💔💔💔💔💔20

ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားခဲ့တာမို့တုန်လှုပ်ခြောက်
သွားသည့်Jeonကတော်၏မျက်နှာအားမြင်လိုက်ရသော်
အခါပျော်ရွှင်မှုကပြောမပြတတ်။Jungkookအား
ပူပန်သလိုမျက်လုံးတွေနှင့်မော့ကြည့်တော့Jungkookက
လက်တွေကိုတင်းတင်းဆုပ်ကိုင်ထားပေးခဲ့သည်။
"ဒါဘာတွေလုပ်ထားတာလဲJeonJungkook...ငါ့ကိုပြော
စမ်း...ဒါဘာတွေလဲလို့....."
"မာမီ မြင်တဲ့အတိုင်းပဲ..."
"နင်ကအိမ်လည်ခေါင်မှာ ဒီပန်းစုတ်တွေနဲ့ဒီအောက်တန်း
စားကို ...."
"မာမီ......"
အဝါရောင်Shirtအကျီနှင့်သားဖြစ်သူရင်ခွင်ထဲမှမထွက်
သေးသောParkJiminသည်တစစီလုပ်ပစ်လိုက်ချင်စရာ။
"ထွက်သွားစမ်း....နင်ထွက်သွားစမ်း နင့်ကိုငါအသေသတ်
ခိုင်းတာ အသုံးမကျတဲ့ကောင်တွေကြောင့် နင်က
တကယ့်မကောင်းဆိုးဝါး..."
"ကျတော့်JeonကိုSupriseလုပ်နေတာ ....."
"JeonJungkook....နင့်မှာစဉ်းစားတတ်တဲ့ဦးနှောက်မရှိ
တော့ဘူးလား ဟမ် တအိမ်လုံးကိုအဝါရောင်တွေလုပ်
ထားတာကိုနင်ဘယ်လိုနှလုံးသားနဲ့ပျော်နေနိုင်ရတာလဲ"
မတွေ့ခဲ့ဖူးသောJeonကတော်၏မျက်ရည်များကြောင့်
တော်တော်လေးထိရောက်ကြောင်းသတိထားမိကာ
ထပ်ဆင့်ထပ်ဆင့်ကျေနပ်မိသည်။
"Hyung....ကျတော့်အတွက်စဉ်းစားပေးထားတာ....
အဆင်ပြေတယ်...."
အဖျားခတ်တုန်သွားသောအသံနှင့်Jungkookသည်အမေဖြစ်သူ မျက်နှာအားသေသေချာချာမကြည့်ရဲ။
"နင်ကတကယ့်တိရိစ္ဆာန်....."
"မာမီ....ပြောတဲ့အတိုင်းပဲ....."
"ဒီကောင်ကိုခုချက်ချင်းဆွဲထုတ်...လာကြစမ်း
ကပ်ပါးကောင်ကိုငါ့အိမ်ပေါ်ကဆွဲထုတ်သွားကြ...
ဘာလုပ်နေကြတာလဲ....."
တုန်ရီနေသာJeonကတော်၏အသံသည်အိမ်ကြီးတအိမ်
လုံးအားလွှမ်းမိုးသွားလျက်။ပြေးဝင်လာသောလူတစု
သည်Jiminနားသိူ့ရောက်လာခဲ့ကြသော်လည်း
Jungkookကြောင့်ခြေလှမ်းတို့သည်ဆက်မတိုးရဲ။
"ထိရဲရင်ထိကြည့် မင်းတို့တင်မဟုတ်ဘူးမိသားစု
လိုက်ပြာကျသွားမယ်....."
Jim inအားနောက်သို့ဆွဲပို့လိုက်ရင်ဝင်လာသောလူတစ်စု
အားသတိပေးနေသောJeonသခင်လေးသည်ဘာကိုမှ
မမြင်နိုင်တော့သည့်ပုံ။Jungkookပုခုံးတွေ၏နောက်မှ
ယဲ့ယဲ့လေးပြုံးပြနေသောJimin၏မျက်နှာသည်သွေးတွေ
ပွက်ပွက်ဆူလာစေခဲ့သည်။
"နင်တို့ဘာလုပ်နေတာလဲ ဆွဲထုတ်လို့ငါပြောနေတယ်လေ"
"မာမီထွက်သွားပါ.....ကျတော်ပြောခဲ့သလိုပဲလိုအပ်တာ
တွေခွဲခြမ်းပြီးရင် အဝေးကြီးကိုထွက်သွားပေးပါ
ကျတော်သူ့ကိုလက်ထပ်မှာ ကလေးတွေယူမှာ
ကျတော်မိသားစုတစ်ခုကိုသေသေချာချာတည်ဆောက်
မှာ မာမီလက်မခံနိုင်ရင်ထွက်သွားပေးပါ....
ကျတော့်ကိုလက်မခံနိုင်ရင် ကျတော့်ရွေးချယ်မှုအပေါ်
မုန်းတီးရင်မာမီပဲထွက်သွားလိုက်ပါ ကျတော် သူ့ကို
ဘယ်တော့မှလက်မလွှတ်ဘူး..မသေရုံတမယ်ခဏခဏ
နှိပ်စက်ပီးပီပဲ တော်လောက်ပြီ...ဒီအိမ်ကနေမာမီပဲထွက်
သွားလိုက်ပါ....."
Jungkookလက်တွေအားအလန့်တကြားဆုပ်ကိုင်ခဲ့မိ
သည်။ဒါဟာJungkookရွေးချယ်နေတာလား....
၂၃နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူ့ရှေ့တွင်
ကာကွယ်ထားကာတစ်ဦးထဲသောသွေးသားဖြစ်သူ
နှင့်သူ့အားလဲလှယ်နေခဲ့တာလား....။
"ငါနင့်အမေအရင်းပါ Jungkook...."
"မလိုချင်ပဲရခဲ့တာလေ....အမေအရင်းဆိုတဲ့ခံစားမှုမျိုး
ကျတော်ဘယ်တုန်းကမှမရခဲ့ဖူးဘူး.အဲ့အတွက်ကျတော်
စိတ်မဝင်စားဘူး..."
"နင့်ကိုငါမလိုချင်ဘဲမွေးခဲ့မလား ဂျောင်လေးရယ်...."
"ကျတော့်ကိုချစ်ရင် ကျတော့်စိတ်ချမ်းသာမှုကိုမာမီ
စဥိးစားပေးရမှာပေါ့ တသက်လုံးမာမီဖြစ်ချင်တဲ့ပုံစံခွက်
ထဲထိုးထည့်ခဲ့တာ..."
"ငါထိုးထည့်ခဲ့တဲ့ပုံစံခွက်က CEO JeonJungkook ဆိုပီး
ဘယ်သူမှမော်မကြည့်ရဲတဲ့ဘဝမျိုးလေ...နင့်ကိုငါလမ်း
မှားကိုပို့ခဲ့လို့လား အရူးကောင်ရဲ့...."
"ကျတော်ရူးနေတယ်လို့ပဲသတ်မှတ်ပြီး ကျတော်တို့ကို
လွှတ်ထားပေးပါ ...."
"နင်မှားလိုက်တာ....."
"Hyungကအမှားဆိုရင်တောင်ကျတော်တစ်သက်လုံး
မမှန်ချင်တော့တာမို့ မာမီမကြိုက်ရင်ဝေးဝေးမှာနေလိုက်
ပါ..."
အဝါရောင်ပွင့်ချပ်တွေသည်ဒေါင့်ဖိနပ်အောက်ပြားပြား
ဝပ်။တစ်ယောက်ထဲသောသားဆီမှစကားများသည်
ရင်ကိုဆားနဲ့ပက်သလိုနာကျင်လွန်းတာကြောင့်နောက်မှ
အပြစ်မဲ့သလိုမျက်နှာဖြင့်ပုန်းကွယ်နေသူအားစိုက်ကြည့်
နေမိခဲ့သည်။
"နင်နောင်တကြီးကြီးရစေရမယ် ParkJimin...."
"ကျတော် နောင်တက Jeonပါ....ဒီထက်ပိုတဲ့နောင်တမျိုး
တော့ရှိနိုင်မယ်မထင်တော့ဘူး...တောင်းပန်ပါတယ်
အိမ်ပြန်လာတာ အဆင်မပြေတာမျိုးတွေဖြစ်ခဲ့လို့"
"ဒီနေ့အတွက် ဒီပန်းပွင့်တွေအတွက် ငါ့သားအတွက်
နင်ပြင်ဆင်ထားလ်ုက်ပါ...."
လှည့်ထွက်သွားသောကျောပြင်သည်အတ္တအပြည့်ဖြင့်
ဟုန်းဟုန်းတောက်လျက်။Jungkookမျက်လုံးထဲရှိမျက်
ရည်များအားတွေ့လိုက်ရ၍အံ့ဩမိသည်။ငိုစရာဘာများ
ရှိလို့လဲ.....။သူ့အားဘာမှမပြောတော့ဘဲအပေါ်ထပ်သို့
သာဖြည်းဖြည်းချင်းတက်သွားသောJeonသည်လဲကျ
တော့မည်ပုံပန်း....။
........
"Jeon သခင်လေးရဲ့ဖေဖေက စိတ်ကျရောဂါနဲ့
ခြံဘေးကသစ်ပင်ကြီးမှာ ဆွဲကြိုးချပီးသတ်သေသွား
တာလေ......အောက်မှာနှင်းဆီပန်းခင်းကြီးရှိတယ်
သူကိုယ်တိုင်ပျိုးပီးစိုက်ခဲ့တာသေတော့လည်း
နှင်းဆီပန်းအဝါတွေကြားသေခဲ့တာ
ပီးတော့အဝါတောက်တောက်အဝတ်စကြီးနဲ့...."
"ကလေးလေးကသူ့အဖေကို
လိုက်ရှာခဲ့ပုံရတယ် ဦးလေးတို့ရှာတွေ့တဲ့အချိန်အပင်
အောက်မှာသူ့အဖေကိုပြူးကြည့်ပြီး
အရမ်းကိုငိုနေခဲ့တာ.....သေသွားတာလို့နားမလည်ပေမယ့်
သူအရမ်းလန့်သွားခဲ့မှာပဲ ....အသက်ကြီးလာလို့မေ့သွား
သလိုဖြစ်ဖြစ်သွားပေမယ့် အိမ်မက်တွေခဏခဏမက်လို့
အဝါရောင်တွေမြင်ရင်အော်ငိုတဲ့အထိ
သူဌေးကတော်ကတော့ပြောမနေနဲ့တော့ မျက်ရည်တစက်
မှမကျခဲ့ပေမယ့်ရူးမတတ်ကြေကွဲခဲ့မှန်းအဲ့အချိန်ကလူ
တိုင်းရိပ်စားမိခဲ့ကြတယ်....အိမ်မှာအဝါရောင်တွေကို
တားမြစ်တယ်...သခင်လေးJeonကအဝါရောင်တွေ
အပေါ်မှာဘယ်တော့မှခွင့်မလွှတ်တတ်ဘူး...မြင်ပီးရင်
သူ့ဖေဖေကိုအိမ်မက်ထဲမှာတွေ့ရလို့တဲ့လေ....
အဝါရောင်နှင်းဆီပန်းတွေဆိုရင်တော့ပြောဖွယ်ရာတောင်
မရှိတော့ပါဘူး...."
"အကိုလေးJiminကဘာကြောင့်များလုပ်ရက်ရတာလဲ.."
"အနိုင်လိုချင်တဲ့စိတ်ပေါ့....သူသိတာက သူဌေးကတော်
ဟာဒါကိုမကြိုက်ဘူး သေချာပေါက်မကြိုက်တာကို
သူလုပ်ရမယ်...သူဒါပဲသိခဲ့တာ.....သူဟာသခင်လေး
အပေါ်သိပ်ပေါ့ပေါ့လျော့လျော့နိုင်တယ်..."
...........
အခန်းထဲတွင်ထိုင်နေရင်းမာမီနှင့်အချေအတင်ကိစ္စများ
အားပြန်စဉ်းစားမိတိုင်းမွန်းကျပ်သည်။မှားသွားပြီလား
ဆိုတဲ့အတွေးတွေ..မမှားနိုင်ပါဘူးဆိုတဲ့အတွေးတွေ..
နှင်းဆီပန်းနံ့တွေကြောင့်ထွက်ပြေးချင်စိတ်ပေါက်နေ
သော်လည်းHyungရဲ့လက်ဆောင်ပဲဟူ၍တကိုယ်ကောင်း
ဆန်ခဲ့မိခြင်းတွေ။
"မင်းတယောက်ထဲနေချင်နေမှာပဲ.....ငါအပြင်သွားလိုက်
အုန်းမယ်...."
တံခါးပိတ်သံနောက်ထွက်သွားသည့်လူကိုလည်းဘယ်လဲ
ဟုမမေးမိတော့။အိပ်ယာပေါ်သို့လှဲချကာမျက်နှာကျက်
အားငေးစိုက်ကြည့်နေမိသည်။
"Jungkookရှိလား.....!"
ထယ့်အသံပါလား...။တံခါးတိုးတိုးခေါက်သံလေးနဲ့အတူ
မေးသံသေးသေးလေး..။
"ဝင်ခဲ့ထယ် ပိတ်မထားဘူး...."
ခွေးညိုညိုလေးပိုက်ထားရင်းတလှမ်းချင်းဝင်လာသော
ထယ်သည်အချိန်တိုင်းအေးချမ်းနေသည်။
"Jiminက မသိလို့နေမှာပါ....စိတ်လှုပ်ရှားနေတုန်းလား.."
"ကိုယ်သူ့ကိုအပြစ်မပြောခဲ့ပါဘူး ကိုယ်နားလည်ပါတယ်"
"သူက Jungkookကိုပျော်စေချင်သွားတဲ့ဆန္ဒပဲရှိခဲ့မှာ
Jungkook မေမေ ဒေါသကြီးသွားတာကိုလည်း
စိတ်မဆိုးပါနဲ့ ဖြစ်သင့်တာပဲကို...."
"အင်း...ကိုယ်မာမီကိုနှင်ထုတ်လိုက်တယ်..အိမ်ကိုဘယ်
တော့မှမလာနဲ့လို့...."
"သားအမိတွေပါ ဒီလိုဖြတ်လို့ဘယ်ပြတ်ပါ့မလဲ
Jungkookကပြောပီးစိတ်မကောင်းနေတာလား..."
"ကိုယ်သူHyungကိုလုပ်ထားတာတွေလည်းခွင့်မလွှတ်
နိုင်သေးဘူး...."
"Tan.....လျှောက်မပြေးရဘူးလေ....!!!!"
"နေပါစေ..သူကိုယ့်ဆီအလည်မလာတာဘယ်လောက်
ကြာပီလဲ...."
"နည်းနည်းတော့ကြာပီထင်တာပဲ..."
"ခုတလော ပန်းချီတွေဆွဲရင် Hoseokကိုခေါ်သွားတယ်လို့
ကြားတယ်...ဟုတ်လားထယ်....Hoseok က
ကိုယ့်အတွင်းရေးမှုးမလုပ်ဘဲ ထယ့်ဆီပဲရောက်ရောက်
နေတယ်တဲ့...."
ပြသနာကြီးကြီးတခုခုအားရင်ဆိုင်ပီးတိုင်းငယ်ငယ်ထဲက
ရောက်ရောက်လာတတ်ကာနှစ်သိမ့်ပေးတတ်သောထယ့်
ရဲ့အကျင့်လေးသည်ယခုထိလည်းမပြောင်းသေး။
တခါတလေပုံတူပန်းချီတွေဆွဲပေးတတ်သည်။
တခါတလေ အရောင်တွေခြယ်ဖို့ကူညီခိုင်းသည်။
အနည်းနဲ့အများတော့သူပြသနာတွေကိုမေ့မေ့သွားမြဲ။
ခုလည်းခြေသံဖွဖွဖြင့်ရောက်ခဲ့ပေးပြန်သည်။
တစွန်းတဆကြားခဲ့ရသောသတင်းအတိုအစတွေအား
မေးလိုက်မိတော့ မလုံမခြုံထယ့်မျက်လုံးတွေ....။
မလိမ်တတ်ပါလား ထယ်လေးရယ်။
"Jungkookie ကိုခေါ်ချင်တာပါ...ဒါပေမယ့် မအားတော့
မအားတော့...သူ့ကိုပဲ..."
"ခေါ်ပါ...ထယ်သူနဲ့ပန်းချီဆွဲရတာပျော်တယ် စိတ်ချမ်းသာတယ်ထင်ရင် ခေါ်လို့ရပါတယ်...ကိုယ်ကဒီတိုင်း
မေးကြည့်ရုံ..."
"ထယ် တို့ နမ်းမိတယ်ဆိုတာလည်း မတော်တဆပါ...
Jungkook အထင်မလွဲပါနဲ့....."
"ဟင်....!"
နီနီရဲရဲမျက်နှာလေးဖြင့်အစအဆုံးကိုဝန်ခံနေပါသော
ဝက်ဝံလေးသည်သူအားလုံးကိုသိနေသည်ဟုထင်နေသ
လားမသိ။Hoseokသည်လည်းအလုပ်ရှုပ်နေလို့သာပင်။
"ထယ် ...ပြန်တော့မယ်...အောက်မှာ Coffeeအေးလုပ်
ပေးခဲ့တယ်..."
"ချက်ချင်းကြီး ထယ်..."
"ဟို....အဆင်မပြေတော့လို့ပါ...Jiminပြန်လာရင်လည်း
မကောင်းဘူးလေ..."
ဆံပင်အုပ်အုပ်လေးတွေအားဖွလိုက်တော့မသိမသာရှောင်
သူထယ်..။
"သူငယ်ချင်းတွေလေ ထယ်...ငါးနှစ်သားလောက်ထဲက
ထယ့် ဝင်ထွက်ဆော့ခဲ့တဲ့အခန်းပါ...သူစိမ်းမဆန်ပါနဲ့
ကိုယ့်မှာနှစ်သိမ့်ပေးမယ့်သူက ဒီဝက်ဝံလေးပဲရှိတာ..."
ထယ်သည်သူ့အားငေးကြည့်သည်။မျက်လုံးတွေကစကား
တွေပြောနေသည်ဆိုထယ်သည်ဘာတွေများပြောနေတာ
ပါလိမ့်။ဘာသာပြန်ရန်ခက်လွန်းသောအကြည့်တွေသည်
ချောက်နက်နက်ထဲပြုတ်ကျသွားသလို။
ထယ်ဘာကြောင့်ဒီလိုကြည့်နေရသနည်း....။
ထို့နောက်ရိုးရှင်းစွာနူတ်ဆက်ရင်းထွက်သွားခဲ့သည်။
"နင်သွားပြောလိုက်တယ်မလား သူဌေးကတော်အဝါ
ရောင်တွေကိုမကြိုက်တဲ့အကြောင်းကို....."
"အကိုလေးJiminကအရမ်းမေးနေတာနဲ့ ...ပြောမိလိုက်ပါ
တယ်...."
"သခင်လေးက သူ့ကိုကြင်နာလို့လုပ်ပေးတယ်လို့ထင်နေတာအဲ့တာကြောင့်အပြစ်တခွန်းမှမပြောဘဲမြိုသိပ်နေတာ
ခုချိန်အိမ်မက်ဆိုးတွေမက်ရင်တောင်ထပ်မက်နေမှာ
အဲ့ဒီလိုရည်ရွယ်ချက်မျိုးနဲ့ဒါကိုပြင်ဆင်ထားခဲ့တာဆိုတာ
သခင်လေးသိသွားရင်......နင်ဘယ်လိုတာဝန်ယူပေး
မလဲ Jiminကနိုင်ရုံလေးတုန်လှုပ်သွားရုံလေး
မစဉ်းစားဘဲလုပ်ခဲ့တာ နင်ဘာကြောင့်သူစိမ်းကိုအိမ်တော်
ကကိစ္စတွေအကြောင်းပါးစပ်ဖွာရတာလဲ"
"တောင်းပန်ပါတယ်...."
"သွားတော့ငါနောက်ထပ်ဒီလိုကိစ္စမျိုးထပ်မကြားချင်ဘူး"
ထယ်ယောင်း၏မာဖလာလေးကျန်ခဲ့တာကြောင့်နောက်မှ
လိုက်ပေးရန်အောက်ထပ်သို့ဆင်းလာတော့ကြားလိုက်
ရသောအိမ်တော်ထိန်းအသံ။
"ကျတော်ထပ်ကြားချင်သေးတယ်...."
"သခင်လေး...."
ရုတ်တရက်ရောက်လာခဲ့သောJungkook ကြောင့်အိမ်အကူမလေးသည်ငိုချတော့သည်။မျက်စိမျက်နှာပျက်
နေသောအိမ်တော်ထိန်းကြီးအားမေးလိုက်တိုင်းထွက်ကျ
လာသောအဖြေတွေသည်ဟားတိုက်ရီမောချင်စရာ။
"ဒါဆိုသူက မာမီ့အတွက်ပြင်ဆင်ထားခဲ့တာပေါ့...
ပျော်လုံးစို့ပီး အဖေ သေခဲ့တဲ့အဲ့ပန်းတွေကြားမှာ
ကျတော့်အတွက်လုပ်ပေးတယ်အထင်နဲ့မိုးမမြင်လေမမြင်
နမ်းမိခဲ့သေးတယ် ခင်ဗျားတို့တအိမ်လုံးရှေ့မှာလေ
ကျတော်မာမီ့ကိုတောင်နှင်ထုတ်လိုက်သေးတယ်....
ပြိုလဲနေတဲ့ကျတော့်ကို ဘာဖြစ်နေသလဲတခွန်းတောင်
မမေးဘဲ အရက်သောက်ဖို့ထွက်သွားတဲ့သူ့ကို ကျတော်
နားလည်ပေးနေတုန်းပဲ..."
ဟားတိုက်ရီမောရင်းဖျက်ဆီးပစ်ခဲ့တာကဧည့်ခန်းတခုလုံး
ဒေါသသည်ထိန်း၍မရ။လွယ်လွယ်ကလေးပဲသူလုပ်ခဲ့တာ
ဘယ်အရာကိုမဆိုမစဉ်းစားဘဲနိုင်ချင်ရုံတွေးခဲ့တာ
အရှက်ရလိုက်တာများ...ရှက်မိလိုက်တာများ။
ကားသော့ဆွဲကာသူရှိနေနိုင်မည့်Barသို့မိုင်ကုန်မောင်း
လာခဲ့သည်။မာယာတွေသည်ပင်လယ်ထက်ပင်ပေါများ
လှစွာပါလား ParkJimin ရေ....။ပန်းစည်းအဝါရောင်
ဖြင့်ညုတုတုအသံသည်နားထဲသို့ပြန်ပြန်ဝင်လာတ်ုင်း
ဒေါသသည်ထိန်းမရနိုင်။မုန်းလှသော်လည်း ဝမ်းနည်း
လွန်းလှသော်လည်း အဝတ်စအဝါနှင့်သစ်ပင်ပေါ်မှဖေဖေအလောင်းကိုပထမဆုံးပြေးမြင်ကာအသက်ရှုကျပ်သွား
သော်လည်းသူရဲ့စဉ်းစားပေးမှု သူ့ဂရုစိုက်မှုဟုအသုံးမကျ
စွာတွေးရင်းပျော်လုံးစို့နေလိုက်သေးသည်။
Barသို့ရောက်လာသော်အခါMinYoongi ကိုအရင်တွေ့
လိုက်ရသည်။ထပ်ရီမိပြန်သည်။ရုပ်ရှင်ဆန်လွန်းနေတာ
ကြောင့်ခပ်မြန်မြန်ပင်လျှောက်သွားလိုက်သည်။
"ချိန်းတွေ့နေကြတာလား...."
နှစ်ယောက်အတူတူထိုင်နေပုံရသောအရက်ခွက်နှစ်ခွက်
ကြောင့်မေးလိုက်တော့MinYoongi ကခေါင်းခါသည်။
"မချိန်းထားပါဘူး ကိုယ်ကအရင်ရောက်နေတာ
Minက ခုနှကမှရောက်လာတာ....ခုတော့သန့်စင်ခန်းခဏ
သွားတယ်...ထိုင်လေ ပြန်လာတော့မှာပါ"
"အော်....Barကိုနေ့တိုင်းလာပီး ParkJimin ကိုစောင့်နေ
တာလား.."
"Jungkookတခုခုဖြစ်လာတဲ့ပုံပဲ..."
"သေချာတာပေါ့..."
"ဒါဆိုဖြေရှင်းကြပါ ပြန်လိုက်ပါအုန်းမယ်...."
"နေပါအုန်း ParkJimin အသက်ကိုဒီညလည်းကယ်ပေး
ရအုန်းမှာ ခင်ဗျားမရှိလို့ဘယ်ဖြစ်မလဲဗျာ..."
လက်ကိုခပ်တင်းတင်းဆွဲထားသောJungkook သည်
အံကြိတ်သံဖြင့်ခပ်တိုးတိုးဆိုသည်။
"ဘာ...ကို..."
သန့်စင်ခန်းထဲမှဖုန်းပြောရင်းထွက်လာသောJiminကြောင့်
စကားတို့ရပ်တန့်သွားကာJungkookသည်Jiminဆီ
သို့လျှောက်သွားသည်။
"Jungkook လိုက်လာတာလား ငါခုလေးတင်ပြန်တော့မလို့"
ဖြောင်း....။
အားပါသည်ဆိုတာကြမ်းပြင်ပေါ်သို့ပစ်စလတ်ခတ်ကျ
သွားသောသူ့ပုံစံကသက်သေ။ပြေးလာသောMinYoongi
သည်သူ့အားချက်ချင်းဆိုသလိုဆွဲထူတော့သူရုန်းထွက်
သည်။
"မင်းငါ့ကိုဘာလုပ်တာလဲ...!!!JeonJungkook"
"ခင်ဗျားကရော ကျူပ်ကိုဘာလုပ်ခဲ့သလဲ...."
"ငါဘာလုပ်လို့လဲ..."
"သိချင်လား။ လာသိချင်ရင်လိုက်ခဲ့..."
ကြမ်းပြင်ပေါ်ကသူ့လက်ကောက်ဝတ်ကာတရွတ်တိုက်
ဆွဲကာခေါ်တော့MinYoongiတွန်းလွှတ်သည်။
"စကားနဲ့ပြောလို့ရမဲ့ကိစ္စဆိုစကားနဲ့ပြောပါJungkook
ဒီမာလူတွေအများကြီးပဲ Jiminအတွက်မကောင်းဘူး"
"သူက ...ဘယ်သူ့အတွက်များစဉ်းစားပေးခဲ့ဖူးလို့
သူ့ကိုဘာတွေများထည့်စဉ်းစားပေးရမလဲ ခင်ဗျား
သူရဲကောင်းဝင်မလုပ်နဲ့ ဖယ်စမ်း.."
"လာခဲ့..တစစီလုပ်ပစ်မယ် ခင်ဗျားကို စိစိညက်ညက်ကျေ
အောင် ဖျက်ဆီးပစ်မယ်...."
ParkJiminအားBarအပြင်သို့အားသုံးခေါ်လာခဲ့သည်။
နောက်မှလိုက်လာသောMinYoongiသည်လည်း
သူ့အားတားဆီးလျက်။တော်တော်လေးမှအထိမခံနိုင်
ဘူးထင်သည်။
ကားပါကင်သို့ရောက်သော်အခါParkJimin၏လက်ဝါး
တချက်သည်ပါးပေါ်သို့ဆိုက်မြိုက်မြိုက်ကျလာသည်။
"ငါ့ကိုလူကြားထဲအရှက်ခွဲတဲ့ကောင်...."
"ခင်ဗျားမှာအရှက်ရောရှိသေးလို့လား...."
"စောက်ရူးလာထမနေနဲ့ မင်းအမေနဲ့အဆင်မပြေတိုင်း
စိတ်မနိုင်ရင် ပြန်တောင်းပန်လိုက်ငါ့ကိုပြသနာလာမရှာနဲ့"
"မနက်က နှင်းဆီပန်းအဝါတွေ ....အဝါရောင်တွေ...
Surpriseလုပ်ပေးခဲ့တာဆို..."
"မကြိုက်လို့လား မင်းကျေနပ်နေတာပါ...မဟုတ်ဘူးလား"
"ကျေနပ်တာပေါ့ ရူးမတတ်ပဲ..."
လည်ပင်းပေါ်သို့ရောက်လာသောJungkookလက်တွေ
ဒေါသထွက်လျှင်မမြင်နိုင်သောသူ့စရိုက်သည်သေ
လောက်အောင်ကြောက်ဖို့ကောင်းပါသည်။
MinYoongiသည်မရရအောင်ဆွဲဖယ်ကာJiminအား
ကာကွယ်ပေးလာတော့ဓာတ်ဆီထပ်လောင်းလိုက်သလို။
"မင်းကိုစကားနဲ့ပြောလို့ငါပြောနေတယ်လေ..Minကို
ထပ်ပီးမထိခိုက်စေပါနဲ့တော့..."
"Min..ဟုတ်လား..ဘယ်သူကMinလဲ ရွံစရာ....
ကျူပ်နဲ့သက်ဆိုင်တဲ့သူကို ခင်ဗျားအဲ့လိုခေါ်နေတာ
အားမနာဘူးလား...ဟမ် ပါးစပ်အရသာခံလို့...
အခေါ်ခံနေတဲ့ ခင်ဗျားကလည်းသိပ်ပျော်နေပုံပဲ...."
"လိုရင်းကိုပြောစမ်း...မင်းအရူးလာထတဲ့ကိစ္စရဲ့လိုရင်း
ကိုပြော မဆိုင်တဲ့သူကိုပက်ရမ်းမနေနဲ့..."
"ကျတော့်အဖေဆွဲကြိုးချသေတဲ့အကြောင်းကြားဖူးလား"
လန့်သလိုမျက်ဝန်းတွေနဲ့ကြည့်လာသူသည်တကယ်ပင်
မုန်းစရာ။ရုပ်ဆိုးလှတဲ့ထိုအကြောင်းအရာများကို
မပြောချင်သော်လည်းပြောထွက်မိသောကိုယ်ကိုကိုယ်
တိုင်ကပို၍မုန်းစရာ။
"အိမ်ဘေးက နှင်းဆီပန်းတွေကြားမှာသေသွားတာ....
အဝတ်စအဝါရောင်နဲ့သေကြောင်းကြံသွားတာ
မာမီက အဲ့တာကြောင့်သိပ်မုန်းတာ ကျတော်ကကြောက်
တာ ကျတော့်မျက်စိရှေ့မှာတင်ပဲ ဖေဖေကလုပ်ခဲ့တာ
ကလေးမလို့မမှတ်မိပေမယ့် ကျတော့်အိမ်မက်တွေ
ထဲကိုညတိုင်းရောက်ရောက်လာတယ် ကျတော်ဘယ်
လောက်လန့်သလဲခင်ဗျားသိလား"
"ငါမသိခဲ့ဘူးငါကဒီတိုင်း...."
"ရပါတယ် မသိခဲ့လို့ အပြစ်မမြင်ပါဘူးParkJimin
ဒါပေမယ့် ခင်ဗျား ကျူပ်ကိုလိမ်တယ် ကျူပ်ပျော်ရွှင်မှု
ကိုလိမ်တယ်ခင်ဗျား မာမီ့ကိုကြိုက်တဲ့နည်းနဲ့ပြန်
တိုက်ခိုက်လို့ရတယ် ချစ်လို့သိပ်ချစ်လို့ဒီနွားကနားလည်
ပေးအုန်းမှာပါ ဒါပေမယ့် ငါ့စိတ်နဲ့ငါ့ခံစားချက်
ငါ့နှလုံးသားနဲ့ ငါ့ရဲ့ကြည်နူးမှုတွေကို မင်းအနိုင်လိုချင်
တာတခုထဲနဲ့အသုံးမချပါနဲ့ ဖြေစမ်း
ငါ့ကိုချစ်လို့လုပ်တာလား မာမီကိုစိတ်ဒုက္ခပေးချင်လို့
လုပ်တာလား..."
"ငါ လို့မပြောနဲ့....." "အမိန့်လာမပေးနဲ့ParkJimin...မေး
နေတယ်ဖြေ"
"မင်းအမေကိုနိုင်ချင်လို့....သူမကြိုက်တဲ့တစုံတခုများ
ငါအကြီးကြီးလုပ်နိုင်ခဲ့ရင် အဆင်ပြေမလားလို့....
ငါတကိုယ်လုံးစိစိညက်ညက်ကျေခဲ့ရတာတွေအတွက်
ဒီလောက်ပဲပြန်လုပ်တာ နည်းပါသေးတယ်...."
"ကျတော်က ကျတော့်အတွက်လုပ်ပေးတာလို့သံသယ
တစက်တောင်မဝင်ဘဲပျော်ခဲ့တာ"
"ခင်ဗျား အိမ်ပြန်မလာနဲ့တော့...တစက်ကလေးမှမမြင်ချင်
ဘူး....အသေသတ်ဖို့လာတာ အင်အားမရှိတော့လို့
ခင်ဗျားသိပ်ပြတ်ချင် သိပ်လမ်းခွဲချင်နေတယ်မလား
သဘောပဲ.....ပီးပီခင်ဗျားနဲ့ကျတော်...."
"ငါ ...မသိခဲ့လို့လေ..ငါကလေးဆန်မိတာပါ...ငါ့မှာမင်း
ကိုအိမ်မက်ဆိုးတွေမက်စေချင်တဲ့ရည်ရွယ်ချက်မျိုးမရှိ
ခဲ့ပါဘူး..."
"ခင်ဗျားမှာ မရှားပါဘူးကျတော်ဒီလောက်ပြိုလဲနေတာ
တောင်Barမှာ ဒီလူနဲ့အရက်လာသောက်နိုင်သေးတာပဲ
လာဟန်မဆောင်နဲ့ မာယာလာမများနဲ့ ..."
"JeonJungkook..!"
"ဘယ်တော့မှပြုပြင်ပြောင်းလဲပေးလို့မရဘူး.."
မျက်နှာတည့်တည့်အားသေသေချာချာကြည့်ရင်းတလုံး
ချင်းအေးအေးဆေးဆေးပြောသွားသူသည်ချာခနဲလှည့်
ကာကားပေါ်တက်သွားသည်။ဘာရယ်မဟုတ်လုပ်ခဲ့မိတဲ့
လုပ်ရပ်သည်Jungkook အားအထိနာသွားစေခဲ့ပုံ။
မျက်နှာတခုလုံးအားလက်နှစ်ဖက်ဖြင့်အုပ်ထားကာ
ဘာဆက်လုပ်ရမှန်းမသိ။
မနက်ခင်းကအံ့ဩသလိုမျက်လုံးတွေ....နာကျင်နေသော်လည်းပြုံးပြနေခဲ့သောထိုကလေးသည်သူ့လုပ်ရပ်
ကြောင့်သိပ်နာကျင်သွားရမည်။
"တကယ်ပါပဲဗျာ....."
"မလိမ်ခဲ့သင့်ဘူးလေ Minရာ သူ့အဖေကိစ္စထက်
မင်းလုပ်ပေးတဲ့Supriseက သူ့အတွက်မဟုတ်ဘူးဆို
တဲ့ အရာကို သူပိုနာကျင်နေတာ....."
"သိတယ် ကျတော်သိတယ်...."
ကြိတ်ငိုနေသောကောင်လေးသည်မျက်နှာပြန်ဖော်မလာ
တော့ ကျောပြင်လေးကာခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်ပေး
ခြင်းသည်မထိရောက်နိုင်သော်လည်းဒီတခုပဲလုပ်ပေးစရာ
ရှိခဲ့သည်။
ကားမောင်းရင်းအော်ငိုနေခဲ့သောကောင်လေးသည်လည်း
ဦးတည်ရာမရှိခဲ့။ဒါလေးကိုများ...ဟုဝေဖန်လာခဲ့သော်
Hyungနှင့်ပတ်သတ်လာလျှင်ခြေရာလေးတွေအစ
သူသိပ်ရူးခဲ့သည်မို့....။

Bạn đang đọc truyện trên: AzTruyen.Top