24

'' မေမေ ''

အနက်ရောင် ဆံပင်ရှည်တွေနှင့်ကလေးတစ်ယောက်က လှပသည့် အနီရောင်ပန်းလေးကိုကိုင်ကာ အဖြူရောင်ဂါဝန်ရှည် ဝတ်ထားသည့် အမျိုးသမီးရှေ့သို့ပြေးလာသည်။

'' မေမေလှတယ်မလား မေမေဆံပင်နဲ့အရောင်တူတယ် ''

ထိုကလေးက သူ့ကျိုးနေသည့်ရှေ့သွားလေးတွေ ပေါ်အောင်ပြုံးပြကာ သူ့ရှေ့ကအမျိုးသမီးက သူယူလာသည့် ပန်းကိုသေချာမြင်ရအောင်မြောက်ပြနေသည်။

''လီယွန် ''
အမျိုးသမီးက သူမ မျက်ခုံးကြားကိုနှိပ်ကာ သူ့မဒူးလောက်တောင်မရှိသော ကလေးကို ကြည့်လိုက်ပြီး သူမလေသံက စိတ်ပျက်မှု့နှင့် စိတ်မရှည်မှု့တို့ရောနေသည်။

'' သခင်မ ''
သူမဘေးက ရေဗန်ဆိုသည့် အစောင့်တစ်ယောက်က ရှေ့သို့ထွက်လာလေသည်။

'' ငါပြောထားတယ်မလား သူ့ကိုငါ့အရှေ့ပေါ်မလာစေနဲ့လို့ ''

ထိုသို့ပြောပြီးနောက် အမျိုးသမီးကထွက်သွားပြီး သူမဘေးက သားဖြစ်သူကိုအကြည့် တစ်ချက်တောင် မပေးဘဲ ရှေ့သို့ထွက်သွားလေသည်။

'' သခင်လေး အယ်လ် ''

လီယွန်က အယ်လ် ရဲ့သေးငယ်သည့်ပုခုံးလေးကိုကိုင်ကာ သူ့အခန်းသို့ပြန်ရန်ဖြောင်းဖျလိုက်သည်။

အယ်လ် တစ်ဖက်သို့ စိတ်ဓာတ်ကျစွာလှည့်ထွက်သွားပြီး သူ့အနက်​ရောင် မျက်လုံးများက ငြိုးငယ်သွားကာ မျက်ဝန်းထဲ မျက်ရည်များပြည့်လာသော်လည်း ကျမသွားအောင်ထိန်းထားပြီး ခေါင်းငုံ့က လမ်းလျောက်သွားသည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးမကြာခင်မှာ ပျော်ရွှင်နေသော အသံသေးသေးလေးကို ကြားလိုက်ရသည်။

သူလှည့်ကြည့်လိုက်တော့ သူ့အမေဖြစ်သူနှင့်အဖေ ဖြစ်သူက အဖြူရောင် ဆံနွယ်များ ပိုင်ဆိုင်ထားသော ကလေးငယ်လေးကို လက်တွဲကာ အစေခံများခြံရံလျက် ကြည်နူးစရာကောင်းသောမိသားစု နှင့်တူနေသည်။

အယ်လ် သူထိန်းထားသောမျက်ရည်များက အနီတောက်တောက် ပွင့်ချပ် များထံ စီးကျသွားကာ အံတင်းတင်းကျိတ်လိုက်မိသည်။

လီယွန်က  တစ်ဖက်ကပျော်ရွှင်နေသော မိသားစုကို ကြည့်ကာ သက်ပျင်းချလိုက်ပြီး သူ့ဘေးက အသံမထွက်ဘဲ ငိုနေသော ကလေးလေးကိုကြည့်ကာ သက်ပျင်းချလိုက်သည်။

' ဘယ်သူကများ သူ့ကိုအမှိုက်တစ်ယောက်အဖြစ်မွေးဖွားခိုင်းလို့လဲ'

'' သခင်လေး''

'' သူက ရေဗန် မိသားစုတောင် မဟုတ်ဘဲဟာ ''
အယ်လ် ရဲ့မနာလိုသည့်အသံ သေးသေးလေးထွက်ပေါ်လာပြီး တစ်ဖက်သို့လှည့်ကာ ထွက်သွာလေသည်။

အယ်လ်ထွက်သွားပြီး မကြာမီ အနီဆံနွယ်ရှည်နှင့်အမျိုးသမီးက သူထွက်သွားရာသို့လှမ်းကြည့်လာသည်။

'' မေမေ ဘာဖြစ်လို့လဲဟင် ''

'' ဘာမှမဖြစ်ပါဘူး ဖေဖေ နဲ့သွားဆော့လေ တောမစ် ''

'' ဟုတ်''
ဆံပင် အဖြူရောင်နှင့် တောမစ်ဆိုသည့်ကလေးလေးက တောက်ပသော အပြုံးကြီးကြီးပြုံးကာ တစ်က်သို့လှည့်သွားပြီး ဆော့ကစားနေလေသည်။

ရေဗန်အယ်လ် ရေဗန်မိသားစုရဲ့ အမဲစက် ရေဗန်မိသားစုရဲ့ ရှက်စရာ အဖြစ်သတ်မှတ် ထားသည့် လူတစ်ယောက် သူ့ရဲ့ မိသားစု အမည်ကို ဘယ်တော့မှပြောခွင့်မရှိသည့် လူတစ်ယောက်

(စုန်းတွေက သူတို့ရဲ့ မိသားစု အမည်ကိုရှေ့မှာထားလေ့ရှိပြီး သူတို့ နာမည် ကြားတာနဲ့ စုန်းမှန်းသိအောင်ပါ)

အယ်လ် ရဲ့မိခင်က ဂရေယန်အင်ပါယာ တစ်ခုလုံးတင်မက တစ်ခြားတိုင်းပြည်တွေထိကျော်ကြားသည့် အနီရောင်ဆံနွယ်ပိုင်ဆိုင်ထားသော စုန်းမ ​တစ်ယောက်ဖြစ်သလို သူ့အဖေက ဂရေယန် အင်ပါယာရဲ့ ပါရမီ အရှိဆုံး မင်းသားတစ်ယောက်ဖြစ်ပြီး နောင်မှာကျိန်းသေဘုရင်ဖြစ်မည့် သူတစ်ယောက် ထိုကဲ့သို့ ကျော်ကြားသော သူနှစ်ယောက်က မွေးဖွားလာတယ့်ကလေးက သေချာပေါက် ေပြာစရာမလိုအောင် ထက်မြတ်မှာပင် သို့သော် ကံကြမ္မာက လူသားတွေကို စနောက်ရတာသဘောကျဟန်တူသည် ။

သူ့အဖေ နန်းမတက်ခင် နှစ်အနည်းငယ်အလိုမှာ သူ့ကိုမွေးဖွားခဲ့သည်။ သူ့အမေရော အဖေ ရော တိုင်းပြည်တစ်ခုလုံးကပါ သူ့အတွက်ပျော်ရွှင်ပေးကြပြီး နေရာတကာ သူ့ရဲ့ အကြောင်းတွေကို မပြောသူမရှိပေ။

သူ့မိဘတွေကလည်း တုန်နေအောင်ချစ်ကြပြီး ပါးစပ်ထဲငုံထားမတက် ဖူးဖူးမှုတ်ထားကြကာ သူ့ဘဝရဲ့ အပျော်ဆုံး အချိန်ပင်။ သို့သော်ပျော်စရာတွေက ကြာကြာမခံပေ မကြာခင်သူ သုံးနှစ်ပြည့်မွေးနေ့ရောက်လာကာ သူ့ရဲ့ စုန်းစွမ်းရည်နိုးထမည့်အချိန်လဲရောက်လာသည်။

ထိုနေ့မှာ အယ်လ်က အနက်ရောင် စုန်းတစ်ယောက်အဖြစ် စွမ်းရည်နိုးထခဲ့သည်။ စုန်းလောကမှာ စုန်းတစ်ယောက်ရဲ့စွမ်းရည်တွေကို သူဆို့ရဲ့ဆံပင်တွေကိုကြည့်ပြီး ဆုံးဖြတ်ကြသည်။

အဖြူ အနီ နဲ့ ရွှေရောင်က အစွမ်းအထက်ဆုံးဖြစ်ပြီး အရှားပါးဆုံးလဲဖြစ်ကာ အနက် ကတော့ လုံးဝအမှိုက်အဖြစ် သတ်မှတ်ခံရသည်။ အနက်ရောင်ဆံနွယ်တွေက အမှိုက်အဖြစ်သတ်မှတ်ခံရပေမယ့် အနက်ရောင်ဆံနွယ်ကိုပိုင်ဆိုင်သည့်သူက အလွန်ရှားပါကာ နှစ်ပေါင်းတစ်ရာမှာ ဆယ်ယောက်တောင်မရှိပေ။

အယ်လ် မွေးစက ရွှေရောင်ဆံနွယ်တွေက သူအသက် ၃ နှစ်ရောက်သည့်အခါ အနက်ရောင်အဖြစ်ပြောင်းလဲသွားလေသည်။ သူ့အပေါ် အမြဲနွေးထွေးစွာ ဆက်ဆံပြီး အြမဲပြုံးနေသည့် သူ့မိဘများနှင့် သူ့အဖိုးက ထူးဆန်းသည့် မျက်နှာထားများပြုလုပ်ထားသည်။

သူ့အပေါ်အမြဲနူးညံ့စွာ ပြုံးပြလေ့ရှိသော မိခင်ဖြစ်သူက ရေခဲတမျှအေးဆက်သော မျက်နှာထားနှင့် သူမဘေးက သူ့ကိုစူးစိုက်ကြည့်နေကာ သူ့ဖိုးက သူ့ဘဝကို ငရဲ အဖြစ်ပြောင်းလဲသွားစေသည့်အမိန့် တစ်ခုချမှတ်လိုက်သည်။

'' ဒီနေ့ကစပြီး ရေဗန်အယ်လ် ဟာ သူ့ရဲ့ မိသားစု အမည်ကို ပြောခွင့်မရှိတော့ပဲ မင်းသား ရေဗန်ဆိုသည့်ရာထူးမှ ထုတ်ပယ်လိုက်သည် ''

အဓိပ္ပါယ်ကတော့ အယ်လ်ဟာ ရေဗန်မိသားစုမှ စွန့်ပစ်ခံလိုက်ရပြီး သူ့အမည်က မိသားစု စာရင်းထဲ မပါတော့ပေ ။ ကလေးတစ်ယောက်အတွက်တော့ ပြင်းထန်လှသည့် အမိန့်ပင်။

မွေးနေ့ ကိုတက်ရောက်ကြသည့်အထက်တန်းလွှာများ လေအေးများကို ရှုရှိုက်လိုက်မိပြီး တစ်ချို့ကတော့ ပျော်နေကာ လူတစ်ချို့ကတော့ ဝမ်းနည်းနေကာ တစ်ချို့က သနားနေကြသည်။

အမြဲသူ့အပေါ်နူးညံစွာဆက်ဆံလေ့ရှိသော အစောင့်များက အယ်လ်ရဲ့ လက်မောင်းကိုကြမ်းတမ်းစွာဆွဲကာ ခန်းမအပြင်သို့ခေါ်ဆောင်သွားလေသည်။

နောက်ပိုင်းခန်းမထဲက ကိစ္စတွေကိုတော့ အယ်လ် ဘာမှမသိရတော့ပေ။ သိပ်မကြာခင်မှာဘဲ သူ့မိဘတွေက အဖြူရောင်ဆံနွယ်ပိုင်ဆိုင်ထားသည့် ကလေးငယ်တစ်ယောက်ကို ခေါ်လာကာ သူ့နေရာမှာအစားထိုခဲ့ပြီး သူရရမည့်အရာအားလုံးကို ထိုကလေးကိုပေးခဲ့သည်။

အယ်လ်က ခုဆို အသက် ခြောက်နှစ်ပြည့်တော့မည်ဖြစ်သည်။ သူက တော်ဝင်စာကြည့်တိုက်ဟောင်းဘေးကအိမ်အသေးလေးထဲမှာနေရပြီး သူ့ကိုစောင့်ရှောက်မည့်အစေခံက တစ်ပတ်မှာ တစ်ရက်သာလာသည်။

အယ်လ် သစ်သားခုံပုလေးပေါ် တက်လိုက်ပြီး အိုးထဲက အေးနေပြီဖြစ်သည့် အာလူး တစ်လုံးကိုယူလိုက်သည်။ ထိုအစေခံက အမြဲ အာလူးအများကြီးကိုပြုတ်ကာ ထားခဲ့လေ့ရှိပြီး သူအသက်သုံးနှစ်မှ ခုချိန်ထိ ထိုအာလူးတွေကိုသာစားရသည်။

အယ်လ် ဘယ်ညာကြည့်ပြီး ဘယ်သူမှ အနီးနားမှာမရှိတာသေချာမှ သူဖွက်ထားသည့် နွားနို့ပုလင်းကို ဂရုတစိုက် ဖွင့်ကာ ပုလင်းထဲက နွားနို့အနည်းငယ်သောက်လိုက်ပြီး သေချာပြန်ဖွက်လိုက်သည်။

ထိုနွားနို့က သူတော်ဝင်စားဖိုဆောင်မှ ခိုးလာတာဖြစ်ကာ သူခိုးတာမိရင် အရိုက်ခံရမှာ ဗေဒင် ဆရာမေးစရာတောင်မလိုပေ။

သူ အေးနေသည့် အာလူးကို တစ်ကိုက် ကိုက်ကာ သူ စာကြည့်တိုက်ဟောင်းသို့ သွားလိုက်သည်။ သူ့အိမ်နှင့်စာကြည့်တိုက်ဟောင်း ဘေးကပ်ရက်ဖြစ်ပြီး ယခင်က စာကြည့်တိုက်မှူးနေသည့် အိမ်ဖြစ်သည်။ အိမ်လေးက လူတစ်ယောက်သေချာနေလို့ရသည့်အိမ်ဖြစ်ပြီး သူ့အနေနှင့်နေသားကျနေပါပြီ။

စာကြည့်တိုက်ဟောင်းမှာ စာအုပ်တွေ တော်တော်များများရှိပြီး စာကြည့်တိုက်သစ်တို့မယူသွားဘဲ စွန့်ပစ်ထားခဲ့တာ ဖြစ်သည်။ သူက ထိုစာကြည့်တိုက်မှာနေရတာသဘောကျပြီး အမြဲထိုစာကြည့်တိုက်မှာ သူ့လိုအထီးကျန်နေသည့် စာအုပ်များကို အဖော်ပြုပြီးနေလေ့ရှိသည်။

အယ်လ် ပိစိလေးက မီးအိမ် အသေးလေးကိုထွန်းကာ သူ့အိပ်ယာဘေးတွင်ထားလိုက်ပြီး သူဖက်လက်စ စာအုပ်လေးကိုလှန်လိုက်သည်။ သူ စာအုပ်မှစာများကို တစ်လုံးချင်း စိတ်ရှည်စွာစာလုံးပေါင်းဖတ်ပြီး တစ်ကြောင်းဖတ်ပြီးတိုင်း ထိုအကြောင်းရာကိုထိုင်ကတွေးနေလေ့ရှိသည်။

'' ဟုတ်ပြီ တကယ်လို့ ငါသာ ကြိုးစားလေ့လာရင် ဖေဖေနဲ့ မေမေက ငါ့ကိုပြန်သဘောကျလာမှာ အဲ့အချိန်က နင်တို့ကိုလဲငါ စာကြည့်တိုက်မှုးလုပ်ပြီး နင်တို့အထီးမကျန်အောင်လူတွေ အများကြီးခေါ်လာပေးမယ်''

စာကြည့်တိုက်ရဲ့ စင်တွေနှင့်စာအုပ်တွေက အနည်းငယ်တုန်ခါသွားပြီး သူ့စကားကိုအဖြေပြန်ပေးနေသည်နှင့်တူသည်။

'' ဟီးဟီး ''

အယ်လ် အသေးလေးက သူ့သွားတွေပေါ်သည်ထိ အပြုံးအကြီးကြီးပြုံးလိုက်ပြီး သူ့တလက်လက် တောက်ပနေသည့် မျက်လုံးများက လခြမ်းကွေးလေးလိုဖြစ်သွားသည်။

'' သခင်မ ''

လီယွန်က သူ့ရှေ့ရှိ အနီရောင်ဆံနွယ်နှင့်အမျိုးသမီးကို အရိုသေပေးလိုက်သည်။

စီလီယာ  ရောဘတ်စီလီယာ ရောဘတ်မိသားစုရဲ့ အဖိုးတန်သမီးလေး ရှားပါးတယ့်အနီရောင်စုန်း သူမရဲ့ စွမ်းရည်တွေကအကန့်သတ်မရှိဘဲ တောက်ပတယ့်အနာဂတ်ကစောင့်မျော်နေတယ် အင်ပါယာရဲ့ နောက်တက်မယ့်ဘုရင် ရေဗန်ဂျောန် ရဲ့ နှစ်သက်ခြင်းကို ခံရတယ့်သူမက မွေးကတည်းက နတ်ဘုရားတွေရဲ့ ကောင်းချီးကို အပြည့်ဝရရှိခဲ့တယ်။

ဒါပေမယ့် သူမမွေးဖွားခဲ့တယ့်ကလေးက အမှိုက်တစ်ယောက်ဖြစ်နေခဲ့တယ် ရှက်စရာပဲ သူမဘဝရဲ့အမဲစက်တစ်ခု စီလီယာ ငယ်စဥ်က ထက်မြတ်ပြီး လူတိုင်းကမနာလို့ဖြစ်ကြသည်။ သူမငယ်ရွယ်စဥ်က ကျိန်စာတစ်ခုတိုက်ခံခဲ့ရပြီး သူမရဲ့ မျိုးဆက်ကိုဘယ်တော့မှ မမွေးဖွားနိုင်ဖို့ဖြစ်သည်။

ဒါပေမယ့်သူမကဘယ်သူလဲ ပါရမီရှ​င်စုန်းမတစ်ယောက်မဟုတ်လား သူမ မရရအောင်ကျိန်စာဖြေနည်းကို လိုက်ရှာခဲ့ပြီးအဆုံးမှာ အယ်လ်ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။ ဒါပေမယ့် ဒါပေမယ့် သူမအသက်နဲ့ရင်းပြီး သူမ အလှပတွေကိုစွန့်လွှတ်ပြီး မွေးလာရတယ့်ကလေးက အမှိုက်တစ်ယောက်ဖြစ်နေတယ်တဲ့လား စိတ်ပျက်စရာပဲ။

သူမ အယ်လ်ကိုမွေးပြီးနောက်ပိုင်း အမျိုးမျိုး ကြိုးစားပေမယ့် သူမကိုယ်ဝန် ဆောင်နိုင်စွမ်းမရှိတော့ပေ။

သူမသာ အရည်ချင်းရှိတယ့် ကလေးမမွေးနိုင်ရင် သူမယောက်ျား ဘုရင် ဖြစ်ဖို့ခက်ခဲသွားနိုင်လေသည်။

သူမသာ ကလေးတစ်ယောက်မမွေးနိုင်ရင် ထီးနန်းက သူမယောက်ျားရဲ့ အကိုဖြစ်သူလက်ထဲရောက်သွားမှာဖြစ်သည်။

ထို့ကြောင့်သူမ ကလေးတစ်ယောက်မွေးစားရန်အမြဲ ရှာဖွေနေပြီး အဆုံးတွင် တောမစ်ကိုရှာတွေ့ခဲ့သည်။

အဖြူရောင်ဆံနွယ်တွေ ဘယ်လောက်တောင်ပြည့်စုံလိုက်တယ့် ကလေးလေးလဲ သူမအယ်လ်ကိုပေးရမည့်အချစ် တွေအားလုံး တောမစ်ပေါ် ပုံပေးခဲ့ကာ သူမယောက်ျားကလဲ ထိုအစီစဥ်ကိုသဘောတူပြီး တောမစ်ကို အကောင်းဆုံးပျိုးထောင်ခဲ့သည်။

မကြာခင်မှာ သူမယောက်ျားက ဘုရင်ရဲ့ နှစ်သက်ခြင်းကို ပြန်ရလာကာ အရာအားလုံးကအဆင်ပြေနေခဲ့သည်။

သူမလက်ထဲရှိ ကျောက်စိမ်းဆွဲသီးလေးကိုပွတ်လိုက်ပြီး နောက် ဘူးထဲ ဂရုတစိုက်ထည့်လိုက်သည်။ ထိုဆွဲကြိုးက အယ်လ် သုံးနှစ်ပြည့်မွေးနေ့မှာပေးဖို့လုပ်ထားသည့် လက်ဆောင်ဖြစ်ပြီး အကောင်းဆုံးသော ကာကွယ်ရေး မှော်ကိုထည့်သွင်းထားသည်။

" ပို့လိုက်ပြီလား "

စီလီယာ တစ်ဖက်သို့လှည့်မကြည့်ဘဲမေးလိုက်သည်။

'' ဟုတ်ကဲ့ ''
လီယွန်ကတလေးတစားပြန်ဖြေလိုက်သည်။

" ဒါ    တောမစ်ကိုပေးလိုက် "
သူမလက်ထဲရှိ ဘူးလေးကို လီယွန်ကိုပေးလိုက်သည်။

" ဟုတ်ကဲ့သခင်မ "

အယ်လ်အမြဲ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူ့မိဘတွေရဲ့ အကြည့်တစ်ချက်တောင်မရခဲ့ပေ။

" ဒါဒီတစ်ခေါက်ပြိုင်ပွဲမှာ တတိယဆုရတာလေ ပထမကတော့အဲ့ ခေါင်းဖြူပေါ့ အမြဲသူဘဲ ရနေတာ စိတ်ပျက်စရာကြီး "

အယ်လ် သူ့ရဲ့ ဆုလေးကို စာကြည့်တိုက်ရဲ့ မျက်နှာကျက်ကိုမြောက်ပြကာ ပြောလိုက်သည်။

လေအနည်းငယ်က အယ်လ်ရဲ့ဆံပင်ကြားထဲ တိုးဝင်သွားပြီး သူ့ကိုချီးကျူးပေးရန် ခေါင်းပုတ်လိုက်သည်နှင့်တောင်ဆင်တူနေသည်။

ဟီးဟီး

အယ်လ် သူ့ရဲ့သွားတွေပေါ်အောင် ပြုံးလိုက်ကာ သူ့အနက်ရောင်မျက်လုံးများကတလက်လက် တောက်ပနေသည်မှာ သူငယ်ငယ်တုန်းကအတိုင်းပင်။

ဒီနှစ်ဆိုသူ ၁၅ နှစ်ပြည့်ပြီဖြစ်ကာ အရင်လို အာလူးတွေစားစရာမလိုတော့ပေ။ သူ စုန်းအကယ်ဒမီကိုဝင်ခွင့်ရခဲ့ပြီး ဆံဖြူကောင် တောမစ်ကို ယှဥ်ပြိုင်နိုင်လုနီးနီးပင်။ သိပ်မကြာခင် သူ 16 ပြည့်ပြီဖြစ်သည်။ နောက်တစ်နေ့သူကကျောင်းကအပြန် ရုပ်ချင်းဆင်သည့် အမွှာနှစ်ယောက်ရဲ့တားခြင်းခံလိုက်ရသည်။

" ယိုး ဒါ သူခိုးလေးမဟုတ်လား "

ထိုနှစ်ယောက်က သူ့ရဲ့ဝမ်းကွဲတွေဖြစ်ပြီး အစိမ်းရောင်စုန်းဖြစ်ကာ ငယ်ငယ်ထဲက သူ့ကိုအမျိုးမျိုး အနိုင်ကျင့်လေ့ရှိသည်။

" ဘာပြဿနာရှိလို့လဲ "

"ယိုး..... သူများပစ္စည်းကို ခိုးပြီးတော့မသိချင်ယောင်ဆောင်နေတာပါလား "

" ဘာကိုဆိုလိုတာလဲ "

" သူငယ်ချင်းတို့ရှာကြစမ်း "

သိပ်မကြာလိုက်ခင်မှာတင်သူ့မှော်စာအုပ်များထည့်ထားသည့်အိတ်ထဲမှ ကျောက်စိမ်းဆွဲကြိုးတစ်ခုထွက်ကျလာသည်။

"ဟ ထင်သားပဲ သူခိုးကောင် ဒါတောမစ် ရဲ့ဆွဲကြိုးမလား "

"ဘာတွေပြောနေတာလဲ "

" ဒီကိစ္စကို အန်တီ စီလီယာစီရောက်မှရှင်းတာပေါ့ "

ထိုစကားက အယ်လ်ကို ခဲတောင့်သွားစေသည်။

သူဘယ်ကဘယ်လို နန်းတော်ထဲရောက်သွားမှန်းတောင်မသိဖြစ်ကာ သူ့အမေရှေ့မက်တပ်ရပ်နေမိသည်။

" အန်တီရေ ကျွန်တော်တို့ သူခိုးရှာခဲ့ပြီ "

အယ်လ် သူ့နားထဲ လေတိုးသံတွေကလွဲပြီး ဘာမှမကြားတော့ဖြစ်နေကာ သူ့ရှေ့ကအမျိုးသမီးကိုသာကြည့်နေမိသည်။

" တောင်းပန်လိုက်"

"အယ်"
အယ်လ် နားမလည်သည့်အသံလေးထွက်လာသည်။

စီလီယာ သူ့ဘေးမှ ငိုနေသည့် တောမစ်ရဲ့ခေါင်းကိုပုတ်ပေးကာ နှစ်သိမ့်နေပြီး စိတ်မရှည်သည့်လေသံနှင့်ပြောလိုက်သည်။

"တောင်းပန်လိုက်"

အယ်လ် အံ့သြသွားပြီး နောက်မေးလိုက်သည်။

" ဘာလို့လဲ "

"ပြောစရာလိုသေးလို့လား"

"ကျွန်တော် မလုပ်ခဲ့ဘူး "

"တောင်းပန်လိုက်"

Bạn đang đọc truyện trên: AzTruyen.Top