❤️7
"Hoseok Hyung....!"
အစည်းအဝေးတစ်ခုတက်ရောက်ရန်စာရွက်စာတန်းအစုံ
အလင်နှင့်ခြေလှမ်းမှန်မှန်လျှောက်လှမ်းသောHoseok
အားချက်ချင်းရပ်တန့်သွားစေခဲ့သောအသံလေးတစ်ခု။
ခပ်ကျယ်ကျယ်ခေါ်သံလေးသည်ကြားရတိုင်းသူ့အား
ပြုံးသွားစေကာရင်တလှပ်လှပ်...။လှည့်ကြည့်လိုက်တော့
စွယ်တာဖြူဖြူလေးအားဘောင်းဘီအညိုရောင်ပွပွလေး
နှင့်ကောက်တိကောက်ကွေးဆံပင်လေးတွေပေါ်တွင်
ဦးထုပ်လေးတလုံးဆောင်းထားကာဘေးလွယ်အိတ်လေး
လွယ်လျက်ပြေးလာလေသောပုံရိပ်လေးတစ်ခု။
နောက်မှကိုယ်ရံတော်အုပ်စုလိုက်ကြီးသည်လည်း
သူပြေးတော့တဖုန်းဖုန်းလိုက်ပြေးလာကြသည်။
"Hyung...ဘယ်သွားမလို့လဲ"
"Meeting ...ထယ်လေးရော ဘာကိစ္စရှိလို့လဲ"
"Jungkook ဆီလာတာ သူလည်းအစည်းအဝေးရှိတာလား
ထယ် လာတိုင်း တစ်ခါမှ ရုံးမှာမရှိဘူး"
"ခုရှိတယ် ဒါပေမယ့်...."
"ဒါပေမယ့် ဘာလဲ ထယ်သူ့အတွက်ချောကလက်တွေ
တောင်ယူလာတာ အိမ်သွားလည်းအိမ်ပြန်မလာဘူးတဲ့"
"ကိုယ်ပြောလိုက်မယ်လေ ထယ်လေးကို လာတွေ့ဖို့..."
"မရပါဘူးအရေးကြီးပြောစရာရှိလို့ တွေ့ရမှဖြစ်မှာ
လိုက်ပို့ပေးပါ Hyungရာ..."
လက်မောင်းတဖက်အားလှုပ်ခါရင်းချွန်ထွက်လာသော
နူတ်ခမ်းလေးနှင့်မျက်လုံးလှလှလေးတွေသည်ငြင်းပစ်
လိုက်ချင်စရာမရှိအောင်ချစ်စရာကောင်းလွန်းသည်။
Jungkookအတွေးရေးမှူးအဖြစ်စလုပ်သောနေ့တွင်
ဆုံခဲ့ရသောထယ်ယောင်းသည် တွေ့တွေ့ချင်းပင်
အသဲတယားယားဖြင့်မရဲတရဲလိုက်ကြည့်ရလောက်
အောင်ချစ်စရာကောင်းခဲ့တဲ့သူ။Jungkook နှင့်တနေ့
လက်ထပ်မည့်သတို့သားလေးဖြစ်ကြောင့်တစွန်းတစသိ
လိုက်ရသောအခါလူမသိသူမသိသူကိုယ်တိုင်တောင်
မသိမသာဖြင့်အသဲကြိတ်ကွဲခဲ့ရသေးသည်။
"ငါးမိနစ်ပဲလေ.....ထယ့်ကို Jungkook အမေခိုင်းလိုက်
တာ မလုပ်ရင်အဆူခံရမှာ"
"အန်တီကလား..."
ခေါင်းလေးညိတ်ပြပုံသည်သက်ရှိအရုပ်လေးကိုခလုတ်
နှိပ်ပြီးခိုင်းသလိုရင်သက်ရှုမောရယ်။
"အကြာကြီးနေလို့မရဘူးနော်"
"ဟုတ်ကဲ့ပါဗျာ လိုက်ပို့ပါ"
"မင်းတို့ ဒီအောက်မှာပဲစောင့် Hoseok Hyungပါရင်
ငါ့ကို လေတောင်ကြမ်းကြမ်းမတိုက်ရဲဘူး ဒါပဲကျန်ခဲ့ကြ"
မျက်နှာလေးချီကာပြောပုံအားသဘောကျလွန်း၍
ပြုံးကြည့်မိတော့လေးထောင့်ဆန်ဆန်ရီမောမှုလေးနှင့်
ရင်ဆိုင်လိုက်ရသည်။သူသိပ်ကိုအပြစ်ကင်းလွန်းတယ်။
ဓာတ်လှေကားထဲတက်ကြွစွာဝင်လိုက်သူနောက်လိုက်
ရင်းမွှေးပျံ့လှသောစတော်ဘယ်ရီနံ့လေးကခပ်ဖွဖွလေး
ထိလိုက်ချင်စရာ။
"ထယ် ဘာရေမွှေးသုံးတာလဲ..."
"ဟင်..ရေမွှေးလား မသုံးပါဘူး ရေချိုးဆပ်ပြာနံ့ထင်
တယ် ထယ်လိုးရှင်းလည်းလိမ်းလာသေးတယ်
Hand cream ရော Body Sprayရော..."
"များလှချည်လား..."
"Jungkookဆီလာတွေ့တိုင်းတွေ့သမျှအကုန်လိမ်းခဲ့တာ
ပဲ သူကငယ်ငယ်လေးထဲကမွှေးကြိုင်နေတာကိုအရမ်း
ကြိုက်တာ အဲ့တာကြောင့်..."
"အော်..အဲ့လိုလား..ဒါနဲ့ထယ်..."
"အင်း...."
"အပေါ်မှာ Jiminရှိနေတယ်"
"အဲ့တာဘာဖြစ်လို့လဲ..ထယ်ပြောမဲ့ကိစ္စက Jiminနဲ့
မဆိုင်ပါဘူးဒီတိုင်း ထယ့်ကိစ္စပါ Hoseok Hyung"
"ထယ် အဆင်မပြေမှာစိုးလို့ပါ"
"မပြေစရာဘာရှိလို့လဲ...."
သိသိသာသာတိုးသွားသောအသံလေးသည်တကယ်ရော
အဆင်ပြေရဲ့လားဟုချူပ်မေးချင်စရာကောင်းလှပါသည်
ပွင့်သွားသောဓာတ်လှေကားတံခါးကြောင့်သာမမေး
ဖြစ်ခဲ့တာပါဟုကိုယ့်ကိုကိုယ်အားပေးလိုက်ရင်း
အရုပ်လေးဘေးနားခပ်မှန်မှန်လျှောက်လာခဲ့သည်။
"CEO ကျတော်ပါ...."
"ဝင်ခဲ့..."
တံခါးတချက်ခေါက်ရင်းအသံပြုတော့အထဲမှခပ်ရှရှအသံ
တခုချက်ချင်းထွက်လာတာကြောင့်တံခါးဖွင့်ကာဝင်
ခဲ့လိုက်သည်။
ဟင်..!
တက်တက်ကြွကြွအရင်ဝင်သွားခဲ့သောချောကလက်ခြင်း
ဖြင့်ကောင်လေး၏ခြေလှမ်းတွေသည်တုန့်ခနဲ။
CEOသည်ဝင်ခဲ့ဟုပြောသာပြောလိုက်သည်အဆင်သင့်
လုံးဝမဖြစ်သေးသောပုံ။အလုပ်စားပွဲပေါ်တွင်တက်ထိုင်
ကာပုခုံးတွေလှုပ်ခတ်သည်အထိရီမောနေသောဆံပင်
ပန်းနုရောင်နှင့်လူသားအားသဘောတကျငေးမော
ကြည့်နေသည်။ရင်ဘက်အလည်လောက်အထိပြုတ်ထွက်
နေသောအကျီကြယ်သီးတွေကြောင့်အနီရဲရဲအမှတ်အသားတွေကအနှံ့အပြား။ခုံပေါ်တွင်ထိုင်ကာစားပွဲပေါ်က
ကောင်ငယ်လေးအားငေးစိုက်နေပုံကပတ်ဝန်းကျင်ကို
တကယ်မေ့နေသည့်ပုံ။
"အော်...ထယ် ပါပါလာတာလား...."
လာတော့မလိုလိုပြန်တော့မလိုလိုနှင့်လမ်းတဝက်တွင်
လမ်းပျောက်နေသောထယ်ယောင်းသည်ယောင်းယမ်း
ကာခေါင်းညိတ်ပြခဲ့သည်။ကျောခိုင်းထားသောလူသား
သည် ထယ် ဆိုသော အမည်နာမကြောင့်လားမသိ
လှည့်ကြည့်လာခဲ့သည်။စားပွဲခုံပေါ်မှဆင်းကာဆိုဖာ
ကြီးကြီးပေါ်တွင်ထိုင်ကာဖုန်းကိုအာရုံစိုက်နေသလို
သဘောသက်ရောက်နေလိုက်သည်။အကျီကြယ်သီး
တွေအားတပ်နေရင်း ပျော်ရွှင်နေပုံပေါက်သောJungkook
သည်အကြောင်းမကြားဘဲရုံးကိုလာခဲ့ခြင်းအပေါ်
အရင်ကလိုဆူပူမနေခဲ့။
"ထိုင်လေ ထယ်...ဘာကိစ္စရှိလို့လဲ ရုံးအထိ..."
"မနက်ဖြန် ထယ့် မွေးနေ့လေ Jungkook..."
"ကိုယ်သိပါတယ် မွေးနေ့လက်ဆောင်တောင်စဉ်းစား
ထားသေးတယ်..."
ဖုန်းScreen ပေါ်အကြောင်းမဲ့ပွတ်နေရင်းမှရပ်တန့်ကာ
စကားပြောနေသောအနှီလူသားကိုတချက်မျှလှမ်းကြည့်
မိလိုက်သည်။ထယ်ယောင်း၏မွေးနေ့ကိုသိရုံနဲ့ရနေတာ
မွေးနေ့လက်ဆောင်ကြိုစဉ်းစားထားဖို့တော့မလိုအပ်ဘူး
မလား။လိုတာပေါ့ လိုတာပေါ့ သူ့ငယ်သူငယ်ချင်း
သူ့ သတို့သားလောင်း ပဲ။
"အဲ့တာ ထယ်တို့ ခြံထဲမှာပဲ Partyလေးတခုလုပ်မလို့လေ
Jungkook ကိုလာအသိပေးတာ......"
"ထူးထူးဆန်းဆန်းပါလား ထယ်လူအများကြီးနဲ့နေလို့
အဆင်ပြေပါ့မလား"
"ထပ်ဖွင့်မယ့် ထယ့်ပန်းချီပြခန်းတွေလည်းအသိပေးရင်း
နဲ့လေ မာမီက အရမ်းလုပ်စေချင်နေတာနဲ့"
" လူတွေများရင် ထယ် နေရခက်မှာစိုးတာပါ"
ဖုန်းScreenကိုကြည့်ရင်းအသံထွက်အောင်ရီမိတော့
TaeHyungရော JungkookရောHoseokပါကြည့်လာ
ခဲ့သည်။ထယ်ယောင်းကလူများရင်မူးဝေတတ်ကာ
လဲကျသွားတတ်သောလူစုလူဝေးကြောက်ရောဂါသည်
တစ်ယောက်။လုပ်နေတဲ့အလုပ်ကပန်းချီဆရာ။သူ့အခြေ
အနေနဲ့သူရွေးချယ်ထားသောလမ်းသည်ကွက်တိကြကာ
ထယ်ယောင်း သူ့ကမ္ဘာလေးထဲအေးအေးနေကာပန်းချီ
ဆွဲနေခြင်းအပေါ်ကိုလည်းJungkookကငယ်ငယ်ထဲက
သဘောတကျရှိပြီးအားပေးခဲ့သည်။
ထယ်ယောင်းကိုမြင်တိုင်းအေးချမ်းကြောင်းသူ့ကိုလည်း
အေးဆေးစွာအသက်ရှင်စေချင်ကြောင်းပြောခဲ့ဖူးသည်။
သူကတော့ တယောက်ထဲနေရခြင်းအားကြောက်သော
ရောဂါစွဲနေပြီး အမြဲတမ်း ClubတွေBarတွေထဲမှာပဲ
ဘော်ဒါတစုနှင့်ပျော်ပါးသောက်စားနေလျက်။
အခြေအနေနှစ်ရပ်သည်သိပ်ရီစရာကောင်းတာကြောင့်
ဖုန်းထဲမှဟာသဟန်ဆောင်ကာခွီခနဲရီလိုက်ရပြန်သည်။
"Jungkook အားမှလာပါ...အလုပ်တွေအရမ်းအရေးကြီး
ရင်မလာလည်းရပါတယ်.."
"မလာဘဲနေမလားကွာ....ကိုယ်ထယ်နဲ့ခုတလောမတွေ့
ဖြစ်တာလည်း Jimin Hyungဆေးရုံတက်နေရတာနဲ့
အိမ်လည်းပြန်မလာဖြစ်ဘူးလေ ခုမှသက်သာခါစဆို
တော့ အနားမှာနေပေးမှလေ"
"အင်း..အင်း..သိတယ်...ဒါဆိုထယ်ပြန်တော့မယ်
Hoseok Hyung ကိုလိုက်ပို့ခိုင်းတာ သူအစည်းအဝေးရှိ
တယ်ထင်တယ် သွားတော့မယ်နော်..."
"နေပါအုန်း....."
ဆိုဖာပေါ်တွင်ထိုင်နေသောလူသားထံမှတားဆီးသံကြောင့်
ထယ်ယောင်းဖျက်ခနဲကြည့်လိုက်တော့ပြုံးပြနေသည်။
ရင်းနှီးသလိုပြုံးပြနေပေမယ့်Jiminသည်သူ့အားမသက်
မသာဖြစ်စေမြဲ။
"ကိုယ်လည်းလာချင်တယ်လေ ကိုယ့်ကိုမဖိတ်ဘူးလား
Jeon တစ်ယောက်ထဲကိုလား......"
"အဲ့တာကလေ....ဟို....!
ထယ်ယောင်း၏မျက်စံလေးတွေသည်Jungkook ဘက်
သို့တလှည့်Hoseok ဘက်သို့တလှည့် လှုပ်ရှားရင်းအခက်
တွေ့သွားသည့်ပုံ။Hoseokကတော့Jiminအားစူးခနဲ
ကြည့်လိုက်ကာJungkookကတော့တခုခုပြောရန်စတင်
လိုက်ချိန် ရုံးခန်းတံခါးပွင့်သွားခဲ့သည်။
"နင်ကဘာအဆင့်အတန်းမလို့ပွဲတက်ချင်ရတာလဲ
Park Jimin...."
"မာမီ.....!"
"အန်တီ....!"
"မာမီ ဘာလာလုပ်တာလဲ...."
Jungkookသည်ခုံမှချက်ချင်းဆိုသလိုထကာဆိုဖာပေါ်
ရှိJiminထံအပြေးရောက်သွားသည်။ထယ်ယောင်း၏
မျက်လုံးလေးများသည်Jungkookလှုပ်ရှားမှုအတိုင်း
ကပ်ပါသွားလျက်။အကာကွယ်ခံချင်သောစိတ်လေး
သည်ထိုနေ့ထိုနေရာတွင်ရိုးရှင်းစွာပေါက်ဖွားသွားလျက်။
"Jungkook...သားနဲ့ထယ့်ကိုမာမီပြောစရာရှိလို့လာခဲ့တာ"
"မပြောနဲ့ ..ကျတော်တို့သွားစရာရှိတယ်..."
Jungkookသည်ဆိုဖာပေါ်တွင်မလှုပ်မယှက်ထိုင်ကာ
Videoတခုအားစိတ်ဝင်စားဟန်ဖြင့်အသံတိုးလိုက်ကျယ်
လိုက်လုပ်နေသောJiminလက်အားဆွဲလိုက်ကာထွက်သွား
မယ့်ဟန်ပြင်လေတော့ လက်ထဲမှဖုန်းသည်ကြမ်းပြင်ပေါ်
သို့ကျသွားခဲ့သည်။
"ပြန်ကောက်ပေးစမ်း...မင်းမျက်လုံးကမမြင်ဘူးလား..."
စူးစူးရဲရဲထအော်လိုက်သံကြောင့်Jungkookအမေသည်
အလည်တွေရပ်နေသောထယ့်အားတွန်းတိုက်ကာပင်
Jiminဆီသို့ဦးတည်သွားတော့သည်။
"နင်ကများ...ငါ့သားကို......!!!!!!"
လက်ဖဝါးတစ်ဖက်သည်ပါးပြင်ပေါ်သို့လုံးဝရောက်မလာ
ခဲ့။ကြားထဲတွင်Jungkookသည်တံတိုင်းကြီးလိုခိုင်မာ
နေခဲ့ကာMrs.Jeonအားဆွဲထားခဲ့သည်။
"မာမီ......!!!"
နှစ်ချက်ဆင့်အရိုက်ခံလိုက်ရသောJungkook၏ပါးပြင်
များသည်ချက်ချင်းဆိုသလိုနီရဲတက်ကာသွားခဲ့သည်။
Jungkookဆီပြေးလာခဲ့သောထယ်သည်Jungkook
ရှေ့တွင်ကာရပ်လိုက်ကာစိတ်အရမ်းလှုပ်ရှားနေသည့်
မျက်ဆံလေးများသည်မတည်ငြိမ်ခဲ့။
"မရိုက်ပါနဲ့....ထယ်တောင်းပန်ပါတယ်.အန်တီ"
...Jiminဖုန်းကိုလည်းထယ်ပြန်ကောက်ပေးပါ့မယ်"
မြန်မြန်ဆန်ဆန်ကြမ်းပြင်ပေါ်တွင်ကျနေသောဖုန်းအား
ကောက်ယူလိုက်ရင်းJiminလက်ထဲသို့ထည့်ပေးလိုက်
သည်။ထယ်သည် ပြသနာက ဖုန်းပြုတ်ကျခြင်းဟုအရိုး
ရှင်းဆုံးတွေးချလိုက်သောပုံ။Hoseokသက်ပြင်းတခုခိုး
ချလိုက်သည်။
"ထယ်ယောင်းမင်းပြန်တော့...မင်းမွေးနေ့ကိုငါလာခဲ့မယ်
ခုတော့ပြန်တော့...."
"နင်နှင်ရမှာ ထယ်ယောင်းမဟုတ်ဘူးJeonJungkook
နင့်ဘေးကအစုတ်အပြတ်ကိုနှင်ထုတ်ရမှာ လောင်းကစား
ဝိုင်းတကာလိုက်ဖမ်းနေရတဲ့ကောင်က နင့်ရုံးခန်းအထိ
ရောက်နေတယ်သတင်းကြားလို့ငါလိုက်လာတာ
မျက်နှာကတော့တကယ်ပြောင်တယ်နော်"
ထိုင်နေရာမှမထသေးဘဲမျက်နှာသေဖြင့်Jiminသည်
နူတ်ခမ်းလေးတွန့်ရုံပြုံးကာဖုန်းအားစားပွဲပေါ်သို့ပစ်တင်
လိုက်သည်။
"ကျတော်တို့နှစ်ယောက်ချိန်းတွေ့နေတာသိနေရက်နဲ့
အခန်းထဲစုပြုံဝင်လာတဲ့ ဒီလူတွေကမျက်နှာပြောင်တာ
မဟုတ်ဘူးလား..."
"ထယ် တောင်းပန်ပါတယ်...Jimin...ထယ်မရည်ရွယ်..."
"ထယ်ယောင်း ဒီအကောင်ကိုဘာတောင်းပန်စရာလိုလို့လဲ
မတန်မရာတွေကိုမလုပ်စမ်းနဲ့"
"ထယ်ကိုယ်ပြန်တော့လို့ပြောနေတယ်လေ...Hoseok
ထယ့်ကိုပြန်ခေါ်သွားစမ်း..."
မဲ့ကျသွားသောမျက်နှာလေးကြောင့်ငိုနေပြီဆိုတာသိပေ
မယ့်သူထယ့်ကိုဒီလိုအားပြိုင်မှုတွေကြားထဲမပါဝင်စေ
ချင်။ထယ်သည်အေးချမ်းသည် အပြစ်ကင်းသည်
နူးညံ့သောနှလုံးသားလေးတစ်ခုကိုဘုရားကပေးထားခဲ့တဲ့
သူလေးမို့ပြင်းထန်တဲ့စကားလုံးတွေကိုမကြားစေချင်ခဲ့
ပါ။ထယ် သည်ကြမ်းတမ်းသောအပြုအမူ အပြောအဆို
တွေနှင့်လားလားမှမသက်ဆိုင်သော လူသားငယ်လေးမို့
သူထယ်စိတ်ဆင်းရဲမှာစိုးရိမ်ပါသည်။ပိုင်ဆိုင်ရယူလိုစိတ်
အရောင်စုံတွေထယ်အပေါ်မှာတစ်ခါမျှမရှိခဲ့ပေမယ့်
ဖြူစင်သောနှင်းခဲလေးလိုငယ်သူငယ်ချင်းလေးအား
သူသိပ်တန်ဖိုးထားခဲ့ပါသည်။Hoseokသည်ထယ်ယောင်း
အားချော့မော့ခေါ်သွားတော့...
"ငါ့သားရုံးခန်းထဲကခုထွက်သွား..နင်ကရုံးခန်းမပြောနဲ့
ငါ့သားနဲ့ဆက်စပ်သမျှအရာအားလုံးရဲ့အရိပ်တောင်နင်း
ဖို့မတန်ဘူး ထွက်သွားစမ်း....!!!"
"မာမီ..Hyungကိုကျတော်ခေါ်ထားတာ..မာမီလည်းပြန်
တော့..."
"JeonJungkook နင့်ပါးစပ်ပိတ်ထားစမ်း...."
"ParkJimin ငါ့သားကိုနွားဇာတ်သွင်းလိုက် ခုလိုပြန်
ချူလိုက်နဲ့ နင့်ဘဝကိုနင်စိတ်မကုန်ဘူးလား..."
အနီရဲရဲဂါဝန်နှင့်အတူနီရဲတောက်နေသောနူတ်ခမ်းတွေ
ဆံပင်တိုတိုဖြင့် ရှိရင်းစွဲအသက်ထက်နုပျ်ုလှသော
Jungkookအမေသည်သားကိုအောင်မြင်စွာဖြည့်စည်း
ပေးနိုင်သောမိခင်တယောက်..တောက်ပသောအနာဂါတ်
များဖြင့်JeonJungkook ဖြစ်အောင်ပျ်ုးထောင်ပေးခဲ့သော
သူပီပီသားအပေါ်ထားခဲ့သောအတ္တနှင့်လောဘတွေက
Jiminအတွက်အမြဲတမ်းအသွားထက်သောဓားတချောင်း
ဖြစ်ခဲ့ရသည်။ဒီလိုထိပ်ထိုက်တွေ့ဆုံမှုများသည်အတိတ်
တွင်လည်းခဏခဏကြုံခဲ့ရကာအနိုင်အရှုံးမကွဲပြားဘဲ
ပြီးဆုံးခဲ့ရတာကြီး။
"မကုန်ဘူး..ဘာလို့ကုန်ရမှာလဲ ဒိတ်ဒိတ်ကျဲသူဌေး
တယောက်သဲသဲလှုပ်အချစ်ခံရပီးလက်ညိုးညွှန်ရာ
ပိုက်ဆံတွေဖြစ်နေတဲ့ဘဝကို ဘာကိစ္စကုန်ရမှာလဲ
နေပျော်လိုက်တာမှ"
"နင်ကအမှတ်မရှိတဲ့ကောင်ပဲ"
"အဲ့လိုဖြစ်သွားလား"
"ငါလည်းငါပြောသင့်တာကိုပြောရမယ် ခုထယ်ယောင်း
မွေးနေ့မှာ ထယ်နဲ့Jungkookလက်ထပ်မဲ့အကြောင်းကို
တရားဝင်ကြေငြာမှာနင်ကအမှိုက်လိုကောင်မလို့
စောစောစီးစီးဖယ်နေလို့ရအောင်ပြောပြတာ
မှီတွယ်လိုက်လာရင်း အရှက်မရှိဖြစ်နေမှာစိုးလို့..."
"မာမီ ကျတော် ထယ်ယောင်းကိုလက်မထပ်ပါဘူးလို့
ဘယ်နှခါပြောရမလဲ Hyungကကျတော်လက်ထပ်မဲ့သူ"
"မင်းကိုယူပါမယ်လို့ဘယ်သူပြောလဲ ငါ့ကိုလိုချင်ရင်
မင်းအမျှင်တန်းတွေအားလုံးကိုအကုန်ဖြတ်လာခဲ့
အထူးသဖြင့်မင်းအမေ...ငါ့က်ုဒီလိုဆက်ဆံပုံမျိုးနဲ့ဆို
ငါသည်းမခံနိုင်ဘူး"
"Hyung..."
"နင့်လိုလမ်းဘေးကောင်နဲ့ငါ့သားပတ်သတ်နေတာကို
လည်းငါသည်းမခံနိုင်ပါဘူး ParkJimin ရယ်နင့်ကိုငါ
တစစီဖျက်ဆီးပြမယ် နင်စောင့်ကြည့်နေ ......"
"ခင်ဗျားဖျက်ဆီးထားတာကျတော့်ဘဝမှာဘာကျန်သေး
လို့လဲ....."
"ကျန်သေးတဲ့အရာတွေကိုထပ်ဖျက်ဆီးမယ် ဘာမှမကျန်
တော့ရင် နင့်ကိုဖျက်ဆီးပစ်မယ်"
မျက်လုံးတွေအားစိုက်ကြည့်ရင်းတလုံးချင်းပြောလိုက်
သောစကားတွေသည်နောက်နေတာမဟုတ်မှန်းသူအသိဆုံး။အေးစက်သောနှိပ်စက်မှုများသည်အလုံးလိုက်အရင်း
လိုက်ဝင်လာကာလက်ဖျားတွေအေးခနဲ။
"တော်တော့မာမီပြန်တော့ ကျတော်တောင်းဆိုနေတာ
Hyungနေမကောင်းသေးဘူး..."
"ဒီအကောင်ကို နင်ပွဲကိုခေါ်မလာနဲ့နော်ငါတို့အသိုင်းအဝိုင်း
ထဲ မြူမှုန်တမှုန်တောင်ပေါ်မလာစေနဲ့JeonJungkook
နင့်ကိုပါသတ်ပစ်မယ်..."
ဒေါက်ဖိနပ်သံသည်ကျယ်လောင်စွာ။Jimin၏မျက်စံနီနီ
များသည်ပေါက်ကွဲထွက်မတတ်။တံခါးအားဆောင့်ပိတ်
ကာထွက်လာသောခြေသံသည်တဖြည်းဖြည်းဝေးကွာ
သွားလျက်။
"မောင်တောင်းပန်ပါတယ်"
ကျိုးနွံမှုပြည့်နှက်နေသောမျက်လုံးဝိုင်းဝိုင်းလေးတွေ
သည်ရင်ကိုတမြေ့မြေ့နာကျင်စေတတ်သောလက်နက်
တမျိုး။
"မလိုပါဘူး....."
"မလိုလည်းတောင်းပန်ပါတယ်...စိတ်ညစ်မသွားပါနဲ့
မောင်...ထယ်ယောင်းကိုလက်မထပ်ပါဘူး..."
"ငါကအဲ့အပေါ်မှာစိတ်ဝင်စားမှုများပြခဲ့မိလို့လား"
"ဘာလို့စိတ်မဝင်စားတာလဲ...ကိုယ့်ချစ်သူတခြားတ
ယောက်နဲ့လက်ထပ်ကိစ္စကHyungစိတ်အဝင်စားဆုံးဖြစ်
ရမှာမလား...."
Hyungသည်ဆေးလိပ်ကိုသာမီးညှိခဲ့သည်။မာမီကြောင့်
ဒေါသရိပ်လေးတော့မျက်မှာပေါ်တွင်အနည်းငယ်ရှိနေ
သေးပေမယ့်အရင်ကထက်စာရင်မပြင်းထန်သော
ရန်ပွဲလို့ပြောလို့ရတာကြောင့်Hyungတည်တည်ငြိမ်ငြိမ်
ပင်။နာကျင်မှုတွေကြားနေသားကျသွားသည်လားမပြော
တတ်နီရဲနေသောမျက်လုံးတွေကလွဲပြီးဘာမှရှိမနေ။
"မောင့်ကို ချစ်တယ်လို့တစ်ခါလောက်ပြောပါလား..."
Hyungသည်ဆေးလိပ်ငွေ့တွေကိုသာမှုတ်ထုတ်နေသည်။
"ဝမ်းနည်းနေတယ်မလား တခါလောက်ဖြစ်ဖြစ်ရင်ခွင်
ထဲဝင်ငိုလို့ရပါတယ်...Hyungအပိုင်ပဲဟာ...."
"တော်ပီ...ကျေးဇူးပဲ....လိုအပ်ရင်....."
"Hyungမလိုအပ်ပါဘူးဗျာ....နောက်တစ်ခါမာမီနဲ့ထိပ်
တိုက်ဆုံအောင်မလုပ်တော့ပါဘူး ဒီပြသနာကြောင့်
ကျတော့်ကိုစိတ်မဆိုးဘဲနေပေးပါ..ကျတော်ဒီရက်ပိုင်း
တွေအရမ်းပင်ပန်းနေလို့..."
နှဖူးလေးပေါ်ခပ်ဖွဖွကျလာသောနူတ်ခမ်းတစုံကြောင့်
Jiminရင်ထဲနွေးခနဲ။အနမ်းတစ်ခုခပ်နှိပ်ပီးနောက်
ပြတင်းပေါက်လိုက်ကာကိုဖွင့်ရင်းအပြင်သို့ငေးနေသော
Jungkook သည်သူ့အားကျောခိုင်းထားသည်။
ကျလာသောမျက်ရည်စတွေသည်အချစ်တွေလား
မာနတွေလား ပူဆွေးမှုတွေလား လက်လွှတ်မပေးနိုင်ချင်
တွေလား ဘာတွေမှန်းတော့မသိခဲ့....။
သေချာတာတော့ ကျောခိုင်းရုံနဲ့ငိုချလိုက်ပြီးပြီ.....။
Bạn đang đọc truyện trên: AzTruyen.Top