အပိုင်း(၄)

"အခရာ မသွန်ပစ်ပါနဲ့နော် ငါတို့Tableကိုပေး ငါတို့
ဘယ်လိုလုပ်လုပ် မရလို့ပါ..."

ဓာတုဗေဒကိုစိတ်အရမ်းဝင်စားလွန်းလို့
ရောက်လာခဲ့တာမျိုးမဟုတ်။အမှတ်နဲ့ထိုက်တန်တဲ့
မေဂျာကိုရောက်ခဲ့ခြင်းဖြစ်သည်။သို့သော်
သူ့မှာပြဿနာတွေများလွန်း၍တခြားသူတွေလို
ဆိုးပေလမ်းလွဲသွားခြင်းမျိုးမရှိခဲ့ဘဲကိစ္စတွေကို
မေ့မေ့သွားအောင်မြန်မြန်ဘွဲ့ရအေးရောဆိုသော
စိတ်နဲ့စာအရမ်းလုပ်ရင်းမှ၁၀တန်းမှာအတော်အသင့်
ကျောင်းသားဖြစ်ခဲ့သော်ငြားတက္ကသိုလ်တွင်
စံပြကျောင်းသားဖြစ်လာသည်။

ကျောင်းသားကကျောင်းသားတာဝန်ရှိကာ
ကျောင်းတက်ရမယ် စာကျက်ရမယ် ဤကဲ့သို့
အဖေချမှတ်ထားသောစည်းကမ်းတွေလည်း
တချို့တဝက်ပါနေပြီး အခရာသည်Section နှစ်ခု
လုံး၏ အတန်းမှန်ဆုံး စာအလုပ်ဆုံး Practical
ခန်းထဲတွင် အတော်ဆုံးကျောင်းသားဖြစ်သည်။

တိကျသောDataတွေထွက်တတ်ပြီး
အဖြေမှန်အရောင်တွေကိုလည်းထွက်အောင်
ဒြပ်ပြုပစ္စည်းတွေကိုထည့်နိုင်သည်။
အားသာချက်တစ်ချက်သည် သရုပ်ပြဆရာမ
သင်ကြားနေချိန်တွင်ဘေးတွင်စကားပြောနေစရာ
သူငယ်ချင်းတစ်ယောက်မှမရှိခြင်းဖြစ်သည်။

လူ၁၀ယောက်လောက်ဝိုင်းထိုင်ရသော
Tableတစ်ခုချင်းစီတွင်သူ့လူနဲ့သူ
Practical ချ်ိန်များတွင်စကားခိုးပြောကြကာ
တကယ်လုပ်တော့ဆိုသည့်အချိန်ကျ
Acid နဲ့Baseကိုပင်မှားစုပ်မိသူများရှိကြပါ၏။
တခြားသူတော့မဟုတ်ပါလေ စာရေးသူ
ကိုယ်တိုင်ပင်ဖြစ်သည်။

အခရာသည် လူ၁၀ယောက်ရှိသောTable၌
လူ၉ယောက်ကတစ်စုထိုင်နေပြီးတစ်ယောက်ကို
မှလည်းခုထိတိုင်မရင်းနှီး၍ခပ်ခွါခွါတစ်ယောက်ထဲ
နေကာ စာကိုအာရုံစိုက်လေ့ရှိသည်။သို့သော်
အလွန်တော်၍တိကျလွန်းတာကြောင့်Tableတစ်ခု
လုံးကအားကိုးအားထားပြုကာတခြားTableများ
ကလည်း အခရာSolution တွေကို
ဆရာမတွေမမြင်ရသည့်နေရာတွင်လာလာတောင်းလေ့ရှိကြ
သည်။

"Acid ထည့်တာ ဘယ်နေရာလွဲတယ်မသိဘူး
ပေးပါကွာ ငါတို့အဲ့တာမှပြန်ရမှာ ငါတို့လုပ်ရင်
ဒီတစ်သက်ရမှာမဟုတ်ဘူး"

အထွေအထူးစကားမပြောတော့ဘဲ
လာတောင်းဆိုသောကျောင်းသားလက်ထဲကို
ထည့်ပေးလိုက်ကာ ပစ္စည်းတွေစာအုပ်တွေ
သိမ်းလျှက် Practicalခန်းထဲကထွက်လာခဲ့သည်။

"အခရာ!!!!"

Practical အရင်ပြီးနေသောRoom ချင်းမတူသောမြတ်သူကို
သူ့သူငယ်ချင်းအုပ်စုတွေနဲ့အတူ
အခန်းရှေ့မှာစောင့်နေသည်ကိုတွေ့လိုက်ရသည်။
မြတ်သူနှင့်Section လည်းမတူ Practicalလည်း
မတူတာကြောင့်ကျောင်းတက်လည်းမျက်နှာချင်းဆိုင်
ပြန်မဆုံတာများသည်။အခန်းရောက်မှသာ
ပြန်တွေ့ကြခြင်း။ထူးဆန်းစွာသူ့ကိုလာစောင့်နေတာ
ကြောင့် အနည်းအံ့ဩသွားပြီးမြတ်သူဆီသို့
လျှောက်သွားလိုက်သည်။

"ဘာဖြစ်လို့လဲ....."

"ဘာဖြစ်ရမလဲ ဒီနေ့ ငါ့မွေးနေ့လေအဲ့တာ ညကျအသံသွားစစ်ကြမလို့ မင်းလိုက်ဦးမလားလို့ လာခေါ်တာ"

"မလိုက်ဘူး....."

"မင်းကလည်း...ငါတို့အဖွဲ့ချည်းပဲမဟုတ်ပါဘူး
အဆောင်တခြားသူတွေလည်းပါတယ်
မင်းတစ်ယောက်ထဲကျန်ခဲ့ရမှာ ပျင်းဖို့ကောင်းတယ်လေ"

"ငါ အဲ့လိုနေရာတွေမကြိုက်ဘူး"

ကာရာအိုကေခန်းထဲသီချင်းတွေအော်ဆို
သောက်ကြစားကြ ကခုန်ကြခြင်းကိုထူးဆန်းစွာ
ကျွန်တော်အထူးပျင်းပါသည်။တောင်ကြီးမှာ
တစ်ခါခိုးသွားခဲ့ဖူးပြီး ကျွန်တော်နှင့်ကီးမကိုက်
သောနေရာဟုသတ်မှတ်ခဲ့ကာခုမပျော်သော
အရပ်တွင်ပို၍ဆိုးသည်။

"ထင်ပါတယ် ဒါပေမယ့်ကွာ ငါက မင်းဟင်္သာတ
ရောက်ထဲက ပထမဆုံးသူငယ်ချင်းအခန်းဖော်လေ
မင်းကငါ့ကိုမခင်ပေမယ့် ငါကမင်းကို
စိတ်ရင်းနဲ့ခင်လ်ို့လာခေါ်တာပါ"

"နောက်တစ်ခါပေါ့...."

ငြင်းဆိုကာထွက်သွားသောသူကို
မြတ်သူက ဝမ်းနည်းသွားသောမျက်လုံးတွေဖြင့်
လှမ်းကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်သည်။

"ပြောသားပဲ...မလိုက်လောက်ပါဘူးဆို
သူပုံစံနဲ့ KTVနဲ့လည်း ဘာမှမအပ်စပ်ပါဘူး
ထားလိုက်စမ်းပါ...."

သူငယ်ချင်းတစ်ယောက်၏မကျေမနပ်ပြော
သောစကားတွေကိုခေါင်းငြိမ့်ပြလိုက်ကာမြတ်သူသည်
အတန်းဆက်တက်ရန် စာသင်ခန်းဆီသို့
ကူးပြောင်းလျှောက်လာခဲ့ကြတော့သည်။

____

"ကျောင်းထဲ ဆိုင်ကယ်စီးလို့မရဘူး ဟုတ်လား"

"အေး ဆိုင်ကယ်ရုံမှ ဆိုင်ကယ်ထားခဲ့ပြီး
လမ်းလျှောက်ကြ...."

"အတန်းကနည်းနည်းနောနော အဝေးကြီးလားဗျ
တစ်ချိန်လုံးစီးနေရတာဗျာ ဘာထဖြစ်တာလဲ"

"စည်းကမ်းပြောင်းတာ...ထားခဲ့ ရုံမှာ...
ကျောင်းသားအကုန်လမ်း​လျှောက်ကြရတယ်"

"ခက်တော့တာပဲ....."

ခရာမှုတ်သံနှင့်အတူ သင်္ချာကျောင်းသား၃ယောက်
သည်ကျောင်းဝင်ပေါက်အစောင့်နှင့်အခြေအတင်
ဖြစ်နေကြသောမြင်ကွင်းဖြစ်ပါ၏။
ပထမနှစ်ထဲကဒီလိုပဲသွားလာနေတာကိုရုတ်တရက်
စည်းကမ်းတွင်နေပူကြီးထဲအဓိပတိလမ်းကို
လမ်းလျှောက်ရမည်လား။

"ကျွန်တော်တို့ သင်္ချာဆောင်ကအဝေးကြီးဗျဦးလေးရ"

"ကျောင်းရဲ့အစွန်အဖျားမှာရှိတဲ့ ဘူမိဆောင်ကလူတွေတောင်
ထားပြီးလမ်းလျှောက်သွားတယ်"

မျက်ခုံးတန်းတွေတွန့်ချိုးသွားတဲ့အခါ
စူးရှရှမျက်လုံးအရောင်သည်ပို၍တောက်ပသွားပါ၏။
ဘေးက ဖြိုးလေးနှင့်ဝေယံသည်လည်းမကျေနပ်စွာ
မျက်နှာတို့သုန်မှုန်နေသည်။

"စားတယ်ကွာ....ဘာမှန်းကိုမသိဘူး..."

အစောင့်ဦးလေးကြီးသည်၃ယောက်လုံးအား
မကျေမလည်တစ်ချက်ကြည့်ပြီးတဲ့နောက်
Mainလမ်းတံခါးဆီပြေးသွားသည်။
ရုတ်တရက်ဘာကြောင့်ထပြေးတာလဲဟု
၃ယောက်လုံးကြည့်လိုက်တော့
ကျောင်းပေါက်ဝသို့ဇိမ်ခံကားတစ်စီးရပ်လာသည်ကို
Mainလမ်းတံခါးချပ်ကြီးတစ််ခုလုံးကိုပြေးဖွင့်ပေးနေခြင်း။

ဆရာ/ဆရာမတွေလားဟုတစ်ချက်ကြည့်
လိုက်တော့ မောင်းဝင်လာသူသည်ဘယ်လို
ကြည့်ကြည့်ကျောင်းသားတစ်ယောက်ဖြစ်နေပါ၏။
အစောင့်ဦးလေးကြီးအားတစ်ချက်ပြုံးပြသွားကာ
အဓိပတိလမ်းထက်ကားကိုအရှိန်ပြင်းစွာ
မောင်းဝင်သွားတော့သည်။

မင်းရဲရင့်၏မျက်နှာသည်အလွန်သုန်မုန်သွားကာ
အစောင့်ဦးလေးကြီးဆီခြေလှမ်းကျဲကြီးတွေဖြင့်
လျှောက်လာပြီး

"အဲ့တာ ကျောင်းသားမလား...."

"အေး ဘာဖြစ်လဲ ကျောင်းသားဖြစ်တော့..."

"သူကျ မောင်းဝင်လို့ရတယ်လား...."

"သူ က ကားလေ....."

"ဘယ်ကျောင်းသားမဆို အကုန်လမ်းလျှောက်ရမှာဆို
အဲ့ကောင်လည်းဒီမှာကားထားခဲ့ပြီးလျှောက်ခိုင်းလေ"

"ကား နဲ့က ဘယ်လိုလျှောက််မလဲ
ဘယ်သူ့မှဘာမှမပြောတာ မင်းကဘာဖြစ်နေတာလဲ"

"ကျောင်းသားကဒ်ရောမစစ်ဘူးလား
မိန်းကလေးတွေကျ ဒီတိုင်းမေ့တာမျိုးဆိုတောင်
အဆောင်အထိပြန်ယူခိုင်းတာ Practicalတွေ
Tutorial ဘယ်လောက်နောက်ကျလဲသိလား"

"သူက နေ့တိုင်း ပါတယ်....ငါနဲ့နေ့တိုင်းတွေ့နေကျ"

"နေပါဦး ကားဖြစ်ရင် ဝင်လို့ရတယ်ပေါ့
ဗရမ်းဗဒါမောင်းလည်း ရတယ်ပေါ့
ဘာမှလည်းမစစ်ဆေးဘူးပေါ့ အဲ့လိုလား"

"မင်းတို့ကောင်တွေ ခက်တော့တာပဲ
အေး မကျေနပ်ယူခဲ့ ကား ...."

မချေမငံဦးလေးကြီးသည်ဆိုင်ကယ်ရုံက
ခုံတွင်ခပ်တည်တည်ပဲပြန်ထိုင်နေသည်။

"ဟေ့ကောင်တွေ ငါ့နောက်လိုက်ခဲ့...."

ပုဆိုးကိုလက်တစ်ဖက်ဖြင့်လမ်းလျှောက်
လို့ပို၍လွတ်လပ်အောင်ခပ်တိုတိုအထိဆွဲမကာ
လွှားခနဲ အဓိပတိလမ်း၏ဘေးကွန်ကရစ်တုံးအား
ကျော်ချပြီးနောက်ကျောင်းပြင်သို့ထွက်သွားသော
ကျောင်းသားကြီး၏ခြေလှမ်းတွေသည်ခပ်မြနိမြန်။

"သေချာရပ်ကြလေ မနိုင်မနင်းတွေနဲ့ နောက်ထပ်
ဆိုင်ကယ်တွေကလာဦးမှာ...."

မနိုင်မနင်းဆိုင်ကယ်ထားနေသောကျောင်းသူမလေး
တွေအားလှမ်းအော်ပြောနေသောဦးလေးကြီးအား
ကျောင်းသူမလေးတွေသည်အဝေးကြီးလမ်းလျှောက်
ရမှာမလို့မကြည်စွာမျက်စောင်းအတွင်တွင်ထိုးနေကြသည်။
တစ်ကျောင်းလုံးလမ်းလျှောက်ဘေးဒုက္ခသည်တွေ
ဖြစ်နေကြကာမကြည်မလင်ဖြစ်နေကြလျှက်။

"ဇက်သော့တွေသေချာခတ်ကြနော်...."

ပြောဆိုပြီး၍တာဝန်အတိုင်းကျောင်းပေါက်ဝဘက်
ပြန်လှည့်ကာထိုင်လိုက်သောအချိန်တွင်ကျောင်းထဲ
ဝင်လာသောဆိုက်ကားတစ်စီးကိုတွေ့လိုက်ရသည်။
နင်းဝင်လာသူသည် ခဏနေတုန်းကသူ့ကိုရန်ဆောင်
သွားသောကျောင်းသားဖြစ်ပြီး ရှေ့နှင့်နောက်တွင်
ကျန်တဲ့ကျောင်းသားနှစ်ယောက်ကထိုင်နေသည်။

"ကျွီ!!!!!!"

ခရာလည်းမှုတ်လူလည်းဆိုက်ကားဆီပြေးသွား
တော့မချေမငံမျက်နှာမျိုးဖြင့်ဘရိတ်ကိုဆွဲဖမ်းသူသည်
ကျောင်းသားဆိုးတစ်ယောက်မှန်းသိသာနေသော
စောင်ပေပေမျက်လုံးတွေဖြင့်။

"မင်းတို့ကောင်တွေ ဒါ ဘာလုပ်တာလဲ...."

"ကား ဆို ဝင်လို့ရတယ်ဆိုလို့ ဆိုက်ကားနဲ့ဝင်လာတာလေ"

"ပြန်ထွက်ကြစမ်း ပါချူပ်တွေ့သွားရင်ရှင်းရလိမ့်မယ်"

"ဒါဆို ဟိုကောင်ကိုလည်းဆင်းလျှောက်ခိုင်းလေ
ကျွန်တော်တို့လိုပဲ အောက်ခံဘောင်းဘီဝတ်လာသလား
အထိပါ စစ်လေ ....စည်းကမ်းဆိုတာ ခြွင်းချက်မရှိရဘူး
ဒါကတက္ကသိုလ်..."

"ဒီကောင် ဘာလဲ...မင်းဘယ်မေဂျာကလဲ"

"သင်္ချာ Section Aက မင်းရဲရင့်
ဘောကန်ရင် ရှေ့တန်းတိုက်စစ်မှူး
မသိတဲ့သူမရှိဘူး တိုင်လိုက်ကြိုက်တဲ့နေရာ....
အတန်းတက်ရမှာမလို့ သွားပြီ"

"ဟေ့ကောင်တွေ!!!!!"

ပြောဆိုပြီးနောက်ဆိုက်ကားအားနင်းသွားသူသည်
အဓိပတိလမ်းထက်ဖြောင့်ဖြောင့်ဖြူးဖြူး။
Mainလမ်းပေါ်ရှိကျောင်းသား/သူများသည်
အဓိပတိလမ်းပေါ်ဆိုက်ကားဖြင့်ကျောင်းသားအုပ်စုကို
ကြည့်ကာသဘောတကျအော်ရယ်ကြလျှက်။

မနင်းတတ်နင်းတတ်ဖြင့်နင်းကာ ဗရမ်းဗဒါမောင်း
သွားသောဇိမ်ခံအားရပ်ထားသောနေရာဆီကို
ဦးတည်နေခဲ့သည်။လေးထပ်ဆောငိကြီးအောက်က
ကားရပ်ထားသောနေရာဘေးတွင်ဆိုက်ကားကို
ရပ်ပြီးလွယ်အိတ်ကိုအကျအနလွယ်လိုက်သည်။

ဝန်ထမ်းတွေ ဆရာ/ဆရာမတွေ ကျောင်းသားများ
သည်ဤနားမလည်နိုင်သောပုံရိပ်ကိုကြည့်နေကြသည်။
ဖြိုးလေးသည် ဆိုက်ကားအားသေချာရပ်နေသော
မင်းရဲရင့်၏အင်္ကျီစလေးကိုမထိတထိကိုင်လာကာ

"ရဲကြီး ငါတို့ ကွိုင်တော့မတက်လောက်ပါဘူးနော်"

"ကျောင်းရဲ့စည်းကမ်းကိုချိုးဖောက်တာမှမဟုတ်တာ
ကားစီးနိုင်တဲ့ကောင်လည်းကျောင်းသားပဲလေ
ကားစီးနိုင်တဲ့လူတန်းစားမလို့ ကျောင်းထဲ
လုပ်ချင်သလို သွားချင်သလိုသွားရတယ်ဆိုတာ
အဓိပ္ပာယ်နည်းနည်းလေးမှရှိမနေဘူး
အဲ့ကောင်ပါ အပေါက်ဝ ကားကိုထားပြီး
လမ်းဆင်းလျှောက်တယ်ဆို ငါ့အနေနဲ့ဒါမျိူးမလုပ်ဘူး
ရှင်းရှင်းလေးပဲ....."

"......"

"ဖြိုးလေး ကျောင်းသားဆိုတာ မှန်တယ်ထင်ရင်
လုပ်ရဲ ကိုင်ရဲ ပြောရဲရတယ် သူဌေးသားမလို့
ဘေးမဲ့ဆိုတဲ့မတရားတာမျိုးတော့ငါ့ရှေ့လာမချိုးနဲ့
ငါတို့အနေနဲ့ ဘာမှပြူးကြည့်နေစရာမလိုဘူး"

"ငါတို့လို့မပြောပါနဲ့ မင်းအနေအထားကြီးနဲ့
တကယ်ဆို မင်းအိမ်ကမင်းကျောင်းတက်ဖို့ဆိုတဲ့
ဒီထက်ဆယ်ဆလောက်ပိုတန်ဖိုးရှိတဲ့ ကားကြီးယူလာပြီး
ပြန်ဖြဲရမှာ...."

င်္သချာကျောင်းသားကြီးသည်မနှစ်မြိုဟန်
မျကိနှာသည်ရှုံ့မဲ့သွားပြီး

"နေစမ်း လိုလို့လား ဒီမြို့ကျဉ်းလေးမှာ
တက္ကသိုလ်ကို ကားနဲ့လာတက်ဖို့
ဆိုင်ကယ်တောင် မင်းတို့ဟာကပ်စီးနေတာ
ထုတ်လိုက်သိမ်းလိုက်အလုပ်တွေရှုပ်လွန်းလို့
ငါ့အိမ်အကြောင်းငါပဲသိတယ်...အဲ့တာတွေ
မပြောစမ်းပါနဲ့ကွာ...."

"မပြောပါဘူးကွာ ဆိုက်ကားဆရာကတော့
အပြတ်ငှါးလိုက်တာဆိုတော့တွက်ချေအတော်ကိုက်
သွားမှာ...."

"အခြေခံလူတန်းစားတွေကိုဖြည့်စည်းပေးရတာ
အဓိပ္ပာယ်ရှိပြီးကုသိုလ်ရတယ်...
ငါအဲ့ဆိုက်ကားဆရာနဲ့တစ်ခါကျောင်းဆင်းတာ
ငှါးစီးပြီးထဲက ခင်နေကြတာ ဘာပြဿနာမှမရှိဘူး
လာသွားမယ်"

"ဆိုက်ကားငှါးပြီး ကျောင်းဆင်းတာလား"

"ဘာလဲ ဆိုက်ကားငှါးပြီးကျောင်းမဆင်းရဘူးလား"

"အဲ့လိုတော့လည်း မဟုတ်ဘူးပေါ့....."

သူဟာ နားလည်ရခက်တဲ့Life Styleနဲ့လူတစ်ယောက်။
လူငယ်ပီပီ လွတ်လပ်တဲ့အတွေးအခေါ်
ပကာသနမဲ့တဲ့ဘဝနေထိုင်မှု ပေါ့ပါးခြင်းတွေ
တစ်ချ်ိန်ထဲမှာပဲ မဟုတ်မခံ မတရားခြင်းတွေအပေါ်
လေးနက်စွာတုံ့ပြန်တတ်ခြင်းတွေသူ့မျက်လုံးတွေထဲ
အမြဲရောယှက်နေသည်။

တက္ကသိုလ်၏လေးထပ်ဆောင်ကြီးအောက်တည့်တည့်
ဆရာ/မများနှင့်ပါချူပ်၏ကားထားတတ်သော
နေရာတွင်ကျေနပ်မှုမရှိခဲ့သောဇိမ်ခံကား၏ဘေး
ဆိုက်ကားကိုရပ်ခဲ့ကာ ထုံးစံအတိုင်းနှုတ်ခမ်းတွေကို
လှပစွာတွန့်ကွေးကာပြုံးပြီးသူငယ်ချင်း၂ယောက်အား
တစ်ယောက်တစ်ဖက်ဆီဖက်ကာသင်္ချာဆောင်ဆီ
ထွက်သွားခဲ့တော့သည်။

________။

"ဒီနေ့သောကြာနေ့လေ အိမ်ပြန်လာခဲ့
အဖေနဲ့လည်း တစ်ရက်လောက်စကားပြောဖို့
မင်းမျက်နှာကို လာပြဖို့ လုပ်ပါဦး"

သောကြာနေ့ညနေဆိုနယ်ကျောင်းသားတွေ
အိမ်ပြန်ကြကာအဆောင်သည်လူရှင်းတတ်သည်။
သောကြာနေ့ညနေတိုင်းမြို့ထဲကသူနေထိုင်ရာ
အိမ်ကိုပြန်လာရန်အဖေကခေါ်တတ်သည်။
စနေနေ့တနင်္ဂနွေအတူတူအချိန်ကုန်ရန်ခေါ်တတ်
သော်လည်း အခရာသည်တစ်ပတ်မှမပြန်ခဲ့သေးပါ။

အဖေတွေ့ရဖို့ကိုလည်းသိပ်အဆင်ပြေလှတယ်
မဟုတ်၍ဖြစ်နိုင်ရင်မပြန်ချင်။အဖေနှင့်ဆက်ဆံရေးသည်
စာအုပ်တွေအကြောင်း​ဆွေးနွေးတိုင်ပင်သည်အချိန်က
လွဲကျန်အချ်ိန်များသည်အတွေးအခေါ်အယူအဆ
ကွဲလွဲခြင်းများကြောင့်အဆင်မပြေပါ။အထူးသဖြင့်
အမေနှင့်ပတ်သတ်သောစကားများပြောလာချိန်တိုင်းတွင်
ပြဿနာအမြဲတက်လေ့ရှိတာကြောင့်ကိုယ့်စိတ်ဒုက္ခ
ကိုကိုယ်တိုင်ဖန်တီးမယူချင်၍ရှောင်တိမ်းနေခဲ့ပါ၏။

"ကျွန်တော် မအားလို့......"

"မအားရအောင် မင်းကဘာလုပ်စရာရှိလို့လဲ
ကျောင်းသားက ကျောင်းပိတ်ရက်အားရမယ်လေ
ခုညနေပြန်ခဲ့ ငါမနက်ဖြန်သဘက်ခါလည်းမအားဘူး
ရုံးက်ုပိတ်ရက်လည်းသွားပေးရမှာ ..."

"ခုညနေကို လုပ်စရာရှိလို့ပါ...."

"ဘာလဲ ဘာကိစ္စရှိတာလဲ..."

"အခရာ ငါသွားတော့မှာနော် .....အိပ်မယ်ဆို....မီးကို"

"သွားတော့မှာလား ဖုန်းပြောနေလို့ သွားကြမယ်
ဟိုကောင်တွေ ခေါ်လ်ိုက်တော့လေ..."

ခပ်ပါးပါးဖို့ထားသောမိတ်ကပ်လေးကိုမှန်ကို
ကြည့်လျှက်ညှိနေတုန်းကြားလိုက်ရသော
စကားကြောင့်မြတ်သူသည် အခရာ့ကိုမျက်လုံးတို့
ပြူးကာကြည့်လာသည်။ထို့နောက်အလွန်ပျော်သွားသလို
မျက်နှာသည်ချက်ချင်းပြုံးသွားပြီးနောက်
ဖုန်းပြောနေသော အခရာ့ဆီပြေးလာတော့သည်။

"အခန်းဖော်ရဲ့ မွေးနေ့ အဲ့တာညစာလိုက်ကျွေးမှာ
ကျွန်တော်သွားမလို့ ခုသွားကြတော့မှာ
ဒါပဲနော်....."

ဖုန်းချလိုက်သည်နှင့် ပြုံးနေသောမျက်နှာ
တစ်ခုသည်မျက်နှာချင်းဆိုင်တည့်တည့်သို့ရောက်နေပြီ။

"ခုန ဘာပြောလိုက်တာလဲ...ငါ့မွေးနေ့ကိုလိုက်မယ်
လို့ မင်းပြောလိုက်တာမလား"

"အဖေ အိမ်ကိုခေါ်နေလို့ အကြောင်းပြလိုက်တာ
မလိုက်ချင်ဘူးလို့ ငါပြောပြီးပြီမလား"

ခပ်ပြတ်ပြတ်လေသံ ခပ်တင်းတင်းမျက်လုံးတွေနဲ့
မိတ်ကပ်ပါးပါးဖြင့်မြတ်သူအားဆိုတော့
ဝမ်းနည်းသွားဟန်မျက်လုံးတွေသည်အရောင်မှိန်သွားသည်။
ပြုံးနေသောနှုတ်ခမ်းတွေသည်ချက်ချင်း
ပြေလျှော့သွားပြီးနောက်အခရာ့နားကအသာအယာ
လေးခွါသွားသည်။

ထို့နောက်သူ၏ကုတင်ဆီပြန်သွားကာအဝတ်အစားတွေကို
ခေါက်ပြီးကုတင်ခြေရင်းသို့ပို့နေသည်။
အခရာသည် အလုပ်လုပ်နေသောကျောပြင်ကို
တစ်ချက်ကြည့်ပြီးနောက် စာလုပ်ရန်စာအုပ်ကိုသာ
ဖွင့်လိုက်သည်။

"ငါတို့မလို့ မလိုက်ချင်တာလား ငါတို့ပုံစံတွေကြောင့်လား
ငါတို့က မင်းတို့ထက် နည်းနည်းလေးပိုလှချင်ရုံကလွဲရင်
တက္ကသိုလ်တစ်ခုထဲက သူငယ်ချင်းတွေပါ
ငါတို့မလို့ ဒီလိုဆက်ဆံခံရတာလား အခရာ...."

နောက်လှည့်မကြည့်ဘဲမေးလာသောမေးခွန်
တွေတွင် အခရာ၏ စာရွက်လှန်တော့မည့်
လက်တွေလုံးဝတန့်သွားကာ ချက်ချင်းမြတ်သူကို
လှည့်ကြည့်လာပါ၏။

"မင်း ဘာ စကား ပြောတာလဲ"

"ငါ ခံစားရတာကို ပြောတာ...."

"မင်းခံစားနေရတာတွေကမှားနေတယ်...."

"ထားပါတော့ကွာ....ငါသွားပြီ"

အပြီးသတ်သိမ်းကာယူစရာရှိတာယူပြီး
မှန်ကိုတစ်ချက်ကြည့်ကာထွက်သွားသူသည်
ခြေသံခပ်ဖွဖွလေးနင်းလျှက်။အပြင်မှာ
စောင့်နေသောသူငယ်ချင်းတွေအား
ခေါ်ကာရယ်မောပျော်ရွှင်စွာဖြင့်အုပ်စုလိုက်ထွက်သွား
ကြတော့သည်။

ထိုင်ကျန်ခဲ့ရင်း မြင်နေရသောEquationတွေသည်ခေါင်းတွေ
ရှုပ်လာသလို လူသည်ဘာလုပ်ရမှန်းမသိတော့သော
ခံစားချက်တွေကိုဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်
စာအုပ်ကိုကျယ်လောင်သောအသံဖြင့်ဆောင့်ပိတ်လိုက်သည်။
မျက်လုံးတွေမှိတ်လိုက်ပြီးနောက်သက်ပြင်းတစ်ချက်
ချလိုက်ပြီးတဲ့အခါရယ်မောကာထွက်သွားသောအုပ်စုနောက်
ပြေးလိုက်သွားတော့သည်။

"မြတ်သူ.....! နေဦး ငါလိုက်ခဲ့မယ်....."

နောက်မှ ခပ်ကျယ်ကျယ်လှမ်းအော်ခေါ်သော
အသံကြောင့် မြတ်သူသည်ချက်ချင်းလှမ်းကြည့်
လာတဲ့အခါမကြည်မလင်မျက်နှာဖြင့်အဆောင်
ကော်ရစ်တာအတိုင်းပြေးလာနေသော
တောင်ပေါ်သားလေးကိုတွေ့လိုက်ရသည်။

ဘာမှမပြင်ဆင်ဘဲ စာကြည့်စားပွဲမှထပြေး
လိုက်လာခြင်းတွင်တောင် သူဝတ်ထားသော
လျှော်ပြီးသလားမလျှော်ရသေးသလားမသိသည့်နက်ပြာရောင်TShirt နှင့်ခပ်ဟောင်းဟောင်းပုဆိုး
အရောင်သည် ဖြူဖွေးနုနယ်နေသည့်သူ့အသားအရည်
နှင့်အလွန်လိုက်ဖက်မှုရှိနေပြီး ပြေးလာချ်ိန်ဝဲခါနေသော
ဆံပင်လေးတွေသည်တစ်ချောင်းချင်းပျော့ပျောင်း
နေကာ နူးညံ့နေမှာကိုမြင်ရုံနှင့်သေချာခံစား၍ရသည်

သုန်မှုန်နေသောမျက်နှာဆိုသော်ငြား
သူ့ကိုစောင့်စေချင်သော လှုပ်ခက်နေသည့်
မျက်လုံးရောင်အရိပ်တွေသည် သူတို့ပထမဆုံး
တွေ့ဖူးသော တောင်ပေါ်သားလေး၏
လှုပ်လှုပ်ရှားရှားပုံရိပ်မလို့ ကျောက်ရုပ်တွေလို
ငေးကြည့်နေကြသည်။

"သူကလေ ချောတာထက် လှတယ်လို့တောင်သုံးချင်
သုံးလို့ရတယ်နော် သူသူ"

"ကြားရင် အထိုးခံရဦးမယ် စကားကိုဆင်ခြင်စမ်း"

ဘေးကသူငယ်ချင်း၏မနေနိုင်သောမှတ်ချက်ကို
မြတ်သူက ချက်ချင်းပိတ်စေကာ အနားကိုရောက်
လာသော အခရာ့ကိုခပ်ပါးပါးလေးတစ်ချက်ပြုံးပြပြီး
အတူတူသွားရန်ခေါင်းငဲ့ခေါ်ကာကျောင်းထဲမှ
ကျောင်းအပြင်သို့ထွက်သွားကြတော့သည်။

________။

Bạn đang đọc truyện trên: AzTruyen.Top