🦋24
"မောင် Hyungကိုနမ်းချင်နေတာ......"
"နမ်းလေ...."
"နူတ်ခမ်းတင်မကဘူးနော်...."
"တကိုယ်လုံးနမ်း...မင်းအပိုင်ပဲ.....မောင်ရယ်...."
အပေါ်မှအုပ်မိုးရင်းဝိုင်းစက်နေသောမျက်လုံးတွေနှင့်
JEONသည်နတ်ဘုရားတပါးလိုခန့်ညားနေလျက်။
ပါးချိုင့်မမည်သောပါးချိုင့်ငယ်လေးလှစ်ခနဲပေါ်သွား
အောင်ပြုံးပီးနောက်သူ့နူတ်ခမ်းတွေဆီသို့နီးကပ်လာ
သောJeonနူတ်ခမ်းပါးတွေသည်ခစားလိုက်ချင်စရာအတိ။
"ခင်ဗျားက လူယုတ်မာ...ParkJimin...."
အနီးစပ်ဆုံးရောက်လာပီးမှတလုံးချင်းပီပီသသထွက်
ပေါ်လာသောစကားသည်တကိုယ်လုံးတောင့်တင်းသွား
ကာကြည့်နေတုန်းမှာပင်မျက်နှာအနှံ့သွေးကြောင်း
ပေါင်းများစွာစီးဆင်းလာသောJeonသည်သူ့အားထပ်ပြုံး
ပြနေပြန်သည်။ဆံပင်ကြားထဲမှတတောက်တောက်ကျ
နေသောသွေးများသည်သူ့မျက်နှာပေါ်သို့တိုက်ရိုက်
ကျနေလျက်။
"ပျော်လား...ဖြစ်စေချင်သလိုတွေတခုတောင်မလွဲပဲဖြစ်
သွားခဲ့ရလို့...."
"ဟင့်အင်း...ဟင့်အင်း...."
ခြောက်ခြောက်ခြားခြားခေါင်းခါပြမိတော့Jeonမျက်နှာ
သည်ချကိချင်းဆိုသလိုတင်းမာသွားပြန်သည်။
"လိမ်ပြန်ပြီ....အလှလေးက....."
"ခင်ဗျားကြောင့် ကျူပ်ဘာမှသုံးစားလို့မရတော့ဘူး
အဲ့တာသိလား...."
"ငါ....ငါ အဲ့လိုဖြစ်အောင် လုပ်ခဲ့တာမဟုတ်ခဲ့ပါဘူးကွာ"
"ကြောက်တတ်နေလိုက်တာ...."
ကိုယ်ပေါ်မှာဖယ်ကာသွေးတွေရွှဲနစ်နေသောပုံစံနှင့်ပင်
ဖြည်းဖြည်းချင်းအခန်းဝဆီသို့လျှောက်သွားသော
Jeonသည်တစတစပျောက်ဆုံးလာသလို....
"မောင်...! မောင်...!!!"
သူအော်ဟစ်ခေါ်နေသော်လည်းတချက်မှလှည့်မကြည့်ခဲ့
သူသည်တဖြည်းဖြည်းအခိုးအငွေ့တွေလိုပြောင်းလဲသွား
ကာပျောက်ကွယ်သွားခဲ့သည်။
"မောင်.....!!!!"
"Min...!!!"
မျက်လုံးတို့ဖျက်ခနဲပွင့်သွားတော့ဘေးမှYoongiHyung
၏ခေါ်သံသဲ့သဲ့။အိမ်မက်ပဲ...အိမ်မက်ဆိုရင်တောင်
ဆိုးလွန်းတယ်မဟုတ်ဘူးလား။သူစောင်တွေအားကိုယ်
ပေါ်မှခွါချကာအခန်းဝဆီသို့ပြေးထွက်သွားမိသည်။
"Minဘယ်ကိုလဲ.....!!!"
YoongiHyungသည်လက်တို့အားဆွဲထားလျက်ပူပန်ခြင်း
အတိပီးသောမျက်လုံးတွေဖြင့်မေးနေခဲ့သည်။
"Jungkook...Jungkook...!!"
ဆွဲထားသောလက်တွေအားအားကုန်သုံးဆွဲဖယ်နေသော
Minသည်မိုးမိပြီးဖျားခဲ့သဖြင့်ဖြူရော်နေခဲ့သည်။
သွေးရောင်မဲ့သောနူတ်ခမ်းတွေသည်သူ့ရင်အားခွဲနေပါ
သောဓားတွေ...။
"ဖယ်ပါ...ကျတော်သွားရမယ်...သူတခုခုဖြစ်နေပီထင်
တယ်...."
"ဘာမှမဖြစ်ဘူး သူသက်သာတယ်...Minထပ်ပီးသူ့ကို
သွားမတွေ့ပါနဲ့ကွာ..."
"ခင်ဗျားနဲ့ဘာဆိုင်လို့ လဲ....ဖယ်စမ်းပါ...."
"....."
ခါးစပ်မှပွေ့ချီလျက်အိပ်ယာဆီသို့ပြန်ခေါ်လာခဲ့သော
လက်ထဲကြားထဲရုန်းကန်ကာအော်ဟစ်နေသောလူသား
ငယ်သည်ပြိုပျက်နေသောအရုပ်ကလေးလို။
"ခင်ဗျား....."
အိပ်ယာပေါ်ပစ်ချလိုက်တာနှင့်သူ့မျက်နှာဆီသို့အစီအစဉ်
မကျရောက်လာသောလက်ကလေးတွေ။မဲမဲမြင်ရာ
ရိုက်ချင်နေတဲ့ပုံကြောင့်သူအဆုံးအထိသည်းခံလိုက်သည်။
"မသွားပါနဲ့ မင်းအဲ့ကိုတခေါက်သွားလို့ မင်းပြိုလဲပီး
ပြန်လာတာကိုမြင်ရတဲ့ငါလည်းမသက်သာလို့ပါ
Minရာ...."
"မကြည့်နဲ့လေ ခင်ဗျားကိုဘယ်သူကကျတော့်ဒုက္ခတွေကို
ကြည့်ခိုင်းနေလို့လဲ..."
"ကိုယ်လည်းမကြည့်ချင်ပါဘူး...ဒါပေမယ့် မင်းက
ကိုယ့်ဘဝဖြစ်နေလို့...မင်းစိတ်ဆင်းရဲစေမဲ့အရာ
မင်းကိုထိခိုက်စေမဲ့ကိစ္စတွေကိုတားနေရတာပါ
တောင်းပန်ပါတယ်.....Minရယ်...."
"ဘာတွေလာတောင်းပန်နေတာလဲ....ထွက်သွား...
ခုထွက်သွား...."
မျက်ရည်စတွေခိုတွဲလာပြီဖြစ်သောမျက်လုံးလေးများ
သည်ကြမ်းရမ်းပြနေသော်လည်းနှစ်သိမ့်မှုအားတောင်းခံ
နေသလို..။ကိုယ်လုံးငယ်လေးအားရင်ခွင်ထဲထည့်ကာ
ခပ်တင်းတင်းဖက်ထားမိခဲ့သည်။ထွက်သွားပါဆိုမှ
နီးစေခဲ့တဲ့အတွက်လည်းထပ်တောင်းပန်ပါတယ်
Minလေးရယ်....။ကျောပြင်တွေလှုပ်ခါသည်အထိငို
ကြွေးနေသောMinသည်လုံခြုံသွားသလိုခံစား၍လားမသိ
ပြင်းပြင်းထန်ထန်ကြေကွဲနေခဲ့သည်။
"သွားချင်တယ်ဆို သတိရလာတဲ့အခါ စကားသွားပြော
ကြည့်ပေါ့ ကိုယ်လိုက်ပို့ပေးပါ့မယ် ခုချိန်မှာအားလုံးက
မင်းကိုတရားခံလုပ်နေတဲ့အချိန်မျိုးကိုမျက်ရည်ကျဖို့
ထပ်မရွေးချယ်ပါနဲ့ Minလေးရယ် မင်းဘာတွေလုပ်ခဲ့
လုပ်ခဲ့အဆင်ပြေပါတယ်...ကံတရားမလို့လေ
Minကို ကိုယ်ဖြင့်အပြစ်မမြင်ပါဘူး
Jungkookလည်း..
ဒီလိုပဲခံစားပေးလိမ့်မယ်လို့ကိုယ်ယုံကြည်ပါတယ်..."
Minသည်ထိုအခိုက်အတန့်မှစကာ
ငြိမ်သက်သွားလျက်ဆေးလိပ်တွေနှင့်အဖော်
ပြုခဲ့တော့သည်။သူသည်လည်းစိတ်မချ၍
ဟူသောအကြောင်းပြချက်ဖြင့်Minအိမ်တွင်
လာနေပေးဖြစ်ခဲ့သည်။Minကကောင်းသည်လည်း
မပြောဆိုးသည်လည်းမပြောစကားတခွန်းမျှမဆိုဘဲ
သူရှိနေခြင်းအားမသိချင်ယောင်ဆောင်ထားခဲ့
သလားမသိ...။ ဒါမှမဟုတ်သူ့ဘေးနားတွင်
ဖြစ်ပျက်နေသောအကျိုးအကြောင်းတွေအား
စိတ်မဝင်စားတော့တာလည်းဖြစ်နိုင်သည်။
တခါတရံခုတင်ပေါ်တွင်တနေကုန်ထိုင်နေတတ်ကာ
အပြင်ကိုငေးနေတတ်သည်။တခါတလေတော့
ဆေးလိပ်တိုတွေကြားထဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေတတ်သည်။Minနှင့်အနီးကပ်နေမိမှသောက်နေ
သောရသောစိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေနှင့်
တချို့မူးယစ်ဆေးဝါးများသည်လက်တွေပင်တုန်
လာသည်အထိရုပ်ဆိုးလွန်းသည်။
အပြင်ကိုမထွက်တော့ဘဲတစ်ယောက်တပေါက်ဝေဖန်
ပြောဆိုမှုတွေကိုလည်းလျစ်လျူရှုထားပုံရပါသည်။
တချို့ညဉ့်နက်ညတွေတော့တိုးတိုးတိတ်တိတ်ထွက်
သွားကာဆေးရုံသို့သွားတတ်သည်။မှန်အပြင်ဘက်မှ
Jungkook အားအချိန်တော်တော်ကြာ
ငေးနေခဲ့ပြီးမိုးလင်ခါနီးတိုင်းအိမ်ပြန်ပြန်လာ
တတ်သည်။
ဘယ်သွားတာလဲဟု မေးခဲ့သော်...
"အရက်သွားသောက်တာဟု..
ခပ်ပြတ်ပြတ်ဖြေသည်။
တနေ့တော့အရာခပ်သိမ်းပြောင်းလဲရန်
အကြောင်းဖန်လာခဲ့တော့သည်။
"Jimin.....Jimin....!!!"
NamjoonHyung၏အော်ခေါ်သံကြောင့်
သူ့အကြားအာရုံတွေသည်ချက်ချင်းလှုပ်ရှား
သွားသည်။တခုခုဖြစ်လာပြီဆိုတာသေချာ
တာကြောင့်အခန်းထဲမှပြေးထွက်ကာ
NamjoonHyungဆီသို့လျှောက်သွားသည်။
မီးဖိုချောင်ထဲမှYoongi Hyungသည်လည်း
ပန်းကန်တချပ်ကိုင်လျက်ပြေးထွက်လာသည်။
"Jungkook သတိရပီတဲ့.....Jimin..."
ရင်ထဲတွင်စို့နေခဲ့ရသောအထုတ်အထည်ကြီးသည်
ပြေကျသွားခဲ့သလိုဆုတောင်းခဲ့သမျှတွေအားလုံး
အသက်ဝင်ခဲ့သည်ထင်သည်။
အိမ်မက်ဆိုးတွေနဲ့နေ့တွေညတွေကိုခက်ခဲစွာ
ဖြတ်သန်းနေရင်းသူဒီနေ့ကိုမျှော်လင့်ထားခဲ့တာ။
"ဒါပေမယ့်...."
"ဒါပေမယ့်ဘာဖြစ်တာလဲ Hyung"
"Jungkookအောက်ပိုင်းတခုလုံးအလုပ်မလုပ်
တော့ဘူး.."
"ဗျာ..."
တုန်လှုပ်သွားသောမျက်လုံးငယ်တို့သည်
မယုံကြည်နိုင်ခြင်းအားမီးမောင်းထိုးပြနေ
သကဲ့သို့..။ယိုင်နဲ့သွားသောခန္ဓာကိုယ်အား
YoongiHyung ကထိန်းထားပေးခဲ့သည်။
"ငါလည်းစိတ်မကောင်းလွန်းလို့ကြာကြာတောင်
မကြည့်နိုင်ခဲ့ဘူး...သူ့အမေကတော့
အရမ်းသောင်းကျန်နေပြီး Jungkook က
တော့ စကားတခွန်းမှခုထိမပြောဘူး
မင်းမသွားလိုက်ပါနဲ့နော်.သူတို့Jungkook
အခြေအနေကိုလက်မခံနိုင်ကြပဲ
ဆေးရုံတခုလုံးကိုဖြိုပစ်မယ်ကြီးလုပ်နေကြတယ်"
ဆံပင်တွေအားဆွဲဆုပ်လိုက်ရင်း
သူဘာလုပ်ရမှန်းကိုမသိတော့။
အမြဲလိုလိုတက်ကြွသောခြေလှမ်းတွေနှင့်
လျှမ်းလျှမ်းတောက်နေခဲ့သောJeonသည်
ဒီအခြေအနေကိုဘယ်လိုမှလက်ခံနိုင်မည်မဟုတ်။
"Jimin...!"
"အဲ့တာပဲမလား....
တခြားဘာမှထပ်မထိခိုက်တော့
ဘူးမလား...ကျန်တာအဆင်ပြေတယ်မလား"
"အင်း...သူအများကြီးကံကောင်းတာပါ"
"ကျတော်သွားမယ်..."
"မသွားရဘူး....ဟိုမှာကမ္ဘာပျက်နေကြတာ
မင်းမသွားရဘူး..."
"Hyungစကားကိုကျတော်ဘယ်တုန်းက
နားထောင်ဖူးလို့လဲ..."
"ParkJimin..!!!တခါပဲလေ
တခါလောက်ပဲနားထောင်ပေးပါကွာ..
မင်းထိခိုက်သွားမှာစိုးလို့ပါ..."
"အဆင်ပြေတယ်..ကျတော်ဘာမှမဖြစ်နိုင်ပါဘူး"
"Min..."
တောင်းဆိုသလိုထွက်ပေါ်လာသောYoongiHyung ၏
မျက်လုံးတွေအားမျက်ကွယ်ပြုကာကားသော့အား
ယူလိုက်သည်။သွားပါရစေ အစအဆုံးကျတော့်
အမှားတွေဆိုပေမယ့်မျက်နှာပြောင်တိုက်ပီး
ကျတော်ခဏလေးပဲဖြစ်ဖြစ်တော့
ငေးကြည့်ပါရစေ..။သူချမဲ့စီရင်ချက်တွေအား
ကြေကြေကွဲကွဲသွားပြီးနားထောင်ပါရစေ
ဒေါသတွေထွက်နေမဲ့သူ့ကိုအရှက်တရားမဲ့စွာ
နှစ်သိမ့်ပေးပါရစေ..။
ကားကိုအမြန်နူန်းမြှင့်လျက်မောင်းလာခဲ့သည်။
စိတ်ကဆောင်၍ပဲလားမသိဆေးရုံသို့မရောက်နိုင်
အရမ်းကြန့်ကြာနေသလိုခံစားနေရသည်။
Namjoon Hyung၏စိတ်ကုန်သွားသလို
မျက်လုံးတွေအားစိတ်ထဲတွင်တော့တဖွဖွ
တောင်းပန်နေလျက်။အတွင်းတွင်လှိုက်လောင်
နေသောအပူမီးသည်မျက်နှာပေါ်သို့မရောက်
ရှိိစေရ..ပုံမှန်ခရီးသွားလူတယောက်လိုအေးအေး
ဆေးဆေးပင်မောင်းလာခဲ့သည်။
စောင့်နေပေးပါ..Jeon...။
Ring....Ring....
ဖုန်းသံသည်ဆူဆူညံညံထွက်ပေါ်လာတာကြောင့်
ရင်ထဲဟာခနဲ ကားမောင်းနေရင်းသူဖုန်းမပြော
ရဲပါ။ခေါ်နေသူကNamjoon Hyung..။
ဖုန်းကိုချပစ်ကာကားကိုသာဂရုစိုက်
မောင်းနေလိုက်သည်။ထပ်ဝင်လာသောဖုန်းသံ
သည်သူ့မေးရိုးတွေအားတင်းသွားကာ
ကိုင်လိုက်သည်။
"Hyung...ဘာဖြစ်နေတာလဲဗျာ..."
"Jimin.....shying တောင်းပန်ပါတယ်.."
Namjoon Hyungအသံသည်အက်ကွဲကွဲ..။
သေချာပေါက်ငိုနေသောအသံ..။
သူသွားရုံနဲ့ဘယ်လိုဖြစ်လို့ဒီလောက်
ငိုနေရတာလဲ...။
"Hyung...ကျတော်ဘာမှမဖြစ်ပါဘူးဆို
ဖုန်းတဂျီဂျီခေါ်မနေနဲ့..."
"Jimin...Riလေ...."
"Ri...."
"Ri ဘာဖြစ်လဲ ..."
"Hyung..တောင်းပန်ပါတယ်
Hyungဂရုမစိုက်နိုင်ခဲ့ဘူး...ကွာ..."
ငိုချလိုက်သောNamjoon Hyungကြောင့်
Jiminတောက်တချက်ပြင်းပြင်းခေါ်ကာ
"ဘာဖြစိလို့လဲ ငိုမနေဘဲပြောစမ်းပါ.."
အော်လိုက်သောအသံသည်Jiminဘဝတွင်
အကျယ်ဆုံးအော်သံတခုဖြစ်လိမ့်မည်။
သူ့ပြသနာတွေနှင့်သူလုံးလည်လိုက်ရင်း
သူဂရုစိုက်ဖို့ပျကိပြားနေခဲ့သောညီမလေး
သည်ဘာတွေများဖြစ်ပျက်ခဲ့ပြန်ပီလဲ..။
Namjoon Hyungပြောလိုက်သော
စကားတခွန်းသည်ခေါင်းပေါ်တည့်တည့်
မိုးကြိုးဆယ်စင်းလောက်ပစ်ချလိုက်သလို
လမ်းလည်ကောင်ကားဘရိတ်အားနင်းချ
လိုက်တော့တလမ်းလုံးကဆဲဆိုသွားကြသည်
ကမ္ဘာကြီးတခုလုံးချာချာလည်ကာ
အရာအားလုံးသည်ဗလာဖြစ်သွားခဲ့သည်။
ဘယ်လိုကံကြမ္မာလဲ.....။
"Riဆုံးသွားပီ Jimin....."
...........။
"Jungkookie...အသီးစားပါအုန်း...."
ခုတင်ပေါ်တွင်ထိုင်နေသောJeonသည်
နိုးလာထဲကအသိစိတ်ပျောက်နေသောလူလို
အရုပ်တရုပ်လိုပင်ငြိမ်သက်နေသည်။
Jeonကတော်၏အော်ဟစ်ဆူညံမှုများကို
လည်းမကြားသလို..ထယ်ယောင်း၏
နှစ်သိမ့်မှုများစွာကိုလည်းမသိသလို
ဘာခံစားမှုမှမရှိတော့သောခြေထောက်တွေ
ကိုသာထူးဆန်းဖွယ်ရာလိုကြည့်ကြည့်နေ
တတ်သည်။တခါတရံတော့အခန်းတံခါးဘက်
အချိန်ကြာကြာငေးနေတတ်ကာ
ဝိုင်းစက်နေသောမျက်လုံးလေးများသည်
မှိုင်းညို့နေခဲ့သည်။
"စတော်ဘယ်ရီကြိုက်တယ်မလား..."
စတော်ဘယ်ရီသီးလေးကိုင်ရင်းအစား
စားရန်ချော့မြူနေသောထယ်လေးသည်
သူ့ပါးစပ်နားအထိအသီးအားထိုးပေးသည်။
သူခေါင်းခါပြလိုက်တော့ငိုချလိုက်တော့
မည့်မျက်လုံးရွဲကြီးများသည်
မျက်ရည်တွေကျလာတော့မှာလား။
"သူမင်းဆီကိုမလာဘူး Jungkookie..
ဟိုးအစထဲမလာခဲ့တာမို့
ကျေးဇူးပြုပြီးသူ့ကိုစိတ်ပျက်လိုက်ပါတော့"
ထယ်သည်ထိုစကားပြောဖို့အခက်အခဲအများ
ကြီးရှိနေခဲ့သောပုံရသည်။အသက်ပင်
ခက်ခက်ခဲခဲရှုရင်းပြတ်တောင်းပြတ်တောင်း
ပြောနေသည်။
တစ်စက်ချင်းကျလာသောမျက်ရည်တွေအား
ခပ်ဖွဖွသုတ်ပေးလိုက်ရင်းထယ့်လက်ထဲက
စတော်ဘယ်ရီလေးအားယူကာစားလိုက်သည်။
သေးငယ်သောစိတ်အေးချမ်းမှုလေးတော့
ထယ့်ကိုရစေချင်သည်။နိုးလာသောအချိန်တွင်
သူဟာလူတစ်ယောက်အကူအညီမပါဘဲ
ဘာမှလုပ်လို့မရတော့ဘူးတဲ့လေ...။
ကမ္ဘာပတ်ခဲ့သောသူဟာရေတစ်ခွက်ကိုပင်
ခပ်သောက်ရန်မလွယ်ကူတော့ဘူးဆိုတာ
သိလိုက်ရသောအချိန်တွင်တင်းကျပ်လာ
သောနှလုံးသားတခုလုံးသည်တစစီ..။
ဖုန်းထဲကလေသံအေးစက်စက်နှင့်
ကားခေါင်းကြီးကိုမြင်တိုင်းကြားတိုင်း
သွေးလည်ပတ်မှုတွေရပ်သွားသလိုမျိုး
သိပ်ကြောက်ခဲ့သည်။အပြစ်တွေအား
လာရောက်တောင်းပန်ရင်းအညံ့လာခံလိမ့်
မည်ဟုတထစ်ချထင်ခဲ့သည်။သူ့ဘဝတခုလုံး
ပျက်ဆီးခဲ့တာမလား..။အနည်းဆုံးတော့
ဟန်ဆောင်ပန်ဆောင်စ်တ်မကောင်းဖြစ်
ပြအုန်းမည်ထင်ခဲ့ပါသော်လည်းနိုးနိုးချင်း
ထိုမျက်နှာလှလှလေးကိုသာမြင်ချင်ခဲ့သော်
လည်း ParkJimin က တော့
ParkJimin ပါပဲ.လေ..။
မျှော်နေရမဲ့ကိစ္စမျိုးတွေမဟုတ်ဘဲ
Hyungကအနားမှာသေချာပေါက်ရှိ
နေရမှာမလား....။
သူလမ်းမလျှောက်နိုင်တော့လို့လား.
အရင်လိုအောင်မြင်တဲ့လူတစ်ယောက်လို
တောက်တောက်ပပမရပ်တည်နိုင်တော့
လို့လား...။
သုံးရက်မြောက်သည်အထိအရိပ်လေး
တောင်မတွေ့ခဲ့တာကြောင့်ရင်ဘက်တခု
လုံးထုံကျဉ်နေသည်။
ကျေးဇူးပြုပြီးစိတ်ပျက်လိုက်ပါတော့လား.."
မဖြစ်နိုင်လိုက်တာ ထယ်လေးရယ်။
"ထယ်ပြန်တော့မယ်...Jungkookie...ဝှီးချဲပေါ်
ရွှေ့ပေးခဲ့ရမလား"
စောင်ခြုံကာခုတင်ပေါ်သို့ပြန်လှဲသွားသော
Jeonကြောင့်ထယ်ယောင်းခေါင်းညိတ်ကာ
"အင်း...အင်း..HoseokHyung
လည်းလာနေပီ..တယောက်ထဲအဆင်
ပြေပါတယ်နော်"
သိမ်းစရာရှိတာတွေအားလုံးသိမ်းကာ
ပြောနေသော်လည်းတုံ့ပြန်မှုရမလာတာ
ကြောင့်ထယ်ယောင်းပိုဝမ်းနည်းလာသည်။
ဒီပုံစံနဲ့ဘယ်အချိန်အထိဆက်ပြိုလဲနေအုန်းမှာလဲ
အပူချိန်ချိန်ညှိပေးခဲ့ကာတံခါးအားခပ်ဖွဖွပိတ်
ရင်းထွက်လာခဲ့သည်။
"ထယ်လေး...ကိုယ်တောင်မလာသေးဘဲ
ဘာလို့ထွက်လာတာလဲ..CEO
တယောက်ထဲကို..."
ပြူးတူးကြောင်လေးဖြင့်သူအားခဏတော့
ကြည့်နေခဲ့ပြီးမှပြိုဆင်းလာသော
မျက်နှာလှလှလေးနဲ့အတူ
"ငိုချင်လာလို့..."
အထုတ်အပိုးတွေနှင့်ထယ်ယောင်းသည်
င်ုချင်ရက်လက်တို့ဆိုသလိုပင်
သူ့ရင်ခွင်ထဲသို့ပြေးဝင်လာခဲ့ပြန်သည်။
လက်ကလေးတွေကသူ့ခါးပေါ်တွင်တင်းတင်းကျပ်ကျပ်
"ဘာမှမဖြစ်ပါဘူး..ခဏလေးရှော့ရသွား
တာပါ..ယောင်းငယ်လေးကအရမ်းဝမ်းနည်း
နေရင်CEOကပိုဝမ်းနည်းမှာပေါ့
ကိုယ်တို့ယုံကြည်ထားတယ်လေဆက်ယုံကြည်
ရအောင်..."
ထယ်သည်သူ့မျက်နှာအားစေ့စေ့စပ်စပ်မော့
ကြည့်လာပြန်သည်။မျက်တောင်စင်းစင်း
လေးတွေ၏ဒဏ်အားသူကြိမ်ဖန်များစွာ
စောင့်စည်းလာခဲ့သော်လည်းဒီအရုပ်ကလေး
ကမျက်ရည်စတွေနှင့်စိုက်ငေးလာသော်အခါ
လမ်းတွေစပျောက်ချေပီ။
ထယ်တခုခုကိုလိုအပ်နေသလိုလို
တခုခုတောင်းဆိုနေသလိုမျက်ဝန်းလှလှတွေသည်
ဘယ်တော့မှရုန်းထွက်၍မရခဲ့သော
ထောင်ချောက်လှလှဖြစ်ကြောင်း
တနေ့တော့ထယ်သိအောင်ပြောပြရအုန်းမည်။
စိတ်အစဉ်သည်တဆက်ဆက်တုန်နေသော
နူတ်ခမ်းတွေဆီရောက်လာခဲ့သော်
စည်းတွေဘောင်တွေမသိနိုင်တော့
နီရဲနေသောနှာခေါင်းထိပ်လေးနှင့်
မှဲ့နက်လေးသည်သူအားနည်းပေါင်းများစွာ...
"တောင်းပန်ပါတယ်...ယောင်းငယ်"
လက်ကလေးအားဆက်ခနဲဆွဲယူကာ
လူရှင်းသောလှေကားဒေါင့်တနေရာသို့
ခေါ်လာခဲ့ပီးနောက် ထယ့်နူတ်ခမ်းတွေအား
ရူးရူးမိုက်မိုက်ခစားခဲ့မိတော့သည်။
ဒုတိယအကြိမ်မြောက်တွင်ထယ်သည်
သူ့နူတ်ခမ်းတွေအားမစိမ်းသက်တော့ပါ။
နှစ်သိမ့်မှုတခုလို့သတ်မှတ်လိုက်ပါယောင်းငယ်
တုံ့ပြန်လာသောထယ့်နူတ်ခမ်းတွေသည်
နွေးထွေးလွန်းတာကြောင့်ပတ်ဝန်းကျင်
အရပ်ရပ်အားမေ့သည်အထိ။
ပျော်ရွှင်ခြင်းဖြင့်နမ်းနေခြင်းမျိုးမဟုတ်ဘဲ
ဝမ်းနည်းဆုံးရှုံးမှုများဖြင့်နစ်မျောမိသော
အနမ်းများတွင်မျက်ရည်များကိုလည်း
ခံစားမိခဲ့သည်။
"ငိုနေတာလား ယောင်းငယ်..."
ထယ်သည်မျက်ရည်တွေနှင့်ဆိုလာခဲ့ပြန်သည်။
"ထယ်..HoseokHyungကိုနမ်းရတာကို
ကြိုက်တယ်...Jungkookie ကိုပဲ
ကြည့်နေချင်ပေမယ့် နမ်းရင်တော့
HoseokHyung နဲ့ပဲနမ်းချင်တယ်..
Jungkookieကိုအမြဲတမ်းပြုံးနေစေချင်
ပေမယ့်HoseokHyung အပြုံးတွေက
ပဲ ထယ့်ကိုနွေးထွေးစေတယ်....
ဘာတွေမှားနေပီလဲ Hyung...
Hyungသိလား..."
"အဖြေတွေရှိပါတယ် ယောင်းငယ်ရယ်..."
ရင်ခွင်တဖန်ပြန်ထည့်ကာဖက်ထားပေးမှုတွင်
ထယ်သည်မငိုတော့။ပထမဆုံးအကြိမ်
ပွင့်ထွက်လာခဲ့သောစကားလေးတွေသည်
နှလုံးသားတခုလုံးနွေးထွေးခဲ့စေကာ
မရဲတရဲလေးပြုံးခဲ့မိသည်အထိ။
ဘာတွေဆက်ဖြစ်နိုင်မလံမသိပေမယ့်
ထယ်ဝမ်းနည်းလာတိုင်းတိုးဝင်ငိုစရာ
ရင်ခွင်တခုတော့ဖြစ်ချင်ပါသေးသည်။
ဝက်ဝံလေးအားအေးချမ်းသွားစေနိုင်
သည့်Junghoseokတော့လောဘကြီးစွာ
ဖြစ်တည်ချင်ခဲ့ပါသည်။
တခြားသောအတ္တတွေကတော့...
ခပ်ဝေးဝေးမှာသော့ခပ်သိမ်းထားရမည်။
ထယ်သည်..ပူလောင်ပိုင်ဆိုင်ချင်မျိုး
ထားခဲ့မိလျှင်တောင် မတူမတန်သော
တန်ဖိုးများဖြင့်ဖြူဖြူစင်စင်
နတ်ဘုရားလေး....။
........။
Bạn đang đọc truyện trên: AzTruyen.Top