💛26
5Years later .........
Kimစံအိမ်တော်ကြီး၏ဧည့်ခန်းထဲမှအသံဩဩ
လေးသည်တအိမ်လုံးရှ်ိလူအားလုံးတုန်သွားသည်
အထိပြင်းပြင်းထန်ထန်ထွက်ပေါ်လာခဲ့သည်။
"HoseokHyungကိုပဲလက်ထပ်မှာပါဆို"
လှေကားရင်းတွင်ထိုင်နေရင်းအဖေဖြစ်သူအား
ပြန်အော်လိုက်သည့်ပုံစံလွန်ခဲ့သောငါးနှစ်က
ထယ်လေးမဟုတ်တော့သည့်အတိုင်း။
အချိန်တွေသည်ပြောင်းရွှေ့လာခဲ့ရင်း
လေးထောင့်ဆန်သောအပြုံးတွေနှင့်
စကားတိုးတိုးလေးသာပြောတတ်သော
ဆောင်းခိုဝက်ဝံလေးသည်ယောကျ်ား
ဆန်စွာလိုချင်တာ လိုအပ်တာ ဖြစ်ချင်တာ
ဖြစ်သင့်တာအားလုံးအားကောင်းကောင်း
မွန်မွန်နားလည်လာသောလူတစ်ယောက်အဖြစ်
ပြောင်းလဲခဲ့သည်။မလုပ်ချင်တာကိုမလုပ်နိုင်ဘူး
ဟုပွင့်လင်းလိုက်မည်။ဖခင်၏ဖိအားပေးမှု
တွေအားရင့်ကျက်လာမှုနှင့်ချေဖျက်ရင်း
တချိန်လုံးဘေးနားတွင်လမ်းပြပေးခဲ့သော
Hyungသည်သူ့ဘဝတွင်မရှိမဖြစ်လိုအပ်ခဲ့သည်။
ထို့ကြောင့်သူ့အိမ်ထောင်ဖက်သည်
Jung Hoseok အပြင်မရှိ။
"KimTaeHyung...မင်းကိုငါလွှတ်ထားပေးခဲ့
မိတာမှားတာပဲ..Junghoseokလိုကောင်မျိုး
ကိုမင်းဘာတွေမက်မောနေတာလဲ..."
"မင်းပြောတော့ Jungkook ကိုချစ်ပါတယ်ဆို"
"HoseokHyung ကိုပိုချစ်တယ်...."
"ဘာ..!"
"ကျတော်ဘယ်သူရဲ့ဟိုဟာလုပ်ပါ
ဒီဟာလုပ်ပါ ဆိုတဲ့အကွက်ချမှုတွေကို
ဆက်သည်းမခံဘူးနော် ကျတော့်
အသက်အရွယ်က ဒယ်ဒီ ကြိုးစွဲရာ
ကရမဲ့အရွယ်မဟုတ်တော့ဘူး...."
"မင်း....!"
"ကျတော့်ကိုဒီကမ္ဘာမှာသေချာနားလည်ပီး
ဂရုတစိုက်ချစ်ပေးနိုင်တဲ့ယောကျ်ားက
သူ့အပြင်မရှိတာကြောင့် Jungkook ကို
ငြင်းမြဲငြင်းပါရစေ..အရင်ကသူငြင်းခိုင်းလို့
ခုကိုယ့်ဟာကိုယ်ငြင်းတာ"
"KimTaeHyung...!!!!"
စံအိမ်အပြင်သို့ခြေလှမ်းပြင်းပြင်းလျှောက်
လျက်ထွက်လာခဲ့သည်။ဒယ်ဒီအော်ဟစ်
ပြောဆိုသည့်အသံများကိုလည်းမကြားသလို
ပင်နေလိုက်ကာနောက်တွင်အဆင်သင့်ပါလာသော
ကိုယ်ရံတော်တယောက်အား
"အပြင်သွားမယ် ကားပြင်ထား"
"ဟုတ်ကဲ့ သခင်လေး"
...............။
"ဟာ ယောင်းငယ်...ဘယ်လိုဖြစ်ပီး"
အလုပ်သရဲHyungသည်အချ်န်ပြည့်စာရွက်တွေထဲ
ခေါင်းစိုက်ကာကြိုးစားလွန်းသူတစ်ယောက်။
သူကအလုပ်လက်မဲ့ပန်းချီပဲဆွဲနေသူ...။
တစ်သက်လုံးပန်းချီပဲဆွဲသွားမယ်ဆိုလျှင်
လည်းအဆင်ပြေကြောင်း ယောင်းငယ်
ပျော်ရွှင်ရာကိုသာရွေးချယ်လို့ရကြောင်း
လုပ်ငန်းရှင်ရဲ့သားတစ်ယောက်သည်
လုပ်ငန်းရှင်ဖြစ်လာဖို့မလိုအပ်ကြောင်း
နွေးနွေးထွေးထွေးပြုံးကာရှင်းပြခဲ့ဖူးသည်။
သက်တောင်းသက်သာရှိလိုက်သည့်ဖြစ်ချင်း။
အလုပ်လုပ်နေသောHyungပေါင်ပေါ်သို့
ကုတ်ကတ်တက်တာခွထိုင်လိုက်ရင်း
ရင်ဘက်ပေါ်မှီချလိုက်တော့
"ဖေဖေနဲ့ရန်ဖြစ်လာတာလား ယောင်း"
"Hyungကသိပြန်ပြီ..."
"ယောင်း ကိုဒီလိုငြိမ်ငြိမ်လေးဖြစ်သွား
စေတာ အိမ်နဲ့ရန်ဖြစ်လာတာအပြင်ဘာရှိလို့လဲ"
"Hyungကိုပဲလက်ထပ်မယ်လို့
ထယ်ပြောခဲ့တယ်"
"ဟုတ်လား....ရုတ်တရက်ကြီးပါလား
ဖေဖေတော့အရမ်းဒေါသထွက်သွားမှာပဲ
ဒါမျိုးကအချ်န်ယူပီးနားထဲကိုဝင်အောင်ပြောရ
တာမျိုး ယောင်းရဲ့....CEOကလည်းရှိသေး
တယ်လေ"
"ထယ် HyungကိုJungkook ထက်ပိုချစ်တဲ့
အကြောင်းလည်းပြောခဲ့ပါသေးတယ်"
Hoseokသည်သဘောတကျအသံထွက်သည်
အထိရီမောမိသည်။ယောင်းကတော့ဘာရီတာ
လဲဟူသောမျက်လုံးတွေနှင့်ရင်ခွင်ထဲက
မိုက်ကြည့်ကြည့်လာခဲ့သည်။
လွန်ခဲ့သောငါးနှစ် ဆိုးဝါးလှသောညတည
အပြီးတွင်Jungkook သည်အသိစိတ်မဲ့သူလို
အိပ်ယာထဲသို့ဗုန်းဗုန်းလဲကာစိတ်ကျရောဂါ
အားအလူးအလဲခံစားရတော့သည်။
ယောင်းသည်..တစ်ရက်လေးပင်မပျက်ကွက်
ခဲ့ဘဲဆေးရုံနှင့်အိမ် အိမ်ပြန်ရောက်တော့
စံအိမ်နှစ်ခုအားသွားလိုက်ပြန်လိုက်နှင့်
ပြုစုယုယပေးခဲ့သည်။Jungkook ငိုလျင်
လိုက်ငိုသည် Jungkook ရီလျင်လိုက်ရီရင်း
ဆံပင်ဖျားကနေခြေဖျားအထိလစ်လတ်မှုမရှိ
ဂရုစိုက်ကာတာဝန်ကျေလွန်းသူတစ်ယောက်။
စိတ်အလ်ုမကျမှု ဆုံးရှုံးနစ်နာမှုများခဲ့သော
Jungkookသည်တခါတလေအော်ဟစ်ပေါက်ကွဲ
လေတိုင်းကျစ်ကျစ်ပါအောင်ဖက်ထားပေးရင်း
အဆင်ပြေကြောင်း တဖွဖွဆိုခဲ့လေသောသူ။
ထိုအချိန်မျိုးတွင် ယောင်းကလွဲပြီးဘယ်သူမှ
ထိကိုင်၍မရ မတော်တဆထိခိုက်မှုများပင်
ရှိခဲ့သည်။Depression သည်အခန်းထဲကအခန်း
ပြင်မထွက်တော့သောJungkook အား
ကောင်းကောင်းကြီးတိုက်ခိုက်လာသော်အခါ
Wheelchair အားမမောနိုင်တွန်း၍
ကမ္ဘာ့အလှဆုံးမြို့တော်တွေသို့မငြီးမငြူ
လိုက်ပို့ပေးခဲ့သောယောင်းသည် သိပ်ချစ်တတ်သူ။
သူကယောင်းလုပ်ချင်တာမှန်သမျှအားလွဲချော်
ခြင်းတခုမျှမရှိစေရန်မြတ်မြတ်နိုးနိုးပြင်ဆင်
ပေးခဲ့ရတဲ့သူ..။
Jungkookသည်ယောင်းအတွက်အကန့်အသတ်မဲ့
သည်ဆိုတာကိုအစားလုံးဝမစားတော့သော
Jungkook ဘေးတွင်တနေကုန်ထိုင်ကာ
စိတ်ရှည်လက်ရှည်ကျွေးခဲ့ဖူးသော
အရသာအရှိဆုံးအစားအစာတွေကသက်သေ
ချက်ပေးရသည်ကသူပေါ့...။
စိတ်ရောကိုယ်ပါမြှုပ်နှံရင်းယောင်းသည်
အပြုံးတချက်မှမပျက်မေတ္တာတရားအား
ရှေးရူးခဲ့တာမျိုး..။ကျန်ခဲ့သောဆောင်းရာသီ
တခုတွင် Jungkook သည်အကူအညီမပါဘဲ
မတ်တပ်ရပ်လာနိုင်ခဲ့ကာယောင်းအပြုံးတွေ
သည်အလှဆုံးဖြစ်ခဲ့သည်။
သူ့အားကျေးဇူးတင်ကြောင်းတဖွဖွပြောရင်း
ချစ်နေခဲ့ကြောင်းလည်းတပါထဲပြောလာသော
ဝက်ဝံလေးသည် ခန့်မှန်းရခက်လိုက်လေခြင်း။
Jungkook၏ကျန်းမာပျော်ရွှင်ခြင်းသည်
သူ့အတွက်အရေးကြီးဆုံးဖြစ်ခဲ့တာ
သက်သေပြစရာမလိုခဲ့ပေမယ့် ထိုအရာတွေ
အားလုံးအားဖန်တီးပေးနိုင်ခဲ့သော
သူသည်ယောင်းပိုင်ဆိုင်ချင်ခဲ့သော
ပထမဆုံးအတ္တဖြစ်လာခဲ့ပုံရသည်။
Jungkookie အပေါ်လောဘမဲ့ခဲ့ပေမယ့်
Hoseok ၏အပြုံးလှလှတွေအပေါ်တော့
ဘယ်သူမှမမြင်အောင်သိမ်းထားချင်သော
လောဘတရားတွေအေးချမ်းသောယောင်းထံ
စိုက်စိုက်မြိုက်မြိုက်ရောက်လာသော်အခါ
ရင်ခွင်ထဲသို့တိုးဝင်ခဲ့သောစတော်ဘယ်ရီ
လူသားလေးသည်အနှိုင်းမဲ့လှနေခဲ့သည်။
Jungkookထက်ပိုချစ်ပါတယ်ဆိုသော
စကားအားသူရီမောခဲ့တာမမှားပါ..။
သို့သော်...ယောင်းစိတ်ကောက်သွားခြင်း
ကတော့လုံးဝသူ့အမှားဖြစ်သွားခဲ့လေပြီ။
"ရီစမ်းပါ..ရီလိုက်စမ်းပါ...Hyungက
ထယ့်ကိုနားမလည်ပေးဘဲ လှောင်နေစမ်းပါ"
"နားလည်လွန်းလို့ခက်နေတာပါ ပိစိလေးရယ်
နူတ်ခမ်းကြီးထော်ပြီးရန်မတွေ့ပါနဲ့ဗျာ..
ဒါပေါ့ ကိုယ့်ထက်ဘယ်သူ့ကိုပိုချစ်ရမှာလဲ
ယောင်းလေ အချစ်ဆုံးအကိုကြီးက
Junghoseokကလွဲပီးဘယ်သူရှိမှာလဲ နော့်"
"နမ်းပါအုန်း ထယ့်ကို...."
"ဟုတ်ကဲ့ပါ ခင်ဗျ...."
နူတ်ခမ်းလေးအားထိကာအသံတခုပြုခဲ့တော့
လေးထောင့်ဆန်ဆန်အပြုံးလေးသည်
မြတ်နိုး၍မဝနိုင်အောင်ပေါ်ထွက်လာတော့
သည်။သူ့မျက်နှာအနှံ့အားတရှုံ့ရှုံ့နမ်းနေသော
ယောင်းသည်ခွေးပေါက်လေးလို။
"Jungရေ..CEO...ခေါ်....."
တံခါးဖွင့်ကာရုတ်တရက်ဝင်လာသောအတွင်း
ရေးမှူးမလေးသည်ရုံးခန်းထဲကမြင်ကွင်းအား
လန့်ဖျန့်သွားကာချက်ချင်းသလိုမျက်နှာလွှဲ
ချလိုက်ရသည်။
"တောင်းပန်ပါတယ် မအားဘူးလို့
ပြောလိုက်ပါ့မယ့် ခွင့်ပြပါအုန်းရှင်..."
ခြေလှမ်းတွေအားကွက်ကျော်လှမ်းရင်း
ထွက်ပြေးသွားခဲ့သောအတွေးရေးမှူးမလေး
သည်ရင်ဘက်တွေအားဖိထားလျက်ရေတခွက်
မြန်မြန်သောက်လိုက်ရသည်။
"ကြိုက်လိုက်တာ.......!!!!"
(အတွေးရေးမှူးက သာသာ)
"ယောင်း...Lockမချလာဘူးလား"
"Lockကိစ္စကို ခဏထားပီး Jungလို့
ခေါ်သွားတဲ့ကိစ္စကိုအရင်ရှင်းရအောင်
Junghoseok shiiii"
ကြုံဖူးကြတယ်မလား...လူတစ်ယောက်ကို
သေမတတ်ချစ်ခဲ့ကြပေမယ့်ကိုယ့်အတွက်
ဘယ်တော့မှဖြစ်မလာနိုင်တဲ့အခါချစ်တယ်ဆို
တဲ့အတိုင်းအတာတခုမှာထားခဲ့ပြီး
နှလုံးသားထဲမှာအပြီးအပိုင်သော့ခပ်လိုက်ရ
တာမျိုး။သော့တံအားပင်လယ်ထဲသို့ပစ်ချ
လိုက်ပီးဖြစ်၍ထယ်ယောင်းဘယ်တော့မှ
သော့အားမဖွင့်တော့ပါ။
ဆယ်နှစ်သားထဲကနစ်နစ်သီးသီးခံစားပေးခဲ့
သည်။အကောင်းအဆိုးအကျိုးအကြောင်း
မှန်သမျှခါးစီးခံရင်းထိုယောကျ်ားအပေါ်
တာဝန်ကျေပေးခဲ့ပြီဖြစ်သည်။
ဒါကိုအချစ်လို့ခေါင်းစဉ်တပ်လို့ရပါတယ်..။
ဒါပေမယ့်အချစ်ထက် အေးချမ်းမှု
နွေးထွေးမှု ဂရုစိုက်ပေးမှု အလေးအနက်ထားမှု
နားလည်ပေးမှု မြတ်နိုးပေးမှု မေတ္တာတရားအား
ကောင်းကောင်းလွှမ်းခြုံပေးနိုင်မှုတွေအား
မက်မောလွန်းသည် သူ့အတွက်
ဝင်လိုက်တိုင်းလုံခြုံသွားခဲ့သော
ရင်ခွင်တခုသည်သာနားခိုရာ။
ဘယ်သူပြောလဲ..Hyungကိုသိပ်မချစ်ပါဘူးလို့..။
ဘဝတစ်လျှောက်လုံးပေးဆပ်ကာရူးမတတ်
ချစ်ခဲ့ရသူကိုတောင်စွန့်လွှတ်နိုင်ခဲ့ပြီး..
Hyungရင်ခွင်ထဲအတင်းတိုးဝင်ခဲ့တဲ့
ကျတော်က Hyungကို လိုချင်လွန်းလို့ဆိုတာ..။
ချစ်နေတာနဲ့ ချစ်ခဲ့ဖူးတာ မတူဘူးလေဗျာ.။
အနာဂါတ်တခုလုံးမှာဆက်ချစ်သွားရမဲ့သူက
လည်းHyungတစ်ယောက်ထဲရှိတဲ့အကြောင်း
လက်ထပ်ပီးရင်တော့တညလုံးထိုင်ပြောအုန်းမှာ။
................။
"CEO ...ခေါ်တယ်ဆိုလို့...."
Coffeeခွက်အားသောက်တော့မည့်ဆဲဆဲအနေ
အထားမှမသောက်တော့ဘဲပြန်ချလိုက်ကာ
သူ့အားထိုင်ရန်အချပြသူသည်ဒီနေ့သိပ်သစ်လွင်
နေသလို..။အနက်ရောင်ရှပ်အကျီတွေအား
နှစ်သက်စွာဝတ်တတ်သောCEOသည်ဒီနေ့
တော့အဖြူရောင်Shirtအကျီအားဝတ်ထားကာ
ဆံပင်တွေအားနောက်သို့လှန်ဖြီးထားသည်။
ဘေးနားတွင်ငယ်ရွယ်လှသောမိန်းကလေး
တစ်ယောက်သည်တိုကပ်လွန်းသောစကတ်
အားသူဝင်လာမှဖုံးဖိနေတာကြောင့်မျက်နှာလွှဲ
လိုက်ရသည်။
"ဒါက..သူဌေးလီရဲ့ သမီး...လီနာယောင်းတဲ့
သူကငါ့ဆီက လုပ်ငန်းသဘောတွေလေ့လာ
ချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဒီနေ့ရောက်
လာတာပဲ ရောက်ထဲကငါ့ကိုပဲလာလေ့လာ
နေတာမလို့ မင်းခေါ်သွားပီးသင်ကြား
ပေးလိုက်ပါ..."
ကောင်မလေး၏မျက်နှာသည်နီရဲသွားလျက်
CEOအားပြူးတူးပြဲတဲကြည့်တော့သည်။
၁၈နှစ်၁၉နှစ်သာရှိသောကလေးမလေးသည်
ဒေါသလည်းနည်းနည်းထွက်သွားသောပုံ။
ရှက်လည်းရှက်သွားကာလက်ကိုင်အိတ်အား
ဆက်ခနဲကောက်ကိုင်လိုက်ရင်းထရပ်သည်။
"အဲ့တာကြောင့် ထားခဲ့ခံရတာ...."
ကလေးသာသာလေးကရှက်ရမ်းရမ်းကာ
ပြောလိုက်သောစကားသည်Hoseokအား
မိုးကြိုးပစ်ချလိုက်သကဲ့သို့။
တချိန်ကအုန်းအုန်းကျက်ကျက်နာမည်ကြီး
ခဲ့သောသတင်းတွေ အဖြစ်အပျက်တွေသည်
ငါးနှစ်တာကာလအတွင်းအမြစ်မပြတ်နိုင်သေး
ဘူးလား။
Jeonသည်လှလှလေးပြုံးလျက်ထိုကလေးမ
လေးအားကြည့်နေပုံသည်ကလေးမလေး
ငေးခနဲဖြစ်ကာကြောင်နေပြန်သည်။
"ဒေါသထွက်တာချစ်စရာလေး...
ငယ်ရွယ်တဲ့အသက်အပိုင်းအခြားတွေများ
ဘာလုပ်လုပ်အသဲယားဖို့ကောင်းနေတော့တာပဲ
နော် Hoseok...."
Coffeeခွက်အားယူလိုက်ရင်းအရသာခံသောက်
ကာကောင်မလေးအားကြည့်နေပုံသည်
တကယ်အသဲယားနေသောပုံပန်း...။
"ဟို ညီမ..အကိုနဲ့လိုက်ခဲ့ပေးနိုင်မလား..
သိချင်တာတွေ အကိုအားလုံးပြောပြပေး
နိုင်ပါတယ်..."
ခေါ်သွားမှဖြစ်ပါတော့မည်။နားမလည်ဘဲစကား
တွေထပ်ကျွံလာလျှင်မကောင်းသောအဖြစ်
အပျက်တွေကိုသာဦးတည်တော့မည်မလား။
Jiminဆိုသောအမည်နာမကိုတောင်ယောင်၍
ပင်ထွက်မရသောနယ်မြေတွင်လက်လွတ်စပယ်
ထွက်သွားသောစည်းမစောင့်မှုများကို
Jeonသည်သေလောက်အောင်မုန်းခဲ့သည်။
သူကျန်းမာရေးပြန်ထူထောင်လာပြီးသည့်
နောက်တွင်ParkJimin နှင့်ပတ်သတ်သည့်
အရာအားလုံးအားမီးရှို့ခဲ့သည်။
နေခဲ့သောတိုက်ခန်းအားဖြိုကျပစ်ကာ
စီးခဲ့သောကားတွေကိုလည်းလက်စဖျောက်
ခဲ့သည်။Jiminနဲ့ပတ်သတ်သောဖုန်တစပင်
သူမထားခဲ့..။ဂျပန်ကိုလည်းလုံးဝမသွား
တော့။ခံစားချက်မဲ့သလိုတည်တည်ငြိမ်ငြိမ်
မျက်လုံးမျိုးတွေနှင့်ပင်အရာခပ်သိမ်းကို
ဖျက်ဆီးပစ်ခဲ့သည်။
ငါးနှစ်လုံးလုံးJiminအကြောင်းအား
တလုံးမျှပင်ထွက်မလာဘဲဘဝတွင်
ဘယ်တုန်းကမှမရှိခဲ့သောလူတစ်ယောက်လို
ဒါမှမဟုတ်သေသွားသောလူတစ်ယောက်လို
သဘောထားခဲ့ပုံရသည်။တိုးတိုးတိတ်တိတ်
အတင်းအဖျင်းများကြားရခဲ့လည်း
သူသည်မဆိုင်သလိုမသိသလိုလျစ်လျူရှု
ခဲ့မြဲ။အချိန်ကြာလာသည်နှင့်အမျှရှာမရတော့
သောCEO၏ခံစားချက်များသည်သေဆုံး
သွားခဲ့သောပုံ။
Jimin၏ရန်သူတော်အမေဖြစ်သူ၏
တခါတရံစကားတွေထဲJiminပါလာခဲ့လျင်
လည်းအေးဆေးစွာတခွန်းမှပြန်မပြောခဲ့ဖူးပါ။
ထိုမျှလောက်သူအေးစက်သွားခဲ့သည်။
ကောင်မလေးအားခေါ်ထုတ်သွားပြီးတဲ့နောက်
အေးစက်နေသောCoffee တွေအား
ကုန်အောင်ဆက်သောက်လိုက်သည်။
"အဲ့တာကြောင့်ထားခဲ့ခံရတာ......"
ဒုတိယအကြိမ်ထပ်ပြုံးမိပြန်သည်။
အထပ်မြင့်အဆောက်အဦး၏အပေါ်ဆုံးအထပ်
တွင်ရောက်နေတာကြောင့်မြင်ကွင်းတို့သည်
အဆုံးအစမဲ့။စားပွဲပေါ်ကိုလက်ဖျားလေးဖြင့်
တတောက်တောက်ခေါက်ရင်း
အဝေးဆုံးကိုငေးနေခဲ့သည်။
"မုန်းတာမလို့....သေလောက်အောင်မုန်းတာမို့
ရက်ရက်စက်စက်သတ်ပစ်ချင်လောက်
အောင်မုန်းနေတာမို့ ငါးနှစ်လုံးလုံး
မုန်းရင်းနဲ့ပဲကောင်းကောင်းရှင်သန်နေတာမို့
ဘဝအဆက်ဆက် ထပ်မုန်းသွားဖို့ပြင်ဆင်
နေတာမို့ ဆုတောင်းတွေအားလုံးက
ခင်ဗျားကိုသံသရာတခုလုံးမုန်းနိုင်ဖို့ကိုသာ
ဆုတောင်းခဲ့တာမို့.....ခင်ဗျားနဲ့ပတ်သတ်မှု
တွေကိုလာပြောရင် ရွံကိုရွံရပါတယ်...
နောက်ထပ်ဘယ်နှနှစ်နေမှ ကျူပ်ခင်ဗျား
ခြေဖဝါးအောက် အတုံးအရုန်းကျဆုံး
ခဲ့ရတဲ့အကြောင်းတွေကပျောက်ဆုံးသွားမှာလဲ
ခင်ဗျားမုန်းလွန်းလို့ရူးရတော့မယ်.....ParkJimin "
Jeonသည်သံစဉ်တခုအားခံစားနေသလို
ခေါင်းတညိတ်ညိတ်ဖြင့်ပြုံးယဲ့ယဲ့နူတ်ခမ်းတွေက
စီးမျောနေသလို..လွတ်လပ်သောပျော်ရွှင်ကြည်နူး
မှုတွေနှင့်လူတစ်ယောက်လိုအများအမြင်တွင်
ငေးစရာပန်းချီကားတချပ်.လိုဖြစ်တည်နေခဲ့သည်။
ဘာများဖြစ်နေမလဲလို့ပြန်ပြေးလာခဲ့သော
Hoseokသည်ထိုမြင်ကွင်းအားမြင်လိုက်ရသော
အခါသက်ပြင်းတချက်ချရင်းခြေသံလုံလုံပင်
ပြန်ထွက်လာခဲ့သည်။
"သူတကယ်ပဲ....လွတ်မြောက်သွားခဲ့ပီလား...."
"သေလိုက်ကြ......ဆိုသောအသက်နက်ကြီး
ဖြင့်နောက်ဆုံးတွေ့ခဲ့ရသောParkJimin
သည်လည်းတနေရာရာတွေအဆင်ပြေစွာ
ရှိနိုင်ဖို့မျှော်လင့်ပါသည်။
အလျှော်အစားသိပ်ကြီးခဲ့သောဆုံးရှုံးမှု
များတွင်ကိုယ်စီကိုယ်စီရင်နာခဲ့ကြရတယ်မလား
ပြန်တွေ့ဖြစ်လျှင် Ri၏သေဆုံးမှုအား
သူတကယ်မသိခဲ့ကြောင်းပြောပြချင်ပါသည်။
ခက်တာက.....
ParkJimin သည် လုံးဝကိုပျောက်ဆုံးခဲ့သည်။
Bạn đang đọc truyện trên: AzTruyen.Top