❤️6
အေးစက်နေသောခံစားမှုသည်ဆိုးဝါးစွာအရိုးထဲအထိ
စိမ့်ဝင်ကာတကိုယ်လုံးမလှုပ်နိုင်စွာနာကျင်လျက်။
အလင်းဝင်ပေါက်မရှိသောအခန်းကျဉ်းလေးထဲပိတ်မိနေ
ခဲ့တာဘယ်နှရက်တောင်လဲ။ကိုယ့်ကိုကိုယ်သေသွားပြီ
လားအသက်ရှင်နေတုန်းလားမသိလောက်အောင်ထုံကျဉ်
နေခဲ့သည်။Jeon......လို့အသံထွက်ရုံမျှခေါ်နေခဲ့သော်
လည်းအရိပ်အယောင်မျှပင်မတွေ့။အခန်းတံခါးပွင့်လာကာရင်ဘက်တည့်တည့်ကြမ်းတမ်းလှသောဖိနပ်တဖက်
ဖိနှိပ်လာသော်အခါ ဖျက်ခနဲသူ့မျက်လုံးတွေပွင့်သွားပြီး
အသက်ရူတွေမြန်နေခဲ့သည်။အိမ်မက်ပါ...တကယ်ကြုံခဲ့
ရသည်ဆိုအုန်းတော့ ဒါအိမ်မက်ပါ..။ပြီးသွားခဲ့ပြီးပြီ
ဆိုးဝါးတဲ့အခြေအနေတွေထပ်ကြုံစရာမရှိတော့ပါဘူး...
"Hyungသတိရပြီလား....ဘယ်လိုနေသေးလဲ...
ဘယ်နားထိ...."
ဖြောင်း....။
လက်တစ်ဖက်အားပဲ့ကြွေသွားတော့မလိုပုံစံဖြင့်ကိုင်ထား
ရင်းစိုးရိမ်ပူပန်နေပုံရနေသောJeonjungkook သည်
အိမ်မက်ဆိုးတွေထဲသို့ပြန်ပြန်ရောက်ရန်အမြဲတွန်းပို့တတ်
သူ။နိုးနိုးချင်းမျက်နှာတည့်တည့်အားရုတ်တရက်အရိုက်
ခံလိုက်ရသောသူသည်ဘာမှမဖြစ်သလိုပုံစံဖြင့်
"ဒေါသတွေကနိုးနိုးချင်းထွက်နေပြန်ပီ...မောင်တောင်းပန်
ပါတယ် မောင်စိတ်မထိန်းန်ုင်ခဲ့တာ..."
နီနီရဲရဲမျက်နှာနုနုလေးအားရင်ခွင်ထဲထည့်လိုက်တော့
အားမရှိရင်သိပ်မရုန်းနိုင်။ကိုယ်လုံးသေးသေးလေးအား
ကောက်ပွေ့ကာဆေးရုံပြတင်းပေါက်ဆီသို့ခေါ်သွားလိုက်
သည်။ခုံလေးပေါ်တွင်ခပ်ဖွဖွချပြီးသူကကြမ်းပြင်ပေါ်တွင်
ထိုင်ကာခြေထောက်နုနုလေးတွေအားပါးဖြင့်ပွတ်သတ်
ရင်း...
"ကလေးကိုမောင်သိပ်ချစ်တာ...သိလား....."
ပြတင်းပေါက်ကိုသာငေးနေလျက်ရှိသောမျက်နှာလှလှလေးတွင်နာကျင်စရာအပိုင်းအစများစွာရှိနေခဲ့သည်။
မကာကွယ်နိုင်ခဲ့ခြင်းများတွင်ထိုအလှလေး၏စိတ်ကို
ခဏခဏရိုက်ချ်ုးမှုများကအတိတ်တွင်များစွာဖြစ်
ပျက်ခဲ့သည်။
"Hyungမာန်မာနတွေကိုခဏလောက်လျှော့ပီးမာမီနဲ့သာ
အဆင်ပြေအောင်နေလိုက်ရင်....."
"ဆုတောင်းလိုက်...မင်းအမေနဲ့အဆင်ပြေအောင်နေမဲ့
အစား မင်းနဲ့မပတ်သတ်ဘဲနေလိုက်မယ်
ငါမင်းရော မင်းအမေရော မင်းကမ္ဘာကိုရောကို
ရွံလည်းရွံတယ် မုန်းလည်းမုန်းတယ်...."
"Hyungမတိုးဝင်နိုင်တိုင်း..မုန်းမနေနဲ့..Hyungလုပ်နေတဲ့
ပေါက်ကရအလုပ်တွေကိုမလုပ်ဘဲ မောင်ချပေးတဲ့အစီ
အစဉ်တွေကိုသာလိုက်မယ်ဆိုရင် အဆင်ပြေတယ်..."
"မင်းကဘာမလို့ မင်းအစီအစဉ်ကိုငါကလိုက်ရမှာလဲ
မင်းလိုက်ချင်ရင် ငါ့နောက်လိုက်ခဲ့လေ..."
"ခင်ဗျားနောက်လိုက်ရင် ဘဝပျက်သွားမှာပေါ့....."
ညှိမရချင်းပေါင်းမြောက်မြားစွာဖြင့်ဖြတ်သန်းခဲ့ရသော
နေ့တွေဟာနှစ်ယောက်လုံးအားပင်ပန်းမှုများစေခဲ့သည်။
အတိတ်တွင်ကျန်ခဲ့သောစကားခါးခ့ါးတွေဆိုပေမယ့်
Hyungကကျောက်စာတောင်ရေးထိုးထားလားမသိ။
မေ့မပစ်ဘဲနေ့တိုင်းညတိုင်းကိုသယ်ပိုးထားကာ
သူ့အားနှိပ်စက်သည်။
"သိတယ်......."
"သိရင်မဆိုးတော့ဘဲ လိမ်မာပါတော့လား..."
လက်ဖောင်းဖောင်းလေးများသည်သူအချစ်ဆုံးအစိတ်
အပိုင်းလေးတွေ..ထိုလက်ကလေးတွေသည်အချင်းချင်း
ကုတ်ဖဲ့နေကြလျှင်Hyungအရမ်းစိတ်လှုပ်ရှားနေကြောင်း
အချက်ပေးသံလို။သွေးစလေးတွေထွက်လာသည်အထိ
ဖဲ့နေတတ်ကာသူတားဆီးမှရပ်တန့်သွားတတ်သည်။
"ဘာတွေစိတ်လှုပ်ရှားနေလို့ နာအောင်လုပ်နေပြန်ပြီလဲ
ထားခဲ့လိုက်ပြီHyungလုပ်ခဲ့တာတွေကို ဘာမှမဖြစ်တော့
ဘူး Hyungအဲ့လူကြီးနဲ့ဘာပဲဖြစ်ဖြစ်မောင်ခွင့်လွှတ်တယ်"
"ခွင့်မလွှတ်လည်း ဘာမှမဖြစ်ဘူးမင်းပဲဇာတ်နာမနေနဲ့
အမြဲတမ်း......"
"အိုကေ မနာဘူး ဒါပေမယ့်တခုတော့ပြောမယ် Hyung
နည်းနည်းလိမ်မာပေး မောင့်အလုပ်ကိုလိုက်ခဲ့ပေး
မောင့်ကို အလုပ်တွေကူလုပ်ပေး....."
"ရူးနေလား....."
"ကလေး.Paris က Fashion weekတခုကိုစိတ်ဝင်စား
နေတယ်မလား မောင် ရေမီးအစုံနဲ့လေထီးခုန်ပေးမယ်
မောင် လိုက်ခဲ့ဆိုလည်း လိုက်ပေးမယ်....ဘယ်လိုလဲ"
ပြုံးသည်။ကမ္ဘာပေါ်မှာအလှဆုံးနဲ့တန်ဖိုးအကြီးဆုံး
အရာတစ်ခု။သူလိုချင်တာတခုခုလိုအပ်တာတခုခုကို
ဖြည့်စည်းပေးလိုက်ချိန်တိုင်းပေါ်ထွက်လာတတ်သော
ရှားရှားပါးပါးအရာတခု။Hyungနူတ်ခမ်းတွင်အပြုံးတခု
ဖြစ်လာဖို့ မီလီယံချီသုံးခဲ့ရလည်းလုံးဝနောင်တမရခဲ့ဖူး။
"သိပ်အလိုက်သိတာပဲမင်းက"
"ချစ်တာကို"
နူတ်ခမ်းလေးဆီခခယယချင်းကပ်ကာဆွဲယူလိုက်တော့
Hyungပြန်နမ်းခဲ့သည်။ရီဝေဝေခံစားမှုများသည်
ထိုနူတ်ခမ်းဖူးဖူးတွေအားထိတွေ့ရတိုင်းရူးလောက်
အောင်ကောင်းသည်။ခုံပေါ်တွင်ရော့တိရော့ရဲထိုင်နေ
သောလူနာလေးအားကောက်ချီကာခြေထောက်နှစ်ဖက်
အားခါးတွင်ချိတ်ထားလိုက်တော့Hyungလက်လေးတွေ
ကသူ့လည်ပင်းတွင်နေရာယူသည်။
"ဆေးရုံကြီးမှာ...တော်တော့.."
"မတော်ချင်ဘူး....မောင်ဒီလိုလေးနမ်းချင်နေခဲ့တာကြာပီ
အဆင်မပြေတာတွေအရမ်းများခဲ့တော့ အနမ်းချိုချ်ု
တွေကိုမေ့တောင်နေပြီကွာ..."
"တယောက်ယောက်ဝင်လာအုန်းမယ်"
"စိတ်မပူပါနဲ့ မောင်ရှိနေရင် ဘယ်သူမှမလာရဲဘူး"
"မင်းတဝက်ဆိုင်တဲ့ဆေးရုံကိုရောက်နေတာပဲ ဆောရီး
ငါမေ့သွားတယ်.."
"လာနှောက်ယှက်ကြည့်လိုက်လေ အလုပ်ဖြုတ်ဒိုးခိုင်း
လိုက်မယ်"
"လွယ်လိုက်တာ"
"မောင်က အရမ်းအရမ်းချမ်းသာတဲ့သူလေကလေးရယ်"
ဂုဏ်ယူစရာလိုအပြုံးတခုနှင့်အပျော်အပျက်ပြောနေ
သောJungkook သည်အမှန်တကယ်လည်းသိပ်ထက်
မြက်ပြီးသိပ်တော်လွန်းတဲ့သူတစ်ယောက်။
Paris ကFashion Weekက ပြသနာကိုဖြေရှင်းပေးနိုင်
တဲ့သော့ချက်ဟုသူတွေးသည်။
ကျန်ခဲ့သောအဖြစ်အပျက်များတွင်လည်းစျေးအကြီး
ဆုံး အခမ်းနားဆုံးအိမ်ကြီး...
နောက်ဆုံးပေါ်ပြိုင်ကားတွေနှင့် သူကပြသနာကိုလွယ်
လွယ်ကူကူရှင်းခဲ့သည်။ကြိုက်သလိုပြောဆိုဆက်ဆံ
ခဲ့ပြီးလျင် သုညတွေအများကြီးတိုးကာမက်လုံးပေါင်း
များစွာဖြင့်သူကရင်ဆိုင်သည်။
"ပိုက်ဆံပေးလိုက်ရင်အဆင်ပြေတာပဲ..ကျတော်ခင်ဗျား
ကိုပိုင်ဖို့ မကောင်းဆိုးဝါးလိုပိုက်ဆံရှာနိုင်မှ......"
အော်ကြီးဟစ်ကျယ်းရန်ဖြစ်ကြတိုင်းJungkook ၏
ရူးလောက်သည့်ရိုက်ချက်တွေ။
သူမသိခဲ့ဘူး ပိုက်ဆံမပါဘဲ တခြားနွေးထွေးသွားနိုင်တဲ့
နည်းလမ်းတွေကို...။
သူမမေးခဲ့ဘူး သူပေးတဲ့တန်ဖိုးတွေအပေါ်မှာတကယ်ရော
ပျော်နေတာလားလို့...။
သူနားမလည်ဘူး သူတခုခုပုံပေးတိုင်းပြုံးခဲ့သောအပြုံးတွေကနာကျင်လို့ဆိုတာကို...။
ခပ်ဖွဖွဖက်ဖို့သူမေ့နေတယ် ဒေါသထွက်ရင်တစစီ
ဖြစ်မတတ်ကြမ်းတမ်းဖို့ပဲသတိတရရှိခဲ့တယ်...
ချစ်တယ်လို့ နားညီးအောင်ပြောတတ်ပြီး
မကျေနပ်ရင်ချစ်တယ်ဆိုသောစကားတွေအားမကြားရဲ
တော့သည်အထိ စိတ်နှလုံးအားအပိုင်းပိုင်းပျက်ဆီးစေ
သောစကားတွေကိုသာရွေးပြောတတ်တဲ့သူ...။
နာကျင်ရတာမင်းပဲမဟုတ်ပါဘူး မောင်...။
မိဘမဲ့ဂေဟာမှာကြီးခဲ့ရလို့....
Barမှာစားပွဲထိုးခဲ့ရလို့...
ရပ်တည်နေထိုင်ဖို့ငွေမရှိလို့ နိုင်ငံရပ်ခြားကိုရရာလုပ်ဖို့
ထွက်လာရင်း ပညာတော်သင်ဆုတွေတပုံတပင်
အခြွေအရံပေါင်းမြောက်မြားစွာနဲ့ ကျောင်းလာတက်
သော တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသူဌေးသားလေး
ကို သေမတတ်ချစ်ခဲ့မိလို့....
ကြုံလာခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ဆုံးရှုံးမှုတွေကြား
သူပင်ပန်းနေခဲ့တာကို မောင်က လုံးဝမရိပ်မိခဲ့ဘူး...
မောင်သိတာက သူသည်အရိုင်းအစိုင်း
သူသည် တဖက်စောင်းနင်း...
သူသည်ဆင်းရဲ၍ငွေမက်သည်
သူသည်ချမ်းသာမှုတွေကြောင့်ကပ်မှီကာနေခြင်း...
သူသည် ပျက်ဆီးနေသော ယောကျ်ားတယောက်
သူသည်ဆေးသမား...
သူသည်ပွေလီရှုပ်ထွေးတတ်တဲ့သူ...
မောင်ဘဝထဲကိုဝင်တိုးဖို့ကြိုးစားလိုက်တိုင်းမှာစားမလို
ဝါးမလိုဝိုင်းပြူးကြည့်ကြတော့မျက်လုံးတွေနှင့်နူတ်ခမ်း
တွေအားကြောက်လွန်း၍ ပုန်းရှောင်နေခဲ့သည်။
စွန့်လွှတ်လိုက်ပါ ဆိုတော့လည်း....
JeonJungkookကသူ့ဘဝဖြစ်နေသည်။
တဖက်က စွန့်ပစ်ကာထွက်ပြေးလိုက်ချင်သောစိတ်နှင့်
တဖက်ကရူးမလိုချစ်ရသောစိတ်နှစ်ခုအားပြိုင်တိုင်း
စိတ်ငြိမ်ဆေးသောက်ကာအိပ်ခဲ့ရသောညတွေသည်
ရုပ်ဆိုးလှသည်။
"Parisကိုလိုက်မပို့ဘဲ ဒီတိုင်းလေးချော့ကြည့်ပါလား"
ဝိုင်းစက်နေသောမျက်လုံးလေးတွေသည်နားမလည်၍
ပြူးကြည့်လာတော့ သူ စိတ်တွေမောသွားခဲ့သည်။
ထိုမျက်လုံးဝိုင်းတွေအောက်မြင်မကောင်းအောင်ကျဆုံး
ခဲ့ရတာမလား....။
"ဘယ်လ်ုမျိုးလဲ....Hyung ဖြစ်ချင်တာကိုပြောလေ
ကျတော်ဘယ်လောက်ကုန်ကုန်......."
"တော်ပီ..ငါလျှောက်ပြောတာ....ငါအိပ်ချင်နေပြီ
အိပ်ယာပေါ်ပြန်တင်ပေး..."
"ချီထားမယ် မှီပီးသာအိပ်လိုက်...."
"ဟာ လေးတာပေါ့ မပိုနဲ့..."
"မောင် ချီထားချင်လို့ပါ ကလေးရာ အိပ်လိုက်ပါ..."
"ပီးတာပဲ ..."
ပုခုံးပေါ်ခေါင်းလေးမှီချလာတော့ရင်ထဲနွေးထွေးသွား
သည်။ဆယ်မိနစ်လောက်ပဲကြာသောအချိန်တွင်
ဆရာဝန်တွေ၏အားဆေးအရှိန်နှင့်အသက်ရူမှန်မှန်
အိပ်ပျော်သွားခဲ့သောသူ။အခန်းထဲတွင်ကိုယ်လုံးပိစိ
လေးအားချီပိုးရင်းအေးချမ်းနေလျက်။
ဘယ်လိုအမှားတွေပဲလုပ်လုပ် ဘယ်လောက်ဆိုးဆိုး
ဘယ်လောက်မိုက်မဲပါစေ...Hyungတောင်းပန်စရာ
မလိုဘဲခွင့်လွှတ်ကာ သူကပဲပြန်တောင်းပန်ခဲ့ရတာကြီး။
"CEO......စာချုပ်က......!"
အခန်းထဲသို့စာရွက်စာတန်းတထပ်ကြီးဖြင့်အရေးတကြီး
ဝင်လာသော Hoseokသည် ထိုမြင်ကွင်းအားတွေ့ဖို့
အဆင်သင့်မဖြစ်သေး...။လန့်ဖျန့်ကာရှေ့ဆက်ရမလ်ု
နောက်ဆုပ်ရမလိုနှင့်။
"ရှူးး မနည်းသိပ်ထားရတာ...ဘာပြောမလို့လဲအရေးမကြီး
ရင်ငါမနက်ဖြန် လာမှပြော..."
"အရေးကြီးပေမယ့်..ကျတော်ပဲကြည့်လုပ်လိုက်ပါ့မယ်
CEOမအားဘူးထင်တယ်...."
"လုပ်လိုက်....."
Hoseokသည်ခေါင်းတဆက်ဆက်ငြိမ့်ရင်းအခန်းတံခါးအားအသံမထွက်အောင်ပိတ်ကာခြေသံလုံလုံဖြင့်ထွက်
သွားခဲ့သည်။ ရင်ခွင်ထဲရှိကလေးငယ်သည်နှစ်နှစ်ခြိုက်
ခြိုက်အိပ်မောကျနေလျက်.....။
တသက်လုံးချီထားရရင်တောင်မညောင်းပါဘူးHyung
ရယ်.....မောင်အရမ်းကိုချစ်ခဲ့လို့ပါ။
Bạn đang đọc truyện trên: AzTruyen.Top