THREE: 3 (FINAL)
Unicode
ဆူဘင်း အမေ့ကို အရင်ဘ၀နဲ့ အခုဘ၀ ပတ်သက်နေတာက ဖြစ်နိုင်လားဟု မေးပြီး အိမ်ကနေ ထွက်လာခဲ့သော်လည်း ခေါင်းထဲမှာတော့ ထို ချွဲယောန်ဂျွန်း အကြောင်းသာ။
အရင်ဆုံး ဘတ်စကတ်ဘောကွင်းထဲကနေ ဖြတ်သွားသည့်အချိန် ယွန်းက ကွင်း အလယ်ခေါင်မှာ။
ဒီကောင်မလေး ကစားတတ်တာလည်း မဟုတ်။ ဘာလို့ ကွင်းလယ်ခေါင်ရောက်နေသည့်အကြောင်း အတွေးနယ်ချဲ့နေချိန်.....။
ထိုအချိန် ဘောလုံးက ယွန်းကို မှန်တော့မည်ဖြစ်သော်လည်း ယွန်းက ငေးနေ၍ ထိုဘောလုံးကို မမြင်။
ကိုယ် ယွန်းဆီပြေးပြီး ယွန်းကို ကိုယ့် ရင်ခွင်ထဲ ဆွဲသွင်းကာ ဘောလုံးကို ကိုယ့် ကျောပြင်နှင့် မိတ်ဆက်စေသည်။
အမှန်တော့ သူဖက်နေခဲ့တာ ယွန်း မဟုတ်ပဲ ချွဲယောန်ဂျွန်းပါ။ ယောန်ဂျွန်းကို ယွန်းဟု အထင်မှားနေခြင်းဖြစ်သည်။
ဘင်းရဲ့ ရင်ခွင်လေးက အခုထိ နွေးနေတုန်းပဲ။ အခုဘ၀တိုင်အောင် နွေးထွေးနေသေးတဲ့ သူ့ရင်ခွင်ထဲမှာ စိတ်လက်ချမ်းသာ ၀င်ခိုနားချင်လိုက်တော့သည်။
ကိုယ့်ကို မမှတ်မိတဲ့ သူ့ကို အပြင်လည်း မတင်ရက်ပါ။ ပြောရမယ်ဆိုရင် အတိတ်နဲ့ ပစ္စုပ္ပန်ကို ရောယှက်နေမိတာက ယုတ္တိမှ ရှိလေရဲ့လား။
ဖက်ထားရာကနေ လွှတ်လိုက်တော့ ယွန်း မဟုတ်ပဲ ယောန်ဂျွန်းဆိုသူ ဖြစ်နေသည်။
"ခင်...ခင်ဗျား။ ဘယ်လိုလုပ်ရောက်နေတာလဲ"
"ကိုယ် ခုဏကတည်းက ဒီမှာရှိနေ...."
"ဪ ခင်ဗျားက အတိတ်ကအရာတွေနဲ့ ခြိမ်းခြောက်လို့မရတော့ အခု ယွန်းရဲ့ ပုံစံတူအထိ ကူးယူပြီး ကျွန်တော့်ကို လှည့်စားတယ်ပေါ့"
ဒေါသတကြီးဖြင့် ယောန်ဂျွန်း၏ ပုခုံးတွေကို လှုပ်ခါပြောသည်။
ချစ်ရသူက ကိုယ့်ရင်ကို ခြေစုံကန်နေမှတော့ ကိုယ်လည်း ဆက်သည်းခံနိုင်စွမ်း မရှိတော့။
"ဒီမှာ ကလေးငယ်။ ကိုယ်ပြောမယ်။ ကိုယ် ဂင်ယွန်းရဲ့ ပုံစံကို အသွင်ပြောင်းရအောင် ကိုယ်က တန်ခိုးရှင်လည်း မဟုတ်ဘူး။ ကလေးငယ်ကသာ မျက်စိမှောက်ပြီး ကိုယ့်ကို ဂင်ယွန်းအထင်နဲ့ ကာကွယ်ပေးခဲ့တာ"
စကားစကို ခဏရပ်ပြီး အိပ်ကပ်ထဲက ကံကောင်းခြင်းအိတ်ကို ထုတ်ပြီး ကလေးငယ်အား ပြသည်။
"ဒါကို ယူပြီး ကလေးငယ် သေချာ ပြန်စဉ်းစားပါ။ မမှတ်မိမချင်း စဉ်းစားပါ။ အကုန် မှတ်မိရင် ကလေးငယ်ကို ကိုယ်မခေါ်ပါပဲနဲ့ ကလေးငယ် ကိုယ်တိုင် ကိုယ့်ဆီ လာရှာလိမ့်မယ်။ကိုယ် လောင်းရဲတယ်"
ကလေးငယ်လက်ထဲကို ကံကောင်းခြင်းအိတ်ထည့်ပေးပြီး ထွက်သွားသည်။
ကိုယ် ဒီလို အသံမာမာနဲ့ ကလေးငယ်ကို အော်ငေါက်မိလို့ တောင်းပန်ပါတယ်။ ကိုယ် ကလေးငယ်ကို မှတ်မိစေချင်တဲ့ ဂရုဏာဒေါသောနဲ့ အော်လိုက်မိတာပါ။
ကလေးငယ် မှတ်မိမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တို့ ချစ်ခဲ့ကြတယ်လေကွာ။
ကိုယ်တို့ အချစ်တွေ ပြန်လည်မွေးဖွားလာအောင် ကလေးငယ်ဘက်က စတင်ပေးမှရမယ် ကလေးငယ်။
ဘတ်စကတ်ဘောကွင်း အလယ်ခေါင်မှာ စိတ်ဝိညာဉ်နဲ့ ခန္ဓာ တစ်သားတည်း မကျသလိုဖြစ်ပြီး ငူငူငိုင်ငိုင် ရပ်နေမိသည်။
ဘေးကလူတွေ ဆူဘင်းကို ဝိုင်းကြည့်နေကြသော်လည်း ဘာကိုမျှ သတိမထားမိ။ အခု ကိုယ့်ခေါင်းထဲမှာ ဘယ်အရာမှမရှိကာ ဗလာကျင်း။
"အ...အစ်ကိုက ငါ့ကို စိတ်ဆိုးသွားပြီ"
စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားပဲ ထွက်သွားလိုက်တဲ့ "အစ်ကို"ဆိုတဲ့ နာမည်ဟာ တစ်ဖန် နှလုံးသားကို ရိုက်ခတ်လျက်။
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ကံကောင်းခြင်းအိတ်ဟာ ဆူဘင်းကို တစ်ဖန် ပြန်လည် နိုးထစေသည်။
"ဒါ ငါ အစ်ကို့ကို ပေးခဲ့တာ။ ချောက်ကမ်းပါးနားမှာ ငါ ပေးခဲ့တာ"
"အစ်ကို....ဒါလေး ယူထား"
မင်းသမီး၏ ကျေးဇူးတော်ဖြင့် ယောန်ဂျွန်းတို့ လွတ်လာခဲ့ပြီး လူသူမရှိ တောရွာမှာ နေထိုင်သည်။
ချောက်ကမ်းပါး နံဘေးမှာ အစ်ကိုက အမြဲ ရပ်၍ ရူခင်းကို ကြည့်ရှုသည်။
"ဒါ ဘာလဲ?ကလေးငယ်"
အရင်ဆုံး မပြောသေးပဲ ပါးချိုင့်နက်ကို ပြသတဲ့ အိမ်ရှေ့စံဟာ အစ်ကို့ကို ကြွေဆင်းစေသည်။
"ကံကောင်းခြင်း အိတ်လေ။ အစ်ကို တစ်သက်လုံး သိမ်းထားနော်။ အဲ့တာလေးရှိရင် နောက်ဘ၀ရောက်လည်း ကျွန်တော့်ကို ရှာလို့ရတယ်"
"ဟုတ်ပါပြီ အစ်ကို သိမ်းထားပြီး ကလေးငယ်ကို ဘ၀ဆက်တိုင်း ဆက်တိုင်း ပြန်ရှာမယ်"
ကတိတွေ အတန်တန်ပေးထားသည့်အတိုင်း အစ်ကိုဟာ ကျွန်တော့်ကို ပြန်လာရှာသော်လည်း ကျွန်တော်က အစ်ကို့ကို မမှတ်မိလေပဲ အစ်ကို့ရင်ကို ခြေစုံကန်နေမိသည်မှာ။
ကံကောင်းခြင်းအိတ်ကို ယူကာ အစ်ကို့ အိမ်ကို သုတ်ချေတင်ပြေးသည်။
ကျွန်တော် တောင်းပန်ပါတယ်
အစ်ကို့ကို စောစော မမှတ်မိလို့
ကျွန်တော် တောင်းပန်ပါတယ်
အစ်ကို့က်ို နာကျင်စေမယ့် စကားတွေ ပြောမိလို့
ကျွန်တော် တောင်းပန်ပါတယ်
အစ်ကို့ထက် ယွန်းကို ပိုချစ်မိလို့
ကျွန်တော် တောင်းပန်ပါတယ်
အစ်ကို့ကို ဆက်မချစ်နိုင်တော့လို့
ဆူဘင်းပြေးလာလိုက်သည်မှာ ယောန်ဂျွန်း အိမ်လည်းအရောက် လူကလည်း ဟောဟဲလိုက်နေပြီ။
"အစ်ကို"
ဘာမှမပြောသည့်အစ်ကို့ မျက်၀န်းထဲမှာ မျက်ရည်လေးတွေများ ပြည့်နှက်နေလေသလား...။
"အစ်ကို ကျွန်တော် သိလိုက်ပါပြီ။ အစ်ကိုက....."
"ကလေးငယ်"
အစ်ကိုဟာ ကျွန်တော့်ကို 'ကလေးငယ်'ဟုသာ ခေါ်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းသည်။
ကလေးငယ်က ကိုယ့်ကို မှတ်မိပြီဖြစ်၍ အလွန်ပျော်သော်လည်း အပျော်မလွန်ရဲပါ။
"အစ်ကို မတွေ့မချင်း ကျွန်တော့်ကို ရှာနေတယ်ဆိုတာ သိပေမယ့် အတိတ်နဲ့ ပစ္စုပ္ပန်ကို ဒီထက် ပိုပြီး မရောရင် ကောင်းမယ် အစ်ကို"
"ဒါပေမယ့် ကိုယ်က ကလေးငယ်ကိုပဲ ချစ်တာ"
"အစ်ကိုရာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့အတွေးတွေ ဖျောက်ပါဗျာ"
ဆူဘင်း သူ့လက်ထဲက အိတ်ကို ယောန်ဂျွန်း မီးလှုံရန် မွှေးထားသည့် မီးပုံထဲထည့်ရန်ပြင်၍ ယောန်ဂျွန်း အလျင်အမြန်တားသည်။
"ကလေးငယ် မလုပ်ပါနဲ့"
"ဟင့်အင်း ဒါမှ အစ်ကို အရင်ဘ၀ဆိုတဲ့ အတိတ်ထဲက ရုန်းထွက်နိုင်မှာ"
ရုန်းရင်းဆန်ခတ် ဖြစ်ကြရင်း ကံကောင်းခြင်းအိတ်ဟာ ဆူဘင်းစေရာအတိုင်း မီးပုံထဲကျသွားသည်
"မဖြစ်ဘူး..။ မဖြစ်ဘူးလို့"
ခဏအကြာ ဘာမှတောင် ရှာမရကာ ပြာကျသွားသည့် ကံကောင်းခြင်းအိတ်ကြောင့် ယောန်ဂျွန်း အရုပ်ကြိုးပြတ်သလို ဖြစ်သွားသည်။
"အခု ဒါမရှိတော့ရင် အစ်ကို နောက်ဘ၀ကျ ကျွန်တော့်ကို ရှာမှာ မဟုတ်တော့ဘူး"
"ကလေးငယ်ရယ် ကိုယ့်ကို အဲ့လောက် မုန်းလား"
"မုန်းတာထက် မချစ်နိုင်တော့တာပါ အစ်ကို..။ ကျွန်တော် ယွန်းကို ချစ်တယ် အစ်ကို"
"အင်း..ချစ်ပါ ဂင်ယွန်းကို ချစ်ပါ။ ကိုယ့်မှာ တားပိုင်ခွင့်မရှိပါဘူး။ ကလေးငယ်ရဲ့ လွတ်လပ်ခွင့်ပါ"
မျက်ရည်များကြားထဲကနေ အားယူကာ ပြောလိုက်သော်လည်း နှလုံးသားက မခံနိုင်ကာ အစိတ်စိတ် ကြေမွနေလေပြီ။
................................................
ထင်ထားသလို ဖြစ်မလာတဲ့ အချိန်တွေဟာ ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှ်ိပါပေါ့လား။
ဟန်မြစ်ကြီးက လှသလောက် အမှတ်တရတွေဟာ စုတ်ပြတ်သတ်နေလေသလား။
ကျွန်တော် အစ်ကို့ရင်ကို ခြေစုံကန်ခဲ့လို့ ယွန်းက ကျွန်တော့်ရင်ကို ခြေစုံကန်ခဲ့တာလား။ ပြောရမယ်ဆို ဝဋ်လည်တာများလားဗျာ။
ယွန်းက သူမ ချစ်တဲ့သူရယ်နဲ့ အိမ်ထောင်ကျကာ ပျော်ပျော်ရွင်ရွင် နေလေရောပေါ့။
ကျွန်တော် နောက်ပြန်လှည့်ကြည့်ရင် ကျွန်တော့်ကို စောင့်နေတဲ့ အစ်ကို ရှိသလို ယွန်း နောက်ပြန်လှည့်ကြည့်ရင် ယွန်းကို စောင့်နေတဲ့ ကျွန်တော် ရှိပါသည်။
ရတာမလို လိုတာမရဆိုတာ ကျွန်တော်ဖြစ်နေမလား။ အစ်ကို့ကို အားနာမိသလိုလို အစ်ကို့ ခံစားချက်ကိုလည်း နားလည်လာပါပြီ။
-PAST (과거)
THE END
ပြီးပါပြီ
နှစ်လ အချိန်ယူရေးခဲ့တဲ့ ယောန်ဘင်း ficလေးပါရှင်။ 나비တုန်းကလည်း SEလေးဖြစ်သလို အခု 과거လည်း SEပုံစံမျိုးပေါ့။ feedbackလေးတွေလည်း ပေးကြပါဦးရှင့်။ စာဖတ်သူတို့ရဲ့ အမြင်ကို နားထောင်ချင်လို့ပါရှင့်။
-JIYOON
Zawgyi
ဆူဘင္း အေမ့ကို အရင္ဘ၀နဲ႔ အခုဘ၀ ပတ္သက္ေနတာက ျဖစ္ႏိုင္လားဟု ေမးၿပီး အိမ္ကေန ထြက္လာခဲ့ေသာ္လည္း ေခါင္းထဲမွာေတာ့ ထို ခြၽဲေယာန္ဂြၽန္း အေၾကာင္းသာ။
အရင္ဆုံး ဘတ္စကတ္ေဘာကြင္းထဲကေန ျဖတ္သြားသည့္အခ်ိန္ ယြန္းက ကြင္း အလယ္ေခါင္မွာ။
ဒီေကာင္မေလး ကစားတတ္တာလည္း မဟုတ္။ ဘာလို႔ ကြင္းလယ္ေခါင္ေရာက္ေနသည့္အေၾကာင္း အေတြးနယ္ခ်ဲ႕ေနခ်ိန္.....။
ထိုအခ်ိန္ ေဘာလုံးက ယြန္းကို မွန္ေတာ့မည္ျဖစ္ေသာ္လည္း ယြန္းက ေငးေန၍ ထိုေဘာလုံးကို မျမင္။
ကိုယ္ ယြန္းဆီေျပးၿပီး ယြန္းကို ကိုယ့္ ရင္ခြင္ထဲ ဆြဲသြင္းကာ ေဘာလုံးကို ကိုယ့္ ေက်ာျပင္ႏွင့္ မိတ္ဆက္ေစသည္။
အမွန္ေတာ့ သူဖက္ေနခဲ့တာ ယြန္း မဟုတ္ပဲ ခြၽဲေယာန္ဂြၽန္းပါ။ ေယာန္ဂြၽန္းကို ယြန္းဟု အထင္မွားေနျခင္းျဖစ္သည္။
ဘင္းရဲ႕ ရင္ခြင္ေလးက အခုထိ ေႏြးေနတုန္းပဲ။ အခုဘ၀တိုင္ေအာင္ ေႏြးေထြးေနေသးတဲ့ သူ႕ရင္ခြင္ထဲမွာ စိတ္လက္ခ်မ္းသာ ၀င္ခိုနားခ်င္လိုက္ေတာ့သည္။
ကိုယ့္ကို မမွတ္မိတဲ့ သူ႕ကို အျပင္လည္း မတင္ရက္ပါ။ ေျပာရမယ္ဆိုရင္ အတိတ္နဲ႔ ပစၥဳပၸန္ကို ေရာယွက္ေနမိတာက ယုတၱိမွ ႐ွိေလရဲ႕လား။
ဖက္ထားရာကေန လႊတ္လိုက္ေတာ့ ယြန္း မဟုတ္ပဲ ေယာန္ဂြၽန္းဆိုသူ ျဖစ္ေနသည္။
"ခင္...ခင္ဗ်ား။ ဘယ္လိုလုပ္ေရာက္ေနတာလဲ"
"ကိုယ္ ခုဏကတည္းက ဒီမွာ႐ွိေန...."
"ဪ ခင္ဗ်ားက အတိတ္ကအရာေတြနဲ႔ ၿခိမ္းေျခာက္လို႔မရေတာ့ အခု ယြန္းရဲ႕ ပုံစံတူအထိ ကူးယူၿပီး ကြၽန္ေတာ့္ကို လွည့္စားတယ္ေပါ့"
ေဒါသတႀကီးျဖင့္ ေယာန္ဂြၽန္း၏ ပုခုံးေတြကို လႈပ္ခါေျပာသည္။
ခ်စ္ရသူက ကိုယ့္ရင္ကို ေျခစုံကန္ေနမွေတာ့ ကိုယ္လည္း ဆက္သည္းခံႏိုင္စြမ္း မ႐ွိေတာ့။
"ဒီမွာ ကေလးငယ္။ ကိုယ္ေျပာမယ္။ ကိုယ္ ဂင္ယြန္းရဲ႕ ပုံစံကို အသြင္ေျပာင္းရေအာင္ ကိုယ္က တန္ခိုး႐ွင္လည္း မဟုတ္ဘူး။ ကေလးငယ္ကသာ မ်က္စိေမွာက္ၿပီး ကိုယ့္ကို ဂင္ယြန္းအထင္နဲ႔ ကာကြယ္ေပးခဲ့တာ"
စကားစကို ခဏရပ္ၿပီး အိပ္ကပ္ထဲက ကံေကာင္းျခင္းအိတ္ကို ထုတ္ၿပီး ကေလးငယ္အား ျပသည္။
"ဒါကို ယူၿပီး ကေလးငယ္ ေသခ်ာ ျပန္စဥ္းစားပါ။ မမွတ္မိမခ်င္း စဥ္းစားပါ။ အကုန္ မွတ္မိရင္ ကေလးငယ္ကို ကိုယ္မေခၚပါပဲနဲ႔ ကေလးငယ္ ကိုယ္တိုင္ ကိုယ့္ဆီ လာ႐ွာလိမ့္မယ္။ကိုယ္ ေလာင္းရဲတယ္"
ကေလးငယ္လက္ထဲကို ကံေကာင္းျခင္းအိတ္ထည့္ေပးၿပီး ထြက္သြားသည္။
ကိုယ္ ဒီလို အသံမာမာနဲ႔ ကေလးငယ္ကို ေအာ္ေငါက္မိလို႔ ေတာင္းပန္ပါတယ္။ ကိုယ္ ကေလးငယ္ကို မွတ္မိေစခ်င္တဲ့ ဂ႐ုဏာေဒါေသာနဲ႔ ေအာ္လိုက္မိတာပါ။
ကေလးငယ္ မွတ္မိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကိုယ္တို႔ ခ်စ္ခဲ့ၾကတယ္ေလကြာ။
ကိုယ္တို႔ အခ်စ္ေတြ ျပန္လည္ေမြးဖြားလာေအာင္ ကေလးငယ္ဘက္က စတင္ေပးမွရမယ္ ကေလးငယ္။
ဘတ္စကတ္ေဘာကြင္း အလယ္ေခါင္မွာ စိတ္ဝိညာဥ္နဲ႔ ခႏၶာ တစ္သားတည္း မက်သလိုျဖစ္ၿပီး ငူငူငိုင္ငိုင္ ရပ္ေနမိသည္။
ေဘးကလူေတြ ဆူဘင္းကို ဝိုင္းၾကည့္ေနၾကေသာ္လည္း ဘာကိုမွ် သတိမထားမိ။ အခု ကိုယ့္ေခါင္းထဲမွာ ဘယ္အရာမွမ႐ွိကာ ဗလာက်င္း။
"အ...အစ္ကိုက ငါ့ကို စိတ္ဆိုးသြားၿပီ"
စိတ္ထဲမွာ ဘယ္လိုမွ သေဘာမထားပဲ ထြက္သြားလိုက္တဲ့ "အစ္ကို"ဆိုတဲ့ နာမည္ဟာ တစ္ဖန္ ႏွလုံးသားကို ႐ိုက္ခတ္လ်က္။
လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ ကံေကာင္းျခင္းအိတ္ဟာ ဆူဘင္းကို တစ္ဖန္ ျပန္လည္ ႏိုးထေစသည္။
"ဒါ ငါ အစ္ကို႔ကို ေပးခဲ့တာ။ ေခ်ာက္ကမ္းပါးနားမွာ ငါ ေပးခဲ့တာ"
"အစ္ကို....ဒါေလး ယူထား"
မင္းသမီး၏ ေက်းဇူးေတာ္ျဖင့္ ေယာန္ဂြၽန္းတို႔ လြတ္လာခဲ့ၿပီး လူသူမ႐ွိ ေတာ႐ြာမွာ ေနထိုင္သည္။
ေခ်ာက္ကမ္းပါး နံေဘးမွာ အစ္ကိုက အၿမဲ ရပ္၍ ႐ူခင္းကို ၾကည့္႐ႈသည္။
"ဒါ ဘာလဲ?ကေလးငယ္"
အရင္ဆုံး မေျပာေသးပဲ ပါးခ်ိဳင့္နက္ကို ျပသတဲ့ အိမ္ေ႐ွ႕စံဟာ အစ္ကို႔ကို ေႂကြဆင္းေစသည္။
"ကံေကာင္းျခင္း အိတ္ေလ။ အစ္ကို တစ္သက္လုံး သိမ္းထားေနာ္။ အဲ့တာေလး႐ွိရင္ ေနာက္ဘ၀ေရာက္လည္း ကြၽန္ေတာ့္ကို ႐ွာလို႔ရတယ္"
"ဟုတ္ပါၿပီ အစ္ကို သိမ္းထားၿပီး ကေလးငယ္ကို ဘ၀ဆက္တိုင္း ဆက္တိုင္း ျပန္႐ွာမယ္"
ကတိေတြ အတန္တန္ေပးထားသည့္အတိုင္း အစ္ကိုဟာ ကြၽန္ေတာ့္ကို ျပန္လာ႐ွာေသာ္လည္း ကြၽန္ေတာ္က အစ္ကို႔ကို မမွတ္မိေလပဲ အစ္ကို႔ရင္ကို ေျခစုံကန္ေနမိသည္မွာ။
ကံေကာင္းျခင္းအိတ္ကို ယူကာ အစ္ကို႔ အိမ္ကို သုတ္ေခ်တင္ေျပးသည္။
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
အစ္ကို႔ကို ေစာေစာ မမွတ္မိလို႔
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
အစ္ကို႔က္ိဳ နာက်င္ေစမယ့္ စကားေတြ ေျပာမိလို႔
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
အစ္ကို႔ထက္ ယြန္းကို ပိုခ်စ္မိလို႔
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
အစ္ကို႔ကို ဆက္မခ်စ္ႏိုင္ေတာ့လို႔
ဆူဘင္းေျပးလာလိုက္သည္မွာ ေယာန္ဂြၽန္း အိမ္လည္းအေရာက္ လူကလည္း ေဟာဟဲလိုက္ေနၿပီ။
"အစ္ကို"
ဘာမွမေျပာသည့္အစ္ကို႔ မ်က္၀န္းထဲမွာ မ်က္ရည္ေလးေတြမ်ား ျပည့္ႏွက္ေနေလသလား...။
"အစ္ကို ကြၽန္ေတာ္ သိလိုက္ပါၿပီ။ အစ္ကိုက....."
"ကေလးငယ္"
အစ္ကိုဟာ ကြၽန္ေတာ့္ကို 'ကေလးငယ္'ဟုသာ ေခၚၿပီး သူ႕ရင္ခြင္ထဲ ဆြဲသြင္းသည္။
ကေလးငယ္က ကိုယ့္ကို မွတ္မိၿပီျဖစ္၍ အလြန္ေပ်ာ္ေသာ္လည္း အေပ်ာ္မလြန္ရဲပါ။
"အစ္ကို မေတြ႕မခ်င္း ကြၽန္ေတာ့္ကို ႐ွာေနတယ္ဆိုတာ သိေပမယ့္ အတိတ္နဲ႔ ပစၥဳပၸန္ကို ဒီထက္ ပိုၿပီး မေရာရင္ ေကာင္းမယ္ အစ္ကို"
"ဒါေပမယ့္ ကိုယ္က ကေလးငယ္ကိုပဲ ခ်စ္တာ"
"အစ္ကိုရာ မျဖစ္ႏိုင္ပါဘူး။ မျဖစ္ႏိုင္တဲ့အေတြးေတြ ေဖ်ာက္ပါဗ်ာ"
ဆူဘင္း သူ႕လက္ထဲက အိတ္ကို ေယာန္ဂြၽန္း မီးလႈံရန္ ေမႊးထားသည့္ မီးပုံထဲထည့္ရန္ျပင္၍ ေယာန္ဂြၽန္း အလ်င္အျမန္တားသည္။
"ကေလးငယ္ မလုပ္ပါနဲ႔"
"ဟင့္အင္း ဒါမွ အစ္ကို အရင္ဘ၀ဆိုတဲ့ အတိတ္ထဲက ႐ုန္းထြက္ႏိုင္မွာ"
႐ုန္းရင္းဆန္ခတ္ ျဖစ္ၾကရင္း ကံေကာင္းျခင္းအိတ္ဟာ ဆူဘင္းေစရာအတိုင္း မီးပုံထဲက်သြားသည္
"မျဖစ္ဘူး..။ မျဖစ္ဘူးလို႔"
ခဏအၾကာ ဘာမွေတာင္ ႐ွာမရကာ ျပာက်သြားသည့္ ကံေကာင္းျခင္းအိတ္ေၾကာင့္ ေယာန္ဂြၽန္း အ႐ုပ္ႀကိဳးျပတ္သလို ျဖစ္သြားသည္။
"အခု ဒါမ႐ွိေတာ့ရင္ အစ္ကို ေနာက္ဘ၀က် ကြၽန္ေတာ့္ကို ႐ွာမွာ မဟုတ္ေတာ့ဘူး"
"ကေလးငယ္ရယ္ ကိုယ့္ကို အဲ့ေလာက္ မုန္းလား"
"မုန္းတာထက္ မခ်စ္ႏိုင္ေတာ့တာပါ အစ္ကို..။ ကြၽန္ေတာ္ ယြန္းကို ခ်စ္တယ္ အစ္ကို"
"အင္း..ခ်စ္ပါ ဂင္ယြန္းကို ခ်စ္ပါ။ ကိုယ့္မွာ တားပိုင္ခြင့္မ႐ွိပါဘူး။ ကေလးငယ္ရဲ႕ လြတ္လပ္ခြင့္ပါ"
မ်က္ရည္မ်ားၾကားထဲကေန အားယူကာ ေျပာလိုက္ေသာ္လည္း ႏွလုံးသားက မခံႏိုင္ကာ အစိတ္စိတ္ ေၾကမြေနေလၿပီ။
................................................
ထင္ထားသလို ျဖစ္မလာတဲ့ အခ်ိန္ေတြဟာ ဘာလိုလိုနဲ႔ တစ္ႏွစ္ေတာင္ ႐ွ္ိပါေပါ့လား။
ဟန္ျမစ္ႀကီးက လွသေလာက္ အမွတ္တရေတြဟာ စုတ္ျပတ္သတ္ေနေလသလား။
ကြၽန္ေတာ္ အစ္ကို႔ရင္ကို ေျခစုံကန္ခဲ့လို႔ ယြန္းက ကြၽန္ေတာ့္ရင္ကို ေျခစုံကန္ခဲ့တာလား။ ေျပာရမယ္ဆို ဝဋ္လည္တာမ်ားလားဗ်ာ။
ယြန္းက သူမ ခ်စ္တဲ့သူရယ္နဲ႔ အိမ္ေထာင္က်ကာ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ေနေလေရာေပါ့။
ကြၽန္ေတာ္ ေနာက္ျပန္လွည့္ၾကည့္ရင္ ကြၽန္ေတာ့္ကို ေစာင့္ေနတဲ့ အစ္ကို ႐ွိသလို ယြန္း ေနာက္ျပန္လွည့္ၾကည့္ရင္ ယြန္းကို ေစာင့္ေနတဲ့ ကြၽန္ေတာ္ ႐ွိပါသည္။
ရတာမလို လိုတာမရဆိုတာ ကြၽန္ေတာ္ျဖစ္ေနမလား။ အစ္ကို႔ကို အားနာမိသလိုလို အစ္ကို႔ ခံစားခ်က္ကိုလည္း နားလည္လာပါၿပီ။
-PAST (과거)
THE END
ၿပီးပါၿပီ
ႏွစ္လ အခ်ိန္ယူေရးခဲ့တဲ့ ေယာန္ဘင္း ficေလးပါ႐ွင္။ 나비တုန္းကလည္း SEေလးျဖစ္သလို အခု 과거လည္း SEပုံစံမ်ိဳးေပါ့။ feedbackေလးေတြလည္း ေပးၾကပါဦး႐ွင့္။ စာဖတ္သူတို႔ရဲ႕ အျမင္ကို နားေထာင္ခ်င္လို႔ပါ႐ွင့္။
-JIYOON
Bạn đang đọc truyện trên: AzTruyen.Top