။ကြောက်လည်းကြောက်သည်
နှောက်လည်းနှောက်မည်ဆိုတာမျိုး...။
"Hyung..."
"အင်း.."
"ထယ် နဲ့ တွဲချင်လား..."
ကားအားဂီယာတွေမှားထိုးမိသည်အထိ...။
တချိန်လုံးသွက်လက်ချက်ချာလာပီးမှ
ဒီစကားတခွန်းကျ အလွန်တည်ငြိမ်ရင့်ကျက်
စွာပြောနေသောထယ်ယောင်းသည်
သူ့အားဂယောက်ဂယက်တွေဖြစ်စေတော့သည်။
"မင်းကြိုက်နေတဲ့သူရှိတယ်မလား..."
"Hyungဟာလေ......"
ဘာလို့လဲ...ငါဘာမှားလို့လဲ.."
"အရိပ်ပြလို့လည်းအကောင်မမြင်ဘူး
အကောင်ကြီးပြရင်တောင်
လည်မျိုတက်နင်းသွားမဲ့လူမျိုး.."
"စကားကိုရှင်းရှင်းပြောစမ်းပါ..."
"ကွေ့ဝိုက်ပြောရင်တောင်ဝေးနေမှာစိုးလို့
ကျတော်နဲ့တွဲချင်လားလို့ အရှင်းဆုံးပြောတာ
လေ..'ဒီထက်ဘယ်လိုထပ်ရှင်းရမလဲ..."
"မင်းClub Freeတက်ချင်လို့လား
ပန်းဆိုင်တုန်းကမင်းဆီမှာငါတင်နေတဲ့
အကြွေးတွေမဆပ်နိုင်တော့လို့လား"
"Hyungကဘယ်လိုထင်သလဲ...
အဲ့နှစ်ခုကလွဲပီး ဥပမာ
ထယ်က Hyungကိုတကယ်လိုချင်လို့
တွဲချင်တာဆိုရင်ရော...."
"ငါ့ကိုလိုချင်လို့...."
မျက်နှာလှလှလေးသည်ကားမောင်းနေသော
သူ့နားအားအတင်းတိုးလာတာကြောင့်
အန္တရာယ်ရှိလာပြီ။ကားဆက်မမောင်းနိုင်တော့။
ဒီကောင်ဘာတွေလုပ်ပြန်ပီလဲ...။
ကားအားလမ်းဘေးတနေရာတွင်ထိုးရပ်ကာ
ထိုမျက်နှာလေးအားမကြည့်ရဲ...။
ထယ်သည်..ချောတာထက်သိပ်ပြီးပြည့်စုံ
သောမျက်ခုံး မျက်လုံး နှာတံမြင့်မြင့်တွေ
အသဲပုံနူတ်ခမ်းလှလှတွေ...နှင့်
စနစ်တကျစီမံထားသောပန်းပုရုပ်ကလေးနဲ့
တူသည်..။
တည်ကြည်နေလျှင်လည်းအရှိန်အဝါတခုအမြဲ
တမ်းရှိနေကာ အားပါးတရ ပြုံးလိုက်သော
အချ်န်မျိုးတွင်လည်းမြင်ရသူများအဖို့
ရတနာလေးတခုလို မြတ်မြတ်နိုးနိုးငေးရသည်။
ထိုမျက်နှာလေးသည်အနီးဆုံးမှာကြည့်
နေတာကြောင့်MinYoongi သည်
လူရိုးကြီးပေမို့ ဘာလုပ်ရမှန်းမသိ...။
"တွဲမလား...ထယ်နဲ့..."
"တွဲရင်ပီးရောမလား ငါ့အနားကိုတအား
မကပ်လာနဲ့..."
"သေချာပြောလေ ပီးပီရောမပြောနဲ့.."
"တွဲပါမယ်ဆို...."
"တွဲရင်ချစ်ပေးရမှာနော် Hyungရည်းစား
ဟောင်းလို မေ့လိုက် Dateလိုက်လုပ်
လို့မရဘူး...ဓားနဲ့ထိုးမှာ..."
"မင်းငါ့ကိုလာခြိမ်းခြောက်နေတာလား..."
"ထယ် လို့ခေါ်...."
"ဘာလဲ...ရှုပ်ရှုပ်ယှက်ယှက်..."
"မခေါ်ရင် မတွဲတော့ဘူး..."
"ထယ်ကွာ ထယ် ထယ်....."
ထယ်ယောင်းသည်သဘောကျစွာ
ပြုံးရင် Hyungကိုခပ်ကြာကြာငေးကြည့်မိခဲ့သည်။
ကိုယ်ကချစ်တဲ့သူနဲ့
ကိုယ့်ကိုချစ်တဲ့သူ
ဟင့်အင်း..ဒါတွေသူစိတ်မဝင်စားတော့...
Hyungနားနေနေရရင်ပူပင်မှုတွေမေ့သွားခြင်းသည်
အချစ်...
ဒုက္ခရောက်လာတိုင်းHyungဆီအရက်လာ
သောက်ပြီး ပျော်သွားရရင်အချစ်...
Hyungပြုံးသွားအောင်စနောက်ချင်နေတာသည်
အချစ်
Hyungရှက်နေတာကိုအသဲတယားယား
ကြည့်နေရလျှင်အချစ်....
အချစ်ကြောင့်သေမတတ်နာကျင်ခဲ့ဖူး
ပေမယ့် အချစ်ကြောင့်ပဲ
ဒီကားလေးထဲငြိမ့်ငြိမ့်ငြောင်းငြောင်းလေး
ရင်ခုန်နေရတယ်ဆိုရင်လည်း...
ဘာပြသနာမှတော့မရှိ...အချစ်ပဲလျှင်ဖြစ်သည်။
MinYoongi သည်KimTaeHyung အချစ်ဖြစ်သည်။
.........
"Jiminကိုယ်ထွက်သွားရတော့မှာမလို့
နူတ်ဆက်ချင်လို့ခဏလေးထွက်ခဲ့လို့ရမလား..."
တစ္ရက္ႏွစ္ရက္သုံးရက္ေလာက္အထိ..
ကိုကို နဲ႔သူ မ်က္ႏွာခ်င္းမဆိုင္ဘဲ
ေနနိုင္ခဲ့ေပမယ့္..တပတ္ခန့္ၾကာလာေသာ္
အခါ ကိုကိုသည္ တကယ္ပင္စိမ္းကားနိုင္
သည္လားဟု ဝမ္းနည္းစြာေတြးမိလာသည္။
မနက္Company သို႔ထြက္သြားသည္
ညေနျပန္လာသည္...
ဝတ္တရားရွိသည္မ်ားကိုလုပ္ေပးသည္...
စကားအပိုအလိုတခြန္းမၽွမေျပာဘဲ
ေက်ာခိုင္းအိပ္သြားသည္...။
အၿပိဳင္အဆိုင္ အားၿပိဳင္ေနတုန္းကေတာ့
အဆင္ေျပေနေပမယ့္ မေနတတ္လာေသာသူ႔
အတြက္ ကိုကို႔ဥေပကၡာသည္
ေၾကာက္စရာေကာင္းလြန္းကာ
စိတ္တကယ္ကုန္ၿပီလားဟုမိနစ္တိုင္းမွာ
ေတြးမိေနသည္။
လီဂၽြန္ေယာင္းကိုမသတ္ရ၍လား....
သတ္မွသူ႔ကိုဂ႐ုစိုက္မယ္ဆိုရင္လည္း
သတ္လိုက္ေတာ့ဟုရက္ရက္စက္စက္
JeonJiminမပီသစြာၾကမ္းၾကမ္းတမ္းတမ္း
ေတြးခ်မိသည္....
အဲ့ေလာက္အထိ ကိုကို႔ကိုခ်စ္ပါသည္....။
လီဂၽြန္ေယာင္းကိုလည္းေသသလား
ရွင္သလား ဘာေတြျဖစ္ကုန္သလဲ
စိတ္မဝင္စားနိုင္ေတာ့....
ေအးတိေအးစက္ကိုကို႔ကိုၾကည့္ကာ
အတြင္းတြင္လွိုက္ေလာင္ေနသည္။
ေရခ်ိဳးပီး၍ ကိုကိုသေဘာက်ေသာ
ၾကက္ဥႏွစ္ေရာင္ ညဝတ္အက်ီဝမ္းဆက္
ေလးဝတ္ထားကာခုတင္ေပၚတြင္ၿငိမ္ၿငိမ္ေလး
ထိုင္ေနသည္။
Jetသည္အခန္းေထာင့္မွလွမ္းၾကည့္ေနေသာ္
လည္းသူမေခၚမိ....။
အေတြးေတြသည္ေယာက္ယက္ခတ္ေနကာ
ဒီေန႔မွ ကိုကိုမေခၚရင္...။
Company မွျပန္လာေသာကိုကိုသည္
အိတ္ေတြေနရာခ်ကာအက်ီေတြလဲရင္း
စာရြက္စာတန္းေတြယူကာေအာက္ထပ္တြင္
Namjoon Hyungႏွင့္အလုပ္သြားထပ္လုပ္
အုန္းမည့္ပုံ....။သူ႔အားတခ်က္မၽွၾကည့္ကာ
ခ်က္ခ်င္းအၾကည့္လႊဲသြားပီးေနာက္
ယူစရာရွိတာယူကာထြက္သြားေတာ့သည္။
အေျခအေနသည္ဒီလိုမ်ိဳးသာဆက္
သြားေနလၽွင္ၾကာလၽွင္ ႐ူးလိမ့္မည္။
ကိုကိုေနနိုင္ေပမယ့္ သူကဘယ္တုန္းက
ေနနိုင္ဖူးလို႔လဲ....။
ကိုကို႔ဆီကအာ႐ုံစိုက္မွုကိုရကိုရမွျဖစ္ေတာ့မည္။
စားပြဲခုံေပၚတြင္တင္ထားေသာ
ဖန္ခြက္ကာ ယူကာလႊတ္ခ်လိုက္ေတာ့
က်ကြဲသံႏွင့္အတူ တစစီလြင့္ပ်ံလာေသာ
ဖန္ကြဲစအပိုင္းအစမ်ား....။
နာေတာ့နာမွာသိေပမယ့္..ခဏေလးပဲနာ
ပါလိမ့္မည္...ပီးသြားလၽွင္ကိုကို
သူအားခ်စ္ေသးလား မခ်စ္ေတာ့ဘူးလား
ဆိုေသာအေျဖကို သိရလိမ့္မည္။
ေျခေထာက္တဖက္အားဖန္ကြဲစႀကီးႀကီး
တခုေပၚတင္ကာ မ်က္စိစုံမွိတ္ထားသည္။
လူတစ္ေယာက္ေပမို႔ အသားနာျခင္းအား
ေၾကာက္ရြံ႕တတ္ေပမယ့္
ကိုကို ဒီလိုသူစိမ္းေတြဆက္ၿပီးဆန္ေနမွာကို
ပိုေၾကာက္ပါသည္။
လွုပ္လွုပ္ရွားရွားေလးျဖစ္ေအာင္ေတာ့
ခဏေလးအနာခံရမည္...။
JeonJungkook သည္
ParkJimin အားသိပ္ခ်စ္ပါသည္ဟု
နာမည္ႀကီးခဲ့ေပမယ့္ လူေတြမျမင္နိုင္တဲ့
အပိုင္းကJimin၏႐ူးသြပ္စြာခ်စ္ျပခဲ့မွု
ေတြကလည္း ဩခ်ေလာက္ေအာင္
ႀကီးမားခဲ့သည္...။
ဖန္ကြဲစအေပၚသိပ္အမ်ားႀကီးမစဥ္းစား
ေတာ့ဘဲ စိတ္ႏွလုံးဒုန္းဒုန္းခ်ကာ
နင္းခ်လိုက္သည္။
နက္သေလာက္အသဲခိုက္ေအာင္နာက်င္
မွုသည္ေျပာမျပတတ္....။
အံေတြႀကိတ္ကာစီးလာေသာေသြးရဲရဲ
မ်ားသည္ခင္းထားေသာအခင္းအေရာင္ေဖ်ာ့ေဖ်ာ့
ေလးေပၚတြင္ခ်က္ခ်င္းအိုင္ထြန္းသြားသည္။
"အားးးးး!!!!"
ၾကားလိုက္ရပါသည္ အေပၚထပ္သို႔ေျပး
တက္လာေသာေျခသံမ်ား..
ကိုကို ပါပါေစဟု ဖန္ကြဲစတန္းလန္းျဖင့္
အႀကိမ္ႀကိမ္ဆုေတာင္းမိသည္။
တံခါးဖြင့္ကာအရင္ေျပးဝင္လာသူက
ကိုကိုပင္မလို႔...ဝမ္းသာမွုသည္ေျပာမျပတတ္...။
Jungkookသည္ျမင္လိုက္ရေသာျမင္ကြင္း
အားခဏပင္ေၾကာင္ၾကည့္မိသည္အထိ...။
ျဖဴျဖဴေဖြးေဖြးေျခေထာက္တခုလုံး
ေသြးထဲနစ္ေနကာ အံႀကိတ္ကာငိုေနေသာ
ကေလးငယ္သည္ သူအရာအားလုံး
ေပ်ာက္ဆုံးသြားသလ္ုပါပဲ..."
"ကေလး....!!!"
သတိဝင္လာ၍ကေလးဆီေျပးသြားကာ
ေျခေထာက္ေလးအားကိုင္လိုက္ေတာ့
အနာကိုမ်ားထိသြား၍လားမသိ
ေအာ္ငိုေတာ့သည္။
"နာတယ္...အရမ္းနာတယ္...!!!"
ေအာ္ဟစ္ငိုကာသူရင္ဘက္ေတြေပၚကုတ္
ကပ္တက္ေနေသာကေလးငယ္သည္
မနာဘဲေရာခံနိုင္မလား...
ပုံမွန္ဆိုရင္ေတာင္ ေပါက္ထြက္ေတာ့မလို
နီနီရဲရဲေျခဖဝါးငယ္ေတြသည္ ပါးလႊားလြန္း၍။
"သိတယ္ ကိုကိုသိတယ္...."
အဝါေရာင္ေလးအားေကာက္ခ်ီကာေသြး
ေတြအားေရေဆးခ်ရန္ေရခ်ိဳးခန္းထဲ
ဦးတည္လိုက္သည္။
ကိုကို႔မ်က္ႏွာ ကိုကို႔မ်က္လုံး
ကိုကို႔အျပဳအမူေတြအားေသေသခ်ာခ်ာ
မ်က္ရည္ေတြၾကားထဲကၾကည့္မိသည္
ေျခေထာက္သည္နာလားမနာလားသူမသိ
မ်ားလားမမ်ားလားသူမသိ။
တုန္ရီေနေသာကိုကို႔လက္ေတြနဲ႔
စိုးရိမ္မွုေတြမ်ားစြာေသာကိုကို႔မ်က္လုံး
ေတြကိုျမင္လိုက္ရေသာ္အခါ နာရက်ိဳးေတြ
တကယ္နပ္ခဲ့ၿပီ။
ဖန္ကြဲစႀကီးသည္ေျခေထာက္ထဲကအျပင္ကို
မထြက္ေသး...။ေသြးစက္ေတြလည္း
ေတာက္ေလၽွာက္တစက္စက္က်ေနတုန္း...။
စိတ္ႏွလုံးထဲမွာေတာ့ ေတာ္ပါေသးရဲ့ဟု
အခါခါေျပာေနကာ အျပင္မွာေတာ့
ေအာ္ငိုလိုက္သည္...။
နာ၍မဟုတ္ပါ...'တပတ္ေလာက္ႀကိတ္မွိတ္
ခံစားခဲ့ရတာေတြအားဖြင့္ထုတ္ပစ္လိုက္ျခင္းပင္..။
ေဘစင္ေပၚခ်ီတင္ကာကိုကိုသည္
ေရယူကာေဆးခ်သည္...။
Namjoon Hyungသည္ဆရာဝန္ေခၚေနသံ
ကိုၾကားလိုက္သည္။
"စပ္တယ္.....!!!"
ဖ်က္ဖ်က္လူးေအာ္ငိုေနေသာေကာင္ေလး
သည္အနာႏွင့္လူနဲ႔ပင္မလိုက္သလို
Jungkookသည္ ေဆးမွုႏွင့္ရဲတအုပ္လာဖမ္း
တုန္းကေတာင္ဒီလိုေဆာက္တည္ရာမရမျဖစ္ခဲ့။
ေျခေထာက္ကေလးေတြအားနမ္းကာ
အငိုတိတ္ေစရန္ ျပာျပာလဲလဲေခ်ာ့မိသည္။
"ကေလး...ရယ္ေရမေဆးရင္အဆင္မေျပ
ဘူးေလ..ခဏေလးသည္းခံေပးပါ
ကိုကိုတို႔ေဆး႐ုံသြားမယ္ေနာ္...
ေသြးမတိတ္ရင္ တခုခုျဖစ္မွာစိုးလို႔..."
"Namjoon Hyungဆရာဝန္ကလာအုန္းမွာ
လား.က်ေတာ္မေစာင့္ေတာ့ဘူး
ေဆး႐ုံပဲသြားေတာ့မယ္..."
Jungkookသည္ဘယ္အရာကိုမွစိတ္မရွည္
နိုင္ေတာ့ပါ...။ကေလးအားခ်ီကာေအာက္ထပ္
သို႔ေျပးဆင္းသည္။အနာသည္ခုမွတကယ္ပင္
နာလာေတာ့သည္....။
လွုပ္ရွား၍လားမသိ တဆစ္ဆစ္ႏွင့္
မခံစားနိုင္ခဲ့။Namjoon Hyung
သည္ကားစက္ႏွိုးကာသူကေတာ့
ကေလးအားခ်ီထားကာေခ်ာ့ေမာ့ေနလိုက္သည္။
"ခဏေလးပဲ...ခဏေလးပဲ
ေဆး႐ုံေရာက္ရင္ေကာင္းသြားမွာ
Minေလးက သိပ္သန္မာတာကိုကိုသိတာေပါ့..."
အဝတ္စတစ္စျဖင့္အနာအားဖိထားေပးရင္း
Jungkookသည္သိပ္နာက်င္ေနေသာ
ကေလး၏မ်က္ႏွာေလးအားၾကည့္ကာ
ေနာင္တသည္ေနာင္မွတသည္။
အနားမွာရွိေနေပးေနလၽွင္ ဒီလိုမ်ိဳးဘယ္
ျဖစ္ပါ့မလဲ....။
သူျပန္ေခ်ာ့လိုက္လၽွင္ အဆင္ေျပကာ
လီဂၽြန္ေယာင္းအေပၚအာ႐ုံေတြေရာက္
ေနမည္စိုး၍ ေနာက္ထပ္မဆိုးရဲေတာ့
ေအာင္အသံတိတ္သတိေပးခဲ့ျခင္းေတြ....။
သူကေရာဘယ္လိုလုပ္ေနနိုင္မလဲ...
ဟိုေကာင္ကေပၚတင္စိန္ေခၚထားတာေၾကာင့္
စိတ္မခ်မွုမ်ားျဖင့္ အနီးကတမ်ိဳးအေဝးကတမ်ိဳး
အျမဲတမ္းအရိပ္တၾကည့္ၾကည့္..။
ကေလးကသာမသိခဲ့ မျမင္ခဲ့တာပါ...။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္
အခ်ိန္ေလးေတြက်မွ ခိုးနမ္းခဲ့တာေတြလည္း
ဒီကေလးကဘာေတြမ်ားသိခဲ့မွာလဲ...။
ေဆး႐ုံသို႔ေရာက္သည္အထိငိုေနဆဲ
Minသည္တိတ္မသြားခဲ့ပါ....။
ခ်ီပိုးကာခ်က္ခ်င္းအေရးေပၚလုပ္လိုက္ရင္း
ဆရာဝန္ေတြၾကားထဲသို႔ေရာက္သြားခဲ့သည္။
ဆရာဝန္ေတြသည္ အနာအားခ်က္ခ်င္း
သန့္စင္ေတာ့ ပိုငိုလာျပန္သည္။
သူဆရာဝန္ေတြၾကားထဲတိုးကာ
လက္ကေလးေတြအားဆုပ္ကိုင္ေပးလိုက္မွ
အနည္းငယ္ၿငိမ္သက္သြားသည္။
ဖန္ကြဲစစူး႐ုံပါပဲ....အေသးငယ္ဆုံးထိခိုက္မွု
တြင္ေတာင္ JeonJungkook တို႔
ဘာလုပ္ရမွန္းမသိေနခဲ့ရင္..အ႐ူးႀကီးလို
ျဖစ္ေနခဲ့လၽွင္....ေရွ႕ေလၽွာက္ကေလးကို
သူ႔ရင္ခြင္ထဲပဲထည့္ထားလိုက္ေတာ့မည္...။
ယုတ္တိမတန္ဘူးပဲေျပာေျပာပါ...
ခလုတ္ေလးေတာင္မတိုက္မိရေအာင္
ယုယုယယပိုခ်စ္ေပးရေတာ့မည္...။
ပိုးသတ္ေဆးေတြသည္သိပ္စပ္ပုံရကာ
သူ႔လက္ေတြအားကေလးငယ္သည္
မလႊတ္ခဲ့...။ေဆးထည့္ကာပတ္တီးစီးေပး
သည့္အဆင့္ေရာက္ေတာ့ ေတာ္ေတာ္ေလး
ၿငိမ္သက္လာသည္။ရွိုက္သံေလးသဲ့သဲ့ေတာ့
ရွိေသးပါသည္။
"လမ္းမေလၽွာက္နဲ႔ေနာ္......
အိမ္ျပန္လို႔ရပါပီ...."
"ေဆး႐ုံေနလို႔ရမလားေဒါက္တာ
အနာရွိန္နဲ႔ဖ်ားတာေတြဘာေတြျဖစ္မွာစိုးလို႔..."
"မေနခ်င္ဘူး ကိုကိုကလည္း
အိမ္ပဲျပန္မယ္...."
"ဒါဆို အိမ္ပဲျပန္လိုက္ပါေတာ့မယ္
ေဒါက္တာ..ေက်းဇူးတင္ပါတယ္...."
သူတစ္ေယာက္ေမး သူတေယာက္ထဲ
ေျဖသြားေတာ့ Jeonကဆရာဝန္ေတြက
အံ့အံ့ဩဩၾကည့္ကာထြက္သြားၾကသည္။
ခ်က္ခ်င္းလက္ငင္းပတ္တီးျဖဴျဖဴႏွင့္
လမ္းေလၽွာက္မရေတာ့ေသာကိုယ့္ဘဝကို
စိတ္ညစ္မသြားပါ...။
"ခ်ီ ျပန္ရေအာင္...."
"အင္း..အင္း ကေလး...."
NamjoonHyungလိုအပ္သည့္ေဆးဗူး
မ်ားကိုင္ကာေနာက္ကလိုက္လာရင္း
Jeonကေတာ့ အဆိုးအေပေလးအား
ခပ္ဖြဖြေလးေပြ႕ခ်ီသြားသည္။
.........
"ေနာက္တခါငါတို႔အခန္းထဲကြဲတတ္ရွတတ္
တဲ့ပစၥည္းဘာတခုမွလာမထားနဲ႔..."
"ဟုတ္ကဲ့သခင္ေလး..."
Jeonသည္တအိမ္လုံးအားတင္းတင္း
က်ပ္က်ပ္မွာၾကားကာJiminအနားမွမခြါ
ေတာ့....။တပတ္ေလာက္ခပ္ကင္းကင္း
ေနၾက၍မ်က္စိေနာက္အနည္းငယ္မၽွ
သက္သာ႐ုံရွိေသးတယ္....
ခုေတာ့ အရွိန္ျဖင့္ျပန္ကပ္သြားသလို...။
"ဂ႐ုစိုက္မွေပါ့...ကြာ
ကိုကိုလန့္လိုက္ရတာ....."
"ဂ႐ုစိုက္တာပဲ....
Minမွမျမင္တာ....တက္နင္းမိတာေပါ့...."
"ကိုကို ကေလးငယ္ကိုဘာမွမေျပာပါဘူး
ဖန္ကြဲစကိုက အခ်ိဳးမွမေျပတာ..."
ခုတင္ေပၚတြင္ထိုင္ေနေသာကေလးငယ္၏
ေျခေထာက္ကေလးနားတြင္ထိုင္လ်က္
ပတ္တီးျဖဴျဖဴေလးအားဖြဖြေလး
ထိရင္းတိုးတိုးေလးဆိုေနေသာJeonသည္
ထိခိုက္သြားသူထက္ပင္ပို၍နာေနသလို..။
"ကိုကိုက ငိုခ်င္ေနတာလား..."
"ငိုလို႔လား ကိုကိုငိုရင္
ဒါေလးက ပိုငိုမွာစိုးလို႔
မငိုရဲပါဘူးကြာ..."
"က်ေတာ္ကိုကို႔ ကိုခ်စ္လို႔ပါ...."
လွလွပပေလးေမာ့ၾကည့္လာေသာ
ကိုကို႔မ်က္လုံးဝိုင္းဝိုင္းေတြ...။
သိပ္ၾကည့္ေကာင္းတာပဲ....
ကိုကိုကအသက္ေတြသာႀကီးလာခဲ့တာ
မ်က္လုံးေလးေတြကငယ္ရြယ္မွုေတြထဲ
မွာက်န္ေနခဲ့သည္....။
"က်ေတာ့္ကိုဖက္ထားေပးပါလား..."
ကိုကိုသည္ခုတင္ေပၚတက္လာကာ
ႏူးႏူးညံ့ညံ့ေလးဖက္ထားသည္။
"က်ေတာ့္ကိုနမ္းပါအုန္း..."
ကိုကိုသည္သေဘာတက်ျပဳံးလ်က္
ႏူတ္ခမ္းေလးေတြထိ႐ုံမၽွထိကာျပန္ခြါ
သြားသည္။အသံေလးတခုခ်န္ခဲ့ရင္းေပါ့...။
"ခ်စ္တဲ့အေၾကာင္းေတြလည္းေျပာပါအုန္းဗ်ာ..."
မ်က္ရည္စေတြမေျခာက္ေသးေသာ
ကေလးငယ္သည္ နာေနရက္နဲ႔
ဘယ္လိုမ်ားေပါ့ပါးေပ်ာ္ရႊင္ေနရတာလဲ။
သူျဖင့္ရင္နာ၍မပီးနိုင္ေသးပါ....။
"ထပ္မထိခိုက္ပါနဲ႔ကေလးငယ္ေလးရယ္...
ခ်စ္တဲ့အေၾကာင္းေတြကိုမေျပာနိုင္ေလာက္
ေအာင္ ကိုကို ေတာ္ေတာ္ပူေလာင္ေနရလို႔ပါ..."
ကေလးရင္ခြင္ေသးေသးထဲႀကီးေကာင္ႀကီး
မားျဖင့္ဝင္တိုးလာေတာ့ကေလးရီသံေလး
ေတြထြက္လာသည္။
သူကႀကိတ္ငိုေလ ကေလးကသေဘာက်စြာ
ရီေလ.....။
အသားထဲမွန္စစိုက္ဝင္သူက...
ျပန္ေခ်ာ့ေနရေသာ တမိုးေအာက္
JeonJungkook သည္တစ္ခါတစ္ရံ
နားလည္ရခက္ပါသည္....။
................။
"ParkJimin တို႔အကြက္ကေလး
ေတြလွတယ္ေဟ့..."
"တိတ္တိတ္ေနစမ္း..."
KimTaeHyung သည္ဟာသႀကီး
တခုလိုေျပာေျပာရီေနတာေၾကာင့္
ပါးစပ္ကာအတင္းပိတ္ထားရသည္။
လူနာသတင္းေမးဆိုပီးMinYoongi ႏွင့္
အတူတူေရာက္ခ်လာေသာထယ္ေယာင္း
သည္လမ္းမေလၽွာက္နိုင္မွုအေပၚအခြင့္
ေကာင္းယူကာေကာင္းေကာင္းစေနာက္ေနသည္။
Jeonႏွင့္MinYoongi အခန္းထဲဝင္လာမွ
ကိုယ္ရွိန္သပ္ကာၿငိမ္သြားေသာအေကာင္သည္
သူေရခဲရိုက္လူႀကီးေတာ့ျဖဳံသည့္ပုံစံ။
"နာေသးလားJimin...."
မနာဘဲေနမလားဟုေအာ္လိုက္ခ်င္ေသာ္
လည္းကိုကို႔ေရွ႕တြင္Imageထိန္းရမည္...။
"စျဖစ္ေနတဲ့ေန႔ကေလာက္ေတာ့
မနာေတာ့ပါဘူး..."
"ေအာ္...."
လူမွုေရးေကာင္းလြန္းသည့္MinYoongi သည္
ဘာမွဆက္မေမးေတာ့ ေအာ္ တလုံးႏွင့္
ပိတ္သိမ္းသြားသည္။
"ParkJimin တို႔ကစျဖစ္တဲ့ေန႔ကလည္း
မနာပါဘူးဗ်ာ...."
KimTaeHyung သည္ဘယ္ေတာ့မ်ားမွ
ေကာင္းက်ိဳးေပးမွာလဲ..။
မ်က္ေစာင္းလွမ္းထိုးလိုက္ေသာ္အခါ
အ႐ူးကခိုးရီေနသည္။
"ထယ္ေယာင္း..ကိုကိုက
YoongiHyung ကိုရည္းစားနဲ႔တြဲရိုက္
ထားတဲ့ပုံပို႔ပါဆိုတာကိုဘာလို႔မင္းနဲ႔
အိပ္ေနတဲ့ပုံႀကီးပို႔ရတာလဲ...."
ParkJimin ၏တကြက္ျပမွုတြင္
ထယ္ေယာင္းသည္ေသြးခ်က္ခ်င္းတိုးကာ
ေခၽြးပါထြက္လာသည္။
"ဟုတ္တယ္ ဟုတ္တယ္...
အဲ့တာေမးမလို႔...."
Jungkookသည္ေသခ်ာမသိတာေၾကာင့္
ဘာရယ္မဟုတ္ဝင္ေထာက္လိုက္ေသာ္
လည္းထယ္ေယာင္းကေတာ့တိုင္ပတ္ၿပီ။
"ဘယ္တုန္းကလဲ....ငါတခါမွဒီေကာင္
နဲ႔အိပ္ေနတုန္းဓာတ္ပုံမရိုက္ပါဘူး..."
"YoongiHyung
ေကာင္မေလးနဲ႔ျပတ္သြားလို႔လား
ဒီေကာင္နဲ႔တြဲေနတာ..."
ခုတင္ေပၚတြင္လွဲေနတာအနာေက်းဇူး
ႏွင့္ဆရာႀကီးလုပ္ေနေသာParkJimin
သည္ခပ္တည္တည္ျဖင့္ေမးခ်သည္။
"မတြဲပါဘူး....
Honeyနဲ႔က ျပတ္....ျပတ္ေပမယ့္..."
"တြဲေတာ့ဘာျဖစ္လဲကြာ...
မင္းတို႔ေတာင္ယူထားၾကေသးတာပဲ
ငါတို႔တြဲေတာ့ဘာျဖစ္လဲ..."
KimTaeHyung အသံဩဩႀကီးသည္
ေျခာက္ေျခာက္ျခားျခားထြက္ေပၚလာ
ေတာ့Jiminရီခ်င္လာေတာ့သည္။Jungkook
ကေတာ့ ဘာမွသိပ္နားမလည္ေသာအေျခအေန
ကိုဘာမွလည္းဝင္မေျပာမိ....။
"ဘာမွမျဖစ္ပါဘူး ..မင္းတို႔ဆက္ဆံေရး
ကိုငါတို႔ကိုဖြင့္ေျပာရမွတမ်ိဳးျဖစ္ေနမွာစိုးလို႔ပါ"
"ဘာတမ်ိဳးမွမျဖစ္ဘူး..."
"ဓာတ္ပုံကရွိေသးတယ္ေနာ္
ကိုကိုျပလိုက္ပါအုန္း.."
"မျပနဲ႔...ရတယ္ေက်းဇူးပဲ
ငါတို႔မွာအဲ့ထက္ဆိုးတဲ့မင္းတို႔
မၾကည့္ရဲမယ့္ပုံေတြေတာင္ရွိတယ္"
"ျပန္ၾကမလား Hyung ထယ္ဗိုက္ဆာေနပီ..'"
"အင္း..အင္း ျပန္ခ်င္ရင္ျပန္မယ္ေလ.."
KimTaeHyung သည္လက္နက္မခ်ခဲ့..။
တန္ျပန္တိုက္စစ္ေတြႏွင့္သူ႔ဘုရင္ႀကီး
အားေခၚကာျပန္ေျပးေတာ့သည္။
အဲ့လိုမွမပို႔ရင္လည္းေရာက္ေတာ့မွာမဟုတ္...။
...........
"Accတခုက ဓာတ္ပုံပို႔ခိုင္းတာ
JeonJungkook Accမွန္းလည္းမသိေတာ့
ဘာရယ္မဟုတ္ဘူးပို႔မိတာပါ ထယ္က
Hyungအရွက္ရေအာင္လုပ္တာမ်ိဳးမဟုတ္ပါဘူး.."
"ငါမရွက္ပါဘူး...."
"ေတာ္ေသးတာေပါ့.."
ကားေပၚတြင္အျပင္ဘက္အားေငးေနေသာ
ထိုေကာင္ေလးသည္မ်က္ႏွာဆိုင္ေတာ့
မေျပာရဲ...။ေၾကာက္လည္းေၾကာက္သည္
ေႏွာက္လည္းေႏွာက္မည္ဆိုတာမ်ိဳး...။
"Hyung..."
"အင္း.."
"ထယ္ နဲ႔ တြဲခ်င္လား..."
ကားအားဂီယာေတြမွားထိုးမိသည္အထိ...။
တခ်ိန္လုံးသြက္လက္ခ်က္ခ်ာလာပီးမွ
ဒီစကားတခြန္းက် အလြန္တည္ၿငိမ္ရင့္က်က္
စြာေျပာေနေသာထယ္ေယာင္းသည္
သူ႔အားဂေယာက္ဂယက္ေတြျဖစ္ေစေတာ့သည္။
"မင္းႀကိဳက္ေနတဲ့သူရွိတယ္မလား..."
"Hyungဟာေလ......"
ဘာလို႔လဲ...ငါဘာမွားလို႔လဲ.."
"အရိပ္ျပလို႔လည္းအေကာင္မျမင္ဘူး
အေကာင္ႀကီးျပရင္ေတာင္
လည္မ်ိဳတက္နင္းသြားမဲ့လူမ်ိဳး.."
"စကားကိုရွင္းရွင္းေျပာစမ္းပါ..."
"ေကြ႕ဝိုက္ေျပာရင္ေတာင္ေဝးေနမွာစိုးလို႔
က်ေတာ္နဲ႔တြဲခ်င္လားလို႔ အရွင္းဆုံးေျပာတာ
ေလ..'ဒီထက္ဘယ္လိုထပ္ရွင္းရမလဲ..."
"မင္းClub Freeတက္ခ်င္လို႔လား
ပန္းဆိုင္တုန္းကမင္းဆီမွာငါတင္ေနတဲ့
အေႂကြးေတြမဆပ္နိုင္ေတာ့လို႔လား"
"Hyungကဘယ္လိုထင္သလဲ...
အဲ့ႏွစ္ခုကလြဲပီး ဥပမာ
ထယ္က Hyungကိုတကယ္လိုခ်င္လို႔
တြဲခ်င္တာဆိုရင္ေရာ...."
"ငါ့ကိုလိုခ်င္လို႔...."
မ်က္ႏွာလွလွေလးသည္ကားေမာင္းေနေသာ
သူ႔နားအားအတင္းတိုးလာတာေၾကာင့္
အႏၲရာယ္ရွိလာၿပီ။ကားဆက္မေမာင္းနိုင္ေတာ့။
ဒီေကာင္ဘာေတြလုပ္ျပန္ပီလဲ...။
ကားအားလမ္းေဘးတေနရာတြင္ထိုးရပ္ကာ
ထိုမ်က္ႏွာေလးအားမၾကည့္ရဲ...။
ထယ္သည္..ေခ်ာတာထက္သိပ္ၿပီးျပည့္စုံ
ေသာမ်က္ခုံး မ်က္လုံး ႏွာတံျမင့္ျမင့္ေတြ
အသဲပုံႏူတ္ခမ္းလွလွေတြ...ႏွင့္
စနစ္တက်စီမံထားေသာပန္းပု႐ုပ္ကေလးနဲ႔
တူသည္..။
တည္ၾကည္ေနလၽွင္လည္းအရွိန္အဝါတခုအျမဲ
တမ္းရွိေနကာ အားပါးတရ ျပဳံးလိုက္ေသာ
အခ်္န္မ်ိဳးတြင္လည္းျမင္ရသူမ်ားအဖို႔
ရတနာေလးတခုလို ျမတ္ျမတ္နိုးနိုးေငးရသည္။
ထိုမ်က္ႏွာေလးသည္အနီးဆုံးမွာၾကည့္
ေနတာေၾကာင့္MinYoongi သည္
လူရိုးႀကီးေပမို႔ ဘာလုပ္ရမွန္းမသိ...။
"တြဲမလား...ထယ္နဲ႔..."
"တြဲရင္ပီးေရာမလား ငါ့အနားကိုတအား
မကပ္လာနဲ႔..."
"ေသခ်ာေျပာေလ ပီးပီေရာမေျပာနဲ႔.."
"တြဲပါမယ္ဆို...."
"တြဲရင္ခ်စ္ေပးရမွာေနာ္ Hyungရည္းစား
ေဟာင္းလို ေမ့လိုက္ Dateလိုက္လုပ္
လို႔မရဘူး...ဓားနဲ႔ထိုးမွာ..."
"မင္းငါ့ကိုလာၿခိမ္းေျခာက္ေနတာလား..."
"ထယ္ လို႔ေခၚ...."
"ဘာလဲ...ရွုပ္ရွုပ္ယွက္ယွက္..."
"မေခၚရင္ မတြဲေတာ့ဘူး..."
"ထယ္ကြာ ထယ္ ထယ္....."
ထယ္ေယာင္းသည္သေဘာက်စြာ
ျပဳံးရင္ Hyungကိုခပ္ၾကာၾကာေငးၾကည့္မိခဲ့သည္။
ကိုယ္ကခ်စ္တဲ့သူနဲ႔
ကိုယ့္ကိုခ်စ္တဲ့သူ
ဟင့္အင္း..ဒါေတြသူစိတ္မဝင္စားေတာ့...
Hyungနားေနေနရရင္ပူပင္မွုေတြေမ့သြားျခင္းသည္
အခ်စ္...
ဒုကၡေရာက္လာတိုင္းHyungဆီအရက္လာ
ေသာက္ၿပီး ေပ်ာ္သြားရရင္အခ်စ္...
Hyungျပဳံးသြားေအာင္စေနာက္ခ်င္ေနတာသည္
အခ်စ္
Hyungရွက္ေနတာကိုအသဲတယားယား
ၾကည့္ေနရလၽွင္အခ်စ္....
အခ်စ္ေၾကာင့္ေသမတတ္နာက်င္ခဲ့ဖူး
ေပမယ့္ အခ်စ္ေၾကာင့္ပဲ
ဒီကားေလးထဲၿငိမ့္ၿငိမ့္ေျငာင္းေျငာင္းေလး
ရင္ခုန္ေနရတယ္ဆိုရင္လည္း...
ဘာျပသနာမွေတာ့မရွိ...အခ်စ္ပဲလၽွင္ျဖစ္သည္။
MinYoongi သည္KimTaeHyung အခ်စ္ျဖစ္သည္။
.........
"Jiminကိုယ္ထြက္သြားရေတာ့မွာမလို႔
ႏူတ္ဆက္ခ်င္လို႔ခဏေလးထြက္ခဲ့လို႔ရမလား..."
Bạn đang đọc truyện trên: AzTruyen.Top