အပိုင်း(၁)

၂၀၁၄ခုနှစ်။ January ။ဟင်္သာတတက္ကသိုလ်။

"သင်္ချာ သင်္ချာ သင်္ချာ!!!!!!"

"ဓာတု ဓာတု ဓာတု လာမတုနဲ့ ဓာတု!!!!"

တက္ကသိုလ်ပထမတစ်ဖြတ်ဘောလုံးပွဲနေ့ရက်တွေက
အလွန်စည်ကားပြီးပျော်စရာကောင်းတတ်ကြတယ်။
ကွင်းပတ်ပတ်လည်ဆရာ/မတွေမေဂျာကိုယ်စီက
ကျောင်းသားအကုန်လုံးရောက်နေတတ်ပြီးကိုယ့်မေဂျာ
ကိုယ်ရေကုန်ရေခမ်းဆိုတဲ့စိတ်တွေနဲ့အကြီးအကျယ်
အားပေးတတ်ကြတာကနှစ်စဉ်နှစ်တိုင်း။

စိတ်တွေဟာပုံမှန်ထက်ပိုကြွပြီးပိုပျော်နေတတ်ကြသလို
တက္ကသိုလ်ဆိုတဲ့အနှစ်သာရကလည်းအားကစားပွဲ
တွေရဲ့အားပြိုင်မှုတွေအပေါ်အများကြီးသက်ရောက်
မှုရှိတာမလို့လုံးဝမြိုင်မြိုင်ဆိုင်ဆိုင်ကိုဖြစ်နေကြသည်။

ယှဉ်ပြိုင်နေသောမေဂျာ၂ခုသည်တက္ကသိုလ်ရဲ့
မေဂျာကြီးတွေထဲပါဝင်ပြီးတစ်သက်လုံးမတည့်လာ
ကြသောမေဂျာနှစ်ခုဖြစ်နေသည်။ဗိုလ်လုပွဲဖြစ်တာ
ကြောင့်တစ်ကျောင်းလုံးလိုလိုဘောလုံးကွင်းကို
ရောက်နေကာအပြင်လူများပင်ကျောင်းပြင်ခြံစည်းရိုး
မှလာရောက်ကြည့်နေကြသည်အထိအားပြိုင်မှုသည်
အလွန်ကြီးမားနေသည်။

၁ဂိုး ၁ဂိုးဖြင့်သရေဖြစ်နေပြီးကစားသမားသည်လည်း
ရေကုန်ရေခမ်းကြိုးစားနေကြလျှက်။

"ဓာတု လာမတုနဲ့ ဓာတုလာမတုနဲ့ !!!!"
စည်သူရေ တစ်ဂိုးလောက် !!!!!

အသံကုန်အော်နေသောဓာတုဗေဒကျောင်းသူ
လေးများသည်Chemistry ဆိုသောနှာဖူးစည်း
စများကိုတင်းနေအောင်စည်းထားကာ
စီးထားသောဒေါက်ဖိနပ်များဒေါက်ကျိုးလောက်
သည်အထိခုန်ပေါက်အော်ဟစ်နေကြသည်။

"သင်္ချာ သင်္ချာ!!!!"

င်္သချာဘက်ကလည်းမလျှော့ပါ။ဓာတုဘက်က
အသံတွေကိုဖုံးအောင်အပြိုင်အဆိုင်အော်ကြလျှက်
ပွဲသည်မိနစ်တွေကုန်လာလေစိတ်လှုပ်ရှားမှုများလာလေလေ
ဖြစ်ကာတန်ပိုအမြင့်ဆုံးကိုရောက်လာသည်။

"ပွကြီးရေ!!!!မင်း ဘာတွေလုပ်နေတာလဲ
ခွေးတွေဖြစ်တော့မှာပဲ ဟိုဘက်ကိုပို့လေကွာ
မင်းအဖေတွေက လူချပြီး ဆော့နေတာကွ
ဒိုင်က လည်းကူသေး....."

အပြိုင်အဆ်ိုင်အားပေးနေသည့်ကြားထဲက
ခပ်ကျယ်ကျယ်အသံတစ်ခုသည်တိုးထွက်လာသည်။
ဘောလုံးကွင်းစည်းပြင်မြက်ခင်းတွင်ကျကျနန
ထိုင်ကာင်္သချာကကစားသမားတစ်ယောက်ကို
အားမလိုအားမရအော်ဟစ်နေသောသင်္ချာကျောင်းသား
တစ်ယောက်။

"ချပြန်ပြီ!!!!!ဒိုင်လူကြီးကမမြင်ဘူးလား!!!
ဂုတ်က ကိုင်ပြီး ပြရမှာလား သောက်တလွဲပါကွာ
အော်ဆဲရရင် မကောင်းဘူး!!!!"

"ဟဲ့ နင်ဘာစကားပြောတာလဲ !!!
ဘယ်သူကချနေလို့လဲ နင်တို့လူတွေကခြေမခိုင်နေတာကို"

သူလာအော်နေသောနေရာသည်ဓာတုနှင့်သင်္ချာ
ကြားနယ်စပ်နေရာဖြစ်နေတာကြောင့်
ဓာတုဗေဒကအကြီးအကျယ်အားပေးနေသော
ကျောင်းသူမလေးများကြားကာမျက်စောင်းများ
ဝိုင်းထိုးခြင်းကိုခံရတော့သည်။

"ခြေမခိုင်ဘဲ ဘောကန်မလား
နင်တို့ဓာတုကောင်တွေ ညစ်နေတာအကုန်သိတယ်"

"မသိပါဘူး  နင့်ဟာနင်တစ်ယောက်ထဲသိနေတာ
ကိုယ့်မေဂျာမှကိုယ်အားမနာ ဆဲဆိုနေတာ"

"ငါ ဘာဆဲရသေးလို့လဲ ငါ့ဟာငါ
ငါ့သူငယ်ချင်းငါလှမ်းအော်နေတာ..."

"အဲ့တာဆိုလည်းနင့်သင်္ချာကလူတွေနားသွားအော်ပါလား
ငါတို့နားလာမအော်နဲ့လေ"

"ဒီနေရာကသေချာမြင်ရလို့လေ ဒီမြေနင်တို့မေဂျာက
ဝယ်ထားလို့လား စွာစိကိုလန်နေတာပဲ"

"ဟဲ့ ယောကျ်ားကြီးဖြစ်ပြီးစွာနေတာနင်နော်
သွား သွား နင့်ဘက်နင်သွားအော်"

"မအော်နိုင်ပါဘူး ဒါငါ့နေရာ ပွဲစထဲက
ထိုင်ဆဲနေတာ နေသားကျနေပြီ
သွားချင်းသွား နင်တို့သွားကြ!!!"

"ထားလိုက်စမ်းပါ ပိုးပိုးရယ်
ကပ်ကပ်လန်နေတာကို ရှုံးမဲမဲနေတာ
ငါတို့နိုင်မှာ သူကြိုသိနေတဲ့ပုံပဲ...
မနှစ်ကလည်း ဒီလိုပဲလေ..."

"ဘာ !!!"

သရေဖြစ်နေတာရယ် ဒိုင်ကတစ်ဖက်ကိုပါနေတယ်
လို့စိတ်ကထင်နေတာရယ် ပွကြီးခြေစွမ်းမပြန်ိုင်
ရယ် မနှစ်ကဆိုတော့စကားကြောင့်စိတ်လွတ်စွာ
ချက်ချင်းမတ်တပ်ထရပ်မိသည်။

ထိုင်နေတုန်းတော့မသိသာရုတ်တရက်မတ်တပ်ထရပ်
လိုက်တော့သူမတို့မော့ကြည့်ရင်တောင်
ကြာကြာကြည့်လျှင်လည်ပင်းငြောင်းလာနိုင်သည့်
အရပ်အမောင်းနှင့်င်္သချာကျောင်းသားကြီးသည်
ဒေါသတွေနှင့်။

ထိုင်နေတုန်းကရန်တွေ့ရတာအဆင်ပြေနေပေမယ့်
သူထရပ်လိုက်ချိန်တွင်ကောင်မလေးတွေ၏
သာလိကာလိုအသံဆာဆာလေးများခေတ္တတိတ်သွားကာ
သူ့ကိုအုပ်စုလိုက်ပြူးကြည့်လာကြသည်။

"ငါ့မေဂျာမှာငါဘာကောင်လဲမသိဘူးထင်တယ်
အရပ်ပုတဲ့မေဂျာကဖြစ်နေလို့နင်တို့အကုန်လုံး
ကိုခွင့်လွှတ်ပေးလိုက်မယ် နောက်တစ်ခါမနှစ်က
ကိစ္စကို အစဖော်ရဲဖော်ကြည့် ငါ့အကြောင်းသိစေရမယ်"

"ဘာ..ကို သိ..."

"လာစမ်းပါဟယ် ဟိုဘက်သွားအားပေးရအောင်
သူ့ဟာသူ ဦးနှောက်မပြည့်လို့Chemistry တွေ
ကြားထဲလာအော်နေတာ ဖက်ဖြစ်မနေနဲ့"

အလွန်စွာသောပိုးပိုးဆိုသည့်ကလေးမကို
သူငယ်ချင်းတစ်ယောက်မှဆွဲခေါ်သွားသည်။
ရုပ်ကလေးတွေမှုံနေအောင်ချောနေရက်နဲ့
ကြည့်မရဆုံးဓာတုဗေဒကဖြစ်နေခြင်းသည်
အလွန်ကိုမှနှေမြောစရာ။

"သင်္ချာ သင်္ချာ သင်္ချာ!!!!!!"

ထွက်သွားသောအစွာမလေးကြားအောင်
အော်ကျန်ခဲ့သူသည်နှုတ်ခမ်းတွေတွန့်ကွေးသွားလျှက်။

မထူးမပါးနှုတ်ခမ်းတွေသည်သေသပ်သော
တည်ဆောက်ပုံများဖြင့်ရယ်လိုက်လျှင်
သူ၏မျက်နှာကိုအလုံးစုံပြောင်းလဲနိုင်စွမ်းရှိ
သည့်နှုတ်ခမ်းမျ်ိုးဖြစ်သည်။

"မင်းအရပ်ကြီးနဲ့ မတ်တပ်မရပ်နဲ့လေကွာရဲကြီးရာ
ငါတို့ဘာကြည့်ရတော့မှာလဲ..."

ထိုင်ပြန်တော့လည်းတစ်ဒုက္ခ ထပြန်တော့လည်း
နောက်ကကျောင်းသားတချို့၏အော်သံကြောင့်
ချက်ချင်းပြန်ထိုင်လိုက်ရသည်။
မြက်တိုမြက်စတွေကလည်းပုဆိုးကိုကျော်ကာ
ထိုးနေလိုက်ချင်းမသက်သာပါ။

နောက်ဆုံးမိနစ်တွေအထိသရေဖြစ်နေဆဲ။
ပွကြီး၏ခြေစွမ်းသည်လည်းပြန်တက်လာကာ
သင်္ချာဘက်ကအနည်းငယ်အသာပြန်ရသည်။
သရေကျလို့တစ်ယောက်ချင်းကန်ရရင်
သေချာပေါက်သင်္ချာကလူများသည်ပို၍
တိကျကြတာမို့ဒီနှစ်ဒိုင်းကသင်္ချာပဲ။

မနှစ်ကရှုံးကြွေးကိုဒီနှစ်အားရပါးရဆပ်၍
ရသည်မို့စိတ်ရောကိုယ်ပါနှစ်ကာသူ
ပြင်းပြင်းထန်ထန်ကိုအားပေးနေသည်။
မနှစ်က ဘယ်လောက်များနာကျင်ခဲ့ရလဲ။
ခြေချင်းဝတ်ကအမာရွတ်လေးကိုငုံ့ကြည့်ကာ
ပုဆိုးဖြင့်ခပ်မြန်မြန်ဖုံးလိုက်ပြီးဆက်အော်အားပေးနေသည်။

အချိန်ပိုကိုရောက်သွားတဲ့အခါပို၍စိတ်လှုပ်ရှား
လာရပြီးကစားသမားများကလည်းနောက်ဆုံး
မိနစ်တွေအထိအကြိတ်အနယ်။

"သင်္ချာ !!!သင်္ချာ !!!!!"

အသံကုန်အော်ဟစ်နေတုန်းမှာပဲ
ဘောလုံးသည်Chemistry ကစားသမား
တစ်ယောက်၏ခြေထဲသို့ရောက်သွားသည်။
ထိုကစားသမားသည်ဓာတု၏အကောင်းဆုံး
ကစားသမားဟုသတ်မှတ်ထားသူမို့အကောင်းဆုံး
ပီသစွာလိမ်ပတ်လျှက်ဂိုးဆီကိုသယ်ဆောင်သွားနေသည်။

"ဟေ့ကောင်တွေ....ဟေ့ကောင်တွေ!!!!!!
လုပ်ကြဦး!!!! လုပ်ကြဦးဟ!!!!"

"ဟာ..."

"ဂိုး!!!!!!!!!!!"

ဘောလုံးသည်ဂိုးတိုင်ထဲသို့တန်းမတ်စွာဝင်သွားခဲ့ပြီ။
ဓာတုဗေဒဘက်ကသကြောက်စရာကောင်းလောက်
အောင်ထွက်လာသောအသံအကျယ်ကြီးသည်
တက္ကသိုလ်တခွင်အထိပြန့်နှံ့သွားလျှက်။
ဖုန်တွေထအောင်ပင်ထအော်ကာကခုန်ကြတော့သည်။
အချ်ိန်ပိုမိနစ်ကျမှဝင်သွားခဲ့သောဂိုးအပေါ်မယုံနိုင်
သူသည်ကြောင်အအကြည့်နေကာမျက်လုံးတွေ
အသက်မဲ့သွားလျှက်။

ချက်ချင်းနီရဲကာတက်လာသောမျက်သားတွေသည်
မထင်မှတ်ထားသောအခြေအနေအပေါ်
မခံစားနိုင်မှန်းသိသာလှပါသည်။

တစ်ဖက်ကငြိမ်ကျသွားပြီးတစ်ဖက်က
ကခုန်နေကြသောမြင်ကွင်းသည်
ဘောလုံးပွဲတိုင်းမြင်ရတတ်သောမြင်ကွင်းတစ်ခု။

အနည်းငယ်အချိန်ကုန်သွားတဲ့အခါဘောလုံးပွဲ
သည်ပြီးသွားခဲ့ပြီ။အနိုင်အရှုံးသည်တစ်ဂိုးအကွာ
ဖြင့်ပေါ်သွားခဲ့ပြီ။

ပွကြီးကိုလှမ်းကြည့်လိုက်တဲ့အခါကွင်းပြင်သို့
ပြန်ထွက်မလာမြက်ခင်းပေါ်ပက်လက်လှန်ကာ
ငြိမ်သက်နေသည်။

ပွဲပြီးသွားပြီမို့အားပေးသူများသည်တရွေ့ရွေ့
ဖြင့်ကိုယ်စီကိုယ်စီပြန်သွားကြကာ
ဒိုင်ဆုပေးခြင်းနှင့်ဒုတိယဆုအတွက်ကစား
သမားနှင့်မပြန်ကြသေးသောကျောင်းသားတွေ
ကျန်ခဲ့သည်။

"ရဲကြီး မင်းကအဲ့လိုဖြစ်မနေနဲ့လေကွာ
ပွကြီး ပိုစိတ်ထိခိုက်မှာပေါ့ ကျောင်းပွဲလေးပဲကွာ
သူများတက္ကသိုလ်နဲ့ပွဲမှမဟုတ်တာ"

ဖြိုးလေးဆိုသူသည်ခေါင်းငိုက်စိုက်ဖြင့်
မကျလာပေမယ့်မျက်လုံးထဲပြည့်နေသော
မျက်ရည်တွေကိုပုဆိုးဖြင့်ခိုးသုတ်နေသော
င်္သချာကျောင်းသားကြီးဆီပြေးလာကာ
လည်ပင်းကိုဖက်လျှက်နှစ်သိမ့်သည်။

"မင်းကောင်မလေးရော...သွားတွေ့စရာရှိတာတွေ့
ရတယ် ငါ့ကိုဂရုစိုက်မနေနဲ့"

"ပြတ်သွားပြီ"

"ဟင်"

"သူတို့မေဂျာနိုင်တာကိုတအားဂုဏ်ဆာပြနေလို့
အမြင်ကပ်လို့"

ဖြိုးလေးရည်းစားကChemistry ကဖြစ်ပြီး
ပွဲစဉ်တစ်လျှောက်လုံးအတူတူဘယ်လိုအားပေးလဲ
မမေးမိပေမယ့်ဖြိုးလေးသည်ယခုတွင်
စိတ်အလွန်လှုပ်ရှားနေဟန်ရှိသည်။

"ကျောင်းပွဲလေးပဲဆို...."

"ဟုတ်တော့ဟုတ်ပေမယ့်ကွာ...ဒါကြီးကကွာ...
မင်းငိုမှာစိုးလို့ နှစ်သိမ့်သာနေတာ ငါလည်းငိုချင်..."

ငိုချင်ရက်လက်တို့ သူကအသံဆက်မထွက်
ဘဲတုန်လာတော့တစ်ယောက်မျက်နှာတစ်ယောက်
မကြည့်တော့ဘဲ ဆုယူနေသောပွကြီးကိုသာ
လှမ်းငေးကြည့်လိုက်ကြတော့သည်။

အားလုံးပြီးသွားတဲ့အခါ ၃ယောက်သား
ကျောင်းကန်တင်းဆီကိုတဖြေးဖြေးလျှောက်လာ
ခဲ့ကြသည်။

တက္ကသိုလ်လမ်းကျဉ်းကျဉ်းလေးတွေအပေါ်၃ယောက်
သားဖြန့်လျှောက်လာကာအလည်တွင်ရဲကြီးရှိနေပြီး
ညာဘက်တွင်ပွကြီးရှိကာဘယ်တွင်ဖြိုးလေးရှိသည်။

ဂျယ်လိမ်းထားပုံပေါ်ပေမယ့်မသပ်မရပ်ဖြစ်နေတဲ့
ဆံပင်တွေစတွေဟာ ခပ်နက်နက်မျက်ခုံးတန်းတွေ
ပေါ်ဖရိုဖရဲကျနေပြီးမှိုင်းပြနေတဲ့မျက်လုံးတွေဟာ
အကြီးအကျယ်ရှုံးလာရရ၍အရောင်တောက်မနေပါ။

အပြာရောင်Shirt အင်္ကျီကိုဖြစ်သလိုဝတ်ထားပြီး
ပုံမှန်ထပ်ခပ်တိုတိုစည်းထားသောပုဆိုးကိုဆွဲစုပြီး
ကိုင်လာလမ်းလျောက်လာပုံကပေစောင်စောင်။
ကချင်လွယ်အိတ်သေးသေးလေးကိုလည်ပင်းတွင်ဆွဲထားပြီး
ဘေးကလူ၂ယောက်ထပ်ရှည်လှသောအရပ်ကြီး
သည်အလည်တွင်သိသိသာသာ။

ရှုံးလာရ၍ခေါင်းငိုက်စိုက်တော့မဖြစ်ပို၍
ရင်ဘက်တွေကိုပစ်ခေါင်းတွေကိုမော့ကာ
ရယ်မောလေတိုက်နေသောဓာတုဗေဒကလူတွေ
ကိုရှောင်တိမ်းကာဖြတ်သန်းလာရသည်။

"စိတ်ထဲဘာမှမထားနေနဲ့ ပွကြီး
ကန်တင်းမှာခဏအမောဖြေပြီးအဆောင်ပြန်အိပ်တော့"

"အေးပါ"

"နောက်နှစ်ကျ ဘယ်ဆရာဝန်ဘာပြောပြော
ငါပါကိုပါမယ်"

"မင်းနဲ့ကအပေးအယူကပေါက်တယ်ကွ ရဲကြီးရ
ကလေးတွေနဲ့က အဆင်မပြေတာ"

"သိတယ်....ငါသိတာပေါ့"

ပွကြီးက ကရင်လူမျိုး။င်္ဟသာတမြို့နဲ့
၁၅မိုင်လောက်ဝေးတဲ့ရွာကဖြစ်သည်။
နာမည်အရင်းက စ*ဝေယံဖြစ်ပြီးသင်္ချာရဲ့
အကောင်းဆုံးရှေ့တန်းတိုက်စစ်မှူးဖြစ်သည်။
ခပ်ဝဲဝဲအသံလေးဖြင့်ပြောလာခြင်းကို
စိတ်မကောင်းသူတအားရုန်းခဲ့တာအားလုံးအသိကို။

"သူတို့ဌာနရှေ့ဖြတ်ရတာကိုမဖြတ်ချင်တော့ဘူး
နောက်ဘက်လမ်းကသွားမယ်"

ပုံမှန်လမ်းအတိုင်းဝင်ပါကအဓိပတိလမ်း၏ညာဘက်တွေ
Chemistry ဆိုသောဆိုင်းဘုတ်အကြီးကြီးဖြင့်
Chemistry ဌာန Chemistry သုံးထပ်ဆောင်
ဤနေရာတွေကိုဖြတ်ပြီးမှသင်္ချာဌာနကို​ရောက်သည်။
ထိုမေဂျာ၃ထပ်ဆောင်၂ခုကြားကလမ်းကနေ
ကန်တင်းကိုသွားရခြင်းဖြစ်သည်။
ထိုကဲ့သို့မသွားချင်ပါက နေအပူခံကာအဓိပတိလမ်း
ကနေပတ်သွား၍လည်းရပါ၏။

ဒိုင်းရသွား၍ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေသော
Acid ပညာရှင်တွေကိုမမြင်ချင်နေ၍
နေအပူခံကာ၃ယောက်သားကန်တင်းဆီဆက်ချီ
တက်လာလျှက်။
.....
✉️နင်ကငါ့ထက်နင့်အဖေကိုပိုမက်တော့လည်း
ငါမတတ်နိုင်ဘူး။ဆင်းဆင်းရဲရဲနေရမယ့်လမ်းကို
နင့်ဟာနင်ပဲရွေးတာ။ဒီမှာနေလို့လည်းနင့်ကို
ဘယ်သူကမှနှိပ်စက်နေတာမဟုတ်ဘူး။
စာအုပ်​တွေဖတ်ရုပ်ရှင်တွေကြည့်ပြီး
စိတ်ကူးယဉ်ဆန်နေရတဲ့ဘဝကိုဘယ်နှနှစ်အထိ
ပျော်နေမလဲစောင့်ကြည့်ဦးမယ် အခရာ
နင်ငါ့ဆီဘယ်တော့မှပြန်မလာနဲ့။✉️

မလာဘူးလေ။အဖေ လို့ အတင်းခေါ်ခိုင်းတဲ့
သူစိမ်းနဲ့ သူစိမ်းရဲ့ကလေးတွေကြားဘာကိစ္စ
ကြောင့်နေရမှာလဲ။လူတိုင်းမှာကိုယ့်ရွေးချယ်ပိုင်ခွင့်နဲ့
ကိုယ်။လူ့အခွင့်အရေးဆိုတာအလကားအသုံးအနှုန်း
မဟုတ်ဘူး။

တက္ကသိုလ်အတွင်းဆောင်ကအခန်းထဲ
အမေဖြစ်သူပို့လာသောMsgကိုထပ်ခါထပ်ခါဖတ်ပြီး
ဘာပြန်ပို့ရမလဲကိုသူစဉ်းစားနေခဲ့တာကြာနေပြီ။
ဤကဲ့သို့ဆင်တူယိုးမားMsgမျိုးတွေခဏခဏရခဲ့
တိုင်းတစ်ခါမှပြန်ပို့ရမည့်Msgကိုသူစဉ်းစားမရခဲ့သေးပါ။

ဖုန်းScreen ကိုပိတ်လိုက်ပြီးခေါင်းကိုစာကြည့်စားပွဲ
ပေါ်မှောက်လိုက်ကာမိနစ်အနည်းငယ်ငြိမ်သက်သွားသည်။

စိတ်မကြည်တော့ဘူးလို့ယူဆလို့ရတဲ့အခြေအနေပဲ။
ပြတင်းပေါက်ကဝင်လာတဲ့လေထုသည်မွန်းကျပ်
လာသည်။အခန်းသည်ပို၍ကျဉ်းကာပို၍မှောင်လာသလိုပဲ။
စားပွဲပေါ်ကစာအုပ်တွေအားလုံးသည်ပို၍ဟောင်းနွမ်း
လာကာအကြိုက်ဆုံးနိုင်ငံရေးစာအုပ်၏အကြိုက်ဆုံး
စာမျက်နှာသည်ပြဲစုတ်သွားပြီဟုထင်ယောင်ထင်မှား
ဖြစ်လာတာမို့စာအုပ်ကိုခပ်မြန်မြန်ကောက်ဖွင့်ကြည့်တော့
စာမျက်နှာသည်အကောင်းပကတိအတိုင်း။

Negative တွေခန္ဓာကိုယ်ထဲအရှိန်အဟုန်နဲ့
ဝင်လာရင်ဘာတစ်ခုမှအကောင်းမရှိအကောင်း
မမြင်နိုင်။Negative ဟာ"ဝမ်းနည်းနာကျင်ခြင်း"
ဆိုတဲ့စကားစုဖြစ်နေတိုင်း "အမေ"ဆိုတဲ့
ဘဝရဲ့အချစ်ရဆုံးဆီက "ပြန်မလာနဲ့"ဆိုတဲ့
Msgတွေလက်ခံရရှိတိုင်းလူသည်အမြဲလိုလို
ဂယောင်ခြောက်ခြားခြင်းအတိပြီးခဲ့သည်။

ကဖိန်းဓာတ်လိုပါ၏။အမက်မောဆုံးဓာတ်ဆိုလည်း
မမှား။Practical စာအုပ်ထည့်ထားသော
နံရံမှာချိတ်ထားသောရှမ်းလွယ်အိတ်အား
ဆွဲယူလိုက်သည်။ဖတ်လက်စကဗျာစာအုပ်တစ်အုပ်
ကိုထပ်ထည့်လိုက်ပြီးပိုက်ဆံအနည်းငယ်ထည့်လိုက်သည်။
ဖုန်းကိုဖြစ်နိုင်ရင်မမြင်ချင်တော့ပေမယ့်
အဆောင်နေကျောင်းသားမို့အရေးအကြောင်းရှိ၍
စ်ိတ်မပါစွာလွယ်အိတ်ထဲပစ်ထည့်လိုက်သည်။

ရှေ့ဆံပင်တချို့ကိုရှေ့သို့မျက်လုံးတွေအတော်အသင့်
ဖုံးသည်အထိချလိုက်ကာလွယ်အိတ်ကိုခပ်တိုတို
ထုံးကာလွယ်လျှက်ယောကျ်ားလေးအတွင်းဆောင်ထဲက
ထွက်လာခဲ့သည်။

"ဟဲ့...!!!! အခရာ ဘောပွဲကပြီးနေပြီနော်
ခုမှအိပ်မှုံစုံမွှားနဲ့
ဘယ်ကို သဝေထိုးမလို့လဲ အကုန်ပြန်လာကုန်ပြီ
သွားမနေနဲ့ ပြန်လာခဲ့!!!"

အခန်းဖော်။ နာမည်ကမြတ်သူဖြစ်ပေမယ့်
အားလုံးက သူသူဟု ခေါ်ကြသည်။ယောကျ်ားလေးပေမယ့်
မိန်းကလေးလိုနေချင်တဲ့သူ။အရောင်ခပ်တောက်
တောက်Shirtနဲ့ပုဆိုးကိုလိုက်ဖက်စွာဝတ်ထားကာ
ဖိနပ်အထိအရောင်ဆင်တူဖြစ်သည်။
ဘောလုံးပွဲတွင်အများကြီးအားပေးလာမှန်းသိသာ
အောင်အမြဲလိုလိုသပ်သပ်ရပ်ရပ်တောက်တောက်ပပ
ရှိတတ်သူသည်ဖုန်တချို့ပင်ပေနေလျှက်။

"ကန်တင်း ခဏ ကော်ဖီသောက်မလို့"

"ဘယ်လို ညနေ၃နာရီမှ ကန်တင်းကိုလည်း
တစ်နေ့တစ်နေ့လည်းဘာတွေလုပ်မှန်းလည်းမသိပါဘူး"

"ခဏပဲ ပြန်လာခဲ့မယ်...."

"အင်း...အင်း...မြန်မြန်ပြန်ခဲ့နော်..."

ကန်တင်းဘက်တစ်ယောက်ထဲ
တရွေ့ရွေ့လျှောက်လာခဲ့သည်။
သစ်ရွက်ခြောက်တွေကြွေနေတဲ့
တက္ကသိုလ်လမ်းတွေဟာ
သိပ်လွမ်းမောဖွယ်ကောင်းနေတယ်။
မကြည်လင်သောစိတ်တွေသည်ညနေစောင်း
လေနုအေးတွေကြားတဖြေးဖြေးပြေပျောက်လာသည်။

"အစ်မ Coffee တစ်ခွက်....."

ထိုင်နေကျထောင့်ကျခုံတွင်နေရာယူလိုက်ပြီး
လွယ်အိတ်ကိုချလိုက်ကာမှာတော့ပိုင်ရှင်အမကြီးက
သူရောက်လာခြင်းကိုထူးဆန်းအံ့ဩသွားသည်။

"ဟင် ဘယ်လိုကနေ ဘယ်လို ဘောပွဲကြည့်တာလားအခရာ"

"မကြည့်ပါဘူး...ကျွန်တော်အဆောင်ကလာတာ
Coffee သောက်ချင်တာနဲ့..."

"အော်...အေး အေး ခဏနော်...."

"အစ်မ ကျွန်တော် သီချင်းနားထောင်လို့ရမလား"

"ရတယ်လေ Bluetooth Boxက
လူမရှိရင် လုစရာမလိုဘူး ဖွင့်ဖွင့်ကြိုက်တာ"

ကျောင်းဆင်းချ်ိန်ဆိုင်ထဲသူကလွဲပြီး
မရှိနေတာကြောင့်Playlist ကို
မတိုးမကျယ်ဖွင့်ကာကဗျာစာအုပ်ထုတ်လိုက်သည်။
Coffee ရောက်လာတဲ့အခါလူသည်လုံးဝ
Positive ဖြစ်သွားပြီ။

ကိုငှက်၏သီချင်းတစ်ပုဒ်သည်ဆိုင်ထဲသို့
ငြိမ့်ငြိမ့်ငြောင်းငြောင်းလေးစီးဝင်လာသည်။

"တောင်ကြီးကဆိုပြီး ဦးထီးတို့ဘာတို့ဖွင့်ပါလား
မလွမ်းဘူးလား တောင်ပေါ်ကို....."

ပိုင်ရှငိအမသည်ဆိုင်သိမ်းနေရင်းက
ရင်းနှီးစွာလှမ်းအော်ပြောလာသည်။

"ဒီလိုပါပဲ အစ်မ....တစ်ခါတလေပေါ့"

ကျောင်းစဖွင့်ထဲက သူမဆိုင်၏
ထောင့်ဝိုင်းတွင်လာထိုင်ခဲ့သောကောင်လေး။
မြင်တာနဲ့ မြေပြန့်သားပုံစံမဟုတ်အသားအရည်က
အစမတူမျက်နှာအနေအထားဘာမှမတူတာကြောင့်
စပ်စုကြည့်တော့ တောင်ကြီးကဖြစ်နေသည်။

လာထိုင်တိုင်းသူငယ်ချင်းမပါ။
လာထိုင်သောအချိန်များသည်လည်းသူများနှင့်မတူတတ်။
တစ်ခါတလေကျောင်းစာလုပ်ကာ
တစ်ခါတလေစာအုပ်ဖတ်ကာ
Coffee တစ်ခွက်ဖြင့်အေးအေးဆေးဆေးလာ
အေးအေးဆေးဆေးပြန်သွားတတ်သည့်
တစ်ယောက်ထဲသောမလို့လုံးဝသတိထားမိခဲ့သည်။

အုပ်စုလိုက် အုပ်စုလိုက် ရှိတတ်သော
တက္ကသိုလ်ကျောင်းသား\သူတွေထဲ
အမြဲတမ်းတစ်ယောက်သွားလာလှုပ်ရှားတတ်သည့်
ကောင်လေးအပေါ်ထူးဆန်းသလိုသနားသလို
စိတ်လည်းရှိနေတာကြောင့်သူဆိုင်လာပြီဆို
အမြဲတမ်းဂရုစိုက်ခဲ့သည်။

ဒီနေ့လည်းထူးဆန်းစွာညနေစောင်းမှရောက်လာပြီး
Coffee တစ်ခွက်ဖြင့်စာလာဖတ်နေပြန်သည်။

"မကြီး!!!!!! ကျွဲစိမ်း ၃ဘူး အမြန်ချ!!!!"

Coffeeရယ်..ကဗျာတွေရယ် သီချင်းရယ်နှင့်
ပြီးပြည့်စုံကာစိတ်အေးချမ်းမှုရနေသော
အချိန်တွင်အသံတစ်ခုကြောင့်
ကဗျာစာရွက်လှန်တော့မယ့်လက်ကလေးတွေတုန်ခနဲ။

မော့ကြည့်လိုက်တဲ့အခါကျောင်းသား၃ယောက်
ဆိုင်ထဲဝင်လာခြင်းကိုတွေ့ရသည်။
ဝိုင်းမှာထိုင်ပြီးမှအေးဆေးမှာလို့ရရက်နဲ့
အဝေးကြီးထဲကလှမ်းအော်ခြင်းအပေါ်
သူနားမလည်ပါ။ကျွဲစိမ်းသည်ထွက်ပြေးတတ်
တဲ့အမျိုးလည်းမဟုတ်။

လူ့ကျင့်ဝတ်တွေရဲ့အခြေခံလောက်ကို
တက္ကသိုလ်ရောက်လာတဲ့အထိတောင်
မကျေညက်ခဲ့တာမျိုးဖြစ်လိမ့်မည်။
ထားပါ ဤသည်ကားထိုကျောင်းသား၏ကိစ္စ
သူ့ကိစ္စမဟုတ်။

ဖျက်ခနဲသာမော့ကြည့်လိုက်ပြီး
ကဗျာဆက်ဖတ်နေလ်ုက်သည်။

"ငါ နည်းနည်း လိုအပ်သွားတာထင်ပါတယ်"

"တော်ပြီလေပွကြီးရာ မင်းစိတ်ထဲတနုံ့နုံ့
ဖြစ်မနေနဲ့တော့လေ သောက်စရာရှိတာသောက်"

"စ်ိတ်ထဲကထုတ်မရဖြစ်နေတယ်"

"၁ဂိုးသွင်းပေးထားတာပဲ မင်းတာဝန်ကျေပါတယ်"

"နောက်နှစ် မင်းကန်ချင်ကန် ငါမကန်တော့ဘူး ရဲကြီး"

"စိတ်ကလည်းနုလိုက်တာ မင်းအကောင်းဆုံး
လုပ်ခဲ့တာလူတိုင်းသိတယ်လို့ တော်တော့"

"အကောင်းဆုံးတွေလုပ်တိုင်းလည်း
အကောင်းဆုံးတွေကမဖြစ်လာပါဘူးကွာ"

အင်္ကျီနဲ့ဘောင်းဘီမှာ
ပေကျံနေသောဖုန်တွေသဲတွေ မတိတ်သေးသော
ချွေးတွေနဲ့ အအေးကိုပင်မသောက်နိုင်
နံရံကိုမှီကာစိတ်ထိခိုက်နေဆဲဖြစ်သော
သူငယ်ချင်းကိုဘယ်လိုဖြေသိမ့်ရမလဲမသိ။

လောကဓံဆိုတာဘာမှန်းမသိခင်ကျောင်းသားဘဝ
မှာတော့ ဗိုလ်လုပွဲမှာရှုံးခြင်းကလည်း
ပြန်တွေးမိတိုင်းပြန်ငိုလိုက်ချင်စရာပါပဲ။

"ငါ ညကျ လိုက်တိုက်မယ်ကွာ များများသောက်ပြီး
စိတ်ဖြေလိုက်..."

"နေပါစေ ငါပင်ပန်းလို့အိပ်မှာ"

ပွကြီးသည်မျက်နှာတစ်ခုလုံးကိုပွတ်သတ်နေကာ
ငိုချချင်သည့်စိတ်ကိုအလွန်ခက်ခဲစွာထ်ိန်းနေရသည့်ဟန်။
၃ယောက်လုံးငြိမ်သက်သွားကြသည်။
ထပ်လည်းဘာမှမဆိုတော့ဘဲလာချပေးသော
အအေးဘူးကိုဖောက်ပေးကာပွကြီးဘက်သို့တွန်းပေးပြီး
ခေါင်းငိုက်စိုက်ဖြင့်အရှုံးအပေါ်တနုံ့နုံ့။

မခံစားနိုင်သူသည်မျက်ရည်တွေစီးကျလာခဲ့သည်။
တစ်သျှူးအမြန်ထုတ်ကာပွကြီး၏မျက်ရည်တွေအား
ဂရုတစိုက်သုတ်ပေးသူကိုယ်တိုင်လည်းမျက်ရည်တဝဲဝဲ။

....ချိုသောအရှုံးများ......ချိုသောအရှုံးများ......
ချိုသော အရှုံးများ......

၃ယောက်လုံးမေဂျာအတွက်တိတ်တဆိတ်ကမ္ဘာပျက်
နေသောအချိန်တွင်နားထဲကြားလာရသောသီချင်းစာသားတချို့။
ကန်တင်းတွင်ဘယ်သူဖွင့်ဖွင့်ရသောBluetoothBox
ဆီကဖြစ်သည်။

....ချိုသောအရှုံးများ...'ချိုသောအရှုံးများ.....

ငိုချင်နေသောမျက်လုံးတွေမှသီချင်းစာသား
လာရာSpeakerကိုပြိုင်တူကြည့်မိလိုက်ကြသည်။

"မကြီး သီချင်းက မကြီးဖွင့်ထားတာလား"

ရဲကြီးဆိုသူ၏မျက်လုံးတွေသည်အထူးဒေါသ
ထွက်နေကာအံတကြိတ်ကြိတ်လေသံဖြင့်မေးလာသည်။

"မဟုတ်ဘူး အခရာဖွင့်တာ ဘာလို့လဲ
ညနေမှ လုမနေတော့နဲ့....ရဲကြီးတို့ရယ်
မြန်မြန်ပြန်ကြတော့ငါဆိုင်ပိတ်တော့မှာ"

ဖျက်ခနဲဆိုင်ရှင်အစ်မခေါင်းငဲ့ပြရာ
ထောင့်ဝိုင်းကကျောင်းသားဆီအကြည့်ရောက်သွားသည်။
သူ့စားပွဲပေါ်ကိုကြည့်လိုက်တဲ့အခါလွယ်အိတ်ထဲက
တစ်ပိုင်းတစထွက်နေသောPractical စာအုပ်။

Practical စာအုပ်အရောင်ကြည့်ရုံဖြင့်
Major ကိုတန်းသိတာကြောင့်ရဲကြီး၏မျက်လုံး
တွေမီးတောက်သွားတော့သည်။အစိမ်းရင့်ရောင်
Practical စာအုပ်သည်ခံပြင်းလွန်းစွာသူတို့
အရှုံးပေးလာရသော ဓာတုဗဒ မေဂျာစာအုပ်။

သီချင်းစာသားနဲ့သီချင်းဖွင့်နေသူ၏
မျက်နှာထားပုံစံ။ဒူးလေးလှုပ်ကာ
ခေါင်းလေးသည်စီးချက်ညီညီယမ်းနေသည်။
စာအုပ်ဖတ်ပြီးတစ်ချက်တစ်ချက်ထထပြုံးခြင်းသည်
နှုတ်ခမ်းကတစ်ဖက်ထဲ.....။

"ချိုသောအရှုံးများ"ဆိုသည့်နေရာတစ်ခုထဲကိုပဲ
လိုက်ငြီးနေမှုသည်လည်းသိသာလွန်းနေသည်။

ဝင်လာတော့ဖွင့်ထားတာဒီသီချင်းမဟုတ်
သိသာလွန်းသော ဓာတုကလူတစ်ယောက်၏
ပေါ်တင်သူတို့ကိုလှောင်ပြောင်ထိပါးခြင်းကို
ဘာကိစ္စနဲ့မှသည်းမခံမနေနိုင်။ရှုံးမဲသည်လုံးဝ
ကြောက်စရာကောင်းစွာရဲကြီးသည်လေအလျှင်
လိုထောင့်ဘက်ဝိုင်းကကျောင်းလေးဆီဝုန်းဒိုင်း
ရောကိသွားတော့သည်။

"ဟေ့ကောင် ရဲကြီး!!!!"

ထိလွယ်ရှလွယ်သောစိတ် ဒေါသကိုဘုရားလို
ကိုးကွယ်ကာစိတ်တစ်ထွက်ဆိုအရပ်ရှစ်မျက်နှာ
ဘယ်မျက်နှာကိုမှမကြည့်တတ်သောစိတ်သည်
သင်္ချာကျောင်းသားကြီး၏မဟာအားနည်းချက်။

"မင်း သီချင်းကို ခုချက်ချင်းပိတ်လိုက်စမ်း!!!!"

ကန်တင်းထောင့်ဝိုင်းတွင်သီချင်းတိုးတိုးလေးဆိုငြီး
နေသောဓာတုဗေဒကျောင်းသားလေး၏င်္အကျီလည်ပင်းစအား
ကြမ်းတမ်းစွာဆွဲဆောင့်ယူလိုက်ကာအော်ဟစ်လိုက်သည့်
ပုံရိပ်။အားလုံး၏မျက်လုံးတွေပြူးကျယ်သွားကြတော့သည်။

ကဗျာကောင်းတစ်ပုဒ်နှင့်ကိုငှက်၏လက်ရာကောင်းတစ်ခု
ထဲမျောပါနေတုန်းရုတ်တရက်ကြမ်းတမ်းလွန်းတဲ့
အပြုအမူတစ်ခု။သူ့ခန္ဓာကိုယ်တစ်ခု
လုံးဖရိုဖရဲဖြစ်သွားပြီးတစ်စုံတစ်ရာ၏ဆောင့်ဆွဲရာ
နောက်သို့ပါသွားသည်။ရုတ်တရက်မို့လန့်သွားကာ
တရားခံအားမျက်လုံးတွေကိုအုပ်ဆိုင်းနေသော
ဆံပင်တွေကြားကြည့်လိုက်တော့ ချွေးစတွေဖုန်စတွေ
နဲ့အလွန်အမင်းတင်းမာဒေါသထွက်နေသောမျက်နှာတစ်ခု
တွေ့လိုက်ရသည်။

နှာခေါင်းချင်းထိမိတော့မည့်အနေအထားအထိ
နီးကပ်မှုသည်အလွန်ထိန့်လန့်ဖွယ်ရာ။နက်မှောင်နေတဲ့
မျကိအိမ်တစ်ခု မီးတောက်နေသည်ဟုထင်မှတ်ရသော
မျက်အိမ်တစ်ခု။ ပြင်းထန်စူးရှနေသောမျက်အိမ်တစ်ခု။
ထိုမျက်အိမ်တွေထဲမျက်ရည်စတချို့သည်ရစ်ဝိုင်းနေသည်။

"ခု ပိတ်စမ်း မင်းငါတို့သင်္ချာကမှန်းသိလို့
ဖွင့်တာမလား မင်းတို့မေဂျာကကောင်တွေအကြောင်း
နောကျေနေပြီ..."

"ဟေ့ ကောင် ရဲကြီး..."

ဖြိုးလေးသည် အတင်းအကျပ်ကျစ်ကျစ်ပါအောင်
ဆွဲထားသောအင်္ကျီမှရဲကြီး၏လက်တွေကိုမရမကဆွဲဖြုတ်ကာ
ပွကြီးကရဲကြီးအားပြန်ဆွဲနေသော်လည်းမအောင်မြင်နေ။

"ဟဲ့ ရဲကြီး!!!! နင်ကလေးကို ဘာလုပ်နေတာလဲ!!!"

ဆိုင်အနောက်ပစ္စည်းသိမ်းနေသောဆိုင်ပိုင်ရှင်
အမကြီးသည်ပြေးလာကာ၃ယောက်အားဖြင့်
ဆွဲခေါ်လိုက်တော့မှ လက်တွေသည်အင်္ကျီမှ
ပြုတ်ထွက်သွားသည်။ အခရာသည်လွတ်ထွက်သွား
သောအရှိန်နှင့်ခုံပေါ်ပြန်ပြုတ်ကျသွားသည်။

"ကျွန်တော်တို့ကိုသီချင်းစောင်းဖွင့်နေတာမကြီးမကြားဘူးလား"

"နင်တို့ကိုစောင်းဖွင့်ရအောင် နင်တို့ဘယ်သူမှန်း
သူကသိလို့လား သူ့ကိုရော နင်တို့သိလို့လား"

"Practicalစာအုပ် က ဓာတုကမဟုတ်လို့ ဘယ်ကလဲ"

"ရဲကြီးရယ် နင်ပတ်ရမ်းနေတာ တော်လောက်ပါပြီ
အရှုံးကအရှုံးပဲလေ ဒီကလေး က ဒီနေ့ဗိုလ်လုပွဲ
မဟုတ်ဘူး ဘောလုံးပွဲရှိမှန်းတောင်သိမယ့်လူမျိုး
မဟုတ်ပါဘူး  နင်အိမ်ကိုအေးအေးပြန်ပါတော့...."

"မဟုတ်ဘူး မကြီး ကျွန်တော်သိတယ်
သူ ကျွန်တော်တို့၃ယောက်ငိုတော့မယ့်အချိန်ကျမှ
ဇာတ်ဝင်တေး ဖွင့်ပေးလိုက်သလိုမျိုး အချိန်ကိုက်ကိုလုပ်တာ"

ဒေါသကြီးစွာလက်ညိုးတထိုးထိုးဖြင့်
မကျေနပ်လွန်းနေသည့်လူကိုအခရာသည်
တစ်ခွန်းမှပြန်မဆိုကြည့်သာကြည့်နေသည်။

"မင်း ငါ့တို့ကို ရိတာ ဟုတ်တယ်မလား
ဝန်ခံစမ်းပါ ယောင်္ကျားမလား ခုကျောင်းပြင်ထွက်ခဲ့..."

"မင်းရဲရင့်!!!!"

ဝိုင်းချူပ်ထားသည့်ကြားထပ်မံရန်ဆောင်မှု
သည်တစ်ဖက်ကျောင်းသားလေး၏
မျက်လုံးတွေကိုဝိုင်းစက်သွားစေခဲ့သည်။
အမကြီး၏အသံကုန်အော်မှုတွင်
အားလုံးတုန်သွားတော့သည်။

"ငါ ပါမောက္ခကိုသွားတိုင်မှာနော်....."

"လာပါကွာ....စိတ်ကိုလျှော့စမ်းပါ မင်းကလည်း.."

"အခရာ သွားသွားအဆောင်ပြန်တော့
ဒီမှာမနေတော့နဲ့ သွားတော့...."

အမကြီးသည် ချော့မော့ဟန်ဖြင့်ပြန်လွှတ်တဲ့အခါ
တစ်ဖက်က ပြုတ်ကျသွားသောကဗျာစာအုပ်
လေးကိုပြန်ကောက်ကာဖတ်လက်စစာမျက်နှာကို
ပြန်လှန်လိုက်ပြီး

"ဒါလေး ပြီးရင် ပြန်မယ် မကြီး"

"ဟေ့ကောင် သီချင်းကိုပိတ် ခုအဲ့သီချင်းကိုခုပိတ်"

"ဘာလို့ ပိတ်ပေးရမှာလဲ....ဒီနေရာကိုဆိုင်ရှင်ကပဲပိုင်တယ်
ဆိုင်ရှင်ကဒီသီချင်းကိုလက်ခံတယ်​...
ကိုယ့်မေဂျာဒိုင်းမရတာ ကစားသမားတွေလိုအပ်လို့လေ
လိုအပ်တာကိုမပြင်ဆင်ဘဲဘာလို့ သီချင်းတစ်ပုဒ်အပေါ်
ရန်လာမူနေရတာလဲ...."

"ဘာ....

"တော်ပါတော့ကွာ တစ်ရှက်ကနေ၂ရှက်၃ရှက်တွေ
ဖြစ်နေပြီ ရဲကြီးရာ လာစမ်းပါကွာ ...."

ပြောပြီးစာအုပ်ဆီမျက်နှာပြန်လွှဲသွားသူသည်
အင်္ကျီကိုပြန်ပုံချကာနေမြဲအတိုင်းစာဆက်ဖတ်သည်။

သူငယ်ချင်း၂ယောက်ဆွဲခေါ်သွားခြင်းခံလိုက်ရ
သောသူကတော့ရုန်းရင်းကန်ရင်းဖြင့်ဆိုင်အပြင်
သို့ပါသွားခဲ့ပြီ။

"လာမယ့်နှစ် ငါပြန်ဝင်ကန်မယ် ပြန်ဝင်ကန်မှ
မင်းတို့ကောင်တွေအကုန်တွေ့မယ်....!!!!"

အခရာသည် စာဖတ်နေရင်းမှ အော်ဟစ်သောင်းကျန်း
သွားသောကျောင်းသားကြီးအားဖျက်ခနဲလှမ်းကြည့်
လိုက်သည်။လုံးဝရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ကြားက
ရှည်မျောမျောထွက်ပေါ်နေသောအရပ်အမောင်း
ကောင်းမှုဟာအားကစားသမားဖြစ်နေတာကြောင့်ပဲ။

င်္သချာကျောင်းသားများသည်အလွန်ကိုမှဆိုးဆိုးဝါးဝါး။

__________________။

လိုအပ်တာလေးတွေရှိရင်ပြောပေးသွားကြပါဦးနော်။
အားမနာစတမ်းရပါတယ်။

Bạn đang đọc truyện trên: AzTruyen.Top