-20-
(Zawgyi)
"ဝမ်ရိပေါ်ရေ..."
တစ်လှမ်းချင်းဖြင့်။
ဝမ်ရိပေါ်။
ပါပဲလား။
ထားသည့်ပုံ။
နှမြောစရာ။"
အသက်အရွယ်ပင်။
"ငါစောင့်နေမယ် "ဟူ၍။
"မင်းဒါ ဘာလုပ်နေတာလဲ!..."
ထဲလွှင့်ပစ်လိုက်၏။
မတ်တပ်ရပ်ကာ
"ထွက်သွား...."
ရမလဲ...ဟင် ရိပေါ်..."
ရင်း
အစားထိုးလား...?.."
"ရှောင်ပိုင်!...'
ငါရောက်နေပြီပဲ...."
"မင်း!..."
"ဘာလဲ..."
လည်းအခက်သား။
မတွေ့လိုက်ဘူးထင်တယ်။...."
အောင် တမင်တစ်ကာ ဥာဏ်ဆင်ကာ
မသိခဲ့ဘူး..."
စေရန် တွန်းလိုက်၏။
လဲကျသွား၏။
              -------------------------------
"ရှောင်ကောကော...."
နှုတ်ဆက်၏။
မွန်ထူသွား၏။
စုစုကိုပါ ခေါ်သွားရ၏။
ပွတ်ကာ ရှက်နေရ၏။
ရတာလဲ?..."
ကြားရ၏။
အသံကိုကြားလိုက်တယ်..."
"ဟယ်...တကယ်...ဘာတဲ့လဲ..."
အသိဥာဏ်တစ်ခုလုံးဟာ ထိုလူ၏ စကားသံကို
"ဘာ....နေပါဦး။...."ဝမ်ဒေါသလေးက..ကျဲကို
ဟို မိန်းကလေးပဲ..."
"ဘယ်သူလဲ သိလို့လား?.."
"မပြောတတ်ပါဘူး။..."
တယ်တဲ့..."
လာနေတဲ့အမျိုးသမီး..."
ပြီးတော့ မာနကကြီးသေး..."
တာကောင်းမယ်မဟုတ်လား။
ကောလဟာလတွေပဲနေမှာပါ။
အဖြေပေးလိုက်သည်လား?
ကောလဟာလကဲ့သို့
                 -----------------------------
"ကျေးဇူးပဲ အမေ..."
အားခဲလိုက်၏။
ကြားရ၏။
"အမေ....."
သဘောမကျပါဘူး။ ဝတ်ပုံစားပုံ ထိုင်ပုံ ကအစ..."
တဲ့ ဘဝပါရယ်။
တွဲကပ်လို့ကပ်နှင့်။
စိတ်ညစ်စရာ။
ဝင်ရောက်လာ၏။
"ကျန့်ကော..."
သည်ဟုခံစားမိ၏။
ခြင်းမရှိသေးပေ။
"အရမ်းများ စောသွားလား?..."
                    -------------------------------
ပြန်သွားတော့တာပဲ။ "
လိုက်၏။
အမှတ်မထင်ကြည့်မိ၏။
စကားအချို့။
*မားဆီမသွားဘူးလား*
အောင် ရှုပ်ထွေးလွန်းလှ၏။
"ကျဲ...."
ရိပေါ်ရော..."
သူမရှိဘူး ကျဲ...."
ရင်းနှီးနေပြီပဲ။..."
နေပြီးဖြစ်၏။
"ဒါနဲ့ ကျဲက...."
"ကျဲ...!..."
"မမအသက်က (၃၀) ရှိသွားပြီ။ ဒီအချိန်ဆိုတာ
ထောင်မယ်။ သမီးလေးတစ်ယောက်နဲ့။ ဒါပေမယ့်
သာယာတဲ့အိမ်ထောင်ရေး*
သောအိပ်မက်တစ်စုံ....
ကိုများ....ဘယ်လိုများ
ပြန်မေးတဲ့အခါ။
ရှိတယ်။ ကျွန်တော် မှမလိုတာ...
ထားခဲ့တာမဟုတ်ဘူး။
"ကျန့်ကော..."
အမြန်သုတ်မိ၏။
သွားတာလဲ?.."
သွားသည် ထင်၏။
ဆွဲချွတ်လိုက်၏။
လွှင့်ပစ်ခြင်း ခံရ၏။
မရတော့ပေ။
မွှေးတယ်..."
             ×××××××××××××××××××
ဖတ်ပေးပါ။💝
အပ်ရမလား ဖြေသွားပါဦး။🤧💞
(Unicode)
"ဝမ်ရိပေါ်ရေ..."
အချိန်အားဖြင့် မနက် (၈)နာရီ။
ဝမ်ရိပေါ်ရဲ့ရုံးခန်းထဲ ကိုဝင်လာသောအမျိုးသမီးတစ်ဦး
ကသူမရဲ့ နှုတ်ခမ်းဖျားမှ ညင်သာသာခေါ်လိုက်ရင်း
တစ်လှမ်းချင်းဖြင့်။
ခြေလှမ်းတိုင်းက ဒေါက်ဖိနပ်သံနှင့် သူမရဲ့ဝတ်စားပုံ
ဟာအရမ်းလိုက်ဖက်လွန်းလှပါပေ့။
မနေ့က ဝမ်ရိပေါ် အားသတိပေးပြီးနောက်
သူပဲသိမ်းပိုက်ရန် ခြေလှမ်းလှမ်း နေသော ရှောင်ပိုင်က
ဒီနေ့လည်း ဝမ်ရိပေါ် ရဲ့ရုံးခန်း သို့အလှမ်းချီလာပြန်၏။
ရုံးခန်းအတွင်းတိတ်ဆိတ်၍ လူအရိပ်အယောင်
တောင်မမြင်ရသည့်အတွက် သူမက ဝမ်ရိပေါ်
ရုံးထိုင်ခုံပေါ်သို့ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်က
ဖိုင်တွေကိုနေရာတစ်ကျ စီရင်းနဲ့မှ စားပွဲခုံ၏
အံဆွဲကို ဖွင့်ကြည့်လိုက်၏။
ရှောင်ပိုင် ရဲ့နှုတ်ခမ်းဖျားလေးကို ကွန့်တက်သွားစေနိုင်
သည်အထိ ဝမ်းသာမှုပေးနိုင်သောထို ဓာတ်ပုံလေး။
မှန်ဘောင်နှင့်ကျကျနန ထည့်ထားသည့် အပြင်
ဝမ်းသာရသည်မှာ ထိုဓာတ်ပုံထဲက မိန်းကလေးငယ်
ဟာ သူကိုယ်တိုင်ပင်မဟုတ်ပါလား။
မိမိနှင့်အတူလက်နှစ်ချောင်းထောင်ကာရယ်ပြုံးနေသော
(၁၀)နှစ်သာသာကောင်လေးမှာလည်း ဒီကုမ္ပဏီပိုင်ရှင်
ဝမ်ရိပေါ်။
ဓာတ်ပုံလေးကို အသာယူလိုက်ရင်းသေချာတိုးကြည့်မိ
တော့ မမြင်တာတောင်ကြာပြီဖြစ်တဲ့ ဝမ်ရိပေါ် ရဲ့
နှစ်လိုဖွယ်အပြုံးလေးဟာလည်း လွမ်းဆွတ်စရာတစ်မျိုး
ပါပဲလား။
ထိုဓာတ်ပုံမှန်ဘောင်လေးကို စားပွဲပေါ်ကျကျနနထောင်
တင်လိုက်ရင်း အံဆွဲထဲကပစ္စည်းတွေကိုစပ်စပ်စုစုကြည့် မိတော့ ထောင့်နားလေးမှာအပုံလိုက်ဖြစ်နေတဲ့
စာရွက်ငယ်တစ်ချို့ကိုတွေ့ရ၏။
ကိုင်လိုက်လျှင်ဖြင့် ကြွေမွသွားနိုင်သောထိုစာရွက်အပုံ
လိုက်ကို ရှောင်ပိုင်ဆွဲထုတ်ယူလိုက်ရင်း သေချာကြည့်
မိတော့ သူမနှင့်ဝမ်ရိပေါ် တို့ရဲ့ ဒဏ္ဍာရီစာအုပ်လေး။
ရှောင်ပိုင် ခပ်တိုးတိုးရယ်မိလိုက်၏။
ထိုရယ်သံတို့၌ ကျေနပ်မှူတို့၊ဝမ်းသာမှုတို့ရောပွန်းနေ၏။
ထိုစာအုပ်လေးမှာ အောက်ခြေနားမှာ မညီညာတဲ့
အနားသတ်တွေနဲ့ ညိုမဲနေသည်မှာ မီးရှို့ရန်ကြိုးစား
ထားသည့်ပုံ။
"ဝမ်ရိပေါ် ရာ...လုပ်ရက်တာလည်းမဟုတ်ပဲ...
နှမြောစရာ။"
ရှောင်ပိုင် စာအုပ်ကိုမြင်မှသတိရမိသည်မှာ ဒီဒဏ္ဍာရီ
စာအုပ်လေးကို အတင်းမျှသုံးရန် တောင်းဆိုခဲ့တဲ့
(၉)နှစ်သားကောင်လေးကိုပင်။
စာအုပ်၏နောက်ဆုံးစာမျက်နှာမှာ
ဝမ်ရိပေါ် (၁၇)နှစ်ကဖြစ်မည်။
တစ်နည်းပြောရရင် သူမ ဝမ်ရိပေါ် ကိုထားခဲ့တဲ့
အသက်အရွယ်ပင်။
ထိုစာရွက်မှာရေးထားသည်က တစ်ကြောင်းတည်းပင်။
"ငါစောင့်နေမယ် "ဟူ၍။
"မင်းဒါ ဘာလုပ်နေတာလဲ!..."
ဘယ်နေရာကရောက်လာမှန်းမသိတဲ့ ဝမ်ရိပေါ် ကြောင့်
ရှောင်ပိုင် လှည့်ကြည့်ရင်းရယ်ရယ်မောမောဖြင့်
"လာလာ...နင်(၉)နှစ်ကနေ (၁၇)နှစ်ထိသုံးခဲ့တဲ့
ဒဏ္ဍာရီစာအုပ်ကို လာဖတ်ကြည့်..."
မနေ့ညကအလုပ်အတွက်နှင့် နောက်ကျမှအိပ်ရသည့်
အတွက် ခေါင်းမှာအနည်းငယ် ညစ်နေပြီး
အိပ်ရေးမဝသဖြင့်လူမှာ စိတ်မကြည်ရသည့်အထဲ
ရှောင်ပိုင် ကမနက်စောစော ပြသနာလာရှာသည်။
ရှောင်ပိုင် ၏ရယ်မောသံနှင့်ပြောသောစကားကြောင့်
ဝမ်ရိပေါ် မှာ ဒေါသကိုမထိန်းနိုင်ပဲ သူမလက်ထဲက
ထိုစာအုပ်ငယ်ကို အမြန်လုယူလိုက်ပြီး နီးရာ အမှိုက်ပုံး
ထဲလွှင့်ပစ်လိုက်၏။
ရုတ်တရပ်မို့ ရှောင်ပိုင် လည်းလန့်သွားပေမယ့်။
မတ်တပ်ရပ်ကာ
"မကြိုက်ရင်လည်း မကိုင်တော့ပါဘူး ဝမ်စိတ်တို ရယ်။
ငါ့ကိုမုန်းတာနဲ့ နင့်ရဲ့ တန်ဘိုးကြီး အမှတ်တရတွေကို
အဲ့လိုပဲ လွှင့်လိုက်ရသလား..."
"ထွက်သွား...."
ဝမ်ရိပေါ် ကတိုးတိတ်စွာပြောလိုက်ပေမယ့်
ဒေါသသံတို့ကစွတ်နေ၏။ ရှောင်ပိုင် အရေးမလှုပ်ပေ။
ဝမ်ရိပေါ် ရဲ့မျက်ခုံးမွှေးဟာ တစ်ဖြေးဖြေး ကြုံ့လာတဲ့
အခါ သူမက ထိုမျက်ကြောကို နာနာဖိလိုက်ပြီး
"အဲ့လိုလုပ်တာ ကျဲမကြိုက်ဘူးလို့ ဘယ်နှစ်ကြိမ်ပြော
ရမလဲ...ဟင် ရိပေါ်..."
ဝမ်ရိပေါ် သူ့နှဖူးပေါ်က သူမလက်ကိုပုတ်ထုတ်လိုက်
ရင်း
"ငါမင်းကိုဘာမှမလုပ်ခင် ဒီကနေထွက်သွားလိုက်တော့.."
"ဘာလဲဟ...အောက်လက်ငယ်သားတွေကို ဒီလိုပဲ
ဆက်ဆံနေကျလား?...ကျဲက မင်းဆီမှာ အလုပ်လာ
လုပ်တာလေ အဲ့လိုမဆက်ဆံသင့်ပါဘူး။.."
သူမက စကားကိုစနောက်သလို ခပ်ပေါ့ပေါ့ ပြောရင်း
ဝမ်ရိပေါ် ရဲ့ပုခုံးအနှံ့ကိုလက်ဖြင့်လျှောက်ပွတ်နေ၏။
ဒါကိုမကြိုက်တဲ့ ဝမ်ရိပေါ်ဟာသူမရဲ့လက်ကိုခပ်ကြမ်းကြမ်း ဖမ်းကိုင်လိုက်ရင်း
"မင်းက မနေ့ကမှ အလုပ်လာလျှောက်ပြီး ဒီနေ့လက်
ခံရအောင် မင်းကိုမင်းဘာထင်နေတာလဲ။
ထပ်ပြောရရင် ငါ့ကုမ္ပဏီမှာ
လူသစ်ကို အချိန်တိုင်းခေါ်နေတာမဟုတ်ဘူး။
ရှောင်းကျန့် တောင် တစ်လမပြည့်သေးတာ။
မင်းကအလုပ်ရချင်နေတာလား..."
စကားတွေမှာ ရင်ထဲမထိပေမယ့် စူးရဲရဲအကြည့်တွေက
တော့ အသွားနှစ်ဖက်ပါတဲ့ ဓားသွားများကဲ့သို့
ရှောင်ပိုင် ရဲ့ရင်ကို အစိမ်းလိုက် ထိုးစိုက်နေ၏။
"ရှောင်းကျန့်?...ဟက်...အဲ့လူပဲလား?..."
"မင်းပါးစပ်က သူ့နာမည်ခေါ်စရာအကြောင်းမရှိဘူး။.."
"ဒါနဲ့...အဲ့ကောင်လေးက ငါနဲ့ရုပ်ဆင်သားပဲ...
အစားထိုးလား...?.."
"ရှောင်ပိုင်!...'
" အစားထိုးဆိုလည်း မြန်မြန်ဖယ်လိုက်တော့လေ
ငါရောက်နေပြီပဲ...."
"မင်း!..."
စကားသံမှာဆက်ပြောရန်အခါမသင့်စွာ ဖုန်းက မြည်
လာသဖြင့် ဝမ်ရိပေါ် ဒေါသကိုထိန်းကာ မိမိဘောင်း
ဘီအိပ်ထောင်ထဲက ဖုန်း ကိုထုတ်လိုက်၏။
"ဘာလဲ..."
ဒေါသကို မရမကထိန်းချုပ်က စကားပြောရသည်မှာ
လည်းအခက်သား။
"သူဌေး ကျွန်တော်တို့ ဒီနေ့ ရှောင်းကျန့်ရဲ့ Olay Brand
အတွက် outdoor မှာ shooting လုပ်ရမှာ...
သူဌေးခွင့်ပြုချက်ရရင် ကျွန်တော်တို့ အခုပဲထွက်ကြတော့ မလို့..."
"ဘာ....ငါဘာလို့တစ်ခုမှမသိရတာလဲ..."
"မနေ့မနက်က ကျွန်တော်တို့ အဲ့အစီအစဉ်အကြောင်း
ကို သူဌေးစားပွဲပေါ်တင်ထားလိုက်တာ...သူဌေး
မတွေ့လိုက်ဘူးထင်တယ်။...."
ဝမ်ရိပေါ် မျက်လုံးကိုခပ်ကြမ်းကြမ်း ဖိလိုက်ရင်း..
"အဲ့အတိုင်းပဲလုပ်လိုက်တော့...ငါခွင့်ပြုတယ်..
ကုမ္ပဏီက ကားကြီး ယူသွား..."
ဝမ်ရိပေါ် စကားပင်မဆုံးသေး ရှောင်ပိုင် မှာ
ဝမ်ရိပေါ် ရင်ခွင်ထဲဝင်ပြီး ဖုန်းတစ်ဖက်ကလူကြား
အောင် တမင်တစ်ကာ ဉာဏ်ဆင်ကာ
"အာ....ဝမ်ဒေါသရဲ့ ကျဲ ကိုအဲ့လောက်လွမ်းနေမှန်း
မသိခဲ့ဘူး..."
တစ်ဖက်ကလူကတော့ တိတ်ဆိတ်သွားပြီး
ဝမ်ရိပေါ်ကတော့ ရှောင်ပိုင်ကို ကိုက်စားမတတ်
ဒေါသအကြည့်နှင့်ကြည့်လိုက်ပြီး  ဘေးသို့ရောက်သွား
စေရန် တွန်းလိုက်၏။
အရှိန်ပါသွားသည်ထင်ပါ့။
သူမမှာ ကြမ်းပြင်ပေါ် ဘေးတစ်စောင်းထိုင်လျှက်
လဲကျသွား၏။
သူမကိုမမြင်ချင်ယောင်ဆောင်လိုက်ရင်း ဝမ်ရိပေါ်
က ဖုန်းကိုပြီးပြတ်အောင်ပြောလိုက်၏။
လဲကျနေတဲ့ ရှောင်ပိုင် ကတော့ ဝမ်ရိပေါ် လက်အလှမ်း
ကိုစောင့်နေပေမယ့် ဝမ်ရိပေါ် ကတော့သူမကို
"ဖုတ်လေတဲ့ ငပိရှိတယ်"လို့ပင်သဘောမထားပဲ
ရုံခန်းအပြင်သို့ထွက်သွားလေတော့၏။
              -------------------------------
"ရှောင်ကောကော...."
"စုစု....ဘယ်လိုလုပ်ရောက်လာတာလဲ?..."
အသင့်စောင့်နေသော ကုမ္ပဏီ ရှေ့က ကားဆီသို့
အသွား စုစု ကအရှေ့ကနေ ဝင်ရပ်ကာ ခပ်ပြုံးပြုံးဖြင့်
နှုတ်ဆက်၏။
"စုစုက အကို့ Fan ဖြစ်သွားပြီလေ idol ကိုမြင်ချင်
လို့တောင်လာလို့မရဘူးလား?..."
"အဲ့လိုမဟုတ်ပေမယ့်....အခု ကောက Olayကိစ္စ
နဲ့အပြင်သွားစရာရှိလို့..."
"Olay?... အယ် ညီမသုံးနေကျပဲ။ ညီမက Olay
ရေမွှေးတောင် ဆွတ်ထားတယ်။ ဒီမယ်မွှေးနေတာပဲ။"
သူမရဲ့ လက်ကရှောင်းကျန့် နှာခေါင်းနားအထိ
တိုးလာတော့ လိုသည်ထက်ပိုဆွတ်
လာသော ရေမွှေးအနံ့အသက်တွေကြောင့်
မွန်ထူသွား၏။
"အင်းအင်း....အဲ့တာဆို ကောသွားတော့မယ်နော်။."
"ဘယ်လဲ...စုစုလည်းလိုက်မယ်..."
စုစုကအတည်ပေါက်ဖြင့်ပြောတာကြောင့် ရှောင်းကျန့်
မှာမည်သို့ပင် ငြင်းပယ်ရမှန်းမသိသည့်အပြင်။
ကားထဲမှ Manager ကလည်းလှမ်းခေါ်နေသဖြင့်
စုစုကိုပါ ခေါ်သွားရ၏။
"အဲ ရှောင်းကျန့် သူကဘယ်သူလဲ?.."
"အော်...သူငယ်ချင်း....ရဲ့...ညီမ....။ကျွန်တော်
Shooting ကိုလိုက်ကြည့်ချင်လို့တဲ့...အဲ့တာကြောင့်။"
လိမ်လည်ခြင်းနှင့်အသားမကျသေးတဲ့ရှောင်းကျန့်အဖို့
ဘာမဟုတ်တဲ့လိမ်ညာမှုလေးနဲ့တင် လည်ပင်းကို
ပွတ်ကာ ရှက်နေရ၏။
ရှောင်းကျန့်နှင့် စုစုက နောက်ခန်းမှထိုင်ပြီး
ရှောင်းကျန့် Manager ကကားမောင်းကာ
stylist က Partner seat မှာထိုင်ကြ၏။
ရှောင်းကျန့်တို့ကားရှေ့၌ ကားကြီးတစ်စီးတွင်
Photo shooting အတွက်အဖွဲ့သားများနှင့်
လိုအပ်သောပစ္စည်းများ ပါရှိ၏။
"ဒါနဲ့ ကော ကဘာလို့ သူငယ်ချင်း ညီမလို့ လိမ်ပြော
ရတာလဲ?..."
ကားထွက်ပြီးနည်းနည်းမှမကြာသေး စုစုက ရှောင်းကျန့်
နား အနားကပ်ကာ တိုးတိုးပြော၏။
ရှောင်းကျန့် လည်း စုစု ဘက်ကိုခေါင်းစောင်းရင်း
နှစ်ဦးကြားရုံမျှလေသံဖြင့်။
"ကုမ္ပဏီမှာ EX နဲ့ပတ်သတ်တာတွေရော ရည်းစား
နဲ့ပတ်သတ်တာတွေရော ပြောခွင့်မရှိဘူး။.."
"အာ....အဲ့တာကြောင့်ကိုး...စည်းကမ်းတင်းကြပ်
လိုက်တာ Personal ကိစ္စကိုတောင် တားမြစ်ထားတယ်...ဟွန့်!...မကောင်းလိုက်တာ..."
စုစု၏ တီးတိုး မကျေနပ်သံကြောင့် ရှောင်းကျန့်
သဘောတကျကျဖြင့်ရယ်ရင်း မိမိ၏ ဖုန်းကိုထုတ်ကာ
Social media  app တစ်ခုကိုဝင်ကြည့်နေချိန်၌
ကားမောင်းနေသော Manager ဆီမှ စကားသံကို
ကြားရ၏။
"အဲ...နင်သိလား...ငါသူဌေးကို  ဖုန်းဆက်တုန်းက
သူဌေးစကားပြောနေတုန်း ကောင်မလေးတစ်ယောက်
အသံကိုကြားလိုက်တယ်..."
"ဟယ်...တကယ်...ဘာတဲ့လဲ..."
ဝမ်ရိပေါ် ဆိုသည်နှင့် ရှောင်းကျန့်၏ နားနှင့်တကွ
အသိဉာဏ်တစ်ခုလုံးဟာ ထိုလူ၏ စကားသံကို
သေချာစွာ အာရုံစိုက်မိ၏။ မျက်လုံးမှာ ဖုန်းမျက်နှာပြင်
တွင်ရှိသော်လည်း အာရုံစူးစိုက်နေသည်မှာ တစ်ခြား
သော စိတ်ဝင်စားရာနေရာတွင် တည်မြဲကုန်ကြ၏။
"ဘာ....နေပါဦး။...."ဝမ်ဒေါသလေးက..ကျဲကို
အဲ့လောက်တောင် လွမ်းနေခဲ့တာလား "ထင်တာပဲ.."
"ဟယ်...တကယ်ကြီး...အဲ့တာဆို သေချာတယ်
ဟို မိန်းကလေးပဲ..."
"ဘယ်သူလဲ သိလို့လား?.."
"ဟာ...နေ့တိုင်း ကုမ္ပဏီကို လာလာနေတဲ့
ကောင်မလေးလေ...နာမည်တော့မသိပါဘူး။.."
"သူနဲ့ ငါတို့သူဌေးနဲ့ပတ်သတ်မှုက ဘာလဲဟ?.."
"မပြောတတ်ပါဘူး။..."
Stylist ကမုန့်တစ်ထုပ်ကို ဖြေစားရင်း ရုတ်တရပ်
"ဒါနဲ့...ငါတို့သူဌေးရဲ့ ရိုမန့်တစ်ဆန်တဲ့ ငယ်ချစ်ဦး
အကြောင်း နင်ကြားဖူးလား?.."
"ဟိုကောလဟာလလား?..ငယ်ငယ်ကတည်းကကြိုက်ခဲ့ပြီး ကောင်မလေးကသူဌေးကို မပြောမဆိုနဲ့
နိုင်ငံခြားထွက်သွားတဲ့အကြောင်း...မဟုတ်လား..?"
" ဟုတ်တယ်...မိဘတွေချင်းတောင် သဘောကျကြ
တယ်တဲ့..."
"မဟုတ်မှလွဲရော...သူများလား?...ကုမ္ပဏီခဏခဏ
လာနေတဲ့အမျိုးသမီး..."
"ဖြစ်စရာလား?...သူဌေးက အဲ့လိုမိန်းမမျိုးကိုကြိုက်
မလား..။ရုပ်ကိုက စောက်မြင်ကတ်ပေါက်နဲ့။..
ပြီးတော့ မာနကကြီးသေး..."
Stylist ရဲ့စကားအပြီး၌ ရှောင်းကျန့် မိမိ၏ အာရုံကို
ဖုန်းပေါ်သို့ပြန်စူးစိုက်လိုက်၏။
သူမကြားချင်တဲ့ အကြောင်းတွေကိုလျစ်လျူ ရှုလိုက်
တာကောင်းမယ်မဟုတ်လား။
ဖုန်းကိုကြည့်နေပေမယ့် အတွေးတွေကတော့
တစ်ဦးတစ်ယောက်ရဲ့ နာမည်ကို ရေရွက်ရင်း
အကြောင်းအရာပေါင်းများစွာနဲ့ တွေးတောနေမိပြန်သည်။
ကောလဟာလတွေပဲနေမှာပါ။
အဖြေပေးလိုက်သည်လား?
ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်သည်လား?
မသဲကွဲပေမယ့် ရှောင်းကျန့် အဲ့ဒီအဖြေကိုသဘော
ကျ၏။ အဲ့အတိုင်းပဲရှိနေစေချင်သည်။
ကောလဟာလကဲ့သို့
                 -----------------------------
"သားလေး...အိမ်ပြန်မလာလို့ အမေ သားအတွက်
နေ့လည်စာကို လျန်ဟောင်ကိုပို့ခိုင်းလိုက်တယ်။
သူလည်း သူ့အိမ်ပြန်ရင်း လမ်းကြုံ လို့.."
"ကျေးဇူးပဲ အမေ..."
ဖုန်းခေါ်ဆိုမှုက ဒီမှာတင်ရပ်မယ်ထင်ထားသော်
လည်း ဝမ်မားမား က စကားကိုပြန်ဆက်၏။
"သား...အမေ သားစိတ်ကိုနားမလည်ပေမယ့်
လျန်ဟောင် သားအပေါ်မှာထားတဲ့ မေတ္တာကိုတော့
နားလည်လိုက်တယ်သား...သူ့မှာ မင်းကို အရမ်းချစ်ရှာ
တာ....ဒီတစ်ခေါက် အိမ်မှာ(၃) ရက်လောက်နေသွား
တာတောင် မင်းကို မတွေ့လိုက်ရဘူး။..အဲ့တာကြောင့်
ဒီနေ့လည်စာလာပို့ရင်တော့ သူပြောချင်တာလေး
တွေကို နားထောင်ပေးလိုက်ပါဦး။..."
"အမေ...ကျွန်တော် အမှန်အတိုင်းပြောတော့မယ်..."
ရိပေါ် လေကိုတစ်ရှိုက်ရှူ သွင်းလိုက်၏။
အဘယ့်ကြောင့်ဆိုသော် သူ၏အဖြေကို မိခင်ဖြစ်သူ
မနှစ်သက်မှန်း သိ၏။  ထို့ကြောင့် စပြောရန် အားယူ
သည့်အနေဖြင့် လေထုကို ခပ်ပြင်းပြင်းရှိုက်ပြီး
မိမိ၏မိခင်ကိုအရှင်းဆုံးနှင့်အပြီးအပြတ်ပြော ရန်သာ
အားခဲလိုက်၏။
"သားသူ့ကိုမကြိုက်ဘူး။ သူဘယ်လိုကြိုးစားပါစေ။
မဖြစ်နိုင်ဘူး။...နောက်ဆုံး အမေသဘောတူရင်တောင်
သားဘက်ကလိုက်လျောမှာမဟုတ်ဘူး။.."
ရိပေါ်ရဲ့စကားကြောင့် ဝမ်မားမား ဘက်က အတန်ငယ်
မျှတိတ်ဆိတ်သွားပြီး ခဏအကြာ သက်ပြင်းချသံကို
ကြားရ၏။
"ရှောင်ပိုင်ကြောင့်လား သား?.."
"အမေ....."
"အဲ့ကလေး...ဟိုနေ့ကတောင်အမေ့အိမ်လာသွား
သေးတယ်။ လက်ဆောင်ပစ္စည်းတွေအများကြီးပေး
သွားပေမယ့် မယဉ်ကျေးတဲ့အပြင် အရင်က ရိုးသား
တဲ့မျက်နှာကိုပါ ခွဲစိတ်ထားသေးတယ်။ အမေဖြင့်
သဘောမကျပါဘူး။ ဝတ်ပုံစားပုံ ထိုင်ပုံု ကအစ..."
"သူမဟုတ်ဘူး။ သားအခုအမေ့ကိုပြောနေတာ
သူ့ကြောင့်မဟုတ်ဘူး။ သားလျန်ဟောင်ကိုမကြိုက်လို့။
ကျန်တာ ဘာအကြောင်းပြချက်မှမရှိဘူး။"
အထင်အမြင်လွဲနေသော မိခင်ကို အတတ်နိုင်ဆုံး
ရှင်းပြရသည်မှာလည်း ခေါင်းခဲစရာ။
ဝမ်ရိပေါ်မှာ ကုမ္ပဏီကိစ္စကြောင့် စိတ်မညစ်ရပဲ
ကောင်မလေးတွေ ဝိုင်းဝိုင်လည်နေလို့ စိတ်ညစ်နေရ
တဲ့ ဘဝပါရယ်။
တစ်ယောက်မှတစ်ယောက်သို့ လွယ်လွယ်နှင့်
စိတ်မပြောင်းတတ်တဲ့ သူ့အဖို့ လျန်ဟောင် ဟာစာရင်း
ထဲလုံးဝမပါသောမိန်းမတစ်ဦးပင်။
သူစိတ်ဓာတ်ကျစဉ်အခါက ပျော်ပါးဖူးသောမိန်းမများ
ကလည်း တစ်ရက်ဆိုနောက်နေ့တွဲပါလာတတ်တဲ့
မိန်းမများမဟုတ်သည့်အပြင် နောက်ကောက်လိုက်ပါ
လာလျှင်လည်း ဝမ်ရိပေါ်မှာ မရေးမလှုပ်သည့်အတွက်
လက်လျော့သွားကုန်တာချည်း။
ဤတစ်ယောက်မှ သူ့အတွင်အလုပ်ထွက်လို့ထွက်
အိမ်ထဲလာလို့လာမိမိ အားနည်းချက်ဖြစ်တဲ့ မိခင်ကို
တွဲကပ်လို့ကပ်နှင့်။
စိတ်ညစ်စရာ။
မိခင်ကို စေ့စပ်သေချာစွာ ရှင်းပြပြီးနောက် မိခင်မှာ
တအင်းအင်းနှင့်သာ နေ့လည်စာကိုတော့စားလိုက်ပါ
ဟူ၍ပြောပြီးနောက်  ဖုန်းချသွား၏။
ဒီနေ့ကတော့နေ့တာရှည်တဲ့နေ့တစ်နေ့လိုပါပဲ။
ဝမ်ရိပေါ် ကုမ္ပဏီရဲ့အပေါ်ဆုံးအထပ်မှာ တစ်ယောက်
တည်းအပူအပင်မဲ့စွာ လေညှင်းခံနေ၏။
နေ့ခင်းဖြစ်သော်လည်း ဆောင်းရဲ့အငွေ့အသက်တွေ
ကြောင့် ကောင်ကင်းတစ်ခုလုံးမှ၊ အုံ့မှိုင်းနေ၏။
မိုးရွာမည်လို့တော့ မထင်မိပါလေ။
လေလည်းအနည်းငယ်တိုက်နေသောကြောင့်ဖြစ်၏။
မျက်လုံးကိုမှတ်ကာ အတွေးတွေကိုဖျောက်ဖျက်ရင်း
စိတ်ညစ်စရာတွေကိုမေ့နေရင်းမှ ရှောင်းကျန့် က
အတွေးထဲကို သူ၏နွေးထွေးသောအပြုံးလေးနှင့်
ဝင်ရောက်လာ၏။
"ကျန့်ကော..."
ရှောင်းကျန့် ကိုသူဒီနေ့တစ်နေ့လုံး မမြင်ရသေးပေ။
လွမ်းသည်ဆိုတာထက် သူကရှောင်းကျန့်ကို လိုက်နေ
သည့်အတွက် ကိုယ်ယောင်လေးတော့သွားပြသင့်
သည်ဟုခံစားမိ၏။
မိမိ၏ဖုန်းကိုထုတ်ရင်းမနေ့ညကပို့ထားသော
စာကိုကြည့်လိုက်ပေမယ့် ရှောင်းကျန့်က ပြန်ပို့ထား
ခြင်းမရှိသေးပေ။
"အရမ်းများ စောသွားလား?..."
                    -------------------------------
ရှောင်းကျန့်တို့ ရိုက်ကွင်း၌ အခက်အခဲမရှိပဲ အဆင်ပြေ
လှစွာ စုစုကလည်း ရှောင်းကျန့် နားတကပ်ကပ်ဖြင့်
ရေဘူးတွေပေးလို့ပေး နားချိန်ရောက်ရင် ချွေးသုတ်ပေး
လို့ပေးနှင့် အလုပ်များနေပုံထင်ရသော်လည်း သူမမှာ
တစ်ပြုံးပြုံးဖြင့် ပျော်ရွှင်နေပုံရ၏။
နေ့လည်ခင်း၌ ရှောင်းကျန့်တို့ အဖွဲ့ကုမ္ပဏီသို့ပြန်
ရောက်သဖြင့် စုစုလည်း အိမ်ပြန်သွား၏။
တကယ်ဆိုရင်ရှောင်းကျန့် အလုပ်မှာ ဒီနေ့ဒီလော
က်ပင်ဖြစ်တာကြောင့် ရှောင်းမန်နေဂျာနှင့် stylist 
တို့မှာအလျိုအလျို ဖြင့်ပြန်သွားကြ၏။
"ရှောင်မန်နေဂျာ ဘယ်ရောက်သွားလဲ။
သူတို့ကလည်းအလုပ်မလုပ်ပဲနဲ့ တစ်လုပ်ပြီးပြီဆိုတာနဲ့
ပြန်သွားတော့တာပဲ။ "
Production အမတစ်ယောက်ကခပ်ညီးညီးအော်
နေသဖြင့်မိမိ၏မန်နေဂျာကိုအော်ခေါ်နေသဖြင့်ရှောင်းကျန့် လည်းထိုအမနားကိုကပ်ကာ
"ကျဲ.....ကျွန်တော်ဘာလုပ်ပေးရမလဲ?.."
"အော်...ရှောင်းကျန့်လေးရှိနေတာပဲ။ ဒီမှာ မင်းပုံ
တွေကို ဝမ်ဥက္ကဌ ဆီပို့ပေးဖို့ လူလိုနေတာနဲ့အတော်ပဲ။
ရော့ရော့...ဒါကိုယူသွား ပြီးရင် ဝမ်သူဌေးကိုသွားပေး
လိုက်။ သူမရှိရင် စားပွဲပေါ် ထားခဲ့။...ကျဲတို့က ဒီမှာ
နောက် တစ်ယောက်အတွက် တောင်ကိုသွားစရာ
ရှိလို့ပါ။ ညနေခင်းအလှဆိုတော့ နေ့လည်စာစားပြီး
ရင်ချက်ချင်းထွက်မှမှီမှာလေ။"
ကျဲကျဲ ကစကားလည်းပြောရင်း ရှောင်းကျန့်ရဲ့
လက်ထဲ ဓာတ်ပုံဖိုင်တစ်ခုကို ထိုးထည့်ပေးလိုက်၏။
ပြီးနောက် အလျင်စလိုဖြင့် ထွက်သွားလေသည်။
ရှောင်းကျန့်လည်း ဝမ်ရိပေါ် ဆီပေးမယ့် ဖိုင်ကိုကျစ်ကျစ်
ဆုပ်ကိုင်ရင်း ဗိုက်ဆာတာတောင်ဘယ်နားရောက်ကုန်
မှန်းမသိသည်အထိ စိတ်လှုပ်ရှားနေ၏။
ဝမ်ရိပေါ် ဟာသူ့ကိုချစ်ခွင့်ပန်ထားသူ။
ပြီးတော့ မိန်းမသားလည်းမဟုတ်။
ဝမ်ရိပေါ် ရှောင်းကျန့်ကို ရစ်သီရစ်သီဖြင့် ကျီစယ်ပေါင်း
မနည်းသော်လည်း ရှောင်းကျန့် မှာ မိမိကိုချစ်ခွင့်တောင်း
ထားသော ယောကျာ်းပျို  တစ်ယောက်၏ရှေ့၌
သွားစကားပြောရန် ရှက်နေမိ၏။
စိတ်ကိုလည်းခိုင်ခိုင်ထားရင်း လမ်းလည်းလျှောက်ရင်း
တွေးတောရင်းနှင့်နောက်ဆုံး၌ ရုံးခန်းရှေ့သို့ ရောက်လာ တော့၏။
"မကြောက်နဲ့ရှောင်းကျန့်.....မကြောက်နဲ့....ဟူး..."
သက်ပြင်းတစ်ခုကိုယောင်မှားမှားချရင်း ရင်ဘတ်ကို
ဖိကာဖြင့်။ နောက်တော့ တံခါးကိုခေါက်ကာ အသံပြု
လိုက်၏။
နှစ်ကြိမ်လောက် တံခါးခေါက်သော်လည်း
အခန်းတစ်ဖက်မှအသံမကြားရသဖြင့်
ရှောင်းကျန့် လည်းအခန်းအတွင်းသို့ဝင်သွားတော့
တကယ်ပင် တိတ်ဆိတ်ကာ မည်သူမျှမရှိပေ။
မိမိ၏တာဝန်မှာ ဓာတ်ပုံဖိုင်ကိုစားပွဲပေါ်ထားခဲ့ရန်
ြုဖစ်သဖြင့် ခပ်သွက်သွက်လမ်းလျှောက်ရင်း
စာပွဲခုံပေါ်သို့တင်အပြီး၌ လှည့်ပြန်သွားမည်ဖြစ်သော်
လည်း စားပွဲထောင့်နား၌ ရံဖန်ရံခါ တောင်တွေ့ရလေ့
မရှိသော မှန်ဘောင် လေးအားတွေ့လိုက်ရသဖြင့်
အမှတ်မထင်ကြည့်မိ၏။
ထိုဓာတ်ပုံလေးမှာ ယောကျာ်းလေးတစ်ဦးနှင့် မိန်း
ကလေးတစ်ဦးတို့ အတူတူတွဲရိုက်ထားသော
ဓာတ်ပုံလေးဖြစ်၏။ ကလေးတွေရဲ့အသက်အရွယ်မှာ
ရှိလှ (၉-၁၀)နှစ်လောက်ဟု ရှောင်းကျန့် ထင်မိသည့်
အပြင် ထိုမိန်းကလေးမှာလည်း ရှောင်းကျန့် ငယ်ငယ်
ကနှင့် အနည်းငယ်ရုပ်ဆင်လှ၏။
ဘေးနားကကောင်လေးမှာ ဝမ်ရိပေါ်ဟုထင်ရသော်လည်း နှာခေါင်းပွပွ မေးရိုးကားကား မျက်လုံးမှေးမှေး
ကလေးလေးမှာ ဝမ်ရိပေါ် ဟု မည်သို့ယုံရမည်နည်း။
သို့သော် မျက်နှာခံမှာ ဝမ်ရိပေါ် ငယ်စဉ်ကဖြစ်မည်။
ထိုဓာတ်ပုံလေးကိုမြင်သည်နှင့် စိတ်ထဲအစီအရီ
ဝင်လာသောအတွေးပုံရိပ်များနှင့် ကြားခဲ့ရသော
စကားအချို့။
* ဖုန်း psw က  ရှောင်ပိုင်..*
*ရှောင်ပိုင် မင်းဒီမှာဘာလုပ်နေတာလဲ*
*မားဆီမသွားဘူးလား*
*.နေ့တိုင်း ကုမ္ပဏီကို လာလာနေတဲ့
ကောင်မလေးလေ...နာမည်တော့မသိပါဘူး။..*
*ဒါနဲ့...ငါတို့သူဌေးရဲ့ ရိုမန့်တစ်ဆန်တဲ့ ငယ်ချစ်ဦး
အကြောင်း နင်ကြားဖူးလား?..*
*ဟိုကောလဟာလလား?..ငယ်ငယ်ကတည်းကကြိုက်ခဲ့ပြီး ကောင်မလေးကသူဌေးကို မပြောမဆိုနဲ့
နိုင်ငံခြားထွက်သွားတဲ့အကြောင်း...မဟုတ်လား..?*
*အာရိုး ဝမ်ရိပေါ် မတွေ့တာတောင်ကြာပြီ...*
*ကျန့်ကော...ကျွန်တော် ကျန့်ကောကို ချစ်တယ် *
အဖြစ်အပျက်တိုင်းဟာ ပိတ်ကားချပ်ပေါ် ပေါ်လာသော
ဇာတ်ရုပ်ပုံများ ကဲ့သို့အစီအရီဖြင့် ဝေခွဲမရနိုင်လောက်
အောင် ရုှပ်ထွေးလွန်းလှ၏။
ကြားခဲ့ဖူးသောကောလဟာလ ။
ကိုယ်တိုင်ကြုံတွေ့ခဲ့သော စိတ်ခံစားမှု။
ဝမ်ရိပေါ် ရဲ့အချစ်ဦးနှင့် သူ၏ ချစ်ခွင့်ပန်မှု။
ရှောင်းကျန့်ရာ မင်းဟာလေ...နူကိုနူတာ။
"မောင်လေးဝမ်ရိပေါ် မမဝင်လာမယ်နော်..."
တံခါးနားမှ လျန်ဟောင်ရဲ့အသံကြောင့် ရှောင်းကျန့်
ခပ်လန့်လန့်ဖြင့်ရှေ့သို့ပြန်လှည့်လာတော့ လျန်ဟောင်
သည် ထမင်းဗူး ဟင်းဗူးတွေအပြည့်ထည့်ထားသော
အပူခံအိတ်နှင့်အတူ  အထဲရောက်နှင့်ပြီးဖြစ်၏။
"ကျဲ...."
"အယ် ရှောင်းကျန့်လေးရောက်နေတာပဲ။...
ရိပေါ်ရော..."
"အာ...ကျွန်တော်ကဝမ်ရိပေါ် ကိုဖိုင်လာပို့တာ။
သူမရှိဘူး ကျဲ...."
"ဝမ်....ရိပေါ်?....အော်....ဝမ်ရိပေါ်လို့တောင်ခေါ်နေပြီ
ဆိုတော့  ရှောင်းကျန့်လေးက ဝမ်ရိပေါ် နဲ့တော်တော်
ရင်းနှီးနေပြီပဲ။..."
လျန်ဟောင်ပြောမှ အခေါ်အဝေါ်နှင့်ပတ်သတ်၍
သတိရမိ၏။ သူ့မှာ ဝမ်ရိပေါ် လို့ခေါ်ရတာနှုတ်ကျိုး
နေပြီးဖြစ်၏။
"ဒါနဲ့ ကျဲက...."
"ဒီမှာလေ ဝမ်မားမားက ဝမ်ရိပေါ် အတွက်နေ့လည်စာ
ထည့်ပေးလိုက်တာ ။မမကလမ်းကြုံ လို့ယူလာပေးတာ။.."
သူမက ထိုအထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး
"ဒါဆို မမသွားတော့မယ်နော်။.."
"ကျဲ...!..."
လျန်ဟောင် ကမိမိအား ကျောပေးထွက်ခွာရန်ပြင်မှ
ရှောင်းကျန့် ကအလျင်စလိုလှမ်းခေါ်လိုက်၏။
"အင်?...ဘာပြောမလို့လဲ..ရှောင်းကျန့်..."
"ဟို.......ကျဲ ဘာလို့....အလုပ်ထွက်လိုက်တာလဲ?.."
ရှောင်းကျန့် စကားကြောင့် သူမ သည် အနည်းငယ်
ငိုင်သွား၏။ ပြီးမှ ရှောင်းကျန့် ပုခုံးကိုကိုင်ကာ
"မမအသက်က (၃၀) ရှိသွားပြီ။ ဒီအချိန်ဆိုတာ
သာမာန်မိသားစုဘဝလေးနဲ့နေလို့ရပြီလေ။..
ဝမ်ရိပေါ် နဲ့သာယာတဲ့မိသားစုဘဝလေးကိုတည်
ထောင်မယ်။ သမီးလေးတစ်ယောက်နဲ့။ ဒါပေမယ့်
ဝမ်ရိပေါ် ကမမကို ပြန်မချစ်ဘူးထင်ပါ့။.."
ထိုစကားကို လျန်ဟောင် မှာ ခပ်ပြုံးပြုံး ပြောနေသော်
လည်း ရှောင်းကျန့် မှာ ငိုင်တွေသွားပြန်၏။
*မိသားစုတစ်ခု...သမီးလေးတစ်ယောက်ရယ်..
သာယာတဲ့အိမ်ထောင်ရေး*
အဖြေကရှင်းရှင်းလေးပါပဲ။
သူရယ် ဝမ်ရိပေါ် ချစ်ကြိုက်ခဲ့ရင်တောင် ကျဆုံးသွား
မယ့် ဝမ်ရိပေါ် ရဲ့ဂုဏ်သီတင်းတွေ။
မပျော်မရွှင်ဖြစ်ပြီး ဖောက်ပြန်မှုတွေရှိတတ်တဲ့
ယောကျာ်းချင်းချစ်ကြိုက်မှု။
အိမ်ထောင်တစ်ခု တည်ထောင်ဖို့အတွက် မဖြစ်နိုင်
သောအိပ်မက်တစ်စုံ....
ဝမ်ရိပေါ် ရာ မင်းသေချာရောစဉ်းစားပြီးရဲ့လား.
"မမက ဝမ်ရိပေါ် ကြောင့်အလုပ်ထွက်ခဲ့တယ်ဆိုရင်
တောင် အတင်းချစ်အောင် လုပ်မယူပါဘူး။
ဒါက ဝမ်ရိပေါ် ရဲ့ရွေးချယ်မှုပေါ်မှာမူတည်သွားပြီ။..
ဝမ်ရိပေါ် ကိုလိုချင်တဲ့သူတွေများနေရင်တောင်
မမက ညီညီမျှမျှ ပြိုင်မှာပါ။...."
မိမိတို့ကြားက ဆက်ဆံရေးကို အကဲခတ်မိသည့်
ပုံပေါ်တဲ့ လျန်ဟောင် ဟာ ရှောင်းကျန့် ကိုနှစ်သိမ့်
စကားပြောပြီး ပြန်သွား၏။
ရှောင်းကျန့် မှာဘယ်လောက်ထိ စဉ်းစားထားခဲ့သလဲ။
ဝမ်ရိပေါ် ပြောခဲ့တဲ့စကားကို သူဘယ်တုန်းကများ
ငြင်းဆန်ခဲ့ဖူးသလဲ။ ဝမ်ရိပေါ် လုပ်ချင်တိုင်းလုပ်နေတာ
တွေကို သူဘယ်တုန်းကများ အလိုမကျဖြစ်ခဲ့ဖူးသလဲ။
ဒီလိုနည်းနဲ့ စွဲလမ်းသွားခဲ့တာများ
အခုဆို ကိုယ်ကြိုက်ခဲ့တဲ့ မိန်းမသားတွေကိုတောင်
ဝမ်ရိပေါ် လောက်ရင်မခုန်တော့သည်အထိ။
ဆိုးလိုက်တာ ဝမ်ရိပေါ်ရာ။
မင်းကတော့....ခုထိ မစွန့်လွှတ်နိုင်သေးတဲ့ သူရှိနေတာ
ကိုများ....ဘယ်လိုများ
ဝဲတက်လာတဲ့မျက်ရည်တွေဟာ နှလုံးသားအတွင်းက
နာကျင်မှုကိုဖော်ကျူးနေတယ်။ ထပ်တွေးလျှင်
ပိုမို ကျဆုံး ရပါတဲ့ စွဲလမ်းမှုကြိုးမျှင်လေးတွေ။
မချစ်ကြိုက်တယ်လို့ပြောရင် လိမ်ညာရာကျမလား။
ဘာလို့ဒီလိုတွေ ဖြစ်ပျက်နေတာလဲကိုယ့်ကိုကိုယ်
ပြန်မေးတဲ့အခါ။
နှလုံးသားက ဖြေပါလိမ့်မယ်။
ဒီကောင်ကြီးက ဝမ်ရိပေါ် ကိုချစ်ကြိုက်နေတာဆိုပြီး။
ဒါပေမယ့် ဒီစကားကို ရင်ထဲမှာပဲ သိမ်းထားချင်မိတယ်။
ဝမ်ရိပေါ် ကိုအရမ်းစွဲလမ်းမိရင် ကျွန်တော် ပဲနာကျင်
ရမယ်။ ဝမ်ရိပေါ် ရဲ့အနာဂတ်က ကျွန်တော့်ထက်လှပ
တယ်။ သူ့မှာ အရမ်းလှတဲ့ အချစ်ဦးရှိတယ်။
သူဘာလုပ်လုပ်ခွင့်လွှတ်ပေးမယ့် ကျဲလျန်ဟောင်
ရှိတယ်။ ကျွန်တော် မှမလိုတာ...
ချစ်ရသူဆိုတာ မွေးဖွားလာကတည်းက သတ်မှတ်
ထားခဲ့တာမဟုတ်ဘူး။
ကျွန်တော်တို့ ကဖန်တီးယူရတာ...
တစ်ချိန်ကျရင် ဝမ်ရိပေါ် လည်း အမြင်မှန်ရသွား
ပါလိမ့်မယ်။ သူက ငယ်သေးလို့ ဒါတွေမသိခဲ့တာ။
ကျွန်တော် ရှေ့ဆက်ဖို့အားမရှိတော့ဘူး။
ဘာလို့များ ခက်ခဲရတာလဲ။
သူ့ကိုချစ်ရတာ ဘာလို့များ ခက်ခဲရတာလဲ။
ကျွန်တော် မပြောဝံ့ပါဘူး။ သူနဲ့တွေ့ရင်ပြောပြဖို့
စဉ်းစားထားတဲ့ ချစ်စကားလေးတွေ အသိစိတ်က
တားမြစ်ခံထားရပြီး ကျွန်တော် ပြောမထွက်နိုင်တော့ပါဘူး။
ရှောင်းကျန့် လည်း စိတ်မွန်းကြပ်တဲ့ဒီအခန်းအတွင်းမှာ
မနေချင်သဖြင့် အပြင်သို့ထွက်ရန် သွားသော်လည်း
"ကျန့်ကော..."
မျက်နှာချင်းဆိုင်မှာလာရပ်တဲ့ကောင်လေးကြောင့်
ရှောင်းကျန့် အနောက်ကိုလှည့်ရင်း မျက်ရည်စတွေကို
အမြန်သုတ်မိ၏။
"အော....ငါ ဓာတ်ပုံဖိုင် လာပို့တာ ပြန်တော့မယ်။.."
စကားကိုခပ်သွက်သွက်ပြောရင်း မိမိရှေ့ကရိပေါ်
ကိုရှောင်ကာ ထွက်သွားတော့ အနောက်ကနေ
မိမိခါးကိုသိမ်းဖက်ရင်း လည်ပင်းထက်ကို ရှိုက်နမ်း
လာတဲ့ ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့် ရင်တွေဗလောင်းဆူ သွား၏။
"ကျန့်ကော...ဘယ်တုန်းက ရေမွှေးတွေ ဆွတ်တတ်
သွားတာလဲ?.."
ရိပေါ် ပြောသည့်ရေမွှေးနံ့ဆိုသည်မှာ စုစု နှင့်ကားထဲ
အတူတူထိုင်ရတုန်းက ပူးကပ်နေသည့်အပြင် ရိုက်ကွင်း
ထဲမှာပါ ပူးကပ်နေတတ်သော စုစု ဆီမှ ရေမွှေးနံ့ကူး
သွားသည် ထင်၏။
"အာ...ငါ...Olay အတွက် ရေမွှေးဆွတ်သွားတာ.."
စုစုဆီကဆိုလျှင် ဝမ်ရိပေါ် မကြိုက်သည်ကို သိသဖြင့်
တမင်တကာလိမ်ပြောလိုက်၏။
"Olay အတွက်?.. ဓာတ်ပုံရိုက်တာပဲဟာကို
ရေမွှေးဆွတ်လည်း ဓာတ်ပုံထဲပါသွားတာမှမဟုတ်တာ။.."
လိမ်ပြောခြင်းကိုအသားမကျသေးသည့်အတွက်
အမြဲတမ်း အမှားတွေပါတတ်တဲ့ ရှောင်းကျန့်အကြောင်း
ရိပေါ် ကောင်းကောင်းသိပါသည်။
ခပ်ပြုံးပြုံး စကားအပြီး၌ မိမိအလိမ်ကိုသိသွားသဖြင့်
ရှောင်းကျန့်မှာ တွေဝေသွားသော်လည်း မကြာလိုက်ပေ
ဝမ်ရိပေါ် မှာ ရှောင်းကျန့် ၏ အပေါ် ဝတ်ကို ခပ်မြန်မြန်
ဆွဲချွတ်လိုက်၏။
ရုတ်တရပ်မို့လန့်သွားသော်လည်းတားချိန်မရှိလိုက်။
မိမိ၏အဖြူရောင် အပေါ်ဝတ်လေးမှာ ကြမ်းပြင်ပေါ်
လွှင့်ပစ်ခြင်း ခံရ၏။
ထို့နောက် တီရှပ် အဖြူ လေးဖြင့် ရှောင်းကျန့် ဟာ
ရိပေါ်အမြင်၌ အလွန်ပင်လိုက်ဖက်နေပြီး
စောနက အမြင်မကြည်သောရေမွှေးအနံ့သည်လည်း
မရတော့ပေ။
ထိုမှ ဝမ်ရိပေါ် ကကျေနပ်သည့်အပြုံး တစ်ခွဲသားဖြင့်
ရှောင်းကျန့် အား ခါးကနေဆွဲကာပူးကပ်လိုက်တော့
ရှောင်းကျန့် မှာ လက်နှစ်ဖက်ကို ရိပေါ် ရင်ဘတ်ပေါ်
တင်လျှက်သားဖြစ်သွား၏။
မိမိ၏ကျောကို ပွတ်သတ်ပြီးနောက် လည်ပင်းနှင့်
ပုခုံးအဆက်နားလေးအား နှာဖျားလေးနှင့်ရှိုက်ကာ
" ကျန့်ကောရဲ့ ချွေးနံ့က ရေမွှေးနံ့ထက်ပို
မွှေးတယ်..."
             ×××××××××××××××××××
Olay brand က  ရေမွှေးထုတ်မထုတ် သာသာ မသိပါဘူး။
အဲ့တာကြောင့် အမှားပါသွားရင်တောင်းပန်ပါတယ်။
သဟဇာတကျအောင်ရေးရတဲ့အတွက် ဖြည့်စွက်ပြီး
ဖတ်ပေးပါ။💝
ဟုတ်ကဲ့။ ဖတ်လို့ဝအောင် စာလုံးပေါင်း
7424 အထိရေးပေးလိုက်ပါ့တယ်။
အရမ်းရေးချင်လွန်းပြီး ရေးပေးလိုက်တာ အဲ့လောက်
များသွားမယ်မထင်ခဲ့ဘူး။ သာမာန်တင်နေကျ အပိုင်းနှစ်ပိုင်းနဲ့တစ်ဝက်စာလောက်ရှိတယ်🤧
FB လေးတွေမျှောနေနေမယ်နော်🙏😇
ပြီးတော့ နောက်အပိုင်းကို ဒီလိုအရှည်ကြီးအပ်
ပေးရမလား (ဒါမှမဟုတ်) အရင်ကလို (3000) ကျော်ပဲ
အပ်ရမလား ဖြေသွားပါဦး။🤧💞
Bạn đang đọc truyện trên: AzTruyen.Top