-16-
(Zawgyi)
"အေဒၚျကီး..."
"အင်း....ခရီးပန်းလာလို့။..."
လုပ်နေတာလဲ...ဒီလာခဲ့။..."
ပိုအားစိုက်လာ၏။
ကြည့်နေ၏။
ပွစိပွစိဖြင့်။
လက်ကိုလွှတ်ပေးကာ။
"အာ...မဟုတ်တာ။...အဆင်ပြေပါတယ်။.."
အနေမတတ်တော့ပေ။
သင့်တယ်မဟုတ်လား။"
မှိုင်တွေသွားပြီး
"အဲ့တာက အမေလွှတ်လိုက်တဲ့ အိမ်အကုအဒေါ်ကြီး။
ထိခိုက်မှစိုးလို့ပါ။....ပြီးတော့....အဒေါ်ကြီးက
အန္တရာယ်များတဲ့ လူပဲ။
"တစ်ပတ်လောက်နားမလား။.."
"အင်?...အာ..."
"နှစ်ရက်လောက်ပဲဆို။...ပြီးတော့
မဟုတ်လား။..."
"အင်း..."
"ဘာလို့လဲ?.."
"သေချာပေါက်ပဲပေါ့။.."
"အာ..."
ပန်းရောင်သန်းတဲ့ လှိုင်းလေးတွေတွန့်လူးသွား၏။.
စမ်း။
အဖက်ဖက်က အတွေးပေါင်းများစွာနဲ့တွေးနေတဲ့
ကြည့်ချိန်ရှိလာ၏။
လန့်ဖြင့် တားကာ
"ဘာ...ဘာ...လုပ်မလို့လဲ?.."
"ပါးမှာ....ဖုန်တွေ....."
"ဘာကိုလဲ..."
"Ok... ကောင်းကောင်းချိုး...အကျီင်္ရွေးပေးထားမယ်။.."
"ငပေါလေး ကျန့်ကော......"
ရေချိုးခန်းထဲက ရှောင်းကျန့်ကတော့ ပါးတွေနီရဲနေတဲ့
                  ×××××××××××××××××
"ဟူးးးးးး........."
အကျီင်္ထုတ်ကိုတွေ့သဖြင့် ထုတ်ကြည့်လိုက်တော့
ခေါက်မှ သတိဝင်လာ၏။
မျက်နှာလှည့်လာ၏။
သိတာလဲ။..."
ရှောင်းကျန့်ကမိမိအကျီင်္တွေကိုကိုင်နေရင်းမှ လှမ်မေး
တော့ ရိပေါ်လည်း
"ဝမ်!.......
ကာ အသံမြင့်သွား၏။
ကျန့်ကောအတွက်အကျီင်္တောင် မြို့ပြင်နားက ဆိုင်မှာ
ဝယ်လိုက်ရတာ။..."
ရိပေါ်စကားအပြီးရှောင်းကျန့်မှာ မှိုင်တွေသွားသည်မှာ
သိသာ၏။
ငွေထည့်ရင်းနဲ့။.."
လွှဲပေးလိုက်မယ်။.."
"ကျွန်တော်ပေးမှာ။....."
"Ok?.. "
ရုံ ကလွဲလို့။
"ဘာလဲ။ မယုံသေးတာလား။ ကျန့်ကော အမေကို
လက်ထည့်ကာ
ွသွား၏။
"ကျေးဇူးတင်ပါတယ်။..."
"ဖက်တာမရိုးဘူးလား။...."
"အင်?..."
××××××××××××××××TBC×××××××××××××××××
Happy Luhan Day 😘🎉🎉
우리 루한오빠  생일죽하한다!!!...
အားဆေးလေးတွေပေးကြပါ။
😭😭😭😭
(Uincode)
"အဒေါ်ကြီး..."
ရိပေါ်က သူ့ကိုကျောပေးပြီး အလုပ်ရှုပ်နေဆဲဖြစ်တဲ့
အဒေါ်ကြီးကိုလှမ်းခေါ်တော့ သူမက အနောက်သို့
လှည့်လာပြီး ၉၀° ခါးကိုင်းကာ
"သခင်လေး...ဒီနေ့အိပ်ရာထတာနောက်ကျတယ်နော်။.."
"အင်း....ခရီးပန်းလာလို့။..."
"အယ်...ဟိုကောင်လေး...သခင်လေးနောက်ဘာ
လုပ်နေတာလဲ...ဒီလာခဲ့။..."
ရိပေါ်၏ပုခုံးကိုကိုင်ကာ ကွယ်ပုန်းနေတဲ့ ရှောင်းကျန့်
ဟာ အဒေါ်ကြီးခေါ်သံကြောင့် ခေါင်းလေးပိုငုံ့သွားပြီး
ပုခုံးကိုဆုပ်ကိုင်ထားတဲ့လက်ကလေးသည်လည်း
ပိုအားစိုက်လာ၏။
"အဒေါ်ကြီး....သူ့ကိုတော့ အပေါ်ထပ်က အခန်းတွေ
ကိုသန့်ရှင်းရေးလုပ်ဖို့ ခေါ်ထားတာမို့ အိမ်အောက်ထပ်
ကကိစ္စတွေကို အဒေါ်ကြီးပဲလုပ်လိုက်ပါ။..."
ရိပေါ်စကားကြောင့် ရှောင်းကျန့်မှာ ပုခုံးပိုင်ရှင်ကို
အံ့သြသော မျက်လုံးတွေဖြင့် အနောက်ဘက်မှ
ကြည့်နေ၏။
သူဟာ ဒီအိမ်ကို အပန်းဖြေရန်လာခြင်းဖြစ်၏။
အပေါ်ထပ်သန့်ရှင်းရေးလုပ်ရန် လာခြင်းမဟုတ်ပါလေ။
မဟုတ်ပါဘူး။ နို့မို့လည်း ဒီနေ့ ဒီသကောင့်နာစားလေး
မနိုးခင်အထိ ခါးကျိုးအောင်လုပ်ထားလိုက်ရတာ။
ခန္ဓာကိုယ်လည်းပင်ပန်းတယ် လူလည်း အနမ်းခံရသေး
တယ်။ ဘယ်လိုတောင် အပန်းဖြေနေရာလဲဒါက!!!
"သခင်လေးကအရင်အတိုင်းပဲ တိကျလိုက်တာ။.."
အဒေါ်ကြီး၏အနှစ်မပါသောချီးမွှမ်းစကားတွေဖြင့်
ချီမွှမ်းအပြီးရိပေါ်သည် မိမိအနောက်က ရှောင်းကျန့်၏ လက်ကိုဆွဲကာ အပေါ်ထပ်သိုပြန်တက်သွား၏။
"အစေခံရဲ့လက်ကို သခင်လေးကဆွဲသွားတာလား။
ခုခေတ်ကလေးတွေကတော့ ဟမ်းးး...အဆင့်အတန်း
ဆိုတာလည်းရှိသင့်တယ်။ အလိုလိုက်လွန်းလို့ အိမ်ဦး
ခန်းထိချီးတက်ပါတဲ့ ကျွန်တွေမှအများကြီး..ဟမ်းး"
အဒေါ်ကြီးက သူလုပ်စရာရှိတာကို ဆက်လုပ်ရင်း
ပွစိပွစိဖြင့်။
အပေါ်ထပ်သို့ ခြေလှမ်းကျဲ များဖြင့်တက်သွားသော
ရိပေါ်သည် အခန်းပေါက်ရောက်မှ ရှောင်းကျန့်၏
လက်ကိုလွှတ်ပေးကာ။
"တောင်းပန်ပါတယ်....ကျန့်ကော....ဒီနေ့တော့..
အပေါ်ထပ်မှာပဲနေလိုက်ဦး။ မနက်ဖြန် အဒေါ်ကြီး
ကို အလုပ်ဖြုတ်လိုက်ပါ့မယ်။..."
"အာ...မဟုတ်တာ။...အဆင်ပြေပါတယ်။.."
အားနာသလိုလိုဟန်ဖြင့်ပြောလာပြီး ခေါင်းကုတ်
လည်ပင်းကုတ်လုပ်နေတဲ့ရှောင်းကျန့်ဟာ တကယ်ပင်
အနေမတတ်တော့ပေ။
"တကယ်တော့...ဘာမှမဖြစ်ပါဘူး။ အဒေါ်ကြီးကလည်း
သူ့အလုပ်သူလုပ်တာပဲလေ။..ပြီးတော့ ဒါက ငါ့အမှား
ပါ။ မပြောပဲနဲ့ ခိုင်းသမျှကြိတ်လုပ်နေတာ။....
မင်းပြောတာလည်းမှန်ပါတယ် သူများ နားနေအိမ်ထိ
အလကားလိုက်လာပြီးမှတော့ တစ်ခုခုတော့လုပ်ပေး
သင့်တယ်မဟုတ်လား။"
ရှောင်းကျန့်စကားကြောင့် ရိပေါ်မှာအနည်းငယ်
မှိုင်တွေသွားပြီး
"အဲ့တာက အမေလွှတ်လိုက်တဲ့ အိမ်အကုူအဒေါ်ကြီး။
ဒီအိမ်မှာ အပန်းဖြေတိုင်း အဲ့အဒေါ်ကြီးကို အိမ်လွှတ်
တာ အမြဲတမ်းပဲ။ အဲ့တာကြောင့် ကျန့်ကောသာ..
ဒီမှာ ရှိသွားတာ အမေသိသွားရင်....ကျန့်ကော
ထိခိုက်မှစိုးလို့ပါ။....ပြီးတော့....အဒေါ်ကြီးက
ပါးစပ်ဖွာတယ်...ကျန့်ကော အကြောင်းတွေ လျှောက်
ပြောနေမှာလည်းဆိုးတယ်။ ကျွန်တော်ပြောတာနားလည်တယ်မဟုတ်လား။..."
"ဝါး...စကားအများပြောပေးနေတာပဲ။.."
ရှောင်ကျန့်သည် မိမိစကားပြောတာကိုနားမထောင်
ပဲစကားများသည်ကိုသာဂရုစိုက်သဖြင့် ရီပေါ်
ရုပ်တရက် တံတွေးနင်သဖြင့် ချောင်းဟန့်လိုက်၏။
"မနောက်ပါနဲ့။...ကျွန်တော်က အတည်ပြောနေတာ။
ကျွန်တော် ဒီကိုခေါ်လာတာက ကျန့်ကောကို နားစေ
ချင်လို့..ခိုင်းချင်လို့မဟုတ်ဘူး။.."
ဂရုတစိုက်နှင့်ပြောပေးနေသော ရိပေါ်ကြောင့် ရှောင်းကျန့် အလိုလိုနေရင်း ပြုံးမိလာ၏။
အားရိုး ဒီလိုတော့လည်းဘယ်ဆိုးလို့လဲ။
အမျိုးကောင်းသားလေးပါပဲ။ ခွင့်ပြုချက်မပါပဲလူကို
ဟိုကိုင်ဒီထိ လုပ်တာကလွဲလို့။ ပြစ်ချက်ကင်းတဲ့
ဖြူ ဖြူ စင်စင်ကောင်လေးကျနေတာပဲ။
မမြင်ဖူးသော ရိပေါ်၏ဝတ်စားဆင်ယင်ပုံကိုလည်း
ဒီနေ့မြင်တွေ့လိုက်ရ၏။ သာမာန်ကောင်လေးသကဲ့သို့
ပင်။ ဒီလို အသက်အရွယ်လေးနှင့် ကုမ္ပဏီကိုကောင်း
ကောင်းဦးစီးနိုင်နေပြီ။တော်လိုက်တဲ့ ကလေး။
ဟုချီးကျူးရင်းပင် ရိပေါ်၏ ချောမောမှုတွေထဲ စာစီနေမိ၏။
မျက်လုံးက စွန်ရဲတစ်ကောင်လိုပဲ မျက်ရစ်မမြင်ရပေ
မယ့် ညို့ဓာတ်အားပြင်းတယ်။
မိန်းကလေးတွေကြွေသွားစေနိုင်မယ့် ချောက်လိုပဲ။
နှာခေါင်းကလည်း မဟာနှာခေါင်းပင်။လူတိုင်းမှာမရှိ
နိုင်တဲ့နှာခေါင်မျိုး။ နှုတ်ခမ်း သားတို့က ဖူးပြည့်ပြည့်
ဖြင့် ဆွဲဆောင်မှုတစ်မျိုးရှိနေပြန်သည်။
အရပ်အမောင်း ၊အသားအရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်း
ပုံတွေကအစ လုံးဝပြစ်ချက်ကင်းမဲ့တယ်။
ဒါ့အပြင်ယောကျာ်းပီသသော လည်ဇလုပ်က ရှောင်းကျန့်ကိုတံတွေးမြို ချစေသည်။
အန္တရာယ်များတဲ့ လူပဲ။
"တစ်ပတ်လောက်နားမလား။.."
"အင်?...အာ..."
ရိပေါ်၏အမေးကြောင့် ရှောင်းကျန့်တွေးလက်စအ
တွေးတွေတောင် လွင့်စင်ကွယ်ပျောက်ကုန်၏။
"နှစ်ရက်လောက်ပဲဆို။...ပြီးတော့
မနေ့ညက....အမလျန်ဟောင်နဲ့ စကားပြောနေတာ
မဟုတ်လား။..."
"အင်း..."
ရီပေါ်ဟာ မိမိအဖြေကိုကြားပြီး ခေါင်းတညိမ့်ညိမ့်ဖြစ်
နေသော ရှောင်ကျန့်ကို ပြန်မေးလိုက်၏။
"ဘာလို့လဲ?.."
"သူ...ပြန်လာဖို့ပြောတာမဟုတ်လား။
ဟို...ခိုးနားထောင်နေတာမဟုတ်ပါဘူး။ ဒီအတိုင်း
တစ်စွန်းတစ်စ ကြားလိုက်လို့။...."
"မနေ့ညက..လျန်ဟောင် ဖုန်းဆက်တာ ကျွန်တော်
ဘယ်မှာရှိနေလဲဆိုတာ သိချင်လို့ပါ။ ပြီးတော့
အိမ်ပြန်ခိုင်းဖို့..သူက အမေ့အိမ်မှာရှိနေတာ..အဲ့တာ
ကြောင့်...။.ကျွန်တော်ကတစ်ခြားတစ်ယောက် နဲအတူရှိနေတာကို သူမသိသွားတယ်။
ပြီးတော့ ကျွန်တော် ဖုန်းချလိုက်တယ်။..."
"တစ်ခြား တစ်ယောက်ဆိုတာ...ငါ...ငါလား..."
"သေချာပေါက်ပဲပေါ့။.."
"အာ..."
ကြိုတင်သိထားသော်လည်း လျှာရှည်မေးလိုက်မိသေး
သည်။ ပြီးနောက် သိသွားပြန်တော့လည်း ရှက်နေမိ
သေး၏။ ဘာအကြောင်းအရာမှမပါပါပဲနှင့်ပါးတွေမှာ
ပန်းရောင်သန်းတဲ့ လှိူင်းလေးတွေတွန့်လူးသွား၏။.
"အဲ့လောက်ကြီးလည်း ရှင်းပြစရာမလိုပါဘူး။
ဒီအတိုင်း မေးလိုက်တာပါ။..."
"ကျန့်ကောမေးတာပဲ...ကျွန်တော် ဘာလို့မဖြေရမှာလဲ။.."
ဒီလိုစကားဟာ ကျန့်ကောကကျွန်တော့ အတွက်
အရေးပါဆုံး လို့ပြောတာနဲ့မကွာဘူးမဟုတ်လား။
ငါက....မဟုတ်ဘူး....မဟုတ်လောက်ပါဘူး။..
ဖြစ်စရာလား..ငါက...ရိပေါ်က အဖြောင့်ရုပ်ကြီးပါ။
မဖြောင့်ရင်ကော....ထွက်ထွက် အကြုံယုတ်တွေထွက်
စမ်း။
ရိပေါ်ကပြောလိုက်တာကတစ်ခွန်းတည်း။
အဖက်ဖက်က အတွေးေပေါင်းများစွာနဲ့တွေးနေတဲ့
ရှောင်းကျန့်ဟာ ရှက်သွေးဖြာနေ၏။
တစ်ခုခုတော့မှားနေပြီ။ အလုပ်တွေများလုပ်လို့
နေမကောင်းဖြစ်နေတာများလား။ ပါးတွေပူလိုက်တာ။
နားရွက်တွေကောပဲ။ ဒီအိမ်ရောက်ကတည်းက မူမမှန်
တော့ဘူး။ ဟုတ်တယ် ပေကျင်းရောက်ရင် ဆေးရုံ
သွားပြရတော့မယ်။ ရှောင်းကျန့် မင်းတော့....အင်း..
ရူးနေပြီ။...
တိတ်ဆိတ်သွားတဲ့စကားပြောမှုတွေကြောင့်
ရိပေါ်သည် ရှောင်းကျန့်၏ မျက်နှာကို အသေးစိတ်
ကြည့်ချိန်ရှိလာ၏။
ပါးပေါ်ရှိ အပန်းရောင် လှိုင်းလေးတွေ၏အပေါ်ဝယ်
ဖုန်မှုန်လေးတွေဟာ ကပ်တွဲကာ နေရာကွက်၍
အမဲကွက်လေးများဖြစ်နေ၏။ သို့သော် ကျန့်ကော
၏လှပမှုကို နည်းနည်းလေးတောင်မထိခိုက်သွားပါလေ။ သူကရှက်နေတာ နားရွက်လေးတွေတောင်နီလို့။
ရိပေါ် မိမိလက်ဖြင့် ရှောင်းကျန့်၏ပါးကို ကိုင်ရန်
မြှောက်လာတော့ ရှောင်းကျန့်ကအလန့်တကြား
လန့်ဖြင့် တားကာ
"ဘာ...ဘာ...လုပ်မလို့လဲ?.."
"ပါးမှာ....ဖုန်တွေ....."
ထိုမှ ရီပေါ်၏လက်ကိုလွှတ်ပေးကာ ထစ်အအဖြင့်
"ဘာပဲဖြစ်ဖြစ်...ခွင့်...ခွင့်တောင်းသင့်တယ်လေ..."
"ဘာကိုလဲ..."
"ဒီလို သူများ အသားကိုလည်း ကိုင်သေးတယ်။
ခွင့်မတောင်းပဲ ဘယ်ရမလဲ..."
ကလေးကလား လာလုပ်နေတဲ့ရှောင်ကျန့်ကြောင်
ရီပေါ်မှာ ခပ်ဟဟ ရယ်လိုက်ရင်း
"ပါးမှာ ဖုန်ပေနေလို့ဖယ်ပေးလို့ရမလားဗျ..."
မိမိစကားကိုနောက်သလိုလိုလုပ်လာတဲ့ ရီပေါ်ကို
ဂျိုကြည့်ကြည့်လိုက်ရင်း
"မလိုပါဘူး....ရေသွားချိုးတော့မယ်...."
"Ok... ကောင်းကောင်းချိုး...အကျီၤရွေးပေးထားမယ်။.."
ပြောပြီးပြီမို့ ရေချိုးရန် ဝင်သွားတော့ ဟိုခလုတ်တိုက်
ဒီခလုတ်တိုက်နဲ့..တစ်ခါတိုက် နောက်လှည့်ကြည့်လိုက်ရယ်ပြလိုက် တိုက်တဲ့ပစ္စည်းတွေကို ရန်ရှာလိုက်နဲ့
နောက်ဆုံးတော့ ရေချိုးခန်းထဲ ရောက်သွားလေသည်။
"ငပေါလေး ကျန့်ကော......"
ရိပေါ်လည်း စိတ်ချသွားပြီမို့ အိမ်အောကိထပ်ဆင်းကာ
အဒေါ်ကြီးပြင်ထားတဲ့ မနက်စာကို စားပြီးနောက်
ကျန့်ကောအတွက် အဝတ်အစားကို သွားဝယ်၏။
ရေချိူးခန်းထဲက ရှောင်းကျန့်ကတော့ ပါးတွေနီရဲနေတဲ့
သူ့ကိုယ်သူ ခပ်နာနာလေး ချရင်း ရေဖြင့် အကြိမ်အခါ
ပေါင်းများစွာ သစ်နေတော့၏။
                  ×××××××××××××××××
"ဟူးးးးးး........."
လေပူတွေကိုမှုတ်ထုတ်ရင်း ခေါင်းသုတ်လျှက် ရေချိုးခန်းထဲမှ ရှောင်းကျန့်ထွက်လာ၏။
ကုတင်ပေါ်ဝယ် အသင့်ချထားသော အသစ်စက်စက်
အကျီၤထုတ်ကိုတွေ့သဖြင့် ထုတ်ကြည့်လိုက်တော့
မိမိအကြိုက် style ဖြစ်သဖြင့်
တဝါးဝါးဖြင့်သဘောခွေနေလေ၏။
အဝတ်ဝတ်ပြီး သည်အထိ မှန်ရှေ့မှ မိမိကိုယ်ကို
ကြည့်မဝဖြစ်နေတဲ့ ရှောင်းကျန့်ဟာ ရီပေါ် တံခါးလာ
ခေါက်မှ သတိဝင်လာ၏။
တံခါးဘေးကိုရပ်ကာ ရှောင်းကျန့်မှန်ကြည့်နေတာကို
အဆက်မပြတ်စောင့်ကြည့်နေတဲ့ ရိပေါ်ဟာ
အတော်ပင်ကြာနေပြီမို့ တံခါးကိုလှမ်းခေါက်လိုက်၏။
ထိုမှ သဘောခွေနေတဲ့ကောင်လေးဟာသူ့ဘက်
မျက်နှာလှည့်လာ၏။
"ဘယ်လိုလဲ...ကြိုက်ရဲ့လား...."
"အွန်း!....ဒါနဲ့...လုံးဝအံကိုက်ပဲ..size ကိုဘယ်လို
သိတာလဲ။..."
ရှောင်းကျန့်ကမိမိအကျီၤတွေကိုကိုင်နေရင်းမှ လှမ်မေး
တော့ ရိပေါ်လည်း
"ကျန့်ကောကိုနေ့တိုင်းတွေ့နေရတာရောပြီးတော့ ထိတွေ့နေရတာ မဆိုးပါဘူး။ အသုံးဝင်သားပဲ။ နောက်ခါ ဒီ့ထက်တိတိကျကျ ဝယ်စေချင်ရင်  များများထိခိုင်းပေါ့။.."
"ဝမ်!.......
ရှောင်းကျန့် အရှက်တွေဟာ ငယ်ထိပ်ထိထောင်းကနဲ
ရောက်ရှိသွားပြီးနောက် ရှက်တာနှင့်ဒေါသ ရောပြွန်း
ကာ အသံမြင့်သွား၏။
သို့သော်သက်ပြင်းတစ်ချက်ချလိုက်ခြင်းဖြင့် ပြန်ထိန်းကာ
"ဝမ်သခင်လေး....အိမ်စေတစ်ယောက်ကို ဒီလိုပြော
တာတော့ မကောင်းဘူးထင်တယ်ဗျ။..."
ရှောင်းကျန့်က မိမိကို အစောက အိမ်စေလို့ပြောတာကို
အခဲမကြေသလို ရွဲ့ပြောလာတာကြောင့် ရိပေါ်မှာ
မျက်မှောင်ကြုတ်လိုက်ရင်း
"မဟုတ်ဘူးလို့...ကျန်ကော..ကျွန်တော် ရှင်းပြပြီးပြီလေကော။.."
"အာ့....ဟုတ်သားပဲ...bank သွားမယ်ဆိုပြီးတော့..."
ထပ်စကားမများစေခြင်းအလို့ငှာ စကားလမ်းကြောင်း
လွှဲလိုက်၏။ ရိပေါ် ကျန့်ကော အမေးကိုသာ
ဖြေရန် ဆန္ဒရှိသဖြင့် စကားလမ်းလွှဲလည်း အမေးကို
သာ ကြပ်ကြပ်မတ်မတ်ဖြေ၏။
"ကော...မေ့နေတာလား။ ဒီနေရာက မြို့နဲ့ဝေးတယ်။
ကျန့်ကောအတွက်အကျီၤတောင် မြို့ပြင်နားက ဆိုင်မှာ
ဝယ်လိုက်ရတာ။..."
ရိပေၚစကားအပီြးရှောင်းကျန့်မှာ မှိုင်တွေသွားသည်မှာ
သိသာ၏။
"အမေ့ကိုငွေပေးမလို့လုပ်ခဲ့တာ။..စာအုပ်ထဲလည်း
ငွေထည့်ရင်းနဲ့။.."
"ဒီနေ့ပဲ ယွမ်ငွေ 10000(မြန်မာသိန်း 20ကျော်)
လွှဲပေးလိုက်မယ်။.."
"တစ်...တစ်သောင်း....ငါလက်ထဲမှာအဲ့လောက်မရှိသေးဘူး...ရိပေါ်.."
"ကျွန်တော်ပေးမှာ။....."
(ရှိလားရှိလား။ သိန်း၂၀ပေးဖို့နေနေသာသာ ဘေဖြည့်ပေးမယ့် ကိုကိုမျိုး🌚🌚)
ရိပေါ်က ရှောင်းကျန့်ကိုထိုမျှပြောပြီး အိပ်ထောင်အတွင်း
မှ ph ကိုထုတ်ကာ ပေကျင်းရှိသောမန်နေဂျာကျင်းဆီ
သို့ လှမ်းဆက်သွယ်လျှက် ရှောင်းကျန့်ရှေ့တွင်ပင်
ပိုက်ဆံ သွားပေးရန် ခိုင်းလိုက်၏။
"Ok?.. "
ငွေသွားပေးရန် ကိစ္စများကိုပြောပြီးနောက်
Ph ချကာ လက်မနှင့်လက်ညိုးကို ကွေးပြရင်း
ရှောင်းကျန့်ကိုမေးလာ၏။
ရှောင်းကျန့်မှာ အဖြစ်အပျက်များကမြန်ဆန်လွန်းနေ
သဖြင့် မယုံကြည်နိုင်စွာ ကြောင်ငမ်းငမ်းကြည့်နေ
ရုံ ကလွဲလို့။
"ဘာလဲ။ မယုံသေးတာလား။ ကျန့်ကော အမေကို
ဖုန်းဆက်မေးကြည့်လိုက်လေ မနက်ဖြန်ကျရင်.."
"ဘာလို့.....ငါ့အပေါ်...ဒီလောက် ရက်ရောရတာလဲ။.."
ရှောင်းကျန့်ု အူကြောင်ကြောင်ဖြင့် ငေးမောလျှက်ပင်
မေးလာတော့ ရိပေါ် မိမိဘောင်းဘီအိပ်ထောင်ထဲ
လက်ထည့်ကာ
"ဘာလဲ...ကျွန်တော်ကလူတိုင်းကိုဒီလိုရက်ရောနေ
တာလားလို့တွေးနေတာလား။...ဒါမှမဟုတ်---"
ရိပေါ်၏စကားသည် ထိုမှတင် လေထဲ၌ပြတ်တောက်
ွသွား၏။
လစ်ဟာနေသောရင်ဘတ်နေရာသည် လျှပ်တစ်ပြတ်
အတွင်း၌ နွေးထွေးသောအသားနှင့်တကွ နှလုံးခုန်
သံတို့ဖြင့် ထိတွေ့သွားလေသည်။
"ကျေးဇူးတင်ပါတယ်။..."
နှာခေါင်းနားတွင်လည်း ခေါင်းလျှော်ရည်နံ့ခပ်သင်းသင်း
ကိုအနံ့ရ၏။ ရှောင်းကျန့်သည် ရိပေါ်အား ခါးမှသိုင်း
ဖက်ထားပြီး ကျေ းဇူးတင်စကားပြော၏။
ရိပေါ်လည်း နှုတ်ခမ်းသားများကွန့်သွားသည်အထိ
ပြုံးလိုက်ပြီး မိမိကိုဖက်တွယ်ထားသော ကောင်လေး
ကိုပုခုံးမှ ဆွဲခွာလိုက်ကာ
"ဖက်တာမရိုးဘူးလား။...."
"အင်?..."
××××××××××××××××TBC×××××××××××××××××
Happy Luhan Day 😘🎉🎉
우리 루한오빠  생일죽하한다!!!...
အားဆေးလေးတွေပေးကြပါ။
ခပ်စိတ်စိတ် update ပေးနေတဲ့ သာသာ့ကို🙈
Catch me လေးလည်းအားပေးကြပါဦးလို့👀
😭😭😭😭
Bạn đang đọc truyện trên: AzTruyen.Top