-9-

(Zawgyi)

အနက္ေရာင္ဘီးတပ္ခံုေလးကိုသူမကအေနာက္သို့္
ဆြဲယူလိုက္ကာ ထိုေပၚ၌ေျခခ်ိတ္ထိုင္လိုက္၏။

"Surprise!....  ။"

သူမကလက္နွစ္ဖက္ကိုျဖန့္ကားရင္း ေပ်ာ္ေပ်ာ္ရြွင္ရြွင္
ေျပာလာေသာ္လည္း ရီေပၚကေတာ့ အံ့ျသျမဲျဖင့္သာ
ေျကာင္ေန၏။

"ဖူးး...ေပ်ာ္စရာလည္းမေကာင္းဘူး။..'

"မင္းမ်က္နွာ...ဘာျဖစ္တာလဲ?..."

"အရင္မ်က္နွာကိုသေဘာမက်လို့နည္းနည္းျပင္လိုက္တာ။ နင္မွတ္မိသားပဲ။ ငါ့ရုပ္ေျပာင္းလိုက္လို့္
မမွတ္မိေလာက္ဘူးထင္ေနတာ။.."

သူမကရီေပၚ၏နက္ကထိုင္ကိုထဆြဲကိုင္ကာ
အဖ်ားစြတ္စကားကိုနားအထိကပ္ေျပာသြားေသး၏။

"ဒီကိုဘယ္လိုေရာက္လာတာလဲ?..."

ရီေပၚ၏စကားေျကာင့္ သူမ စားပြဲေပၚကိုသူမ Phခ်လိုက္ရင္း

"ဘာလဲ?..လာလို့မရဘူးလား။..."

"ျကိဳေျပာမွေပါ့..."

"ငါ့အကိုေတာင္ျကိဳေျပာဖို့မအားတာ။ဒီေလာက္ဆိုသိ
ေလာက္မွာေပါ့..."

ေရွာင္ပိုင္၏ ခပ္ေထ့ေထ့စကားသံေတြေျကာင့္
ရီေပၚနားမလည္နိုင္စြာေခါင္းကိုဇက္ခ်ိဳးသလို လုပ္လိုက္
မိေသး၏။

"မင္းအမ်ားျကီးေျပာင္းလဲသြားတယ္။.."

"ဟုတ္လား။..ဘာေတြလဲ?...ေျပာျပေလ။ အဲ့က်မွ
နင္မျကဳိက္တာရွိရင္ ျပင္ရေအာင္။.."

"ဒီကိုအလုပ္အတြက္လာတာမဟုတ္ဘူးဆိုရင္
ျပန္လိုက္ေတာ့။"

"အို့....ဧည့္သည္ကိုအဲ့လိုျကိဳဆိုတာလား။သူေဌးေလး
ဝမ္ရဲ့..."

ေရွာင္ပိုင္၏စကားေျကာင့္ရီေပၚသည္မိမိကိုင္ေနသည့္
ဖိုင္တြဲကိုခ်လိုက္ရင္း သူမကိုျပန္ျကည့္ကာ

"ဧည့္သည္ကမဖိတ္ေခၚထားတဲ့ဧည့္သည္ျဖစ္ေနလို့္
ဧည့္သည္ေတာင္ဧည့္ေတြ့ေဆာင္မွာလာေတြ့ရတာ။
မင္းက ငါ့ရံုးခန္းထိဝင္လာတာကို ငါထိုင္ျကည့္ေနရမွာ
လား..."

"Ok You Win... ငါသြားေပးပါ့မယ္။ ဒီမွာကလက္ေဆာင္...အယ္.နင္မျငင္းရဘူးေနာ္...Bye... "

သူမက လက္ေဆာင္ဗူးတစ္ခုကို ေဘးနားကသူမေနာက္ေတာက္ေလ်ာက္လိုက္လာတဲ့သူတစ္ေယာက္၏လက္ထဲမွလွမ္းယူလိုက္၏။

စားပြဲခံုေပၚတင္ကာ ခပ္ေျကာ့ေျကာ့ျဖင့္ထြက္သြားတဲ့
သူမရဲ့ ေက်ာပင္တစ္ဆံုး၌ ရီေပၚသည္ သူမေပးခဲ့ေသာ
ဗူးကို လက္ျဖင့္အားျပင္းျပင္းရိုက္ထုတ္လိုက္၏။

ဗူးမွာေျမခသြားရသည့္အျပင္ အဖံုးပြင့္ဟသြားျပီး
အတြင္းမွ ရီေပၚ၏ငယ္ငယ္က Crazy ျဖစ္ခဲ့ရတဲ့
One Way စကိတ္ေလး။

<~~~~~~~~~~~~~~~❤~~~~~~~~~~~~~~~~~~~>

"အ!.... အကုန္ေပကုန္ျပီ ဘယ္လိုလုပ္မလဲ?..."

"ေတာင္း....ေတာင္းပန္ပါတယ္...."

"ေတာင္းပန္ရံုနဲ့ရမလား?...နင္လုပ္လိုက္တာေပကုန္
ျပီေလ။..."

ေရွာင္က်န္ ေနရင္းထိုင္ရင္းေျမြကုိက္သည္ျဖစ္၏။

သူ့ဘာသာ Shootingျပီးတာမို့ ေကာ္ဖီပူပူေလး
ေလးကိုကိုင္ကာ လမ္းေလ်ွာက္လာသည္ကို သူမက
ဝင္တိုက္၏။

ဒါကိုေရွာင္က်န့္ကေတာင္းပန္ေနရေသးသည္။

"ဒီလိုလုပ္လို့ဘယ္ရမလဲ ေကာင္ေလး မင္း Ph No.
ေပး..."

"ဗ်ာ..."

ေရွာင္က်န့္အခက္ေတြ့သြားေစ၏။ မိမိမွာ လက္ရွိ
ေမာ္ဒယ္တစ္ဦးေပမို့ မသိတဲ့သူစိမ္းကို လက္လြတ္စပယ္ Ph နံပါတ္ေပးဖို့္ဆုိတာ ျဖစ္နိုင္တဲ့ကိစၥမွမဟုတ္ပဲ

"ဟို..."

"ေရွာင္ပိုင္...မင္းဒီမွာဘာလုပ္ေနျပန္တာလဲ။.."

"Ph နံပါတ္ေတာင္းေနတာလဲ ဘာျဖစ္လို့လဲ."

ေရွာင္ပိုင္၏စကားသည္ သူမတူစြာအေပါစားဆန္ေန၏။
ေယာက်ာ္းတစ္ေယာက္၏ ကုိယ္ေရးကုိယ္တာအား
ျဗဳန္းဆိုင္း ေတာင္းဆိုလာတဲ့သူမကို ရီေပၚ မ်က္လံုးရဲ
မ်ားနွင့္ျကည့္လိုက္၏။

" မားအိမ္ကိုမသြားရေသးဘူးမဟုတ္လား။ "

"ဟုတ္တယ္ေလ။.."

"ဘာလို့ခုမသြားေသးတာလဲ?..."

ရီေပၚ၏ စကားေျကာင့္ ေရွာင္ပိုင္၏နွူတ္ခမ္းေလးသည္
တစ္ေတာင္ေလာက္ဆူလာျပီးေနာက္ ေျခကိုေစာင့္
ကာ

"ဟြန့္...အက်ီၤလည္းစြန္းသြားျပီ။ အျမတ္ထုတ္ဖို့ျကံပါ
တယ္ အရင္ေတာင္ျပန္မရလိုက္ဘူး။ ရီေပၚ နင္အိမ္
ေရာက္ရင္ငါ့ကို အဝတ္ဝယ္ေပးဖို့ျပင္ထား..."

ေစာင့္ျကီးေအာင့္ျကီးနဲ့ထြက္သြားတဲ့ ေရွာင္ပိုင္ကို
ရီေပၚမ်က္စိတစ္ဆံုးစိုက္ျကည့္ရင္း မဆိုသေလာက္
ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းလာျပန္၏။

ရီေပၚစိတ္သည္ နွစ္ခြ။

ေသခ်ာတာကေတာ့ လူမွုကြန္ရက္အတြင္းမွာ
လိင္တူခ်စ္သူတစ္ေယာက္အေနျဖင့္ေခါင္းစဥ္အတပ္
မခံနိုင္ေသာ ျကက္ေခါင္းဆိပ္မခံစိတ္တစ္ခု
ေတာ့ရွိေနသည္။

"က်ြန္ေတာ္ တိုက္တာ...မဟုတ္...မဟုတ္ဘူး။.."

"သိတယ္။ မင္းဘာမွလုပ္စရာမရွိဘူးလား။.."

"က်ြန္ေတာ္ ခဏနားေနတာပါ။..."

ရီေပၚကေရွာင္က်န့္ရင္ဘတ္နားကစိုရြွဲေနတဲ့
ေကာ္ဖီရည္ပူေတြေျကာင့္ နီရဲေနေသာ အရည္ျပားကို
ျကည့္ကာ

"မင္းအားရင္ ရံုးခန္းလိုက္ခဲ့။.."

"ဟုတ္...ဟုတ္ကဲ့။..."

ေရွာင္က်န့္သည္ အေရွ့ကထြက္သြားတဲ့ ရီေပၚေနာက္
ကိုအလ်င္လိုက္ေနသလို စိတ္ထဲက မဆိုသေလာက္
ေလးေတာ့ ေျကာက္ရြံ့မိ၏။ သူအမွားလုပ္မိလို့မ်ား
ရီေပၚ စိတ္ဆိုးသြားသည္ဟု ထင္ေနမိသည္။

ရံုးခန္းေရာက္ေတာ့ ရီေပၚက ေရွာင္က်န့္နွင့္ခပ္လွမ္းလွမ္းမွာရပ္လိုက္ျပီး

"တံခါးပိတ္ခဲ့။..."

"ဗ်ာ..."

ေရွာင္က်န့္ေတြေဝခ်ိန္ေတာင္မရလိုက္ပါဘဲ ရီေပၚသည္
ရံုးခန္းအတြင္းရွိ စာအုပ္စဥ္တစ္ခုကစာအုပ္တစ္အုပ္
ကိုဆြဲယူလိုက္ေတာ့ ထိုစာအုပ္မွာ ရီေပၚလက္တြင္း
သို့ပါမလာပဲ ခလုပ္တစ္ခုသဖြယ္ ေထာင္လိုက္ေလးက်န္ခဲ့ျပီး စာအုပ္စဥ္သည္အလိုအေလ်ာက္ေဘးသို္ေရြ့သြားခဲ့၏။

ေရွာင္က်န့္လည္းသူျကည့္ဖူးသည့္ဇာတ္ကားထဲကလို
လ်ိဳ့ဝွက္ခန္းျကီးမို့ အံ့ျသမွင္သက္ေနရင္း ရီေပၚကအထဲဝင္သြားတာေျကာင့္ တံခါးကိုအျမန္ပိတ္ကာ ရီေပၚ
ေနာက္ေျပးလိုက္သြားေတာ့၏။

ေမွာင္ေမွာင္မဲမဲေလ်ွာက္လမ္းေလးတစ္ခုကို အတူတူ
ေလ်ွာက္ေနေသာ ရီေပၚနဲ့ေရွာင္က်န့္။
တိတ္ဆိတ္ေနတာေျကာင့္ ေျခသံတရွပ္ရွပ္က ကစ
ျကားေနရ၏။

တိတ္ဆိတ္ေနသည္နွင့္အတူ ရင္ဘတ္နားက
တစ္ခုခုသည္လည္း အသားနီလွန္ေနသလိုမ်ိဳး
နာေနသည္ကိုေရွာင္က်န့္သတိထားမိလိုက္၏။

ေကာ္ဖီပူေတြရင္ဘတ္မွာအေလာင္းခ်ခံထားရသည္
မွာအခ်ိန္ေကာင္းမဟုတ္သည့္အခ်ိန္မွ လာနာေန၏။

တံခါးတစ္ခုကိုရီေပၚကအေမွာင္ထဲမွဆြဲဖြင့္လိုက္ကာ
အထဲသို့မဆိုင္းမတြဝင္သြား၏။ ေရွာင္က်န့္မွာေတာ့
ဘာမွမျမင္ရလို့ တစ္ခုခုနဲ့မ်ားတိုက္ေနမလားဟု
စိတ္ပူကာ ဟိုစမ္းဒီစမ္းသြားေနခ်ိန္

ေဒါက္!

ခလုပ္ဖြင့္သံအဆံုး လင္းထိန္လာတဲ့ အခန္းတစ္ခု။
သူမတူေအာင္လင္းထိန္လာတဲ့အခါ ေရွာင္က်န္ မ်က္လံုး ပင္စူးမတက္။ ရီေပၚသည္ မိမိ၏ကိုယ္ပိုင္အခန္း
ေရာက္ျပီမို့ အေပၚဝတ္ကိုေအးေဆးစြာခ်ြတ္လိုက္ေတာ့
ေအာက္ခံ လည္ပင္းတစ္ခုလံုးဖံုးထားေသာ လက္ရွည္
စြယ္တာတစ္ခုသာ က်န္ရစ္၏။

ဝတ္စံုနဲ့ရုပ္ဟာအလြန္လိုက္ဖက္လြန္းတာေျကာင့္
အခန္းတစ္ခုလံုးဟာ ရီေပၚေျကာင့္ ပနံသင့္ေန၏။

ေရခဲေသတၱာ၊အိပ္ရာ၊ေရခ်ိဳးခန္း၊စားပြဲ၊မီးဖိုေခ်ာင္
စသည္ျဖင့္ အခန္းဟာစံုလင္လို့ တိုက္ခန္းတစ္ခန္းစာ
ေလာက္က်ယ္ေန၏။

ေရွာင္က်န္အံ့ျသမိ၏။
ဒီေလာက္အခန္းျကီးတစ္ခုလံုးအေဆာက္အဦးမွာ
ေပ်ာက္ေနတာကိုသူသတိမထားမိခဲ့ေခ်။

"ဒီလာခဲ့ "

ဘယ္အခ်ိန္ကတည္းက ကုတင္ေပၚေရာက္ေနမွန္း
မသိတဲ့ရီေပၚဟာ အေပါက္ဝမွာရပ္ေနတဲ့ ေရွာင္က်န့္
ကိုလွမ္းျကည့္ျပီးေခၚလိုက္၏။

အူေျကာင္ေျကာင္နဲ့လွမ္းလာတဲ့ေရွာင္က်န္ရဲ့ေျခလွမ္း
ေတြဟာ ခပ္စိပ္စိပ္။
ကုတင္ေပၚကိုတက္ထိုင္ေစခ်င္ေသာ္လည္း
ကိုလူေခ်ာက ေဘးမွာမတ္တပ္ရပ္ေနတာမို့ ကုတင္
ကိုလက္ျဖင့္ပုတ္ျပေတာ့ အနွီအဖိုးျကီးက ဘာေတြ
ရွက္ေနမွန္းမသိ။ နားေတြပင္အေတာ္နီေန၏။

ျပီးေနာက္မိမိ၏မ်က္နွာခင္းဆိုင္၌ထိုင္ကာ ေခါင္းကို
ေတာ့ေအာက္ငံု့ထားေသး၏။

ရီေပၚလည္းဘာမွေမျပာခ်င္ေတာ့တာမို့ လက္ကိုေခါက္
တင္လိုက္ကာ မိမိေဘးက ေဆးေသတၱာဗူးကိုယူျပီး
အရက္ျပန္ဗူးကိုဖြင့္ကာ ဂြမ္းနွင့္တို့လိုက္၏။

ဒါကိုျမင္တဲ့ ေရွာင္က်န့္ဟာ မ်က္လံုးျပဴ းလာ၏။
သူအေျကာက္ဆံုးက နာရမွာကိုပင္။ ဘယ္အနာပဲ
ျဖစ္ျဖစ္ အရက္ျပန္နဲ့ေတြ့ရင္ မခ်ိေလာက္ေအာင္ပင္
စပ္၏။

"အက်ီၤ ခ်ြတ္.."

"အ...အက်ီၤခ်ြတ္!!!???..."

ေရွာင္က်န့္၏စကားအျပီး၌ ရီေပၚကစိတ္မရွည္သလို
သက္ျပင္းခ်ကာ ေရွာင္က်န္၏ရင္ဘတ္နားသို့
လက္လွမ္းလိုက္သည္။

ေရွာင္က်န့္မွာလက္ကိုအတင္း တြန္းထုတ္ေတာ့
ရီေပၚလည္း မိမိေရွ့က ကေလးသာသာ အဖိုးအိုကို
ေခ်ာ့၍သာ လုပ္ယူရေတာ့မည္။

"ေရွာင္က်န္....အဲ့အနာေတြကိုေဆးမထည့္ရင္
ပိုဆိုးျပီး ျပည္ေတြေပါက္လာလိမ့္မယ္။..."

"ဒါ...ဒါေပမယ့္ က်ြန္ေတာ္ဘာသာ လုပ္မယ္။.."

မိမိကိုေက်ာေပးျပီး အက်ီၤျကယ္သီးေတြကိုျဖဳတ္ေနတဲ့
သူ့ကိုရီေပၚလြွတ္ေပးလိုက္၏။ သူလည္းေဆးလိမ္း
ေတာ့မွာပဲဟူ၍။

သို့ေသာ္ မိမိဘက္သို့လွည့္မလာဘဲ လက္ခ်ည္းသက္
သက္ ဂြမ္းလာေတာင္းတာေျကာင့္ ရီေပၚလည္း
ေတာင္းသည့္ဂြမ္းကိုေပးလိုက္၏။

မျကာပါေခ်။ ရင္ဘတ္ကိုငံု့ျကည့္ကာ ဂြမ္းနွင့္တို့္လိုက္
စပ္လို့ျပန္ခြာသြားလိုက္နွင့္ အနာမေပ်ာက္ဘဲအခ်ိန္ကို
သက္သက္မဲ့ျဖဳန္းေနတာေျကာင့္ ေရွာင္က်န့္ကိုယ္ကို
ဒီဘက္သို့အားပါပါ လွည့္လိုက္၏။

ေရွာင္က်န္က ကုတင္ေပၚမွာထိုင္ေနတာမို့
ရီေပၚအားပါပါ လွည့္ရာ၌ ရီေပၚေရွ့သို့မေရာက္ဘဲ
ေဘးတိုက္က်ကာ ပလက္လွန္ျပီးသားျဖစ္သြား၏။

"အ...!.."

"ျငိမ္ျငိမ္ေန!"

ဖြင့္ထားတဲ့အက်ီၤျကယ္သီးေတြေျကာင့္ ရင္ဘတ္ျဖဴ ျဖဴ
ေလးကအထင္းသား။
အနီကြက္ေတြထင္းေနတဲ့ျကားထဲကမွ ပန္းေရာင္တစ္
ဝက္အနီတစ္ဝက္ျဖစ္ေနတဲ့ ပြင့္လြွာနွစ္ခ်ပ္က အခန့္
သားေနရာယူေန၏။

ရုတ္တရပ္မို့လန့္သြားတဲ့ ေရွာင္က်န့္ဟာမ်က္လံုးအစံု
ကိုမွိတ္ထားဆဲျဖစ္ကာခပ္ဟဟျဖစ္ေနတဲ့ နွုတ္ခမ္းတစ္စံု။

အေတာ္ပင္ဆြဲေဆာင္နိုင္တဲ့ သူ့ပံုစံသူမျမင္နိုင္ေသာ္
လည္း မ်က္လံုးျပဴ းက်ယ္စြာမ်က္ေတာင္မခတ္တမ္း
စိုက္ျကည့္ေနပါသတဲ့ ရီေပၚကိုေတာ့ ေရွာင္က်န့္
သတိမထားမိ။

ရီေပၚကုိယ္တိုင္ပင္ မသိလိုက္ပဲ သူသည္ ေရွာင္က်န့္
ေပၚကို ခြထိုင္ေနမိကာ ေရွာင္က်န္၏အနာကို ေဆး
တို့ေပးေန၏။

"အ!...စပ္....စပ္တယ္...သူေဌး..."

" ျငိမ္ျငိမ္ေန!"

အနာသည္ မိနစ္ပိုင္းကမွရထားသည္မို့ ထိလိုက္တိုင္း
အသဲခိုက္ေအာင္နာက်ဥ္၏။ ပူေလာင္ေနတဲ့ ေကာ္ဖီ
ေျကာင့္ ဤသို့ျဖစ္ခဲ့ျခင္းကိုေရွာင္က်န့္ေနာင္တရျပီး
ေကာ္ဖီပူကိုမေသာက္ခ်င္ေတာ့ျပီ။

သူ့စကားကိုနားမေထာင္ဘဲ ျငိမ္ျငိမ္ေန ခိုင္းေသာ
ရီေပၚေျကာင့္ ေရွာင္က်န့္ နာလြန္းလို့ အိပ္ရာခင္းကို
သာတင္းတင္းဆြဲကိုင္ထား၏။

ရီေပၚကေတာ့ အနာကို ဂရုတစိုက္ျကည့္ကာ
ခပ္ျပင္းျပင္းဖိခ်ေန၏။

စပ္ျဖင္းေသာ အရက္ျပန္မ်ားက အသားအရည္ကို
စိမ့္ဝင္လာတိုင္း ေရွာင္က်န့္သည္မိမိ၏
နွုတ္ခမ္းလြွာနွစ္ခ်က္ကိုတင္းတင္းဆြဲကိုက္ထားရန္သာတတ္နိုင္ေတာ့၏။

ျကာလာေတာ့မခံနိုင္တာေျကာင့္ ရီေပၚ၏ပုခံုးေပၚကို
လက္တစ္ဖက္တင္ကာ စကားလွမ္းေျပာရေတာ့၏။

"ရီ..ရီေပၚ ေျဖးေျဖး...နာတယ္။"

မိမိ၏နာမည္အရင္းကိုေခၚလာတာေျကာင့္
ရီေပၚ၏အျကည့္မ်ားက ေအးခဲစြာ ေရွာင္က်န့္အား
မ်က္ေတာင္မခတ္တမ္းျကည့္ေန၏။

ေရွာင္က်န့္ ထိုင္သာငိုခ်င္ေတာ့၏။
အခုအေျခအေနျကီးကဘာျကီးလဲ။
သူ့သူေဌးလည္းစိတ္မမွန္ေလာက္ဘူးဟုလည္း
ေတြးရင္း စပ္တာေျကာင့္ မ်က္ရည္တို့ပင္ ပိုးပိုးေပါက္
ေပါက္ျဖစ္လာ၏။

"မနာတဲ့နည္းလုပ္ေပးရမလား?.."

"အင္း..."

မနာရင္ျပီးေရာဆိုသည့္စိတ္နွင့္ခပ္သြက္သြက္
ေျဖလိုက္သည္ကို ရီေပၚက အားရစြာ နွုတ္ခမ္းတစ္ဖက္ေကာ့တက္ေအာင္ျပံဳးရင္း

မိမိအား စိတ္ရိုင္းျကြေအာင္ ဆြဲေဆာင္ေနတဲ့
လူသား၏ ခပ္ရဲရဲျဖစ္ေနတဲ့နွုတ္ခမ္းလြွာကို ငံုခဲပစ္လိုက္
ေတာ့၏။

စိုစိုစြတ္စြတ္ျဖစ္ေနတဲ့ နွုတ္ခမ္းသားေလးဟာ
စြဲမက္စရာအတိျဖစ္ေနတာမို့ အေတာ္ျကာ စုပ္ယူ
နမ္းရိွုက္ေနမိေတာ့ ေအာက္ကေကာင္ေလးမွာ
သူ့လက္ကိုအားကုန္ထုတ္ကာ ရီေပၚကိုယ္ကို
အတင္းတြန္းထုတ္ေတာ့၏။

နွုတ္ခမ္းနဲ့ခြာလိုက္ေတာ့ ေရွာင္က်န့္က ထိတ္လန့္စြာ
ဝိုင္းစက္ေသာမ်က္လံုးတို့ျဖင့္ ျကည့္ေန၏။

"ေအာ္ေလ....မင္းေအာ္ရင္ ငါနမ္းမွာ..."

~~~~~~~~~~~~~~~~~TBC~~~~~~~~~~~~~~~~

ငဲငဲ....ခဲနဲ့မေပါက္ျကပါနဲ့။
Sweet ေပးထားတယ္ေလ...❤

(Unicode)

အနက်ရောင်ဘီးတပ်ခုံလေးကိုသူမကအနောက်သို့်
ဆွဲယူလိုက်ကာ ထိုပေါ်၌ခြေချိတ်ထိုင်လိုက်၏။

"Surprise!....  ။"

သူမကလက်နှစ်ဖက်ကိုဖြန့်ကားရင်း ပျော်ပျော်ရွှင်ရွှင်
ပြောလာသော်လည်း ရီပေါ်ကတော့ အံ့သြမြဲဖြင့်သာ
ကြောင်နေ၏။

"ဖူးး...ပျော်စရာလည်းမကောင်းဘူး။..'

"မင်းမျက်နှာ...ဘာဖြစ်တာလဲ?..."

"အရင်မျက်နှာကိုသဘောမကျလို့နည်းနည်းပြင်လိုက်တာ။ နင်မှတ်မိသားပဲ။ ငါ့ရုပ်ပြောင်းလိုက်လို့်
မမှတ်မိလောက်ဘူးထင်နေတာ။.."

သူမကရီပေါ်၏နက်ကထိုင်ကိုထဆွဲကိုင်ကာ
အဖျားစွတ်စကားကိုနားအထိကပ်ပြောသွားသေး၏။

"ဒီကိုဘယ်လိုရောက်လာတာလဲ?..."

ရီပေါ်၏စကားကြောင့် သူမ စားပွဲပေါ်ကိုသူမ Phချလိုက်ရင်း

"ဘာလဲ?..လာလို့မရဘူးလား။..."

"ကြိုပြောမှပေါ့..."

"ငါ့အကိုတောင်ကြိုပြောဖို့မအားတာ။ဒီလောက်ဆိုသိ
လောက်မှာပေါ့..."

ရှောင်ပိုင်၏ ခပ်ထေ့ထေ့စကားသံတွေကြောင့်
ရီပေါ်နားမလည်နိုင်စွာခေါင်းကိုဇက်ချိုးသလို လုပ်လိုက်
မိသေး၏။

"မင်းအများကြီးပြောင်းလဲသွားတယ်။.."

"ဟုတ်လား။..ဘာတွေလဲ?...ပြောပြလေ။ အဲ့ကျမှ
နင်မကြိုက်တာရှိရင် ပြင်ရအောင်။.."

"ဒီကိုအလုပ်အတွက်လာတာမဟုတ်ဘူးဆိုရင်
ပြန်လိုက်တော့။"

"အို့....ဧည့်သည်ကိုအဲ့လိုကြိုဆိုတာလား။သူဌေးလေး
ဝမ်ရဲ့..."

ရှောင်ပိုင်၏စကားကြောင့်ရီပေါ်သည်မိမိကိုင်နေသည့်
ဖိုင်တွဲကိုချလိုက်ရင်း သူမကိုပြန်ကြည့်ကာ

"ဧည့်သည်ကမဖိတ်ခေါ်ထားတဲ့ဧည့်သည်ဖြစ်နေလို့်
ဧည့်သည်တောင်ဧည့်တွေ့ဆောင်မှာလာတွေ့ရတာ။
မင်းက ငါ့ရုံးခန်းထိဝင်လာတာကို ငါထိုင်ကြည့်နေရမှာ
လား..."

"Ok You Win... ငါသွားပေးပါ့မယ်။ ဒီမှာကလက်ဆောင်...အယ်.နင်မငြင်းရဘူးနော်...Bye... "

သူမက လက်ဆောင်ဗူးတစ်ခုကို ဘေးနားကသူမနောက်တောက်လျောက်လိုက်လာတဲ့သူတစ်ယောက်၏လက်ထဲမှလှမ်းယူလိုက်၏။

စားပွဲခုံပေါ်တင်ကာ ခပ်ကြော့ကြော့ဖြင့်ထွက်သွားတဲ့
သူမရဲ့ ကျောပင်တစ်ဆုံး၌ ရီပေါ်သည် သူမပေးခဲ့သော
ဗူးကို လက်ဖြင့်အားပြင်းပြင်းရိုက်ထုတ်လိုက်၏။

ဗူးမှာမြေခသွားရသည့်အပြင် အဖုံးပွင့်ဟသွားပြီး
အတွင်းမှ ရီပေါ်၏ငယ်ငယ်က Crazy ဖြစ်ခဲ့ရတဲ့
One Way စကိတ်လေး။

<~~~~~~~~~~~~~~~❤~~~~~~~~~~~~~~~~~~~>

"အ!.... အကုန်ပေကုန်ပြီ ဘယ်လိုလုပ်မလဲ?..."

"တောင်း....တောင်းပန်ပါတယ်...."

"တောင်းပန်ရုံနဲ့ရမလား?...နင်လုပ်လိုက်တာပေကုန်
ပြီလေ။..."

ရှောင်ကျန် နေရင်းထိုင်ရင်းမြွေကိုက်သည်ဖြစ်၏။

သူ့ဘာသာ Shootingပြီးတာမို့ ကော်ဖီပူပူလေး
လေးကိုကိုင်ကာ လမ်းလျှောက်လာသည်ကို သူမက
ဝင်တိုက်၏။

ဒါကိုရှောင်ကျန့်ကတောင်းပန်နေရသေးသည်။

"ဒီလိုလုပ်လို့ဘယ်ရမလဲ ကောင်လေး မင်း Ph No.
ပေး..."

"ဗျာ..."

ရှောင်ကျန့်အခက်တွေ့သွားစေ၏။ မိမိမှာ လက်ရှိ
မော်ဒယ်တစ်ဦးပေမို့ မသိတဲ့သူစိမ်းကို လက်လွတ်စပယ် Ph နံပါတ်ပေးဖို့်ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်ပဲ

"ဟို..."

"ရှောင်ပိုင်...မင်းဒီမှာဘာလုပ်နေပြန်တာလဲ။.."

"Ph နံပါတ်တောင်းနေတာလဲ ဘာဖြစ်လို့လဲ."

ရှောင်ပိုင်၏စကားသည် သူမတူစွာအပေါစားဆန်နေ၏။
ယောကျာ်းတစ်ယောက်၏ ကိုယ်ရေးကိုယ်တာအား
ဗြုန်းဆိုင်း တောင်းဆိုလာတဲ့သူမကို ရီပေါ် မျက်လုံးရဲ
များနှင့်ကြည့်လိုက်၏။

" မားအိမ်ကိုမသွားရသေးဘူးမဟုတ်လား။ "

"ဟုတ်တယ်လေ။.."

"ဘာလို့ခုမသွားသေးတာလဲ?..."

ရီပေါ်၏ စကားကြောင့် ရှောင်ပိုင်၏နှူတ်ခမ်းလေးသည်
တစ်တောင်လောက်ဆူလာပြီးနောက် ခြေကိုစောင့်
ကာ

"ဟွန့်...အကျီၤလည်းစွန်းသွားပြီ။ အမြတ်ထုတ်ဖို့ကြံပါ
တယ် အရင်တောင်ပြန်မရလိုက်ဘူး။ ရီပေါ် နင်အိမ်
ရောက်ရင်ငါ့ကို အဝတ်ဝယ်ပေးဖို့ပြင်ထား..."

စောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားတဲ့ ရှောင်ပိုင်ကို
ရီပေါ်မျက်စိတစ်ဆုံးစိုက်ကြည့်ရင်း မဆိုသလောက်
မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပြန်၏။

ရီပေါ်စိတ်သည် နှစ်ခွ။

သေချာတာကတော့ လူမှုကွန်ရက်အတွင်းမှာ
လိင်တူချစ်သူတစ်ယောက်အနေဖြင့်ခေါင်းစဉ်အတပ်
မခံနိုင်သော ကြက်ခေါင်းဆိပ်မခံစိတ်တစ်ခု
တော့ရှိနေသည်။

"ကျွန်တော် တိုက်တာ...မဟုတ်...မဟုတ်ဘူး။.."

"သိတယ်။ မင်းဘာမှလုပ်စရာမရှိဘူးလား။.."

"ကျွန်တော် ခဏနားနေတာပါ။..."

ရီပေါ်ကရှောင်ကျန့်ရင်ဘတ်နားကစိုရွှဲနေတဲ့
ကော်ဖီရည်ပူတွေကြောင့် နီရဲနေသော အရည်ပြားကို
ကြည့်ကာ

"မင်းအားရင် ရုံးခန်းလိုက်ခဲ့။.."

"ဟုတ်...ဟုတ်ကဲ့။..."

ရှောင်ကျန့်သည် အရှေ့ကထွက်သွားတဲ့ ရီပေါ်နောက်
ကိုအလျင်လိုက်နေသလို စိတ်ထဲက မဆိုသလောက်
လေးတော့ ကြောက်ရွံ့မိ၏။ သူအမှားလုပ်မိလို့များ
ရီပေါ် စိတ်ဆိုးသွားသည်ဟု ထင်နေမိသည်။

ရုံးခန်းရောက်တော့ ရီပေါ်က ရှောင်ကျန့်နှင့်ခပ်လှမ်းလှမ်းမှာရပ်လိုက်ပြီး

"တံခါးပိတ်ခဲ့။..."

"ဗျာ..."

ရှောင်ကျန့်တွေဝေချိန်တောင်မရလိုက်ပါဘဲ ရီပေါ်သည်
ရုံးခန်းအတွင်းရှိ စာအုပ်စဉ်တစ်ခုကစာအုပ်တစ်အုပ်
ကိုဆွဲယူလိုက်တော့ ထိုစာအုပ်မှာ ရီပေါ်လက်တွင်း
သို့ပါမလာပဲ ခလုပ်တစ်ခုသဖွယ် ထောင်လိုက်လေးကျန်ခဲ့ပြီး စာအုပ်စဉ်သည်အလိုအလျောက်ဘေးသိုရွေ့သွားခဲ့၏။

ရှောင်ကျန့်လည်းသူကြည့်ဖူးသည့်ဇာတ်ကားထဲကလို
လျို့ဝှက်ခန်းကြီးမို့ အံ့သြမှင်သက်နေရင်း ရီပေါ်ကအထဲဝင်သွားတာကြောင့် တံခါးကိုအမြန်ပိတ်ကာ ရီပေါ်
နောက်ပြေးလိုက်သွားတော့၏။

မှောင်မှောင်မဲမဲလျှောက်လမ်းလေးတစ်ခုကို အတူတူ
လျှောက်နေသော ရီပေါ်နဲ့ရှောင်ကျန့်။
တိတ်ဆိတ်နေတာကြောင့် ခြေသံတရှပ်ရှပ်က ကစ
ကြားနေရ၏။

တိတ်ဆိတ်နေသည်နှင့်အတူ ရင်ဘတ်နားက
တစ်ခုခုသည်လည်း အသားနီလှန်နေသလိုမျိုး
နာနေသည်ကိုရှောင်ကျန့်သတိထားမိလိုက်၏။

ကော်ဖီပူတွေရင်ဘတ်မှာအလောင်းချခံထားရသည်
မှာအချိန်ကောင်းမဟုတ်သည့်အချိန်မှ လာနာနေ၏။

တံခါးတစ်ခုကိုရီပေါ်ကအမှောင်ထဲမှဆွဲဖွင့်လိုက်ကာ
အထဲသို့မဆိုင်းမတွဝင်သွား၏။ ရှောင်ကျန့်မှာတော့
ဘာမှမမြင်ရလို့ တစ်ခုခုနဲ့များတိုက်နေမလားဟု
စိတ်ပူကာ ဟိုစမ်းဒီစမ်းသွားနေချိန်

ဒေါက်!

ခလုပ်ဖွင့်သံအဆုံး လင်းထိန်လာတဲ့ အခန်းတစ်ခု။
သူမတူအောင်လင်းထိန်လာတဲ့အခါ ရှောင်ကျန် မျက်လုံး ပင်စူးမတက်။ ရီပေါ်သည် မိမိ၏ကိုယ်ပိုင်အခန်း
ရောက်ပြီမို့ အပေါ်ဝတ်ကိုအေးဆေးစွာချွတ်လိုက်တော့
အောက်ခံ လည်ပင်းတစ်ခုလုံးဖုံးထားသော လက်ရှည်
စွယ်တာတစ်ခုသာ ကျန်ရစ်၏။

ဝတ်စုံနဲ့ရုပ်ဟာအလွန်လိုက်ဖက်လွန်းတာကြောင့်
အခန်းတစ်ခုလုံးဟာ ရီပေါ်ကြောင့် ပနံသင့်နေ၏။

ရေခဲသေတ္တာ၊အိပ်ရာ၊ရေချိုးခန်း၊စားပွဲ၊မီးဖိုချောင်
စသည်ဖြင့် အခန်းဟာစုံလင်လို့ တိုက်ခန်းတစ်ခန်းစာ
လောက်ကျယ်နေ၏။

ရှောင်ကျန်အံ့သြမိ၏။
ဒီလောက်အခန်းကြီးတစ်ခုလုံးအဆောက်အဦးမှာ
ပျောက်နေတာကိုသူသတိမထားမိခဲ့ချေ။

"ဒီလာခဲ့ "

ဘယ်အချိန်ကတည်းက ကုတင်ပေါ်ရောက်နေမှန်း
မသိတဲ့ရီပေါ်ဟာ အပေါက်ဝမှာရပ်နေတဲ့ ရှောင်ကျန့်
ကိုလှမ်းကြည့်ပြီးခေါ်လိုက်၏။

အူကြောင်ကြောင်နဲ့လှမ်းလာတဲ့ရှောင်ကျန်ရဲ့ခြေလှမ်း
တွေဟာ ခပ်စိပ်စိပ်။
ကုတင်ပေါ်ကိုတက်ထိုင်စေချင်သော်လည်း
ကိုလူချောက ဘေးမှာမတ်တပ်ရပ်နေတာမို့ ကုတင်
ကိုလက်ဖြင့်ပုတ်ပြတော့ အနှီအဖိုးကြီးက ဘာတွေ
ရှက်နေမှန်းမသိ။ နားတွေပင်အတော်နီနေ၏။

ပြီးနောက်မိမိ၏မျက်နှာခင်းဆိုင်၌ထိုင်ကာ ခေါင်းကို
တော့အောက်ငုံ့ထားသေး၏။

ရီပေါ်လည်းဘာမှမေပြာချင်တော့တာမို့ လက်ကိုခေါက်
တင်လိုက်ကာ မိမိဘေးက ဆေးသေတ္တာဗူးကိုယူပြီး
အရက်ပြန်ဗူးကိုဖွင့်ကာ ဂွမ်းနှင့်တို့လိုက်၏။

ဒါကိုမြင်တဲ့ ရှောင်ကျန့်ဟာ မျက်လုံးပြူ းလာ၏။
သူအကြောက်ဆုံးက နာရမှာကိုပင်။ ဘယ်အနာပဲ
ဖြစ်ဖြစ် အရက်ပြန်နဲ့တွေ့ရင် မချိလောက်အောင်ပင်
စပ်၏။

"အကျီၤ ချွတ်.."

"အ...အကျီၤချွတ်!!!???..."

ရှောင်ကျန့်၏စကားအပြီး၌ ရီပေါ်ကစိတ်မရှည်သလို
သက်ပြင်းချကာ ရှောင်ကျန်၏ရင်ဘတ်နားသို့
လက်လှမ်းလိုက်သည်။

ရှောင်ကျန့်မှာလက်ကိုအတင်း တွန်းထုတ်တော့
ရီပေါ်လည်း မိမိရှေ့က ကလေးသာသာ အဖိုးအိုကို
ချော့၍သာ လုပ်ယူရတော့မည်။

"ရှောင်ကျန်....အဲ့အနာတွေကိုဆေးမထည့်ရင်
ပိုဆိုးပြီး ပြည်တွေပေါက်လာလိမ့်မယ်။..."

"ဒါ...ဒါပေမယ့် ကျွန်တော်ဘာသာ လုပ်မယ်။.."

မိမိကိုကျောပေးပြီး အကျီၤကြယ်သီးတွေကိုဖြုတ်နေတဲ့
သူ့ကိုရီပေါ်လွှတ်ပေးလိုက်၏။ သူလည်းဆေးလိမ်း
တော့မှာပဲဟူ၍။

သို့သော် မိမိဘက်သို့လှည့်မလာဘဲ လက်ချည်းသက်
သက် ဂွမ်းလာတောင်းတာကြောင့် ရီပေါ်လည်း
တောင်းသည့်ဂွမ်းကိုပေးလိုက်၏။

မကြာပါချေ။ ရင်ဘတ်ကိုငုံ့ကြည့်ကာ ဂွမ်းနှင့်တို့်လိုက်
စပ်လို့ပြန်ခွာသွားလိုက်နှင့် အနာမပျောက်ဘဲအချိန်ကို
သက်သက်မဲ့ဖြုန်းနေတာကြောင့် ရှောင်ကျန့်ကိုယ်ကို
ဒီဘက်သို့အားပါပါ လှည့်လိုက်၏။

ရှောင်ကျန်က ကုတင်ပေါ်မှာထိုင်နေတာမို့
ရီပေါ်အားပါပါ လှည့်ရာ၌ ရီပေါ်ရှေ့သို့မရောက်ဘဲ
ဘေးတိုက်ကျကာ ပလက်လှန်ပြီးသားဖြစ်သွား၏။

"အ...!.."

"ငြိမ်ငြိမ်နေ"

ဖွင့်ထားတဲ့အကျီၤကြယ်သီးတွေကြောင့် ရင်ဘတ်ဖြူ ဖြူ
လေးကအထင်းသား။
အနီကွက်တွေထင်းနေတဲ့ကြားထဲကမှ ပန်းရောင်တစ်
ဝက်အနီတစ်ဝက်ဖြစ်နေတဲ့ ပွင့်လွှာနှစ်ချပ်က အခန့်
သားနေရာယူနေ၏။

ရုတ်တရပ်မို့လန့်သွားတဲ့ ရှောင်ကျန့်ဟာမျက်လုံးအစုံ
ကိုမှိတ်ထားဆဲဖြစ်ကာခပ်ဟဟဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံ။

အတော်ပင်ဆွဲဆောင်နိုင်တဲ့ သူ့ပုံစံသူမမြင်နိုင်သော်
လည်း မျက်လုံးပြူ းကျယ်စွာမျက်တောင်မခတ်တမ်း
စိုက်ကြည့်နေပါသတဲ့ ရီပေါ်ကိုတော့ ရှောင်ကျန့်
သတိမထားမိ။

ရီပေါ်ကိုယ်တိုင်ပင် မသိလိုက်ပဲ သူသည် ရှောင်ကျန့်
ပေါ်ကို ခွထိုင်နေမိကာ ရှောင်ကျန်၏အနာကို ဆေး
တို့ပေးနေ၏။

"အ!...စပ်....စပ်တယ်...သူဌေး..."

""ငြိမ်ငြိမ်နေ!"

အနာသည် မိနစ်ပိုင်းကမှရထားသည်မို့ ထိလိုက်တိုင်း
အသဲခိုက်အောင်နာကျဉ်၏။ ပူလောင်နေတဲ့ ကော်ဖီ
ကြောင့် ဤသို့ဖြစ်ခဲ့ခြင်းကိုရှောင်ကျန့်နောင်တရပြီး
ကော်ဖီပူကိုမသောက်ချင်တော့ပြီ။

သူ့စကားကိုနားမထောင်ဘဲ ငြိမ်ငြိမ်နေခိုင်းသော
ရီပေါ်ကြောင့် ရှောင်ကျန့် နာလွန်းလို့ အိပ်ရာခင်းကို
သာတင်းတင်းဆွဲကိုင်ထား၏။

ရီပေါ်ကတော့ အနာကို ဂရုတစိုက်ကြည့်ကာ
ခပ်ပြင်းပြင်းဖိချနေ၏။

စပ်ဖြင်းသော အရက်ပြန်များက အသားအရည်ကို
စိမ့်ဝင်လာတိုင်း ရှောင်ကျန့်သည်မိမိ၏
နှုတ်ခမ်းလွှာနှစ်ချက်ကိုတင်းတင်းဆွဲကိုက်ထားရန်သာတတ်နိုင်တော့၏။

ကြာလာတော့မခံနိုင်တာကြောင့် ရီပေါ်၏ပုခုံးပေါ်ကို
လက်တစ်ဖက်တင်ကာ စကားလှမ်းပြောရတော့၏။

"ရီ..ရီပေါ် ဖြေးဖြေး...နာတယ်။"

မိမိ၏နာမည်အရင်းကိုခေါ်လာတာကြောင့်
ရီပေါ်၏အကြည့်များက အေးခဲစွာ ရှောင်ကျန့်အား
မျက်တောင်မခတ်တမ်းကြည့်နေ၏။

ရှောင်ကျန့် ထိုင်သာငိုချင်တော့၏။
အခုအခြေအနေကြီးကဘာကြီးလဲ။
သူ့သူဌေးလည်းစိတ်မမှန်လောက်ဘူးဟုလည်း
တွေးရင်း စပ်တာကြောင့် မျက်ရည်တို့ပင် ပိုးပိုးပေါက်
ပေါက်ဖြစ်လာ၏။

"မနာတဲ့နည်းလုပ်ပေးရမလား?.."

"အင်း..."

မနာရင်ပြီးရောဆိုသည့်စိတ်နှင့်ခပ်သွက်သွက်
ဖြေလိုက်သည်ကို ရီပေါ်က အားရစွာ နှုတ်ခမ်းတစ်ဖက်ကော့တက်အောင်ပြုံးရင်း

မိမိအား စိတ်ရိုင်းကြွအောင် ဆွဲဆောင်နေတဲ့
လူသား၏ ခပ်ရဲရဲဖြစ်နေတဲ့နှုတ်ခမ်းလွှာကို ငုံခဲပစ်လိုက်
တော့၏။

စိုစိုစွတ်စွတ်ဖြစ်နေတဲ့ နှုတ်ခမ်းသားလေးဟာ
စွဲမက်စရာအတိဖြစ်နေတာမို့ အတော်ကြာ စုပ်ယူ
နမ်းရှိုက်နေမိတော့ အောက်ကကောင်လေးမှာ
သူ့လက်ကိုအားကုန်ထုတ်ကာ ရီပေါ်ကိုယ်ကို
အတင်းတွန်းထုတ်တော့၏။

နှုတ်ခမ်းနဲ့ခွာလိုက်တော့ ရှောင်ကျန့်က ထိတ်လန့်စွာ
ဝိုင်းစက်သောမျက်လုံးတို့ဖြင့် ကြည့်နေ၏။

"အော်လေ....မင်းအော်ရင် ငါနမ်းမှာ..."

~~~~~~~~~~~~~~~~~TBC~~~~~~~~~~~~~~~~

ငဲငဲ....ခဲနဲ့မပေါက်ကြပါနဲ့။
Sweet ပေးထားတယ်လေ...❤

Bạn đang đọc truyện trên: AzTruyen.Top