Chapter_8

Unicode

လုရန်သူ၏မျက်လုံးကိုဖွင့်လိုက်သည်။ မနက်ခင်းနေအလင်းရောင်သည်သူ့နဖူးပေါ်ရှိ ကုလားကာကြားမှထွန်းလင်းတောက်ပနေပြီး မျက်နှာကျက်အပေါ်ရှိစတုရန်းပုံမီးပုံးပျံသည် အဖြူရောင်မီးအိမ်ပေါ်ရှိအလင်းစက်ဝိုင်းလေးဖြင့် မျက်လုံးကိုဖမ်းစားထားသည်။ 

သူနေရာသစ်တစ်ခုဆီကိုပြောင်းသွားတာဖြစ်နိုင်သည်။ သူအနည်းငယ်ထူးဆန်းသွားပြီး တခဏချင်းတုန်လှုပ်သွားကာ သူဘယ်ရောက်နေလဲမမှတ်မိပေ။ အလင်းရောင်၏ထောင့်မှမျက်နှာသည် တိတ်ဆိတ်ဖြူစင်နေပြီးအပြစ်ကင်းစင်နေသည်။ အနုစိတ်ထွင်းထုထားသော အနုပညာလက်ရာကဲ့သို့ တောက်ပနေသည်။ သူ့မျက်လုံးကိုပွတ်သပ်လိုက်သည်။ သူပွတ်သပ်ပြီးတဲ့အခါ သူ့အရှေ့တွင်အိပ်ပျော်‌နေသောမျက်နှာကိုမှတ်မိလိုက်သည်။ 

လုရန်ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင်ပြထားသောအချိန်သည်၆နာရီ၁၂မိနစ်ဖြစ်သည်။ သူသည်ကြမ်းပြင်မှပေါ့ပေါ့ပါးပါးထကာ ဖိနပ်ကိုစီးပြီးအိပ်ခန်းထဲမှထွက်လာခဲ့သည်။ 

အရေပြားက ချွေးဒါမှမဟုတ်အဆီတွေမထွက်ဘူးဆိုရင်တောင်မှ လုရန်သည် ပုံမှန်လူလိုနေ့တိုင်းသွားတိုက်ပြီး မျက်နှာဆေးကြောဖို့လုပ်ဆောင်လေသည်။ ၎င်းတို့အားလုံးသည် အသေးအဖွဲ့နှင့်အသုံးမဝင်သောအလေ့အထများဖြစ်သော်လည်း လုရန်အတွက်ကတော့ သာမာန်လူများကဲ့သို့ဘဝတွင် လုပ်ဆောင်ရမည့် အသေးစိတ်အချက်များပင်ဖြစ်သည်။ 

လုရန်သည်သူ့လည်ပင်းကအမှတ်အသားကိုဖုံးဖို့ တိပ်ပတ်တီးကိုသုံးကာဖုံးထားလိုက်သည်။ ထို့နောက်သဘာဝအနက်ရောင်မျက်ကပ်မှန်ကိုတပ်ကာ ဝတ်စုံတွင်အပြစ်အနာစာကင်းကြောင်းအတည်ပြုပြီးသည်နှင့် ရေချိုးခန်းတံခါးကိုသော့ဖွင့်ကာထွက်လာလိုက်သည်။ 

"မင်္ဂလာနံနက်ခင်းပါ ဒေါက်တာ" ယွိယွီကပွယောင်းနေတဲ့အညိုရင့်ရောင်ဆံပင်နဲ့ ပျင်းရိစွာသမ်းနေလေသည်။ 

လုရန်သည်သူ့ရှေ့တွင်သက်ရှိထင်ရှားရှိနေသည်လူကိုမမြင်သကဲ့သို့ "အမ်"ဟုထွက်လိုက်ရင်း မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။ 

ယွိယွီ၏အပြာဖျော့ဖျော့မျက်လုံးများသည်ကျဉ်းမြောင်းသွားပြီး လုရန်ရဲ့အေးစက်စက်တုန့်ပြန်မှုက သူ့ရဲ့မူလစိတ်ကောင်းနေမှုကို အောက်ခြေထိထိုးကျသွားစေပြီး ‌သူ့ရဲ့ဒေါသမှောင်မိုက်မှုများကို လျှို့ဝှက်ထားရန်မထိန်းချုပ်နိုင်ခဲ့ပေ။ 

ဘာလို့အနည်းငယ်လေးတောင်မကြည့်ရတာလဲ? မနေ့ညကလုရန်သူ့ခေါင်းကိုပုတ်ပေးပြီးသူ့ကိုနှစ်သိမ့်ပေးခဲ့တယ်လေ။ ယွိယွီရဲ့နှုတ်ခမ်းထောင့်ဖျားများသည်တင်းကြပ်နေပြီး မပြောပြနိုင်လောက်အောင်နာကျည်းသောဒေါသများက သူ့လည်ချောင်းမှာအစာကြေရန်ခက်ခဲသော ကျောက်တုံးကဲ့သို့တစ်ဆို့နေလေသည်။

လှပလုနီးပါးဖြစ်နေသောမျက်နှာလေးသည် စိတ်ခံစားမှုကြောင့် ပုံပျက်သွားသည်။ ယွိယွီကမှန်ထဲမှာသူ့ကိုသူစိုက်ကြည့်ပြီး အရာအားလုံးကိုချေမှုန်းပစ်ချင်နေတဲ့သူ့စိတ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ခံစားချက်တွေရှိနေလေသည်။ 

သူသည်သွားများကိုအံကြိတ်ကာ ရုတ်တရက်ခံစားချက်များခံနိုင်ရန်ကြိုးစားလိုက်ပြီး ရေပိုက်ကိုဖွင့်ကာ သူ့မျက်နှာကိုရေအောက်သို့နှစ်လိုက်သည်။

အေးနေပြီးအသက်ရှူကြပ်လာသည်။ 

သေခြင်းတရားသည်တခြားသူတွေအတွက်ကစိတ်ပျက်အားငယ်လုနီးပါးဖြစ်သော်လည်း ဒါပေမယ့်ယွိယွီအတွက်ကတော့ သူ၏စိတ်ကို ပြင်းပြင်းထန်ထန်ငြိမ်သက်သွားစေမည့် နည်းလမ်းသာဖြစ်သည်။ 

ရေစီးသံတွေကသူ့ရဲ့နားအတွင်းပိုင်းထဲမှာကျယ်လောင်စွာမြည်လို့နေသည်။ 

သူ့အဆုတ်ထဲမှာရှိတဲ့လေတွေကုန်လုနီးပါးဖြစ်တဲ့အချိန်ကျမှ ယွိယွီကရေဇလုံကန်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးခေါင်းကိုမြှောက်လိုက်သည်။ သေးငယ်သောရေစီးကြောင်းလေးသည် အင်္ကျီကြားထဲကနေပြီးသူ့ရင်ခွင်ထဲသို့စီးဆင်းသွားပြီး မငြိမ်သက်သောခံစားချက်များသည်နောက်ဆုံးတော့အေးမြသွားသည်။ မျက်နှာသုတ်ပဝါကိုယူ၍သုတ်လိုက်ရာ သူ့အမြင်အာရုံကြည်လင်လာပြီး သူတိတ်ဆိတ်စွာဘဲဆေးကြောလိုက်သည်။

သွားတိုက်ဆေးကဘယ်အချိန်ကသွားတိုက်တံပေါ်မှာညှစ်ထားတာလဲ? ယွိယွီရုတ်တရက်တောင့်တင်းသွားသည်။ 

သန့်စင်ခန်းသည်တိတ်ဆိတ်နေပြီး နှလုံးခုန်သံကို ပြင်းပြင်းထန်ထန်ကြားနေရလေသည်။ 

***

လုရန်သည်မီးဖိုချောင်ထဲတွင်ရပ်နေပြီး ဒယ်အိုးထဲတွင်ရွှေရောင်ကြက်ဥနှစ်လုံးကိုလှန်လှောနေသည်။ တံခါးဖွင့်သံကြားတော့ဂတ်စ်မီးဖိုကိုပိတ်လိုက်ပြီး ပါမုန့်ကြက်ဥကြော်ကိုကောက်ယူလိုက်သည်။

"နို့ ဒါမှမဟုတ် ဒိန်ချဥ်သောက်လား?" လုရန်ရခဲသေတ္တာကိုဖွင့်ပြီး သူ့နောက်ကလူငယ်ကိုမေးလိုက်သည်။  

"ဒိန်ချဥ်"

"မှားတယ်။ ဒီမှာနို့ဘဲရှိတယ်။" လုရန်သည်လက်တစ်ဖက်တွင်နို့စက္ကူဘူးတစ်ဘူးကိုကိုင်ထားပြီးနောက်တစ်ဖက်တွင် နံနက်စာပန်းကန်နှင့် စားပွဲဆီသို့လျှောက်သွားလေသည်။ သူကခေါင်းကိုမော့လိုက်တော့ သူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့ယွိယွီကိုတွေ့လိုက်သည်။ 

"မင်းဒီမနက် ဆံပင်ကိုလျှော်ထားတာလား?" လုရန်ထိုင်ချလိုက်ပြီးဆေးကပ်နေတဲ့ဆံပင်ကိုကြည့်လိုက်သည်။ 

"ကျွန်တော်မျက်နှာသစ်တဲ့အချိန်မှာ မတော်တဆထိမိသွားတာ" ယွိယွီကသူ့မေးစေ့ကိုထောက်ထားပြီး မျက်လုံးတွေကနူးညံ့စိုစွတ်နေသည်။ အဲ့တာကလုရန်ရဲ့ချွေးပေါက်များကိုကျဥ်းသွားစေသည်။ 

"မစားဘူးလား?"

"စားဖို့ဝင်လေးနေတာ၊ ဒါကဒေါက်တာကျွန်တော့်အတွက်လုပ်ပေးတဲ့ပထမဦးဆုံးမနက်စာဘဲ" ယွိယွီကကြက်ဥမွှေကြော်ကိုထိုးဆွနေသည်။ သူစိတ်ကောင်းဝင်နေပြီး သူ့အသံက ကဗျာဖတ်နေသလိုမျိုးနဲ့ "ကျွန်တော်အဲ့တာကိုတံဆိတ်ခတ်ပြီး ထာဝရသိမ်းထားချင်တယ်။"

"အစာကိုဖြုန်းမတီးနဲ့။ မစားရင်ငါ့ကိုပေး။"

"ဟင့်အင်း၊ ဒါကျွန်တော့်ဟာ" ယွိယွီကပန်းကန်ကိုသူ့အရှေ့သို့ဆွဲယူလိုက်သည်။ 

လုရန်သည်အစာကိုစောင့်ဆိုင်းနေသောခွေးကလေး၏အသွင်အပြင်ကိုကြည့်ပြီး အနည်းငယ်ရီစရာကောင်းသလိုခံစားလိုက်ရကာ သူ့နှုတ်ခမ်းထောင့်သည်မြင့်တက်သွားသည်။ 

"‌ဒေါက်တာလု၊ ခင်များပြုံးတာကြည့်လို့ကောင်းတယ်။" ယွိယွီကအဲ့လူ၏အမူအရာပြောင်းလဲသွားတာကိုသတိထားမိပြီး အပြုံးနဲ့ပြော‌လိုက်သည်။ 

လုရန်အံ့အားသင့်သွားပြီးခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်။ သူ့အမူအရာကယခင်အတိုင်းပြန်ဖြစ်သွားပြီး နှုတ်ခမ်းများကမျဥ်းဖြောင့်တစ်ကြောင်းလိုဖိကပ်သွားသည်။

သူသည် ယွိယွီကဲ့သို့တောက်ပပြီးစိတ်အားထက်သန်တဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အသုံးမကျသေးပေ။ သူတို့ဟာအလွန်ကွဲပြားပေသည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုအပြိုင်အဆိုင် အပူပိုင်းသစ်တောတွေနဲ့နှိုင်းယှဥ်ကြည့်မယ်ဆိုလျှင် လုရန်သည်ပျင်းရိပြီးနှေးကွေးသူဖြစ်ပြီး ယွိယွီတွင်လှပသောဖွဲ့စည်းမှုပုံစံများရှိသည်။ သန်စွမ်းသော‌ကျားသစ်၊ ပျင်းရိမှေးထိုင်းသောသတ္တဝါ ပြီးတော့လိုက်လျောညီထွေမှုရှိတဲ့ ထိပ်တန်းသားကောင်၊ အကုန်လုံးကတစ်ယောက်နဲ့တစ်ယောက်နားလည်နိုင်ရန်ခက်ခဲတယ်ဆိုတာသိသာလှပါသည်။ 

ဖုန်းအသံမြည်လာပြီး ဖုန်းဝင်လာခဲ့သည်။ 

"ဟယ်လိုဒါရိုက်တာကျောက်၊ အာ...အားမနာပါနဲ့ မင်းမှာပြောစရာတစ်ခုခုရှိရင်ပြောလို့ရပါတယ်" လုရန်ဆက်သွယ်သူကိုကြည့်လိုက်သည်။ အလုပ်ခွင်မှာအသုံးများတဲ့ဖော်ရွေတဲ့လေသံနဲ့ဖုန်းကို ဖြေဆိုလိုက်ပြီးအိပ်ခန်းရဲ့ဝရံတာဘက်ကိုလျှောက်သွားလိုက်သည်။ 

ဒါရိုက်တာကျောက်ရဲ့အသံသည်ဖုန်းထဲမှထွက်လာလေသည်။ "ဒေါက်တာလု၊ သင်ပြန်လည်လျှောက်လွှာတင်ထားတဲ့ကျောင်းသားတွေကို လက်ခံပြီးသွားပြီလား?" 

"ဟုတ်တယ်၊ ကျွန်တော်သူ့ကိုထိန်းချုပ်ခန်းထဲကနေတောင်ခေါ်ထုတ်သွားပြီးပြီ" လုရန်သည်သူ့လက်ချောင်းများကြားတွင်ဆေးလိပ်တစ်လိပ်ကိုင်ထားလေသည်။ 

"မင်းတို့ရင်းရင်းနီးနီးရှိနေပုံရတယ်။ ဒီနေ့မွန်းလွဲပိုင်း ထောက်ပံ့ပို့ဆောင်ရေးရုံးမှာဖောင်တင်ပြီး ကျောင်းပြန်တက်ရမယ့် စည်းကမ်းချက်တွေကိုပြီးအောင်ပြောဖို့မမေ့ပါနဲ့။"

"ကောင်းပြီ၊ ကျွန်တော်သူ့ကိုခေါ်သွားလိုက်ပါ့မယ်" လုရန်အနည်းငယ်မောပန်းသွားသလိုခံစားလိုက်ရသည်။

"ဘယ်လိုလဲ? မင်းနေကောင်းရဲ့လား?" ဒါရိုက်တာကျောက်က "မင်းရဲ့SOSလက်ကောက်က မင်းကိုယ့်ကိုကိုယ်ကာကွယ်တဲ့ အစီအရင်တွေသုံးထားတယ်ဆိုတာကိုပြနေတယ်။ သူအန္တရာယ်ရှိတဲ့အပြုအမူတစ်ခုခုကိုလုပ်ရင်_"

"မဟုတ်ဘူး၊ အားလုံးအဆင်ပြေပါတယ်။" လုရန်စကားကိုဖြတ်ပြောလိုက်ပြီး "ကျွန်တော်လက်ကောက်ကိုမတော်တဆနှိပ်မိသွားတယ်။ ယွိယွီရဲ့လုပ်ဆောင်မှုတွေကအခုထိပုံမှန်ပါဘဲ။ အန္တရာယ်ရှိတဲ့အပြုအမူမျိုးမလုပ်သေးဘူး။" 

"တကယ်လား?" ဒါရိုက်တာကျောက်အနည်းငယ်အံ့ဩသွားပြီး "ယွိယွီကမင်းနဲ့ အဆင်ပြေပြေရှိနေတယ်‌ပေါ့။"

မနေ့ကဖြစ်ပျက်ခဲ့တာကိုတွေးရင်း လုရန်ဒေါသတကြီးအားကိုးရာမဲ့အပြုံးကိုပြုံးကာ "တကယ်တော့‌မနေ့ကအကြောင်းတစ်ခုခုကြောင့် ငါ့အိပ်ဆောင်မှာအိပ်ခဲ့တယ်။"

အသံထပ်ထွက်မလာတော့ဘဲဖုန်းထဲတွင်အကြာကြီးငြိမ်သက်နေသည်။ 

"ဒါရိုက်တာကျောက်?" လုရန်ခေါ်ဆိုလိုက်သည်။ 

"‌‌‌ဒေါက်တာလု မင်းမှာခိုင်မာတဲ့ဆက်သွယ်ရေးစွမ်း‌ရည်ရှိပြီး ရှားပါးတဲ့အရည်အချင်းတွေရှိတယ်။" ဒါရိုက်တာကျောက်ကပြောလိုက်သည်။ "ငါဒီတာဝန်ကိုပထမဆုံးလွှဲအပ်လိုက်တုန်းက မင်းမှာပြီးမြောက်နိုင်စွမ်းရှိမရှိကို ငါအရမ်းစိုးရိမ်ခဲ့တာ"

"မဟုတ်ဘူး။ တကယ်တော့ကျွန်တော့မှာမရှိဘူး_" လုရန်သည်'ရှားပါးတဲ့အရည်အချင်း'ဟူ၍သူ့ခေါင်းဆောင်တွင်အခေါ်ခံရပြီး သူ၎င်းကိုမတတ်နိုင်ခဲ့ပေ။

"ဒါကမင်းမှာအလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုရှိတယ်ဆိုတာကို ပြနေတယ်။ AIစနစ်ရဲ့ယူနစ်နဲ့ တွေ့ဆုံမေးမြန်းသူတွေကမင်းကို အကြောင်းပြချက်တစ်ခုနဲ့ရွေးချယ်ခဲ့ကြတာ။" ဒါရိုက်တာကျောက်၏စကားများသည် လုရန်ကိုကျေးဇူးတင်ကြောင်း မဖုံးကွယ်ထားချေ။ 

"ဒါရိုက်တာ တောင်းပန်ပါတယ်၊ ကျွန်တော်ကအလုပ်ကိုကောင်းကောင်းလုပ်ခဲ့တာဘဲရှိတာပါ။" လုရန်က သိပ်ရှင်းပြမနေတော့ဘဲ နှစ်ကြိမ်ပြုံးလိုက်သည်။ ဒါဟာတကယ့်ကို အစွမ်းထက်တဲ့ပုဂ္ဂိုလ်ရေးရာဆွဲဆောင်မှုတစ်ခုပါဘဲ။ ဒါပေမယ့် ဒါရိုက်တာရဲ့ပါးစပ်ထဲကအန္တရာယ်ရှိတဲ့လူက သူနဲ့နက်ရှိုင်းပြီးပိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ကြိုးစားနေတယ်လို့ ပြောလို့မရချေ။ 

"ဒေါက်တာလု ကိုယ့်ကိုကိုယ်မနှိမ့်ချပါနဲ့။ ယူနစ်ရဲ့ခေါင်းဆောင်က မင်းကိုယုံကြည်မှုနဲ့လေးစားမှုကိုပြသဖို့ လုံလောက်တဲ့တာဝန်တွေကိုယူဖို့ပြန်လာတဲ့ကျောင်းသားတွေကို မင်းကိုတာဝန်ပေးလိုက်တယ်လေ။" ဒါရိုက်တာကျောက်ရဲ့အသံကပေါ့ပါးလာပြီး "ငါမင်းကိုပြောဖို့မေ့နေတာ၊ တကယ်တော့ယွိယွီက..."

အဓိကအကြောင်းအရာကိုမကြားရသေးခင် လုရန်ရဲ့ဖုန်းသည် လုယူခံလိုက်ရသည်။

"နောက်တခါဖုန်းထပ်မခေါ်နဲ့" ယွိယွီကအေးစက်စွာပြောလိုက်သည်။ 

လုရန်ဖုန်းကိုပြန်ယူလိုက်တော့ဒါရိုက်တာကျောက်ရဲ့ဖုန်းကအဆက်အသွယ်ပြတ်သွားလေသည်။ သူဖုန်းပြန်ခေါ်ဖို့စီစဥ်နေတုန်း ဒါရိုက်တာကျောက်ကညနေစောင်းမှာ တိကျတဲ့အစီရင်ခံစာကိုပေးပို့ခဲ့ပြီး ယွိယွီရဲ့စိတ်ခံစားချက်တွေကိုအာရုံစိုက်ဖို့ သူ့ကိုထပ်ပြီးသတိပေးခဲ့သည်။ 

"မင်းဘာလုပ်တာလဲ? ငါဖုန်းပြောနေတာမပြီးသေးဘူးလေ။" လုရန်၏အသံသည်ဒေါသထွက်လာလေသည်။ 

"ခင်များဖုန်းပြောနေတာကြာနေပြီ။ မနက်စာတောင်အေးစက်နေပြီ" ယွိယွီကလုရန်၏မျက်လုံးကိုစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ 

"အဲ့တာကအရေးကြီးနေလို့လား?" လုရန်မျက်မှောင်ကြုတ်လိုက်သည်။ သူယွိယွီကိုနားမလည်နိုင်ခဲ့ပါ။ အစားအစာသည်သာမာန်လူတွေအတွက်လိုအပ်နေရင်တောင် လုရန်အတွက်တော့အရေးမကြီးချေ၊ မနက်စာအေးစက်နေရင်တောင်သူစားနိုင်လေသည်။ အဲ့တာကိုအပူပြန်ပေးလို့လည်းရလေသည်။ ဒီလိုကိစ္စမျိုးကအလုပ်နဲ့ယှဥ်လျှင်အရေးမကြီးပေ။ ဆက်သွယ်မှုတွင် လူနှစ်ဦးကြားက ပွင့်လင်းမြင်သာမှုအတားအဆီးသည် သိသိသာသာရှင်းလင်းလာသည်။ 

"အဲ့တာကအေးနေရင်စားမကောင်းဘူး။ စားလို့ကောင်းတဲ့အနေအထားမှာရှိနေတုန်း ခင်များနဲ့အတူတူစားချင်လို့။" ယွိယွီခနရပ်လိုက်ပြီး "ဒီလို မှတ်ညဏ်မျိုးကအကောင်းဆုံးနဲ့အပြည့်စုံဆုံးဘဲ"

"..." ယွိယွီပြောခဲ့တဲ့အကြောင်းပြချက်သည်လုရန်ကို မကျေနပ်စေသေးပေ။ တစ်ခုခုကိုတမင်လုပ်တာနဲ့တူနေပေမယ့် လုရန်တကယ်ကိုဒေါသမထွက်နိုင်ခဲ့ချေ။ 

သူ့ရှေ့ကလူငယ်လေးသည် ငါးနှစ်တာကုန်ဆုံးချိန်တွင် သူလိုချင်သမျှကို ကျင့်သားရသွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။ သူသည်အခြားသူများ၏စိတ်ခံစားမှုကိုသာမက သူ့ဘဝတွင်မပြောနိုင်သော စည်းကမ်းများဟုသာ ခံယူထားမည်ဖြစ်သည်။ 

သူနဲ့မနက်စာစားဖို့မျှော်လင့်တာကတော့အမှန်ပါဘဲ၊ ပြီးတော့သူ့ကိုဆက်ပြီးမခေါ်စေချင်တော့တာလည်းအမှန်ဘဲ။

လူငယ်များ၏အပြုအမူများသည်ရိုးရှင်းပြီး ရိုးရှင်းသောအကြောင်းပြချက်များအပေါ်အခြေခံနေသည်။ 

"ခုနကခေါ်တဲ့လူကြောင့်ခင်များကျွန်တော့ကိုစိတ်ဆိုးနေတာလား?" ယွိယွီကလုရန်မမြင်နိုင်တဲ့နေရာမှာလက်ကိုတင်းကြပ်စွာဆုပ်ထားလေသည်။ 

"မဟုတ်ဘူး" လုရန်ကသက်ပြင်းချလိုက်ပြီး ယွိယွီရဲ့အသံကတိုးတိုးလေးဖြစ်နေတာကိုကြည့်လိုက်သည်။ "ဒါပေမယ့်မင်းရဲ့ဆရာဝန်အနေနဲ့ ငါပြောချင်တာက တခြားလူပြောနေတဲ့ဖုန်းကိုယူပြီးပြောတာကမယဥ်််ကျေးဘူး၊ ဖုန်းကိုချလိုက်တာကပိုတောင်လွန်လွန်းတယ်။"

ယွိယွီကစကားမပြောခဲ့ချေ။

"နောက်တစ်ခါဒီလိုထပ်မလုပ်တော့ပါဘူးလို့ကတိပေးနိုင်မလား?" လုရန်သည်လူငယ်အနားသို့ချဥ်းကပ်လိုက်ကာ တစ်ဖက်လူရဲ့ပုခုံးကိုပုတ်ပေးလိုက်သည်။ 

အချိန်အတော်အတန်ကြာပြီးနောက် ယွိယွီကခေါင်းညိမ့်လိုက်ပြီး "ကျွန်တော်ခင်များကို ကတိပေးပါတယ်။" 

"မင်းကတိပေးပြီးသွားရင်မင်းလိုက်နာရမယ်။" လုရန်ကဆက်ပြောသည်။

"ဘာမှမဟုတ်ဘူး။" ယွိယွီကပေါ့ပေါ့ပါးပါးမေးလိုက်သည် "အဲ့လူကဒေါက်တာ့ကိုဘာပြောလိုက်တာလဲ၊ ကျွန်တော့်နာမည်ကိုကြားလိုက်လို့" 

လုရန်နွားနို့သောက်လိုက်ပြီးတော့ ‌ဒါရိုက်တာကျောက်စကားမဆုံးသေးတာကို သတိမရတော့ဘဲ "အိုး..ယူနစ်က မင်းကိုထောက်ပံ့ပို့ဆောင်ရေးရုံးကို နေ့လည်ပိုင်းမှာပြန်လည်စတင်ရေးလုပ်ထုံးလုပ်နည်းတွေကို လုပ်ခိုင်းနေတယ်။" လုရန်ခွက်ကိုချလိုက်ပြီး "မင်းသွားမှာလား?" လို့မေးလိုက်သည်။ 

"ဒေါက်တာကကျွန်တော်နဲ့အတူတူသွားမှာလား?" ယွိယွီပေါ့ပါးစွာမေးလိုက်သည်။

"သင်တန်းကတော့မစသေးဘူး။ မင်းလိုအပ်တာရှိရင်တော့ငါလိုက်ခဲ့ပေးလို့ရတယ်"

"ဒေါက်တာသွားခိုင်းစေချင်ရင် ကျွန်တော်သွားပါ့မယ်။" ယွိယွီနောက်ဆုံးကျန်တဲ့နွားနို့ကိုသောက်လိုက်သည်။ 

"ဒီကိစ္စက...တကယ်တော့ မင်းကိုယ့်အတွေး‌နဲ့ကိုယ်စဥ်းစားရမှာ" လုရန်ပြောလိုက်သည်။ 

"ခင်များကဒီမှာအလုပ်လုပ်တယ်။ ကျွန်တော်ကဒီမှာလေ့ကျင့်ဖို့နေတယ်။ ကျွန်တော့အ‌တွေးကခင်များနဲ့အတူနေဖို့ဘဲ" ယွိယွီကလုရန်ရဲ့မျက်နှာအမူအရာကိုမကြည့်ခဲ့ချေ။ ပန်းကန်ခွက်တွေကိုမီးဖိုချောင်ထဲသို့ပြန်ပို့ပြီး အိပ်ခန်းထဲကို တစ်ယောက်တည်းဝင်သွားခဲ့သည်။ 

Voteလေးတွေကအရမ်းနည်းနေသေးတယ်နော်
Upကြာတာသိပေမယ့် supportပေးကြပါအုံး
----------


Zawgyi

လုရန္သူ၏မ်က္လုံးကိုဖြင့္လိုက္သည္။ မနက္ခင္းေနအလင္းေရာင္သည္သူ႕နဖူးေပၚ႐ွိ ကုလားကာၾကားမွထြန္းလင္းေတာက္ပေနၿပီး မ်က္ႏွာက်က္အေပၚ႐ွိစတုရန္းပုံမီးပုံးပ်ံသည္ အျဖဴေရာင္မီးအိမ္ေပၚ႐ွိအလင္းစက္ဝိုင္းေလးျဖင့္ မ်က္လုံးကိုဖမ္းစားထားသည္။ 

သူေနရာသစ္တစ္ခုဆီကိုေျပာင္းသြားတာျဖစ္ႏိုင္သည္။ သူအနည္းငယ္ထူးဆန္းသြားၿပီး တခဏခ်င္းတုန္လႈပ္သြားကာ သူဘယ္ေရာက္ေနလဲမမွတ္မိေပ။ အလင္းေရာင္၏ေထာင့္မွမ်က္ႏွာသည္ တိတ္ဆိတ္ျဖဴစင္ေနၿပီးအျပစ္ကင္းစင္ေနသည္။ အႏုစိတ္ထြင္းထုထားေသာ အႏုပညာလက္ရာကဲ့သို႔ ေတာက္ပေနသည္။ သူ႕မ်က္လုံးကိုပြတ္သပ္လိုက္သည္။ သူပြတ္သပ္ၿပီးတဲ့အခါ သူ႕အေ႐ွ႕တြင္အိပ္ေပ်ာ္‌ေနေသာမ်က္ႏွာကိုမွတ္မိလိုက္သည္။ 

လုရန္ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္သည္။ ဖုန္းမ်က္ႏွာျပင္တြင္ျပထားေသာအခ်ိန္သည္၆နာရီ၁၂မိနစ္ျဖစ္သည္။ သူသည္ၾကမ္းျပင္မွေပါ့ေပါ့ပါးပါးထကာ ဖိနပ္ကိုစီးၿပီးအိပ္ခန္းထဲမွထြက္လာခဲ့သည္။ 

အေရျပားက ေခြၽးဒါမွမဟုတ္အဆီေတြမထြက္ဘူးဆိုရင္ေတာင္မွ လုရန္သည္ ပုံမွန္လူလိုေန႔တိုင္းသြားတိုက္ၿပီး မ်က္ႏွာေဆးေၾကာဖို႔လုပ္ေဆာင္ေလသည္။ ၎တို႔အားလုံးသည္ အေသးအဖြဲ႕ႏွင့္အသုံးမဝင္ေသာအေလ့အထမ်ားျဖစ္ေသာ္လည္း လုရန္အတြက္ကေတာ့ သာမာန္လူမ်ားကဲ့သို႔ဘဝတြင္ လုပ္ေဆာင္ရမည့္ အေသးစိတ္အခ်က္မ်ားပင္ျဖစ္သည္။ 

လုရန္သည္သူ႕လည္ပင္းကအမွတ္အသားကိုဖုံးဖို႔ တိပ္ပတ္တီးကိုသုံးကာဖုံးထားလိုက္သည္။ ထို႔ေနာက္သဘာဝအနက္ေရာင္မ်က္ကပ္မွန္ကိုတပ္ကာ ဝတ္စုံတြင္အျပစ္အနာစာကင္းေၾကာင္းအတည္ျပဳၿပီးသည္ႏွင့္ ေရခ်ိဳးခန္းတံခါးကိုေသာ့ဖြင့္ကာထြက္လာလိုက္သည္။ 

"မဂၤလာနံနက္ခင္းပါ ေဒါက္တာ" ယြိယြီကပြေယာင္းေနတဲ့အညိဳရင့္ေရာင္ဆံပင္နဲ႔ ပ်င္းရိစြာသမ္းေနေလသည္။ 

လုရန္သည္သူ႕ေ႐ွ႕တြင္သက္႐ွိထင္႐ွား႐ွိေနသည္လူကိုမျမင္သကဲ့သို႔ "အမ္"ဟုထြက္လိုက္ရင္း မီးဖိုေခ်ာင္ထဲသို႔ဝင္သြားေလသည္။ 

ယြိယြီ၏အျပာေဖ်ာ့ေဖ်ာ့မ်က္လုံးမ်ားသည္က်ဥ္းေျမာင္းသြားၿပီး လုရန္ရဲ႕ေအးစက္စက္တုန္႔ျပန္မႈက သူ႕ရဲ႕မူလစိတ္ေကာင္းေနမႈကို ေအာက္ေျခထိထိုးက်သြားေစၿပီး ‌သူ႕ရဲ႕ေဒါသေမွာင္မိုက္မႈမ်ားကို လွ်ိဳ႕ဝွက္ထားရန္မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။ 

ဘာလို႔အနည္းငယ္ေလးေတာင္မၾကည့္ရတာလဲ? မေန႔ညကလုရန္သူ႕ေခါင္းကိုပုတ္ေပးၿပီးသူ႕ကိုႏွစ္သိမ့္ေပးခဲ့တယ္ေလ။ ယြိယြီရဲ႕ႏႈတ္ခမ္းေထာင့္ဖ်ားမ်ားသည္တင္းၾကပ္ေနၿပီး မေျပာျပႏိုင္ေလာက္ေအာင္နာက်ည္းေသာေဒါသမ်ားက သူ႕လည္ေခ်ာင္းမွာအစာေၾကရန္ခက္ခဲေသာ ေက်ာက္တုံးကဲ့သို႔တစ္ဆို႔ေနေလသည္။

လွပလုနီးပါးျဖစ္ေနေသာမ်က္ႏွာေလးသည္ စိတ္ခံစားမႈေၾကာင့္ ပုံပ်က္သြားသည္။ ယြိယြီကမွန္ထဲမွာသူ႕ကိုသူစိုက္ၾကည့္ၿပီး အရာအားလုံးကိုေခ်မႈန္းပစ္ခ်င္ေနတဲ့သူ႕စိတ္ထဲမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ခံစားခ်က္ေတြ႐ွိေနေလသည္။ 

သူသည္သြားမ်ားကိုအံႀကိတ္ကာ ႐ုတ္တရက္ခံစားခ်က္မ်ားခံႏိုင္ရန္ႀကိဳးစားလိုက္ၿပီး ေရပိုက္ကိုဖြင့္ကာ သူ႕မ်က္ႏွာကိုေရေအာက္သို႔ႏွစ္လိုက္သည္။

ေအးေနၿပီးအသက္႐ွဴၾကပ္လာသည္။ 

ေသျခင္းတရားသည္တျခားသူေတြအတြက္ကစိတ္ပ်က္အားငယ္လုနီးပါးျဖစ္ေသာ္လည္း ဒါေပမယ့္ယြိယြီအတြက္ကေတာ့ သူ၏စိတ္ကို ျပင္းျပင္းထန္ထန္ၿငိမ္သက္သြားေစမည့္ နည္းလမ္းသာျဖစ္သည္။ 

ေရစီးသံေတြကသူ႕ရဲ႕နားအတြင္းပိုင္းထဲမွာက်ယ္ေလာင္စြာျမည္လို႔ေနသည္။ 

သူ႕အဆုတ္ထဲမွာ႐ွိတဲ့ေလေတြကုန္လုနီးပါးျဖစ္တဲ့အခ်ိန္က်မွ ယြိယြီကေရဇလုံကန္ကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီးေခါင္းကိုေျမႇာက္လိုက္သည္။ ေသးငယ္ေသာေရစီးေၾကာင္းေလးသည္ အက်ႌၾကားထဲကေနၿပီးသူ႕ရင္ခြင္ထဲသို႔စီးဆင္းသြားၿပီး မၿငိမ္သက္ေသာခံစားခ်က္မ်ားသည္ေနာက္ဆုံးေတာ့ေအးျမသြားသည္။ မ်က္ႏွာသုတ္ပဝါကိုယူ၍သုတ္လိုက္ရာ သူ႕အျမင္အာ႐ုံၾကည္လင္လာၿပီး သူတိတ္ဆိတ္စြာဘဲေဆးေၾကာလိုက္သည္။

သြားတိုက္ေဆးကဘယ္အခ်ိန္ကသြားတိုက္တံေပၚမွာညႇစ္ထားတာလဲ? ယြိယြီ႐ုတ္တရက္ေတာင့္တင္းသြားသည္။ 

သန္႔စင္ခန္းသည္တိတ္ဆိတ္ေနၿပီး ႏွလုံးခုန္သံကို ျပင္းျပင္းထန္ထန္ၾကားေနရေလသည္။ 

***

လုရန္သည္မီးဖိုေခ်ာင္ထဲတြင္ရပ္ေနၿပီး ဒယ္အိုးထဲတြင္ေ႐ႊေရာင္ၾကက္ဥႏွစ္လုံးကိုလွန္ေလွာေနသည္။ တံခါးဖြင့္သံၾကားေတာ့ဂတ္စ္မီးဖိုကိုပိတ္လိုက္ၿပီး ပါမုန္႔ၾကက္ဥေၾကာ္ကိုေကာက္ယူလိုက္သည္။

"ႏို႔ ဒါမွမဟုတ္ ဒိန္ခ်ဥ္ေသာက္လား?" လုရန္ရခဲေသတၱာကိုဖြင့္ၿပီး သူ႕ေနာက္ကလူငယ္ကိုေမးလိုက္သည္။  

"ဒိန္ခ်ဥ္"

"မွားတယ္။ ဒီမွာႏို႔ဘဲ႐ွိတယ္။" လုရန္သည္လက္တစ္ဖက္တြင္ႏို႔စကၠဴဘူးတစ္ဘူးကိုကိုင္ထားၿပီးေနာက္တစ္ဖက္တြင္ နံနက္စာပန္းကန္ႏွင့္ စားပြဲဆီသို႔ေလွ်ာက္သြားေလသည္။ သူကေခါင္းကိုေမာ့လိုက္ေတာ့ သူ႕ကိုထူးဆန္းတဲ့အၾကည့္နဲ႔ ၾကည့္ေနတဲ့ယြိယြီကိုေတြ႕လိုက္သည္။ 

"မင္းဒီမနက္ ဆံပင္ကိုေလွ်ာ္ထားတာလား?" လုရန္ထိုင္ခ်လိုက္ၿပီးေဆးကပ္ေနတဲ့ဆံပင္ကိုၾကည့္လိုက္သည္။ 

"ကြၽန္ေတာ္မ်က္ႏွာသစ္တဲ့အခ်ိန္မွာ မေတာ္တဆထိမိသြားတာ" ယြိယြီကသူ႕ေမးေစ့ကိုေထာက္ထားၿပီး မ်က္လုံးေတြကႏူးညံ့စိုစြတ္ေနသည္။ အဲ့တာကလုရန္ရဲ႕ေခြၽးေပါက္မ်ားကိုက်ဥ္းသြားေစသည္။ 

"မစားဘူးလား?"

"စားဖို႔ဝင္ေလးေနတာ၊ ဒါကေဒါက္တာကြၽန္ေတာ့္အတြက္လုပ္ေပးတဲ့ပထမဦးဆုံးမနက္စာဘဲ" ယြိယြီကၾကက္ဥေမႊေၾကာ္ကိုထိုးဆြေနသည္။ သူစိတ္ေကာင္းဝင္ေနၿပီး သူ႕အသံက ကဗ်ာဖတ္ေနသလိုမ်ိဳးနဲ႔ "ကြၽန္ေတာ္အဲ့တာကိုတံဆိတ္ခတ္ၿပီး ထာဝရသိမ္းထားခ်င္တယ္။"

"အစာကိုျဖဳန္းမတီးနဲ႔။ မစားရင္ငါ့ကိုေပး။"

"ဟင့္အင္း၊ ဒါကြၽန္ေတာ့္ဟာ" ယြိယြီကပန္းကန္ကိုသူ႕အေ႐ွ႕သို႔ဆြဲယူလိုက္သည္။ 

လုရန္သည္အစာကိုေစာင့္ဆိုင္းေနေသာေခြးကေလး၏အသြင္အျပင္ကိုၾကည့္ၿပီး အနည္းငယ္ရီစရာေကာင္းသလိုခံစားလိုက္ရကာ သူ႕ႏႈတ္ခမ္းေထာင့္သည္ျမင့္တက္သြားသည္။ 

"‌ေဒါက္တာလု၊ ခင္မ်ားျပဳံးတာၾကည့္လို႔ေကာင္းတယ္။" ယြိယြီကအဲ့လူ၏အမူအရာေျပာင္းလဲသြားတာကိုသတိထားမိၿပီး အျပဳံးနဲ႔ေျပာ‌လိုက္သည္။ 

လုရန္အံ့အားသင့္သြားၿပီးေခါင္းကိုအနည္းငယ္ငုံ႔လိုက္သည္။ သူ႕အမူအရာကယခင္အတိုင္းျပန္ျဖစ္သြားၿပီး ႏႈတ္ခမ္းမ်ားကမ်ဥ္းေျဖာင့္တစ္ေၾကာင္းလိုဖိကပ္သြားသည္။

သူသည္ ယြိယြီကဲ့သို႔ေတာက္ပၿပီးစိတ္အားထက္သန္တဲ့လူေတြနဲ႔ ေပါင္းသင္းဆက္ဆံရာမွာ အသုံးမက်ေသးေပ။ သူတို႔ဟာအလြန္ကြဲျပားေပသည္။ လူ႕အဖြဲ႕အစည္းတစ္ခုလုံးကိုအၿပိဳင္အဆိုင္ အပူပိုင္းသစ္ေတာေတြနဲ႔ႏိႈင္းယွဥ္ၾကည့္မယ္ဆိုလွ်င္ လုရန္သည္ပ်င္းရိၿပီးေႏွးေကြးသူျဖစ္ၿပီး ယြိယြီတြင္လွပေသာဖြဲ႕စည္းမႈပုံစံမ်ား႐ွိသည္။ သန္စြမ္းေသာ‌က်ားသစ္၊ ပ်င္းရိေမွးထိုင္းေသာသတၱဝါ ၿပီးေတာ့လိုက္ေလ်ာညီေထြမႈ႐ွိတဲ့ ထိပ္တန္းသားေကာင္၊ အကုန္လုံးကတစ္ေယာက္နဲ႔တစ္ေယာက္နားလည္ႏိုင္ရန္ခက္ခဲတယ္ဆိုတာသိသာလွပါသည္။ 

ဖုန္းအသံျမည္လာၿပီး ဖုန္းဝင္လာခဲ့သည္။ 

"ဟယ္လိုဒါ႐ိုက္တာေက်ာက္၊ အာ...အားမနာပါနဲ႔ မင္းမွာေျပာစရာတစ္ခုခု႐ွိရင္ေျပာလို႔ရပါတယ္" လုရန္ဆက္သြယ္သူကိုၾကည့္လိုက္သည္။ အလုပ္ခြင္မွာအသုံးမ်ားတဲ့ေဖာ္ေ႐ြတဲ့ေလသံနဲ႔ဖုန္းကို ေျဖဆိုလိုက္ၿပီးအိပ္ခန္းရဲ႕ဝရံတာဘက္ကိုေလွ်ာက္သြားလိုက္သည္။ 

ဒါ႐ိုက္တာေက်ာက္ရဲ႕အသံသည္ဖုန္းထဲမွထြက္လာေလသည္။ "ေဒါက္တာလု၊ သင္ျပန္လည္ေလွ်ာက္လႊာတင္ထားတဲ့ေက်ာင္းသားေတြကို လက္ခံၿပီးသြားၿပီလား?" 

"ဟုတ္တယ္၊ ကြၽန္ေတာ္သူ႕ကိုထိန္းခ်ဳပ္ခန္းထဲကေနေတာင္ေခၚထုတ္သြားၿပီးၿပီ" လုရန္သည္သူ႕လက္ေခ်ာင္းမ်ားၾကားတြင္ေဆးလိပ္တစ္လိပ္ကိုင္ထားေလသည္။ 

"မင္းတို႔ရင္းရင္းနီးနီး႐ွိေနပုံရတယ္။ ဒီေန႔မြန္းလြဲပိုင္း ေထာက္ပံ့ပို႔ေဆာင္ေရး႐ုံးမွာေဖာင္တင္ၿပီး ေက်ာင္းျပန္တက္ရမယ့္ စည္းကမ္းခ်က္ေတြကိုၿပီးေအာင္ေျပာဖို႔မေမ့ပါနဲ႔။"

"ေကာင္းၿပီ၊ ကြၽန္ေတာ္သူ႕ကိုေခၚသြားလိုက္ပါ့မယ္" လုရန္အနည္းငယ္ေမာပန္းသြားသလိုခံစားလိုက္ရသည္။

"ဘယ္လိုလဲ? မင္းေနေကာင္းရဲ႕လား?" ဒါ႐ိုက္တာေက်ာက္က "မင္းရဲ႕SOSလက္ေကာက္က မင္းကိုယ့္ကိုကိုယ္ကာကြယ္တဲ့ အစီအရင္ေတြသုံးထားတယ္ဆိုတာကိုျပေနတယ္။ သူအႏၲရာယ္႐ွိတဲ့အျပဳအမူတစ္ခုခုကိုလုပ္ရင္_"

"မဟုတ္ဘူး၊ အားလုံးအဆင္ေျပပါတယ္။" လုရန္စကားကိုျဖတ္ေျပာလိုက္ၿပီး "ကြၽန္ေတာ္လက္ေကာက္ကိုမေတာ္တဆႏွိပ္မိသြားတယ္။ ယြိယြီရဲ႕လုပ္ေဆာင္မႈေတြကအခုထိပုံမွန္ပါဘဲ။ အႏၲရာယ္႐ွိတဲ့အျပဳအမူမ်ိဳးမလုပ္ေသးဘူး။" 

"တကယ္လား?" ဒါ႐ိုက္တာေက်ာက္အနည္းငယ္အံ့ဩသြားၿပီး "ယြိယြီကမင္းနဲ႔ အဆင္ေျပေျပ႐ွိေနတယ္‌ေပါ့။"

မေန႔ကျဖစ္ပ်က္ခဲ့တာကိုေတြးရင္း လုရန္ေဒါသတႀကီးအားကိုးရာမဲ့အျပဳံးကိုျပဳံးကာ "တကယ္ေတာ့‌မေန႔ကအေၾကာင္းတစ္ခုခုေၾကာင့္ ငါ့အိပ္ေဆာင္မွာအိပ္ခဲ့တယ္။"

အသံထပ္ထြက္မလာေတာ့ဘဲဖုန္းထဲတြင္အၾကာႀကီးၿငိမ္သက္ေနသည္။ 

"ဒါ႐ိုက္တာေက်ာက္?" လုရန္ေခၚဆိုလိုက္သည္။ 

"‌‌‌ေဒါက္တာလု မင္းမွာခိုင္မာတဲ့ဆက္သြယ္ေရးစြမ္း‌ရည္႐ွိၿပီး ႐ွားပါးတဲ့အရည္အခ်င္းေတြ႐ွိတယ္။" ဒါ႐ိုက္တာေက်ာက္ကေျပာလိုက္သည္။ "ငါဒီတာဝန္ကိုပထမဆုံးလႊဲအပ္လိုက္တုန္းက မင္းမွာၿပီးေျမာက္ႏိုင္စြမ္း႐ွိမ႐ွိကို ငါအရမ္းစိုးရိမ္ခဲ့တာ"

"မဟုတ္ဘူး။ တကယ္ေတာ့ကြၽန္ေတာ့မွာမ႐ွိဘူး_" လုရန္သည္'႐ွားပါးတဲ့အရည္အခ်င္း'ဟူ၍သူ႕ေခါင္းေဆာင္တြင္အေခၚခံရၿပီး သူ၎ကိုမတတ္ႏိုင္ခဲ့ေပ။

"ဒါကမင္းမွာအလြန္ထက္ျမက္တဲ့ ပုဂၢိဳလ္ေရး ဆြဲေဆာင္မႈ႐ွိတယ္ဆိုတာကို ျပေနတယ္။ AIစနစ္ရဲ႕ယူနစ္နဲ႔ ေတြ႕ဆုံေမးျမန္းသူေတြကမင္းကို အေၾကာင္းျပခ်က္တစ္ခုနဲ႔ေ႐ြးခ်ယ္ခဲ့ၾကတာ။" ဒါ႐ိုက္တာေက်ာက္၏စကားမ်ားသည္ လုရန္ကိုေက်းဇူးတင္ေၾကာင္း မဖုံးကြယ္ထားေခ်။ 

"ဒါ႐ိုက္တာ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ကအလုပ္ကိုေကာင္းေကာင္းလုပ္ခဲ့တာဘဲ႐ွိတာပါ။" လုရန္က သိပ္႐ွင္းျပမေနေတာ့ဘဲ ႏွစ္ႀကိမ္ျပဳံးလိုက္သည္။ ဒါဟာတကယ့္ကို အစြမ္းထက္တဲ့ပုဂၢိဳလ္ေရးရာဆြဲေဆာင္မႈတစ္ခုပါဘဲ။ ဒါေပမယ့္ ဒါ႐ိုက္တာရဲ႕ပါးစပ္ထဲကအႏၲရာယ္႐ွိတဲ့လူက သူနဲ႔နက္႐ိႈင္းၿပီးပိုရင္းႏွီးတဲ့ဆက္ဆံေရးတစ္ခု တည္ေဆာက္ဖို႔ႀကိဳးစားေနတယ္လို႔ ေျပာလို႔မရေခ်။ 

"ေဒါက္တာလု ကိုယ့္ကိုကိုယ္မႏွိမ့္ခ်ပါနဲ႔။ ယူနစ္ရဲ႕ေခါင္းေဆာင္က မင္းကိုယုံၾကည္မႈနဲ႔ေလးစားမႈကိုျပသဖို႔ လုံေလာက္တဲ့တာဝန္ေတြကိုယူဖို႔ျပန္လာတဲ့ေက်ာင္းသားေတြကို မင္းကိုတာဝန္ေပးလိုက္တယ္ေလ။" ဒါ႐ိုက္တာေက်ာက္ရဲ႕အသံကေပါ့ပါးလာၿပီး "ငါမင္းကိုေျပာဖို႔ေမ့ေနတာ၊ တကယ္ေတာ့ယြိယြီက..."

အဓိကအေၾကာင္းအရာကိုမၾကားရေသးခင္ လုရန္ရဲ႕ဖုန္းသည္ လုယူခံလိုက္ရသည္။

"ေနာက္တခါဖုန္းထပ္မေခၚနဲ႔" ယြိယြီကေအးစက္စြာေျပာလိုက္သည္။ 

လုရန္ဖုန္းကိုျပန္ယူလိုက္ေတာ့ဒါ႐ိုက္တာေက်ာက္ရဲ႕ဖုန္းကအဆက္အသြယ္ျပတ္သြားေလသည္။ သူဖုန္းျပန္ေခၚဖို႔စီစဥ္ေနတုန္း ဒါ႐ိုက္တာေက်ာက္ကညေနေစာင္းမွာ တိက်တဲ့အစီရင္ခံစာကိုေပးပို႔ခဲ့ၿပီး ယြိယြီရဲ႕စိတ္ခံစားခ်က္ေတြကိုအာ႐ုံစိုက္ဖို႔ သူ႕ကိုထပ္ၿပီးသတိေပးခဲ့သည္။ 

"မင္းဘာလုပ္တာလဲ? ငါဖုန္းေျပာေနတာမၿပီးေသးဘူးေလ။" လုရန္၏အသံသည္ေဒါသထြက္လာေလသည္။ 

"ခင္မ်ားဖုန္းေျပာေနတာၾကာေနၿပီ။ မနက္စာေတာင္ေအးစက္ေနၿပီ" ယြိယြီကလုရန္၏မ်က္လုံးကိုစိုက္ၾကည့္လိုက္ၿပီး တည္ၿငိမ္စြာေျပာလိုက္သည္။ 

"အဲ့တာကအေရးႀကီးေနလို႔လား?" လုရန္မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူယြိယြီကိုနားမလည္ႏိုင္ခဲ့ပါ။ အစားအစာသည္သာမာန္လူေတြအတြက္လိုအပ္ေနရင္ေတာင္ လုရန္အတြက္ေတာ့အေရးမႀကီးေခ်၊ မနက္စာေအးစက္ေနရင္ေတာင္သူစားႏိုင္ေလသည္။ အဲ့တာကိုအပူျပန္ေပးလို႔လည္းရေလသည္။ ဒီလိုကိစၥမ်ိဳးကအလုပ္နဲ႔ယွဥ္လွ်င္အေရးမႀကီးေပ။ ဆက္သြယ္မႈတြင္ လူႏွစ္ဦးၾကားက ပြင့္လင္းျမင္သာမႈအတားအဆီးသည္ သိသိသာသာ႐ွင္းလင္းလာသည္။ 

"အဲ့တာကေအးေနရင္စားမေကာင္းဘူး။ စားလို႔ေကာင္းတဲ့အေနအထားမွာ႐ွိေနတုန္း ခင္မ်ားနဲ႔အတူတူစားခ်င္လို႔။" ယြိယြီခနရပ္လိုက္ၿပီး "ဒီလို မွတ္ညဏ္မ်ိဳးကအေကာင္းဆုံးနဲ႔အျပည့္စုံဆုံးဘဲ"

"..." ယြိယြီေျပာခဲ့တဲ့အေၾကာင္းျပခ်က္သည္လုရန္ကို မေက်နပ္ေစေသးေပ။ တစ္ခုခုကိုတမင္လုပ္တာနဲ႔တူေနေပမယ့္ လုရန္တကယ္ကိုေဒါသမထြက္ႏိုင္ခဲ့ေခ်။ 

သူ႕ေ႐ွ႕ကလူငယ္ေလးသည္ ငါးႏွစ္တာကုန္ဆုံးခ်ိန္တြင္ သူလိုခ်င္သမွ်ကို က်င့္သားရသြားၿပီျဖစ္ေၾကာင္း သူနားလည္လိုက္သည္။ သူသည္အျခားသူမ်ား၏စိတ္ခံစားမႈကိုသာမက သူ႕ဘဝတြင္မေျပာႏိုင္ေသာ စည္းကမ္းမ်ားဟုသာ ခံယူထားမည္ျဖစ္သည္။ 

သူနဲ႔မနက္စာစားဖို႔ေမွ်ာ္လင့္တာကေတာ့အမွန္ပါဘဲ၊ ၿပီးေတာ့သူ႕ကိုဆက္ၿပီးမေခၚေစခ်င္ေတာ့တာလည္းအမွန္ဘဲ။

လူငယ္မ်ား၏အျပဳအမူမ်ားသည္႐ိုး႐ွင္းၿပီး ႐ိုး႐ွင္းေသာအေၾကာင္းျပခ်က္မ်ားအေပၚအေျခခံေနသည္။ 

"ခုနကေခၚတဲ့လူေၾကာင့္ခင္မ်ားကြၽန္ေတာ့ကိုစိတ္ဆိုးေနတာလား?" ယြိယြီကလုရန္မျမင္ႏိုင္တဲ့ေနရာမွာလက္ကိုတင္းၾကပ္စြာဆုပ္ထားေလသည္။ 

"မဟုတ္ဘူး" လုရန္ကသက္ျပင္းခ်လိုက္ၿပီး ယြိယြီရဲ႕အသံကတိုးတိုးေလးျဖစ္ေနတာကိုၾကည့္လိုက္သည္။ "ဒါေပမယ့္မင္းရဲ႕ဆရာဝန္အေနနဲ႔ ငါေျပာခ်င္တာက တျခားလူေျပာေနတဲ့ဖုန္းကိုယူၿပီးေျပာတာကမယဥ္္္ေက်းဘူး၊ ဖုန္းကိုခ်လိုက္တာကပိုေတာင္လြန္လြန္းတယ္။"

ယြိယြီကစကားမေျပာခဲ့ေခ်။

"ေနာက္တစ္ခါဒီလိုထပ္မလုပ္ေတာ့ပါဘူးလို႔ကတိေပးႏိုင္မလား?" လုရန္သည္လူငယ္အနားသို႔ခ်ဥ္းကပ္လိုက္ကာ တစ္ဖက္လူရဲ႕ပုခုံးကိုပုတ္ေပးလိုက္သည္။ 

အခ်ိန္အေတာ္အတန္ၾကာၿပီးေနာက္ ယြိယြီကေခါင္းညိမ့္လိုက္ၿပီး "ကြၽန္ေတာ္ခင္မ်ားကို ကတိေပးပါတယ္။" 

"မင္းကတိေပးၿပီးသြားရင္မင္းလိုက္နာရမယ္။" လုရန္ကဆက္ေျပာသည္။

"ဘာမွမဟုတ္ဘူး။" ယြိယြီကေပါ့ေပါ့ပါးပါးေမးလိုက္သည္ "အဲ့လူကေဒါက္တာ့ကိုဘာေျပာလိုက္တာလဲ၊ ကြၽန္ေတာ္႕နာမည္ကိုၾကားလိုက္လို႔" 

လုရန္ႏြားႏို႔ေသာက္လိုက္ၿပီးေတာ့ ‌ဒါ႐ိုက္တာေက်ာက္စကားမဆုံးေသးတာကို သတိမရေတာ့ဘဲ "အိုး..ယူနစ္က မင္းကိုေထာက္ပံ့ပို႔ေဆာင္ေရး႐ုံးကို ေန႔လည္ပိုင္းမွာျပန္လည္စတင္ေရးလုပ္ထုံးလုပ္နည္းေတြကို လုပ္ခိုင္းေနတယ္။" လုရန္ခြက္ကိုခ်လိုက္ၿပီး "မင္းသြားမွာလား?" လို႔ေမးလိုက္သည္။ 

"ေဒါက္တာကကြၽန္ေတာ္နဲ႔အတူတူသြားမွာလား?" ယြိယြီေပါ့ပါးစြာေမးလိုက္သည္။

"သင္တန္းကေတာ့မစေသးဘူး။ မင္းလိုအပ္တာ႐ွိရင္ေတာ့ငါလိုက္ခဲ့ေပးလို႔ရတယ္"

"ေဒါက္တာသြားခိုင္းေစခ်င္ရင္ ကြၽန္ေတာ္သြားပါ့မယ္။" ယြိယြီေနာက္ဆုံးက်န္တဲ့ႏြားႏို႔ကိုေသာက္လိုက္သည္။ 

"ဒီကိစၥက...တကယ္ေတာ့ မင္းကိုယ့္အေတြး‌နဲ႔ကိုယ္စဥ္းစားရမွာ" လုရန္ေျပာလိုက္သည္။ 

"ခင္မ်ားကဒီမွာအလုပ္လုပ္တယ္။ ကြၽန္ေတာ္ကဒီမွာေလ့က်င့္ဖို႔ေနတယ္။ ကြၽန္ေတာ့အ‌ေတြးကခင္မ်ားနဲ႔အတူေနဖို႔ဘဲ" ယြိယြီကလုရန္ရဲ႕မ်က္ႏွာအမူအရာကိုမၾကည့္ခဲ့ေခ်။ ပန္းကန္ခြက္ေတြကိုမီးဖိုေခ်ာင္ထဲသို႔ျပန္ပို႔ၿပီး အိပ္ခန္းထဲကို တစ္ေယာက္တည္းဝင္သြားခဲ့သည္။ 

Voteေလးေတြကအရမ္းနည္းေနေသးတယ္ေနာ္
Upၾကာတာသိေပမယ့္ supportေပးၾကပါအုံး
--------

Bạn đang đọc truyện trên: AzTruyen.Top