ကျွန်တော့်ရဲ့ မမ(누나) ကြၽန္ေတာ့္ရဲ႕ မမ(누나)

Unicode

စားပွဲခုံပေါ်သို့ အဆက်မပြတ် ကျမြဲ ကျနေတဲ့ စာရွတ်စာတမ်းတွေကို ကြည့်ရင်း ယွန်းဂျောင်းတော့ ခေါင်းတွေတောင် ကိုက်လာပါသည်။ ဌာနမူးက အမြဲ လူလည်ကျသည်။ ရုံးဆင်းခါနီးရင် အလုပ်တွေ စွတ်ပေးပြီး မပြီးရင် အလုပ်မဆင်းရဘူးဆိုသည့် အမိန့်သံကလည်း ပါသေးသည်။

လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်လိုက်တော့ ငါးနာရီနှစ်ဆယ့်ငါးဟု နာရီလက်တံလေးဟာ ညွှန်ပြနေလေပြီ။

အိုဗာတိုင်း ဆင်းရမယ်နဲ့တူပါတယ် ဒီနေ့လည်း။
ကျေးဇူးရှင်ကြီးကတော့ ကော့တော့ကော့တော့နဲ့ ပြန်သွားပြီ။
ငါပဲကျန်တော့တယ်။

ဟုတ်တယ် ဂန်ယွန်းဂျောင်း အားတင်းထား မြန်မြန်လုပ်ပြီး မြန်မြန်ပြန်မယ်။ မနက်ဖြန် ပိတ်ရက်ဆိုတော့ အိမ်မှာ အေးဆေးနားမယ် ။

ကိုယ့်ကိုကိုယ် အားပေးပြီး ကွန်ပျုတာ ကီးဘုတ်ပေါ်မှာ လက်ကလေးတွေကို ပြေးလွှားစေသည်။
အလုပ်တွေကို တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ရင်း ခုနှစ်နာရီထိုးတော့ သူမ အကုန် ပြီးသွားခဲ့ပြီ။

တစ်ချက်သန်းဝေလိုက်ပြီး အကြောဆန့်လိုက်သည်။ လက်ကိုင်အိတ်ထဲကို ဖုန်းထည့်လိုက်ပြီး ထရန်ပြင်သည်။

ကားမှတ်တိုင်မှာလည်း ကားစောင့်နေရင်း ဖုန်းလာ၍ ထုတ်ကိုင်လိုက်သည်။

"ဟယ်လို အမေ"

"သမီး နောက်ကျတယ်နော်။ အလုပ်မပြီးသေးဘူးလား"

"ပြီးပြီ အမေရဲ့။ အမေ ဒါပဲနော် ကားလာနေလို့"

ယွန်းဂျောင်း ဖုန်းချလိုက်ပြီး ကားပေါ်ပြေးတက်လိုက်သည်။ ကားပေါ်မှာလည်း လူအပြည့်နဲ့မို့ ထိုင်စရာနေရာက မရှိရှာ။ မရှိတဲ့အဆုံး ယွန်းဂျောင်း ကောင်လေးတစ်ယောက်ရဲ့ဘေးမှာ ၀င်ထိုင်နေလိုက်သည်။

"မမ"

သေချာနေပြီ။ ဒီအသံကို သူမ ကောင်းကောင်း သိနေသည်။ ထိုကောင်လေးသည် သူမကို လိုက်ပိုးပန်းနေတဲ့ တစ်ယောက်။

ချီး*ပဲ ဘာလို့ သူနဲ့ကျမှ လာတိုးနေရတာလဲ။
ယွန်းဂျောင်း ထိုကောင်လေးကို မကြိုက်ပါ။ ထိုကောင်လေးက သူမထက် အတော်လေးငယ်သည်။ အခုမှ တက္ကသိုလ်ကျောင်းသားအရွယ်ပင်။

"နင် ဘယ်လိုလုပ်ရောက်နေတာလဲ"

"ဟော မမကလည်းဗျာ။ ကျွန်တော်လည်း ကိုယ့်လမ်းကို သွားတာပဲလေ"

အေးလေ သူပြောတာလည်း ဟုတ်နေတာပဲ။
ယွန်းဂျောင်းလည်း ဘာမှဆက်မပြောဖြစ်တော့ ထိုကောင်လေးမှ စကားစသည်။

"မမ အိမ်ပြန်မှာမလား"

"ဒီအချိန်ကြီးမှတော့ အိမ်ပြန်မှာပေါ့"

သူမ ဘုတော၍ ပြောသည်။

"မိန်းကလေး တစ်ယောက်တည်း ညရေးညတာ သွားတာမကောင်းဘူး မမရဲ့။ မမကို ကျွန်တော် စိတ်မချလို့ အိမ်အထိ လိုက်ပို့မယ်ဗျာ"

သူမနှင့် ထိုကောင်လေးဟာ တစ်တိုက်တည်း။ အပေါ်ထပ် အောက်ထပ်သာ ကွာသည်။ သူမက အပေါ်ထပ်။ သူက အောက်ထပ်။
စကားတတ်တယ်ဆိုတာတော့ သူမ ထောက်ခံသည်။ လူကို မကြွေကြွေအောင် ခြွေနေတယ်ဆိုတာလည်း သိသည်။ သို့သော် ကိုယ်နဲ့ ခြောက်နှစ်လောက် အသက်ကွာနေမှတော့ စဉ်းစားပေးဖို့ရာ လမ်းမမြင်။

မှတ်တိုင်ရောက်၍ သူမဆင်းသည်။ ထိုကောင်လေးကပါ သူ့နောက် လိုက်ဆင်းသည်။ အိမ်သို့ပြန်သည့် တစ်လျှောက်လုံး သူမနဲ့ ထိုကောင်လေးတို့ ဘာမှမပြောဖြစ်။

"ကျွန်တော် အိမ်ပေါက်၀ထိ လိုက်ပို့ပေးမယ်"

"နေပါ။ ကိုယ့်အထပ်မှာကိုနေ ငါ့ဘာသာငါ သွားမယ်"

"မရပါဘူး။ လိုက်ပို့မှာ"

သူက ဦးဆောင်ပြီး တက်သွားသည်။

"မမ မနက်ဖြန်ကျရင် ဒေါ်လေးမရှိဘူးမဟုတ်လား"

အမေက ရွာမှာ တစ်ပတ်လောက် သွားနေမည့် ကိစ္စတောင် သူသိနေသည်။

"အဲ့တာ နင်နဲ့ ဘာဆိုင်လို့လဲ"

"ဟဲဟဲ ဘာမှမဟုတ်ပါဘူးဗျ။ ဂွတ်နိုက် မမ။ အိပ်မက်ထဲမှာ ကျွန်တော့်ကို ထည့်မက်ပေးနော်"

စပ်ဖြီးဖြီးလုပ်ပြီး ထိုကောင်လေး ဆင်းသွားသည်။ဒီကောင်လေး တစ်ခုခုတော့ တစ်ခုခုပဲ။သူမ ခေါင်းခါလိုက်ပြီး အိမ်ထဲ၀င်လိုက်သည်။

လူလည်း ပင်ပန်းနေသည်မို့ ညစာလည်း မစားဖြစ်ပဲ ရေချိုးပြီး တန်းအိပ်ရန်သာ ပြင်သည်။ လူကသာ ပင်ပန်းတာ မျက်စိက စကားနားမထောင်ဘူးပဲ။ အခုထိကို အိပ်မပျော်။

ချွဲဆူဘင်းအကြောင်းပဲ ခေါင်းထဲရောက်နေမိတယ်။ တစ်ကယ့် မလွယ်စိန်ပဲ။ ဘာပဲဖြစ်ဖြစ် ကလေးသာသာ ကောင်လေးတစ်ယောက်ကို ငါက ပြန်ကြိုက်စရာလား။ ပြီးတော့ သူက သိပ်ငယ်သေးတယ်။ လူငယ်သဘာ၀အရ စိတ်ကစားနေတာလည်း ဖြစ်နိုင်တယ်လေ။
ထိုအတွေးများသာ တစစ......။

*****************************************************

နေအရှိန်ဟာ မျက်နှာနုနုပေါ်  ပြင်းထန်စွာ ကျရောက်နေ၍ မနိုးချင်ပဲ နိုးရသည်။ နာရီကြည့်တော့ ရှစ်နာရီတောင် ခွဲနေလေပြီ။ ကသုတ်ကရိုက် မျက်နှာသစ်၊သွားတိုက်ပြီး ဧည့်ခန်းဆီ သွားလိုက်သည်။

"မမ နိုးပြီလား"

ယောကျာ်းတစ်ယောက်၏ အသံကြားတာကြောင့် ယွန်းဂျောင်း အနည်းငယ်တော့ တုန်လှုပ်သွားမိသည်။
ရင်းနှီးနေသည့် ကျောပြင်က ချွဲဆူဘင်းဆိုတာကို ညွှန်ပြနေလေသည်။

"ဟဲ့ နင်ငါ့အိမ်ကို ဘယ်လိုလုပ်ရောက်နေတာလဲ"

"ဟဲဟဲ နည်းနည်းတော့ ကြာပြီ။ အဒေါ်မသွားခင် တစ်နာရီလောက်က။
ဒါပေမယ့် ကျွန်တော်က အဒေါ် ခွင့်ပြုချက် ရမှလာတာနော်"

ကောင်လေးက အောင်နိုင်သူလေသံဖြင့် ပြောသည်။ သူမလည်း သက်ပြင်းသာ ချမိသည်။

"အမေကလည်း တစ်ကယ်ပါပဲ။ မသိတဲ့ သူစိမ်းကို အိမ်ပေါ်တင်ထားရတယ်လို့"

"သူစိမ်းမဟုတ်ပါဘူး။ မကြာခင် သမက်လောင်းလေး ဖြစ်တော့မှာကို"

မမရဲ့ စကားသံကို ကြားတော့ ကောင်လေးက သူ့ဘာသာသူ တီးတိုးပြောမိသည်။

"နင် ဘာပြောတယ်!"

ဒီလောက် တိုးတိုးလေးပြောတာတောင် မမက ကြားဖြစ်အောင် ကြားသေးတယ်။ ဟွန့် မမက နားပါးတာပဲ။

"အော်...သူစိမ်းမှ မဟုတ်တာ အိမ်နီးချင်းတွေပဲလို့ အဲ့တာပြောမလို့ပါ"

"ဒါနဲ့ ကျွန်တော် ဂင်ချီထမင်းကြော် ကြော်ထားတယ် မမ စားတော့မလား"

မမက အဖြေပြန်မပေးဘဲ ထိုင်ခုံကို ဆွဲပြီး အသင့်ထိုင်နေသည်။ ဆူဘင်းက ဂင်ချီထမင်းကြော်ကို ပန်းကန်ထဲ ထည့်ပေးကာ မမရှေ့ချလိုက်သည်။

"မမ စားကြည့် ကျွန်တော့်လက်ရာကို စွဲသွားမှာ သေချာတယ်"

မမက ကျွန်တော့်ကို နဂါးမျက်စောင်းပစ် လိုက်သည်။ ကျွန်တော်ကတော့ မမကို ဖြီးပြလိုက်ရင်း

မမ တစ်ဇွန်းမြည်းကြည့်သည်။ ပြီးတော့ မမ ပြုံးလိုက်သည်။

"နင်က ဘယ်ဆိုးလို့လဲ။ ယောကျာ်းလေး ဖြစ်ပြီး မီးဖိုချောင်နဲ့ ရင်းနှီးနေတယ်"

"ရက်စ် တစ်မှတ်ရပြီကွ"

ကျွန်တော်က လက်သီးဖွဖွဆုပ်ပြီး ဂုဏ်ယူလိုက်တော့ မမက မေးသည်။

"ဘာ တစ်မှတ်ရတာလဲ"

"အော် မမကို မပြောရသေးဘူး။ ကျွန်တော် ဒီနေ့တစ်နေ့ကုန် မမဘေးမှာနေပြီး မမ ကျွန်တော့်ကို ပြန်ချစ်လာ‌အောင် အပြုအမူ‌ခြောက်ချက်နဲ့ လုပ်မှာ"

"ငါက နင့်ကို ပြန်မချစ်ဘူးဆိုရင်ရော"

"မမကို ကျွန်တော်ချစ်လာတာ လေးနှစ် ရှိနေပြီပဲ။ မမဘက်က ပြန်မချစ်ဘူးဆိုရင် ကျွန်တော် နောက်ဆုတ်မှာပါ။ ဒါပေမယ့် ဒီနေ့တော့ ကြိုးစားခွင့်ပေးပါ မမ"

"နင့်ဘာသာနင် ကြိုးစားတာပဲဟာ ငါနဲ့ ဘာဆိုင်လို့လဲ"

"ဟုတ်ကဲ့။ ဒါနဲ့ မမ ရည်းစားတစ်ခါမှ မထားဖူးဘူးမလား
ဒါဆို ဒီနေ့တစ်ရက် ကျွန်တော်နဲ့ အီစီကလီ လုပ်ကြည့်မလား"

*အဟွတ် အဟွတ်*

မမက ရုတ်တရက် သီးသွား၍ ဆူဘင်းလည်း ပျာယာခတ်ပြီး မမကို ရေတိုက်လိုက်သည်။
မမက ရေတစ်ငုံလောက်သောက်ပြီး လည်ချောင်းရှင်းလိုက်သည်။

"နော် မမ။ ဒီနေ့တစ်ရက်ပဲလေနော် လုပ်ကြည့်ရအောင်နော် မမ"

ကောင်လေးက မျက်နှာသူငယ်လေးနှင့် ပြောလာ၍ ဒီထက်ပိုပြီး မသနားမိခင် မျက်နှာလွှဲလိုက်သည်။

"မသိဘူး"

အဲ့လို ပြောပြီး မမက နောက်တစ်ဇွန်းထပ်စားသည်။ ကျွန်တော်လည်း မမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း စားရာ ထမင်းတစ်ပန်းကန်ဟာ ဘယ်လိုကုန်သွားလဲတောင် မသိတော့ပါ။

[နောက်ပိုင်းကစပြီး SEVENTEEN THE 8 nimရဲ့ '나란히' (side by side) korean verလေး နားထောင်ပြီး ဖတ်ဖို့ Recommendပေးချင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း အဲ့သီချင်း နားထောင်ပြီး ရေးတာမို့လို့ပါ]

"ကျွန်တော် ဆေးပါ့မယ် မမဖယ်"

"နင် ချက်ထားတာဆိုတော့ ပန်းကန်တော့ ငါဆေးလိုက်မယ်"

"ရပါတယ် မမရဲ့ ကျွန်တော်ဆေးလိုက်-"

မမက ကျွန်တော့်ကို အပြောတောင် မခံဘူး။ ပန်းကန်တွေ ယူပြီး သွားဆေးနေလေရဲ့။
မမက ဘယ်လိုကြည့်ကြည့်ကို လှတာ။ မမ၏နောက်ကျောပြင်လေးနှင့် သွယ်လျနေသော ခါးဟာ ကျွန်တော့်ကို ဆွဲဆောင်နိုင်တာများလား။

ကျွန်တော် မမရဲ့ ခါးလေးကို နောက်ကနေ သိုင်းဖက်လိုက်တော့ မမလန့်သွားတယ် ထင်တယ်။ မမ၏ ခန္ဓာကိုယ်လေးဟာ အနည်းငယ် တွန့်သွားသည်။ မမ စိတ်ဆိုးချင်လည်း ဆိုးတော့ဗျာ။

"မမ"

"နင် ဘာလို့ လာဖက်တာလဲ လွှတ်!"

"မမရာ မရုန်းပါနဲ့ဗျာ။ ဒီတိုင်းလေးပဲ ငြိမ်ငြိမ်နေပေး"

ဒုတ်ဒုတ်ဒုတ်ဒုတ်...။
လူနှစ်ဦးဟာ အလွန်ကို နီးကပ်နေတာကြောင့် သူမရဲ့ ရင်ခုန်သံကို ထိုကောင်လေး မကြားပါစေနဲ့လို့ ယွန်းဂျောင်း စိတ်ထဲမှ တိုးတိုးလေးသာ ဆုတောင်းနေလိုက်တော့သည်။
ဆုတောင်းတိုင်းသာ ပြည့်နေမယ်ဆိုရင်လေ ဘုရားတွေ ပွင့်ကုန်မှာပေါ့။

"မမ ရင်ခုန်နေတာလား"

"ဘာ....ဘာကို ရင်ခုန်ရမှာလဲ"

"မမ မညာနဲ့နော်။ ကျွန်တော်ကြားလိုက်တယ် မမရဲ့ ရင်ဘတ်ထဲကနေ တဒုတ်ဒုတ်နဲ့ ခုန်နေတာလေ"

"ဟာ.. ဒီကောင်လေး ဘာတွေ ပြောနေတာလဲ မသိဘူး။ ပန်းကန်လည်း နင့်ဘာသာနင် ဆက်ဆေးတော့"

မမက သူမ၏ တံတောင်အားကိုးနှင့် ကျွန်တော့် ရင်ကို တိုက်ပြီး ရုန်းသွားသည်။
မမ ရှက်သွားတယ်ထင်ပါရဲ့။ ပါးလေး နှစ်ဖက်ဟာ ရဲတက်နေတာပဲ။ သုံးဆယ်တစ်နှစ် အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးက ဒီလို ချစ်ဖို့ကောင်းတယ်တဲ့လား။

နှစ်မှတ်ရပြီ။
ဒီတစ်ခါက မမကို ရင်ခုန်အောင် လုပ်နိုင်သွားပြီ။
မမ စောင့်ကြည့်ထား။
မကြာခင် ကျွန်တော်က မမရဲ့ ကောင်လေးဖြစ်လာမှာ။

*************************

မမ ရေချိုးနေတုန်း ကျွန်တော် ဧည့်ခန်းထဲ ထိုင်နေမိသည်။ တစ်ယောက်တည်း ပျင်းလည်း ပျင်းသလို မမကို ဘယ်လိုခြွေရမလဲ အကြံထုတ်နေရင်း မမတောင် ရေချိုးပြီး အိမ်ရှေ့တောင် ရောက်လာလေပြီ။

ခေါင်းလျှော်ပြီးစဖြစ်၍ မစိုအခြောက်ဖြစ်နေသည့် ဆံနွယ်လေးတွေကို မမက တဘက်ဖြင့် သုတ်နေလေသည်။

"မမ ကျွန်တော် သုတ်ပေးမယ်"

မမက ကျွန်တော့်ကို မျက်စောင်းတစ်ချက်ထိုးသည်။ ကျွန်တော်ကတော့ မမကို သွားဖြီးပြလိုက်သည်။ မမကို ဆိုဖာပေါ်မှာ အတင်းထိုင်ခိုင်းလိုက်သည်။

တဘက်ကလေးဖြင့် မမရဲ့ ဆံနွယ်လေးတွေကို ဖွလိုက်တိုင်း နှာခေါင်း၀မှာ ရစ်သီရစ်သီလာလုပ်နေတဲ့ ရှန်ပူအနံ့......။
သူ တ၀ကြီး ရှုရှိုက်လိုက်သည်။

မမက ငါးမိနစ်တောင် မခံဘူး။ သူ့ဘာသာ သူ သုတ်မယ်ဆိုပြီး ကျွန်တော့်‌ဆီက လုပြန်ပြီ။
ကျွန်တော်ကလည်း သုတ်ပေးမယ်ဆိုပြီး ဆက်သုတ် မမကလည်း သူ့ဟာသူလုပ်မယ်ဆိုပြီး လု။

ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ရုတ်တရက် မမနဲ့ ဆူဘင်းရဲ့ လက်အစုံဟာ တထပ်တည်းကျသွားလေသည်။ ဆူဘင်းကတော့ ရတဲ့အခွင့်အရေး လက်လွတ်မခံပဲ မမရဲ့ လက်ကို ဆုပ်ကိုင်ထားသည်။

နှစ်ဦးစလုံး ငါးစက္ကန့်လောက် ငြိမ်သက်သွားပြီး မမက ရှက်ယမ်းရမ်းပြီး အိပ်ခန်းထဲ ပြေး၀င်သွားသည်။

ဒီကောင်လေး အသားယူတာ များနေပြီနော်... ငါနဲ့ တွေ့တော့မယ်။

ဧည့်ခန်းထဲ ထွက်မလာပဲ ကိုယ့်ဘာသာကိုယ် အိပ်ခန်းထဲမှာ လေမှုတ်စက်နဲ့ မှုတ်လိုက်ရင်တောင် အခုဆို ခြောက်နေပြီ။

တံခါးကို ပိတ်ပြီး မှီထားလိုက်သည်။ အခုမှပဲ ယွန်းဂျောင်း အသက်ရှုချောင်တော့သည်။ လူကဖြင့် လက်တောက်လောက်နဲ့ လူကို အသေခြွေနေတာပဲ။

ဆူဘင်းက ခုနက မမ၏ အဖြစ်အပျက်ကို တွေးပြီး ပြုံးမိသည်။ ဘယ်လိုပဲ ငြင်းငြင်း မမက သူ့ဆီ အနည်းငယ်တော့ မြောပါနေပြီပဲလေ။
သုံးမှတ်ရပြီ နောက်သုံးမှတ်ပဲ ကျန်တော့တယ်။
အခုကမှ အစပဲရှိသေးတယ် မမရဲ့။ သေချာသာ ‌တောင့်ခံပေတော့။

*******************
၁:၁၅မိနစ်

ယွန်းဂျောင်း အခန်းထဲက စာကြည့်ခုံမှာ စာဖတ်နေသည်။ ယွန်းဂျောင်းက အားရင်အားသလို စာဖတ်သည်။ တစ်ခါတစ်လေကျ ဆောင်းပါးလည်း ရေးဖြစ်သည်။

ယွန်းဂျောင်း ၀တ္ထုထဲ စိတ်ရောက်နေသည့်မို့ ဆူဘင်း၀င်လာသည်ကိုလည်း သတိမထားမိ။

ဆူဘင်းလည်း မမ သတိမထားမိတုန်း အလစ်သုတ်ကာ မမရဲ့ လက်အစုံနား တိုးကပ်လာသည်။ တစ်ဖက်က စာအုပ်ကို ကိုင်၍ စာဖတ်နေသည်။ နောက်တစ်ဖက်ကတော့ စားပွဲပေါ်တင်ထားသည်။
အားနေသည့် ‌လက်တစ်ဖက်ကို ဆူဘင်းက အသာလေး ကိုင်လိုက်ပြီး သူ့၏ နှုတ်ခမ်းနား တေ့ထားလိုက်သည်။
တစ်...နှစ်...သုံး ရယ်ဒီပြင်ပြီးသည်နှင့် မမ၏ လက်လေးကို နမ်းဖို့ လုပ်တဲ့ အချိန်

*ဖုန်မ်း*

မမက သူမလက်ထဲက စာအုပ်နဲ့ ဆူဘင်းရဲ့ ခေါင်းကို တစ်ချက်တည်းနဲ့ ခပ်နာနာ ချထည့်လိုက်လေသည်။
ဆူဘင်း အနည်းငယ်တော့ အီစိမ့်သွားပြီ ဖြစ်၍ ခေါင်းလေးကို အသာပွတ်ကာ မမအား ဖြီးပြသည်။

"နင်လည်တယ်ဆိုတာ ငါအိပ်နေသလောက်ပဲ ရှိတယ် ချွဲဆူဘင်း"

"ဟဲဟဲ နာတယ်ဗျ"

အချိန်အတော်ကြာသွားတော့ မမက သူ့ဟာသူ စာပြန်ဖတ်နေသည်။ ကျွန်တော်ကတော့ တစ်ယောက်တည်း ပျင်းပျင်းနဲ့ မမကိုသာ စိုက်ကြည့်နေတော့သည်။

ဟုတ်ပြီ။ အကြံရပြီကွ။

"မမ ဟိုမှာ ဘာလဲမသိဘူး"

မမရဲ့ နောက်ကျောဘက်က မျက်နှာကြက်ကို လက်ညိုးထိုးပြလိုက်သည်။ မမက ဖတ်လက်စ စာအုပ်ကို ဘေးချလိုက်ပြီး သူ ညွှန်ပြရာ နေရာကို သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။

"ဘာမှလည်း မရှိ-"

ယွန်းဂျောင်း အရှေ့ကို ပြန်လှည့်တဲ့အချိန် ကောင်လေးနဲ့ ယွန်းဂျောင်းတို့ရဲ့ မျက်နှာအကွာအဝးဟာ တစ်ဆယ်စင်တီမီတာလောက်ပဲ ကွာတော့သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ်နှင့် ခုန်လာတဲ့ နှလုံးခုန်သံတွေကို ဘယ်လို ရပ်တန့်ရမလဲ မသိတော့။
ထိုကောင်လေးဟာလည်း သူမ၏ နှုတ်ခမ်းနား တဖြည်းဖြည်း တိုးကပ်လာလေပြီ။
ရုန်းရင်လည်း အားမမျှတာမို့ ဒီအတိုင်းလေးပဲ ငြိမ်ခံလိုက်မည်ဟု တွေးသော်လည်း.....

ဟက်ချိုး။

ယွန်းဂျောင်း နှာခေါင်းထိပ်က အနည်းငယ် ယားချင်သလို ဖြစ်၍ မအောင့်နိုင်ပဲ နှာချေလိုက်ရာ ထိုကောင်လေး မျက်နှာမှာ သူမ၏ တံတွေးအနည်းငယ် စင်သွားလေသည်။

"ဟ...ဟား ဟား ကောင်လေးရယ် ငါမရည်ရွယ်ပါဘူး ဒါပေမယ့် ရုတ်တရက်ကြီး နှာချေချင်သွားလို့...ဟား ဟား"

"ရပါတယ် မမရဲ့။ မမဆီကဆို တံတွေးလည်း မြတ်နိုးတယ်"

"နင်ကတော့လေ🙂"

မမက မျက်စောင်းတစ်ချက်ထိုးပြီး သူ့ကို ကြည့်သည်။
ဘာပဲ ဖြစ်ဖြစ် ခုဏက တဒင်္ဂမှာ မမ ရင်တော့ ခုန်သွားတယ်။
အဲ့တာကြောင့် နှာချေတာလေ။

ကျွန်တော် လေးမှတ်ရသွားပြီနော် မမ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညနေ ငါးနာရီလောက်ကျတော့ မမက တိုက်ခန်းရှေ့က ပန်းခြံကို လမ်းသွားလျှောက်သည်။ ကျွန်တော်လည်း မမနောက်ကို လိုက်သွားသည်။

အတူတူ လမ်းလျှောက်နေရင်း ဆူဘင်းက ရပ်သွားတာကြောင့် သူမ လှည့်ကြည့်မိသည်။

"မလိုက်ဘူးလား"

"ဟင့်အင်း။ကျွန်တော် ဒီမှာ ခဏထိုင်လိုက်ဦးမယ်။ လူတစ်ယောက်ကို စောင့်စရာ ရှိလို့"

"ပြီးရော"

ထူးဆန်းလိုက်တာ။မနက်ကတည်းက ငါ့ဘေးမှာ ပူးကပ်ပြီး လိုက်နေတာ အခုကျတော့ လူတစ်ယောက်ကို စောင့်စရာရှိလို့တဲ့။ အဲ့လူက မိန်းကလေးလား မသိဘူး။ အို...သူ့ဘာသာသူ ဘယ်သူနဲ့ တွေ့တွေ့ပေါ့ ငါနဲ့ ဘာဆိုင်လို့လဲ။

ယွန်းဂျောင်း ပန်းခြံ တစ်ပတ်ပတ်ပြီး၍ ထိုခုံတန်းကို ပြန်လာရာ ဆူဘင်းက မိန်းကလေးတစ်ယောက်နှင့် အတူတူ ရယ်မောပြီး စကားပြောနေသည်။

နင်...နင်ပြောတော့ ငါ့ကိုပဲ နှစ်အကြာကြီး လိုက်နေတာဆို။ ငါ့ကိုပဲ ချစ်တာပါဆို အခုတော့.....။

"ဟာ..မမ လမ်းလျှောက်ပြီးတောင် ပြန်လာပြီပေါ့။ စကားပြောနေတာနဲ့ အချိန်တောင် ကုန်မှန်းမသိလိုက်ဘူး"

"ဘင်း..သူက ဘယ်သူလဲ"

ထိုကောင်မလေးက ဘင်းလို့ခေါ်ပြီး လက်ကလည်း ကျုးကျုးကျော်ကျော်  ဆူဘင်း၏ လက်မောင်းကို ချိတ်ထားသေးသည်။

"အိမ်‌အပေါ်ထပ်က အစ်မပါ မင်ဂျုရဲ့"

"မမ ဒါက ကျွန်တော့်သူငယ်ချင်းလေ မင်ဂျုတဲ့"

"တို့က ယွန်းဂျောင်းပါ"

မိတ်ဆက်ပြီး ခဏကြာတော့ မမရဲ့ မျက်နှာထားတွေဟာ တည်လာသည်။

"ငါတို့ တိုက်အောက်က ရေခဲမုန့်က စားကောင်းတယ်လေ။ ငါသွား၀ယ်လိုက်ဦးမယ်"

"မမက ဘာအရသာ စားမှာလဲ"

"မင်ထုချိုကို"

"မင်ဂျု နင်က စားနေကြ စတော်ဘယ်ရီပဲမလား"

"ဒါပေါ့။ တစ်ကယ်ကို ဘင်းက ငါနဲ့ပတ်သတ်ရင် အကုန်သိနေတာပဲ"

ဘာ! ‌သူက ဘာလို့ အဲ့ကောင်မလေး အကြိုက်ကအစ အကုန်သိနေတာလဲ။ ငါဘာကြိုက်တတ်လဲတောင် မသိဘူးပေါ့ ချွဲဆူဘင်း။

ငယ်တဲ့လူဆီကနေ နင့်ကို ငါ အပါမခံနိုင်ဘူး ဆူဘင်း။

"ရော့"

ဆူဘင်းက မင်ဂျု့ကို ရေခဲမုန့်ခွက် လှမ်းပေးလိုက်သည်။

"မမ"

မမကိုလည်း လှမ်းပေးလိုက်သည်။

တွေ့လား။ ရေခဲမုန့်ခွက်ပေးတာတောင်မှ ငါက နောက်မှရတာ။ အဲ့ကောင်မလေးက ဘာမို့လို့ သူ့အာရုံတွေကို အကုန် ဖမ်းစားသွားတာလဲ။

ဆောင်းရာသီ၏ ညနေခင်းတိုက်ခတ်သည့် လေပြေဟာ အေးသဖြင့် စကပ်တို၀တ်ထားသည့် ထိုကောင်မလေးက အနည်းငယ်တော့ ချမ်းနေပုံရသည်။ အပေါ်အကျီက လက်ရှည်မို့ သိပ်မအေးသော်လည်း ခြေထောက်တွေကတော့ အေးနေပုံရတယ်။

ထိုအချိန် ဆူဘင်း အပေါ်ကအနွေးထည်အကျီကို ချွတ်လိုက်သည်။ မဟုတ်မှလွဲရော......

"ခြုံထားလိုက်။ တော်ကြာ လေဖြတ်သွားဦးမယ်"

"ဘာလဲ ဘင်းရာ။ ရင်ခုန်သွားတာပဲ"

ဆိုပြီး ‌ဆူဘင်း၏ ရင်ဘတ်ကို လက်သီးဆုပ်ဖွဖွလေးနှင့် ထိုးသည်။ ချွဲဆူဘင်းကလည်း မျက်နှာကြီး လေဖြတ်မတတ် ပြုံးဖြီးနေတာပဲ။
ချွဲဆူဘင်း အမြင်ကပ်စရာ...။

ဒီတစ်ခါတော့ ယွန်းဂျောင်းဆက်မကြည့်နေနိုင်တော့။
ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့ နှစ်ဦးစလုံး ဦးမော့ကာ သူမကို ကြည့်နေကြသည်။

"တို့ကို ခွင့်ပြုပါဦး။ အိမ်မှာ အလုပ်လေးတွေ ရှိလို့"

သူမ ဆူဘင်းမျက်နှာလည်း မကြည့်ချင်တော့။ နောက်ကို တစ်စက်တောင် လှည့်မကြည့်ပဲ ကိုယ့်အထပ်သာ ကိုယ်ပြန်လိုက်သည်။

ချွဲဆူဘင်း နင်ငါ့ကို တစ်ကယ်ပဲ လက်လျော့လိုက်ပြီလား။ နင်ပြောတော့ ဒီနေ့တစ်နေကုန် ငါနဲ့ အီစီကလီ လုပ်မှာ‌ဆို။ ‌ယောကျာ်းမပီသလိုက်တာ။

ဒေါက် ဒေါက်*

"မမ တံခါးမပိတ်ထားဘူးလား။ ကျွန်တော်၀င်လာမယ်နော်"

"ဘာလို့ ငါ့နောက်လိုက်လာတာလဲ။ နင့်ရည်းစား စိတ်ဆိုးသွားမယ်"

"မမ သူက ကျွန်တော့်ရည်းစား မဟုတ်ပါဘူးဗျာ"

"မဟုတ်ရအောင် ဘာလို့မဟုတ်ရမှာလဲ။ နင် အဲ့လောက် ဂရုစိုက်နေတာ။ ဒါနဲ့များ ဘာလို့ ငါ့ကို လိုက်နေသေးလဲ"

"မမ သ၀န်တိုနေတာပဲ"

"ငါ..ငါက ဘာလို့ သ၀န်တိုရမှာလဲ"

"အဲ့တာဆို မမ ကျွန်တော့်ကို မချစ်ဘူးလား"

"မချစ်ဘူး"

"ဟာ.."

"ချစ်တယ်"

"မမကလည်း ပြောပြန်ပြီ။ အဲ့လိုမပြောပါနဲ့ဆို...အဲ ချစ်တယ်? မမ ချစ်တယ် ပြောလိုက်တာလား"

"ဟုတ်တယ်"

ဆူဘင်း မမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ နောက်ဆုံးတော့ လိုချင်တဲ့ အဖြေကို ရလာခဲ့ပြီ။ ဒီအဖြေကို စောင့်နေသည်မှာ လေးနှစ်ကြာခဲ့လေပြီ။

ဒီတော့လည်း ဘယ်‌ဆိုးလို့လဲ မင်ဂျူ့ အကြံက အလုပ်ဖြစ်သားပဲ။ နောက်ကြရင် တစ်ဝိုင်းကျွေးရမယ်။

"နေပါဦး။ နင်တို့က ရည်းစားမဟုတ်ဘူးဆို"

"ဟုတ်တယ်လေ ရည်းစား မဟုတ်ဘူး။ ဟန်ဆောင်နေတာ။ အဲ့တာ ‌အကြောင်းရှ်ိတယ်။ မမကို ပြောပြမယ်"

*နောက်ကြောင်းပြန်ခြင်း*

မမ ရေချိုးနေ၍ ဆူဘင်း ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ပျင်းခြောက်ခြောက် ဖြစ်နေသည်။ မမကို ဘယ်လို ကြွေလာအောင် ခြွေရမလဲ စဉ်းစားနေရင်း လူတစ်ယောက်ကို စဉ်းစားမိသည်။
ဟုတ်သည်။ ထိုသူက မင်ဂျုပင်။

မင်ဂျုက ဆူဘင်း၏ သူငယ်ချင်း။
ဆူဘင်းက သူ့မမ အကြောင်းကို မင်ဂျု့အား ပြောပြထား၍ မင်ဂျူက သူ့မမနှင့် ဆူဘင်းတို့ နီးစပ်ရန် အကြံဉာဏ်လေးတွေ ပေးတတ်သည်။
လုံး၀ ကြံရာမရတော့၍ မင်ဂျူ့ကိုသာ ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းရတော့မည်။

*တီတီတီ*

ကိုင်ပါဟ မင်ဂျူရ။
ထိုအချိန် ဟိုဘက်မှ ဖုန်း၀င်လာ၍ ဆူဘင်း ပျော်သွားသည်။

"ဘာလဲ အဘင်း"

"မိဂျူ ငါ့ကို ကူညီဦးဟ။ ငါလေ မမကို ဘယ်လို ပြန်ကြိုက်လာအောင် လုပ်ရမလဲ မသိတော့ဘူး။ ဦးနှောက်တွေလည်း ခြောက်နေပြီ"

"အင်မ်.....သိပြီ အဘင်း ဒီလိုလုပ်။ ဗျုဟာကတော့ သ၀န်တိုအောင် လုပ်ရမယ်"

"ဘယ်လို သ၀န်တိုအောင် လုပ်ရမှာလဲ"

"ငါ ကူညီပေးမယ်။ အရင်ဆုံး ငါ နင့်မမအိမ်နား လာခဲ့မယ်။ ပြီးတော့ နင်နဲ့ ငါက အီစီကလီလုပ်နေတဲ့ ပုံစံမျိုး ဟန်ဆောင်ရမယ်။ လိုအပ်ရင် လက်ကိုင်တာ‌တို့၊ဖက်တာတို့၊ နုနုရွရွတွေ ပြောတာမျိုး။အဲ့တာကလည်း နင့်မမ ရှေ့မှာ လုပ်ပြရမှာနော်"

"ဟေ့ ဟေ့ မဖြစ်ဘူးထင်တယ်နော် မိဂျူ။ ဒါဆို ငါ့မမက စိတ်ဆိုးသွားမှာပေါ့"

"အေးလေ။ အဲ့လိုဖြစ်အောင်လို့ တမင်လုပ်ပြတာလေ။ အဲ့တာမှ နင့်မမက သ၀န်တိုပြီး ငါ့ဆီကနေ နင့်ကို လုယူလာချင်လိမ့်မယ်။ ဒါဆို နင့်မမက နင့်ကို ချစ်နေတယ်ဆိုတာ သက်သေပြပြီးသားပဲ"


"အော် နင်တို့က အကြံအဖန်တွေနဲ့ပေါ့"

"ဟဲ ဟုတ်တယ် မမ"

"ခုနက ချစ်တယ်လို့ပြောလိုက်တယ့် ငါ့စကားကို ပြန်ရုတ်သိမ်းလိုက်တော့မယ်"

မမက ထိုသို့ပြောတော့ ဆူဘင်းက မျက်မှောင်ကြုတ်ပြီး မမကို နှုတ်ခမ်းထော်ကာ ပြန်ပြောသည်။

"မမကလည်းဗျာ။ ကျွန်တော်သာ ဒီလိုမှ မလုပ်ရင် မမက ဒီတစ်သက် ချစ်တယ်လို့ ပြောမှာ မဟုတ်တော့ဘူး"

"ငါ မပြောတော့လည်း နားမထောင်နဲ့ပေါ့"

"မမ ဒီလိုပဲ ဆိုးနေတော့မှာလား"

"အဲ့တော့ နင်က ဘာလုပ်ချင်လို့လဲ"

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"လွှတ်...လွှတ်နော်...ဆူဘင်း"

ယွန်းဂျောင်းကို ထိုကောင်လေး အိပ်ခန်းထဲဆီ ပွေ့ချီသွားလိုက်သည်။ ပြီးတော့ ကုတင်ပေါ်မှာ ချပေးပြီး အပေါ်ကနေ အုပ်မိုးထားသည်။

"နင် ငါ့ကို ဘာလုပ်မို့လဲ"

"ကျွန်တော် ဘာလုပ်မယ်လို့ ထင်လို့လဲ မမ"

ဆူဘင်း၏ နှုတ်ခမ်းအစုံဟာ မမရဲ့ မျက်နှာနားသို့ တစ်ဖြည်းဖြည်း တိုးကပ်လာလေလေ ယွန်းဂျောင်းရဲ့ ရင်ဘတ်အစုံဟာလည်း ပိုပို ခုန်လာလျက်။

ထိရုံမျှသာ ထိပေမယ့်လည်း အနက်ရှိုင်းဆုံးအထိ ချိုမြိန်နေတဲ့ ဒီအနမ်းဟာ ယွန်းဂျောင်း တစ်ကိုယ်လုံးကို ပျော့ခွေသွားစေသည်။
သူမဘက်မှ ဘာမှမတုန့်ပြန်သော်လည်း ဆူဘင်းကသာ ဦးဆောင်နေလေသည်။

မမက ‌ဆူဘင်းရဲ့ ရင်ဘတ်ကို အတင်းထုပြီး ရုန်းတော့ ဆူဘင်းလည်း မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်လိုက်ရတော့သည်။

"ဒါဆို ကျွန်တော် ခြောက်မှတ်လုံး ပြည့်ပြီနော်"

မမက မျက်စောင်းအသာထိုးရင်း

"အင်း"

"ဒါနဲ့ နင် ဘယ်အချိန်ထိ ငါ့အပေါ်ကနေ မိုးထားမှာလဲ"

"မမ‌ရယ် အခန်းထဲကို နှစ်ယောက်လုံး အတူတူရောက်မှတော့ အဖိုးတန်ဆုံးညကို ဖန်တီးကြတာပေါ့"

ဆူဘင်းက လက်ဦးမှုယူပြီး စောင်ကို ဆွဲခြုံလိုက်သည်။ မကြာခင်မှာပဲ စောင်ထဲ နှစ်ယောက်စလုံး လုံးထွေးကြပြီး....

"ချွဲ‌ဆူဘင်း...နည်းနည်းလောက် အလိုလိုက်တာနဲ့ ရောင့်တက်လာပြီ"

ဂန်ယွန်းဂျောင်းဆိုတာ အငြိမ်ခံနေမဲ့ လူမျိုးလား။
ဆူဘင်း ဘာမှမလုပ်ရသေးခင် ရှိသမျှ ခေါင်းအုံးတွေ ဖက်ခေါင်းအုံးတွေနဲ့ ဆူဘင်းရဲ့ ခေါင်းကို ရိုက်သည်။

ဆူဘင်းက သူ့ရဲ့ ခေါင်းကို အသာပုတ်ပြီး

"နာတယ် မမရဲ့"

THE END

-JIYOON


Zawgyi

စားပြဲခုံေပၚသို႔ အဆက္မျပတ္ က်ၿမဲ က်ေနတဲ့ စာ႐ြတ္စာတမ္းေတြကို ၾကည့္ရင္း ယြန္းေဂ်ာင္းေတာ့ ေခါင္းေတြေတာင္ ကိုက္လာပါသည္။ ဌာနမူးက အၿမဲ လူလည္က်သည္။ ႐ုံးဆင္းခါနီးရင္ အလုပ္ေတြ စြတ္ေပးၿပီး မၿပီးရင္ အလုပ္မဆင္းရဘူးဆိုသည့္ အမိန္႔သံကလည္း ပါေသးသည္။

လက္ပတ္နာရီကို တစ္ခ်က္ငုံ႔ၾကည့္လိုက္ေတာ့ ငါးနာရီႏွစ္ဆယ့္ငါးဟု နာရီလက္တံေလးဟာ ၫႊန္ျပေနေလၿပီ။

အိုဗာတိုင္း ဆင္းရမယ္နဲ႔တူပါတယ္ ဒီေန႔လည္း။
ေက်းဇူး႐ွင္ႀကီးကေတာ့ ေကာ့ေတာ့ေကာ့ေတာ့နဲ႔ ျပန္သြားၿပီ။
ငါပဲက်န္ေတာ့တယ္။

ဟုတ္တယ္ ဂန္ယြန္းေဂ်ာင္း အားတင္းထား ျမန္ျမန္လုပ္ၿပီး ျမန္ျမန္ျပန္မယ္။ မနက္ျဖန္ ပိတ္ရက္ဆိုေတာ့ အိမ္မွာ ေအးေဆးနားမယ္ ။

ကိုယ့္ကိုကိုယ္ အားေပးၿပီး ကြန္ပ်ဳတာ ကီးဘုတ္ေပၚမွာ လက္ကေလးေတြကို ေျပးလႊားေစသည္။
အလုပ္ေတြကို တစ္ခုၿပီးတစ္ခု ဇယ္ဆက္သလို လုပ္ရင္း ခုႏွစ္နာရီထိုးေတာ့ သူမ အကုန္ ၿပီးသြားခဲ့ၿပီ။

တစ္ခ်က္သန္းေဝလိုက္ၿပီး အေၾကာဆန္႔လိုက္သည္။ လက္ကိုင္အိတ္ထဲကို ဖုန္းထည့္လိုက္ၿပီး ထရန္ျပင္သည္။

ကားမွတ္တိုင္မွာလည္း ကားေစာင့္ေနရင္း ဖုန္းလာ၍ ထုတ္ကိုင္လိုက္သည္။

"ဟယ္လို အေမ"

"သမီး ေနာက္က်တယ္ေနာ္။ အလုပ္မၿပီးေသးဘူးလား"

"ၿပီးၿပီ အေမရဲ႕။ အေမ ဒါပဲေနာ္ ကားလာေနလို႔"

ယြန္းေဂ်ာင္း ဖုန္းခ်လိုက္ၿပီး ကားေပၚေျပးတက္လိုက္သည္။ ကားေပၚမွာလည္း လူအျပည့္နဲ႔မို႔ ထိုင္စရာေနရာက မ႐ွိ႐ွာ။ မ႐ွိတဲ့အဆုံး ယြန္းေဂ်ာင္း ေကာင္ေလးတစ္ေယာက္ရဲ႕ေဘးမွာ ၀င္ထိုင္ေနလိုက္သည္။

"မမ"

ေသခ်ာေနၿပီ။ ဒီအသံကို သူမ ေကာင္းေကာင္း သိေနသည္။ ထိုေကာင္ေလးသည္ သူမကို လိုက္ပိုးပန္းေနတဲ့ တစ္ေယာက္။

ခ်ီး*ပဲ ဘာလို႔ သူနဲ႔က်မွ လာတိုးေနရတာလဲ။
ယြန္းေဂ်ာင္း ထိုေကာင္ေလးကို မႀကိဳက္ပါ။ ထိုေကာင္ေလးက သူမထက္ အေတာ္ေလးငယ္သည္။ အခုမွ တကၠသိုလ္ေက်ာင္းသားအ႐ြယ္ပင္။

"နင္ ဘယ္လိုလုပ္ေရာက္ေနတာလဲ"

"ေဟာ မမကလည္းဗ်ာ။ ကြၽန္ေတာ္လည္း ကိုယ့္လမ္းကို သြားတာပဲေလ"

ေအးေလ သူေျပာတာလည္း ဟုတ္ေနတာပဲ။
ယြန္းေဂ်ာင္းလည္း ဘာမွဆက္မေျပာျဖစ္ေတာ့ ထိုေကာင္ေလးမွ စကားစသည္။

"မမ အိမ္ျပန္မွာမလား"

"ဒီအခ်ိန္ႀကီးမွေတာ့ အိမ္ျပန္မွာေပါ့"

သူမ ဘုေတာ၍ ေျပာသည္။

"မိန္းကေလး တစ္ေယာက္တည္း ညေရးညတာ သြားတာမေကာင္းဘူး မမရဲ႕။ မမကို ကြၽန္ေတာ္ စိတ္မခ်လို႔ အိမ္အထိ လိုက္ပို႔မယ္ဗ်ာ"

သူမႏွင့္ ထိုေကာင္ေလးဟာ တစ္တိုက္တည္း။ အေပၚထပ္ ေအာက္ထပ္သာ ကြာသည္။ သူမက အေပၚထပ္။ သူက ေအာက္ထပ္။
စကားတတ္တယ္ဆိုတာေတာ့ သူမ ေထာက္ခံသည္။ လူကို မေႂကြေႂကြေအာင္ ေႁခြေနတယ္ဆိုတာလည္း သိသည္။ သို႔ေသာ္ ကိုယ္နဲ႔ ေျခာက္ႏွစ္ေလာက္ အသက္ကြာေနမွေတာ့ စဥ္းစားေပးဖို႔ရာ လမ္းမျမင္။

မွတ္တိုင္ေရာက္၍ သူမဆင္းသည္။ ထိုေကာင္ေလးကပါ သူ႕ေနာက္ လိုက္ဆင္းသည္။ အိမ္သို႔ျပန္သည့္ တစ္ေလွ်ာက္လုံး သူမနဲ႔ ထိုေကာင္ေလးတို႔ ဘာမွမေျပာျဖစ္။

"ကြၽန္ေတာ္ အိမ္ေပါက္၀ထိ လိုက္ပို႔ေပးမယ္"

"ေနပါ။ ကိုယ့္အထပ္မွာကိုေန ငါ့ဘာသာငါ သြားမယ္"

"မရပါဘူး။ လိုက္ပို႔မွာ"

သူက ဦးေဆာင္ၿပီး တက္သြားသည္။

"မမ မနက္ျဖန္က်ရင္ ေဒၚေလးမ႐ွိဘူးမဟုတ္လား"

အေမက ႐ြာမွာ တစ္ပတ္ေလာက္ သြားေနမည့္ ကိစၥေတာင္ သူသိေနသည္။

"အဲ့တာ နင္နဲ႔ ဘာဆိုင္လို႔လဲ"

"ဟဲဟဲ ဘာမွမဟုတ္ပါဘူးဗ်။ ဂြတ္ႏိုက္ မမ။ အိပ္မက္ထဲမွာ ကြၽန္ေတာ့္ကို ထည့္မက္ေပးေနာ္"

စပ္ၿဖီးၿဖီးလုပ္ၿပီး ထိုေကာင္ေလး ဆင္းသြားသည္။ဒီေကာင္ေလး တစ္ခုခုေတာ့ တစ္ခုခုပဲ။သူမ ေခါင္းခါလိုက္ၿပီး အိမ္ထဲ၀င္လိုက္သည္။

လူလည္း ပင္ပန္းေနသည္မို႔ ညစာလည္း မစားျဖစ္ပဲ ေရခ်ိဳးၿပီး တန္းအိပ္ရန္သာ ျပင္သည္။ လူကသာ ပင္ပန္းတာ မ်က္စိက စကားနားမေထာင္ဘူးပဲ။ အခုထိကို အိပ္မေပ်ာ္။

ခြၽဲဆူဘင္းအေၾကာင္းပဲ ေခါင္းထဲေရာက္ေနမိတယ္။ တစ္ကယ့္ မလြယ္စိန္ပဲ။ ဘာပဲျဖစ္ျဖစ္ ကေလးသာသာ ေကာင္ေလးတစ္ေယာက္ကို ငါက ျပန္ႀကိဳက္စရာလား။ ၿပီးေတာ့ သူက သိပ္ငယ္ေသးတယ္။ လူငယ္သဘာ၀အရ စိတ္ကစားေနတာလည္း ျဖစ္ႏိုင္တယ္ေလ။
ထိုအေတြးမ်ားသာ တစစ......။

*****************************************************

ေနအ႐ွိန္ဟာ မ်က္ႏွာႏုႏုေပၚ  ျပင္းထန္စြာ က်ေရာက္ေန၍ မႏိုးခ်င္ပဲ ႏိုးရသည္။ နာရီၾကည့္ေတာ့ ႐ွစ္နာရီေတာင္ ခြဲေနေလၿပီ။ ကသုတ္က႐ိုက္ မ်က္ႏွာသစ္၊သြားတိုက္ၿပီး ဧည့္ခန္းဆီ သြားလိုက္သည္။

"မမ ႏိုးၿပီလား"

ေယာက်ာ္းတစ္ေယာက္၏ အသံၾကားတာေၾကာင့္ ယြန္းေဂ်ာင္း အနည္းငယ္ေတာ့ တုန္လႈပ္သြားမိသည္။
ရင္းႏွီးေနသည့္ ေက်ာျပင္က ခြၽဲဆူဘင္းဆိုတာကို ၫႊန္ျပေနေလသည္။

"ဟဲ့ နင္ငါ့အိမ္ကို ဘယ္လိုလုပ္ေရာက္ေနတာလဲ"

"ဟဲဟဲ နည္းနည္းေတာ့ ၾကာၿပီ။ အေဒၚမသြားခင္ တစ္နာရီေလာက္က။
ဒါေပမယ့္ ကြၽန္ေတာ္က အေဒၚ ခြင့္ျပဳခ်က္ ရမွလာတာေနာ္"

ေကာင္ေလးက ေအာင္ႏိုင္သူေလသံျဖင့္ ေျပာသည္။ သူမလည္း သက္ျပင္းသာ ခ်မိသည္။

"အေမကလည္း တစ္ကယ္ပါပဲ။ မသိတဲ့ သူစိမ္းကို အိမ္ေပၚတင္ထားရတယ္လို႔"

"သူစိမ္းမဟုတ္ပါဘူး။ မၾကာခင္ သမက္ေလာင္းေလး ျဖစ္ေတာ့မွာကို"

မမရဲ႕ စကားသံကို ၾကားေတာ့ ေကာင္ေလးက သူ႕ဘာသာသူ တီးတိုးေျပာမိသည္။

"နင္ ဘာေျပာတယ္!"

ဒီေလာက္ တိုးတိုးေလးေျပာတာေတာင္ မမက ၾကားျဖစ္ေအာင္ ၾကားေသးတယ္။ ဟြန္႔ မမက နားပါးတာပဲ။

"ေအာ္...သူစိမ္းမွ မဟုတ္တာ အိမ္နီးခ်င္းေတြပဲလို႔ အဲ့တာေျပာမလို႔ပါ"

"ဒါနဲ႔ ကြၽန္ေတာ္ ဂင္ခ်ီထမင္းေၾကာ္ ေၾကာ္ထားတယ္ မမ စားေတာ့မလား"

မမက အေျဖျပန္မေပးဘဲ ထိုင္ခုံကို ဆြဲၿပီး အသင့္ထိုင္ေနသည္။ ဆူဘင္းက ဂင္ခ်ီထမင္းေၾကာ္ကို ပန္းကန္ထဲ ထည့္ေပးကာ မမေ႐ွ႕ခ်လိုက္သည္။

"မမ စားၾကည့္ ကြၽန္ေတာ့္လက္ရာကို စြဲသြားမွာ ေသခ်ာတယ္"

မမက ကြၽန္ေတာ့္ကို နဂါးမ်က္ေစာင္းပစ္ လိုက္သည္။ ကြၽန္ေတာ္ကေတာ့ မမကို ၿဖီးျပလိုက္ရင္း

မမ တစ္ဇြန္းျမည္းၾကည့္သည္။ ၿပီးေတာ့ မမ ျပဳံးလိုက္သည္။

"နင္က ဘယ္ဆိုးလို႔လဲ။ ေယာက်ာ္းေလး ျဖစ္ၿပီး မီးဖိုေခ်ာင္နဲ႔ ရင္းႏွီးေနတယ္"

"ရက္စ္ တစ္မွတ္ရၿပီကြ"

ကြၽန္ေတာ္က လက္သီးဖြဖြဆုပ္ၿပီး ဂုဏ္ယူလိုက္ေတာ့ မမက ေမးသည္။

"ဘာ တစ္မွတ္ရတာလဲ"

"ေအာ္ မမကို မေျပာရေသးဘူး။ ကြၽန္ေတာ္ ဒီေန႔တစ္ေန႔ကုန္ မမေဘးမွာေနၿပီး မမ ကြၽန္ေတာ့္ကို ျပန္ခ်စ္လာ‌ေအာင္ အျပဳအမူ‌ေျခာက္ခ်က္နဲ႔ လုပ္မွာ"

"ငါက နင့္ကို ျပန္မခ်စ္ဘူးဆိုရင္ေရာ"

"မမကို ကြၽန္ေတာ္ခ်စ္လာတာ ေလးႏွစ္ ႐ွိေနၿပီပဲ။ မမဘက္က ျပန္မခ်စ္ဘူးဆိုရင္ ကြၽန္ေတာ္ ေနာက္ဆုတ္မွာပါ။ ဒါေပမယ့္ ဒီေန႔ေတာ့ ႀကိဳးစားခြင့္ေပးပါ မမ"

"နင့္ဘာသာနင္ ႀကိဳးစားတာပဲဟာ ငါနဲ႔ ဘာဆိုင္လို႔လဲ"

"ဟုတ္ကဲ့။ ဒါနဲ႔ မမ ရည္းစားတစ္ခါမွ မထားဖူးဘူးမလား
ဒါဆို ဒီေန႔တစ္ရက္ ကြၽန္ေတာ္နဲ႔ အီစီကလီ လုပ္ၾကည့္မလား"

*အဟြတ္ အဟြတ္*

မမက ႐ုတ္တရက္ သီးသြား၍ ဆူဘင္းလည္း ပ်ာယာခတ္ၿပီး မမကို ေရတိုက္လိုက္သည္။
မမက ေရတစ္ငုံေလာက္ေသာက္ၿပီး လည္ေခ်ာင္း႐ွင္းလိုက္သည္။

"ေနာ္ မမ။ ဒီေန႔တစ္ရက္ပဲေလေနာ္ လုပ္ၾကည့္ရေအာင္ေနာ္ မမ"

ေကာင္ေလးက မ်က္ႏွာသူငယ္ေလးႏွင့္ ေျပာလာ၍ ဒီထက္ပိုၿပီး မသနားမိခင္ မ်က္ႏွာလႊဲလိုက္သည္။

"မသိဘူး"

အဲ့လို ေျပာၿပီး မမက ေနာက္တစ္ဇြန္းထပ္စားသည္။ ကြၽန္ေတာ္လည္း မမ မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ရင္း စားရာ ထမင္းတစ္ပန္းကန္ဟာ ဘယ္လိုကုန္သြားလဲေတာင္ မသိေတာ့ပါ။

[ေနာက္ပိုင္းကစၿပီး SEVENTEEN THE 8 nimရဲ႕ '나란히' (side by side) korean verေလး နားေထာင္ၿပီး ဖတ္ဖို႔ Recommendေပးခ်င္ပါတယ္။ စာေရးသူကိုယ္တိုင္လည္း အဲ့သီခ်င္း နားေထာင္ၿပီး ေရးတာမို႔လို႔ပါ]

"ကြၽန္ေတာ္ ေဆးပါ့မယ္ မမဖယ္"

"နင္ ခ်က္ထားတာဆိုေတာ့ ပန္းကန္ေတာ့ ငါေဆးလိုက္မယ္"

"ရပါတယ္ မမရဲ႕ ကြၽန္ေတာ္ေဆးလိုက္-"

မမက ကြၽန္ေတာ့္ကို အေျပာေတာင္ မခံဘူး။ ပန္းကန္ေတြ ယူၿပီး သြားေဆးေနေလရဲ႕။
မမက ဘယ္လိုၾကည့္ၾကည့္ကို လွတာ။ မမ၏ေနာက္ေက်ာျပင္ေလးႏွင့္ သြယ္လ်ေနေသာ ခါးဟာ ကြၽန္ေတာ့္ကို ဆြဲေဆာင္ႏိုင္တာမ်ားလား။

ကြၽန္ေတာ္ မမရဲ႕ ခါးေလးကို ေနာက္ကေန သိုင္းဖက္လိုက္ေတာ့ မမလန္႔သြားတယ္ ထင္တယ္။ မမ၏ ခႏၶာကိုယ္ေလးဟာ အနည္းငယ္ တြန္႔သြားသည္။ မမ စိတ္ဆိုးခ်င္လည္း ဆိုးေတာ့ဗ်ာ။

"မမ"

"နင္ ဘာလို႔ လာဖက္တာလဲ လႊတ္!"

"မမရာ မ႐ုန္းပါနဲ႔ဗ်ာ။ ဒီတိုင္းေလးပဲ ၿငိမ္ၿငိမ္ေနေပး"

ဒုတ္ဒုတ္ဒုတ္ဒုတ္...။
လူႏွစ္ဦးဟာ အလြန္ကို နီးကပ္ေနတာေၾကာင့္ သူမရဲ႕ ရင္ခုန္သံကို ထိုေကာင္ေလး မၾကားပါေစနဲ႔လို႔ ယြန္းေဂ်ာင္း စိတ္ထဲမွ တိုးတိုးေလးသာ ဆုေတာင္းေနလိုက္ေတာ့သည္။
ဆုေတာင္းတိုင္းသာ ျပည့္ေနမယ္ဆိုရင္ေလ ဘုရားေတြ ပြင့္ကုန္မွာေပါ့။

"မမ ရင္ခုန္ေနတာလား"

"ဘာ....ဘာကို ရင္ခုန္ရမွာလဲ"

"မမ မညာနဲ႔ေနာ္။ ကြၽန္ေတာ္ၾကားလိုက္တယ္ မမရဲ႕ ရင္ဘတ္ထဲကေန တဒုတ္ဒုတ္နဲ႔ ခုန္ေနတာေလ"

"ဟာ.. ဒီေကာင္ေလး ဘာေတြ ေျပာေနတာလဲ မသိဘူး။ ပန္းကန္လည္း နင့္ဘာသာနင္ ဆက္ေဆးေတာ့"

မမက သူမ၏ တံေတာင္အားကိုးႏွင့္ ကြၽန္ေတာ့္ ရင္ကို တိုက္ၿပီး ႐ုန္းသြားသည္။
မမ ႐ွက္သြားတယ္ထင္ပါရဲ႕။ ပါးေလး ႏွစ္ဖက္ဟာ ရဲတက္ေနတာပဲ။ သုံးဆယ္တစ္ႏွစ္ အ႐ြယ္႐ွိတဲ့ အမ်ိဳးသမီးတစ္ဦးက ဒီလို ခ်စ္ဖို႔ေကာင္းတယ္တဲ့လား။

ႏွစ္မွတ္ရၿပီ။
ဒီတစ္ခါက မမကို ရင္ခုန္ေအာင္ လုပ္ႏိုင္သြားၿပီ။
မမ ေစာင့္ၾကည့္ထား။
မၾကာခင္ ကြၽန္ေတာ္က မမရဲ႕ ေကာင္ေလးျဖစ္လာမွာ။

*************************

မမ ေရခ်ိဳးေနတုန္း ကြၽန္ေတာ္ ဧည့္ခန္းထဲ ထိုင္ေနမိသည္။ တစ္ေယာက္တည္း ပ်င္းလည္း ပ်င္းသလို မမကို ဘယ္လိုေႁခြရမလဲ အၾကံထုတ္ေနရင္း မမေတာင္ ေရခ်ိဳးၿပီး အိမ္ေ႐ွ႕ေတာင္ ေရာက္လာေလၿပီ။

ေခါင္းေလွ်ာ္ၿပီးစျဖစ္၍ မစိုအေျခာက္ျဖစ္ေနသည့္ ဆံႏြယ္ေလးေတြကို မမက တဘက္ျဖင့္ သုတ္ေနေလသည္။

"မမ ကြၽန္ေတာ္ သုတ္ေပးမယ္"

မမက ကြၽန္ေတာ့္ကို မ်က္ေစာင္းတစ္ခ်က္ထိုးသည္။ ကြၽန္ေတာ္ကေတာ့ မမကို သြားၿဖီးျပလိုက္သည္။ မမကို ဆိုဖာေပၚမွာ အတင္းထိုင္ခိုင္းလိုက္သည္။

တဘက္ကေလးျဖင့္ မမရဲ႕ ဆံႏြယ္ေလးေတြကို ဖြလိုက္တိုင္း ႏွာေခါင္း၀မွာ ရစ္သီရစ္သီလာလုပ္ေနတဲ့ ႐ွန္ပူအနံ႔......။
သူ တ၀ႀကီး ႐ႈ႐ိႈက္လိုက္သည္။

မမက ငါးမိနစ္ေတာင္ မခံဘူး။ သူ႕ဘာသာ သူ သုတ္မယ္ဆိုၿပီး ကြၽန္ေတာ့္‌ဆီက လုျပန္ၿပီ။
ကြၽန္ေတာ္ကလည္း သုတ္ေပးမယ္ဆိုၿပီး ဆက္သုတ္ မမကလည္း သူ႕ဟာသူလုပ္မယ္ဆိုၿပီး လု။

႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း ႐ုတ္တရက္ မမနဲ႔ ဆူဘင္းရဲ႕ လက္အစုံဟာ တထပ္တည္းက်သြားေလသည္။ ဆူဘင္းကေတာ့ ရတဲ့အခြင့္အေရး လက္လြတ္မခံပဲ မမရဲ႕ လက္ကို ဆုပ္ကိုင္ထားသည္။

ႏွစ္ဦးစလုံး ငါးစကၠန္႔ေလာက္ ၿငိမ္သက္သြားၿပီး မမက ႐ွက္ယမ္းရမ္းၿပီး အိပ္ခန္းထဲ ေျပး၀င္သြားသည္။

ဒီေကာင္ေလး အသားယူတာ မ်ားေနၿပီေနာ္... ငါနဲ႔ ေတြ႕ေတာ့မယ္။

ဧည့္ခန္းထဲ ထြက္မလာပဲ ကိုယ့္ဘာသာကိုယ္ အိပ္ခန္းထဲမွာ ေလမႈတ္စက္နဲ႔ မႈတ္လိုက္ရင္ေတာင္ အခုဆို ေျခာက္ေနၿပီ။

တံခါးကို ပိတ္ၿပီး မွီထားလိုက္သည္။ အခုမွပဲ ယြန္းေဂ်ာင္း အသက္႐ႈေခ်ာင္ေတာ့သည္။ လူကျဖင့္ လက္ေတာက္ေလာက္နဲ႔ လူကို အေသေႁခြေနတာပဲ။

ဆူဘင္းက ခုနက မမ၏ အျဖစ္အပ်က္ကို ေတြးၿပီး ျပဳံးမိသည္။ ဘယ္လိုပဲ ျငင္းျငင္း မမက သူ႕ဆီ အနည္းငယ္ေတာ့ ေျမာပါေနၿပီပဲေလ။
သုံးမွတ္ရၿပီ ေနာက္သုံးမွတ္ပဲ က်န္ေတာ့တယ္။
အခုကမွ အစပဲ႐ွိေသးတယ္ မမရဲ႕။ ေသခ်ာသာ ‌ေတာင့္ခံေပေတာ့။

*******************
၁:၁၅မိနစ္

ယြန္းေဂ်ာင္း အခန္းထဲက စာၾကည့္ခုံမွာ စာဖတ္ေနသည္။ ယြန္းေဂ်ာင္းက အားရင္အားသလို စာဖတ္သည္။ တစ္ခါတစ္ေလက် ေဆာင္းပါးလည္း ေရးျဖစ္သည္။

ယြန္းေဂ်ာင္း ၀တၳဳထဲ စိတ္ေရာက္ေနသည့္မို႔ ဆူဘင္း၀င္လာသည္ကိုလည္း သတိမထားမိ။

ဆူဘင္းလည္း မမ သတိမထားမိတုန္း အလစ္သုတ္ကာ မမရဲ႕ လက္အစုံနား တိုးကပ္လာသည္။ တစ္ဖက္က စာအုပ္ကို ကိုင္၍ စာဖတ္ေနသည္။ ေနာက္တစ္ဖက္ကေတာ့ စားပြဲေပၚတင္ထားသည္။
အားေနသည့္ ‌လက္တစ္ဖက္ကို ဆူဘင္းက အသာေလး ကိုင္လိုက္ၿပီး သူ႕၏ ႏႈတ္ခမ္းနား ေတ့ထားလိုက္သည္။
တစ္...ႏွစ္...သုံး ရယ္ဒီျပင္ၿပီးသည္ႏွင့္ မမ၏ လက္ေလးကို နမ္းဖို႔ လုပ္တဲ့ အခ်ိန္

*ဖုန္မ္း*

မမက သူမလက္ထဲက စာအုပ္နဲ႔ ဆူဘင္းရဲ႕ ေခါင္းကို တစ္ခ်က္တည္းနဲ႔ ခပ္နာနာ ခ်ထည့္လိုက္ေလသည္။
ဆူဘင္း အနည္းငယ္ေတာ့ အီစိမ့္သြားၿပီ ျဖစ္၍ ေခါင္းေလးကို အသာပြတ္ကာ မမအား ၿဖီးျပသည္။

"နင္လည္တယ္ဆိုတာ ငါအိပ္ေနသေလာက္ပဲ ႐ွိတယ္ ခြၽဲဆူဘင္း"

"ဟဲဟဲ နာတယ္ဗ်"

အခ်ိန္အေတာ္ၾကာသြားေတာ့ မမက သူ႕ဟာသူ စာျပန္ဖတ္ေနသည္။ ကြၽန္ေတာ္ကေတာ့ တစ္ေယာက္တည္း ပ်င္းပ်င္းနဲ႔ မမကိုသာ စိုက္ၾကည့္ေနေတာ့သည္။

ဟုတ္ၿပီ။ အၾကံရၿပီကြ။

"မမ ဟိုမွာ ဘာလဲမသိဘူး"

မမရဲ႕ ေနာက္ေက်ာဘက္က မ်က္ႏွာၾကက္ကို လက္ညိဳးထိုးျပလိုက္သည္။ မမက ဖတ္လက္စ စာအုပ္ကို ေဘးခ်လိုက္ၿပီး သူ ၫႊန္ျပရာ ေနရာကို သမင္လည္ျပန္ လွည့္ၾကည့္လိုက္သည္။

"ဘာမွလည္း မ႐ွိ-"

ယြန္းေဂ်ာင္း အေ႐ွ႕ကို ျပန္လွည့္တဲ့အခ်ိန္ ေကာင္ေလးနဲ႔ ယြန္းေဂ်ာင္းတို႔ရဲ႕ မ်က္ႏွာအကြာအဝးဟာ တစ္ဆယ္စင္တီမီတာေလာက္ပဲ ကြာေတာ့သည္။

ဒုတ္ ဒုတ္ ဒုတ္ ဒုတ္ႏွင့္ ခုန္လာတဲ့ ႏွလုံးခုန္သံေတြကို ဘယ္လို ရပ္တန္႔ရမလဲ မသိေတာ့။
ထိုေကာင္ေလးဟာလည္း သူမ၏ ႏႈတ္ခမ္းနား တျဖည္းျဖည္း တိုးကပ္လာေလၿပီ။
႐ုန္းရင္လည္း အားမမွ်တာမို႔ ဒီအတိုင္းေလးပဲ ၿငိမ္ခံလိုက္မည္ဟု ေတြးေသာ္လည္း.....

ဟက္ခ်ိဳး။

ယြန္းေဂ်ာင္း ႏွာေခါင္းထိပ္က အနည္းငယ္ ယားခ်င္သလို ျဖစ္၍ မေအာင့္ႏိုင္ပဲ ႏွာေခ်လိုက္ရာ ထိုေကာင္ေလး မ်က္ႏွာမွာ သူမ၏ တံေတြးအနည္းငယ္ စင္သြားေလသည္။

"ဟ...ဟား ဟား ေကာင္ေလးရယ္ ငါမရည္႐ြယ္ပါဘူး ဒါေပမယ့္ ႐ုတ္တရက္ႀကီး ႏွာေခ်ခ်င္သြားလို႔...ဟား ဟား"

"ရပါတယ္ မမရဲ႕။ မမဆီကဆို တံေတြးလည္း ျမတ္ႏိုးတယ္"

"နင္ကေတာ့ေလ🙂"

မမက မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး သူ႕ကို ၾကည့္သည္။
ဘာပဲ ျဖစ္ျဖစ္ ခုဏက တဒဂၤမွာ မမ ရင္ေတာ့ ခုန္သြားတယ္။
အဲ့တာေၾကာင့္ ႏွာေခ်တာေလ။

ကြၽန္ေတာ္ ေလးမွတ္ရသြားၿပီေနာ္ မမ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညေန ငါးနာရီေလာက္က်ေတာ့ မမက တိုက္ခန္းေ႐ွ႕က ပန္းျခံကို လမ္းသြားေလွ်ာက္သည္။ ကြၽန္ေတာ္လည္း မမေနာက္ကို လိုက္သြားသည္။

အတူတူ လမ္းေလွ်ာက္ေနရင္း ဆူဘင္းက ရပ္သြားတာေၾကာင့္ သူမ လွည့္ၾကည့္မိသည္။

"မလိုက္ဘူးလား"

"ဟင့္အင္း။ကြၽန္ေတာ္ ဒီမွာ ခဏထိုင္လိုက္ဦးမယ္။ လူတစ္ေယာက္ကို ေစာင့္စရာ ႐ွိလို႔"

"ၿပီးေရာ"

ထူးဆန္းလိုက္တာ။မနက္ကတည္းက ငါ့ေဘးမွာ ပူးကပ္ၿပီး လိုက္ေနတာ အခုက်ေတာ့ လူတစ္ေယာက္ကို ေစာင့္စရာ႐ွိလို႔တဲ့။ အဲ့လူက မိန္းကေလးလား မသိဘူး။ အို...သူ႕ဘာသာသူ ဘယ္သူနဲ႔ ေတြ႕ေတြ႕ေပါ့ ငါနဲ႔ ဘာဆိုင္လို႔လဲ။

ယြန္းေဂ်ာင္း ပန္းျခံ တစ္ပတ္ပတ္ၿပီး၍ ထိုခုံတန္းကို ျပန္လာရာ ဆူဘင္းက မိန္းကေလးတစ္ေယာက္ႏွင့္ အတူတူ ရယ္ေမာၿပီး စကားေျပာေနသည္။

နင္...နင္ေျပာေတာ့ ငါ့ကိုပဲ ႏွစ္အၾကာႀကီး လိုက္ေနတာဆို။ ငါ့ကိုပဲ ခ်စ္တာပါဆို အခုေတာ့.....။

"ဟာ..မမ လမ္းေလွ်ာက္ၿပီးေတာင္ ျပန္လာၿပီေပါ့။ စကားေျပာေနတာနဲ႔ အခ်ိန္ေတာင္ ကုန္မွန္းမသိလိုက္ဘူး"

"ဘင္း..သူက ဘယ္သူလဲ"

ထိုေကာင္မေလးက ဘင္းလို႔ေခၚၿပီး လက္ကလည္း က်ဳးက်ဳးေက်ာ္ေက်ာ္  ဆူဘင္း၏ လက္ေမာင္းကို ခ်ိတ္ထားေသးသည္။

"အိမ္‌အေပၚထပ္က အစ္မပါ မင္ဂ်ဳရဲ႕"

"မမ ဒါက ကြၽန္ေတာ့္သူငယ္ခ်င္းေလ မင္ဂ်ဳတဲ့"

"တို႔က ယြန္းေဂ်ာင္းပါ"

မိတ္ဆက္ၿပီး ခဏၾကာေတာ့ မမရဲ႕ မ်က္ႏွာထားေတြဟာ တည္လာသည္။

"ငါတို႔ တိုက္ေအာက္က ေရခဲမုန္႔က စားေကာင္းတယ္ေလ။ ငါသြား၀ယ္လိုက္ဦးမယ္"

"မမက ဘာအရသာ စားမွာလဲ"

"မင္ထုခ်ိဳကို"

"မင္ဂ်ဳ နင္က စားေနၾက စေတာ္ဘယ္ရီပဲမလား"

"ဒါေပါ့။ တစ္ကယ္ကို ဘင္းက ငါနဲ႔ပတ္သတ္ရင္ အကုန္သိေနတာပဲ"

ဘာ! ‌သူက ဘာလို႔ အဲ့ေကာင္မေလး အႀကိဳက္ကအစ အကုန္သိေနတာလဲ။ ငါဘာႀကိဳက္တတ္လဲေတာင္ မသိဘူးေပါ့ ခြၽဲဆူဘင္း။

ငယ္တဲ့လူဆီကေန နင့္ကို ငါ အပါမခံႏိုင္ဘူး ဆူဘင္း။

"ေရာ့"

ဆူဘင္းက မင္ဂ်ဳ႕ကို ေရခဲမုန္႔ခြက္ လွမ္းေပးလိုက္သည္။

"မမ"

မမကိုလည္း လွမ္းေပးလိုက္သည္။

ေတြ႕လား။ ေရခဲမုန္႔ခြက္ေပးတာေတာင္မွ ငါက ေနာက္မွရတာ။ အဲ့ေကာင္မေလးက ဘာမို႔လို႔ သူ႕အာ႐ုံေတြကို အကုန္ ဖမ္းစားသြားတာလဲ။

ေဆာင္းရာသီ၏ ညေနခင္းတိုက္ခတ္သည့္ ေလေျပဟာ ေအးသျဖင့္ စကပ္တို၀တ္ထားသည့္ ထိုေကာင္မေလးက အနည္းငယ္ေတာ့ ခ်မ္းေနပုံရသည္။ အေပၚအက်ီက လက္႐ွည္မို႔ သိပ္မေအးေသာ္လည္း ေျခေထာက္ေတြကေတာ့ ေအးေနပုံရတယ္။

ထိုအခ်ိန္ ဆူဘင္း အေပၚကအေႏြးထည္အက်ီကို ခြၽတ္လိုက္သည္။ မဟုတ္မွလြဲေရာ......

"ျခဳံထားလိုက္။ ေတာ္ၾကာ ေလျဖတ္သြားဦးမယ္"

"ဘာလဲ ဘင္းရာ။ ရင္ခုန္သြားတာပဲ"

ဆိုၿပီး ‌ဆူဘင္း၏ ရင္ဘတ္ကို လက္သီးဆုပ္ဖြဖြေလးႏွင့္ ထိုးသည္။ ခြၽဲဆူဘင္းကလည္း မ်က္ႏွာႀကီး ေလျဖတ္မတတ္ ျပဳံးၿဖီးေနတာပဲ။
ခြၽဲဆူဘင္း အျမင္ကပ္စရာ...။

ဒီတစ္ခါေတာ့ ယြန္းေဂ်ာင္းဆက္မၾကည့္ေနႏိုင္ေတာ့။
႐ုတ္တရက္ မတ္တပ္ထရပ္လိုက္ေတာ့ ႏွစ္ဦးစလုံး ဦးေမာ့ကာ သူမကို ၾကည့္ေနၾကသည္။

"တို႔ကို ခြင့္ျပဳပါဦး။ အိမ္မွာ အလုပ္ေလးေတြ ႐ွိလို႔"

သူမ ဆူဘင္းမ်က္ႏွာလည္း မၾကည့္ခ်င္ေတာ့။ ေနာက္ကို တစ္စက္ေတာင္ လွည့္မၾကည့္ပဲ ကိုယ့္အထပ္သာ ကိုယ္ျပန္လိုက္သည္။

ခြၽဲဆူဘင္း နင္ငါ့ကို တစ္ကယ္ပဲ လက္ေလ်ာ့လိုက္ၿပီလား။ နင္ေျပာေတာ့ ဒီေန႔တစ္ေနကုန္ ငါနဲ႔ အီစီကလီ လုပ္မွာ‌ဆို။ ‌ေယာက်ာ္းမပီသလိုက္တာ။

ေဒါက္ ေဒါက္*

"မမ တံခါးမပိတ္ထားဘူးလား။ ကြၽန္ေတာ္၀င္လာမယ္ေနာ္"

"ဘာလို႔ ငါ့ေနာက္လိုက္လာတာလဲ။ နင့္ရည္းစား စိတ္ဆိုးသြားမယ္"

"မမ သူက ကြၽန္ေတာ့္ရည္းစား မဟုတ္ပါဘူးဗ်ာ"

"မဟုတ္ရေအာင္ ဘာလို႔မဟုတ္ရမွာလဲ။ နင္ အဲ့ေလာက္ ဂ႐ုစိုက္ေနတာ။ ဒါနဲ႔မ်ား ဘာလို႔ ငါ့ကို လိုက္ေနေသးလဲ"

"မမ သ၀န္တိုေနတာပဲ"

"ငါ..ငါက ဘာလို႔ သ၀န္တိုရမွာလဲ"

"အဲ့တာဆို မမ ကြၽန္ေတာ့္ကို မခ်စ္ဘူးလား"

"မခ်စ္ဘူး"

"ဟာ.."

"ခ်စ္တယ္"

"မမကလည္း ေျပာျပန္ၿပီ။ အဲ့လိုမေျပာပါနဲ႔ဆို...အဲ ခ်စ္တယ္? မမ ခ်စ္တယ္ ေျပာလိုက္တာလား"

"ဟုတ္တယ္"

ဆူဘင္း မမကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ ေနာက္ဆုံးေတာ့ လိုခ်င္တဲ့ အေျဖကို ရလာခဲ့ၿပီ။ ဒီအေျဖကို ေစာင့္ေနသည္မွာ ေလးႏွစ္ၾကာခဲ့ေလၿပီ။

ဒီေတာ့လည္း ဘယ္‌ဆိုးလို႔လဲ မင္ဂ်ဴ႕ အၾကံက အလုပ္ျဖစ္သားပဲ။ ေနာက္ၾကရင္ တစ္ဝိုင္းေကြၽးရမယ္။

"ေနပါဦး။ နင္တို႔က ရည္းစားမဟုတ္ဘူးဆို"

"ဟုတ္တယ္ေလ ရည္းစား မဟုတ္ဘူး။ ဟန္ေဆာင္ေနတာ။ အဲ့တာ ‌အေၾကာင္း႐ွ္ိတယ္။ မမကို ေျပာျပမယ္"

*ေနာက္ေၾကာင္းျပန္ျခင္း*

မမ ေရခ်ိဳးေန၍ ဆူဘင္း ဧည့္ခန္းထဲမွာ တစ္ေယာက္တည္း ပ်င္းေျခာက္ေျခာက္ ျဖစ္ေနသည္။ မမကို ဘယ္လို ေႂကြလာေအာင္ ေႁခြရမလဲ စဥ္းစားေနရင္း လူတစ္ေယာက္ကို စဥ္းစားမိသည္။
ဟုတ္သည္။ ထိုသူက မင္ဂ်ဳပင္။

မင္ဂ်ဳက ဆူဘင္း၏ သူငယ္ခ်င္း။
ဆူဘင္းက သူ႕မမ အေၾကာင္းကို မင္ဂ်ဳ႕အား ေျပာျပထား၍ မင္ဂ်ဴက သူ႕မမႏွင့္ ဆူဘင္းတို႔ နီးစပ္ရန္ အၾကံဉာဏ္ေလးေတြ ေပးတတ္သည္။
လုံး၀ ၾကံရာမရေတာ့၍ မင္ဂ်ဴ႕ကိုသာ ဖုန္းဆက္ၿပီး အၾကံဉာဏ္ေတာင္းရေတာ့မည္။

*တီတီတီ*

ကိုင္ပါဟ မင္ဂ်ဴရ။
ထိုအခ်ိန္ ဟိုဘက္မွ ဖုန္း၀င္လာ၍ ဆူဘင္း ေပ်ာ္သြားသည္။

"ဘာလဲ အဘင္း"

"မိဂ်ဴ ငါ့ကို ကူညီဦးဟ။ ငါေလ မမကို ဘယ္လို ျပန္ႀကိဳက္လာေအာင္ လုပ္ရမလဲ မသိေတာ့ဘူး။ ဦးေႏွာက္ေတြလည္း ေျခာက္ေနၿပီ"

"အင္မ္.....သိၿပီ အဘင္း ဒီလိုလုပ္။ ဗ်ဳဟာကေတာ့ သ၀န္တိုေအာင္ လုပ္ရမယ္"

"ဘယ္လို သ၀န္တိုေအာင္ လုပ္ရမွာလဲ"

"ငါ ကူညီေပးမယ္။ အရင္ဆုံး ငါ နင့္မမအိမ္နား လာခဲ့မယ္။ ၿပီးေတာ့ နင္နဲ႔ ငါက အီစီကလီလုပ္ေနတဲ့ ပုံစံမ်ိဳး ဟန္ေဆာင္ရမယ္။ လိုအပ္ရင္ လက္ကိုင္တာ‌တို႔၊ဖက္တာတို႔၊ ႏုႏု႐ြ႐ြေတြ ေျပာတာမ်ိဳး။အဲ့တာကလည္း နင့္မမ ေ႐ွ႕မွာ လုပ္ျပရမွာေနာ္"

"ေဟ့ ေဟ့ မျဖစ္ဘူးထင္တယ္ေနာ္ မိဂ်ဴ။ ဒါဆို ငါ့မမက စိတ္ဆိုးသြားမွာေပါ့"

"ေအးေလ။ အဲ့လိုျဖစ္ေအာင္လို႔ တမင္လုပ္ျပတာေလ။ အဲ့တာမွ နင့္မမက သ၀န္တိုၿပီး ငါ့ဆီကေန နင့္ကို လုယူလာခ်င္လိမ့္မယ္။ ဒါဆို နင့္မမက နင့္ကို ခ်စ္ေနတယ္ဆိုတာ သက္ေသျပၿပီးသားပဲ"


"ေအာ္ နင္တို႔က အၾကံအဖန္ေတြနဲ႔ေပါ့"

"ဟဲ ဟုတ္တယ္ မမ"

"ခုနက ခ်စ္တယ္လို႔ေျပာလိုက္တယ့္ ငါ့စကားကို ျပန္႐ုတ္သိမ္းလိုက္ေတာ့မယ္"

မမက ထိုသို႔ေျပာေတာ့ ဆူဘင္းက မ်က္ေမွာင္ၾကဳတ္ၿပီး မမကို ႏႈတ္ခမ္းေထာ္ကာ ျပန္ေျပာသည္။

"မမကလည္းဗ်ာ။ ကြၽန္ေတာ္သာ ဒီလိုမွ မလုပ္ရင္ မမက ဒီတစ္သက္ ခ်စ္တယ္လို႔ ေျပာမွာ မဟုတ္ေတာ့ဘူး"

"ငါ မေျပာေတာ့လည္း နားမေထာင္နဲ႔ေပါ့"

"မမ ဒီလိုပဲ ဆိုးေနေတာ့မွာလား"

"အဲ့ေတာ့ နင္က ဘာလုပ္ခ်င္လို႔လဲ"

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"လႊတ္...လႊတ္ေနာ္...ဆူဘင္း"

ယြန္းေဂ်ာင္းကို ထိုေကာင္ေလး အိပ္ခန္းထဲဆီ ေပြ႕ခ်ီသြားလိုက္သည္။ ၿပီးေတာ့ ကုတင္ေပၚမွာ ခ်ေပးၿပီး အေပၚကေန အုပ္မိုးထားသည္။

"နင္ ငါ့ကို ဘာလုပ္မို႔လဲ"

"ကြၽန္ေတာ္ ဘာလုပ္မယ္လို႔ ထင္လို႔လဲ မမ"

ဆူဘင္း၏ ႏႈတ္ခမ္းအစုံဟာ မမရဲ႕ မ်က္ႏွာနားသို႔ တစ္ျဖည္းျဖည္း တိုးကပ္လာေလေလ ယြန္းေဂ်ာင္းရဲ႕ ရင္ဘတ္အစုံဟာလည္း ပိုပို ခုန္လာလ်က္။

ထိ႐ုံမွ်သာ ထိေပမယ့္လည္း အနက္႐ိႈင္းဆုံးအထိ ခ်ိဳၿမိန္ေနတဲ့ ဒီအနမ္းဟာ ယြန္းေဂ်ာင္း တစ္ကိုယ္လုံးကို ေပ်ာ့ေခြသြားေစသည္။
သူမဘက္မွ ဘာမွမတုန္႔ျပန္ေသာ္လည္း ဆူဘင္းကသာ ဦးေဆာင္ေနေလသည္။

မမက ‌ဆူဘင္းရဲ႕ ရင္ဘတ္ကို အတင္းထုၿပီး ႐ုန္းေတာ့ ဆူဘင္းလည္း မလႊတ္ခ်င္လႊတ္ခ်င္ႏွင့္ လႊတ္လိုက္ရေတာ့သည္။

"ဒါဆို ကြၽန္ေတာ္ ေျခာက္မွတ္လုံး ျပည့္ၿပီေနာ္"

မမက မ်က္ေစာင္းအသာထိုးရင္း

"အင္း"

"ဒါနဲ႔ နင္ ဘယ္အခ်ိန္ထိ ငါ့အေပၚကေန မိုးထားမွာလဲ"

"မမ‌ရယ္ အခန္းထဲကို ႏွစ္ေယာက္လုံး အတူတူေရာက္မွေတာ့ အဖိုးတန္ဆုံးညကို ဖန္တီးၾကတာေပါ့"

ဆူဘင္းက လက္ဦးမႈယူၿပီး ေစာင္ကို ဆြဲျခဳံလိုက္သည္။ မၾကာခင္မွာပဲ ေစာင္ထဲ ႏွစ္ေယာက္စလုံး လုံးေထြးၾကၿပီး....

"ခြၽဲ‌ဆူဘင္း...နည္းနည္းေလာက္ အလိုလိုက္တာနဲ႔ ေရာင့္တက္လာၿပီ"

ဂန္ယြန္းေဂ်ာင္းဆိုတာ အၿငိမ္ခံေနမဲ့ လူမ်ိဳးလား။
ဆူဘင္း ဘာမွမလုပ္ရေသးခင္ ႐ွိသမွ် ေခါင္းအုံးေတြ ဖက္ေခါင္းအုံးေတြနဲ႔ ဆူဘင္းရဲ႕ ေခါင္းကို ႐ိုက္သည္။

ဆူဘင္းက သူ႕ရဲ႕ ေခါင္းကို အသာပုတ္ၿပီး

"နာတယ္ မမရဲ႕"

THE END

-JIYOON

Bạn đang đọc truyện trên: AzTruyen.Top