2
Unicode
မုန့်စားဆင်းတာနဲ့ ကိုယ့်ကိုကိုယ်
သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။
သဘောကျနေတဲ့သူရှေ့မှာ အကောင်းဆုံး
ဖြစ်ချင်သည်လေ ။
တပ်နေကျ မျက်မှန်လည်း မရှိတာမို့
JungKookမျက်ဝန်းတွေကို ရှင်းရှင်း
လင်းလင်းမြင်ရသည် ။ ဆံပင်ကို
ပြင်နေတာလည်း တော်တော်များနေပြီမို့
ဘေးက Minwoo အော်တော့သည် ။
ထိုအခါမှ ပန်းချီအခန်းဟောင်းဆီကို
ပြေးထွက်သွားတော့သည် ။
မဝင်ခင် အရင်ချောင်းကြည့်တော့
Jiminဟာ အရင်တိုင်းပဲ ထိုင်နေဆဲ ။
နာမည်သိရပြီဆိုတော့ Jiminအကြောင်း
ဆိုပြီး နာမည်တပ် ထိုင်တွေးလို့ရပြီလေ ။
" ဝင်ခဲ့လေ..ရပ်နေအုန်းမလို့လား "
သူရောက်နေတာ ဘယ်လိုလုပ်
သိနေပြန်ပြီလဲ ။
အဖြူရောင်တွေပဲ Jiminကတော့ ။
ဘေးမှာ ခပ်ခွာခွာထိုင်လိုက်တော့မှ
သေချာမြင်ရတဲ့ Jiminမျက်နှာ ။
ထတောင်အော်ပစ်ချင်လောက်ကို
ခန့်ညားနေတာမို့ မသိမသာ
အောက်နှုတ်ခမ်းကို ဖိကိုက်ထားရသည်။
လက်ဖျားတွေကတော့ အေးစက်နေတာ
ကြာလှပြီ ။
" ဘာလို့ အရင်တုန်းက စကားလာ
မပြောတာလဲ "
" ဘာကိုပြောတာလဲ Jimin "
" သုံးလလုံးလုံး.. ကိုယ့်ကို
လာလာကြည့်နေတာ ကိုယ်သိသားပဲ "
ရေနွေးအိုးထဲကို မျက်နှာစိမ်လိုက်ရသလိုပဲ
ရှိန်းခနဲပူသွားသည် ။ သူကတော့ Jimin
မသိဘူးဆိုပြီး ကြည့်ကြည့်နေခဲ့တာ ။
ဘယ်လိုတောင်မှ သိနေတာလဲ ။
" Hk..နားရွက်တွေ နီနေပြီ "
JungKookယောင်ယမ်းပြီး
လက်နှစ်ဖက်ဖြင့်နားရွက်ကို ကောက်အုပ်
မိလိုက််သည် ။Jiminကပါ သူ့လက်ပေါ်ကို
လာအုပ်ကိုင်သည် ။
" ချစ်ဖို့ကောင်းတယ် မင်းက "
တခစ်ခစ်နဲ့ သဘောတကျရီနေသည်
Jiminက ။ ဝါဖျော့ဖျော့ ဆံစတွေကလည်း
တလှုပ်လှုပ် ။ လေမတိုက်ဘဲ
သူ့တစ်ကိုယ်လုံးလည်း အသည်းထဲထိ
အေးပြီး ကြက်သီးမွှေးညင်းတွေ
ထနေသည် ။
Jiminလက်ဖဝါးဖယ်ခွာသွားတော့
သူ့လက်ဖမိုးမှာ အနွေးဓာတ်တို့
ကျန်ရစ်သည် ။ သဘောကျလိုက်တာ ။
" ပေးစရာရှိတာ မေ့နေတယ် "
ပေါင်ပေါ်ကို ပြန်ချထားတဲ့ သူ့လက်ထဲ
ကို ထည့်လာပေးတဲ့ အညိုရောင်ဘူးလေး။
ဖွင့်ကြည့်လိုက်တော့ ရွှေရောင်ကိုင်းနဲ့
မျက်မှန်အသစ်လေး ။သူ့မျက်မှန်နဲ့ ပုံစံက
တူတူပင် ။
" မနေ့က မျက်မှန်လေးကို မမြင်ပဲ
ကိုယ် တက်နင်းမိလိုက်လို့ "
" ကိစ္စမရှိပါဘူး "
" သဘောကောင်းလိုက်တာ "
" ဘာကိုလဲ "
" ကိုယ်ဆိုရင် ကိုယ့်ပစ္စည်းတွေ လာထိရင်
တောင် မကြိုက်တာ..ပျက်စီးသွားရင်
တအား ဒေါသထွက်တာပဲ "
" တမျိုးပါပဲ "
" မင်းကမှ ထူးခြားနေတာ..ဘယ်လို
ဟာလေးမှန်းကို မသိဘူး "
Jiminက သူ့ဘေးနားကို တိုးလာသည်။
သူ့ကို လက်ထဲက စာအုပ်ပြရင်းမေးသည်။
" မင်း စိတ်ဝင်စားလား "
" နက္ခတ်တွေကြယ်တွေအကြောင်းလား "
" ဟုတ်တယ် "
" မင်း ခုနစ်စဥ်ကြယ်ကို သိလား "
" သိတယ် ညကတောင် ကြည့်နေသေးတာ "
" သူ့ကို Ursa Majorလို့ခေါ်တယ် "
" ကျွန်တော် မသိဘူး "
" အဲ့ဒါကြောင့် ကိုယ်ပြောပြနေတာလေ
နားထောင် "
Jiminက ခပ်တင်းတင်း အသံနဲ့ဆိုတော့
လည်း သူ့မှာ လန့်နေရသည် ။
စိတ်ပျက်သွားမှာကို ။ အခုမှ စကားပြောဖူး
တာဆိုပေမဲ့လည်း သူ နည်းနည်းလေးမှ
အတိမ်းအစောင်း မခံချင်ပါ ။
" သူ့ရဲ့ ဦးခေါင်းပိုင်းက ညွှန်ပြနေတဲ့
ကြယ်က ဓူဝံကြယ်လေ သိတယ်မလား "
" ဟုတ် သိတယ် "
" တကယ်တော့ ဓူဝံကြယ်က Ursa Minorရဲ့
အမြှီးပိုင်းပဲ "
" Ursa Minor? "
" ရောမရဲ့ ဒဏ္ဍာရီအရတော့ Ursa Majorက
Zeusနတ်ဘုရားနဲ့ချစ်ကြိုက်ခဲ့တဲ့အမျိုးသမီး
တစ်ယောက်တဲ့..သူမ နာမည်က Callisto "
" သားတစ်ယောက်ထွန်းကားခဲ့တယ်..
ဒါပေမဲ့ Zeusမိန်းမက မနာလိုလို့ လှပတဲ့
Callistoကို ဝက်ဝံပြောင်းပစ်ခဲ့တယ်...
တနေ့ Callistoရဲ့သားက အမဲလိုက်လာရင်း
သူမကို သူ့အမေမှန်းမသိပဲ မြားပစ်ဖို့
လုပ်တဲ့အချိန်မှာ Zeusက ၂ယောက်လုံးကို
ကောင်းကင်ဆီ ပစ်လိုက်တယ်တဲ့ "
" အဲ့အခါမှာ Callistoက Ursa Major
ဖြစ်လာပြီး သူမသားက Ursa Minor
ဖြစ်လာခဲ့တယ် "
" The greater bear နဲ့ The little bear
လို့ ခေါ်ကြတယ် "
" တချို့ ဒဏ္ဍာရီတွေမှာတော့ Majorနဲ့
Minorက ချစ်သူတွေလို့ဖော်ပြကြတယ် "
" ဘယ်ဟာအမှန်ပဲဖြစ်ပါစေ..ကိုယ်ကတော့
သူတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့
ဆက်စပ်မှုတွေရှိတယ်လို့ ယုံကြည်တယ် "
" ကျွန်တော်လည်း ယုံပါတယ် "
" မင်းကဘာတွေသိထားလို့ ယုံတာလဲ ? "
" Jimin ပြောတာမို့လို့ "
မျက်လုံးမှိတ်ကျတဲ့အထိ ရယ်ရင်း Jiminက
" ကိုယ်ပြောတိုင်း ယုံစရာလား "တဲ့ ။
" ကျွန်တော်နဲ့Jiminမှာလည်း ဆက်စပ်မှု
တွေ ရှိလို့နေမှာပေါ့..မသိစိတ်ကကို
ယုံပြီးသား "
" ပေါင်ခဏငှား "
Jiminက ခပ်ပြုံးပြုံးနဲ့ပဲ သူ့စကားကို
မတုံ့ပြန်ခဲ့ ။ အဲ့အစား ပေါင်ပေါ်ကို
လှဲအိပ်လာခဲ့သည် ။
" Jiminက ကြယ်နဲ့တူတယ် "
" ကိုယ့်အမေလည်း အမြဲပြောတယ်..
သူမက ကိုယ့်ကို ခုနစ်စဥ်ကြယ်တဲ့ "
" တူပါတယ်..အမြဲတောက်ပနေတာ "
" Hk..ကိုယ်ကို့ကိုယ် UrsaMajor
လို့ ယူဆတော့ ကိုယ့်လက်တွဲဖော်က
ကိုယ့်ရဲ့ Ursa Minorလို့အမြဲတွေးထား
တယ် "
" ထူးဆန်းတယ် "
" ဟုတ်တယ်..ကိုယ်က..."
" အဲ့ဒါကြောင့် အမြဲတမ်း
ကိုယ့်ရဲ့Ursa Minorလေးကို ရှာနေတာ "
" တွေ့ပြီလား? "
" အင်း "
'တွေ့ပြီလား'ဆိုတဲ့ စကားစုမှာ နှလုံးခုန်နှုန်း
က မသိမသာကနေ သိသိသာသာကို
မြန်ဆန်လာသည် ။
Jiminကမျက်လုံးမှိတ်ပြီး "အင်း" ချလိုက်
ချိန်မှာ သူတချက် အောင့်သက်သက်
ဖြစ်သွားသည် ။
" ဘယ်သူလဲ? "
" ဘာလို့ မေးတာလဲ "
" ဒီတိုင်းပါပဲ သိချင်လို့..မပြောလည်း
ရပါတယ် "
" အချိန်တန်ရင် သိလာမယ်..ကိုယ်တို့က
ဒီနေ့မှ စ စကားပြောဖြစ်တာမို့ စိမ်းသေး
တယ်မလား "
ပေါင်ပေါ်ကိုတောင် ခေါင်းအုံးအိပ်နေတာကို
စိမ်းသေးတယ်လို့ ပြောချင်သေးတာလား။
JungKookနှာရှုံ့ကာ ခေါင်းငြိမ့်လိုက်ရသည်။
" မင်းကို ဘယ်လိုခေါ်ရမလဲ "
" အဆင်ပြေသလို ခေါ်လေ.."
" Jeon..Jung..Kook "
" .... "
" Kookဆိုရင်ကော "
" Jeonက ပိုအဆင်ပြေမယ်ထင်တယ် "
" မင်းပဲ ကိုယ်ကြိုက်တာခေါ်ဆို "
" အဲ့လို မပြောခဲ့ပါဘူး..အဆင်ပြေတာလို့
ပြောခဲ့တာ "
" လူလည်ကျတယ် ကိုယ့်Jeonက "
What!! "ကိုယ့်Jeon" တဲ့ ။ ရင်ထဲမှာ
ဖိုသီဖတ်သီတောင် ဖြစ်ကုန်သည် ။
ကိုယ် သဘောကျရတဲ့လူက နည်းနည်းလေး
လှုပ်ရှားရင်တောင် ရင်ခုန်ကြရသည်မလား။
အခုလေး စကားလုံးမျိုးက လောကကို
ပြောင်းပြန်လှန်ပစ်သလိုပဲ ။
" Jiminရဲ့Jeonလား ? "
" အင်း ကိုယ့်ရဲ့ Jeonလေး..ခဏလောက်
အိပ်မယ်နော် "
" မုန့်စားတက်ရင် နှိုးမယ် "
" မနှိုးနဲ့ "
Jiminက Jungkookခါးဆီကို မျက်နှာ
အပ်ရင်း အသံရှူသံမှန်မှန်ဖြင့် အိပ်ပျော်
သွားသည် ။
မုန့်စားကျောင်းတက်သွားသည် ။
ပေါင်ပေါ်ကလူကို နှိုးရမလား မနှိုးရမလား
မသိ ။ ဒီလိုနဲ့ပဲ ကျောင်းဆင်းတော့မည် ။
" Jiminရေ.."
တစ်ခါ ခေါ်မရ ။
" Jimin ! ကျောင်းဆင်းတော့မယ် "
" ဆင်းပါစေပေါ့ "
ဟ ! ဘာတုန်း ။ ငိုချင်လာပြီ ကျောင်းဆင်း
ပါတော့မယ်ဆိုမှ ။ အိမ်ပြန်ချင်တယ်လေ ။
အိပ်မောပြန်ကျတော့မဲ့ Jiminရဲ့ ပခုံးတွေကို
ခပ်ဖွဖွ ပုတ်ရင်း သူနှိုးရတော့သည် ။
" Jimin ထတော့လို့ "
" ကိုယ့်ကို မင်းအိမ်ခေါ်သွားပါလား Jeon..
မထချင်ဘူး အိပ်ချင်သေးတယ် "
ဘယ်ဘဝကတည်းက မအိပ်ရသေးတာကို
အတိုးချအိပ်နေတာလဲ ။ JungKook
အမြင်ကတ်လာသည် ။
" လိုက်ချင်ရင် ကိုယ့်ဘာကိုယ် လမ်းလျှောက်"
" ဟင့်အင်း "
" တရွတ်တိုက် ဆွဲသွားရမှာလား !
Jiminရေ..ကပ်မနေနဲ့ ထတော့ "
ပြောတော့ စိမ်းနေသေးတယ် တဲ့ ။
စိမ်းနေတဲ့ သူစိမ်းဆီမှာပဲ အိပ်မောတွေ
ကျနေလိုက်တာ ဘယ်လိုတောင်နှိုးရမလဲ
မသိ ။
" Ah !! Jeon ဘာလုပ်တာလဲ "
JungKookစိတ်မရှည်စွာ Jiminရဲ့
လက်ညိုးကို ယူပြီး ကိုက်ချလိုက်တော့
သည် ။ ထိုအခါမှ ပေါင်ပေါ်ကနေ
ဗြုန်းကနဲ ထလာသည် ။
" ကျောင်းဆင်းနေပြီလို့ ! Jiminမှ
မထတာ..အိမ်ရောက်မှ အိပ်ပါလား "
အိပ်ရေးဝလို့ မို့နေတဲ့Jiminမျက်ဝန်းတွေမှာ
မျက်ရည်ဝဲနေသည် ။
သူကိုက်လိုက်တာ တအားနာသွားလား
မသိဘူး ။
" Ji..min..."
" သွားတော့ "
Jiminက တဖက်ကို မျက်နှာလွှဲရင်း
ဆိုသည် ။
ဒီနေ့ပဲ စကားပြောဖြစ်တာ အခုလို
အခြေအနေကြီးနဲ့တော့ အဆုံးမသတ်
ချင်ပါ ။
" Jimin..ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော် မရည်ရွယ် ပါဘူး "
JungKookအသံတွေ တိုးလျလာရင်း
တုန်ယင်လာသည် ။
" အိမ်ပြန်တော့လေ နောက်ကျနေပြီမလား
Jeon "
မျက်နှာတည်နဲ့Jiminကိုကြည့်ရင်း
Jungkookမျက်ရည်တွေ အိုင်လာသည် ။
" Jimin...စိတ်ဆိုးသွားတာလား...
မလုပ်ပါနဲ့ဗျာ..Jimin စိတ်ဆိုးနေရင်
ကျွန်တော်ဘယ်လိုနေရမှာလဲ "
နှာထိပ်တွေ ရဲလာပြီး မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျလာကာ JungKook
ငိုတော့သည် ။
" ဟ ! ဘာလို့ ငိုနေတာလဲ..စိတ်မဆိုးဘူး
နော်...မဆိုးဘူး..နည်းနည်းလေး နာသွား
လို့ပါ "
Jiminသည် Jungkookကို ရင်ခွင်ထဲ
ဆွဲသွင်းရင် ချော့ရတော့သည် ။
ဒီကောင်လေး အသည်းငယ်လိုက်တာ ။
နောက်ဆုံးJiminကပဲ Jungkookကို
စာသင်ခန်းဆီ ခေါ်လာရပြီး လွယ်အိတ်
တွေယူကာ အိမ်ပြန်ဖို့လုပ်ရသည် ။
" အိမ်လိုက်မလို့လား "
JungKookသည် ရဲနေသည့်ပါးတွေကို
ပွတ်ရင်း မေးလိုက်သည် ။
Jiminကတော့ ငိုထားတာကြောင့်
ရဲနေသည်ဟုထင်သော်လည်း
အမှန်တကယ်က JungKookရှက်နေတာ ။
Crushတစ်ယောက်လုံးရဲ့ ရင်ခွင်ထဲကို
ရောက်သွားတာ အခုသေဆိုရင် သေလို့
ရနေပြီ ။
" လိုက်မယ် "
တကယ်ကြီးလိုက်မှာလား ။ အိုမို..ငါက
ဒီတိုင်းမေးလိုက်တာလေ ။
" သွားမယ် ! "
မြောက်ကြွမြောက်ကြွနဲ့ ရှေ့ကထွက်သွားတဲ့
Jimin ။
" နေပါအုန်း Jiminက လမ်းသိလို့လား "
" မသိဘူးလေ "
" အဲ့ဒါဘာလို့ ရှေ့ကနေ ကော့ကော့"နဲ့
သွားနေတာလဲ "
" မသိဘူး ဟားး ! "
JungKookတစ်ယောက် " ငါဘာလို့
သူ့ကို ကြိုက်မိတာလဲ " တွေးရင်း
တီးတိုးရေရွတ်လိုက်တာက
" ပေါတောတောနဲ့ " ။
/////
Zawgyi
မုန္႔စားဆင္းတာနဲ႔ ကိုယ့္ကိုကိုယ္
သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္လိုက္သည္။
သေဘာက်ေနတဲ့သူေ႐ွ႕မွာ အေကာင္းဆုံး
ျဖစ္ခ်င္သည္ေလ ။
တပ္ေနက် မ်က္မွန္လည္း မ႐ွိတာမို႔
JungKookမ်က္ဝန္းေတြကို ႐ွင္း႐ွင္း
လင္းလင္းျမင္ရသည္ ။ ဆံပင္ကို
ျပင္ေနတာလည္း ေတာ္ေတာ္မ်ားေနၿပီမို႔
ေဘးက Minwoo ေအာ္ေတာ့သည္ ။
ထိုအခါမွ ပန္းခ်ီအခန္းေဟာင္းဆီကို
ေျပးထြက္သြားေတာ့သည္ ။
မဝင္ခင္ အရင္ေခ်ာင္းၾကည့္ေတာ့
Jiminဟာ အရင္တိုင္းပဲ ထိုင္ေနဆဲ ။
နာမည္သိရၿပီဆိုေတာ့ Jiminအေၾကာင္း
ဆိုၿပီး နာမည္တပ္ ထိုင္ေတြးလို႔ရၿပီေလ ။
" ဝင္ခဲ့ေလ..ရပ္ေနအုန္းမလို႔လား "
သူေရာက္ေနတာ ဘယ္လိုလုပ္
သိေနျပန္ၿပီလဲ ။
အျဖဴေရာင္ေတြပဲ Jiminကေတာ့ ။
ေဘးမွာ ခပ္ခြာခြာထိုင္လိုက္ေတာ့မွ
ေသခ်ာျမင္ရတဲ့ Jiminမ်က္ႏွာ ။
ထေတာင္ေအာ္ပစ္ခ်င္ေလာက္ကို
ခန္႔ညားေနတာမို႔ မသိမသာ
ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားရသည္။
လက္ဖ်ားေတြကေတာ့ ေအးစက္ေနတာ
ၾကာလွၿပီ ။
" ဘာလို႔ အရင္တုန္းက စကားလာ
မေျပာတာလဲ "
" ဘာကိုေျပာတာလဲ Jimin "
" သုံးလလုံးလုံး.. ကိုယ့္ကို
လာလာၾကည့္ေနတာ ကိုယ္သိသားပဲ "
ေရေႏြးအိုးထဲကို မ်က္ႏွာစိမ္လိုက္ရသလိုပဲ
႐ွိန္းခနဲပူသြားသည္ ။ သူကေတာ့ Jimin
မသိဘူးဆိုၿပီး ၾကည့္ၾကည့္ေနခဲ့တာ ။
ဘယ္လိုေတာင္မွ သိေနတာလဲ ။
" Hk..နား႐ြက္ေတြ နီေနၿပီ "
JungKookေယာင္ယမ္းၿပီး
လက္ႏွစ္ဖက္ျဖင့္နား႐ြက္ကို ေကာက္အုပ္
မိလိုက္္သည္ ။Jiminကပါ သူ႕လက္ေပၚကို
လာအုပ္ကိုင္သည္ ။
" ခ်စ္ဖို႔ေကာင္းတယ္ မင္းက "
တခစ္ခစ္နဲ႔ သေဘာတက်ရီေနသည္
Jiminက ။ ဝါေဖ်ာ့ေဖ်ာ့ ဆံစေတြကလည္း
တလႈပ္လႈပ္ ။ ေလမတိုက္ဘဲ
သူ႕တစ္ကိုယ္လုံးလည္း အသည္းထဲထိ
ေအးၿပီး ၾကက္သီးေမႊးညင္းေတြ
ထေနသည္ ။
Jiminလက္ဖဝါးဖယ္ခြာသြားေတာ့
သူ႕လက္ဖမိုးမွာ အေႏြးဓာတ္တို႔
က်န္ရစ္သည္ ။ သေဘာက်လိုက္တာ ။
" ေပးစရာ႐ွိတာ ေမ့ေနတယ္ "
ေပါင္ေပၚကို ျပန္ခ်ထားတဲ့ သူ႕လက္ထဲ
ကို ထည့္လာေပးတဲ့ အညိဳေရာင္ဘူးေလး။
ဖြင့္ၾကည့္လိုက္ေတာ့ ေ႐ႊေရာင္ကိုင္းနဲ႔
မ်က္မွန္အသစ္ေလး ။သူ႕မ်က္မွန္နဲ႔ ပုံစံက
တူတူပင္ ။
" မေန႔က မ်က္မွန္ေလးကို မျမင္ပဲ
ကိုယ္ တက္နင္းမိလိုက္လို႔ "
" ကိစၥမ႐ွိပါဘူး "
" သေဘာေကာင္းလိုက္တာ "
" ဘာကိုလဲ "
" ကိုယ္ဆိုရင္ ကိုယ့္ပစၥည္းေတြ လာထိရင္
ေတာင္ မႀကိဳက္တာ..ပ်က္စီးသြားရင္
တအား ေဒါသထြက္တာပဲ "
" တမ်ိဳးပါပဲ "
" မင္းကမွ ထူးျခားေနတာ..ဘယ္လို
ဟာေလးမွန္းကို မသိဘူး "
Jiminက သူ႕ေဘးနားကို တိုးလာသည္။
သူ႕ကို လက္ထဲက စာအုပ္ျပရင္းေမးသည္။
" မင္း စိတ္ဝင္စားလား "
" နကၡတ္ေတြၾကယ္ေတြအေၾကာင္းလား "
" ဟုတ္တယ္ "
" မင္း ခုနစ္စဥ္ၾကယ္ကို သိလား "
" သိတယ္ ညကေတာင္ ၾကည့္ေနေသးတာ "
" သူ႕ကို Ursa Majorလို႔ေခၚတယ္ "
" ကြၽန္ေတာ္ မသိဘူး "
" အဲ့ဒါေၾကာင့္ ကိုယ္ေျပာျပေနတာေလ
နားေထာင္ "
Jiminက ခပ္တင္းတင္း အသံနဲ႔ဆိုေတာ့
လည္း သူ႕မွာ လန္႔ေနရသည္ ။
စိတ္ပ်က္သြားမွာကို ။ အခုမွ စကားေျပာဖူး
တာဆိုေပမဲ့လည္း သူ နည္းနည္းေလးမွ
အတိမ္းအေစာင္း မခံခ်င္ပါ ။
" သူ႕ရဲ႕ ဦးေခါင္းပိုင္းက ၫႊန္ျပေနတဲ့
ၾကယ္က ဓူဝံၾကယ္ေလ သိတယ္မလား "
" ဟုတ္ သိတယ္ "
" တကယ္ေတာ့ ဓူဝံၾကယ္က Ursa Minorရဲ႕
အၿမႇီးပိုင္းပဲ "
" Ursa Minor? "
" ေရာမရဲ႕ ဒ႑ာရီအရေတာ့ Ursa Majorက
Zeusနတ္ဘုရားနဲ႔ခ်စ္ႀကိဳက္ခဲ့တဲ့အမ်ိဳးသမီး
တစ္ေယာက္တဲ့..သူမ နာမည္က Callisto "
" သားတစ္ေယာက္ထြန္းကားခဲ့တယ္..
ဒါေပမဲ့ Zeusမိန္းမက မနာလိုလို႔ လွပတဲ့
Callistoကို ဝက္ဝံေျပာင္းပစ္ခဲ့တယ္...
တေန႔ Callistoရဲ႕သားက အမဲလိုက္လာရင္း
သူမကို သူ႕အေမမွန္းမသိပဲ ျမားပစ္ဖို႔
လုပ္တဲ့အခ်ိန္မွာ Zeusက ၂ေယာက္လုံးကို
ေကာင္းကင္ဆီ ပစ္လိုက္တယ္တဲ့ "
" အဲ့အခါမွာ Callistoက Ursa Major
ျဖစ္လာၿပီး သူမသားက Ursa Minor
ျဖစ္လာခဲ့တယ္ "
" The greater bear နဲ႔ The little bear
လို႔ ေခၚၾကတယ္ "
" တခ်ိဳ႕ ဒ႑ာရီေတြမွာေတာ့ Majorနဲ႔
Minorက ခ်စ္သူေတြလို႔ေဖာ္ျပၾကတယ္ "
" ဘယ္ဟာအမွန္ပဲျဖစ္ပါေစ..ကိုယ္ကေတာ့
သူတို႔ႏွစ္ေယာက္ၾကားမွာ မျမင္ႏိုင္တဲ့
ဆက္စပ္မႈေတြ႐ွိတယ္လို႔ ယုံၾကည္တယ္ "
" ကြၽန္ေတာ္လည္း ယုံပါတယ္ "
" မင္းကဘာေတြသိထားလို႔ ယုံတာလဲ ? "
" Jimin ေျပာတာမို႔လို႔ "
မ်က္လုံးမွိတ္က်တဲ့အထိ ရယ္ရင္း Jiminက
" ကိုယ္ေျပာတိုင္း ယုံစရာလား "တဲ့ ။
" ကြၽန္ေတာ္နဲ႔Jiminမွာလည္း ဆက္စပ္မႈ
ေတြ ႐ွိလို႔ေနမွာေပါ့..မသိစိတ္ကကို
ယုံၿပီးသား "
" ေပါင္ခဏငွား "
Jiminက ခပ္ျပဳံးျပဳံးနဲ႔ပဲ သူ႕စကားကို
မတုံ႔ျပန္ခဲ့ ။ အဲ့အစား ေပါင္ေပၚကို
လွဲအိပ္လာခဲ့သည္ ။
" Jiminက ၾကယ္နဲ႔တူတယ္ "
" ကိုယ့္အေမလည္း အၿမဲေျပာတယ္..
သူမက ကိုယ့္ကို ခုနစ္စဥ္ၾကယ္တဲ့ "
" တူပါတယ္..အၿမဲေတာက္ပေနတာ "
" Hk..ကိုယ္ကို႔ကိုယ္ UrsaMajor
လို႔ ယူဆေတာ့ ကိုယ့္လက္တြဲေဖာ္က
ကိုယ့္ရဲ႕ Ursa Minorလို႔အၿမဲေတြးထား
တယ္ "
" ထူးဆန္းတယ္ "
" ဟုတ္တယ္..ကိုယ္က..."
" အဲ့ဒါေၾကာင့္ အၿမဲတမ္း
ကိုယ့္ရဲ႕Ursa Minorေလးကို ႐ွာေနတာ "
" ေတြ႕ၿပီလား? "
" အင္း "
'ေတြ႕ၿပီလား'ဆိုတဲ့ စကားစုမွာ ႏွလုံးခုန္ႏႈန္း
က မသိမသာကေန သိသိသာသာကို
ျမန္ဆန္လာသည္ ။
Jiminကမ်က္လုံးမွိတ္ၿပီး "အင္း" ခ်လိုက္
ခ်ိန္မွာ သူတခ်က္ ေအာင့္သက္သက္
ျဖစ္သြားသည္ ။
" ဘယ္သူလဲ? "
" ဘာလို႔ ေမးတာလဲ "
" ဒီတိုင္းပါပဲ သိခ်င္လို႔..မေျပာလည္း
ရပါတယ္ "
" အခ်ိန္တန္ရင္ သိလာမယ္..ကိုယ္တို႔က
ဒီေန႔မွ စ စကားေျပာျဖစ္တာမို႔ စိမ္းေသး
တယ္မလား "
ေပါင္ေပၚကိုေတာင္ ေခါင္းအုံးအိပ္ေနတာကို
စိမ္းေသးတယ္လို႔ ေျပာခ်င္ေသးတာလား။
JungKookႏွာ႐ႈံ႕ကာ ေခါင္းၿငိမ့္လိုက္ရသည္။
" မင္းကို ဘယ္လိုေခၚရမလဲ "
" အဆင္ေျပသလို ေခၚေလ.."
" Jeon..Jung..Kook "
" .... "
" Kookဆိုရင္ေကာ "
" Jeonက ပိုအဆင္ေျပမယ္ထင္တယ္ "
" မင္းပဲ ကိုယ္ႀကိဳက္တာေခၚဆို "
" အဲ့လို မေျပာခဲ့ပါဘူး..အဆင္ေျပတာလို႔
ေျပာခဲ့တာ "
" လူလည္က်တယ္ ကိုယ့္Jeonက "
What!! "ကိုယ့္Jeon" တဲ့ ။ ရင္ထဲမွာ
ဖိုသီဖတ္သီေတာင္ ျဖစ္ကုန္သည္ ။
ကိုယ္ သေဘာက်ရတဲ့လူက နည္းနည္းေလး
လႈပ္႐ွားရင္ေတာင္ ရင္ခုန္ၾကရသည္မလား။
အခုေလး စကားလုံးမ်ိဳးက ေလာကကို
ေျပာင္းျပန္လွန္ပစ္သလိုပဲ ။
" Jiminရဲ႕Jeonလား ? "
" အင္း ကိုယ့္ရဲ႕ Jeonေလး..ခဏေလာက္
အိပ္မယ္ေနာ္ "
" မုန္႔စားတက္ရင္ ႏိႈးမယ္ "
" မႏိႈးနဲ႔ "
Jiminက Jungkookခါးဆီကို မ်က္ႏွာ
အပ္ရင္း အသံ႐ွဴသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္
သြားသည္ ။
မုန္႔စားေက်ာင္းတက္သြားသည္ ။
ေပါင္ေပၚကလူကို ႏိႈးရမလား မႏိႈးရမလား
မသိ ။ ဒီလိုနဲ႔ပဲ ေက်ာင္းဆင္းေတာ့မည္ ။
" Jiminေရ.."
တစ္ခါ ေခၚမရ ။
" Jimin ! ေက်ာင္းဆင္းေတာ့မယ္ "
" ဆင္းပါေစေပါ့ "
ဟ ! ဘာတုန္း ။ ငိုခ်င္လာၿပီ ေက်ာင္းဆင္း
ပါေတာ့မယ္ဆိုမွ ။ အိမ္ျပန္ခ်င္တယ္ေလ ။
အိပ္ေမာျပန္က်ေတာ့မဲ့ Jiminရဲ႕ ပခုံးေတြကို
ခပ္ဖြဖြ ပုတ္ရင္း သူႏိႈးရေတာ့သည္ ။
" Jimin ထေတာ့လို႔ "
" ကိုယ့္ကို မင္းအိမ္ေခၚသြားပါလား Jeon..
မထခ်င္ဘူး အိပ္ခ်င္ေသးတယ္ "
ဘယ္ဘဝကတည္းက မအိပ္ရေသးတာကို
အတိုးခ်အိပ္ေနတာလဲ ။ JungKook
အျမင္ကတ္လာသည္ ။
" လိုက္ခ်င္ရင္ ကိုယ့္ဘာကိုယ္ လမ္းေလွ်ာက္"
" ဟင့္အင္း "
" တ႐ြတ္တိုက္ ဆြဲသြားရမွာလား !
Jiminေရ..ကပ္မေနနဲ႔ ထေတာ့ "
ေျပာေတာ့ စိမ္းေနေသးတယ္ တဲ့ ။
စိမ္းေနတဲ့ သူစိမ္းဆီမွာပဲ အိပ္ေမာေတြ
က်ေနလိုက္တာ ဘယ္လိုေတာင္ႏိႈးရမလဲ
မသိ ။
" Ah !! Jeon ဘာလုပ္တာလဲ "
JungKookစိတ္မ႐ွည္စြာ Jiminရဲ႕
လက္ညိဳးကို ယူၿပီး ကိုက္ခ်လိုက္ေတာ့
သည္ ။ ထိုအခါမွ ေပါင္ေပၚကေန
ျဗဳန္းကနဲ ထလာသည္ ။
" ေက်ာင္းဆင္းေနၿပီလို႔ ! Jiminမွ
မထတာ..အိမ္ေရာက္မွ အိပ္ပါလား "
အိပ္ေရးဝလို႔ မို႔ေနတဲ့Jiminမ်က္ဝန္းေတြမွာ
မ်က္ရည္ဝဲေနသည္ ။
သူကိုက္လိုက္တာ တအားနာသြားလား
မသိဘူး ။
" Ji..min..."
" သြားေတာ့ "
Jiminက တဖက္ကို မ်က္ႏွာလႊဲရင္း
ဆိုသည္ ။
ဒီေန႔ပဲ စကားေျပာျဖစ္တာ အခုလို
အေျခအေနႀကီးနဲ႔ေတာ့ အဆုံးမသတ္
ခ်င္ပါ ။
" Jimin..ကြၽန္ေတာ္ေတာင္းပန္ပါတယ္..
ကြၽန္ေတာ္ မရည္႐ြယ္ ပါဘူး "
JungKookအသံေတြ တိုးလ်လာရင္း
တုန္ယင္လာသည္ ။
" အိမ္ျပန္ေတာ့ေလ ေနာက္က်ေနၿပီမလား
Jeon "
မ်က္ႏွာတည္နဲ႔Jiminကိုၾကည့္ရင္း
Jungkookမ်က္ရည္ေတြ အိုင္လာသည္ ။
" Jimin...စိတ္ဆိုးသြားတာလား...
မလုပ္ပါနဲ႔ဗ်ာ..Jimin စိတ္ဆိုးေနရင္
ကြၽန္ေတာ္ဘယ္လိုေနရမွာလဲ "
ႏွာထိပ္ေတြ ရဲလာၿပီး မ်က္ရည္ေတြ
ပိုးပိုးေပါက္ေပါက္က်လာကာ JungKook
ငိုေတာ့သည္ ။
" ဟ ! ဘာလို႔ ငိုေနတာလဲ..စိတ္မဆိုးဘူး
ေနာ္...မဆိုးဘူး..နည္းနည္းေလး နာသြား
လို႔ပါ "
Jiminသည္ Jungkookကို ရင္ခြင္ထဲ
ဆြဲသြင္းရင္ ေခ်ာ့ရေတာ့သည္ ။
ဒီေကာင္ေလး အသည္းငယ္လိုက္တာ ။
ေနာက္ဆုံးJiminကပဲ Jungkookကို
စာသင္ခန္းဆီ ေခၚလာရၿပီး လြယ္အိတ္
ေတြယူကာ အိမ္ျပန္ဖို႔လုပ္ရသည္ ။
" အိမ္လိုက္မလို႔လား "
JungKookသည္ ရဲေနသည့္ပါးေတြကို
ပြတ္ရင္း ေမးလိုက္သည္ ။
Jiminကေတာ့ ငိုထားတာေၾကာင့္
ရဲေနသည္ဟုထင္ေသာ္လည္း
အမွန္တကယ္က JungKook႐ွက္ေနတာ ။
Crushတစ္ေယာက္လုံးရဲ႕ ရင္ခြင္ထဲကို
ေရာက္သြားတာ အခုေသဆိုရင္ ေသလို႔
ရေနၿပီ ။
" လိုက္မယ္ "
တကယ္ႀကီးလိုက္မွာလား ။ အိုမို..ငါက
ဒီတိုင္းေမးလိုက္တာေလ ။
" သြားမယ္ ! "
ေျမာက္ႂကြေျမာက္ႂကြနဲ႔ ေ႐ွ႕ကထြက္သြားတဲ့
Jimin ။
" ေနပါအုန္း Jiminက လမ္းသိလို႔လား "
" မသိဘူးေလ "
" အဲ့ဒါဘာလို႔ ေ႐ွ႕ကေန ေကာ့ေကာ့"နဲ႔
သြားေနတာလဲ "
" မသိဘူး ဟားး ! "
JungKookတစ္ေယာက္ " ငါဘာလို႔
သူ႕ကို ႀကိဳက္မိတာလဲ " ေတြးရင္း
တီးတိုးေရ႐ြတ္လိုက္တာက
" ေပါေတာေတာနဲ႔ " ။
/////
Bạn đang đọc truyện trên: AzTruyen.Top