9
သူတို့နှစ်ယောက်သားဂူသို့ပြန်လမ်းတွင် ပျော်ရွ င်နေသော အသံများနှင့် ဆူညံသံများကိုကြားလိုက်ရသည်။
မိုမိုက ထိုပွဲလုပ်နေသောနေရာနှင့်မနီးမဝေးတွင်ထိ သွားလိုက်ကာ ချောင်းကြည်ဘနေလိုက်သည်။
''အင်း''
မိုမိုက ချောင်းသို့ရောက်တော့ သူ့လက်ကိုဖြန့်လိုက်ချိန် ကြာဖူးလေးထွက်လာကာ ပွင့်ချပ်သုံးခါပွင့်နေသည်။
ကြည့်ရတာသူ့ရှေ့ရှိအမကို သားရဲနတ်ဘုရားရဲ့တမန်တော်ဟု ထင်ရခြင်းမှာ သူ့ကျောရှိ အမှတ်တွင်ရှိသောအရောင်မှာ ငါးရောင်မကရှိနေသောကြောင့်ပင်။
(
အပေါ်ကပုံတွေကဒီတိုင်းမျက်လုံးထဲပေါ်အောင်လို့ပြထားတာ အမတွေက အဲ့လိုမျိုးမဟုတ်ဘဲ ကျောမှာ စိန်ပုံစံ ပန်းတွေအနွယ်အခတ်တွေနဲ့ရှိနေတာမျိုးနော်)
အမတွေက ထိုအမှတ်ကို ဂုဏ်ယူကြကာ ကြွားသောအားဖြင်ဘ သူတို့ရဲ့ နောက်ကျောကိုဖော်ပြသော အဝတ်များဝတ်တတ်ကြသည်။
အထီးများကတော့ ဘောင်းဘီ သို့မဟုတ် စကယ်တို များဝတ်တတ်ကြကာ အပေါ်ပိုင်းတွင် အဝတ်သိပ်မဝတ်ကြဘဲ အဓိကနေရာ ဖုံးရုံသာ ဝတ်ကြကာ ဘောင်းဘီဝတ်သူတောင်သိပ်မရှိပေ။
သို့သော် သူ့ သူငယ်ချင်းလေး ဖုန်းကျင်း ကတော့ အပေါ် အိင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်ဝတ်ရတာကြိုက်သည်။
'' Hi how can I help you ''
'' You can speak english ''
မိုမိုရဲ့ စကားအဆုံးထိုအမရဲ့ မျက်လုံးတွင့ ထူးဆန်းသော အလင်းရောင် အချို့ဖြတ်သွားသော်လည်း ရုတ်တရက်ပြန်ပျောက်သွားကာ ပျော်ရွှင်နေသော အပြုံးကို ဆင်ထားရင်း
မိုမို သားရဲကမ္ဘာ အကြောင်းအားပါးတရရှင်းပြပြီးနောက် သူ့ရဲ့ သားကောင်များထည့်ထားသော ခြင်းတောင်းကိုယူကာ နှုတ်ဆက်ပြီးနောက် ဂူသို့ပြန်သွားတော့သည်။
uni
မိုမို နှင့် ဖုန်းကျင်း တို့နှစ်ယောက်သားတောထဲသို့ အမဲလိုက်ရန်သွားတော့သည်။ နောက်ရက်အနည်းငယ်ဆိုရင် ဆောင်းဝင်မည်ဖြစ်တာကြောင့် ဂူထဲတွင်သာအေးဆေးနေသင့်သော်လည်း ဖုန်းကျင်း ရောက်လာတာကြောင့် လူနှစ်ယောက်ဖြစ်သွားကာ ရိက္ခာမလောက်ပေ။
ထို့ကြောင့် မိုမိုက သူ့မီးဖိုချောင်ရှိ နွယ်ကြိုးဖြင့်ပြုလုပ်ထားသော ခြင်းအကြီး နှစ်လုံးကိုယူလိုက်သည်။ ပုံမှန်ဆိုသူရသမျှ နယ်မြေထဲပစ်ထည့်တက်သော်လည့် ခုတော့ အခြားလူတစ်ယောက်ရှိနေသည်လေ။
ဘယ်လိုဘဲ ခင်တယ်ပြောပြော လှို့ ဝှက်ချက်တိုင်းပြောပြလို့မှမရတာ။ ဖုန်းကျင်း သူ့ကိုပေးသော ခြင်းတောင်းကိုကြည့်လိုက်သည်။ ထို့နောက်သူရုတ်တရက်တွေး မိသည်မှာ မိုမို က သားရဲနတ်ဘုရားရဲ့ ကောင်းချီးပေးမခံရတာ သေချာလားဟုပင်။
သူ ( မိုမို)က မီးလည်းမွှေးတတ်သလို ထူးဆန်းသော အရာများလည်းလုပ်တတ် ကာ အချို့အရာတွေဆို ကျမ်းစာထဲတွင်ပင်ဖော်ပြထားခြင်းမရှိပေ။ ဖုန်းကျင်း ထိုခြင်းကို လွယ်ကာ မိုမို နောက်လိုက်သွားတော့သည်။
အချိန်အချို့ကြာပြီးနောက် ဖုန်းကျင်း ကျောရှိခြင်းတောင်းတွင် သားကောင်ငယ်လေးများရှိနေသည်။ ဘယ်လိုဘဲ သားရဲနတ်ဘုရား ကောင်းချီး ပေးခြင်းမခံရဘူးပြောပြော အထီး က အထီးများပင် ။
မိုမို ဖုန်းကျင်း ကိုအားကျစွာကြည့်လိုက်မိသည်။ အထီးချင်းအတူတူတောင် ဘာလို့သူက အမဲမလိုက်နိုင်တာလည်း။
ယနေ့တွင် ဖုန်းကျင်း ရှိတာကြောင့် တောအနက်ပိုင်းထိသွားဖြစ်ကြကာ ဆားအသီးအချို့နှင့် ဟိုလို သီး အချို့ကို ကိုပါခူးလိုက်သည်။
ဟိုလိုသီး တွေက ပျော့ပျောင်းသော ကန်စွန်းဥ ပုံစံမျိုးရှိကာ အပင်ထိပ်တွင်သာပေါက်ကြပြီး ၎င်းတို့ကို အချိန်ကြာကြာ နေလှမ်း ထားလျှင် ခြောက်သွေ့ပြီး အပြင်ခွံက မာသွားကာ ခွဲလိုက်လျှင်သကြားများရသည်။
ထိုအသီးများက များသောအားဖြင့် တောနက်ထဲတွင်ရှိသည့်အပြင် အပင် ထိပ်မှာ သာပေါက်ကြတာများသည်။ ထို့ကြောင့်သူ သကြားမစားနိုင်တာပင်။ ယခုတွင်ဖုန်းကျင်းပါ ပါလာတာကြောင့် သူ့ကိုခူးခိုင်းလို့ရသည်။
ဖုန်းကျင်းက မိုမို ပြောသလို ထိုအသီးအမြောက်အများ ခူးလာပေးကာ သစ်ကိုင်း များပါခူးပေးခဲ့သည်။ ထို့နောက် ဆားအသီးအချို့နှင့် သစ်ကိုင်းများကိုယူကာ ဓားပြုလုပ်လို့ရသည့် ဓားအရွက် (သူ့ဘာသာနာမည်ပေးခြင်း) ရှိရာသို့သွားလိုက်သည်။
ဖုန်းကျင်းက သူ့ရဲ့ ကြီးမားသော အနီရောင်အတောင်ကြီးကို နောက်ကျောတွင် ပေါ်လာစေကာ ဓားအရွက်နှင့် အပင်ထိပ်ရှိအသီးများကို ခူးတော့သည်။
ဖုန်းကျင်း သတိမထားမိတာကြောင့် သူ့လက်တွင်ရှရာများပေါ်လာသည်။ ထို့ကြောင့်မိုမိုက အနီးတွင် ဒဏ်ရာ သက်သာစေသော အရွက်အချို့ကိုရှာကာ ဆေးလိမ်းပေးရပြန်သည်။
ထို့နောက် သစ်စေး ဖြင့်ထိုအရွက်များကိုမာအောင်ပြုလုပ်ရသေးသည်။ ဖုန်းကျင်းက မိုမိုလုပ်သမျှဘေးကနေ တောက်ပနေသော မျက်လုံးဖြင့်ကြည့်နေ တတ်သည်။
မိုမိုတို့ လိုအပ်သမျှကို ရှာဖွေပြီးနောက်အတော်လေးလုံလောက်သွားပြီ ဖြစ်ကာ ဟိုလိုသီး ပါရလိုက်တာကြောင့် မိုမို အရမ်းပျော်နေသည်။
သူတို့နှစ်ယောက်သားဂူသို့ပြန်လမ်းတွင် ပျော်ရွှင်နေသော အသံများနှင့် ဆူညံသံများကိုကြားလိုက်ရသည်။
ပွဲတော်လုပ်နေတာလား ဆောင်းဝင်တော့မှာကို မိုမိုက ယူလာသည့် ပစ္စည်းများကို သူ ဂူတွင်ထားကာ စပ်စုရန်ထွက်လာသည်။ ဖုန်းကျင်း ကတော့ ငှက်ပုံပြောင်းကာ မိုမို ပု ခုံးပေါ်တွင် ထိုင်ရင်းလိုက်လာသည်။
မိုမိုက ထိုပွဲလုပ်နေသောနေရာနှင့်မနီးမဝေးတွင်ထိ သွားလိုက်ကာ ချောင်းကြည့်နေလိုက်သည်။
"လောင်ကျန်း ကအရမ်းတော်တာဘဲ သူ့ကြောင့် အနက်ရောင်ကျားသစ် မျိုးနွယ်စုက ဂုဏ်တက်တော့မှာဘဲ"
"ဟုတ်ပ သားရဲနတ်ဘုရားရဲ့ တမန်တော်ကို ခေါ်လာနိုင်တယ်ဆိုတော့ ကျန်းကျန်း တော့ သူမ( အမနှင့် မိန်းမများကိုမိန်းမလို့သတ်မှတ်ကြတယ်)သားကိုဂုဏ်ယူနေတော့မှာဘဲ။"
''သားရဲနတ်ဘုရားရဲ့တမန်တော်?''
မိုမိုက ချောင်းကြည့်ရာကနေ ခပ်တိုးတိုးရေရွတ်ကာ သူ့ပုခုံးရှိဖုန်းကျင်းကိုကြည့် လိုက်သည်။
ဖုန်းကျင်းကတော့ထိုစကားကို ကြားတော့ ပွဲတော်အလယ်တွင်ရှိသော အမ ကိုကြည့်လိုက်သည်။ မိုမိုလည်း ဖုန်းကျင်းကြည့်သည့်နေရာသို့ကြည့်လိုက်တော့ အံဩသွားကလေသည်။
ပြောရရင် ထိုအမက မော်ဒန်ခေတ် တွင်ရှိသော ရှပ်လက်ရှည်နှင့် ဂျင်းဘောင်းဘီကိုဝတ်ထားကာ အပေါ်တွင်လည်သာကုတ်နှင့် ရှုးဖိနပ်ဝတ်ထားပြီး သူ့ရဲ့ပုံက အနုပညာရှင်နှင့်တူလေသည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုအဝတ်များက ပြဲနေကြသည်ကိုပင်။
မိုမို အချိန်အချို့ ချောင်းကြည့်ပြီးနောက်တော့ သူ့ရဲ့ဂူသို့ပြန်သွားတော့သည်။
ထို့နောက် ခြင်းထဲမှ ကစ္စည်း များထုတ်ကာ သိမ်းတော့သည်။
'' တောင်းပန်ပါတယ် ကိုယ် သားရဲကြီးတွေကို အမဲမလိုက်နိုင်ခဲ့ဘူး ''
'' အဲ့တာပြဿနာမဟုတ်တာကြောင့်တောင်းပန်စရာ မလိုပါဘူး ခုလည်းသားကောင်တွေ အများကြီးရလာတာဘဲ လုံလောက်တာထက် ပိုပါတယ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားပါ''
''အင်း''
ဖုန်းကျင်း မိုမိုပြောစကားကြောင့် ပြုံးမိသွားကာ ပစ္စည်းအချို့သယ်ရင်း သွားကူတော့သည်။
ထို့နောက်တွင် ညနေစာကို သူအခြောက် လှန်းထားသော အသားဖြင့် ဆန်ပြုတ်လုပ်ကာ စားပြီးနောက် ဖုန်းကျင်းကို ဂူ၌ ထားခဲ့ကာ သူသားကောင်ကို သန့်ရှင်းရေးလုပ်ရန်ချောင်းသို့သွားတော့သည်။
မိုမိုက ချောင်းသို့ရောက်တော့ သူ့လက်ကိုဖြန့်လိုက်ချိန် ကြာဖူးလေးထွက်လာကာ ပွင့်ချပ်သုံးခုပွင့်နေသည်။
"တစ်ခုတိုးလာတာဘဲ ကြည့်ရအောင် လက်မှု့ပညာဖြစ်မယ်ထင်တယ်"
(မေ့နေမှာစိုးလို့ မိုမို မှာ ဆေးပညာအသိရယ် နယ်မြေရယ်ရှိတာကြောင့်ပွင့်ချပ်နှစ် ခုပွင့်လာတယ်နော် ခုလက်မှု့ပညာက ပွင့်ချပ်အသစ်ပါ)
ထို့နောက် မိုမိုက ကြာဖူးကိုပြန်သိမ်းကာယူ လာသော သားကောင်များကို သန့်ရှင်းလိုက်သည်။
ထိုအချိန်သူ့နောက်က ခြေလှမ်းအချို့ကို ကြားလိုက်သဖြင့်လှည့်ကြည့်လိုက်တော့ သူခုနကတွေ့ခဲ့သည့် သားရဲနတ်ဘုရားရဲ့တမန်တော် ဆိုသည့် အမဖြစ်နေသည်။
ယခုတွင် သူမရဲ့ အရင်အဝတ်များမဟုတ်တော့ဘဲ ဇိုင်း ရွက်များဖြင့် ပြုလုပ်ထားသော ပေါင်လယ်လောက်ထိရှိသည့် အမ နှင့် မိန်းမများ ဝတ်ကြသည့် ကျောဖော် ထားသော ဂါဝန်ကိုဝတ်ထားကာ သူမရဲ့ ကျောရှိ အမ ဆိုသည့်အမှတ်အသားကို ဖော်ပြထားသည်။
ထိုအမှတ်က အခြားသော အမှတ်များနှင့်မတူဘဲ မတူညီသော အရောင်များဖြင့် ကနုတ်ပန်းပွင့်လေ များရှိနေသည်။ အမ် ကြည့်ရတာ တက်တူး နဲ့တူတယ်လို့ဘာလို့ခံစားရတာလည်း။
သားရဲကမ်ဘာ တွင် အမများရဲ့အမှတ်များက လှပေသာ အမှတ်များရှိကာ ထိုအမှတ်များသ သူတို့ရဲ့နောက်ကျောတွင်ရှိကြပြီး အရောင်စုံလေ ထိုအမက ပိုတန်ဖိုးရှိလေဖြစ်ကာ သားရဲနတ်ဘုရား ကောင်းချီး ခံရမှု့လည်းများပြီးသား ဖွားနှုန်းမြင့်ကြသည်။ အမများက အများဆုံး အရောင် ငါးရောင်သာရှိကာ ထိုထက်မပိုပေ။
ကြည့်ရတာသူ့ရှေ့ရှိအမကို သားရဲနတ်ဘုရားတမန်ေတာ်ဟု ထင်ရခြင်းမှာ သူ့ကျောရှိ အမှတ်တွင်ရှိသောအရောင်မှာ ငါးရောင်မကရှိနေသောကြောင့်ပင်။
အ
ပေါ်ကပုံတွေကဒီတိုင်းမျက်လုံးထဲပေါ်အောင်လို့ပြထားတာ အမေတွက အဲ့လိုမျိုးမဟုတ်ဘဲ ကျောမှာ စိန်ပုံစံ ပန်းတွေအနွယ်အခတ်တွေနဲ့ရှိနေတာမျိုးနော်)
အမေတွက ထိုအမှတ်ကို ဂုဏ်ယူကြကာ ကြွားသောအားဖြင်ဘ သူတို့ရဲ့ နောက်ကျောကိုဖော်ပြသော အဝတ်များဝတ်တတ်ကြသည်။
အထီးများကတော့ ဘောင်းဘီ သို့မဟုတ် စကပ်တို များဝတ်တတ်ကြကာ အပေါ်ပိုင်းတွင် အဝတ်သိပ်မဝတ်ကြဘဲ အဓိကနေရာ ဖုံးရုံသာ ဝတ်ကြကာ ဘောင်းဘီဝတ်သူတောင်သိပ်မရှိပေ။
သို့သော် သူ့ သူငယ်ချင်းလေး ဖုန်းကျင်း ကေတာ့ အပေါ် အိင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်ဝတ်ရတာကြိုက်သည်။
'' Hi how can I help you ''
မိုမို သူ့ရဲ့ သံသယ အချို့ကြောင့် eng လိုပြောလိုက်သည်။ သူအစက ထိုအမက မော်ဒန်ခေတ် ကဟုထင်ခဲ့တာကြောင့်မေးသော်လည်း ထိုအမက သူ့ကိုကြောင်ကြည့်နေတာကြောင့် သူ့ကိုယ်သူပြန်ရီမိသည်။ ဘယ်လိုဘဲ အဝတ်တွေက မော်ဒန်ခေတ် ကနဲ့တူတူ ကူးပြောင်းလာတဲ့ သူတော့ မဖြစ်နိုင်လောက်ဘူး။
သို့သော် သူ့အတွေးများမဆုံးခင်တစ်ဖက်လူပြောလာသော စကားကြောင့် လန့်သွားရသည်။ တစ်ဖက်ကအမက သူကို အံဩ တကြီးအထက်အောက်ကြည့်ရင်း
'' You can speak english ''
ထိုစကားပြောပြီး နောက်ရုတ်တရက်တိတ်ဆိတ်သွားကာ မိုမို သူ့ရှေ့က အမကိုအံဩ တကြီးကြည့်ရင်းပျော်ရွှင်သွားသည်။
"မင်းက ကူးပြောင်းလာတဲ့သူဘဲ"
မိုမိုရဲ့ စကားအဆုံးထိုအမရဲ့ မျက်လုံးတွင် ထူးဆန်းသော အလင်းရောင် အချို့ဖြတ်သွားသော်လည်း ရုတ်တရက်ပြန်ပျောက်သွားကာ ပျော်ရွှင်နေသော အပြုံးကို ဆင်ထားရင်း
'' ဟုတ်တယ် ငါတို့နှစ်ယောက်လုံးကူးပြောင်းလာတဲ့သူတွေဘဲ မင်းစိတ်မရှိရင် ငါ့ကို ဒီနေရာအကြောင့် ပြောပြလို့ရမလား"
"ရတာပေါ့ငါ့နာမည်က မိုမိုပါ လာလေ လာထိုင် ထိုင်ရင်းနဲ့ပြောပြမယ်"
မိုမို သားရဲကမ်ဘာ အကြောင်းအားပါးတရရှင်းပြပြီးနောက် သူ့ရဲ့ သားကောင်များထည့်ထားသော ခြင်းတောင်းကိုယူကာ နှုတ်ဆက်ပြီးနောက် ဂူသို့ပြန်သွားတော့သည်။
ထို့နောက်ရုတ်တရက်ရက်သွားပြီးညဉ်းညူလိုက်သည်။
"အာ.. ငါသူ့ကိုနာမည်မေးဖို့မေ့သွားတယ်"
တစ်ဖက်တွင် မြစ်ကမ်းဘေး တွင်ကျန်ခဲ့သော အန်ကျိုး ကသူ့ရဲ့လက်ကို တင်းတင်းဆုပ်လိုက်ကာ ဒေါသကြီး ခဲလုံးတစ်လုံးကိုယူပြီး မြစ်ထဲပစ်ပေါက်လိုက်သည်။
ဘာလို့ သူတစ်ယောက်တည်းက ထူးခြားတဲ့သူမဟုတ်ရတာလည်း ဘာလို ့ကူးပြောင်းလာသူ နောက်တစ်ယောက်ရှိနေရတာလည်း ဟင်းဟင်း သိပ်မကြာတော့ပါဘူး မကြာခင် ကူးပြောင်းလာတဲ့လူက ငါတစ်ယောက်တည်းရှိတော့မှာ ဆန်းကြယ်တဲ့ အတက်ပညာတွေကို ပြုလုပ်တတ်တယ့် သားရဲနတ်ဘုရားရဲ့တမန်တော် အနေနဲ့ပေါ့
အန်ကျိုး မိုမို ထွက်သွားသောနေရာကို ကောက်ကျစ်စွာကြည့်လိုက်သည်။ သူက ကျော်ကြားသော အနုပညာရှင်တစ်ယောက်ဖြစ်ကာ ရိုက်ကွင်းတွင်မတော်တဆ အချို့ကြောင့် ဒီနေရာကို ကူးပြောင်းလာရလေသည်။
အစက သူနေရာစိမ်းကို ရောက်လာတာကြောင့်ကြောက်ကြပေမယ့် သူ့ကျောက တက်တူး ကိုမြင်တော့ သူ့ကို နတ်ဘုရား တစ်ပါးလို သဘောထားနေကြတာကြောင့် တဖြည်းဖြည်း ဘဝင်မြင့်လာသည်။
သူ အနက်ရောင် ကျားသစ် ကိုရွေချယ်ရခြင်းမှာ ထိုအနက်ကျောင်ကျားသစ် များက ခန့်ညားကာ ကြီးမားသော ကိုယ်ခန္ဓာရှိပြီး လျှင်မြန်သော ပြေးနှုန်းရှိကြကာ အမဲလိုက်ရာတွင်တော်ကြတာကြောင့်တာဖြစ်သည်။
သူကအစတည်းက gay တစ်ယောက်ဖြစ်ကာ အရင်က သူ gay ဆိုတာပြောလို့မရပေမယ့် ခုတော့လွတ်လွတ်လပ်လပ် ယောက်ျားများကို သဘောကျနိုင်သည့်အပြင် တစ်ယောက်ထက်မက လက်ထက်နိုင်သည်ပင်။
သန်မာတဲ့အထီးမှန်သမျှ ငါ့ခြေထောက်အောက်မှာဝပ်တွားခယပြီး ငါ့မိတ်ဖက်ဖြစ်လာရမယ်။
Bạn đang đọc truyện trên: AzTruyen.Top