25+26

အယ်လ်မှာ သူ့ကို ဆက်တိုက်တောင်းပန်ခိုင်းနေသည့်မိခင်ဖြစ်သူကို ကြည့်ကာ တိတ်သွားပြီး ဘာဆက်ပြောရမှန်းတောင်မသိသလိုခံစားလိုက်ရသည်။

ငယ်ငယ်ကတည်းက တောမစ်ကိုသာ အမြဲအလိုလိုက်နေခဲ့ပြီး သူမကဲ့ ကလေးဖြစ်သည့်သူ့ကိုတော့ အကြည့်လေးတစ်ချက်တောင်မပေးခဲ့ပေ။

အယ်လ် သူ့လက်သီးကို ခက်တင်းတင်းစုပ်လိုက်ပြီးနောက် သူ့ရင်ဘက်ကို မြင့်ကာ ခေါင်းကိုမော့ပြီးနောက်

" ငါ့လို တော်ဝင်မင်းသားတစ်ပါးက ဘယ်ကမွေးလာမှန်းမသိတယ့် လူတစ်ယောက်ကို ငါမမှားဘဲ မတောင်းပန်နိုင်ဘူး "

စကားဆုံးသည်နှင့် ချက်ချင်းသူ ကျောပေးကာ လှည့်ထွက်သွားပြီး နောက်မှ ဒေါသတကြီး အော်ခေါ်နေသော မိခင်ဖြစ်သူကို လျစ်လျူရှူ့ လိုက်သည်။

အယ်လ် အခန်းပြင်ရောက်သည်နှင့် သူထိန်းထားသော မျက်ရည်များက တစ်စက်ပြီး တစ်ဆက်ဆက်တိုက်ကျဆင်းလာသည်။

သူ သူ့ရဲ့ အင်္ကျီကို ခပ်တင်းတင်းကိုင်ကာ မငိုမိအောင်ထိန်းလိုက်သည်။

သူခေါင်းငုံ့လိုက်ချိန် သူ့အပေါ်အရိပ်တစ်ခုကျလာလေသည်။ သူမော့ကြည့်လိုက်တော့ သူ့ရှေ့ကလူကသူ့ကို လက်ကိုင်ပုဝါ တစ်ခု ကမ်းပေးလာသည်။

"အရှင် ရေဗန်ဂျောန် ကိုအရိုသေပြုပါတယ်"

အယ်လ် သူ့ကိုကမ်းပေးလာသည့် လက်ကိုင်ပုဝါ ကို ဂရုမစိုက်ဘဲ အရိုသေပေးပြီးနောက် အနောက်ကိုလုံးဝလှည့်မကြည့်ပဲ စာကြည့်တိုက်ဟောင်းကိုသာ တည့်မတ်စွာသွားလိုက်သည်ါ

ဂျောန် သားဖြစ်သူကို ကြည့်ကာ တစ်စုံတစ်ခုပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် ပြန် ပိတ်သွားကာ ဘာပြောရမှန်းမသိပေ။

သူ စကားလုံးအချို့ စီနေချိန်မှာ အယ်လ်က အဝေးကိုရောက်သွားတာကြောင့် ပုဝါကိုပြန်သိမ်းကာ အဆောင်ထဲ ဝင်သွားလိုက်သည်။

"ဒီခွေးကောင်တွေ ငါနင်တို့ကို သေအောင်သတ်ပစ်မယ်"

အယ်လယ် သူ့ရှေ့ကမြင်ကွင်းကိုရပ်ကြည့်ရင်း သူ့နှလုံးတစ်ခုလုံး အညာတာမဲ့ ဆွဲညစ်ခံလိုက်ရသလိုခံစားလိုက်ရသည်။

သူ့ဘဝတသ်လျောက်နဲ့ အဖော်ပြုပေးခဲ့သည့် စာကြည့်တိုက်ဟောင်းကြီးက အမှိုက်ပုံကြီးတစ်ခုလိုပြိုကျနေပြီး ထို အပုံကြီးရှေ့မှာ ဆံပင်အစိမ်းရောင်နှင့် လူနှစ်ယောက်မက်တပ်ရပ်နေသည်။

" အိုင်း ဘာဖြစ်နေတာလဲ စာကြည့်တိုက်ဟောင်းလေးတစ်ခုပဲဟာ ဘာ တန်ဖိုးရှိတာများရှိနေလို့လဲ"

လန်းစ် က လှောင်ပြောင်သည့်လေသံနှင့်ပြောလိုက်ကာ အယ်လ်ရဲ့ဒေါသကိုဆွနေသည်။

အယ်လ် မှော်ဂါထာ တစ်ခုကိုရွတ်လိုက်ကာ သူ့လက်ထဲမီးလုံးပြီးတစ်ခုပေါ်လာသည်။ ဒီ ဝမ်းကွဲ နှစ်ယောက်က သူ့ကို အမြဲမခံချင်အောင် အနိုင်ကျင့်ကြပေမယ့် ဒီတစ်ခါတော့လွန်သွားပြီ။

" အမလေး တအားတွေဒေါသထွက်နေတာ မဟုတ်မှ ဒီမှာ အလှလေးတစ်ယောက်ယောက်များဝှက်ထားတာလားနော် "

အန်းစ်က ဆက်ပြီးလှောင်ပြောဂ်နေသည်။

"ဒီနေ့ငါ နင်တို့ကို မရိုက်နိုင်ရင် ငါအသက်ရှင်မနေတော့ဘူး "

ထိုသို့ပြောပြီးနောက် သူ့လက်ထဲကမီးလုံးကို ပစ်လွတ်လိုက်သည်။

ညီကိုနှစ်ယောက်ကထိုမီးလုံးကိုရှောင်ကာ အယ်လ်ဒေါသမထွက် ထွက်အောင်လိုက်စနေသည်။

အမွှာနှစ်ယောက်က ငယ်ငယ်ထဲက သူတို့ထက်အားနည်းသည့် အယ်လ် ကိုအနိုင်ကျင့်ရတာသဘောကျကာ သူဒေါသထွက်အောင်အမျိုးမျိုးလုပ်ကြသည်။

အယ်လ်ကို စိတ်တိုအောင်လုပ်ဖို့ ရူးကြောင်ကြောင် အကြောင်းပြချင်တွေကိုသုံးလေ့ရှိကာ ဒီနေ့ကတော့ သူတို့လုပ်သမျှထဲက အဆိုးဆုံးနှင့် အရူးသွပ်ဆုံးဖြစ်သည်။

သူတို့နှစ်ယောက်က အယ်လ် ခန်းမထဲကထွက်သွားသည်နှင့်နောက်က အမြန်လိုက်ထွက်လာကာ စာကြည့်တိုက်ဟောင်းဆီ အမြန်ပြေးသွားကြပြီး ဖျက်ဆီးခြင်းမှော်ကိုသုံးကာ စာကြည့်တိုရ်ကို ဖျက်စီးခဲ့သည်။

ဘယ်သူကဂရုစိုက်နေလို့လဲ စာကြည့်တိုက်ဟောင်းပဲလေ သူတို့မဖျက်စီးလဲ မကြာခင်တခြားသူတွေက ဖျက်ပြီးအဆောက်အုံတစ် ဆောက်မှာဘဲဟာကို ။

သူတို့ အယ်လ်ကို ဒေါသထွက်အောင်စနောက်ချင်ပေမယ့် အယ်လ်ကတော့ ခွေးရူးတစ်ကောင်လိုဖြစ်နေကာ သူတို့နှစ်ယောက်ကိုသာ ဆက်တိုက်မနားတမ်းတိုက်ခိုက်လာသည်။

အယ်လ်က မှော်ကျောင်းတော်ရဲ့ အဆင့်သုံးနေရာဆိုတာကို ဒီတိုင်းရလာတာမဟုတ်ပေ။ သူကအနက်ရောင်စုန်းဖြစ်တာကြောင့် အခြားသူတွေဆက်လေးငါးဆ ပိုကြိုးစားရသည်။

ထို့ကြောင့်သူသိသည့်မှော်ဂါထာများက အမွှာ နှစ်ယောက်သိသည်ထက်ပိုသည်။

အယ်လ် သူ့လက်ကို ကောင်းကင်ပေါ်မြောက်လိုက်ပြီး မှော်ဂါထာရှည်ကြီးကို အဆက်မပြတ်ရွတ်ဆိုနေသည်။

"သွားပြီ သူလုံးဝရူးသွားပြီ သူ့ကိုယ်သူတောင်ဂရုမစိုက်တော့ဘူး"

အန်းစ်းက အယ်လ်ရဲ့လက်မောင်းကို ဦးတည်ပြီး တိုက်ခိုက်ရေး လေမှော်ကို ပစ်လွတ်လိူက်သည်။ ထိုမှော်က အယ်လ်ရဲ့ လက်မောင်းဆီ တည့်တည့်ရောက်သွားကာ ဓားအသေးစားတစ်ခုလိုဘအယ်လ်ရဲ့ လက်မောင်းနှင့် လက်တို့ကို ပိုင်းဖြတ်နေကာ သွေးတွေအဆက်မပြတ်စီးကျလာစေသည်။

အမွှာနှစ်ယောက်က အစထဲက ဖျက်စီးရေးမှော်အတွက် စွမ်းအင်တွေ အများကြီးသုံးထားတာကြောင့် အားနည်းနေသည်။ ဒါ့အပြင် အခြေနေမဟန်တာမြင်တော့ထွက်ပြေးရန်ပြင်လိုက်သည်။

"ဘယ်သွားမလို့လဲ "

အယ်လ်က ထူးဆန်းသည့်အပြုံး တစ်ခုနှင့် ရူးသွပ်နေသည့်လူလို သူတို့ကိုကြည့်လာပြီးနောက် လက်ညှိုးဖြင့်ညွန်လိုက်သည်။

ကြည်လင်နေသည့်ကောင်းကင်ကရုတ်တက် တိမ်မဲတွေရဲ့ ကျူးကျော်ခြင်းခံလိုက်ရကာ နန်းတော်ထဲရှိလူတွေသာမက အပြင်ကလူတွေပါ သူတို့လုပ်နေသည့်ကိစ္စများကို ရပ်ကာ ကောင်းကင်ကို မော့ကြည့်လာသည်။

စီလီယာက တောမစ်ကိုနှစ်သိမ့်နေရာကနေ ချက်ချင်းထကာ ကောင်းကိုကိုကြည့်လိုက်သည်။

"ဘယ်သူကနန်းတော်ထဲမှာ သေမင်းကိုဖိတ်ခေါ်ခြင်း မှော်သုံးရဲရတာလဲ "

ထိုသို့ပြောနေရင်းသူမ ပျံသန်းနိုင်သည့်မှော် ပစ္စည်းတစ်ခုကိုထုတ်ကာ အခင်းဖြစ်ရာနေရာသို့ ဂျောန် နှင့်အတူ သွားလေသည်။

ကျန်ခဲ့သည့်တောမစ်က ကြောင်တောင်တောဂ်ဖြစ်နေပြီးမှ သတိဝင်ကာ သူလဲ မှော်ပစ္စည်းတစ်ခုထုတ်ပါ ပြေးလိုက်သွားသည်။

သေမင်းကိုဖိတ်ခေါ်ခြင်းက မိုးကြိုးအမျိုးစားမှော်ဖြစ်ကာ မြောက်မြားစွာသော စွမ်းအင်တွေအသုံးပြုရသည့်မှော်ဖြစ်ပြီး စုန်း သုံးဦးမှ လေးဦးထိ လိုအပ်ကာ ထိုမှော်စလိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးကိုဖျက်ဆီးပစ်မည်ပင်။

ထိုမှော်မျိုးက တိုက်ပွဲကြီးတွေမှာ အသုံးပြုလေ့ရှိသည့်မှေည်ဖြစ်ပြီး ခုလိုနန်းတွင်းထဲမှာအသုံးပြုတာ လူတိုင်းကို သေတွင့်ပို့နေသလိုပင်။ အရမ်းရဲတင်းလွန်းတယ်။

နန်းတော်ထဲရှိ ရာထူးကြီး သူများနှင့် အစေခံအချို့က အခင်းဖြစ်ရာနေရာသို့ရောက်သွားသည်။

မိုးကြိုးများက သိပ်အားမပြင်းသလို အာ့ပျော့နေတာလဲမဟုတ်ပေ စီလီယာက အကာကွယ်မှော်ဂါထာ ကိုရွတ်လိုက်ပြီး ထိုနေရာကို ကာရံထားလိုက်သည်။ 

" အန်းစ်း လန်းစ်း "

အမျိုးသမီးတစ်ဦးကသူမရဲ့ ဂါဝန်ရှည်ကြီးကိုမကာ လဲကျနေသော အမွှာနှစ်ယောက်ထံ ပြေးသွားလေသည်။

"သတိထား"

စီလီယာက အမွှာနှစ်ယောက်မိခင်ထံ ကျရောက်လာသော မိုးကြိုးကိုကာပေးလိုရ်ပြီးပြောလိုက်သည်။ အမွှာနှစ်ယောက်ရဲ့အဖေဖြစ်သူက လေထဲမက်တပ်ရပ်ကာ ဝိဥာဥ် လွင့်သလိုဖြစ်နေသော အယ်လ်ကို ဦးတည်တိုက်ခိုက်လိုက်သည်။

Mana အများကြီးလိုတယ့် အစီရင်ကို တစ်ယောက်ထဲ ထောက်ပံ့ရတာကြောင့်အစီရင်က အားပျော့နေကာလုံလောက်အောင်မသန်မာပေ။

ဗဝိုချက်ကို တိုက်ခိုက်ခံရတာကြောင့်အစီရင်က အားနည်းသွားက ချက်ချင်းငြိမ်သက်သွားသည်။

အသိပြန်ဝင်လာသော အယ်လ်က အမွှာနှစ်ယောက် အသက်ရှင်နေသေးတာကိုမြင်တော့ နောက်ထက် ဂါထာတစ်ခုကိုရွတ်ရန်ပြင်လိုက်သည်။

"တော်တော့ "

အသံအိုကြီးတစ်ခုကထွက်ပေါ်လာကာ ဒဏ်ရာတွေပြည့်နေသည့် အမွှာနှစ်ယောက်ကို ကုသရေးမှော်သုံးပြီးကုသပေးလိုက်သည်။

"အရှင်မင်းကြီး"

လူတိုင်းက ဦးညွတ်အရိုသေပြုလိုက်သည်။

အယ်လ်က ရှုပ်ပွနေသည့်ဆံပင် သွေးစွန်းနေသောလက်တစ်ဖက်နှင့် စိတ်ဝိဥာဥ် ထိခိုက်ထားသောကြောင့် မတည်ငြိမ်ဖြေစ်နေသော Mana ပတ်လမ်းကြောင်းဖြင့်ဝန်းရံထားကာ တစ်ဖက်လူကို မထီမဲ့မြင်ဝန်ဖြင့်ကြည့်လာသည်။

"အော်ခုချိန်ထိအသက်ရှင်နေတာပဲ အဖိုးကြီး"

"ရိုင်းစိုင်းလိုက်တာ "

အယ်လ်ရဲ့အဖိုး ဖြစ်သူက သူ့ရဲ့ မှော်တုတ်ရှည်ကို ကြမ်းပြင်နှင့်ဆောင့်လိုက်သည်။

အယ်လ် ထိုအဖိုးကြီးကိုတိတ်တဆိတ် ကြည့်နေပြီးနောက် သူ့ရင်ဘက်က မိသားစုတဆိပ်ကို ဖြုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။

"ကောင်းပြီ ဘာပဲဖြစ်ဖြစ် ဒီအဖြစ်ပဲလာမှဆိုတော့ ငါ အယ်လ် ရေဗန်အယ်လ်သည် ရေဗန်တော်ဝင်မိသားစုမှ နှုတ်ထွက်ပြီး အနာဂတ်မှာ ဘာပြဿနာဖြစ်ဖြစ် ရေဗနိမိသားစုရဲ့ မျိုးရိုး အမည်ကိုအသုံးပြုမည်မဟုတ်ပါ"

"အယ်လ် ခုချက်ချင်း ကိုယ့်အမှားကို ဝန်ခံပြီးတောင်းပန်လိုက်ရင် ရေဗန် သွေးကြောင့်ခွင့်လွှတ် ပေးမယ်"

"ထွီး ဒီမှာအဖိုးကြီး မနက်ဖန် ပဲ သေရတော့မှာကို အေးဆေးလေးလစ်လိုက်စမ်းပါ ခင်ဗျုးရဲ့ ပုပ်ပွနေတယ့် ပါးစပ်ကြီးကိုဖွင့်မလာနဲ့ "

"အယ်လ် "

စီလီယာ ဒေါသတကြီးအော်ကာ ဖြောင်းဖျရန်ရှေ့တိုးလိုက်သည်။

"ပိတ်ထား ဒီမှာ ဒီကအမျိုးသမီး ခင်ဗျားကကျုပ်ရဲ့ မိခင်ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ဘယ်တော့မှ မိခင်ကောင်းဖြစ်လာမှာမဟုတ်ဘူး ပြီးတော့ ဂျောန်ဆိုတဲ့ တစ်ယောက် ခင်ဗျားလဲ မိန်းမစကပ်နားကပ်နေတယ့် လူတစ်ယောက်ကလွဲပြီးဘာမှမပိုဘူး ပြီးတော့တောမစ် နင်ဘာမှော်ဘဲ သုံးသုံး မိသားစု သစ်ပင်မှာ တောမစ်ဆိုတယ့် နာမည်ကရှိလာမှာမဟုတ်ဘူး "

အပြောခံလိုက်ရသည့်တောမစ်မျက်နှာက ဖြူစုတ်သွားကာ စီလီယာက တိတ်သွားပြီး အယ်လ်ကိုကြည့်နေကာ ဂျောန်ကတော့ မျက်နှာလွဲလိုက်သည်။

အယ်လ် သူပြောချင်ရာပြောပြီးနောက် သူ့လက်ကသွေးဖောက်ကာ ကျိန်ဆိုလိုက်သည်။

သူကျိန်ဆိုပြီးသည်နှင့် နန်းတော်တွင်းရှိ မိသားစုသစ်ပင်မှဘအယ်လ် အမည်က ပျောက်ကွယ်သွားလေသည်။

အယ်လ် နန်းတော်မှထွက်ပြီး မကြာမီ စုန်းနှင့် နဂါး စစ်ပွဲကြီးဖြစ်ပေါ်လာသည်။

နှစ်ပေါင်းများစွာ အိပ်ပျော်နေသည့်နဂါးတွေက အကြောင်းပြချက်ရေရေရာရာ မရှိဘဲ စုန်းတိုင်းပြည်ကို တိုက်ခိုက်လာသည်။

စစ်ပွဲမှာ စုန်းတွေအတော်လေးအထိနာနေကာ စစ်ပွဲအတွက် စစ်သားများစုစောင်းသည့် နေရာသို့အယ်လ်က ဝင်ကာ သူလဲပါဝင်ခဲ့သည်။

Bạn đang đọc truyện trên: AzTruyen.Top