🤍28

......
အနက်ရောင်အရိပ်ကလေးသည်ညစာထုပ်လေး
အားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက်
အပြေးတပိုင်းသွားနေသည်။
ပါးလျှပ်လျှပ်ကိုယ်ငယ်လေးသည်ငါးနှစ်
တာကာလအတွင်းနည်းနည်းလေးပင်
ပြောင်းလဲမသွားခဲ့။သူသည်လည်းတောက်လျှောက်
လိုက်ခဲ့ရင်းဂျပန်နိုင်ငံကအသဲအသက်လေးအား
လွမ်းသည့်စိတ်သည်ညမှောင်မှောင်တွင်
အင်အားကြီးစွာကြီးစိုးနေသည်။
လူတယောက်ကပ်လိုက်လာသည်ကိုကြောက်၍
ပဲလားမသိ အလိုရှိရာသို့မြန်မြန်လျှောက်နေပုံက
ချစ်စရာ။ မကြာပါ တစ်ယောက်ယောက်ကို
ဖုန်းခေါ်လျက်ပင်ပြေးတော့သည်။
သူသည်အမြန်ဆုံးပြေးလိုက်ရင်းလက်ကောက်ဝတ်
တဖက်အားအားသုံးဆွဲလိုက်တော့ပြင်းပြင်းထန်ထန်
ပြန်ရုန်းလာခဲ့လေသောသူ...။
"Jimin......"
လွန်ခဲ့သောငါးနှစ်ကMinလို့ခေါ်ခဲ့ဖူးသောသူ့အား
မေ့ကောင်းမေ့နေနိုင်၍သူနာမည်အရင်းအားသုံးလိုက်
ခြင်း။ထိုမျှလောက် Minနဲ့ပတ်သတ်ပါက
ယုံကြည်မှုမဲ့ခဲ့ပါသည်။
စူးရဲနေသောမျက်စံလေးတွေသည်သူ့အား
မြင်လိုက်ရသည်နှင့်မျက်တောင်ပင်မခတ်တော့။
လှုပ်ရှားမှုအားလုံးသည်လည်းရပ်တန့်ကာ
သူရောက်လာခဲ့ခြင်းကိုမယုံကြည်နိုင်စွာ
ခပ်ကြာကြာစိုက်ငေးခဲ့သောသူ...
"ကိုယ်ပါ MinYoongiလေ....."
ဒုတိယစကားအားထပ်ပြောပီးသည့်နောက်
Minသည်စားစရာအထုတ်အားလွှင့်ပစ်ကာ
ချက်ချင်းကျောခိုင်းထွက်သွားတော့သည်။
ဆာကူရာပန်းတွေရှိတဲ့အရပ်တွင်နေပျော်နေသော
Minသည်သူ့အတွက်နည်းနည်းလေးတောင်
အခွင့်အရေးမပေးခဲ့။ပြေးလိုက်ကာ
ကိုယ်လုံးငယ်လေးအားနောက်ဘက်မှ
သိမ်းယူဖက်ထားမိလိုက်သည်။
သတ်ရင်လည်းသေပါမယ်
ငါးနှစ်လုံးလွမ်းရလွန်းလို့....
မထိခိုက်ခဲ့ပဲကောင်းကောင်းအသက်ရှင်
နေတာကိုဝမ်းသာလွန်းလို့ပါ..
"လွမ်းနေတာ...ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ"
"မင်းထားခဲ့တဲ့နေ့ကစပီးအရူးလိုပဲ
တကမ္ဘာလုံးပက်ရှာနေခဲ့ရတာ
မထွက်သွားပါနဲ့
ထပ်ပီးထွက်ပြေးမသွားပါနဲ့တော့ကွာ..."
ရင်ခွင်ထဲကမလှုပ်မယှက်Min....။
"ကိုယ်မင်းကိုသိပ်ချစ်တယ်Min....
ပြောမပြတတ်အောင်ချစ်တာမို့
မဆိုးပါနဲ့တော့...ကိုယ်မင်းကိုဒီနှစ်
ပိုင်းတွေမှာထပ်ရှာမတွေ့တော့ရင်သေချာတယ်
ရူးသေမှာ..."
Minကိုယ်လေးသည်ဂျပန်နိုင်ငံ
ရှိလမ်းမီးတိုင်မှိန်မှိန်အောက်သိပ်ကိုနွေးထွေး
လွန်းခဲ့သည်။အချိန်တွေအကြာကြီးဖက်ထားရင်း
သူစကားတွေတတွတ်တွတ်ပြောနေခဲ့သောလည်း
Minကတော့ဘာမှမတုံပြန်ခဲ့ပါ။
သူအသဲအသန်ငိုယိုနေခဲ့ပေမယ့်လည်း
Minကတော့သွေးအေးအေးပင်.ခုံတန်းတခု
တွင်ထိုင်ကြရန်ပြောလာသည်။
တိကျသောမေးရိုးတွေ ယောကျ်ားဆန်သော
မျက်နှာကျဘက်သို့ပြောင်းလဲသွားသော
Minသည်သူ့ထက်အဆပေါင်းများစွာ
တည်ငြိမ်ရင့်ကျက်နေခဲ့သည်။
နားဆွဲလေးတွေ ဆွဲကြိုးမျှင်မျှင်လေးတွေ
လက်စွပ်လေးတွေလည်းတခုလေးမှမတွေ့ရတော့
အညိုရင့်ရောင်ဆံပင်တိုတွေနဲ့စီးကရက်တလိပ်
နူတ်ခမ်းဖျားတွင်တေ့ထားသောMinသည်
ပိုမိုပင်ရူးချင်စရာကောင်းလာသည်။
"ဘာလာလုပ်တာလဲ...."
"ကိုယ်မင်းကိုပြန်လာခေါ်တာ..."
"ထွက်သွားထဲက ပြန်လာဖို့စိတ်ကူးမရှိတဲ့အတွက်
ခင်ဗျားပဲပြန်လိုက်ပါ...."
"ကိုယ်မင်းကိုတွေ့ရဖို့ဘယ်လောက်ကြိုးစား
ခဲ့လဲသိလား...."
"ဘယ်သူကကြိုးစားခိုင်းလို့လဲ..."
"Min...မင်းဘာမှမပြောင်းလဲသေးဘူးပဲ.."
"ဘာကိုပြောင်းလဲပေးရမှာလဲ...
နောင်တတွေနဲ့ အရှုံးသမားParkJimin
အဖြစ်လား..."
"မင်းကိုနောင်တရခိုင်းနေတာမဟုတ်ပါဘူး
အချိန်တွေလည်းကြာခဲ့ပြီ
ကိုယ့်နိုင်ငံမှာအရင်လိုပျော်ပျော်ရွင်ရွှင်
ပြန်နေဖို့ကိုHyungပြောနေတာပါ..."
"ပြန်ပါဗျာ....ကျတော်ခင်ဗျားတို့ကို
မတွေ့ချင်တော့လွန်းလို့ကိုယ်လွတ်ရုန်း
လာတာ နာတတ်ကြစမ်းပါ..."
"မင်းနဲ့ပတ်သတ်လာရင်ဘယ်သူကမှ
နာရကောင်းမှန်းမသိကြဘူး
အမှတ်မရှိတဲ့ထောက်ချောက်တွေကို
ပဲခဏခဏတက်နင်းခဲ့ကြတာ..."
"တောင်းပန်ပေးရအုန်းမလား...
ကျတော့်ဆီကိုနောက်ထပ်ဘယ်တော့မှ
ထပ်မလာပါနဲ့ ကျတော်ဘယ်တော့မှပြန်လာ
မှာမဟုတ်ဘူးကျတော့်ဘဝနဲ့ကျတော်
အေးအေးဆေးဆေးဖြစ်နေပြီ...
ကျတော်ပျော်ရွှင်ဖို့လည်းမလိုဘူး
လုံခြုံဖို့လည်းမလိုဘူး...
ခင်ဗျား ဘာကြောင့်ခုထိရူးနေရသလဲ
ဆိုတာနားမလည်ပေမယ့် ရုန်းထွက်လိုက်
ဖို့သင့်ပီ MinYoongi"
Minသည်ခုံတန်းမှထကာထွက်သွားတော့မည့်
ဟန်ပြင်သည်။ဦးနှောက်ကိုမြန်မြန်အလုပ်
ပေးကာတားလို့ရမည့်နည်းကိုရှာရမည်။
အမှောင်ထဲမကြောက်မလန့်တယောက်ထဲ
လမ်းလျှောက်တတ်သောMinကိုစိတ်မချပါ
အင်အားနည်းသောMinသည်တယောက်ထဲ
ဘယ်နှနှစ်အထိတောင့်ခံနိုင်ပါလဲ
တခုခုများထိခိုက်သွားရလျှင်...
ရှာတွေ့နေရက်နဲ့တောင်အသိုက်အမြုံထဲ
လုံလုံခြုံခြုံမထားပေးနိုင်ခဲ့ခြင်းတွေသည်
နောင်တတရားပေါင်းများစွာဖြစ်သွားလိမ့်မည်။
"Namjoon ...အခြေအနေမကောင်းတော့ဘူးMin"
ဆက်ခနဲပြန်ကြည့်လာသောမျက်လုံးလေးတွေ
သည်အရည်လဲ့နေကာပြိုလဲကျသွားသလို။
တောင်းပန်ပါတယ်Namjoon..ငါ့မှာရွေးစရာမရှိဘူး
"ဘာကိုလဲ....!!"
"မင်းထွက်သွားပီးထဲကဆုတ်ယုတ်လာတာ
ခုအခြေအနေမဟန်တော့လို့မင်းကိုဒီလောက်
အထိကိုယ်လာရှာရတာပါ..."
"လိမ်နေတာ..."
"လိမ်နေတယ်ဆို ခုချိန်မှာ ကိုယ့်ထက်မင်းဆီကို
အရင်အပြေးရောက်လာမှာNamjoon ပါ
မင်းအရာအားလုံးကိုမသိလိုက်ခင်မှာ
ဆုံးရှုံးသွားရတဲ့ခံစားမှုမျိုးကို
ကိုယ်ထပ်မခံစားစေချင်လို့ပါ..."
"ပါးစပ်ပိတ်ထား....!!!"
NamJoonသည်Jiminအတွက်အဖေတစ်ယောက်
ပင်မလို့ ထိုလူသားငယ်လေးသည်
ခုံတန်းပေါ်သို့လဲလဲပြိုပြိုပြန်ထိုင်သွားခဲ့သည်။
မျက်နှာတခုလုံးအားလက်ဖဝါးတွေဖြင့်
အကြိမ်ကြိမ်ပွတ်ကာဆုံးဖြတ်ရန်သိပ်ခက်ခဲနေ
သည့်ပုံ။
"ကျတော်...ပြန်ရမှာကြောက်တယ်...
ဘာကိုကြောက်တာလဲလို့မေးရင်
ကျတော့်မှာအဖြေမရှိဘူး...
ကျတော်အားလုံးကိုကြောက်နေတယ်"
"Jungkookက...."
"မပြောနဲ့...အဲ့နာမည်ကိုယောင်ရမ်းပီးတောင်
မပြောပါနဲ့...တောင်းဆိုပါတယ်..."
"Min ငါးနှစ်ဆိုတဲ့အချိန်ကာလက
အရာအားလုံးကိုပုံမှန်ပြန်လည်ပတ်စေ
နေပါပီ...မေ့မေ့ပျောက်ပျောက်ဖြစ်ရမဲ့
ကိစ္စတွေလည်းမေ့ကုန်ကြပီ..
ဘဝအသစ်တွေဖန်တီးရင်းအားလုံးပြန်ပျော်
ရွှင်နေကြပီ Minကအရှုံးခံပီး
နှလုံးသားထဲထည့်ထားအုန်းမလို့လား
ခုချိန်မှာအရေးကြီးဆုံးက NamJoonလေ
Namjoon Minအပေါ်ဘယ်လောက်တာဝန်
ကျေခဲ့သလဲMinအသိဆုံးပါ...
ကိုယ့်စိတ်ခံစားချက်တွေအတွက်
ကျေးဇူးတရားတွေကို လျစ်လျူမရှုသင့်
ဘူး..."
Minသည်ခေါင်းငိုက်စိုက်ကျသွားကာ
ငြိမ်သက်သွားခဲ့သည်။
ညလေပြေသည်တသိမ့်သိမ့်တိုက်ခတ်လျက်။
သူဒီတစ်ခါတော့အတ္တကြီးပါရစေ..။
Minလက်ကလေးတွေအားဆုပ်ကိုင်ပေး
ရင်းဝမ်းနည်းမှုတွေအားလွှင့်ပျယ်သွားစေရန်
ရည်ရွယ်ခဲ့သည်။
အဓိကMinသူနဲ့အဝေးကြီးမှာမနေဖို့ပဲ...
Minနဲ့သူဝေးမနေဖို့ပဲ....။
ကျန်တာဘာတွေပဲလုပ်လုပ်ကျေနပ်စွာလက်ခံ
မည်။ဘုရင်သေးသေးလေးသဘောအတိုင်း။
.................။

နောက်တခါထပ်၍သံယောဇဉ်တို့အားလက်လွှတ်
မခံနိုင်သောကြောင့်အိမ်ပြန်ရန်ခက်ခဲစွာ
ဆုံးဖြတ်ပြီးဘယ်တော့မှပြန်ခြေမချချင်ခဲ့သော
ဆိုးလ်မြို့ပေါ်သို့မတ်တပ်ရပ်ခဲ့မိပြန်သည်။
ငါးနှစ်အတွင်းပြောင်းလဲသွားခဲ့သော
လူနေမှုအဆင့်အတန်းတွေအားအံ့ဩစွာ
ငေးရင်းအထပ်မြင့်အဆောက်အဦးတွေပေါ်တွင်
မော်ဒယ်တွေရဲ့ပုံရိပ်တွေအားမြင်လိုက်ရသော်
အခါတစ်ချိန်က Jiminအားပြန်လွမ်းလာသည်။
သူဘယ်လောက်ဆိုးဆိုး Haterတွေ
ဘယ်နှထောင်ရှိရှိ သည်းခံတိုက်ခိုက်ခဲ့ပြီး
နောက်ဆုံးအချိန်အထိအားပေးခဲ့သော
Fanတွေကိုလည်းသိပ်သတိရပါသည်။
သူ့အကြောင်းချဲ့ကားရေးသော
Pageတခုအောက်က Commentတခုကို
ဖတ်ခဲ့ဖူးသည်။
"သူဘာဖြစ်ဖြစ်ငါတို့ကချစ်တယ်
သူဖြစ်နေလို့ကိုချစ်တာ ParkJiminမလို့ကိုချစ်တာ
ဘာတွေလုပ်လုပ်သူစိတ်ချမ်းသာရရင်
ငါတို့ကကျေနပ်တယ်...
သူဝမ်းနည်းနေရင်နှစ်သိမ့်ပေးမယ်
နင်တို့ပေါက်ကရရေးရုံနဲ့ပြိုလဲသွားရအောင်
သူ့Fanငါတို့ကသူ့ကိုပေါပေါပဲပဲချစ်ခဲ့တာမဟုတ်ဘူး
စောက်Pageတွေရဲ့....."
Fan girlကောင်မလေး၏ချစ်စရာဒေါသလေး
သည်သူ့အတွက်ပျော်ရွှင်မှုတခုအားဖန်ဆင်း
ပေးနိုင်ခဲ့သည်။ဒီလောက်အချစ်ခံခဲ့ရတာလား။
ဒါတွေကိုယောကျ်ားတစ်ယောက်ကိုပဲ
မြင်နိုင်ခဲ့ပြီးမသိခဲ့ဘူး...။
တကယ့်ကောင်ပဲ......။
Namjoon Hyungခြံထဲသို့ကားကွေ့ဝင်လိုက်
သော်အခါ ခြံထဲတွင်ပန်းပင်တွေအား
ပြုစုယုယနေသောသူ...။
ပန်းပင်စိမ်းစိမ်းတွေအားဟိုနေရာ
ဒီနေရာထားလိုက် ရေလောင်းလိုက်နှင့်
အလုပ်ရှုပ်နေသူသည် ချက်ချင်းကြီး
နေကောင်းသွားတာလား။
"Hyung....!!!!!!!!"
အသံကြားသည်နှင့်Hyungသည်ပန်းရုံထဲမှ
ချက်ချင်းကြည့်လာခဲ့သည်။
ထို့နောက်လက်ထဲမှပန်းအိုးလေးပြုတ်
ကျသွားသည်အထိလန့်သွားကာခေတ္တတော့
ကြောင်နေခဲ့ပြီးခဏအကြာသူ့ဆီသို့ပန်းအိုးတွေအား
ကျော်ခွရင်းပြေးလာတော့သည်။
"Jimin...Jimin....မလား...
အမယ်လေး...Hyungကလေးလေးရယ်..."
အတင်းဖက်ကာဖျစ်ညှစ်ထားတာကြောင့်
အသက်ရှုကျပ်လာ၍တွန်းထိုးရုန်းထွက်မိသည်။
သူ့မျက်နှာအားအစုံအဆန်ထပ်ခါထပ်ခါကြည့်ပီး
သည့်နောက်
"ချောလာလိုက်တာ...စိတ်ညစ်ပီး
ပေတေလေလွင့်နေတာတောင်အချောကမပျက်ဘူး"
ကျန်းမာဖျက်လတ်နေသောHyungပုံစံ
ကြောင့်သူအပြေးအလွှားပြန်လာဖြစ်ခဲ့
သောအကြောင်းအရင်းအားချက်ချင်းထုတ်
မေးလိုကိသည်။
"Hyung နေမကောင်းလို့ဆို..."
"ဟုတ်တယ်..မနေ့ကစက်ဘီးမှောက်တာ
ခြေထောက်နာပီးလမ်းမနည်းလျှောက်နေရတာ...
ဘာဖြစ်လို့လဲ...."
Jiminသည်မျက်နှာတခုလုံးအားလက်ဖြင့်
အုပ်ချကာထိုင်ချလိုက်တော့သည်။ပိပိရိရိပဲ
အလိမ်ခံလိုက်ရတာ...။ဘာလို့MinYoongi
ကိုယုံမိလိုက်သလဲကိုယ့်ကိုကိုယ်တောင်
မတွေးတတ်တော့ဘူး။မျက်စောင်းတချက်
ပို့လွှတ်လိုက်တော့ဒင်းကမသိချင်ယောင်
ဆောင်သွားသည်။
"ဘာလဲ ဘာလဲ ငါစက်ဘီးမှောက်တယ်ကြားလို့
မင်းစိုးရိမ်ပီးပြန်ပြေးလာတာလား...
ဟုတ်လား...အဲ့လိုသာပြန်ပြေးလာခဲ့မယ်ဆို
ရင်ငါအစောကြီးထဲ ထပ်ခါထပ်ခါမှောက်ပစ်ခဲ့
ပါတယ်Jiminရယ်...."
"Hyung.......!!!!!"
အသံနက်ကြီးဖြင့်ထအော်လိုက်သောJimin
အားဆွဲထူကာNamjoonသည်နောက်ထပ်တစ်ကြိမ်
ထပ်ဖက်ထားခဲ့ပြန်သည်။
"သတိရနေတာ....ငါ့အဆိုးလေးကို..."
"Minyoongiပြောတာ Hyung အသဲအသန်
ဖြစ်နေလို့ဆို အသက်တောင်မှီပါ့မလား
မသိဘူးဆို..ခုကျတော့အကောင်းကြီး
ပြန်မယ် ပြန်မယ် ကျတော်ဒီနိုင်ငံမှာ
စက္ကန့်တောင်နေချင်တာမဟုတ်ဘူး
Hyung တို့ကိုလည်းမတွေ့ချင်ဘူး..."
Namjoonသည်ဖက်ထားသောကောင်လေး
အားရင်ခွင်ထဲမှဆွဲထုတ်လိုက်ကာ
မျက်နှာတည့်တည့်အားကြေကွဲစွာ
စိုက်ကြည့်လျက်...
"အေး...မင်းပြောသလို သေလောက်တဲ့
ရောဂါတခုသာငါစွဲကပ်လိုက်ပီး
ဆေးတွေပဲထိုင်ကုချင်ခဲ့တာ
မင်းကိုနေ့တိုင်းသေသလား ရှင်သလား
မသိဘဲ ပူပန်နေရတာတွေ
ငါမစောင့်ရှောက်နိုင်ခဲ့ဘူးဆိုတဲ့
နောင်တတွေနဲ့Riရော မင်းကိုပါ
သေလောက်အောင်သတိရတာတွေ
မင်းပြောသလိုအသဲအသန်ဖြစ်နေရင်
အနည်းနဲ့အများတော့ငါ့မေ့နေမှာပဲ
ဟုတ်တယ်မလား..အရူးကောင်ရဲ့
ပြောစမ်းပါ...."
တကိုယ်လုံးအားပြုတ်ထွက်မတတ်လှုပ်ရမ်း
ရင်းငိုနေခဲ့သောHyungရင်ခွင်ထဲသို့
ပြန်တိုးဝင်လိုက်ရင်သူပါလိုက်င်ုရတော့သည်။
"ဘယ်ကိုမှမပြန်ရဘူး....
ငါရွာတရွာမှာ Riကိုရည်စူးပီး
မိဘမဲ့ဂေဟာတခုဖွင့်ထားတယ်
မင်းဒီမှာမနေချင်ရင်အဲ့မှာသွားနေ
နောက်ထပ်ငါ့မျက်စိရှေ့ကထွက်မသွားနဲ့တော့
ဒီတခါမင်းလုပ်ချင်ရာလုပ်သွားရင်
နာတာရှည်ရောဂါတော့မရဘူး
တခါထဲသွေးတတ်ပီးသေသွားလိမ့်မယ်
ငါ့မှာမင်းပဲရှိတော့လို့ပါ ကလေးလေးရယ်"
........။
ရုပ်ရှင်တွေထဲကလိုတောရွာသေးသေး
လေးတွင်ဇာတ်မြုပ်နေရအောင်လည်းမရူးသေး။
ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ပက်လက်လှန်ရင်း
မျက်နှာကျက်ကိုသာကြည့်နေမိသည်။
Hyung သည်သူမနေနိုင်တာသိ၍
သပ်သပ်ပြောသွားခြင်းဖြစ်သည်။
ချက်ချင်းပြန်ပြေးရင်လည်းHyung
သေချာပေါက်စိတ်နာသွားတော့မည်။
ဟူးးးးးးးးးးးးး။
MinYoongiကတော့ဘယ်အရပ်သို့
လွှင့်ပျံသွားပြီလဲမသိ။ဆေးလိပ်တလိပ်
ထုတ်ကာသောက်နေလိုက်သည်။
Namjoon Hyungအိမ်တွင်လည်း
နံရံမှီကာစိုက်ကြည့်ခဲ့ဖူးသော
မျက်လုံးဝိုင်းဝိုင်းလေးတွေကကျန်နေသေး
တာကြောင့်မွန်းကျပ်လှပါသည်။

"ငါမင်းနဲ့ဝေးရာဝေးရာကိုပဲပြေးချင်ခဲ့တာ
မင်းကိုသတိရမိခြင်းတွေကငါ့သေဆုံးခြင်း
တွေပါပဲ....JeonJungkook။

.............။
အလုပ်သွားရန်အဆင်သင့်ဖွင်တံခါးပေးထားသော
ကားပေါ်သို့တက်လိုက်ကာ
Laptopအားဖွင့်လိုက်သည်။
နောက်သို့လှန်ဖြီးထားသောဆံပင်တွေနှင့်
28နှစ်အရွယ်ယောကျ်ားတယောက်၏
ခန့်ညားမှုတွေသည်လက်ကသွေးကြော
စိမ်းစိမ်းတွေကသက်သေ။

အမှတ်တမဲ့Driverဆီသို့အကြည့်အရောက်
ထိုလူဝတ်ထားသောလက်စွပ်သည်သူ့နှလုံး
အားဆောင့်ခုန်လာစေသည်။
"မင်းလက်စွပ်က...."
"ဗျာ...."
"အဲ့လက်စွပ်ဘယ်ကရတာလဲလို့...."
ရုတ်တရက်ထအော်သောCEOအားနားမလည်
နိုင်စွာလက်စွပ်အားချွတ်ရတော့မလို
လက်ပဲဖွက်ထားလိုက်ရတော့မလို
ဘာလုပ်ရမှန်းမသိတော့။
"ဟို ကျတော်ဝယ်ထားတာပါ..ဒီဒီဇိုင်းတွေက
ပြန်ခေါတ်စားလာတယ်လေ...မနေ့ကမှ
လခထုတ်လို့သွားဝယ်ခဲ့တာပါCEO
တခုခုများအဆင်မပြေလို့လား
ကျတော်ခုချက်ချင်းချွတ်လိုက်ပါ့မယ်...."

ပုံစံဆန်းဆန်းလက်စွပ်တွေမြင်တိုင်း
သွေးရူးသွေးတန်းဖြစ်ဖြစ်သွားသော
ကိုယ့်ကိုကိုယ်လည်းရိုက်ပစ်လိုက်ချင်ခဲ့သည်။

"နောက်တခါအလုပ်မှာ အဲ့ဒီလို လမ်းဘေး
အပြင်အဆင်တွေဘယ်တော့မှဝတ်စားမလာနဲ့
နောက်တခါတွေ့ရင်အလုပ်ထုတ်ပစ်မယ်"
"ဟုတ်ကဲ့..ကျတော်ရှောင်ကျဉ်ပါ့မယ် CEO"

"Hyung လက်စွပ်တွေကိုတွေ့ကရာမထားနဲ့လေ
ဗျာ..အိပ်ယာပေါ်တွေလည်းချွတ်ချွတ်ထားခဲ့တာ
မောင်လှဲချတော့ ကျောတွေဆူးတယ်...
ရေချိုးခန်းထဲလည်း အများကြီးပဲ
သိမ်းပါအုန်း...မျက်စိတွေနောက်လှပီ...."
"မျက်စိနောက်ရင် ယူစွပ်ထားလိုက်..
Badboyလေးဖြစ်သွားတော့ပိုဆွဲဆောင်မှု
ရှိသွားတာပေါ့ လုပ်ငန်းရှင်လေးရယ်..."
"ဘာBadboyမှမဖြစ်ချင်ဘူး
သိမ်းဆိုရင်လာသိမ်းလိုက်"
"မသိမ်းနိုင်ဘူး ဒီမှာChatနေတယ်
မအားဘူး....."
ငွေရောင်ဒီဇိုင်းမျိုးစုံလက်စွပ်တွေအား
လိုက်သိမ်းပေးခဲ့သည့်အဲ့တုန်းက
Jungkookသည်တော်တော်လေးပျော်နေခဲ့ပုံရ
သည်။
လက်ရှိJungkookကတော့မဲ့ပြုံးတချက်
ပြုံးရင်းလက်သီးတို့ဆုပ်ထားခဲ့သည်။

ဒုန်းးးးးး။
ရုတ်တရက်ဘရိပ်ဆောင့်အုပ်လိုက်သော
အရှိန်ကြောင့်ရှေ့ခန်းမှခုံဖြင့်မျက်နှာကို
ပင်ထိခိုက်တော့မလို...။
လက်ထဲမှLabtopသည်လည်းပြုတ်ကျသွား
တော့သည်။
"ဘယ်လိုမောင်းနေတာလဲ"
"တောင်း တောင်းပန်ပါတယ် ရှေ့ကကားက
အချက်မပြဘာမပြကွေ့ချလိုက်လို့ပါ"
ကွေ့သွားသောပြိုင်ကားအနီရဲရဲအား
ဘယ်ရယ်မဟုတ်လှမ်းကြည့်မိရင်း
ဒေါသထွက်သွားသည်။
စည်းမဲ့ကမ်းမဲ့........။

"အဆင်ပြေရဲ့လား CEO...."
"ပြေတယ် မျက်လုံးနဲ့သေချာကြည့်မောင်း
စမ်းပါ..ငါဒေါသထွက်လာပီ..."
"ဟုတ်ကဲ့ ဟုတ်ကဲ့...."

နေကာမျက်မှန်အနက်ကိုတပ်ထားကာ
Maskတခုအားမျက်နှာဖူးဖူးလေးပေါ်
တွင်ဖုံးထားရင်းသီချင်းနားထောင်လျက်ပင်
ရှေ့နောက်လုံးဝမကြည့်ဘဲကွေ့ချသွားသော
ပြိုင်ကားနီနီလေးထဲမှ အလှလေးကိုတော့
CEO Jeon ထိုးဖောက်မမြင်ခဲ့ပါ....။
မောင်းချသွားသောအရှိန်နှင့်
ပုံစံကိုတော့ဖြင့်ရင်းနှီးကျွမ်းဝင်နေခဲ့သလို။

"ပြိုင်ကားတွေကိုမုန်းလိုက်တာကွာ..."

ဖတ်ရတာတအားအေးသွားရင်လည်းပြောပါအုန်း
တခုခုအဆင်မပြေတာမျိုးလည်းအကြံပေးလို့
ရပါတယ်..ဖတ်နေရင်ပျင်းသွားတယ်ဆိုလည်း
ပြောပေးလို့ရပါတယ်...
သာသာက စာရေးတာကိုအရမ်းဝါသနာပါပေမယ့်
ယုံကြည်မှုကတစက်မှကိုမရှိတာပါ..
နောက်တပိုင်းတော့သေချာတွေ့ပါပီ💜

Bạn đang đọc truyện trên: AzTruyen.Top