-2-
(Unicode)
ကုမ္ပဏီပြန်အရောက်တွင် ကားရပ်သည်အထိ
ရှောင်ကျန်မထွက်သေး။
လူရိုးလူအလေးသဖွယ် တောင်ကြည့်မြောက်
ကြည့်နေတာ ရီပေါ်မန်နေဂျာကကားတံခါး
ဖွင့်ပေးမှထွက်သည်အထိ။
တံခါးများမဖွင့်တတ်ရောလား ကောရှောင်ရယ်။
ရှောင်ကျန်သည်မိမိ၏အထုပ်များမနိုင်မနင်း
သယ်ကာ အလုပ်ရှုပ်နေတော့၏။
အစ်ကိုကြီးနောက်ညီမလေးလိုက်မယ်ဆိုသလို
မျိုး ရီပေါ်ကရှေ့ကသွားရှောင်ကျန်ကနောက်က
တကုပ်ကုပ်နဲ့လိုက်..ဒါထဲက နောက်ဆုံးကမန်
နေဂျာကအစစ်ပါသေးသူတို့ကြည့်ရတာ..
အဖြူနဲ့အမဲဘဲတန်းလေးလိုပဲ...
ကုမ္ပဏီထဲရောက်တော့ ရီပေါ်သည်မိမိ၏နေရာ
သို့ဆက်သွား၏။သို့သော်ရှောင်ကျန်သည်မန်နေ
ဂျာနောက်မလိုက်ဘဲ ဘုမသိဘမသိ ဝမ်ရီပေါ်
နောက်တစ်ကောက်ကောက်လိုက်နေလေသည်
မန်နေဂျာကလှမ်းခေါ်မှမန်နေဂျာနောက်ပြန်
လိုက်၏။
"ဒါကရှောင်ကျန်နေရမယ့်အခန်းဘဲ..
သာမာန်ဆိုမော်ဒယ်တွေကကိုယ့်အိမ်မှာပဲ
ကိုယ်နေပြီး shootingရှိမှာလာရတာ..
ရှောင်ကျန်ကတော့အသစ်မို့ ဒီမှာ တစ်လလောက်
နေရဦးမယ်..."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..."
"ဒီမှာက စည်းကမ်းတွေ..."
"မလိုတော့ပါဘူး...ကျွန်တော်ကဘယ်လောက်ပဲ စည်းကမ်းတွေများများခက်ခက်ဒီအလုပ်ကို
ပဲလုပ်တော့မှာ..."
"အော်...ဒါဆိုလည်းဒီမှာလက်ခံကြောင်းလက်
မှတ်လေးထိုးပေးလို့မလား?.."
"ဟုတ်ကဲ့..."
"အော်..ရှောင်ကျန်အတွက်နေ့လည်စာဗူးကို
ဟိုစားပွဲမှာထားပေးတယ်.."
ရှောင်ကျန်သည်မန်နေဂျာညွှန်ပြတဲ့နေရာကို
စားပွဲခုံပေါ်မှ ထမင်း၊ဟင်း ပါရှိတဲ့ readymade
ဗူးကိုကြည့်ရင်း မန်နေဂျာကိုပြုံး ပြုံးလေးဖြင့်
ကျေးဇူးတင်၏။
မန်နေဂျာထွက်သွားပြီးနောက် ရှောင်ကျန်သည်
မိမိ၏အခန်းကိုဝေ့ဝိုက်ကြည့်ရင်းရင်ထဲနွေးထွေး
ပျော်ရွှင်နေ၏။ သယ်လာသောအဝတ်ထုပ်ကိုချကာ အဖြူ ချည်းသပ်သပ်အခန်းကိုသေချာစွာ
ကြည့်နေမိ၏။
ရှောင်ကျန်တို့အိမ်က ရှောင်ကျန့်အခန်းထက်
သိပ်မကျယ်လှပေမယ့် သပ်သပ်ရပ်ရပ်ရှိ၏။
ထို့ပြင် အိပ်ရာ၊စားပွဲခုံသေးသေးလေးတွေ၊ဗီရိုတစ်ခု
ပြတင်းပေါက်တစ်ခုနဲ့ရေချိုးခန်းလေးတစ်ခု
ဟာသူ့အတွက်တော့များနေလှပါပြီ။
ဗိုက်ကဆာလာတာမို့ မန်နေဂျာထားသွားတဲ့
ထမင်းဗူးကိုပေါ်ကအရည်ကြည်အလွှာလေး
ကိုအသာခွာရင်း အနံ့ကိုအရသာခံနေတော့၏။
ထို့နောက်တူတစ်စုံကိုကိုင်ကာ တစ်မြုံ မြုံ ဖြင့်
ထမင်းရော၊ဟင်းရော၊ဟင်းရည်ပါမကျန်
အားလုံးကိုစားပြီးနောက် စားပွဲခုံကိုပြန်သန့်ရှင်း
ရေးလုပ်လေသည်။ခုမှရလာသောအခန်းလေး
ကိုညစ်ပေခွင့်မပြုပါလေ။
ဗိုက်တင်းသွားပြီဖြစ်သော ယုန်မဲလေးသည်
တစ်နေ့တာပင်ပန်းသမျှတွေကို အိစက်သော
မွေ့ရာထက်ဝယ် လဲချရင်းဖြေလျော့လိုက်၏။
မျက်လုံးအစုံသည်အိစက်သော အိပ်ရာကြောင့်
လည်းကောင်း၊ပင်ပန်းထားခဲ့သမျှအတွက်
လည်းကောင်း အားယူရန် မှေးစက်သွားခဲ့၏။
ဒေါက်!..ဒေါက်!
"ရှောင်ကျန်....ရှောင်ကျန်မင်းအထဲမှာရှိလား"
မန်နေဂျာအသံနှင့်အခန်းတံခါးခေါက်သံကြောင့်
ရှောင်ကျန့်သည်အိပ်နေရာမှကမန်းကတန်းထ
ကာ တံခါးကိုပြေးဖွင့်လိုက်၏။
အချိန်အားဖြင့်ညပင်ရောက်ချေ၏။
"အာ..ဟုတ်..."
"အော်...မင်းကို သူဌေးကခေါ်နေတယ်..."
"ဟုတ်..."
မန်နေဂျာသည် လှည့်ထွက်သွားတာကြောင့်
ရှောင်ကျန်လည်းအနောက်မှခြေသွက်သွက်ဖြင့်
လိုက်လာခဲ့ရ၏။
ရုံးခန်းထဲရောက်တော့ ဝမ်ရီပေါ်သည်Filesတွဲ
များကိုလက်ဖြင့်ထောက်ကာ ကြည့်နေ၏။
မန်နေဂျာဝင်လာသည်ကိုသိမှခေါင်းမော့ကာ
ကြည့်ပြီးအသင့်ခေါ်ထားပြီးသောမိန်းကလေး
တစ်ယောက်နှင့်လူကြီးတစ်ယောက်ကို
အချက်ပြလိုက်၏။
"သူပဲ...မင်းတို့သူ့ဆီမှာ အလုပ်လုပ်ရမှာ..."
"ဟုတ်ကဲ့.."
ရီပေါ်၏စကားသံကိုကြားအပြီးထိုလူနှစ်ယောက်သည် ရှောင်ကျန့်ဘေးတွင်ဝင်ရပ်လိုက်ကြ၏
"ရှောင်ကျန် သူမကမင်း stylist၊သူကတော့
မင်းမန်နေဂျာ....လိုအပ်တာရှိရင်မင်းမန်နေဂျာ
ကိုပြောလိုက်.."
"ဟုတ်..ကျေးဇူးတင်ပါတယ်..."
"ရှောင်ကျန် မင်း Ph No. ငါ့ဆီမှာမရှိသေးဘူး..
ပေးထားမှရမယ်.."
ဝမ်ရီပေါ်သည်ရှောင်ကျန့်ကိုပြောပြီးမိမိ၏
Galaxy 11+ကိုအကျီၤအတွင်းအိပ်ထောင်တွင်း
မှထုတ်ကာ ရှောင်ကျန်၏PhNo.အပြောကိုစောင့် နေ၏။
သို့သော် ရှောင်ကျန်သည်တော်တော်နှင့်အသံ
ထွက်မလာသောကြောင့် ရီပေါ်သည်ခေါင်းကို
မော့ရင်း..
"မင်းမှာ Phoneမရှိဘူးလို့တော့မပြောနဲ့နော်.."
"သူဌေးအဲ့တာက.....ကျွန်တော်တို့မှာအိမ် Phoneပဲရှိတာ...."
ရှောင်ကျန်သည်စကားလုံးတွေကိုပြောရမှာရှက်
သယောင်ဖြင့် တစ်လုံးတစ်လုံးအသံလှိုင်းကမတူ နိမ့်ချည်မြင့်ချည်နဲ့။.ဘေးကကောင်မလေးက
တော့ မိမိအိပ်ထောင်တွင်းက Huawei ph
ကိုလက်ဖြင့် တပုတ်ပုတ်ဖြင့် မသိမသာလှောင်
နေလေ၏။
သူမ၏ရယ်သံကိုအကုန်လုံးကြားကြ၏။
ထို့ကြောင့်ပုံစံအမျိုးမျိုးဖြင့်ဖြစ်နေကြလေသည်။
ရှောင်ကျန်သည် အားနာသလိုပုံစံဖြင့်မရယ်ချင်
ရယ်ချင်သိမ်ငယ်လျှက်။
ရီပေါ်ကတော့ ထိုရယ်နေသောကောင်မလေး
ကိုခေါင်းအစခြေအဆုံး စိတ်ပျက်သလိုကြည့်
လိုက်တော့မှ ထိုမိန်းကလေးသည်ခေါင်းငုံ့ကာ
ပြန်ငြိမ်ကျသွား၏။
ပြီးမှရီပေါ်သည် မိမိ၏ အံဆွဲကိုဆွဲဖွင့်ကာ
Ph ကြီးတစ်ခုကို ယူပြီးမတ်တပ်ထလျှက်
ရှောင်ကျန်ဆီသို့သွားပေးလိုက်၏။
သာမာန်ဆိုလျှင် ထို phone မှာ ရီပေါ်၏
Gamesကစားရန်သက်သက်အရံထားထားခြင်း
ဖြစ်၏။သိူ့သော် ယခုတွင်တော့ ရှောင်ကျန်ကို
ပေးကာ ကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်၏။
ရှောင်ကျန်မှာတော့ မျက်နှာပြင်ကြီးလွန်းတဲ့
ထိုphoneကို လက်နှစ်ဖက်ဖြင့်ကိုင်ရင်း
ရီပေါ်အား နားမလည်နိုင်စွာကြည့်နေ၏။
ထိုတွင်မက အစောတုန်းက လှောင်ရယ်ခဲ့သောမိန်းကလေးသည် ရှောင်ကျန်၏ Phone
သည်မိမိထက်အဆမတန်ဈေးကြီးလွန်းတာကြောင့်
ပါးစပ်အဟောင်းသားဖြင့်သာ..
*ဒီသူဌေးအရမ်းရက်ရောလွန်းတယ်!*
"လောလောဆယ်တော့ အဲ့ဒါကိုင်ထား။
နောက်ကျမှမင်းနဲ့သင့်တော်တာဝယ်ပေးမယ်."
"ကျေး....ကျေးဇူးပါ..."
ရှောင်ကျန်၏ဘဝတွင်အကြီးမားဆုံးသောတန်ဖိုးအကြီးဆုံးလက်ဆောင်မို့ ကြည်နူးစွာကြည့်
ရင်းယုန်သွားလေးများပေါ်သည်အထိပြုံးနေ၏။
ရှောင်ကျန်ကိုကြည့်ရင်းရီပေါ်မှာ မျက်ခုံးနားက
ယားသလိုလို၊နောက်စိက ယားသလိုလို၊ဂုတ်
ကယားသလိုလိုဖြင့်အငြိမ်မနေဟိုကုတ်ဒီကုတ်
ဖြင့် နေထိုင်မရ။
ရီပေါ်ရဲ့အခြေအနေကြောင့် မန်နေဂျာမှာ
ခုပဲလာကူရမလိုလိုဖြင့် အရမ်းတွေလမ်းပျောက်။
(Faကြီးခမျာ ကလေးရှက်ယမ်းယမ်းနေတာကို
မသိရှာဘူး🌚)
"သူဌေး...ခြင်ကိုက်လို့လား?.."
"မဟုတ်ဘူး....ပူ..ပူလာလို့...မင်းတို့သွားလို့
ရပြီ..."
"တကယ်ပဲ...ဘာမှမဖြစ်ဘူးလား?.."
"အေး...အေး....သွားလို့ရပြီ..."
ဝမ်ရီပေါ်၏အနုနည်းဖြင့်နှင်ထုတ်တာကြောင့်
ရှောင်ကျန်နှင့်ရီပေါ်မန်နေဂျာပါမက ဟိုနှစ်ယောက်ပါ ဘုမသိဘမသိနှင့် ရုံးခန်းထဲမှထွက်လာကြ၏။
"အာ...ရှောင်ကျန်...မနက်ဖြန် မနက်၆:၀၀နာရီ
Shooting လုပ်ရမယ်..မင်းထနိုင်လား?.."
"ဟုတ်...ကျွန်တော်ဘယ်မှာစောင့်ရမှာလဲ?"
"မင်းအခန်းမှာပဲစောင့်နေလိုက်..ငါလာခေါ်မယ်"
"ဟုတ်ကဲ့ ဝမ်မန်နေဂျာ.."
ရှောင်ကျန်၏စကားကြောင့်ဝမ်ရီပေါ်၏မန်နေဂျာ
သည်သွားပေါ်သည်ထိအနည်းငယ်ပြုံးလိုက်ရင်း
ပြန်ပြော၏။
"ငါ့နာမည်က ကျင်းဇီရွှမ်း။ ဝမ်မန်နေဂျာလို့မခေါ်
ပါနဲ့လား?.."
"အော်...ဟုတ်...ကျင်းကော..."
"ဟုတ်တယ်..အဲ့လိုခေါ်...ဒါဆိုငါသွားပြီ။"
"ဟုတ်ကဲ့..မနက်ဖြန်တွေ့ပါမယ် ကောင်းကောင်း
အိပ်ပါ..."
ကျင်းဇီရွှမ်းသည်ရှောင်ကျန်အား လက်ပြနှုတ်
ဆက်ရင်း ထိုနေရာမှထွက်ခွာလာခဲ့၏။
ရှောင်ကျန်ကတော့ ထိုနေရာမှာပဲ မတ်တပ်ရပ်
ကျန်ခဲ့ရင်း ထောင့်အသွယ်သွယ်တွေကြားမိမိ၏
အခန်းကိုမည်သို့သွားရမှန်း မသိဖြစ်နေ၏။
ရှောင်ကျန်သည် သူဌေး၏အခန်းဘက်ပြန်လှည့််
ရင်း သူဌေးအားမေးမည်အပြု တံခါးသည်
ရုတ်တရပ် ပွင့်လာ၏။
တံခါး၏ဖွဲ့စည်းပုံသည် ရီပေါ်ဘက်မှဆွဲဖွင့်ရသည်
မို့ရှောင်ကျန်နှင့်မတိုက်မိတာကျေးဇူးတင်ရမည်။
သို့သော် ရုတ်တရပ်မို့ ထွက်လာသော ဝမ်ရီပေါ်
နှင့်ရှောင်ကျန်တို့ မျက်နှာသည် လက်မအနည်း
ငယ်သာကွာခြားပြီး တစ်ယောက်မျက်နှာတစ်
ယောက်အထင်းသားမြင်ရ၏။
ရီပေါ်သည် ရှောင်ကျန်ထက်အနည်းငယ်ပုတာ
မို့ ရှောင်ကျန်၏နှုတ်ခမ်းပေါ်က မှဲ့လေးကို
မတော်တနှမ်း စိုက်ကြည့်နေမိ၏။
ရှောင်ကျန်သည် လန့်ကာ နောက်ဆုတ်သွား
ရင်း ရီပေါ်နှင့်မျက်နှာချင်းမဆိုင်ဝံ့တာမို့
ခေါင်းငုံ့ထား၏။
"မင်းမပြန်သေးဘူးလား?.."
"ကျွန်တော်...ပြန်တော့မှာပါ.."
ရီပေါ်သည် ပြန်ခေါင်းငြိမ့်လိုက်ရင်း ထိုနေရာမှ
ထွက်သွားမည်အပြု အနောက်မှမဝံ့မရဲခေါ်သံ
လေးကိုကြားလိုက်ရ၏။
"ဟို.....ကျွန်တော့်အခန်းကို....မပြန်တတ်လို့. "
"အော်...."
ရီပေါ်သည်ရှောင်ကျန်၏ခန္ဓာကိုယ်ကြောင့်
ကွယ်နေသော နောက်ဘက်က လူသွားလမ်း
ကိုစောင်းကြည့်ရင်း ခန္ဓာကိုယ်ကိုပြန်မတ်ကာ
"မင်းအနောက်ကလမ်းအတိုင်းသွားလိုက်..
အဲ့ကျတွေ့လိမ့်မယ်..အခန်းကိုတော့မမေ့ဘူး
မဟုတ်လား?..."
ရီပေါ်စကားကြောင့် ရှောင်ကျန်သည်မိမိ၏အ
နောက်ဘက်ကိုတစ်ချက်လှည့်ကြည့်ပြီး
ရီပေါ်ဘက်ပြန်လှည့်ကာ ပျော်ရွှင်ကြည်နူးလျှက်
လှပသော မျက်ဝန်းညို့ညို့တို့ဖြင့်
"ကျေးဇူး..."
နောက်ထပ်လှုပ်ခတ်လာသော နှလုံးခုန်သံ
တွေကြောင့် ရီပေါ် မျက်လုံးအစုံတို့သည်ပြူ း
ကျယ်လာပြီး လက်သီးတို့ကိုလည်းကျစ်ကျစ်ပါ
အောင် ဆုပ်ရင်း အသက်ရှူ လမ်းကြောင်းတို့်
သည်မူမမှန်။
"မ...မလိုဘူး..."
စကားတစ်ခွန်းကိုအမြန်ပြောကာ လှည့်ထွက်
သွားပါသော ရီပေါ်ကို ရှောင်ကျန်မှာတော့
ခေါင်းစောင်းကာ နှုတ်ခမ်းဆူရင်းကျန်ခဲ့၏။
ရီပေါ်၏အမူအယာကို ရှောင်ကျန်မမြင်ခဲ့သည်
မှာကောင်းသည်ထင်၏။နို့မို့ဆို ဒီ့ထက်နားမ
လည်နိုင်တော့မည်။
လမ်းတစ်လျှောက်လမ်းလျောက်နေသော်လည်း
စိတ်ကထိန်းမရစွာ ရပ်လိုက်ရင်း ရင်ဘတ်အစုံ
ကိုနှိမ့်ချည်မြင့်ချည် ဖြင့် အသက်ရှူ နေ၏။
ထို့နောက် အဆုံးသတ်အနေဖြင့်မျက်လုံးကိုမှိတ်
သက်ပြင်းတစ်ခုချကာ နက်ကထိုင်ကိုလျော့ချရင်း
လမ်းကိုပြန်ဆက်လျောက်ရသည့်ရီပေါ်သည်
ရှောင်ကျန်ကြောင့်ပဲနှလုံးရောဂါရတော့မည်
ထင်၏။
အခန်းကိုပြန်ရှာတွေ့သွားသော ရှောင်ကျန်သည် ကုတင်ပေါ်သို့
လဲှလိုက်ရင်း မြင်ရသောမျက်နှာကျက်အစား
မိမိ၏ Phသစ်လေးကို လက်ဖြင့်မြှောက်ရင်း
ကြည့်နေတော့၏။
"အာ~~~ဗိုက်ဆာလိုက်တာ..."
Phoneအတွက်မျက်ရည်နှစ်စက်။
ဗိုက်မဆာတဲ့အနုနည်းကိုရှောင်ကျန်သတိရသွား
က Phoneကို ဖွင့်ပြီးလျှောက်ကြည့်မည်အပြု
Pswခတ်ထားသော Phကြောင့် ရှောင်ကျန်
သည်ငိုချင်သလိုလိုတောင်ဖြစ်သွား၏။
"သူဌေးက ပေးချင်လို့ပေးတာလား?..မပေးချင်ဘဲပေးတာလား?.."
ရှောင်ကျန်သည်ဘာမှလုပ်လို့မရသည့် Phone
ကိုကုတင်ပေါ်ကိုချရင်းမနက်ကအိပ်ထားသည့်
မိမိအဖို့အိပ်ဖို့လမ်းမမြင်။
ထို့ကြောင့် ရေချိုးခန်းထဲဝင်ပြီး ရေချိုးကာ
မနက်ဖြန်အတွက်စိတ်လှုပ်ရှားနေမိတော့၏။
(၁၅မိနစ်)ကြာမှ ရှောင်ကျန်ရေချိုးပြီးကာ
ကုတင်ပေါ်တွင် ထိုင်နေမိ၏။
သူမှဘာမှလုပ်စရာမရှိဘဲ။
မကြာပါချေ။
Vibrateဖြစ်လာသော phoneကြောင့်ဘယ်သူ
ဘယ်ဝါမည်းမသိပေမယ့်ရှောင်ကျန်အလျှင်အမြန်ကိုင်လိုက်၏။
"ရှောင်ကျန်လား?.."
"ဟုတ်ကဲ့....ဘယ်သူလဲမသိဘူး.."
"ငါ..ဝမ်ရီပေါ်.."
"ဟုတ်သူဌေး ဘာ...ဘာပြောစရာရှိလို့်လဲ?.."
"အဲ့....အဲ့တာ..။။phoneရဲ့ Pswက..........
ရှောင်ပိုင်.."
"ဗျာ?..."
ရှောင်ကျန်၏အမေးအပြီး ရီပေါ်သည် ခဏငြိမ်
သွားပြီး ပြီးမှအသံထွက်လာ၏။
"မင်းကိုင်တဲ့ Phone Pswက ရှောင်ပိုင်....။
အင်္ဂလိပ်လို့ပေါင်း..Xအကြီး Pအကြီး...လုပ်
တတ်တယ်မဟုတ်လား..?.."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်သူဌေး"
"မင်းကိုပြောမပြလိုက်ရလို့.....ဒါဘဲ.."
"ဟုတ်ကဲ့သူဌေး...ကောင်းကောင်းအိပ်ပါ.."
သာယာလှတဲ့နှုတ်ဆက်သံကြားရသည်အထိ
ရီပေါ် Phကိုဆက်ကိုင်ထားရင်း ပြုံးလိုက်၏။
ဒီညအဖို့သူကျေနပ်နိုင်စရာဖြစ်ခဲ့၏။
ဒီခံစားချက်မျိုး သည် ငယ်ငယ်က Crushကို
Phဆက်ရလို့ ပျော်နေတဲ့ခံစားချက်နှင့်ဆင်တူ
သည်။
အတိတ်ဆီသို့အလည်ရောက်သွားသောရီပေါ်
သည်ကုတင်ထက်ဝယ် လက်ကိုခေါင်းခုကာ
ပတ်သတ်ခဲ့သော ရှောင်ပိုင်အကြောင်းကို
တွေးနေလေသည်။တစ်ဆက်တည်း.....
ယခုပတ်သတ်လျှက်ရှိသော ရှောင်ကျန်ကိုပါ
တွေးမိရင်း အိပ်မက်လေးသည် ချိုသာနေခဲ့၏။
TBC........
Upဆိုလို့😂😂😂😂
(Zawgyi)
ကုမၸဏီျပန္အေရာက္တြင္ ကားရပ္သည္အထိ
ေရွာင္က်န္မထြက္ေသး။
လူရိုးလူအေလးသဖြယ္ ေတာင္ၾကည့္ေျမာက္
ၾကည့္ေနတာ ရီေပၚမန္ေနဂ်ာကကားတံခါး
ဖြင့္ေပးမွထြက္သည္အထိ။
တံခါးမ်ားမဖြင့္တတ္ေရာလား ေကာေရွာင္ရယ္။
ေရွာင္က်န္သည္မိမိ၏အထုပ္မ်ားမနိုင္မနင္း
သယ္ကာ အလုပ္ရႈပ္ေနေတာ့၏။
အစ္ကိုႀကီးေနာက္ညီမေလးလိုက္မယ္ဆိုသလို
မ်ိဳး ရီေပၚကေရွ႕ကသြားေရွာင္က်န္ကေနာက္က
တကုပ္ကုပ္နဲ႕လိုက္..ဒါထဲက ေနာက္ဆုံးကမန္
ေနဂ်ာကအစစ္ပါေသးသူတို႔ၾကည့္ရတာ..
အျဖဴနဲ႕အမဲဘဲတန္းေလးလိုပဲ...
ကုမၸဏီထဲေရာက္ေတာ့ ရီေပၚသည္မိမိ၏ေနရာ
သို႔ဆက္သြား၏။သို႔ေသာ္ေရွာင္က်န္သည္မန္ေန
ဂ်ာေနာက္မလိုက္ဘဲ ဘုမသိဘမသိ ဝမ္ရီေပၚ
ေနာက္တစ္ေကာက္ေကာက္လိုက္ေနေလသည္
မန္ေနဂ်ာကလွမ္းေခၚမွမန္ေနဂ်ာေနာက္ျပန္
လိုက္၏။
"ဒါကေရွာင္က်န္ေနရမယ့္အခန္းဘဲ..
သာမာန္ဆိုေမာ္ဒယ္ေတြကကိုယ့္အိမ္မွာပဲ
ကိုယ္ေနၿပီး shootingရွိမွာလာရတာ..
ေရွာင္က်န္ကေတာ့အသစ္မို႔ ဒီမွာ တစ္လေလာက္
ေနရဦးမယ္..."
"ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္..."
"ဒီမွာက စည္းကမ္းေတြ..."
"မလိုေတာ့ပါဘူး...ကြၽန္ေတာ္ကဘယ္ေလာက္ပဲ စည္းကမ္းေတြမ်ားမ်ားခက္ခက္ဒီအလုပ္ကို
ပဲလုပ္ေတာ့မွာ..."
"ေအာ္...ဒါဆိုလည္းဒီမွာလက္ခံေၾကာင္းလက္
မွတ္ေလးထိုးေပးလို႔မလား?.."
"ဟုတ္ကဲ့..."
"ေအာ္..ေရွာင္က်န္အတြက္ေန႕လည္စာဗူးကို
ဟိုစားပြဲမွာထားေပးတယ္.."
ေရွာင္က်န္သည္မန္ေနဂ်ာၫႊန္ျပတဲ့ေနရာကို
စားပြဲခုံေပၚမွ ထမင္း၊ဟင္း ပါရွိတဲ့ readymade
ဗူးကိုၾကည့္ရင္း မန္ေနဂ်ာကိုၿပဳံး ၿပဳံးေလးျဖင့္
ေက်းဇူးတင္၏။
မန္ေနဂ်ာထြက္သြားၿပီးေနာက္ ေရွာင္က်န္သည္
မိမိ၏အခန္းကိုေဝ့ဝိုက္ၾကည့္ရင္းရင္ထဲေႏြးေထြး
ေပ်ာ္႐ႊင္ေန၏။ သယ္လာေသာအဝတ္ထုပ္ကိုခ်ကာ အျဖဴ ခ်ည္းသပ္သပ္အခန္းကိုေသခ်ာစြာ
ၾကည့္ေနမိ၏။
ေရွာင္က်န္တို႔အိမ္က ေရွာင္က်န႔္အခန္းထက္
သိပ္မက်ယ္လွေပမယ့္ သပ္သပ္ရပ္ရပ္ရွိ၏။
ထို႔ျပင္ အိပ္ရာ၊စားပြဲခုံေသးေသးေလးေတြ၊ဗီရိုတစ္ခု
ျပတင္းေပါက္တစ္ခုနဲ႕ေရခ်ိဳးခန္းေလးတစ္ခု
ဟာသူ႕အတြက္ေတာ့မ်ားေနလွပါၿပီ။
ဗိုက္ကဆာလာတာမို႔ မန္ေနဂ်ာထားသြားတဲ့
ထမင္းဗူးကိုေပၚကအရည္ၾကည္အလႊာေလး
ကိုအသာခြာရင္း အနံ႕ကိုအရသာခံေနေတာ့၏။
ထို႔ေနာက္တူတစ္စုံကိုကိုင္ကာ တစ္ၿမဳံ ၿမဳံ ျဖင့္
ထမင္းေရာ၊ဟင္းေရာ၊ဟင္းရည္ပါမက်န္
အားလုံးကိုစားၿပီးေနာက္ စားပြဲခုံကိုျပန္သန႔္ရွင္း
ေရးလုပ္ေလသည္။ခုမွရလာေသာအခန္းေလး
ကိုညစ္ေပခြင့္မျပဳပါေလ။
ဗိုက္တင္းသြားၿပီျဖစ္ေသာ ယုန္မဲေလးသည္
တစ္ေန႕တာပင္ပန္းသမွ်ေတြကို အိစက္ေသာ
ေမြ႕ရာထက္ဝယ္ လဲခ်ရင္းေျဖေလ်ာ့လိုက္၏။
မ်က္လုံးအစုံသည္အိစက္ေသာ အိပ္ရာေၾကာင့္
လည္းေကာင္း၊ပင္ပန္းထားခဲ့သမွ်အတြက္
လည္းေကာင္း အားယူရန္ ေမွးစက္သြားခဲ့၏။
ေဒါက္!..ေဒါက္!
"ေရွာင္က်န္....ေရွာင္က်န္မင္းအထဲမွာရွိလား"
မန္ေနဂ်ာအသံႏွင့္အခန္းတံခါးေခါက္သံေၾကာင့္
ေရွာင္က်န႔္သည္အိပ္ေနရာမွကမန္းကတန္းထ
ကာ တံခါးကိုေျပးဖြင့္လိုက္၏။
အခ်ိန္အားျဖင့္ညပင္ေရာက္ေခ်၏။
"အာ..ဟုတ္..."
"ေအာ္...မင္းကို သူေဌးကေခၚေနတယ္..."
"ဟုတ္..."
မန္ေနဂ်ာသည္ လွည့္ထြက္သြားတာေၾကာင့္
ေရွာင္က်န္လည္းအေနာက္မွေျခသြက္သြက္ျဖင့္
လိုက္လာခဲ့ရ၏။
႐ုံးခန္းထဲေရာက္ေတာ့ ဝမ္ရီေပၚသည္Filesတြဲ
မ်ားကိုလက္ျဖင့္ေထာက္ကာ ၾကည့္ေန၏။
မန္ေနဂ်ာဝင္လာသည္ကိုသိမွေခါင္းေမာ့ကာ
ၾကည့္ၿပီးအသင့္ေခၚထားၿပီးေသာမိန္းကေလး
တစ္ေယာက္ႏွင့္လူႀကီးတစ္ေယာက္ကို
အခ်က္ျပလိုက္၏။
"သူပဲ...မင္းတို႔သူ႕ဆီမွာ အလုပ္လုပ္ရမွာ..."
"ဟုတ္ကဲ့.."
ရီေပၚ၏စကားသံကိုၾကားအၿပီးထိုလူႏွစ္ေယာက္သည္ ေရွာင္က်န႔္ေဘးတြင္ဝင္ရပ္လိုက္ၾက၏
"ေရွာင္က်န္ သူမကမင္း stylist၊သူကေတာ့
မင္းမန္ေနဂ်ာ....လိုအပ္တာရွိရင္မင္းမန္ေနဂ်ာ
ကိုေျပာလိုက္.."
"ဟုတ္..ေက်းဇူးတင္ပါတယ္..."
"ေရွာင္က်န္ မင္း Ph No. ငါ့ဆီမွာမရွိေသးဘူး..
ေပးထားမွရမယ္.."
ဝမ္ရီေပၚသည္ေရွာင္က်န႔္ကိုေျပာၿပီးမိမိ၏
Galaxy 11+ကိုအက်ီအၤတြင္းအိပ္ေထာင္တြင္း
မွထုတ္ကာ ေရွာင္က်န္၏PhNo.အေျပာကိုေစာင့္ ေန၏။
သို႔ေသာ္ ေရွာင္က်န္သည္ေတာ္ေတာ္ႏွင့္အသံ
ထြက္မလာေသာေၾကာင့္ ရီေပၚသည္ေခါင္းကို
ေမာ့ရင္း..
"မင္းမွာ Phoneမရွိဘူးလို႔ေတာ့မေျပာနဲ႕ေနာ္.."
"သူေဌးအဲ့တာက.....ကြၽန္ေတာ္တို႔မွာအိမ္ Phoneပဲရွိတာ...."
ေရွာင္က်န္သည္စကားလုံးေတြကိုေျပာရမွာရွက္
သေယာင္ျဖင့္ တစ္လုံးတစ္လုံးအသံလွိုင္းကမတူ နိမ့္ခ်ည္ျမင့္ခ်ည္နဲ႕။.ေဘးကေကာင္မေလးက
ေတာ့ မိမိအိပ္ေထာင္တြင္းက Huawei ph
ကိုလက္ျဖင့္ တပုတ္ပုတ္ျဖင့္ မသိမသာေလွာင္
ေနေလ၏။
သူမ၏ရယ္သံကိုအကုန္လုံးၾကားၾက၏။
ထို႔ေၾကာင့္ပုံစံအမ်ိဳးမ်ိဳးျဖင့္ျဖစ္ေနၾကေလသည္။
ေရွာင္က်န္သည္ အားနာသလိုပုံစံျဖင့္မရယ္ခ်င္
ရယ္ခ်င္သိမ္ငယ္လွ်က္။
ရီေပၚကေတာ့ ထိုရယ္ေနေသာေကာင္မေလး
ကိုေခါင္းအစေျခအဆုံး စိတ္ပ်က္သလိုၾကည့္
လိုက္ေတာ့မွ ထိုမိန္းကေလးသည္ေခါင္းငုံ႕ကာ
ျပန္ၿငိမ္က်သြား၏။
ၿပီးမွရီေပၚသည္ မိမိ၏ အံဆြဲကိုဆြဲဖြင့္ကာ
Phoneႀကီးတစ္ခုကို ယူၿပီးမတ္တပ္ထလွ်က္
ေရွာင္က်န္ဆီသို႔သြားေပးလိုက္၏။
သာမာန္ဆိုလွ်င္ ထို phoneမွာ ရီေပၚ၏
Gamesကစားရန္သက္သက္အရံထားထားျခင္း
ျဖစ္၏။သိူ႕ေသာ္ ယခုတြင္ေတာ့ ေရွာင္က်န္ကို
ေပးကာ ကိုယ့္ေနရာကိုယ္ျပန္ထိုင္လိုက္၏။
ေရွာင္က်န္မွာေတာ့ မ်က္ႏွာျပင္ႀကီးလြန္းတဲ့
ထိုphoneကို လက္ႏွစ္ဖက္ျဖင့္ကိုင္ရင္း
ရီေပၚအား နားမလည္နိုင္စြာၾကည့္ေန၏။
ထိုတြင္မက အေစာတုန္းက ေလွာင္ရယ္ခဲ့ေသာမိန္းကေလးသည္ ေရွာင္က်န္၏ Phone
သည္မိမိထက္အဆမတန္ေဈးႀကီးလြန္းတာေၾကာင့္
ပါးစပ္အေဟာင္းသားျဖင့္သာ..
*ဒီသူေဌးအရမ္းရက္ေရာလြန္းတယ္!*
"ေလာေလာဆယ္ေတာ့ အဲ့ဒါကိုင္ထား။
ေနာက္က်မွမင္းနဲ႕သင့္ေတာ္တာဝယ္ေပးမယ္."
"ေက်း....ေက်းဇူးပါ..."
ေရွာင္က်န္၏ဘဝတြင္အႀကီးမားဆုံးေသာတန္ဖိုးအႀကီးဆုံးလက္ေဆာင္မို႔ ၾကည္ႏူးစြာၾကည့္
ရင္းယုန္သြားေလးမ်ားေပၚသည္အထိၿပဳံးေန၏။
ေရွာင္က်န္ကိုၾကည့္ရင္းရီေပၚမွာ မ်က္ခုံးနားက
ယားသလိုလို၊ေနာက္စိက ယားသလိုလို၊ဂုတ္
ကယားသလိုလိုျဖင့္အၿငိမ္မေနဟိုကုတ္ဒီကုတ္
ျဖင့္ ေနထိုင္မရ။
ရီေပၚရဲ႕အေျခအေနေၾကာင့္ မန္ေနဂ်ာမွာ
ခုပဲလာကူရမလိုလိုျဖင့္ အရမ္းေတြလမ္းေပ်ာက္။
(Faႀကီးခမ်ာ ကေလးရွက္ယမ္းယမ္းေနတာကို
မသိရွာဘူး🌚)
"သူေဌး...ျခင္ကိုက္လို႔လား?.."
"မဟုတ္ဘူး....ပူ..ပူလာလို႔...မင္းတို႔သြားလို႔
ရၿပီ..."
"တကယ္ပဲ...ဘာမွမျဖစ္ဘူးလား?.."
"ေအး...ေအး....သြားလို႔ရၿပီ..."
ဝမ္ရီေပၚ၏အႏုနည္းျဖင့္ႏွင္ထုတ္တာေၾကာင့္
ေရွာင္က်န္ႏွင့္ရီေပၚမန္ေနဂ်ာပါမက ဟိုႏွစ္ေယာက္ပါ ဘုမသိဘမသိႏွင့္ ႐ုံးခန္းထဲမွထြက္လာၾက၏။
"အာ...ေရွာင္က်န္...မနက္ျဖန္ မနက္၆:၀၀နာရီ
Shooting လုပ္ရမယ္..မင္းထနိုင္လား?.."
"ဟုတ္...ကြၽန္ေတာ္ဘယ္မွာေစာင့္ရမွာလဲ?"
"မင္းအခန္းမွာပဲေစာင့္ေနလိုက္..ငါလာေခၚမယ္"
"ဟုတ္ကဲ့ ဝမ္မန္ေနဂ်ာ.."
ေရွာင္က်န္၏စကားေၾကာင့္ဝမ္ရီေပၚ၏မန္ေနဂ်ာ
သည္သြားေပၚသည္ထိအနည္းငယ္ၿပဳံးလိုက္ရင္း
ျပန္ေျပာ၏။
"ငါ့နာမည္က က်င္းဇီ႐ႊမ္း။ ဝမ္မန္ေနဂ်ာလို႔မေခၚ
ပါနဲ႕လား?.."
"ေအာ္...ဟုတ္...က်င္းေကာ..."
"ဟုတ္တယ္..အဲ့လိုေခၚ...ဒါဆိုငါသြားၿပီ။"
"ဟုတ္ကဲ့..မနက္ျဖန္ေတြ႕ပါမယ္ ေကာင္းေကာင္း
အိပ္ပါ..."
က်င္းဇီ႐ႊမ္းသည္ေရွာင္က်န္အား လက္ျပႏႈတ္
ဆက္ရင္း ထိုေနရာမွထြက္ခြာလာခဲ့၏။
ေရွာင္က်န္ကေတာ့ ထိုေနရာမွာပဲ မတ္တပ္ရပ္
က်န္ခဲ့ရင္း ေထာင့္အသြယ္သြယ္ေတြၾကားမိမိ၏
အခန္းကိုမည္သို႔သြားရမွန္း မသိျဖစ္ေန၏။
ေရွာင္က်န္သည္ သူေဌး၏အခန္းဘက္ျပန္လွည့္္
ရင္း သူေဌးအားေမးမည္အျပဳ တံခါးသည္
႐ုတ္တရပ္ ပြင့္လာ၏။
တံခါး၏ဖြဲ႕စည္းပုံသည္ ရီေပၚဘက္မွဆြဲဖြင့္ရသည္
မို႔ေရွာင္က်န္ႏွင့္မတိုက္မိတာေက်းဇူးတင္ရမည္။
သို႔ေသာ္ ႐ုတ္တရပ္မို႔ ထြက္လာေသာ ဝမ္ရီေပၚ
ႏွင့္ေရွာင္က်န္တို႔ မ်က္ႏွာသည္ လက္မအနည္း
ငယ္သာကြာျခားၿပီး တစ္ေယာက္မ်က္ႏွာတစ္
ေယာက္အထင္းသားျမင္ရ၏။
ရီေပၚသည္ ေရွာင္က်န္ထက္အနည္းငယ္ပုတာ
မို႔ ေရွာင္က်န္၏ႏႈတ္ခမ္းေပၚက မွဲ႕ေလးကို
မေတာ္တႏွမ္း စိုက္ၾကည့္ေနမိ၏။
ေရွာင္က်န္သည္ လန႔္ကာ ေနာက္ဆုတ္သြား
ရင္း ရီေပၚႏွင့္မ်က္ႏွာခ်င္းမဆိုင္ဝံ့တာမို႔
ေခါင္းငုံ႕ထား၏။
"မင္းမျပန္ေသးဘူးလား?.."
"ကြၽန္ေတာ္...ျပန္ေတာ့မွာပါ.."
ရီေပၚသည္ ျပန္ေခါင္းၿငိမ့္လိုက္ရင္း ထိုေနရာမွ
ထြက္သြားမည္အျပဳ အေနာက္မွမဝံ့မရဲေခၚသံ
ေလးကိုၾကားလိုက္ရ၏။
"ဟို.....ကြၽန္ေတာ့္အခန္းကို....မျပန္တတ္လို႔. "
"ေအာ္...."
ရီေပၚသည္ေရွာင္က်န္၏ခႏၶာကိုယ္ေၾကာင့္
ကြယ္ေနေသာ ေနာက္ဘက္က လူသြားလမ္း
ကိုေစာင္းၾကည့္ရင္း ခႏၶာကိုယ္ကိုျပန္မတ္ကာ
"မင္းအေနာက္ကလမ္းအတိုင္းသြားလိုက္..
အဲ့က်ေတြ႕လိမ့္မယ္..အခန္းကိုေတာ့မေမ့ဘူး
မဟုတ္လား?..."
ရီေပၚစကားေၾကာင့္ ေရွာင္က်န္သည္မိမိ၏အ
ေနာက္ဘက္ကိုတစ္ခ်က္လွည့္ၾကည့္ၿပီး
ရီေပၚဘက္ျပန္လွည့္ကာ ေပ်ာ္႐ႊင္ၾကည္ႏူးလွ်က္
လွပေသာ မ်က္ဝန္းညို႔ညို႔တို႔ျဖင့္
"ေက်းဇူး..."
ေနာက္ထပ္လႈပ္ခတ္လာေသာ ႏွလုံးခုန္သံ
ေတြေၾကာင့္ ရီေပၚ မ်က္လုံးအစုံတို႔သည္ျပဴ း
က်ယ္လာၿပီး လက္သီးတို႔ကိုလည္းက်စ္က်စ္ပါ
ေအာင္ ဆုပ္ရင္း အသက္ရႉ လမ္းေၾကာင္းတို႔္
သည္မူမမွန္။
"မ...မလိုဘူး..."
စကားတစ္ခြန္းကိုအျမန္ေျပာကာ လွည့္ထြက္
သြားပါေသာ ရီေပၚကို ေရွာင္က်န္မွာေတာ့
ေခါင္းေစာင္းကာ ႏႈတ္ခမ္းဆူရင္းက်န္ခဲ့၏။
ရီေပၚ၏အမူအယာကို ေရွာင္က်န္မျမင္ခဲ့သည္
မွာေကာင္းသည္ထင္၏။နို႔မို႔ဆို ဒီ့ထက္နားမ
လည္နိုင္ေတာ့မည္။
လမ္းတစ္ေလွ်ာက္လမ္းေလ်ာက္ေနေသာ္လည္း
စိတ္ကထိန္းမရစြာ ရပ္လိုက္ရင္း ရင္ဘတ္အစုံ
ကိုႏွိမ့္ခ်ည္ျမင့္ခ်ည္ ျဖင့္ အသက္ရႉ ေန၏။
ထို႔ေနာက္ အဆုံးသတ္အေနျဖင့္မ်က္လုံးကိုမွိတ္
သက္ျပင္းတစ္ခုခ်ကာ နက္ကထိုင္ကိုေလ်ာ့ခ်ရင္း
လမ္းကိုျပန္ဆက္ေလ်ာက္ရသည့္ရီေပၚသည္
ေရွာင္က်န္ေၾကာင့္ပဲႏွလုံးေရာဂါရေတာ့မည္
ထင္၏။
အခန္းကိုျပန္ရွာေတြ႕သြားေသာ ေရွာင္က်န္သည္ ကုတင္ေပၚသို႔
လဲွလိုက္ရင္း ျမင္ရေသာမ်က္ႏွာက်က္အစား
မိမိ၏ Phသစ္ေလးကို လက္ျဖင့္ျမႇောက္ရင္း
ၾကည့္ေနေတာ့၏။
"အာ~~~ဗိုက္ဆာလိုက္တာ..."
Phoneအတြက္မ်က္ရည္ႏွစ္စက္။
ဗိုက္မဆာတဲ့အႏုနည္းကိုေရွာင္က်န္သတိရသြား
က Phoneကို ဖြင့္ၿပီးေလွ်ာက္ၾကည့္မည္အျပဳ
Pswခတ္ထားေသာ Phေၾကာင့္ ေရွာင္က်န္
သည္ငိုခ်င္သလိုလိုေတာင္ျဖစ္သြား၏။
"သူေဌးက ေပးခ်င္လို႔ေပးတာလား?..မေပးခ်င္ဘဲေပးတာလား?.."
ေရွာင္က်န္သည္ဘာမွလုပ္လို႔မရသည့္ Phone
ကိုကုတင္ေပၚကိုခ်ရင္းမနက္ကအိပ္ထားသည့္
မိမိအဖို႔အိပ္ဖို႔လမ္းမျမင္။
ထို႔ေၾကာင့္ ေရခ်ိဳးခန္းထဲဝင္ၿပီး ေရခ်ိဳးကာ
မနက္ျဖန္အတြက္စိတ္လႈပ္ရွားေနမိေတာ့၏။
(၁၅မိနစ္)ၾကာမွ ေရွာင္က်န္ေရခ်ိဳးၿပီးကာ
ကုတင္ေပၚတြင္ ထိုင္ေနမိ၏။
သူမွဘာမွလုပ္စရာမရွိဘဲ။
မၾကာပါေခ်။
Vibrateျဖစ္လာေသာ phoneေၾကာင့္ဘယ္သူ
ဘယ္ဝါမည္းမသိေပမယ့္ေရွာင္က်န္အလွ်င္အျမန္ကိုင္လိုက္၏။
"ေရွာင္က်န္လား?.."
"ဟုတ္ကဲ့....ဘယ္သူလဲမသိဘူး.."
"ငါ..ဝမ္ရီေပၚ.."
"ဟုတ္သူေဌး ဘာ...ဘာေျပာစရာရွိလို႔္လဲ?.."
"အဲ့....အဲ့တာ..။။phoneရဲ႕ Pswက..........
ေရွာင္ပိုင္.."
"ဗ်ာ?..."
ေရွာင္က်န္၏အေမးအၿပီး ရီေပၚသည္ ခဏၿငိမ္
သြားၿပီး ၿပီးမွအသံထြက္လာ၏။
"မင္းကိုင္တဲ့ Phone Pswက ေရွာင္ပိုင္....။
အဂၤလိပ္လို႔ေပါင္း..Xအႀကီး Pအႀကီး...လုပ္
တတ္တယ္မဟုတ္လား..?.."
"ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္သူေဌး"
"မင္းကိုေျပာမျပလိုက္ရလို႔.....ဒါဘဲ.."
"ဟုတ္ကဲ့သူေဌး...ေကာင္းေကာင္းအိပ္ပါ.."
သာယာလွတဲ့ႏႈတ္ဆက္သံၾကားရသည္အထိ
ရီေပၚ Phကိုဆက္ကိုင္ထားရင္း ၿပဳံးလိုက္၏။
ဒီညအဖို႔သူေက်နပ္နိုင္စရာျဖစ္ခဲ့၏။
ဒီခံစားခ်က္မ်ိဳး သည္ ငယ္ငယ္က Crushကို
Phဆက္ရလို႔ ေပ်ာ္ေနတဲ့ခံစားခ်က္ႏွင့္ဆင္တူ
သည္။
အတိတ္ဆီသို႔အလည္ေရာက္သြားေသာရီေပၚ
သည္ကုတင္ထက္ဝယ္ လက္ကိုေခါင္းခုကာ
ပတ္သတ္ခဲ့ေသာ ေရွာင္ပိုင္အေၾကာင္းကို
ေတြးေနေလသည္။တစ္ဆက္တည္း.....
ယခုပတ္သတ္လွ်က္ရွိေသာ ေရွာင္က်န္ကိုပါ
ေတြးမိရင္း အိပ္မက္ေလးသည္ ခ်ိဳသာေနခဲ့၏။
TBC........
Upဆိုလို႔😂😂😂😂
Bạn đang đọc truyện trên: AzTruyen.Top