-18-
(Zawgyi)
ဝသာန္ရာသီျဖစ္တာနွင့္အညီ ေကာင္းကင္မွာမိုးတိမ္ေတြထူထပ္စြာ ညိဳ့မိွုင္းေန၏။
ဒီေန့ကား အပန္းေျဖအိမ္မွ (၃)ရက္ေျမာက္သျဖင့္
ကုမၸဏီသို့ေျခဆန့္ရန္ေန့ပင္ျဖစ္၏။
ဝမ္ရိေပၚ အိမ္တြင္းမွ ေရွာင္းက်န့္၏အဝတ္အစားမ်ားနွင့္
မိခင္အတြက္ မနက္က အေဒၚျကီးဝယ္ေပးထားခဲ့ေသာ
သစ္သီးမ်ား၊မုန့္မ်ားကိုကားေနာက္ဖုံးအတြင္းသို့ထည့္
ေနေလ၏။
လက္ေမာင္းနွစ္ဖက္ကိုပြတ္ကာ အပူေပးရင္း
ေရွာင္းက်န့္ ေအးျမေသာေလကိုမ်က္နွာအပ္ကာ
တိတ္တစိတ္ခံစားေနမိ၏။
မိုးအကုန္ေႏြးအကူးျဖစ္ေသာ လျဖစ္သျဖင့္
ရာသီဥတုသည္ အို့မိွုင္းကာ ကုန္ဆံုးခ်ိန္ထိ
မိုးရြာေတာ့မည္သ႑ာန္ျဖင့္ဟန္ခ်ီေနေလ၏။
သစ္ရြက္ေလးေတြမွာလည္း ေလယူရာလြွင့္ပါရင္း
ပန္းရနံ့သင္းသင္းေလးေတြဟာလည္း ေနရာအနွံ့တြင္
သင္းပ်ံ့ေန၏။
လူဆိုသည္မွာလည္း ေကာင္းေသာအရသာ၊ေကာင္းေသာေနရာထိုင္ခင္း ၊ေကာင္းေသာ အေငြ့အသက္ေတြကိုခံစားမိသည္နွင့္အညီ မိမိ၏ မိသားစု (ဒါမွမဟုတ္)
မိတ္ေဆြသင္းပင္းကိုသတိရတတ္သည့္အေတြးေလး
ဝင္လာတတ္၏။
မိမိ၏မိခင္ကို သတိရကာ ေရွာင္းက်န့္ ျပံဳးမိ၏။
-အေမ...ဒီလိုမ်ိဳးေနရာမွာအေမေပ်ာ္ေပ်ာ္ရြွင္ရြွင္ေနနိုင္
ေအာင္သားျကိဳးစားမွာပါ။..-
စိတ္ကူးေလးနဲ့တင္ အားတက္ေစေသာအေမေျကာင့္
ေရွာင္းက်န့္ ျပံဳးလိုက္ကာ အေမကိုသတိရေနမိ၏။
မိမိေရွ့က ေကာင္ေလးသည္ ကားေနာက္ဖံုးထဲသို့
ထည့္စရာရွိသည္မ်ားကိုထည့္ရင္းအလုပ္ရွုပ္ေန၏။
ေရွာင္းက်န့္ ကိုေတာ့ မကူခိုင္းရန္ေျပာေသး၏။
ေရွာင္းက်န့္မွာ ျခံေပါက္ဝမွာေလညွင္းခံရင္းနွင့္ပင္
ရိေပၚကိုလွမ္းျကည့္ေနရ၏။ကားထဲဝင္ထိုင္လ်ွင္
ဤသို့ေသာ္ သာယာမွုသဘာဝ၏အလွတရားကို
အျပည့္အဝခံစားနိုင္မည္မဟုတ္ေပ။
အေဒၚျကီးကေတာ့ ျပန္သြားျပီျဖစ္သည္။
"က်န့္ေကာ...ဘာက်န္ေသးလဲ?.."
ေလတိုက္သည္ေျကာင့္ ရိေပၚရဲ့ ဆံႏြယ္ေလးေတြဟာ
ေလထဲတစ္လြွင့္လြွင့္။
မ်က္လံုးကိုေလတိုးသည္ထင္ပါ့ မ်က္ခံုးကိုလိုသည္
ထက္ပိုျကံဳ့ထားသည္မွာလည္း ခ်စ္စရာေကာင္းေနျပန္၏။
"ဟင့္အင္း..."
တကယ္ေတာ့ အလာတုန္းကဘာမွမပါခဲ့ေပ။
ဒီအိမ္ေရာက္ျပီး (၂)ရက္ေလာက္ေနလိုက္မွ
ေဒသအတြင္း လွည့္လည္လိုက္ပို့တဲ့ ရိေပၚေလးေျကာင့္
ေရွာင္းက်န့္ မွာအိမ္အျပန္လက္ေဆာင္ပစၥည္းေတြမွ
မနည္းမေနာ။
ဒါ့အျပင္ သားလိမၼာေလးရိေပၚကလည္း ဘယ္သြားသြား သူ့မားမားအတြက္နွင့္ ညီမေတာ္အတြက္ပါ လက္ေဆာင္ ပစၥည္းဝယ္လာခဲ့ေလ့ရွိသျဖင့္ ကားအျပည့္ျဖစ္ေန၏။
"ေကာ....လာလို့ရျပီ။..."
ပစၥည္းေတြထည့္ျပီး ျဖစ္တဲ့ရိေပၚဟာ ကားထြက္ရန္
အဆင္သင့္ျဖစ္ေန၏။ေရွာင္းက်န့္ လည္း partner
seat တြင္းဝင္ထိုင္လိုက္ေသာအခါ ကားေလးမွာ
တစ္လွိမ့္လွိမ့္ျဖင့္ထြက္ခြာသြား၏။
ေရွာင္းက်န့္မွာ နွစ္ရက္လံုးလံုး ပတ္ဝန္းက်င္ကိုေလ့
လာခဲ့တာေတာင္ မဝနိုင္ေသးဘူးျဖစ္ေန၏။
Car Back mirror မွ အိမ္ျဖဴ ေလးနွင့္ ပတ္ဝန္းက်င္က
ပန္းလွလွ၊ အံု့မိွုင္းေသာသစ္ပင္ေလးေတြကိုျကည့္ရင္း
တစ္ေဆြးေဆြးတစ္ေျမ့ေျမ့။
"ဝမ္ရိေပၚ...ကားမွန္ခ်ေပးလို့ရမလား?"
"ဘာလိုလဲ...ေလစိမ္းေတြဝင္လာလိမ့္္မယ္။.."
ေရွာင္းက်န့္ မနက္ေလး ပိုညိဳးသြားကာ မွန္တစ္ထပ္
ျခားေနတဲ့ ပတ္ဝန္းက်င္အလွကို ျပန္ေငးေမာေနလိုက္
၏။
အရင္ကလို အျကီးမလုပ္ေတာ့တဲ့ ေရွာင္းက်န့္ေျကာင့္
ရိေပၚလည္း ေနရခက္သြား၏။မိမိ၏ကား စီယာတိုင္ကို
လက္ျဖင့္ ညစ္ကိုင္လိုက္ရင္း ေဘးဘက္က ေရွာင္းက်န့္
ကိုလွမ္းျကည့္လိုက္၏။
ထင္ထားသည့္အတိုင္းပင္ မွန္ကိုလက္ျဖင့္ တို့ထိထိ
လုပ္ေနေသာလက္ေခ်ာင္းေလးကအားေပ်ာ့ေနျပီး
ေနာက္ေက်ာေလးကိုျကည့္ရံုျဖင့္ စိတ္မေကာင္းျဖစ္
ေနသည္မွာသိသာ၏။
-ေကာ..က ကေလးလုပ္ေနတာ-
"ေကာ..."
"ဟင္?..."
ေရွာင္းက်န့္ ကမိမိဘက္သို့လွမ္းလွည့္လာသျဖင့္
ကားမွန္ကိုစိတ္ခ်စြာ ခ်လိုက္၏။
ရုတ္တရပ္ခ်လိုက္လ်ွင္ ေရွာင္းက်န့္ ထိခို္က္သြားနိုင္
မည့္မို့ပင္။
ကားမွန္ခ်ကာ အျပင္ဘက္မွေအးစိမ့္ေသာေလ
ကေလးမ်ားအတင္းတိုးေဝြ့ဝင္လာသည္ကို
ေရွာင္းက်န့္ ခံစားမိ၏။သို့ေသာ္ ကားေမာင္းေနေသာ
သူတစ္ေယာက္ထံကိုသာအျကည့္တို့ကေရာက္ေနသည္။
မိမိအား အမည္မေဖာ္လိုေသာ အျကည့္ေတြျဖင့္
စိုက္ျကည့္ေနေသာ ေရွာင္းက်န့္ ေျကာင့္ ရိေပၚကားကို
ေဘးကပ္ရပ္လိုက္ျပီး ေရွာင္းက်န့္ ဘက္သို့လွည့္လိုက္၏။
"ဘာျဖစ္တာလဲ...."
"ဘာမွမဟုတ္ပါဘူး...."
"အင္း...ဒီမွာ ခဏေစာင့္...."
ရိေပၚကထိုသို့ေျပာျပီးေနာက္ ကားအျပင္သို့ထြက္သြား
၏။ေရွာင္းက်န့္ကေတာ့ အျပင္သို့မထြက္ေတာ့ပဲ
ကားတြင္းမွေန၍ လက္ကိုအျပင္ထုတ္ကာ ေလညွင္းကို
ခံစားေနမိ၏။
*ေပါက္*
ေရွာင္းက်န့္၏လက္ဖဝါးထက္၌ ေအးစက္လွေသာ
အထိအေတြ့ေလးက အရွိန္ျပင္းျပင္းနွင့္ ျပန့္လြင့္သြား၏။
"အာ....မိုးရြာလာျပီပဲ။..."
ခံစားခ်က္ကတစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြား၏။
ေလထု၏ေလအားသည္ သိသိသာသာ ျပင္းထန္လာ
သေယာင္ျပီးေနာက္ မိုးစက္တို့သည္လည္း ပိုမိုမ်ားျပား
စြာ က်လာ၏။ ဝသာန္ရာသီကို ဦးတည္လာသည့္
ဒီအေျခအေနကို ေရွာင္းက်န့္ သေဘာက်မိ၏။
ေအးစက္ျပီး လူကို လြမ္းေစမိ၏။
အံုမိွုင္းေနေသာ အာကာယံ ေျကာင့္လည္း ပတ္ဝန္းက်င္
သည္ မနက္နွင့္ညေနခင္းမွားေနသလိုရွိ၏။
ပတ္ဝန္းက်င္တြင္ သစ္ရြက္တို့ယိမ္းႏြဲ့သံကစ၍
စိတ္ဝင္စားဖို့ေကာင္းေန၏။
မိမိ၏မ်က္နွာနုနုကို ေရွ့တိုးကာ မ်က္လံုးမွတ္ခံစားမိ
လိုက္ေတာ့ ေအးစက္မွုနွင့္ ပန္းရနံ့ကို ခံစားမိ၏။
မ်က္နွာထက္ မိုးေပါက္တို့က တစ္စတစ္စ က်လာသည္
မွာ သေဘာက်စရာအတိ။
"ေကာ..."
"အင္...."
ကားတံခါးပိတ္သံနွင့္အတူ ရိေပၚ ၏ေခၚသံကိုတစ္ဆက္တည္းျကားလိုက္ရသျဖင့္ ေရွာင္းက်န့္ ထူးရင္း
လွည့္လာ၏။
ေရစက္တို့ျဖင့္စီျခယ္ထားေသာ သူ၏မ်က္နွာကို
ျမင္ျပီးေနာက္ သူ၏လက္သို့မ်က္လံုးက စိတ္မခိုင္းေစပဲ
အျကည့္တို့ကတန္းေရာက္သြား၏။
လက္အတြင္း အျပာေရာင္ ပန္းတစ္အံု။
ေသေသသပ္သပ္ စည္းထားျခင္းမဟုတ္ပဲ
လက္ျဖင့္ ခ်ိဳးခူးလာသကဲ့သို့ လတ္ဆတ္လွ၏။
ပန္းပြင့္တို့က ေသးငယ္စြာ လွပ၏။
အနံ့ခပ္သင္းသင္းကလည္း ရာသီဥတုနွင့္လိုက္ဖက္
လြန္းလွ၏။
ပန္းတစ္ပြင့္ဟုဆိုပါလ်ွင္ ပင္စည္ခိုင္ခိုင္နွင့္
အပြင့္ျကီးျကီးဆိုသည္မွာ ေယဘူယ်ျမင္ေနက်သကဲ့
သို့ပင္။ သို့ေသာ္ ဤပန္းေလးသည္ ႏြယ္ပင္သကဲ့သို့
(သို့ေသာ္)ႏြယ္ပင္လည္းမဟုတ္ျပန္။
သို့ေပသိ ပန္းတို့၏သေဘာအတိုင္း စိတ္ခ်မ္းသာေစ
သည္မွာအမွန္ပင္။
ထိုပန္းဆုပ္က္ုိလက္တြင္းမွကိုင္ကာ
ေရွာင္းက်န့္ဆီေပးပံုရေသာရိေပၚသည္ သူကုိယ္တိုင္
ခူးလာသည့္ပံုစံပင္။
"ဒါက..."
"ဒီနားမွာပဲ ေပါက္လို့ ခူးလာေပးတာ..."
ရိေပၚ ၏တစ္ကုိယ္လံုးမွာ မိုးေရေျကာင့္ အနည္းငယ္
စိုေနသည္ကို ေရွာင္းက်န့္ ေတြ့ရသျဖင့္ သူခူးလာေပး
သည္ကိုသိ၏။ သို့ေသာ္ လိုခ်င္တယ္ဟု မေျပာမိပါေလ။
"ဒါမယ့္...လိုခ်င္တယ္လို့လဲ......"
"ဒီပန္းနာမည္ဘာလဲသိလား....ေကာ..."
ရိုးရိုးပန္းမဟုတ္တာေတာ့ သိသာ၏။ ေသးငယ္ေသာ
ပြင့္ဖတ္ေလးေတြက ေရွာင္းက်န့္ ၏အသိစိတ္ကိုဆြ
ေနသေယာင္။ သည္ေလာက္ လွပေသာ ပန္း၏နာမည္
ကို ေရွာင္းက်န့္ သိခ်င္မိပါ၏။
"မသိဘူး...ဘာတဲ့လဲ..."
"Forget me not.. "
"နာမည္ေလးက လွသားပဲ။.."
ပန္း၏နာမည္မို့ ဘာမွေတြးမေနေတာ့ပဲ ဗိုလ္ဆန္လြန္း
လွေသာ ပန္းနာမည္ကို ေရွာင္းက်န့္ ခ်ီးက်ဴ းမိလိုက္ပါ၏။
"နာမည္ကဘာလို့ အဲ့နာမည္ျဖစ္ေနတာလဲ မသိခ်င္ဘူး
လား..."
ခါတိုင္း၌ ေရွာင္းက်န့္ သည္ေမးခြန္းကိုသူ့ဘက္မွစေမး
တတ္ေသာ္လည္း ယခုအခါ ရိေပၚ ကပန္း၏အဓိပၸာယ္
ကိုေျပာျပခ်င္ေသာ္လည္း ေမးမလာသျဖင့္ မိမိဘာသာ
ဖန္တီးယူရေတာ့၏။
"ဘာတဲ့လဲ?.."
အေျခအေနအတိုင္း ဂြင္ထဲက်လာသျဖင့္ ရိေပၚ
ေရွာင္းက်န့္နွင့္ အျကည့္ခ်င္းစံုရင္း....
"အရင္က...စစ္သူျကီးတစ္ေယာက္က သူ့ခ်စ္သူနဲ့
ျမစ္ကမ္းနံပါးမွာ လမ္းေလ်ွာက္ရင္းကမ္းေဘးမွာေပါက္
ေနတဲ့ ပန္းကိုေတြ့ေတာ့ သူ့ခ်စ္သူကိုေပးဖို့ သြားခူးတယ္
တဲ့...အဲ့ဒီမွာ စစ္ဝတ္တန္ဆာေျကာင့္ မထိန္းနိင္ပဲ
ျမစ္ထဲေမ်ာပါသြားတယ္။ ဒါေပမယ့္ သူခူးခဲ့တဲ့ ပန္းကို
ေတာ့ ကမ္းပါးထိေရာက္ေအာင္ ပစ္ေပးခဲ့ရင္း
"Forget me not"လို့ေျပာခဲ့တယ္..သူ့ခ်စ္သူကလည္း အဲ့ပန္းေလးကို ေသတဲ့အထိ ပန္ခဲ့တယ္တဲ့
.အဲ့တာေျကာင့္.ဒီပန္းရဲ့ နာမည္က Forget me not.. "
"အဲ့ေတာ့...."
"အမွတ္တရေတြကို သိမ္းထားေပးပါ လို့လဲ အဓိပၸာယ္
ရတယ္။..."
ဒ႑ာရီဆန္ဆန္ ပန္းပံုျပင္တစ္ခုကိုေျပာျပရင္း
ရိေပၚ က ေသးငယ္ေသာပန္းခိုင္တစ္ခုအား
ေရွာင္းက်န့္ ကိုပန္ဆင္ေပးလိုက္၏။
မိန္းကေလးမဟုတ္တဲ့ ေယာက်ာ္းပ်ိဳတစ္ေယာက္ကို
ပန္းပန္ဆင္ေပးတာမ်ိဳးမဟုတ္ပဲ ကုိယ္ခ်စ္ရတဲ့ လူသား
ကိုပန္ဆင္ေပးျခင္းျဖစ္၏။
က်န္ပန္းမ်ားကိုေတာ့ ကားေဘာင္ေပၚတင္ထားလိုက္
ကာ ေရွာင္းက်န့္၏ လက္ကိုလွမ္းကိုင္လိုက္၏။
"ေကာ...က်ြန္ေတာ္ကအဲ့ဒီစစ္သူျကီးလိုမ်ိဳး ျမစ္ကမ္းပါး
ထဲေခ်ာ္မက်ခဲ့သလို ေကာဆီကိုလည္း က်ြန္ေတာ္ ဒီပန္း
ကိုကုိယ္တိုင္ေပးနိုင္တယ္။ျပီးေတာ့ က်ြန္ေတာ္ရဲ့ ေကာ
ေပၚမွာထားတဲ့အခ်စ္က ဒီပန္းရဲ့အဓိပၸာယ္လို
က်ြန္ေတာ္ မရွိပဲ ေကာက္ုိ သတိရခိုင္းတာမဟုတ္ဘူး။
က်ြန္ေတာ္ကေကာေဘးမွာ တစ္သက္လံုးရွိေနေပးျပီး
ေကာက က်ြန္ေတာ္နဲ့အမွတ္တရေတြကို သတိရေပး
ဖို့။..."
ေရွာင္းက်န့္ ၏လက္သည္နဂိုထက္ပို တင္းျကပ္စြာ
ဆုပ္ကိုင္ခံရ၏။
"က်ြန္ေတာ္က...ေဂး မဟုတ္ဘူး။ ဒါေပမယ့္ ေကာက္ုိ
ခ်စ္တယ္။ ေရွာင္းက်န့္ ျဖစ္တဲ့ က်ြန္ေတာ္ ခ်စ္ရတဲ့
လူသားက ေယာက်ာ္းေလးျဖစ္ေနလို့ပဲ။..က်ြန္ေတာ္
ဒီ့အတြက္ ပြင့္လင္းနိုင္တယ္။ လူေတြဘာေတြေျပာျက
ပါေစ..က်ြန္ေတာ္ ဂရုစိုက္တာ ေကာတစ္ေယာက္ပဲ။."
ေျပာရင္းေျပာရင္း ရိေပၚ မ်က္ရည္ဝဲလာသည္ထင္ပါ့
ေရွာင္းက်န့္ကေတာ့ စကားတစ္လံုးခ်င္းစီတိုင္းကို
ေလးေလးနက္နက္နားေထာင္ရင္း ရိေပၚ ကိုသာ
ေျကာင္ေငးေန၏။
"ဒီအခိုက္အတန့္ေလးကိုေတာ့ အမွတ္ရေနေပးပါ။.."
လက္ကိုဆုပ္ကိုင္ထားတဲ့ လက္တစ္စံုဟာ ေျဖေလ်ာ့
သြားျပီး ေရွာင္းက်န့္ ၏ပါးကိုအုပ္ကိုင္ထား၏။
မ်က္နွာကို နီးကပ္စြာ ဆြဲယူရင္း ရိေပၚ လည္းတစ္ေျဖး
ေျဖးကပ္လာ၏။
မ်က္လံုးမွိတ္လိုက္တဲ့အခါ ေလတိုက္သံနွင့္ မိုးသံ
တစ္ေျဖာက္ေျဖာက္၊ ေမြွးပ်ံ့ေနတဲ့ ကားအတြင္းပန္းရနံ့
မ်ား၊ မ်က္နွာတစ္ေလ်ွာက္ ျဖတ္ေျပးေနတဲ့ ေႏြးေထြးတဲ့
ေလေငြ့ေတြ၊ေက်ာေပးထားတဲ့ ကားတံခါးဘက္က
မိုးစက္စင္မွုေျကာင့္ ေအးစက္ေနတဲ့ေက်ာပင္၊
ဒါေတြအားလံုးကို သတိရေစခ်င္တာလား
ရိေပၚ။
နွုတ္ခမ္းသားတို့ ထိကပ္သြားတဲ့အခါ အေစာက
အာရံုတို့သည္ ပတ္ဝန္းက်င္တြင္မရွိေတာ့ပဲ နွုတ္ခမ္း
ေပၚက အေတြ့အထိကိုသာ အာရံုေရာက္ရင္း
အိစက္နူးညံ့ေသာ နုွတ္ခမ္းသား၏ ပူေႏြးမွုကိုသာ
အာရံုစိုက္နိုင္ေတာ့၏။
မိုးေရတစ္ရြဲွရြဲွျဖစ္ေနေသာ ရိေပၚ ၏မ်က္နွာသည္
ေရွာင္းက်န့္ နွင့္နီးကပ္လာတိုင္း အေႏြးပိုေစ၏။
ဤအခိုက္အတန့္သည္ မည္သူမ်ွ မတားဆီးနိုင္ပဲ
ေရွာင္းက်န့္ နွင့္ ရိေပၚ နွစ္ဦးတည္းသာ မ်ွေဝခံစားနိုင္
ေသာခ်စ္ျခင္းတရား။
မိုးျခိမ္းသံတို့ေတာင္ ထိုသူနွစ္ဦးကိုအေနွာက္အယွက္
မေပးနိုင္ခဲ့။ အျကည့္နွုွင့္ခံစားျခင္းမဟုတ္ပဲ နွလံုးသား
နွင့္ခံစားသျဖင့္ မ်က္ဝန္းျကည္ျကည္တို့ကို မ်က္လြွာခ်ထား၏။
ကုိယ္ခ်င္းပါ ထိဆက္ပါက နွလံုးခံုသံခပ္ျမန္ျမန္ကို
ပင္ျကားနိုင္သည္အထိ ရင္တုန္ပန္းတုန္ ျဖစ္ခဲ့ရတဲ့
ရိေပၚရဲ့ စကား။ ရိေပၚရဲ့ အျကည့္။ ရိေပၚရဲ့ နွုတ္ခမ္း။
သူပန္ဆင္ေပးခဲ့တဲ့ ပန္းေလးက <Forget me not>
ဆိုေပမယ့္ သူေျပာတဲ့စကားသံေတြက ထားမသြားဖို့
သာဦးတည္ေနခဲ့၏။ ဖြင့္ဟဝန္ခံခ်က္တိုင္းက နွလံုးသား
ထဲမွ လာေသာ စည္းခ်က္အတိုင္း ျကိဳးဆြဲရာကသေယာင္ ျဖင့္ ဤလူသားတစ္ဦးဆီ ဦးတည္ေနခဲ့ေလသည္။
×××××××××××× TBC×××××××××××
Late update..(>︿<。)
(Zawgyi)
ဝသာန်ရာသီဖြစ်တာနှင့်အညီ ကောင်းကင်မှာမိုးတိမ်တွေထူထပ်စွာ ညို့မှိုင်းနေ၏။
ဒီနေ့ကား အပန်းဖြေအိမ်မှ (၃)ရက်မြောက်သဖြင့်
ကုမ္ပဏီသို့ခြေဆန့်ရန်နေ့ပင်ဖြစ်၏။
ဝမ်ရိပေါ် အိမ်တွင်းမှ ရှောင်းကျန့်၏အဝတ်အစားများနှင့်
မိခင်အတွက် မနက်က အဒေါ်ကြီးဝယ်ပေးထားခဲ့သော
သစ်သီးများ၊မုန့်များကိုကားနောက်ဖုံးအတွင်းသို့ထည့်
နေလေ၏။
လက်မောင်းနှစ်ဖက်ကိုပွတ်ကာ အပူပေးရင်း
ရှောင်းကျန့် အေးမြသောလေကိုမျက်နှာအပ်ကာ
တိတ်တစိတ်ခံစားနေမိ၏။
မိုးအကုန်နွေးအကူးဖြစ်သော လဖြစ်သဖြင့်
ရာသီဥတုသည် အို့မှိုင်းကာ ကုန်ဆုံးချိန်ထိ
မိုးရွာတော့မည်သဏ္ဍာန်ဖြင့်ဟန်ချီနေလေ၏။
သစ်ရွက်လေးတွေမှာလည်း လေယူရာလွှင့်ပါရင်း
ပန်းရနံ့သင်းသင်းလေးတွေဟာလည်း နေရာအနှံ့တွင်
သင်းပျံ့နေ၏။
လူဆိုသည်မှာလည်း ကောင်းသောအရသာ၊ကောင်းသောနေရာထိုင်ခင်း ၊ကောင်းသော အငွေ့အသက်တွေကိုခံစားမိသည်နှင့်အညီ မိမိ၏ မိသားစု (ဒါမှမဟုတ်)
မိတ်ဆွေသင်းပင်းကိုသတိရတတ်သည့်အတွေးလေး
ဝင်လာတတ်၏။
မိမိ၏မိခင်ကို သတိရကာ ရှောင်းကျန့် ပြုံးမိ၏။
-အမေ...ဒီလိုမျိုးနေရာမှာအမေပျော်ပျော်ရွှင်ရွှင်နေနိုင်
အောင်သားကြိုးစားမှာပါ။..-
စိတ်ကူးလေးနဲ့တင် အားတက်စေသောအမေကြောင့်
ရှောင်းကျန့် ပြုံးလိုက်ကာ အမေကိုသတိရနေမိ၏။
မိမိရှေ့က ကောင်လေးသည် ကားနောက်ဖုံးထဲသို့
ထည့်စရာရှိသည်များကိုထည့်ရင်းအလုပ်ရှုပ်နေ၏။
ရှောင်းကျန့် ကိုတော့ မကူခိုင်းရန်ပြောသေး၏။
ရှောင်းကျန့်မှာ ခြံပေါက်ဝမှာလေညှင်းခံရင်းနှင့်ပင်
ရိပေါ်ကိုလှမ်းကြည့်နေရ၏။ကားထဲဝင်ထိုင်လျှင်
ဤသို့သော် သာယာမှုသဘာဝ၏အလှတရားကို
အပြည့်အဝခံစားနိုင်မည်မဟုတ်ပေ။
အဒေါ်ကြီးကတော့ ပြန်သွားပြီဖြစ်သည်။
"ကျန့်ကော...ဘာကျန်သေးလဲ?.."
လေတိုက်သည်ကြောင့် ရိပေါ်ရဲ့ ဆံနွယ်လေးတွေဟာ
လေထဲတစ်လွှင့်လွှင့်။
မျက်လုံးကိုလေတိုးသည်ထင်ပါ့ မျက်ခုံးကိုလိုသည်
ထက်ပိုကြုံ့ထားသည်မှာလည်း ချစ်စရာကောင်းနေပြန်၏။
"ဟင့်အင်း..."
တကယ်တော့ အလာတုန်းကဘာမှမပါခဲ့ပေ။
ဒီအိမ်ရောက်ပြီး (၂)ရက်လောက်နေလိုက်မှ
ဒေသအတွင်း လှည့်လည်လိုက်ပို့တဲ့ ရိပေါ်လေးကြောင့်
ရှောင်းကျန့် မှာအိမ်အပြန်လက်ဆောင်ပစ္စည်းတွေမှ
မနည်းမနော။
ဒါ့အပြင် သားလိမ္မာလေးရိပေါ်ကလည်း ဘယ်သွားသွား သူ့မားမားအတွက်နှင့် ညီမတော်အတွက်ပါ လက်ဆောင် ပစ္စည်းဝယ်လာခဲ့လေ့ရှိသဖြင့် ကားအပြည့်ဖြစ်နေ၏။
"ကော....လာလို့ရပြီ။..."
ပစ္စည်းတွေထည့်ပြီး ဖြစ်တဲ့ရိပေါ်ဟာ ကားထွက်ရန်
အဆင်သင့်ဖြစ်နေ၏။ရှောင်းကျန့် လည်း partner
seat တွင်းဝင်ထိုင်လိုက်သောအခါ ကားလေးမှာ
တစ်လှိမ့်လှိမ့်ဖြင့်ထွက်ခွာသွား၏။
ရှောင်းကျန့်မှာ နှစ်ရက်လုံးလုံး ပတ်ဝန်းကျင်ကိုလေ့
လာခဲ့တာတောင် မဝနိုင်သေးဘူးဖြစ်နေ၏။
Car Back mirror မှ အိမ်ဖြူ လေးနှင့် ပတ်ဝန်းကျင်က
ပန်းလှလှ၊ အုံ့မှိုင်းသောသစ်ပင်လေးတွေကိုကြည့်ရင်း
တစ်ဆွေးဆွေးတစ်မြေ့မြေ့။
"ဝမ်ရိပေါ်...ကားမှန်ချပေးလို့ရမလား?"
"ဘာလိုလဲ...လေစိမ်းတွေဝင်လာလိမ့််မယ်။.."
ရှောင်းကျန့် မနက်လေး ပိုညိုးသွားကာ မှန်တစ်ထပ်
ခြားနေတဲ့ ပတ်ဝန်းကျင်အလှကို ပြန်ငေးမောနေလိုက်
၏။
အရင်ကလို အကြီးမလုပ်တော့တဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ်လည်း နေရခက်သွား၏။မိမိ၏ကား စီယာတိုင်ကို
လက်ဖြင့် ညစ်ကိုင်လိုက်ရင်း ဘေးဘက်က ရှောင်းကျန့်
ကိုလှမ်းကြည့်လိုက်၏။
ထင်ထားသည့်အတိုင်းပင် မှန်ကိုလက်ဖြင့် တို့ထိထိ
လုပ်နေသောလက်ချောင်းလေးကအားပျော့နေပြီး
နောက်ကျောလေးကိုကြည့်ရုံဖြင့် စိတ်မကောင်းဖြစ်
နေသည်မှာသိသာ၏။
-ကော..က ကလေးလုပ်နေတာ-
"ကော..."
"ဟင်?..."
ရှောင်းကျန့် ကမိမိဘက်သို့လှမ်းလှည့်လာသဖြင့်
ကားမှန်ကိုစိတ်ချစွာ ချလိုက်၏။
ရုတ်တရပ်ချလိုက်လျှင် ရှောင်းကျန့် ထိခိုက်သွားနိုင်
မည့်မို့ပင်။
ကားမှန်ချကာ အပြင်ဘက်မှအေးစိမ့်သောလေ
ကလေးများအတင်းတိုးဝွေ့ဝင်လာသည်ကို
ရှောင်းကျန့် ခံစားမိ၏။သို့သော် ကားမောင်းနေသော
သူတစ်ယောက်ထံကိုသာအကြည့်တို့ကရောက်နေသည်။
မိမိအား အမည်မဖော်လိုသော အကြည့်တွေဖြင့်
စိုက်ကြည့်နေသော ရှောင်းကျန့် ကြောင့် ရိပေါ်ကားကို
ဘေးကပ်ရပ်လိုက်ပြီး ရှောင်းကျန့် ဘက်သို့လှည့်လိုက်၏။
"ဘာဖြစ်တာလဲ...."
"ဘာမှမဟုတ်ပါဘူး...."
"အင်း...ဒီမှာ ခဏစောင့်...."
ရိပေါ်ကထိုသို့ပြောပြီးနောက် ကားအပြင်သို့ထွက်သွား
၏။ရှောင်းကျန့်ကတော့ အပြင်သို့မထွက်တော့ပဲ
ကားတွင်းမှနေ၍ လက်ကိုအပြင်ထုတ်ကာ လေညှင်းကို
ခံစားနေမိ၏။
*ပေါက်*
ရှောင်းကျန့်၏လက်ဖဝါးထက်၌ အေးစက်လှသော
အထိအတွေ့လေးက အရှိန်ပြင်းပြင်းနှင့် ပြန့်လွင့်သွား၏။
"အာ....မိုးရွာလာပြီပဲ။..."
ခံစားချက်ကတစ်မျိုးတစ်ဖုံပြောင်းလဲသွား၏။
လေထု၏လေအားသည် သိသိသာသာ ပြင်းထန်လာ
သယောင်ပြီးနောက် မိုးစက်တို့သည်လည်း ပိုမိုများပြား
စွာ ကျလာ၏။ ဝသာန်ရာသီကို ဦးတည်လာသည့်
ဒီအခြေအနေကို ရှောင်းကျန့် သဘောကျမိ၏။
အေးစက်ပြီး လူကို လွမ်းစေမိ၏။
အုံမှိုင်းနေသော အာကာယံ ကြောင့်လည်း ပတ်ဝန်းကျင်
သည် မနက်နှင့်ညနေခင်းမှားနေသလိုရှိ၏။
ပတ်ဝန်းကျင်တွင် သစ်ရွက်တို့ယိမ်းနွဲ့သံကစ၍
စိတ်ဝင်စားဖို့ကောင်းနေ၏။
မိမိ၏မျက်နှာနုနုကို ရှေ့တိုးကာ မျက်လုံးမှတ်ခံစားမိ
လိုက်တော့ အေးစက်မှုနှင့် ပန်းရနံ့ကို ခံစားမိ၏။
မျက်နှာထက် မိုးပေါက်တို့က တစ်စတစ်စ ကျလာသည်
မှာ သဘောကျစရာအတိ။
"ကော..."
"အင်...."
ကားတံခါးပိတ်သံနှင့်အတူ ရိပေါ် ၏ခေါ်သံကိုတစ်ဆက်တည်းကြားလိုက်ရသဖြင့် ရှောင်းကျန့် ထူးရင်း
လှည့်လာ၏။
ရေစက်တို့ဖြင့်စီခြယ်ထားသော သူ၏မျက်နှာကို
မြင်ပြီးနောက် သူ၏လက်သို့မျက်လုံးက စိတ်မခိုင်းစေပဲ
အကြည့်တို့ကတန်းရောက်သွား၏။
လက်အတွင်း အပြာရောင် ပန်းတစ်အုံ။
သေသေသပ်သပ် စည်းထားခြင်းမဟုတ်ပဲ
လက်ဖြင့် ချိုးခူးလာသကဲ့သို့ လတ်ဆတ်လှ၏။
ပန်းပွင့်တို့က သေးငယ်စွာ လှပ၏။
အနံ့ခပ်သင်းသင်းကလည်း ရာသီဥတုနှင့်လိုက်ဖက်
လွန်းလှ၏။
ပန်းတစ်ပွင့်ဟုဆိုပါလျှင် ပင်စည်ခိုင်ခိုင်နှင့်
အပွင့်ကြီးကြီးဆိုသည်မှာ ယေဘူယျမြင်နေကျသကဲ့
သို့ပင်။ သို့သော် ဤပန်းလေးသည် နွယ်ပင်သကဲ့သို့
(သို့သော်)နွယ်ပင်လည်းမဟုတ်ပြန်။
သို့ပေသိ ပန်းတို့၏သဘောအတိုင်း စိတ်ချမ်းသာစေ
သည်မှာအမှန်ပင်။
ထိုပန်းဆုပ်ကိုလက်တွင်းမှကိုင်ကာ
ရှောင်းကျန့်ဆီပေးပုံရသောရိပေါ်သည် သူကိုယ်တိုင်
ခူးလာသည့်ပုံစံပင်။
"ဒါက..."
"ဒီနားမှာပဲ ပေါက်လို့ ခူးလာပေးတာ..."
ရိပေါ် ၏တစ်ကိုယ်လုံးမှာ မိုးရေကြောင့် အနည်းငယ်
စိုနေသည်ကို ရှောင်းကျန့် တွေ့ရသဖြင့် သူခူးလာပေး
သည်ကိုသိ၏။ သို့သော် လိုချင်တယ်ဟု မပြောမိပါလေ။
"ဒါမယ့်...လိုချင်တယ်လို့လဲ......"
"ဒီပန်းနာမည်ဘာလဲသိလား....ကော..."
ရိုးရိုးပန်းမဟုတ်တာတော့ သိသာ၏။ သေးငယ်သော
ပွင့်ဖတ်လေးတွေက ရှောင်းကျန့် ၏အသိစိတ်ကိုဆွ
နေသယောင်။ သည်လောက် လှပသော ပန်း၏နာမည်
ကို ရှောင်းကျန့် သိချင်မိပါ၏။
"မသိဘူး...ဘာတဲ့လဲ..."
"Forget me not.. "
"နာမည်လေးက လှသားပဲ။.."
ပန်း၏နာမည်မို့ ဘာမှတွေးမနေတော့ပဲ ဗိုလ်ဆန်လွန်း
လှသော ပန်းနာမည်ကို ရှောင်းကျန့် ချီးကျူ းမိလိုက်ပါ၏။
"နာမည်ကဘာလို့ အဲ့နာမည်ဖြစ်နေတာလဲ မသိချင်ဘူး
လား..."
ခါတိုင်း၌ ရှောင်းကျန့် သည်မေးခွန်းကိုသူ့ဘက်မှစမေး
တတ်သော်လည်း ယခုအခါ ရိပေါ် ကပန်း၏အဓိပ္ပာယ်
ကိုပြောပြချင်သော်လည်း မေးမလာသဖြင့် မိမိဘာသာ
ဖန်တီးယူရတော့၏။
"ဘာတဲ့လဲ?.."
အခြေအနေအတိုင်း ဂွင်ထဲကျလာသဖြင့် ရိပေါ်
ရှောင်းကျန့်နှင့် အကြည့်ချင်းစုံရင်း....
"အရင်က...စစ်သူကြီးတစ်ယောက်က သူ့ချစ်သူနဲ့
မြစ်ကမ်းနံပါးမှာ လမ်းလျှောက်ရင်းကမ်းဘေးမှာပေါက်
နေတဲ့ ပန်းကိုတွေ့တော့ သူ့ချစ်သူကိုပေးဖို့ သွားခူးတယ်
တဲ့...အဲ့ဒီမှာ စစ်ဝတ်တန်ဆာကြောင့် မထိန်းနိင်ပဲ
မြစ်ထဲမျောပါသွားတယ်။ ဒါပေမယ့် သူခူးခဲ့တဲ့ ပန်းကို
တော့ ကမ်းပါးထိရောက်အောင် ပစ်ပေးခဲ့ရင်း
"Forget me not"လို့ပြောခဲ့တယ်..သူ့ချစ်သူကလည်း အဲ့ပန်းလေးကို သေတဲ့အထိ ပန်ခဲ့တယ်တဲ့
.အဲ့တာကြောင့်.ဒီပန်းရဲ့ နာမည်က Forget me not.. "
"အဲ့တော့...."
"အမှတ်တရတွေကို သိမ်းထားပေးပါ လို့လဲ အဓိပ္ပာယ်
ရတယ်။..."
ဒဏ္ဍာရီဆန်ဆန် ပန်းပုံပြင်တစ်ခုကိုပြောပြရင်း
ရိပေါ် က သေးငယ်သောပန်းခိုင်တစ်ခုအား
ရှောင်းကျန့် ကိုပန်ဆင်ပေးလိုက်၏။
မိန်းကလေးမဟုတ်တဲ့ ယောကျာ်းပျိုတစ်ယောက်ကို
ပန်းပန်ဆင်ပေးတာမျိုးမဟုတ်ပဲ ကိုယ်ချစ်ရတဲ့ လူသား
ကိုပန်ဆင်ပေးခြင်းဖြစ်၏။
ကျန်ပန်းများကိုတော့ ကားဘောင်ပေါ်တင်ထားလိုက်
ကာ ရှောင်းကျန့်၏ လက်ကိုလှမ်းကိုင်လိုက်၏။
"ကော...ကျွန်တော်ကအဲ့ဒီစစ်သူကြီးလိုမျိုး မြစ်ကမ်းပါး
ထဲချော်မကျခဲ့သလို ကောဆီကိုလည်း ကျွန်တော် ဒီပန်း
ကိုကိုယ်တိုင်ပေးနိုင်တယ်။ပြီးတော့ ကျွန်တော်ရဲ့ ကော
ပေါ်မှာထားတဲ့အချစ်က ဒီပန်းရဲ့အဓိပ္ပာယ်လို
ကျွန်တော် မရှိပဲ ကောကို သတိရခိုင်းတာမဟုတ်ဘူး။
ကျွန်တော်ကကောဘေးမှာ တစ်သက်လုံးရှိနေပေးပြီး
ကောက ကျွန်တော်နဲ့အမှတ်တရတွေကို သတိရပေး
ဖို့။..."
ရှောင်းကျန့် ၏လက်သည်နဂိုထက်ပို တင်းကြပ်စွာ
ဆုပ်ကိုင်ခံရ၏။
"ကျွန်တော်က...ဂေး မဟုတ်ဘူး။ ဒါပေမယ့် ကောကို
ချစ်တယ်။ ရှောင်းကျန့် ဖြစ်တဲ့ ကျွန်တော် ချစ်ရတဲ့
လူသားက ယောကျာ်းလေးဖြစ်နေလို့ပဲ။..ကျွန်တော်
ဒီ့အတွက် ပွင့်လင်းနိုင်တယ်။ လူတွေဘာတွေပြောကြ
ပါစေ..ကျွန်တော် ဂရုစိုက်တာ ကောတစ်ယောက်ပဲ။.."
ပြောရင်းပြောရင်း ရိပေါ် မျက်ရည်ဝဲလာသည်ထင်ပါ့
ရှောင်းကျန့်ကတော့ စကားတစ်လုံးချင်းစီတိုင်းကို
လေးလေးနက်နက်နားထောင်ရင်း ရိပေါ် ကိုသာ
ကြောင်ငေးနေ၏။
"ဒီအခိုက်အတန့်လေးကိုတော့ အမှတ်ရနေပေးပါ။.."
လက်ကိုဆုပ်ကိုင်ထားတဲ့ လက်တစ်စုံဟာ ဖြေလျော့
သွားပြီး ရှောင်းကျန့် ၏ပါးကိုအုပ်ကိုင်ထား၏။
မျက်နှာကို နီးကပ်စွာ ဆွဲယူရင်း ရိပေါ် လည်းတစ်ဖြေး
ဖြေးကပ်လာ၏။
မျက်လုံးမှိတ်လိုက်တဲ့အခါ လေတိုက်သံနှင့် မိုးသံ
တစ်ဖြောက်ဖြောက်၊ မွှေးပျံ့နေတဲ့ ကားအတွင်းပန်းရနံ့
များ၊ မျက်နှာတစ်လျှောက် ဖြတ်ပြေးနေတဲ့ နွေးထွေးတဲ့
လေငွေ့တွေ၊ကျောပေးထားတဲ့ ကားတံခါးဘက်က
မိုးစက်စင်မှုကြောင့် အေးစက်နေတဲ့ကျောပင်၊
ဒါတွေအားလုံးကို သတိရစေချင်တာလား
ရိပေါ်။
နှုတ်ခမ်းသားတို့ ထိကပ်သွားတဲ့အခါ အစောက
အာရုံတို့သည် ပတ်ဝန်းကျင်တွင်မရှိတော့ပဲ နှုတ်ခမ်း
ပေါ်က အတွေ့အထိကိုသာ အာရုံရောက်ရင်း
အိစက်နူးညံ့သော နုှတ်ခမ်းသား၏ ပူနွေးမှုကိုသာ
အာရုံစိုက်နိုင်တော့၏။
မိုးရေတစ်ရွဲှရွဲှဖြစ်နေသော ရိပေါ် ၏မျက်နှာသည်
ရှောင်းကျန့် နှင့်နီးကပ်လာတိုင်း အနွေးပိုစေ၏။
ဤအခိုက်အတန့်သည် မည်သူမျှ မတားဆီးနိုင်ပဲ
ရှောင်းကျန့် နှင့် ရိပေါ် နှစ်ဦးတည်းသာ မျှဝေခံစားနိုင်
သောချစ်ခြင်းတရား။
မိုးခြိမ်းသံတို့တောင် ထိုသူနှစ်ဦးကိုအနှောက်အယှက်
မပေးနိုင်ခဲ့။ အကြည့်နှုှင့်ခံစားခြင်းမဟုတ်ပဲ နှလုံးသား
နှင့်ခံစားသဖြင့် မျက်ဝန်းကြည်ကြည်တို့ကို မျက်လွှာချထား၏။
ကိုယ်ချင်းပါ ထိဆက်ပါက နှလုံးခုံသံခပ်မြန်မြန်ကို
ပင်ကြားနိုင်သည်အထိ ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရတဲ့
ရိပေါ်ရဲ့ စကား။ ရိပေါ်ရဲ့ အကြည့်။ ရိပေါ်ရဲ့ နှုတ်ခမ်း။
သူပန်ဆင်ပေးခဲ့တဲ့ ပန်းလေးက <Forget me not>
ဆိုပေမယ့် သူပြောတဲ့စကားသံတွေက ထားမသွားဖို့
သာဦးတည်နေခဲ့၏။ ဖွင့်ဟဝန်ခံချက်တိုင်းက နှလုံးသား
ထဲမှ လာသော စည်းချက်အတိုင်း ကြိုးဆွဲရာကသယောင် ဖြင့် ဤလူသားတစ်ဦးဆီ ဦးတည်နေခဲ့လေသည်။
×××××××××××× TBC×××××××××××
Late update..(>︿<。)
Bạn đang đọc truyện trên: AzTruyen.Top