3
Unicode
ကြိုက်တာက ကြိုက်တာ ။
အမြင်ကတ်တာက အမြင်ကတ်တာ ။
ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ။
အမြင်ကတ်တဲ့ကြားကနေ လိုက်သဘောကျ
ရတာက နည်းနည်းတော့ ရင်ခုန်ဖို့ကောင်း
တယ် ။
ဘာဖြစ်လို့များ Jiminကို လူအေးလို့
တွေးခဲ့မိရတာများလဲ ။ စာအုပ်ကြီး
တစ်အုပ်ကိုင်ပြီး တစ်ယောက်တည်း
ထိုင်ထိုင်နေတတ်လို့လား? ။
သူငယ်ချင်းတွေ မထားလို့များလား? ။
ဘာတွေကြည့်ပြီး ထင်ခဲ့မိလဲမသိ..
အခုတော့ မြင်ပြင်းကတ်လောက်အောင်ကို
Positiveဖြစ်လွန်းနေသည် ။
" ခေါက်ဆွဲရပြီလား "
" ရတော့မယ် "
" ဗိုက်ဆာနေပြီ မြန်မြန်လေး "
တွေ့လား..။ သူများအိမ်ပေါ် အခန့်သား
တက်ရင်း နည်းနည်းမှ လာမကူပဲ
ဗိုက်ဆာတယ် ထိုင်အော်နေတဲ့သူကို
ဘာကြည့်ပြီး ကြိုက်ခဲ့ရတာလဲ ။
မကြိုက်တော့ဘူးဆိုပြီးလည်း သူမနေနိုင်
တာကလည်း တပိုင်း ။ အဲ့ဒါကြောင့်
ကြိုက်ရင်းပဲ ထိုင် Blameမည် ။
ကိုယ့်ဘာကိုယ်တောင် ပြန်မေးခွန်းထုတ်မိ
သည် ။ " ငါ ဘယ်လိုလူပါလိမ့် "
အသင့်စားခေါက်ဆွဲမဟုတ်ပဲ ခေါက်ဆွဲပြား
ကို ပြုတ်တာကြောင့် ချက်ရတာနည်းနည်း
ကြာနေသည် ။ ချက်ပြီးတော့လည်း
Jiminက စားတာ ခေါင်းတောင် မဖော်တော့ ။
" ကောင်းရဲ့လား "
" ကောင်းတယ် "
ပလုတ်ပလောင်းနဲ့ ခေါက်ဆွဲပန်းကန်ကြီးပါ
ဝါးစားမတတ် ။
" ဖြေးဖြေးစားအုန်း Jimin "
" မင်းက တော်တော်စားလို့ကောင်းတာကို "
" အဟွတ် !! "
အဲ့လို ဟိုမလွတ် ဒီမလွတ် စကားတွေလည်း
ပြောတတ်သေးတယ် ။
" ကိုယ် ရေချိုးလို့ရလား.."
" Jiminမှာ အင်္ကျီပါလို့လား "
" မင်း အင်္ကျီပေးလေ Jeon "
ရေချိုးတာ ၁နာရီလောက်ကြာနေသည် ။
" Jimin မပြီးသေးဘူးလား..ကျွန်တော်
ချိုးရအုန်းမယ် "
" ပြီးပြီ ! "
အဲ့" ပြီးပြီ" က လွန်ခဲ့တဲ့ မိနစ်၃၀ကတည်းက
ပြောနေတာ ။
" Huh....နောက်ဘယ်တော့မှ အိမ်ကို
ဧည့်သည် မခေါ်တော့ဘူး "
" ကိုယ့်အိမ်ကိုယ့်ရာလိုနေ" ဆိုတဲ့
စကားအတိုင်း Jiminဟာ တကယ့်ကို
သူ့အိမ်သူ့ရာလို သဘောထားပြီး
နေပါသည် ။
နှစ်ယောက်လုံး ရေမိုးချိုး အကုန်စင်ပြီး
တော့ ည ၈နာရီထိုးတော့မည် ။
JungKookစာလုပ်ရန် ရည်ရွယ်မိပေမဲ့
Jiminက ရှေ့ကို ကွပ်ပျစ်ကို လာထိုင်
ခိုင်းကာ ကြယ်တွေစုံသည့်
ညကောင်းကင်ကို လက်ညှိုးထိုးရင်း
စကားတွေဆက်တိုက်ပြောနေခဲ့သည် ။
" Jiminက ဖော်ရွေတယ်နော်.."
" ထင်လို့လား "
" စကားတွေ ဒီလောက်များပြီး
ပျော်ပျော်နေတတ်တာ ဖော်ရွေတာပေါ့ "
" Hk..မင်းမို့လို့ပါ Jeonရာ.."
လှုပ်ခတ်သွားသည့် ရင်အစုံ ။
" ငါ့ ဘဝမှာ ကြယ်တွေကလွဲပြီး
ဒီလောက် စကားများများပြောဖူးတာ
မင်းပဲ ရှိမယ် ထင်တယ် "
JungKookပြုံးမိတာပေါ့ ။ သူဟာ
Jiminရဲ့ special personလိုမျိုး ။
" Jiminရဲ့ Ursa Minorဆိုတဲ့ သူကိုရော
မပြောဖူးဘူးလား "
" အချိန်မတန်သေးလို့ပါ "
JungKook ခိုးပြီး သက်ပြင်းချလိုက်သည်။
သူ ရင်မောသည် ။ ဒီနေ့ Jiminနဲ့စကား
ပြောရလို့ ​ပျော်ရပေမဲ့ Jiminမှာ
သဘောကျနေတဲ့သူရှိတော့ သူ့မှာ
လက်လျော့ရမလား ရှေ့ဆက်တိုးရမလား
မသိခဲ့ ။
" ကိုယ်ငယ်ငယ်တုန်းက နေတဲ့အိမ်မှာ
လည်း ဒီလိုနေရာလေးရှိတယ်..
ကြယ်တွေကို ကောင်းကောင်းမြင်ရတဲ့
နေရာပေါ့ "
" အခုကရော "
Jiminက ခါးသီးစွာ သက်ပြင်းချရင်း
ကိစ္စတွေက အစမဖော်ချင်သလို ။
" Jimin ည မအိပ်ဘူးမလား "
" ကြယ်တွေက ညမှာပဲ တောက်ပတာလေ..
ကိုယ့်မှာ အဖော်ဆိုလို့ သူတို့ပဲရှိတာ.."
" အခု ကျွန်တော် ရှိနေပြီလား "
" ဟုတ်တယ် Jeon..အခု ကိုယ့်မှာ မင်းရှိနေပြီ
အဲ့တာကြောင့် မင်းကို စကားတွေပြောနေတာ"
Jiminကြည့်ရတာ တစ်ယောက်တည်း
ကြိတ်မှိတ်ပြီးနေခဲ့ပုံ ။ ကြယ်တွေကို
စကားပြောတယ်ဆိုပေမဲ့ ဒါတွေက
အထီးကျန်မှုကို အလုံးစုံပြေပျောက်စေတာမှ
မဟုတ်ခဲ့တာ ။ အခု သူနဲ့တွေ့မှ Jiminက
ပြောချင်ခဲ့တာတွေ စုထားသမျှ ပွင့်ထွက်
လာပုံ ။
" သူငယ်ချင်း မထားဘူးလား "
" မကြိုက်ဘူး..မယုံဘူး "
Jiminအသံဟာ ယခုနကနှင့် မတူစွာ
တင်းမာ ပြတ်ရှလျက် ။ JungKook
တိတ်ကျသွားကာ သူငယ်ချင်းအကြောင်း
ထပ် မဟတော့ ။
Jiminက နေ့လည်ကအတိုင်း ပေါင်ပေါ်ကို
လှဲချလာပြန်သည် ။
" ခဏလေး "
JungKookအထဲ​ ပြေးဝင်ပြီး စောင်အဝါလေး
ယူကာ ပြန်ထွက်လာသည် ။
" ရပြီ "
Jiminလှဲလိုက်ပြီးတာနဲ့ စောင်ကို
Jiminအပေါ်ကို လွှမ်းခြုံလိုက်သည် ။
စကားတွေပြောလိုက်ရတာ မောသွားသည်
ထင်ပါ့ အိပ်ပျော်သွားတာ မြန်သည် ။
" ကြယ်တွေကို ဘဝထင်နေတဲ့ကောင် !
မင်းအမေအတိုင်းပဲ "
" ရူးမနေနဲ့..လုပ်စရာရှိတာလုပ်စမ်း "
" တော်ပြီ မင်းကို ငါနဲ့ဝေးဝေးမှာပဲ
ထားထားတော့မယ်.."
" အဖေ..."
" မခေါ်နဲ့ ! "
လူချမ်းသာရပ်ကွက်ထဲက အထီးကျန်
အဖြူရောင် တိုက်အိမ်လေး ။
ပိုင်ရှင်က ထိတ်ထိတ်ကြဲ သူဌေးရဲ့
လူသိမခံတဲ့ သားတစ်ယောက် ။
တရားဝင်သားက သူဖြစ်မှာဆိုပေမဲ့
သူ့ကို အဖေမှ မချစ်တော့ သူဟာ
ချောင်ထဲက အမှိုက်သာသာ ။
ပိုက်ဆံအပြည့်နဲ့ ကတ်တွေက အံဆွဲထဲမှာ
အပြည့် ။ တစ်ကတ်မှကို မထိခဲ့ ။
ကြယ်တွေရှိရင် သူ့ဘဝက ပြည့်စုံနေပါပြီ။
လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ
အတင်းလုပ်ယူလို့ မရပေမဲ့ ချစ်မိပြီဆိုလည်း
အချိန်ခဏလေးအတွင်းပဲ နစ်ဝင်သွားတာမျိုး။
မျက်ဝန်းဝိုင်းစက်စက်လေးတွေက
ဓူဝံကြယ်ကို ဘောင်ခတ်ပြီး ထည့်ထား
သလိုမျိုး တောက်ပနေသည် ။
နှုတ်ခမ်းလေးတွေ ပါးလေးတွေ...
သူ မငေးခဲ့လည်း မျက်လုံးထဲ စွဲမြဲလို့နေသည်။
ခေါင်းလေးငိုက်စိုက်ကြပြီး အိပ်ပျော်နေတဲ့
ကောင်လေးကို သူပဲ ပွေ့ချီရင်း အိပ်ရာဆီ
ပို့ပေးလိုက်သည် ။
သူ့အသက်က ၁၉ ၊ အဖေ့ကို ရွဲ့ပြီး
ပေကပ်ကပ်ဖြင့် ကျောင်းနားခဲ့တာတွေ ။
အမေဆုံးသွားမှ ဘဝကို နားလည်ခဲ့သည်။
အခု ကျောင်းတက်နေတာက အမေက
သူ့ကို ကျောင်းတော့ ပြီးစေချင်ခဲ့သည်
ဆိုတဲ့ စိတ်ဆန္ဒကြောင့် ။
ကံကြမ္မာက သိပ်လှပါသည် ။
တစ်ခါတည်းပါ သူ့ရဲ့Ursa Minorလေးနဲ့
ဆုံဆည်းခဲ့ရသည် ။ အခုမှ စကားပြောတာ
၁ရက်ပဲရှိသေးတာမို့ သူစိတ်ရှည်ရအုန်းမည်။
" ကျောင်းပြီးတာနဲ့ အပိုင်ယူပစ်မယ်..
ကိုယ့်ရဲ့ Ursa Minorလေးရဲ့ "
နဖူးလေးကို ခပ်ဖွဖွနမ်းရင်း JungKookကို
ဘေးတိုးဝင်ကာ ဖက်ထားလိုက်သည် ။
ညတွေ အိပ်မပျော်ခဲ့ပေမဲ့ ဒီညဟာ
မတူခဲ့ ။ အိမ်မက်တွေ လှနေမှာပါ ။
" မင်းက ငါတို့လိုလည်း မဟုတ်ဘူး
Jimin..ငါတို့သူငယ်ချင်းလုပ်လို့မရဘူး "
" မင်းက ကြယ်တွေပဲ စိတ်ဝင်စားတာ
မလား "
" အဲ့စာအုပ်ကို မလုပ်နဲ့ !! "
" ဟျောင့်တွေ..မီးရှို့လိုက် "
" မင်း ငါ့အခင်ဆုံးသူငယ်ချင်းမဟုတ်
ဘူးလား "
" ဘယ်တုန်းကမှ ငါ မင်းသူငယ်ချင်း
မဟုတ်ခဲ့ဘူး ကြယ်ရူးရူးနေတဲ့ကောင် "
" ဒါပေမဲ့ ငါတို့ ခင်ခဲ့တယ်လေ "
" မင်းကို သနားလို့လေ "
သူ တန်ဖိုးထားတဲ့ စာအုပ်လေးက
အချစ်ဆုံးသူငယ်ချင်းရဲ့ မီးရှို့မှု
အောက်မှာ ပြာမှုန့်တွေဖြစ်သွားသည် ။
မိသားစုရဲ့ ပစ်ပယ်မှု..သူငယ်ချင်းရဲ့
သစ္စာဖောက်မှုက သူ့ကို နှုတ်ပိတ်စေခဲ့တာ။
အရူးတစ်ယောက်လိုပဲ တခါတလေ ။
" Jimin! ထတော့လေ ကျောင်းသွားရမယ်"
" မသွားတော့ဘူး "
JungKook ဘာဆက်ပြောရမှန်းတောင်
မသိ ။ အိမ်ပြန်တော့ဆိုပြီး ပြောရင်လည်း
အမှတ်ကလျော့အုန်းမည် ။
" ဒါပေမဲ့..."
" ကိုယ် အိပ်ချင်သေးတယ် "
ခေါင်းအုံးတွေထဲ မျက်နှာအပ်ရင်း
Jiminက တကယ်ကြီး ထမဲ့ပုံမပေါ် ။
JungKook ဘာမှမပြောတော့ပဲ
ရေမိုးချိုးပြီး ကျောင်းသွားဖို့ပြင်နေလိုက်
သည် ။
" Jimin မနက်စာတော့ ထစားအုန်း "
" ဘယ်လိုလုပ်မလဲ ထဖို့အရမ်းပျင်းတာပဲ"
ဘဝမှာ ပျင်းလွန်းတဲ့လူကို ကြိုက်ရတာ
လည်း မလွယ်လိုက်တာ ။
" Jimin တကယ် ကျောင်းမသွားဘူး
လား "
" အချိန်တန်ရင် စာမေးပွဲအောင်မှာပဲ "
" Jiminကတော့ အဲ့လိုနေနိုင်ပေမဲ့
ကျွန်တော်ကတော့ ကြိုးစားမှရမှာ..
အဲ့ဒါကြောင့် သွားပြီ "
" အင်း..ဒီမှာပဲ စောင့်နေမယ် "
JungKook ဘာမှမပြောတော့ပဲ
ထွက်ခဲ့လိုက်သည် ။
" အိမ်ရှင်က သူလား ငါလား "
တရားတွေရော ပညာတွေရော ရတယ်
ဆိုတာ အဲ့ဒါမျိုး ။
" Minwoo "
" အေး "
" ငါ Jiminကို ဘယ်လိုကြိုက်ခဲ့မိတာလဲ"
" ဟိုအကိုကြီလား ? "
" အင်း "
" မင်းပဲပြောတယ်လေ..ဝါဖျော့ဖျော့
ဆံနွယ်လေးတွေက ငါ့ကို အသက်တောင်
မရှူနိုင်အောင်ဖြစ်စေတယ်..အဖြူရောင်
ကြယ်ပွင့်လေးလိုမျိုးသူက ငါ့ကို
ရင်ခုန်နှုန်းတွေ မြန်စေတာ..သူ့ကိုချစ်မိ
နေပြီလားတောင် မသိဘူး...အဲ့လို
ပြောပြီး ကြိုက်ခဲ့တာလေ.."
" မင်း သေချာမှတ်ထားတာပဲ Minwoo "
" မှတ်ထားတာမဟုတ်ဘူးပေါ့..အဲ့တုန်းက
မင်းအသံကြီးက နားကြားပြင်းကတ်
လောက်အောင်ကို စွဲနေတာ ! "
" ငါ့အသံက ဒီလောက်ချစ်ဖို့ကောင်းတာကို "
" အံ့သြပါ့.."
" ငါ သူ့ကို ချစ်ကြည့်ရင်ကောင်းမလား.."
" ဘုရားရေ..JeonJungKookကရူးနေပြီပဲ"
" ဘာကိုလဲ "
" ချစ်ရင်ချစ်တယ်ပေါ့..ချစ်ကြည့်မယ်
ဆိုတာက ဘာကြီးလဲ..ပေါတောတောနဲ့..
ချစ်ကြည့်ပြီးရင် ပြန်ဆုတ်လို့မရဘူးနော်..
သောက်ပေါမလုပ်နဲ့ "
" အေးပါကွာ..စကားကို ချိုအောင်
ပြောလို့မရဘူးလား "
" မင်းရုပ်က ချိုချင်စရာလား "
" ငါ ယောကျ်ားလေးတစ်ယောက်ကို
သဘောကျနေတာ မင်း ငါ့ကို စိတ်မပျက်
ဘူးလား "
" စိတ်ပျက်ရအောင် ငါကမင်းကိုကြိုက်နေ
တာမှ မဟုတ်တာ "
" ငါ အကောင်းမေးနေတာနော် "
" အေးလေ..Jiminကိုကြိုက်တာမင်း..
ငါက ကြိုက်နေတာလည်း မဟုတ်တာ..
စိတ်ပျက်စရာအကြောင်း ဘာမှမရှိ "
Minwooက ထုတ်မပြောပေမဲ့
သူငယ်ချင်းကောင်း ။ JungKook
နှလုံးသားထဲထိ ခံစားလိုက်ရသည် ။
" ဒီနေ့ရော သွားမချောင်းဘူးလား "
" Huh "
အိမ်မှာ ပိုးစိုးပက်စက် အိပ်မောကျနေမဲ့
သူကို မြင်ယောင်ရင်း
" မလိုဘူး "
/////
Zawgyi
ႀကိဳက္တာက ႀကိဳက္တာ ။
အျမင္ကတ္တာက အျမင္ကတ္တာ ။
တယ် ။
တွေးခဲ့မိရတာများလဲ ။ စာအုပ်ကြီး
" ခေါက်ဆွဲရပြီလား "
" ရတော့မယ် "
တာကလည်း တပိုင်း ။ အဲ့ဒါကြောင့်
သည် ။ " ငါ ဘယ်လိုလူပါလိမ့် "
ကြာနေသည် ။ ချက်ပြီးတော့လည်း
" ကောင်းရဲ့လား "
" ကောင်းတယ် "
ဝါးစားမတတ် ။
" အဟွတ် !! "
ပြောတတ်သေးတယ် ။
ချိုးရအုန်းမယ် "
" ပြီးပြီ ! "
ပြောနေတာ ။
ဧည့်သည် မခေါ်တော့ဘူး "
နေပါသည် ။
" ထင်လို့လား "
မင်းပဲ ရှိမယ် ထင်တယ် "
မပြောဖူးဘူးလား "
" အချိန်မတန်သေးလို့ပါ "
သူ ရင်မောသည် ။ ဒီနေ့ Jiminနဲ့စကား
မသိခဲ့ ။
နေရာပေါ့ "
" အခုကရော "
" Jimin ည မအိပ်ဘူးမလား "
လာပုံ ။
" မကြိုက်ဘူး..မယုံဘူး "
တင်းမာ ပြတ်ရှလျက် ။ JungKook
ထပ် မဟတော့ ။
လှဲချလာပြန်သည် ။
" ခဏလေး "
ယူကာ ပြန်ထွက်လာသည် ။
" ရပြီ "
မင်းအမေအတိုင်းပဲ "
ထားထားတော့မယ်.."
" အဖေ..."
" မခေါ်နဲ့ ! "
အပြည့် ။ တစ်ကတ်မှကို မထိခဲ့ ။
ပို့ပေးလိုက်သည် ။
ဆုံဆည်းခဲ့ရသည် ။ အခုမှ စကားပြောတာ
မတူခဲ့ ။ အိမ်မက်တွေ လှနေမှာပါ ။
မလား "
ဘူးလား "
" မင်းကို သနားလို့လေ "
" မသွားတော့ဘူး "
အမှတ်ကလျော့အုန်းမည် ။
" ဒါပေမဲ့..."
" ကိုယ် အိပ်ချင်သေးတယ် "
သည် ။
လည်း မလွယ်လိုက်တာ ။
လား "
အဲ့ဒါကြောင့် သွားပြီ "
ထွက်ခဲ့လိုက်သည် ။
" အိမ်ရှင်က သူလား ငါလား "
ဆိုတာ အဲ့ဒါမျိုး ။
" Minwoo "
" အေး "
" ဟိုအကိုကြီလား ? "
" အင်း "
" အံ့သြပါ့.."
" ဘာကိုလဲ "
သောက်ပေါမလုပ်နဲ့ "
ပြောလို့မရဘူးလား "
" ငါ ယောက်ျားလေးတစ်ယောက်ကို
ဘူးလား "
တာမှ မဟုတ်တာ "
သူငယ်ချင်းကောင်း ။ JungKook
" Huh "
သူကို မြင်ယောင်ရင်း
" မလိုဘူး "
/////
Bạn đang đọc truyện trên: AzTruyen.Top