Jeon..1

"နောက်တစ်ခါငါ့ကိုအချိန်မရှိပြန်လွှတ်မယ်ဆိုရင်အရာ
တွေထင်အောင်မနမ်းနဲ့ JeonJungkook"

ကိုယ်လုံးပေါ်မှန်ရှေ့ပန်းနုရောင်တောက်တောက်
ဆံပင်တွေအားပုံချနေရင်းခံစားချက်မဲ့လှသောအသံတခု
ဖြင့်ခပ်ပြင်းပြင်းရိုက်ချက်။နှစ်ယောက်အိပ်မွေ့ယာထက်
ကကျတော်သည်ခြောက်ကပ်ကပ်ရယ်မိလိုက်သည်လား
မသိငရဲလိုလိုနိဗ္ဗာန်လိုလိုမျက်လုံးလှလှတွေဖြင့်ကြည့်
လာခဲ့သောအလှတရားငယ်သည်ပစ်မျိုးမဲ့မထင်လှနေပြန်​သေးသည်။

"ပိုက်ဆံပေးထားတာပဲလေ..ဘယ်လိုနမ်းနမ်းပေါ့...
မကြိုက်တာလည်းမဟုတ်ဘဲနဲ့"

လက်စွပ်ခြောက်ကွင်းကို
လက်ဆယ်ချောင်းတွင်သေသေချာချာ
နေရာချနေရင်းမှစက္ကန့်ပိုင်းလောက်ရပ်တန့်သွားကာ
ဘာအဓိပ္ပာယ်မှမရှိသော
အကြည့်တချက်ဖြင့်နူတ်ဆက်လျက်
မှန်ဆီသို့ပြန်ရောက်သွားသည်။

"မကြိုက်ဘူး"

နားဆွဲလှလှလေးအားတပ်နေရင်း
အေးစက်စက်ထပ်ထွက်
လာသောထိုအသံငယ်။

"ခုMsgပို့လိုက်တဲ့ကောင်နမ်းရင်တော့ခင်ဗျားကြိုက်တယ်
မလား ကြိုက်လို့ဘဲ ဖုန်းပြန်ဆက်ဖို့လုပ်နေတာမလား
တန်ဖိုးမဲ့လိုက်မျိုးများ..ခင်ဗျားနဲ့ကျတော်မတန်ဘူးပြော
ကြတာလည်းဘယ်သူမှမလွန်ပါဘူး...."

နောက်ဆုံးအနေနဲ့ဂျာကင်အနက်အား
ထပ်ဝတ်လိုက်ပြီးအိပ်ယာဘေးစားပွဲခုံပေါ်က
ကားသော့နှင့်ကဒ်တစ်ကဒ်အားယူကာဖုန်းအားစောင်ပုံတွေကြားထဲမှရှာနေသောလူသား။

ဘယ်အရာတွေကစမှားယွင်းနေသလဲတော့မသိ
နှင်ထုတ်ပြီးတိုင်းအသဲခိုက်အောင်ကြေကွဲရသည်ကသူ
လာဆိုလာ သွားဆိုသွား အသက်အေးအေးရှုနိုင်သူက
ထိုအလှတရား။ညနှစ်နာရီဝင်လာသောMsgတကြောင်း
ကြောင့်သူနဲ့ပတ်သတ်လျင်ထိခိုက်နာကျင်ရလွယ်လွန်း
သည့်ကျတော်သည်ထုံးစံအတိုင်းပေါက်ကွဲခဲ့သော်လည်း
သူကတော့ခံစားမရှိသောမျက်နှာဖြင့်Phoneပြန်ခေါ်ဖို့
တောင်ပြင်ဆင်နေလိုက်သေးသည်။စိတ်မထိန်းနိူင်၍
ကိုင်ပေါက်လိုက်သောသူ့ဖုန်းပျက်စီးသွားသည်ကိုမေ့
နေတာလားမသိဆက်ရှာနေသေးသည်။

"အော်....ဟုတ်သားပဲ မင်းရိုက်ခွဲပစ်လိုက်တာကို"
"သွားချင်လွန်းလို့ စိတ်တွေတောင်ဂယောက်ဂယက်ဖြစ်
နေပုံပဲ...."

"တကယ်တော့ငါမင်းကိုစိတ်မပါဘူး Jungkook...!"

မျက်လုံးထဲအထိတည့်တည့်ကြည့်ကာရဲရဲတင်းတင်းပြော
ချလိုက်သောစကားစုသည်ဘဝပျက်မတတ်ပြိုလဲကျ
သွားကာယောကျ်ားတစ်ယောက်အနေနဲ့ရှက်စိတ်နာကျင်
စိတ် ခံပြင်းသောစိတ်ခံစားချက်တို့ဖြင့်ရိုက်လိုက်မိသော
ပါးပြင်နုနု။

ဖြန်းးး!

ယောကျ်ားအားနှင့်မို့လည်ထွက်သွားသောပါးပြင်နုနုတွင်
လက်ငါးချောင်းရာကအတိုင်းသား။ရိုက်လိုက်ငိုလိုက်လုပ်
ရသူက ကျတော်...အရိုက်ခံရသူကကျတော်ဘေးမှကျ
တော့်ဖုန်းအားဆက်ခနဲယူကာ

"ငါဒါယူသွားမယ် ငါဒီအချိန်ပြန်ရင်ဖုန်းတလုံးတော့လို
တယ်တခုခုအန္တရာယ်ရှိရင်ဆက်သွယ်လို့ရတာပေါ့..."
"မဆက်သွယ်နဲ့...."

"မင်းကအန္တရာယ်များအောင်လွှတ်ပေးလိုက်တဲ့သူလေ
ငါကမင်းကိုဆက်သွယ်စရာလား"

ကျောပိုးအိတ်ကောက်လွယ်ကာအခန်းတံခါးကိုပြင်းစွာ
ပိတ်ချလိုက်သောအသံသည်ကျတော်ရှေ့တွင်မထွက်ခဲ့ရ
သောဒေါသအစုအဝေးပင်ဖြစ်ပါလိမ့်မည်။သူသည်ဒေါသ
ကိုအခန်းတံခါးဆောင့်ပိတ်ခြင်းဖြင့်ဖြေဖျောက်တတ်
သူမလား။ခြေသံတို့ဝေးဝေးသွားသည့်နောက်ဖရိုဖရဲ
ကျဆင်းလာသောမျက်ရည်တွေနှင့်ခုတင်ပေါ်ကဆင်းကာဝရံတာသို့ပြေးထွက်ခဲ့သည်။ထင်ထားသည့်အတိုင်း
သန်းပေါင်းများစွာတန်သောကားအနက်ကြီးပေါ်သို့
ကျော့ကျော့ကော့ကော့တက်သွားလေသောထိုလူသား
ငယ်။တချက်လေးမျှပင်ပြန်မကြည့်ခဲ့ဘယ်တော့မှမစာ
နာပေးခဲ့..။ရိုက်ခဲ့မိခဲ့သောလက်အားပြန်ကြည့်ပြီးခွင့်မ
လွှတ်နိုင်သည့်စိတ်သည်ယောကျ်ားတန်မဲ့ငုတ်တုတ်ထိုင်
ချကာချုံးပွဲချငိုမိသည်အထိ။

ချစ်သည် ချစ်တာထက်အဆတစ်ရာတသိန်းမကမြတ်န်ုး
မိရသောထိုအလှဘုရားသည်သူ့ဘဝအားတတိတိတိုက်
စားနေသောပိုးမွှားငယ်..။

ဗလာဖြစ်သောမျက်ဝန်းတွေ ခံစားချက်မရှိသောနှလုံးသားပိုင်ရှင်သည်သူ့ကိုအရုပ်ကလေးလိုကစားနေခဲ့တာ
သိနေလည်းရုန်းမထွက်နိုင်ခဲ့။

"ငါရှင်းပြမယ် ဒါကဒီလိုလေးဖြစ်ခဲ့ပါတယ်ဆိုရင်ကျ
တော်ကစကားမဆုံးခင်ခွင့်လွှတ်ပြီးဖက်ထားပေးမဲ့သူ
ပါHyungရာ...."
........။
ငြိမ့်ငြိမ့်ညောင်းညောင်းကားကြီးပေါ်တွင်အသက်ရှုရုံ
မျှငြိမ်သက်နေသောကောင်လေးအားNamjoonကြည့်
ကာသက်ပြင်းတချက်ချမိသည်။

"ကလေး...အဆင်ပြေရဲ့လား...."

"ကျတော့်ကိုပါးရိုက်လိုက်တယ်"

ခပ်တိုးတိုးကိုအသံငယ်သည်ဝမ်းနည်းနေခြင်းလား
ဒေါသထွက်နေခြင်းလား မခွဲနိုင်၍မျက်နှာနုနုကိုသေချာ
စပ်စုကြည့်ပြန်တော့လည်းတရိတ်ရိတ်ဖြတ်သန်းနေ
သောလမ်းမီးတွေကိုငေးနေကာဘာအရိပ်အယောင်မှ
မရှိ။

"ဘာတွေမခံချင်အောင်သွားပြောလိုက်ပြန်တာလဲ....."

"အဲ့လိုမှမပြောရင်ကျတော့်ကိုပြန်လွှတ်မှာမဟုတ်ဘူး
နောက်ဆုံးကျ နာကျင်ရမှာကျတော်ပဲဖြစ်မှာကျတော်
နာရတာမျိုးကိုမကြိုက်ဘူးHyung"

"Jungkook ကိုချစ်တယ်မလား....."

ဖြေးဖြေးလေးညိတ်လိုက်သောခေါင်း...။ပါးစပ်ကဘယ်
တော့မှမဖြေခဲ့သော်လည်းမေးတိုင်းအဝေးကိုငေးကာ
ခေါင်းညိတ်ပြတတ်သူ။

"အိမ်ကိုမမောင်းနဲ့Hyung Barတခုခုသွားရအောင်...
ကျတော်Jungkook အိမ်မှာသုံးရက်လောက်ပိတ်မိနေတာ
အရက်အရသာကိုမေ့နေသလိုလိုပဲ"

"အိုကေ ..ကိုယ်မောင်းလိုက်မယ် ပါးကနာနေသေးတာ
လား ဆေးရုံဝင်မလားကြည့်ရတာနည်းနည်းတောင်
ယောင်နေသလိုပဲ..."

"ရတယ်...."

တုန်ခါလာသောVibrateသံကြောင့်လက်ထဲကဖုန်းအား
ကြည့်လိုက်တော့ထင်ထားသည့်အတိုင်းနူတ်ခမ်းလေး
တွန့်ရုံမျှပြုံးကာကိုင်လိုက်တော့

"မနက်ဖြန်ကျရင် ခင်ဗျားကိုသတ်ပစ်မှာ ဒီလိုအချိန်မှာ
ခင်ဗျားကိုထွက်သွားရအောင်လုပ်တဲ့ခင်ဗျားဆိုတဲ့လူ
ကိုခင်ဗျားအလေ့ကျလျှောက်သွားတဲ့ယောကျ်ားကောင်း
တွေရဲ့အိမ်တွေကိုတအိမ်ချင်းစီရှာပြီးသတ်ပစ်မှာခင်ဗျား
ကျတော့်ကိုဘယ်အချိန်အထိနှိပ်စက်နေအုန်းမှာလဲ
ခင်ဗျား....."

အော်ငိုနေပုံရသောသူ့အသံအနေအထားကြောင့်Hyung
ကိုမသိမသာကြည့်မိတော့ကားကိူပဲဂရုစိုက်မောင်းနေ
သောပုံ။

"တအိမ်ဆင်းတအိမ်တက်လိုက်မရှာနဲ့ငါNamjoon
ဆီမှာ..."

"ParkJimin!!!!!!!!!!!"

"ငါမအားဘူး...'ဘိုင့်"

ဖုန်းချလိုက်ကာစက်ပါပိတ်လိုက်တော့Hyungကပြုံးသည်။Hyungဘာကြောင့်ပြုံးရသလဲကိုသူမမေး
တော့ သိရမှာကိုစိတ်မဝင်စားပါ။သူသိတာJeonjungkook
တစ်ယောက်ထဲ...တလောကလုံးတွင်သူမြင်တာ
JeonJungkook ဟူသောယောကျ်ားတစ်ယောက်ထဲ
သို့သော် ထိုယောကျ်ားကဖြင့်သူ့ကိုမမြင်.ခဲ့ပါ....။

ZawGyi

Bạn đang đọc truyện trên: AzTruyen.Top