-12-
(Zawgyi)
သံပါကြားရတော့ ရှောင်ကျန့် ဘဏ်စာအုပ်ရှိတဲ့လက်ကို အနောက်သို့ယှက်ကာ လှည့်ကြည့်လိုက်၏။
လား?...'
မော်ဒယ်လေ။ တောက်တိုမရမှမဟုတ်တာ..."
ပေးလိုက်၏။
"ဟုတ်....ရှဲရှဲ...သူဌေး.."
"ဟင်?...."
"Congratulations"
"တကယ်ကြီးလား?...."
မယ်။...."
နေ၏။
ဘဏ်ခဏသွားမလို့။...."
"ဘဏ်?..."
ဒီတစ်ပတ်လုပ်အားလေ...."
".....သွားကြတာပေါ့။ လိုက်ပို့ပေးမယ်။..."
လိမ့်မယ်။...'
"ဒါပေမယ့်.....
ဆွဲခေါ်လာခဲ့မိတော့၏။
တကြည့်တကြည့်။
လျှောက်နေသယောင်။
ကြောင့်ဖြစ်ရသေး၏။
"အမ်?...Vi... Villa?.... "
"Villa...... ရှိတယ်ပေါ့..."
"အို့..."
လှိမ်နေ၏။
"လခမလျော့ပါဘူး။...ကျွန်တော် ကောကို...
နားစေချင်လို့ပါ။..."
"Whatever... "
လူကပင်ပန်းနေပြီမို့ တစ်ချိုးတည်းအိပ်ပျော်သွားတော့၏။
"ကျန့်ကော။..."
*သေလိုက်တော့!...သူဌေးဟ!...*
ပေ။
" သူဠေး....တောင်းပန်ပါတယ်။...မသိလိုက်ဘူး။.."
"ရတယ်။..."
"ဟုတ်။......အ!....ခြေထောက်..."
ကိုင်လိုက်၏။
ရရဲ့လား?..."
"ဟုတ်...ရတယ်ရယ်..."
တခြားဆီပင်။
"လာပါ။..."
တန်း 'မ'ပြစ်လိုက်တော့၏။
"ဝမ်...ရီပေါ်!..."
"ချပေးပါ။..."
ဘူး..."
ဖြစ်ကြ။
ရယ်မိ၏။ သူရှက်နေတာလားပဲ?...
"ဘာကိုလဲ?..."
"ငါပြောပြီးပြီပဲ......"
"သဘောကျတယ်..."
"??...."
အခြွေတော်ခဲ့လေသည်။
ကတလှပ်လှပ်။
~~~~~~~~~~~~~~TBC~~~~~~~~~~~~~~~
တကယ်မအားလို့ပါ။
(Zawgyi)
"တစ်ယောက်တည်းဘာတွေတွေးနေလဲကျန့်ကော။"
အနောက်ဘက်က ခြေသံနှင့်အတူစကားပြောလှမ်းမေး
သံပါကြားရတော့ ရှောင်ကျန့် ဘဏ်စာအုပ်ရှိတဲ့လက်ကို အနောက်သု့ိယှက်ကာ လှည့်ကြည့်လိုက်၏။
"သူဌေး....ဘာ...ဘာလာလုပ်တာလဲ...ခိုင်းစရာရှိလို့
လား?...'
"ခိုင်းစရာ?...ကျန့်ကောက ကျွန်တော့်ကုမ္ပဏီက
မော်ဒယ်လေ။ တောက်တိုမရမှမဟုတ်တာ..."
တလှမ်းလှမ်းချင်းလှမ်းလာပြီး ရှောင်ကျန့်အနားရောက်လာ တော့ ဘောင်းဘီအိတ်ထဲက Phကိုထုတ်ပြီး
ပေးလိုက်၏။
"ဖုန်း....မှန်လဲထားလိုက်ပြီ။..."
"ဟုတ်....ရှဲရှဲ...သူဌေး.."
ခပ်ပါးပါးလေးပြုံးပြတဲ့ကျန့်ကောနဲ့ ညနေချိန်လေးက
လှပလိုနေ၏။ ရီပေါ်လည်း ခပ်ပါးပါးပြန်ပြုံးပြရင်း
"ဒီနေ့ဘာစားချင်လဲ?...လိုက်ကျွေးမယ်။.."
"ဟင်?...."
ရုတ်တရပ် ညစာအကြောင်းပြောလာတော့ ရှောင်ကျန့်
ကနားမလည်စွာ မျက်လုံးလေးပေကလက်ပေလက်
လုပ်နေ၏။ ရီပေါ်ကတော့ ညာဘက်ဘောင်းဘီအိတ်
ထဲမိမိPhကိုထုတ်ကာ Keyboard ရိုက်သံလေး
အနည်းငယ်ထွက်လာပြီးမှ ရှောင်ကျန့်ရှေ့ကိုပြလိုက်၏။
"Congratulations"
ရှောင်ကျန့်လည်းရီပေါ်ပြတဲ့အကြောင်းအရာကို
ကြည့်ကာ တဖြေးဖြေး ပျော်လာပြီး ယုန်သွားလှလှလေး
များပေါ်လာသည်အထိပြုံးလိုက်၏။
"တကယ်ကြီးလား?...."
အကြောင်းအရာစာသားလေးတစ်ခုကရှောင်ကျန့်ကို
အပျော်ကြီးပျော်သွားစေခဲ့၏။
ထိုအရာသည် သူ့အတွက် ဒုတိယခြေလှမ်းအတွက်
အရှိန်ယူခြင်းဖြစ်ကောင်းဖြစ်လာနိုင်၏။
ရှောင်ကျန့်အား Olay Brand ရဲ့မော်ဒယ်အဖြစ်
နေ့ချင်းညချင်းရောက်ရှိသွားခြင်းပင်။
ထိုအကြောင်းအရာကထူးဆန်းပေမယ့် ရှောင်ကျန့်
အတိုင်းမသိပျော်ရွှင်မိ၏။ အလုပ်များလာမည်ကိုပင်
မစိုးရိမ်မိပဲ အတိုင်းမသိပျော်ရွှင်လာ၏။
"အော်...ဒါ့ကြောင့် ဒါရိုက်တာကြီးက.....ဟဲဟဲ.."
ကိုယ့်အတွေးနဲ့ကိုယ်ူဘောကျပြီး ပြုံးရယ်နေတဲ့
ရှောင်ကျန့်ကြောင့် ရီပေါ်လည်း ခပ်ပြုံးပြုံးလေးဖြစ်ကာ
ဖုန်း ကိုပြန်ထည့်လိုက်၏။
"သွားမယ်....တစ်နေရာရာ...ဂုဏ်ပြုပေးမလို့။..."
"ရ.....ရပါတယ်....ကျွန်တော်သွားစရာလေးရှိသေးလို့။."
"သွားစရာ?....ကောင်းပြီလေ...ကျွန်တော်လိုက်ပို့ပေး
မယ်။...."
ရီပေါ်စကားကြောင့် ရှောင်ကျန့် ဘယ်လိုဆက်ပြောရမှန်း မသိတော့တာမို့ လည်ပင်းလေးကိုသာ အသာကုပ်
နေ၏။
"တကယ်တော့.....အိမ်ပြန်ချင်တာပါ။..ဒါပေမယ့်...
အိမ်ပြန်လို့မရသေးဘူးလေ။...ဒါကြောင့်မို့.......
ဘဏ်ခဏသွားမလို့။...."
"ဘဏ်?..."
"ဟုတ်....ဟို.....ဘဏ်စာအုပ်ထဲငွေထည့်ချင်လို့။
ဒီတစ်ပတ်လုပ်အားလေ...."
".....သွားကြတာပေါ့။ လိုက်ပို့ပေးမယ်။..."
"ရ....ရလို့လား?...သူဌေးကအလုပ်တွေနဲ့။..."
"ကျွန်တော်မရှိရင် ကျင်းဇီရွှမ်းရှိတယ်။...သူလုပ်ထား
လိမ့်မယ်။...'
"ဒါပေမယ့်.....
ရီပေါ်ရဲ့အခွင့်အရေးပေးမှုတွေကိုရှောင်ကျန့်က
လက်မခံသေးတာမို့ ရီပေါ်လည်း နည်းနည်းတင်းလာ၏။ ဒါ့ကြောင့် ဘာမှပြောမနေတော့ဘဲလက်ကို
ဆွဲခေါ်လာခဲ့မိတော့၏။
ဓာတ်လှေကားထဲရောက်တော့လည်း သူများတွေက
တကြည့်တကြည့်။
။လုံးဝလွှတ်မပေးတဲ့ပေါ်ပေါ်ပါနော်။
လမ်းတစ်လျှောက် ခါးကိုင်းနှုတ်ဆက်တဲ့သူတွေ
ကြောင့် ရှောင်ကျန့် မျက်နှာပူလှပြီ။
သူကတော့ ဂရုစိုက်ပုံမပေါ်၊ အရှေ့ကိုသာကြည့်ရင်း
တစ်ဖက်လက်က ရှောင်ကျန့်ကိုဆွဲ၊ကျန်လက်တစ်ဖက်
ကအိပ်ထောင်ထဲထည့်သွားရင်း စမတ်ကျကျလမ်း
လျှောက်နေသယောင်။
ကားပါကင်ထိ ရှောင်ကျန့် မှာအဆွဲခံရပြီး
ရှက်လွန်းလို့ မျက်နှာတွေတောင်နီရဲနေသေး၏။
ရုံးထဲကလူတွေကြည့်တဲ့အကြည့်တွေကမရိုးသားသလို
ကြောင့်ဖြစ်ရသေး၏။
ကားနားရောက်တော့ ဝင်ဖို့တံခါးပါဖွင့်ပေး၏။
ရှောင်ကျန့် လည်းထပ်မငြင်းချင်တော့တာမို့
အသာလေးဝင်ထိုင်လိုက်၏။
သူက ရှောင်ကျန့်ဝင်ပြီးမှ တံခါးကိုပိတ်ကာ Driver set မှာဝင်ထိုင်၏။
"Villa သွားမလား?...အဲ့တာကောင်းတယ်။.."
"အမ်?...Vi... Villa?.... "
ရှောင်ကျန့် ၏စကားပင်မဆုံးသေး ရီပေါ်ရဲ့ကား
လေးဟာ မောင်းထွက်သွားခဲ့၏။ကားခါးပတ်တောင်မနည်းပတ်ခဲ့ရ၏။
"Villa...... ရှိတယ်ပေါ့..."
တိတ်ဆိတ်နေဆဲဖြစ်တဲ့ ကားအတွင်းကလေထုကို
ဖြိုခွဲလိုက်ပါတဲ့ ရှောင်ကျန့်။
သွားလေးတွေက ချစ်ဖို့ကောင်းလောက်အောင်ဆွဲဆောင် နေပေမယ့် ရီပေါ်မကြည့်နိုင်သေး။
မျက်လုံးအစုံတို့က ကားကိုထိန့်ချုပ်နိုင်ရန် လမ်းကို
သတိ၊ဝီရိယနှင့်မောင်းနေ၏။
"ဒါပေါ့။..မသွားတာကြာနေပြီ။
..အဲ့ဒီမှာ နားကြမလား?...(၂)ရက်လောက်။.."
"ဟင်!???...သူဌေး ကျွန်တော်က ဘဏ်ကို....သွားချင်တာလေ...."
"အဲ့အကြောင်း Villaရောက်မှဆက်ပြောကြတာပေါ့။.."
"အို့..."
နှုတ်ခမ်းလေးကို အံကြိတ်သလိုလေး အကုန်သွင်းလိုက် တော့ပါးလေးတွေကဖောင်းတက်လာပြီး
ချစ်ဖို့ကောင်းတဲ့ အသံလေးတွေထွက်လာ၏။
ရီပေါ် တစ်ချက်လောက်လှမ်းကြည့်တော့ သူကတော့
ခေါင်းလေးငုံ့ကာ ပေါင်ပေါ်မှာရှိတဲ့သူ့ရဲ့ လက်နှစ်ဖက်ကို
လှိမ်နေ၏။
"လခမလျော့ပါဘူး။...ကျွန်တော် ကောကို...
နားစေချင်လို့ပါ။..."
"??...တပတ်ပဲရှိသေးတာ...မပင်ပန်းပါဘူး။..."
"Whatever... "
ပုခုံးကိုတွန့်၊ နှုတ်ခမ်းကို မဲ့ကာ ပြောပြီးကားပြန်မောင်း
တဲ့ရီပေါ်ကြောင့် ရှောင်ကျန့် ခပ်ပြုံးပြုံးလေးဖြစ်သွားရ၏။
သူ့ကိုဂရုစိုက်မယ့် Bossကိုတွေ့နေရတာယုံချင်စရာမရှိ။
သူတွေးထားခဲ့တဲ့ ခက်ခဲတယ်ဆိုတဲ့အလုပ်ခွင်ကြီးက
တကယ်တမ်းတော့ ပိုမိုလွယ်ကူနေသေးသည်ဟု
အတွေးပေါက်ရင်းပြုံးမိပြန်သေး၏။
မှန်ချထားတဲ့ကားတံခါးကြောင့် ရှောင်ကျန့်၏ဆံသား
များကတလွင့်လွင့် အေးမြလှတဲ့လေထုကြောင့်
အိပ်ချင်စိတ်ကထိန်းမရတော့။
ခဏလောက်ပဲဖြစ်ဖြစ် မသိအောင် ခိုးအိပ်ဖို့ရာ
အဖိုးကြီးတစ်ယောက် ခေါင်းချာချာဖြင့်။
Villaဆိုသည့်အတိုင်း လူရှင်းတဲ့နေရာတွေထိ
မောင်းနှင်ရတာမို့ ရီပေါ်တော့မသိရှောင်ကျန့်ကတော့
အလွန်ပျင်းပြီး အိပ်ချင်နေလေပြီ။
ခေါင်းနားကကားဘောင်လေးကိုမှီလိုက်ရင်း
ခဏမှေးလိုက်သည်။ စိတ်ကသာမပင်ပန်းသလောက်
လူကပင်ပန်းနေပြီမို့ တစ်ချျိုးတည်းအိပ်ပျော်သွားတော့၏။
ကားအရှိန်သည်လည်းသိသိသာသာလျော့သွားသည့်
အပြင် လေအအေးများလည်းထပ်ဝင်မလာတော့။
ကြည့်ရတာ ရီပေါ် မှန်တင်လိုက်ပြီးထင်၏။
"ကျန့်ကော......ကျန့်ကော ကျွန်တော်တို့ရောက်ပြီ။.."
နားထဲထိတိုးဝင်လာတဲ့ခပ်နွေးနွေးလေတစ်ချို့။
ရှောင်ကျန့် မထချင်သေး။ သူမှီထားတဲ့ခပ်တင်းတင်း
နွေးနွေးကြီးကိုမက်မောနေသေး၏။
"ကျန့်ကော။..."
ပုခုံးနားလေးကို ခပ်စစ ပုတ်လိုက်ပြီးနောက်ထပ်ခေါ်
သံကိုပါကြားလိုက်ရပြန်၏။
*သေလိုက်တော့!...သူဌေးဟ!...*
မိမိအတွေးနဲ့တင်ကို မျက်လုံးက Autoပြူးပြီးသား။
မိမိခေါင်းအုံးထားတဲ့ခပ်တင်းတင်း ပုခုံးသားနဲ့
လွှတ်သွားချိန်မှာ လူကလည်း အလန့်တကြားဖြစ်ပြီးသား။
ရှောင်ကျန့် အိပ်ပျော်သွားသော အချိန်ခဏလေး၌
မည်သို့မည်၍ ရီပေါ်၏ပုခုံးပေါ်ကို မှီလိုက်မှန်းမသိခဲ့
ပေ။
" သူဠေး....တောင်းပန်ပါတယ်။...မသိလိုက်ဘူး။.."
"ရတယ်။..."
စိတ်ဆိုးသည့်ပုံစံမပြတဲ့အပြင် ကားထဲမှဦးစွာထွက်ကာ
ရှောင်ကျန့်ဘက်ကကားတံခါးကိုတောင် ဆွဲဖွင့်ပေး၏။
"ကျန့်ကော အချိန်မစောတော့ဘူး။..အိမ်ထဲဝင်ရအောင်။..."
"ဟုတ်။......အ!....ခြေထောက်..."
ရီပေါ်ကျန့်ကောကိုတံခါးဖွင့်ပေးပြီး ခြေလှမ်းရုံရှိသေး
အနောက်မှ ကျန့်ကောရဲ့ နာကျင်သံကိုကြားလိုက်ရ
တော့ ပြန်လှည့်ကြည့်မိ၏။
ကားဘေးဘောင်တွေကိုကိုင်ကာတောင့်တောင့်ကြီး
နေနေပါသတဲ့ ရှောင်ကျန့်ကြောင့် ရီပေါ် ကျန့်ကော၏
ခြေထောက်ကိုအနာတစ်စုံတစ်ရာရှာကြည့်ရန်
ကိုင်လိုက်၏။
"အ!...သူဌေး....မကိုင်နဲ့.....ခြေထောင်ကျဉ်နေလို့..."
"အော်။...ကားစီးလာရတာ ကြာလို့ထင်တယ်။...
ရရဲ့လား?..."
"ဟုတ်...ရတယ်ရယ်..."
ပါးစပ်ကသာ အဆင်ပြေနေပေးမယ့် လက်တွေ့ကတော့
တခြားဆီပင်။
ခြေထောက်သည်အနည်းမျှလှုပ်လိုက်ရုံဖြင့်
ယားသလိုကျဉ်သလို ဖြစ်လာရုံသာမက ပုရွက်ဆိတ်
ပေါင်းတစ်သောင်းလောက်က ခြေထောက်ပေါ်မှာပြေး
လွှားနေသလိုပါ ခံစားရသည်မို့ မလှုပ်ချင်။
ရီပေါ်သည်လည်းအိပ်ချိန်ရောက်နေပြီးမို့
နာရီကိုကြည့်လိုက် ကျန့်ကောကိုကြည့်လိုက်နှင့်
သူသည်လည်းနားချင်နေပြီ။
"ကျန့်ကော....ဒီနားလေးလာနိုင်လား?..."
"အွန်း ရတယ်...အိမ်ထဲအရင်ဝင်ရင်ဝင်နှင့်လေ။..."
"လာပါ။..."
ရှောင်ကျန့်လည်းအားနာတတ်တာမို့ ကားထဲကမနည်း
ထွက်ပြီး ထော့နဲထော့နဲဖြင့် အဆင်မပြေလှ။
ရီပေါ်လည်းကျန့်ကော ကားထဲကထွက်လာပြီမို့
ဒူးခေါက်အောက်နဲ့ ခါးအောက်ကိုလက်လျှို ကာ
တန်း 'မ'ပြစ်လိုက်တော့၏။
"ဝမ်...ရီပေါ်!..."
ရုတ်တရပ်မို့ လန့်ကာအော်လိုက်ပေမယ့် ယောင်တဲ့
အသံက အဆန်းကြီး။ ရှောင်ကျန့်လည်းဒီအရွယ်ထိ
ဘယ်သူမှဒီလိုမချီတာမို့ ခပ်လန့်လန့်နှင့် ပုခုံးကို
လက်ဖြင့် ဆွဲကိုင်ထားလိုက်၏။
"ချပေးပါ။..."
"ချပေး?....လျှောက်နိုင်လို့လား?..ကျန့်ကောဒီလိုလုပ်
နေရင် ကျွန်တော်တို့ဒီနေ့အိမ်ထဲဝင်လို့ကိုရမှာမဟုတ်
ဘူး..."
ပုစဉ်းရင်ကွဲ အော်သံလေးတွေကိုကြားလိုက်တာနှင့်
ပတ်ဝန်းကျင်ကတိတ်ဆိတ်နေကြောင်းသိသာ၏။
(၅)စက္ကန့်လောက် အကြည့်ချင်းစုံနေပြီး ဘာမျှမပြော
ဖြစ်ကြ။
ပေါင် ၁၀၀ကျော်သာသာ လောက်ပဲရှိတဲ့ရှောင်ကျန့်ရဲ့
အလေးချိန်က ရီပေါ်အတွက် ပေါ့ပါးလှ၏။
သူ့ကိုဘာမျှမပြောဘဲ စိုက်ကြည့်နေတဲ့ကျန့်ကောရဲ့
မျက်လုံးလေးတွေက ညမီးရောင်ကြောင့် လင်းလဲ့နေ၏။
နှုတ်ခမ်းပါးလေးကိုစိုက်ကြည့်တော့ သူကရှက်သည့်
ပုံစံဖြင့် ခေါင်းကိုလွဲလိုက်၏။
ပါးပေါ်က ပန်းရောင်အစင်းလေးတွေတွေ့တော့ ရီပေါ်
ရယ်မိ၏။ သူရှက်နေတာလားပဲ?...
" ကျန့်ကော....ကျန့်ကောမကြောက်ဘူးလား?..."
"ဘာကိုလဲ?..."
"ကျွန်တော် ဒီကိုခေါ်လာတာကို။...ပီြးတော့ကျွန်တော်တစ်ခုခုလုပ်မှာကို။"
"မင်းက ငါ့သူဌေးပဲဥစ္စာကို။....သူဌေးခေါ်မှတော့
ဘယ်ဝန်ထမ်းကငြင်းလို့ရမလဲ?..."
အသံလှိုင်းတွေက ပြတ်တောက်သွားလိုက်
တိုးဝင်သွားလိုက်နဲ့ သေသေချောချာမကြားရပေမယ့်
ရီပေါ်ကိုတော့ အကြည့်ချင်းလွှဲထား၏။
"ဒီမှာက ကျွန်တော်တို့နှစ်ယောက်တည်း။
ပြီးတော့ကျန့်ကောက ဒီနေရာကိုသိမှမသိတာ။..."
"ငါပြောပြီးပြီပဲ......"
"သဘောကျတယ်..."
"??...."
"ကျန့်ကော ကျွန်တော်ကို သူဌေးလို့မခေါ်ဘဲ..
ဒီလိုပြောတာကို...ကျွန်တော်သဘောကျတယ်။.."
ရှောင်ကျန့်ကြွေပြီ။ သူ့လိုအဘိုးကြီးအဲ့လိုစကားမကြား
ရတာ ရာစုနှစ်တစ်ခုစာလောက်ရှိပြီ။
ရိုမန့်တစ်မှ အရမ်းရိုမန့်တစ် ချီပြီးစကားပြောနေတာ
မပြီးတော့။ ရှောင်ကျန့်၏ ကျဉ်နေတဲ့ခြေထောက်တောင်
ဘယ်ရောက်သွားမှန်းမသိသည်အထိ ရီပေါ်သည်
အခြွေတော်ခဲ့လေသည်။
"မနက်ကျမှ လိုက်လည်ပေးမယ်။...ဒီနေ့ညတော့
နားလိုက်တော့ကျန့်ကော။..."
တံခါးက codeကိုရိုက်နှိပ်ကာအိမ်ထဲဝင်ပြီး
အိပ်ရာရှိတဲ့ ရီပေါ်ရဲ့အခန်းဆီကိုတန်းတန်းတက်သွား၏။
တိတ်ဆိတ်လွန်းတာသည် လူတစ်ယောက်မျှမရှိမှန်း
ပေါ်လွင်စေခဲ့၏။ မီးဆိုင်းများရဲ့ထိန်လင်းတဲ့အလင်းရောင်ကြောင့်ရီပေါ်ရဲ့ အသားအရေနှင့် မေးရိုးတွေကိုရှောင်ကျန့်အသေးစိတ်မြင်နေရသည်။
ဘေးတိုက်ကြည့်ရင်ပိုခန့်ပါသတဲ့ရီပေါ်ကြောင့် ရင်တွေ
ကတလှပ်လှပ်။
ဒီနေ့ညကြီးကိုဘယ်လိုဖြတ်သန်းရပါ့။........
~~~~~~~~~~~~~~TBC~~~~~~~~~~~~~~~
တကယ်မအားလို့ပါ။
ဒီလထဲပိုလို့တောင်မအားပါဘူး။
ဖြစ်နိုင်ရင် မ upနိုင်တာများလောက်မယ်ထင်ပါတယ်။
စာမေးပွဲက Zulayတို့က တိုင်းစစ်ဆိုတော့ ကြောက်တယ်။ မေမေကလည်းphသိမ်းမှာလို့ပြောနေတော့😞
Zulay ခဏပျောက်ဦးမယ်နော်😞😞😞😖
Bạn đang đọc truyện trên: AzTruyen.Top