အပိုင်း(၅)

တက္ကသိုလ်ဟာ ပျိုပျစ်နုနယ်ခြင်းတွေဖွဲ့စည်းထားတဲ့
ရပ်ဝန်းဒေသတစ်ခုဖြစ်တာနှင့်အညီနေ့ရက်တိုင်းလိုလို
အရောင်အသွေးစုံကာကြွရွလှပနေတတ်သည်။

တက္ကသိုလ်မှာ လွတ်လပ်တဲ့ရယ်မောသံတွေရှိကြသလို
တက္ကသိုလ်မှာ တက်ကြွတဲ့အိမ်မက်တွေလည်းရှိခဲ့ကြတယ်။
အဓိပတိလမ်းမပေါ်ခြေချလိုက်တာနဲ့ နှလုံးသားတွေဟာ
အလိုလို လန်းဆန်းလာတတ်ကြတာသဘာဝ။

မြူသိပ်မကွဲသေးတဲ့ ရန်ပွဲအပြီး တနင်္လာနေ့
မနက်စောစောတွင် သူငယ်ချင်း၃ယောက်
အဓိပတိလမ်းပေါ်တက်ကြွစွာလမ်းလျှောက်ရင်း
သင်္ချာဆောင်ဆီလာနေကြသည့်မြင်ကွင်းဖြစ်သည်။

ဆရာ\မ ဝန်ထမ်းများမှလွဲဘယ်သူမှကျောင်းထဲ
ဘာယာဉ်မှစီးခွင့်မရှိတော့ပါ။တူညီသောစည်းကမ်း
တွင်အားလုံးထားရမယ့်နေရာတွင်ဆိုင်ကယ်ကားတို့ကို
ထားပြီးကျောင်းထဲဘယ်နေရာမဆိုလမ်းလျှောက်ခြင်းဖြင့်သာ
ကျောင်းတက်ရပြီဖြစ်သည်။

"Tutorial ကလည်းဒီနေ့မှအစောကြီး အမယ်လေး
ငါ့ ခါး ငါ့ခါး....လမ်းလျှောက်တိုင်းနာတာလေ
ပလာစတာတွေကပ် ဆေးတွေလိမ်းတောင်
လုံးဝမသက်သာဘူး..."

အနက်ရောင်Shirtင်္အကျီနှင့်ပုဆိုးတစ်ထည်ကို
တွဲဝတ်ထားကာထုံးစံအတိုင်းကချင်လွယ်အိတ်လေး
လွယ်ထားသောကျောင်းသားကြီးသည်လမ်းလျှောက်ရင်း
နာကျင်၍ရှုံ့မဲ့နေသည်။

မနက်စောစောမျက်နှာသစ်ပြီးခေါင်းပင်မဖြီးပဲ
ထွက်လာပုံပေါက်သောပုံစံသည်တက်ကြွနေသော
တက္ကသိုလ်မနက်နှင့်မဆိုင်စွာမှိုင်းပြနေသည်။

"မင်း သူရဲကောင်းကြီးဝင်လုပ်တာကို ခံပေါ့"

"ငါ ဝင်မခံရင် အဲ့ကောင်လေး သေတယ် လောင်းမလား"

"အော် မင်းကလည်း ပြောလိုက်ရင် တဆုံး"

"ကိုယ့်ကျောင်းကကောင်တွေလို့သိနေရင်
ဘယ်လိုစ်ိတ်နဲ့ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်မတရားနေရင်
ငါကျော်မသွားနိုင်ဘူး အဲ့ကောင်တွေ
ဟိုကောင်လေးကို ဘလိုင်းကြီးနှိမ်နေစော်ကားနေတာ"

"မင်းကောင်လေးကလည်း မခံနေဘူးလေ
လူကသာ ကလေးရုပ်နဲ့ ဇက မသေးဘူး"

"ဘာကို မင်းကောင်လေးလဲဖြိုးလေး မင်းအဲ့ညကလည်း
မင်းကောင်လေး ကောင်လေးနဲ့ ...."

"မင်းတို့ငြိထားတဲ့ကိစ္စတွေကြောင့်မင်းနဲ့ပတ်သတ်
ပြီးငါတို့သိလို့ခေါ်တာလေ ဘာဖြစ်လို့"

"ဘာမှမဖြစ်ဘူး...ငါ့ခါးနာတယ် ဒီလိုနေ့မျိုးမှ
ခါးကနာရတယ်လို့....နေ့ခင်းကျပိုနာလာရင်ကွိုင်ပဲ"

နာတာရှည်လူနာလိုခါးကိုကိုင်လျှက်
လမ်းမတ်၍မလျှောက်နိုင်သောခါးကုန်းကုန်း
ဖြစ်နေသောသူငယ်ချင်းကိုကြည့်ကာ
ဖြိုးလေးဝေယံကြိတ်ရယ်မိတာဘယ်နှခါမှန်းမသိ။

"နေ့ခင်းကျ ဘာရှိလို့လဲ ရဲကြီး မင်းဘယ်သွားမလို့လဲ"

"ကာယအလှမယ်ရွေးပွဲ....."

"ဘာ! ဘယ်...ကို...."

"အားကစားရုံမှာ ကာယအလှမယ်ပြိုင်ပွဲရှိတယ်
တက္ကသိုလ်တစ်ခုလုံးကမေဂျာစုံ အလှတကာ့
အလှဆုံးတွေ လမ်းလျှောက်အလှပြကြမှာ
ငါကြည့်မလို့...."

"ဟာ ကောင်မလေးတွေအရမ်းနွဲ့နှောင်းပြီး
လမ်းလျှောက်ကြတာကိုကြည့်ရမှာ ရှက်စရာကြီးကွာ
မသွားပါနဲ့"

"ငါ လက်မှတ်ဝယ်ပြီးပြီ မင်းတို့မလိုက်ချင်ကျန်ခဲ့...."

"မဟုတ်ဘူး ရဲကြီး မင်း အဲ့လိုကောင်မလေးတွေကို
အရမ်းစိတ်ဝင်တစားရှိတဲ့Typeမဟုတ်ပါဘူး
Major Queen ရွေးတာတောင် မူးပြီးအိပ်ပျော်နေတာ
ဘာကို ခုမှ ကာယအလှမယ်လဲ"

"WellCome တုန်းကသင်္ချာကလူတွေပဲ
ဒီမျက်နှာကြီးတွေပဲဘယ်သူရရရိုးနေတာ
ခုဟာက Major ပေါင်းစုံက အလှတရားလေးတွေ"

"တကယ်ကြီး ကြည့်မှာလား"

"ငါ စကားကို ဘယ်တော့မှအပြောင်အပျက်မပြောဘူး
ခါးနာနေလို့ ပိုတောင်မပြောသေးတယ် စကားပြောနေရင်း
ကိုနာတာဟေ့...."

ခါးကိုဖိကာ Major ဆောင်ဆီဆက်လျှောက်သွား
သော သူငယ်ချင်းကိုကြည့်ကာဖြိုးလေးနှင့်ဝေယံ
သည်စိတ်အပျက်ကြီးပျက်နေကြတော့သည်။

"ပွကြီး ငါအဲ့ပွဲလိုက်ကြည့်ရင်လေ ဆု ငါ့ကိုသူတို့Practical
ခန်းထဲက Acidတွေနဲ့လိုက်ပက်မှာသေချာတယ်"

"အပြင်းဆုံးလေးနဲ့ ဖြစ်ပါစေ...."

"ခွေးကောင်...."

ကန်ဖို့ရွယ်လာသောဖြိုးလေး၏ခြေထောက်ကို
ရှောင်တိမ်းကာ ရှေ့ကထွက်သွားသည့်ရဲကြီးနောက်
ကိုပြေးလိုက်သွားပြီးပုခုံးတွေကိုဖက်ကာ
သင်္ချာဆောင်ထဲသို့အတူတူဝင်သွားကြသည်။

ဖြိုးလေးသည် သင်္ချာဆောင်နှင့်ကပ်ရပ်
ဓာတုဗေဒဆောင်၏ "Chemistry"ဟု
ရေးထားသောဆိုင်းဘုတ်ကြီးကိုကြည့်ကာ
ကျောချမ်းသွားသည်မို့ ဝေယံတို့နောက်
ခပ်မြနိမြန်ပြေးလိုက်သွားတော့သည်။

"အစ်ကိုတို့....!!!"

၃ထပ်ဆောင်တွင်ဒုတိယနှစ်သည်ဒုတိယထပ်တွင်
ရှိပြီးတက်လာကြရင်းလှေကားထ်ိပ်သို့ရောက်သည်
နှင့် စာသင်ခန်းရှေ့တွင်ရပ်နေကာသူတို့ကိုလှမ်းခေါ်လာသောကျောင်းသားတစ်ယောက်ကိုတွေ့လိုက်ရသည်။
အတိအကျဆို သောကြာနေ့ညက မျက်ရည်ဝဲနေသော
မြတ်သူဆိုသည့်ကောင်လေးဖြစ်သည်။

"တော်သေးတယ် အတန်းလာတက်ကြလို့
ကျွန်တော် ကန်တင်းလည်းရောက်ခဲ့ပြီးပြီ
မလာ မလာနဲ့ အတန်းဆီပဲလိုက်လာလိုက်တာ"

"ဘာဖြစ်လို့လဲ ခေါင်းထိတဲ့တစ်ယောက်တစ်ခုခု
ဖြစ်သွားလို့လား..."

ဝေယံသည်တွေးမိတွေးရာတွေးကာအလန့်တကြား
မေးတော့ပြုံးရွှင်စွာခေါင်းယမ်းပြလာပြီး

"အကောင်းကြီးပါ အဆောင်မှာမနက်စောချိန်
အတန်းမရှိလို့အိပ်တုန်း ကျွန်တော်က
အစ်ကိုတို့ အဲ့ညကကျွန်တော့်ကြောင့်ထိခိုက်ကုန်တာ
အားနာပြီးကျေးဇူးတင်လို့ မုန့်တွေလာပို့တာ
ကျွန်တော်တို့မြို့က ဒေသထွက်လေးတွေပါ
စနေ တနင်္ဂနွေထဲကလိုက်ရှာပေးချင်တာ
ဘယ်မှအစရှာမရတာနဲ့...."

ဒေသထွက်မုန့်တွေအားဝေယံလက်ထဲကို
အတင်းအကျပ်ထိုးထည့်တော့ဝေယံသည်
ဘာလုပ်ရမှန်းမသိသူငယ်ချင်းတွေကိုကြည့်လာသည်။

"အခရာကပြောတာတော့ အစ်ကိုတို့က
င်္သချာဒုတိယနှစ်ကတဲ့ "ရိုစီ"ဆိုင်မှာ အမြဲထိုင်တယ်တဲ့
သွားစောင့်နေတာ မရောက်တာနဲ့ကျွန်တော်ဒီရောက်လာတာ"

"ကျေးဇူးပါ...ဒီလိုတွေပြန်ပေးဖို့တော့မလိုပါဘူးကွာ
မင်းတို့ ခုမှ First Yearကို နယ်မြေကျော်ပြီး
အဲ့လောက်ဆိုင်တွေအထိတော့ နောက်မရဲနဲ့ပေါ့"

ခါးကိုဖိထားရင်းမှစူးရှရှမျက်လုံးတွေနဲ့အတူ
အလေးအနက်ပြောလာဟန်ရှိသောသင်္ချာကျောင်းသားကြီး၏
စကားတွင်မြတ်သူသည်ခေါင်ငြိမ့်ပြလာသည်။

"ကျွန်တော်တို့က ယောကျ်ားလေးတွေပေမယ့်
ပိတ်ရက်တောင်တော်ရုံကျောင်းပြင်မထွက်တတ်ပါဘူး
အခရာလည်းအတူတူပဲ
အတွင်းဆောင်ဆိုတော့အဝင်အထွက်ရှုပ်လို့
ခုဟာက ကျွန်တော့်မွေးနေ့မလို့ပါ သူငယ်ချင်းတွေ
ကိုကောင်းကောင်းကျွေးချင်လို့ဖြစ်သွားတာ"

"အေး....နောက်သတိထားပေါ့..."

"ကျွန်တော် အစ်ကိုတို့ကိုထမင်းကျွေးချင်ပါသေးတယ်
မနက်ဖြန် နေ့လည်စာ ရိုစီမှာ ကျွန်တော်ကျွေးပါရစေ"

"မဟုတ်တာ ရတယ် ငါတို့အတွက်ရန်ဖြစ်တာက
ထမင်းစားရေသောက်ဖြစ်နေပြီ အဲ့လိုပြောလို့
သင်ပေးတာမဟုတ်ဘူးနော် မင်းအနေနဲ့
အများကြီးမတွေးဖို့ကိုပြောတာ"

"ကျွန်တော်အရမ်းအားနာပြီးစိတ်ထဲမကောင်းလို့ပါ
ကျွန်တော်စောင့်နေပါ့မယ် အခရာ့လည်းခေါ်ခဲ့ပါ့မယ်
အဲ့လိုမှမဟုတ်ရင် အဆင်မပြေလို့"

"ခက်တာပဲ...မုန့်ဖိုးတွေကလောက်တယ်လား
ငါတို့ပါကျွေးဖို့လေ ငါတို့ဆိုအိမ်က၁ပတ်စာပေးတာ
တင်္နလာနေ့ဆို ကုန်ပြီ"

ဝေယံသည် အံ့ဩစွာမေးလာတော့ဓာတုကျောင်းသား
လေးကပြုံးကာ

"ကျွန်တော်ဖြင့်စုတောင်စုလို့ရတယ်
နည်းပါးလည်း အိမ်က ဘတ်ခဲ့ရတာပေါ့"

"အော်....."

"လာခဲ့ကြပါနော် စောင့်နေမယ်...ခုတော့
အတန်းချိန်ကပ်နေလို့အဆောင်ပြန်ပြင်ဆင်ဖို့
သွားတော့မယ်...."

"အော် အေး အေး....အေး...."

ပြောပြောဆိုဆိုဖြင့်နှုတ်ဆက်ကာပြေးထွက်
သွားသောကျောင်းသားလေးအား၃ယောက်လုံး
လိုက်ကြည့်ကာ...မတတ်နိုင် တစ်နပ်စာသက်သာလည်း
မနည်းတာမလို့ ဆက်အိုက်တင်မခံတော့ဘဲ
မနက်ဖြန်သွားစားဖို့ကိုစိတ်ထဲကပြိုင်တူဆုံးဖြတ်လိုက်ကြကာ
အတန်းအတွင်းသို့ဝင်သွားခဲ့ကြတော့သည်။

____။

"ကိုလွမ်းအခရာရေ ခင်ဗျား မနက်ဖြန်အစည်းအဝေးလာဦးမှာလားဗျ"

အပြင်ဘက်တွင်လှမ်းထားသောလျှော်ထား၍
ခြောက်သွားသည့်ဂျင်းအင်္ကျီကိုပိုက်ကာ
အခန်းဆီပြန်လာစဉ်တွင်ကျောင်းသားတစ်ယောက်
နှင့်ဆုံလာခဲ့သည်။အခရာသည်ထိုကျောင်းသား၏
မေးခွန်းအား တလေးတစားရှိသော ကိုယ်ဟန်ဖြင့်

"လာမယ်ဗျ..စာရေးဆရာ...၁၁နာရီမလား"

"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ဆုံမယ်နော်
ခုတော့ ကိုမင်းသော်တို့နဲ့ချိန်းထားလို့ပြေးလိုက်ဦးမယ်ဗျ"

"ဟုတ်ကဲ့...စာရေးဆရာ...."

ဤကျောင်းသားသည် ဓာတုဗေဒမေဂျာကပဲဖြစ်သည်။
တက္ကသိုလ်တွင် စာပေဟောပြောပွဲများ ကျောင်းပန်းခြံထဲက
ကဗျာရွတ်ပွဲများ တက္ကသိုလ်မဂ္ဂဇင်းအတွက် ကလောင်ရှင်
တွေ ဆောင်းပါးရှင်တွေ စာဖတ်ခြင်းနှင့်စာအုပ်တွေ
တက္ကသိုလ်သမိုင်း ကျောင်းသားတွေနဲ့သမိုင်းတွေ
လက်ရှိနိုင်ငံရေးတွေအပေါ်စိတ်ဝင်တစားရှိကြကာ
ဆရာ\ဆရာမများကပါတလေးတစားတိုင်ပင်ပြောဆို
ကြရသော ကျောင်းသားတစ်ရပ်လည်းရှိသည်။

ထိုကျောင်းသားများသည် တခြားကျောင်းသားများ
နှင့်အနည်းကွာခြားတတ်ကာ အဖွဲ့အစည်းတစ်ခုအနေနဲ့
ရှိနေပြီး ကျောင်း၏ သူတို့နယ်ပယ်နှင့်ဆိုင်သော
ကိစ္စရပ်များ ပွဲများ (ဥပမာJuly19လိုနေ့မျိုး ဟင်္သာတ
တက္ကသိုလ်အနေနဲ့သွားရောက်ချီတက်အလေးပြုရမည့်
ကိစ္စများတွင် ဦးဆောင်ကာစီစဉ်ပေးတတ်ကြသည်)။

စာဖတ်နှုန်းများသူများဖြစ်ပြီးသူတို့၏အတွေးအခေါ်
အယူအဆ နေထိုင်သွားလာမှုများ တစ်ယောက်နှင့်
တစ်ယောက်ပြောဆိုဆက်ဆံပုံများသည်တခြားသော
ကျောင်းသားတွေနဲ့မတူတမူကွဲပြားတတ်ကြသည်။

စာရေးဆရာဟု အများကခေါ်သောကျောင်းသားသည်
အဖွဲ့အစည်းတွင်ဦးဆောင်သူလို့သတ်မှတ်၍ရပြီး
ပါဝါခပ်များများမျက်မှန် လွယ်အိတ်တစ်အိတ်အမြဲလွယ်ကာ
ခပ်ရှုပ်ရှုပ်ခပ်ရှည်ရှည်ဆံပင်တွေ
ခပ်နွမ်းနွမ်းအဝတ်အစားများနှင့်အတူ ခါးကိုအနည်းငယ်
ကိုင်းလျှက်လမ်းလျှောက်ပုံသည် မှတ်မိရလွယ်ပါ၏။
အမြဲအိပ်ရေးမဝနေသလိုတက်ကြွမှုမရှိသော
ပုံစံဖြင့် နှေးနှေးကွေးကွေးသွားလာလှုပ်ရှားတတ်သူဖြစ်သည်။

သို့သော်စာသင်ခန်းထဲ Practicalခန်းထဲ ဆရာမတွေမှ
တစ်ခုခုမေးချင်လား အကြံပေးချင်သေးလား
ဘာပြောချင်သလဲဆိုပါက အမြဲလက်ထောင်တတ်သူ
ဖြစ်ပြီး သူပြောလာသောစကားများအကြံပေးမှုများသည်
အလွန်ကောင်းကာ နှောင်းပိုင်းများတွင်ပါမောက္ခကအစ
By Nameဖြင့် "စာရေးဆရာဘာပြောချင်သေးလဲ"
ဟုမေးလာရသည်အထိ နေရာတစ်ခုရှိသူဖြစ်သည်။

အခရာသည် တစ်ယောက်ထဲကျောင်းသားဆို
သော်ငြား စာပေကိုရူးသွပ်သူ ကဗျာတွေကိုချစ်တတ်
သူ သမိုင်းတွေအပေါ်စိတ်ဝင်စားလွန်းသူ
နိုင်ငံရေးအပေါ်အာရုံမလပ်သူမလို့သူလိုလူများစွာ
ရှိနေသည့်ဤအဖွဲ့ထဲတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။

ဤသူများသည် မေဂျာပေါင်းစုံမှရှိပြီး
လိုအပ်မှတွေ့ဆုံတတ်ကြကာ လိုအပ်သလောက်သာ
ပြောကြပြီး သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေ
ကိုယ့်Flowနဲ့ကိုယ်စီးမျောနေသူများဖြစ်ကြသည်။

အတွေးသမားများ အရေးသမားများ ခံစားချက်နဲ့
ခံယူချက်များအပေါ် ပြင်းထန်သူများဖြစ်ပြီး
ခပ်ပြတ်ပြတ်နေတတ်သူများလည်းဖြစ်၏။

ဤတက္ကသိုလ်ကိုစခြေချသည့်နေ့ကစ
သူ့လှုပ်ရှားမှုကိုပြပါဆို ထိုအဖွဲ့ဝင်အဖြစ်
နာမည်ပါတာတစ်ခုပဲရှိပါလိမ့်မည်။

အခန်းထဲပြန်ဝင်လာကာ လက်ထဲပိုက်လာ
သောဂျင်းအင်္ကျီကိုအိပ်ရာပေါ်ပစ်တင်လိုက်သည်။
အစွန်းအထင်းမရှိတော့သောအင်္ကျီကိုစိုက်ကြည့်ကာ
သူမူးဝေနေသည့်ကြားက သွေးတွေစင်အောင်
မနည်းလျှော်ဖွပ်ခဲ့ရသည်များကိုပြန်တွေးမိပြီး
ပြန်ပင်ပန်းလာသည်ဟုခံစားရသည်။

တစ်ဆက်ထဲမှာပဲ ဤအင်္ကျီသူ့ကိုယ်ပေါ်
လွှမ်းခြုံပါလာရသောအဖြစ်အပျက်တွေအား
ပြန်တွေးမိလာသည်။

ဖြစ်တည်မှုတစ်ခုအပေါ်မတရားစော်ကားခံရသည့်ကိစ္စ၌
အော်ဆဲခဲ့သောအသံသည်ခုထိနားထဲကမထွက်သေး။
မထင်မှတ်စွာ စီနီယာကျောင်းသားကြီးများပီသ
စွာပြေးဝင်လာခဲ့ကြတဲ့ပုံတွေ။ပေါ့တိပေါ့ပျက်အနေအထိုင်တွေနဲ့အလွန်ရိုင်းသည်ဟုထင်ခဲ့မိတာတွေသည်
အနည်းငယ်လွဲချော်ခဲ့သည်ဟုထင်သည်။

အင်္ကျီကိုမြင်တိုင်းသူ့ကြောင့်အရိုက်ခံလိုက်ရသော
ကျောပြင်တစ်ခုနှင့်မဆိုင်တဲ့ရန်ပွဲအပေါ်
အတူတကွဒေါသထွက်ပေးခဲ့သောလက်သီးချက်တွေ။
သွေးစက်လက်သူ့ကိုစိုးရိမ်တကြီးဆေးခန်းအထိကူညီပေးခဲ့
သောအဖြစ်အပျက်တွေ။

ဤလူတွေသည်ပေါ့ပျက်ပျက်ခပ်ဆိုးဆိုး
ကျောင်းသားတွေတော့မဖြစ်နိုင်။ လူသားဆန်စွာ
တွေးတတ်နေသမျှကတော့ဘယ်တော့မှလူဆိုးဖြစ်ကြမှာမဟုတ်။

အသစ်ဖြစ်ဟန်တူသောအညိုရောင်သန်းသွားသည့်
အဖြူစွတ်စွတ်င်္အကျီကိုလည်းအားနာမိကာသူ့ဆီပါလာသော
သင်္ချာကျောင်းသားကြီး၏ဂျင်းဂျာကင်တွင်
သူ့သွေးတွေအပြည့်ရှိခဲ့သည်။အားနာမှုတွေ
ကျေးဇူးတင်မှုတွေနဲ့ ခက်ခဲစွာနှစ်ရက်မျှအထိ
လျှော်ခဲ့ရပြီးနောက် အဆင်ပြေပြီဟုသတ်မှတ်၍ရပါ၏။

သောကြာနေ့ညပြီးထဲကထပ်ခါထပ်ခါ
တွေးမိတဲ့ရန်ပွဲနဲ့ ပါဝင်ခဲ့သောလူတွေအကြောင်းသည်
အခရာ့ခေါင်းထဲဝေ့လည်နေကာ ဤဂျင်းအင်္ကျီကို
ပြန်ပေးလိုက်ပြီးမှပဲရှင်းသွားမည်ဟုထင်ပါ၏။
စတွေ့ထဲကအိမ်မက်ထဲအထိပါလာခဲ့သော
ထိုင်္သချာကျောင်းသားကြီးနှင့်ရေစက်သည် ခုလက်ရှိ
သူ့ခေါင်းထဲအတွေးတို့အနေဖြင့်ပြောင်းလဲနေပြန်သည်။

"မရင်းမနှီးယောကျ်ားတစ်ယောက်၏အကြောင်းကို"ဟု
ကိုယ့်ကိုကိုယ်ပြန်တွေးမိကာအဓိပ္ပာယ်မရှိနေတာ
မလို့ သေချာစွာအလေးအနက်ထားကာကျေးဇူးတင် ၊
သေချာစွာအင်္ကျီကိုပြန်ပေးပြီးသောကြာနေ့ညကကိစ္စကို
ခေါင်းထဲအပြတ်ဖြတ်ဖို့လိုအပ်နေသည်။

အကြောင်းအရင်းမဲ့ဂျင်းအင်္ကျီကိုထိုင်ကြည့်ကာ
ထပ်မံပြီးပဲရန်ပွဲတုန်းကပုံရိပ်တွေကိုပြန်တွေးမိနေတုန်း
တံခါးဖွင့်သံကြားလိုက်ရသည်။အခရာသည်အင်္ကျီမှမျက်လုံး
တို့ချက်ချင်းလွှဲပစ်လိုက်သည်။

"အင်္ကျီက ခြောက်တောင်သွားပြီလား
တော်သေးတာပေါ့ သွေးတွေကချွတ်လို့ရလို့ မရရင်တော့
ဒီလို အင်္ကျီစျေးကနည်းတာမဟုတ်ဘူး မင်းလက်တွေ
ပြုတ်မထွက်ကုန်ဘူးလား"

အခန်းထဲပြန်ဝင်လာသော မြတ်သူသည် အခရာအင်္ကျီကို
ကြည့်နေမှန်းသိ၍င်္အကျီကိုသေချာစွာကိုင်ကာကြည့်ရှုရင်း
ပြောလာသည်။

" ကော်လံနားကျန်တာတွေကတော့ မရဘူး
သွေးကအရမ်းခက်တယ်"

"အင်း နည်းနည်းပါ ပြန်ပေးရင် ပြောပြလိုက်ပေါ့"

"အင်း....."

"ပြောလို့သာပြောတာ အဲ့ညက အဲ့အစ်ကိုကြီး
တကယ်မိုက်တာနော် အခရာ...မင်းကိုပြေးဖက်
ပြီး ကာကွယ်လိုက်တာများ ရုပ်ရှင်တွေကအတိုင်း
မင်းထိသွားတော့လည်း ငါတို့ကိုဟောက်တာများ
ငါတို့နေစရာကိုရှိမနေဘူး...မိုက်လိုက်တာ
လူပုံစံကလည်းမှုံနေအောင်ချောနေတာမျိုးမဟုတ်ဘဲ
စေ့စေ့ကြည့်လေ မျက်နှာအစိတ်အပိုင်းတစ်ချင်းက
ထုဆစ်ထားသလို မိုက်နေတာမျိုး အဓိကကမျက်လုံးတွေပဲ
အနေအထိုင်အပြင်အဆင်သာ
ကျော့ကော့နေအောင်ပြောင်းလိုက်ရင်...."

"မီးပူတိုက်ပေးမလား...ငါတိုက်ရင်မသပ်ရပ်မှာစိုးလို့
ကူညီထားတဲ့ဟာမလို့ ပြန်ပေးရင်ပြောစရာမဖြစ်ချင်လို့"

ပြောနေသောစကားများကိုဘာတုံ့ပြန်မှုမှပြန်မပေးဘဲ
ခိုင်းလာတာမို့ မြတ်သူသည်မျက်မှောင်တို့ကျုံ့သွားသည်။

"ငါပြောတာကို အဖက်လုပ်စမ်းပါ!!!"

"ဘာတွေပြောတာလဲမှမသိတာ မင်းပြောနေတာတွေ
လည်းမင်းပြန်စဉ်းစားပါဦး...."

"အေးပေါ့ မင်းက အဓိပတိလမ်းမကြီးကို
ငါကတော့ မေဂျာဆောင်လမ်းတွေမို့
အဲ့လို မထင်မရှားဘဲမိုက်နေတဲ့ဘဲကြီးတွေကိုဥပြီး
လက်တွဲချင်တာ...."

သူဥာဏ်ကောင်းသည်ဟုအားလုံးကသတ်မှတ်
ကြပေမယ့်မြတ်သူစကားတွေကြားလာပါက
သူ့ကိုယ်သူအမြဲသံသယဖြစ်မိသည်။
ဘာတွေပြောနေသလဲသူဘာမှနားမလည်တတ်ပါလေ။
ကျောခိုင်းကာ အချိန်ရသေးတာမလို့ စာဖတ်ရန်
ဖတ်လက်စစာအုပ်ကိုယူလိုက်ပြီးBookmark
မှတ်ထားသည့်နေရာအားလှန်လိုက်သည်။

"ငါခုသူတို့နဲ့ တွေပြီးပြန်လာတာ
မနက်ဖြန် နေ့လည်စာ​ကျွေးမလို့လေ
မင်းလည်းလိုက်ခဲ့ရမယ်နော်..."

မြတ်သူ၏စကားကြောင့်ချက်ချင်းဖျက်ခနဲ
လှည့်ကြည့်လာကာ

"မတိုင်မပင်နဲ့ ငါအဲ့လိုမသိတဲ့လူတွေနဲ့မနေတတ်ဘူး
ငါမလိုက်ဘူး"

"ဟေ့ကောင် ငါတို့ကိုကူညီခဲ့တဲ့သူတွေလေ
မင်း စိတ်ကဘယ်လိုကြီးလဲ...."

ဘဝရဲ့အခက်ခဲဆုံးကိုပြပါဆို လူဝင်ဆံ့ခြင်းပဲ။
လူအများကြီးနဲ့သိုက်ဝန်းနေရတာထက်
တစ်ယောက်ထဲစာအုပ်ခြင်းကိုသာတစ်ချိန်လုံးရွေးလာ
သူဖြစ်သည်။ရင်းနှီးသောလူတွေနဲ့တောင်
ကင်းကင်းနေချင်စိတ်ဖြစ်နေတဲ့ခုနှစ်ပိုင်းတွေမှာ
သူနဲ့ဆန့်ကျင်ဘက်Character တွေကြားထဲ
ဝင်ရောက်ဖို့ဆိုတာမဖြစ်နိုင်။

ကျေးဇူးမသိတတ်ဘူးပဲဆိုဆိုရိုးသားစွာကြောက်ပါသည်။
ထိုလူတွေသည် ပေါ့ပါးသွက်လက်တဲ့လူငယ်ပီပီသသ
တွေမလို့ပို၍ကြောက်သည်။ရိုင်းစိုင်းတာမျိုးမဟုတ်
မောက်မာတာမျိုးမဟုတ် မသိတတ်တာမျိုးမဟုတ်
ဤခံစားချက်သည်သူတို့လိုလူတွေအတွက်အခက်အခဲ
တစ်ခုဖြစ်ကြောင်းကိုတခြားလူကိုနားလည်အောင်
မည်ကဲ့သို့ရှင်းပြရမလဲမသိပါ။

"ငါသူ့ကို ခုညနေအင်္ကျီသွားပြန်ပေးရင်းနဲ့ သေချာကျေးဇူးတင်
လိုက်မယ် နောက်ကြုံရင်သူတို့လိုတာရှိလည်းကူတာပေါ့
ထပ်ပြီးတော့တော့ တကူးတကြီး
ထပ်မတွေ့တော့ဘူး သူတို့လည်းဘာမှမှကြီးကြီးမားမား
မဖြစ်တာ...."

"ဘာကိုမဖြစ်တာလဲ ဟိုကမင်းအစားဝင်ခံပေးတာ
ခါးနာသွားသလားမသိဘူး ကိုယ်တောင်တစ်ခြမ်း
စောင်းနဲ့ကျောင်းလာတက်နေရတာ...တာဝန်မဲ့ချက်ပါပဲ
လွမ်းအခရာရယ်...."

သိပ်လှသောမျက်တောင်ရှည်တွေဝန်းရံခနေတဲ့
မျက်လုံးနက်နက်တွေဖြင့်ကြည့်လာပုံသည်
အံ့ဩသွားခြင်းတချို့ကပ်ငြိနေသည်။
မြတ်သူသည်ခေတ္တခဏငေးခနဲကြည့်ပြီးမှ

"မင်းသဘောပဲ လိုက်ချင်လိုက် မလိုက်ချင်နေပါ
ငါအတင်းမတိုက်တွန်းပါဘူး Introvert ဆိုတာကို
နားလည်ပေမယ့် အရွယ်နဲ့အလိုက်ကတော့
ဘယ်ကိစ္စမဆိုနည်းနည်းလိုက်လျောညီထွေဖြစ်အောင်
ကြိုးစားကြည့်ရမယ် အခရာ တက္ကသိုလ်ကျောင်းသားဘဝတောင်
ငါက ဒါမလို့ဆိုပြီးအမြဲ တွန်းကန်ပိတ်လှောင်ထားရင်
မင်းအသက်ကြီးလို့မင်းကျောင်းသားဘဝကို
ပြန်ကြည့်ရင်ဘာမှအထွေအထူးရှိမှာမဟုတ်ဘူး"

"ပြန်လည်းမကြည့်ဘူး ဘာမှလည်းအထွေအထူးမရှိချင်ဘူး......"

မြတ်သူသည်သက်ပြင်းအရှည်ကြီးကိုချလိုက်မိသည်။
ထို့နောက် အိပ်ရာပေါ်လှဲလိုက်ကာ

"အေး...နေ နေချင်သလို....ငါကတော့
မနက်ဖြန် မျက်လုံးစူးစူးအစ်ကိုကြီးနဲ့တွေ့လိုက်ဦးမယ်"

မျက်လုံးစူးစူးဆိုတဲ့စကားတွင်အာရုံထံဖျက်ခနဲ
ပေါ်လာသည်က သင်းပျံ့သောကိုယ်သင်းနံ့တစ်ခု
နဲ့အတူသူယောင်ယမ်းနေမော့ကြည့်လိုက်ချိန်
တွေ့လိုက်ရသော ဖုန်သဲတွေကြားက
ခပ်စူးစူးမျက်လုံးတွေဖြစ်သည်။

ဘုန်းးးး။

"ဟဲ့ ဘာထဖြစ်!!..."

အတွေးလှိုင်းတွေထဲဖျက်ခနဲဝင်လာပြန်ပြီမို့
မျက်နှာသည်အလွန်အမင်းတင်းမာသွားကာ
စာအုပ်ကိုခပ်ကြမ်းကြမ်းပ်ိတ်ပစ်လိုက်ပြီး
အသက်ကိုခပ်ပြင်းပြင်းရှုလျှက်အဆောင်တံခါး
ဝခါးထောက်ကာမတ်တပ်သွားရပ်နေသည်။

ပြင်းထန်လွန်းသည့်အသက်ရှုသံသည်
အိပ်ရာပေါ်ကလူအထိပါကြားရ၍
မြတ်သူသည် စပ်စုသလိုအနည်းငယ်လေး
လှမ်းကြည့်ကာ

"ငါပြောတာ ဘာစိတ်ဆိုးစရာပါလို့လဲကွာ မင်းကလည်း"

ဘာမှပြန်မပြောခဏကြာတော့မှ
အခန်းထဲပြန်ဝင်လာပြီး ဘာမှမဖြစ်သလိုပဲ
စာအုပ်ပြန်ဖွင့်ကာ အခရာသည်နိုင်ငံရေးစာအုပ်တစ်အုပ်ကို
အာရုံစိုက်လျှက်ဖတ်နေခဲ့တော့သည်။

_______။

"လှတယ်....တကယ်ကိုလှတာပဲ သူမတစ်ယောက်ထဲ
သိသာပြီးကိုလှနေတာနော်....."

၂၀၁၄ခုနှစ်ရဲ့ကာယအလှမယ်ပြိုင်ပွဲကိုစင်၏ရှေ့ဆုံးနား
ထောင့်ကပွဲကြည့်စင်၏အပေါ်ဆုံးတွင်နေရာယူကြကာ
လွယ်အိတ်တွေကိုရင်ခွင်ထဲပိုက်လျှက်၃ယောက်သား
အတူတူကြည့်နေကြသည်။

မေဂျာစုံက နွဲ့နှောင်းလှပနေသောတက္ကသိုလ်ကျောင်းသူ
လေးများသည်စင်ပေါ်တွင်လှပစွာလမ်းလျှောက်နေကြသည်။
ခန္ဓာကိုယ်အလှအားအဓိကပေါ်လွင်စေသော
အင်္ကျီထဘီများကိုဝတ်ဆင်ထားကာဆံထုံးလှလှဖြင့်
မြန်မာဆန်ခြင်း မဟာဆန်ခြင်းများသည်အပြည့်အဝ။

များစွာသောပြိုင်ပွဲဝင်တွေထဲ၂၀၁၃ခုနှစ်ရဲ့
Major Queen AllQueenဖြစ်သူ "နွေ"
ဆိုသောအင်္ဂလိပ်စာမေဂျာမှာတက္ကသိုလ်ကျောင်းသူ
လေးသည်အထင်ပေါ်ဆုံးဖြစ်နေပါ၏။

ဝေယံသည် ကျန်ခဲ့သောရက်ပိုင်းက
ကန်တင်းမှာတွေ့ခဲ့တုန်းက မျက်လုံးတွေအတိုင်း
ထိုကျောင်းသူလေးအားကြည့်ကာပြောတော့
သင်္ချာကျောင်းသားကြီးသည်ဝေယံအား
စူးခနဲကြည့်လာကာ

"မင်း မပြောလို့မရဘူးလား....ပွကြီး"

"ပြောတော့ဘာဖြစ်လို့လဲ တကယ်လှလို့လှတယ်ပြောတာလေ"

"နွေ က အဲ့လောက်ကြီးတော့လည်းမလှပါဘူး
မင်းကိုက တွေ့တိုင်း မိန်းကလေးတစ်ယောက်ကိုအရမ်း...."

"ဟင် "နွေ" နွေ ဆိုတော့ မင်းသူ့နာမည်သိနေတာလား
ဟုတ်လား ရဲကြီး ...."

အံ့ဩတကြီးဟန်ဖြင့်မေးတော့ မင်းရဲရင့်သည်
စင်ပေါ်သို့မျက်လုံးတို့ပြန်ပို့လိုက်ကာ

"တက္ကသိုလ်မှာ ဒီလောက် နာမည်ကြီးတာ သူ့နာမည်မသိတဲ့
ကောင်က ပိန်းတိန်းနေတဲ့ကောင်ရယ် ရည်းစားကြောက်ရတဲ့
ကောင်တွေပဲရှိလိမ့်မယ်...."

"ဘာ!"

"ဘာ!"

ဘာနှစ်လုံးသည် ဘေးမှမုန့်စားနေသောဖြိုးလေးပါ
အပါ ထွက်ပေါ်လာသည်။

"နာမည်ကြီးတိုင်းသိနေစရာမလိုဘူးကွာ
ဆု ပဲ သိတယ် ဟေ့ကောင် ငါ့ရဲ့ ဆု ကအလှဆုံးပဲ"

ဖြိုးလေးသည် ကျယ်လောင်သောအသံဖြင့်
အော်ပြောတော့သည်။သင်္ချာကျောင်းသားကြီး
သည်သူငယ်ချင်း၏ပေါက်ကွဲမှုကိုပြုံးယဲ့ယဲ့
ဖြင့်ရင်ဆိုင်နေပြီး မျက်လုံးတွေကိုစင်ပေါ်ကို
ပြန်ပို့လိုက်သည်။

စင်ပေါ်တွင် အထင်ပေါ်ဆုံးအရောင်ဖြင့်
အစွမ်းကုန်သောအလှအပအားလုံးကို
ဝင့်ကာ ယှဉ်ပြိုင်နေသော "နွေ"ကို
စင်အောက် အားကစားရုံတစ်ခုလုံးအပြည့်ပိရိသတ်
အားလုံးကအားပေးနေကြသည်။

People Choice Voteတွင်လည်း
သူ့မေဂျာ ကိုယ့်မေဂျာ အပြိုင်အဆ်ိုင်ဆိုတာထက်
"နွေ"သည် တကယ်ရသင့်ရထိုက်သူမှန်း
သိသာလွန်းနေတာမို့ မေဂျာပေါင်းစုံ၏
ရွေးချယ်မှုသည် သူမကိုပင်ဖြစ်နေသည်။

"နွေ!!!!!!"

အင်္ဂလိပ်စာမေဂျာက ကျောင်းသား/သူ
တချို့၏အော်ဟစ်အားပေးသံများသည်ဆူညံ
သွားတဲ့အခါ စင်ပေါ်မှ ရှက်ရွံ့သလ်ိုလိုဟန်
ပြုံးပြလာပုံလေးက သိမ်မွေ့နူးညံ့သည်။

နွေသည်  ဖူးပွင့်လှပသောအသက်အရွယ်
အလှဆုံးတက္ကသိုလ်ကျောင်းသူဘဝတွင်
ပြီးပြည့်စုံသော မိန်းမပျိုလေးတစ်ယောက်ဖြစ်ခဲ့သည်။

အဆင့်ဆင့် ပြိုင်ဆ်ိုင်ပြီးတဲ့အခါ
ပထမဆုသည် သူမဆီသို့ရောက်လာခဲ့သည်။
ဇာတ်သိမ်းသိနေသောဇာတ်လမ်းလို
ရင်ခုန်စရာတော့မကောင်းပေမယ့်
နွေ သည် ဆုကို ကိုင်လျှက် သူမကိုအားပေးနေသော
စင်အောက်မှ ကျောင်းသား/သူတွေအားလှလှပပလေး
ပြုံးပြလာပုံက ရင်ဖိုစရာအတိဖြစ်ခဲ့ပါ၏။

ထိုပုံရိပ်ကို နွေ မမြင်နိုင်တဲ့ ချောင်ကျကျ
ပွဲကြည့်စင်အပေါ်ဆုံးမှငေးကြည့်နေသော
မျက်လုံးတွေသည် ဝမ်းသာရိပ်တွေသန်းနေလျှက်။
"နွေ"လှုပ်ရှားမှုမှန်သမျှကို ဝမ်းသာရိပ်တွေဖြင့်
ငေးကြည့်နေကာအော်ဟစ်ဆူညံနေသော
ပွဲထဲ သင်္ချာကျောင်းသားကြီးသည်အထူးတလည်ငြိမ်သက်
နေသည်။

"ဟေ့ကောင် ဟေ့ကောင် ရဲကြီး!!!!"

ဝေယံသည်ဆက်တိုက်ခေါ်နေပေမယ့်မကြားနိုင်တော့သော
သူအား ပါးတစ်ဖက်ကိုခပ်ဆက်ဆက်ရိုက်လိုက်မှ
စူးခနဲကြည့်လာကာ

"ဘာလဲ !!!"

"ပွဲပြီးပြီ ပြန်မယ်လေ....ဒီမှာ ညအိပ်မလို့လား"

"အ်ိပ်စရာလား...."

"အဲ့တာဆို ထလေ ငမ်းမနေနဲ့ မင်းလိုကောင်ကို
အရင်ကဒေါက်ဖိနပ်နဲ့ကလော်ထုတ်မှာလို့ငါပြော
ဖူးတယ်မလား ခု တက္ကသိုလ်အလှမယ်ဖြစ်သွား
တော့ ဒေါက်ဖိနပ်နဲ့တက်နင်းသွားလိမ့်မယ်
စိတ်ကူးယဉ်မနေနဲ့ မင်းအဆင့်အတန်းနဲ့မရဘူး"

"ပွကြီး!!! မင်းငါ့ကိုတအားစော်ကားလွန်းနေတာ
မဟုတ်ဘူးလား"

"ဟုတ်တယ်လေ....."

"ခွေးကောင်ကတော့....."

ရိုက်ချဖို့လက်ပြင်သည်နှင့်ဝေယံသည်
လွယ်အိတ်ပိုက်ကာထပြေးတော့သည်။
ဖြိုးလေးသည်လည်းရောယောင်ပြေးကာ
ဗရုတ်သုတ်ခဖြစ်သွားသောအခြေအနေတွင်
ဆဲသံတွေလည်းဆူညံသွားသည်။

ဆူဆူညံညံကျောင်းသားအုပ်စု၏
ရယ်သံ အော်သံတွေ ပြေးလွှားနေတာတွေကြောင့်
စင်အောက်တွင်ပွဲပြီး၍ပြန်ရန်ပြင်နေသော
"နွေ"သည် တစ်ချက်လှမ်းကြည့်လ်ိုက်သည်။
ဘေးက သူငယ်ချင်းကောင်မလေးက ပြေးလွှားအော်ဟစ်နေသော
ကျောင်းသားတွေအားမေးငေါ့ကာ

"သင်္ချာက အဆိုးအပေတွေလေ နွေ
ဒီမှာတောင်လာ ဗရုတ်ကျနေတာ
သူတို့မေဂျာက ဆရာမတွေလည်း သူတို့ကိုမနိုင်ဘူး
ဟိုတလောက အဓိပတိလမ်းမှာ ဆိုက်ကားနင်းတာသူပေါ့
တေဇသူ ရဲ့ ကားကိုဝင်ခိုင်းပြီး သူတို့ကျလမ်းလျှောက်ခိုင်း
လို့တဲ့လေ ရုပ်ပေါက်တာတအား"

နွေသည် သိသိသာသာ အဆင်မပြေသွားမှုမျိုး
စိတ်အနှောက်အယှက်ဖြစ်သွားသလိုမျက်လုံးတွေနဲ့
ရယ်မောကာ ပြေးလွှား အော်ဟစ် ဗရုတ်ကျနေသော
င်္သချာကျောင်းသားကြီးကိုတစ်ချက်မျှလှမ်းကြည့်ကာ
ချက်ချင်းမျက်နှာလွှဲသွားပြီး နားနေသည့်နေရာ
သို့ခပ်မြန်မြန်ဝင်ရောက်သွားတော့သည်။

ပြေးလွှားနေသောသင်္ချာကျောင်းသားကြီးသည်အားကစားရုံ၏ထွက်ပေါက်ရောက်ချိန်တွင်ရှေ့ဆက်မပြေးတော့ဘဲ
ခြေလှမ်းတွေသည်ရပ်တန့်သွားကာ ဖျက်ခနဲနောက်သို့
တစ်ချက်ပြန်လှည့်ကြည့်လာသည်။

စင်ပေါ်နှင့်စင်အောက်တွင် လူရိပ်များရှင်းသွားသည်
ကိုတွေ့လိုက်ရတဲ့အခါ အနည်းငယ်အရောင်မှိန်
သွားဟန်မျက်လုံးတွေသည်မသိမသာအရောင်ပြောင်းသွားသည်။
ထို့နောက် ထပ်မပြေးတော့ဘဲ ပုံမှန်ခြေလှမ်းတွေဖြင့်သာ
ရုံအပြင်သို့လျှောက်လာခဲ့သည်။

"ငါ အိမ်ပြန်တော့မယ် သားကြီးတို့ အိပ်ချင်လို့"

နှစ်ဆွေးအပင်ကြီးများဖြင့်အုပ်ဆိုင်းနေသော
အားကစားရုံမှစာသင်ဆောင်တွေဆီပြန်ကူးသော
လမ်းမပေါ်အရောက်တွင်ကျောင်းသားကြီး၏
ပြောလာသောစကားကြောင့်သူငယ်ချင်းတွေအံ့ဩ
သွားကြသည်။

"ဟ ညနေကြီး အတန်းတစ်ချိန်ကျန်သေးတယ်လေ"

"Roll call ထိုးပေးကွာ တကယ်ခေါင်းတွေနောက်လာလို့
ညကျ ပြန်တွေ့မယ်..."

"ချက်ချင်းကြီး"

"ရောဂါပဲ သူဖြစ်ချင်လာဖြစ်မှာပေါ့ ရှည်လိုက်တာ"

"အေး အေး ကြွ .."

"ကြွပြီ..."

ချက်ချင်းဆိုသလိုကျောခိုင်းထွက်သွားသူ၏
ကျောပြင်အားနားမလည်နိုင်သလိုမျက်မှောင်
ကိုယ်စီကျုံ့ကာခေတ္တခဏတော့စိုက်ကြည့်ကြ
ပြီးနောက် အလွန်ကျပ်သော Paperအတန်းချိန်
ဆီနှစ်ယောက်သားပြေးထွက်သွားကြတော့သည်။

ကျောင်းထဲဆက်မနေချင်စိတ်အိမ်ပြန်အိပ်ချင်စိတ်တို့နှင့်အတူ
ခေါင်းငိုက်စိုက်ဖြင့်လျှောက်လှမ်းလာသောခြေလှမ်း
တွေသည်လေးလေးလံလံ။ဆူညံသောနေရာတွေထဲ
ကြာကြာနေလျှင်ခေါင်းကိုက်လာတတ်ကာ
သူစိတ်အဆင်မပြေတတ်။

လမ်းမပေါ်မြင်လာသောခဲတစ်လုံးကိုအရှိန်ဖြင့်
ကန်ထုတ်ပစ်လိုက်ကာမသေသပ်နေသောဆံပင်တွေကို
ထပ်ခါထပ်ခါထိုးဖွပြီးတစ်ယောက်ထဲလျှောက်လာသော
အုပ်မှိုင်းမှ်ိုင်းလမ်းသည် စိတ်ကိုပါနောက်ကျိလာသည်
ဟုထင်လာပါ၏။

"ဟေ့လူ!....."

ကိုယ့်စိတ်အဆင်မပြေမှုနဲ့ကိုယ်ဟိုကန်ဒီကန်
ဖြင့်အုပ်မှိုင်းသောလမ်းကိုဖြတ်သန်းပြီး
လမ်းလျှောက်လာရင်း တက္ကသိုလ်၏အရှေ့ဘက်
အသဲပုံရေကန်ဘေး ခုံတန်းလေးတွေအား
ကျော်ဖြတ်သွားချိန်တွင်ခေါ်သံတစ်ခုကြားလိုက်ရသည်။

နာမည်တပ်မခေါ်သော်ငြား ဤနေရာတွင်ရှိသော
မေဂျာအများစုသည်ညနေကျောင်းဆင်းသွားပြီမို့
အနီးတဝိုက်လူသည်သူတစ်ယောက်ထဲသာရှိသည်။
ခေါ်သောအသံသည်လည်းရင်းနှီးနေတာမို့
ချက်ချင်းပြန်လှည့်ကြည့််လိုက်သည်။

မြင်လိုက်ရသည်ကညနေစောင်းအချိန်တွင်
အနက်ရောင်Shirtင်္အကျီနှင့်
ပုဆိုးကွက်စိတ်စိတ်ကိုတွဲဝတ်ထားကာ
လွယ်အိတ်ကိုကြိုးခပ်တိုတိုထုံးပြီးပုခုံးတွင်လွယ်ထား
သော နဖူးတွင်ပလာစတာပါးပါးလေးရှိနေသော
ခုံတန်းတစ်ခုပေါ်ထိုင်နေသောဓာတုဗေဒကကောင်လေး
ဖြစ်နေသည်။

ကျောင်းသားကြီးသည် သူ့ကိုယ်သူလက်ညိုး
ညွှန်ပြကာ

"ငါ့ကိုခေါ်တာလား...."

"လူ ဘယ်နှယောက်တွေ့လို့လဲ..."

"........"

မချေမငံပြန်ဖြေပုံတွင် ကျောင်းသားကြီး၏
မျက်နှာသည်ချက်ချင်းတင်းမာသွားပါ၏။

ခုံတန်းမှ ဘေးတွင်ချထားသောအိတ်ကို
ဆွဲလာကာ သူ့ဆီလျှောက်လှမ်းလာသော
ကျောင်းသားလေးကိုစိုက်ကြည့်ကာ
ထပ် ဘာပြဿနာလဲဟု စောင့်နေလိုက်သည်။

"ဘာလဲ ဘာဖြစ်ပြန်လို့လဲ...."

မျက်နှာချင်းဆိုင်အနေအထားအရောက်တွင်
ကျောင်းသားကြီးသည် မကြည်လင်နေသော
စိတ်အခံဖြင့် ခပ်တင်းတင်းမေးတဲ့အခါတစ်ဖက်က
ဆန့်ကျင်ဘက်ပကတိကြည်လင်နေသောမျက်လုံးတွေနှင့်
မော့ကြည့်လာပြီး

" ကျွန်တော် ခင်ဗျားအင်္ကျီပြန်ပေးချင်လို့ပါ"

အ်ိတ်တစ်အိတ်ကိုလက်နှစ်ဖက်ဖြင့်ကမ်း၍ပေးလာသည်။

"ကျွန်တော် သွေးတွေအကုန်စင်အောင်
စနေ တနင်္ဂနွေ၂ရက်လုံးသေချာလျှော်ထားပါတယ်
ဒါပေမယ့် ကော်လံနေရာက အစအနတွေက
ဘယ်လိုမှလုပ်မရလို့ ခင်ဗျား ပြန်ယူဖို့အဆင်မပြေရင်
ကျွန်တော် အသစ်ပြန်ဝယ်ပေးဖို့လည်းစဉ်းစားထားပါတယ်"

"နဖူးကွဲထားတာကို စနေ တနင်္ဂနွေကိုမင်းက
အဝတ်လျှော်တယ်လား.."

"သွေးတွေကကြာကြာထားရင်ထားသလိုချွတ်ရခက်တယ်လေ"

"အော်....."

"စ်ိတ်ထဲလည်း တနင်္လာနေ့ကျောင်းဖွင့်တာနဲ့
ပြန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီးလို့ပါ ကြည့်ကြည့်လိုက်ပါဦး
အဆင်မပြေရင်တစ်မျိုးစီစဉ်ပေးရအောင်လို့ပါ"

"ရတယ်...အင်္ကျီက ငါ၁၀တန်းထဲကဟာ
ကြာပြီ ဝတ်ရတာတန်နေပြီ ကိစ္စမရှိဘူး"

"အင်း....."

အိတ်ထဲကိုအနည်းငယ်ကပ်ကြည့်လိုက်တော့
အမွှေးဆီနံ့သည်သင်းခနဲ။တစ်သက်နဲ့တကိုယ်
အင်္ကျီတွေလည်းဤကဲ့သို့အနံ့မရဖူး၍ကျောင်းသားကြီး
သည် သေသေသပ်သပ်လုပ်ပေးထားသော
ကောင်လေးကိုတစ်ချက်ကြည့်လာသည်။

"ဟိုညက ကိစ္စ ကျွန်တော် ခင်ဗျားကိုကျေးဇူးတင်ပါတယ်
အစစအရာရာ အားလုံးအတွက်ကျေးဇူးတကယ်
တင်ပါတယ် ရန်ဖြစ်တာကူညီတာရော
ဆေးခန်းပို့ပေးတာရောပါ ကျွန်တော်ခါးကပ်ပလာစတာ
နည်းနည်းလည်းထည့်ပေးထားပါတယ် သုံးလိုက်ပါ"

မဆိုးဘူးပဲဟုသတ်မှတ်၍ရပါ၏။မချေမငံမတည့်မပြု
လေးဆိုပေမယ့် သူကျေးဇူးတင်ရမယ့်ကိစ္စမျိုးကို
သေချာစွာလေးစားမှုရှိရှိလာကျေးဇူးတင်နေသည့်
ကောင်လေးသည်ထင်သလောက်တစ်ဖက်စောင်း
နင်းလေးတော့မဟုတ်။

တစ်ခါတွေ့တိုင်းတစ်ဆင့်တက်ကာပို၍ဖြူလာသည်
ဟုထင်ရသောဤကောင်လေး၏အသားအရည်သည်
ဤညနေတွင်အနက်ရောင်Shirtကိုဝတ်ထား၍လားမသိ
ပို၍ကြည်လင်နေသည်။မချေမငံပေစောင်စောင်ပုံစံမျိုး
ဒေါသထွက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲ အေးရာအေးကြောင်း
လာကျေးဇူးနေပုံကျ တစ်မျိုးတဖုံထူးဆန်းနေပြန်သည်။

"အေးပါ ...ပလာစတာအတွက်ကျေးဇူး
မင်းနဖူးကသက်သာတယ်မလား"

"ဟုတ်ကဲ့....အဆင်ပြေပါတယ်...."

ကျောင်းသားကြီးသည်ဒဏ်ရာကိုစူးစမ်းသလို
ကြည့်လိုက်သော်ငြား
ဆံပင်တွေနဲ့ဖုံးနေသောပလာစတာကပ်ထားသည့်
ဒဏ်ရာကိုအပြည့်အဝမမြင်ရ။

"ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်"

"နေဦး....."

ကိစ္စပြတ်ပြီမလို့နှုတ်ဆက်ကာလှည့်ထွက်ဖို့
ပြင်လိုက်ချိန်တွင် တားဆီးသံနှင့်အတူ
မျက်နှာနားသို့ရှည်ရှည်သွယ်သွယ်လက်ချောင်းတွေ
ဖျက်ခနဲရောက်လာတာမို့ အခရာသည် ချက်ချင်း
လျှင်မြန်စွာရှောင်တိမ်းလိုက်မိသည်။

"ခင်ဗျား ဘာလုပ်တာလဲ..."

ကျောင်းသားကြီး၏မျက်ခုံးတန်းတို့အနည်းငယ်
တွန့်ချိုးသွားကာ

"ငါ အနာ ကြည့်မလို့....."

ဆက်ခနဲ နဖူးပေါ်ဝဲနေသောဆံပင်တွေကို
ခပ်ဖွဖွဆွဲလှန်ကာ ပလာစကာကပ်ထားသော
ဒဏ်ရာကို သေချာစွာကြည့်လာသူသည်
ရေပြင်ညီမျက်လုံးတွေဖြင့်။အခရာသည်
ရုတ်တရက်အပြုအမူမလို့ ကြောင်အအဖြင့်
မော့ကြည့်လာသောမျက်လုံးလေးတွေသည်
မျက်တောင်ရှည်တွေကြားအံ့ဩလန့်ဖျန့်သွား
ခြင်းတွေအပြည့်ဖြစ်နေသည်။

"သေတတ်တယ် ကြောက်အောင်ခြောက်ပြောတာမဟုတ်ဘူး
မင်း အရပ်ဒေသရဲ့အထာနဲ့ ငါတို့အောက်ပြည်ကအထာ
တွေကမတူဘူး အရမ်း အတင့်မရဲနဲ့ ငါတ်ို့First Year
တုန်းကလည်းဘာနေနေတက္ကသိုလ်ကျောင်းသားကွ
ဆိုပြီးသွေးကအမြဲကြွနေတာ နေရာတိုင်းတော့အသုံးမဝင်ဘူး"

"ကျွန်တော်သွေးကြွနေလို့လိုက်ရန်စထိုးတာမှမဟုတ်ဘဲဗျ
သူတို့စတာ ခင်ဗျားမှ မမြင်တာလေ..."

ချက်ချင်းတုံ့ပြန်လာမှုတွင်သင်္ချာကျောင်းသားကြီး
သည် စိတ်ကုန်ခမ်းသွားဟန်မျက်လုံးတွေဖြင့်
ကောင်လေးကိုကြည့်လာတဲ့အခါ အခရာသည်
အကြည့်တို့လွှဲသွားသည်။

"ဆုံးမသွန်သင်လို့မရဘူးပဲ နားလည်ပါတယ်
Chemistry ကဖြစ်နေတာကို...."

"တွေ့တိုင်းပဲ ကျွန်တော့်မေဂျာက ဘာဖြစ်နေလို့လဲ..."

ချက်ချင်းတည့်တည့်ပြန်ကြည့်လာကာ
ခပ်စူးစူးမျက်လုံးတွေနဲ့မေးလာပုံသည်
ခပ်ကြမ်းကြမ်းမို့ ကျောင်းသားကြီးက
မထီတထီလေးပြုံးသွားသည်။အခရာ့ကို
ပြုံးယဲ့ယဲ့နှုတ်ခမ်းတွေဖြင့်စိုက်ကြည့်လာကာ

"ဒီတိုင်း Blameချင်တာ ငါ့ရဲ့နေ့အစကို
Chemistry ကိုBlameပြီး နေ့အဆုံးကိုလည်း
Chemistry ကိုပဲ Blame ပြီးအဆုံးသတ်ချင်တာမျိုး"

"အဲ့လို ဝီရိယကောင်းနေလည်း င်္သချာကဒိုင်းပြန်မရဘူး"

"ဘာ!"

မထီတထီပြုံးယဲ့ယဲ့မျက်နှာသည်ချက်ချင်း
ပျက်သုန်းသွားကာ အခရာ့ကိုစူးခနဲကြည့်လာသော
မျက်လုံးတွေ၏စူးရှမှုသည်အလွန်ပြင်းထန်သည်။

"ကျေးဇူးလည်းတင်ပြီးပြီ အင်္ကျီလည်း
ပေးပြီးပြီဆိုတော့ သွားပြီ"

"ဟေ့..ဟေ့...ကောင် ...ဟေ့ကောင်လေး!!!"

ပြောပြောဆိုဆိုဖြင့်နှုတ်ဆက်ကာလှည့်ထွက်
သွားသူကို အထစ်ထစ်စကားတွေဖြင့်ရအောင်
ပြန်မခေါ်နိုင်ဆွံ့အကျန်ခဲ့သူသည် ခေါင်းကိုက်ခြင်းတွေကိုပါ
မေ့သွားသည်အထိ တနုံ့နုံ့ဖြစ်ကာကျန်ခဲ့လျှက်
ကျောခိုင်းသွားသောကျောပြင်သေးသေးလေးကို
မျက်လုံးစူးစူးကြီးတွေဖြင့်ကြည့်ကာအသဲပုံရေကန်
ဘေးတွင် ကျန်ခဲ့ရသည်။

အမြဲဤကဲ့သို့ကျန်ကျန်ခဲ့ရသောကိုယ့်ကိုကိုယ်
အားမရစွာ ကျောင်းသားကြီးသည်
ကျောက်ခုံတန်းလေးအားလှိမ့်ပိန့်ကန်နေခဲ့သည်။

အခရာသည် နဖူးပေါ်ကဆံပင်တွေကို
စိတ်လှုပ်ရှားနေဟန်ဖြင့် ခပ်မြန်မြန်ပြန်ပုံစံချနေကာ
အုပ်မှိုင်းနေသောသစ်ပင်ကြီးတွေနှင့်လမ်းအတိုင်း
အတွင်းဆောင်ဆီသို့ လျှောက်ပြန်သွားသည်။

ဆံပင်တွေကိုဦးတည်ချက်မဲ့ထိုးဖွနေသော
လက်တွေ၏လှုပ်ရှားမှုသည်အလွန်မြန်ဆန်နေပြီး
ခြေလှမ်းတွေသည်လည်းမသိမသာစွာမြန်ဆန်နေခဲ့သည်။

ကျောခိုင်းထွက်ခွါသွားကြသောဆန့်ကျင်ဘက်
အရပ်တွေကြားညနေစောင်းဆောင်းလေပြေလေးသည်
တက္ကသိုလ်တခွင်အေးစိမ့်စွာ တိုက်ခတ်နေလျှက်....။

_____။
အသေးစိတ်ရေးတယ်လို့ပဲဆိုမလား။
ကြီးမားတဲ့အချိုးအကွေ့တွေ Dramaခပ်များများဖြစ်လာ
နိုင်တဲ့Story အတွက်အစပျိုးနေခြင်းမှာပျင်းစရာ
ကောင်းနေတာမျိုးဖြစ်နေရင်အားနာပါတယ်။
ဒါပေမယ့်ကျော်ခွပြီးရေးလို့ကောင်းမယ့်နေရာကိုဆွဲယူ
ရေးလိုက်တာမျိုးက မသေသပ်နိုင်တာမလို့တဖြေးဖြေးလေး
လိုက်ခဲ့ပေးဖို့တောင်းဆိုပါတယ်။

အားလုံးစိတ်ကျေနပ်စေမယ့်Story လေးတစ်ခု
ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယိ။အများကြီးလည်း
ကြိုးစားပေးပါ့မယ်နော်။

Bạn đang đọc truyện trên: AzTruyen.Top