❤️9

"Jiminဘယ်မှာလဲ......."
ပန်းစည်းတစည်းကိုင်ကာပွဲတခုခုကိုသွားမည့်ပုံပေါ်သော
Jungkookသည်ပန်းအားစားပွဲပေါ်ပစ်တင်ရင်း
မေးလာတော့Namjoon ဘယ်လိုဖြေရမှန်းမသိ။လွန်ခဲ့
သောနာရီဝက်လောက်ကမှကားတစ်စီးပေါ်တက်သွား
သောJimin။သေချာပေါက်Jungkookဟုထင်ခဲ့၍ဘာမှ
မမေးခဲ့။Riအားစာပြရင်းအမှတ်တမဲ့ပဲနေလိုက်သည်။
"မင်းတို့အတူရှိနေတာမဟုတ်ဘူးလား....."
"မရှိလို့လာရှာနေတာပေါ့ ....."
ထယ်ယောင်းမွေးနေ့ကိုသူမသွားနိုင်သေး။စိတ်ကောက်
နေမလား စိတ်မကောင်းဖြစ်နေမလား ကြိတ်ခံစားတတ်
သောHyungအားစိတ်ပူလှ၍အိမ်သို့အရင်လာကာ
သူချော့မည်။စိတ်ပြေလျှင်မွေးနေ့ပွဲသို့ခဏလေးဖြစ်
ဖြစ်သွားပြီးဒီညHyungနှင့်အချိန်ကုန်လိုက်မည်ပေါ့။
ဖုန်းဆက်တော့လည်းဖုန်းမကိုင်...။အိမ်လိုက်လာသော်
လည်းထိုလူမရှိ။ သွားတတ်သောနေရာပေါင်းစုံလည်း
ရောက်ခဲ့ပြီးပြီ..။
"Ri Jiminဘယ်မှာလဲ...."
သူ့အသံကြားရုံဖြင့်တုန်ရီနေသောကလေးမလေးသည်
သူနဲ့Hyung၏ရန်ပွဲတချို့ကိုသေသေချာချာမြင်ဖူးခဲ့
သူမလို့ သူ့ကိုဆိုကြောက်လှသည်။ကလေးမလေးတင်မကအဒေါ်ကြီးပင်ထွက်မလာတော့။
"အပြင်ထွက်သွားတယ်"
"ဘယ်သူနဲ့လဲ"
"Ri မသိဘူးကားနဲ့လာခေါ်သွားတာ Riက Jungkook
Oppaမှတ်လို့...."
"ငါမဟုတ်ဘူး...."
အော်လိုက်သောအသံအနေအထားကြောင့်Riသည်စာအုပ်
တွေအားကျောပိုးအိတ်ထဲထိုးထည့်ကာအခန်းထဲပြင်ဆင်
လာတော့Namjoon ကကူညီကာအခန်းထဲသို့ချီသွားခဲ့
သည်။လက်ကလေးတွေသည်တုန်ရီနေခဲ့သည်။
မျက်လုံးလေးတွေသည်မျက်ရည်များဖြင့်အရောင်အလဲ့လဲ့..။အတူတူပဲမောင်နှမလို့မပြောရဘူး...။သူများရင်ကို
ကျိုးအောင်နေထိုင်ပြောဆိုတတ်လွန်းတယ်။
"KimNamjoon ခင်ဗျားလည်းParkJimin အိမ်ကို
တံခါးမရှိဓားမရှိဝင်ထွက်နေတုန်းလား ကျတော်လာတိုင်း
ခင်ဗျားရှိနေတယ် ဟိုလူကလည်းထစ်ခနဲရှိခင်ဗျားအိမ်
ကိုပြေးပြေးသွားတယ် အနေအထိုင်တွေဆင်ခြင်ကြပါ"
"ငါ Riကိုစာသင်ပေးနေတာJungkook....Jiminဆိုတာ
ငါ့ကလေးလေးလိုပဲ မင်းထင်ချင်သလိုထင်လို့မရတဲ့
ဆက်ဆံရေးပါ"
"ထင်ချင်သလိုထင်တော့ဘာဖြစ်လဲ ကျတော့်ရည်းစား
အိမ်သူစိမ်းမလာစေချင်တာကျတော်မမှားဘူး..."
"ငါနဲ့Jiminကသူစိမ်းမဟုတ်ဘူး ငါကJiminအုပ်ထိန်းသူ
လို့လည်းပြောလို့ရတယ်"
"အုပ်ထိန်းရအောင် ကလေးမဟုတ်တော့ဘူးသူ့ယောကျ်ား
ကျတော်တစ်ယောက်လုံးရှိတယ်"
"မင်းကြောင့်ပဲ သူတို့မောင်နှမကိုငါစိတ်ပူတာJiminဘယ်
အချ်န်ဘာဖြစ်မလဲ ဘယ်အချိန်များပျောက်သွားမလဲ
လို့တွေးပူနေတာ မင်းကြောင့် မင်းအသိုင်းအဝိုင်းကြောင့်
မင်းအမေကြောင့်...."
Jiminနှင့်သူ၏ဆက်ဆံရေးသည် သားအဖလို ညီအစ်ကို
လို တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်းအသိ
အကျွမ်းဖြစ်ခဲ့တာလည်းကြာခဲ့ပြီ။Jungkookနဲ့မဆုံခင်
Jiminမော်ဒယ်ပေါက်စဘဝထဲကခင်မင်ခဲ့ရတဲ့ဆက်ဆံ
ရေးဟာအကြွင်းမဲ့အရောင်မရှိ။ကျန်းမာရေးမကောင်း
သောRiအားဂရုစိုက်ပေးရင်း Jiminမွေးစားအမေရုတ်တ
ရက်ဆုံးသွားသောအခါ Jimin၏အားကိုးသည်ဟုထင်
မှတ်၍ရသောကြေကြေကွဲကွဲမျက်ဝန်းတွေကြောင့်အ
တတ်နိုင်ဆုံးကူညီပေးခဲ့သည်။ရက်ရက်စက်စက်ကြုံ
တွေ့ခဲ့းရသောအဖြစ်အပျက်များကြောင့်Jiminသည်
ပုံမှန်အသက်ရူသည့်အချိန်များအလွန်ရှားပါးလှသည်။
ထို့ကြောင့်အနားတွင်အကိုကြီးတယောက်လိုဘာတွေပဲ
လုပ်လုပ်ဖြေရှင်းပေးရင်း ဘာတွေပဲရွေးချယ်ရွေးချယ်
နားလည်ပေးရင်း နေပေးခဲ့တာ သံယောဇဉ်တကယ်ရှိခဲ့၍သာ။
"ပါးစပ်ပိတ်ထား....!!!!"
Jeonjungkook ၏အားနည်းချက်အားထိထိမိမိပြောလိုက်
ရ၍ကျေနပ်သည်။ဒေါသကြောင့်နီရဲတောက်နေသော
မျက်လုံးတွေနှင့်မေးရိုးထင်းထင်းတို့ကတင်းမာနေလျက်။
တစ်စုံတစ်ခုပြောဖို့ပြန်ပြင်ဆင်လိုက်ချ်န်Jungkook
ဆီသို့ဖုန်းတCallဝင်လာတာကြောင့်ပြန်လည်ချေပမှု
ကိုသူမရခဲ့။
"CEO...ကျတော်ဒီကိုလာစေချင်ပါတယ် အရေးကြီး
တယ်လို့လည်းထင်ပါတယ်"
"ဘာဖြစ်တာလဲ Hoseok..."
"Jimin....."
"Jimin...ဘယ်မှာလဲ အဲ့လူ ဘာလုပ်နေလဲ..."
"ထယ်ယောင်းပွဲမှာပါ CEO...ထယ်ယောင်းဖိတ်ထားတဲ့
အီတလီက ပန်းချီဆရာတစ်ယောက်နဲ့ပွဲတက်လာပါတယ်"
"ဘာ.....!!!!"
"မီဒီယာနည်းနည်းလည်းရှိတယ်..အားလုံးကစိတ်ဝင်တစားရှိနေတော့ သိပ်အဆင်မပြေဘူးထင်လို့....."
"တောက်.....!!!"
ဖုန်းချကာချက်ချင်းထယ်ယောင်းပွဲသို့သွားရတော့သည်။
ရူးကြောင်ကြောင်ဆုံးဖြတ်ချက်တွေကြောင့်...
အနိုင်လိုချင်တဲ့စိတ်လေးတခုထဲနဲ့လုပ်ချင်ရာလုပ်တတ်
တဲ့ဆိုးဝါးတဲ့စိတ်တွေကြောင့်။သူနှင့်တွဲနေကြောင်း
တနိုင်ငံလုံးနီးနီးသိထားပီးပုံမှန်သတင်းတွေထက်
CEOJeonနှင့်ခပ်ဆိုးဆိုးမော်ဒယ်လေးအကြောင်းသည်
အမြဲInternet စာမျက်နှာတွေ၏ထိပ်ဆုံးရောက်ခဲ့သည်။
တစ်ယောက်တစ်ပေါက်ဝေဖန်မှုများအပေါ်Hyungက
အထိခိုက်ဆုံးဖြစ်ခဲ့တာကြောင့်သူအမြဲတမ်းစိတ်ညစ်
ခဲ့ရသည်။အကောင်းဆုံးဖြစ်အောင်မည်မျှကြိုးစားခဲ့
သည်ဆိုအုန်းတော့ ဒီလိုပြသနာမျိုး ကိုHyungဖန်တီး
လိုက်ပြီဆိုလျှင် အားလုံးသည်ဘုန်းဘုန်းလဲ။
ရေးချင်တာတွေရေး ပြောချင်တာတွေပြောနှင့်Hyung
သည်တကယ့်ပျက်ဆီးနေသောအလေအလွင့်လိုပါးစပ်
ပေါင်းများစွာထဲတွင်အလူးလူးအလဲလဲ။
.........။
Kimစံအိမ်တော်ရှေ့သို့ကားထိုးရပ်လိုက်သည်နှင့်အဆင်
သင့်စောင့်နေသူကHoseok..။ကားတံခါးအားဆောင့်ပိတ်
ကာပွဲထဲသို့မျက်လုံးတချက်ဝေ့ကြည့်လိုက်လေတော့
ရှိန်ပိန်ခွက်များအားမထိတထိတိုက်နေသော ဆိုးဝါးလှ
သည့်သူသိပ်ချစ်ရသောလူသားနှင့် MinYoongi ဆို
သောပန်းချီဆရာ။စိတ်ကြိုက်ဒီဇိုင်းနာဖြင့်သူနှင့်ပွဲတခုခု
တက်ခဲ့လျှင်ဝတ်ရန်အကောင်းဆုံးသောအရာတွေနဲ့ဖန်
တီးထားခဲ့သောအနီရဲရဲဝတ်ဆုံအားဆင်မြန်းထားသည်။
ဘယ်အချိန်ပြောင်းလိုက်လဲမသိသောရွှေအိုရောင်ဆံပင်
တွေ...။နားဆွဲရှည်ရှည်သည်လှုပ်ရှားလိုက်တိုင်းမှာ
ယမ်းခါနေလျက်။ပြုံးယဲ့ယဲ့နှင့်လှပစွာထိုင်နေသော
ထိုလူသားအားကြည့်ကာဒေါသတို့သည်ထိန်းမရ။
သူနဲ့ပြတ်သလား တွဲနေသလား ဘာရယ်ရေရေရာရာ
မသိသောအခြေအနေများတွင်နောက်တယောက်နှင့်အတူ
Kimစံအိမ်ပွဲသို့လာရောက်ကာအထူးဧည့်သည်တော်ဝိုင်း
တွေထိုင်နေခဲ့ခြင်းသည် သတင်းသမား စပ်စပ်စုစုသမား
များအတွက်သို့လော သို့လော။မာမီသည်သူ့ဆီသို့ပြေးလာ
နေသည်။ထယ်ယောင်းကတော့စားပွဲပေါ်ရှိကိတ်တခုပေါ်
မှစတော်ဘယ်ရီသီးများအားရွေးယူနေခဲ့သည်။
"နင့်အကောင်လုပ်ချလိုက်ပြန်ပြီ...သူဒီလိုလုပ်စရာလား
ငါတစစီလုပ်ပစ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်
ထယ်ယောင်းတို့ဘက်ကဖိတ်ထားတဲ့သူမလို့ငါသည်းခံနေ
တာ နင့်အကောင် ဘယ်လောက်မျက်နှာပြောင်လဲနင်မြင်
လား Jungkook ဘယ်လောက်ရွဲ့ချင်နေပါတယ်ဆိုအုန်း
တော့ ဒီပွဲကိုသူဒီလိုမျိုးတက်လာစရာကိုမလိုဘူး
MinYoongi ကိုဘယ်ကနေသိသွားရတာလဲ....သူနဲ့
လွတ်တဲ့ယောကျ်ားရော......."
"မာမီ....!"
"ငါ့အတွက်ကတော့ သူ နောက်တစ်ယောက်ဆီကူးသွား
ရင်ပိုဝမ်းသာရပေမယ့်Kimမျိုးနွယ်နဲ့တော့မဆက်စပ်စေချင်ဘူး...."
"ဘယ်သူ့ဆီကိုကူးရမှာလဲ....မာမီသူ့ကိုမခံချင်အောင်
ပြောလို့ဖြစ်တာ...နောက်တစ်ခါဘယ်တော့မှမပြောနဲ့"
မာမီနဲ့စကားဆက်ပြောချင်စိတ်တကယ်မရှိ။စိတ်ထဲ
ရှုပ်ပွေလွန်းနေတာကြောင့်ထိုလူသားဆီသို့သာဆက်
ဦးတည်နေခဲ့သည်။
"CEO...အရမ်းတော့....."
Hoseokသည်သတိပေးသလိုစကားမျိုးဆိုလာခဲ့တော့
ခေါင်းညိတ်ပြကာ
"ငါနားလည်တယ်...."
ထယ့်မွေးနေ့လှလှလေးတွင်ဘာပြသနာမှမရှိစိတ်ညစ်စရာ
မရှိဘဲပြီးဆုံးသွားစေချင်တာသူဆန္ဒအရင်းခံ။ပွဲအတူတူ
တက်လာသောMinYoongi နှင့်Jiminအားတအံ့တဩ
ကြည့်ကာသူ့အားလာရောက်ပြောခဲ့ပုံလေးသည်Jungkook အားအရမ်းစိုးရိမ်နေခဲ့သောပုံ။
ဝက်ဝံလေးအားဘာအကြောင်းနဲ့မှစိတ်မညစ်စေချင်အမြဲ
ပြုံးနေတာလေးကိုပဲသေသေချာချာမြင်ချင်ခဲ့ပါသည်။
စားပွဲရှိရာသို့Jungkookရောက်သွားတော့ဧည့်သည်
တစ်ယောက်ကချက်ချင်းဆိုသလိုထပေးသည်။
မျက်စိရှေ့ကအနီရောင်တောက်တောက်လူသားကတော့
ပန်းချီဆရာအားရှိန်ပိန်ငှဲ့ပေးနေသည်။သူ့ကိုမြင်တော့
ရှန်ပိန်ငှဲ့ခြင်းအားရပ်တန့်ကာ
"နောက်ကျနေတာလား....၈:၀၀တောင်ရှိနေပြီ..."
"........
"Yoongi Hyungဒါ Jungkook...!Jeonလုပ်ငန်းစုရဲ့
CEOလေ....."
အနုပညာရှင်ပီပီသေသေသပ်သပ်ထိုအမျိုးသားသည်
ParkJimin နှင့်ဘယ်လိုသွားငြိမိသလဲတော့မသိ။
"Jeon လုပ်ငန်းစုကို ဟိုမှာနေထဲကကြားဖူးနေခဲ့ပါတယ်
ဦးဆောင်နေတဲ့သူကဒီလောက်ငယ်မယ်မှန်းမထင်မိဘူး"
ပြေပြေပြစ်ပြစ်နူတ်ဆက်ပုံအရJiminနှင့်သူ၏ဆက်ဆံ
ရေးအားသေချာမသိသောပုံစံသက်ရောက်သည်။
"တခါတလေ ကျတော်တို့ပတ်ဝန်းကျင်မှာမထင်မှတ်
ထားတာလေးတွေလည်းဖြစ်တတ်ပါတယ်သိပ်ဆန်းလှ
တယ်လို့တော့မဟုတ်ဘူးပေါ့ ထယ်လေးစတော်ဘယ်ရီ
တွေစားနေတာတော်လောက်ပြီ လာထိုင်တော့..."
MinYoongi အားစကားပြောနေရင်းမှထယ်ယောင်းအား
လှမ်းပြောလိုက်ပုံကတကယ်ကိုစိုးရိမ်ပူပန်မှုလေသံ။
ရှန်ပိန်ခွက်ကိုင်ထားသောလက်တို့တင်းခနဲ။အရွဲ့ပဲတိုက်
ချင်သည်ပြန်အရွဲ့တိုက်မခံချင်ပါ။ဝုန်းဝုန်းဒိုင်းဒိုင်းထ
မလုပ်ခဲ့ခြင်းသည်လူအများအလည်သူ့Imageကိုထိန်းနေ
ခြင်း။CEO Jeonသည်ဘယ်တော့မှလူအများရှေ့တွင်
သူ့ကြောင့်တုန်လှုပ်မှုအားမပြတတ်...။ဘယ်လောက်ပြိုလဲ
နေပါစေ ဟန်မပျက်နေတတ်သည့်အရည်အချင်းမျိုး
အပြည့်အဝရှိသောသူ။ချက်ချင်းလာထိုင်သော
ထယ်ယောင်းသည်ခွေးညိုညိုလေးအားချီထားကာသူနှင့်
Jungkook အားတလှည့်စီကြည့်နေသည်။
"ထယ်ယောင်းလည်းမွေးနေ့ရှင်သာပြောတယ်ဒီဝိုင်းကို
လာတောင်မလာဘူး ကျတော့်ကိုဖိတ်ထားပီးမျက်နှာတွေ
ငယ်လိုက်ရတာ"
MinYoongi ကဆိုသည်။
"ထယ်က ပျိုးပျိုးပျက်ပျက်တွေကိုမကြိုက်ဘူးလေ
အဲ့တာကြောင့်ထင်ပါတယ်...ရိုးရှင်းတဲ့ကလေးတွေက
ဘာတဲ့ဆို ကြောက်လန့်နေတာပဲ....."
ရှပ်အကျီကြယ်သီးနှစ်လုံးအားဆက်တိုက်ဖြုတ်ကျကာ
အရက်ပြင်းတခွက်အားစပ်နေသောသူ။နူတ်ခမ်းတွင်
လည်းအပြုံးယဲ့ယဲ့ သေချာပေါက်လှောင်ပြုံးတခုသာလျင်
ဖြစ်လိမ့်မည်။
"YoongiHyung က သူငယ်ချင်းနဲ့စကားပြောနေလို့ထယ်
မလာတာပါ အနှောက်အယှက်ဖြစ်စိုးလို့..."
"မွေးနေ့လက်ဆောင်ရောသဘောကျရဲ့လား"
"ကျပါတယ် ထယ် အခန်းထဲမှာချိတ်ထားဖို့စဉ်းစားထား
တယ် YoongiHyung ရဲ့လက်ရာတွေကိုကျတော်အရမ်း
သဘောကျတာပါ....."
"ကျေးဇူးပါဗျာ....တစ်ရက်လောက်အားရင်ပန်းချီအတူ
ဆွဲရအောင်..."
"ကျတော်အိမ်သာသွားအုန်းမယ်..."
ထယ်ယောင်းပြန်ပြောမည့်ဆဲဆဲစကားများရပ်တန့်သွား
သည်။ဆွဲဆွဲငင်ငင်အသံလေးသည်နည်းနည်းမူးနေပုံ
ထောက်ကာဆံပင်တွေအားသပ်တင်ရင်းထထွက်သွား
သောသူ။
"ထယ် ကိုယ်Hoseokဆီခဏသွားအုန်းမယ်....အချိုတွေ
ထပ်မစားနဲ့တော့နော်....."
ချက်ချင်းဆိုသလိုထလိုက်သွားသောJungkookသည်
ခြေလှမ်းတွေသာမှန်ကန်နေတာရင်ထဲတွင်ဗလောင်းဆူ
နေမှန်းတော့ထယ်ယောင်းခန့်မှန်းမိပါသည်။
"YoongiHyung က Jiminနဲ့ခင်တာကြာပီလား...."
"အီတလီမှာသိခဲ့တာပါ နည်းနည်းတော့ကြာပီလေ
ဒါကဒုတိယအကြိမ်ပြန်တွေ့ခြင်းပေါ့ ....ထယ်ကJimin
နဲ့အရမ်းရင်းနှီးလား ကိုယ့်ပိရိသတ်မလို့တွေ့တွေ့ချင်း
ရင်ဖွင့်လိုက်အုန်းမယ်  ကိုယ်သူ့ကိုသဘောကျနေခဲ့တာ"
"ဗျာ....!"
"ဘာတွေကြိုက်တတ်မှန်း ဘာတွေကိုသူသဘောကျမှန်း
ကိုယ်ကမသိဘူးလေ...ပန်းချီပဲဆွဲပေးရမလား
ကဗျာလေးပဲဖြစ်ဖြစ်စပ်ပေးရမလား...ဘာလုပ်ရမှန်း
ကိုစတွေ့ထဲကမသိခဲ့တာ..."
Jiminသည်ပန်းချီကားတောင်စေ့စေ့ကြည့်သူမဟုတ်
ကဗျာဆိုတာအဝေးဆုံးတွင်။စိတ်ကူးယဉ်ဆန်ဆန်
နေတတ်သောYoongiနှင့်ဘယ်လိုမှမအပ်စပ်ပါ။
Jiminက Jungkookကိုပဲသဘောကျတာ.သိရ
သလောက်ကတော့သူသဘောအကျဆုံးသည်Jungkook
ကလွဲ၍ဘာမှမရှိ။ဘယ်လိုဖြေရမှန်းမသိသောအချိန်တွင်
အနားသို့ရောက်လာသောHoseokHyung.....
"ထယ်လေး မေမေခေါ်နေတယ်...သွားလ်ုက်ပါအုန်း
Mr Yoongi ခဏခွင့်ပြုပါအုန်းနော်..."
"အာ...ရပါတယ်...သွားပါ"
ထယ်ယောင်းသည်ခွေးလေးအားချီပိုးလျက်အမေရှိရာ
သို့လျှောက်သွားခဲ့သည်။Hoseokသည်လည်းနောက်က
လိုက်လာရင်းရုတ်တရက်ထထပြေးသောဝက်ဝံလေးအား
ချောမလဲစေရန်ရည်ရွယ်ရင်း.....။
စားပွဲဝိုင်းတွင်တယောက်ထဲကျန်ရင်းJiminအပြန်လာကို
စောင့်နေခဲ့ကာဟိုဟိုဒီဒီလိုက်ကြည့်မိသည်။အီတလီမှာ
ဆယ်နှစ်သားထဲကနေထိုင်ခဲ့ရတာကြောင့်ကိုရီးယားသည်
သူနှင့်နည်းနည်းစိမ်းသက်နေကာပြန်မလာတော့ဘူးလို့
လို့လဲဆုံးဖြတ်ခဲ့ပြီးပြီ။သို့သော်...အမှတ်တမဲ့ဆုံခဲ့ရသော
ကိုရီးယားကောင်ချောလေးကြောင့်အကြောင်းအရင်းရ
သည်နှင့်ပြေးလာခဲ့ခြင်း။ရောက်ရောက်ချင်းအနားမှာ
ရှိနေပေးသည်အတွက်လည်းကျေနပ်မိသလို
ကြွကြွရွရွလှလွန်းသောကောင်လေး၏အပြုအမူအပြော
အဆိုများအားတခုချင်းမှတ်သားရင်းရင်ခုန်ရသည်က
လည်းတမျိုး။
...........။
"ချွတ်စမ်း ခင်ဗျားတကိုယ်လုံးမှာရှိတဲ့ဟာတွေ...."
"JeonJungkook......!!!!!"
မွေးနေ့လက်ဆောင်လေးများအားတခုချင်းကြည့်ကာ
သဘောကျသောပစ္စည်းလေးတွေ့လျှင်မလှမ်းမကမ်း
တွင်ရှိနေသော လူတစ်ယောက်အားမြှောက်မြှောက်ပြ
ကာအလှဆုံးရီပြနေသော စတော်ဘယ်ရီလူသားငယ်လေးရယ်.....
စားပွဲပေါ်ကရှန်ပိန်တွေအားလှုပ်ခတ်ရင်းတယောက်
ယောက်အားစောင့်ဆိုင်းနေသူရယ်.....
အံတင်းတင်းကြိတ်ကာမီးထတောက်မတတ်ဒေါသများ
ဖြင့်တုန်ရီနေသူရယ်...အရက်ခိုးငွေ့တချို့ဖြင့်ရုန်းကန်
နေသူရယ်......

Bạn đang đọc truyện trên: AzTruyen.Top