⭐️29
"နာယောင်းက ရောက်တောင်နေပီလား...."
"လူကြီးကနောက်ကျနေတာပါနော်"
အပျင်းပြေလေးသည်စကတ်တိုကပ်ကပ်လေး
ဝတ်ကာဧည့်ခန်းခုံတွင်ထိုင်နေပြီး
နူတ်ခမ်းဆူခြင်းအမှုကိုပြုသည်။
နက်မှောင်နေသောShirtအကျီအား
ဒူးပြဲဘောင်းဘီနှင့်တွဲဝတ်ကာဆံပင်တွေကို
လွတ်လပ်စွာချထားသောJeonသည်
အများကြီးပိုငယ်သွားသလို...။
ဒါကSweet 18လေးနှင့်တွဲသွားတွဲလုပ်
တိုင်းအမြဲလန်းဆန်းစွာပြင်ဆင်တတ်သော
အပြင်အဆင်တခု။
"ကိုယ့်ကိုကြည့်လို့ဝပြီလား"
ပါးချ်ုင့်သေးသေးလေးပေါ်အောင်ပြုံး
ရင်းရှတတအသံဖြင့်မေးလာလေသော
လူကြီးအား ကြွေကျ၍မဆုံးနိုင်ပါ။
ဘယ်လောက်ပဲအသက်တွေအများကြီး
ကွာဟနေပါစေ..သက်တူရွယ်တူယောကျ်ား
လေးတွေမမှီနိုင်သောအရှိန်အဝါမျိုးလူကြီးမှာ
အပြည့်အဝရှိနေခြင်းအားသူမသိပ်သဘောကျ
သည့်အချက်။Shoppingထွက်တိုင်း
BlackCardတခုဖြင့်အရာအားလုံးလက်ထဲ
ရောက်စေခဲ့သောလူကြီး၏လက်ကိုချိတ်
ရသောအခိုက်အတန့်များသည်လေပေါ်လွင့်နေသလို။
အမြဲတမ်းActiveဖြစ်နေတတ်သောလူကြီးကို
ဘယ်သူတွေကအရှုံးသမားလို့ဝေဖန်ရဲကြသလဲ
မသိ။လူကြီးတွင်ရှုံးသွားသောလက္ခဏာများ
တခုတလေတောင်ရှာမတွေ့ခဲ့ပါ....။
Shopping Mallတခုထဲခြေဆန့်ရင်း
လိုချင်တာအားလုံးလက်ညိုးထိုးတတ်သော
နာယောင်းသည် ချစ်စရာကောင်းသည်။
လန်းလန်းဆန်းဆန်းပန်းပွင့်လေးလို..
ပလီပလာအပြောလေးတွေအောက်တချို့
ဝေဒနာတွေအားခေတ္တခဏတော့မေ့မေ့ပျောက်
ပျောက်တော့နေလို့ရခဲ့သည်မလား။
.........။
"အပြင်မထွက်ချင်ပါဘူးဆိုခါမှပဲ
တခုပီးတခုခိုင်းနေတော့တာပဲ
အိမ်ထဲနေပြီး ဘာတွေဝယ်ခိုင်းမှန်းလည်း
မသိဘူး...Namjoon Hyung
ကငါ့ကိုတကယ်ပြန်ပြေးချင်အောင်လုပ်နေတာ
သည်းခံ သည်းခံ....Parkjimin....."
"အ......!!!!"
NamjoonHyungဝယ်ခိုင်းလိုက်သော
ပျားရည်ဘူးအားဆက်ခနဲယူပြီး
ထိုကောင်တာမှကွေ့အထွက်အကျီဖြူဖြူ
ပေါ်သို့ရောက်လာသောCoffeeညိုညိုတွေ... ။
"ဟယ်......!!!!"
သူကြည့်လိုက်တော့အရုပ်မလေးလိုမျက်လုံး
ကြီးကြီးတွေနှင့်ကောင်မလေးတစ်ယောက်
ဖြူစွတ်နေသောအသားပေါ်တွင်အနီရောင်
အကျီနဲ့စကတ်ကျပ်ကျပ်ကိုဝတ်ထားကာ
ရွှေဝါရောင်ဆံပင်အရှည်ကြီးတွေ....။
လူနဲ့တောင်မတူပါ ဘာဘီအရုပ်မလို။
တကိုယ်လုံးဘယ်လောက်များဓားရာ
တွေများလိုက်မလဲ.....။
"ကျစ်....!!!"
Maskနှင့်ဦးထုတ်အမဲကြားကမျက်လုံးတွေ
သည်ဒေါသထွက်သွားသောပုံ။
စူးရှနေလျက်ရှိကာအကျီဖြူဖြူမှCoffeeတွေ
အားခါထုတ်နေသည်။
"Sorryပါ Sorryပါ...အကို....."
"လူတယောက်လုံးကိုမမြင်ဘူးလား...."
"ဖုန်းပြောလာမိလို့ပါ...ဒီ..ဒီမှာ တစ်သျှူးး"
အိတ်သေးသေးလေးမှတစ်သျှူးတချို့အား
ထုတ်ကာသူ့အကျီတွေဆီလက်လှမ်းလာတော့
နောက်ဆုပ်လိုက်သည်။
"ရတယ်...."
ဩဇာညောင်းသည်လေသံမျိုး။တခြား
တယောက်ကိုလွှမ်းမိုးသွားနိုင်သည့်
အေးစက်မှုတွေပျော်ဝင်နေသောလေသံမျိုး။
ကိုယ်တိုင်ပင်သုတ်ပေမည့်ဆဲဆဲတန့်ခနဲ..။
"တောင်းပန်ပါတယ်နော်..အကိုအကျီအသစ်လဲ
မလား နာယောင်းပြန်ဝယ်ပေးပါ့မယ်..."
"မလိုဘူး ဖယ်..."
"ဟို....အဆင်ပြေပါတယ်နော်..."
"နာယောင်း......!!"
နားထဲသို့မိုးကြိုးပစ်ချလိုက်သလို....။
ထွက်သွားတော့မည့်ခြေလှမ်းတွေသည်
တန့်ခနဲ.....။ဒီအသံ...
ဒီလေသံ...ဒီအငွေ့အသက်သည်
သူကြိမ်ဖန်များစွာခံစားခဲ့ရသော
ဒြပ်မဲ့အရာတွေမလား။
တခြားမိန်းကလေးတစ်ယောက်ကို
စိုးရိမ်တကြီးခေါ်လိုက်တာကလွဲလို့
ကျန်တာဘာမှမပြောင်းလဲ။
သွားလိုက်စမ်းပါလို့ကိုယ့်ကိုကိုယ်
တိုက်တွန်းနေသော်လည်းအမိန့်ချ၍
မရသောနှလုံးသားသည်ကျောက်ချထား
သလိုတစက်မှမရွေ့...။
"ဘာဖြစ်တာလဲ Babe....."
အနားသို့ရောက်လာသောအခါရလိုက်
သောကိုယ်သင်းနံ့သည်အတိတ်ဆီသို့
မရမကကိုဆွဲခေါ်သွားပြန်သည်။
သူသည်ဘာမှမပြောင်းလဲခဲ့ပါလား။
သို့သော် မိန်းကလေးတယောက်အပေါ်
စိုးရိမ်စွာဖြင့်တော့စိတ်ပူတတ်ခဲ့ပြီလေ။
"ဒီအကို နဲ့တိုက်မိတာ အကျီတွေအကုန်
Coffeeတွေပေကျံကုန်တာ လူကြီးရယ်
အားနာနေလို့ အကျီကလည်းအဖြူဆိုတော့
တော်တော်ဆိုးသွားတယ်....."
"ဟုတ်လား....."
မတ်တပ်ရပ်နေသောဦးထုတ်အမဲနှင့်လူအား
ထပ်အားနာရကြောင်းပြောရန်ကြည့်မိလိုက်
သောအချိန်.....။
ဦးထုတ်နှင့်Maskအမဲကြားမှမျက်လုံးတွေ...။
ကမ္ဘာပျက်သွားသလိုခံစားလိုက်ရသည်။
ဘဝတလျှောက်လုံးအရှုံးပေးခဲ့ရသော
မျက်လုံးတွေ.....။
ပြိုလဲခြင်း ပျက်ဆီးခြင်း ပျက်သုန်းခြင်း
များ၏ပြယုတ်လို အပူတပြင်းတောက်လောက်
နေဆဲ။
ကျုံးနွံမှု နာကျင်မှု ဘဝတခုလုံးပင်
ဆုံးရှုံးမတတ်ဖြစ်ခဲ့ရသောမျက်ရစ်မပါသော
မျက်လုံးတွေအားဘယ်လိုမုန်းလို့မုန်းမှန်း
မသိ။ ဘာလို့ပြန်ပေါ်လာတာလဲ....။
ဘာကြောင့်ရှိနေသေးတာလဲ...။
ခြေထောက်တွေပင်မခိုင်နိုင်တော့တာကြောင့်
လှုပ်လှုပ်ရှားရှားဖြစ်သွားတော့နာယောင်းက
လက်မောင်းတဖက်အားလှမ်းတွဲပေးသည်။
"လူကြီး..ဘာဖြစ်တာလဲ....."
"ဘာမှမဖြစ်ဘူး...ပြန်ကြရအောင် နာယောင်း"
"ချက်ချင်းကြီး..လူကြီးရာ..."
နောက်တကြိမ်ပြန်ရင်ဆိုင်လိုက်ပြန်
သော်လည်းသူ့အားစိုက်ကြည့်နေသေးသော
မျက်လုံးတွေ ...ဖောက်ထုတ်ပစ်လိုက်ချင်
သောစိတ်သည်တားမရစီးမရ။
ငါးနှစ်လုံးလုံး ထားခဲ့သောတေးထားမှု
တွေသည် အသွေးအသားထဲကရုန်းကြွ
လာခဲ့သည်။မဖြစ်ဘူး...မဖြစ်ဘူး...။
နာယောင်းလက်ကိုဆွဲကာမြန်မြန်ဆန်ဆန်ပင်
ထွက်လာခဲ့လိုက်သည်။
မိန်းကလေးလက်အားဆွဲလျက်ထွက်သွား
ခဲ့သောသူသည်...တကယ်ပဲ
JeonJungkookလား....။
ဘယ်လောက်မုန်းနေကြောင်း
ဘယ်လောက်မကျေနပ်နေခဲ့ကြောင်း
ဘယ်လောက်သတ်ပစ်နေချင်ကြောင်း
ဘယ်လောက်ရွံရှာနေခဲ့ကြောင်း
စကားတခွန်းမှမဆိုဘဲအကြည့်နဲ့တင်
အောင်အောင်မြင်မြင်ပြသသွားခဲ့သည်။
သူကပင်အလွမ်းတချ်ု့ပါဝင်သော
အကြည့်တခုဖြစ်ခဲ့သော်ငြား
ငါးနှစ်အကြာပြန်တွေ့ဆုံမှုတွင်
Jeonကတော့မကောင်းဆိုးဝါးလို
နူတ်ဆက်ခဲ့ပါသည်။
"ပြောပါတယ် ကျတော်ပြန်မလာချင်ပါဘူးလို့...."
ကောင်တာသို့မှီချကာလက်ထဲကပျားရည်ပုလင်း
လေးသည်လည်းကြမ်းပြင်ပေါ်လှိမ့်ကျသွား
ခဲ့သည်။
...........။
"Hoseok...ငါ့ကိုလေယာဉ်လက်မှတ်ပြင်ပေး..."
ရုံးခန်းထဲဝင်လာသောCEOသည်ရှပ်အကျီ
ကြယ်သီးတွေအားဆွဲဖြုတ်ကာအရေးပေါ်အခြေ
အနေတစ်ခုကြုံလာခဲ့သောပုံ။
"ဘာဖြစ်လို့လဲCEO ဘယ်သွားမလို့လဲ
တခုခုအရေးကြီးရင်ကျတော်ပဲသွားလိုက်ပါ့မယ်"
"ငါဒီနိုင်ငံမှာနေလို့မဖြစ်တော့ဘူး..NY
ဖြစ်ဖြစ် နေဖို့ပါသေချာစီစဉ်လိုက်..."
"ဘာတွေဖြစ်လာလို့လဲ.."
Hoseokသည်စားပွဲမှထလာကာသူ့ဆီသို့လျှောက်
လာသည်။
"သူ့ကိုတွေ့ခဲ့တယ်...."
တုန်လှုပ်မှုအားမနည်းထိန်းထားနေသောJungkook
သည်မျက်လုံးတွေကတော့လိမ်ညာ၍မရခဲ့။
အတိုင်းအထက်အလွန်ထိန့်လန့်နေဟန်။
တုန်ရီနေသောလက်တွေအားနောက်ထပ်လက်တဖက်
ဖြင့်ပြန်ထိန်းလိုက်ရင်းအတတ်နိုင်ဆုံး
တည်တည်ငြိမ်ငြိမ်ပြောနိုင်ဖို့ကြိုးစားနေရ
သောပုံ။
"ဘယ်မှာတွေ့ခဲ့လို့လဲ သေချာလို့လား"
"Mallမှာ သူ့တကိုယ်လုံးကာကွယ်ထားပေမယ့်
ငါသူ့ရဲ့ကြောက်စရာမျက်လုံးတွေကို
ဘာလို့မမှတ်မိရမှာလဲ..."
မျက်လုံးတွေပဲတွေ့ရသေးသည်။ငါးနှစ်တာလုံး
ချူပ်တည်းလုပ်ယူခဲ့သောအပြုအမူအပြော
အဆိုများသည်တစတစလွှင့်ပျောက်လာပြီ။
ငါးနှစ်လုံးဟန်ဆောင်ခဲ့သောကျားရဲလို
မျက်လုံးတွေသည် ကြောင်ငယ်လေးလို
တုန်တုန်ရီရီ...။ParkJimin၏
တန်ခိုးကြီးပုံတွေများ....။
"တနိုင်ငံထဲမပြောနဲ့ တမ္ဘာထဲတောင်မဖြစ်
လို့ငါနေနေရတာ...တခြားဂြိုလ်ပေါ်မှာ
သွားနေလို့ရရင်နေလိုက်ချင်တယ်..."
"သူ့ကို ကျတော်က မေ့ပစ်လိုက်ပီထင်နေတာ
ပြန်တွေ့ဖြစ်ရင်လည်းဒီလိုမျိုးဒေါသထွက်
နေလိမ့်မယ်လို့မမျှော်လင့်ထားဘူး CEO"
"ငါရောပဲ ငါရောပဲ ...ငါ့ကိုယ်ငါမုန်းလို့
သေတော့မယ်...အဲ့တာကြောင့်ငါ
ဒီနိုင်ငံရဲ့အဝေးဆုံးတနေရာရာမှာသွားနေမှ
ဖြစ်မယ်...."
"CEOရဲ့ ကျန်းမာရေးက တခြားနေရာစိမ်းတခုခု
မှာသွားနေထိုင်ဖို့မသင့်တော်ပါဘူး...
ပြီးတော့ ထပ်လည်းသူ့ကိုအရှုံးမပေးပါနဲ့တော့"
Hoseokမျက်လုံးတွေသည်အဓိပ္ပာယ်ပေါင်း
များစွာဖြင့်ရောယှက်နေကာသူချက်ချင်းမျက်နှာ
လွှဲလိုက်သည်။
"ငါမဖြစ်ဘူး Hoseok....."
"ဖြစ်ပါတယ်...ချစ်ခြင်းမုန်းခြင်းမရှိဘဲ
နေပါမယ်ဆို ငါးနှစ်တောင်နေသားကျနေပီကို
မျက်လုံးလေးတွေမြင်လာခဲ့ရုံနဲ့မတုန်လှုပ်နဲ့
တော့လေ နောက်လည်းဆုံချင်မှဆုံမှာပါ
ဆိုးလ်ကအကျယ်ကြီးပါ....
CEOကပြုံးပြတာကိုတုန်လှုပ်နေရမှာသူပါ...
ကျတော့်ကိုယုံပါ နောက်ထပ်CEO
သူ့ကိုထပ်မတွေ့စေရတော့ပါဘူး"
"သတ်ပစ်မလို့လား......"
ဓားသွားလိုမျက်လုံးတွေသည် လုပ်ရဲလုပ်ကြည့်
ဆိုသောအဓိပ္ပာယ်တွေအပြည့်..။
ယောင်းငယ်သိပ်ချစ်သောလူသည်
ယောင်းငယ်လိုတပုံစံထဲဖြစ်နေခဲ့တာပါလား။
"သတ်ပစ်ရမယ်ဆိုလည်း လွယ်ပါတယ်
အမိန့်သာပေးလိုက်ပါ..."
"မာမီ့လူတွေလို့မပြောရဘူး....."
"ကျတော်က CEOရဲ့ထာဝရလူပါ..."
"မင်းငါခိုင်းတာမလုပ်ဘူးလား..."
"သဘာဝမကျတဲ့ကိစ္စမလို့ပါ CEO...
ကျတော်တောင်းပန်ပါတယ်."
အခန်းတံခါးအားဆောင့်ပိတ်ကာထွက်သွား
သောသူသည်မနက်ကပျော်ရွှင်တက်ကြွနေခဲ့
သောလူမဟုတ်တော့သည့်အတိုင်း။
ParkJiminသည်ထိုကဲ့သို့ခြောက်ခြား
စရာအလှတရားမျိုး။ဘယ်နှနှစ်ပင်ထိန်းချူပ်
ပြင်ဆင်ခဲ့ပါစေ စက္ကန့်ပိုင်းတွင်
JeonJungkookအားခွေယိုင်လဲစေခဲ့တာမျိုး။
မုန်းရင်းမုန်းရင်း.တုန်လှုပ်လာစေသော
လွမ်းဆွတ်မှုတွေကိုခပ်ဖြည်းဖြည်းလေး
ရေးဆွဲနိုင်ခဲ့တာမျိုး...။
ဘယ်လိုမျိုးများမှရုန်းထွက်လို့ရမလဲ....။
.......။
စိတ်ပြေလက်ပျောက်ဟုHoseokစီစဉ်ခဲ့သော
အလှူအတန်းတခုအားပါရမီဖြည့်ရန်
မိဘမဲ့ဂေဟာတခုဆီသို့လာနေခဲ့သည်။
တလမ်းလုံးအိပ်လျက်သူဘာကိုမှမတွေးချင်
နာယောင်းကအတင်းလိုက်ရန်ကပ်တွယ်
နေခဲ့သော်လည်းထားရစ်ခဲ့သည်။
အသံတစုံတရာမှမကြားရလျှင်ပိုကောင်း
မည်လေ...။
"ကိုကိုက ဦးလေးNamjoonရဲ့သားလေးလား"
စပို့ရှပ်အစင်းကြားလေးနှင့်ဘောင်းဘီတို
လေးဝတ်ထားကာကလေးတွေကြားထဲ
မုန့်ထိုင်စားနေသောJiminသည်စိတ်သိပ်မရှည်
တာကြောင့်မကြားချင်ယောင်ဆောင်ကာ
မုန့်ပဲစားနေလိုက်သည်။
သူနဲ့တွေ့ဆုံခဲ့ခြင်းတွင် အမုန်းတရားဟူ
သောအငွေ့အသက်များကိုသာခံစားမိခဲ့ခြင်း
ကြောင့်ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း
အဆင်မပြေနိုင်ခဲ့။YoongiHyungရော
NamjoonHyungကိုပါအပြင်းအထန်ပေါက်ကွဲ
ခဲ့ပီးနောက်ဂေဟာသို့ထွက်ကာနေနေခဲ့သည်။
"ကိုကို ကသားတို့မုန့်တွေကျစားပီး
သားတို့ကိုမဖြေဘူး...."
"မင်းတို့ကရောဘာလို့ပေါက်ကရတွေလာမေး
နေတာလဲ.."
"တီချယ်တွေပြောတာကြားမိလို့ပါ"
"ကလေးတွေဖြစ်ပီးတအားစပ်စုလွန်းတယ်
NamjoonHyungမွေးစားထားတာတွေလို့
မပြောရဘူး...."
"ကိုကို အကျီအသစ်မဝတ်ဘူးလား"
"ဘာဆိုင်လို့ဝတ်ရမှာလဲငါက"
"ဒီနေ့အလှူရှင်တွေလာမှာလေ...."
"ငါ့ကိုလာလှူတာမှမဟုတ်တာ မင်းတို့ကိုလာလှူ
မှာလေ..'မင်းတို့သွားမဆော့တော့ဘူးလား
ငါ့ဆီပဲဘာလို့လာကပ်နေတာလဲ"
"ကိုကိုက အရမ်းလှလို့....ပါးလေးတွေက
ဖောင်းပီး နူတ်ခမ်းလေးတွေကအကြီးကြီး"
ကိုယ့်စိတ်ညစ်ကိုယ်လမ်းပျောက်နေရတဲ့ကြားထဲ
ကလေးတကောင်ပြစ်မှားနေတာကိုသည်းခံ
နေရတာကြောင့်စိတ်လျှော့ကာ
မုန့်ပဲပါးစပ်ထဲထိုးသွပ်နေလိုက်သည်။
"ဟေ့ကောင်ဟိုမှာ အလှူရှင်တွေလာပီ
လာလာသွားကြိုသွားအောင်....!!!!"
ကယ်တင်ရှင်အလှူရှင်ကားအားဦးချချင်
စိတ်ပင်ပေါက်ကာမုန့်သုံးလေးခုထပ်ယူ
ရင်းဂေဟာဘေးရှိအပင်အောက်သို့သွား
အိပ်ရန်ပြင်ဆင်လိုက်သည်။
ကားအနက်ကြီးဖြင့်အဆောင်အယောင်
ထည်ဝါမှုတွေကိုမြင်တိုင်းတချိန်က
ကားနောက်ခန်းတွင်မျက်နှာသေဖြင့်
ထိုင်ထိုင်နေကာသူ့အားလောင်းကစား
ဝိုင်းပေါင်းစုံတွင်လိုက်ဖမ်းခဲ့သော
သူဌေးသားလေးအားပြေးမြင်မိသည်။
ထို့နောက်Riကိုမြင်သည်။
ရင်တခုလုံးနာကျင်လွန်းလာတာကြောင့်
အပင်အောက်ဆီသို့သာမြန်မြန်ပြေးထွက်
ခဲ့သည်။
"မျှော်နေခဲ့ပါ သူဌေးJeon...Hoseok
ဆက်သွယ်လာထဲကကျမတို့သိပ်ပျော်
သွားခဲ့တာကျေးဇူးတင်ပါတယ်"
မိဘမရှိရှာတော့သောအရွယ်ပေါင်းစုံက
ကလေးလေးတွေသည်သူ့အားကြည်နူး
စွာဝိုင်းကြည့်ကြတော့အေးချမ်းသွားသည်
ကတော့အမှန်ပင်။Hoseokသည်တကယ့်
မိတ်ဆွေကောင်း ဝန်ထမ်းကောင်း...။
မုန့်တွေ အဝတ်အစားတွေ အရုပ်ကလေးတွေ
ငွေသားတချို့ကိုလည်းလှူဒါန်းရင်း
ပီတိဆိုသောအရာအားစခံစားမိသည်။
ထမင်းစားကြသော်အခါ သူ့နာမည်အား
ခေါ်ဆိုရင်းဆုတောင်းပေးခဲ့တော့
ဘဝတစ်လျှောက်လုံးတောက်လောင်ခဲ့သော
အချစ်မီးအမုန်းမီးများသည်ရေဖြန်းချလိုက်သလို။
မွေးခင်းစကလေးလေးအားကြည့်မိပြန်
တော့စိတ်မကောင်းမှုသည်အတိုင်းအဆမဲ့။
ဖေဖေသတ်သေသွားပီးနောက်တနှစ်သား
လေးသူ့အားတယောက်ထဲပြုစုပျိုးထောင်
ပေးခဲ့သောလွန်ခဲ့တဲ့ငါးနှစ်ထဲကစကားလုံးဝ
မပြောဖြစ်တော့သောမာမီသည်ဒီလိုမျိုးတော့
မစွန့်ပစ်ခဲ့တာကျေးဇူးတင်ရမည်။
သူ့မှာမိသားစုဆိုတာလေးတော့အနည်းဆုံး
ရှိခဲ့တာပေါ့။
"ဒီဂေဟာလေးက မိဘမဲ့ကလေးလေး
တယောက်ကိုရည်စူးပီးတည်ထောင်ခဲ့တာလေ"
"ရည်စူးပီးဆိုတော့ ဆုံးသွားလို့လား"
"ဟုတ်တယ်...အသက်ငယ်ငယ်လေးပဲ
ရှိသေးတာ..သူမကိုမွေးစားခဲ့တဲ့ကောင်လေးက
တည်ထောင်ထားတာ"
"သိပ်ချစ်ခဲ့တဲ့ပုံပဲ"
"တခါတလေ...ချစ်ခြင်းတရားတွေက
ဆန်းကြယ်ပါတယ်သွေးသားမှချစ်ရမယ်
လို့လည်းမဟုတ်ဘူးပေါ့ လူတိုင်းအပေါ်
မေတ္တာထားတာအအေးချမ်းဆုံးဖြစ်လိမ့်မယ်"
"ဟုတ်ကဲ့ ကျတော်ကြိုးစားကြည့်ပါ့မယ်"
"တီချယ်...........ကိုကိုသစ်ပင်ပေါ်ကပြုတ်တာ
သွေးတွေအများကြီးပဲ....လာပါအုန်း..."
ကလေးတယောက်သည်အလောတကြီးပြေး
ဝင်လာပြီးမောမောပန်းပန်းဆိုသည်။
ဂေဟာတခုလုံးလည်းလုပ်ကိုင်ပေးသော
အဒေါ်ကြီးတွေနှင့်ကလေးတွေပဲရှိတာ
ကြောင့်အလောတကြီးပင်သူချက်ချင်း
ပြေးထွက်သွားမိလိုက်သည်။
ကလေးလေးပြေးရာနောက်လိုက်ခဲ့ရင်း
သစ်ပင်တပင်အောက်အရောက်ခြေသလုံး
တနေရာတွင်တခုခုဖြင့်ခြစ်မိထားသော
အနာမှသွေးတွေထွက်နေကာမှောက်ရက်
လဲကျနေသောကောင်လေးတစ်ယောက်။
"ကလေးမဟုတ်ဘူးပဲ"
ပေါင်ရင်းလောက်အထိဘောင်းဘီတိုလေး
ဝတ်ထားသောကြောင့်ဖြူနုနေသော
ခြေထောက်လေးတွေကသူ့အား
ပူခနဲတော့ဖြစ်စေပါသည်။
ကြိုးစားပမ်းစားထနေပေမယ့်လက်လည်း
နာသွားပုံရတာကြောင့်မထနိုင်ခဲ့။
သူခပ်မြန်မြန်ပင်ခန္ဓာကိုယ်ငယ်အား
သွားထူကာမြေကြီးပေါ်သို့
ဦးတည်နေသောခေါင်းလေးအားဆွဲလှည့်ရင်း
ကောက်ချီရန်ပြင်ဆင်လိုက်သည်။
"ဟင်.....ဒါက....."
နာကျင်၍လားမသိ အံကြိတ်ကာမျက်ခုံးတန်း
တွေတွန်းချိုးနေသောကောင်လေးသည်
ဘာလို့...ဘာလို့....ParkJiminဖြစ်နေရတာလဲ။
တယောက်ယောက်ကလာထူသည်ကိုခံစားလိုက်
ရလိုက်တာကြောင့်နာလွန်း၍စုံမှိတ်ထားသော
မျက်လုံးတွေကိုဖွင့်ကာမြန်မြန်ဆေးခန်းပို့ပေး
ရန်အော်လိုက်တော့မည့်ဆဲဆဲ နီးနီးကပ်ကပ်တွေ့
လိုက်ရသောမျက်လုံးဝိုင်းကြီးတွေကြောင့်
ကြောင်အသွားသည်။
နာကျင်မှုကိုမခံစားရတော့ဘဲထိုမျက်လုံးတွေ
ကိုသာငေးနေမိပြန်သည်။
သူ့မျက်နှာအားပေါက်ထွက်မတတ်စိုက်ကြည့်
နေရင်းမှ ထိုမျက်လုံးဝိုင်းတွေသည်
အရောင်ပြောင်းသွားကာမထင်မှတ်သော
အလုပ်ကိုပြုခဲ့သည်။
သူ့အားပွေ့ထားရာမှမြေပြင်ပေါ်ပြန်ပစ်ချလိုက်ခြင်း။
ထို့နောက်လူအုပ်ကြားထဲသို့တိုးဝင်ကာ
ပြန်ထွက်သွားခဲ့သည်။
ဘာကြောင့်သူ့ကိုယ်လုံးကငှက်မွှေးလို
အလေးချိန်မရှိပေါ့ပါးနေရတာလဲ
ဘာကြောင့်မျက်နှာတွေကပိန်သွားပီး
မေးရိုးတွေကထင်းလာရတာလဲ
ဘာကြောင့်ဘောင်းဘီတိုတိုလေးကိူ
ဝတ်ထားရပြန်တာလဲ
ဘာကြောင့်ဟိုနေ့ကမျက်လုံးတွေလို
မိုက်ရဲမနေဘဲနာကျင်သလိုဟန်ဆောင်
နေပြန်တာလဲ......
ဘာကြောင့်ဒီနေရာမှာလာဆုံရပြန်တာလဲ
မနေဘူး ခင်ဗျားရှိတဲ့အရပ်မှာ
ခင်ဗျားဘာဖြစ်ဖြစ်ဘယ်တော့မှမနေဘူး....
ခင်ဗျားကိုမုန်းတယ်။
ကားဆီသို့လျှောက်လာခဲ့ပြီးသက်တော်စောင့်
တစ်ယောက်ကသူ့ကိုမြင်သည်နှင့်
ကားတံခါးဖွင့်ပေးသည်။
"ဟိုနားမှာ...လူတယောက်ထိခိုက်သွား
တယ် သွားခေါ်ပီးဆေးခန်းပို့ပေးလိုက်...."
"ဟုတ်ကဲ့ CEO....!"
သူကားပေါ်တက်ကာအသက်ကိုဝဝရူရင်း
စိတ်လှုပ်ရှားမှုတွေအားအတတ်နိုင်ဆုံး
ထိန်းချူပ်နိုင်ရန်ကြိုးစားနေရသည်။
သို့သော်မျက်လုံးထဲတည့်တည့်ဝင်လာသည်က
တိုကပ်ကပ်ဝတ်ထားသောဘောင်းဘီနှင့်
နုဖတ်နေသောပေါင်တံလှလှတွေ..။
သူနှင့်တွဲတုန်းကဒါမျိုးတွေဝတ်ဖို့ဘယ်တော့မှ
ခွင့်မပြုခဲ့တာကြောင့်တွေ့ရဖို့ရှားပါခဲ့သည်။
ခုမှထင်တိုင်းကျဲနေခြင်း...။
ခင်ဗျားကိုမုန်းလွန်းလို့ရူးတော့မှာပဲ...."
ကားတံခါးပြန်ဖွင့်ကာကူညီရန်သွားနေသော
သက်တော်စောင့်နောက်ပြေးလိုက်မိပြန်သည်။
သူရောက်သွားသောအချိန်တွင်အနာတရနှင့်
လူသားအားကူတွဲပေးနေပြီ။
"ဖယ်စမ်း....."
သက်တော်စောင့်တင်မကတဂေဟာလုံးသည်
သူ့အားရူးနေပြီလားဟူသောအကြည့်တွေဖြင့်
ဝိုင်းကြည့်ကြသည်။လက်ထဲရောက်လာသော
သွေးမတိတ်သေးသည့်လူအားကောက်ချီကာ
ဆေးခန်းအားမေးလိုက်သည်။
သူပြန်ရောက်လာခြင်းကိုတချက်မျှကြည့်ကာ
မျက်နှာလွှဲထားသောအကြောသံမဏိတင်း
အားသူလည်းထပ်မကြည့်တော့။
ဆေးခန်းသို့ရောက်သည်နှင့်ခြေထောက်တွေ
ပေါ်သို့တွေ့ရာအဝတ်စတခုဆွဲဖုံးလိုက်တာ
ကြောင့်ဆရာဝန်က
"အနာကခြေထောက်မှာလေ..ဘာလို့အဝတ်တွေ
အတင်းဖုံးနေတာလဲ"
"သွေးတွေအများကြီးထွက်နေတာမကြည့်ရဲလို့ပေါ့"
"ဒါဆိုအပြင်ထွက်နေပေးပါ....."
သူဘာမှဆက်မပြောတော့။အပြင်သို့ပြန်ထွက်
လာတော့ အနာအားဆေးထည့်၍နာ၍လား
မသိ နာနာကျင်ကျင်ညီးညူးသံလေးအား
ကြားလိုက်ကာကောင်းကင်ပေါ်သို့မော့ကြည့်ပီး
ဟားတိုက်ရီမိခဲ့သည်။
တဖန်ဝိုင်းကြည့်နေကြပြန်သောလူတွေကိုလည်း
ဂရုထပ်မစိုက်ဖြစ်တော့။
မိနစ်ပိုင်းလောက်ခိုနားလိုက်ရသောရင်ခွင်
သည်အရင်လိုအတ္တရိပ်တွေဖုံးနေပေမယ့်လည်း
သူ့အားမနာကျင်စေချင်သောခံစားချက်မျိုးကို
တော့ရခဲ့သည်။ပစ်ချထားခဲ့စဉ်ကစိတ်အစဉ်
သည်မီးဆာကုန်ရေခမ်း...။
မမျှော်လင့်ဘဲပြန်ရောက်လာခဲ့သော်အခါ
အရမ်းတော့မမုန်းလောက်ပါဘူးဆိုတဲ့
သက်သောင့်သက်သာအတွေးအား
ဟုတ်ဟုတ်မဟုတ်ဟုတ်ဆွဲယူတွေးခဲ့မိသည်။
အနာအားသန့်စင်ရန်အရက်ပြန်လောင်းချ
လိုက်သော်အခါထိန်းချူပ်ထားသည့်ကြားက
ထအော်မိတော့သည်။စပ်လွန်း၍မျက်ရည်များ
ပင်ကျသည်အထိ။
ထိုအချိန်ဆရာဝန်၏လက်များအားတန့်သွား
စေခဲ့သောအော်သံကြီးတစ်ခုကြားလိုက်သည်
"ဖြေးဖြေးလုပ်လို့မရဘူးလားဟိုမှာငိုနေပြီ!!!!!!!"
ပြတင်းပေါက်တွင်မတ်တပ်ကြီးရပ်ကာ
သူ့အားသတ်ဖြတ်တော့မလိုအကြည့်မျိုးတွေ
နှင့်စိုက်ကြည့်ရင်းထွက်လာခဲ့သောစကားသည်
မအပ်စပ်ခဲ့ပါ.......။
ချက်ချင်းပင်ထွက်သွားကာအသံလည်းပျောက်
လူလည်းပျောက်သွားသည်။
အမုန်းလွန်ပီး ဆက်ကြည့်မနေနိုင်တော့ဘူးနဲ့
တူပါတယ်လေ......။
မျက်လုံးလေးတွေပဲပြန်တွေ့ရသေးတယ်
ငါးနှစ်လုံးနေသားကျခဲ့တာတွေကို
ဖျက်ဆီးပစ်တော့မှာလားCEO
အခုလိုနာနာကျင်ကျင်ပုံစံငယ်ကို
ထပ်တွေ့ရတော့ ငါသေလိုက်ဖို့ပဲရှိတော့တာပေါ့
JungHoseokရယ်...........။
ဘာကြောင့်များဒီနေရာကိုဆိုက်ဆိုက်
မြိုက်မြိုက်လွှတ်ခဲ့ရသလဲ.....။
"ကျတော် နာယောင်းနဲ့လက်ထပ်တော့မယ် မာမီ"
နောက်ပိုင်းတွေတော့ဆွိလိုက်တော့မယ်🌚
Bạn đang đọc truyện trên: AzTruyen.Top