အပိုင်း(၂)
နှင်းမှုံလေးတွေအနည်းအပါးနဲ့January ရဲ့ကျောင်း
မနက်တွေဟာအေးချမ်းခြင်းတွေနဲ့သစ်လွင်ခြင်းတွေကို
အမြဲဆောင်ကျဉ်းပေးတယ်။မနက်၈နာရီလောက်ကစ
အိပ်ရာနိုးနေရပြီဖြစ်တဲ့င်္ဟသာတတက္ကသိုလ်ကြီးဟာ
အသက်ဝင်နေရပြီဖြစ်သည်။
အေးအေးချမ်းချမ်းကျောင်းလာနေကြသော
အဆောင်သူလေးတွေ။ဆိုင်ကယ်ကိုယ်စီနဲ့
ကျောင်းသား/သူတချို့ ဆရာ\ဆရာမ ဝန်ထမ်း
အစုံအလင်နှင်းတွေထဲလှုပ်ရှားသွားလာကြလျှက်။
"ကျွီ!!!!!!!!ဟေ့ကောင်တွေ ဆိုင်ကယ်ကို၃ယောက်
မစီးကြနဲ့!!!ရပ်စမ်း!!!!"
တက္ကသိုလ်ဂိတ်ဝအစောင့်ဦးလေးကြီး၏ခရာသံသည်
အေးချမ်းသာယာနေသောကျောင်းမနက်အစကို
ဖြိုခွင်းသွားကာ ဖြိုခွင်းသူတရားခံများသည်
ကျောင်းတွင်းထဲဆိုင်ကယ်တစ်စီးကို၃ယောက်စီး
သွားကြခြင်းဖြစ်သည်။
"မလျှော့နဲ့ မလျှော့နဲ့ ဘာမှမဖြစ်ဘူး ရဲကြီး
ကွေ့ချလိုက် ကွေ့ချလိုက်တော့...."
အင်ဂျင်သံထွက်နေပြီဖြစ်သောခပ်စုတ်စုတ်ဆိုင်ကယ်လေးကို
မောင်းနေသူသင်္ချာကျောင်းသားကြီးသည်
Major ဆောင်ဘက်ကိုကွေ့ချလိုက်ကာ
အရှိန်အနည်းငယ်တင်လျှက်သင်္ချာဆောင်
ဆီဦးတည်သွားသည်။
အဆောင်ရှေ့ရောက်တဲ့အခါဆိုင်ကယ်
ခပ်မြန်မြန်ရပ်ကြပြီးကြုံရာကျပန်းလွယ်အိတ်တွေ
ဘောပင်တွေနှိုက်ကာအတန်းဆီပြေးသွားကြသည်။
"အချ်ိန်တွေ အခါတွေကိုကြည့်ကြနော်
စည်းပျက်ကမ်းပျက် စည်းမဲ့ကမ်းမဲ့တွေလာပါပြီ"
အတန်း၏နောက်ဆုံးခုံတန်းဆီဗရုတ်သုတ်ခ
ပြေးထိုင်ကြသည်နှင့်တန်းမြင်သူတီချယ်၏
နှုတ်ဆက်စကားသည်၃ယောက်လုံးကို
ပြုံးစိစိလေးတွေဖြစ်သွားစေပါ၏။
"Tutorial မှတွေ့ရတယ် နင်တို့အတန်းချိန်တွေ
တစ်ကောင်မှမတွေ့ရဘူး 75%ထိရင်
စာမေးပွဲပေးမဖြေတာသိတယ်မလား ဗရမ်းဗဒါတွေ"
"ဟုတ် ...."
သံပြိုင်"ဟုတ်"တွင်တီချယ်သည်ကျေနပ်ပုံမပေါ်။
မျက်စောင်းခပ်ပါးပါးလေးထိုးကာ
"စာအုပ်လာယူ...."
ဖြိုးလေးမှခက်သွက်သွက်လေးပြေးကာ
Tutorial စာအုပ်၃အုပ်အားပြေးယူလျှက်
စာဖြေဖို့စတင်လိုက်ကြသည်။
Tutorial ရှိတယ်ဆိုလို့ပြေးသာလာခဲ့ရသည်
မေးခွန်းများသည်ဘယ်ခေါတ်က
အက္ခရာတွေမှန်းမသိ။၃ယောက်လုံး
ယောင်အအဖြစ်နေကြကာလမ်းပျောက်သည်က
Tutorial တိုင်းမရိုးနိုင်ခဲ့။
"သားကြီး ဒါ ဘာ Paperလဲ...."
ရှေ့တန်းမှစာဂျပိုးကျောင်းသားတစ်ယောက်အား
ဘောပင်နှင့်ထိုးလျှက်ဝေယံကမေးတော့
ကျောင်းသားသည်လှည့်၍ပင်မကြည့်
လက်နှစ်ချောင်းထောင်ပြလာသည်။
"မဟုတ်သေးပါဘူး ပါးစပ်ကဖြေတော့
ဘာဖြစ်မှာစိုးလို့လဲ ကြီးကြီးကျယ်ကျယ်နဲ့...."
အလည်မှ ဒေါသထိပ်ထားစံကျောင်းသားကြီး၏
စောစီးစွာစတင်လာသောဒေါသကိုသူငယ်ချင်း
တွေမှစိတ်ကုန်ဟန်ကြည့်လာကာ
"ရဲကြီး မင်း ထစ်ခနဲရှိ ဝုန်းဒိုင်းစိတ်ကိုထိန်းစမ်းပါကွာ"
"ပါးစပ်ကမေးတာ ပါးစပ်ကဖြေမှပေါ့ကွ
တက္ကသိုလ်မှာ စာရနေတိုင်း ဘဝင်မြင့်လို့မရဘူးလေ"
"စောစောစီးစီး မင်းမနေ့ကလည်း Chemistry
ကကောင်လေးကိုလုပ်တာလွန်တယ်
တကယ်ကြီးရှုံးမဲမဲနေတာသိသာသွားတာ
မတိုက်တွန်းပေမယ့် ဒီနေ့တောင်းတော့တောင်းပန်သင့်တယ်
ထင်တာပဲ ကိုယ့်မေဂျာImageလည်းရှိသေးတယ်
ဘာမှမသိဘဲ သူ့မှာဘလိုင်းကြီးခံရတာ"
"သီချင်းကကွက်တိကြီးလေ မင်းမျက်နှာကြီးတောင်
မတရားပျက်သွားတာမဟုတ်ဘူးလား"
"သူ ငါ့တို့ကိုမသိတာ သိသာနေတာပဲကို"
ပျက်ယွင်းသွားသောမျက်နှာသည်မသိသာ။
ဘာတစ်ခွန်းမှပြန်မပြောနိုင်ခဲ့။
ဘဝမှာ စိတ်လိုက်မာန်ပါလုပ်ခဲ့ဖူးသမျှထဲ
မှားများသွားတာလားလို့ ကျောင်းကနေအိမ်
အိမ်ကနေ ခုကျောင်းပြန်လာသည်အထိတွေးမိနေတဲ့
ဖြစ်ရပ်တစ်ခုပဲ။
ယောကျ်ားလေးဆိုသော်ငြားဖြူဖွေးနုနယ်လွန်းတဲ့
မျက်နှာအသားအရည်။အပြစ်အနာအဆာတစ်ခု
တောင်မရှိတဲ့ကြည်လင်နေတဲ့အနီးကပ်မြင်ကွင်းတစ်ခု။
ရှည်လျားလွန်းတဲ့မျက်တောင်ရှည်တွေ။
မှိုင်းရီရီမျက်လုံးနက်တွေနဲ့ ခန္ဓာကိုယ်ပိန်သွယ်သွယ်
သေးသေးလေးနဲ့ဓာတုဗေဒက
ကောင်လေးကိုသူဆွဲဆောင့်ခဲ့တာ။
အင်္ဂါဂြိုလ်ကလှမ်းကြည့်ဝေဖန်ရရင်တောင်
သူမလုပ်သင့်မလုပ်အပ်တဲ့ခွန်အား၂ခု။
ပထမနှစ်ကလေးလေးဖြစ်နေသေးသည်။
စိတ်ထဲတနုံ့နုံ့ဖြင့်မနေတတ်ဖြစ်နေခဲ့သည်ကို
သူငယ်ချင်းတွေကပြန်စလာတော့ဘာမှပြန်မပြော
နိုင်ခပ်တွေတွေဖြစ်သွားရသည်။
သူငယ်ချင်းတွေသည်သူလိပ်ပြာမလုံလွန်းသည့်
ထိုကိစ္စအားဆက်ပြောနေမှာစိုး၍အာရုံတွေကို
ရှေ့တန်းကကောင်မလေးတွေဆီကိုချက်ချင်းပို့ပစ်
လိုက်တော့သည်။
"တစ်ယောက်မှမပြီးကြသေးဘူးလား
ကူးချရမယ့် လူတွေအပေါ် မစာနာကြဘူး
မြန်မြန်တွက်ကြပါဟ...."
နောက်ဆုံးတန်းကအော်သံအား
ရှေ့တန်းမှ စာအလွန်တော်သောကောင်မလေး
အုပ်စုသည်လှည့်ကြည့်ကာမျက်စောင်းထိုးလျှက်
ရှေ့ပြန်လှည့်သွားကြသည်။
"မင်းရဲရင့် ဆိုတာလေ ရုပ်ခံလေးရှိနေလို့
မရှိရင် ဘယ်လောက်တောင် အမြင်ကပ်ဖို့တဆုံး
ဖြစ်လိုက်မလဲလို့....."
"ချောပါတယ်ဟယ်...."
"မချောဘူးလို့မပြောပါဘူး အချ်ိုးမပြေတာကို
ပြောနေတာ သူ့အတွက်ပဲငါတို့ကကြိုးစားတွက်နေရသလို
ခိုးချဖို့ကိုထိုင်စောင့်နေတာများ First Yearထဲက
ဘာမှမပြောင်းလဲဘူး"
ဒုတိယအကြိမ်အတင်းပြောလျှက်
စာဂျပိုးကောင်မလေးတွေလှည့်ကြည့်တဲ့အခါ
မီးခိုးရောင်Shirtင်္အကျီကို ကချင်ပုဆိုးကွက်ဖြင့်
တွဲဝတ်ထားပြီး လွယ်အိတ်သေးသေးလေး
တစ်လုံးလည်ပင်းမှာလွယ်ချိတ်ထားလျှက်
ကျောင်းခန်းနံရံကိုမှီခေါင်းကိုအနည်းငယ်မော့
ကာ လှမ်းပြုံးပြနေသော
သူသည်သွားစွယ်လေးတွေအထိပေါ်နေလျှက်။
မသေမသပ်ဆံပင်တွေ...ခေါင်းမော့နေခြင်းကြောင့်
သိသာနေသောမေးရိုးတွေ ခပ်စူးစူးမျက်ဝန်းတွေဟာ
ဘယ်တော့မှသူမတို့အပေါ်မရိုးသား။အနိုင်ကျင့်ချင်
ခိုင်းချင်တိုင်းမှာပြီတီတီဖြင့်လှမ်းကြည့်ပြုံးပြနေတတ်သည်။
ဟန်ဆောင်နေတာဆိုသော်ငြားငြင်းမရသည့်
အချက်မှာ မင်းရဲရင့် အစစ်အမှန်ပြုံးသည်ဖြစ်စေ
ဟန်ဆောင်သည်ဖြစ်စေ ကြည့်ကောင်းလွန်းသည့်
အချက်တစ်ချက်ဖြစ်နေပါ၏။
"အဲ့ မျက်နှာနဲ့ငါတို့ကိုဖားနေတာ
စာကူးပြီးရင် အဖက်မလုပ်တော့ဘူး
မျက်နှာက ၁၂ခေါက်ချိုးဖြစ်သွားရော ရိုးနေပြီ"
"သူ့ကို မနှစ်က Kingမပေးတာလည်း
အဲ့တာနေမယ် ဘယ်သူနဲ့မှမှမတည့်တာ"
"Kingမပေးတာမဟုတ်ဘူးWellCome ကို
ရောက်မလာတာ E MajorကWellCome
ကိုသွားတက်နေတာ အဲ့Queen Selection
တွေပိုချောလို့ဆိုပြီး...."
" စိတ်ကုန်တာအေ...."
"အေးလေ အဲ့တာပြောတာ ကိုယ့်မေဂျာထက်ပဲ
သူများမေဂျာသွား လှတယ်ထင်တာမျိုး"
အတင်းပြောနေကြတုန်းမှာပဲအနားကို
ရောက်လာသောကျောင်းသားကြောင့်
ကောင်မလေးတွေမျက်စောင်းပြိုင်တူထိုးပြီးရက်သား။
"ငါ့အတင်းပြောနေတာသိတယ်
လာမငြိုငြင်နေနဲ့ ရုပ်ဆိုးမတွေ...ပြီးပြီမလား ပေး.."
"အကောင်စုတ် နင်!!!!"
ဖျက်ခနဲစာအုပ်တစ်အုပ်ကိုယူသွားသူသည်
လုပ်နေကျအလုပ်တစ်ခုဖြစ်၍ကျွမ်းကျွမ်းကျင်ကျင်။
ကျပ်တဲ့Paperကျရင်တော့စွန့်စားခန်းများ
ဖြင့်ခက်ခဲစွာကူးရေးရပြီးသဘောကောင်းသော
Paperကျရင်တော့အလွယိတကူပဲရတတ်သည်။
နောက်ဆုံးတန်းမှကျောင်းသားကြီးများသည်
ရလာသောအဖြေစာအုပ်အားအပြိုင်အဆ်ိုင်ကြည့်ကာ
ကြိုးစားပမ်းစားရေးနေကြတော့သည်။
"မြန်မြန်ရေး ပြီးရင်မနက်စာသွားစားရအောင်
ငါဗိုက်ဆာနေပြီ"
ဖြိုးလေးသည်မိုင်ကုန်အရှိန်ဖြင့်စာကူးချနေလျှက်
ပြောတော့၂ယောက်လုံးကခေါင်းငြိမ့်ပြသည်။
"မင်း ရည်းစားနဲ့ကတကယ်ပြတ်သွားတာလားဖြိုးလေး"
"ငါ့ကို ညက ပြန်ချော့တယ် ဘောလုံးဒိုင်းကိုသူတို့Chemistry
ကရသွားပေမယ့် သူ့နှလုံးသားဒိုင်းကို ငါကပဲရတာပါတဲ့"
"ငါ လခွမ်း.....သေပါပြီ......"
ခွီးခနဲထရယ်ကြတော့ ဖြိုးလေးသည်
ရဲကြီးရော ဝေယံရောကို ရိုက်ပုတ်ကန်ကျောက်တော့သည်။
"Chemistry က လူတွေကလေ
လူတွေကသာ နေ့တိုင်းAcidတွေနဲ့နှစ်ပါးသွားနေတာ
ကဗျာကတော့ဘာဆန်သလဲမမေးနဲ့ အကုန်ငကြောင်တွေချည်း"
"ငါ့ ကောင်မလေးကိုကွာ....မင်းတို့ကလည်း...."
တက္ကသိုလ်တစ်ခု၏
စာသင်ခန်းတစ်ခန်းတွင်ရယ်မောမှုအများဆုံးက
နောက်ဆုံးခုံတန်းမှဖြစ်တတ်သည်။စာသင်နှစ်တိုင်း
စာသင်ခန်းတိုင်း Major တိုင်းတွင်အလွန်အမင်း
ဗရုတ်ကျတတ်ကြသောနောက်ဆုံးတန်း
ကျောင်းသားတစ်စုသည်အမြဲရှိတတ်ကြတာ
တက္ကသိုလ်၏ ချစ်စဖွယ်အမှတ်တရအဖြစ်
ထိုရယ်သံတွေသည် အမြဲရှင်သန်သွားတတ်ကြသည်။
အတိတ်ကိုပြန်ရရင် မနှစ်က သင်္ချာWellcomeတွင်
သူသည် King Selection ပါခြင်းကိုအရက်ဆိုင်ရောက်
နေ၍လုံးဝမသိခဲ့ပါ။ကျောင်းထဲပြန်ဝင်လာချ်ိန်တွင်
သူရောက်နေခဲ့သည်ကE Major WellComeဖြစ်နေခဲ့သည်။
တစ်မေဂျာလုံး အပြိုင်အဆိုင်ပြင်ဆင်လျှက်
ဆင်နွှဲကြသောပွဲအပြီးတွင်မင်းရဲရင့်တစ်ယောက်ကို
တက္ကသိုလ်ဘုရားရင်ပြင်၌အိပ်ပျော်လျှက်တွေ့ရှိခဲ့ကြသည်။
Major Kingကိုတော့ သူကိုယ်တိုင်လည်းရချင်ပြီး
သေချာစွာပြင်ဆင်မှုများလုပ်ခဲ့သောကျောင်းသား
တစ်ယောက်ကရသွားခဲ့သည်။
ဤသည်ကား ဗရုတ်ကျလွန်းသောင်္သချာကျောင်းသား
ကြီး၏ပထမနှစ်ကျောင်းသားဘဝအမှတ်တရစာမျက်နှာ
တစ်ခုဖြစ်ပါ၏။
_______။
"သီချင်းကိုခုပိတ်လိုက်စမ်း!!!!!!"
စူးရှလွန်းသည့်ဓာတ်သဘောအပြည့်ရှိသော
မျက်ဝန်းတစ်စုံ။ခပ်မြင့်မြင့်နှာတံသည်
မျက်နှာနှင့်ထိလုမတတ်နီးကပ်နေပြီး ပြတ်ရှနေသော
မေးရိုးတွေ မထူမပါးနှုတ်ခမ်းတွေကဒေါသတွေ
အပြည့် ။မဲနက်နေသောမျက်ခုံးတန်းတွေဟာ
တွန့်ချိုးနေပြီး အသံကုန်အော်လိုက်ခြင်းကြောင့်
လန့်သွားကာ မျက်လုံးတွေဖျက်ခနဲပွင့်သွားသည်။
မြင်လိုက်ရသည့်ကအတွင်းဆောင်၏မျက်နှာကျက်။
အိမ်မက်တစ်ခုမက်နေခြင်းဖြစ်သည်။နိုးသည်နှင့်
နှလုံးခုန်သံတွေအလွန်မြန်ဆန်နေတာမို့
အနားမှာရှိသောရေဘူးကိုအမြန်ယူလိုက်ကာ
အလူးအလဲထသောက်လိုက်ရသည်။
"ဘာဖြစ်တာလဲ အခရာ အ်ိမ်မက်ဆိုးမက်လို့လား"
ကျောင်းသွားဖို့ပြင်ဆင်နေသောအခန်းဖော်သည်
မွှေးကြိုင်နေသောရေမွှေးကိုဆွတ်နေရင်းကလှမ်း
မေးတော့ အခရာသည် ခေါင်းခါပြလိုက်ကာ
အိပ်ရာပေါ်တွင်ငြိမ်သက်စွာထိုင်နေလျှက်။
"Practical က ၁၀:၃၀နော် ငါတောင်အကုန်ပြင်ဆင်
ပြီးနေပြီ မင်း မျက်နှာသစ်ဖို့ကောင်းနေပြီ..."
"အင်း....."
"စောင့်ရဦးမလား"
"ရတယ် သွားပါ"
"ပြီးရော ...အဝတ်တွေခေါက်ထားပေးတယ်
Coffee သောက်ချင်ရင် ဟိုခြင်းထဲမှာယူသောက်လိုက်နော်"
ပန်းရောင်ဘက်သွားသောShirtအင်္ကျီကို
အရောင်လိုက်သောပုဆိုးဖြင့်ကျော့ကော့နေအောင်
ဝတ်ထားကာပန်းရောင်ဘက်သွားသောကတ္တီပါဖိနပ်
အထိအတိအကျဝတ်ထားသည်။မွှေးကြိုင်သပ်ရပ်
နေကာ အပြုအမူအပြောအဆိုသိမ်မွေ့သော
အခန်းဖော်ကိုအစအဆုံးကြည့်နေတော့ သူကပြုံးပြကာ
"အသစ်တွေလေ ဒီတစ်ပတ်အိမ်ပြန်တာ
အိမ်ကပိုက်ဆံတွေခိုးပြီး အပြည့်Onထားတာ
ငါလှတယ်မလား...."
"ဘယ်အချ်ိန်ထဲက ထပြင်နေတာလဲ...."
"၆နာရီ...."
"အစောကြီးပါလား"
"ပြောလို့ရလားမသိပေမယ့် ငါကြိုက်သွားတဲ့သူ
တွေ့နေလို့...စိတ်တွေရော လူပါ ပန်းရောင်သန်း..."
ဖျော်ထားသောCoffee ကိုတစ်ငုံသောက်နေကာ
ပြုံးစိစိဖြင့်ပြောနေသောသူသည်မျက်နှာအရောင်ပါ
ပန်းရောင်ဖြစ်နေပါ၏။
"ဘယ်သူလဲ ကောင်မလေးကအတော်လှလား"
ဖွီးးးးးးး။
ရုတ်တရက်ထွက်ကုန်သောCoffee တွေသည်
အရှိန်ဖြင့်။ ဒိုင်းခနဲရောက်လာသောမျက်စောင်းသည်
နားမလည်နိုင်။
"လာနောက်နေတာလား လွမ်းအခရာ
ငါ့ပုံစံက အမျိုးသမီးမတွေကို ကြိုက်တဲ့ပုံစံပေါက်နေလို့
လား အဆင်ကြိုက်တာဟဲ့ အဆင်...!!!"
"ဘယ်သိမှာလဲ....မင်းနဲ့ငါ ခုDecember မှ
စတွေ့ပြီး အတူတူနေကြရတာကို ...."
"အူကြောင်ကြောင်နဲ့ တကယ်ပါပဲ.....သွားတော့မယ်
အိပ်ရာ သိမ်းနော်...."
"အင်း......"
Coffee ခွက်ကိုသေချာဆေးကြောကာရေစက်တွေကို
သုတ်ပြီးသပ်ရပ်စွာသိမ်းဆည်းလျှက်Practicalစာအုပ်
ကိုပိုက်ကာအခန်းပြင်သို့ထွက်သွားသူသည်
လူမရှိတော့ပေမယ့်အမွှေးနံ့လေးတွေကကျန်ခဲ့တုန်း။
၁၀နာရီရှိနေပြီမို့ မျက်နှာထသစ်ကာ တွေ့ရာ
Shirtအင်္ကျီတစ်ထည်ကိုဆွဲဝတ်လိုက်ပြီးခေါက်ထားပေးသော
ပုဆိုးတစ်ထည်ကိုလဲပြီးနောက်ဆံပင်တွေကိုလက်ဖြင့်
ထိုးခွဲလိုက်ကာသူ့ပြင်ဆင်မှုသည်ပြီးသွားခဲ့ပြီ။
ကောင်းစွာအိပ်မောကျနေရာက
အိမ်မက်ကြောင့်လန့်နိုးရသည်မလို့ဦးနှောက်သည်လုံးဝ
မကြည်လင်။Coffee တစ်ခွက်
ဖျော်လိုက်ကာ စားပွဲတွင်ပျင်းရိစွာထိုင်လိုက်ပြီး
ဘာကြောင့် ဆိုးဝါးလှသည့်မနေ့ကကန်တင်းကဖြစ်ရပ်ကို
စိတ်စွဲသွားသလဲဟုအဖြေရှာချင်သည်။
အနီးကပ်ဆုံးအကွာအဝေးတစ်ခုမှာ
အလွန်စူးရှပြီးဒေါသတွေလျှံပယ်နေသော
မီးတောက်နေသည့် မျက်လုံးတွေကိုသူသတိထားမိကာ
အဆောင်ပြန်လာသည်အထိစိတ်ထဲအမှတ်ရနေ၍ဖြစ်နိုင်သည်။
ထူးထူးဆန်းဆန်းစွမ်းအားတွေနှင့်မျက်လုံးမျိူး။
ခုထိလည်းပြန်မြင်ယောင်ကြည့်ပါက
ရှင်းလင်းစွာ ပြန်တွေး၍ရတုန်းဖြစ်နေသည်။
ဒိုင်းကို လက်လွှတ်လိုက်ရ၍ဘယ်လောက်တောင်
မကျေနပ်တုန်းလဲမသိ အ်ိမ်မက်ထဲအထိလိုက်လာ
ပတ်ရမ်းနိုင်လွန်းသည့်လူ။
လူတွေသည်လှုပ်လှုပ်ခတ်ခတ်
ကိစ္စမျိုးရှိခဲ့လျှင်စိတ်စွဲတတ်ကာအိမ်မက်မက်တတ်
တာပဲဆိုတဲ့အဖြေရကိုရတဲ့အခါ အခရာသည်
ထွေထွေထူးထူးထပ်မတွေးတော့ဘဲ
မျက်လုံးတွေကိုပွတ်သပ်လျှက်
ခေါင်းတွေကိုရှုပ်ပွနေအောင်ကုတ်လိုက်ပြီး
Coffee ကိုမြန်မြန်ကုန်အောင်သောက်လိုက်တော့သည်။
Practical စာအုပ်အားလွယ်အိတ်ထဲ
ထည့်လိုက်ကာအဆောင်မှ မကြည်မလင်
ဟန်ဖြင့် ကျောင်းထဲသို့ထွက်လာသည်။
_____
"တကယ်ကိုဆိုးဆိုးဝါးဝါး မကြီးမငယ်နဲ့
First Yearကလေးကို သွားရန်စရတယ်လို့
ဒုတိယနှစ်ပဲရောက်နေပြီ...ဟိုကမတိုင်လို့ပေါ့
တိုင်ရင် မော်ကွန်းထိန်းဆီရောက်နေပြီ
ခုမနက်ကျတော့ သူမဟုတ်တော့တဲ့အတိုင်း
စားနေသောက်နေလိုက်တာ ....."
ကြာဇံပြုတ်ပူပူစပ်စပ်လေးနှင့်ကြက်ဥမွှေကြော်
လေးသည်အကြိုက်ဆုံးမနက်စာ။အားဖြည့်အချိုရည်
တစ်ဘူးဖြင့်ပါးစပ်ထဲသိမ်းကျုံးထိုးထည့်နေသော
သူကိုဆိုင်ပိုင်ရှင်မကြီးကစောင်းချိတ်ပြောဆို
နေသော်လည်းမကြားသလိုအရသာရှိစွာစားသောက်နေလျှက်။
"ညီမတို့လည်းကြားလိုက်တယ် တကယ်မေဂျာမျက်နှာ
ကိုမှမထောက် ရှက်ဖို့ကောင်းလိုက်တာမှမကြီးရယ်
ဘယ်သူလဲမေးတော့ သူဖြစ်နေတော့ပိုဆိုးတာပေါ့
သူများဆိုရင်တောင် တော်သေးတယ်
သူ့ကိုတော့ တကယ် ဘာမှကိုမပြောချင်တာ...."
ဒုန်းးးး။
နားထဲခြင်တွေလိုတဝှီဝှီစကားတွေသည်
မကြားသလိုနေနေလည်းမရတော့။အတန်းထဲက
ကောင်မလေးတချို့ကပါလာထိုင်ပြီးပေါ်တင်ကြိတ်
နေတာမလို့ စားနေသောတူကိုခုံပေါ်ကျယ်လောင်စွာ
အရှိန်ဖြင့်ပစ်ချလိုက်သံသည်ဆိုင်တစ််ခုလုံးငြိမ်သက်
သွားတော့သည်။
"ငါက ငါမှန်ရင် ဘယ်ကောင့်မှဂရုမစိုက်ဘူး
အေး ငါ မှားနေတယ်ဆိုလည်း....."
"မှားနေလည်းနင် အငတ်ဘေးစိုက်သလိုစားသောက်နေနိုင်
တယ်မလားကြီးကြီးကျယ်ကျယ်တွေပြောမနေနဲ့..."
"တောင်းပန်ဖို့ဝန်မလေးဘူးလို့ပြောတာ..."
"အေး အဲ့တာဆိုသွားတောင်းပန်လေ နင်First Yearလေး
ကိုသွားအနိုင်ကျင့်ထားတာ နင်လုပ်တာကို
သိလိုက်တဲ့ဓာတုကလူတွေက ရှုံးမဲမဲတာရုပ်ပျက်လိုက်
တာဆိုပြီးသင်္ချာတစ်မေဂျာလုံးကိုလှောင်နေတာ
နင့်ကြောင့်တစ်လှေလုံးပုပ်နေပြီ"
"နှာခေါင်းပိတ်ထားပေါ့...."
"မင်းရဲရင့်!!..."
"ငါ မထိုးမိဘူး သူဇာ ငါ ကိုင်လိုက်ရုံလေး...."
"မင်းကိုင်တာ ဟိုဘက်က တစစီပြုတ်မထွက်တာ
ကံကောင်း ကောင်လေးကဖြူဖြူသေးသေးလေးသူဇာရဲ့"
ပွကြီးသည် ခေါက်ဆွဲသုတ်ကိုအားပါးတရစားနေရင်း
ကဝင်လှော်ပြန်ပါ၏။ဒေါသထွက်သွားသော
မျက်နှာနှင့်အတူလက်သည်ပွကြီးခေါက်ဆွဲပန်းကန်ထဲ
သို့သူ့လက်ထဲကအားဖြည့်အချိုရည်လောင်းထည့်လိုက်ပြီးပြီ။
"ဟေ့ကောင်!!!!"
"ဖြူမှာပေါ့ ငါတို့ဆီကမဟုတ်ဘူးလေ
တောင်ကြီးကလေ...ရှမ်းစစ်စစ်လေး
အရမ်းချောပြီး သိပ်ချစ်စရာကောင်းတာ
ငါ့ဆိုင်ကိုစလာထိုင်တုန်းကငါ့မှာအထူးအဆန်းလို
ကြည့်ရတာ ကပိုကရိုလေးနေတတ်ပေမယ့်
သူ့ပုံစံလေးက တစ်မျိုးမျိုးတော့ထူးဆန်းနေတာမျိုး"
ဆိုင်ပိုင်ရှင်မကြီးသည်သူတို့စကားဝိုင်းထဲ
ထပ်ဝင်လာကာပြောတော့ သင်္ချာကျောင်းသားကြီး
သည် အနီးကပ်ခဲ့မိသောမျက်လုံးနက်နက်
ရှည်လျားသောမျက်တောင်တွေနဲ့
ပါးပေါ်ကသွေးကြောမျှင်လေးအထိမြင်ရသော
အသားအရည်ဖြူလွှလွှကိုထပ်တွေးကြည့်မိပြန်၏။
ယောကျ်ားလေးတစ်ယောက်၏အသားအရည်ကစွတ်စွတ်
ဖြူလွန်းနေတာလက်စသတ်တော့တောင်ပေါ်ကဖြစ်နေတာကို။
"မဟုတ်မှလွဲ မကြီး ကြိုက်နေတာလား"
"ဟဲ့!!!!ငါ့သားလောက်ရှိတာ
မင်းရဲရင့်နင်စောစောစီးစီးနော်...."
တစ်လောကလုံးကဝိုင်းပြောနေသော်လည်း
ကြာဇံတွေကိုသာပါးစပ်ထဲထပ်မံထိုးထည့်နေသူသည်
ဘယ်သူတွေဘာပြောပြောပြန်မပြောတော့ပါ။
ခံမပြောနားမထောင်Character အပေါ်အလွန်ကျွမ်းကျင်
ပြောင်မြောက်တတ်သူပီပီ ခပ်တည်တည်ပဲမနက်စာကို
သာအားရပါးရဆက်စားနေလျှက်။
_______
လုံးဝစိမ်းသက်တဲ့မြို့...။
ဘာမှမသိသော အလေ့အထတွေ...။
စားလို့လုံးဝအဆင်မပြေတဲ့အစားအသောက်တွေ။
မကောင်းတာမျိုးမဟုတ်ဘဲ"ရှမ်းခေါက်ဆွဲ"
ဆိုရင်တောင်မတူညီတဲ့အရသာ ပတ်ဝန်းကျင်ခံစားမှု
ဘာဆိုဘာမှမတူခြင်းကြောင့်သူ့နေထိုင်မှုသည်
ဟင်္သာတမြို့နှင့် တွဲစပ်လို့ခုထိမရသေး။
ဆောင်းလယ် မှာတောင်အတူတူအေးနေတာတောင်
အေးပုံအေးနည်းမတူ။ပျော်သလားမေးရင်
ရိုးရှင်းစွာမပျော်ဘူးလို့ပဲဖြေချင်ပါ၏။
ကျွမ်းဝင်သမျှပတ်ဝန်းကျင်နှင့်အရာအားလုံးသည်
သူစိမ်းဆန်လွန်းပြီးစိတ်သည်မနက်တွေမှာလည်း
ထိုင်းမှိုင်းနေသလိုညတွေမှာလည်းတောင်ပေါ်ဒေသ
၏ခံစားမှုတို့ကိုသတ်ိရကာမျောလွင့်နေသည်ကနေ့တိုင်း။
စိတ်လည်းကိုယ်အမြဲမကပ်စွာနေထိုင်ရင်း
ခုမနက်လည်းခေါင်းငိုက်စိုက်ဖြင့်
ဌာနရှိရာသို့တရွေ့ရွေ့လျှောက်လာနေသည်။
အနောက်ကန်တင်းကိုဖြတ်လျှောက်ရ၍
ကြားလာရသောသူ့အုပ်စုနဲ့သူရယ်မောသံတွေ
သည်ကိုယ်နဲ့ဘာမှမဆိုင်နေသလိုအဓိပ္ပာယ်မရှိနေသလို
စိတ်ထဲဗလာ။
တောင်ပေါ်မှာကျန်ခဲ့သောအသိအကျွမ်းသူငယ်ချင်းတွေကို
သတိရသွားသောစိတ်သည်ဤနယ်မြေက
သူငယ်ချင်းအစုအဖွဲ့လေးတွေကိုတွေ့တိုင်း။
မရင်းနှီးသောမနေချင်သောမပျော်သော
နယ်မြေမှာအစုအဖွဲ့တွေလည်းမလိုချင်ပါ။
တစ်ယောက်ထဲဖြတ်သန်းနေရသောကျောင်းနေ့ရက်
တွေကသာအကောင်းဆုံးဖြစ်နိုင်ပါ၏။
" ငါ့ဟာကို လာကပ်မသောက်စမ်းနဲ့!!!!
အသစ်ယူကြစမ်းပါ ငါရွံတတ်တယ်လို့
ဘယ်နှခါပြောရမလဲ သောက်ရူးတွေရ!!!!"
ဆိုင်တစ်ဆိုင်ကိုဖြတ်လျှောက်လိုက်ချိန်တွင်
ကျယ်လောင်စွာထွက်ပေါ်လာသောအသံတစ်ခု။
ရင်းနှီးနေသောအော်သံတစ်ခုဖြစ်၍
ဖျက်ခနဲလှမ်းကြည့်လိုက်တဲ့အခါ
မနက်စောစောတွင်လည်းမနေ့ကလိုပဲ
ဒေါသထွက်နေပြန်သော အရပ်ရှည်ရှည်ကျောင်းသားကြီး
ကိုမမျှော်လင့်ထားပါပဲလှမ်းမြင်လိုက်ရသည်။
မြင်နေရသည်ကမနေ့ကအတိုင်းပဲ ဒေါသထွက်နေမြဲဖြစ်ပြီး
မတူတာက မနေ့ကလိုချွေးတွေမျက်ရည်တွေ
ဖုန်သဲတွေနဲ့မဟုတ်ဘဲ မနက်စောစောတက္ကသိုလ်
ကျောင်းသားတစ်ယောက်၏Character ပီပီသသ
ဖြစ်နေပါ၏။
ကုန်သွားပုံပေါ်သောအအေးဘူးအားစိတ်တိုစွာ
အမှိုက်ပုံးထဲကိုပစ်ထည့်လိုက်ပြီးအော်ဆဲလိုက်သံသည်
အလွန်အောင်အောင်မြင်မြင်။ထို့နောက်
မနက်စာဖြစ်ပုံပေါ်သောကြာဇံတွေကို
ပါးစပ်ထဲခပ်မြန်မြန်ထိုးထည့်ကာစားနေပုံက
စတိုင်တကျစားသောက်နေကြသော
တက္ကသိုလ်ကန်တင်းတွင်သူကကိုယ့်အိမ်ကိုယ်ရာအတိုင်း။
ရှုပ်ပွပွဆံပင်တွေကြားထဲကနေလှမ်းကြည့်မိခဲ့ပါ၏။
မနေ့က ရမ်းကားခဲ့သောလူမဟုတ်တော့သည့်အတိုင်း
အေးဆေးမနက်စာစားနေပုံကဆောင်းမနက်တစ်ခုမှာ
အေးအေးလူလူရှိလွန်းနေသည်။
"ဟဲ့ ဟဲ့ ဟဲ့ ! ဟိုမှာ အခရာ သွားရဲကြီး
နင်ခု သွားတောင်းပန် ခုသွားစမ်း သွား..."
စားသုံးသူဘယ်အုပ်စုတွေလာမလဲလို့အမြဲ
လှမ်းမျှော်ကြည့်နေတတ်သောကန်တင်းအမကြီး
သည်ခေါင်းငိုက်စိုက်ဖြင့်ခပ်ဖြေးဖြေးလမ်းလျှောက်လာ
သောကျောင်းသားလေးကိုတွေ့တဲ့အခါမျက်လုံးတွေ
လက်ခနဲဖြစ်သွားလျှက်မနက်စာစားနေသော
သင်္ချာကျောင်းသားကြီးအားလှမ်းအော်ပြောတော့သည်။
ပလုပ်ပလောင်းစားနေရင်းမှအမကြီးပြရာ
ကိုလှမ်းကြည့်လိုက်တဲ့အခါလွယ်အိတ်တစ်လုံး
ဖြင့်လမ်းလျှောက်လာသောမနေ့ကသူလွန်သွားမိသော
ကောင်လေးကိုလှမ်းမြင်လိုက်ရသည်။
မျက်စိရှေ့ရှုပ်နေသောဆံပင်တွေကြားထဲက
သူ့ကိုတည့်တည့်လှမ်းကြည့်နေသောမျက်လုံးတွေ
သည်မှိုင်းရီနေပြီးမနေ့ကအတိုင်းခံစားချက်မရှိနေပါ။
လှမ်းကြည့်သည်ကခဏသာ ချက်ချင်းကြီးပေါ်လာတော့
သူဘာလုပ်ရမှန်းမသိခင်မှာပဲ မျက်လုံးတွေဖျက်ခနဲ
လွှဲသွားပြီး ရှေ့သို့တည့်တည့်ဆက်လျှောက်သွားသည်။
"ဟဲ့ သွားလေ တကယ်တမ်းကျ နင်မသွားရဲဘူးမလား
အဲ့တာနဲ့များ စကားတွေကို အကြီးကြီးပြောနေသေး...."
တကယ်ကိုအကျပ်ရိုက်သွားစေတာပဲ။
မနက်စာလာစားနေကြသောလူအပြည့်ကန်တင်း
တစ်ခုလုံးရှေ့တွင်သူပြေးလိုက်တောင်းပန်ဖို့က
တွန့်ဆုတ်စေပါ၏။ ရှက်လည်းရှက်သလိုလို
ခုံမှထတော့မလိုလို ထတော့မလိုလိုနှင့်ပြန်ထိုင်
သွားတော့ အတန်းထဲကကောင်မလေးတွေက
ထပ်လှော်ကြပြန်သည်။
"တောင်းပန်ရင်ပြီးရောမလား
အဓိကက တောင်းပန်ဖို့ပဲမလား
ဒီနေရာမှာတော့ မလုပ်နိုင်ဘူး ရှင်းရှင်းပြောတာ"
"နင်သူ့လုပ်တုန်းက ဒီနေရာမှာလေ"
"နင်တို့တွေဘာဖြစ်နေကြတာလဲ ငါ့ကိုအဲ့လောက်
တောင် အခက်တွေ့စေချင်နေတာလား"
"ခုစကားပြောလို့လည်းမရလောက်ဘူး
သူတို့Practical ကစတော့မှာ ငါ့ကောင်မလေးတောင်
သွားတာကြာပြီ ရဲကြီးကို ထပ်မကျပ်ကြတော့နဲ့"
ဖြိုးလေးဝင်ပြောလာတော့ ရဲကြီးသည်
ကျွဲစိမ်းဘူးတစ်ဘူးအားအဖုံးဖွင့်ပေးကာဖြိုးလေး
ရှေ့သို့ခါးကိုညွှတ်ခေါင်းကိုငုံ့ကာတွန်းပို့လိုက်ပြီး
"ကြားတယ်နော်....ငါကတာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့လူ
ငါဘယ်တော့မှမတရားတာမလုပ်ဘူး ဘယ်အချိန်လည်း
အတိအကျမပြောတတ်ပေမယ့် ဒီနေ့တောင်းပန်မယ်
အဲ့ကိစ္စထပ်မဟကြနဲ့တော့..."
"စောင့်ကြည့်တာပေါ့ မဟုတ်ရင်နင်တွေ့တိုင်း
ဘလိန်းခံရပြီသာမှတ်...."
"ဂရုစိုက်မနေဘူး..."
"နောက်တစ်ချိန်က Roll callယူမှာရဲကြီးသွားတက်ရအောင်
75ထိရင် ခွေးတွေဖြစ်ကြလိမ့်မယ်"
"အေးပါ....မကြီးရှင်းမယ်!!!"
ရဲကြီးသည် သူ့အိတ်ထဲက ပိုက်ဆံတချို့ကိုထုတ်လျှက်
တစ်ဝိုင်းလုံးစာတင်ခဲ့ပြီးသော်အခါ ဖြိုးလေးနှင့်ဝေယံ
အားပုခုံးတစ်ယောက်ဆီဖက်ပြီးသင်္ချာဆောင်ဆီသို့
စကားတွေရယ်မောပြောဆိုကာထွက်သွားကြသည်။
တစ်ယောက်နှင့်တစ်ယောက်တွန်းလိုက်ကန်လိုက်
ဆဲဆိုလိုက် ရယ်မောလိုက်နှင့်လွတ်လပ်သော
သစ်လွင်သော အငွေ့အသက်တွေဟာ
တက္ကသိုလ်ကျောင်းသား၃ဦး၏အနီးအနား
ဝေ့သီကျွမ်းဝင်နေခဲ့ကြတော့သည်။
_____။
"မင်းအမေ အဆက်အသွယ်တွေလုပ်တာကို
ပြတ်သားစမ်းပါ အခရာ အဖေတစ်ယောက်ထဲက
မင်းအတွက်လုံလောက်ပါတယ်...မင်းတောင်ကြီးမှာပဲ
ပျော်တယ် နေချင်တယ်ဆို ..."
"မပျော်ဘူး....မနေချင်ဘူး"
"အေး..အဲ့တာဆိုလည်း ဒီမှာအဆင်ပြေအောင်နေ
အဖေက အစိုးဝန်ထမ်းမို့ တာဝန်ကျရာအဆင်ပြေသလို
နေရမှာပဲ...."
"ကျွန်တော် အဖေကို ဘာမှစောဒကမတတ်မိဘူးထင်တယ်
ကျွန်တော် အဆင်ပြေတယ်"
"အတွင်းဆောင်မှာမနေဘဲ အဖေနဲ့အတူလာနေမလား"
"ရတယ်....."
ဖုန်းချလိုက်ကာSilent လုပ်လိုက်သည်။
ရှိသမျှသောအတန်းချိန်တွေအားလုံးကို
မနက်ထဲကတစ်ချ်န်မပျက်တက်ကာ
ညနေ၄နာရီခွဲမှကျောင်းဆင်းလာသူသည်
မနက်ကအတိုင်း ခေါင်းငိုက်စိုက်။
တစ်ခါတလေ ထမင်းစားဖို့မေ့သွားတဲ့နေ့တွေရှိတယ်။
ဥပမာဒီနေ့လို။အာရုံတွေအတွေးတွေမများအောင်
ရှုပ်ယှက်ခတ်နေသောဒြပ်ပြုမှုတွေကြား
တစ်နေ့တာကိုမြုပ်နှံပြီးစာသင်ခန်းထဲပဲ
အိပ်လိုက် စာသင်လိုက်နှင့်ကုန်ဆုံးပစ်တတ်သည်။
"ပြန်ပါဆို လာကြိုတာလား မြတ် နောက်ကျမယ်
လို့ ကိုကို့ကို ပြောထားတယ်လေ"
" စိတ်မချလို့ လေ....."
အတန်းအတူဆင်းလာသောအတန်းထဲက
ကောင်မလေးအားလာကြိုသောတခြားမေဂျာက
ဖြစ်ဟန်တူသောကျောင်းသားတစ်ယောက်။
လက်တွေကိုခပ်တင်းတင်းဆုပ်ကိုင်ကာ
သူ့ရှေ့တွင်ရယ်မောကြလျှက်ကျောင်းဆင်းသွားကြသည်။
ဒါကအချစ်ပေါ့...။ပျိုပျစ်နုနယ်ဆုံးအရွယ်
ဘဝရဲ့အကောင်းဆုံး အတက်ကြွဆုံး
အလှဆုံးအချိန်တွေလို့သတ်မှတ်လို့ရတဲ့
တက္ကသိုလ်ကျောင်းသားဘဝမှာ အချစ်ဆိုတာကလည်း
မရှိမဖြစ်ပေါ့လေ...။
ဆယ်ကျော်သက်အရွယ်လေးလို တွေ့ရာရင်ခုန်မယ်
လို့မဟုတ်တော့ဘဲ ရွေးချယ်ခြင်းတွေ သင်ယူခြင်းတွေ
စဉ်းစားခြင်းတွေအများကြီးနဲ့အချိန်။
ဒါပေမယ့် ချစ်နေကြတဲ့အရာရာတွေကိုမြင်တိုင်း
ငယ်ချစ်တွေပါဆိုပြီး ငယ်ရွယ်ချိန်တွေမှာလက်ထပ်ခဲ့ပြီး
သူအရွယ်ရောက်မှ ရက်စက်စွာလမ်းခွဲသွားခဲ့ကြတဲ့
မိဘတွေရဲ့ ဝမ်းနည်းစရာဇာတ်သိမ်းကြောင့်
ချစ်ခြင်းမေတ္တာသံကြားရင် ကြောက်သလို
လန့်သလ်ို အယုံအကြည်လည်းမရှိချင်တော့။
"အပိုတွေ" ဟု ခပ်လွယ်လွယ်ပဲအမြဲတွေးဖြစ်ခဲ့သည်။
ခုလည်းရှေ့ကအတွဲကိုခပ်မြန်မြန်ခြေလှမ်းတွေ
ဖြင့်ကျော်ချကာ ညနေစောင်းလေအေးတွေနဲ့အတူ
အတွင်းဆောင်ဆီတစ်ယောက်ထဲပြန်လာနေခဲ့သည်။
ညကျ ဖတ်ရမယ့်စာအုပ်။ ကျက်ရမယ့်စာတွေ။
ကဗျာအနည်းငယ်ရေးပြီးဂစ်တာလည်းတီးဖို့တွေးမိသည်။
မပျော်ပေမယ့် မပျော်သလိုနေလို့မဖြစ်
မပျော်သည့်ကြားကတော့ အဆင်ပြေအောင်
အသက်ရှင်တတ်ရမည်က လူ့ဘဝဖြစ်နေသည်။
အတွင်းဆောင်လမ်းကသစ်ပင်ကြီးတွေ
ဖြင့်အုပ်မှိုင်းနေကာ သစ်ရွက်ခြောက်တွေဖြင့်
လူရှင်းသူရှင်းအမြဲလမ်းလျှောက်၍ကောင်း
သောနေရာ။သူအလွန်မုန်းသော ကသမ်းကရမ်း
စီးတတ်သော ဆိုင်ကယ်မျိုးတွေကိုရှောင်စရာ
မလိုအချိန်တိုင်းအေးအေးလူလူရှိတတ်ပါ၏
"ဟေ့ ......"
ကိုယ့်အတွေးတွေနဲ့ကိုယ်ခေါင်းထဲအစီအစဉ်
တွေချနေတုန်း ကြားလိုက်ရသောအသံတစ်ခု။
ခြေလှမ်းတွေတိခနဲရပ်သွားကာအသံလာရာကို
ဖျက်ခနဲလှမ်းကြည့်လိုက်တော့နှစ်ဆွေးသစ်ပင်
ကြီးနောက်ကထွက်လာသောကျောင်းသားတစ်ယောက်။
အတိအကျဆို မနေ့ကသင်္ချာကျောင်းသားကြီး
ဖြစ်သည်။ အလွန်ကောင်းသောအရပ်အမောင်း
နှင့်ထူးဆန်းသောတည်ဆောက်ပုံနှင့်
မျက်နှာသည် အနီးကပ်မှတ်မှတ်ရရကို
ဖြစ်နေ၍မှားစရာမရှိ။
တစ်လမ်းလုံးတစ်ယောက်ထဲသာရှိ၍
သူ့ကိုခေါ်မှန်းသေချာတာမို့ရပ်သွားတော့
တစ်လှမ်းချင်းလျှောက်လာပုံသည်
အနည်းငယ်စူးရဲသောမျက်လုံး
မထီတထီနှုတ်ခမ်းတွေ ပုံစံသည်
အဖေ တစ်ခါတလေသုံးနှုန်းတတ်သော
ပေစောင်းစောင်းဆိုသည့် စကားကိုသွားကြားယောင်
မိသည်။
"ဘာတွေလုပ်နေတာလဲ ၅နာရီထိုးတဲ့အထိ...."
စိတ်အနှောက်အယှက်ဖြစ်နေသလို
လျှောက်လာပြီးတန်းမေးလာသောစကားတွင်
အခရာသည်ကြောင်အအဖြစ်သွားကာ
ရောက်လာသောသူအားဖျက်ခနဲမော့ကြည့်လိုက်မိသည်။
"စောင့်နေတာ ၃နာရီလောက်ထဲက
မင်း ဒီလမ်းကပဲ ကျောင်းပြန်တယ်ဆိုလို့...."
မျက်နှာဆိုင်သွားချိန်တွင်တိုက်ခတ်သွားသော
ဟေမာန်ရာသီ၏ညနေစောင်းလေအေးကြောင့်
အခရာ၏ဆံပင်တို့လွင့်ခနဲ။ဖြောင့်ဖြူးနေသော
တက္ကသိုလ်၏အစွန်ဆုံးလမ်းလေးပေါ်က
ကျောင်းသား၂ယောက်၏ပုံရိပ်သည်အရောင်အေးအေး
တို့ဖြင့် ထိုနေ့က ငြိမ့်ငြောင်းစွာ။
"ဘာကိစ္စရှိလို့လဲ....."
"မနေ့က ကိစ္စ တောင်းပန်ချင်လို့...ဒါပေမယ့်
မင်းက ဘာကိစ္စ ဒီလောက်ကြာနေရတာလဲ
မင်းတို့မေဂျာက စာအတော်သင်နိုင်တာပဲ"
"မေဂျာတိုင်း 4:30အထိအတန်းချိန်ရှိတယ်
တစ်ခါမှမတက်ဖူးလို့ မသိတာထင်တယ်"
တစ်ခါမှမတက်ဖူးပါ။မော့ကြည့်ကာပြောလာ
သောစကားတွင်ကျောင်းသားကြီးကလည်ပင်း
တွေကိုကုတ်လိုက်ပါးတွေကိုကုတ်လိုက်ဖြစ်သွားသည်။
"အေး...ထားတော့ ငါမနေ့ကကိစ္စတောင်းပန်တယ်
မင်းကိုမတောင်းပန်မချင်း ငါ့လူတွေကမပြီးဘူး
ငါအငယ်ကိုအနိုင်ကျင့်သလိုဖြစ်သွားတာ
အဲ့တာ တောင်းပန်တယ်...ကျေနပ်တယ််မလား"
"အဲ့လောက်ကြီး မကြီးကျယ်ခဲ့ပါဘူး
ပြီးတော့ လူတွေအမြင်မှာအဆင်ပြေဖို့အတွက်နဲ့
စိတ်ရင်းမဟုတ်ဘဲ တောင်းပန်ဖို့လည်းမလိုဘူး
ကျွန်တော် ခင်ဗျား ပုံစံကိုနားလည်ပါတယ်"
"ဘာ...."
ထိုမျှသာပြောပြီးရှေ့ဆက်လျှောက်သွားတော့
ချက်ချင်းလိုက်သွားသူသည်အခရာ၏လွယ်အိတ်
လေးအားဆက်ခနဲဆွဲထားလိုက်တော့ချက်ချင်း
ဆိုသလိုတစ်ဖက်ကလက်တွေကိုပုတ်ချသည်။
"ဘာကို ငါ့ပုံစံကို နားလည်တာလဲ
တကယ် ငါမှားမှန်းသိလို့စိတ်ရင်းနဲ့လာတောင်းပန်နေတာ
မင်းကို ငါ ၂နာရီကျော်ကျော်လောက်ကို
ဒီမှာစောင့်နေခဲ့ရတာ စိတ်မပါရင် ပြန်တာကြာပေါ့"
"ရပြီ...အဆင်ပြေတယ် ပြန်လို့ရပြီ"
ခပ်ပြတ်ပြတ်ပြောကာဆက်လျှောက်သွားပြန်တော့
သင်္ချာကျောင်းသားကြီး၏မျက်ခုံးတန်းတွေ
တွန့်ချိုးသွားသည်။
ပါးတစ်ဖက်ကိုလျှာဖြင့်ထိုးကာ
ဒုတိယအကြိမ်ဆွဲမိလိုက်သည်က
ထိရာမိရာ လက်ကောက်ဝတ်လေးတစ်ဖက်ကိုဖြစ်သည်။
အားပါလွန်းတာမလို့ အခရာသည် လုံးဝပြန်ပါလာ
တော့သည်။
ရုတ်တရက်အပြုအမူမလို့အံ့ဩသွားခြင်းကြောင့်
မသိမသာကျယ်သွားသောမျက်လုံးတွေသည်
အနည်းငယ်လှုပ်ခတ်သွားပါ၏။
"ခင်ဗျား ဘာလုပ်ပြန်တာ...."
"ငါတောင်းပန်တာ ကျေနပ်တာလား
မကျေနပ်တာလား ဖြေ တစ်ခါထဲ...."
ဆွဲထားသောလက်ကိုခပ်ကြမ်းကြမ်းဆွဲခါဖြုတ်ကာ
"ခေါင်းထဲမရှိခဲ့ဘူး...အဲ့အတွက်ကျေနပ်တာ
မကျေနပ်တာလည်းမရှိဘူး ရေးကြီးခွင်ကျယ်ကိစ္စ
မဟုတ်ဘူးလို့ဖြေပြီးပြီထင်တယ် အဆောင်မှူးကို
ဖုန်းဆက်လိုက်မှ နားလည်မှာလား"
"ဘာ....ငါက မင်းကို ဘာလုပ်နေလို့...ဟေ့ကောင်!!!"
မတူသလိုမတန်သလို သူကပုံမှန်
ကိုယ်ကစိတ်မူမမှန်ကောင်လို အလွန်သေးသိမ်
သောမျက်လုံးများဖြင့်တစ်ချက်ကြည့်ပြီးထွက်သွားသည်။
ချစ်လှစွာသောမေဂျာကကောင်လေးသည်
အဲ့ဒီမေဂျာကဟုမပြောရ အလွန်အချိုးမပြေလွန်းပါသည်။
"ဟေ့ကောင်!!!"
"တော်ပြီ တော်ပြီ ရဲကြီး တော်တော့ တော်ပါတော့!!!"
ပြေးလိုက်တော့မည့်ကျောင်းသားကြီးဆီ
အကွယ်မှာပုန်းနေသောသူငယ်ချင်းတွေကပြေးလာကာ
ဝိုင်းဆွဲလာကြတော့သည်။
"ဘာကောင်လေးလဲ...မင်းတို့ကြားတယ်မလား
စောင်ကလေးကများ ငါ့ကို...အဲ့တာမင်းတို့ခိုင်းလို့ဖြစ်တာ!!!!"
"အေး...အေး ထားလိုက်တော့ စိတ်ထိန်း စိတ်လျှော့"
စတောင်းပန်ဖို့စကားစထဲက သူမှားနေကြောင်း
မပြောချင်တော့။စိတ်ရင်းနဲ့တကယ်၂နာရီ
ကျော်အထိထိုင်စောင့်နေခဲ့ခြင်းမှာသူတကယ်ကို
တောင်းပန်ချင်စိတ်အတိရှိမှန်းသိကြပါသည်။
သို့သော်....မင်းရဲရင့်သည် ဘယ်အခန်းကဏ္ဍမှာ
မဆို ပြေပြစ်မှုလုံးဝမရှိခဲ့သောကျောင်းသားဖြစ်
နေခြင်းက ဘာမှမတတ်နိုင်ခဲ့ပါလေ....။
ထိန်းရသိမ်းရခက်သောသူငယ်ချင်းအား
အားလုံးဝိုင်းဝန်းဖမ်းချူပ်ဆွဲသွားကြကာ
ခပ်ဝေးဝေးသို့ဆွဲခေါ်သွားကြတော့သည်။
အခရာသည် အဆောင်ထဲဝင်ခါနီးတံခါးပေါက်နား
အရောက်တွင် ဝရုန်းသုန်းကား သင်္ချာအုပ်စုအား
ရီဝေဝေမျက်လုံးတွေဖြင့်လှမ်းကြည့်လာသည်။
ထို့နောက်ခေါင်းထဲဝင်လာခဲ့သောအတွေးတစ်ခု။
သင်္ချာကျောင်းသားများသည်အထူးသဖြင့်
ပေကြောင်ကြောင်နိုင်လွန်းကြသူများဖြစ်ကြသည်
ဟူ၍ဖြစ်သည်။
ထို့နောက် အဆောင်ခြံဝန်းတံခါးအားဖွင့်ကာ
အေးအေးလူလူပင်အဆောင်တွင်းသို့ဝင်သွားခဲ့တော့သည်။
_________။
______။
Bạn đang đọc truyện trên: AzTruyen.Top