10

"အိမ်ရှေ့စံကိုထပ်ပီးအားလုံးရှေ့မှာ
သေနတ်နဲ့ချိန်ခေါ်သွားခဲ့တဲ့Jeonကို
တနိုင်ငံလုံးကဒေါသထွက်ပြီး
အပူတပြင်းအင်နဲ့အားနဲ့ဖမ်းဖို့ကြိုးစားခဲ့တယ်..."

"တဖက်မှာလည်းဖမ်းဖို့ကြိုးစားနေတဲ့
အချိန် အိမ်တော်မှာလည်း
နေ့တိုင်းလိုလိုရန်ပွဲတွေဆက်တိုက်ပဲ...."

"JEonကသူဆောက်ခဲ့တဲ့ခြံဝန်းနဲ့အိမ်ကလေး
ပြီးသွားတဲ့အခါ အိမ်ရှေ့စံကိုအားလုံးထားခဲ့ပြီး
ထွက်သွားဖို့ညှိနှိုင်းခဲ့တယ်...
မင်းသားက လုံးဝလက်မခံခဲ့ဘူး....."

"အိမ်ရှေ့စံတစ်ယောက်အနေနဲ့
ဒါမျိုးလုပ်ဖို့ဆိုတာသိပ်ခက်မှာပေါ့Kim..."

"ကျတော်ကတော့အိမ်ရှေ့စံမဟုတ်လို့မသိဘူး..
ခေါ်နေတာပဲ လိုက်သွားလိုက်ရင်
ပီးနေတာကို....Jeonသက်သက်မဲ့စိတ်ပင်ပန်းအောင်"

တယောက်ကတယောက်ကို ထွက်သွားဖို့
ပြော တယောက်ကငြင်းဆန် ပြသနာပေါင်းစုံ
ကြားKimဘယ်လိုများနေထိုင်ခဲ့သလဲ။
တကယ်စိတ်ပင်ပန်းခဲ့မှာက Kimပဲဖြစ်ခဲ့ပါလိမ့်မည်။
.....

"နောက်ထပ် ရဲခေါ်တဲ့လုပ်ရပ်မျိုးထပ်မလုပ်တော့နဲ့နော်
မင်....ကိုယ်လုံးဝမကြိုက်ဘူး..."

သူထိုင်နေကျထိုင်ခုံအကြီးကြီးပေါ်တွင်ထိုင်
နေသောအိမ်ရှေ့စံသည် ခေါင်းလည်းမညိတ်
ခေါင်းလည်းမခါ...။

"နောက်တစ်ခါထပ်လုပ်ရင်ကိုယ်မင်းကို
ခွင့်လွှတ်မှာမဟုတ်တော့ဘူး...
ဒီတခါတော့ မင်းဝေဝါးသွားလို့ပဲလို့
ကိုယ်နားလည်ပေးလိုက်မယ်..."

"မင်းငါ့ကိုပြန်မလွှတ်တော့ဘူးလား
မင်း စိတ်ကျေနပ်တဲ့အထိလည်းငါနာကျင်ပေးခဲ့ပြီးပြီ"

"ကိုယ်မင်းကိုပြန်မလွှတ်တော့ဘူး
ကိုယ်ဆောက်နေတဲ့အိမ်နဲ့ခြံပီးနေပြီး
လမ်းကြောင်းတွေရှင်းရင်မင်းကိုယ်နဲ့လိုက်ခဲ့ရမှာ.."

"ရူးနေတာလား...."

"ကိုယ်အစထဲကပြောခဲ့သားပဲ...
ဒါခုမှ အထူးအဆန်းကိစ္စမဟုတ်ဘူး..."

"ငါနဲ့မင်းက ပေါင်းစပ်လို့ရတဲ့ဖြစ်တည်မှုတွေ
မဟုတ်ဘူးJeonJungkook...
ငါမင်းနဲ့အတူတူမနေနိုင်ဘူး..
နေလို့လည်းမရဘူး"

နေသန်ဆုံးပါးသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
Jeonဝမ်းနည်းနေခဲ့တယ်ဆိုတာသူသိတာမို့
ဘာမှမပြောဘဲရက်တချို့တိတ်တိတ်နေပေးခဲ့သည်။
Jeonအဆင်ပြေဖို့ကိုဦးစားပေးကာ
တော်ရုံတန်ရုံမတုံ့ပြန်ဘဲငြိမ်ငြိမ်သက်သက်ရှိပေးခဲ့သည်။
ရက်တွေအတူတူရှိလာလေလေ...
Jeon အပေါ်တိမ်းညွှတ်မှုတွေသည်
ပိုမိုလာကာ သူ့နှလုံးသားထဲက
ဖြစ်ချင်ခဲ့သောဆန္ဒတခုသည်
သိပ်ကြည့်ကောင်းအောင်ပြုံးတတ်တဲ့
ဒီလူဆိုးကြီးကို အေးအေးချမ်းချမ်းအသက်ရှင်သွား
စေချင်တာ......။

"ဘာကိစ္စနေလို့မရရမှာလဲ...
အကြောင်းပြချက်တွေလာပေးမနေနဲ့..."

"ဒီနိုင်ငံရဲ့အိမ်ရှေ့မင်းသားက
ယောက်ျားတယောက်နောက်လိုက်ပြေးသွား
တယ်ဆိုတဲ့အရှက်တရားမျိုး
ငါ့နိုင်ငံကိုငါမပေးနိုင်ဘူး...
ပီးတော့ ငါမင်းကို အသက်ရှင်စေချင်တယ်...
မင်းနဲ့ငါပေါင်းစပ်နေတိုင်းနှစ်ယောက်စလုံး
သေဒဏ်ကျဖို့ကိုလက်ယက်ခေါ်နေသလိုပဲ
မင်းကြောင့်လည်းငါမသေချင်သလို
ငါ့ကြောင့်လည်းမင်းကိုမသေစေချင်ဘူး...."

"သေမှာကြောက်နေတာလား မင်...
မင်းနိုင်ငံနဲ့ ငါ ဘယ်ဟာပိုအရေးကြီးလဲ"

"ငါ့နိုင်ငံ...."

"ParkJimin..!"

တစ်ယောက်ကအားလုံးဖယ်ချခဲ့ကာ
ဘဝသစ်တခုကိုစလို့လွယ်တယ်ထင်ရပေမယ့်
နောက်တစ်ယောက်ရဲ့ပုခုံးပေါ်မှာက
နိုင်ငံတနိုင်ငံရှိနေသည်။

"ငါမင်းကိုနောက်ထပ်မဖမ်းဘူး
မင်းလွတ်မြောက်မဲ့တနေရာကိုပြေး
ငါမသိချင်ယောင်ဆောင်ပေးမယ်
ငါမင်းကိုအသက်ရှင်စေချင်တယ်
လွတ်လွတ်လပ်လပ်လူ့ဘဝကို
ဖြတ်သန်းစေချင်တယ်
ငါမင်းကိုလွှတ်ပေးလိုက်တာ
ငါ့နိုင်ငံအပေါ်သစ္စာမဲ့လွန်းပြီး
တသက်လုံးလိပ်ပြာမလုံနိုင်မဲ့ကိစ္စ
ငါလုပ်ပေးနိုင်တာ ဒါအကုန်ပဲ..."

"ငါလိုချင်တာအဲ့တာမဟုတ်ဘူး
ငါအသက်ရှင်ဖို့ ဘယ်လောက်ခက်ခက်
ငါရုန်းထွက်နိုင်တယ်....
မင်းလွှတ်မပေးလည်း ငါလွတ်မြောက်တယ်
ငါနဲ့အတူတူ မင်း ပါဖို့ပဲလိုတာ.."

"ငါမလုပ်နိုင်ဘူး....ငါသာမာန်လူမဟုတ်ဘူး
သာမာန်လူတွေတောင် မဖြစ်နိုင်ရင်
လက်လျှော့ရတာ ငါ့အနေနဲ့
အရာအားလုံးကိုစွန့်ပီးမင်းနဲ့အတူနေဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး..."

"ဒါဆို မင်းငါ့အကြိုက်လိုက်ခဲ့တာတွေက
ဘာတွေလဲ...ငါ့ကိုချစ်လို့ ငါနဲ့အတူနေချင်လို့
မဟုတ်ဘူးလား.."

"ငါမင်းကိုမချစ်ဘူးလို့ ဘယ်နှခါပြောရမလဲ...
ဟုတ်တယ်...ငါသာယာမိတယ်
အထိအတွေ့တွေ...အဲ့တာလည်းငါပထမဆုံးမို့
ငါကြိုက်လို့ မရုန်းထွက်ခဲ့တာ
အဲ့တာ အချစ်မှမဟုတ်ဘဲ....
ငါတို့အတူနေပီးတာနဲ့ ထွက်ပြေးရအောင်
အဲ့ကိစ္စကအဲ့လောက်ကြီးကျယ်နေလို့လား...."

"ငါ့အတွက်သိပ်ကြီးကျယ်ခဲ့တယ်...
မဟုတ်သေးပါဘူး မင်းငါ့ကိုတကယ်ကိုခုထိ
မချစ်တာလား...."

"ငါလိမ်ပြောနေတယ်လို့မင်းထင်နေတာလား...
ငါမင်းကိုမချစ်ဘူး..."

ဒီလိုပါပဲ...ဝုန်းဒိုင်းကျဲပေါက်ကွဲသံများနဲ့
နေ့တိုင်းသည်စိတ်ပျက်စရာအတိ။
Jeonကဆေးတွေအများကြီးပိုသုံးခဲ့ကာ
ရသမျှနည်းနဲ့ထွက်သွားရန်အိမ်ရှေ့စံအား
ညှိနှိုင်းသည်...။
ပြောင်းလဲမှုမရှိသောအိမ်ရှေ့စံဟာ
တထစ်မှတောင်လျှော့မပေးခဲ့.....။

Jeonက သူ့ကိုမချစ်ဘူး
သူနဲ့အတူတူမနေနိုင်ဘူးပြောလေ....
အရက်တွေဆေးတွေနဲ့ပတ်လည်ရိုက်လေဖြစ်ခဲ့သည်။

အချိန်မရွေးမှားယွင်းသွားခဲ့ရင်
ကြိုးစင်တက်ရနိုင်သောသူ့ဘဝကို
ကျတော်ကလွတ်မြောက်စေချင်ခဲ့တာပါ....

မချစ်လို့မချစ်ဘူးလို့ငြင်းဆိုခဲ့တာ
ကျတော်မှမမှားခဲ့ဘဲ....
ချစ်တယ် ဆိုတာ ကျတော်လက်ရှိအချိန်အထိ
နားမလည်ခဲ့သေးဘူး...
သူ့နားမှာကျတော်ရှိနေသရွေ့
ပြသနာထုတ်တထုတ် ဒုက္ခအိုးတခုအား
ပိုက်ထားရသလို တစ်သက်လုံးလုံခြုံနေမှာမဟုတ်...
ကျတော့် Jeonကို အဲ့လိုမျိုး
မဖြစ်စေချင်တာ....

ကျတော့်ကြောင့်ထိခိုက်ခဲ့ရမှုတွေကို
ပြန်တွေးမိတိုင်း ထူးထူးဆန်းဆန်း
မွန်းကျပ်လွန်းလို့ ခြစ်ရာလေးတခုတောင်
မထင်စေချင်တော့တာကြောင့်
လွတ်ရာကိုပြေးခိုင်းခဲ့တာ

သူစီစဉ်ထားတာတွေကိုသိပေမယ့်လေ
ကျတော်တို့လူသားတွေမှာ
လောကဘောင်ဆိုတာရှိတယ်မလား
အိမ်ရှေ့မင်းသားနဲ့ ဒုစရိုက်ခေါင်းဆောင်က
ပေါင်းစပ်လို့ရလား
ကျတော် သာယာခဲ့တာပဲဖြစ်စေ
မေတ္တာတကယ်ရှိခဲ့တာပဲဖြစ်စေအုန်းတော့
ကျတော်တို့ ဇာတ်လမ်းတပုဒ်ရိုက်နေတာ
မဟုတ်ဘူး
ဝတ္တုတပုဒ်ရေးနေတာမဟုတ်ဘူး
လက်တွေ့ဘဝမှာ လက်တွေ့ကျကျဆုံးဖြတ်ရမှာ...

ကျတော့်ကြောင့် သူ့ကိုအန္တရာယ်မဖြစ်စေချင်တော့ဘူး
ကျတော် နဲ့သူဘယ်လောက်ဝေးဝေး
သူဘေးကင်းကင်းအသက်ရှင်နေတယ်ဆိုတာ
လေးကိုပဲလိုချင်ခဲ့တာ....
သိပ်လှအောင်ပြုံးတတ်တဲ့လူကြီးက
ကျတော့်ကိုဖက်တွယ်နေရင်
သေနတ်တွေနဲ့ဝိုင်းချိန်တာကိုထပ်ခါထပ်ခါခံနေရအုန်းမှာ။

ပြီးတော့ ကျတော့်နိုင်ငံ
ကျတော့်မိသားစုနဲ့
ကျတော့်တာဝန်တွေဟာ
ကျတော် တော်ဝင်မင်းသားတပါးအဖြစ်
မွေးဖွားလာခဲ့ထဲက အစီအစဉ်တကျချပီးသား...
ရှင်းရှင်းပြောရရင် သမိုင်းမှာ
နာမည်ဆိုးနဲ့တော့မကျော်ကြားချင်ခဲ့ဘူး...။

အသက်၂၀အရွယ်မှာ ကျတော်အကောင်းဆုံး
ဆုံးဖြတ်ခဲ့တာလို့တော့ထင်ခဲ့မိတာပဲ.....။

.........

မှတ်မှတ်ရရညတစ်ည.....
မုန်တိုင်းလိုရုပ်ဆိုးအကျည်းတန်ဆန်လွန်းခဲ့တဲ့ည.....
ဇာတ်ကောင်တွေအင်အားချင်းပြိုင်ဆိုင်ခဲ့တဲ့ည..
နောက်ဆုံးသောညတည....။

"ParkJimin!!!!!!"

အခန်းထဲတွင်ငြိမ်သက်စွာထိုင်နေတုန်း
ပြေးဝင်လာကာ ပါးတဖက်အား
ပြင်းထန်စွာရိုက်ချလိုက်တာကြောင့်
ကြောင်အသွားသည်။
သူအရိုက်ခံလိုက်ရတာလား...။

"ငါမင်းကိုဘာပြောထားလဲ....
မင်းကောင်တွေကိုထပ်ပီးသတင်းမပေးပါနဲ့တော့
ဆိုတာ...ခု ငါ့အိမ်ပတ်ပတ်လည်မှာ
အကုန်ဝိုင်းထားပီးပီ....မင်းငါ့ကိုအဲ့လောက်
အဖမ်းခံစေချင်တာလား..ဟမ်..
ငါ့ကိုအဲ့လောက်ဒုက္ခရောက်စေချင်တာလား..."

"မဟုတ်ဘူး ငါမပြောပါဘူး...
ငါ တကယ်...."

"ငါတို့အားလုံးပိတ်မိကုန်ပြီ..
ငါ့ကိုလာလိမ်မနေနဲ့
အဲ့ဒီကလီကမာ မျက်နှာနဲ့ငါ့ကိုမလိမ်နဲ့..."

"ငါလိမ်နေတာမဟုတ်ဘူး...!!!
မင်းကိုတောင်ငါထွက်ပြေးခိုင်းနေတာ
ငါပြောပြစရာလား..."

"မင်းငါမပြေးမှန်းသိလို့မင်းပါးစပ်ဖျားလေး
နဲ့ပေါက်ကရပြောနေတာကို
ငါခံစားလိမ့်မယ်ထင်နေလား
နောက်ဆုံးတော့ စကားကြီးစကားကျယ်
အသက်ရှင်စေချင်ပါတယ်ပြောပြီး
မင်းကောင်KimNamJoonကိုပဲ
လှမ်းခေါ်ခဲ့တာပဲလေ...
ငါ့ကိုအရမ်းသေစေချင်နေတဲ့ပုံပဲ
ဟုတ်တယ်မလား..."

"ငါမပြောဘူးလို့ပြောနေတယ်နော်...!!"

"ငါအရမ်းချစ်တဲ့သူမလို့..
မဟုတ်ရင် မင်းကို မသေမချင်း
ပစ်သတ်ပီးပီ...မင်းကတကယ့်ကောင်ပဲ
ParkJimin...
အိမ်ရှေ့မင်းသား တကယ်ဖြစ်သင့်ဖြစ်ထိုက်ပါတယ်..
အမှန်တရားမှ အမှန်တရား
နိုင်ငံတော်မှ နိုင်ငံတော်
စောက်ရမ်းတာဝန်ကျေတာပဲ...
ငါနဲ့ ထွက်မသွားဘူး ငါ့ကိုမယူနိုင်ဘူးဆိုရင်တောင်
ဒီလိုမျိုးတော့ လုပ်ရက်လိမ့်မယ်ငါလုံးဝမထင်ခဲ့ဘူး
ငါ့ကို လုံးဝမချစ်ခဲ့ရင်တောင်ကွာ...
နည်းနည်းလေး...နည်းနည်းလေးတော့...
ကြည့် လိမ့် မယ်...ထင်ခဲ့တာ....
မင်းငါ့ကိုချောင်ပိတ်ရိုက်တာပဲ...."

"Jeon...မဟုတ်ဘူး...
ငါလုံးဝမပြောခဲ့ဘူး...ငါ့ကိုအဲ့လိုမပြောပါနဲ့..."

ထိုအခ်ျန်အခန်းထဲပြေးဝင်လာသောထယ်ယောင်းသည်
သေနတ်နှစ်လက်အားလက်နှစ်ဖက်လုံးတွင်ကိုင်ထားကာ
Jeonဆီသို့ပြေးဝင်လာသည်။

"ပြေးရအောင် Jeon..ငါတို့အဆင်မပြေတော့ဘူး
ရုတ်တရက်မို့ ထိခိုက်ကုန်ပီ...
လာပါတော့..."

Jeonသည် အိမ်ရှေ့စံအားဆောင့်ဆွဲကာ

"မင်း လိုက်ခဲ့....!!!"

"သူ့ကိုမခေါ်ဘူး ငါတို့သူ့ကိုခေါ်လို့မရဘူး
ထားခဲ့လိုက်ပါ...သူ့ကိုထားခဲ့လိုက်ပါတော့.."

"မထားခဲ့ဘူး....!!!"

"မင်းအသက်ရှင်ရမယ်...Jeon
သူကမင်းကို တလျှောက်လုံး
ဒုက္ခတွေပဲပေးခဲ့တာလေ...
ဟင့်အင်း ထပ်ပီး အဲ့လက်တွေကိုဆွဲမထားပါနဲ့
ငါတောင်းပန်ပါတယ်..."

"ထယ်...မင်း ဘာဖြစ်နေတာလဲ...."

"ငါတို့လူတွေထိကုန်ပြီ..နေသန်လည်းမရှိတော့ဘူး
မင်းမြန်မြန်မပြေးရင် မင်းရောငါရော
အကုန်သေကုန်တော့မှာ...
ငါတို့အသက်တွေထက်ဘယ်အရာကမှအရေးမကြီးဘူး
သူငါတို့ကိုသက်ကွင်းထဲကိုပို့ခဲ့တာ
ထပ်ခေါ်သွားရင် ထပ်သေနေအုန်းမှာပဲ...
မင်းထမလိုက်လာရင် ငါ မင်း အိမ်ရှေ့စံကို
ပစ်သတ်လိုက်မှာနော်...."

"KimTaeHyung..!!!!"

"ငါမလုပ်နိုင်တာဘာမှမရှိဘူး...
ငါမင်းအတွက်မလုပ်နိုင်တာဘာမှမရှိဘူး
Jeon...မင်းအသိဆုံးပါ..."

Jeonသည်ထယ်ယောင်းလက်ထဲမှသေနတ်အား
ပုတ်ထုတ်လိုက်သည်။

"သူ့ကိုသေနတ်နဲ့မချိန်နဲ့..."

KimTaeHyung ၏အံကြိတ်သံသည်
မေးရိုးတွေတင်းသွားသည်အထိ...

"မင်းအသက်ရှင်ဖို့လိုတယ်
မင်းဘေးကင်းဖို့လိုတယ်
မင်းအသက်နဲ့ခန္ဓာမြဲနေရင်
မင်း အိမ်ရှေ့စံကို နေ့တိုင်း နာရီတိုင်း
ခစားဝပ်တွားလို့ရတယ်...
အေး...သေသွားရင်တော့
မင်းအားလုံးပီးသွားမှာ....
ငါ့ကို...ငါ့ကို စိတ်တွေတိုအောင်မလုပ်ပါနဲ့
ငါနှစ်ယောက်လုံးကိုသတ်မိလိမ့်မယ်..."

အဲ့ဒီညက အိမ်ရှေ့စံရော Kimပါ
Jeonအသက်ရှင်ဖို့ကိုပဲ
ရှေးရှူခဲ့ကြတာ...။
လမ်းကြောင်းလမ်းရာတွေမတူညီခဲ့ကြပေမယ့်
အန္တရာယ်ကင်းဖို့ကိုပဲကြိုးစားခဲ့ကြသည်။
Kimသည် ဒေါသဘက်သို့ရောက်လာသည့်တိုင်
အောင်Jeonကခေါင်းမာနေတုန်း..။
ဒီတိုင်းဆိုရင်တော့ အလွယ်တကူမိသွားမှာပဲ..။

"ငါသူတို့ကို အကြောင်းကြားခဲ့တာ
အမှန်ပဲ....ငါထပ်ပီးမင်းနေရာကိုအတိအကျ
မပြောခင် ပြေးချင်ပြေးလိုက်တော့
လွတ်မလွတ်တော့မသိပေမယ့်
ငါမင်းတို့ရဲ့ Drama ကိုသနားလို့
အခွင့်အရေးပေးတယ်လို့ပဲသဘောထား
လိုက်  ငါအရမ်းမရက်စက်ချင်ဘူး"

လွတ်အောင်ပြေးနိုင်လိမ့်မယ်ဆိုတာ
သူယုံတာကြောင့် အဓိကကJeon
ဒီအိမ်ထဲမရှိတော့ဖို့ပင်...။

ရသမျှနည်းတော့အားလုံးသုံးရမှာပဲ...။

နာကျည်းစွာကြည့်လာသောမျက်လုံးစူးစူးတွေ..
မသိချင်ယောင်ဆောင်လိုက်သည်...။
ကြည့်မိလျှင် ရင်ဘက်ထဲကအောင့်တက်လာ
မှာသိတာကြောင့်...
တကယ့်တကယ်တမ်းကျ သူ့မှာတုန်တုန်လှုပ်လှုပ်ရယ်။

KimTaeHyung ၏အပြောအဆို အပြုအမူ
တွေနဲ့ Jeonအပေါ်ထားခဲ့သော ချစ်ခြင်းတရား
ကို ခမ်းခမ်းနားနားမြင်တွေ့ခဲ့ရသော်အခါ
မော်မော်ကြွားကြွား မင်းသားဘဝပင်ဖြစ်သော်ငြား
သေးသိမ်သွားခဲ့ရသလို...
ဘာကြောင့်မှန်းမသိ ဝမ်းနည်းသည်...။
ဘာကြောင်းမှန်းမသိ..မကျေနပ်လည်းဖြစ်ခဲ့ရပါသည်။

ပြသနာတွေကြားထဲ သူမနာလိုဖြစ်ခဲ့ပါတယ်ဆို
KimTaeHyung က သေနတ်နဲ့ပစ်သတ်မှာအသေအချာ။
သူ့ကိုဘယ်လောက်အထိ မကျေနပ်ခဲ့သလဲဆိုတာ
KimTaeHyung ၏
မျက်လုံးတွေနဲ့တင် သိသာပေါ်လွင်ခဲ့ပါသည်။

တောက်တချက်ပြင်းပြင်းခေါက်ကာ
Jeonသည်KimTaeHyung ဆွဲခေါ်ရာ
သို့ပါသွားခဲ့သည်။

အခန်းတံခါးအားဆွဲဖွင့်လိုက်သည်နှင့်
အသင့်စောင့်နေခဲ့သော
တပ်ဖွဲ့တွေ...။
ကျောချင်းကပ်ကာရင်ဆိုင်ဖို့အဆင်သင့်
ပြင်ခဲ့သည်။
ပြေးထွက်လို့ရသောအပေါက်တွေအား
တချက်ကြည့်လိုက်ကာ
လက်နက်ချခိုင်းသော်လည်းသူရော
ထယ်ပါ လက်နက်မချခဲ့...။

"KimNamjoonမင်းငါ့နောက်ကို
လိုက်နေတာ စိတ်မကုန်ဘူးလား..
ဇွဲရှိသားပဲ..."

"နောက်ဆုံးတော့လည်းပြေးလို့မလွတ်တော့ဘူး
မလား ခေါင်းဆောင် Jeon...
အဓိက ရည်ရွယ်ချက်အောင်မြင်လို့
အချိန်ဘယ်လောက်ရင်းရရင်းရ
ငါ မနှမြောပါဘူး..."

"ဟုတ်လား....ဒါဆိုမိအောင်ဖမ်းလေ..."

သေနတ်သံတချက်ပေါ်လာပြီးနောက်
ရဲတစ်ယောက်အားထိမှန်ကာ
Jeonနှင့် TaeHyung သည်အသင့်ကြည့်ထားသော
ပြတင်းပေါက်ပေါ်သို့ခုန်တက်သွားတော့သည်။

အိမ်ရှေ့စံသည်ခြံထဲသို့ပြေးဆင်းသွား
ပြီဖြစ်သောနှစ်ယောက်အားကြည့်ကာ
ဟန်မပျက်တော့အပြင်ပြေးထွက်လာရသည်။

"လွတ်သွားပြန်ပီလား..."

"မလွတ်ပါဘူး အိမ်ရှေ့စံ....
ဒီနယ်မြေတခုလုံးလုံလုံလောက်လောက်
အစောင့်တွေချထားပီးပါပီ...."

"ဘာ..."

"ဘာဖြစ်လို့လဲ အိမ်ရှေ့စံ တခုခုအဆင်မပြေလို့လား"

"ပြေတယ်...."

အိမ်ရှေ့စံသည်ချက်ချင်းခြံထဲသို့ပြေးဆင်းကာ
တခြားသူတွေလိုတရားခံတွေအားရှာဖွေသလို
ဟန်ပြုရင်း တောထဲသို့ပြေးဝင်ခဲ့သည်။
လျှောက်ပြေးနေလို့မလွတ်နိုင်ကြောင်း
သူအသိပေးဖို့လိုပါသည်...။
သေနတ်တလက်ကိုင်လျှက်ခြေသံလိုလို
ကြားရာတွေဆီသို့ပြေးဝင်ရှာဖွေရသည်။

တနေရာအရောက်တွေ့ခဲ့ရသောအဝတ်အစားတွေ...
Jeonရော KimTaeHyungပါ အပေါ်ထပ်ဝတ်ရုံ
များချွတ်ကာပြေးလွှားခဲ့သည့်ပုံ။

ဘာလုပ်ရမလဲဆိုတာအကြာကြီး
မစဉ်းစားခဲ့တော့...။
ဒါသည်အောင်မြင်ချင်ရင်အောင်မြင်လိမ့်မည်
မအောင်မြင်ရင်တော့ သူလည်းဇာတ်သိမ်း..။

ပြေးလာရင်းတွေ့ခဲ့ရသော ပစ်ခတ်ထားမှုကြောင့်
သေဆုံးခဲ့ပြီးဖြစ်သောအလောင်းနှစ်လောင်းဆီပြန်လာကာမနီးမဝေးတွင်ထားလိုက်ပြီး
အပေါ်ထပ်ဝတ်ရုံတွေဝတ်ပေးလိုက်ပြီးနောက်
အသက်ကိုပြင်းပြင်းရှုလျက်
မျက်နှာများသို့သေနတ်ဖြင့်မျက်စိစုံမှိတ်ပစ်ခတ်
လိုက်သည်...။

မြင်ဖို့အဆင်မပြေနိုင်တော့သော
မျက်နှာနှစ်ခုအားသူမကြည့်ရဲတော့...။
ဘယ်သူမှန်းသေချာမသိနိုင်တော့သော
သွေးသံရဲရဲပျက်ဆီးမှုတွင်သူအသားတွေတုန်
လာသည်အထိကြောက်ခဲ့သည်။

ဆောင်ထားတတ်သောဓားအားထုတ်လိုက်ကာ
လက်မောင်းတနေရာသို့လှီးဖြတ်လိုက်ပီးနောက်
မချိမဆန့်နာကျင်နေဟန်မြေပြင်ပေါ်သို့
လဲကျနေလိုက်သည်....။

မကြာပါ သေနတ်သံဆိုက်တိုက်ကြား၍
ပြေးလာတဲ့ခြေသံတွေ....။

"အိမ်ရှေ့စံ!!!!!!!!!"

သွေးစက်လက်နှင့်သူ့ဆီသို့ပြေးလာကာ
ဆွဲထူသူက KimNamJoon...။

"သူတို့ ...သူတို့ ကို ငါပစ်လိုက်ပီ...
ငါကောင်းကောင်းအဖမ်းခံလို့ပြောနေတာ
မရခဲ့လို့...ငါ့ကိုလည်းတိုက်ခိုက်သွားကြတယ်...
ဟိုမှာ....အလောင်းတွေ...."

NamJoonသည်ရုပ်ပျက်ဆင်းပျက်
အလောင်းနှစ်လောင်းအား
ပြေးကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
အိမ်ရှေ့စံအားပြန်ကြည့်ကာ
တစုံတခုအားသေချာစဉ်းစားလိုက်ပြီးနောက်

"သူတို့ဆိုတာ သေချာလို့လား အိမ်ရှေ့စံ..."

"ငါကလိမ်ညာနေတယ်လို့မင်းကပြောချင်တာလား
ငါသွေးမြေကျခံပြီး
အသက်နဲ့ရင်းတဲ့ကိစ္စတခုကိုကစားရမှာလား"

"တောင်းပန်ပါတယ်...."

"မင်းမလုပ်နိုင်တာကို ငါလုပ်ပေးခဲ့တာ...
စကားအပြောအဆိုဆင်ခြင်..."

"ဟုတ်ကဲ့..."

"အလောင်းတွေကိုသယ်ခဲ့...
ငါတို့အားလုံးပီးသွားပြီ...
လိုချင်ခဲ့တဲ့ Jeon JungKookကိုမိခဲ့ပြီ....
အောင်မြင်တယ်....အကုန်နန်းတော်ပြန်မယ်.."

လဲကျနေကာမထနိုင်သောမင်းသားလေးသည်
မြန်ဆန်သောခြေလှမ်းတွေနဲ့ခုကျတော့လည်း
သွက်သွက်လက်လက်ပင်ထွက်ခွါသွားခဲ့သည်။
သေနတ်ကနှစ်ယောက်လုံးတိုက်တိုင်ဆိုင်ဆိုင်
မျက်နှာတွေမှထိခဲ့ရသလား......။

မင်းသားလေးကငယ်လွန်းပါသည်။


နန်းတော်ထဲပြန်ရောက်တဲ့အခါ
ဟန်မပျက်အိပ်ဆောင်ထဲဝင်ခဲ့ပြီးနောက်
ခြေထောက်တွေမခိုင်တော့စွာကြမ်းပြင်ပေါ်
သို့ကျိုးကြခဲ့သည်...။
လက်မောင်းကဒဏ်ရာကမနာဘဲ
ပါးကဒဏ်ရာကနာနေတုန်း...။

ဒါပေမယ့်လည်း...သူလွတ်မြောက်သွားပြီ။
ဒီအခြေအနေမှာရူးမိုက်ပီးတော့
အနားကိုပြန်လာတော့မှာမဟုတ်တော့။
သူပြန်လာရင်တောင်...
သူ့နားက သူ့ကိုသိပ်ချစ်တဲ့ကောင်လေးက
ဘယ်လွှတ်ပေးပါ့တော့မလဲ....။

KimTaeHyung...နေရာ ကိုလိုချင်လိုက်တာ....။

မွေးထဲက အိမ်ရှေ့မင်းသားဘဝကို
ကျေနပ်ပျော်ရွှင်ခဲ့ကာ သူ့လိုဘဝအား
အားလုံးလိုချင်နေမှာပဲဟု
တွေးမိခဲ့သည်။

ပထမဆုံးအကြိမ် အိမ်ရှေ့မင်းသားမဖြစ်ချင်ဘဲ
လူဆိုးတစ်ယောက်ဖြစ်ချင်လာသော
အခိုက်အတန့်သည် နာကျင်ဖွယ်ရာအတိ။

စိတ်နာသွားမှာဘဲဟု...တွေးကာ
မျက်လုံးထဲမှမျက်ရည်စက်တွေသည်
ကြမ်းပြင်ပေါ်အစီအရီ...။

ဘုရားရေ...ငါ.ငိုနေတာလား....။
ငိုစရာ ဘာများ ရှိခဲ့လို့လဲ....။

"ချစ်လို့လေ......"

ပြုံးယဲ့ယဲ့နှင့်ပြောခဲ့ဖူးသောနူတ်ခမ်ပါးပါးလေးတွေ..။
မြင်ယောင်မိတော့ ရင်တခုလုံးဆွဲဆုတ်ခံထားရသလိုမျိုး
ခံရခက်လွန်းပါသည်။

သူ့ကိုအတတ်နိုင်ဆုံးဘေးကင်းအောင်
ကြိုးစားပေးခဲ့ပီးပီပဲ....
ဘာကငိုစရာကျန်နေသေးလို့လဲ....။
လူအားလုံးရှေ့ ဗြောင်လိမ်ပြီး
ဆက်မလိုက်တော့အောင် အမိန့်အထပ်ထပ်ပေးခဲ့ပြီးပြီ
လေ။
ဘာကိုဝမ်းနည်းနေတုန်းလဲ....။

ငါ့နိုင်ငံအပေါ်တာဝန်မကျေပေမယ့်
ငါမချစ်တဲ့ မင်းအပေါ်မှာတော့
ငါတာဝန်ကျေခဲ့ပီးပီကို...ငါဘာလို့အသက်ရှုကျပ်နေရသလဲJeon.............။

ငါမင်းကိုမချစ်ဘဲ...
ငါမင်းကိုသာယာမိရုံပဲ
အဲ့ထက်နည်းနည်းလေးတောင်မပိုခဲ့ဘဲကို
ငါရင်တွေကွဲကြေတော့မလို ခံစားနေရတယ်....။

"မင်လေး......."

တစ်သက်လုံး ဒီခေါ်သံတွေကိုနေ့တိုင်း
ကြားချင်ခဲ့ပေမယ့်...
သေနတ်ပီး ကျည်ပီးတယ်လို့ လျှောက်ပြောတတ်တဲ့
မင်းကို တကယ်မပီးမှန်းသိလို့
ငါ့နားမှာမထားချင်ခဲ့တာပါ.....။

ငါကရော မင်းနဲ့မနေချင်ခဲ့ဘူးလား မေးရင်....
မင်းနဲ့ဆုံခဲ့ရတဲ့အစအဆုံးအခိုက်အတန့်တိုင်းကို
သေလောက်အောင်ရူးရလွန်းလို့....
အရှက်မရှိ...ရုန်းလို့ရရက် ပြေးလို့ရရက်နဲ့
တိုးဝင်ခဲ့တာ....

ဒါပေမယ့်လေ....ဒါပေမယ့် Jeonရယ်......။

.......

"အသဲကွဲတာဟာ သိပ်စိတ်ပျက်စရာကောင်းတဲ့
ရောဂါတမျိုးပဲ Hyung..
ကျတော် Jeonကိုကြည့်ပီးတွေးလိုက်တယ်
ငါဘယ်တော့မှ အသဲမကွဲတော့ဘူးလို့...
တော်တော်လေးကိုမှစိတ်ပျက်စရာ..."

"အိမ်ရှေ့ကရက်စက်လွန်းတာကို..."

"သူ့ကိုသေနတ်နဲ့တေ့ပစ်ပါအုန်းတော့
အနှစ်နှစ်ကာလက ဆောက်တည်ခဲ့ရတဲ့
သန်မာတဲ့စိတ်ဓာတ်တွေအားလုံးပြိုကျတဲ့အထိ
ဖြစ်ခဲ့စရာလား...."

"သူဘာတွေဖြစ်ခဲ့လို့လဲ...."

.....

"ထယ်လေး...ကိုယ်ဒီအိမ်ကြီးကို
သူနဲ့အတူတူနေဖို့ အချိန်တွေအများကြီးပေးပြီး
တည်ဆောက်ခဲ့တာ...
ကိုယ် အထပ်ထပ်အခါခါပြောတယ်
ချစ်မိတာ အဖိုးတန်လေးမလို့...
ချစ်မိတာ မင်းသားလေးမလို့
ချစ်မိတာ နိုင်ငံရတနာလေးမို့
သာမာန်ထက် အများကြီး ကိုယ်အများကြီး
ပြင်ဆင်ခဲ့တာ...
အသဲတွေပြုတ်ကျမတတ်ချစ်ခဲ့တာ...
သူက နည်းနည်းလေးတောင်...
သေးသေးမွှားမွှားလေးတောင် မချစ်ဘဲ
တနိုင်ငံလုံးကရဲအကုန်ခေါ်စစ်တပ်မပါမချန်
ဖမ်းခိုင်းလိုက်သေးတယ်..."

"မင်းနာကျင်တယ်မလား....
ဒါဆိုမေ့လိုက်တော့လေ...
မင်းဒီပုံစံမျိုးနဲ့ ဆို မကြာဘူးသေမှာပဲ..."

"ထယ်....မင်းတော့ကိုယ့်ကိုချစ်တယ်မလား..."

အရက်ခွက်အားသွန်ပစ်ရန်ရွယ်ခဲ့သော
လက်တို့ရပ်သွားသည်။
သူ့ကိုချစ်လားတဲ့.။
သူ့ကိုချစ်တယ်မလားတဲ့လေ...။
ဒီကောင်...လာနောက်နေတာပဲ...။

ဟားတိုက်သံသည်အိပ်ခန်းတခုလုံးဖုံးလွှမ်းကာ
Kimသည်မျက်ရည်တွေထွက်သည်အထိ
အော်ရီခဲ့သည်။
Kimအော်ရီနေသည်ကိုရီဝေဝေငေးကြည့်နေသော
Jeonသည်ဘယ်နေရာကရီစရာပါသွားလို့
ဆိုသော အတွေးမျက်နှာမျိုးနှင့်...။

"ခေါင်းဆောင် Jeonကမူးရင်သိပ်ရီရတာပဲ..."

"ကိုယ့်ကိုမလှောင်ပါနဲ့ ထယ်...."

"ငါ့ကို...မင်းအဲ့လိုမေးခွန်းမျိုးနောက်ထပ်
ဘယ်တော့မှမမေးနဲ့တော့ Jeon...
ငါရီရလွန်းရင် ငိုရလိမ့်မယ်..
ငယ်ငယ်ကလိုပေါ့...."

"မင်းကအရီမသန်ပါဘူး ထယ်..."

"မင်းရီစရာတွေပြောရင်တော့ ရီမိတာပေါ့...."

Jeonကအရက်ခွက်ကိုပြန်အာရုံစိုက်သွားကာ
ဘာမှဆက်မပြောတော့။
Kimသည်အခန်းတံခါးအားဆောင့်ပိတ်ကာ
ထွက်သွားသည်။

အလုပ်တွေအားလုံးသည်ကသောင်းကနင်း
ဖြစ်လာကာJeonသည်ဘာကိုမှ
အာရုံမစိုက်တော့...။
ဆေးချရင်း...မှိန်းနေမည်...
အရက်သောက်မည်....
တနေရာရာကိုငေးစိုက်ကာငြိမ်သက်နေမည်...။
အလုပ်တွေအားလုံးသည် Kimအပေါ်ပုံခဲ့ကာ
မနိုင်မနင်းကိုင်တွယ်ခဲ့ရင်း
တဖက်က အလူးလူးအလဲလဲJeonကိုလည်း
ထိန်းခဲ့ရသည်။

စိတ်တိုတယ် စိတ်ပျက်တယ် စိတ်မရှည်တော့ဘူး
လို့နေ့တိုင်းဆူပူနေခဲ့ပေမယ့်
Jeonရဲ့ အိမ်ရှေ့စံအားလွမ်းချင်း အား
တနေ့ထက်တနေ့သက်သာလာစေရန်
နည်းအမျိုးမျိုးဖြင့်ကုသခဲ့သည်။

Jeonငယ်ငယ်ထဲကခိုင်းပေမယ့်သူဘယ်တော့
မှမလုပ်ပေးခဲ့သော တက်တူးထိုးခြင်းအား
စိတ်ရှည်စွာပင် Jeonခန္ဓာကိုယ်နေရာ
တော်တော်များများ အား ထိုးပေးခဲ့သည်..။

အရသာရှိတဲ့ဟင်းတွေချက်ပေးကာ
ပျော်ရွှင်လာစေရန်ရည်ရွယ်ခဲ့သည်။
လှပလွန်းတဲ့မိန်းကလေးတွေအား
အိမ်ခေါ်လာကာ Jeonအာရုံတွေကို
လှုပ်ခတ်ဖို့ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့...။

တခါတရံတော့သတင်းလေးတွေကြားရသည်...။
အိမ်ရှေ့စံအား မျက်နှာအားမော့ချီလျက်
အရင်လို ထောင်လွှားတုန်း..။
သူ့ဘဝပုံစံခွက်ထဲကောင်းမွန်စွာလည်ပတ်နေကာ
ကမ္ဘာပင်ပတ်နေသေးသည်...။
ဒီလူဆိုးကြီးကတော့ယဲ့ယဲ့သာလျှင်ရှိတော့သည်။

ဒါတွေကိုမြင်တိုင်း သိတိုင်း ကြားရတိုင်း
Kimသည် လေပူတွေမှုတ်ထုတ်ကာ
မျက်တောင်ရှည်ရှည်တွေအား
မြန်မြန်ခတ်ပစ်သည်...။
မျက်ရည်ဝဲလာမှာကိုမလိုချင်....။

တခါတလေကျတော့လည်း
ဆေးအရှိန်နဲ့ နံရံမှီကာ မျက်လုံးတွေမှိတ်ထားတတ်
သောJeonဆီပြေးကာထုရိုက်အော်ဟစ်ငိုသည်။
ဘာလို့အဲ့လောက်တောင်ချစ်ရသလဲ...
ဘာလို့အဲ့လောက်တောင်ရူးရသလဲ
ဘဝတခုလုံးပျောက်ဆုံးရသည်အထိ
စောက်ရူးထတာလွန်လွန်းတယ်ဟု
အကျီဝတ်ထားလေ့မရှိသောရင်ဘက်တွေအားထုရိုက်
ခဲ့သည်။
Jeonသည်ဘာတုံ့ပြန်မှုမှမရှိ....။
တုံ့ပြန်မှုမဲ့နေသော ထိုလူသားပုံစံကို
ParkJimin မြင်လျှင်...ခပ်မဲ့မဲ့ပြုံးအုန်းမှာ
သိနေတာကြောင့် မျက်နှာသို့ဒေါသတကြီး
ရိုက်နှက်နေလည်း Jeonကတော့ဘာမှမသိခဲ့။

"အရမ်းပင်ပန်းခဲ့မှာပဲ Kim..."

"ပြောမနေပါနဲ့...JeonJungkook က
အရမ်းပျော့ညံ့လွန်းတယ်...
ကျတော်နဲ့သူမှာ သူကပိုခံနိုင်ရည်ရှိမယ်ထင်တာ..
ကျတော်ခြေဖျားကိုတောင်မမှီခဲ့ဘူး..."

မှန်လွန်းတာပေါ့...။
Kimကျော်ဖြတ်ခဲ့တဲ့နာကျင်မှုရေချိန်တွေက
သ်ပ်မြင့်ခဲ့တယ်ဆိုပေမယ့်လည်း
ခုလက်ရှိ ဇာတ်လမ်းတပုဒ်လုံးကို
Coffee တခွက်နှင့် ခပ်သာသာပြန်ပြောနိုင်
တယ်ဆိုထဲက ခေါင်းဆောင်Jeon
ထက်အဆပေါင်းများစွာသန်မာခဲ့ကြောင်း
သိပ်စဉ်းစားနေရန်မလိုပါ...။

"ကျတော်....အလုပ်တခုနဲ့Jeonကို
ထားခဲ့ပြီး...ခဏထွက်လာရတယ်...
လမ်းခရီးမှာ ကြားလိုက်ရတာက
အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲတဲ့လေ......
ကိုရီးယားမှာမဟုတ်တာတောင်
သတင်းကတကမ္ဘာလုံးစိတ်ဝင်တစားရယ်...."
JEonတယောက်တော့....
ရူးခါနေလောက်ပီလို့တွေးပီးကျတော်အလုပ်ကို
မြန်မြန်လက်စဖြတ်ပီး ကျတော့်အသဲကွဲဘုရင်ကြီး
ကိုနှစ်သိမ့်ပေးဖို့ပဲ.....အာရုံတွေထဲရှိခဲ့တာ..."

"ကျတော် ပန်းစည်းတွေဘာတွေလည်းအဲ့ဒီနေ့က
ဝယ်ခဲ့တယ်....
ချောကလက်ပါ ပါခဲ့သေးလားမသိဘူး...
အဲ့နိုင်ငံကအထူးအဆန်းလက်ဆောင်တွေလည်းပါခဲ့
တယ်....
အားလုံးဝယ်ပြီး....လေယာဉ်ပေါ်တက်တော့
ဖုန်းဝင်လာခဲ့တယ်.......။

Bạn đang đọc truyện trên: AzTruyen.Top