-15-
(Zawgyi)
လည်း ဘယ်မိန်းကလေးကိုမျှဤကဲ့သ်ို့ မပြုခဲ့သလို
မကြောက်မလန့်မရှိ။
"အမ်!!..!...."
ရုံမှတစ်ပါး။
အောင်ပင် သန်မာနေသည်။
"ရီပေါ်.....လွှတ်ပေး...."
ဆုံးမရမယ်မဟုတ်လား..."
မကြည့်ဖြစ်။
"ရတယ်လေ....လှည့်မလာနဲ့။..."
နိုင်ခဲ့ပေ။
ရွှတ်!...
ငြိမ်သက်လို့သွား၏။
"ရီ....ရီပေါ်..."
လက်သီးဖြင့် ထု၏။
ထလာ၏။
ရီပေါ်ရဲ့ရင်ဘတ်အကျီင်္ကို ဆွဲထားမိ၏။
လိုက်မိ၏။
အကျီင်္အောက်ကိုလက်လျိုကာ မာထောင်ထောင်လေး
"အာ့..."
ဟာသွားခဲ့၏။
နေ၏။
လှည့်ရုံမှတစ်ပါး။ တစ်ခြားမရှိတော့။
ပဲရမှာပေါ့။
ဆိုင်သွားမိ၏။
ဝန်ခံပါ၏။
အမြတ်ထုတ်ခံရသလိုပဲ။
အတွေးပေါင်းများစွာသည် ရှောင်ကျန့်၏ မှတ်ဥာဏ်ထဲ၌
နေရာအပြည့်ယူထား၏။
အခုငါကသူ့ကိုဘာပြန်လုပ်ပေးရမှာလဲ..........
သူနားလည်သွားပါ၏။
"Goodnight.... ကျန့်ကော..."
သွား၏။
အေးစိမ့်စေသည်။
အပေါ်မော့ကာ မှေးလို်က်၏။
နောက်ဆုံး အငွေ့အသက်။
မြင့်တက်သွားခဲ့၏။
"ဟမ်းးးး...."
.. ~
အလွန်ပင် လှပလွန်းပါ၏။
×××××××××××××××××××××
သို့သော် ...........
ရေချိုးလိုက်၏။
ရောက်ရှိနေပြီ။
သွားစားလိုက်နော်....ငါ..."
အိမ်အကုအဒေါ်ကြီးကို တစ်ချက်ကြည့်ပြီး...
"အာ.....အဲ့တာက....
ကြည့်ရုံမှအပ...
"အင်...ကျွန်တော်က....
အရင်ဆုံး မနက်စာလုပ်ထားရအောင်...ဘာကြည့်နေတာလဲကောင်လေး...ကူဆွဲပေးဦးလေ..."
"အာ...ဟုတ်ကဲ့..."
လာလေသည်။
~~~~~~~~~~~~~~~~~~~~~~~~
သိကြတယ်မဟုတ်လား😙😙
ဈေးဗန်းမို့ လာကြဦး👀😚😚
ဝမ်းနည်းသွားပြီ🤦‍♀😫
လူဆိုးလုပ်ပြီ🙈🙈
(Unicode)
ရီပေါ်ရဲ့ အတည်ပေါက် စကားတွေကြောင့်
ရှောင်ကျန့် ရုတ်တရပ် ကြက်သီးတွေပါထလာ၏။
ရှောင်ကျန့်ရဲ့ ဘဝတစ်သက်သာမှာ သူကိုယ်တိုင်က
လည်း ဘယ်မိန်းကလေးကိုမျှဤကဲ့သ်ု့ိ မပြုခဲ့သလို
ဘယ်မိန်းကလေးကမျှလည်း ဝမ်ရီပေါ် လောက်
မကြောက်မလန့်မရှိ။
ပထမဆုံး ပြီးတော့ ဒီအရွယ်မှာ အဲ့လို အမြူ စွယ်ခံရတာ
အရမ်း နေရထိုင်ရခက်စေတာပဲ။
"ကျန့်ကော...မျက်လုံးဖွင့်ထားလေ။..."
ထိတ်လန့်လွန်းလို့ မျက်လုံးအစုံကိုတင်းကြပ်စွာပိတ်
ထားတဲ့ အဘိုးကြီးရှောင်ကျန့်ကို ရီပေါ်ကလှမ်းစလိုက်
တော့ ဖွင့်မလာတဲ့အပြင် လက်ပါကွယ်သွားသေး၏။
"ကျန့်ကော.....တွန်းမယ်နော်။.."
"အမ်!!..!...."
နား နားကိုကပ်ပြောလိုက်တဲ့စကားအဆုံး ရှောင်ကျန့်
တောင်တားချိန်မရဘဲ ရီပေါ်ဟာ ရှောင်ကျန့်ကို
ကုတင်ပေါ်သို့ တွန်းချလိုက်ပြီးဖြစ်၏။
အိစက်နေသော မွေ့ရာထက် အကူအညီမဲ့နေတဲ့
ယုန်လေးကို ကျားကြီးကခုန်အုပ်လိုက်သလိုမျိုး
ရီပေါ်ဟာ ရှောင်ကျန့်ရဲ့ လက်နှစ်ဖက်ကို ဖိထားပြီး
အပေါ် မှ အုပ်မိုးနေရာယူလိုက်၏။
ရှောင်ကျန့်မှာတော့ မျက်လုံးမှိတ်ကာ ခေါင်းဘေးလှည့်
ရုံမှတစ်ပါး။
ရုန်းထွက်ဖို့ အားမရှိသည့်အပြင် ရီပေါ်၏ အမည်မဖော်
သောအတွင်းအားများပါ ထုတ်သုံးသည်ထင်ရလောက်
အောင်ပင် သန်မာနေသည်။
"ရီပေါ်.....လွှတ်ပေး...."
"ကျန့်ကောကကျွန်တော့်စကားမှနားမထောင်တာ။
နောက်ခါ မလုပ်အောင် မှတ်လောက်သားလောက်
ဆုံးမရမယ်မဟုတ်လား..."
ခံတွင်းနံ့ခပ်သင်းသင်းက ရှောင်ကျန့်ရဲ့ ပါးနားထိ
ရောက်နေသည်ကို ခံစားမိ၏။ သို့သော် သူလှည့်
မကြည့်ဖြစ်။
"ကျန့်ကော.....ကျွန်တော့်ကိုကြည့်။..."
စကားနားမထောင်တဲ့ရှောင်ကျန့်ကို ထပ်မပြောတော့
ပဲ မျက်စိရှေ့ အံကျရောက်နေသည့် လည်ပင်းသား
ဖွေးဖွေးကိုသာ ပစ်မှတ်ထားလိုက်တော့၏။
"ရတယ်လေ....လှည့်မလာနဲ့။..."
ရီပေါ် ပိုတိုးလို့ကပ်သွားတော့ ထိန်းချုပ်ထားတဲ့
လက်လေးတွေဟာ အားကုန် ရူန်းနေသည်။
သို့သော် အချည်းနှီးသာ။
သန်သန်မာမာရှိတဲ့ ရီပေါ်ကို ရှောင်ကျန့် မတွန်းလှန်
နိုင်ခဲ့ပေ။
လေနွေးနွေးလေးက ရှောင်ကျန့်ရဲ့ လည်ပင်းနားကို
ဖြတ်တိုက်သွားတော့ ရှောင်ကျန့် လည်ပင်းနဲ့
ပုခုံးထိမတက် ကျုံ့လာ၏။
ရွှတ်!...
လည်ပင်းသား ဖွေးဖွေးလေးထက်ကို လေကိုအားကုန်
သွင်းကာ နမ်းရှိုက်လိုက်တော့ ရှောင်ကျန့်ရဲ့ လည်ပင်း
လေးဟာ ပိုလို့ကျုံ့လာပြီး ရုန်းနေတဲ့ လက်အစုံဟာ
ငြိမ်သက်လို့သွား၏။
"ရီ....ရီပေါ်..."
အသံသေးလေးတစ်ခုက သွားကြားထဲမှ မဝံ့မရဲတိုး
ထွက်လာသလို သေးငယ် တိုးတိတ်လှ၏။
ဖြူ ဖွေးဖွေးလည်ပင်းသားလေးဟာ တစ်ဖြေးဖြေးနီလာ
တဲ့အခါ ရှောင်ကျန့်လည်း ရီပေါ်ရဲ့ ရင်အစုံကို
လက်သီးဖြင့် ထု၏။
တွန်းထုတ်စေရန် တွန်းခြင်းဖြစ်သော်လည်း
ပန်းနှင့်ပေါက်သင့်အလား အားပျော့လှသောရှောင်ကျန့်
သည် ရီပေါ်ကိုတွန်းထုတ်နိုင်ခြင်းမရှိခဲ့လေသည်။
ပျော့ကွက်က လည်ပင်းတဲ့လား။
လည်ပင်းနားမှ တစ်ဆင့်မေးရိုး၊ ထိုမှတစ်ဆင့်ပါး အထိ
ရီပေါ်ရဲ့နှုတ်ခမ်းအိအိလေးဟာ ဖွဖွလေးဖြင့် တက်လာ၏။ နေရာအနှံ့ုကို လှည့်သွားနေသော နှုတ်ခမ်း
ငယ်တစ်ခုကြောင့် ရှောင်ကျန့် ကြက်သီးမွှေးတွေပင်
ထလာ၏။
ယားသလိုမျိုး ဖြစ်လာတာကြောင့် လက်နားမှာရှိတဲ့
ရီပေါ်ရဲ့ရင်ဘတ်အကျီၤကို ဆွဲထားမိ၏။
မှေးရိုးမှကိုင်လှည့်ကာ နှုတ်ခမ်းဖူးဖူးလေးအား ငုံခဲ
လိုက်မိ၏။
ရီပေါ် တကယ်ဘာတွေလုပ်နေတာပါလိမ့်။
နူးညံ့ညံ့ နှုတ်ခမ်းပါးလေးနှစ်စုံဟာ ထိတွေ့ပြီး
နွေးထွေးကာ ပူတင်းပူပူလေးကိုနှုတ်ခမ်းဖြင့်
ကပ်နေရသလို လူကို ရှိန်းရှိန်းတက်လာစေသည်။
အဖျားတက်သလိုပူနွေးနွေးဖြစ်နေတဲ့
ရှောင်ကျန့်ရဲ့အသားအရည်ဟာဒီအချိန်မှာရီပေါ်အတွက်
တစ်မျိုး ဆွဲဆောင်မှုရှိနေပြန်သည်။
ငုံခဲနေရင်းမှ လျှာလေးထိုးရန်ကြိုးစားလိုက်တော့
ရှောင်ကျန့်ကိုယ် လေးဟာ တုန့်ကနဲဖြစ်သွားကာ
ရင်ဘတ်ကိုထပ်မံတွန်းကန်လာ၏။
သို့သော် ဇွဲမလျော့တဲ့ ရီပေါ်ဟာ ရှောင်ကျန့်ရဲ့
အကျီၤအောက်ကိုလက်လျိုကာ မာထောင်ထောင်လေး
ဖြစ်နေတဲ့ ကျန်ကောရဲ့ ချယ်ရီပွင့်လေးကိုလက်သည်း
ဖြင့် အသာစိတ်လိုက်တော့
"အာ့..."
ဟူသောအသံလေးနှင့်အတူ နုတ်ခမ်းနှစ်လွှာလည်း
ဟာသွားခဲ့၏။
ဤအချိန်ကိုစောင့်နေတဲ့ရီပေါ်ဟာ ပွင့်သွားတဲ့ နှုတ်ခမ်း
များကြားမှ အတင်းနမ်းကာ လျှာကိုထိုးသွင်းပြီး
အာအတွင်းမှ ရှောင်ကျန့်လျှာကိုအပိုင်အနိုင် ရစ်ပတ်
နေ၏။
ရှောင်ကျန့်မှာ မိမိ၏ချယ်ရီသီးလည်း အစိတ်ခံရသည့်
အပြင် အတင်းအနမ်းခံရတာကြောင့် သွားကို စိပစ်ရန်
ကြိုးစားသော်လည်း ရီပေါ်ရဲ့ လျှာလေး နာသွားမှာကို
စိုးရိမ်မိသဖြင့် ပြု သမျှ ခံနေလိုက်၏။
"ကျန်ကော....နွားနို့အရသာလေး....."
ရီပေါ်ရဲ့စကားကြောင့် ရှောင်ကျန့်မှာ မျက်နှာကိုဘေး
လှည့်ရုံမှတစ်ပါး။ တစ်ခြားမရှိတော့။
ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ။
အစောကမှ နွားနို့သောက်ထားတာ နွားနို့အရသာ
ပဲရမှာပေါ့။
လည်ပင်းမှတစ်ဆင့် ရင်ဘတ်က အပေါ်ဆုံး ကြယ်သီး
နှစ်လုံးကို ဖြုတ်ကာ ရင်ဘတ်အထိ ရောက်ရှိကာ
ဖြူ ဖွေး အသားစိုင်များအား အာတွင်း၌
ငုံခဲကာ လျှာဖြင့် ကျီစယ်၏။
မေးစိဖျားလေးကိုအသာလှည့်လိုက်တဲ့ ရီပေါ်ကြောင့်
ရှောင်ကျန့်မျက်နှာလေး ဟာ ရီပေါ်နဲ့မျက်နှာချင်း
ဆိုင်သွားမိ၏။
သားရဲဆန်ဆန်အကြည့်တွေနဲ့ ရီပေါ်ဟာ ရှောင်ကျန့်ကို
ပြုံးပြ၏။ဒီလိုအပြုံးမျိုးဟာ ဒီနေ့ဆို နှစ်ခေါက်လောက်
တောင်ရှိပြီ။ အလုပ်မှာ မမြင်ရတဲ့သူ့အပြုံးကိုမြင်တိုင်း
ရှောင်ကျန့် မျက်လုံးမလွဲနိုင်ပဲ ကြည့်နေမိတာကိုတော့
ဝန်ခံပါ၏။
ယောကျာ်းတစ်ယောက်က ကိုယ့်ကိုဒီလိုတွေပြု မူ
နေတယ်။ ဒါပေမယ့် ဘာမှတွန်းလှန်နိုင်တာမရှိခဲ့ဘူး။
အမြတ်ထုတ်ခံရသလိုပဲ။
သူဌေးတော်နေတဲ့သူ့ကိုဘယ်လိုလုပ်ငြင်းနိုင်မလဲ။
ဒါထက်....သူက..ဒီလက်အောက်မှာအလုပ်လုပ်နေ
သည်လေ။ မတော်တဆမကြိုက်တာများလုပ်မိသွားရင်
အလုပ်ကထွက်ရတဲ့အထိ အခြေအနေဆိုးသွားမည်ကို
လဲကြောက်သည်မို့ ပြုသမျှခံနေရ၏။
ငါသူ့ကို တကယ်ပဲ သူဌေးကလွဲလို့်ကျန်တာမခံစားမိတာလား။...
။ဘာတွေတွေးနေတာပါလိမ့်...ဟက်!...
ငါကသူ့ကုမ္ပဏီက မော်ဒယ်တစ်ယောက်ပဲကို။
မျက်နှာချင်းဆိုင်ကလူရဲ့မျက်လုံးကိုစိုက်ကြည့်ရင်းပင်
အတွေးပေါင်းများစွာသည် ရှောင်ကျန့်၏ မှတ်ဉာဏ်ထဲ၌
နေရာအပြည့်ယူထား၏။
အခုငါကသူ့ကိုဘာပြန်လုုပ်ပေးရမှာလဲ..........
ရီဝေဝေ အကြည့်တွေနဲ့ သူ့ကိုကြည့်နေတဲ့ရှောင်ကြည့်
ကိုကြည့်ရင်းရီပေါ် နဖူးကို ထပ်နမ်းလိုက်၏။
သူနားလည်သွားပါ၏။
"Goodnight.... ကျန့်ကော..."
သူကထိုမျှပြောကာ ရှောင်ကျန့်အခန်းထဲမှထွက်သွား၏။
"ဟမ်းးးးးးး...ခက်ခဲနေမှာပဲ။..."
ရီပေါ် ရဲ့တံခါးပိတ်သံကြားအပြီး၌ ရှောင်ကျန့် သည်
သက်ပြင်းရှည်ကြီးကိုချပြီးနောက် တွန့်နေတဲ့စောင်
ကို နေရာတကျ ပြန်ပြင်လိုက်၏။ မရင်းနှီးသေးတဲ့
ပတ်ဝန်းကျင်ကို လစ်လျူ ရှုပြီး အိပ်ချင်မှုနည်းနည်း
တောင်မရှိသေးတဲ့ ကိုယ့်အတွက် သီချင်းအေးအေး
လေးတွေကိုရွေးဖွင့်ကာ မှေးစက်လိုက်ပါ၏။
ပင်ပန်းလိုက်မှုက ခေါင်းချလိုက်တာနဲ့တန်းအိပ်ပျော်
သွား၏။
သီချင်းသံလေးတစ်လွှင့်လွှင့်ဖြစ်နေတဲ့ ဘေးဘက်ခန်း
လေးနဲ့ကွာခြားစွာ မှောင်မဲနေပြီး
မီးတစ်လုံးသာဖွင့်ထားသော အခန်းတစ်ခန်းထဲကလူ
ကတော့ တိတ်ဆိတ်စွာ ဆေးလိပ်လေးကိုတစ်ရှိုက်
ရှိုက်ဖြင့် လေထုထဲကို မှူတ်ထုတ်လိုက်ကာ
ပင်ပန်းမှုကို ဆေးလိပ်နှင့်ဖြေလျော့နေ၏။
လူပင်ပန်းခြင်းမဟုတ်ပဲ စိတ်ပင်ပန်းခြင်းတစ်ခုသာ။
"ပထမဆုံးပဲ.....ကျန့်ကော မင်းက ငါစိတ်ဝင်စားတဲ့
ပထမဆုံးသော ယောကျာ်းပဲ။....ဟမ်းးးးး...."
ထိန်းမရတဲ့ စိတ်....သိမ်းပိုက်မိချင်တဲ့စိတ်တွေ
အကောင်အထည်ဖော်နိုင်ဖို့က သူ့အတွက်လွယ်လွန်းတယ်။
ရှောင်ကျန့်အပေါ်မှာသာ ခက်ခဲနေခဲ့တာ။
ရှောင်ကျန့်သူ့အပေါ်ကို ကြည့်တဲ့မျက်လုံးတွေထဲမှာ
စာတွေစီထားတယ်။ ကျွန်တော်ဟာ ရှောင်ကျန့်အတွက်
သူဌေးမှအပ မပိုခဲ့ပါဘူး။
ကျွန်တော်ကသာ တစ်ဖက်သတ်ပိုနေခဲ့တာ။
ကျန့်ကောသာ........မိန်းကလေးဖြစ်လိုက်ပါတော့လား။
ဟက်.....ကလေးဆန်ဆန်အတွေးတွေ။
စိတ်ငြိမ်စေတဲ့ ပတ်ဝန်းကျင်၊ လေဝင်ထွက်အတွက်ဖွင့်
ထားတဲ့ ပြူ တင်းပေါက်။ ရီပေါ်ရဲ့ နဖူးပေါ်က လခြမ်း
ကွေး ဆံပင်လေးဟာ လေကြောင့် တစ်လွှင့်လွှင့်နှင့်
အေးစိမ့်စေသည်။
အတွေးတွေကို အပြတ်အတောင်းများစွာဖြင့်
မဖြစ်နိုင်သည်ကို ရှာတွေးနေတဲ့ဒီကောင်လေးအဖို့
တော့ ခက်ခဲတဲ့ညတစ်ညပင်။
လက်ကြားကဆေးလိပ်လေးဟာ အချိန်နှင့်အမျှ
ကုန်ဆုံးလာ၏။ ခုံပေါ်ကိုအားပြုမှီလိုက်ကာ ခေါင်းကို
အပေါ်မော့ကာ မှေးလိုု်က်၏။
နောက်ဆုံး အငွေ့အသက်။
ရီပေါ်ရဲ့ ဆေးလိပ်လေးဟာ ကုန်ဆုံးသွားခဲ့သလို
သူ၏ ပါးစပ်အတွင်းက ခဲရောင်အငွေ့လေးတွေဟာ
လည်း နောက်ဆုံးတစ်ခေါက်အနေဖြင့် အမြင့်ဆုံးသို့
မြင့်တက်သွားခဲ့၏။
"ဟမ်းးးး...."
ပင်ပန်းနေတဲ့ သူ့ခန္ဓာကိုယ်အတွက် အနားယူရန်
နောက်ဆုံး သက်ပြင်းကိုချလိုက်ပြီးနောက် မျက်လုံး
ကိုမှိတ်ကာ မှေးစက်လိုက်၏။
ဒီအချိန်ဆို အခန်းတစ်ဖက်က ကောင်လေးလည်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါလိမ့်မည်။
~When I'm down and oh my seoul so weary
.. ~
~When troubles come my heart will burdened be... ~
~Then I'm still and wait here in the Silent. ~
~Until you come and sit awhile with me~
~You raise me up......so I can stand on mountains~
~You raise me up... to walk on stormy seas. ~
~I'm strong when I'm on you shoulders.. ~
~You raise me up.... To more than I can be~
ညဥ့်နက်လာသည်နှင့်အမျှ သီချင်းသံလေးသည်လည်း
ြုမင့်တက်လာ၏။ ပတ်ဝန်းကျင်သည်လည်း သီချင်းသံ
မှအပ မည်သည့်အသံမှ မကြားရတော့သည်အထိ
တိတ်ဆိတ်ငြိမ်သက်နေလေသည်။
အိမ်ကျယ်ကြီးထဲ ကောင်လေးနှစ်ယောက်တော့
ငြိမ်းချမ်းစွာ အိပ်စက်သွားလေရဲ့။
သီချင်းစာသားလေးတွေဟာ ဒီအချိန်မှာ နှစ်ဦးအတွက်
အားဖြစ်စေမည့် သီချင်းကောင်းတစ်ပုဒ်ပင်။
အလွန်ပင် လှပလွန်းပါ၏။
×××××××××××××××××××××
နေမင်းကြီးက မြင့်တက်လာ၏။
လူသားတို့အတွက်တော့ တစ်နေ့တာအလုပ်ကို
စတင်ရန်အချိန်ကျလေပြီ။
မနက်ခင်း၌ စိတ်ဓာတ်ကျစရာ နှင့် နောင်တရစရာတွေ
ကိုမစဉ်းစားပဲနှင့် မိမိကိုယ်ကို အားတတ်စေမည့်
စာအုပ်များဖတ်၍ စတင်ခြင်းသည် ပညာရှိတို့၏
တစ်နေ့တာအတွက် ပထမဆုံးအလုပ်ပင်။
သို့သော် ...........
အအိပ်မှားခဲ့တဲ့ ရီပေါ်အတွက်ကတော့ လည်ပင်းကို
ကိုင်ကာ တစ်ကျွတ်ကျွတ်နှင့် မနေ့ညက ကောင်း
ကောင်းမအိပ်ခဲ့ရသည့်အတွက်သာ နောင်တရနေတော့၏။
တဖြည်းဖြည်း နှင့် အညောင်းအညာကိုဖြေလိုက်ကာ
ရေချိုးခန်းအတွင်းဝင်၍ လန်းဆန်းစေရန် ဦးစွာ
ရေချိုးလိုက်၏။
ပေါ့ပေါ့ ပါးပါး ဝတ်စုံလေးကိုသာဝတ်ကာ အောက်ကို
ဆင်းလာတော့ အိမ်ကူအန်တီကြီးကမီးဖိုချောင်တွင်
ရောက်ရှိနေပြီ။
ခေါင်းကရေကိုကုန်အောင် သုတ်ကာ ဆင်းလာရင်း
ပင် ကုန်းကွကွဖြင့် ကြမ်းတိုက်နေတဲ့ရှောင်ကျန့်
ကိုတွေ့တော့ မျက်လုံးက ပြူ းကျယ်လာကာ
လက်ကိုကိုင်ကာတားလိုက်၏။
"အခုဒါဘာလုပ်နေတာလဲ ကျန့်ကော...."
"အော်...ရီပေါ် နိုးပြီလား မနက်စာက စားပွဲပေါ်မှာ
သွားစားလိုက်နော်....ငါ..."
"ကျန့်ကော.......အဒေါ်ကြီး ခိုင်းတာလား......"
ရီပေါ်ရဲ့အမေးကြောင့် ရှောင်ကျန့် ဟာ မီးဖိုချောင်က
အိမ်အကုူအဒေါ်ကြီးကို တစ်ချက်ကြည့်ပြီး...
"အာ.....အဲ့တာက....
ရီပေါ်ရဲ့မျက်နှာနားကို ကပ်ကာ လက်ကိုပါးစပ်နားမှာ
ကွယ်ထားပြီး တိုးတိုးသာ ပြော၏။ မျက်လုံးမှာလည်း
ကျဉ်းကျဉ်းဖြင့် အတင်းပြောနေသလိုတောင်ထင်ရတဲ့
ကျန်ကောရဲ့ စကားတွေကို ရီပေါ် နားထောင်လိုက်၏။
ဇာတ်လမ်းက နည်းနည်းတော့ ရယ်ရသား။
မနက်ခင်း၌ ကောင်းစွာအိပ်စက်ခဲ့ရသောရှောင်ကျန့်က
ဦးစွာ နိုးနှင့်ပြီး မျက်နှာသစ်ကာခပ်သုတ်သုတ်ဖြင့်
အောက်သို့ဆင်းလာ၏။ မီးဖိုချောင်ထဲသို့ ဝင်ကာ
မနက်စာပြင်ရန် အလုပ်ရှုပ်နေစဉ် အနောက်ဘက်မှ
အဒေါ်ကြီးတစ်ယောက်၏ညီးတွားနေသာအသံကိုကြားလိုက်ရ၏။
"အားရိုး...သခင်လေးကရောက်နေတာကြိုသတိမပေး
ဘူးပဲ။ သိပ်တောင်မဝယ်ခဲ့ရဘူး။..သခင်မကြီးကပြော
လို့သာ အချိန်မှီရောက်လာခဲ့ရတာ...ဈေးကြီးလိုက်တာ
သခင်လေးအကြိုက် နည်းနည်းလေးတောင်မပြောင်း
လဲသေးဘူး။...အာရိုး ခြံစောင့် အဘိုးကြီး ဘယ်ရောက်
သွားတာပါလိမ့်...ဒီနေ့တော့အလုပ်ရှုပ်တော့မယ်.
လက်တွေကိုပြုတ်ထွက်မတက် နာလိုက်တာ..."
အဝင်တံခါးမကြီးမှအစ မီးဖိုချောင်အထိ ပွစိပွစိ
လုပ်လာသော အဒေါ်ကြီးက မီးဖိုချောင်ထဲက ရှောင်ကျန့် ကိုမြင်တော့ သေချာစိုက်ကြည့်၏။ ရှောင်ကျန့်လည်း
ဘာမှမသိတာမို့အူကြောင်ကြောင်မျက်လုံးတွေဖြင့်
ကြည့်ရုံမှအပ...
"မဟုတ်မှလွဲရော...သခင်လေးခေါ်ထားတဲ့ အိမ်အကုူ
လား....ဟင်းချက်တတ်တဲ့ပုံလည်း မပေါ်ပဲနဲ့....မီးဖိုချောင် ထဲဘာဝင်လုပ်နေတာလဲ ကောင်လေး..."
"အင်...ကျွန်တော်က....
"အိုက်ယား...သခင်လေးက ခဏနေထလာတော့မှာမို့်
အရင်ဆုံး မနက်စာလုပ်ထားရအောင်...ဘာကြည့်ေနတာလဲကောင်လေး...ကူဆွဲပေးဦးလေ..."
"အာ...ဟုတ်ကဲ့..."
"အူကြောင်ကြောင်နဲ့ ဘယ်လိုအိမ်အစေပါလိမ့်.."
အဒေါ်ကြီးက ပြောရဲဆိုရဲရက်ကွက်ကမို့ ရှောင်ကျန့်
လည်းကြောက်လန့်လန့်ဖြင့်သာ ခိုင်းသမျှလုပ်နေရင်း
ကြမ်းတိုက်တဲ့အထိပါ အိမ်အကူနှင့်တူလာ၏။
အဒေါ်ကြီးကလည်း ရှောင်ကျန့် တစ်ခုမှားတိုင်း
ပွစိပွစိဖြင့် ဆူတတ်သေးသည်။
ထို့ကြောင့် ရီပေါ်ဆင်းလာမှ ရှင်းမယ်လုပ်တာ
အကိုတော်ချောက နှစ်နာရီနီးပါးလောက်ကြာမှ ဆင်း
လာလေသည်။
ရှောင်ကျန့် ခါးရိုးတွေတော့ကျိုးပါပြီ။..
~~~~~~~~~~~~~~~~~~~~~~~~
Happy 2 years anniversary 😄🌟🎉❤️💕❤️နောက်နှစ်တွေထိ ဒီလင်များ အိုအောင်မင်းအောင်
ပေါင်းစည်းနိုင်ကြပါစေ😚
သိကြတယ်မဟုတ်လား😙😙
ဈေးဗန်းပါရှင့်🙈 ခပ်မိုက်မိုက် typeလေးတွေအတွက်
ဖတ်လို့ကောင်းအောင် ရေးသားထားပါတယ်😒
ဈေးဗန်းမို့ လာကြဦး👀😚😚
ဒီနေ့တစ်ပိုင်းအပ်ပေးလိုက်ပါတယ်နော် motiလေးတွေပေးပါဦး🤒။
13,14 က vote 200မပြည့်သေးဘူးနော်🤒
ဝမ်းနည်းသွားပြီ🤦‍♀😫
ဒီနေ့အဲ့နှစ်ပိုင်း vote 200 ကျော်ရင် ဒီက သာသာ
ကြီးက 👀👀👀 နက်ဖြန် ဝုန်းဒိုင်းဆိုအပ်ပေးမှာ
ဖြစ်ပါတယ်😙 မရရင် ကြာမှာပါ 😒😅
လူဆိုးလုပ်ပြီ🙈🙈
Bạn đang đọc truyện trên: AzTruyen.Top