💜2💜

"Jungkook ဘယ်လဲ........"

စတော်ဘယ်ရီခြင်းတခုဖြင့်အိမ်တော်ထဲသို့ပြေးဝင်လာ
သောအညိုရောင်အနွေးထည်အကျီဖြင့်ကောင်လေးကို
မြင်သော်လည်းအရေးကြီးသောParkJiminဆိုသည့်
သက်ရှိအရာကြောင့်တွန်းတိုက်ကာထွက်သွားရသည်။
ပြန်လည်းမဖြေမိ နူတ်လည်းမဆက်မိ။သို့သော်ထိုအညို
ရောင်ကောင်လေးကစိတ်ကွက်သွားလိမ့်မည်ဟုမထင်ပါ
စိတ်မဖြောင့်၍တချက်ပြန်ကြည့်ချိန်တွင်စတော်ဘယ်ရီ
ခြင်းတွေသာအာရုံအပြည့်။လမ်းကြုံ၍မေးလိုက်ပုံထက်
ဘာမှမပို..။

"ထယ်လေးပါလား....မနက်အစောကြီးအိမ်လည်လာတာ
ပေါ့...."

အိမ်တော်ထိန်းကြီးကိုမြင်သည်နှင့်သွားတန်းလေးညီ
နေအောင်ပြုံးကာစတော်ဘယ်ရီခြင်းငယ်အားပေးလိုက်
သည်။

"Jungkookဘယ်သွားတာလဲ..
ထယ်ကသူ့အတွက်ယူလာတာအလောတကြီးထွက်သွားလို့....."

"ပြသနာတခုခုရှိပုံပဲ ထယ်လေးရဲ့ ညထဲကအဆင်မပြေ
တာကြည့်ရတာ ရန်ဖြစ်ကြပြန်ပီနဲ့တူတယ်...."

"ဟို ပန်းရောင်ကောင်လေးနဲ့လား....."

"သခင်လေးရန်ဖြစ်စရာကဘယ်သူရှိသေးလို့လဲထိုးတာ
ကြိတ်တာတော့မကြားမိဘူး ပန်းရောင်လေးကညထဲက
ပြန်သွားတာ...."

"အော်.....စိတ်ကောက်သွားတယ်နဲ့တူတယ်....."

"ဖြစ်နိုင်တယ် သူတို့ကအမြဲတမ်းစိတ်ကောက်နေကြတာ"

Taehyungလည်းအမြဲစိတ်ကောက်ချင်သား.....။

အတွေးတခုခေါင်းထဲရောက်လာတော့ခွီးခနဲရီချလိုက်မိ
သည်။ဟိုကစကားပြောဖို့မပြောနဲ့တွန်းတိုက်ထွက်သွား
တာကိုဒီကစိတ်ကောက်ချင်နေတာအရမ်းများဟာသ
ဆန်လွန်းသွားသလားတော့မသိအိမ်တော်ထိန်းကြီးကို
ထိုအတွေးအားပြောပြလိုက်တော့စတော်ဘယ်ရီ
Milkshakeချက်ချင်းလုပ်ပေးမည်ဟုဆိုကာမီးဖိုခန်းထဲ
သို့ခေါ်သွားခဲ့သည်။

"ထယ်လေး.....သခင်လေးကိုစောင့်သွားလိုက်နော်
အတူတူညစာစားသွား...."

စကားပြန်မရတော့Milkshake ကိုသာစိတ်ဝင်တစားမသောက်ဖူးသည့်အတိုင်းလုသောက်နေသောချစ်စရာ
ကောင်းလွန်းသောဝက်ဝံပေါက်လေးလိုကောင်လေးအား
ငေးကြည့်မိကာသက်ပြင်းတချက်တော့ချမိခဲ့ပါသည်။

.....။
"ဘာလာလုပ်တာလဲ......"

"ခင်ဗျားပဲလာခေါ်ဆို...."

"ငါမင်းကိုနေရာပဲပြောခဲ့တာ လာခေါ်ပါတခွန်းမှမပြောခဲ့
ဘူး...."

အပေါ်ပိုင်းဗလာဖြင့်ရေချိုးပီးခါစသဘက်တခုပက်ကာ
အောက်ထပ်သို့ဆေးလိပ်တလိပ်မီးညှိလျက်ဆင်းလာ
သောParkJiminသည်အရိုင်းဆန်နေပြန်သည်။

တခြားယောကျ်ားတစ်ယောက်၏အိမ်တွင်ဒီလိုမြင်ကွင်း
မျိုးကသိပ်ဆန်းလှချည်တော့မဟုတ်။Jungkookအနေနဲ့
နေသားတကျလို့တောင်ပြောနိုင်သည်။

"ခင်ဗျားဘယ်အချိန်ထိအရွဲ့တိုက်နေအုန်းမှာလဲ
Park Jimin"

"ငါပျော်သလိုနေတာအရွဲ့တိုက်သလိုဖြစ်သွားရောလား"
"ဒါက ပျော်သလို...."

စိတ်ကမရှည်နိုင်တော့ ဘယ်တုန်းကမှလည်းဒီလူသားနှင့်
ပတ်သတ်လျင်မြူမှုန်တမှုန်တောင်စိတ်ချမ်းသာမှုမရခဲ့
တာမို့လက်ကောက်ဝတ်မှဆွဲကာကားဆီသို့ဆွဲခေါ်လာ
မိသည်။

"ငါ့ကိုလွှတ်ပေးစမ်းJeonJungkook...တရားမလွန်လာနဲ့"
"ကိုယ့်ယောကျ်ားကိုယ်ခေါ်တာတရားတယ် ပါးစပ်ကို
ပိတ်ထား...."

"မင်းယောကျ်ား...ဘာလဲတိတ်တိတ်ပုန်းယောကျ်ားလား"
"Hyung.....!!!!"

အဖျားခတ်တုန်သွားလေသောအသံအရဒေါသထွက်နေ
သူ၏အရှိုက်တည့်တည့်အားထိမှန်သွားပုံရကာဆွဲလား
ရမ်းလားဇာတ်ကွက်သည်ခေတ္တရပ်တန့်သွားခဲ့သည်။

"အိမ်ရှေ့ကြီးမှာကွာ....သွားJiminအကျီသွားဝတ်
Jungkookကခဏစောင့်ပေးလိုက်ပါ ပြီးရင်အတူတူပြန်
ကြပေါ့..မနက်စာရောစားသွားအုန်းမလား..."

အပြင်မှအစားအစာထုတ်တွေအများကြီးဖြင့်ပြန်လာသော
Namjoonသည်အခြေအနေအားရိပ်မိတာကြောင့်လူချင်း
ခွဲရန်စီစဉ်လိုက်သော်လည်းမအောင်မြင်ခဲ့။ဘယ်တုန်းက
မှလည်းမအောင်မြင်ခဲ့ပါ ကျောခိုင်းလျှောက်နေသော
ထိုနှစ်ယောက်ကိုဘယ်လိုမျက်နှာချင်းဆိုင်ပေးရမှန်းမသိ
တော့...။

"ဇာတ်နာပြမနေနဲ့ JeonJungkook...ငါ့ကိုငါနဲ့တန်တဲ့
နေရာမှာပဲထား မင်းလျှာမှာအရိုးမရှိတိုင်းမနက်စောစော
စောက်ပေါက်ကရတွေလာမပြောနေနဲ့ ထွက်သွား...."

"ဘာကိုပေါက်ကရလဲ ကျတော့်ဘဝမှာခင်ဗျားနဲ့ပတ်သတ်
ပြီးပေါက်ကရတခုမှမရှိခဲ့ဖူးဘူး ကျတော်နဲ့အတူတူအိပ်
ရင်ကျတော့်ယောကျ်ားပဲ..တိတ်တိတ်ပုန်းလို့ခင်ဗျားက
ပြောတော့ခင်ဗျားလက်ကိုတွဲပြီးကမ္ဘာပက်ခဲ့တဲ့န်ုင်ငံတွေ
ကရီနေတယ်...သတင်းစာတွေထဲခဏခဏတက်လာတဲ့
ခင်ဗျားနဲ့ကျတော်မိုးမမြင်လေမမြင်ပုံတွေကရီနေတယ်
ParkJimin"

"အဲ့တာတွေကလာခြင်းကောင်းခဲ့လို့လား ငါ့ဘဝတခုလုံး
စုတ်ပြတ်သတ်ခဲ့ရတဲ့အခြေအနေတွေကြီးပဲမင်းထွက်သွားစမ်းပါ အိပ်ချင်ရင်လှမ်းခေါ်လိုက်..."

"ခုအိပ်ချင်လို့....ခုအိပ်ချင်နေတာ...."

ဟိန်းထွက်သွားသောအသံကြီးသည်သူဘယ်လောက်ဒေါ
သထွက်နေပြီကိုပြသနေတာကြောင့်Jiminဘာမှတော့
ပြန်မပြောဖြစ်တော့။Namjoon Hyungမှသူ့အားအိမ်ထဲ
သို့ပြန်ဆွဲခေါ်ကာသွားသည်။အပေါ်ပိုင်းဗလာဖြင့်
ဖရိုဖရဲသူ့အားခြံထဲရှိအလုပ်သမားတွေကကွက်ကြည့်
ကွက်ကြည့်လုပ်လာတော့တောက်တစ်ချက်ခေါက်ကာ
သူပါအိမ်ထဲသို့ပြန်ဝင်ရတော့သည်။

"အဝတ်အစားမြန်မြန်လဲ မောင်နဲ့..အလုပ်ကိုလိုက်ခဲ့"

ကျောပိုးအိတ်အမဲထဲမှအကျီနဲ့ဘောင်းဘီအားထုတ်
ကာလဲတော့မည့်ဆဲဆဲအခန်းတံခါးဝလာရပ်ကာမကြာ
သေးမှီကအော်ဟစ်ခဲ့တဲ့သူမဟုတ်တော့သည့်အတိုင်း
အမိန့်လာပေးနေပြန်သည်။

"ဘာလိုက်လုပ်ရမှာလဲ..ငါမအားဘူး ဓာတ်ပုံရိုက်စရာ
ရှိတယ်ညနေကျရင် ငါ့ဘေဘီအသစ်လေးနဲ့Dateဖို့လည်း
ရှိတယ် မင်းကိုငါသုံးရက်တောင်အချိန်ပေးခဲ့ပြီးပြီပဲ
သွားပြန်တော့......"

တစ်မိနစ်လောက်စကားပြန်မပြော၍မော့ကြည့်လိုက်မိ
တော့မျက်ရည်တွေနှင့်မျက်လုံးဝိုင်းဝိုင်းလေးတွေက
ကြိုဆိုနေသည်။မည်မျှပင်ဒေါသတကြီးပေါက်ကွဲတတ်
သူဆိုစေအုန်းတော့Jungkookမျက်လုံးလေးတွေသည်
အချိန်တိုင်းလိုလိုအပြစ်ကင်းစင်သည်။ဝိုင်းစက်နေသော
အကြည့်လှလှလေးတွေနှင့်သူ့အားအခန်းတံခါးအားမှီကာ
ငေးနေပုံကလုပ်လက်စအလုပ်တွေအားနှောင့်နှေးသွား
စေသည်။

"မင်းကိုဘာလုပ်လို့ငိုနေရပြန်တာလဲ....."

"ကျတော်ကဘာမှမလုပ်ရင်ပိုငိုချင်တယ်"

အဝတ်အစားလဲပြီးကျောပိုးအိတ်ကောက်လွယ်ကာ
သူ့အားတွန်းတိုက်ထွက်သွားသောလူသားအားလှမ်းဆွဲ
လိုက်ပေမယ့် မမှီခဲ့။ ဘာတွေကစမှားနေသလဲတော့
မတွေးချင်တော့ တဒုန်းဒုန်းဆင်းသွားသောလှေကား
ထစ်သံတွေက နှလုံးသားသို့တိုက်ရိုက်ထိရှနာကျင်စေ
ပါသည်။

ဒီလူသားနှင့်အတူတူရှိခဲ့သောသုံးနှစ်လုံးလုံးသူရရှိခဲ့သော
ဒဏ်ရာဒဏ်ချက်များသည် ရာထောင်ချီနေပြီမလို့
နှလုံးသားတွင်ပျောက်လုဆဲဆဲအနာတွေ လက်ရှိသွေး
ထွက်နေသောအနာတွေ တခါတလေပြန်ပြန်ဆွခံရသော
အနာတွေ အမာရွတ်ပေါင်းမရေတွက်နိုင်တော့..။
စိတ်ထောင်၍ဘဝတခုလုံးParkJimin ကြောင့်ကျေမွနေ
ခဲ့ပြီဆိုတာဘယ်သူကများရိပ်မိနေလဲ။

ခက်တာကသူကိုယ်တိုင်တောင်မရိပ်မိခဲ့။ဒဏ်ရာတွေနှင့်
နေသားကျကာ ထိုလူသားခြေဖဝါးအောက်အတင်းတိုး
ဝင်ချစ်ပြခဲ့သည်။

"အသက်ကဖြင့်ငယ်ငယ်လေးဟယ်..ထက်မြက်လိုက်
တာများ လူချင်းသိပ်မရင်းနှီးပေမယ့်အရှိန်အဝါကအဝေး
ကြီးကတောင်ပတ်ဝန်းကျင်တခုလုံးလွှမ်းမိုးပစ်နိုင်တယ်
သူလာပီဆို ယှဉ်တောင်လျှောက်ဖို့မရဲဘူး......"

"CEO Jeonကအဲ့လောက်တောင်လား....."

"နင်မြင်မှသိလိမ့်မယ်...မူးမေ့လဲမသွားနဲ့အုန်း....."

"အိမ်ထောင်ရှိလား....သူက"

"မရှိပါဘူး ရှိစရာလား သူနဲ့ဘာလိုလိုတော့ရှိတယ်လေ
Jiminလေ သိတယ်မလား ဟိုModelကောင်....."

"တွဲတာမဟုတ်ပါဘူးဟာ ဒီတိုင်း သူဌေးဆိုတော့အပျင်း
ပြေပေါ့...သူ့လိုပုံစံမျိုး ကိုCEOကအတည်တကျတွဲမှာ
တဲ့လား ရူးနေမှပဲ ပျက်ဆီးနေတာ များဟိုညကတောင်
ဆေးကွဲနေလို့ သူ့သူငယ်ချင်းတွေမနည်းခေါ်ထုတ်သွား
ရတာ ပုံစံကတော့ ယောကျ်ားမိန်းမ အကုန်ရူးမယ့်ပုံမျိုး
လှတာကလည်းပြောမနေနဲ့ ငါတွေ့တိုင်းသူ့ဘေးမှာ
တယောက်မဟုတ်တယောက်ကအမြဲရှိတယ်..CEO
Jeonနဲ့ကတော့အပြင်မှတခါမှမမြင်ဖူးဘူး ..."

"အပြင်မှာလူကြားထဲမှချပြလို့မရတာ...နင်ကမြင်ရဖို့
မျှော်လင့်နေသေးတယ်...."

ဘဝနှစ်ခုအားပေါင်းစပ်သရုပ်ဖော်မှုစကားဝိုင်းတို့သည်
အကြောင်းအရာဆက်စပ်မိတိုင်းBarလိုနေရာမျိုး
Internet စာမျက်နှာမျိုးတို့တClubလိုလူစုံမူးရူးနေ
တတ်သောအချိန်မျိုးတွင် အောင်မြင်ကျော်ကြားသော
ကျိကျိတက်ချမ်းသားကြွယ်ဝသောအသိုင်းအဝိုင်းကြီး
မှ တစ်ဦးထဲသောအမွေဆက်ခံသူJeonjungkook
နှင့်ချောင်တနေရာရာတွင်နတ်ပြည်ရောက်နေတတ်သူ
PhotoModelအဖြစ်ခံယူကာရိုက်ချင်ရိုက်မယ်မရိုက်ချင်
မရိုက်ဘူး ဆိုသော ကန့်လန့်စိတ်ကြောင့်အနုပညာနယ်
ပယ်လူများရှောင်ဖယ်နေတတ်ကာတခါတလေParty
တွေပေးကာစိတ်လွတ်လက်လွတ်ကနေတတ်ပြီးမာယာ
များလှသောပင်လယ်တစင်းလိုParkjiminတို့အကြောင်း
စိတ်ဝင်တစားပြောတတ်ကြသည်။

ပြန်ကြားရသောအချိန်မျိုးတွင် တဟားဟားအော်ရီတတ်
သောJiminအားစိတ်မကောင်းသလိုငေးကြည့်နေတတ်
သောjungkookကိုနာကျင်စေလိုသောဆန္ဒအပြည့်ဖြင့်
ထုရိုက်တတ်သည်။ရီနေရင်းဖြင့်အော်ငိုတတ်သော
Hyungအားရင်ခွင်ထဲအတင်းချူပ်ထည့်တိုင်း
စုတ်ပြတ်သတ်အောင်ကုတ်ဆွဲတတ်သောလက်သည်းရာ
များရင်ဘက်တွင်မပျောက်သေးပါ...။

"ထွက်သွားစမ်း....ဟူသောစကားကိုသာHyung ဆိုသည်။
မေ့ပစ်လိုက်စမ်း ဟူသောစကားကိုသာHyung ဆိုသည်။
မချစ်နိုင်ဘူး ဟူသောစကားကိုသာHyung ဆိုသည်။
ဒါပေမယ့် မောင်ကတော့နောက်သံသရာအဆက်ဆက်ထိ
ပါHyung ကိုသယ်ပိုးသွားရအုန်းမည်.....။

Bạn đang đọc truyện trên: AzTruyen.Top