Chapter-7
Unicode
အထူး လူ့ အရင်းအမြစ် ဗျူရို ၏ဝန်ထမ်း အိပ်ဆောင်တွင် ၊ လုရန်သည် ဆိုဖာပေါ်ရှိ လက်တော့ပ်ကွန်ပျူတာ ကို ကောက်ကျစ်စွာကြည့်နေခဲ့သည်။ ‌
လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်တော့မယ့်အချိန်က မကြာမီရောက်လာတော့မည်။ လူအသစ်တစ်ဦးအနေနဲ့လုရန်သည် အလုပ်အကိုင်အစီအစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးသင်တန်းများကို လျင်မြန်စွာ ပြုလုပ်ရမည်ဖြစ်သည်။ အဲ့တာကအလွန်ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ လုရန်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအကြံပေးမှုစီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံရှိပြီးသားဖြစ်သည်။ ပြီးတော့ ‌‌ဒေါက်တာကျောက်ကသူ့ကို အလုပ်နမူနာပုံစံတွေကို မေးလ်ဘောက်စ်ကနေ ပို့ပြီးသွားပြီဖြစ်သည်။ သူလုပ်စရာရှိတာဆိုလို့ လွတ်နေတဲ့ကွက်လပ်လေးတွေကို လိုက်ဖြည့်လိုက်ရုံသာဖြစ်သည်။ 
"အကြံပေးချိန်၊ ဆရာအရေအတွက်၊ သင်ကြားပေးရတဲ့ အကြောင်းအရာတွေ... မဟုတ်သေးပါဘူး။ ဒီလိုရေးထားတာကြီးကအရမ်းရိုးရှင်းလွန်းတယ်။" လုရန်သည်ကွန်ပျူတာမောက်ကို အပေါ်အောက်ရွေ့လိုက်ပြီး အလုပ်နမူနာပုံစံသည် စာမျက်နှာတစ်ခုဘဲရှိသည်။ 
ဒီစနစ်ရဲ့အစီအစဉ်ကအရမ်းမလွယ်လွန်းဘူးလား။ ဒီဟာကအခြားစီးပွားရေးတွေကိုတောင်ယှဉ်နိုင်လောက်ပါ့မလား? 
လုရန်ကသူ့နှာတံရိုးညှစ်လိုက်ပြီးနောက်ထပ် ပထမတန်းမှာသင်ကြားပေးနေတဲ့ကျောင်းသားနှစ်‌ယောက်ပါတဲ့ ချုံ့ထားတဲ့စာအိတ်တစ်ခုကိုထုတ်လိုက်သည်။  အသေးစိတ်အကြောင်းအရာများနဲ့ ပုံတူအရောင်ပါ‌ဓာတ်ပုံအားလုံးပေါင်းရင် မိတ္တူအရွက်ပေါင်းငါးဆယ်ကျော်ရှိသည်။ လုရန်ကအမြန်ဘဲကျော်လိုက်ကာ သူ့ရဲ့ကျောင်းသားအားလုံးက သနားစရာ၊ အရောင်သွေး‌စုံလင်တဲ့ဆံပင်၊ မဗာရစ်ပုံသဏာန်ရှိပြီး အချို့သောကျောင်းသားများသည် လည်ပင်းတွင်ရွှေရောင်ချိန်းကြိုးများကိုဝတ်ဆင်ထားကြသည်။ ၎င်းတို့သည်၎င်းတို့ခန္ဓာကိုယ်အတွက်အင်အားကြီးကြပြီး ဝံပုလွေ ကျားတွေနှင့်ပင်တူနေသည်။
"အလုပ်တော်တော်ကြာအောင်လုပ်ပြီးတာနဲ့ ဒါကြီးကနတ်ဆိုးတွေနဲ့သရဲတစ္တေတွင်းကြီးလိုတောင်ဖြစ်လာပြီ။ သူတို့အားလုံးက လူမှုဆက်ဆံရေးမှာ ဆန့်ကျင်ဘက်ကိုယ်ရည်ကိုယ်သွေးတွေနဲ့ချည်းဘဲ" လုရန်ညီးတွားလိုက်သည်။ " ဒီအကြမ်းဖက်လူငယ်တွေက ဘယ်လိုလုပ်စိတ်ပိုင်းဆိုင်ရာအကြံဉာဏ်ပေးတာကို နားထောင်နိုင်မှာလဲ?"
နံရံကိုဖြတ်ပြီးရေချိုးခန်းဖွင့်သံကိုကြားလိုက်ရကာ ရေတွေကတဖွဲဖွဲကျနေပြီး ရေချိုးခန်းထဲတွင်လူတစ်ယောက်ရေချိုးနေလေသည်။ 
"အလုပ်အစီအစဉ်ကအရမ်းရိုးရှင်းတာဆန်း‌မနေတော့ပါဘူး။ ဘယ်သူကမှအကြံဉာဏ်ကိုနားမထောင်ဘူးဆိုတာ ငါမှန်းရဲတယ်" လုရန်ကီးဘုတ်ကိုနှိပ်လိုက်သည်။ ထိုသို့ပြောပြီး သူက သူ့ရဲ့လက်ရှိအလုပ်ကို လေးလေးနက်နက်နဲ့ ဆက်လက်လုပ်ဆောင်နေလိုက်သည်။ 
"ကျွန်တော်သေချာနားထောင်ပါ့မယ်" တယောက်ယောက်ကစကားစမြည်ပြောလာသည်။ 
ရေချိုးခန်းဖွင့်လိုက်သည်နှင့် ရေနွေးဖြူအခိုးအငွေ့တွေက နတ်သမီးနယ်မြေပွင့်သွားသလိုမျိုး သွန်ကျလာပြီး လွင့်မြောနေတဲ့အဖြူရောင်ငွေ့တွေက လူတွေကိုထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။  ပွင့်ပွင့်လင်းလင်းထွက်လာသောလူငယ်လေးသည်သူဧ။်ကြွက်သားတွေကိုပြသထားသည်။ မညီညာသောအဖြူရောင်အသားရည်သည်ရေစက်များနှင့်ရွှဲနေပြီး ဒိုရေမွန်တံဆိတ်ရိုက်နှက်ထားတဲ့ မျက်နှာသုတ်ပုဝါကို အောက်တွင်ပတ်ထားလေသည်။ ပြီးတော့သူ့မျက်နှာကရဲနေပြီး ချစ်စရာကောင်းပြီး ပြီးပြည့်စုံတဲ့အပြုံးကို ပန်ဆင်ထားသည်။ 
"အဲ့မျက်နှာသုတ်ပုဝါ....အဲ့တာငါ့ဟာ! မင်းဘယ်လိုတောင်ငါ့ဟာကို ယူသုံးရတာလည်း!"  လုရန်မျက်နှာကမဲမှောင်သွားပြီး သူ့ရဲ့အမူအရာကအနည်းငယ်ပြောင်းလဲသွားလေသည်။ 
"တောင်းပန်ပါတယ်။ ကျွန်တော်မသိလို့ပါ။" ယွိယွီကထိန့်လန့်သွားသည်။ သူ့ရဲ့ခေါင်းကိုငုံ့လိုက်ပြီး သူ့ရဲ့ခါးပေါ်မှာရှိတဲ့ သဘတ်ကိုချွတ်လိုက်သည်။ 
"သေစမ်း... မင်းအဲ့တာကိုချွတ်ပြီးဘာလုပ်မလို့လဲ" လုရန် သူ့ဒေါသကိုထိန်းမထားတော့ဘဲ ပေါက်ကွဲလိုက်သည်။ တရုတ်နိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်များအကြား ယဉ်ကျေးမှုကွဲပြားခြင်းက ကြီးမားလာပြီး နိုင်ငံခြားတွေရဲ့ အတွေးအခေါ်အဆင့်အတန်းတွေဟာ ဒီလောက်ပွင့်လင်းလာလိမ့်မည်လို့သူမထင်ထားခဲ့ပေ။ အပြာရောင်ဒိုရေမွန်လေးမထုတ်ပြသရသေးခင် လုရန်သူ့ရဲ့မျက်စိကို အလျင်အမြန်ပိတ်လိုက်သည်။ 
"ဒေါက်တာ ဘာလို့ခင်များရဲ့ မျက်စိကိုပိတ်လိုက်တာလဲ?" 
"ဒါဆိုမင်းဘာလို တခြားတစ်ယောက်ရဲ့အိမ်မှာ ကိုယ်တုံးလုံးနဲ့ပတ်ပြေးနေတာလဲ? ဖော်ချွတ်ပြနေတာလား? ရူးနေလား!" လုရန်သည်တဖက်သားက ဒီလိုပြောင်ပြောင်တင်းတင်းမေးခွန်းမျိုးမေးလာခဲ့မယ်လို့မထင်ထားပေ။
"အဆင်ပြေပါတယ်။" ယွိယွီကအောက်ငုတ်ကြည့်လိုက်သည်။ "အားလုံးကယောက်ျားလေးတွေဘဲကိုး"
"အမျိုးသားတွေကကိုယ်ဗလာနဲ့ ‌လျှောက်ပြေးနိုင်လား? သုံးနှစ်ခွဲကလေးငယ်တစ်ယောက်တောင် ဘောင်းဘီ ဘယ်လိုဝတ်ရမလဲသိသေးတယ်။ နိုင်ငံခြားတိုင်းပြည်တွေကလွတ်လပ်မှုကိုလိုက်စားနိုင်ပေမယ့် ငါတို့နဲ့ဆိုရင်မင်းရဲ့အပြုအမူတွေကို အဓ္မဝါဒလို့ခေါ်တယ်။ အဲ့တာကို မင်းသိလား?" သူမျက်နှာတည်နှင့်စကားပြောပြီးနောက် လူငယ်လေးရဲ့အားရပါးရ ရီသံကိုကြားလိုက်ရသည်။ 
"ဒေါက်တာ မကြောက်ပါနဲ့ ခင်များ‌အပေါ်မှာ လူဆိုးလုပ်တန်းမကစားပါဘူး။" ယွိယွီရဲ့အသံသည် အပြုံးများနှင့်ပြည့်နှက်နေပြီး လူတိုင်းကိုရှက်သွေးဖြာသွားစေသည်။ 
"ငါဘယ်လိုကြောက်ရမှာလဲ? ယောက်ျားတွေမှာတစ်ခုခုရှိတယ်။" လုရန်သည်သူ့မျက်လုံးများကို‌ အေးအေးဆေးဆေးဖွင့်လိုက်သည်။ လူငယ်လေးသည်သူတွေးထင်ထားတာနှင့် ကွဲပြားနေသည်။ သူကအတွင်းခံတစ်ထည်ကို အတွင်းထဲတွင်ဝတ်ထားသည်။ 
သူသည်ထိုကလေးရဲ့ လှည့်ဖျားမှုများကိုထပ်မံခံလိုက်ရကြောင်းသိသွားသဖြင့် ထိန့်လန့်သွားသည်။ 
"ဒေါက်တာ ခင်များရဲ့ အမူအရာက နည်းနည်းစိတ်ပျက်သွားတဲ့ပုံပေါက်နေတယ်။" ယွိယွီကရွှတ်နောက်နောက်ကြည့်လိုက်သည်။ 
"မင်းပြောတာမဟုတ်ဘူး" လုရန်သည်သက်ကြီးရွယ်အိုတစ်ယောက်လို လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး သူ့ရဲ့စိတ်ထဲမှာနွမ်းနယ်နေလေသည်။ 
"ဒေါက်တာ ကျွန်တော်ခင်များကိုမေးခွန်းမေးချင်နေတာ ကြာပြီ" ယွိယွီကသူ့ရဲ့ခေါင်းပေါ်ကဒိုရေမွန်မျက်နှာသုတ်ပုဝါနဲ့ သူ့ရဲ့ရေစိုနေတဲ့ဆံပင်ကိုသုတ်လိုက်ပြီး လုရန်နဲ့ ဆန့်ကျင်ဘက်ထိုင်ခုံမှာ သဘာဝကျကျထိုင်လိုက်သည်။ 
"ဘာလဲ?" လုရန်ကမျက်တောင်မခက်ဘဲနဲ့ သူ့ရှေ့ရှိသင်တန်းသားကိုကြည့်လိုက်သည်။ 
"ခင်များရည်းစားရှိလားလို့ကျွန်တော်မေးချင်ပါတယ်။" 
"...." လုရန်သည်တကမ္ဘာလုံးမှာရှိတဲ့ဆင်ဂယ်လ်ခွေးများကို ဒေါသတကြီးတိတ်တဆိတ်ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ သူကအထူးလူ့စွမ်းအားရင်းမြစ်ဗြူရိုတွင်ရှိနေမှန်း ရှာဖွေတွေ့ရှိခဲ့သည်။ လူများစွာသည် သူတို့၏ဗလာဖြစ်သောစိတ်ခံစားမှုဆိုင်ရာအတွေ့အကြုံကို အာရုံစိုက်လာကြသည်။ 
"မင်းကအပျိုလား? ယောက်ျားလား?"
"..." လုရန်သည်စူးရှသောတစ်စုံတစ်ခုကြောင့် သူ့နှလုံးသားသည်နာကျင်ခံစားလိုက်ရပြီး သွေးများထွက်လာသည်။ 
"တကယ်တော့ ယောက်ျားလေးတွေအတွက်ရှက်စရာဘာမှမရှိပါဘူး။ ကျွန်တော်လည်းအဲ့တာကိုမလုပ်ရသေးပါဘူး။" ယွိယွီရဲ့လေသံက တစ်ခုခုကိုကြိုမြင်နေသလို နှစ်သိမ့်ပုံပေါက်နေသည်။ 
"ခနလောက်အေးအေးဆေးဆေးနေလို့ရမလား။ ဒါမှမဟုတ်မင်းလုပ်စရာရှိတာလုပ်နေ။ ငါအခုအလုပ်လုပ်နေတယ်။" လုရန်၏မျက်ခုံးသည်တုန်လှုပ်သွားပြီး စိတ်ဆိုးလျှင်ရှုံးမည်ဟု သူ့ကိုယ်သူဆက်ပြောနေခဲ့သည်။
"ကောင်းပါပြီ။ ဒေါက်တာ့ရဲ့အလုပ်ကိုမနှောက်ယှက်တော့ပါဘူး" ယွိယွီကခေါင်းငြိမ့်လိုက်သည်။ ပြီးတာနဲ့ စကားဆက်မပြောတော့ဘဲ ဥရောပအနုပညာပြတိုက်ရှိ လှပသောအင်္ဂတေပန်းပုရုပ်ထုလိုမျိုး ငြိမ်သက်နေလေသည်။ 
လုရန်၏နားများသည်နောက်ဆုံးတွင်တိတ်ဆိတ်သွားကာ သူ့ရှေ့ရှိကွန်ပျူတာစခရင်ပေါ်ကိုစိုက်ကြည့်နေပေမယ့်လည်း အာရုံမစိုက်ထားနိုင်သေးပေ။ 
"မင်းအရင်အိပ်ယာဝင်ချင်လား?" လုရန်သည်သူ့မျက်လုံးများကိုသည်းမခံနိုင်ဘဲ ခေါင်းကိုမော့လိုက်သည်။
ယွိယွီကသူ့ခေါင်းကိုခါလိုက်ကာ "ဟင့်အင်း ကျွန်တော့်ဆံပင်မခြောက်သေးဘူး" 
"ဒါဆိုလည်း မင်းဘာသာမင်းစာအုပ်လိုက်ရှာဖတ်လိုက်" လုရန်ကသူ့နှုတ်ခမ်းကိုလိမ်လိုက်သည်။ "ဘာဘဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးတစ်ခုကိုလုပ်နေလိုက်။ ငါ့ကိုစိုက်ကြည့်မနေနဲ့ ။ အဲ့တာကငါ့ကိုစိတ်မသက်မသာဖြစ်စေတယ်။"
"ဒါပေမယ့် ကျွန်တော့်အနားမှာဘာစာအုပ်မှမရှိဘူး" 
လုရန်ကသိုလှောင်ခန်းရဲ့ထောင့်တစ်နေရာကိုညွှန်ပြလိုက်ပြီး " ဟိုမှာစာအုပ်စင်ရှိတယ်။ အဲ့ထဲကကော်ပီတွေကိုမင်းရှာဖတ်လို့ရတယ်။" 
"ကောင်းပြီ" ယွိယွီကပုခုံးကိုတွန့်ပြီး မီးဖိုချောင်ဘေးနားကအခန်းထဲလျှောက်သွားလိုက်သည်။ 
"ဒါက ‌‌ဒေါက်တာပိုင်တဲ့စာအုပ်တွေလား?" 
လုရန်ကသူ့ရဲ့ပါးစပ်ထဲမှာဆေးလိပ်ကိုချိတ်ဆွဲထားပြီး ကီးဘုတ်ကိုခေါက်နေလိုက်သည်။ မထင်မှတ်လိုက်ဘဲ"အင်း" လို့ပြောလိုက်သည်။ 
"ဒေါက်တာ ကျွန်တော်ဒီစာအုပ်ကိုဖတ်လို့ရလား?" ယွိယွီကအတန်းသုံးတန်းဘဲပါတဲ့စာအုပ်ပုံးလေးကိုလှန်ကြည့်လိုက်ပြီး အဲ့ထဲကစာအုပ်တစ်ခုကိုအမြန်ဆွဲထုတ်လိုက်သည်။
လုရန်သည်သူ၏လှုပ်ရှားမှုများကိုရပ်တန့်လိုက်ပြီး ယုယူကိုင်ထားတဲ့စာအုပ်ရဲ့အဖုံးကိုကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးသည်အနည်းငယ်ရွေ့သွားပြီး "အာ...Wildesရဲ့ Nightingale and the Rose ဘဲ။ အဲ့တာကတရုတ်ဘာသာပြန်ဆိုတော့မင်းဖတ်လို့မရလောက်ဘူး။ နားလည်လား။" 
"အဆင်ပြေပါတယ်။ ကျွန်တော်ကြိုးစားပြီးဖတ်ကြည့်လိုက်မယ်။ ကျွန်တော့်တရုတ်စကားလေ့ကျင့်လို့ရတာပေါ့။" ယွိယွီသူ့ရဲ့နေရာမှာပြန်ထိုင်လိုက်သည်။ "ဒေါက်တာ ခင်များဒီစာအုပ်ကိုဖတ်ပြီးသွားပြီလား?"
"ပြောရရင်တော့ လူကြီးတွေအတွက်ဒဏ္ဍာရီလာပုံပြင်လိုဘဲ။ ငါဘွဲ့ရတဲ့အချိန်တုံးကဒီလိုစာအုပ်အမျိုးအစားကို စိတ်ဝင်စားခဲ့ဖူးတယ်။ အင်္ဂလိပ်မူရင်းအပါအဝင် မတူညီတဲ့ဗားရှင်းတွေကို အထူးစုဆောင်းခဲ့တာကိုလည်းမှတ်မိသေးတယ်။" လုရန်ကအတိတ်ကိုပြန်သတိရဖို့ကြိုးစားလိုက်သည်။ အချို့သောပုံရိပ်များသည်ဖြောက်ဖျက်လိုက်သကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားသည်။ 
"မူရင်းအင်္ဂလိပ်မိတ္တူကဘယ်မှာလဲ? သူများကိုပေးပလိုက်တာလား?" ယွိယွီအသံတိုးတိုးလေးနဲ့မေးလိုက်သည်။ 
"ငါမမှတ်မိဘူး" လုရန်သူ့ကိုမေးလာတဲ့မေးခွန်းကြောင့်အေးခဲသွားသည်။ "ငါအရင်တုန်းကတစ်ခုခုဝယ်ခဲ့တာ၊ ကြည့်ရတာကမ္ဘာပျက်ခါနီးမှာပျောက်သွားတယ်ထင်တယ်။" 
ယွိယွီကခေါင်းငြိမ့်လိုက်ပြီးတစ်ခုခုကိုရေရွတ်လိုက်သည်။ 
"မင်းဘာပြောလိုက်တာလဲ?" လုရန်ကသေချာမကြားလိုက်ရချေ။
ယွိယွီကခေါင်းခါပြီး မျက်ခုံးပင်ကာပြုံးပြလိုက်သည်။ ပြီးတော့ဘာမှပြန်မပြောပေ။
လုရန်သည်အနည်းငယ်ထူးဆန်းနေသည်။ မော်နီတာစခရင်ကိုပထမဦးဆုံးမြင်လိုက်ရသလိုမျိုး သူ့ဆန့်ကျဘက်ရှိလူငယ်ကိုကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူနဲ့ပိုနီးကပ်လာတာကလွဲရင်ပေါ့။ လူငယ်လေးသည်စာအုပ်ကိုငြိမ်ငြိမ်လေးကိုင်ကာ အနည်းငယ်နိမ့်လိုက်သည်။ သူ့ရဲ့ဦးခေါင်း၊ မညီညာတဲ့အညိုရောင်ဆံပင်တွေက ကဗျာစုဆောင်းရတာကိုနှစ်သက်တဲ့စာကြည့်တိုက်ထဲက ကျောင်းသားများကဲ့သို့ သူ့ရဲ့လှပကျော့ရှင်းသောလည်တိုင်ကိုပေါ်လွင်စေသည်။ 
"ဟေး...ဘာဖြစ်နေတာလဲ?" ကြည်လင်သောမျက်ရည်များသည်လူငယ်လေး၏မျက်လုံးများမှတဆင့်ဖြည်းငြင်းစွာ ကျဆင်းလာတာကို လုရန်တွေ့လိုက်ရသည်။ "အဲ့လောက်လည်းမလိုအပ်ဘဲနဲ့ ဘာလို့ရုတ်တရက်ငိုနေတာလဲ?" 
"တောင်းပန်ပါတယ်ဒေါက်တာ ကျွန်တော်လည်းဒီလိုမဖြစ်ချင်ပါဘူး။ ဒါပေမယ့်ဒီဇာတ်လမ်းက အရမ်းထိလွန်းတယ်" ယွိယွီသည်သူ့ခေါင်းကိုတစ်ခြားဖက်သို့လှည့်လိုက်ပြီး မျက်လုံးတုန်ခါလိုက်သည်။ သူအရမ်းစိတ်ဓာတ်ကျနေပေမယ့် တိရစ္ဆာန်လေးတစ်ကောင်လိုငိုရှိုက်သံကို ပျောက်သွားအောင်မလုပ်နိုင်ခဲ့ပေ။ 
လုရန်အနည်းငယ်လမ်းပျောက်သွားသည်။ သူသည်အသက်ရှင်နေသောလူများနှင့်ဆက်ဆံရာ‌တွင် အခြေအနေသိပ်မကောင်းချေ။ အထူးသဖြင့် သူ့ရှေ့မှာငိုနေတဲ့သူတွေနဲ့ပေါ့။ အကြောင်းပြချက်မှာတော့ လုရန်ကသူငယ်ငယ်လေးကတည်းက တစ်ခါမှမငိုဖူးတာကြောင့်ဖြစ်သည်။ မိဘမဲ့‌ဂေဟာမှာဘဲဖြစ်ဖြစ်၊ သိမ်းပိုက်ခံထားရတဲ့နယ်မြေမှာဘဲဖြစ်ဖြစ်၊ မတော်တဆတက္ကသိုလ်ဝင်တာဘဲဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့အခါမှာဖြစ်ဖြစ်၊ သူသည်အလွန်သာလွန်သော သာမာန်စိတ်ထားဖြင့်နေထိုင်ခဲ့ပြီး သူ၏စိတ်ခံစားမှုများတွင် အမှန်တကယ် အတက်အကျဖြစ်တာကိုမကြုံရသေးချေ။ 
ဒါကိုစိတ်ရောဂါတစ်မျိုးအဖြစ်မှတ်ယူသင့်သည်။ လုရန်သည်အမျိုးမျိုးသောကုသနည်းများကိုတွေးတောခဲ့သည်။ ဒါပေမယ့်လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ သူဖုတ်ကောင်ဖြစ်လာခဲ့သည်။ ပြီးတော့ အဲ့တာကြောင့်ဘဲသူ့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာသည် ပိုမိုအေးဆက်လာခဲ့သည်။ လုရန်သည် သာမာန်လူများ၏ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှုကိုတုပနိုင်ပြီး သာမာန်လူတွေရဲ့နည်းလမ်းတွေကိုသင်ယူနိုင်ပေမယ့် သာမာန်လူတွေကိုဘယ်တော့မှစာနာလို့မရချေ။ 
သို့သော် ဒီနေ့သူအနည်းငယ်ကွဲပြားပုံရသည်______
အရင်တုန်းက သူဘာကိုမှမထိပေ။ ဒီတစ်ကြိမ်တွင်တော့သူသည် နီရဲသောမျက်လုံးများဖြင့်လူငယ်ကို ကြည့်လိုက်ရာ အနည်းငယ်မသက်သာ တစ်ခုခုဖြင့်ညစ်ထားခံရသလို သူ့စိတ်ထဲတွင်ထူးဆန်းစွာခံစားနေရသည်။ 
လုရန်၏လက်သည် ဒိုရေမွန်တံဆိတ်နဲ့မျက်နှာသုတ်ပုဝါပေါ်သို့ ညင်သာစွာကျဆင်းသွားပြီး မျက်နှာသုတ်ပုဝါတစ်လျှောက် မသက်မသာဖြင့် လူငယ်လေး၏ခေါင်းကိုပွတ်ပေးလိုက်သည်။ "အိုကေ မငိုနဲ့တော့၊ စိတ်ဓာတ်မကျနဲ့။" 
"ကျွန်တော်အရမ်းဝမ်းနည်းတယ်"
"ဒါဆိုသွားအိပ်တော့"
လုရန်သည်သူ့ရဲ့နှစ်သိမ့်စကားကအရမ်းကြောက်စရာကောင်းတယ်လို့ခံစားလိုက်ရသည်။ ဒါပေမယ့်သူမတတ်နိုင်ခဲ့ပါ။ အမှန်တော့၊ ဝမ်းနည်းကင်းတဲ့လူတစ်ယောက်သည် ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ကို မည်သို့လမ်းညွှန်ပေးရမည်နည်း။ လုရန်ကအိပ်စက်ချင်းသည် အကောင်းဆုံးဖြေရှင်းချက်လို့သာသိသည်။ သူစိတ်ဓာတ်ကျလာတဲ့အခါမျိုးမှာ သူ့ရဲ့စိတ်တွေကဗလာကျင်းသွားပြီးအိပ်ပျော်သွားတတ်သည်။ ကွန်ပျူတာကို restart ချလိုက်သလိုပင် အပြာရောင်စခရင်ဘဲဖြစ်ဖြစ်၊ ပျက်စီးမှုဘဲဖြစ်ဖြစ်၊ ပြန်လည်စတင်ရန်ခလုတ်ကိုဖိထားသရွေ့ ပြဿနာအများစုကို ဤရိုးရှင်းသောနည်းလမ်းဖြင့်ဖြေရှင်းနိုင်လေသည်။ 
သူသည်လူငယ်လေး၏ခေါင်းကိုပုတ်ကာ ထိုလူကိုအိပ်ခန်းထဲသို့ခေါ်သွားကာ လူငယ်လေး၏အညိုရောင်ဆံပင်တိုတိုကို သဘတ်ဖြင့်ခြောက်သွားအောင်လုပ်လိုက်သည်။ ပြီးတာနဲ့ယုယူရဲ့စိတ်တွေတည်ငြိမ်သွားသည်။ 
"‌‌ဒေါက်တာ စူပါမားကတ်မှာဖြစ်ခဲ့တာကို တောင်းပန်ပါတယ်။" ကုတင်ပေါ်တွင်လဲလျှောင်းနေသောလူငယ်လေးရဲ့မျက်နှာမှာ ခေါင်းအုံးနှင့်ဖိကာ ဆူညံသောအသံတစ်ခုထွက်လာလေသည်။ 
"မေ့လိုက်တော့၊ ငါလည်းမျက်နှာလွှဲပြီးမထွက်လာသင့်ဘူး။" သူအသက်ရှူထုတ်လိုက်သည်။ သူကပျင်းရိပြီးရန်ရှာတတ်တဲ့လူမျိုးမဟုတ်ပေ။ 
"ဒေါက်တာကအမြဲတမ်းကြင်နာတတ်တာဘဲလား?"
"မင်းကလွဲပြီး ငါ့ကိုဘယ်သူမှအဲ့အသုံးအနှုန်းနဲ့ မဖော်ပြဖူးဘူး" 
"ဆိုလိုတာက ဒေါက်တာကကျွန်တော့်ကိုဘဲ ကြင်နာတယ်လို့ပြောချင်တာလား?"
"ငါတော့မင်းစိတ်ကူးယဉ်တာများနေတယ်လို့ထင်တယ်" လုရန်ပြောလိုက်သည်။ လူတိုင်းအပေါ်ထားရှိတဲ့သူ့သဘောထားသည် သိမ်မွေ့သည်ဟုသည်ထင်သည်။ တစ်ခါတစ်ရံသူအားစိုက်ထုတ်၍အထောက်အကူဖြစ်စေသော ကောင်းတဲ့အရာအချို့ကိုပြုလုပ်သည်။ သို့သော်အဲ့တာက အဓိပ္ပါယ်အများကြီးမရှိပေ။ ကမ္ဘာပေါ်ရှိလူများစွာသည် ဤကဲ့သို့ဖြစ်ကြပြီး အထူးသဖြင့်နူးညံ့သိမ်မွေ့ခြင်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် အနည်းငယ်လွဲမှားနေသည်ဟု သူခံစားရသည်။ 
အိပ်ခန်းသည်တိတ်ဆိတ်ညိမ်သက်နေသည်။ ဒီတစ်ခါတော့ ယွိယွီတို့တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ လုရန်အောက်ကိုငုံ့ကြည့်ရန် ကျင့်သားရမနေချေ။ ယွိယွီသည်ဘေးတိုက်တွန့်ကွေးနေပြီး ရှည်လျားသောမျက်တောင်တွေက အောက်သို့ငုံ့ကွေးထားကာ သူ၏မျက်နှာတွင်အပြုံးမပျက်ပေ။ ငြိမ်းချမ်းစွာအိပ်ပျော်သွားရုံသာမက အိမ်မက်ကောင်းများလည်းမက်နေပုံရသည်။ 
"ထူးဆန်းတဲ့နေရာကိုပထမဆုံးရောက်ဖူးတာကို ဒီလိုအိပ်ပျော်သွားရတယ်လို့။ အရမ်းများလွန်သွားပြီမလား?" ရာသီဥတုပူနေပြီလို့တွေးရင်း လုရန်ဘယ်တုန်းကမှမသုံးဖူးတဲ့ လေအေးပေးစက်ကိုဖွင့်လိုက်ပြီး ယွိယွီရဲ့ခန္ဓာကိုယ်ကိုပါးလွှာသောစောင်လေးကိုခြုံပေးလိုက်လေသည်။ 
Zawgyi