-1-
(Unicode)
စည်ကားလှသော ပေကျင်း တစ်လျှောက်
လင်းထိန်နေသော မြို့ ပြရဲ့အလင်းရောင်များ
နင့်အတူ  ကားနက်လေးတစ်စင်းသည်
တခြားကားများနည်းတူပြေးဆွဲနေလေသည်။
မနက်စောစော အလုပ်ဝင်ရမည့်တာဝန်ကား
မလွယ်။ အဘယ့်ကြောင့်ဆိုသော ထိုကားနက်
လေး၏ နောက်ခုံ၌ သပ်ရပ်ကျော့ရှင်းစွာထိုင်နေ
သော (၂၃)အရွယ်ကောင်လေးသည် ကုမ္ပဏီ
သူဌေးတစ်ယောက်ဖြစ်သောကြောင့်ပင်။
"  သူဌေး ဒီနေ့ မော်ဒယ်အသစ်တစ်ယောက်နဲ့စာချုပ်ချုပ်ရမယ်....သူဌေး အဲ့တာ...သူ့ကို
ကြည့်ဦးမလား?.."
"မော်ဒယ်?..ယောက်ျားလား?...မိန်းမလား?."
"ယောကျ်ား..."
"အော်.....ငါကဘာကြည့်စရာလိုလို့လဲ?...
ခါတိုင်းမင်းတို့ဘဲ စာချုပ်တန်းချုပ်နေကျမဟုတ်
လား?.."
"ဟုတ်ပါတယ်....ဒါပေမယ့်.....ဒီတစ်ယောက်
ကိုတော့........ကြည့်သင့်တယ်ထင်တယ်.."
မန်နေဂျာ၏စကားကြောင့် ရီပေါ် သည်
နက်ကတိုင် ကိုဖြေလျော့ရင်း မျက်မှောင်ကြုတ်
ကာ ကားမှန်အပြင်ဘက်ရှိ ကားရောင်စုံများ
ကိုသာ စိတ်မပါစွာကြည့်နေခဲ့၏။
"လာပြန်ပြီလား. လူဂုဏ်တန်တွေ...."
              💞💞💞💞💞💞💞💞
ရုံးခန်းရောက်သည်နှင့် Filesတွဲတို့သည်တပုံ
တအောနှင့်ကြိုဆိုနေကြ၏။
ရီပေါ်သည် မိမိ၏နေရာတွင် ထိုင်ရင်း
မန်နေဂျာပေးသော Fileကိုဖွင့်ကြည့်လိုက်၏။
"ဒါ!........"
"ကျွန်တော်လည်းမသေချာဘူးသူဌေး.....
ဒါပေမယ့် တော်တော်တူနေတယ်.."
ရီပေါ်သည် Fileတွဲကိုဖွင့်ကြည့်လိုက်သော
အခါ မော်ဒယ်ဘွိုင်း တစ်ယောက်၏ပုံကို
ရှင်းလင်းစွာမြင်ရ၏။ ဒါဟာအလုပ်အပ်သူ
တိုင်းအတွက်သာမာသမာန်ရိုးကျဖြစ်ပေမယ့်
ထိုဓာတ်ပုံသည် ရီပေါ်အတွက် လုံးဝထူးဆန်း
နေလေ၏။
"ရှောင်ပိုင်?......"
"မဟုတ်ဘူး...သူ့နာမည်က ရှောင်ကျန်.....
အသက်ကတော့မော်ဒယ်ဖြစ်ဖို့နည်းနည်း
အသက်ကြီးနေပြီ.....ဒါပေမယ့် ရုပ်ကအရမ်း
နုတယ်....ပြီးတော့ သူဌေးရှာနေတဲ့ မိန်းကလေး
နဲ့တူနေမလားလို့..."
တိမ်တိမ်ဝင်သွားသော မန်နေဂျာ၏စကားသံ
ကိုနားကအာရုံစိုက်နေပေမယ့် မျက်လုံးတို့်
သည်ထိုအမျိုးသားထံသာရစ်သီနေကြ၏
"သူက.....
"အာ...သူဒီနေ့လာမယ်ပြောတယ်.....
ကျွန်တော်ပြောတဲ့ကြည့်ဖို့ဆိုတာ....
သူကလူဂုဏ်တန်မို့ပြောတာမဟုတ်ဘူး...
သူတို့မိသားစုကဆင်းရဲတယ်...ပြီးတော့
သူတစ်ယောက်ထဲရုန်းကန်နေတာ....
သူဌေးရှာနေတဲ့ ကောင်မလေးနဲ့တူလို့ကျွန်တော်
ကကြည့်ခိုင်းတာပါ...အကယ်လို့ သူဌေး
မလိုဘူးဆိုရင် ကျွန်တော်တို့ပဲ ကြည့်ကြပ်လုပ်
လိုက်မယ်လေ..."
လှည့်ထွက်သွားဖို့ပြင်နေတဲ့မန်နေဂျာကို ရီပေါ်လှမ်းခေါ်လိုက်ပြီး ရှောင်ကျန့်ရောက်လာလျှင်
သူ့၏ရုံးခန်းကိုလာခိုင်းဖို့ ပြောလိုက်၏။
ရီပေါ်တို့အဖေက မော်ဒယ်ကုမ္ပဏီပိုင်ရှင်
ရီပေါ်အမေက မော်ဒယ်...ဒီလိုနဲ့ကြိုက်သွားပြီး
ရီပေါ်ကိုမွေးလာတယ်။ရီပေါ်ငယ်ငယ်ကအရမ်း
အဆော့သန်တယ်...အိမ်ဘေးကကောင်မလေး
(ရှောင်ပိုင်)နဲ့ငယ်ငယ်လေးကတည်းကပေါင်းလာကြပြီးအထက်တန်းထိ အတူတူပဲ။
ဒါပေမယ့် ဆယ်ကျော်သက်စိတ်ကစားတာနဲ့အတူရီပေါ်ကရှောင်ပိုင်ကို သဘောကျလာပြီး
ဖွင့်ပြောတဲ့အထိပါ ရောက်လာပေမယ့်
ရှောင်ပိုင်ကသဘောမကျဘူး....
သူမပြောတာက တစ်နေ့နင်ကုမ္ပဏီပိုင်ရှင်ဖြစ်
တဲ့အခါ ငါနင့်ကုမ္ပဏီမှာလာပြီး မော်ဒယ်လုပ်
ပေးပါ့မယ်. ပြီးမှအဖြေပြန်ပေးတာပေါ့.....
ရီပေါ်ရဲ့နားထဲယခုထိဆွဲနေပါတဲ့ဒီစကားတွေ
လူဂုဏ်တန်တွေဆိုတာ ဘယ်တော့မှစကားနဲ့
အလုပ် ပြီးတော့ကတိ မရှိဘူး မတည်ကြဘူး
မယုံခဲ့သင့်တာ.....
ရီပေါ်သူမကိုစောင့်နေတာ နှစ်တွေကြာနေပြီ
သူမနိုင်ငံခြားထွက်သွားပြီးကတည်းက စာမပို့
အကြောင်းမကြား။
ရီပေါ်ဒိတစ်လျှောက်လူံးမှာ နာကြည်းနေခဲ့တာ ဒါပေမယ့် မမုန်းရက်နိုင်ဘူး....
တကယ်တမ်းပြောရရင် ယခုထိသူမ
ကိုတွေ့နိုင်ဖို့မျှော်လင့်နေတုန်းပဲ...
"သူဌေး ရှောင်ကျန်တွေ့ခွင့်တောင်းပါတယ်..."
တံခါးနောက်ကွယ်ကအသံကြားမှ ရီပေါ်သည်
အတွေးနယ်ချဲ့ကာကြည့်နေသော
ရှောင်ပိုင်နှင့်သူ့၏ဓာတ်ပုံညစ်နွမ်းနွမ်းလေးကို
မိမိစားပွဲခုံအံဆွဲထဲသို့ အမြန် ထည့်လိုက်၏။
"ဝင်လာခဲ့..."
တံခါးချပ်လေးသည်ဖြေးညှင်းစွာပွင့်နေသည့်
နောက်ကွယ်တွင် ရီပေါ်၏ ရင်ဘတ်တစ်စုံ
သည် စိတ်လှုပ်ရှားမှုကြောင့် ပိုမိုလျှင်မြန်စွာ
ခုန်နေလေသည်။
ပွင့်ဟသွားသောတံခါးလေးနှင့်အတူ
ပိန်ပါးရှည်သွယ်သော အမျိ ု းသားတစ်ယောက်
ဝင်လာ၏။ထိုအမျိ ုးသားငယ်သည် ဟိုကြည့်
ဒီကြည့်နှင့် ခါးကိုင်းလျှက်။
ရီပေါ်သည် ထိုကောင်လေးကို ဘာရယ်လို့
မဟုတ်ပါဘူး ဓာတ်ပုံနှင့်လူ တူရောတူပါ့မလား
ဟူသော စိတ်ငယ်လေးတစ်ခုကြောင့်
ထိုကောင်လေးကို လိုက်ကြည့်နေမိသည်။
ရှောင်ကျန်သည် သူဠေးနှင့်တူဟန်ရှိသော
လူတစ်ယောက်ကို မြင်သည်နှင့် လူရိုးတစ်
ယောက်ပီပီ ခဏခဏ ခါးကိုင်ကာ ခုံဘေးတွင်
မတ်တပ်ရပ်နေမိ၏။ ရီပေါ်ဘာမှမပြောခင်
အထိပေါ့။
"သူဠေး.....သူ..သူဠေး...."
မိန်းကလေးတစ်ယောက်ထက်လှပကျော့ရှင်း
သောမျက်တောင်။
Makeup မပါရင်တောင် ဝင်းအိနေမယ့်
မျက်နှာတစ်ခု။
တည်ငြိမ်အေးဆေးပြီး နူးညံ့လှပါသော
သူ့အသံ။
မိန်းမတစ်ယောက်မဟုတ်ပေမယ့်
မိန်းမနီးနီး လှတာ....မဟုတ်ဘူး!..
ချစ်ဖို့ကောင်းတာ....
ဒါပေမယ့်......ရှောင်ပိုင်.....ကိုတော့
မမှီနိုင်ပါဘူး......
"သူဠေး...."
"အင်း....ရော့..."
"ဒါက...."
"ဒီနေ့ကစလို့...အလုပ်လာဆင်းနိုင်တယ်...
မင်းအတွက် စာချုပ်ကို မန်နေဂျာဆီမှာ
ပေးလိုက်မယ်...မင်းလက်ခံရင်သွားယူပေါ့."
မိမိကုမ္ပဏီမော်ဒယ်တစ်ယောက်ဖြစ်ကြောင်း
စာချုပ်ကို ရှောင်ကျန်၏ရှေ့လက်ဖြင့်အသာ
တွန်းပို့လိုက်ရင်း ကမ်းလှမ်းလိုက်ပါ၏။
"...ဒါ....တကယ်ပဲ...တကယ်ပဲ...ကျွန်တော့်
ကိုလက်ခံတာလား?....ကျေးဇူးတင်ပါတယ်..
သူဠေး.......ကျေးဇူး.."
အပျော်လုံးဆို့ဟန်ရှိသော ရှောင်ကျန်၏
မျက်ဝန်းတစ်ချို့တို့သည် ပုလဲရောင်ရည်ကြည်
လေးများ လက်နေခဲ့ပြီး ရင်ဘတ်နားကလက်ခုပ်
ကိုမချ...
ရီပေါ်သည် ရှောင်ကျန့်အား အနည်းငယ်ပြုံးပြ
ပြီး ခေါင်းကိုအသာငြိမ့်ပေးလိုက်ရ၏။
"သူဠေးဒါဆို ကျွန်တော်...အိမ်ပြန်လို့ရလား?.."
"အင်း....ဒါပေမယ့် နေ့လည်မရောက်ခင်..
ပြန်လာမှအဆင်ပြေမယ်.."
"ဟုတ်ကဲ့.ဒါဆို..အိမ်မှာရှိတဲ့
..ကျွန်တော့် အကျီ်တွေပြန်ယူလို့ရလား?.."
"ရတယ်..."
"ကျေးဇူးတင်ပါတယ်..."
ရှောင်ကျန်သည် တံခါးနားကို အပြေးတစ်ပိုင်း
ဖြင့် အရောက် တစ်ခုခုကို သတိရဟန်ရှိကာ
ပြန်လှည့်လာရင်း...ရီပေါ်အားပြုံးပြလေသည်။
"ကျွန်တော့်ကိုခွင့်ပြုပါဦး.."
ရီပေါ်သည် ထိုကောင်လေးအား ခေါင်းပြန်
ငြိမ့်ပြရင်းလှုပ်ခါနေသော ရင်တစ်စုံကို
ပြန်ဖိလိုက်ရ၏။
"အသိစိတ်ဝင်စမ်း..ရီပေါ် သူကယောကျာ်းလေး
ပြီးတော့....ရှောင်ပိုင်မဟုတ်ဘူး...."
~~~~~~~~~~~~{My Boy}~~~~~~~~~~~
"အဘွား.....ကျွန်တော်အလုပ်ရပြီ...သိလား?.
သတိရရင် အဘွားဆီပြန်လာခဲ့မယ်.....
အဘွားနေကောင်းအောင်နေနော်..."
မြေးအဘွားနှစ်ယောက်အလွမ်းသယ်နေသော
နံနက်ခင်းသည် လွန်စွာလွမ်းဆွတ်ဖွယ်ကောင်း
၏။ဖခင်မရှိသော်လည်းမိခင်နှင့်အဘွားတို့အား
ရရာအလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးနေသော
ရှောင်ကျန်သည် အလုပ်ရသော်လည်း
ခွဲရမှာ လွန်စွာပင် စိတ်ပူလှ၏။
မသန်မစွမ်းနိုင်တော့သော အဘွားသည်
ရှောင်ကျန်၏ ပါးအား ကိုင်ရင်းမိမိ၏မြေးအား
ကောင်းစွာနေထိုင်ရန် ခဏခဏသတိပေးနေ၏
"ဒါဆို သားသွားတော့မယ်နော်...မေမေ..
ဘွားဘွားကို ဂရုစိုက်နော်..."
"ဟုတ်ပါပြီ သားရယ်...လာပါဦးအမေ့သားလေး
ပင်ပန်းတော့မှာပဲ..ဂရုစိုက်နော်.."
အမေ့၏ရင်ခွင်နွေးနွေးလေးအကြား ခိုသိုင်း
ရင်း ခံစားချက်အပြည့်နှင့် တွဲလဲခိုနေသော
မျက်ရည်ကြည်တွေကို အမေမမြင်အောင်
တိတ်တစိတ်သုတ်ရရှာတဲ့ ရှောင်ကျန်ရယ်ပါ။
အိမ်ပေါက်တည့်တည့် လာရပ်သော ကား
အနက်တစ်စီးအတွင်းရှိ ရီပေါ်သည်
အိမ်တွင်းကိုလှမ်းကြည့်
နေရင်း ထိုကောင်လေးထွက်အလာကိုသာ
စောင့်နေ၏။
"ရှောင်ကျန် အရမ်းနုတာပဲ..."
မကြာပါချေ ရှောင်ကျန် အိမ်ထဲမှ ထွက်လာပြီး
မိမိရှေ့ရှိ ကားမှန်ချထားသည်မှ မြင်ရသော
သူဠေးကြောင့် ခန္ဓာကိုယ်သည် တောင့်တာင့်
ကြီးဖြစ်လျှက်ပင်။
"သူဠေး....ဘယ်လိုလုပ်.."
"မင်းအရမ်းကြာနေပြီ...အဲ့တာကြောင့်လာခေါ်
တာ..."
"တောင်းပန်ပါတယ်..သူဠေး...ကျွန်တော်.....
ကျွန်တော်....နည်းနည်းကြာသွားတယ်..."
ရီပေါ်သည် ကိုယ်တိုင်ကားမောင်းလာခြင်း
မဟုတ်ဘဲ မန်နေဂျာပါတာကြောင့် ရှောင်ကျန်
နှင့်ရီပေါ် ကားနောက်ခန်းတွင် အတူထိုင်ရ၏။
သူဠေးပီပီ ကားတွင်းလည်းမရှောင် ခြေချိတ်
ထိုင်သလောက် မော်ဒယ်လောင်းလေးမှာ
တော့ ကုပ်ကုပ်လေးသာ။
ဘယ် သူဠေးမှ မိမိ၏ကုမ္ပဏီသားမပြောနဲ့
မဖြစ်သေးတဲ့ အလောင်းလျာကို လာခေါ်
သည်ကို ရှောင်ကျန်ဒီအသက်အရွယ်ထိမမြင်
ဖူးသလို ကြားဖူးနားဝလည်းမရှိသေးမို့....
နည်းနည်းတော့ ကြောက်မိသား.....
တကယ်တော့ ရီပေါ်မှာ သံသယအနည်းငယ်
သည် သံမှိုလိုစွဲနေသေးတာမို့ ရှောင်ကျန်အိမ်
ကိုလိုက်လာမိ၏။
အကယ်လို့ရှောင်ကျန်သာ ရှောင်ပိုင်ဖြစ်ပြီး
ရီပေါ်အား လာညာပါလျှင် သိရှိရန်...
သို့သော် ရှောင်ကျန်တို့၏မိသားစုအခြေအနေ
အနေသည် ရှောင်ပိုင်နှင့်မတူ။
ကောင်းကင်နှင့်မြေကြီး တခြားဆီလိုပင်ဖြစ်နေ၏။
ရီပေါ်မိမိကိုယ်ကို သိပါသည် သူရှောင်ပိုင်
အပေါ်အရမ်း ရူးတယ်ဆိုတာ....
ဒါပေမယ့် ဒီလောက်သံသယတွေများလာ
အောင် ဒီရှောင်ကျန်သည် သူ့အရှေ့အဘယ့်
ကြောင့်ပေါ်လာရပါသနည်း
အခြေအနေကိုပိုရှုပ်အောင်ကြိုးကိုင်နေသည်
မှာ ရှောင်ကျန့်။
သံသယသည် တိုးမလာသလို လျော့မသွားပါချေ
မိမိ၏ရှောင်ပိုင်သည် ထိုကောင်လေးနှင့်
အတော်ဆင်၏။ အနည်းငယ်ရှည်ထွက်နေ
သော အရပ်နှင့် နှုတ်ခမ်းနားက မှဲ့လေးတစ်ခု
ကလွဲရင်ပေါ့.......
"ငါ့ကုမ္ပဏီကမတင်းကြပ်ပါဘူး..မင်းသွားချင်ရင်
တစ်ပတ်တစ်ခါ အိမ်ပြန်လို့ရတယ်..."
"ကျေးဇူးတင်ပါတယ် သူဠေး..."
" မန်နေဂျာ....ကုမ္ပဏီမှာ သူ့အတွက်အခန်း
လိုက်ပြလိုက်....ပြီးမှစာချုပ်ကို အေးအေး
ဆေးဆေး ဖတ်ပေါ့..."
"ဟုတ်ကဲ့...."
တိတ်ဆိတ်သွားသောကားအတွင်းတွင်
အဲကွန်းသည်ဒီနေ့မှပိုအေးသယောင်
ရှောင်ကျန်သည် စိတ်လှုပ်ရှားနေသည့်အတူ
မိမိ၏လက်သည်များကို တစ်ခုနှင့်တစ်ခု
လျှောက်ခြစ်နေမိ၏။
ရီပေါ်သည် မိမိဘေးတွင်ရှိသောကောင်လေး
သည် အငြိမ်မနေဘဲ ရှိနေသဖြင့် လှုပ်နေသော
လက်များကို ကြည့်မိ၏။
တကယ့်ကို....စိတ်လှုပ်ရှားနေတဲ့ပုံဘဲ။
တစ်ဆက်တည်း မျက်နှာကိုကြည့်မိတော့
အောက်နှုတ်ခမ်းသားကို ကိုက်ထားပါသော
ရှောင်ကျန့်ကြောင့် ရီပေါ်မှာ သူခိုးလူမိ
သလို ကားမှန်ဘက်အမှန်လှည့်ရင်း
ရေဆာဟန်ရှိသော နှုတ်ခမ်းတစ်စုံကို
လျှာဖြင့် သပ်ရင်း သက်ပြင်းချလျှက်သာ.....။
*သူက ရှောင်ကျန်...ရှောင်ပိုင်မဟုတ်ဘူး*
••••••••••••••••TBC•••••••••••
Hiသဲလေးတို့်🌚🌚🌚hehe
Sweet ficလေး🐹
(Zawgyi)
ကြည့်ဦးမလား?.."
"ယောက်ျား..."
လား?.."
              💞💞💞💞💞💞💞💞
"ဒါ!........"
ရှင်းလင်းစွာမြင်ရ၏။ ဒါဟာအလုပ်အပ်သူ
နေလေ၏။
"ရှောင်ပိုင်?......"
နဲ့တူနေမလားလို့..."
"သူက.....
လိုက်မယ်လေ..."
ရီပေါ်ကိုမွေးလာတယ်။ရီပေါ်ငယ်ငယ်ကအရမ်း
မယုံခဲ့သင့်တာ.....
အကြောင်းမကြား။
"ဝင်လာခဲ့..."
ခုန်နေလေသည်။
မတ်တပ်ရပ်နေမိ၏။ ရီပေါ်ဘာမှမပြောခင်
အထိပေါ့။
"သူဠေး.....သူ..သူဠေး...."
သောမျက်တောင်။
မျက်နှာတစ်ခု။
သူ့အသံ။
ချစ်ဖို့ကောင်းတာ....
မမှီနိုင်ပါဘူး......
"သူဠေး...."
"အင်း....ရော့..."
"ဒါက...."
သူဠေး.......ကျေးဇူး.."
ကိုမချ...
ပြန်လာမှအဆင်ပြေမယ်.."
"ရတယ်..."
"ကျေးဇူးတင်ပါတယ်..."
ပြန်ဖိလိုက်ရ၏။
~~~~~~~~~~~~{My Boy}~~~~~~~~~~~
စောင့်နေ၏။
ကြီးဖြစ်လျှက်ပင်။
"သူဠေး....ဘယ်လိုလုပ်.."
တာ..."
တော့ ကုပ်ကုပ်လေးသာ။
ကိုလိုက်လာမိ၏။
မှာ ရှောင်ကျန့်။
အတော်ဆင်၏။ အနည်းငယ်ရှည်ထွက်နေ
ကလွဲရင်ပေါ့.......
ဆေးဆေး ဖတ်ပေါ့..."
"ဟုတ်ကဲ့...."
လျှောက်ခြစ်နေမိ၏။
လက်များကို ကြည့်မိ၏။
••••••••••••••••TBC•••••••••••
Hiသဲလေးတို့်🌚🌚🌚hehe
Sweet ficလေး🐹
Bạn đang đọc truyện trên: AzTruyen.Top