27
စားပွဲပေါ်သို့ဘီယာဗူးနှင့်အရက်ပုလင်းတချို့
အားအိတ်ထဲမှထုတ်ပီးသည့်နောက်ဝယ်လာ
သောကြက်ကြော်ဗူးထဲမှ
ကြက်ကြော်တခ်ျို့အားလက်ဖြင့်ခပ်ဖွဖွထိ
ကြည့်မိသည်။
"ကျတော်ကြက်ကြော်ကမ္ဘာကြီးထဲမှာ
နေပစ်လိုက်ချင်တယ်..ကြက်ကြော်က
ကျတော့်ဘဝပဲ....."
ဒူးလေးတဖက်ထောင်ရင်းကြက်ပေါင်တဖက်
အားစိတ်ပါလက်ပါစားပြခဲ့ဖူးသောကောင်လေး
အားမြင်ယောင်မိတော့မျက်ရည်ကဝဲပြန်သည်။
"ဘယ်ရောက်နေတာလဲကွာ....."
မနေ့ကမှတရုတ်ဘက်မှဆိုးလ်ကိုပြန်ရောက်ကာ
ခုညတော့အရက်သောက်ရန်တစ်ယောက်ထဲ
စီစဉ်နေခြင်း။
သူMinကိုတရက်မှမပျက်ကွက်ဘဲရှာနေခဲ့ပါသည်။
အစအနတောင်ရှာမရနိုင်အောင်ပျောက်ဆုံး
သွားခဲ့သောအသဲနှလုံးတွေကျွမ်းသည်အထိ
ချစ်ပေးခဲ့ရသော အီတလီမြို့ကအမှတ်တမဲ့လေး
အားငါးနှစ်လုံးလုံးသတင်းအစလေးရသည်
နှင့်ထိုနေရာသည်ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခက်ခက်ရောက်အောင်သွားကာ
သူMinကိုရှာခဲ့ပါသည်။ဘယ်တော့မှမတွေ့ခဲ့။
အပုန်းကောင်းလွန်းသောကောင်လေးသည်
သေသည်ရှင်သည်တောင်မသိရဘဲ
ရက်ရက်စက်စက်ထားသွားနိုင်ခဲ့သည်။
ဒီနှစ်ဆာကူရာပန်းပွဲတော်အားလပ်ရက်များတွင်
အရင်နှစ်ထက်လူအများလာရောက်လည်ပတ်မှု
များခဲ့ကြောင်းပေးပို့ထားသောပုံများအရ
သိရှိရပါသည်..နှစ်စဉ်ပွဲတော်သည်.......
TVတွင်လာနေသောသတင်းအတိုအစများအား
အဓိပ္ပာယ်မဲ့ကြည့်နေရင်း ဘီယာတဗူးအား
ဖောက်လိုက်သည်။ဆာကူရာပန်းတွေမြင်လည်း
ငိုချင်သည်...မိုးတွေရွာလည်းငိုချင်သည်
နှင်းစကျသောနေ့တွေလည်းငိုချင်သည်
ရာသီဥတုသာယာနေလျှင်တောင်
ဒီကောင်လေးကြောင့်ငိုချင်သည်။
ပြိုလဲပျက်ဆီးနေသောဘဝသည်တိတ်တိတ်
လေးစုတ်ပြတ်သွားခဲ့တာဘယ်သူသိနိုင်မလဲ။
ငါးနှစ်မဟုတ်ဘူး နှစ်ငါးရာတောင်သူ
လက်လျှော့နိုင်ပါ့မလား....။
ချစ်ခဲ့ရသည်...ခခယယကိုချစ်ခဲ့ရတာ
ကြောင့်Minလေးကိုတမ်းတမ်းတတကို
လွမ်းနေခဲ့ပါသည်။TVထဲကပန်းပွဲတော်
သည်ဂျပန်နိုင်ငံ၏အထင်ကရဖြစ်တာနှင့်
အညီလှလွန်းမကကိုလှနေခဲ့ကာသူဆက်ကြည့်
နေဆဲ။Camera ရှုထောင့်တမျိုးပြောင်းလဲသွား
သောအချိန်တွင်သူ၏နှလုံးသားတခုလုံး
ပေါက်ကွဲထွက်သွားသလိုခံစားလိုက်ရသည်။
ဟင်..........!
ပန်းနုရောင်ပန်းပွင့်တွေဖြန့်ခင်းထားသော
လမ်းပေါ်တွင်မတ်တပ်ရပ်နေသော
ကောင်လေး...။
အနက်ရောင်Hoodie ထဲလက်ကလေး
ထည့်ထားရင်းပတ်ဝန်းကျင်အလှကိုခံစား
နေသည့်ပုံ။ပန်းနုရောင်ဆံပင်တွေ...
ရူးစေနိုင်သည်ခန္ဓာကိုယ်တည်ဆောက်မှုမျိုး
မျက်လုံးတွေပိတ်သည်အထိပြုံးနေပါသောသူ..
ဒါ...ဒါ....."
စိတ်လှုပ်ရှားလွန်း၍အသက်ရူသံတွေပါပြင်းထန်
လာရသည်အထိ။ကင်မရာသည်မိနစ်ပိုင်း
ပင်ချိန်ပြရင်းတခြားတခုသို့ပြောင်းလဲသွား
ခဲ့သည်။
"ဒါတကယ်လား....."
တအားစွဲလန်းလွန်း၍အမြင်တွေပင်မှား
နေခဲ့ပြီလား..။ဒါပေမယ့်သေချာပေါက်
သူပါ...အရိပ်ကလေးမြင်ရရင်တောင်
မှတ်မိနိုင်တာမို့ဒါဟာသေချာပေါက်
သူသိပ်ချစ်ရသောကောင်လေးပါ...။
ကံကြမ္မာသည်သူ့ဘက်အားမျက်နှာသာ
ပေးလိုက်ချေပီ..။ငါးနှစ်လုံးလုံးရှာခဲ့သော
Minသည် ဂျပန်မှာတဲ့လား....။
စားပွဲခုံမှထကာလိုအပ်တာမှန်သမျှ
အိတ်ထဲသို့ပစ်ထည့်ရင်းသူဂျပန်ကိုချက်ချင်း
သွားရန်ဆုံးဖြတ်လိုက်သည်။
ဒါကလက်ဆောင်...ဒီညဒီသတင်းတိုလေး
အားကြည့်မိလိုက်ခြင်းသည်လက်ဆောင်..
သူ့မျှော်လင့်ချက်..သူ့အရာအားလုံးအား
ပြန်တွေ့လိုက်ရသလိုမျိုးကျန်ခဲ့သောမိနစ်
ပိုင်းကအမှောင်ဖုံးနေသောစိတ်များသည်
နေရောင်ခြည်နွေးနွေးဖြာကျသွားခဲ့သလိုမျိုး
ဆာကူရာပန်းတွေရှိတဲ့အရပ်ကပုန်းရှောင်နေ
သောကောင်လေးအားသူချက်ချင်းကိုတွေ့ချင်
လှပီ။
"Namjoon ငါ..ငါ Minကိုတွေ့ပြီထင်တယ်.."
ဖုန်းထဲမှNamjoon သည်ခေတ္တတိတ်ဆိတ်သွား
ကာတုံ့ပြန်မှုမရ..။ဘာပဲဖြစ်ဖြစ်Namjoon
ကိုအရင်ပြောခြင်းသည်ခုနှစ်ပိုင်းတွေထဲ
Namjoonသည်သူနှင့်အရင်းနှီးဆုံးမိတ်ဆွေ
တယောက်လိုဖြစ်ခဲ့တာကြောင့်အကူအညီ
အများကြီးရနိုင်ပါသည်။Namjoon ကိုယ်တိုင်
လည်းတတ်နိုင်သလောက်ရှာနေခဲ့သူမလား။
"ဘယ်..ဘယ်မှာတဲ့လဲ Yoongi..."
"ဂျပန်မှာ...ငါခုချက်ချင်းသွားမလို့
ငါလိုအပ်တာရှိရင်မင်းကူညီပေးပါ.."
Namjoon သည်ငိုနေခဲ့ပြန်သည်။ကလေး
တစ်ယောက်လိုပြုစုပျိုးထောင်ခဲ့ရသော
သူမလို့သူသည်Minအားအမြဲမျှော်နေခဲ့ရသူ။
Riရော Minပါ ပျောက်ဆုံးခြင်းမတူဘဲ
ရုတ်တရက်မရှိတော့ခြင်းတွင်Namjoon
သည်တာဝန်မကျေနိုင်ဘူးဟုဆိုကာ
မိဘမဲ့ဂေဟာတခုကိုတည်ဆောက်ပြီး
Minလိုမိဘမဲ့ကလေးလေးတွေအား
တတ်နိုင်သမျှဖြည့်စည်းပေးရင်းMin
အိမ်ပြန်လာမှာကိုစောင့်နေခဲ့သောသူ။
"ငါပါလိုက်ခဲ့မယ်...."
"ရတယ်..မင်းဂေဟာကမင်းရှိမှဖြစ်မှာ
စိတ်ချပါ ငါ့ကိုယုံစမ်းပါ..."
အထုတ်တထုတ်လွယ်လျက်ချက်ချင်းခရီး
တခုထွက်ရန်အဆင်သင့်ဖြစ်သွားသော
Yoongiသည်လေယာဉ်ကွင်းသွားရန်
Taxiပေါ်သို့ရောက်နေခဲ့ပြီ။
"ရအောင်ပြန်ခေါ်လာပေးပါYoongi..."
"အင်း......"
ဖုန်းချလိုက်ကာTaxiသမားကိုသာမြန်မြန်ရောက်
ရန်တိုက်တွန်းနေခဲ့သည်။ပြန်တွေ့ရင်တော့
မင်းလက်တွေကိုထပ်မလွှတ်တော့ဘူး
Min....။
..............။
"၁၈နှစ်ပဲရှိသေးတာ Jungkookie ရာ....."
"Wae...?"
ခုတလော ရှက်ရမ်းရမ်းသွားသောကလေးသာသာ
လီနာယောင်းနဲ့ခပ်စိတ်စိတ်တွဲသွားတွဲလာလုပ်
နေတာကြောင့်ထယ်သည်ရုံးခန်းကိုရောက်လာ
ခဲ့တော့သည်။
"ကလေးပဲရှိသေးတာကို...."
"ကလေးမဟုတ်တော့ပါဘူး ဒီလောက်လှတာ
ထယ်မခံစားတတ်ဘဲနဲ့...."
"ငယ်လွန်းတယ် မင်းလက်ထပ်ချင်ပီဆိုလည်း
တခြားသင့်တော်ရာနဲ့....."
ကိုယ်MinYoongi နဲ့လက်ထပ်မှာ....
မင်းကိုဘယ်တုန်းကမှလက်မထပ်ချင်ခဲ့ဘူး
ပြောခဲ့မိတယ်ဆိုလည်းအဲ့တာလိမ်တာ။
စူးအောင့်လာသောရင်ဘက်သည်တားဆီးမရ
ခဲ့။အရိပ်လိုလိုက်နေသောParkJimin၏
မုန်းစရာစကားတွေ..။အသံပြင်းပြင်းရှု
မိလိုက်တာကြောင့်ထယ်ကလက်တွေအား
အလန့်တကြားလာကိုင်ပေးသည်။
"ဘာလို့လဲ Jungkookie...တခုခု
အဆင်မပြေလို့လား...."
"မပြေစရာလား...အခန်းကအသက်ရှူ
နည်းနည်းကျပ်လို့...ပြတင်းပေါက်ဖွင့်
ထားလိုက်ရင်ကောင်းမလားထယ်..."
"သဘောပါ..အဆင်ပြေသလိုလုပ်လေ..."
"နာယောင်းကချစ်စရာလေးပါ
နည်းနည်းလေးသွက်တာကလွဲလို့
ခေါတ်လူငယ်ဆိုတော့လည်းဒီလောက်တော့
ရှိမှာပဲလေ..ထယ်ကဘာတွေစိတ်မချဖြစ်နေ
တာလဲ.."
"စိတ်မချဖြစ်နေတာမဟုတ်ဘူး
နောက်တခါထပ်နာကျင်ရမှာစိုးလို့...."
"ကိုယ့်မှာနာကျင်စရာတခုမှမရှိခဲ့ဘူးထယ်...
အတိတ်မှာလမ်းမှားပီးနာခဲ့ရတယ်ဆိုရင်လည်း
ခုဘာမှမရှိတော့ဘူး
ကိုယ့်ကိုဘယ်သူမှနာကျင်အောင်ဝမ်းနည်းအောင်
မလုပ်နိုင်ပါဘူး..စိတ်ချနေလိုက်...."
ParkJimin ကလွဲရင်ဘယ်သူမှမလုပ်နိုင်သော
စိတ်ခံစားချက်တွေမှန်းသိပေမယ့်တခြားသူ
တစ်ယောက်ကလည်းထပ်ဖန်တီးသွားနိုင်မှာ
စိုးပါသည်။
"လူကြီး..!!!!"
စကားပင်မဆုံးသေးအခန်းထဲပြေးဝင်လာသော
ကလေးမလေးသည်တကိုယ်လုံးဖိတ်ဖိတ်တောက်
နေလျက်။သူ့အားမြင်တော့လက်ကလေးပြ
နူတ်ဆက်ကာJungkookဆီသို့လျှောက်သွား
တော့သည်။ရဲရဲတောက်နေသောနူတ်ခမ်းတွေ
အားJungkookစိုက်ကြည့်နေပုံသည်အမှန်တကယ်
ပင်တိမ်းညွှတ်နေသောပုံ။အခန်းထဲမှနူတ်တောင်
မဆက်ဘဲထွက်လာခဲ့မိသည်။
လူကဖြင့်အသက်ကကြီးနေပီတွဲတော့
ကိုယ့်ထက်ဆယ်နှစ်ကျော်ငယ်တဲ့ကလေးနဲ့
ရူးများရူးနေပီလားမသိဘူး..
ဘဝတလျှောက်လုံးParkJimin တယောက်ပဲ
မြင်ဖူးခဲ့တော့ခုမှသူ့မှာမဟားတရားတွေဖြစ်
နေတာ ဘယ်လိုမှန်းကိုမသိပါဘူး...
တားမရစီးမရ ကောင်မလေးကတကယ့်အလည်
ဆိုတာဘယ်လိုနားလည်အောင်ပြောပြရမလဲ
Jungkookie ရယ်....။
"မုန့်လိုက်ကျွေးမယ်ဆို..."
"ကျွေးမှာပေါ့..."
"လူကြီးကပုံပြောတယ်ထင်နေတာ..."
"လူကြီးတွေကကလေးလေးတွေကိုမညာပါဘူး"
"တကယ်လား...."
"တကယ်ပေါ့...."
"ဒါပေမယ့် ကလေးတွေက နားညီးအောင်
တော့မလုပ်ရဘူး...."
"လူကြီးကငြိုငြင်တာလား.."
"အင်း ငြိုငြင်တယ်..."
အပျင်းပြေဆေးလေးတွေပေါ့လေ...။
ပျင်းရိဖွယ်ရာနေ့တွေမှာရေမွှေးနံ့စူးစူး
လေးတွေကလည်းခါးခါးသီးသီးအမုန်းပင်
တွေကိုခေတ္တခဏတော့မေ့သွားအောင်စွမ်း
ဆောင်နိုင်ခဲ့ကြသည်မလား...။
အမုန်းများသည်နွယ်ပင်တွေလိုတရစ်ရစ်
ပွါးများလာသည်။အိပ်ချိန်များတွင်ငါးနှစ်လုံးလုံး
နှိပ်စက်သည်။ရေကန်ထဲခုန်ခုန်ချရတာခဏခဏ
ချိုချိုအသံများအားကြားယောင်တိုင်း
လည်ပင်းအားကြိုးကွင်းစွတ်ချလိုက်ချင်သည်။
ပိန်ပိန်ပါးပါးကောင်လေးတွေမြင်တိုင်း
ကားနှင့်တိုက်သတ်ချင်သောစိတ်ကတဖွားဖွား
ပြန်မတွေ့အောင်နေပါလို့ မှာကြားခဲ့ပေမယ့်
မတော်တဆပြန်တွေ့ခဲ့ကြရင် ဒီဝဋ်ကြွေး
တွေအားဆပ်ခိုင်းရအုန်းမည်။
ဒီဘဝတွင်မတွေ့ခဲ့ရရင်လည်းနောက်ဘဝအထိ
ဒီပူလောင်မှုတွေအားသယ်သွားမည်။
ထိုမျှလောက်ကိုမုန်းပါသည်...
မုန်းသလောက်လည်း.......။
သာသာနည်းနည်းစဉ်းစားမိတာပေါ့
Jiminကိုသူတို့ပြန်ဆုံခဲ့ကြရင်လည်း
ပြောင်းလဲမသွားမဲ့ ချေချေမိုးမိုး
အလှလေးလိုပဲဆက်သွားချင်ပါတယ်
ဒါတွေလုပ်ခဲ့လို့နောင်တတွေတလှေကြီး
ရနေတဲ့ကလေးလို ပျော့ပျောင်းသွားအောင်
တော့မဖန်တီးချင်ဘူး
သူကအစထဲ ဂျစ်တစ်တစ်ကို...
ဂျစ်ရင်းနဲ့ပဲ ဆက်သွားကြမလား Babeတို့...
အကြံလေးဘာလေးပေးကြပါအုန်း...
ဒီအပိုင်းကတော့နည်းနည်းအေးမယ်.
နောက်ပိုင်းတော့ ဂျောင်ကြီးရဲ့
၁၈နှစ်လေးနဲ့ ဆုံကြရပါပီ...😆
Bạn đang đọc truyện trên: AzTruyen.Top