❤️3
"စားလို့အဆင်ပြေလိုက်တာ...သားစားဖိုမှုးပြောင်းထား
တာလား"
"အင်း"
Jeonအိမ်တော်ကြီး၏စားပွဲရှည်ကြီးပေါ်တွင်ဟင်းအမျိုး
ပေါင်းမြောက်မြားစွာဖြင့်ညစာစားနေသောလူနှစ်ယောက်
ဇွန်းနဲ့ပန်းကန်ထိခတ်သံတိုးတိုးဖြင့်နူးအိနေသော
အကောင်းဆုံးအသားများအားလှီးဖြတ်နေကာဝိုင်နီနီ
များသည်လည်းတောက်ပနေလျက်။
"မာမီ..ကိုလာတောင်မကြိုဘူး အလုပ်တွေအရမ်းရှုပ်နေ
သလား ဂျွန်လေး...."
တောက်ပနေသောစိန်များအားပုံစံအမျိုးမျိုးဖြင့်ဖိနပ်
တွင်ပင်အလှဆင်ဝတ်တတ်သောမာမီသည်ဒီနေ့တွင်
လည်းတဖြတ်ဖြတ်အရောင်တောက်နေလျက်။
ပြုံးယဲ့ယဲ့မျက်လုံးများကိုသူမကြည့်ခဲ့တာဘယ်နှနှစ်ရှိ
နေပီလဲပြန်မတွေးချင်တော့။စားလို့ပြီးသွားချိန်တွင်
တစ်သျှူးတစအားထုတ်ကာခပ်ဖွဖွသုတ်လိုက်သည်။
အကောင်းဆုံးသောအလှပြင်ပစ္စည်းများကိုသာသုံးခဲ့
သောမာမီ၏နုပျိုမှုသည်အံ့ဩစရာအတိ။
လက်သည်းရှည်များအားတဒေါက်ဒေါက်ခေါက်ကာ
သူ့ကိုစိုက်ကြည့်နေမှန်းသိသော်လည်းမော့မကြည့်ချင်ခဲ့
အစားကိုသာစိတ်ဝင်တစားစားပြနေခဲ့သည်။
"ParkJimin နေကောင်းရဲ့လား......"
တိခနဲရပ်သွားသောဇွန်းသံကြောင့်မာမီကနူတ်ခမ်းလေး
ကိုပိတ်ကာရီသံတစ်ခုပြုသည်။လှောင်ရီသံပေါ့....
လှောင်ပြောင်ခြင်းနယ်ပယ်တွင်ထူးချွန်ထက်မြက်လွန်း
သောမာမီသည် ဘယ်အရာကလူတစ်ယောက်၏အား
နည်းချက်ဖြစ်ပြီးဘယ်လိုများထိုးစိုက်လိုက်လျှင်အသက်
ပျောက်နိုင်မလဲဆိုတာကောင်းကောင်းသိတတ်သောသူ။
ထို့ကြောင့်မာမီကိုသူမကြည့်ချင်ပါ...။
"မာမီ...ကျတော့်ကိုခြိမ်းခြောက်ဖို့ညစာလာစားတာလား"
"သား ကိုမာမီက ဘယ်တုန်းကခြိမ်းခြောက်ဖူးလို့လဲ
ဂျွန်လေးရာ...လက်တွေ့တွေပဲပြခဲ့တာကို..."
"မာမီ စည်းတွေကိုကျော်မလာပါနဲ့တော့...."
"စည်း.....ဘာစည်းလဲ ဂျွန်လေး..."
"ကျတော်နဲ့Hyung ကြားထပ်မပါအောင်ကျတော်ခြား
ထားတဲ့စည်း တော်လောက်ပီမာမီ Hyung ပင်ပန်းနေ
လောက်ပီ...."
"မာမီဘာလို့ပြန်လာလဲသိလား ဂျွန်လေး.."
"ကျတော်စိတ်မဝင်စားဘူး နားတော့မယ်"
"စိတ်မဝင်စားလို့မရဘူး JeonJungkook ......!"
ဝိုင်ခွက်အားဆောင့်ချကာအော်လိုက်သောမာမီသည်
ဒေါသများကိုခက်ခက်ခဲခဲချိုးနှိမ်ထားရသောပုံ။
လက်ကိုင်အိတ်ထဲမှဓာတ်ပုံတထပ်ကြီးအားမျက်နှာတည့်
တည့်ပစ်ပေါက်လိုက်တာကြောင့်ကြမ်းပြင်ပေါ်တွင်
ဓာတ်ပုံများသည်လွတ်လွတ်လပ်လပ်ပျံ့ကျဲသွားခဲ့သည်။
"နင့်ရဲ့ လမ်းဘေးကကလေကချေကောင်ရဲ့ပုံရိပ်တွေ
ကိုကြည့်စမ်းပါအုန်း....နင်သေမတတ်ချစ်ပါတယ်ဆို
တဲ့ကောင်ရဲ့အဆင့်အတန်းမဲ့မှုတွေကိုခံစားစမ်းပါအုန်း
နင့်ကောင်ပေါင်ပေါ်တက်ထိုင်နေတဲ့လူကငါ့ရဲ့....."
"တော်တော့ မာမီ.....!"
Hyung လုပ်လိုက်ပြန်ပြီ..။လည်ပင်းကိုကြိုးကွင်းစွပ်ချ
လိုက်ချင်သောအခြေအနေမျိုးရောက်အောင်Hyung
ဆ်ိုးပြလိုက်ပြန်ပြီ။စိတ်ဆိုးစိတ်ကောက်ဖြစ်ကြလျှင်
Hyungကနိုင်ငံခြားထွက်သွားတတ်ကာကောင်းကောင်း
သုံးဖြုန်းပြီးလျှင်ပြန်လာတတ်သည်။ကိစ္စနည်းနည်း
ကြီး၍တလလောက်ကြာသွားလျှင်သူပါလိုက်သွားကာ
အနုနည်း အကြမ်းနည်း အလယ်အလတ်နည်းများစွာ
သုံးကာချီပိုးပြီးပြန်ခေါ်လာရတတ်သည်။
ခုတော့ လူပင်ပြန်မလာသေး လူသတ်လက်နက်ကအရင်
ရှေ့ကိုရောက်နေခဲ့ပြီ...။
"နင့်ကိုယ်နင် အားမနာဘူးလား JeonJungkook
အဆင့်အတန်း ဂုဏ်သိက္ခာ ရာထူး ပိုင်ဆိုင်မှုတွေ
နင့်ရဲ့အရည်အချင်းတွေကို နင်နည်းနည်းလေးမှအားနာ
စိတ်မဖြစ်ဘဲ နင်ဘာလို့ခုထိအဲ့ပျက်ဆီးနေတဲ့ကောင်
အပေါ်နင်ရုန်းထွက်မလာနိုင်ရတာလဲ ငါမွေးထားတာ
လူ နွားမဟုတ်ဘူး ဦးနှောက်မရှိတဲ့ကောင်ရဲ့..."
"မာမီလုပ်လို့ဒါတွေဖြစ်တာ မာမီသူ့ကိုဘာသွားလုပ်လဲ
မှမသိတာ သူမကျေနပ်ရင်လုပ်တတ်တဲ့အခြေအနေမျိုး
တွေ ကျတော်သိတယ်...."
"နင့်ကိုမွေးထားရတာရှက်တယ် Jungkook.."
မာမီသည်နာကျင်မှုတချို့ရောနှောနေသောမျက်လုံး
တွေနှင့်စိုက်ကြည့်ကာတလုံးချင်းစကားကိုဆိုသည်။
သူသည်လည်းမေးရိုးတွေတင်းလာသည်အထိအံကြိတ်
ထားရင်ဓာတ်ပုံတွေအားစိတ်ရှိလက်ရှိတပုံမကျန်ဆွဲ
ဖြဲနေသည်။ဝိုင်တွေလည်းမှောက်ကျကာကြမ်းပြင်ပေါ်
စီးနေလျက် မျက်လုံးထဲမှတပေါက်ချင်းကျလာသော
မျက်ရည်များသည်ဓာတ်ပုံတွေပေါ်သို့အတားအဆီးမဲ့
စွာ။သုံးနှစ်လုံးလုံးဆိုးတလှည့်ကောင်းတလှည့်မာယာ
များသောပင်လယ်လှလှထဲကူးခတ်နေခဲ့ရသည်။
ချစ်တဲ့စိတ်တစ်ခုထဲနှင့်စိတ်ကုန်ဖို့စိတ်ပျက်ဖို့သည်လည်း
မေ့မေ့လျော့လျော့.။
"ပိုက်ဆံကြောင့်မင်းကိုတွယ်ကပ်နေတာ...မင်းခုချိန်
မွဲကြည့်ပါလား...အရိပ်တောင်မြင်ရမှာမဟုတ်ဘူး
ParkJimin ကသိပ်ကြောက်ဖို့ကောင်းတာ...."
မမွဲရဲတော့ပါ...ဒီထက်ဒီထပ်ပိုအောင်မြင်အောင်
ချမ်းသာအောင်ပဲကြိုးစားကာHyungဘဝနေ့ရက်တွေကို
ဒေါ်လာတွေနှင့်စီမံပေးခဲ့သည်။တနေ့တော့ချစ်လာပါလိမ့်
မည်ဆိုသောမျှော်လင့်ချက် မဟုတ်ဘူး ယုံကြည်ချက်
ဖြင့်Hyungလက်ညိုးမညွှန်ခင်ရေများအားလုံးဖြစ်စေ
ခဲ့သည်။
ဆိုးဝါးလှသောဖြစ်ရပ်များတွင်Hyungရဲ့အရွဲ့တိုက်ချင်
စိတ်လေးကြောင့်ဖြစ်ရတာပါဟုနှစ်သိမ့်ရင်းကိုယ့်ကို
ကိုယ်လိမ်ထားခဲ့သည်။အလိမ်တွေပေါ်သည့်အခါမျိုး
တွင် စိတ်လွတ်ကာရန်ဖြစ်ကြတိုင်းလက်လွန်ခဲ့ရသူက
သူ..။ထို့ကြောင့်သည်းခံခဲ့သည် ခွင့်လွှတ်ခဲ့သည်
နားလည်လို့ရသမျှနားလည်ခဲ့သည်။သို့သော်...။
"ဟိုလူပြန်ရောက်နေပီမလား...."
မာမီပတ်သတ်မှုအားဂရုမစိုက်သလိုမျက်နှာပေးနှင့်
ဝမ်းပန်းတသာပျော်ပြနေသောထိုလူအားဘယ်လိုနား
လည်ပေး၍မရတော့။သူ့ခါးသိမ်သိမ်အားဖက်ထားခဲ့
သောလက်များကိုဓားဖြင့်နူတ်နူတ်ဆင်းကာ
အိမ်သာထဲထည့်ရေဆွဲချလိုက်ချင်သည့်စိတ်...။
သဝန်မတိုတတ်တာမဟုတ်..။ParkJimin ကိုကြည့်ရင်
တောင်ထထိုးချင်သောသူ့စိတ်ကိုဖိနှိပ်ထိန်းသိမ်းကာ
သည်းခံခြင်းတရားပေါက်နေသူလိုဟန်ဆောင်ခဲ့ရသည်က
သိပ်ပင်ပန်းလွန်းပါသည်။
"ခင်ဗျား...အသေပဲ....!"
Namjoonအားထိုလူရှိသောနေရာသို့မေးပြီးသည့်နောက်
ဖုန်းချကာကြိမ်းဝါးလိုက်သောအသံသည်ခြောက်ခြား
နေလျက်။ကားကိုမိုင်ကုန်တင်မောင်းကာထိုလူပျော်
ပါးနေမည့်နေရာသို့အမြန်ရောက်ရန်သာစိတ်ဆောင်နေခဲ့သည်။ဆယ့်ငါးမိနစ်လောက်အကြာလမ်းကြားတခုထဲ
ရှိမီးရောင်မှိန်မှိန်စားသောက်ဆိုင်တခုဆီသို့ရောက်တာ
နှင့်ဆိုင်တံခါးအားခြေထောက်ဖြင့်ကန်ဖွင့်လိုက်တာ
ကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူမျက်လုံးပြူးလျက်..။
စားသောက်ဆိုင်ထဲသို့ပြေးဝင်လာရင်းနောက်ဘက်ရှိ
အခန်းတွေထဲသို့တခန်းချင်းတံခါးများအားကန်ဖွင့်သံ
များသည်မသိလျင်ဓားမြဝင်စီးနေသည့်အတိုင်း..။
အခန်းတံခါးတခုကိုအဖွင့် ဖဲချပ်များအားစိတ်ဝင်တစား
စူးစူးရဲရဲကြည့်နေသောထိုလူသား။အားလုံးကခေါင်း
ထောင်မော့ကြည့်ကြသော်လည်းသူကတော့ဖဲချပ်တွေ
ဆီမှာပဲစိတ်ဝင်စားမှုအပြည့်။အခန်းထဲဝင်လာကာ
လက်ကောက်ဝတ်မှကိုင်ပြီးဆောင့်ဆွဲကာခေါ်လာလိုက်
သည်။
"ငါမအားဘူး...အလုပ်လုပ်နေတယ်မမြင်ဘူးလား..."
"ခင်ဗျားပါးစပ်ပိတ်ပြီးလိုက်ခဲ့..ကျတော်ဒီလိုနေရာမျိူး
မှာရုတ်ရုတ်သဲသဲမဖြစ်ချင်ဘူး....."
"ငါဖဲရိုက်နေတယ် မင်းပြောချင်ရင်ဒီမှာပြောပီးပြန်တော့"
တိခနဲရပ်ချလိုက်သောခြေလှမ်းကြောင့်သူထပ်ဆွဲလာ
သော်လည်းဆက်မလိုက်လာတော့။
"ခင်ဗျား ရဲ့ရွံစရာဇာတ်လမ်းအကြောင်းကိုဒီမှာပြောလို့
ရတာသေချာလား..."
"ငါ့မှာဘာရွံစရာဇာတ်လမ်းမှမရှိဘူး ပျော်စရာဇာတ်လမ်း
တွေပဲရှိတယ်....."
"Ha Ha......ခင်ဗျားဟာလေ...."
Jungkookပုံစံသည်မူမမှန်..အဓိကကနီရဲနေသောမျက်လုံးတွေကြောင့်...
"ငါ့တိုက်ခန်းကိုသွားရအောင် ဘာတွေဖြစ်မှန်းမသိပေမယ့်
မင်းကြည့်ရတာငါမသက်သာဘူး...."
ရှေ့ကနေဦးဆောင်လျက်ကားသော့လေးလှည့်ကာထွက်
သွားပြီးကောင်တာရှိဆိုင်ပိုင်ရှင်အားပိုက်ဆံရှင်းနေသည်။
"ပိုင်ရှင်ကလာပြန်သိမ်းပီပေါ့ မင်းသားလေးကို...."
"မင်းသိပ်စကားများတာပဲ...."
ပိုက်ဆံတရွက်အားပစ်တင်ပေးလိုက်ကာဆံပင်တွေအား
တချက်လှန်တင်ရင်းထွက်လာခဲ့သည်။
ဘယ်သူကစနာကျင်ခဲ့ရတာလဲ.....။တဖက်သတ်ကြီး
တွေးချလို့မရတဲ့အထဲမင်းရောငါရောပါနေခဲ့တယ်ဆို
ငါလည်းပဲနစ်နာသူပါ Jeon....
နစ်နာပြလို့မရတဲ့နစ်နာသူပါ Jeon....
ဒီညတော့ ဘယ်လိုစကားလုံးမျိုးတွေနဲ့စော်ကားပြဖို့
ဖဲဝိုင်းအထိ ဂုဏ်သိက္ခာနဲ့အဆင့်အတန်းကိုဘုရားလို
ကိုးကွယ်တတ်သောအသိုင်းအဝိုင်းကြီးကမင်းက
ပေါ်တော်မူလာရသလဲ.....။
ပုံမှန်ဆိုတစ်ယောက်ယောက်အားအခေါ်လွှတ်တတ်သူမလားဒီလိုနေရာမျိုးတွေကိုစိတ်ကူးယဉ်ပြီးတောင်လာ
ဖို့တွေးမိမဲ့သူမဟုတ်..။
"မာမီ အိမ်ရောက်နေတယ် ခင်ဗျားလုပ်ထားတာတွေ
ခင်ဗျားသိမှာပေါ့ParkJimin...ဒီညတော့ခင်ဗျား
မသေရင် ကျတော်အသေပဲ"
သိပ်နားမလည်သည့်အတွက်သူ့မျက်နှာကိုသာခပ်ငေး
ငေးကြည့်နေခဲ့မိသည်။သူငိုထားပုံလည်းရကာ
တခုခုတော့အကြီးကြီးဖြစ်လာသည့်ပုံ။
သူ့မာမီ...ဆိုသောဇာတ်ကောင်ကပါဝင်လာတာကြောင့်
တစ်စုံတစ်ခုသည်သူ့အားစိန်ခေါ်ချလိုက်ချေပြီ...။
သေချာပါသည်.....ကောင်းသောလာခြင်းမျိုးမဟုတ်
နိုင်တော့....Jungkook အမေသည် သူ့အား
အစဖျောက်ရန် အချိန်တိုင်းစီစဉ်နေတတ်တဲ့သူမလား။
Bạn đang đọc truyện trên: AzTruyen.Top