အပိုင်း(၁၄)


တက္ကသိုလ်ပန်းခြံ၏မြက်ခင်းစိမ်းပေါ်တွင်
ကဗျာရွတ်ပွဲလေးလုပ်နေကြသည်။စာရေးဆရာ
ဦးဆောင်သောဤကဲ့သို့ပွဲမျိုးလေးတွေဟာ
မကြာခဏကျင်းပတတ်ကြပြီးအထွေအထူး
အလွန်ကြီးကျယ်နေတာမျိုးတော့မဟုတ်ပါ။

စာပေဝါသနာပါသူ ကျောင်းသားတွေဟာ
သေသပ်စွာဝတ်စားထားကြပြီးမြက်ခင်းပေါ်
ဝိုင်းထိုင်ကြကာ မိမိတို့ခံစားရသော ကြိုက်နှစ်သက်
သော ကဗျာဆရာကြီးများ၏ကဗျာတွေ (သို့)
မိမိကိုယ်တိုင်ရေးထားသောကဗျာများစာများကို
ဖတ်ကြခြင်းဖြစ်သည်။

ကဗျာ၏ ခံစားရာစကားလုံးတွေအတိုင်း
အသံအနိမ့် အဖိအဖော့များဖြင့် လွမ်းသင့်ရင်လွမ်း
ချစ်သင့်ရင်ချစ် မာန်ပါရရင်မာန်အပြည့်ဖြင့်
ကဗျာတစ်ပုဒ်အပေါ်စိတ်နှလုံးသားအလုံးစုံနှစ်ကာ
ဖတ်ကြရသည်။

ကျောင်းသားအနည်းစုသာ စိတ်ပါဝင်စားသော
အခန်းကဏ္ဍဆိုသော်ငြားပါဝင်ခဲ့သောလူများသည်
ကိုယ်စီကိုယ်ငှ အတွေးအခေါ်ကောင်းတွေနှင့်
စာပေကဏ္ဍတွင်အရည်အချင်းအပြည့်အဝလူများ
ဖြစ်ခဲ့ပါ၏။

ခံစားမှုဖြင့်သူတို့ကဗျာဖတ်သံများသည်
တစ်ကြောင်းဆိုလျှင်တစ်ကြောင်း
နားစိုက်ထောင်ခံစားပါက ထိုကဗျာကပေးသော
ရသကိုနှလုံးသားထဲလှိုက်ခါနေအောင်
နက်ရှိုင်းသည့်အခိုက်အတန့်တွေဖြစ်ခဲ့သည်။

ကဏ္ဍပေါင်းစုံ၏ကဗျာများကြားရတတ်ပြီး
အချစ်နဲ့ပတ်သတ်၍ပြောရမည်ဆို
ကျောင်းသားတစ်ယောက် သူတ်ိတ်တခိုးချစ်နေရသော
ကျောင်းသူလေးကိုရည်ရွယ်ကာ "မိသံလွင်ရေ...."
လို့ ကဗျာအစချီသည်က ငိုချင်လာသည်အထိ
သူတို့တော်ခဲ့ကြပါသည်။

"ကျွန်တော် ဒီနေ့တော့ ရတယ်"

မြက်ခင်းပေါ်  မှတ်စုစာအုပ်တစ်အုပ်
ဖြင့်ထိုင်နေသော အခရာသည် စာရေးဆရာအား
လက်ပြ၍ပြောလာတဲ့အခါ စာရေးဆရာကအံ့ဩသွားဟန်။

"စာရေးနိုင်ပြီပေါ့ ကိုလွမ်းအခရာ"

"အများကြီးမဟုတ်ပါဘူးဗျာ"

"နည်းနည်းများများပါ ခင်ဗျားရေးတယ်ဆိုတာနဲ့
ဝမ်းသာပါတယ်"

"ဟုတ်ကဲ့ဗျ...."

အနက်ရောင်Shirtအင်္ကျီနှင့်ပုဆိုးအကွက်စိတ်စိတ်ကို
တွဲဝတ်ထားကာ ဆံပင်နက်နက်တွေဟာ
ခပ်အုပ်အုပ်လေးနှင့်ရှုပ်ထွေးနေလျှက်။လွယ်အိတ်ကို
ထုံးထားသောအထုံးလေးပုခုံးပေါ်တင်ကာ
လွယ်ထားပြီးမြက်ခင်းပေါ်စာအုပ်ဖွင့်ကာ
အခရာ စာဖတ်ဖို့ပြင်ဆင်နေသည်ကိုအားလုံးက
ငေးကြည့်နေကြသည်။

Note Book စာအုပ်အညိုရင့်ရောင်လေးကိုင်ထား
သောလက်တစ်ချောင်းချင်းစီသည်သွယ်လျ
ဖြူနုနေပြီး အာရုံစိုက်စွာစာရွက်လှန်နေပုံက
တည်တည်ငြိမ်ငြိမ်။

Shirtင်္အကျီလက်တွေကိုခေါက်တင်ထား
တာကြောင့် မြင်နေရသော လက်မောင်း
တစ်ဖက်ချင်းစီကစိမ်းမြမြသွေးကြောတွေသည်
ယောကျ်ားတစ်ယောက်၏ လှပခြင်းတွေထဲ
အပါအဝင်မို့ မြက်ခင်းစိမ်းစိမ်းပေါ်က
အခရာ၏ ပုံရိပ်သည် ပြစ်ချက်မရှိသေသပ်နေသည်။

"လွမ်းအခရာက ကဗျာဖတ်ပြမယ်သာပြောနေတာ
သူကိုယ်တိုင်က ကဗျာတစ်ပုဒ်ဖြစ်နေပြီးသား
မဟုတ်ဘူးလား...."

စာပေဘက်သိပ်မဝါသနာမပါသော်ငြား
အနုပညာအုပ်စုတစ်အုပ်စုထဲမလို့ပန်းချီဝါသနာရှင်
မြန်မာစာကျောင်းသူတစ်ယောက်သည်ဤအဖွဲ့အစည်း
ထဲပါဝင်နေကာ အခရာ၏ပုံရိပ်သည် စာရွက်ဖြူပေါ်ခဲသား
တင်လိုက်ဖို့စိတ်ကိုမထိန်းချူပ်နိုင်တော့ကြောင့်
ပြောပြောဆိုဆိုဖြင့်စတင်ခြစ်တော့သည်။

"ဟဲ့ ခွင့်ပြုချက်တောင်းဦးနော် လူကသာကြည့်ကောင်းတာ
စိတ်ကဘုဂလန့် တော်ကြာပျစ်ပျစ်နှစ်နှစ်တွေအပြောခံရမယ်
နင်လွမ်းအခရာအကြောင်းမသိတာလည်းမဟုတ်ဘူး"

"လှနေတာကြီး ဆဲချင်လည်းဆဲ ဆွဲပြီးသူ့ပဲပေးလိုက်မှာပါ
ငါ Blocked ဖြစ်နေတာကြာပြီမလို့ပါဟာ...Moodလေးရတုန်း
ခြစ်ပါရစေ...."

လွမ်းအခရာ၏ဂျစ်ကန်ကန် အပေါင်းအသင်းLevel
Zeroအကြောင်းနောကျေကြ၍တော်ရုံစကားပြောကြဖို့ကို
တောင်သူမတို့စဉ်းစားခဲ့ကြသည်။အလွန်အနေတည်ပြီး
ပြေပြေလည်လည်စကားပြောရဖို့သည်အလွန်ခက်ခဲသည့်
ကိစ္စတစ်ခုမို့ လုပ်ချင်တာလုပ်ပြီးမှသာပြောချင်တာအပြောခံ
လိုက်တော့မည်။

"ဒါဆို ကျွန်တော်စလိုက်တော့မယ်နော်...."

"ဟုတ်ကဲ့ ...."

အခရာသည် စာအုပ်ကိုတစ်ချက်ကြည့်ကာဘေးဘီ
ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။သူတို့ဘာတွေ
လုပ်နေကြတာလဲဟု ကွက်ကြည့်ကွက်ကြည့်လုပ်သွား
သောကျောင်းသား/သူများမှလွဲသူ့ကိုသိတာတစ်ယောက်မှ
မရှိ၍ စာအုပ်ကိုပြန်ကြည့်ကာစာဖတ်ဖို့စတင်သည်။

"အနှောင်"

....ဘယ်ကနေစလို့ ဘယ်လိုမျိုးများကပ်ငြိသွားတဲ့အနှောင်လဲ
သွေးပျက်ကြောက်လန့်ရခြင်းတွေနဲ့အဖျားတက်သလို
တခိုက်ခိုက်တုန်ခဲ့ရတဲ့ညတွေ။

...ဘယ်ကနေစလို့ ဘယ်လိုပြုတ်ကျသွားတဲ့ထောက်ချောက်မျိုးလဲ
တစ်ကြိုးကလွတ်ရင် တစ်ကြိုးကငါ့ကိုချည်နှောင်နေပြီးသား။

...ဘယ်ကနေစလို့ ဘယ်လိုနစ်ဝင်သွားတဲ့နွံမျိုးလဲ
ရုန်းလေ နစ်လေ ရင်ဆိုင်ရခြင်းတွေမှာ
ဘယ်ဘုရားမှလည်းငါ့ကိုမကယ်နိုင်တော့။...

...စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်
ဂစ်တာတစ်လက်နဲ့ ခက်ခဲခြင်းတွေကိုတီးခတ်နေရတဲ့ညတွေ
အမှန်တရားဟာ ရဲတင်းလာလေ ကိုယ့်ကိုကိုယ်
ရင်ကွဲနာကျရလာလေလေပဲ။.....

...ကိုယ့်သေတွင်းကိုယ်တူးပြီး နွေဦးရာသီမှာ
သတိလက်လွတ်တွေလည်းရယ်မောမိနေသေးတာ
နွေဦးလေတစ်ချက်သုန်သွားလေတိုင်းပိုပိုပြီးရူးနှမ်းလာမိတယ်။...

...မတရားလွန်းတဲ့ နှလုံးသားရဲ့အမိန့်အာဏာစက်အောက်
ခေါင်းငုံ့သည်းမခံနိုင်ပေါက်ကွဲမိလိုက်ချင်လည်း
ရယ်မောသဲ့သဲ့တွေကြားရင်နှုတ်ဆိတ်မိသွားရပြန်တယ်။
မသိစိတ်ကကျေနပ်စွာခံယူနေခဲ့တာမျိုး.....။

...ဘယ်လိုရှေ့ဆက်ရမလဲမသိတဲ့ညတွေနဲ့
ဘယ်လိုနားလည်ရမလဲမသိတဲ့နေ့တွေ
ခိုကပ်နေမိတာကတစ်ချိန်လုံး.......။

...ဘယ်လိုလွတ်မြောက်ရမလဲလို့တွေးမိတဲ့အတွေးတွေနဲ့
ကိုယ်တိုင်ချူပ်နှောင်မိခဲ့တဲ့မီးရောင်မှိန်မှိန်အောက်က
မျက်တောင်ဖျားတွေပေါ်မှာ ကဗျာတွေကဖြစ်လာပြန်တယ်။

ကဗျာမဖြစ်လာဖို့ထိန်းရင်း
ကဗျာဖြစ်လာတဲ့ စကားလုံးတွေတိုင်းမှာ
မွန်းကျပ်ခြင်းတွေဟာတခွင်တပြင်...။

ကျွန်တော် ဝမ်းနည်းနေလို့ပါ။
ကျွန်တော် မလုံခြုနေလို့ပါ။
ကျွန်တော်ကြောက်နေလို့ပါ။
လွတ်မြောက်ရာ....တစ်နေရာရာ
ကမ္ဘာတစ်ခုလောက်ရှိရင်လက်ကမ်းပေးကြပါ....။

လွမ်းအခရာ.....။

ကဗျာပြီးတဲ့အခါ တည်ငြိမ်စွာပဲစာအုပ်ကိုပိတ်ပြီး
လွယ်အိတ်ထဲသို့သူကချက်ချင်းပြန်ထည့်သည်။ကဗျာထဲက
စာသားတွေနှင့်မျက်နှာသည်ခန့်မှန်း၍မရအောင်မအပ်စပ်
နေပါ။သူ့တာဝန်တစ်ခုပြီးသွားသလိုအေးအေးလူလူပဲ
အားလုံးတစ်ချက်ဝေ့ကြည့်လိုက်သောမျက်နှာသည်အေးတိအေးစက်။အားလုံးကတော့သူ့ကိုမမြင်ဖူးသည့်လူလိုပြူးကြည့်
နေကြသည်။

"ကျေးဇူးပါ ကိုလွမ်းအခရာ...."

"ကဲ နောက်တစ်ယောက်က ကိုရန်ပိုင်စလိုက်မလား"

နောက်တစ်ယောက်၏ရွတ်ဆိုမှုအပေါ်ဆက်လက်၍
နားစိုက်ထောင်နေသောအခရာ့ဆီအနည်းနဲ့အများအာရုံ
စိုက်မှုတွေရောက်လာကြတော့သည်။တော်ရုံတန်ရုံဖွင့်ဟမပြတတ်
တဲ့သူမလို့ ဘယ်သူမှမထင်ထားသောအနည်းဆုံးစာရေး
တယ်ဆိုရင်တောင် တောင်ပေါ်လွမ်းကြောင်းတွေပဲလို့
ထင်ထားခဲ့သည့်အတွေးတွေအပေါ် ခပ်တည်တည်ပဲ
ပထမဆုံးသူ၏အချစ်ရေးကို ဖွင့်ဟပြသွားသည်။

"ဘယ်ကအရူးမကလွမ်းအခရာကိုချေနေတာလဲမသိဘူး
ကြည့်ရတာ တော်တော်မွန်းကျပ်နေတဲ့ပုံပဲ ကဗျာဖတ်တဲ့
အသံကိုနားထောင်ကြည့် ဘယ်မေဂျာကလည်းမသိဘူး
Chemistry ကဖြစ်လောက်မလား"

"မဖြစ်နိုင်ဘူး သူကသင်္ချာကလူတွေနဲ့ပေါင်းတာ
င်္သချာကပဲဖြစ်ရမယ် ဘယ်လောက်လှနေလို့
အခရာ့ကိုချေမိုးနေရတာလဲ ပြေးမေးချင်လိုက်တာဟယ်
ဘယ်သူလဲသိချင်လိုက်တာ ပြီးရင်အခရာ့ကိုမေးလိုက်ကြမလား"

"ဖြေရင်ကောင်းတာပေါ့ မဖြေပဲ ဘာလုပ်မလို့လဲမေးရင်
အရှက်ကကွဲဦးမယ်...."

"ဘယ်သူလဲ ဘယ်သူကံကောင်းသွားတာလဲသိချင်လိုက်တာ"

မိန်းကလေးတင်မကယောကျ်ားလေးတွေပါ
အထူးတလည်သိချင်ခဲ့ကြသောတည်ငြိမ်လွန်းသူ
တောင်ပေါ်သားလေး၏အချစ်ရေးသည်တစ်ယောက်ကို
တစ်ယောက်မျက်စပစ်ကြလျှက်။

"စာရေးဆရာ တိုးတိုးလေးမေးမယ်
ခင်ဗျားသိတယ်မလား အဲ့တာဘယ်သူလဲဆိုတာ"

"ဘယ်သိမှာလဲဗျာ တက္ကသိုလ်ကျောင်းသား
ချစ်နေတဲ့သူရှိတာဆန်းလို့လားဗျ...."

"လွမ်းအခရာဆိုရင်တော့ဆန်းတယ်လေ
သူကဘယ်မိန်းကလေးကိုစေ့စေ့ကြည့်ဖူးလို့လဲ
ခင်ဗျားတို့လောကမှာ ကဗျာရေးပြီဆို
စိတ်နှလုံးသားအကုန်ပေးလိုက်ပြီဆိုတဲ့အဓိပ္ပာယ်လေ"

"ခု သူချစ်လို သူပေးတာလေ ခင်ဗျားဘယ်လိုဖြစ်...."

"ကျွန်တော်တို့ အဖွဲ့ထဲကများလား..."

"ကိုပုတု ခင်ဗျားစကားတအားများလွန်းတယ်
ခင်ဗျား ကာတွန်းဆွဲတာ ပြီးသေးလို့လား...."

စပ်စုတတ်သောအဖွဲ့အစည်း၏ကာတွန်းဆရာကိုပုတုသည်
ဒီနေ့ပွဲ၏အခိုက်အတန့်တချို့အားဟာသနှောကာ
ကာတွန်းတစ်ပုဒ်ရေးနေခြင်းဖြစ်ပါ၏။စာရေးဆရာ
တိုးတိုးလေးမာန်မဲလိုက်တဲ့အခါကာတွန်းဇာတ်ကောင်
တွေထဲကစာရေးဆရာ၏ဇာတ်ကောင်အားနှုတ်ခမ်းမွှေး
တို့ကိုပို၍ရုပ်ဆိုးသွားအောင်ဆက်၍ခြယ်သနေသည်။

သူ့နေရာနှင့်သူတာဝန်ကျေနေကြသောကဗျာဖတ်ပွဲလေးသည်
ငြိမ့်ငြောင်းစွာဆက်၍ကျင်းပနေလျှက်။

____

"အခရာ က မလာသေးတာလား ဒီနေ့Practicalက
၈နာရီကို ပြီးတာ ကန်တင်းမလာဘဲဘယ်ကိုရောက်
နေတာလဲ Tutorial ကလည်းနေ့လည်၁နာရီမှလေ
အရေးကြီးအတန်းချိန်တွေလည်းကြားထဲမရှိနေပါဘူး"

မြတ်သူသည် မနက်စာစားရင်နှုတ်ခမ်းတစ်ဖက်တွန့်သွားကာ
အံ့ဩဘ ဟူသောစကားကိုမပြောမိအောင်ထိန်းလိုက်ရသည်။

သင်္ချာကျောင်းသားကြီးသည်ကန်တင်းတွင်
သူငယ်ချင်းအားလုံးလူစုံရောက်နေပြီးအခရာ
မရောက်သည့်ကိစ္စအပေါ်အလွန်သိချင်နေဟန်။
ခုံမှာမထိုင်နိုင်ဖုန်းတစ်လုံးဖြင့်ဟိုလျှောက်ဒီလျှောက်
လုပ်နေသည်။

နွေဦးရာသီ၏နှောင်းပိုင်းနေ့တွေ့မှာ အခရာနှင့်မနက်တိုင်းလိုလို
ကန်တင်းတွင်မနက်စာစားဖြစ်ခဲ့ကြသည်။
တစ်ခါတလေအရေးကြီးတာတွေပြောရင်း
တစ်ခါတလေလည်းအရေးမကြီးတာတွေပြောရင်း
နေ့တိုင်းလိုလို အတူတူရှိခဲ့ကြသည်။

ဝေယံသည် ပွဲနီး၍Training အတွက်အချိန်ပေးနေရပြီး
ဖြိုးလေးကတော့ပြဿနာတက်ပြီးထဲက
ဆုနှင့်အချိနိကုန်နေတတ်သည်။အချိန်ပေးနေရသည်။
အရင်အချိန်များဆိုရင်တော့သူပဲအားနေကာ
ပွကြီးနောက်လိုက်နေဦးမည်ဖြစ်ပေမယ့်ယခုတွင်
အခရာရှိနေ၍ အချိန်တွေအားလုံးသည်အခရာနှင့်
အတူကုန်နေတတ်သည်။

ပုံရိပ်တွေအနေနဲ့ပြောရရင် ထောင့်ဝိုင်းမှာစာအေးဆေးဖတ်
နေတဲ့အခရာဘေးဖုန်းသုံးကာအကြောင်းပြချက်မရှိ
တစ်ချိန်လုံးထိုင်နေတတ်သောင်္သချာကျောင်းသားကြီးကို
မနက်စောစောကျောင်းလာတတ်သောကျောင်းသား/သူ
တချိူ့အမြဲတွေ့ရတတ်သည်။

တစ်ခါတရံတော့ မေဂျာဆောင်ဆီသွားတဲ့လမ်းတွေ
အပေါ်စကားတပြောပြောဖြင့်ကျောင်းသွားတက်ကြ
သောပုံရိပ်ကိုတွေ့ရမည်ဖြစ်ပြီး သင်္ချာနှင့်ဓာတုဗေဒ
လမ်းခွဲကိုရောက်တိုင်း အတန်းပြီးရင်စောင့်နေရန်
မှာနေတတ်သည့်င်္သချာကျောင်းသားကြီးကိုတွေ့ရမည်
ဖြစ်သည်။

ကျောခိုင်းသွားကြသည်နှင့်ဓာတုဗေဒအဆောင်
တံခါးအကွယ်ကသင်္ချာဆောင်ထဲပြေးဝင်သွားသည့်
ကျောပြင်ကိုဓာတုဗေဒကျောင်းသားလေးသည်
မသိမသာငေးကြည့်ကာပါးပါးလေးပြုံးသွားတတ်သည်။

အဓိပတိလမ်းပေါ်စကားပြန်မပြောဘဲအတွေးတွေများ
နေသည့်ပုံပေါ်သောကောင်လေး၏ဘေးနား
ပေါက်ပေါက်ဖောက်သလို ပြောလိုက်ရယ်လိုက်
လုပ်နေတတ်သည့်ကျောင်းသားကြီးသည်
ဘယ်လိုပင်အရှက်ကွဲကွဲ အဓိပတိလမ်းစမှ
လမ်းဆုံးအထိ တောက်လျှောက်စကားပြော၍
ကျောင်းထဲ လျှောက်သွားလေ့ရှိသေးသည်။

သူငယ်ချင်းတွေစုံသည့်နေ့တွင်လည်း
အတူတူအမြဲရှိနေတတ်ကာ မစုံသည့်နေ့တွင်လည်း
နှစ်ယောက်ထဲ အတူတူဆက်ရှိတတ်ပါ၏။

ဤမနက်တွင်တော့ မြတ်သူပင်ကန်တင်းကို
ရောက်လာကာမနက်စာစားနေပြီးအခရာသည်
မနက်ထဲကတစ်ချက်မှပေါ်မလာသေး၍
သင်္ချာကျောင်းသားကြီးသည် ဖုန်းနံပါတ်တွေနှိပ်နေပြီ။

"ဖုန်းကိုင်မှာမဟုတ်ဘူး ကိုရဲရင့် သူ ကဗျာရွတ်ပွဲမှာ"

မြတ်သူသည်မတည့်ပေမယ့်မနေနိုင် ပြောမိသွားပြန်သည်။

"ဟုတ်လား ကဗျာရွတ်ပွဲက ဘာလုပ်ကြတာလဲဘယ်မှာလဲ"

"ကဗျာတွေရွတ်ကြတာပေါ့ ကျောင်းပန်းခြံထဲမှာ"

"အော်....အဲ့လိုတွေလည်းရှိတယ်လား"

"ဟုတ်ကဲ့ ရှိတယ်...."

"သူ့ကိုဘာလို့ရှာနေတာလဲ ကိစ္စတစ်ခုခုရှိလို့လား"

"ရှိတာပေါ့ မနက်စာစားဖို့လေ စောင့်နေတာအချိန်
တွေကျော်နေလို့ အချိန်စာရင်းကြည့်တာလည်း
အချ်န်တွေလွတ်နေရက်နဲ့ ဘယ်ရောက်နေလဲလို့
အခရာက အတန်းပြီး ဘယ်မှမသွားဘူးငါ့ဆီပဲလာတာ"

"အံ့ရော...."

"ဟမ် ဘာပြောတာလဲ...."

"အသုတ်အရသာလေးကအံ့ဩဖို့ကောင်းလို့ပါ
မကြီးဒီနေ့သိပ်အစပ်တည့်တာပဲ ချဉ်ငံစပ်ကွက်တိ"

"ပျင်းတာကွာ..."

မင်းရဲရင့်သည် အခရာ ထိုင်တတ်သောထောင့်ဝိုင်းတွင်
ခြေပစ်လက်ပစ်ထိုင်ချကာဖုန်းဖွင့်လျှက်
ဟိုဟိုဒီဒီကြည့်နေသည်။

မနက်မိုးလင်းတာနဲ့ ကျန်သောအချိန်များတွင်
လွဲချော်ချင်လွဲချော်လိမ့်မည် မနက်စာစားချိန်
တိုင်းမှာ အခရာနဲ့သူတစ််ခါမှမလွဲတတ်။
ယခုတွင် တစ်ယောက်ထဲယောင်လည်လည်နှင့်
ဖြစ်နေသည်။

စကားပြောနေသောဖြိုးလေးနှင့်ဆုကို
ကြည့်လိုက်တော့လည်းသူတို့အလုပ်နှင့်သူတို့
ရှုပ်နေလျှက်။အရင်ကဆိုသွားရောက်ရှုပ်တတ်
ပေမယ့်ခုမရှုပ်ချင်။

မြတ်သူတို့သည်သူတို့လိုပုံစံတူလေးတွေဖြင့်
အုပ်စုလိုက်ထိုင်နေကြသည်။

အခရာမရှိရင်သိပ်ပျင်းတတ်လာတာပဲ။
ရင်းနှီးမှုဟာကန်ဘောင်မှာကြယ်တွေကြည့်ပြီးထဲက
ကျွန်တော်သူနှင့်အတူတူရှိနေရခြင်းတိုင်းမှာပိုပြီး
သက်တောင့်သက်သာရှိလာပြီး ကျွန်တော်ဟာ
အမြဲ အခရာ့ကိုရှာဖွေနေတတ်တဲ့သူဖြစ်လာခဲ့တယ်။

"ပျင်းလိုက်တာ သူဇာတို့ဝိုင်းသွားထိုင်ရမယ်"

ထောင့်ဝိုင်းခုံမှဖုန်းကိုလွယ်အိတ်ထဲပစ်ထည့်ပြီး
ဆိုင်၏အပြင်ဘက်သူဇာတို့၏ဝိုင်းဆီလျှောက်
သွားရင်း ထုံးစံအတိုင်းအော်ကြီးဟစ်ကျယ်
ရယ်မောနေသော သူဇာတို့၏ရယ်သံတွေကို
နားမခံနိုင် ရှုံ့မဲ့သွားသည်။

"ရဲကြီး လာ ထိုင်လေ ဘာလဲ ငါတို့လှလို့စိုက်ကြည့်နေတာလား"

"မဖြစ်ဘူး ဒီလူတွေထိုင်ရင် ငါနားကန်းမှာ...
မတတ်နိုင်တော့ပါဘူး ဆိုင်ပြင်ထွက်လက်စပဲ"

င်္သချာကျောင်းသားကြီးသည်တိုးတိုးလေးရေရွတ်လျှက်
ပုဆိုးကိုခပ်တိုတိုဆွဲမကာလွယ်အိတ်လည်ပင်းတွင်ဆွဲလျှက်
ခပ်တည်တည်ဖြင့်မယောင်မလည်ဆိုင်ပြင်သို့ထွက်သွားခဲ့
ပြီဖြစ်သည်။

မြတ်သူသည် ဆိုင်ထဲမှလှမ်းကြည့်ကာ
မအံ့ဩတော့။ ဤအရာကိုမျှော်လင့်ထားခဲ့ပြီးဖြစ်သည်။
တရွေ့ရွေ့ဖြင့်ထွက်သွားသောသင်္ချာကျောင်းသားကြီး
ကျောင်းပန်းခြံဆီဦးတည်နေပါကသူနှင့်Physics က
အဆင်ညားစေသတည်းဟုသစ္စာဆိုလိုက်တော့သည်။
မညားစရာအကြောင်းမရှိတော့ပါလေ။

"ဒီနေ့ ဖတ်သွားတာ ခင်ဗျားတစ်ယောက်ထဲအချစ်ကဗျာ
ပါတာ ကိုလွမ်းအခရာ ထူးနေပြီလားဗျ
မမေးဘူးလုပ်ထားပေမယ့်
ခင်ဗျားလိုလူရင်ခုန်တဲ့ကောင်မလေးကျ
သိချင်တယ်လေ အရိပ်အမွက်လောက်လုပ်ပါဦး"

ပွဲပြီးသည်နှင့်တော်ရုံဘာမှစိတ်မဝင်စားကြသော
ရဲဘော်တွေဟာ မေးလာတော့ အခရာသည်
ထပြန်ဖို့ရန်ပြင်ဆင်နေရင်းကပြုံးယဲ့ယဲ့ဖြင့်

"ဒီလိုပါပဲဗျာ....."

"အခရာ နင်တို့ Chemistry ကလားဟုတ်တယ်မလား...."

ပန်းချီဆွဲသူကောင်မလေးသည်သိချင်စိတ်ကြီးစွာ
မေးလာတော့အခရာကခေါင်းယမ်းပြသည်။

"ဒါဆို ဘယ်ကလဲ ဘယ် Queenလဲ...."

"ကြည့်ရတာ ချဉ်းကပ်ရခက်နေသလိုပဲ
ကောင်မလေးတွေက ကာတွန်းလေးတွေချစ်တတ်တယ်
ခင်ဗျားကာတွန်းအကူအညီလိုချင်ဒီကပုတုကိုပြောနော်"

"ကာတွန်းကနေစမ်းပါပုတုရယ်
အရမ်းချေနေလို့နင်တစ်ယောက်ထဲခက်နေရင်
ပုံတူဆွဲပေးပြီးခြွေချင်ရင် ငါဆွဲပေးမယ်
နင့်ကောင်မလေးတစ်ခါထဲကြွေသွားစေရမယ်
ဖုန်းထဲပုံရှိလား ငါ့ကိုခု လူသာပြလိုက်......"

"အခရာ...."

ထပြန်တော့မည့်အခရာကိုသူတို့ဝိုင်းကာ
ချူပ်မေးနေကြစဉ် ကြားလိုက်ရသော
ခေါ်သံတစ်ခုကြောင့်အခရာရော အားလုံးပါ
ခေါ်သံရှိရာကိုလှမ်းကြည့်လိုက်ကြသည်။

ပန်းခြံ၏အပြင်ဘက်တွင်မတ်တပ်ရပ်နေသော
အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်ကို
တွေ့လိုက်ရသည်။စူးရဲရဲမျက်လုံးများဖြင့်
သူတို့အုပ်စုကိုလွှမ်းမိုးကြည့်နေပြီးမျက်နှာသည်
အပြုံးအရယ်မရှိတည်တံ့နေသည်။

အခရာဟူသောခေါ်သံတွင်အတိုင်းအတာ
တစ််ခုအထိခင်မင်ရင်းနှီးမှုတွေခံစားလိုက်ရသည်။
အခရာ သည် ထိုကျောင်းသားကိုမြင်သည်နှင့်
အံ့ဩမှုအနည်းငယ်စွန်းထင်းသွားသောမျက်လုံးတွေနဲ့
အတူ မြက်ခင်းပေါ်မှချက်ချင်းဆိုသလိုထရပ်သည်။

"ဟယ် ပြန်တော့မှာလား  နေပါဦး အတန်းမရှိဘူးမလား
ငါတို့စပ်စုဦးမယ်လေ...."

"အသိလာလို့ သွားတော့မယ် နောက်နေ့ထပ်ဆုံကြမယ်"

လွယ်အိတ်အားသေချာလွယ်ကာအားလုံးကို
ပြေပြေပြစ်ပြစ်နှုတ်ဆက်ပြီးနောက်အခရာသည်
စောင့်နေသူထံလျှောက်သွားသည်။

"ဘာတွေဖြစ်လို့လဲ ဒီအထိလိုက်လာတာ...."

အခရာသည်တစ်ယောက်ယောက်
တစ်ခုခုများဖြစ်လို့လားဆိုတဲ့
စိုးရိမ်မှုများဖြင့်မျက်နှာချင်းဆိုင်ဆုံသည်နှင့်
မေးလိုက်တဲ့အခါ မျက်နှာသည်ပို၍သုန်မုန်သွားပြီး

"ပြီးနေတဲ့ဟာ ဘာလုပ်နေတာလဲ ကန်တင်းမလာဘဲ
ငါဘာမှမစားရသေးဘူး စောင့်နေတာ
အရင်စားလိုက်ရင်လည်း အရင်စားလိုက်တာလားဖြစ်ဦးမယ်"

တွေ့တွေ့ချင်းတန်းဆူပူလာမှုအသံသည်
အနည်းငယ်မြင့်ပါ၏။ပန်းခြံထဲကလူတစ်စုသည်
သူတို့အားလုံးရှိန်လှစွာသောလွမ်းအခရာအား
မြင်တာနှင့်ပိုင်နိုင်စွာစီးဟောက်လိုက်သော
ကျောင်းသားကြီးအားပြူးပြဲကြည့်လာကြတော့သည်။

အခရာသည် ဗိုက်ဆာ၍စိတ်တိုလာသူအပေါ်
အသံနိမ့်လေဟု အပြစ်မတင်တော့ဘဲပန်းခြံ၏
ခပ်လှမ်းလှမ်းဆီကိုသာမြန်မြန်လျှောက်လိုက်သည်။

"ဆာရင်စားလိုက်ပေါ့ဗျာ ကျွန်တော်ကခင်ဗျားကို
ဘာပြောရမှာလဲ......"

"ဘာလုပ်နေကြတာလဲ မင်းကိုအကုန်ဝိုင်းကြည့်ပြီး
တောင်ပေါ်သားအပြင်မှာမမြင်ဖူးကြလို့လား"

"စာအုပ်ကိစ္စတွေပြောနေကြတာပါ ဘယ်သူက
ဝိုင်းကြည့်နေလို့လဲ ...."

"ငါမြင်တာငါပြောတာထားပါတော့
ဒီလို ဒီကြောင်းကိစ္စတွေရှိတယ်ဆိုငါ့ကိုဖုန်းဆက်လေ
ငါကန်တင်းမှာတစ်ယောက်ထဲလေလွင့်နေတာ
ကြွပ်ကြွပ်အိပ်အလွတ်ကြီးလေပေါ်မှာကျနေရော"

"ဘယ်သူမှမရှိဘူးလား"

"ရှိတယ်လေ ရှိပေမယ့် ...ပွကြီးကလည်းမရှိဘူး
ဖြိုးလေးကလည်း ဆုကိုအချိန်တွေပေးနေရတာ
ငါနဲ့ကိုအတူမထိုင်ဘူး"

"ဆုကခင်ဗျားကိုသိပ်မှမကြည်သေးတာ"

"အဲ့တာကြောင့် ငါပျင်းလွန်းလို့မင်းဆီလိုက်လာတာပေါ့
ပြီးတော့ ငါတို့အတူတူမနက်စာစားနေကြတာကြာပြီလေ
ငါတစ်ယောက်ထဲကျစကားမများရတော့မစားတတ်လို့"

အခရာသည် မင်းရဲရင့်နှင့်ဆန့်ကျင်ဘက်သို့
မျက်နှာလွှဲကာ မသိမသာလေးပြုံးသွားပါ၏။

"ကျွန်တော် မနက်စာစားပြီးရင် စာကြည့်တိုက်သွားမှာ
ခင်ဗျား လိုက်ကြည့်ချင်လား စာအုပ်တွေဖတ်ကြရအောင်လေ"

"စာကြည့်တိုက်....ငါခြေဦးတောင်မလှည့်ဖူးဘူး"

"သဘောပါ လိုက်ချင်မှလိုက်..."

"လိုက်ကြည့်မယ်....မင်းလည်းညနေပွကြီးTraining
ပြန်လိုက်ပေး...."

"အင်း...ဒါပေါ့....."

အထွေအထူးညှိနှိုင်းနေစရာမလိုတဲ့အပေးအယူတွေ
မျှမှုတွေပဲ။အခရာဟာ ထင်သလောက်လူမှုရေးဆက်ဆံရေး
ညံ့ဖျင်းသူတော့မဟုတ်ခဲ့ပါဘူး။ကျွန်တော်ဘာပဲဖြစ်ချင်
ဖြစ်ချင် ဖြစ်စေသတည်းဆိုတဲ့ကောင်လေး။

"ညက ဘောပွဲကြည့်တာ မိုးလင်းပြန်တယ်
ငါ့မျက်လုံးတွေကိုကြည့်ပါဦး ..."

အခရာ့ဘက်သို့ခန္ဓာကိုယ်တစ်ခုလုံးကိုညွှတ်ကိုင်းကာ
သူ့မျက်လုံးတွေကိုစနောက်ဟန်ပြတော့အခရာက
မော့ကြည့်ကာ ပြုံးသည်။

"ဒီဘက်ကပ်လျှောက်...."

ခွင့်ပြုလိုက်ပြန်သောဆိုင်ကယ်တွေသည်
အင်္ဂလိပ်စာဆောင်ကြီးနှင့်မျက်နှာချင်းဆိုင်
ကျောင်းပန်းခြံလမ်းကျဉ်းလေးပေါ်ရှုပ်နေတာမလို့
အခရာက သင်္ချာကျောင်းသားကြီး၏
င်္အကျီစကိုသူ့ဘက်သို့ဆွဲလိုက်သည်။

"ငါ့ဘယ်ကောင်မှ မငြိရဲပါဘူး...ငါဆိုတာမင်းသိတဲ့အတိုင်း..."

"အမယ်လေး ဘုရားသခင်!!!!"

ပြော၍ပင်မဆုံးသေးပွတ်ကာသီကာလုပ်သွားသော
ဆိုင်ကယ်တစ်စီးကြောင့် သင်္ချာကျောင်းသားကြီးသည်
ဖရိုဖရဲဖြစ်သွားကာကြည့်လိုက်တော့နှစ်ယောက်မရှိသော
ရန်ကြွေးမကျေသောကျောင်းသားဖြစ်နေသည်။

"ဒီ သတောင်းစား...."

"ဟေ့လူ ဟေ့လူ ကျောင်းထဲမှာ ကျောင်းထဲမှာ"

တေဇသူသည်ဆိုင်ကယ်ကိုမေဂျာရှေ့ကိုမောင်းသွား
ပြီးနေရာချကာ လိုအပ်တာတွေယူလျှက်
မင်းရဲရင့်ကိုမထီသလိုတစ်ချက်စိုက်ကြည့်ပြီးနောက်
အင်္ဂလိပ်စာမေဂျာဆောင်ထဲသို့ဝင်သွားသည်။

"မင်းလုပ်ရဲတာ မိန်းမလိုမိန်းမရ ဒါမျ်ိုးပဲမလား
သတ္တိရှိရင်ကျောင်းပြင်ထပ်ထွက်လာခဲ့ သောက်ကြောက်"

တည်တည်တင်းတင်းပဲမေဂျာဆောင်၏လှေကား
တွေပေါ်တက်သွားသူသည်ဘာမှတုံ့ပြန်မှုမရှိ။
အခရာသည် သင်္ချာကျောင်းသားကြီးအား
အင်္ဂလိပ်စာမေဂျာနှင့်လှမ်းရာကို
ခက်ခဲစွာဆွဲခေါ်သွားရတော့သည်။

"အဲ့ကောင် ဘယ်လောက်ငါ့အပေါ်ရှုံးရှုံး
သောက်မှတ်က်ိုတကယ်မရှိတာ...."

"အပြင်မှာ ထပ်ငြိရင် ထပ်ချကြမယ်ဗျာ
ကျောင်းထဲတော့ ခင်ဗျားမရမ်းကားနဲ့..."

အင်္ဂလိပ်စာမေဂျာဆောင်ကိုကျောခိုင်းလျှက်
အပင်လေးတွေတွဲလီတွဲလောင်းချိတိဆွဲထားသော
ရုက္ခဗေဒအဆောင်လေးကြားအုပ်ဆိုင်းဆိုင်း
အပင်လေးအောက် အခရာက အားတက်သရော
ရန်ဖြစ်ဖို့ကိုပြောတဲ့အခါ လူရမ်းကားကြီးက
လုံးဝပြုံးသွားသည်။

"လူမိုက်သေးသေးလေး...."

"လူမိုက်က လူမိုက်ပေါ့ ဘာလဲသေးသေးလေး"

"မင်းမသေးလို့လား ...."

မလေးမစားဆက်ဆံခြင်းကိုမကြိုက်ပါ။
အခရာသည်မျက်မှောင်ကျုံ့ကာအဓိပတိလမ်းပေါ်တက်သွားတော့
င်္သချာကျောင်းသားကြီးကရယ်မောကာနောက်ကပြေးလိုက်
တော့သည်။

ထိုရယ်မောပျော်ရွှင်စွာအဓိပတိလမ်းမပေါ်ပြေးတက်
သွားကြသောမြင်ကွင်းအားအင်္ဂလိပ်စာဆောင်၏ဝရံတာမှ
လှမ်းကြည့်နေသောနွေသည်အသက်ရှုမှန်မှန်ဖြင့်
ငြိမ်သက်နေသည်။

"နွေ....."

ငြိမ်သက်နေရာကကြားလာရသောနောက်ဘက်မှ
ခေါ်သံကြောင့်နွေသည်ချက်ချင်းသလိုလှည့်ကြည့်လာသည်။
ခေါင်းစခြေဆုံးအဝါနုရောင်လေးနှင့်နွေသည်
ဤမနက်တွင်အဝါရောင်နှင်းဆီပန်းလေးတစ်ပွင့်နှင့်
အလားသဏ္ဍာန်တူသည်။

"ဘာလုပ်နေတာလဲ....."

"လင်္ကာကိုစောင့်နေတာ ....."

"ကိုယ်မနက်က နွေဘာအရောင်အကြိုက်ဆုံးလဲမေးတာလေ"

"အင်း...."

"ဒါလေး တွေ့လာလို့ ...."

အိတ်လှလှလေးတစ်ခုကိုတေဇသူကကမ်းပေးလာသည်။
ဖွင့်ကြည့်တဲ့အခါ အဝါရောင်ဖဲပြားလေးတစ်ခု။

"နွေ့ ဆံပင်ရှည်တွေကို ဖဲကြိုးတွေ ဖဲပြားတွေ
တပ်ထားရင် သိပ်လိုက်တာပဲ...ကိုယ်နွေ့ရဲ့
ဆံပင်ရှည်တွေကမြင်ထူးသမျှထဲအလှဆုံးပဲ...."

တေဇသူ၏ဂရုစိုက်မှုများသည်တစ်နေ့တခြား
ပို၍အသေးစိတ်လာကာနွေသည်တစ်စုံတခု
ဂရုစ်ိုက်လာတိုင်းမှင်သက်သွားရမြဲ။မမှင်သက်ရ
မနေနိုင်အောင်ကိုတစ်ဖက်ကလည်းဂရုစိုက်ပေးတတ်
ခြင်းတွေမှာအလွန်ကျွမ်းကျင်ခဲ့သည်။

"ကိုယ်ညက ပြောထားတဲ့ "နွေ့ကိုကိုယ်ချစ်တယ်"
ဆိုတဲ့စကားလေ အဲ့တာကိုနွေ့ဘက်ကလက်ခံတဲ့နေ့ကျရင်
ဒါလေးကို ပန်ပြီးကျောင်းကိုလာခဲ့ပေး...."

နွေသည် တေဇသူအား ဖျက်ခနဲမော့ကြည့်လာသည်။
ဆက်တိုက်ဆက်တိုက်သေသပ်တဲ့ချဉ်းကပ်မှုတွေနဲ့
ညတိုင်းသူ့ဖုန်းကိုကိုင်မိခဲ့တာတွေ။တစ်ခါမှမကြုံခဲ့ဖူးတဲ့
ဂရုစိုက်မှုတွေနဲ့ ကိုယ့်ဟာသူ့ရဲအလေးအနက်ထားရာ
မိန်းကလေးတစ်ယောက်ဆိုတာအလိုအလျှောက်ခံစား၍
ရလာမှု။

"နွေ ပန်ဖြစ်လိမ့်မယ်မထင်ဘူး တေဇ....."

လက်မခံဘဲဝရံတာကနွေကဖယ်ခွါသွားတဲ့အခါ
တေဇသူသည် ချက်ချင်းဆိုသလိုနွေ့လက်ကောက်ဝတ်
တွေအားဆွဲထားကာ

"နွေ ပန်လိမ့်မယ်ဆိုတာ ကိုယ်သိတာမလို့
ပေးတာကို ယူလိုက်ပါ"

"ဘာလို့ အဲ့ဒီလောက်ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေရတာလဲ"

"ယုံကြည်မှုရှိနေတာမဟုတ်ဘူး အငြင်းမခံနိုင်တာ
မင်းရဲ့ ခေါင်းကနေ ခြေဖျားအထိ ကိုယ်အသေးစိတ်
ချစ်လို့ အဖြေကိုလက်မခံတာ ကိုယ်စောင့်မယ်
ဘယ်လောက်ပဲဖြစ်ဖြစ် ...နွေဆိုတာ အဲ့ဒီလောက်
လွယ်နေမှာမဟုတ်ဘူးဆိုတာ ကိုယ်တွက်ဆခဲ့ပြီးသားပါ"

နွေ့လက်ထဲကိုအဝါရောင်ဖဲပွင့်လေးအိတ်လေး
ထည့်ပေးလိုက်သည်။နွေသည် သူမအကြိုက်ဆုံး
အရောင် သူမအကြိုက်ဆုံးဖဲပွင့်လေးကိုငေးကြည့်
ရင်းမျက်လုံးတွေသည်အခက်တွေ့နေဟန်
အရောင်အလွန်မှိန်ပြနေသည်။

"အတန်းစတော့မယ် သွားရအောင်လေ...."

နှစ်ယောက်အတူတူကော်ရစ်တာတစ်လျှောက်
လမ်းလျှောက်သွားပြီးအတန်းထဲသို့အတူတူ
ဝင်လာတဲ့အခါ အားလုံး၏ပြုံးစိစိမျက်နှာများ
ကိုရင်ဆိုင်လိုက်ရသည်။

"သိနေတယ် နော် သိနေတယ်....."

နွေသည်ရှက်ပြုံးလေးတချို့ဖြင့်ခုံတွင်သွားထိုင်ပြီး
ဖဲကြိုးအိတ်လေးကိုအိတ်ထဲသို့အသာအယာထည့်
လိုက်တော့သည်။တေဇသူသည် မျက်နှာကိုမော့ကာ
မော်မော်ကြွားကြွားပြုံးနေလျှက်။

_____။

"ရဲကြီး နင်စားသောက်ပြီးရင် မကြီးကိုFacebook Acc
လေးဖွင့်ပေးစမ်းဟယ် သူများတွေသုံးနေတာငါလည်း
ကြည့်ချင်လို့"

"ကျွန်တော်မအားဘူး...Accဖွင့်တာကခုနေ့ဘက်လိုင်းနဲ့က
မရဘူး ညဘက် ကျမှ ဒါတောင်အရမ်းကြာတယ်"

"နင်ဘာလုပ်စရာရှိလို့လဲ ကျောင်းပြေးမှာပဲကို..."

"အခရာနဲ့ စာကြည့်တိုက်လိုက်သွားမလို့..."

မပြန်သေးသောမြတ်သူသည် အခရာ့အားတစ်ဖက်ဝိုင်း
ပေါ်တင်ပြူးကြည့်လာတော့ အခရာသည်ခံစားချက်မရှိ
သောမျက်နှာမျိုးဖြင့်Coffee ကိုသောက်နေသည်။

"မတန်မရာကွာ မင်းအဆင့်နဲ့ စာကြည့်တိုက်တဲ့လား"

ဖြိုးလေးသည်ချိန်းတွေနေရက်ကနေမနေနိုင်
လှည့်ကြည့်လာကာအော်ပြောတော့င်္သချာကျောင်းသား
ကြီးသည်ကြာဇံပြုတ်တွေကိုပါးစပ်ထဲအားရပါးရ
ထိုးထည့်လိုက်ကာ

"ငါ့အဆင့်နဲ့ကရတယ် မင်းလိုအောက်တန်းစားသာဝင်မရတာ"

"အခရာ ကိုယ့်ဘဝနဲ့ကိုယ်အေးအေးနေနော်
မင်းလုပ်သမျှ ဒီကောင့်ကိုလျှောက်မခေါ်နဲ့
ငါတို့လူအကြောင်း ငါတို့သိတယ်...."

အခရာသည် ပြုံးယဲ့ယဲ့ဖြင့်ဖြိုးလေးအားခေါင်းငြိမ့်
ပြကာ စာကြည့်တိုက်သွားဖို့ရန်ငွေရှင်းဖို့ထသည်။
သင်္ချာကျောင်းသားကြီးသည်လက်စသတ်အားလုံး
ပါးစပ်ထဲထိုးထည့်ကာအခရာငွေရှင်းပြီးချိန်တွင်
သွားဖို့ရန်အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။

"ကိုရဲရင့် က ခုနောက်ပိုင်းတွေ အခရာ့နားကခွါတယ်
မရှိဘူးနော် ကိုဝေယံတို့ ကိုဖြိုးလေးတို့နဲ့တောင်
သိပ်မတွေ့ရဘူး အရမ်းခင်မင်သွားကြတာပဲရှင်
အဲ ဗျာ....."

မြတ်သူသည် သွားဖို့ရန်ပုဆိုးခပ်တိုတိုစည်းနေသော
သင်္ချာကျောင်းသားကြီးအားပြုံးပြုံးလေးလှမ်းမေးတဲ့
အခါ  င်္သချာကျောင်းသားကြီးကလည်းပြန်လည်ပြုံးပြကာ
ခေါင်းငြိမ့်ပြသည်။

"ဒါနဲ့မနက်ဖြန် မိဆု မွေးနေ့ဇလွန်သွားမှာ
မြတ်သူလိုက်မယ်မလား...."

"ခေါ်ရင်ပေါ့ မငြင်းနိုင်ပါဘူး"

"မခေါ်စရာလား သူသူရယ် ငါမပြောသေးတာ
နင်စကားမပြတ်သေးလို့ပါ မနက်ငါတို့တစ်အုပ်စုလုံး
သွားကြမှာ ပျော်စရာကြီးလိုက်ကိုလိုက်ခဲ့ရမယ်"

ဆုသည်ဆိုင်၏ရှေ့ဘက်မှလှမ်းပြောတော့
မြတ်သူသည်သွားရလာရတော့မှာမို့အလွန်ပျော်သွားသည့်ဟန်။

"အခရာရော လိုက်မှာမလား"

"လိုက်မှာ သူ့အဖေကမလွှတ်ဘူးလုပ်နေတာ
အဲ့တာ မနည်းပြောပြီး လိုက်ခိုင်းထားရတယ်
ဒီလောက်တန်ခိုးကြီးတဲ့ဘုရားဖူးရမယ်လေ"

အခရာသည်လွယ်အိတ်တွေပစ္စည်းတွေယူနေသည်။
ပြန်ဖြေသူကသင်္ချာကျောင်းသားကြီးဖြစ်ပါ၏။

"အော်......ဟုတ်"

"ငါတို့သွားပြီဖြိုးလေး ပွကြီးလာရင် ညနေTraining
ငါတို့ လာမယ် စောင့်နေလို့...."

"အော် ညနေကျ အတူထပ်ပြီးသွားကြဦးမှာလား
ဘယ်အချ်ိန်ခွဲကြလဲဟင်...."

မြတ်သူသည် မသိကျိုးနွံ့ဥာဏ်မမှီသလို
နားမလည်သလိုမျက်လုံးလေးကလည်ကလည်
ဖြင့် မေးလာတဲ့အခါ လွမ်းအခရာ၏အေးတိအေးစက်
မျက်လုံးတွေသည်တည့်တည့်ကြီးသူ့ဆီရောက်လာပြီဖြစ်သည်။

"ဘာလုပ်မလို့လဲ မင်းလိုက်ချင်လို့လား မြတ်သူ"

"ဟယ် မထော်ပါ ယောကျ်ားတွေအများကြီးကို
ငါ့ရည်းစားက သဝန်တိုတယ်"

"အဲ့တာဆို မမေးနဲ့...."

"ကြီးကျယ်လိုက်တာရှင် စိတ်ကြီးကိုမတရားဝင်နေတော့တာပဲ"

"ခင်ဗျားစကားပြောဦးမယ်ဆို ဖြေးဖြေးလိုက်လာခဲ့
ကျွန်တော်သွားနှင့်ပြီ....."

"မပြောပါဘူး အတူတူသွားမယ်...."

ထွက်သွားသောအခရာ၏နောက်ပြေးလိုက်သွား
သောသူကိုကန််တင်းတစ်ခုလုံးလှမ်းကြည့်နေကြကာ
စာကြည့်တိုက်သွား၍အံ့ဩသူကအံ့ဩနေပြီး
မအံ့ဩနေသူကမအံ့ဩနေ။ တွေးနေသူကတွေးနေပြီး
ရဲကြီးငါတို့ထက်အခရာ့ကိုပိုခင်သွားတာလားဟု
သဝန်တိုနေသူကတိုနေခဲ့သည်။

တက္ကသိုလ်ကျောင်းသားလေးနှစ်ယောက်၏
ခြေလှမ်းတွေသည် မလှမ်းမကမ်းရှိတက္ကသိုလ်စာကြည့်
တ်ိုက်ကြီးဆီသို့....။

အဖြူရောင်ဆေးတွေညီညာနေအောင်သုတ်ထားသည့်
ဟင်္သာတတက္ကသိုလ်စာကြည့်တိုက်ကြီးသည်အလွန်လှသော
အဆောက်အဦးတစ်ခုဖြစ်သည်။ခေါတ်အခါရ
စာဖတ်ခြင်းအလေ့အထတွေနည်းပါးလွန်းသွားတာ
ကြောင့်အမြဲစည်ကားနေတတ်သည့်နေရာတစ်ခုတော့
မဟုတ်ခဲ့ပေမယ့်နေ့စဉ်နဲ့အမျှတော့စာဖတ်ဝါသနာပါသူ
ကျောင်းသား/သူတချို့ဝင်ထွက်နေတတ်သည်။

အခရာသည်စာကြည့်တိုက်ထဲသို့ရှေ့ကဦးဆောင်
ဝင်သွားသည်။အိတ်တွေကိုLockerထဲသို့သိမ်းဆည်းပြီး
နာမည်ဖြည့် လက်မှတ်ထိုးပြီးနောက်နှစ်ယောက်အတူတူ
စာကြည့်တိုက်ထဲသို့ဝင်သွားခဲ့သည်။

တက္ကသိုလ်စာကြည့်တ်ိုက်သည်သင်္ချာဆောင်နှင့်
မျက်စောင်းထိုးအလွန်နီးသောနေရာတွင်တည်ရှိသည်။
အနီးဆုံးနေရာသည်ဘယ်တော့မှရောက်ဖြစ်လိမ့်မည်
မထင်သောနေရာလည်းဖြစ်သည်။
စိတ်ထဲဘယ်သူတွေဤပျင်းစရာနေရာကိုသွားကြမှာလဲ
ဟုဝေဖန်ဖူးခဲ့ပေမယ့် အထဲတွင်ကျောင်းသား/သူ
တချို့ရှိနေပါ၏။

အလွန်အေးစိမ့်ကာ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး
စာဖတ်နေသူများသည်ကျောက်ရုပ်တွေအလား
ထင်မှတ်လောက်အောင်ငြိမ်သက်စွာစာအုပ်တွေအပေါ်
အာရုံစိုက်နေကြလျှက်။

"တ်ိတ်တိတ်နေရမယ်နော် လုံးဝစကားကျယ်ကျယ်
ပြောလို့မရဘူး ဆူညံတဲ့အသံတွေလုပ်လို့မရဘူး"

"အေးပါ ဒီလောက်စာတွေရေးထားတာ ငါဖတ်တတ်ပါတယ်"

"အင်း ....."

"ခင်ဗျား ဘာဖတ်ချင်လဲ....သင်္ချာနဲ့ပတ်သတ်တာ
တစ်ခုခုလေ့လာမလား...."

"တော်စမ်း စာသင်နေရတာတင်စိတ်ကုန်လွန်းလို့ ..."

စာဖတ်ရန်နေရာတစ်ခုတွင်အတူတူသွားထိုင်လိုက်ကြသည်။
ပုံမှန်ဆိုတစ်ယောက်စာစီနေရာလုပ်ထားသော်လည်း
သင်္ချာကျောင်းသားကြီးသည်သူနှင့်အလွန်မအပ်စပ်
စိမ်းသက်လွန်းသည့်နေရာမို့အခရာအနားကိုပဲကပ်၍
ထိုင်ကာနှစ်ယောက်စားပွဲလေးတစ်ခုဖြစ်လာသည်။

"စာဖတ်ရမှာကိုပျင်းရင် ရုပ်ပုံတွေနဲ့တွဲလေ့လာရတဲ့
အပိုင်းတွေ ကြည့်ကြည့်ပေါ့"

"အေး...အေး မင်းအဆင်ပြေတာလုပ်"

အခရာသည် ရုပ်ပုံတွေအများကြီးပါသည့်
ဗဟုသုတပေါင်းများစွာရမည့်စာအုပ်ကြီးတစ်အုပ်အား
မင်းရဲရင့်ရှေ့သို့လာချပေးသည်။သူ့အတွက်
အတွေးအခေါ်အတွက်အထောင့်အပံ့ရမည့်
စာအုပ်တစ်အုပ်ကိုယူလာကာစတင်ဖတ်ဖို့ပြင်ဆင်သည်။

"ဖတ်တော့လေ ကျွန်တော်ဖတ်ပြီ"

"အော်....အင်း......"

ဘယ်လိုနေနိုင်ကြတာများလဲ။ငြိမ်သက်တိတ်ဆိတ်
နေကာ ဤအခြေအနေသည်အလွန်ပျင်းရိစရာ
ကောင်းနေတာမျ်ုးမဟုတ်ဘူးလား။စာ
မဖတ်ရသေးငိုချင်လာပြီဖြစ်သည်။
Introvert တွေသည် အလွန်ထူးဆန်းထွေလာ
လူအုပ်စုများဖြစ်ကြပါ၏။

သို့သော် လိုက်လာမိပြီဖြစ်တာမလို့
စာဖတ်ဖို့လိုအပ်သည်။ရွေးပေးထားသော
စာအုပ်ကိုဖွင့်ကာ ကမ္ဘာ့ဗဟုသုတအကြောင်းအရာ
တွေကိုတစ်ရွက်ချင်းလှန်လျှက်စတင်လိုက်ဖတ်ရတော့သည်။

စာဖတ်နေရင်းက မသိမသာဘေးသို့စောင်းငဲ့
ကြည့်မိတဲ့အခါ စာရွက်တစ်ရွက်ချင်းကို
စင်းလာသောမျက်လုံးတွေနဲ့လှန်နေသူသည်
အခရာ့ကိုစာဖတ်နေရင်းပြုံးမိသွားစေသည်။

"အိပ်ငိုက်နေတာလား...."

"မဟုတ်တာ အာရုံစိုက်နေတာ...."

အခရာသည် တိတ်တဆိတ်ထပ်၍ပြုံးသွားကာ
ကိုယ့်စာအုပ်ဆီကိုပြန်၍အာရုံစိုက်နေလိုက်သည်။
အချ်ိန်တွေသည်တရွေ့ရွေ့။စာဖတ်ပြီးသူများ
ထွက်သွားကြကာ တချိူ့ထပ်ဝင်လာသည်။
တချို့ကစာအုပ်ငှါး၍ပြန်ထွက်သွားကြကာ
အခရာသည် လုံးဝစိတ်အာရုံတစ်ခုလုံး
စာအုပ်ထဲသို့နစ်မြုပ်နေပါ၏။

အချိန်သည် နာရီဝက်မှ ၄၅မိနစ် ၄၅မိနစ်မှ
၁နာရီ ၁နာရီမှ ၁နာရီခွဲလောက်အထိ
အာရုံစိုက်ဖတ်ပြီးတဲ့အခါ စာအုပ်သည်
သူ့စာဖတ်နှုန်းမြန်ဆန်မှုအရ သူလိုချင်သော
Point များအထိကိုရောက်လာကာ ခေတ္တနားရန်
ဘေးကိုကြည့်လိုက်ချိန်တွင် Page 5
ဆိုသော စာရွက်ပေါ်မျက်နှာတခြမ်းလှဲကာ
နှစ်နှစ်ခြိုက်ခြိုက်အသက်ရှုမှန်မှန်အိပ်ပျော်နေသောသူအား
တွေ့လိုက်ရသည်။

စာမျက်နှာ၅မျက်နှာကိုပဲသူဖတ်ပြီးအိပ်ပျော်သွားတာက
ရယ်ချင်စရာကောင်းမနေဘူးလား။သူနှင့်မအပ်စပ်သော
နေရာသူ့နယ်ပယ်မဟုတ်သောအရပ်မှာကြိုးစားပမ်းစား
စာမျက်နှာ၅ခုအထိတော့အံဝင်ခွင်ကျဖြစ်အောင်
နေထိုင်ပြီးအရှုံးပေးသွားခဲ့တာ။

အခရာသည် ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ကာ
အိပ်နေသူအားကြည်လင်နေသောမျက်ဝန်းတွေဖြင့်
ငေးစိုက်လာသည်။အိပ်ဖို့ခက်ပါသည်ဆိုပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်နေပြန်သောမျက်နှာချောချော
ကိုမေးထောက်လျှက်အကြောင်းပြချက်မဲ့
ထိုင်ကြည့်နေလိုက်သည်။

မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီအား
စေ့စေ့စပ်စပ်ထိုင်ကြည့်နေကာကြားနေရသော
အသက်ရှုသံတိုးတိုးသည်နှလုံးခုန်သံမြန်မြန်
တွေအားတစ်ဆက်ထဲဖြစ်လာစေလျှက်။

ဒီထက်လွတ်လပ်သည့်နေရာမရှိ။
ဒီထက်လုံခြုံသည့်နေရာမရှိ။
သူ့မျက်နှာကို ထိုင်ငေးရခြင်းမှာ
Library မို့ဘာတစ်ခုမှအနှောက်အယှက်တို့ရှိမနေပါ။

ကြည့်နေရင်းနဖူးပေါ်ရှုပ်နေသည့်ဟုထင်သော
ဆံပင်တွေအား ဖွဖွလေးဖယ်ရှားပေးလိုက်တော့
သတိကောင်းသူသည်ဆက်ခနဲဖြစ်ကာလှုပ်ရှားလာသည်။
မြန်ဆန်စွာပါးတစ်ဖက်ပေါ် တဖွဖွပုတ်ပေးလိုက်တော့
အသက်ရှုသံတွေပြန်မှန်သွားကာပို၍နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားသည်။

"လှတယ်......ခင်ဗျားက သိပ်လှတာပဲ ရင့်"

ပါးပေါ်ကလက်တွေကိုမဖယ်ခွါသေးဘဲ
စိုက်ငေးလျှက်နှုတ်ဖျားကတိုးတိုးလေးဖွင့်ဟ
လာသံသည်ညှင်သာလွန်းခဲ့သည်။

အလွန်အမင်းရုန်းကန်ဝမ်းနည်းနေခဲ့ရာက ဤမျက်နှာဟာ
မျက်စိရှေ့တည့်တည့်လာဆန်းကြယ်ပြနေတော့
ရယ်စရာကောင်းမှုနဲ့ချစ်စရာကောင်းမှုရောနှော
နေသော စာမျက်နှာ၅ခုတွင်အိပ်မောကျပြသွားတော့
နှလုံးသားသည်ဝမ်းနည်းပြနေလည်းမထူးတော့ကြောင်း
အလံဖြူပြလာသည်။

ကျဆုံးသွားမှုဟာကျဆုံးသွားမှုပဲပေါ့။
အရှုံးပေးလိုက်ရခြင်းဟာအရှုံးပေးလိုက်ရခြင်းပေါ့။
ပျော်ဝင်ငေးမောနေရခြင်းတွေနဲ့တစ်နေကုန်ဆိုလည်း
ထိုင်ကြည့်ချင်နေသောစိတ်ဟာခက်လိုက်တာ။
အချစ်ဟာ အချစ်ပဲပေါ့ အခရာရယ်.....။

အခရာသည်နောက်စာအုပ်တဝက်၏အချိန်တွေအားလုံး
နှစ်ယောက်လုံး၏နေ့လည်၁နာရီ
Tutorial အချ်ိန်အထိ အိပ်နေသူကိုထိုင်ကြည့်
နေခြင်းဖြင့်ကုန်ဆုံးခဲ့တော့သည်။

အခိုက်အတန့်တွေဟာ ရိုးရှင်းစွာ။
အခိုက်အတန့်တွေဟာ ငြိမ့်ငြောင်းစွာ။
အခိုက်အတန့်တွေဟာ နွေဦးအလည်မှာ....။

____

ညနေစောင်းတွင်တော့ မနက်ကနှင့်ဆန့်ကျင်ဘက်
ပွကြီး၏ Training ကိုနှစ်ယောက်အတူထပ်ရောက်ခဲ့
ကြပြန်ကာ အတူတူအော်ဟစ်ဆူညံစွာအားပေးခဲ့သည်။

ထို့နောက် ထုံးစံအတိုင်း ဆိုင်ကယ်ကိုယ်စီဖြင့်
ညဦးပိုင်းတွေမှာမြို့ထဲအုပ်စုလိုက်လျှောက်လည်ကာ
သွားလာစားသောက်ကြပြီးညဉ့်နက်လာလျှင်
မြို့ပတ်လမ်းတွင်ဆိုင်ကယ်ပြိုင်မောင်းခြင်းဖြင့်
အချ်န်ဆက်ကုန်ခဲ့ကြသည်။

မြတ်သူမေးခဲ့သောမေးခွန်းဖြစ်တဲ့ဘယ်အချ်ိန်ခွဲကြလဲ
ဆိုပါက ခွဲခွါချိန်သည်အခရာအဆောင်ပိတ်ချိန်၏
နောက်ဆုံးမိနစ်တွေဖြစ်သည်။

ဟင်္သာတတက္ကသိုလ်အတွင်းဆောင်အပေါက်တွင်
ဆိုင်ကယ်ရပ်လာသည်။

"ကျွန်တော်ဝင်တော့မယ်"

"မနက်စောစောထွက်လာခဲ့နော် ထွက်တာနောက်ကျရင်
နေပူမှာ....."

"အင်း....."

"ဝင်တော့ အရမ်းမှောင်တဲ့နေရာတွေသတိထားသွား"

"အင်း.....သွားပြီ....."

လက်ပြနှုတ်ဆက်ကာကျောင်းထဲတရွေ့ရွေ့ဝင်သွား
သောကောင်လေးကိုမင်းရဲရင့်သည်မြင်ကွင်းမှ
ပျောက်ကွယ်သွားသည်အထိစောင့်ပေးပြီးမှ
ဆိုင်ကယ်ကိုကွေ့ကာတက္ကသိုလ်ဆီမှထွက်ခွါသွားသည်။

အခန်းတံခါးဖွင့်ကာအိပ်ရာထဲလှဲချရုံတွင်
ဖုန်းသံကြားလာရသည်။

"အခန်းထဲရောက်နေပြီလား...."

"အင်း...ရောက်ပြီ......."

"အင်း အဲ့တာလှမ်းမေးတာ ဒါပဲနော်"

မြတ်သူသည် အိပ်ရာထဲတွင်ခြေကုန်လက်ပန်း
ကျနေပုံပေါ်သောသူငယ်ချင်းအားကြည့်ကာ
ခေါင်းခါမိသည်။ သူခေါင်းခါမှုအပေါ်
စူးခနဲကြည့်လာတာကြောင့်မြတ်သူသည်
စာသာပြန်ကျက်နေလိုက်ရသည်။

ဝန်လည်းမခံ လုပ်နေတာတွေအကုန်
လုံးကျတော့လည်းတလွဲတွေချည်းပဲ.....။
လွမ်းအခရာသည် အလွန်ကိုမှအကြောတင်းတင်း။

____________။

ပျင်းစရာကောင်းနေမှာပဲ။ပျင်းစရာမကောင်းတော့မယ့်
အပိုင်းတွေအတွက်သေချာတည်ထားတယ်လို့ပဲ
နားလည်ပြီးဖတ်ပေးကြပါ။ထင်သလောက်ကြီး
ရိုးရိုးရှငိးရှင်းသွားမယ့်ဇာတ်လမ်းမျိုးတော့လည်း
မဟုတ်ပါဘူး။ဒီနေရာတွေမှာသေချာခဲ့မှလုံလောက်ခဲ့မှ
နှောင်းပိုင်းတွေမှာရေးလို့အဆင်ပြေမှာမို့ပါ။

၁ပိုင်းလောက် ငြိမ့်ငြိမ့်လေးသွားကြပြီးရင်တော့
ကိုဆွေကြီးကို ကိုဆွေကြီးကဝင်ပူးပြီမလို့
တကယ်ရေးရတော့မယ့်နေရာတွေရောက်ပြီလို့ပဲ
အကြောင်းလေးကြားပေးချင်ပါတယ်။

တဆက်ထဲ ကလေးအမေမို့အစိုးမရတဲ့နေ့တွေ
ကြောင့်Update အချိန်မမှီန်ိုင်ခဲ့ရင်နားလည်ပေးကြဖို့လည်း
တောင်းဆိုချင်ပါတယ်🤍

Bạn đang đọc truyện trên: AzTruyen.Top