5
Unicode
ရက်သတ္တပတ်တွေလည်း တရွေ့ရွေ့
ကုန်ဆုံးလာတာ တစ်နှစ်ကုန်တော့မည် ။
သူတို့နှစ်ယောက်လည်း တဖြည်းဖြည်း
ပိုရင်းနှီးလာခဲ့သည် ။အဲ့ထက်တောင်
ပိုတယ်ပြောရမယ် ။
" Jimin စာမလုပ်ဘူးလား "
" မလုပ်ချင်ဘူး..စာတွေက ပျင်းဖို့
ကောင်းတယ် "
" နည်းနည်းလေးပဲ ဖြစ်ဖြစ်လိုက်ကြည့်လေ"
" Jeonက စာလုပ်စေချင်လို့လား "
" ဖိအားသဘောပြောတာမဟုတ်ပါဘူး..
စာလုပ်တော့ Jiminအတွက်ကောင်းတယ်
လေ..Jiminက နောက်ဆုံးနှစ်မလား "
" အင်းနော် "
အတန်းတင် စာမေးပွဲတွေ ဖြေရပြီ ။
JungKookကတော့ စာအုပ်ပုံထဲခေါင်းနစ်
နေပေမဲ့ Jiminကတော့ အေးအေးလူလူ ။
JungKookကိုသာ အစားအသောက်မှန်ဖို့
ကျန်းမာရေးကောင်းဖို့သာ ဂရုစိုက်ပေးနေခဲ့တယ် ။
JungKook စာကျက်တာမှာ ကူညီပေးခဲ့ပေမဲ့
Jiminကိုယ်တိုင်ကျ စာမလုပ်ခဲ့ ။
စာမေးပွဲပြီးတော့ JungKookအခုမှ
ဝန်ထုပ်ဝန်ပိုးတစ်ခုကျသွားသလို
ပေါ့သွားသည် ။ အကောင်းဆုံးကြိုးစား
ခဲ့သည်မို့ အတန်းကအောင်မှာပါ ။
" Jimin "
" ဖြေနိုင်လား "
" ဟုတ် Jiminရော.."
" ဒီလိုပါပဲ စိတ်မပူပါနဲ့ "
" စာမလုပ်ပဲနဲ့ ဖြေနိုင်တာ သေချာရဲ့လား "
JungKookက Jiminလက်ဖဝါးနှစ်ဖက်ကို
ဆုပ်ကိုင်ရင်း စိုက်ကြည့်ကာမေးသည် ။
Jiminက ရှောင်လွှဲထွက်သွားသည် ။
" Jimin! "
" မြန်မြန်လာ Jeon..မင်းကြိုက်တာတွေ
ကိုယ်ချက်ကျွေးမယ် "
ညနေစာစားပြီးတော့ ထိုင်နေကျ
ကွပ်ပျစ်ပေါ်မှာ ကြယ်တွေကို ငေးကြည့်
နေမိသည် ။ ကြယ်တွေကို ကြည့်ရတာဟာ
ထာဝရဆိုရင်တောင် ရိုးအီမယ် မထင် ။
သူ့ကို ငေးကြည့်နေရသလိုမျိုးပေါ့ ။
အမြဲတမ်း ဆန်းသစ်နေသည် ။
" Jimin.."
" အင်း "
စကားသံ ထပ်ထွက်မလာတာကြောင့်
Jimin ဘေးကို ငဲ့စောင်းကြည့်လိုက်သည်။
JungKookကလည်း Jiminကိုကြည့်နေတာမို့
အကြည့်ချင်းဆုံနေခဲ့တာ ဘယ်သူ့ဘက်ကမှ
စပြီး အကြည့်မလွှဲခဲ့ ။
လေအေးက တစ်ချက်ဝေ့ကနဲ နှစ်ယောက်
ကြား ဖြတ်တိုက်သွားမှ သတိဝင်လာကြသည် ။
JungKookဟာ မျက်တောင်တွေ
တဖြတ်ဖြတ်ခတ်ရင်း အရင်ဆုံး
အကြည့်လွှဲသွားခဲ့သည် ။
" Jiminရဲ့ Ursa Minorက ဘယ်သူလဲ
ဆိုတာ မပြောပြချင်သေးဘူးလား "
" သိချင်ပြီလား "
" ကျွန်တော်တို့လည်း ရင်းနှီးနေပြီမို့လို့လေ "
" ကိုယ့်ရဲ့Ursa Minorက သူမတူဘူး..
သိပ်ကို တမူထူးခြားတဲ့သူ..ခါးသိမ်သိမ်
လေးနဲ့ ခြေဖဝါးရဲရဲလေးတွေကို ပေါင်းစပ်
ထားတဲ့ အလှတရားလေး..သူပြုံးလိုက်ရင်
ကြယ်စဥ်ပေါင်းသောင်းချီ ရင်ထဲကို
ခြွေချလိုက်သလိုမျိုး "
ဂန္ဓဝင်တွေ မြောက်အောင်ပြောတတ်လိုက်တာ
Jiminရယ် ။ ကျွန်တော့်ရင်တွေလည်း
ပဲ့ကြွေကုန်ပါပြီ ။
" သူက ကိုယ်နဲ့မဝေးဘူး "
ဒါဆို သူသိနေတဲ့ လူတစ်ယောက်ဖြစ်ရမယ်။
Minwooများလား ။ ဘုရားရေ...
ဒူးခေါင်းနှစ်ဖက်ကို ပိုက်ရင်း JungKookမှာ
ကျုံ့နိုင်သမျှ ကျုံ့ထားသည် ။
" အခု ကိုယ့် ဘေးနားမှာ ထိုင်နေတဲ့သူလေး"
" ဟမ် "
" Can you be my Ursa Minor,Jeon? "
" Ji-Ji Min..! "
JungKook မျက်ရည်တွေ မထိန်းနိုင်တော့။
" ဘာလို့ ငိုတာလဲကွာ "
" ကျွန်တော့်မှာ ချစ်-ချစ်လိုက်ရတာJiminကို...
ဒါပေမဲ့လည်း Jiminက
သဘောကျတဲ့သူရှိတယ်ဆိုလို့ ကျွန်တော့်
ဘယ်လောက်တောင် ရူးနေရလဲ "
" ကိုယ်က အချိန်မတန်သေးလို့ မပြော
တာပါကွာ "
" ကျွန်တော့်ကို Jiminက ကစားနေတာလား
လို့တောင် တွေးမိခဲ့တာ "
" ကိုယ်က မင်းကို စတွေ့ကတည်းက
ရည်ရွယ်ခဲ့တာပါ Jeon..ဒါကြောင့်
ဖြည်းဖြည်းချင်း ရင်းနှီးအောင်လုပ်ခဲ့တာ..
ကိုယ်က သံယောဇဥ်တွေကို ချစ်တယ်လေ "
" Jeonဆိုတဲ့ သံယောဇဥ်လေး ရစ်ပတ်တာ
ကို ခံချင်တာ "
Jimin သူပေးထားတဲ့ မျက်မှန်လေးကို
JungKookဆီကနေ ချွတ်လိုက်သည် ။
ကြယ်တွေ သိမ်းထားတဲ့ မျက်ဝန်းတွေလို့
ပြောရင် သူ မလွန် ။ အရည်လဲ့နေတာကြောင့်
မျက်ဝန်းတွေက အရင်ထက်တောင်
ပို တောက်ပနေသည် ။
JungKookနားတဖြည်းဖြည်းတိုးသွားခဲ့သည်။
မျက်နှာနှစ်ခုအကြား ဘယ်လောက်မှ
မဝေးတော့။ နှာထိပ်ချင်းတောင် ထိမိနေပြီ ။
" Can you be my Ursa Minor,Jeon ? "
Jimin ထပ်မေးခဲ့သည် မျက်ဝန်းတွေကို
တည့်တည့်စိုက်ကြည့်ရင်း ။
" Of Course, Dear Ursa Major "
ငိုသံခပ်စွက်စွက်နဲ့ပဲ အဖြေလေးဟာ လှပစွာ။
ထိကပ်သွားတဲ့ နှုတ်ခမ်းတွေ ။
ကြယ်ရောင်တွေ လရောင်တွေ ရောနှော
ဖြာကျနေတဲ့အောက်က ဂန္ဓဝင်ဆန်တဲ့
အနမ်းတွေ ။ ချစ်ခြင်းရဲ့ အငွေ့သက်တွေက
လေထုထဲထိတောင် ပျံ့နှံ့နေသည် ။
ညမွှေးပန်းတို့ရဲ့ ရနံ့ဟာလည်း သင်းပျံ့လာတာ
အနမ်းတွေကို ပို လှစေသလို ။
အခုတော့ JungKook, Jiminရင်ခွင်ထဲကို
စိတ်ကြိုက်တိုးဝင်နိုင်ခဲ့ပြီ ။ လုံခြုံတဲ့
ခံစားချက် ။ နွေးထွေးမှုတွေ အပြည့်ပဲ ။
ချစ်ခြင်းတွေကလည်း အလျှံအပယ်ဆိုတာ
ခံစားမိသည် ။ ဘဝက Jiminရှိရင်
ပြီးပြည့်စုံပြီ ။
တစ်ညလုံး Jiminနဲ့JungKook မအိပ်ဖြစ်ခဲ့ပါ။
JungKookကို ရင်ခွင်ထဲထည့်ထားရင်း
ဆံစလေးတွေကို လက်လေးနဲ့ထိုးဖွလိုက်
ခပ်ဖွဖွ အနမ်းပေးလိုက် ။ ပါးအိအိလေးကို
မွှေးကြူလိုက် ။ အသည်းယားလာရင်
ခါးသိမ်သိမ်လေးကို အတင်းဆွဲဖက်လိုက်။
လက်ဖမိုးလေးတွေကို အုပ်ကိုင်ထားလိုက်။
ခပ်ရဲရဲ ခြေဖဝါးလေးတွေကို ဆုပ်ကိုင်ထားလိုက်နဲ့ Jiminတစ်ယောက် အလုပ်ရှုပ်နေခဲ့သည် ။
ကျောင်းတွေလည်း ပိတ်တော့ Jiminတို့
အားလပ်ချိန်တွေ ပိုရနေသည် ။
ဒီနေ့ Jiminက သူ့အိမ်ဆီကို JungKookကို
ခေါ်သွားသည် ။
ဝင်ဝင်ချင်းပင်..
" Jiminရဲ့ အိမ်က အထီးကျန်လိုက်တာ"တဲ့။
အဖြူရောင်တွေချည်း ဖြစ်ကလင့်စား
မှိုင်းညို့ကာ ဆွေးရိပ်သန်းနေသည်။
" ကိုယ် ဘာလို့ Jeonဆီ လာနေလဲ
သိပြီလား "
" ဘယ်လိုများ သည်းခံခဲ့လဲ Jiminရယ် "
JungKook တိုးဖက်လာရင်း ဆိုသည် ။
" ကိုယ်က နေသားကျနေတာလေ "
လဖွေးဖွေးက ထွက်ပေါ်လာပြီ ။
အဖြူရောင်အိမ်လေးက ယခင်လိုမဟုတ်ပဲ
အသက်ဝင်နေသယောင်ယောင် ။
" Jimin ! ညဥ့်နက်နေတာကို "
" အခုမှ ၈နာရီပါ Jeonရာ "
" ဒါပေမဲ့- "
JungKook စကားမဆုံးခင်မှာပဲ
Jiminက လရောင်အောက်က ရေကူးကန်ထဲ
ကိုခုန်ဆင်းသွားပြီ ။
" Yes! ညဘက် ရေကူးရတာ အရမ်း
မိုက်တာပဲ !! "
" ဖျားပါမယ်ဆို "
JungKookလည်း သဘက်ကြီးကြီးတစ်ထည်ကို
အသင့်ကိုင်ကာ ထိုင်စောင့်ပြီး ကြည့်နေလိုက်သည် ။
လရောင်အောက်က နတ်ဘုရား ။
ကမ္ဘာမြေပေါ်မှာ တစ်ဦးထဲပဲ ရှိတဲ့
နတ်ဘုရားက သူ့ရှေ့က ကန်ရေထဲမှာ ။
ဆံစတွေက ရေစိုနေပြီး သပ်တင်ထားတာ
ကြောင့် အရိုင်းဆန်နေသလိုမျိုး ။
တစ်ချက်တစ်ချက်လည်း စူးစူးစိုက်စိုက်
လည်း ကြည့်တာကြောင့် လူက မျောမျော
သွားချင်သလို ။
" Jimin ကြာနေပြီနော် "
" တူတူ လာကူးပါလား JEON "
" မကူးဘူး Jiminလည်း တက်ခဲ့တော့ "
" ဒီနားလာ "
" Jimin ကျွန်တော့်ကို ရေထဲဆွဲချရင်
တကယ် စိတ်ဆိုးမှာနော် "
" ဟား..မလုပ်ပါဘူး "
JungKookက ကန်ဘောင်နားမှာ
ဆောင့်ကြောင့် ထိုင်ချလိုက်သည် ။
Jiminကလည်း ထိုနားကို ကူးလာသည် ။
" ရေတွေက အေးနေတာပဲ Jimin..
တက်ခဲ့တော့ "
လက်ဖျားလေးနဲ့ ရေတွေကို စမ်းကြည့်ရင်း
JungKookပြောနေသည် ။
Jiminကတော့ JungKookခြေထောက်
နှစ်ဖက်ကို ဆွဲယူလိုက်သည် ။
ဆောင့်ကြောင့်ထိုင်နေတဲ့ JungKookလည်း
ဖင်ထိုင်ရက် ဖြစ်သွားပြီး ခြေထောက်နှစ်ဖက်
က ရေထဲ စိမ်လျက်သား ။
Jiminက JungKookပေါင်ပေါ်ကို
ခေါင်းလေး မှေးတင်လိုက်ပြီး စိုက်ကြည့်
နေသည် ။
" ကိုယ့်ကို နမ်းပါအုန်း Jeon "
" နမ်းပြီးရင် ရေထဲကနေ တက်ခဲ့တော့ "
" အင်း "
JungKookက သဘက်ကို ရေခြောက်တဲ့
ခပ်ဝေးဝေးကို ချထားလိုက်သည် ။
နောက်တော့ ရေစက်တွေ စွတ်စိုနေတဲ့
Jiminမျက်နှာကို ထိကိုင်လိုက်သည် ။
ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ရင်း
အေးစက်စက် နှုတ်ခမ်းတစ်စုံကို ထိတွေ့
လိုက်တော့ တုန်ယင်သွားသည် ။
Jiminဘက်ကနေ စပြီး ခပ်ဖွဖွ စုပ်ယူ
လာတဲ့ အနမ်းတွေက တဖြည်းဖြည်း
လွင့်ချင်လာသလိုလို ။ Jiminက
JungKookကို ရေထဲကို ဆွဲချလိုက်တာကို
တောင် သတိမမူမိခဲ့ ။ အနမ်းတွေက
သိပ် ယစ်မူးတာကိုး ။
" Ji-Jimin ကျွန်တော် အေးနေပြီ "
" တက်ကြမယ် "
လရောင်အောက် ကန်ရေထဲက ပူရှိန်းရှိန်း
အနမ်းတွေကို JungKookဘယ်တော့မှ
မေ့တော့မှာမဟုတ်ပါ ။
အိပ်ခန်းထဲရောက်တော့ JungKookက
အင်္ကျီအမြန်လဲလိုက်ပြီး Jimimအတွက်
လည်း နွေးနွေးထွေးထွေး တစ်စုံထုတ်ပေး
လိုက်သည် ။
နောက်တော့ ကုတင်ပေါ်မှာ ထိုင်ရင်း
Jiminကို ခေါင်းသုတ်ပေးနေလိုက်သည်။
" ဖျားလို့ကတော့ ပစ်ထားပစ်မယ် Jimin "
" လုပ်ရက်တာလား Jeon "
မျက်နှာငယ်လေးနဲ့ ဘယ်လိုတောင်
လာချွဲနေတာလဲ ဒီလူကတော့ ။
" တကယ်လုပ်မှာ ပြောစကားမှ နားမထောင်
တာ "
" ချစ်တယ်မလား "
" ချစ်တာက ချစ်တာပဲ..Jiminလည်း
ကျွန်တော့်ကို ချစ်တယ်မလား "
" ချစ်တယ်လေ "
" အဲ့ဒါဆို ကျွန်တော့်စကားနားထောင်လေ "
" နောက် မလုပ်တော့ပါဘူးနော်..
စိတ်မဆိုးပါနဲ့ "
" ကျွန်တော် စိတ်ဆိုးနေတာ မဟုတ်ဘူး..
စိတ်ပူနေတာ Jiminဖျားမှာစိုးလို့..
ညဘက် ရေထိတာ သိပ်မကောင်းဘူး..
ဖျားတာထက် ဆိုးတာတွေ ဖြစ်နိုင်တယ်..
Jiminထိခိုက်မှာ ကျွန်တော်မလိုလားဘူး "
JungKookက ပြောရင်း သူ့ဆံပင်ကို
ခြောက်မခြောက် စမ်းကြည့်သည် ။
သေချာခြောက်မှ ကုတင်ပေါ်ကထသွားပြီး
သဘက်သွားထားသည် ။
JungKookကျောပြင်ကိုကြည့်ရင်း
Jiminဝမ်းနည်းလာသည် ။ Jimin
ထပြီး JungKookနားကိုသွားလိုက်သည်။
နောက်တော့ ကျောပြင်ကနေ သိုင်းဖက်
လိုက်သည် ။
" ကိုယ် တောင်းပန်ပါတယ် Jeon "
" Huhh..Jimin တောင်းပန်စရာမလိုပါဘူး
Jimin မှ မမှားတာပဲကိုး..နောက်သာ
မလုပ်နဲ့ "
" အင်းပါ Jeon..."
ပါးလေးတွေကို ခပ်ဖွဖွနမ်းလိုက်သည် ။
" အခု ကိုယ်တို့ ဝရံတာမှာ ကြယ်ကြည့်- "
" ဘာကြယ်မှ မကြည့်ဘူး..အပြင်မှာ
လေစိမ်းတွေတိုက်နေတယ်..အခုလို
ရေစိမ်ထားပုံနဲ့ဆိုရင် မနက်ဖြန်ဖျားလိမ့်
မယ် "
" ကြယ်တွေကို ဒီညတော့ ခဏခေါက်ထား
လိုက်..အိပ်ကြမယ်..ညနက်နေပြီ Jimin "
JungKook စကားသံကို ကောင်းကင်ယံက
ကြယ်လေးတွေကတော့ နှာခေါင်းရှုံ့မိ
လိုက်ပါရဲ့ ။
/////
Zawgyi
ရက္သတၱပတ္ေတြလည္း တေ႐ြ႕ေ႐ြ႕
ကုန္ဆုံးလာတာ တစ္ႏွစ္ကုန္ေတာ့မည္ ။
သူတို႔ႏွစ္ေယာက္လည္း တျဖည္းျဖည္း
ပိုရင္းႏွီးလာခဲ့သည္ ။အဲ့ထက္ေတာင္
ပိုတယ္ေျပာရမယ္ ။
" Jimin စာမလုပ္ဘူးလား "
" မလုပ္ခ်င္ဘူး..စာေတြက ပ်င္းဖို႔
ေကာင္းတယ္ "
" နည္းနည္းေလးပဲ ျဖစ္ျဖစ္လိုက္ၾကည့္ေလ"
" Jeonက စာလုပ္ေစခ်င္လို႔လား "
" ဖိအားသေဘာေျပာတာမဟုတ္ပါဘူး..
စာလုပ္ေတာ့ Jiminအတြက္ေကာင္းတယ္
ေလ..Jiminက ေနာက္ဆုံးႏွစ္မလား "
" အင္းေနာ္ "
အတန္းတင္ စာေမးပြဲေတြ ေျဖရၿပီ ။
JungKookကေတာ့ စာအုပ္ပုံထဲေခါင္းနစ္
ေနေပမဲ့ Jiminကေတာ့ ေအးေအးလူလူ ။
JungKookကိုသာ အစားအေသာက္မွန္ဖို႔
က်န္းမာေရးေကာင္းဖို႔သာ ဂ႐ုစိုက္ေပးေနခဲ့တယ္ ။
JungKook စာက်က္တာမွာ ကူညီေပးခဲ့ေပမဲ့
Jiminကိုယ္တိုင္က် စာမလုပ္ခဲ့ ။
စာေမးပြဲၿပီးေတာ့ JungKookအခုမွ
ဝန္ထုပ္ဝန္ပိုးတစ္ခုက်သြားသလို
ေပါ့သြားသည္ ။ အေကာင္းဆုံးႀကိဳးစား
ခဲ့သည္မို႔ အတန္းကေအာင္မွာပါ ။
" Jimin "
" ေျဖႏိုင္လား "
" ဟုတ္ Jiminေရာ.."
" ဒီလိုပါပဲ စိတ္မပူပါနဲ႔ "
" စာမလုပ္ပဲနဲ႔ ေျဖႏိုင္တာ ေသခ်ာရဲ႕လား "
JungKookက Jiminလက္ဖဝါးႏွစ္ဖက္ကို
ဆုပ္ကိုင္ရင္း စိုက္ၾကည့္ကာေမးသည္ ။
Jiminက ေ႐ွာင္လႊဲထြက္သြားသည္ ။
" Jimin! "
" ျမန္ျမန္လာ Jeon..မင္းႀကိဳက္တာေတြ
ကိုယ္ခ်က္ေကြၽးမယ္ "
ညေနစာစားၿပီးေတာ့ ထိုင္ေနက်
ကြပ္ပ်စ္ေပၚမွာ ၾကယ္ေတြကို ေငးၾကည့္
ေနမိသည္ ။ ၾကယ္ေတြကို ၾကည့္ရတာဟာ
ထာဝရဆိုရင္ေတာင္ ႐ိုးအီမယ္ မထင္ ။
သူ႕ကို ေငးၾကည့္ေနရသလိုမ်ိဳးေပါ့ ။
အၿမဲတမ္း ဆန္းသစ္ေနသည္ ။
" Jimin.."
" အင္း "
စကားသံ ထပ္ထြက္မလာတာေၾကာင့္
Jimin ေဘးကို ငဲ့ေစာင္းၾကည့္လိုက္သည္။
JungKookကလည္း Jiminကိုၾကည့္ေနတာမို႔
အၾကည့္ခ်င္းဆုံေနခဲ့တာ ဘယ္သူ႕ဘက္ကမွ
စၿပီး အၾကည့္မလႊဲခဲ့ ။
ေလေအးက တစ္ခ်က္ေဝ့ကနဲ ႏွစ္ေယာက္
ၾကား ျဖတ္တိုက္သြားမွ သတိဝင္လာၾကသည္ ။
JungKookဟာ မ်က္ေတာင္ေတြ
တျဖတ္ျဖတ္ခတ္ရင္း အရင္ဆုံး
အၾကည့္လႊဲသြားခဲ့သည္ ။
" Jiminရဲ႕ Ursa Minorက ဘယ္သူလဲ
ဆိုတာ မေျပာျပခ်င္ေသးဘူးလား "
" သိခ်င္ၿပီလား "
" ကြၽန္ေတာ္တို႔လည္း ရင္းႏွီးေနၿပီမို႔လို႔ေလ "
" ကိုယ့္ရဲ႕Ursa Minorက သူမတူဘူး..
သိပ္ကို တမူထူးျခားတဲ့သူ..ခါးသိမ္သိမ္
ေလးနဲ႔ ေျခဖဝါးရဲရဲေလးေတြကို ေပါင္းစပ္
ထားတဲ့ အလွတရားေလး..သူျပဳံးလိုက္ရင္
ၾကယ္စဥ္ေပါင္းေသာင္းခ်ီ ရင္ထဲကို
ေႁခြခ်လိုက္သလိုမ်ိဳး "
ဂႏၶဝင္ေတြ ေျမာက္ေအာင္ေျပာတတ္လိုက္တာ
Jiminရယ္ ။ ကြၽန္ေတာ္႕ရင္ေတြလည္း
ပဲ့ေႂကြကုန္ပါၿပီ ။
" သူက ကိုယ္နဲ႔မေဝးဘူး "
ဒါဆို သူသိေနတဲ့ လူတစ္ေယာက္ျဖစ္ရမယ္။
Minwooမ်ားလား ။ ဘုရားေရ...
ဒူးေခါင္းႏွစ္ဖက္ကို ပိုက္ရင္း JungKookမွာ
က်ံဳ႕ႏိုင္သမွ် က်ံဳ႕ထားသည္ ။
" အခု ကိုယ့္ ေဘးနားမွာ ထိုင္ေနတဲ့သူေလး"
" ဟမ္ "
" Can you be my Ursa Minor,Jeon? "
" Ji-Ji Min..! "
JungKook မ်က္ရည္ေတြ မထိန္းႏိုင္ေတာ့။
" ဘာလို႔ ငိုတာလဲကြာ "
" ကြၽန္ေတာ္႕မွာ ခ်စ္-ခ်စ္လိုက္ရတာJiminကို...
ဒါေပမဲ့လည္း Jiminက
သေဘာက်တဲ့သူ႐ွိတယ္ဆိုလို႔ ကြၽန္ေတာ္႕
ဘယ္ေလာက္ေတာင္ ႐ူးေနရလဲ "
" ကိုယ္က အခ်ိန္မတန္ေသးလို႔ မေျပာ
တာပါကြာ "
" ကြၽန္ေတာ္႕ကို Jiminက ကစားေနတာလား
လို႔ေတာင္ ေတြးမိခဲ့တာ "
" ကိုယ္က မင္းကို စေတြ႕ကတည္းက
ရည္႐ြယ္ခဲ့တာပါ Jeon..ဒါေၾကာင့္
ျဖည္းျဖည္းခ်င္း ရင္းႏွီးေအာင္လုပ္ခဲ့တာ..
ကိုယ္က သံေယာဇဥ္ေတြကို ခ်စ္တယ္ေလ "
" Jeonဆိုတဲ့ သံေယာဇဥ္ေလး ရစ္ပတ္တာ
ကို ခံခ်င္တာ "
Jimin သူေပးထားတဲ့ မ်က္မွန္ေလးကို
JungKookဆီကေန ခြၽတ္လိုက္သည္ ။
ၾကယ္ေတြ သိမ္းထားတဲ့ မ်က္ဝန္းေတြလို႔
ေျပာရင္ သူ မလြန္ ။ အရည္လဲ့ေနတာေၾကာင့္
မ်က္ဝန္းေတြက အရင္ထက္ေတာင္
ပို ေတာက္ပေနသည္ ။
JungKookနားတျဖည္းျဖည္းတိုးသြားခဲ့သည္။
မ်က္ႏွာႏွစ္ခုအၾကား ဘယ္ေလာက္မွ
မေဝးေတာ့။ ႏွာထိပ္ခ်င္းေတာင္ ထိမိေနၿပီ ။
" Can you be my Ursa Minor,Jeon ? "
Jimin ထပ္ေမးခဲ့သည္ မ်က္ဝန္းေတြကို
တည့္တည့္စိုက္ၾကည့္ရင္း ။
" Of Course, Dear Ursa Major "
ငိုသံခပ္စြက္စြက္နဲ႔ပဲ အေျဖေလးဟာ လွပစြာ။
ထိကပ္သြားတဲ့ ႏႈတ္ခမ္းေတြ ။
ၾကယ္ေရာင္ေတြ လေရာင္ေတြ ေရာေႏွာ
ျဖာက်ေနတဲ့ေအာက္က ဂႏၶဝင္ဆန္တဲ့
အနမ္းေတြ ။ ခ်စ္ျခင္းရဲ႕ အေငြ႕သက္ေတြက
ေလထုထဲထိေတာင္ ပ်ံ႕ႏွံ႔ေနသည္ ။
ညေမႊးပန္းတို႔ရဲ႕ ရနံ႔ဟာလည္း သင္းပ်ံ႕လာတာ
အနမ္းေတြကို ပို လွေစသလို ။
အခုေတာ့ JungKook, Jiminရင္ခြင္ထဲကို
စိတ္ႀကိဳက္တိုးဝင္ႏိုင္ခဲ့ၿပီ ။ လုံျခဳံတဲ့
ခံစားခ်က္ ။ ေႏြးေထြးမႈေတြ အျပည့္ပဲ ။
ခ်စ္ျခင္းေတြကလည္း အလွ်ံအပယ္ဆိုတာ
ခံစားမိသည္ ။ ဘဝက Jimin႐ွိရင္
ၿပီးျပည့္စုံၿပီ ။
တစ္ညလုံး Jiminနဲ႔JungKook မအိပ္ျဖစ္ခဲ့ပါ။
JungKookကို ရင္ခြင္ထဲထည့္ထားရင္း
ဆံစေလးေတြကို လက္ေလးနဲ႔ထိုးဖြလိုက္
ခပ္ဖြဖြ အနမ္းေပးလိုက္ ။ ပါးအိအိေလးကို
ေမႊးၾကဴလိုက္ ။ အသည္းယားလာရင္
ခါးသိမ္သိမ္ေလးကို အတင္းဆြဲဖက္လိုက္။
လက္ဖမိုးေလးေတြကို အုပ္ကိုင္ထားလိုက္။
ခပ္ရဲရဲ ေျခဖဝါးေလးေတြကို ဆုပ္ကိုင္ထားလိုက္နဲ႔ Jiminတစ္ေယာက္ အလုပ္႐ႈပ္ေနခဲ့သည္ ။
ေက်ာင္းေတြလည္း ပိတ္ေတာ့ Jiminတို႔
အားလပ္ခ်ိန္ေတြ ပိုရေနသည္ ။
ဒီေန႔ Jiminက သူ႕အိမ္ဆီကို JungKookကို
ေခၚသြားသည္ ။
ဝင္ဝင္ခ်င္းပင္..
" Jiminရဲ႕ အိမ္က အထီးက်န္လိုက္တာ"တဲ့။
အျဖဴေရာင္ေတြခ်ည္း ျဖစ္ကလင့္စား
မိႈင္းညိဳ႕ကာ ေဆြးရိပ္သန္းေနသည္။
" ကိုယ္ ဘာလို႔ Jeonဆီ လာေနလဲ
သိၿပီလား "
" ဘယ္လိုမ်ား သည္းခံခဲ့လဲ Jiminရယ္ "
JungKook တိုးဖက္လာရင္း ဆိုသည္ ။
" ကိုယ္က ေနသားက်ေနတာေလ "
လေဖြးေဖြးက ထြက္ေပၚလာၿပီ ။
အျဖဴေရာင္အိမ္ေလးက ယခင္လိုမဟုတ္ပဲ
အသက္ဝင္ေနသေယာင္ေယာင္ ။
" Jimin ! ညဥ့္နက္ေနတာကို "
" အခုမွ ၈နာရီပါ Jeonရာ "
" ဒါေပမဲ့- "
JungKook စကားမဆုံးခင္မွာပဲ
Jiminက လေရာင္ေအာက္က ေရကူးကန္ထဲ
ကိုခုန္ဆင္းသြားၿပီ ။
" Yes! ညဘက္ ေရကူးရတာ အရမ္း
မိုက္တာပဲ !! "
" ဖ်ားပါမယ္ဆို "
JungKookလည္း သဘက္ႀကီးႀကီးတစ္ထည္ကို
အသင့္ကိုင္ကာ ထိုင္ေစာင့္ၿပီး ၾကည့္ေနလိုက္သည္ ။
လေရာင္ေအာက္က နတ္ဘုရား ။
ကမ႓ာေျမေပၚမွာ တစ္ဦးထဲပဲ ႐ွိတဲ့
နတ္ဘုရားက သူ႕ေ႐ွ႕က ကန္ေရထဲမွာ ။
ဆံစေတြက ေရစိုေနၿပီး သပ္တင္ထားတာ
ေၾကာင့္ အ႐ိုင္းဆန္ေနသလိုမ်ိဳး ။
တစ္ခ်က္တစ္ခ်က္လည္း စူးစူးစိုက္စိုက္
လည္း ၾကည့္တာေၾကာင့္ လူက ေမ်ာေမ်ာ
သြားခ်င္သလို ။
" Jimin ၾကာေနၿပီေနာ္ "
" တူတူ လာကူးပါလား JEON "
" မကူးဘူး Jiminလည္း တက္ခဲ့ေတာ့ "
" ဒီနားလာ "
" Jimin ကြၽန္ေတာ္႕ကို ေရထဲဆြဲခ်ရင္
တကယ္ စိတ္ဆိုးမွာေနာ္ "
" ဟား..မလုပ္ပါဘူး "
JungKookက ကန္ေဘာင္နားမွာ
ေဆာင့္ေၾကာင့္ ထိုင္ခ်လိုက္သည္ ။
Jiminကလည္း ထိုနားကို ကူးလာသည္ ။
" ေရေတြက ေအးေနတာပဲ Jimin..
တက္ခဲ့ေတာ့ "
လက္ဖ်ားေလးနဲ႔ ေရေတြကို စမ္းၾကည့္ရင္း
JungKookေျပာေနသည္ ။
Jiminကေတာ့ JungKookေျခေထာက္
ႏွစ္ဖက္ကို ဆြဲယူလိုက္သည္ ။
ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ JungKookလည္း
ဖင္ထိုင္ရက္ ျဖစ္သြားၿပီး ေျခေထာက္ႏွစ္ဖက္
က ေရထဲ စိမ္လ်က္သား ။
Jiminက JungKookေပါင္ေပၚကို
ေခါင္းေလး ေမွးတင္လိုက္ၿပီး စိုက္ၾကည့္
ေနသည္ ။
" ကိုယ့္ကို နမ္းပါအုန္း Jeon "
" နမ္းၿပီးရင္ ေရထဲကေန တက္ခဲ့ေတာ့ "
" အင္း "
JungKookက သဘက္ကို ေရေျခာက္တဲ့
ခပ္ေဝးေဝးကို ခ်ထားလိုက္သည္ ။
ေနာက္ေတာ့ ေရစက္ေတြ စြတ္စိုေနတဲ့
Jiminမ်က္ႏွာကို ထိကိုင္လိုက္သည္ ။
ခႏၶာကိုယ္ကို ကိုင္းၫြတ္လိုက္ရင္း
ေအးစက္စက္ ႏႈတ္ခမ္းတစ္စုံကို ထိေတြ႕
လိုက္ေတာ့ တုန္ယင္သြားသည္ ။
Jiminဘက္ကေန စၿပီး ခပ္ဖြဖြ စုပ္ယူ
လာတဲ့ အနမ္းေတြက တျဖည္းျဖည္း
လြင့္ခ်င္လာသလိုလို ။ Jiminက
JungKookကို ေရထဲကို ဆြဲခ်လိုက္တာကို
ေတာင္ သတိမမူမိခဲ့ ။ အနမ္းေတြက
သိပ္ ယစ္မူးတာကိုး ။
" Ji-Jimin ကြၽန္ေတာ္ ေအးေနၿပီ "
" တက္ၾကမယ္ "
လေရာင္ေအာက္ ကန္ေရထဲက ပူ႐ွိန္း႐ွိန္း
အနမ္းေတြကို JungKookဘယ္ေတာ့မွ
ေမ့ေတာ့မွာမဟုတ္ပါ ။
အိပ္ခန္းထဲေရာက္ေတာ့ JungKookက
အက်ႌအျမန္လဲလိုက္ၿပီး Jimimအတြက္
လည္း ေႏြးေႏြးေထြးေထြး တစ္စုံထုတ္ေပး
လိုက္သည္ ။
ေနာက္ေတာ့ ကုတင္ေပၚမွာ ထိုင္ရင္း
Jiminကို ေခါင္းသုတ္ေပးေနလိုက္သည္။
" ဖ်ားလို႔ကေတာ့ ပစ္ထားပစ္မယ္ Jimin "
" လုပ္ရက္တာလား Jeon "
မ်က္ႏွာငယ္ေလးနဲ႔ ဘယ္လိုေတာင္
လာခြၽဲေနတာလဲ ဒီလူကေတာ့ ။
" တကယ္လုပ္မွာ ေျပာစကားမွ နားမေထာင္
တာ "
" ခ်စ္တယ္မလား "
" ခ်စ္တာက ခ်စ္တာပဲ..Jiminလည္း
ကြၽန္ေတာ္႕ကို ခ်စ္တယ္မလား "
" ခ်စ္တယ္ေလ "
" အဲ့ဒါဆို ကြၽန္ေတာ္႕စကားနားေထာင္ေလ "
" ေနာက္ မလုပ္ေတာ့ပါဘူးေနာ္..
စိတ္မဆိုးပါနဲ႔ "
" ကြၽန္ေတာ္ စိတ္ဆိုးေနတာ မဟုတ္ဘူး..
စိတ္ပူေနတာ Jiminဖ်ားမွာစိုးလို႔..
ညဘက္ ေရထိတာ သိပ္မေကာင္းဘူး..
ဖ်ားတာထက္ ဆိုးတာေတြ ျဖစ္ႏိုင္တယ္..
Jiminထိခိုက္မွာ ကြၽန္ေတာ္မလိုလားဘူး "
JungKookက ေျပာရင္း သူ႕ဆံပင္ကို
ေျခာက္မေျခာက္ စမ္းၾကည့္သည္ ။
ေသခ်ာေျခာက္မွ ကုတင္ေပၚကထသြားၿပီး
သဘက္သြားထားသည္ ။
JungKookေက်ာျပင္ကိုၾကည့္ရင္း
Jiminဝမ္းနည္းလာသည္ ။ Jimin
ထၿပီး JungKookနားကိုသြားလိုက္သည္။
ေနာက္ေတာ့ ေက်ာျပင္ကေန သိုင္းဖက္
လိုက္သည္ ။
" ကိုယ္ ေတာင္းပန္ပါတယ္ Jeon "
" Huhh..Jimin ေတာင္းပန္စရာမလိုပါဘူး
Jimin မွ မမွားတာပဲကိုး..ေနာက္သာ
မလုပ္နဲ႔ "
" အင္းပါ Jeon..."
ပါးေလးေတြကို ခပ္ဖြဖြနမ္းလိုက္သည္ ။
" အခု ကိုယ္တို႔ ဝရံတာမွာ ၾကယ္ၾကည့္- "
" ဘာၾကယ္မွ မၾကည့္ဘူး..အျပင္မွာ
ေလစိမ္းေတြတိုက္ေနတယ္..အခုလို
ေရစိမ္ထားပုံနဲ႔ဆိုရင္ မနက္ျဖန္ဖ်ားလိမ့္
မယ္ "
" ၾကယ္ေတြကို ဒီညေတာ့ ခဏေခါက္ထား
လိုက္..အိပ္ၾကမယ္..ညနက္ေနၿပီ Jimin "
JungKook စကားသံကို ေကာင္းကင္ယံက
ၾကယ္ေလးေတြကေတာ့ ႏွာေခါင္း႐ႈံ႕မိ
လိုက္ပါရဲ႕ ။
/////
Bạn đang đọc truyện trên: AzTruyen.Top