TWO: 2

Unicode

ခေါင်းက တစ်ဆစ်ဆစ် ထိုးကိုက်လာတာကြောင့် အိပ်နေရာကနေ နိုးလာသည်။ ဘေးဘီက နေရာတွေက ကိုယ့်အိမ်ကိုယ့်ရာလည်း မဟုတ်။ နေပါဦး။ ငါဘာဖြစ်ခဲ့တာလဲ။ နောက်ဆုံးမှတ်မိတာကတော့ ယွန်းရဲ့ အသိအိမ်လိုက်သွားတာ။ အဲ့ကနေ မမှတ်မိတော့။

ထိုအချိန် ‌အခန်းထဲကို ယွန်း၀င်လာသည်။

"ယွန်း ငါ ထူးဆန်းတဲ့ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာလေ ချွဲယောန်ဂျွန်းဆိုတဲ့လူနဲ့ ငါက...."

"အဲ့တာက အိပ်မက်မဟုတ်ဘူး။ နင်ရဲ့ အတိတ်က အကြောင်း"

"မဟုတ်ဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်က ဒီလို ရောယှက်နေစရာ အကြောင်းရှိပါ့မလား"

"နင်ကတော့ အဆုံးထိ မယုံကြည်သေးဘူးပဲ"

ထိုအချိန် အခန်းထဲကို ယောန်ဂျွန်း ဖြေးညှင်းစွာ ၀င်လာခဲ့သည်။

"ဟို...သက်သာရဲ့လား ဆူဘင်း"

"သက်သာပါတယ်"

ယောန်ဂျွန်း၏ မျက်လုံးကိုတောင် တည့်တည့်တောင် မကြည့်ပဲ စိတ်မရှည်စွာ ပြောသည်။

"ဒါ ဘာလဲ မှတ်မိလား ဆူဘင်း"

ယွန်း လက်ထဲက ကံကောင်းခြင်းအိတ်ကို ပြတော့ သူ့ ရင်ဘတ်တွေ ဗြောင်းဆန်အောင် အောင့်နေသည်။

"မင်း...မင်းသမီးက အဆုံးစီရင်...အ!!"

တဖြည်းဖြည်းနှင့် အတိတ်က အကြောင်းအရာတွေ ရေးရေးလေး မြင်နေရသည်။ ယောန်ဂျွန်းလည်း ဆူဘင်းကို အစချီကာ ပြောပြသည်။

"သားတော်နဲ့ ယောန်ဂျွန်းရဲ့ ဆက်ဆံရေးကို ဒီလောက်နဲ့ပဲ ဖြတ်တောက်လိုက်တာ ကောင်းမယ်"

ခမည်းတော်ရဲ့ စကားကို အထွန့်တက်ရန် ဆူဘင်း စကားလုံးစီနေလေသည်။

"ဒါပေမယ့်..ခမည်းတော်..သားတော် အစ်ကို့ကို ချစ်ပါတယ်"

"ဘာ!!"

*ဘုန်း*

မင်းကြီး  ဒေါသထွက်ကာ ရှေ့က စားပွဲခုံကို အားဖြင့် ရိုက်ချလိုက်တော့ ယောန်ဂျွန်း တုန်တက်သွားသည်။

"ခမည်းတော် နတ်ရွာစံရင်  ဒီနိုင်ငံကို သားတော်ဆီ ပေးအပ်ခဲ့ရမှာ သားတော်"

"အဲ့တာက အစ်ကိုနဲ့ ဘာများသက်ဆိုင်လို့ပါလဲ ခမည်းတော်"

"အိမ်ရှေ့စံ! ကိုယ်တော် ပြောတာကို သေချာနားထောင်စမ်း။ အိမ်ရှေ့စံရဲ့ ကြင်ယာတော်က မိန်းကလေးပဲ ဖြစ်ရမယ်။ ယောကျာ်းလေး မဖြစ်သင့်ဘူး။ နောင်လာမယ့် တိုင်းပြည်ရဲ့ အရှင်သခင်က ဒီလိုမျိုး ပြုမှုခဲ့ရင် တိုင်းပြည်လည်း အရှက်ရလိမ့်မယ်"

"ဟင့်အင်း။ ကျွန်တော် ‌အစ်ကို့ကိုပဲ လိုချင်တာ။ မင်းကြီးလည်း မဖြစ်ချင်ဘူး"

ကလေးလို ပြုမှုနေတဲ့ အိမ်ရှေ့စံကို မင်းကြီးလည်း မနိုင်တော့ပါ။ နောက်ဆုံး တစ်နည်းထုတ်သုံးရန်ပဲ ကြံစည်ရတော့မည်။

"ဟုတ်ပြီ။ သားတော် သွားလို့ရပြီ။ ဒါပေမယ့် ယောန်ဂျွန်း နေခဲ့ဦး။ ပြောစရာကျန်သေးတယ်"

"မှန်လှပါ မင်းကြီး"

"ဘာပြောမလို့လဲ?ခမည်းတော်ရဲ့ ကျွန်တော်လည်း နားထောင်ချင်တယ်"

" ထွက်သွားဆို ထွက်သွားလိုက်ပါ အိမ်ရှေ့စံ"

ဆူဘင်းလည်း ပြန်မပြောရဲတော့ပဲ သွားလိုက်ရတော့သည်။

"ယောန်ဂျွန်း မင်းက အကြီးဆိုတော့ နားလည်မှာပါ။ အိမ်ရှေ့စံက ငယ်ငယ်က အဖော်မက်တော့ ခံစားချက်တွေက မရေမရာဖြစ်နေတာပါ။ အဲ့တာကြောင့် မင်းက သူ့ကို ပြောပေးပါ။ ဒီကိုယ်တော်က တောင်းဆိုပါတယ်ကွာ"

မင်းကြီး၏ စကားကို ယောန်ဂျွန်း တိတိကျကျ အဖြေမပေးနိုင်သေးပါ။ အမှန်ဆို သူလည်း စဉ်းစားဖို့ အချိန်လိုသေးသည်လေ။

"အေးလေ။ ချက်ချင်းကြီး ဖြတ်တောက်ဖို့က ခက်ခဲမှာပေါ့။ ဒါပေမယ့် အိမ်ရှေ့စံကို ဖျောင်းဖျပေးပါ ယောန်ဂျွန်း"

"စိုးရွံ့မိပါတယ် မင်းကြီး"

။။။။။။။။။။။။။။။။။။။။။။။။။။။။။

အိပ်ဆောင်ထဲကနေ မထွက်တမ်းထိုင်၍ စဉ်းစားနေသည်။ နည်းလမ်းက ဒီနည်းမှ မဟုတ်ရင် မရနိုင်။ ထို့ကြောင့် ထိုသို့ လုပ်မှရမည်။

"ရဲမက်တို့ ၀င်လာခဲ့စမ်း"

မင်းကြီး၏ အမိန့်သံကြားသည်နှင့် အပြင်မှာ အသင့်စောင့်နေသည့် ရဲမက်တွေ ၀င်ရောက်ခစားသည်။

"မင်းကြီးထံ ရိုသေစွာ ၀င်ရောက်ခစားပါတယ်"

"ဟုတ်ပြီ။ အိမ်ရှေ့စံနဲ့ သူ့ကိုယ်ရံတော်တို့ကို ကိုယ်တော့်ရှေ့မှောက် ဖမ်းခေါ်ခဲ့စမ်း"

"မှန်လှပါ မင်းကြီး"

မင်းကြီး အမိန့်ပေးပြီးပြီနှင့် တစ်ပြိုင်နက် ရဲမက်တွလည်း အိမ်ရှေ့စံနှင့် သူ့ကိုယ်‌ရံတော်ကို ရှာဖွေရန် ထွက်လာခဲ့ကြသည်။



မင်းကြီး၏ မိတ်ဆွေ အနောက်နိုင်ငံကမင်းကြီးရဲ့ တူမတော် ယွန်းကို အိမ်ရှေ့စံနှင့် သဘောတူထားသည်။ သို့သော် ယွန်းက ထို အိမ်ရှေ့စံနှင့် လက်မဆက်ချင်ပါ။ ထိုအိမ်ရှေ့စံကလည်း ထိုနည်း၎င်း။

အနောက်နိုင်ငံက ဦးရီး‌တော်မင်းကြီးကိုသာ ကြောက်လို့ ဒီကတိုင်းပြည်မှာ ခဏလာရောက် နေထိုင်နေရသည်။ ထိုသို့နေထိုင်ရသည်မှာ တစ်လကြာခဲ့လေသည်။ မင်းကြီးကလည်း ယွန်းကိုဆို အမြဲ ဦးစားပေး၍ သူ့သားတော် အိမ်ရှေ့စံနှင့် လက်ဆက်ချင်အောင် တမင် မက်လုံးပေးနေသည်။ ပြီးတော့ ဒီကြားတဲ့ ကြားလိုက်ရတဲ့ သတင်းက အိမ်ရှေ့စံနဲ့ သူ့ကိုယ်ရံတော်က အချင်းချင်း မေတ္တာမျှနေကြတယ် ဆိုတာပင်။

တစ်ခါ ယွန်း ဉယျာဉ်ထဲမှာ လမ်းလျှောက်နေရင်း ထိုအိမ်ရှေ့စံနှင့် ကိုယ်ရံတော်တို့ တွေ့ဆုံနေကြတာကို အမှတ်မထင် တွေ့လိုက်ရသည်။ အိမ်ရှေ့စံက ယွန်းကို ဒီကိစ္စကို မင်းကြီးဆီ မလျှောက်တင်ရန် အနူးအညွှတ်တောင်းပန်သည်။ ယွန်းလည်း သူတို့နှစ်‌ယောက်ကို ကြည့်ကာ လိုက်ဖက်သည်ထင်၍ စိတ်ထဲက သဘောတူပေးနေတော့သည်။ အဲ့ကနေ အိမ်ရှေ့စံနှင့် ပိုမို ရင်းနှီးလာ၍ သူ့ကို ကူညီရန် ကိစ္စရပ်ကလည်း အနာဂတ်မှာ ပေါ်ပေါက်လာဦးမည်လေ။

"အိမ်ရှေ့စံနဲ့ သူ့ကိုယ်ရံတော်ကို နန်းတော် အနောက်ဘက်မှာ မင်းတို့ အရင်ရှာကြည့်။ ငါတို့က နန်းတော်အရှေ့ဘက်မှာ ရှာမယ်"

"ဟုတ်ကဲ့"

ညကြီးမိုးချုပ် အိပ်မပျော်လို့ လမ်းလျှောက်ထွက်လာတဲ့ ယွန်းဟာ ရဲမက်တို့ တစ်ရုံးရုံး စကားပြောသံကို ကြားလိုက်ရတာကြောင့် သစ်ပင်တစ်ပင်နောက်မှာ ပုန်းနေပြီး သူတို့ပြောတာကို နားထောင်နေလိုက်သည်။

သူတို့ခေါင်းဆောင် ပြောပြီးသည်နှင့် အကုန် အသီးသီး ထွက်သွားကြသည်။

"မဖြစ်ဘူး။ အဲ့လိုနဲ့ သူ့ကိုယ်ရံတော်သေရလိမ့်မယ်"

မင်းကြီးက ကိုယ့်သားတော်ကိုတော့ မသတ်လောက်ဘူးဆိုတာသိပေမယ့် ကိုယ်ရံတော် ယောန်ဂျွန်းကိုတော့ သတ်လိမ့်မည်။

ယွန်း နန်းတော်အနောက်ဖက်ရဲ့ ဂျောင်ကျ‌တဲ့ နေရာက တဲအိမ်ဆီ‌
ပြေးသည်။ အသက်အန္တရာယ် စိုးရိမ်ရကြောင့် လျှောက်တင်ရမည်။

အိမ်ရှေ့စံနှင့် ကိုယ်ရံတော်တို့ဟာ အရင်လို လွတ်လွတ်လပ်လပ် တွေ့ခွင့်မရတာကြောင့် ထိုတဲအိမ်လေးမှာသာ တွေ့ကြရသည်။

...................................................

"အစ်ကို.."

"အင်း ပြောလေ ဆူဘင်း"

"ကျွန်တော် အစ်ကိုနဲ့ မခွဲချင်ဘူး သိလား"

ပြောရင်း မျက်ရည်လေးတွေ ဝဲလာတဲ့ ဆူဘင်းကို ကြည့်ပြီး ယောန်ဂျွန်း စိတ်မကောင်းဖြစ်သွားသည်။

"အစ်ကိုလည်း မခွဲချင်ပါဘူး ဒါပေမယ့်"

"ကျွန်တော်သိတယ်။ ကျွန်တော်တို့ကို ရှာတွေ့ရင် ခမည်းတော်က အစ်ကို့ကို သတ်လိမ့်မယ်ဆိုတာ"

ဆူဘင်း ပြောပြီးနောက် ယောန်ဂျွန်း ရင်ခွင်မှာ မှီ၍ ငိုချလိုက်သည်။ ယောန်ဂျွန်းလည်း သူ့ကျောလေးကို ပုတ်ကာ ထိုနည်း၎င်း ငိုနေသည်။

ယောန်ဂျွန်းရဲ့ ရင်ခွင်ကနေ ခေါင်းထောင်လာပြီး

"အဲ့တာကြောင့် ကျွန်တော့် ဆန္ဒကို အစ်ကို ဖြည့်ဆည်းပေးလို့ရမလား"

"ဆူဘင်းရဲ့ ဆန္ဒက ဘာလဲ။ အစ်ကို ဖြည့်ဆည်းပေးမယ်"

"အစ်ကို့ရဲ့ ခန္ဓာကိုယ်ကို ကျွန်တော့်ဆီ ပုံအပ်လိုက်ပါ။ ဒီတစ်ညတော့ ကျွန်တော့်အတွက် ဖြည့်ဆည်းပေးပါ အစ်ကို"

"အင်း"

ယောန်ဂျွန်း ခေါင်းညိမ့်လိုက်သည်နှင့် ဆူဘင်း ယောန်ဂျွန်းကို တစ်သက်တာ မမေ့မလျော့သွားစေမယ့် အနမ်းတွေ ပေးသည်။

အိမ်ရှေ့စံနှင့် ကိုယ်ရံတော်တို့ရဲ့ အလှပဆုံး ညလေးကို ဖန်တီးလိုက်ကြသည်။

ယွန်း ထိုတဲအိမ်ဆီ ပြေးသွားသည်။ မှောင်မဲနေတဲ့ ညဘက်ကြီးမှာ ရှည်မျောတဲ့ ဂါ၀န်ကြီးကို မကာ ‌ပြေးသည်။ သူမနောက်ကို ရဲမက်တွေ လိုက်လာကြလေပြီ။

အနောက်ကို သမင်လည်ပြန်ကြည့်ရင်း ပြေးသည့်မို့ ကျောက်တုံးကို တိုက်မိကာ လဲကျသွားသည်။

"အ့ မဖြစ်ဘူး"

အမြန် ကုန်းထကာ ‌ဆက်ပြေးသည်။ တော်သေးတာက ထိုရဲမက်တွေ အာရုံပြောင်းသွားလို့ပင်။

‌*ဒေါက် ဒေါက်*

"အိမ်ရှေ့စံ ကျွန်‌တော်မျိုးမက မင်းသမီးပါ။ တံခါးဖွင့်ပါဦး"

တဲရှေ့က မင်းသမီးရဲ့ အသံကြားတာကြောင့် ‌ဆူဘင်းနိုးလာသည်။ ထိုနည်းတူ ယောန်ဂျွန်းလည်း နိုးလာသည်။

"အစ်ကို ပင်ပန်းနေတယ်မလား။ အိပ်နေလိုက်ပါ။ ကျွန်တော် သွားလိုက်မယ်"

တံခါးဖွင့်လိုက်တော့ မောဟိုက်နေတဲ့ မင်းသမီးကို တွေ့လိုက်ရသည်။

"မင်းသမီး ဘာကိစ္စရှိလို့လဲ"

မင်းသမီးက ဘာမှမပြောနိုင် တဲထဲ အပြေး၀င်ပြီး တံခါးကို ခပ်မြန်မြန် ပိတ်လိုက်သည်။ မှောင်မဲနေတဲ့ တဲအိမ်ထဲမှာ တစ်ယောက်ကို တစ်ယောက်တောင် သေချာစွာ မမြင်ရပေ။

"မင်းသမီး... ကျွန်တော် မီးထွန်းလိုက်မယ်"

ယောန်ဂျွန်းက ဖယောင်းတိုင်မီး ထွန်းလိုက်ပြီး မကြာခင် ယွန်းက မီးပြန်ညိမ်းလိုက်သည်။

"မီး မထွန်းထားတာကောင်းတယ် ယောန်ဂျွန်း။ ကျွန်မတို့ကို မိသွားနိုင်တယ်။ အပြင်မှာ ရဲမက်တွေ ရှိပါတယ် အိမ်ရှေ့စံ"

*ဒေါက် ဒေါက် ဒေါက်*

အပြင်မှာ ရှိတဲ့ ရဲမက်အချို့က တံခါးကို ပြုတ်ထွက်မတက် ထုနှက်နေလေသည်။

"လူ ရှိလား"

မင်းသမီးက လက်ဟန်ခြေဟန်ဖြင့် အနောက်ပေါက်နေ ထွက်ပြေးရန်ပြောသည်။ ယောန်ဂျွန်းက အနည်းငယ် တွန့်နေသော်လည်း ဆူဘင်းက သူ့ကို လက်ဆွဲခေါ်ကာ ပြေးသည်။

ဆူဘင်းနှင့် ယောန်ဂျွန်းသွားပြီးသည်နှင့် ယွန်း တံခါးဖွင့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ယွန်းကို အရိုအသေတစ်ချက်ပေးကာ

"အိမ်ရှေ့စံကို တွေ့လိုက်ပါသေးလား မင်းသမီး"

"ဟို...ဟိုဘက်ကို သွား..သွားခဲ့တယ်"

စကားလမ်းလွှဲပေးလိုက်သော်လည်း ပါးနပ်တဲ့ ရဲမက်က သူမကို မသင်္ကကာသည့်အကြည့်ဖြင့်

"မင်းသမီးကို ဖမ်းခေါ်သွားစမ်း"

အနောက်ကပါလာတဲ့ နောက်လိုက်ရဲမက်အချို့က သူမကို ဖမ်းပြီး မင်းကြီးဆီ ခေါ်သွားသည်။

"မင်းသမီး ကိုယ်တော့်ကို ပြောစမ်း!!အိမ်ရှေ့စံတို့ ဘယ်ကို ပြေးသွားလဲ"

"မသိပါဘူး မင်းကြီး"

"ဘာ!! မပြောရင် မင်း သေရလိမ့်မယ်"

မင်းကြီးက ဓားကို ထုတ်ကာ ဒူးထောက်ထိုင်ထားတဲ့ မင်းသမီးရဲ့ လည်ပင်းမှာ တေ့ထားသည်။

"သတ်လိုက်ပါ။ ကျွန်မ အဆုံးထိ ‌ပြောမှာ မဟုတ်လို့"

"ဒါဆို ကိုယ့်ကိုကိုယ် အဆုံးစီရင်ပါ မင်းသမီး"

အိမ်ရှေ့စံတို့ ရှိသည့်နေရာဟာ မင်းသမီး တစ်ယောက်တည်း သိသည်မို့ မင်းကြီးရဲ့ ဓားကိုယူကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်သည်။

နှစ်ယောက်သား ပျော်ပျော်ရွင်ရွင်နဲ့ ဘ၀ကို ဖြတ်သန်းပါ။ ကျွန်တော်မျိုးမက အဆင်ပြေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

"တောက်!! သောက်ရေးမပါတဲ့ ဇာတ်လမ်း။ ဘာလို့ ယွန်းက သတ်သေရမှာလဲ"

အိမ်မှာ စာလုပ်မယ်လို့ ကြံရင်း ဟိုတစ်နေ့က ချွဲယောန်ဂျွန်းရဲ့ ဇာတ်လမ်းကို တွေးမိလေလေ ဒေါသထွက်လေလေ။

ဘေးမှာ ရှိတဲ့ ရေခွက်အလွတ်ထဲကို ရေအပြည့်ထည့်ပြီး အလောတကြီးသာ သောက်သည်။

စာလည်း မလုပ်ဖြစ်လို့ နေ့လည်အတန်းသာ သွားတော့မည်ဟုဆိုကာ အိတ်တစ်လုံး လွယ်ပြီး အပေါ်ထပ်ကနေ ဝုန်းဒိုင်းဆင်းလာလိုက်သည်။

"ဟဲ့သား အိမ်ပြိုမတတ်ကြီး။ နင့်ဟာကလည်း ခြေသံက ပြင်းပြင်း။ ဘာဖြစ်လာတာတုန်း"

"အမေကလည်းဗျာ။ သင်တန်းသွားမလို့"

"အော်ဟဲ့။ အမေက မေးတာကို လေသံက စိတ်မရှည်တဲ့ လေသံနဲ့"

"အမေရာ။ အရင်ဘ၀နဲ့ အခုဘ၀က ဆက်စပ်နေတ‌ယ်တဲ့ ဖြစ်နိုင်လား"

"အဲ့တာ ‌နင်နဲ့ဘာဆိုင်လို့လဲ"

"ပြောပါ အမေရာ။ သား သိချင်လို့"

"ဖြစ်နိုင်တယ်။ အရင်ဘ၀က ပက်သတ်ဆက်နွယ်မှု ရှိတဲ့လူတွေဆိုရင်ပေါ့။ အရင်ဘ၀က ဟာတွေအထိ မှတ်မိတဲ့လူဆိုရင်တော့ အတော် ထူးဆန်းတဲ့ သူဖြစ်မယ်"

ဆူဘင်း အလိုမကျစွာဖြင့် ခေါင်းကို ရှုတ်ဖွကာ

"ဟာ ဒုက္ခပါဘဲ။ ဟို အရူးပြောတဲ့အတိုင်းများဖြစ်ရင်...."

ဆူဘင်း တိုးတိုးရေရွတ်သည်ကို အမေက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

"နင်က ဘာကို ဒုက္ခလဲ"

"အမေ မသိပါဘူးဗျာ။ သား သွားတော့မယ်"

ဆူဘင်း အလျင်အမြန်ပဲ ကျောင်းသွားသည်။ အမေ့အမေးတွေကို ခရေစေ့တွင်းကျ ပြောပြရအောင်လဲ ယုတ္တိက မရှိ။ ထို ‌ချွဲယောန်ဂျွန်းနှင့် ဖူးစာဖက် ဖြစ်ခဲ့သည်က ယုံဖွယ်ရာသာမရှိ။

အမေပြောသလို ယောန်ဂျွန်းနှင့် ကိုယ် ပတ်သက်ဆက်နွယ်မှုရှိသည် ဆိုလျှင် ဘယ်လိုများ လုပ်ရပါ့။

ဪ ခက်ပြီ ခက်ပြီ။ သူ့ဇာတ်ကွက်ထဲ ၀င်သွားမိသည်က ခက်ပြီ။

ဇာတ်ကွက်မဟုတ်ပဲ အတည်လို့ ပြောနေသော်လည်း မယုံမှတော့ အဘယ်သူ တတ်နိုင်ပါမည်နည်။


-JIYOON

Zawgyi

ေခါင္းက တစ္ဆစ္ဆစ္ ထိုးကိုက္လာတာေၾကာင့္ အိပ္ေနရာကေန ႏိုးလာသည္။ ေဘးဘီက ေနရာေတြက ကိုယ့္အိမ္ကိုယ့္ရာလည္း မဟုတ္။ ေနပါဦး။ ငါဘာျဖစ္ခဲ့တာလဲ။ ေနာက္ဆုံးမွတ္မိတာကေတာ့ ယြန္းရဲ႕ အသိအိမ္လိုက္သြားတာ။ အဲ့ကေန မမွတ္မိေတာ့။

ထိုအခ်ိန္ ‌အခန္းထဲကို ယြန္း၀င္လာသည္။

"ယြန္း ငါ ထူးဆန္းတဲ့ အိပ္မက္ မက္တယ္။ အိပ္မက္ထဲမွာေလ ခြၽဲေယာန္ဂြၽန္းဆိုတဲ့လူနဲ႔ ငါက...."

"အဲ့တာက အိပ္မက္မဟုတ္ဘူး။ နင္ရဲ႕ အတိတ္က အေၾကာင္း"

"မဟုတ္ဘူး။ အတိတ္နဲ႔ ပစၥဳပၸန္က ဒီလို ေရာယွက္ေနစရာ အေၾကာင္း႐ွိပါ့မလား"

"နင္ကေတာ့ အဆုံးထိ မယုံၾကည္ေသးဘူးပဲ"

ထိုအခ်ိန္ အခန္းထဲကို ေယာန္ဂြၽန္း ေျဖးညႇင္းစြာ ၀င္လာခဲ့သည္။

"ဟို...သက္သာရဲ႕လား ဆူဘင္း"

"သက္သာပါတယ္"

ေယာန္ဂြၽန္း၏ မ်က္လုံးကိုေတာင္ တည့္တည့္ေတာင္ မၾကည့္ပဲ စိတ္မ႐ွည္စြာ ေျပာသည္။

"ဒါ ဘာလဲ မွတ္မိလား ဆူဘင္း"

ယြန္း လက္ထဲက ကံေကာင္းျခင္းအိတ္ကို ျပေတာ့ သူ႕ ရင္ဘတ္ေတြ ေျဗာင္းဆန္ေအာင္ ေအာင့္ေနသည္။

"မင္း...မင္းသမီးက အဆုံးစီရင္...အ!!"

တျဖည္းျဖည္းႏွင့္ အတိတ္က အေၾကာင္းအရာေတြ ေရးေရးေလး ျမင္ေနရသည္။ ေယာန္ဂြၽန္းလည္း ဆူဘင္းကို အစခ်ီကာ ေျပာျပသည္။

"သားေတာ္နဲ႔ ေယာန္ဂြၽန္းရဲ႕ ဆက္ဆံေရးကို ဒီေလာက္နဲ႔ပဲ ျဖတ္ေတာက္လိုက္တာ ေကာင္းမယ္"

ခမည္းေတာ္ရဲ႕ စကားကို အထြန္႔တက္ရန္ ဆူဘင္း စကားလုံးစီေနေလသည္။

"ဒါေပမယ့္..ခမည္းေတာ္..သားေတာ္ အစ္ကို႔ကို ခ်စ္ပါတယ္"

"ဘာ!!"

*ဘုန္း*

မင္းႀကီး  ေဒါသထြက္ကာ ေ႐ွ႕က စားပြဲခုံကို အားျဖင့္ ႐ိုက္ခ်လိုက္ေတာ့ ေယာန္ဂြၽန္း တုန္တက္သြားသည္။

"ခမည္းေတာ္ နတ္႐ြာစံရင္  ဒီႏိုင္ငံကို သားေတာ္ဆီ ေပးအပ္ခဲ့ရမွာ သားေတာ္"

"အဲ့တာက အစ္ကိုနဲ႔ ဘာမ်ားသက္ဆိုင္လို႔ပါလဲ ခမည္းေတာ္"

"အိမ္ေ႐ွ႕စံ! ကိုယ္ေတာ္ ေျပာတာကို ေသခ်ာနားေထာင္စမ္း။ အိမ္ေ႐ွ႕စံရဲ႕ ၾကင္ယာေတာ္က မိန္းကေလးပဲ ျဖစ္ရမယ္။ ေယာက်ာ္းေလး မျဖစ္သင့္ဘူး။ ေနာင္လာမယ့္ တိုင္းျပည္ရဲ႕ အ႐ွင္သခင္က ဒီလိုမ်ိဳး ျပဳမႈခဲ့ရင္ တိုင္းျပည္လည္း အ႐ွက္ရလိမ့္မယ္"

"ဟင့္အင္း။ ကြၽန္ေတာ္ ‌အစ္ကို႔ကိုပဲ လိုခ်င္တာ။ မင္းႀကီးလည္း မျဖစ္ခ်င္ဘူး"

ကေလးလို ျပဳမႈေနတဲ့ အိမ္ေ႐ွ႕စံကို မင္းႀကီးလည္း မႏိုင္ေတာ့ပါ။ ေနာက္ဆုံး တစ္နည္းထုတ္သုံးရန္ပဲ ၾကံစည္ရေတာ့မည္။

"ဟုတ္ၿပီ။ သားေတာ္ သြားလို႔ရၿပီ။ ဒါေပမယ့္ ေယာန္ဂြၽန္း ေနခဲ့ဦး။ ေျပာစရာက်န္ေသးတယ္"

"မွန္လွပါ မင္းႀကီး"

"ဘာေျပာမလို႔လဲ?ခမည္းေတာ္ရဲ႕ ကြၽန္ေတာ္လည္း နားေထာင္ခ်င္တယ္"

" ထြက္သြားဆို ထြက္သြားလိုက္ပါ အိမ္ေ႐ွ႕စံ"

ဆူဘင္းလည္း ျပန္မေျပာရဲေတာ့ပဲ သြားလိုက္ရေတာ့သည္။

"ေယာန္ဂြၽန္း မင္းက အႀကီးဆိုေတာ့ နားလည္မွာပါ။ အိမ္ေ႐ွ႕စံက ငယ္ငယ္က အေဖာ္မက္ေတာ့ ခံစားခ်က္ေတြက မေရမရာျဖစ္ေနတာပါ။ အဲ့တာေၾကာင့္ မင္းက သူ႕ကို ေျပာေပးပါ။ ဒီကိုယ္ေတာ္က ေတာင္းဆိုပါတယ္ကြာ"

မင္းႀကီး၏ စကားကို ေယာန္ဂြၽန္း တိတိက်က် အေျဖမေပးႏိုင္ေသးပါ။ အမွန္ဆို သူလည္း စဥ္းစားဖို႔ အခ်ိန္လိုေသးသည္ေလ။

"ေအးေလ။ ခ်က္ခ်င္းႀကီး ျဖတ္ေတာက္ဖို႔က ခက္ခဲမွာေပါ့။ ဒါေပမယ့္ အိမ္ေ႐ွ႕စံကို ေဖ်ာင္းဖ်ေပးပါ ေယာန္ဂြၽန္း"

"စိုး႐ြံ႕မိပါတယ္ မင္းႀကီး"

။။။။။။။။။။။။။။။။။။။။။။။။။။။။။

အိပ္ေဆာင္ထဲကေန မထြက္တမ္းထိုင္၍ စဥ္းစားေနသည္။ နည္းလမ္းက ဒီနည္းမွ မဟုတ္ရင္ မရႏိုင္။ ထို႔ေၾကာင့္ ထိုသို႔ လုပ္မွရမည္။

"ရဲမက္တို႔ ၀င္လာခဲ့စမ္း"

မင္းႀကီး၏ အမိန္႔သံၾကားသည္ႏွင့္ အျပင္မွာ အသင့္ေစာင့္ေနသည့္ ရဲမက္ေတြ ၀င္ေရာက္ခစားသည္။

"မင္းႀကီးထံ ႐ိုေသစြာ ၀င္ေရာက္ခစားပါတယ္"

"ဟုတ္ၿပီ။ အိမ္ေ႐ွ႕စံနဲ႔ သူ႕ကိုယ္ရံေတာ္တို႔ကို ကိုယ္ေတာ္႕ေ႐ွ႕ေမွာက္ ဖမ္းေခၚခဲ့စမ္း"

"မွန္လွပါ မင္းႀကီး"

မင္းႀကီး အမိန္႔ေပးၿပီးၿပီႏွင့္ တစ္ၿပိဳင္နက္ ရဲမက္တြလည္း အိမ္ေ႐ွ႕စံႏွင့္ သူ႕ကိုယ္‌ရံေတာ္ကို ႐ွာေဖြရန္ ထြက္လာခဲ့ၾကသည္။



မင္းႀကီး၏ မိတ္ေဆြ အေနာက္ႏိုင္ငံကမင္းႀကီးရဲ႕ တူမေတာ္ ယြန္းကို အိမ္ေ႐ွ႕စံႏွင့္ သေဘာတူထားသည္။ သို႔ေသာ္ ယြန္းက ထို အိမ္ေ႐ွ႕စံႏွင့္ လက္မဆက္ခ်င္ပါ။ ထိုအိမ္ေ႐ွ႕စံကလည္း ထိုနည္း၎။

အေနာက္ႏိုင္ငံက ဦးရီး‌ေတာ္မင္းႀကီးကိုသာ ေၾကာက္လို႔ ဒီကတိုင္းျပည္မွာ ခဏလာေရာက္ ေနထိုင္ေနရသည္။ ထိုသို႔ေနထိုင္ရသည္မွာ တစ္လၾကာခဲ့ေလသည္။ မင္းႀကီးကလည္း ယြန္းကိုဆို အၿမဲ ဦးစားေပး၍ သူ႕သားေတာ္ အိမ္ေ႐ွ႕စံႏွင့္ လက္ဆက္ခ်င္ေအာင္ တမင္ မက္လုံးေပးေနသည္။ ၿပီးေတာ့ ဒီၾကားတဲ့ ၾကားလိုက္ရတဲ့ သတင္းက အိမ္ေ႐ွ႕စံနဲ႔ သူ႕ကိုယ္ရံေတာ္က အခ်င္းခ်င္း ေမတၱာမွ်ေနၾကတယ္ ဆိုတာပင္။

တစ္ခါ ယြန္း ဉယ်ာဥ္ထဲမွာ လမ္းေလွ်ာက္ေနရင္း ထိုအိမ္ေ႐ွ႕စံႏွင့္ ကိုယ္ရံေတာ္တို႔ ေတြ႕ဆုံေနၾကတာကို အမွတ္မထင္ ေတြ႕လိုက္ရသည္။ အိမ္ေ႐ွ႕စံက ယြန္းကို ဒီကိစၥကို မင္းႀကီးဆီ မေလွ်ာက္တင္ရန္ အႏူးအၫႊတ္ေတာင္းပန္သည္။ ယြန္းလည္း သူတို႔ႏွစ္‌ေယာက္ကို ၾကည့္ကာ လိုက္ဖက္သည္ထင္၍ စိတ္ထဲက သေဘာတူေပးေနေတာ့သည္။ အဲ့ကေန အိမ္ေ႐ွ႕စံႏွင့္ ပိုမို ရင္းႏွီးလာ၍ သူ႕ကို ကူညီရန္ ကိစၥရပ္ကလည္း အနာဂတ္မွာ ေပၚေပါက္လာဦးမည္ေလ။

"အိမ္ေ႐ွ႕စံနဲ႔ သူ႕ကိုယ္ရံေတာ္ကို နန္းေတာ္ အေနာက္ဘက္မွာ မင္းတို႔ အရင္႐ွာၾကည့္။ ငါတို႔က နန္းေတာ္အေ႐ွ႕ဘက္မွာ ႐ွာမယ္"

"ဟုတ္ကဲ့"

ညႀကီးမိုးခ်ဳပ္ အိပ္မေပ်ာ္လို႔ လမ္းေလွ်ာက္ထြက္လာတဲ့ ယြန္းဟာ ရဲမက္တို႔ တစ္႐ုံး႐ုံး စကားေျပာသံကို ၾကားလိုက္ရတာေၾကာင့္ သစ္ပင္တစ္ပင္ေနာက္မွာ ပုန္းေနၿပီး သူတို႔ေျပာတာကို နားေထာင္ေနလိုက္သည္။

သူတို႔ေခါင္းေဆာင္ ေျပာၿပီးသည္ႏွင့္ အကုန္ အသီးသီး ထြက္သြားၾကသည္။

"မျဖစ္ဘူး။ အဲ့လိုနဲ႔ သူ႕ကိုယ္ရံေတာ္ေသရလိမ့္မယ္"

မင္းႀကီးက ကိုယ့္သားေတာ္ကိုေတာ့ မသတ္ေလာက္ဘူးဆိုတာသိေပမယ့္ ကိုယ္ရံေတာ္ ေယာန္ဂြၽန္းကိုေတာ့ သတ္လိမ့္မည္။

ယြန္း နန္းေတာ္အေနာက္ဖက္ရဲ႕ ေဂ်ာင္က်‌တဲ့ ေနရာက တဲအိမ္ဆီ‌
ေျပးသည္။ အသက္အႏၲရာယ္ စိုးရိမ္ရေၾကာင့္ ေလွ်ာက္တင္ရမည္။

အိမ္ေ႐ွ႕စံႏွင့္ ကိုယ္ရံေတာ္တို႔ဟာ အရင္လို လြတ္လြတ္လပ္လပ္ ေတြ႕ခြင့္မရတာေၾကာင့္ ထိုတဲအိမ္ေလးမွာသာ ေတြ႕ၾကရသည္။

...................................................

"အစ္ကို.."

"အင္း ေျပာေလ ဆူဘင္း"

"ကြၽန္ေတာ္ အစ္ကိုနဲ႔ မခြဲခ်င္ဘူး သိလား"

ေျပာရင္း မ်က္ရည္ေလးေတြ ဝဲလာတဲ့ ဆူဘင္းကို ၾကည့္ၿပီး ေယာန္ဂြၽန္း စိတ္မေကာင္းျဖစ္သြားသည္။

"အစ္ကိုလည္း မခြဲခ်င္ပါဘူး ဒါေပမယ့္"

"ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္တို႔ကို ႐ွာေတြ႕ရင္ ခမည္းေတာ္က အစ္ကို႔ကို သတ္လိမ့္မယ္ဆိုတာ"

ဆူဘင္း ေျပာၿပီးေနာက္ ေယာန္ဂြၽန္း ရင္ခြင္မွာ မွီ၍ ငိုခ်လိုက္သည္။ ေယာန္ဂြၽန္းလည္း သူ႕ေက်ာေလးကို ပုတ္ကာ ထိုနည္း၎ ငိုေနသည္။

ေယာန္ဂြၽန္းရဲ႕ ရင္ခြင္ကေန ေခါင္းေထာင္လာၿပီး

"အဲ့တာေၾကာင့္ ကြၽန္ေတာ့္ ဆႏၵကို အစ္ကို ျဖည့္ဆည္းေပးလို႔ရမလား"

"ဆူဘင္းရဲ႕ ဆႏၵက ဘာလဲ။ အစ္ကို ျဖည့္ဆည္းေပးမယ္"

"အစ္ကို႔ရဲ႕ ခႏၶာကိုယ္ကို ကြၽန္ေတာ့္ဆီ ပုံအပ္လိုက္ပါ။ ဒီတစ္ညေတာ့ ကြၽန္ေတာ့္အတြက္ ျဖည့္ဆည္းေပးပါ အစ္ကို"

"အင္း"

ေယာန္ဂြၽန္း ေခါင္းညိမ့္လိုက္သည္ႏွင့္ ဆူဘင္း ေယာန္ဂြၽန္းကို တစ္သက္တာ မေမ့မေလ်ာ့သြားေစမယ့္ အနမ္းေတြ ေပးသည္။

အိမ္ေ႐ွ႕စံႏွင့္ ကိုယ္ရံေတာ္တို႔ရဲ႕ အလွပဆုံး ညေလးကို ဖန္တီးလိုက္ၾကသည္။

ယြန္း ထိုတဲအိမ္ဆီ ေျပးသြားသည္။ ေမွာင္မဲေနတဲ့ ညဘက္ႀကီးမွာ ႐ွည္ေမ်ာတဲ့ ဂါ၀န္ႀကီးကို မကာ ‌ေျပးသည္။ သူမေနာက္ကို ရဲမက္ေတြ လိုက္လာၾကေလၿပီ။

အေနာက္ကို သမင္လည္ျပန္ၾကည့္ရင္း ေျပးသည့္မို႔ ေက်ာက္တုံးကို တိုက္မိကာ လဲက်သြားသည္။

"အ့ မျဖစ္ဘူး"

အျမန္ ကုန္းထကာ ‌ဆက္ေျပးသည္။ ေတာ္ေသးတာက ထိုရဲမက္ေတြ အာ႐ုံေျပာင္းသြားလို႔ပင္။

‌*ေဒါက္ ေဒါက္*

"အိမ္ေ႐ွ႕စံ ကြၽန္‌ေတာ္မ်ိဳးမက မင္းသမီးပါ။ တံခါးဖြင့္ပါဦး"

တဲေ႐ွ႕က မင္းသမီးရဲ႕ အသံၾကားတာေၾကာင့္ ‌ဆူဘင္းႏိုးလာသည္။ ထိုနည္းတူ ေယာန္ဂြၽန္းလည္း ႏိုးလာသည္။

"အစ္ကို ပင္ပန္းေနတယ္မလား။ အိပ္ေနလိုက္ပါ။ ကြၽန္ေတာ္ သြားလိုက္မယ္"

တံခါးဖြင့္လိုက္ေတာ့ ေမာဟိုက္ေနတဲ့ မင္းသမီးကို ေတြ႕လိုက္ရသည္။

"မင္းသမီး ဘာကိစၥ႐ွိလို႔လဲ"

မင္းသမီးက ဘာမွမေျပာႏိုင္ တဲထဲ အေျပး၀င္ၿပီး တံခါးကို ခပ္ျမန္ျမန္ ပိတ္လိုက္သည္။ ေမွာင္မဲေနတဲ့ တဲအိမ္ထဲမွာ တစ္ေယာက္ကို တစ္ေယာက္ေတာင္ ေသခ်ာစြာ မျမင္ရေပ။

"မင္းသမီး... ကြၽန္ေတာ္ မီးထြန္းလိုက္မယ္"

ေယာန္ဂြၽန္းက ဖေယာင္းတိုင္မီး ထြန္းလိုက္ၿပီး မၾကာခင္ ယြန္းက မီးျပန္ညိမ္းလိုက္သည္။

"မီး မထြန္းထားတာေကာင္းတယ္ ေယာန္ဂြၽန္း။ ကြၽန္မတို႔ကို မိသြားႏိုင္တယ္။ အျပင္မွာ ရဲမက္ေတြ ႐ွိပါတယ္ အိမ္ေ႐ွ႕စံ"

*ေဒါက္ ေဒါက္ ေဒါက္*

အျပင္မွာ ႐ွိတဲ့ ရဲမက္အခ်ိဳ႕က တံခါးကို ျပဳတ္ထြက္မတက္ ထုႏွက္ေနေလသည္။

"လူ ႐ွိလား"

မင္းသမီးက လက္ဟန္ေျခဟန္ျဖင့္ အေနာက္ေပါက္ေန ထြက္ေျပးရန္ေျပာသည္။ ေယာန္ဂြၽန္းက အနည္းငယ္ တြန္႔ေနေသာ္လည္း ဆူဘင္းက သူ႕ကို လက္ဆြဲေခၚကာ ေျပးသည္။

ဆူဘင္းႏွင့္ ေယာန္ဂြၽန္းသြားၿပီးသည္ႏွင့္ ယြန္း တံခါးဖြင့္လိုက္သည္။

"ဘာကိစၥ႐ွိလို႔လဲ"

ယြန္းကို အ႐ိုအေသတစ္ခ်က္ေပးကာ

"အိမ္ေ႐ွ႕စံကို ေတြ႕လိုက္ပါေသးလား မင္းသမီး"

"ဟို...ဟိုဘက္ကို သြား..သြားခဲ့တယ္"

စကားလမ္းလႊဲေပးလိုက္ေသာ္လည္း ပါးနပ္တဲ့ ရဲမက္က သူမကို မသကၤကာသည့္အၾကည့္ျဖင့္

"မင္းသမီးကို ဖမ္းေခၚသြားစမ္း"

အေနာက္ကပါလာတဲ့ ေနာက္လိုက္ရဲမက္အခ်ိဳ႕က သူမကို ဖမ္းၿပီး မင္းႀကီးဆီ ေခၚသြားသည္။

"မင္းသမီး ကိုယ္ေတာ့္ကို ေျပာစမ္း!!အိမ္ေ႐ွ႕စံတို႔ ဘယ္ကို ေျပးသြားလဲ"

"မသိပါဘူး မင္းႀကီး"

"ဘာ!! မေျပာရင္ မင္း ေသရလိမ့္မယ္"

မင္းႀကီးက ဓားကို ထုတ္ကာ ဒူးေထာက္ထိုင္ထားတဲ့ မင္းသမီးရဲ႕ လည္ပင္းမွာ ေတ့ထားသည္။

"သတ္လိုက္ပါ။ ကြၽန္မ အဆုံးထိ ‌ေျပာမွာ မဟုတ္လို႔"

"ဒါဆို ကိုယ့္ကိုကိုယ္ အဆုံးစီရင္ပါ မင္းသမီး"

အိမ္ေ႐ွ႕စံတို႔ ႐ွိသည့္ေနရာဟာ မင္းသမီး တစ္ေယာက္တည္း သိသည္မို႔ မင္းႀကီးရဲ႕ ဓားကိုယူကာ ကိုယ့္ကိုကိုယ္ အဆုံးစီရင္လိုက္သည္။

ႏွစ္ေယာက္သား ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႔ ဘ၀ကို ျဖတ္သန္းပါ။ ကြၽန္ေတာ္မ်ိဳးမက အဆင္ေျပပါတယ္။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ေတာက္!! ေသာက္ေရးမပါတဲ့ ဇာတ္လမ္း။ ဘာလို႔ ယြန္းက သတ္ေသရမွာလဲ"

အိမ္မွာ စာလုပ္မယ္လို႔ ၾကံရင္း ဟိုတစ္ေန႔က ခြၽဲေယာန္ဂြၽန္းရဲ႕ ဇာတ္လမ္းကို ေတြးမိေလေလ ေဒါသထြက္ေလေလ။

ေဘးမွာ ႐ွိတဲ့ ေရခြက္အလြတ္ထဲကို ေရအျပည့္ထည့္ၿပီး အေလာတႀကီးသာ ေသာက္သည္။

စာလည္း မလုပ္ျဖစ္လို႔ ေန႔လည္အတန္းသာ သြားေတာ့မည္ဟုဆိုကာ အိတ္တစ္လုံး လြယ္ၿပီး အေပၚထပ္ကေန ဝုန္းဒိုင္းဆင္းလာလိုက္သည္။

"ဟဲ့သား အိမ္ၿပိဳမတတ္ႀကီး။ နင့္ဟာကလည္း ေျခသံက ျပင္းျပင္း။ ဘာျဖစ္လာတာတုန္း"

"အေမကလည္းဗ်ာ။ သင္တန္းသြားမလို႔"

"ေအာ္ဟဲ့။ အေမက ေမးတာကို ေလသံက စိတ္မ႐ွည္တဲ့ ေလသံနဲ႔"

"အေမရာ။ အရင္ဘ၀နဲ႔ အခုဘ၀က ဆက္စပ္ေနတ‌ယ္တဲ့ ျဖစ္ႏိုင္လား"

"အဲ့တာ ‌နင္နဲ႔ဘာဆိုင္လို႔လဲ"

"ေျပာပါ အေမရာ။ သား သိခ်င္လို႔"

"ျဖစ္ႏိုင္တယ္။ အရင္ဘ၀က ပက္သတ္ဆက္ႏြယ္မႈ ႐ွိတဲ့လူေတြဆိုရင္ေပါ့။ အရင္ဘ၀က ဟာေတြအထိ မွတ္မိတဲ့လူဆိုရင္ေတာ့ အေတာ္ ထူးဆန္းတဲ့ သူျဖစ္မယ္"

ဆူဘင္း အလိုမက်စြာျဖင့္ ေခါင္းကို ႐ႈတ္ဖြကာ

"ဟာ ဒုကၡပါဘဲ။ ဟို အ႐ူးေျပာတဲ့အတိုင္းမ်ားျဖစ္ရင္...."

ဆူဘင္း တိုးတိုးေရ႐ြတ္သည္ကို အေမက ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးသည္။

"နင္က ဘာကို ဒုကၡလဲ"

"အေမ မသိပါဘူးဗ်ာ။ သား သြားေတာ့မယ္"

ဆူဘင္း အလ်င္အျမန္ပဲ ေက်ာင္းသြားသည္။ အေမ့အေမးေတြကို ခေရေစ့တြင္းက် ေျပာျပရေအာင္လဲ ယုတၱိက မ႐ွိ။ ထို ‌ခြၽဲေယာန္ဂြၽန္းႏွင့္ ဖူးစာဖက္ ျဖစ္ခဲ့သည္က ယုံဖြယ္ရာသာမ႐ွိ။

အေမေျပာသလို ေယာန္ဂြၽန္းႏွင့္ ကိုယ္ ပတ္သက္ဆက္ႏြယ္မႈ႐ွိသည္ ဆိုလွ်င္ ဘယ္လိုမ်ား လုပ္ရပါ့။

ဪ ခက္ၿပီ ခက္ၿပီ။ သူ႕ဇာတ္ကြက္ထဲ ၀င္သြားမိသည္က ခက္ၿပီ။

ဇာတ္ကြက္မဟုတ္ပဲ အတည္လို႔ ေျပာေနေသာ္လည္း မယုံမွေတာ့ အဘယ္သူ တတ္ႏိုင္ပါမည္နည္။


-JIYOON

Bạn đang đọc truyện trên: AzTruyen.Top