11

မိုမို ဂူသို႔ျပန္ေရာက္လာေတာ့ အေျခာက္လွန္းထားေသာအသားမ်ားကိုသိမ္းကာ က်န္ေသာ အသားမ်ားကို အေျခာက္လွန္းလိုက္သည္။ သူဂူထဲဝင္သြားေတာ့ ဖုနက်င္းက သားေမႊးမ်ားကို ညႇပ္ၿပီးေနာက္ ေဘးတြင္ ေခါက္ထားၿပီး သပ္သပ္ ရပ္ရပ္ စီေနတာကိုေတြ႔လိုက္ရသည္။

"ျပန္လာပါၿပီ"

"ကိုယ္မင္းေျပာတဲ့အတိုင္းညႇပ္ထားတယ္ အဆင္ေျပလားေတာ့မသိဘူး"

မိုမို သားေမြးေတြကိုကိုင္ၾကည့္လိုက္ေတာ့ နည္းနည္း မသပ္မရပ္ ျဖစ္ေပမယ့္လို႔ အေတာ္ေလးအဆင္ေျပသည္။

"အဆင္ေျပပါတယ္"

"ဟုတ္သား ကိုယ္ဘာရလာလည္းၾကည့္"

ထိုသို႔ေျပာၿပီးေနာက္ဖုန္းက်င္းက ပန္းႏုေရာင္အသီးမ်ားကို ထုတ္ျပလာသည္။

"ကိုယ္အလုပ္ေတြၿပီးသြားေတာ့ မင္းျပန္မလာေသးတာနဲ႔ အျပင္ကို ခဏ ထြက္ၿပီးပ်ံသန္းေနရင္း လိုလု အသီးေတြေတြ႔လို႔ယူလာတာ"

လိုလု အသီး မ်ားက အစိမ္းဆို အနီေရာင္႐ွိၿပီး မွည့္သြားလ်ွင္ ပန္းေရာင္႐ွိကာ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ အရသာ႐ွိတာေၾကာင့္ အမႏွင့္မိန္းမ မ်ားက အလြန္ႀကိဳက္ၾကသည္။
အရြယ္က ပန္းသီးအရြယ္႐ွိၿပီး လန္းဆန္းေစတယ့္ရနံလည္း႐ွိေပမယ့္ ႐ွာရတာ အလြန္ခက္သည္။

ဖုန္းက်င္းက လိုလုသီး အလံုးႏွစ္ဆယ္နီးပါးေလာက္ခူးလာခဲ့သည္။ မိုမိုက ထိုအသီးမ်ားကိုၾကည့္ၿပီးေနာက္ အသီးေျခာက္လုပ္ရန္ဆံုးျဖတ္လိုက္သည္။

ထိုအသီးမ်ားက အလြန္မ်ားတာေၾကာင့္ သူတို႔ႏွစ္ေယာက္စားရင္ေတာင္ ကုန္မွာမဟုတ္ေပ ၿပီးေတာ့ထိုအသီးမ်ားက အထားမခံတာေၾကာင့္ အသီးေျခာက္လုပ္တာအေကာင္းဆံုးပင္။

မိုမိုက လက္ေဆးၿပီးေနာက္ ထိုအသီးမ်ားကို သန္႔႐ွင္းေသာ သစ္သား တစ္ခုေပၚတင္ကာ စတင္ ျဖတ္ေတာ့သည္။

ပထမဆံုး အသီးကို အလယ္ကေန ျဖတ္ၿပီး အေစ့ကိုထုတ္လိုက္သည္။ ထို႔ေနာက္တြင္ အသီးကိုေမွာက္လိုက္ၿပီး အေနေတာ္အတံုးမ်ားတံုးလိုက္သည္။

ဖုန္းက်င္းေဘးတြင္ထိုင္ကာ မိုမို လုပ္ေနသည္မ်ားကိုၾကည့္ၿပီးေနာက္ မီးဖိုေခ်ာင္ထဲဝင္သြားသည္။

"ဖုန္းက်င္း ေထာင့္နားမွာ သစ္သား ႐ွိတယ္ ေဆးဖို႔မေမ့နဲ႔ လာရင္းနဲ႔ အဲ့နားက ဇကာ ေလးပါယူလာေပးေနာ္"

မိုမိုက ဖုန္းက်င္းကို လွမ္းၿပီး ေအာ္ေျပာလိုက္သည္။ ထို႔ေနာက္တြင္ေတာ့သူလုပ္စရာ႐ွိတာ ဆက္လုပ္ေတာ့သည္၊၊

အသီးမ်ားကို တံုးၿပီးေနာက္ ဇကာ ေပၚတြင္တင္ကာ သၾကားအနည္းငယ္ျဖဴးၿပီးနယ္လိုက္သည္။

"ဖုန္းက်င္း စင္ေပၚက အဲ့အပင္ေလးယူေပးပါလား အဲ့တာမဟုတ္ဘူး အဝါ ပန္းေလးနဲ႔ဟာ ဟုတ္တယ္အဲ့တာ ေက်းဇူးပါ"

"ရပါတယ္ဗ်ာ"

"ဟုတ္ၿပီ ၿပီးသြားၿပီ"

ထိုအသီးမ်ားကို ဂူအမိုးေပၚတြင္တက္ကာ ဂူထဲသို႔ ျပန္လာၿပီးေနာက္ ေန႔လယ္စာခ်က္လိုက္သည္။

ဒီေန႔ေန႔လယ္စာက ေျပာင္းဖူး မီးဖုတ္ႏွင့္ လိုလု ဟင္းခ်ိဳ အသားေျခာက္မီးဖုတ္ျဖစ္သည္။

ေၾကာင္ေလးအတြက္ အသားေျခာက္ သံုးခုေလာက္ ေပးၿပီးေနာက္ က်န္တာမ်ားကိုယူသြားၿပီး ဖုန္းက်င္း ႏွင့္အတူ စားလိုက္သည္။

လိုလု သီးက ဒီတိုင္းစားလည္းေကာင္းသလို ဟင္းခ်ိဳကဲ့သို႔ ခ်က္စားလည္း ေကာင္းသည္။

အသီးထဲ႐ွိအခ်ဥ္မ်ားက ဟင္းခ်ိဳထဲေရာက္သြားၿပီး အသီးက ခပ္ေပ်ာ့ေပ်ာ့ေလးျဖစ္ေနကာ သၾကားေလးထည့္လိုက္ေတာ့ ခ်ိဳခ်ိဳ ခ်ဥ္ခ်ဥ္ ဟင္းခ်ိဳေလးကိုမွ ႏူးညံေသာ အသီး တံုးေလးမ်ားျဖင့္ စားေကာင္းလွသည္။

ေၾကာင္ေလးကေတာ့ အသားေျခာက္ စားၿပီးေနာက္တြင္ သူ႔ရဲ႕ဝမ္းဗိုက္ျဖဴျဖဴ ကိုလွစ္ျပၿပီး ပက္လက္ကေလး အိပ္ေပ်ာ္သြားသည္။

မိုမို ေၾကာင္ေလးနားသို႔သြားၿပီး ဝမ္းဗိုက္ကိုအသာ ပြတ္ေပးလိုက္ေတာ့ ဟိုက မ်က္လံုးဖြင့္ၾကည့္လာၿပီး ျပန္ပိတ္သြားကာ ဇိမ္ခံရင္း သက္ေတာင့္သက္သာ ႐ွိေနေသာ အသံေလးျဖင့္ ညဥ္းလာသည္။

"ငပ်င္းေလး"

မိုမို ေၾကာင္ေလးႏွာေခါင္းကို လက္ျဖင့္ ထိရင္းေျပာလိုက္သည္။

ယေန႔တြင္သူတို႔ေစာေစာအိပ္ျဖစ္ၾကသည္။ ေနာက္တစ္ေန႔ နံနက္တြင္ ဂူအျပင္မွ ဆူညံသံမ်ားေၾကာင့္ မိုမို ႏိုးလာသည္။

"ဘာျဖစ္တာလည္းကိုယ္သြားၾကည့္လိုက္မယ္"

ဖုန္းက်င္း မွာမ်က္ႏွာသစ္ၿပီးေနာက္အျပင္ထြက္သြားသည္။ မိုမိုလည္း မ်က္ႏွာသစ္ကာ အျပင္သို႔ထြက္လာသည္။

"ေတြ႔လား အထီး ႏွစ္ေကာင္ အတူေနေနတာပါဆို "

"သားရဲတမန္ေတာ္ ေျပာတာမွန္တယ္"

"ဟုတ္ပ အစကတည္းက အဲ့အမ်ိဳးယုတ္ကေလးကို ရြာကႏွင္ထုတ္လိုက္ရမွာ"

စသည္ျဖင့္ တီးတိုးစကားမ်ားက ပိုက်ယ္လာသည္။

"ဘာေတြျဖစ္ေနတာလည္း"

မိုမိုက နားမလည္တာေၾကာင့္ေမးလိုက္ေတာ့ အနား႐ွိ အမတစ္ေယာက္က ခပ္စြာစြာေျပာလာသည္။

"ေအာင္မာ အ႐ွက္မ႐ွိေမးရဲေသးတယ္ မေန႔က သားရဲတမန္ေတာ္ ကိုထိခိုက္ေအာင္လုပ္ခဲ့တုန္းကေတာ့ ဒီ႐ုပ္မဟုတ္ပါဘူး "

"အဲ့လိုမေျပာပါနဲ႔ မိုမိုက တမင္လုပ္တာမွမဟုတ္တာ ဟုတ္တယ္မလား မိုမို ေက်းဇူးျပဳၿပီး အဲ့ေၾကာင္ေလးကိုေပးပါ"

႐ွန္ဖူ ကို သားရဲအထီး တစ္ေယာက္က တြဲထားကာ မိုမို နားသို႔လာရင္း အားနည္းေသာေလသံျဖင့္ေျပာလိုက္သည္။

သူ႔ရဲ႕လက္ေမာင္းတြင္လည္း ကုတ္ျခစ္ရာအႀကီးႀကီးက႐ွိေနေသးသည္။

"နင္ဘာျဖစ္ေနတာလည္း"

မိုမို႐ွန္ဖူ ကိုနားမလည္သလိုၾကည့္ေရးေမးလိုက္ေတာ့ ႐ွန္ဖူက သူ႔ကိုတြဲလာေသာ အထီးရဲ႕ လက္ေမာင္းထဲဝင္ကာ ဝမ္းနည္းတႀကီးငို႐ိႈက္လာသည္။

"ဟ နင္ကမ်ားေမးရဲေသးတယ္ မေန႔က အ႐ိုင္းသားရဲေၾကာင့္ ႐ွန္႐ွန္ ထိခိုက္သြားတာ ေလ "
ထိုအထီးက ႐ွန္ဖူ ဝမ္းနည္းတႀကီးငိုသံေၾကာင့္ မိုမိုကို စိုက္ၾကည့္လာၿပိ္း ေဒါသတႀကီးေျပာလိုက္သည္။

"အဲ့တာငါနဲ႔ဘာဆိုင္လို႔လည္း"
မိုမိုျပန္ေခ်ပလိုက္သည္။

"ဟ ဘာဆိုင္လို႔လဲတဲ့လား နင္ဘဲ အဲ့အ႐ိုင္းသားရဲကို လႊတ္ေပးလိုက္တာေလ ေဟာၾကည့္ၾကည့္ ဟိုအယုတ္တမာ သားရဲ႕ထြက္လာၿပီ"
ထိုအထီးက ေျပာရင္းႏွင့္ မီမီ ကိုေတြ႔ေတာ့ လက္ညႇိဳးတစ္ထိုးထိုးျဖင့္ေျပာလာသည္။

"ငါကဘာလို႔သူ႔ကိုခုလိုလုပ္ရမွာလည္း ၿပီးေတာ့ သူ႔လက္က ကုတ္ရာကအႀကီးႀကီးေလ ဒီေၾကာင့က ေသးေသးေလးဟာကို "

"ဘာလို႔လည္းဟုတ္လား နင္က ေကာင္းခ်ီးေပးမခံရတဲ့လူေလ အဲ့တာေၾကာင့္ သားရဲတမန္ေတာ္ ကိုထိခိုက္ေစတာေလ မနာလိုေနတာေပါ့ ၿပီးေတာ့ ဘယ္သိႏိုင္မွာလည္း နင္ကတျခား အ႐ိုင္းသားရဲေတြကို ခိုင္းလားမွမသိတာ  "

မိန္းမ တစ္ေယာက္ကေျပာလာသည္။

မိုမိုနားမလည္သလို ႐ွန္ဖူကိုၾကည့္ေတာ့ ဟိုက ရြဲ႔ျပံဳးျဖင့္သူ႔ကိုၾကည့္ေနကာ ခ်က္ခ်င္းေၾကာက္လန္႔ေနသည့္မ်က္ႏွာ ေျပာင္သြားငည္။

ေအာခ်ပါတယ္ သ႐ုပ္ေဆာင္ေကာင္းခ်က္ မိုမို ထိုသို႔ေတြးလိုက္မိသည္။

"မိုမို အဲ့ေၾကာင္ကိုငါ့ေပးပါေနာ္ အဲ့တာဆိုငါ နင့္ကိုခြင့္လႊတ္ေပးမယ္"

"နင္အဲ့ေၾကာင္ေပးရင္ နင္နဲ႔ငါ သူငယ္ခ်င္းျဖစ္တဲ့မ်က္ႏွာေထာက္ၿပီးခြင့္လႊတ္ေပးမယ္ေလေနာ္"

႐ွန္ဖူက ေ႐ွ႕ထြက္လာကာ အားနည္းစြာေျပာေနပံုက ေနမေကာင္းေသာအလွေလး ကဲ့သို႔ မည္သူမွ ထိုသူရဲ႕စကားကိုမျငင္းပယ္ႏိုင္ေလာက္ေအာင္ပင္။

သို႔ေသာ္ မိုမိုက ေၾကာင္ေလးကို ခ်ီလိုက္ၿပီး ေနာက္ဆုတ္လိုက္သည္။ မိုမိုက ငယ္ငယ္ကတည္းက မိသားစုမ႐ွိတာေၾကာင့္ သူခ်စ္ခင္တဲ့လူတစ္ေယာက္ကို အဆံုးထိကာကြယ္ေပးသည့္အက်င့္႐ွိသည္။

မီမီ ကိုသူ႔မိသားစုဝင္လို႔ သတ္မွတ္ထားတာေၾကာင့္ အျခားသူကိုေပးဖို႔ဆိုတာ လံုးဝမျဖစ္ႏိုင္ေပ။

"ေၾကာင္ကိစၥ ခုထိမၿပိ္းေသးဘူးလား ငါေျပာၿပီးသား မီမီ ကငါ့ေၾကာင္"

"က်စ္ သားရဲ႕တမန္ေတာ္ ေတာင္းတာကိုသာေပးလိုက္စမ္းပါ မဟုတ္ရင္ အပစ္ေပးခံရလိမ့္မယ္"

"မေပးဘူး"

"မိုမို နင္ခုလိုေခါင္းမာေနမွေတာ့ ငါလည္း နင့္ကို အပစ္မေပးခ်င္ေပမယ့္ ၿပီးေတာ့ဒီရြာရဲ႕ လံုျခံဳေရးအတြက္ပါေတြးၿပီး  ငါအနာဂတ္မွာ နင့္ကို ဒီေနရာမွာမျမင္ခ်င္ဘူး အဲ့တာေၾကာင့္ ဒီကေနထြက္သြားပါ"

"ဟုတ္တယ္ထြက္သြား"

"အခုခ်က္ခ်င္းထြက္သြားစမ္းပါ"

"ျမန္ျမန္ထြက္သြားေတာ့"

"ငါထြက္သြားတာနဲ႔ ဒီရြာလံုျခံဳေရးဘာဆိုင္လို႔လည္း "
မိုမို ေမးလိုက္သည္။

"နင္က အ႐ိုင္းသားရဲ ေတြကိုထိန္းခ်ဳပ္ႏိုင္ ေတာင္းပန္ပါတယ္ နင့္ လ်ိႈ့ဝွက္ခ်က္ ကိုေျပာမိလိုက္လို႔"

လို႔႐ွန္ဖူက ပါးစပ္ကိုလက္ျဖင့္အုပ္ကာ ဝမ္းနည္းေနေသာပံုက မသိရင္ တကယ္ကိုသူငယ္ခ်င္းတြက္ဝမ္းနည္းေနသည့္ပံုပင္။

"သားရဲတမန္ေတာ္ ေျပာလို႔ေပါ့ မဟုတ္ရင္သူက ဒီေလာက္ဆိုးရြားတဲ့ အတတ္ကိုတတ္တာသိပါ့မလား ခုဆိုပိုလို႔ေတာင္ထြက္သြားသင့္တာ္"

"ဟုတ္တယ္မေကာင္းဆိုးဝါးေကာင္ထြက္သြား"

စကားတစ္လံုးမွဝင္မေျပာခဲ့ေသာ ဖုန္းက်င္း က ခ်က္ခ်င္းေ႐ွ႕သို႔ ေရာက္လာကာ မိုမိုကိုပစ္ေနသည့္ ခဲလံုးမ်ားကို ဖမ္းလိုက္သည္။

ထိုအခါခဲလံုးပစ္ေနသည့္ အမမ်ားႏွင့္ မိန္းမမ်ားက ဖုန္းက်င္းအၾကည့္ေၾကာင့္ လန္႔သြားကာ ႐ွန္ဖူ မ်က္ႏွာထားက ေျပာင္းလဲသြားသည္။

သန္မာလိုက္တယ့္ အေငြ႔သက္ ဘာေၾကာင့္ သန္မာတယ့္လူတိုင္းက အဲ့အသံုးမက်တယ့္ ေကာင္နားမွာ႐ွိေနရတာလည္း က်စ္။

မိုမို ေၾကာင္ကိုပိုက္ရင္းဂူထဲဝက္လာကာ ပစၥည္းေတြကိုသိမ္းေနေတာ့သည္။ သူ႔မွာေရြးခ်ယ္စရာမွ မ႐ွိေတာ့တာ အဲ့ေတာ့ထြက္သြားရမွာေပါ့ ဒါေပမယ့္

"ဖုန္းက်င္း ေတာင္းပန္ပါတယ္ေနာ္ ကြၽန္ေတာ့္ေၾကာင့္ ဒုကၡေရာက္ေနရၿပီ"

"မဟုတ္တာ မင္းေၾကာင့္မဟုတ္ပါဘူး"

"ေတာင္းပန္ပါတယ္"

မိုမို အသံေသးေသးေလးျဖင့္ေျပာလိုက္သည္။ သူက ကံဆိုးတဲ့ျကယ္ဘဲ သူ႔နားမွာ႐ွိတယ့္ လူတိုင္းက အျမဲ ကံဆိုးၾကတယ္။

"ကိုယ္ရပါတယ္လို႔ေျပာေနတယ္ေလ ဝမ္းမနည္းပါနဲ႔ ဟုတ္ၿပီလား "

ဖုန္းက်င္းက မိုမိုနားသို႔ သြားကာ ဖက္လိုက္သည္။ သူက မိုမိုထက္ အရပ္ပို႐ွည္တာေၾကာင့္ မိုမိုမွာ ဖုန္းက်င္း ရင္ခြင္ထဲတန္းခနဲပင္။

မီမီ ကလည္း မိုမို ေျခေထာက္ကို သူ႔ကိုယ္နဲ႔ ပြတ္သပ္ေပးေနသည္။

"ဒါေပမယ့္ေဆာင္းဝင္ေတာ့မွာေလ"

"မင္းမွာသားေမြးအဝတ္ေတြ႐ွိတယ္ေလ ကယ္ပစၥည္းေတြသြားသိမ္း ဂူေ႐ွ႕ကလူေတြက ကိုယ္တို႔မထြက္သြားမခ်င္း ျပန္မွာမဟုတ္ဘူးေနာ္"

ဖုန္းက်င္း မိုမို ကို ဖက္ထားရာမွာ လြတ္လိုက္ၿပီး မိုမို ႏွာေခါင္းေလးကို ထိကာ ျပံဳးရင္းေျပာလိုက္သည္။

"ေကာင္းၿပီ"

မိုမို ပစၥည္းမ်ားကို ဝါးျခင္းထဲသို႔ထည့္လိုက္သည္။ သူ႔မွာပစၥည္းေတြ သိပ္မမ်ားတာေၾကာင့္ ဝါးျခင္းသံုးခု သာလိုသည္။ ဖုန္းက်င္းက အသားႏွင့္ သားေမႊးထည့္ထားေသာ ျခင္းႏွစ္ခုကို ေပါ့ပါးစြာလြယ္လိုက္ကာ မိုမိုက အသီးႏွင့္ေရထည့္ထားေသာ ျခင္းကိုလြယ္လို္သည္။

အမွန္မွာ ပစၥည္းမ်ားက ခုထက္မ်ားေသာ္လည္း ျခင္းမေလာက္ေသာေၾကာင့္ က်န္သည့္ပစၥည္းမ်ားကို နယ္ေျမထဲပစ္ထည့္လိုက္ရသည္။

ေရကေတာ့ အေရးႀကီးေသာအရာပင္ သို႔ေပမယ့္ သူတို႔ ဒီေနရာကေနထြက္သြားရင္ ေနာက္ထပ္ေရ႐ွာေတြ႔ပါ့မလားလို႔စိုးရိမ္တာေၾကာင့္ ေနာက္ေဖး႐ွိ ေရစည္ကို နယ္ေျမထဲသို႔ထည့္လိုက္သည္။

သူ႔တြင္႐ွိေသာ ေရကုန္သြားလ်ွင္ ဖုန္းက်င္း မသိေအာင္ အသာေလး ေရျပန္ျဖည့္ လို႔ရသည္။

သူတို႔ ဂူထဲကထြက္လာေတာ့ ဂူအျပင္တြင္႐ွိေနေသာ လူမ်ားက ဝါးျခင္းမ်ားကို အံဩစြာၾကည့္ေနၾကသည္။

႐ွန္ဖူ က မိုမို ေက်ာေပၚက ျခင္းကိုျမင္ေတာ့ အံဩသြားသည္။

'သူကဒါလည္းလုပ္တတ္တာလား '

ထို႔ေနာက္မိုမိုနားသို႔သြားကာ "မင္းေသခ်ာၿပီလား ေၾကာင္တစ္ေယာင္အတြက္ မင္းအိမ္ကိုဆံုး႐ွံုးခံမလို႔လား"

"ဟုတ္တယ္ ၿပီးေတာ့ အိမ္ဆိုတာ ကိုယ္ခ်စ္တဲ့လူေတြနဲ႔ တစ္စုတစ္စည္းတည္း ေနတယ့္ေနရာကို အိမ္လို႔ေတာ့ငါသတ္မွတ္တယ္ ငါခ်စ္တဲ့လူေတြကငါ့အနားမွာ႐ွိတာေၾကာင့္ ဘယ္ေနရာဘဲျဖစ္ျဖစ္ငါ့အိမ္ဘဲ "

"ေအာ္စကားမဆက္ မင္းအျပဳအမူကို ဆင္ခ်င္ပါ ဒီကလူေတြက႐ိုးသားၾကတယ္ မင္းေျပာသမ်ွကို သားရဲတမန္ေတာ္ ဆိုတဲ့ဂုဏ္ေၾကာင့္ ယံုေနၾကမွာ အဲ့ဂုဏ္ပုဒ္ကို သံုးၿပီး မလွည့္စားနဲ႔"

"ဘာလည္းမနာလိုတာလား"

"မဟုတ္ဘူးသတိေပးတာ"

ထိုသို႔ေျပာၿပီးေနာက္ လူအုပ္ႀကီးကိုျဖတ္ကာ အနက္ေရာင္က်ားသစ္ ရြာရဲ႕ ဆန္႔က်င္ဘက္ကိုသြားလိုက္သည္။

"မိုမို!!!!"
အေဝးမွေအာ္သံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သူ႔ေမြးစားအေမက သူ႔ဆီေျပးလာေနကာ အေနာက္တြင္ သူမ မိတ္ဖက္သားရဲမ်ားက လိုက္လာေလသည္။

သူ႔ေမြးစားအေမက သူ႔နားေရာက္ေတာ့ အေမာေျဖေနကာ ေအာ္လိုက္သည္။

"ငါ့ကေလးကို ဘယ္ေကာင္ထိရဲလဲ"

"အေမစိတ္ေလ်ွာ့ပါ"

"ဘာစိတ္ေလ်ွာ့ရမယ္ဟုတ္လား နင့္ကို ထြက္သြားခိုင္းေနတယ့္လူေတြကိုေလ ကေလးေျပာ ဘယ္သူအႏိုင္က်င့္တာလည္း "

အျမဲတမ္းသိမ္ေမြ႔လွေသာ ေမြးစားအေမက ခုေတာ့ အသံက်ယ္က်ယ္ျဖင့္ေအာ္ေနကာ လူအုပ္ႀကီးဘက္ကိုလွည့္ၿပီးအသံက်ယ္က်ယ္ျဖင့္ေမးလိုက္သည္။

"ဘယ္သူ ငါ့ကေလးကို အႏိုင္က်င့္တာလည္း"

"မား စိတ္ေလ်ွာ့ပါ ဒါကြၽန္ေတာ့္အမွားေလ အမွားလုပ္ရင္ အပစ္ေပးခံရမွာေပါ့"

"ကေလးရယ္"
က်န္းက်န္း သူမ ကေလးလက္ကိုကိုင္ရင္း ခုနက ဟိတ္ႀကီးဟန္ႀကီး ပံုစံက လံုးဝ ေပ်ာက္ကြယ္သြကာ မ်က္ရည္မ်ား တေပါက္ၿပီးတေပါက္ သူမရဲ႕ လွပေသာ မ်က္လံုးမွ လိမ့္ဆင့္လာသည္။

"လာ အေမနဲ႔လိုက္ခဲ့ ဒီရြာမွာမေနရလည္း အေမ အရင္ကေနတယ့္ရြာကိုသြားမယ္"

"မား "
မိုမို သူ ့လက္ကို သူ႔အေမ ထံမွဆြဲထုတ္လိုက္ၿပီး အားနည္းစြာ​ေျပာလိုက္သည္။

"မား ကြၽန္ေတာ္ မားကို ဒုကၡေပးတာမ်ားေနၿပီေလ"

"မဟုတ္ဘူး မဟုတ္တာ မင္းကဒီေလာက္လိမၼာတဲ့ကေလးဟာကို "

"ကြၽန္ေတာ္က အရြယ္ေရာက္ေနၿပီေလ"

"မဟုတ္တာ မင္းက အျမဲတမ္း မားမ်က္လံုးထဲမွာ ကေလးေလးဘဲ"

"ကြၽန္ေတာ္အဆင္ေျပပါတယ္"
ကြၽန္ေတာ္ေၾကာင့္ တျခား လူေတြကို ဒုကၡမေရာက္ေစခ်င္ေတာ့ဘူး

မိုမို သဴအဆင္ေျပေၾကာင္းေျပာလိုက္ၿပီး က်န္သည့္စကားေတြကိုေတာ့ သူ႔စိတ္ထဲမွသာေျပာလိုက္သည္။

"ငွက္ေလးေတြက အေတာင္စံုရင္ အသိုက္ကေနပ်ံသြားခ်င္ၾကတာခ်ည္းဘဲ ေကာင္းၿပီ အျပင္မွာဂ႐ုစိုက္ေနာ္"

"မားခနေလး "

မိုမို သူ႔ျခင္းကိုခ်ၿပီးေနာက္ အထဲမွပစၥည္းမ်ားကို လွန္ေလွာ ကာတစ္စံုတစ္ခုကို႐ွာေဖြေနသည္။

"မား ဒါေလးကို ေဆာင္ထား အဲ့တာက စိတ္ကိုလန္းဆန္းေစတာေၾကာင့္ မားအတြက္အဆင္ေျပတယ္ၿပီးေတာ့"

မုိမို ယုန္သားရဲ ရဲ႕ သားေမႊး ႏွင့္ျပဳလုပ္ထားေသာ အေမႊးပြ အျဖဴေရာင္အိတ္ေလးကို ေပးလိုက္သည္။ ထိုအိတ္ထဲတြက္ အမႈန္႔ေျခထားေသာ ေဆးပင္မ်ားထည့္ထားကာ ထိုေဆးပင္မ်ားက လန္းဆန္းေသာ ရနံကို ထုတ္လႊတ္ေပးသည္။

ထို႔ေၾကာင့္အသံုးျပဳသူကို စိတ္ၾကည္ေလေစေသာ အာနိသင္႐ွိကာ က်န္းမာေရးေကာင္းမြန္ေစသည္။

မိုမို သူ႔လက္ေတြကို သူ႔အေမ ဝမ္းဗိုက္နားထားရင္း

"အငယ္ေလးေတြကိုဂ႐ုစိုက္ပါ"

"အင္း"
က်န္းက်န္း ကျပံဳးရင္း သူမသားလက္ေပၚထပ္ၿပီးကိုင္လိုက္သည္။

"ေအးေနၿပီ သြားရေအာင္"
သူ႔အေမရဲ႕ မိတ္ဖက္မ်ားက အေဝးမွရပ္ၾကည့္ေနရာကေနေရာက္လာၿပီး က်န္းက်န္းကိုေခၚသြားသည္။

"ေတာနက္ပိုင္းကိုသြား အႏၱရာယ္႐ွိေပမယ့္ ေဆာင္းဝင္ေနေတာ့ သားရဲေတြ ေဆာင္းခိုေနမွာမို႔အႏၱာယ္ သိပ္ၿပီးမ႐ွိေလာက္ဘူး ၿပီးေတာ့ နာရြက္႐ွည္ ႂကြက္ေတြ အသိုက္႐ွိတယ့္ေနရာမွာဂူတူး သူတို႔က ေႏြးေထြးတယ့္ေနရာကိုသိတယ္ ေႏြဦးေရာက္မွ ေနရာေကာင္း႐ွာ "

သူ႔အေမရဲ႕ မိတ္ဖက္သားရဲကေျပာလာသည္။

"ေက်းဇူးပါ "

ဖုန္းက်င္းက အေဝးမွၾကည့္ေနရာကေန ေရာက္လာၿပီး မိုမို ပုခံုးကိုဖက္ကာေျပာလိုက္သည္။

"ရတယ္"

ထိုသားရဲအထီးက ထိုသို႔ေျပာၿပီးေနာက္ က်န္းက်န္း ထံသြားလိုက္သည္။

"႐ွင္ကေလ "

"ဘာလည္း"

"ဘာမွမဟုတ္ပါဘူး"
က်န္းက်န္း သူမရဲ႕ မိတ္ဖက္ကိုၾကည့္ကာခပ္ဖြဖြျပံဳးလိုက္ၿပီး မိုမို ဘက္လွည့္ကာ လက္ဆန္႔လိုက္သည္။

သူမလက္ဆန္႔လိုက္သည္ႏွက့္ မိုမိုက ေလလို အ႐ွိန္ျဖင့္ ေျပးသြားကာ သူမကိုဖက္ရင္း တိတ္တဆိတ္ငိုေတာ့သည္။

......

uni

မိုမို ဂူသို့ပြန်ရောက်လာတော့ အခြောက်လှန်းထားသောအသားများကိုသိမ်းကာ ကျန်သော အသားမ်ားကို အခြောက်လှန်းလိုက်သည်။ သူဂူထဲဝင်သွားတော့ ဖုနကျင်းက သားမွှေးများကို ညှပ်ပြီးနောက် ဘေးတွင် ခေါက်ထားပြီး သပ်သပ် ရပ်ရပ် စီနေတာကိုတွေ့လိုက်ရသည်။

"ပြန်လာပါပြီ"

"ကိုယ်မင်းပြောတဲ့အတိုင်းညှပ်ထားတယ် အဆင်ပြေလားတော့မသိဘူး"

မိုမို သားမွေးတွေကိုကိုင်ကြည့်လိုက်တော့ နည်းနည်း မသပ်မရပ် ဖြစ်ပေမယ့်လို့ အတော်လေးအဆင်ပြေသည်။

"အဆင်ပြေပါတယ်"

"ဟုတ္သား ကိုယ်ဘာရလာလည်းကြည့်"

ထိုသို့ပြောပြီးနောက်ဖုန်းကျင်းက ပန်းနုရောင်အသီးများကို ထုတ်ပြလာသည်။

"ကိုယ်အလုပ်တွေပြီးသွားတော့ မင်းပြန်မလာသေးတာနဲ့ အပြင်ကို ခဏ ထွက်ပြီးပျံသန်းနေရင်း လိုလု အသီးတွေတွေ့လို့ယူလာတာ"

လိုလု အသီး မ်ားက အစိမ်းဆို အနီရောင်ရှိပြီး မှည့်သွားလျှင် ပန်းရောင်ရှိကာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့် အမနှင့်မိန်းမ မ်ားက အလွန်ကြိုက်ကြသည်။
အရွယ်က ပန်းသီးအရွယ်ရှိပြီး လန်းဆန်းစေတယ့်ရနံလည်းရှိပေမယ့် ရှာရတာ အလွန်ခက်သည်။

ဖုန်းကျင်းက လိုလုသီး အလုံးနှစ်ဆယ်နီးပါးလောက်ခူးလာခဲ့သည်။ မိုမိုက ထိုအသီးများကိုကြည့်ပြီးနောက် အသီးခြောက်လုပ်ရန်ဆုံးဖြတ်လိုက်သည်။

ထိုအသီးမ်ားက အလွန်များတာကြောင့် သူတို့နှစ်ယောက်စားရင်တောင် ကုန်မှာမဟုတ်ပေ ပြီးတော့ထိုအသီးများက အထားမခံတာကြောင့် အသီးခြောက်လုပ်တာအကောင်းဆုံးပင်။

မိုမိုက လက်ဆေးပြီးနောက် ထိုအသီးများကို သန့်ရှင်းသော သစ်သား တစ်ခုပေါ်တင်ကာ စတင် ဖြတ်တော့သည်။

ပထမဆုံး အသီးကို အလယ်က​ေန ဖြတ်ပြီး အစေ့ကိုထုတ်လိုက်သည်။ ထို့နောက်တွင် အသီးကိုမှောက်လိုက်ပြီး အနေတော်အတုံးများတုံးလိုက်သည်။

ဖုန်းကျင်းဘေးတွင်ထိုင်ကာ မိုမို လုပ်နေသည်များကိုကြည့်ပြီးနောက် မီးဖိုချောင်ထဲဝင်သွားသည်။

"ဖုန်းကျင်း ထောင့်နားမှာ သစ်သား ရှိတယ် ဆေးဖို့မမေ့နဲ့ လာရင်းနဲ့ အဲ့နားက ဇကာ လေးပါယူလာပေးနော်"

မိုမိုက ဖုန်းကျင်းကို လှမ်းပြီး အော်ပြောလိုက်သည်။ ထို့နောက်တွင်တော့သူလုပ်စရာရှိတာ ဆက်လုပ်တော့သည်၊၊

အသီးများကို တုံးပြီးနောက် ဇကာ ပေါ်တွင်တင်ကာ သကြားအနည်းငယ်ဖြူးပြီးနယ်လိုက်သည်။

"ဖုန်းကျင်း စင်ပေါ်က အဲ့အပင်လေးယူပေးပါလား အဲ့တာမဟုတ္ဘူး အဝါ ပန်းလေးနဲ့ဟာ ဟုတ်တယ်အဲ့တာ ကျေးဇူးပါ"

"ရပါတယ်ဗျာ"

"ဟုတ်ပြီ ပြီးသွားပြီ"

ထိုအသီးများကို ဂူအမိုးပေါ်တွင်တက်ကာ ဂူထဲသို့ ပြန်လာပြီးနောက် နေ့လယ်စာချက်လိုက်သည်။

ဒီနေ့နေ့လယ်စာက ပြောင်းဖူး မီးဖုတ်နှင့် လိုလု ဟင်းချို အသားခြောက်မီးဖုတ်ဖြစ်သည်။

ကြောင်လေးအတွက် အသားခြောက် သုံးခုလောက် ပေးပြီးနောက် ကျန်တာများကိုယူသွားပြီး ဖုန်းကျင်း နှင့်အတူ စားလိုက်သည်။

လိုလု သီးက ဒီတိုင်းစားလည်းကောင်းသလို ဟင်းချိုကဲ့သို့ ချက်စားလည်း ကောင်းသည်။

အသီးထဲရှိအချဉ်များက ဟင်းချိုထဲရောက်သွားပြီး အသီးက ခပ်ပျော့ပျော့လေးဖြစ်နေကာ သကြားလေးထည့်လိုက်တော့ ချိုချို ချဉ်ချဉ် ဟင်းချိုလေးကိုမှ နူးညံသော အသီး တုံးလေးများဖြင့် စားကောင်းလှသည်။

ကြောင်လေးကတော့ အသားခြောက် စားပြီးနောက်တွင် သူ့ရဲ့ဝမ်းဗိုက်ဖြူဖြူ ကိုလှစ်ပြပြီး ပက်လက်လေး အိပ်ပျော်သွားသည်။

မိုမို ကြောင်လေးနားသို့သွားပြီး ဝမ်းဗိုက်ကိုအသာ ပွတ်ပေးလိုက်တော့ ဟိုက မျက်လုံးဖွင့်ကြည့်လာပြီး ပြန်ပိတ်သွားကာ ဇိမ်ခံရင်း သက်တောင့်သက်သာ ရှိနေသော အသံလေးဖြင့် ညဉ်းလာသည်။

"ငပျင်းလေး"

မိုမို ကြောင်လေးနှာခေါင်းကို လက်ဖြင့် ထိရင်းပြောလိုက်သည်။

ယနေ့တွင်သူတို့စောစောအိပ်ဖြစ်ကြသည်။ နောက်တစ်နေ့ နံနက်တွင် ဂူအပြင်မှ ဆူညံသံများကြောင့် မိုမို နိုးလာသည်။

"ဘာဖြစ်တာလည်းကိုယ်သွားကြည့်လိုက်မယ်"

ဖုန်းကျင်း မှာမျက်နှာသစ်ပြီးနောက်အပြင်ထွက်သွားသည်။ မိုမိုလည်း မျက်နှာသစ်ကာ အပြင်သို့ထွက်လာသည်။

"တွေ့လား အထီး နှစ်ကောင် အတူနေနေတာပါဆို "

"သားရဲတမန်တော် ပြောတာမှန်တယ်"

"ဟုတ်ပ အစကတည်းက အဲ့အမျိုးယုတ်ကလေးကို ရွာကနှင်ထုတ်လိုက်ရမှာ"

စသည်ဖြင့် တီးတိုးစကားများက ပိုကျယ်လာသည်။

"ဘာတွေဖြစ်နေတာလည်း"

မိုမိုက နားမလည်တာကြောင့်မေးလိုက်တော့ အနားရှိ အမတစ်ယောက်က ခပ်စွာစွာပြောလာသည်။

"အောင်မာ အရှက်မရှိမေးရဲသေးတယ် မနေ့က သားရဲတမန်တော် ကိုထိခိုက်အောင်လုပ်ခဲ့တုန်းကတော့ ဒီရုပ်မဟုတ်ပါဘူး "

"အဲ့လိုမပြောပါနဲ့ မိုမိုက တမင်လုပ်တာမှမဟုတ်တာ ဟုတ်တယ်မလား မိုမို ကျေးဇူးပြုပြီး အဲ့ကြောင်လေးကိုပေးပါ"

ရှန်ဖူ ကို သားရဲအထီး တစ်ယောက်က တွဲထားကာ မိုမို နားသို့လာရင်း အားနည်းသောလေသံဖြင့်ပြောလိုက်သည်။

သူ့ရဲ့လက်မောင်းတွင်လည်း ကုတ်ခြစ်ရာအကြီးကြီးကရှိနေသေးသည်။

"နင်ဘာဖြစ်နေတာလည်း"

မိုမိုရှန်ဖူ ကိုနားမလည်သလိုကြည့်ရေးမေးလိုက်တော့ ရှန်ဖူက သူ့ကိုတွဲလာသော အထီးရဲ့ လက်မောင်းထဲဝင်ကာ ဝမ်းနည်းတကြီးငိုရှိုက်လာသည်။

"ဟ နင်ကများမေးရဲသေးတယ် မနေ့က အရိုင်းသားရဲကြောင့် ရှန်ရှန် ထိခိုက်သွားတာ လေ "
ထိုအထီးက ရှန်ဖူ ဝမ်းနည်းတကြီးငိုသံကြောင့် မိုမိုကို စိုက်ကြည့်လာပြီး ဒေါသတကြီးပြောလိုက်သည်။

"အဲ့တာငါနဲ့ဘာဆိုင်လို့လည်း"
မိုမိုပြန်ချေပလိုက်သည်။

"ဟ ဘာဆိုင်လို့လဲတဲ့လား နင်ဘဲ အဲ့အရိုင်းသားရဲကို လွှတ်ပေးလိုက်တာလေ ဟောကြည့်ကြည့် ဟိုအယုတ်တမာ သားရဲ့ထွက်လာပြီ"
ထိုအထီးက ပြောရင်းနှင့် မီမီ ကိုတွေ့တော့ လက်ညှိုးတစ်ထိုးထိုးဖြင့်ပြောလာသည်။

"ငါကဘာလို့သူ့ကိုခုလိုလုပ်ရမှာလည်း ပြီးတော့ သူ့လက်က ကုတ်ရာကအကြီးကြီးလေ ဒီကြောင်က သေးသေးလေးဟာကို "

"ဘာလို့လည်းဟုတ်လား နင်က ကောင်းချီးပေးမခံရတဲ့လူလေ အဲ့တာကြောင့် သားရဲတမန်တော် ကိုထိခိုက်စေတာလေ မနာလိုနေတာပေါ့ ပြီးတော့ ဘယ်သူသိနိုင်မှာလည်း နင်ကတခြား အရိုင်းသားရဲတွေကို ခိုင်းလားမှမသိတာ  "

မိန်းမ တစ်ယောက်ကပြောလာသည်။

မိုမိုနားမလည်သလို ရှန်ဖူကိုကြည့်တော့ ဟိုက ရွဲ့ပြုံးဖြင့်သူ့ကိုကြည့်နေကာ ချက်ချင်းကြောက်လန့်နေသည့်မျက်နှာ ပြောင်သွားငည်။

အောချပါတယ် သရုပ်ဆောင်ကောင်းချက် မိုမို ထိုသို့တွေးလိုက်မိသည်။

"မိုမို အဲ့ကြောင်ကိုငါ့ပေးပါနော် အဲ့တာဆိုငါ နင့်ကိုခွင့်လွှတ်ပေးမယ်"

"နင်အဲ့ကြောင်ပေးရင် နင်နဲ့ငါ သူငယ်ချင်းဖြစ်တဲ့မျက်နှာထောက်ပြီးခွင့်လွှတ်ပေးမယ်လေနော်"

ရှန်ဖူက ရှေ့ထွက်လာကာ အားနည်းစွာပြောနေပုံက နေမကောင်းသောအလှလေး ကဲ့သို့ မည်သူမှ ထိုသူရဲ့စကားကိုမငြင်းပယ်နိုင်လောက်အောင်ပင်။

သို့သော် မိုမိုက ကြောင်လေးကို ချီလိုက်ပြီး နောက်ဆုတ်လိုက်သည်။ မိုမိုက ငယ်ငယ်ကတည်းက မိသားစုမရှိတာကြောင့် သူချစ်ခင်တဲ့လူတစ်ယောက်ကို အဆုံးထိကာကွယ်ပေးသည့်အကျင့်ရှိသည်။

မီမီ ကိုသူ့မိသားစုဝင်လို့ သတ်မှတ်ထားတာကြောင့် အခြားသူကိုပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

"ကြောင်ကိစ္စ ခုထိမပြိ်းသေးဘူးလား ငါပြောပြီးသား မီမီ ကငါ့ကြောင်"

"ကျစ် သားရဲ့တမန်တော် တောင်းတာကိုသာပေးလိုက်စမ်းပါ မဟုတ်ရင် အပစ်ပေးခံရလိမ့်မယ်"

"မေပးဘူး"

"မိုမို နင်ခုလိုခေါင်းမာနေမှတော့ ငါလည်း နင့်ကို အပစ်မပေးချင်ပေမယ့် ပြီးတော့ဒီရွာရဲ့ လုံခြုံရေးအတွက်ပါတွေးပြီး  ငါအနာဂတ်မှာ နင့်ကို ဒီနေရာမှာမမြင်ချင်ဘူး အဲ့တာကြောင့် ဒီကေနထွက်သွားပါ"

"ဟုတ်တယ် ထွက်သွား"

"အခုချက်ချင်းထွက်သွားစမ်းပါ"

"မြန်မြန်ထွက်သွားတော့"

"ငါထွက်သွားတာနဲ့ ဒီရွာလုံခြုံရေးဘာဆိုင်လို့လည်း "
မိုမို မေးလိုက်သည်။

"နင်က အရိုင်းသားရဲ တွေကိုထိန်းချုပ်နိုင် တောင်းပန်ပါတယ် နင့် လျှို့ဝှက်ချက် ကိုပြောမိလိုက်လို့"

လို့ရှန်ဖူက ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ဝမ်းနည်းနေသောပုံက မသိရင် တကယ်ကိုသူငယ်ချင်းတွက်ဝမ်းနည်းနေသည့်ပုံပင်။

"သားရဲတမန်တော် ပြောလို့ပေါ့ မဟုတ်ရင်သူက ဒီလောက်ဆိုးရွားတဲ့ အတတ်ကို တက်တာ သိပါ့မလား ခုဆိုပိုလို့တောင်ထွက်သွားသင့်တယ်"

"ဟုတ်တယ်မကောင်းဆိုးဝါးကောင်ထွက်သွား"

စကားတစ်လုံးမှဝင်မပြောခဲ့သော ဖုန်းကျင်း က ချက်ချင်းရှေ့သို့ ရောက်လာကာ မိုမိုကိုပစ်နေသည့် ခဲလုံးများကို ဖမ်းလိုက်သည်။

ထိုအခါခဲလုံးပစ်နေသည့် အမများနှင့် မိန်းမများက ဖုန်းကျင်းအကြည့်ကြောင့် လန့်သွားကာ ရှန်ဖူ မျက်နှာထားက ပြောင်းလဲသွားသည်။

သန်မာလိုက်တယ့် အငွေ့သက် ဘာကြောင့် သန်မာတယ့်လူတိုင်းက အဲ့အသုံးမကျတယ့် ကောင်နားမှာရှိနေရတာလည်း ကျစ်။

မိုမို ကြောင်ကိုပိုက်ရင်းဂူထဲဝက်လာကာ ပစ္စည်းတွေကိုသိမ်းနေတော့သည်။ သူ့မှာရွေးချယ်စရာမှ မရှိတော့တာ အဲ့တော့ထွက်သွားရမှာပေါ့ ဒါပေမယ့်

"ဖုန်းကျင်း တောင်းပန်ပါတယ်နော် ကျွန်တော့်ကြောင့် ဒုက္ခရောက်နေရပြီ"

"မဟုတ်တာ မင်းကြောင့်မဟုတ်ပါဘူး"

"တောင်းပန်ပါတယ်"

မိုမို အသံသေးသေးလေးဖြင့်ပြောလိုက်သည်။ သူက ကံဆိုးတဲ့ကြယ်ဘဲ သူ့နားမှာရှိတယ့် လူတိုင်းက အမြဲ ကံဆိုးကြတယ်။

"ကိုယ်ရပါတယ်လို့ပြောနေတယ်လေ ဝမ်းမနည်းပါနဲ့ ဟုတ်ပြီလား "

ဖုန်းကျင်းက မိုမိုနားသို့ သွားကာ ဖက်လိုက်သည်။ သူက မိုမိုထက် အရပ်ပိုရှည်တာကြောင့် မိုမိုမှာ ဖုန်းကျင်း ရင်ခွင်ထဲတန်းခနဲပင်။

မီမီ ကလည်း မိုမို ခြေထောက်ကို သူ့ကိုယ်နဲ့ ပွတ်သပ်ပေးနေသည်။

"ဒါပေမယ့်ဆောင်းဝင်တော့မှာလေ"

"မင်းမှာသားမွေးအဝတ်တွေရှိတယ်လေ ကယ်ပစ္စည်းတွေသွားသိမ်း ဂူရှေ့ကလူတွေက ကိုယ်တို့မထွက်သွားမချင်း ပြန်မှာမဟုတ်ဘူးနော်"

ဖုန်းကျင်း မိုမို ကို ဖက်ထားရာမှ လွတ်လိုက်ပြီး မိုမို နှာခေါင်းလေးကို ထိကာ ပြုံးရင်းပြောလိုက်သည်။

"ကောင်းပြီ"

မိုမို ပစ္စည်းများကို ဝါးခြင်းထဲသို့ထည့်လိုက်သည်။ သူ့မှာပစ္စည်းတွေ သိပ်မများတာကြောင့် ဝါးခြင်းသုံးခု သာလိုသည်။ ဖုန်းကျင်းက အသားနှင့် သားမွှေးထည့်ထားသော ခြင်းနှစ်ခုကို ပေါ့ပါးစွာလွယ်လိုက်ကာ မိုမိုက အသီးနှင့်ရေထည့်ထားသော ခြင်းကိုလွယ်လိုက်သည်။

အမှန်မှာ ပစ္စည်းများက ခုထက်များသော်လည်း ခြင်းမလောက်သောကြောင့် ကျန်သည့်ပစ္စည်းများကို နယ်မြေထဲပစ်ထည့်လိုက်ရသည်။

ရေကတော့ အရေးကြီးသောအရာပင် သို့ပေမယ့် သူတို့ ဒီနေရာကနေထွက်သွားရင် နောက်ထပ်ရေရှာတွေ့ပါ့မလားလို့စိုးရိမ်တာကြောင့် နောက်ဖေးရှိ ရေစည်ကို နယ်မြေထဲသို့ထည့်လိုက်သည်။

သူ့တွင်ရှိသော ရေကုန်သွားလျှင် ဖုန်းကျင်း မသိအောင် အသာလေး ရေပြန်ဖြည့် လို့ရသည်။

သူတို့ ဂူထဲကထွက်လာတော့ ဂူအပြင်တွင်ရှိနေသော လူများက ဝါးခြင်းများကို အံဩစွာကြည့်နေကြသည်။

ရှန်ဖူ က မိုမို ကျောပေါ်က ခြင်းကိုမြင်တော့ အံဩသွားသည်။

'သူကဒါလည်းလုပ်တတ်တာလား '

ထို့နောက်မိုမိုနားသို့သွားကာ "မင်းသေချာပြီလား ကြောင်တစ်ယောင်အတွက် မင်းအိမ်ကိုဆုံးရှုံးခံမလို့လား"

"ဟုတ်တယ် ပြီးတော့ အိမ်ဆိုတာ ကိုယ်ချစ်တဲ့လူတွေနဲ့ တစ်စုတစ်စည်းတည်း နေတယ့်နေရာကို အိမ်လို့တော့ငါသတ်မှတ်တယ် ငါချစ်တဲ့လူတွေကငါ့အနားမှာရှိတာကြောင့် ဘယ်နေရာဘဲဖြစ်ဖြစ်ငါ့အိမ်ဘဲ "

"အော် စကားမဆက် မင်းအပြုအမူကို ဆင်ချင်ပါ ဒီကလူတွေကရိုးသားကြတယ် မင်းပြောသမျှကို သားရဲတမန်တော် ဆိုတဲ့ဂုဏ်ကြောင့် ယုံနေကြမှာ အဲ့ဂုဏ်ပုဒ် သုံးပြီး မလှည့်စားနဲ့"

"ဘာလည်းမနာလိုတာလား"

"မဟုတ်ဘူးသတိပေးတာ"

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးကိုဖြတ်ကာ အနက်ရောင်ကျားသစ် ရွာရဲ့ ဆန့်ကျင်ဘက်ကိုသွားလိုက်သည်။

"မိုမို!!!!"
အဝေးမှအော်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့မွေးစားအမေက သူ့ဆီပြေးလာနေကာ အနောက်တွင် သူမ မိတ်ဖက်သားရဲများက လိုက်လာလေသည်။

သူ့မွေးစားအမေက သူ့နားရောက်တော့ အမောဖြေနေကာ အော်လိုက်သည်။

"ငါ့ကေလးကို ဘယ်ကောင်ထိရဲလဲ"

"အမေစိတ်လျှော့ပါ"

"ဘာစိတ်လျှော့ရမယ်ဟုတ်လား နင့်ကို ထွက်သွားခိုင်းနေတယ့်လူတွေကိုလေ ကလေးပြော ဘယ်သူအနိုင်ကျင့်တာလည်း "

အမြဲတမ်းသိမ်မွေ့လှသော မွေးစားအမေက ခုတော့ အသံကျယ်ကျယ်ဖြင့်အော်နေကာ လူအုပ်ကြီးဘက်ကိုလှည့်ပြီးအသံကျယ်ကျယ်ဖြင့်မေးလိုက်သည်။

"ဘယ္သူ ငါ့ကေလးကို အနိုင်ကျင့်တာလည်း"

"မား စိတ်လျှော့ပါ ဒါကျွန်တော့်အမှားလေ အမှားလုပ်ရင် အပစ်ပေးခံရမှာပေါ့"

"ကလေးရယ်"
ကျန်းကျန်း သူမ ကလေးလက်ကိုကိုင်ရင်း ခုနက ဟိတ်ကြီးဟန်ကြီး ပုံစံက လုံးဝ ပျောက်ကွယ်သွကာ မျက်ရည်များ တပေါက်ပြီးတပေါက် သူမရဲ့ လှပေသာ မျက်လုံးမှ လိမ့်ဆင့်လာသည်။

"လာ အမေနဲ့လိုက်ခဲ့ ဒီရွာမှာမနေရလည်း အေမ အရင်ကနေတယ့်ရွာကိုသွားမယ်"

"မား "
မိုမို သူ့လက်ကို သူ့အမေ ထံမှဆွဲထုတ်လိုက်ပြီး အားနည်းစွာပြောလိုက်သည်။

"မား ကျွန်တော် မားကို ဒုက္ခပေးတာများနေပြီလေ"

"မဟုတ်ဘူး မဟုတ်တာ မင်းကဒီလောက်လိမ္မာတဲ့ကလေးဟာကို "

"ကျွန်တော်က အရွယ်ရောက်နေပြီလေ"

"မဟုတ်တာ မင်းက အမြဲတမ်း မားမျက်လုံးထဲမှာ ကလေးလေးဘဲ"

"ကျွန်တော်အဆင်ပြေပါတယ်"
ကျွန်တော်ကြောင့် တစ်ခြား လူတွေကို ဒုက္ခမရောက်စေချင်တော့ဘူး

မိုမို သူအဆင်ပြေကြောင်းပြောလိုက်ပြီး ကျန်သည့်စကားတွေကိုတော့ သူ့စိတ်ထဲမှသာပြောလိုက်သည်။

"ငှက်လေးတွေက အတောင်စုံရင် အသိုက်ကနေပျံသွားချင်ကြတာချည်းဘဲ ကောင်းပြီ အပြင်မှာဂရုစိုက်နော်"

"မားခနေလး "

မိုမို သူ့ခြင်းကိုချပြီးနောက် အထဲမှပစ္စည်းများကို လှန်လှော ကာတစ်စုံတစ်ခုကိုရှာဖွေနေသည်။

"မား ဒါလေးကို ဆောင်ထား အဲ့တာက စိတ်ကိုလန်းဆန်းစေတာကြောင့် မားအတွက်အဆင်ပြေတယ်ပြီးတော့"

မိုမို ယုန်သားရဲ ရဲ့ သားမွှေး နှင့်ပြုလုပ်ထားသော အမွှေးပွ အဖြူရောင်အိတ်လေးကို ပေးလိုက်သည်။ ထိုအိတ်ထဲတွက် အမှုန့်ခြေထားသော ဆေးပင်များထည့်ထားကာ ထိုဆေးပင်များက လန်းဆန်းသော ရနံကို ထုတ်လွှတ်ပေးသည်။

ထို့ကြောင့်အသုံးပြုသူကို စိတ်ကြည်လေစေသော အာနိသင်ရှိကာ ကျန်းမာရေးကောင်းမွန်စေသည်။

မိုမို သူ့လက်တွေကို သူ့အမေ ဝမ်းဗိုက်နားထားရင်း

"အငယ်လေးတွေကိုဂရုစိုက်ပါ"

"အင်း"
ကျန်းကျန်း ကပြုံးရင်း သူမသားလက်ပေါ်ထပ်ပြီးကိုင်လိုက်သည်။

"အေးနေပြီ သွားရအောင်"
သူ့အမေရဲ့ မိတ်ဖက်များက အဝေးမှရပ်ကြည့်နေရာကနေရောက်လာပြီး ကျန်းကျန်းကိုခေါ်သွားသည်။

"တောနက်ပိုင်းကိုသွား အန္တရာယ်ရှိပေမယ့် ဆောင်းဝင်နေတော့ သားရဲတွေ ဆောင်းခိုနေမှာမို့အန္တာယ် သိပ်ပြီးမရှိလောက်ဘူး ပြီးတော့ နာရွက်ရှည် ကြွက်တွေ အသိုက်ရှိတယ့်နေရာမှာဂူတူး သူတို့က နွေးထွေးတယ့်နေရာကိုသိတယ် နွေဦးရောက်မှ နေရာကောင်းရှာ "

သူ့အမေရဲ့ မိတ်ဖက်သားရဲကပြောလာသည်။

"ကျေးဇူးပါ "

ဖုန်းကျင်းက အဝေးမှကြည့်နေရာကနေ ရောက်လာပြီး မိုမို ပုခုံးကိုဖက်ကာပြောလိုက်သည်။

"ရတယ်"

ထိုသားရဲအထီးက ထိုသို့ပြောပြီးနောက် ကျန်းကျန်း ထံသွားလိုက်သည်။

"ရှင်ကလေ "

"ဘာလည်း"

"ဘာမှမဟုတ်ပါဘူး"
ကျန်းကျန်း သူမရဲ့ မိတ်ဖက်ကိုကြည့်ကာခပ်ဖွဖွပြုံးလိုက်ပြီး မိုမို ဘက်လှည့်ကာ လက်ဆန့်လိုက်သည်။

သူမလက်ဆန့်လိုက်သည်နှက့် မိုမိုက လေလို အရှိန်ဖြင့် ပြေးသွားကာ သူမကိုဖက်ရင်း တိတ်တဆိတ်ငိုတော့သည်။

......

Bạn đang đọc truyện trên: AzTruyen.Top