အပိုင်း(၆)

"ကိုလွမ်းအခရာ အဲ့နေ့ကျစောစောလာပေးဗျာ"

"ဟုတ်ကဲ့ စာရေးဆရာ"

"ခင်ဗျား ကိုတော့ယုံပါတယ်"

"ကျွန်တော် တတ်နိုင်သလောက်ပါဝင်ပေးပါ့မယ်"

"ကျွန်တော်တို့သေချာစီစဉ်မှတော့ဖြစ်မယ်
တီချယ်တွေက ကျွန်တော့်ကိုအားလုံးလိုလိုလက်လွှဲထားတာ
စည်းစည်းလုံးလုံးကူညီကြပါဦးဗျာ...."

"စိတ်ချပါ..."

အခရာထိုင်သည့်ဆိုင်ကိုပဲမေဂျာဆောင်နှင့်လည်း
နီးတာမလို့အားလုံးစုချိန်းကာအဖွဲ့အစည်း၏
လာမယ့်ပြည်ထောင်စုနေ့အကြိုစျေးရောင်းပွဲတော်အတွက်
အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။ဆိုင်ထဲ
မဟုတ်ဘဲဆိုင်အပြင်ဘက်ဝိုင်းအကျယ်တွင်
ထိုင်နေကြကာ လိုအပ်သည်များကိုတိုင်ပင်နေကြခြင်းဖြစ်သည်။

"ဒီကြားထဲ ကဗျာရွတ်ပွဲလေးလည်းလုပ်ကြဦးမယ်မလား"

"စာမရေးဖြစ်ဘူးဗျ စာရေးဆရာ ကျွန်တော်တော့
ကဗျာစပ်ဖို့ကို ဘယ်လိုမှဦးတည်လို့မရနေဘူး
ခုရက်ပိုင်းစာပဲဖတ်ဖြစ်နေတယ်
ဒါတောင်ပြီးခဲ့တဲ့လရဲ့စာဖတ်နှုန်းကိုမမှီဘူး
ကျွန်တော် ဘာတွေလေနေတယ်မသိ"

အခရာသည် ခက်ခဲသလိုဟန်ဖြင့် ပြန်ဖြေတဲ့အခါ
အားလုံးသည်လည်းထောက်ခံလာကြပြီး

"အတူတူပါပဲဗျာ...."

"ဒါဆို ခဏတော့ ဆိုင်းငံ့လိုက်တာပေါ့
ဒီလောက်နဲ့ပြီးကြမလား ကျွန်တော့်ကိုဘာမေးစရာရှိသေးလဲ"

"မရှိဘူးဗျ"

"ဒါဆို ရပ်ပြီ...နောက်နေ့တွေ့မယ်"

"ကောင်းပါပြီ စာရေးဆရာ...."

ရပ်ပြီဆိုတာနဲ့စိတ်မြန်လက်မြန်ခုံမှထကာ
လွယ်အိတ်လွယ်လျှက်ထွက်သွားသော
စာရေးဆရာသည်နောက်ကိုပြန်လှည့်မကြည့်တော့ပါ။
တခြားကျောင်းသားတွေလည်းကိုယ်စီကိုယ်ငှထကာ
မေဂျာကိုယ်စီသို့ထွက်ခွါသွားကြသည်။

အုပ်စုဖွဲ့ထိုင်နေသော်လည်းပုံမှန်ကျောင်းသားတွေလို
ရယ်စရာတွေပြော ထအော်ရယ်ကြလေ့မရှိသလို
တစ်ယောက်Personal တစ်ယောက်လည်းတစ်ခုမှ
မသိကြသူများဖြစ်သည်။ ပြောစရာရှိတာပြောပြီးလျှင်
ခပ်မြနိမြန်လူစုခွဲပြီးတွေးမည့်ငေးမည့်Character
အစုအဖွဲ့တစ်ခုဖြစ်ခဲ့ပါ၏။

ကျန်ခဲ့သောအခရာသည် တစ်ယောက်ချင်းစီက
ပေးခဲ့သော ကျသင့်ငွေများကိုစုစည်းကာ
ရေတွက်နေပြီး ငွေရှင်းကာအတန်းတက်ဖို့
အချိန်လိုသေးတာမလို့တနေရာရာသွားခွေရန်တွေးလိုက်သည်။

ပိုက်ဆံရေတွက်ပြီး ငွေရှင်းရန် ဆိုင်ပိုင်ရှင်
အမကြီးကိုခေါ်ဖို့မျက်နှာမော့လိုက်ချိန်တွင်
တွေ့လိုက်ရသည်ကမြတ်သူဖြစ်သည်။

"အမယ်လေး!!လွမ်းအခရာ ပြောတော့ ကြီးကြီးကျယ်ကျယ်နဲ့
မင်းက ထမင်းစားဖို့ ငါတို့ကိုကြိုစောင့်နေတာပေါ့
အစ်ကိုကြီးတွေ အတန်းဆင်းတာနောက်ကျနေလို့
ကြာသွားတာ Sorry လာ အစ်ကိုကြီးတို့ ထိုင်ကြမယ်"

ပြောရင်းဆိုရင်းပဲအုပ်စုလိုက်ကြီးသူ့ဆီလျှောက်လာ
ကြပြီး ခုံတွေတွင်နေရာအကျအနယူထိုင်လိုက်ကြသည်။
နှာခေါင်းဝဆီသို့တိုးဝှေ့လာသောရေမွှေးနံ့။
အနည်းငယ်ရင်းနှီးနေခဲ့ပြီးဖြစ်သည်။သူ့ဘေးနား
ကပ်လျှက်ခုံတွင်လာထိုင်သူသည်
ဘယ်သူဆိုတာကြည့်နေစရာမလိုပါ။

ဖြစ်သလိုထိုင်နေသော အခရာ့၏ ခါးလေးသည်
အနည်းငယ်ဆန့်သွားကာ ခန္ဓာကိုယ်၏အနေအထားကို
ချက်ချင်းပြောင်းလဲလိုက်ပုံကခဏလေးအတွင်း။

ခုံပေါ် လက်ကကိုင်လာသောဖုန်းနှင့်
လွယ်လာသောလွယ်အိတ်ကိုခပ်ကြမ်းကြမ်းပစ်ချ
လိုက်တာမလို့ အခရာသည် ဖျက်ခနဲကြည့်လိုက်တဲ့အခါ
မနေ့ကသူပြန်ပေးခဲ့သော ဂျင်းအင်္ကျီနှင့်ကျောင်းသား
ကြီး၏ ဘေးတိုက်မျက်နှာသည်အထူးသုန်မှုန်နေပါ၏။

အခရာသည် သူစောင့်နေတာမဟုတ်ကြောင်း
ရှင်းပြဖို့မြတ်သူကိုကြည့်တော့ မြတ်သူသည် ဘာကိုမှအာရုံမရှိစွာ
ဖုန်းScreen ကိုထောင်လျှက် သူ့ဆံပင်အား
သေသပ်အောင်ပုံစံချနေသည်။

"Shampoo ဘာသုံးကြလဲဟင် ကျွန်တော်ဆံပင်တွေ
ကြမ်းလို့ Shampoo နည်းနည်းကောင်းတာလေးညွှန်းပါလား"

"ငါတို့ ၃ယောက်လုံး ရေချိူးဆပ်ပြာရည်နဲ့ပဲလျှော်တာ"

ဝေယံ၏အဖြေတွင်မြတ်သူသည်သိသိသာသာ
မျက်နှာပျက်သွားကာ

"ဆံပင်တွေတော့ ကုန်ကြတော့မှာပဲ
ဂရုစိုက်ကြပါ အဲ့လိုဖြစ်သလိုတွေမလုပ်ကြပါနဲ့"

"ချေး စင် ပြီး တာ ပဲကို...."

"မြတ်သူ....ငါ တကယ်တော့...."

"အားနာတယ် မင်းအကြာကြီးစောင့်နေလိုက်ရမှာပဲ
မှာကြမယ် အစ်ကိုကြီးတို့ ဘာစားကြမလဲ
တစ်ယောက်တစ်မျိုးစီ မတူတဲ့ဟင်းတွေ
ကျွန်တော်သွားမှာလိုက်တော့မယ်နော်..."

အခရာသည် သူစောင့်နေတာလုံးဝမဟုတ်ကြောင်း
မြတ်သူအားပြောပြဖို့ကြိုးစားပေမယ့်
မြတ်သူသည် ပြောပြောဆိုဆိုဖြင့်ခုံမှထသွားတော့သည်။
မတတ်နိုင်တော့ ဤလူတွေသည် ကျေးဇူးတရားတွေ
လည်းရှိ၍ ထထွက်သွားရမည့်ကိစ္စသည်အလွန်ရိုင်းနိုင်
တာမလို့ စိတ်အိုက်စွာနဲ့ပဲ ငြိမ်နေလိုက်ရတော့မည်။

"မင်းနာမည်က အပြည့်အစုံက အခရာလား....."

မြတ်သူထမင်းဟင်းသွားမှာချိန်တွင်
အခြေအနေကလုံးဝတိတ်ဆ်ိတ်သွားတာမလို့
ဝေယံသည် ငြိမ်ငြိမ်လေးထိုင်နေသော
ကောင်လေးအား မရဲတရဲမေးလာခြင်းဖြင့်
စားပွဲဝိုင်းကိုပြန်လည်အသက်သွင်းလာသည်။

"အပြည့်အစုံက လွမ်းအခရာပါ....."

"နာမည်က လှလိုက်တာ..."

".........."

"မင်း ဘာလို့ တောင်ကြီးမှာ ကျောင်းမတက်တာလဲ"

"အဖေက အစိုးရဝန်ထမ်းမလို့ ဒီမှာတာဝန်ကျလို့"

"အော်....."

"ပျော်လား ဒီမှာ...."

"မပျော်ဘူး....."

ပြတ်သားလွန်းသည့်အဖြေတွင်ဝေယံသည်
ကြောင်အအဖြစ်သွားပြီးဘေးနားကဖြိုးလေးအား
ကြည့်လာသည်။

"နေသားမကျသေးလို့ပါ တောင်ကြီးလ်ိုမြို့ပြကြီး
မဟုတ်ပေမယ့်ငါတို့နယ်မြို့လေးမှာလည်း
နေတတ်ရင်တော့ပျော်စရာတွေရှိပါတယ်"

"အင်း......"

"တစ်ယောက်ထဲ ကျောင်းတက်ရတာပျင်းတာမျ်ိုးဆို
ငါတို့တွေနဲ့  သူငယ်ချင်းလုပ်လို့ရတယ်နော်...."

"ကျေးဇူးတင်ပါတယ်"

"ငါကဝေယံ သူက ဖြိုးလေး မင်းဘေးက မင်းရဲရင့်
မေဂျာမတူလည်းငါတို့နဲ့ ခင်ခင်မင်မင်နေလို့ရတယ်
မပျော်ရင်ငါတို့နဲ့သာပေါင်းချလိုက်"

"ဟေ့ကောင် ...."

ဘယ်လိုမှပေါင်းစပ်၍မရသောပုံစံ၂မျိူးကို
ဝေယံကလောကွတ်တွေချော်နေတာကြောင့်
ဖြိုးလေးကမသိမသာထိန်းလာသည်။

"တောင်ကြီးမှာ ဘာတွေပေါလဲ သွားချင်ပေမယ့်
တစ်ခါမှငါတို့မရောက်ဖူးသေးဘူး"

ဖြိုးလေး၏မေးခွန်းတွင်အခရာသည်ခေါင်းငြိမ့်ကာ

"သူ့ဒေသထွက်ကုန်တွေနဲ့သူတော့ပေါတယ်"

"ရှမ်းမလေးတွေရော ချောလား....."

"မသိဘူး....."

"လျှိုတာလား....."

"ကျွန်တော် တကယ် မသိတာ"

"ငါတို့ ဟင်္သာတနဲ့ပတ်သတ်ပြီးရော ဘာသိချင်လဲ
ပြောပြမယ်လေ...."

"ဘာမှမသိချင်ဘူး...."

"ပြတ်သားလိုက်တာ.....ငါတို့အဖွဲ့နဲ့အရမ်းKeyကိုက်နေပြီ"

"တောင်ကြီးမှာလေ....ဟို....."

"ပွကြီး Power Bankပါလား ပေးစမ်း...."

စကားဝိုင်းထဲဖြတ်ဝင်လာသူသည်
ဖုန်းနှင့်Keyboard တစ်ချက်ချက်ရိုက်လျှက်
ဝေယံအားလှမ်းတောင်းလာတဲ့အခါဝေယံသည်
Power Bankအားထုတ်ပေးသည်။

"ဘာတွေဖြစ်နေတာလဲ ရဲကြီးဘယ်သူနဲ့စိန်ခေါ်နေပြန်ပြီလဲ"

"ဘာမှမဟုတ်ဘူး ပေးစရာရှိတာပေး...."

ဘေးနားကပ်ထိုင်နေတာမို့ကြားနေရသော
Keyboard ရိုက်သံသည်အလွန်မြန်ဆန်ကာ
တဖျက်ဖျက်ဖြစ်နေလျှက်။သူသည်ဤဝိုင်းထဲ
တွင်ကိုယ့်ထက်ငြိမ်သက်နေသူဖြစ်နေသည်။

"ကဲ ရပါပြီ အဝသာစားကြပါ ကျွန်တော်ကျွေးပါတယ်"

ပြန်ရောက်လာသောမြတ်သူနှင့်အတူ
ဟင်းပွဲတွေအများအပြား။စားပွဲပေါ်အားလုံး
ဖြန့်ခင်းလိုက်ကာနေ့လည်စာစားဖို့ရန်စတင်လိုက်ကြသည်။

မဆာသေးကြောင်းမစားချင်သေးကြောင်းကိုလည်း
ပြောဖို့အခွင့်အရေးမရှိ မြတ်သူသည်ရှေ့တည့်တည့်ကို
ထမင်းပန်းကန်ချပေးလာပြန်သည်။မျက်နှာတွေရှိနေတာ
မလို့ နှုတ်ဆိတ်ကာငြိမ်နေရပြန်၏။

သုံးလက်စApplication ကိုပိတ်ကာဖုန်းကို
စားပွဲပေါ်ခပ်ကြမ်းကြမ်းပစ်ချလိုက်သူကြောင့်
တစ်ဝိုင်းလုံးလန့်သွားကာပြူးကြည့်လာကြသည်။

"စားမယ် ဗိုက်ဆာနေပြီ ဘာဟင်းတွေလဲ..."

"အစုံပဲ....ကြိုက်တာယူကြပါ"

ကိုယ်စီကိုယ်ငှ ကိုယ်နှစ်သက်သည့်ဟင်းပွဲကိုယ်စီကို
ရွေးယူသွားကြသည်။နောက်ဆုံးဆီတွေနစ်နေအောင်
ချက်ထားသောဝက်သားဟင်းပွဲသည် အခရာ့အတွက်
ကျန်လာခဲ့သည်။

အခက်တွေ့သွားသည်ကသူဝက်သားမစားခြင်းဖြစ်သည်။
သို့သော်အထွေအထူးပြောမနေတော့ဘဲ
အရံဟင်းတွေနဲ့လည်းအဆင်ပြေ
အောင်စားလို့ရသည်မလို့ဟင်းပွဲကိုဝိုင်းအလည်တွင်ပဲ
ထားကာ ထမင်းစစားလိုက်သည်။

"အခရာက ရှမ်းဆို ဒီကောင်က ကရင်လေ....
တိုင်းရင်းသားတွေ လာတွေ့နေတာ ကရင်စကား
သိပ်ကျွမ်းတာ အားရင် သင်ခိုင်းကြ...."

ကရင်လူမျ်ိုးပီပီဝက်သားကြိုက်တာမလို့
ခေါင်းမဖော်စတမ်းစားနေသောဝေယံသည်
ဖြိုးလေး၏စကားတွေခေါင်းထောင်လာကာ

"အာချောင်နေတာ ငါတစ်လုံးမှမတတ်ဘူး
ကရင်သီချင်းနဲ့ ဒုံးယိမ်းကတတ်တာလောက်ပဲရှိတယ်"

"ဟယ် ဒုံးယိမ်းကချင်တယ် သင်ပေးမလားဟင်"

မြတ်သူသည် ချက်ချင်းဆိုသလိုတက်ကြွစွာ
မေးလာတော့သည်။

"ကရင်နှစ်သစ်ကူးနီးရင် ရွာလာခဲ့ပေါ့
ဒီနှစ်ကတော့ ကျော်သွားပြီ..."

"ခေါ်နော် ....."

"စိတ်ဝင်စားရင် ခေါ်တာပေါ့"

"ကရင်တွေ သဘောကောင်းတာတကယ်ယုံပြီ"

ဝေယံသည် မြတ်သူအားခပ်ပါးပါးလေးပြုံးပြကာ
ထမင်းဆက်စားနေသည်။

"အခရာ ဘာလို့ ဟင်းထည့်မစားတာလဲ
အရွက်တွေနဲ့ချည်းစားနေတာ
ဘာဖြစ်လို့လဲ မဟုတ်မှ မင်းဝက်သားမစားတာလား"

စကားတွေပြောနေ၍အစပိုင်းသတိမထားမိသော
မြတ်သူသည် ခဏအကြာတွင်အခရာ၏ထမင်းပန်းကန်
ထဲ အရံဟင်းနည်းနည်းသာရှိနေ၍သတိထားမိသွားတဲ့အခါ
ချက်ချင်းမေးလာသည်။

"ရတယ်....စားလို့အဆင်ပြေတယ်...."

"မစားတာ မစားဘူးပြောလေကွာ  ငါကသိတာမဟုတ်ဘူး
ငါခု ထပ်မှာပေးမယ် ....."

မြတ်သူသည်ချက်ချင်းဆိုသလိုနောက်ထပ်ထပ်မှာဖို့
ပြင်လိုက်ချ်န်တွင်အခရာသည်မြတ်သူ၏လက်ကို
ဆွဲလိုက်ကာ

"ငါ ရတယ်လို့ပြောနေတယ်လေ ငါအရမ်းလည်းမဆာဘူး
ခုန ဒီမှာ အစည်းအဝေးလုပ်တုန်းက မုန့်နည်းနည်းစားမိထားတာ
ရတယ် ......."

တက္ကသိုလ်ကန်တင်းမို့တစ်ယောက်စာတန်တန်
ထည့်ပေးထားသော ဟင်းများသည်ထမင်း
ပန်းကန်ထဲသို့အားလုံးလိုလိုရောက်နေကြပြီးပြီမလို့
မြတ်သူသည် ဘယ်လိုလုပ်ပေးရမလဲမသိအခက်တွေ့
သွားသည်။ ခုချိန်မှပြန်လဲခိုင်းဖို့ကလည်းအားနာစရာ
မလို့ အကြံအိုက်သွားလျှက်။

"မင်း အမြဲ အဲ့လိုပဲ မပွင့်တပွင့်နဲ့ ဘာမှန်းကိုမသိဘူး
ဟင်းမစားချင် အသုတ်တစ်ခုခုတော့..."

"အာရုံပဲ မြတ်သူ ရတယ်လို့....ထမင်းတစ်နပ်
ဟင်းမပါတာ အဲ့လောက်အရေးကြီးတဲ့ကိစ္စမဟုတ်ဘူး"

အခရာ၏စ်ိတ်မရှည်သလို ခပ်ပြတ်ပြတ်ပြောလာဟန်ကို
အားလုံးကပြူးကြည့်လာကြသည်။မထင်ရင်မထင်
သလို ဒိုးဒိုးဒေါက်ဒေါက်ထပြောတတ်သည့်ဤကောင်လေး
သည်လည်း မင်းရဲရင့်လို ရိုက်ပေါက်အတိ။
မင်းရဲရင့် Chemistry Version ကိုကြည့်နေရသလို
သိပ်မထူးလှပါ။

ခုလည်းကိုယ့်ဘေးကတစ်ယောက်လုံးတစ်ဖက်နှင့်
အခြေအတင်ဖြစ်နေခြင်းကိုသူမကြား အာရုံလည်းမရ
၇ရက်လောက်ထမင်းမစားရသလိုတစ်ယောက်ထဲ
ထမင်းလုစားနေသည့်မင်းရဲရင့်၏ပုံသည်သူငယ်ချင်းတွေကို
ခေါင်းခါမိသွားစေပါ၏။

"နေပေါ့.....စေတနာနဲ့မှာပေးမယ့်ဟာကို...."

မြတ်သူသည် ဘာမှမပြောတော့ဘဲခပ်ဆောင့်ဆောင့်ဟန်ဖြင့်
ထမင်းဆက်စားတော့သည်။ထမင်းစားနေရင်း
ဝေယံနှင့်ဖြိုးလေးတို့နဲ့အတူဟိုဟိုဒီဒီအကြောင်းများကို
ပြောကာဆက်လက်ပွဲကျနေသည်။

မြန်မြန်စားပြီးမြန်မြန်ပြီးအေးရောဆိုတဲ့
အရေးကိစ္စကိုတွေးကာ ထမင်းကိုအဖြစ်သာစား
နေပြီးခေါင်းထဲတွင်စျေးရောင်းပွဲ
ကိစ္စတွေရောနှောရှုပ်ပွနေသည်။အသီးအရွက်နည်းနည်းနှင့်
အရသာရှိမှာမဟုတ်သည့်နေ့လည်စာကိုဟိုဆွဒီဆွစား
နေဟန်သည် အလွန်ပျင်းစရာပုံပေါက်နေပါ၏။

တစ်ဝိုင်းလုံးစကားပြောသံ ရယ်မောသံတွေဆူညံပွက်လောရိုက်
နေသည့်ကြားက ထမင်းဖြူချည်းပဲတစ်လုပ်ကိုပါးစပ်ထည့်
ဖို့ပြင်လိုက်ချ်ိန်တွင် ပန်းကန်ထဲသို့ရောက်လာသော
ကြက်သားတစ်တုံး၏တစ်ဝက်ကြောင့်အခရာလက်တွေတန့်
သွားသည်။

ဘေးဘက်ကရောက်လာသည်မလို့ဖျက်ခနဲကြည့်
လိုက်တဲ့အခါ သူ့ပန်းကန်ထဲသို့ဟင်းထည့်ပေးနေဆဲဖြစ်သော
ကျောင်းသားကြီးသည် သူ့ကိုပြန်လည်ဖျက်ခနဲကြည့်လာသည်။
ထပ်မံ၍နီးနီးကပ်ကပ်အခြေအနေတွင်သုန်မှုန်ခြင်းတွေ
မရှိတော့ပြန် ကြည်လင်နေသောမျက်နှာကိုတွေ့ရပြန်ပါ၏။

အဓိကသည် မျက်လုံးတွေဖြစ်သည်။
ပကတိတည်ငြိမ်စွာကြည့်နေသောခပ်စူးစူးမျက်လုံးတွေသည်
ပြိုင်တူကြည့်မိကြတိုင်းစိတ်ကိုအမြဲနှောက်ကျိသွားစေသည်
ဟုသူခံစားရသည်။ထို့ကြောင့် အင်္ကျီပေးပြီး
ဇာတ်လမ်းဖြတ်ချင်ခြင်းဖြစ်သည်။

မပြတ်ဘဲ ဤကဲ့သို့ နီးနီးကပ်ကပ်မျက်နှာချင်းဆိုင်မိပြန်တော့
ဤမျက်နှာအပေါ် ကစိတ်အနှောက်အယှက်သည်
အစိတ်အပိုင်းတစ်ခုစီကိုစေ့စေ့စပ်စပ်ကြည့်မိသွားသည်အထိ
ဆောင်းတွင်းအိမ်မက်လိုဂယောက်ကယက်ဆန်လွန်းပါ၏။

"မျှစားတာပေါ့..အတုံးကြီးတော့ ငါလည်းမကုန်လို့...."

ငေးနေမိခြင်းကိုရှတတအသံဖြင့်လှုပ်နှိုးလိုက်သလို
ဖြစ်သွားတော့မှအခရာသည်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ဟင်းထည့်ပေးကာပြောပြီးဖုန်းပြန်သုံးနေသောသူသည်
ဘေးဘီကိုဘာမှအာရုံမရနေပါ။တစ်ခုခုအပေါ်
အလွန်အမင်းအာရုံစိုက်နေတဲ့ပုံပေါ်ပြီးKeyboard
ကိုသာတချက်ချက်ဆက်နှိပ်နေသည်။

အခရာသည် တဝက်တိတိမျှဝေကာ
ထည့်ပေးလာသောဟင်းကို
ကြောင်အအဖြင့်ကြည့်နေမိပြီးခဏအကြာမှ
ထမင်းကိုဆက်စားသည်။

"ရေသောက်ဦးမလား....."

ထမင်းစားပြီး၍ဖန်ခွက်ထဲရေထည့်နေသော
ဘေးနားကလူ၏မေးလာသော
မေးခွန်းကြောင့်အခရာသည်ခေါင်းငြိမ့်ပြလိုက်သည်။
ရေဘူးကမ်းပေးမယ်ထင်၍လက်လှမ်းလိုက်တဲ့အခါ
နောက်ထပ်ဖန်ခွက်တစ်ခွက်ကိုသေချာစွာရေကျင်းပေးပြီး
ရေတစ်ခွက်ထည့်ကာရှေ့သို့ချပေးလာတဲ့သူ။

"ရော့ ...."

ချပေးလာသောရေခွက်အားယောင်တောင်တောင်
ဖြင့်သောက်မိလိုက်သည်။

"အဟွတ် !!!!ဟွတ်!!!...."

အကျ်ိုးမပေးသောခန္ဓာကိုယ်သည်
ရေတစ်ကျ်ိုက်သောက်လိုက်သည်နှင့်
ချက်ချင်းထသီးတော့သည်။

"အော် ...တစ်သျှူး တစ်သျှူး ဒီမှာ....သုတ်"

တစ်သျှူးတို့ကိုဘူးထဲကခပ်မြန်မြန်ထုတ်ကာ အခရာ့လက်ထဲ
ကိုထည့်ပေးလာသည်။ ဟင်းတစ်ပွဲထဲကို၂ယောက်
အတူတူမျှစားနေကြပြီးနှစ်ယောက်ထဲ
ဂယက်ရိုက်နေသော နှစ်ယောက်ကိုမြတ်သူသည်
ပြောဆိုရယ်မောနေရင်းကမသိမသာကြည့်မိသွားသည်။

အခရာ့၏ထမင်းစားပြီးချိန်လိုအပ်သည်များကိုဆက်တိုက်
လုပ်ပေးနေရသောစီနီယာအစ်ကိုကြီး၏ခန္ဓာကိုယ်သည်
တခြမ်းပင်အခရာ့ဘက်သို့စောင်းနေပြီဖြစ်သည်။
အခရာသည်လည်း သူသိနေသော အခရာမဟုတ်ဘဲ
ယောက်ယက်ခတ်နေသောအခရာဖြစ်နေသည်။

အခရာသည်ပေးလာသောတစ်သျှူးတွေအားယူကာ
နှုတ်ခမ်းနားကပေကျံမှုတွေအားသုတ်လိုက်ပြီး
ဖြူဖွေးနေတတ်သောမျက်နှာသည်အနည်းငယ်နီရဲသွားသည်။

နီရဲသွားသောမျက်နှာ၏အရောင်ပြောင်းလဲမှုအပေါ်
င်္သချာကျောင်းသားကြီးကထူးဆန်းသလိုမျက်လုံးတွေ
နဲ့ကြည့်လာကာ

"အဆင်ပြေလား...မင်းမျက်နှာအရမ်းနီလာတယ်
အရက်သောက်မိတာလည်းမဟုတ်ဘဲ ရေသောက်တာပဲ
ဖြေးဖြေးသောက်မှပေါ့"

"ဘယ်သူကလုသောက်နေလို့လဲ ပြေတယ်...."

"တစ်သျှူးထပ်ယူဦးမလား...."

"မယူတော့ဘူး ရပြီ...."

"ရေထပ်သောက်ဦးမလား...."

"မသောက်တော့ဘူး...ရပြီ"

ဖြိုးလေး၏ရည်းစားဆုရောက်လာ၍
ဖြိုးလေးနှင့်ဆု မြတ်သူနှင့်ဝေယံတို့
အတွဲလိုက် စကားလမ်းကြောင်းကျနေကြချိန်
တစ်ဖက်မှာတော့နှစ်ယောက်ထဲအလုပ်တွေရှုပ်နေလျှက်ရှိသည်။

အခရာသည် ယောက်ယက်ခတ်လွန်းနေသည့်
နေ့လည်စာစားခြင်းကိုအမြန်လက်စသတ်လိုက်သည်။
အတန်းချိန်လိုနေသေးတာမို့ဘယ်သူ့မှထမသွားသေးတဲ့အခါ
သူထပြန်လို့မရသေးတာမလို့ဖတ်လက်စစာအုပ်ကို
ထုတ်လိုက်သည်။

စာအုပ်တွေသည်အကာအကွယ်လိုပဲ။စိတ်မွန်းကျပ်
လာလျှင်မနေတတ်မထိုင်တတ်ဖြစ်လာလျှင်
စာအုပ်ဖွင့်လိုက်ရသည်ကသံချပ်ကာတစ်ခုလိုသူလုံခြုံ
သွားပါသည်။

အားလုံးပြောဆိုရယ်မောနေသောကိစ္စအကြောင်းအရာ
တွေကိုသူဘာမှမသိပါ။သိလည်းမသိချင်ပါ။
အတူတူလိုက်ရယ်မောဖို့လည်းစိတ်လုံးဝမပါတာ
ကြောင့် စာအုပ်ကိုသာခပ်ဖွဖွလေးလှန်လိုက်ပြီး
ရယ်မောနေသောကျောင်းသားအုပ်စုကြီးကြား
တစ်ယောက်ထဲကွက်ငြိမ်စွာစာဖတ်နေသူသည်
ဤနယ်မြေနဲ့အောက်ပြည်သားတွေနှင့်
အလွန်သွေဖယ်စွာ။

"ဟေ့ကောင်......"

ဆူညံပွက်လောရိုက်နေသောအခြေအနေတွင်
စာကိုပဲအာရုံစိုက်ကာကြိုးစားဖတ်နေတုန်း
စာမျက်နှာတော်တော်များများကုန်လွန်သွားချိန်တွင်
ရုတ်တရက်နားရွက်ဖျားနားကိုထိလုမတတ်
အနီးဆုံးကိုရောက်လာသောအသံလှိုင်းတစ်ခု။

မွှေးညှင်းလေးတွေယိမ်းသွားတဲ့အထိ
အနီးဆုံးကိုကပ်ကာပြောလာသောဘေးခုံက
ကျောင်းသားကြီး၏အပြုအမူကြောင့်
ပုခုံးနှစ်ဖက်လုံးတုန်သွားကာ
စာအုပ်ကိုင်ထားသောအခရာ့လက်တွေ လှုပ်ခနဲ....။

"ဘာလဲဗျ! လန့်လိုက်တာ....."

လန့်သွားတာမလို့ ချက်ချင်း
အဆင်မပြေသလို အနားကပ်လာသူကို
စူးခနဲကြည့်ကာပြောလိုက်တော့သူကအနားကိုပဲ
ဆက်ခနဲထပ်တိုးကပ်လာပြီး သူ့လက်ကိုင်ဖုန်းအားပြလာသည်။

"စိန်ပန်းပြာတွေလေ အဲ့တာ ခုပုံတွေထဲကလိုပဲအပြင်မှာ
တကယ်လှသလား မင်းကနယ်ခံဆိုတော့သေချာသိမှာပဲ"

လုံးဝမထင်မှတ်ထားသော ဤလူဆိုးကျောင်းသားနှင့်
ပန်းတွေအကြောင်းမေးခွန်းသည်အတော်လေးမအပ်စပ်ခဲ့ပါ။
အခရာသည် မေးသူကိုမယုံကြည်နိုင်သလို
တစ်ချက်ကြည့်လိုက်တော့အမှန်တကယ်သိချင်နေသော
တည်ငြိမ်သောမျက်နှာမျိုးဖြင့်သူ့အဖြေကိုငံ့လင့်နေဟန်ရှိသည်။

"အင်း....လှတယ်...."

"ငါက စိန်ပန်းပြာတွေကိုအပြင်မှာ
တစ်ခါမှမတွေ့ဖူး  မထိတွေ့ဖူးပေမယ့်
ပုံတွေမြင်တာနဲ့ကို အကြိုက်ဆုံးပန်းဖြစ်ခဲ့တာ
အရောင်ကြောင့်ထင်ပါရဲ့ မျက်စိအတော်အေးတာနော်"

"အင်း....သူ့အရောင်ကအဲ့လိုပဲဆန်းတယ်"

"တစ်ခါလောက်သူပွင့်တဲ့နေရာမြို့တွေဆီ
ကိုငါသွားကြည့်ချင်ခဲ့တာ ခုထိတော့မရောက်သေးဘူး"

"အင်း....."

"ရောက်ဖူးလား စိန်ပန်းပြာပင်အောက်....
ဒီလိုအရောင်တွေပြင်ထားတဲ့အင်တာနက်ကပုံတွေမဟုတ်ဘဲ
မင်းမှာ သာမာန်ရိုက်ထားတဲ့ပုံမျိုးရှိလား"

"ရှိမယ်ထင်တယ်...."

"ငါ့ကို မင်းအတွက်မခက်ခဲဘူးဆိုပြပါလား
နယ်ခံရိုက်ထားတာကိုပိုကြည့်ချင်လို့"

အခရာသည်ကိုယ့်မွေးရပ်မြေ ကိုယ့်ဒေသ
ကိုယ့်မြို့၏ ပန်းပွင့်လေးတွေအား
တစ်ပါးသူကစိတ်ဝင်တစားနှစ်သက်မှုအပေါ်
ဘာမှတွေဝေနေစရာမလိုဘူးဟုတွေးကာ
စာအုပ်ကိုပိတ်လိုက်ပြီးဖုန်းထဲမှ ဓာတ်ပုံတစ်ပုံကို
ရွေးကာပြလိုက်သည်။

စိန်ပန်းပြာတွေလှိုင်လှိုင်ပွင့်ခဲ့သောရာသီတစ်ခုက
တောင်ကြီးကသူငယ်ချင်းတွေနဲ့သွားလာရင်း
အမှတ်တမဲ့ ရိိုက်ထားခဲ့သောစိန်ပန်းပြာပင်နှင့်
သူအပါအဝင်ပုံဖြစ်သည်။

သူသည်မြေပြင်ပေါ်ပြန့်ကျဲနေသောလှပလွန်းသည့်
စိန်ပန်းပြာတွေကိုငုံ့ကြည့်ကာရယ်မောနေသော
အမှတ်တမဲ့အခိုက်အတန့်ပုံလေးဖြစ်ပါ၏။
သို့သော် စိန်ပန်းပြာပင်ကြီး၏အလှသည်သူငယ်ချင်း၏
ဓာတ်ပုံအယူအဆကျွမ်းကျင်မှုဖြင့်အထူးပေါ်လွင်နေသည်။

"အိုးးတကယ်လှတာပဲ.....ငါထင်တယ်မင်းဆီကဒီပုံက
အလှဆုံးပဲ....ဘာမှကိုမပြင်ထားဘဲနဲ့လှနေတာ"

"......."

"ခုနဟိုကောင်တွေ မင်းကို
တောင်ကြီးအကြောင်းမေးကြထဲကမေးချင်နေတာ
ငါမအားနေလို့....ငါနားပဲထောင်နေတာ"

"အင်း...ဒီမှာက အနီရောင်တွေပဲပေါမယ်ထင်တယ်"

"ဟုတ်တယ် ...အနီရောင်တော့သိပ်မကြိုက်ဘူး
စိန်ပန်းပြာကိုတော့ တော်တော်ကြိုက်တယ်
ယောကျ်ားဖြစ်ပြီး ပန်းကြိုက်တာလားထင်လည်း
မတတ်နိုင်ဘူး"

"ပန်းတွေက မိန်းကလေးတွေအတွက်သီးသန့်
ဖန်တီးထားတာမှမဟုတ်တာဗျာ"

အခရာ၏စကားတွင်သင်္ချာကျောင်းသားကြီးသည်
သွားစွယ်ရေးရေးလေးတွေပေါ်သည်အထိပြုံးကာ
အခရာ့ကိုကြည့်လာသည်။စကားကြွယ်ခြင်းကို
အသိအမှတ်ပြုဟန်တူသောဤအပြုံးသည်မင်းရဲရင့်၏
နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တာနှင့်အညီအနီးကပ်ဆုံး
အခြေအနေတွင်မလို့ အခရာသည်
တွေခနဲတစ်ချက်ကြည့်ပြီးနောက်ချက်ချင်းဆိုသလို
မျက်လုံးတွေကို ဓာတ်ပုံဆီပြန်ပို့လိုက်ပါ၏။

ခေါင်းချင်းဆိုင်မိတော့မည့်နီးကပ်သောအကွာအဝေးတွင်
သူ့ကိုခပ်တွေတွေလေးကြည့်နေသောဤကောင်လေး၏
မျက်တောင်တွေသည်ပို၍ရှည်လာသလားထင်မိပြန်သည်။
"ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီးတော့"ဟု
သူထပ်မံတွေးမိခဲ့ပြန်၏။

မြင်ရရှားသောဤတောင်ပေါ်သားလေး၏
မျက်နှာသည် အမြဲတမ်းကိုတွေ့တိုင်းမရိုးနိုင်
စိတ်ထဲအထူးအဆန်းဖြစ်နေသည်ကအံ့ဩစရာ။

ကျောင်းသားကြီးသည် ဓာတ်ပုံဆီအကြည့်တို့ကိုပြန်ပို့
လိုက်တော့ ဓာတ်ပုံထဲအမြဲခပ်တင်းတင်းခပ်တည်တည်
နေတတ်သောဤကောင်လေးကရယ်မောနေသည်။
ကျောင်းသားကြီးကပါ လိုက်ပြုံးကာ

"မင်း ဒီမှာ ရယ်နေတာပဲ ရယ်တတ်သားပဲ"

"လူ လေ...."

"ဟင်္သာတမှာလည်းဒီလိုနေလေ မင်းကိုတွေ့တိုင်း
လေးလံထိုင်းမှိုင်းနေတာ...."

"ဟင်္သာတက တောင်ကြီးမှမဟုတ်တာ...."

အတူတူကြီးပြင်းလာရတဲ့ကျောင်းနေဘက်
သူငယ်ချင်းတွေမရှိဘူး။ရင်းနှီးတဲ့အိမ်နီးနားချင်းတွေ
မရှိဘူး။ကြိုက်နှစ်သက်တဲ့အစားအစာတွေမရှိဘူး။
အဖေ အမေရယ် သူရယ် အတူတူရယ်မောဖူးတဲ့
ငယ်ဘဝပုံရိပ်တွေမရှိဘူး။ကောင်းမွန်တဲ့အမှတ်တရတွေ
လူတွေ ဝန်းကျင်တွေအားလုံးကို ရင်ကွဲနာကျစွာ ထားခဲ့ရပြီး
အစိမ်းသက်သက်ဤနေရာမှာ ရယ်မောဖို့မပြောနဲ့
နည်းနည်းလေးတောင်မှမပြုံးချင်။

စကားကရိုးရှင်းပေမယ့် ဆွေးမြေ့နာကျင်နေသောမျက်လုံး
တွေနဲ့ ခပ်ပြတ်ပြတ်ပြောကာ ချက်ချင်းဖုန်းကိုပိတ်ပစ်
လိုက်ပြီးလွယ်အိတ်ထဲသို့ဖုန်းကိုပစ်ထည့်လိုက်သည်။
ကျောင်းသားကြီးသည် ရုတ်တရက်ဘာဖြစ်သွားမှန်း
မသိသော ကျောင်းသားလေးကိုကြည့်ကာကြောင်အအ။

"အတန်းချိန်နီးပြီ သွားကြမလား အစ်ကိုတို့လည်း
၁နာရီအချ်ိန်တက်ကြမယ်မလား အတူတူသွားမယ်လေ"

"အေး တက်ကြမှာ ငါတို့လည်း..."

"ဒါဆို ကျွန်တော်သွားရှင်းပြီး သွားရအောင်"

"အေး....."

ပိုက်ဆံရှင်းသည့်ကိစ္စအားလုံးပြီးသွားတဲ့အခါ
အုပ်စုလိုက်သင်္ချာဆောင်နှင့်ဓာတုဗေဒဆောင်သို့
အတူတကွလျှောက်သွားကြသည်။

ဤအစုအဖွဲ့သည် ယခုနေ့လည်စာအတူစားကြအပြီး
တွင်အတော်အသင့်ရင်းနှီးသွားကြပုံပေါ်ကာ
အတူတူရယ်မောနိုင်သောခင်မင်မှုများဆီသို့တဆင့်တက်
သွားကြသည်။

ဖြိုးလေးနှင့်ဆုသည် တီတီတာတာလေးတွေပြောကာ
တစ်တွဲအတူလျှောက်နေပြီး
ဝေယံနှင့်မြတ်သူသည် ကရင်ဒုံးယိမ်းကိစ္စ
စကားပြောမပြတ်ကြသေးဆက်လက်ပြောနေကြသည်။
နောက်ဆုံးတွင်  မလှုပ်တလှုပ်လမ်းအတူတူလျှောက်နေသော
ကောင်လေးနှင့်င်္သချာကျောင်းသားကြီးကတော့
တိတ်ဆိတ်နေသည်။

သို့သော် မေဂျာ၂ခုဆီလမ်းခွဲတော့မည့်လမ်းဆုံနားမရောက်
တရောက်တွင်သင်္ချာကျောင်းသားကြီးသည်
ဓာတုဗေဒကျောင်းသားလေးနားသို့ကပ်လာကာ

"တောင်ကြီးမှာ မဟုတ်နေလို့ မပျော်နိုင်ဘူးလုပ်မနေနဲ့
လူတိုင်းကတော့ မွေးရပ်မြေဟာ အပျော်ဆုံးနေရာပဲ
ဒါပေမယ့်ဘဝဆိုတာ ရောက်တဲ့နေရာ နေရတဲ့အခြေအနေ
ဖြစ်လာတဲ့အခက်အခဲတွေအပေါ် တောင့်ခံပြီး
ရှာကြံသန်မာရတာ ငါတို့လူငယ်ဆိုတော့ပိုတောင်
နည်းလမ်းရှာပျော်ရမှာ ပေကြောင်ကြောင်ပုံစံနဲ့
ပျော်စရာကောင်းတဲ့တက္ကသိုလ်ကျောင်းသားဘဝကို
ဖြုန်းတီးမနေနဲ့....ငါပြောတာကြားလား"

လုံးဝဆရာကြီးအထာနှင့်ဆုံးမပြန်တာမလို့ အခရာသည်
မျက်ခုံးတန်းတွေအဆုံးအထိတွန့်ချိုးလျှက်သင်္ချာကျောင်းသား
ကြီးအားမော့ကြည့်လာသည်။

"သွားတော့မယ် အတန်းမှန်မှန်တက် စာကြိုးစား
ပထမနှစ်မှာ အခြေခံပါမှ ငါတို့လို သောက်ရမ်း
တော်တဲ့ ဒုတိယနှစ်ကအစ်ကိုကြီးတွေဖြစ်လာမှာ....."

"မင်းရဲရင့် နင်တို့ ခု ငါ့အတန်းကိုလာနော်
လူတွေမရှိဘဲ လက်မှတ်တွေခိုးထိုးခိုင်းထားတာ
တန်းစီနေတာပဲ 75%တစ်ယောက်မှမပြည့်ဘူး !!!!"

အားပါးတရ ပထမနှစ်လေးအား သွန်သင်ဆုံးမ
နေချိန်တွင်ကျယ်လောင်စွာကြားလိုက်ရသော
အသံတစ်ခုကြောင့်လှမ်းကြည့်လိုက်တဲ့အခါ
ယခုအတန်း၏ တီချယ်သည် မေဂျာဆောင်ရှေ့မှ
သူတို့ကို လှမ်းအော်နေခြင်းဖြစ်သည်။

"လာခဲ့ ခုချက်ချင်း ငါစောင့်နေတယ်"

"တီချယ် သွားနှင့်လေ ကျွန်တော်တို့တက်မှာ ကတိပေးတယ်"

"နင်တို့ကို မယုံဘူး...."

တစ်ယောက်ကိုတစ်ယောက်အဆင်မပြေစွာ
မျက်စပစ်လိုက်ကြပြီးပထမနှစ်ကလေးတွေရှေ့တွင်
မျက်နှာတွေက်ိုဘယ်နားထားရမလဲမသိနေတော့ပါ။

"သွားတော့မယ်...."

အခရာ့အားခပ်ပြတ်ပြတ်နှုတ်ဆက်ကာပြေးထွက်
သွားသောကျောင်းသားကြီးသည် နောက်သို့တစ်ချက်
မျှပင်ပြန်မကြည့်တော့ပါ။

"တီချယ် သွားတော့လေ ကျွန်တော်တို့လာပါပြီ"

"နင်တို့ရှေ့ကသွား နင်တို့တွေ ပြီးရင်ထွက်ပြေးတာ
ငါနောက်ကလိုက်မယ် သွား ရှေ့က...."

လက်ကကိုင်လာသောRoll callစာရွက်ခေါက်နှင့်
သင်္ချာကျောင်းသားကြီးအားသုံးလေးချက်ဆင့်ရိုက်ကာ
ဖြိုးလေး နှင့်ဝေယံသည်လည်း၂ချက်လောက်မိပြီးနောက်
တရားခံဖမ်းသလို ကျောင်းကိုချူပ်တက်
ခိုင်းရသော အဆိုးအပေကြီးများသည် တီချယ်ကြီး
ရိုက်ချက်တွေကြားအော်ဟစ်ကြရင်း ဒုတိယထပ်လှေကား
ဆီတက်သွားကြတော့သည်။

အခရာသည် ဤဆရာမနှင့် ဤတပည့်များ၏လိုက်ဖက်မှု
ဤရယ်စရာမြင်ကွင်းအား ခပ်တည်တည်ဖြင့်ကျော်ဖြတ်ဖို့
ဆိုတာသည်အလွန်ပင်ခက်ခဲတာမို့ မြင်ကွင်းအားလှမ်းငေးကာ
ပါးပါးလေးတစ်ချက်ပြုံးမိသွားသည်။

သို့သော်ခုနတင် "တောင်ကြီးမှမဟုတ်တာ"ဟုပြတ်သားခဲ့
သောကိုယ့်ကိုကိုယ်ပြန်အားနာသွားတာမလ််ို့
ချက်ချင်းပြန်တည်လိုက်ပြီး ဓာတုဗေဒဆောင်ကြီးဆီ
ခပ်မြန်မြန်လျှောက်လှမ်းသွားတော့သည်။

င်္ဟသာတမြို့ရောက်ထဲကအခရာ၏ပထမဆုံး
ပြုံးမိသွားခြင်းသည်သင်္ချာဆောင်ကြီးရှေ့မှာဆိုတာ
ကတော့သေချာသောအမှန်တရားအနေနဲ့ကျန်ရစ်ခဲ့ပါ၏။

________။

"နွေ နင်လေးထပ်ဆောင် ဖွင့်ပွဲမှာဖဲကြိုးကိုင်ရမှာဆို"

၂၀၁၄ခုနှစ်မှာတည်ဆောက်ပြီးဆီးခဲ့သည့်အဓိပတိလမ်း
အသစ်ကြီးနှင့် လေးထပ်ဆောင်အသစ်ကြီး၏ဖွင့်ပွဲ
တွင်ပါဝင်ဖို့ကျောင်း၏အလှမျက်နှာဖုံးတွေလို
အလှဆုံးတွေကိုရွေးချယ်ခဲ့ကြခြင်းတွင် နွေသည်
ထိပ်ဆုံးကကျောင်းသူအနေဖြင့်ပါဝင်ခဲ့သည်။

"အင်း....ပါတယ်လေ ငြင်းလို့လည်းမရပါဘူးဟယ်
တီချယ်တွေက အတင်းကိုပါခိုင်းတာ"

"ကျောင်းရဲ့ All Queen တက္ကသိုလ်အလှမယ် နင်မှမပါရင်
ဘယ်သူ့ကို သုံးမှာလဲ...နင်ပဲရှိတာ...."

နွေသည် ပန်းနုရောင်ခပ်ပါးပါးဆိုးထားသော
နှုတ်ခမ်းလှလှတွေကွေးညွှတ်လျှက်ပြုံးသွားသည်။
ပန်းနုရောင်ဆိုးထားသော လက်သည်းရှည်လေး
တွေနှင့်ဆံပင်ရှည်ရှည်အား သပ်တင်လိုက်ကာ

"အဲ့လောက်ကြီးတော့လည်းမဟုတ်ပါဘူး
တခြား လှတဲ့ ကောင်မလေးတွေလည်းရှ်ိပါတယ်"

"နင့်ကို ဘယ်သူ့မှ မမှီကြပါဘူး ...."

"အတင်းမြှောက်နေတာမိန်းမ
ငါဘာဝယ်ကျွေးရမှာလဲ ပြော"

ချိုအီပျော့ပျောင်းသောအသံ။အနည်းငယ်အသံမြှင့်
ပြောလာခြင်းမှာတောင်ကျယ်မသွားသောအသံ။
မိန်းကလေးတစ်ယောက်၏အသံစစ်စစ်လို
နွေ့ ရဲ့ အသံသည် အမြဲဘယ်သူနဲ့မဆိုချိုအီနေတတ်ပါ၏။

တက္ကသိုလ်နယ်နိမိတ်အစဘူမိဗေဒဌာနဘက်ကရယ်လိုက်လျှင်
နယ်နိမိတ်အဆုံးင်္သချာဌာနကလှမ်းကြားရသောစာရေးသူလို
ကျောင်းသူများနှင့်ယှဉ်ပါက အလွန်ကွဲပြားခြားနားကာ
မိန်းကလေးတစ်ယောက်၏ သိမ်မွေ့နူးညံ့သောအင်္ဂါရပ်များ
ဖြင့်ပြည့်နှက်နေသောဖြစ်တည်မှုတစ်ခုဖြစ်သည်။

"February လလည်ထဲ
ဖြစ်မှာထင်တယ် First Yearလေးတွေကို
ကဗျာလွတ်တွေသင်နေတာတွေ့တယ်"

"အင်း....."

"နွေ အလှဆုံးဖြစ်အောင်ပြင်နော် ခုထဲကတိုင်ပင်ကြမလား
နင် အဓိပတိလမ်းမပေါ်မှာ ဒေါက်အမြင့်ကြီးနဲ့
လမ်းလျှောက်သွားမယ့် အလှကို ကြိုရင်ခုန်နေပြီ"

"ဖြေးဖြေးပေါ့ မေမေစီစဉ်ပေးတာဝတ်လိုက်မယ်"

"သမီး အလိမ္မာလေးကလည်း...."

"ပြီးတော့လေ နွေ ငါနင့်ကိုပြောစရာရှိတယ်
အဲ့တာက ဖဲကြိုးကိုင်မှာထက် ပိုအရေးကြီးတယ်"

"ဘာများလဲ..."

"တေဇသူက နင် Viberသုံးတဲ့ဖုန်းနံပါတ်ကိုငါ့ဆီက
တောင်းတယ်....."

သူငယ်ချင်း၏စကားဆုံးသည်နှင့်နွေ၏ပန်းနုရောင်
ပါးပါးလေးခြယ်ထားသောမျက်ဝန်းတွေသည်
အတန်းထဲရှိခုံတန်းတစ်ခုတွင်ထိုင်ကာဖုန်းသုံးနေသော
ပုံရိပ်ဆီရောက်သွားသည်။

တေဇသူသည်ပုဆိုးနှင့်Style ဘောင်းဘီရွေးချယ်လို့ရသော
အခြေအနေတွင် အမြဲ Style ဘောင်းဘီနှင့်
အရောင်တောက်တောက်သစ်လွင်နေသော
င်္အကျီတွေကိုတွဲဝတ်တတ်ပြီး အမြဲလိုလို
အရောင်တောက်နေတတ်သောအင်္ဂလိပ်စာ
ကျောင်းသားဖြစ်သည်။

ဒုတိယနှစ်မှ ကျောင်းပြောင်းလာသူဖြစ်ပြီး
ဟင်္သာတတက္ကသိုလ်တစ်ခုလုံးတွင်
တစ်ဦးထဲသော ကားဖြင့်ကျောင်းလာတက်သော
ကျောင်းသားလည်းဖြစ်သည်။

ကြည့်ရုံဖြင့် ကြွယ်ဝချမ်းသာသောအသိုင်းအဝိုင်း
တစ်ခုကအရေးကြီးလူတစ်ယောက်မှန်းသိသာကာ
ခေါင်းစခြေဆုံး မင်းသားတမျှသေချာပြင်ဆင်မှုများ
ဖြင့်အတန်းလာတက်တတ်သည်။

သူမကဲ့သို့ နာမည်ကြီးသောကျောင်းသားဖြစ်ကာ
သူမကဲ့သို့ အခြေကြီးတယ်ဟု သတ်မှတ်ခြင်းခံရ
သောကျောင်းသားလည်းဖြစ်သည်။

အတန်းထဲရှိဘယ်မိန်းကလေးကိုမှစကားပြောဖူး
ခြင်းမရှိဘဲ အနေတည် အနေရှင်းလွန်းသည့်
သူ့ပုံစံကြောင့်ကျောင်းသား/သူအများစု၏
စိတ်ဝင်စားခြင်းကိုခံရဆုံးလူဖြစ်သည်။

ရုပ်ရှင်ဝတ္တုတွေထဲကလို ချေမိုးလွန်းသည့်
သူဌေးသားတစ်ယောက်၏ Character အပေါ်
အပြည့်အဝစီးမျောကာ အတန်းလာတက်တိုင်း
ခြေထောက်တွေကိုချိတ်လျှက်ငြိမ်သက်စွာ
တစ်ယောက်ထဲထိုင်နေတတ်သည်။

ထိုကဲ့သို့ လူသည် သူမ၏ နံပါတ်ဆိုသော
ကိစ္စကြောင့် နွေ လှုပ်ခတ်သွားသည်ကတော့ငြင်း၍မရ။
ချက်ချင်း တေဇသူအားလှမ်းကြည့်မိသည့်
မျက်လုံးတွေကသက်သေခံနေသည်။

"ဘယ်လိုလဲ နွေ ငါပေးလိုက်ရမလား"

"မပေးနဲ့...."

"ဘာလို့လဲ နင်ကလည်း နင့်ကိုလိုက်နေတဲ့
လူပေါင်းများစွာထဲ နင်နဲ့လိုက်တဲ့သူ
တစ်ယောက်မှမတွေ့သေးဘူး တေဇသူက
နင်နဲ့ရှယ်လိုက်တာနော် နင်တ်ို့Typeချင်းကလုံးဝထပ်တူထပ်မျှ
ရုပ်ရည်တွေကလည်းအပြိုင်အဆိုင်ရှယ်ကြီးတွေကို ..."

ဆိုင်ကောင်းကောင်းတွင်သေချာစွာပုံချညှပ်ထားသော
ဆံပင်တွေသည်အမြဲလိုလိုသပ်ရပ်နေကာ
အထူးတလည်ထိန်းသိမ်းထားပုံပေါ်သောမျက်နှာ
အသားအရည်သည် အမြဲတမ်းကြည်လင်ရှင်းသန့်နေတတ်သည်။

ရှိနေသောရုပ်ရည်နှင့်အထူးလိုက်ဖက်သော
အပြင်အဆင်များကိုစနစ်တကျပုံချထားမှုကြောင့်
အလိုအပိုမရှိ အမြဲပြီးပြည့်စုံနေသောပုံသေနည်း
တစ်ခုလို တေဇသူသည် တစ်ရက်မှတစ်ခုမျှလျှော့မနေတတ်ပါ။
အမြဲ ဒုတိယတစ်ကြိမ်ပြန်ကြည့်ရလေအောင်
စနစ်တကျပြင်ဆင်လာတတ်သူလည်းဖြစ်ပါ၏။
ဤသည်ကား နွေ နှင့် တထပ်ထဲကျသောအကျင့်စရိုက်
အတူတူလည်းဖြစ်ခဲ့သည်။

"ဘာပဲဖြစ်ဖြစ် မပေးနဲ့....ငါ့ဖုန်းနံပါတ်က
အဲ့လိုလွယ်လွယ်ရနိုင်တာမျိုးမဟုတ်ဘူး"

"ချေလိုက်တာ ငါပြောမယ် သူသာတကယ်
လိုက်ရင်တော့ စဉ်းစားဖို့သင့်တယ်နော် နွေ
နင် ချေးများရင်း ကျောင်းသာပြီးတယ်
ရည်းစားမထားလိုက်ရဘူးဖြစ်မယ်"

"ဒီလိုလေးနေတာ အဆင်ပြေတာပဲကို..."

သူငယ်ချင်း၏လက်မောင်းတွေကို
ခိုတွဲကာမှီ၍ပြောလာသောဟန်ပန်သည်
ချွဲနွဲ့နေသောဟန်တွေအပြည့်။
လင်္ကာဆိုသော နွေ၏သူငယ်ချင်းမလေးသည်
နွေ၏ ပါးတစ်ဖက်ကိုဆွဲဖျစ်လိုက်သည်။

နွေသည် ယောကျ်ားလေးတွေအရူးအမူးဖြစ်ကြတာ
မပြောနဲ့ မိန်းကလေးအချင်းချင်းတောင်
စိတ်မထိန်းနိုင်သော အလှတရားမျိူး.....။

နွေ၏ သူငယ်ချင်းမလေးအပေါ်ချွဲနွဲ့နေသော
အပြုအမူလှလှလေးအားဖုန်းသုံးနေရင်းမှ
တစ်ချက်မျှလှမ်းကြည့်လာပြီးဖျက်ခနဲမျက်နှာလွှဲ
သွားသူသည်မသိသာဘူးဟုထင်နိုင်ပေမယ့်
ချွဲနွဲ့နေသော နွေသည် သေချာစွာမြင်လိုက်ကာ
မခို့တရို့လေးပြုံးသွားတော့သည်။

________။

_________။











Facebook သည်လူနည်းစုထဲကလူနည်းစုသာ
သုံးသေးသောအချိန်ဖြစ်ပြီး၂၀၁၄ခုနှစ်ပိုင်းများတွင်
Viberသည် လူသုံးအများဆုံးဆက်သွယ်ရေးတစ်ခု
ဖြစ်ခဲ့သည်။

Bạn đang đọc truyện trên: AzTruyen.Top