23
"သွေးကို ထယ့်ဆီကယူပါဒေါက်တာ"
ဆရာဝန်တွေကြားထဲပြေးဝင်ကာစိတ်လွတ်နေသလို
ထယ်ယောင်းအားဆွဲခေါ်ကာရင်ခွင်ထဲမလှုပ်ရှားန်ုင်
အောင်ထည့်ထားလိုက်ရသည်။
"ခဏလေးငြိမ်ငြိမ်နေပေးပါ ထယ်လေးရာ...သွေးအမျိုး
အစားမတူတာကို ဘယ်လိုလုပ်ယူလို့ရမှာလဲ မင်းကအဲ့လို
ဖြစ်နေရင် ကိုယ်ဘာဆက်လုပ်ရမှန်းမသိတော့ဘူး..."
"HoseokHyung Jungkookieကိုကယ်ပေးပါ....
နော်...နော်..."
သွေးပျက်နေသောမျက်ဝန်းလေးတွေနှင့်ထယ်သည်တကိုယ်လုံးတုန်ရီကာမျက်ရည်တွေကမခမ်းနိုင်သေး။
"ကိုယ်တို့ သူ့ကိုယုံရမယ်လေခုလည်းဘာမှဖြစ်တာမဟုတ်
ဘူးလေ....အဆင်ပြေသွားမှာပါ ."
"အသက်သာရှင်တာJungkookieသတိပြန်လည်လာပါ့
မလား....သူပုံစံကသိပ်ဆိုးလွန်းတယ်လေ...."
"မဆိုးပါဘူးကွာ..သွေးထွက်တာများသွားလို့ထယ်လေး
လန့်သွားတာပါ....စိတ်ကိုအေးအေးထားကိုယ်တို့မှာ
နည်းပညာရှိတယ် ငွေရှိတယ် ကိုရီးယားမှာအဆင်မပြေ
ရင်တခြားပိုကောင်းမဲ့နေရာတွေအထိCEOကို
ကုသနိုင်ပါတယ်....."
"Jungkookie မရှိလို့မဖြစ်ဘူး......."
အိခနဲငိုချလိုက်သောကောင်လေးသည်ဟန်မဆောင်နိုင်
တော့ဘူးထင်သည်။ရင်ဘက်တခုလုံးမှာထိုကလေးငယ်
မျက်ရည်တွေပေကျံနေကာဝက်ဝံလေးအားရင်ခွင်ထဲက
မထုတ်မိခဲ့.။အရေးပေါ်ခန်းထဲတွင်အသက်လုနေရသော
သူနှင့်အသဲကြွေမတတ်ငိုနေသောလူနှစ်ယောက်ကြား
Hoseokလမ်းတွေပျောက်နေရသည်။
........။
"Jimin....မင်းဘယ်မှာလဲ....."
YoongiHyung နှင့်စကားတချို့ပြောပီးသည့်နောက်
လေးလံနေသောစိတ်သည်လန်းဆန်းမလာခဲ့။
အလိုက်သိလွန်းသောYoongi Hyungသည်
ခဏလေးသာစကားပြောပြီးပြန်ထွက်သွားသည်။
သူလူတစ်ယောက်ချစ်တာကိုအခွင့်ကောင်းယူကာ
ကစားပွဲထဲသို့ဆွဲထည့်ခဲ့တာမလား..ထိုအချိန်မမျှော်လင့်ဘဲရောက်လာခဲ့သောMsgတကြောင်းနှင့်ဓာတ်ပုံတပုံ။
။Jungkook အကြိုက်ဆုံးကားအနက်ကြီးသည်ရုပ်ပျက်ဆင်းပျက်ပျက်ဆီးနေလျက်။ခပ်ဝါးဝါးတွေ့မြင်လိုက်
ရသောမှန်ကွဲစတွေစိုက်နေသောခန္ဓာကိုယ်တခု...။
သွေးတွေပြောင်းပြန်စီးသွားရသလို...ပို့ခဲ့သောဖုန်းနံပါတ်
အားဖုန်းချက်ချင်းမိခေါ်လိုက်သည်။တဖက်မှပြောနေ
သောစကားများသည်အိမ်မက်လိုလို...။မဖြစ်နိုင်ဘူး
လို့အကြိမ်ကြိမ်ပြန်ပြောမိရင်းကြမ်းပြင်ပေါ်သို့ဖုန်းလွတ်ကျခဲ့ပြီးနောက်ကမ္ဘာကြီးသည်ရပ်တန့်သွားသည်။
"ခင်ဗျားကပျော်ရွှင်မှုတွေကိုလိမ်တယ်...."
ငါလုပ်လိုက်တာလား....။
သူ့ကိုယ်သူပြန်ရှာမတွေ့တော့။တုန်ရီလာသောလက်ချောင်းတွေနှင့်ပေါက်ထွက်မတတ်ခုန်နေသောနှလုံးကြောင့်စားပွဲပေါ်ကစိတ်ငြိမ်ဆေးဗူးအားဆွဲယူလိုက်သည်။
ရည်ရွယ်ခဲ့ပါတယ် ရည်ရွယ်ချက်ရှိရှိကိုသူဒါကိုလုပ်ခဲ့တာ
အပြင်းအထန်ပေါက်ကွဲခဲ့သောJungkook ကြောင့်သူ
အနိုင်ရတယ်လို့လည်းသတ်မှတ်ခဲ့တယ်။
ဒါပေမယ့်..ဒါက...တော့မဟုတ်သေးဘူးလေ...
သေသွားခဲ့တာလား...ဘယ်သူ့ကိုမေးရမလဲ....
စိတ်ငြိမ်ဆေးတွေပါးစပ်ထဲဘယ်နှလုံးဝင်ဝင်ဆောက်
တည်ရာမရတော့....။အခန်းတံခါးပြေးကာLockချလိုက်
သည်။ဒုက္ခပါပဲ....။
"ဒုန်းးးး ဒုန်းးးး Jiminတံခါးဖွင့်စမ်း......"
Namjoon Hyung....။
တံခါးဆီသို့သွားကာဖွင့်ပေးလိုက်တော့Hyung သည်
သူ့အားစိတ်ပျက်သလိုကြည့်လာသည်။အကြည့်တွေအား
ဖျက်ခနဲလွှဲလိုက်ရင်း..
"ဘာဖြစ်လို့လဲ Hyung...!"
"ဘာဖြစ်လို့လဲဟုတ်လား Jimin...မင်းကိုမိုက်ရူးရဲမဆန်ဖို့
ငါအကြိမ်ကြိမ်သတိပေးခဲ့တယ်...ငါ့ကိုထိရင်ငါက
တော့ပြန်ထိအောင်လုပ်လိုက်ရမှဆိုတာ ချစ်သူတွေကြား
မှာဘာမှထားစရာမလိုတဲ့စိတ်ပဲ....မင်းJungkookကို
ချစ်တယ်ဆိုတာ ဒါလား..."
"ဘာဖြစ်နေလို့...ကျတော့်ကိုHyung
လာအော်နေတာလဲ...."
"Park Jimin...!!"
ကိုယ်လုံးငယ်အားဆွဲလှုပ်ခါရင်းတည့်တည့်ကြည့်ကာ
အော်လိုက်တော့မှိုင်းဝေနေသောJiminမျက်လုံးတွေ။
လုပ်ချင်ရာလုပ်ပီး အတွင်းထဲမှာလှိုက်ရူးနေပြီဆိုတာ
Namjoonသဘောပေါက်လိုက်တာကြောင့်သက်ပြင်း
တခုချကာ
"မင်း ခုထိ ပါလား....ဟိုမှာသေမလား ရှင်မလားမသိဘူး"
မေးရိုးတွေတင်းသွားသည်။နူတ်ခမ်းတွေအားစေ့စေ့ပိတ်
ထားရင်းသူနှင့်မသက်ဆိုင်သလိုမျက်နှာသေသည်
Namjoonအားစိတ်ဓာတ်အကြီးအကျယ်ကျစေသည်။
"မင်းကြောင့်ဖြစ်သွားခဲ့တာ..မင်းလက်မခံပေမယ့်
အားလုံးကသိနေခဲ့ပြီးသား...အိမ်ထဲကအိမ်ပြင်မထွက်နဲ့
ဆေးရုံကိုလည်းမလာနဲ့ မင်းမျက်နှာကိုဘယ်သူမှမပြပါနဲ့
မင်းမှာအန္တရာယ်ရှိတယ် Jungkookအမေကငြိမ်နေမှာ
မဟုတ်ဘူး"
"......."
"Minyoongiနဲ့ထပ်မပတ်သတ်ပါနဲ့...မင်းအသုံးချချက်
ကြီးကလွန်လွန်းအားကြီးတယ်...ဘာမှမဆိုင်တဲ့သူက
အပြင်သွားရင်တောင် အားလုံးကမေးငေါ့နေကြပီ"
"........."
"နားမကြားသလိုလုပ်မနေနဲ့ Jiminမင်း၁၃နှစ်သားထဲက
ဆိုးခဲ့မှုတွေက ဆယ်နှစ်ကျော်တဲ့အထိတစက်မှမလျှော့
နိုင်သေးဘူးနော်....ငါကပါစိတ်ထပ်ကုန်ရင်မင်းမှာမင်းပဲ
ကျန်တော့မှာ..."
"Hyung......"
"အပြင်လုံးဝမထွက်ပါနဲ့....ငါလာသတိပေးတာ....
Riကိုအိမ်ကိုခေါ်သွားမယ် ငါစိတ်မချဘူး
မင်းလည်းလိုက်ချင်ရင်လိုက်ခဲ့လို့ရတယ်"
"မလိုက်ဘူး..."
"ကောင်းတယ် ကျန်ခဲ့...ငါသွားပြီ ဖုန်းကိုပိတ်ထား
ဘယ်သူတွေဘာလာပြောပြောမသိသလိုနေလိုက်ပါ..."
Hyung သည်စိတ်ပူ၍ပြေးလာခြင်းကားသိသာသည်။
ဂရုဏာဒေါသဖြင့်ပြောဆိုသွားခဲ့သော်လည်းHyung
စေတနာတွေကိုမြင်လာရတဲ့ခါငိုချင်လာသည်။
Namjoon Hyungပြန်ထွက်သွားသော်အခါတစ်ယောက်
ထဲကူရာကယ်ရာမဲ့လာခဲ့တော့သည်။
သွေးတွေရွှဲနစ်နေသောJungkook၏ပုံရိပ်သည်ခေါင်းထဲ
ဝင်လာသော်အခါအခန်းနံရံတွေပင်လှုပ်ရှားလာခဲ့သလို...
နာရီဝက်လောက်ငြိမ်သက်နေကာအသက်မဲ့နေသောလူ
တယောက်လိုအခန်းနံရံအားငေးစိုက်နေသောJimin
သည်ခေါင်းထဲတွင်တော့အတွေးပေါင်းရာချီကာ
ရှုပ်ယှက်ခတ်နေလျက်....။
ငါသွားရမယ်.....ဟုတ်တယ် ငါမှားသွားခဲ့တယ်
ဒါပေမယ့်Jungkook ကိုငါသွားကြည့်ရမယ်...
ငါ့ရိုက်ပုတ်နှင်ထုတ်ခဲ့ရင်ရော..ငါသည်းခံနိုင်ပါ့မလား
သူဘယ်နေရာတွေထိခိုက်သွားပြီးအဆင်ပြေရဲ့လား
လို့တော့သိခွင့်ရှိတယ်မလား...ငါဒီလိုဖြစ်ပါစေလို့
တော့ရည်ရွယ်ခဲ့တာမဟုတ်တော့လေ...
လက်ချောင်းတွေကိုတတိတိဖဲ့ရင်းစဉ်းစားနေသော
Jiminသည်မတည်ငြိမ်နိုင်စွာ...။
အခန်းထဲမှပြေးထွက်လာတော့ ပြန်သွားပြီဟုထင်ခဲ့သော
MinYoongi သည်တံခါးဝတွင်ငုတ်တုတ်...။
"YoongiHyung....!"
"Min..."
"ဘာလုပ်နေတာလဲ...မပြန်သေးဘူးလား ကျတော်လုပ်ခဲ့
တာကိုမကျေနပ်သေးလို့လား နောက်မှအေးအေးဆေး
ဆေးထပ်တောင်းပန်ပါ့မယ် ခု..ခု..ကျတော်..."
"စိတ်မချလို့မပြန်တာ...ခုလိုပုံစံမျိုးဖြစ်နေမှာစိုးရိမ်
လွန်းလို့စောင့်နေတာ.."
"ကျတော်ဘာဖြစ်နေလို့လဲ...ဘာမှမဖြစ်ဘူး ပြန်တော့
ကျတော်သွားစရာရှိတယ်..."
"Jungkook ဆီသွားမယ်ဆိုကိုယ်တားချင်တယ်.Min
Namjoon Hyungလည်းသေချာမှာသွားတယ်"
"ဘာကိစ္စနားထောင်ရမှာလဲ.."
"ခုခ်ျန်ကအကုန်သွေးပူနေကြတာMin...မင်းပြောချင်တာ
တွေပြောခဲ့ပြီးမကြာဘူး သူကားမှောက်တာ..."
"အဲ့တော့ဘာဖြစ်လဲ...ကျတော်ကလူယုတ်မာလေ
ကျတော်သိပါတယ် မကောင်းတဲ့လူလေ ဟုတ်တယ်မလား
ကျတော့်ကြောင့်စိတ်ထိခိုက်ပီးဒီကိစ္စဆိုးကြီးဖြစ်သွား
တာဟုတ်တယ်...ကျတော်နဲ့ဖုန်းပြောနေတုန်းမှောက်သွား
ခဲ့တာ ရန်ဖြစ်လို့တောင်မပီးသေးဘူး ခုသွားဆက်ဖြစ်
မလို့...ဖယ်...."
"ကံကြမ္မာကိုလွဲချလိုက်လို့ရပါတယ် Minမသွားပါနဲ့"
"မလိုပါဘူး...ကျတော်လုပ်တာပါလို့ဝန်ခံပီးပီပဲ
JeonJungkook ဘာဖြစ်လာလာ ကျတော်နဲ့ဆိုင်တယ်"
လက်တွေအားပုတ်ထုတ်ရင်းတွန်းတိုက်ထွက်သွားခဲ့
သောMinသည်ခြေလှမ်းတွေတောင်မမှန်နိုင်ခဲ့။
မင်းကမချစ်တတ်ပေမယ့် မင်းကိုသိပ်ချစ်မိတဲ့လူတွေ
အဖို့မင်းက သိပ်အန္တရာယ်များပါတယ် Minရာ....။
...............။
နာရီပိုင်းလေးအတွင်းအခြေအတင်အော်ဟစ်ရန်ဖြစ်ကာ
ပေါက်ကွဲခဲ့သောသူသည်ဆေးရုံခုတင်ပေါ်တွင်တချက်
မျှပင်မလှုပ်။ခြောက်နာရီလောက်ခွဲစိတ်မှုတွေအပီး
ညဦးပိုင်းလောက်တွင်VIPအခန်းထဲသို့ပြောင်းရွေ့ကာ
ထားလိုက်တာကြောင့်သူအခန်းထဲသို့မဝင်ဖြစ်သော်
လည်းအပြင်မှငေးကြည့်မိသည်။
"ငါလုပ်လိုက်တာ.....မင်းကိုဒီလိုပုံစံဖြစ်အောင်ငါပဲလုပ်
လိုက်တာပါ ...ငါမတောင်းပန်ဘူး မင်းခွင့်လွှတ်လိုက်မှာ
သေချာနေလို့ပါ....Jeonရယ်..."
"အထဲမဝင်တော့ဘူးလား Jimin..."
ဩရှရှအသံပိုင်ရှင်သည်ပန်းခြင်းဖြူဖြူလေးကိုင်လျက်
ဘယ်အချိန်ကရောက်နေမှန်းမသိ...။မလုံခြုံသောစိတ်
အစဉ်ကြောင့်လန့်သွားကာပြူးကြည့်နေမိသည်။
"မဝင်တော့ဘူး."
"မဝင်ရဲလို့လား..."
KimTaeHyung သည်ဘယ်နှနာရီလောက်အထိငိုများ
ထားသလဲမသိ မျက်နှာတခုလုံးနီရဲနေလျက်။
အေးစက်စက်ပြောနေပုံသည်အရင်လိုအားနာနေလို့တော့
မဟုတ်...စိန်ခေါ်သလိုမျက်လုံးတွေဖြစ်ကြောင်းကြည့်ရုံ
နှင့်သိသည်။
"ငါမဝင်ရဲစရာဘာရှိလို့လဲ အနှောက်အယှက်ဖြစ်မှာစိုး
လို့ဒီမှာနေပေးရုံ...."
"မင်း...အရင်လိုအော်ဟစ်ဆဲဆိုနေရင်တောင်သူ့ကို
အနှောက်အယှက်မဖြစ်စေတော့ပါဘူး..သူသတိပြန်ရ
လာဖို့ကမလွယ်ကူတော့ဘူးတဲ့...."
ချက်ချင်းဆိုသလိုပိုက်တန်းတွေစက်ကိရိယာတွေကြား
နှစ်မြုပ်နေသောသူအားကြည့်မိရင်းရင်တခုလုံးကျိုးကျ
ခဲ့ရသည်။ကြမ်းပြင်ပေါ်သို့အရုပ်ကြိုးပျက်လဲကျလိုက်
ချင်ပေမယ့်အမူအယာမပျက်ဆက်ရှိနေခဲ့သည်။
သရုပ်ဆောင်လုပ်ခဲ့ခြင်းတွေသည်အသုံးဝင်ခဲ့သား။
"မင်းနောင်တနည်းနည်းလေးတောင်မရဘူးလား
ParkJimin...!!"
"ရချင်လည်းရမှာပေါ့....မပြောတတ်ဘူး...."
ရုတ်တရက်ဆန်စွာထယ်ယောင်းသည်သူ့အားကြမ်းပြင်
ပေါ်သို့တွန်းချတော့သည်။အားအနည်းငယ်သာပါသော်
လည်းသူကိုယ်တိုင်ကယဲ့ယဲ့သာရှိတော့တာမို့ရုပ်ပျက်
ဆင်းပျက်ပစ်ကျသည်။ကျယ်လောင်သောဖိနပ်သံ
တခုအားသူကြားလိုက်ရသည်။ဒါဟာJeonစံအိမ်
တော်ကြီးဆီမှဒေါသတကြီးထွက်ခွါသွားသောခြေသံ
တွေအတိုင်း...။သူမတ်တပ်ပြန်ရပ်ကာထိုခြေသံတွေရှိရာသို့ကြည့်မိသည်နှင့်မီးတောက်နေသောမျက်လုံးတွေနှင့်
သူ့ဆီပြေးလာနေသော သူ့ရန်သူတော်...။
"အမှိုက်ကောင်!!!!!"
ဟုတ်ပါသည် သူ့အားချွန်ထက်သောလက်သည်းအရှည်
တွေနှင့်ပါးအားသုံးချက်ဆင့်ရိုက်လိုက်
သူJungkook ၏အမေ...။
"သူဌေးကတော်စိတ်ထိန်းပါ ဆေးရုံကြီးမှာမလို့ အဆင်
မပြေနေပါဘူး...."
Hoseokသည်ဂျွန်ကတော်အားထိန်းထားသော်လည်း
Jiminကလည်းထွက်မသွားခဲ့။ထယ်ယောင်းကတော့
တံခါးဖွင့်ကာခပ်အေးအေးပင်Jungkook ရှိရာသို့ဝင်
သွားခဲ့သည်။အပြင်ကအဖြစ်များအားတချက်မျှပင်လှည့်
မကြည့်ခဲ့ပါ။
"နင်မျက်နှာပြောင်တိုက်ပီးလာရဲသေးတယ် နင့်ကြောင့်
ငါ့ကလေး ဒီလိုဖြစ်တာ နင်နာကျင်အောင်လုပ်လို့
ငါ့ဂျွန်လေး ရှင်လျက်နဲ့သေခဲ့ရတာ...နင်..ကြောင့်..."
ဘယ်နေရာတွေအရိုက်ခံရလဲမခံစားမိတော့။ခံစားမှုမဲ့
သောမျက်နှာသေဖြင့်သာအားလုံးကိုရင်ဆိုင်နေသူသည်
အံကိုတော့တင်းတင်းကြိတ်ထားလျက်။
"မသေလို့ ထပ်သတ်မလို့လာတာလား...ဟုတ်လား
အောက်တန်းစားကောင်ရဲ့....နင့်ကိုယူဖို့ငါ့ကိုစွန့်ပစ်ဖို့
တောင်အစီအစဉ်ချနေတဲ့ ငါ့ဂျွန်လေးကိုနင်ဘယ်လိုလုပ်
ရက်တာလဲ ဟမ်.....နင့်ပါးစပ်ပိတ်မနေနဲ့ဖြေစမ်း
အနေတာလား နင်ဖောက်ပြန်တဲ့အကြောင်းကိုတန်ုင်ငံလုံး
ရှေ့ ပြောနေတုန်း က အတိုင်းသွက်သွက်လက်လက်
ရှင်းပြစမ်းပါ..."
စကားတလုံးမှပြန်မပြောဘဲအခန်းထဲမှအေးချမ်းစွာ
အနားယူနေသောJungkook အားလိုအပ်တာတွေလုပ်
ပေးနေသောထယ်ယောင်းကိုသာစိုက်ကြည့်နေသည့်
Jiminသည်ဝိဉာဉ်မဲ့နေသလို။
"ကြည့်မနေနဲ့ နင့်မျက်လုံးနဲ့ကြည့်ဖို့တောင်မတန်ဘူး
နင့်ကိုသတ်ပစ်ချင်တာ အလောင်းပါဖျောက်ပီး
နင့်ကိုပျောက်ဆုံးသွားစေချင်ခဲ့တာ"
"သူအသက်ရှင်တယ်မလား..သေသွားတာမှမဟုတ်တာ"
တလုံးချင်းထွက်လာသောစကားစုသည်အနည်းဆုံးတော့
တောင်းပန်စကားဖြစ်မည်ဟုထင်ခဲ့သော်လည်းမျက်နှာ
သေဖြင့်ပြောထွက်ခဲ့မှုကြောင့်Jiminမျက်နှာတည့်တည့်
သို့ရောက်လာခဲ့သောHoseok၏လက်သီးချက်သည်
ပြင်းထန်လွန်းသည်။
"သူသေသွားခဲ့ရင်
မင်းလည်းအသက်ရှင်နိုင်လိမ့်မယ်မထင်နဲ့ ParkJimin"
Hoseokသည်အံတင်းတင်းကြိတ်ကာအော်ပြောရင်း
ထွက်သွားခဲ့သည်။ဆက်နေလျှင်သူတခုခုဆိုးဆိုးဝါးဝါး
လုပ်မိတော့မှာသေချာနေခြင်းကြောင့်။
ကြမ်းပြင်ပေါ်တွင်လဲကျနေသောJimin...သည်ဘာ
တုန့်ပြန်မှုမှမရှိခဲ့။
"နင့်ဘဝတခုလုံးကိုငါဖျက်ဆီးပစ်မယ်ParkJimin
ပြင်ဆင်ထား...ငါ့သားဘဝကိုဖျက်ဆီးတဲ့နင့်ဘဝ
တရက်မှစိတ်မချမ်းသာစေရဘူး...ငါ့ကျိန်စာပဲ...."
လက်ညိုးငေါက်ငေါက်ထိုးကာနားထဲစိမ့်ဝင်သွားစေန်ုင်
တဲ့အထိပြောသွားသောသူဌေးကတော်အားရဲရဲတင်းတင်း
ပင်ပြန်ကြည့်လိုက်သည်။
"အေး...အဲ့အကြည့်တွေ....နောက်ဆုံးအချိန်အထိရဲရဲ
တောက်နေနိုင်ပါစေလို့ ငါဆုတောင်းပေးတယ်....
နင်ကငါ့သားဘဝကိုဖျက်ဆီးနေတဲ့ပိုးမွှားတင်မကဘူး
ဘဝပါပျောက်အောင်လုပ်ခဲ့တဲ့မကောင်းဆိုးဝါးဖြစ်နေပီ
ဆိုတာ နင့်ခေါင်းထဲကိုထည့်ထား ....."
ခေါင်းညိတ်ပြသောParkJimin သည်သေလောက်အောင်
မုန်းစရာကောင်းလွန်းသည်။အမေတစ်ယောက်အနေနဲ့
သားအားစိုးရိမ်သောစိတ်ယူကျုံးမရသောစိတ်တွေနှင့်
မျက်စိရှေ့ကပျော့ခွေခွေကောင်လေးအားတစစီပျက်စီး
သွားစေချင်ခဲ့သည်။ခုတင်ပေါ်တွင်မေ့မျောနေသော
သားဖြစ်သူအားမြင်ရလေParkJimin အားသတ်ပစ်ချင်
သောစိတ်များသည်ဟုန်းဟုန်းတောက်နေကာသေသေချာ
ချာဒုက္ခပေးမည်ဖြစ်ကြောင်းအသိပေးပြီးထွက်လာခဲ့
သည်။ဆက်နေလျှင်သူမသေသွားနိုင်ပါသည်။
ParkJimin ၏အကြည့်နှင့်အပြုအမူများသည်မီးလိုပူ
လွန်းလှစွာ အတ္တကြီးသည်ဆိုသောသူမတောင်တုန်ရီလာ
သည်အထိစွမ်းဆောင်နိုင်ခဲ့သည်။
ဖြည်းဖြည်းချင်းပြန်ထကာအခန်းထဲသို့ပြန်ကြည့်လိုက်
ချိန်တွင်Jungkookမျက်နှာအားအဝတ်စဖြူဖြူဖြင့်
သန့်စင်ပေးနေသောထယ်ယောင်း....။
ပတ်တီးဖြူဖြူတွေကနေရာအနှံ့...ရင်ထဲအထိအောင့်လာ
တာကြောင့်ဘေးနားရှိနံရံအားမှီထားလိုက်ရသည်။
နှလုံးခုန်နေကြောင်းတတီတီအချက်ပေးနေသောစက်ကို
ကျေးဇူးတင်နေမိကာအချိန်တော်တော်ကြာရပ်ကြည့်နေ
ခဲ့မိသည်။
ဘယ်လောက်ပြိုလဲနေခဲ့ပါစေခြေလှမ်းတချက်
မှမမှားအောင်လျှောက်လာခဲ့ရင်းနေကာမျက်မှန်အမဲအား
နေရောင်မရှိသောအခ်ျန်တွင်တပ်လိုက်ခြင်းသည်
ပြိုလဲပျက်စီးနေသောမျက်လုံးတွေအားကာကွယ်လိုက်
ခြင်းဖြစ်ကြောင်းသူမှလွဲ၍ဘယ်သူမှနားလည်လိမ့်မယ်
မထင်။
"ဟဲ့ဟိုမှာParkJimin မလား....လူနာလာကြည့်တာတောင်
မျက်မှန်တပ်မပျက်ဘူးဟယ်....သူရဲ့Liveပီးပီးချင်းပဲ
CEOကားမှောက်ခဲ့တာ..ပြောကြတာတော့CEOJeon
ကအဲ့Liveကိုကြည့်ပီးပြေးထွက်သွားတာသရဲဝင်ပူးနေ
လိုပဲတဲ့...ငါဆိုလည်းအဲ့လိုဖြစ်မှာပဲလေ...
သူဘယ်လောက်နောက်တယောက်ထပ်တွဲချင်လို့လိမ်လိမ်
သူတို့နှစ်ယောက်ပတ်သတ်မှုကလိမ်လို့ရမဲ့ကိစ္စလား
သစ္စာမဲ့လွန်းပါတယ်ဟယ်"
"အစထဲက သူကရှုပ်ရှုပ်ပွေပွေပဲဟာကို...MinYoongi
ကလည်းတော်ရုံတန်ရုံမှမဟုတ်တာ...သူကပ်ပီပေါ့"
"ငါတို့CEOလေး သနားပါတယ်.ဟယ်..."
ခပ်မြန်မြန်လျှောက်လိုက်ကာကားထဲသို့ရောက်သည်နှင့်
အသက်ဝအောင်ရှုလိုက်ပြီးအပြင်မှာရွာနေသောမိုးပေါက်
တွေအားထိတွေ့ချင်စိတ်ပေါက်လာခဲ့သည်။ဘယ်သူမှ
မမြင်နိုင်မဲ့တနေရာသို့ကားအားမောင်းသွားလိုက်ရင်း
မိုးရေထဲသို့ထွက်ကာငုတ်တုတ်ထိုင်ချလိုက်သည်။
ငိုချင်သော်လည်းငို၍မရသောကြောင့်နှလုံးသားထဲတွင်
ဆိုးဆိုးဝါးဝါးတင်းကျပ်နေခဲ့သည်။
မိုးစက်များသည်အေးစက်စွာထိတွေ့လာသော်လည်းသူ
မအေးချမ်းနိုင်ခဲ့ပါ။
မိုးတွေပိုသည်းထန်လာပြီးသည့်နောက်သူအောင်မြင်စွာ
ပင်ငို၍ရခဲ့တော့သည်။မိုးသံတိုးတိုးတွင်သူ့ငိုသံတချက်
ထွက်ပါကစောင့်ကြည့်နေသောသူများရှိလျင်အရှုံးဟု
ခေါင်းစဉ်တပ်မည်ဆို၍မိုးသံပြင်းထန်လာမှအော်ငိုခဲ့
သောJiminသည်အတ္တအားကိုးကွယ်ရာတခုလိုအထွတ်
အမြတ်ထားဆဲ....။
ငယ်စဉ်ဘဝထဲမိဘမရှိဘဲလောကဓံတွေကြားရုန်းကန်ရင်း
စော်ကားစေခိုင်းမှုပေါင်းစုံ အနှိမ်ခံခြင်းပေါင်းများစွာ
ကြား ပြင်းထန်စွာနာကျည်းခဲ့ရသူမို့..အရှုံးကြီးရှုံးခဲ့ရသူ
မို့...ချစ်ရသောယောက်ျားသည်လည်းလှမ်းထိတွေ့၍
မလွယ်လောက်သောသူကိုရည်စူးမိခြင်းသည်
စိတ်ဒဏ်ရာများအားအထပ်ထပ်ဖြစ်စေခဲ့သည်။
အလျှော့ပေးလိုက်လျှင် အရှုံးပေးလိုက်လျှက် အလိုလိုက်
မိလျှင် ချစ်ပြမိလိုက်လျှင် သူ့ကိုကိုယ်သိပ်ချစ်ခြင်းသည်
အားနည်းချက်ကြီးများဖြစ်သွားခဲ့လျှင်...
ထပ်ထပ်ဖိနှိပ်ကြအုန်းမည်...နိုင်လို့ရတယ်ဟူ၍
အကြိမ်ကြိမ်အနိုငိကျင့်ကြမည်စိုးရိမ်သောခေါက်ရိုး
ကျိုး စိတ်သည်အတောမသတ်သော ပျက်ဆီးခြင်းများ
အားလက်ဆောင်ပေးခဲ့သည်။
"ချစ်တာပေါ့....မောင်ရယ်...Hyung...မင်းကိုသိပ်ချစ်ခဲ့
တာပါ ကလေးလေးရယ်....."
မြေပြင်ပေါ်သို့မိုးစက်တွေကြားလဲကျသွားသောကိုယ်ငယ်
လေးသည်ငြိမ်သက်စွာပင်........။
တိတ်ဆိတ်စွာလဲလျောင်းနေသောလူနာလေးနှင့်
ဘေးတွင်ကြိတ်ငိုနေတတ်သောကောင်လေးတယောက်...
မိုးရေထဲလဲကျနေသောကောင်လေးနှင့်..
ဆိုးလိမြို့အနှံ့လိုက်ရှာနေသောကောင်လေးတယောက်
ညသည်ရုပ်ဆိုးလျက်......။
"ပြန်သတိရလာတယ်ဆိုပေမယ့်....လေ..."
Bạn đang đọc truyện trên: AzTruyen.Top