နိဂုံး

[[Zawgyi]]

Tongan၏ေဆာင္းရာသီသည္အၿမဲတမ္းမခံရပ္ႏိုင္ေအာင္ေအးေလ့ရိွသည္။ပထမဆံုးတိုက္ခိုက္မႈအေနႏွင့္ႏွင္းမႈန္မ်ားသည္ကမ႓ာေျမေပၚသို႔အဆက္မျပတ္ေသာအခိုးအေငြ့မ်ားအေနျဖင့္စီးဆင္းလာၾက၏။ကုန္းေျမအႏွံ႔ႏွင့္သစ္ပင္မ်ားေပၚတြင္ႏူးညံ့ေသာႏွင္းအလႊာကဖံုးအုပ္ထားသည္။ဤသို႔ေသာအခ်ိန္အခါတြင္မိသားစုမ်ားသည္အျပင္မွာလမ္းေလ်ွာက္ေနၾကျခင္းထက္ေနြးေထြးၿပီးသက္ေတာင့္သက္သာရိွေသာအိမ္ထဲတြင္သာေနထိုင္ၾကသည္။စကားစျမည္ေျပာရင္းလက္ဖက္ရည္ပူေသာက္ကာေကာင္းမြန္ေသာအခ်ိန္မ်ားကိုအတူတကြကုန္ဆံုးတတ္ၾကသည္။

နန္းတြင္းရိွသူအမ်ားသည္လည္းသာမန္သူေတြလိုေရြးခ်ယ္ႏိုင္ေသာအခြင့္အေရးရိွလ်င္ေအးစက္လွေသာေလထု၏မြန္းက်ပ္မႈႏွင့္အတူဖိအားေပးခံရမႈေတြအစားအိမ္မွာသာေနရန္ေပ်ာ္ရႊင္စြာေရြးခ်ယ္ပါလိမ့္မည္။ဧကရာဇ္ျပန္လည္သတိရလာၿပီေၾကာင္းသတင္းရရိွစဥ္ကအစကေတာ့အလြန္ေပ်ာ္ရႊင္ေနၾကေပမဲ့မ်ားမၾကာခင္မွာပဲအနားမေနႏိုင္ေသာရင္ဘတ္သည္ပူပန္မႈမ်ားႏွင့္ေလးလံလာခဲ့သည္။ၿငိမ္းခ်မ္းစြာစားေသာက္ရသည္အနားယူရသည္ဆိုတာမရိွ။

ဤကေန့သည္ေမ့ေမ်ာေနခဲ့ေသာဧကရာဇ္က်င္းဇုန္ခမ္းနားတင့္တယ္စြာနန္းျပန္တတ္ေသာေန့ျဖစ္သည္။အမွန္ဆိုလ်ွင္ပတ္ဝန္းက်င္သည္ေပ်ာ္ရႊင္ျခင္းမ်ားဒလေဟာႏွင့္ခ်ီးၿမွောက္ေသာစကားမ်ားနဲ႔သာျပၫ့္ေနရမည္ျဖစ္သည္။ဂုဏ္ျပဳစကားဆို၍သက္ေတာ္ရာေက်ာ္ရွည္ေစေၾကာင္းဆုေတာင္းေထာပနဂျပဳေနရမွာျဖစ္သည္။

ထိုအစားနန္းေတာ္ခန္းမေဆာင္၏အေျခအေနသည္မည္းေမွာင္အံု႔ဆိုင္းကာအသက္ရူရန္ပင္ခက္လွ၏။သန႔္ရွင္းလတ္ဆတ္ေသာေလျပည္ၫွင္းသည္ဝင္လာရဲပံုမရ။နံနက္ခင္းရံုးေတာ္အခ်ိန္တြင္ဝန္အမတ္မ်ားအားလံုးၾကမ္းျပင္ကိုၾကၫ့္ကာေခါင္းငံု႔ထားၾကသည္။ေရာက္လာမၫ့္အေျခအေနကိုေမ်ွာ္လင့္ေစာင့္စားလ်က္အသက္ပင္မရူရဲၾက။ေအးစက္ေသာေဆာင္းအခါျဖစ္ေပမဲ့လည္းခၽြေးစီးမ်ားသည္နဖူးထက္တဲြခိုေန၏။ဒီလိုအေျခအေနမ်ိဳးတြင္ဘယ္လိုလုပ္ရင္အေကာင္းဆံုးျဖစ္မလဲကိုမေတြးတတ္ျဖစ္ေနၾကသည္။

မ်က္ႏွာကာေနာက္ကြယ္မွဧကရာဇ္၏အၾကၫ့္သည္ေဆာင္းတြင္းထက္ပင္ေအးစက္လွ၏။ကာရန္ထားတာေၾကာင့္မ်က္ႏွာထားကိုေတာ့ေသခ်ာမျမင္ရ။ေဒါသမဟုတ္ေပမဲ့ေပ်ာ္ရႊင္ျခင္းလည္းရိွမေန။မႈန္မိႈင္းေန၏။မခန႔္မွန္းႏိုင္ေသာတိတ္တဆိတ္ၿခိမ္းေျခာက္မႈေၾကာင့္ရင္ဘက္လည္းေၾကာက္ရြံ႔မႈႏွင့္အတူတဒိတ္ဒိတ္ခုန္လ်က္။သို႔ေသာ္ျငားလည္းဧကရာဇ္ထံမွတိတ္တဆိတ္ရရိွေနေသာမသက္မသာျဖစ္ေစမႈႏွင့္မအီမသာျဖစ္ေစမႈတို႔ၾကားတြင္တုန္လႈပ္ေျခာက္ျခားမႈတစ္စံုတစ္ရာကိုလည္းခံစားမိၾကသည္။ဝန္အမတ္အမ်ားစုသည္ဆိုးရြားေသာကံတရားေရာက္ရိွလာေတာ့မည္ကိုႀကိဳတင္ခံစားမိေနၾကၿပီးရပ္လ်က္တုန္ယင္ေနၾကသည္။
Xiao Gui Ziထံမွေမ့ေမ်ာေနစဥ္ျဖစ္ပ်က္ခဲ့ေသာအေၾကာင္းအရာမ်ားကိုက်င္းအလံုးစံုၾကားသိၿပီးၿပီ။မနာလိုမုန္းတီးျဖစ္ေနၾကေသာဝန္မင္းတစ္သိုက္သည္လုခ်န္ကိုဖယ္ရွားရန္ႀကိဳးပမ္းခဲ့ၾကသည္။လုခ်န္သည္ဧကရာဌ္ႏွသ့္ႏိုင္ငံေတာ္အေပၚကံဆိုးျခင္းမ်ားကိုသာယူလာေၾကာင္းအတင္းအက်ပ္ေျပာဆိုၿပီးZhengကိုအေရးယူေဆာင္ရြက္ေပးရန္ဖိအားေပးခဲ့သည္။က်င္း၏ပုဂၢိုလ္ေရးဆိုင္ရာအေၾကာင္းအရာေတြအထိထိပါးလာကာလုခ်န္ကိုမူမမွန္ေသာလိင္တိမ္းၫြတ္သူဟုစြပ္စဲြေျပာဆိုခဲ့ေသးသည္။ႀကီးမားေသာအမ်က္ေဒါသလိႈင္းလံုးကိုဖိႏိွပ္ထားရျခင္း၏အက်ိဳးဆက္အေနႏွင့္ေလထုသည္ထိတ္လန႔္တုန္လႈပ္ဖြယ္ေကာင္းေနျခင္းျဖစ္သည္။

သစၥာေစာင့္သူမ်ားျဖစ္ေသာအခ်က္ကိုသာထပ္မတြက္လ်ွင္တစ္ေဆြလံုးတစ္မ်ိဳးလံုးဤလူ႔ေလာကမွမ်က္ေတာင္တစ္ခတ္အခ်ိန္အတြင္းေပ်ာက္ကြယ္သြားၾကလိမ့္မည္။

ေျပာရလ်ွင္အခြင့္အေရးရတာနဲ႔ထိုသို႔ျပဳမူၾကမည္ျဖစ္ေၾကာင္းက်င္းႀကိဳတင္မွန္းဆၿပီးသားျဖစ္သည္။အဲ့ေလာက္မ်ွေတာင္ရဲတင္းစြာႀကံစည္ခဲ့ၾကေၾကာင္းေတြးမိလ်ွင္က်င္းစိတ္ထဲမွာသတ္ေနရတာေတာင္အားမရ။သူရိွမေနခဲ့လ်ွင္လုခ်န္လံုႃခံုမႈရိွေစဖို႔ရာေသခ်ာေအာင္အတည္ျပဳမျွဖစ္မည္။ေနာက္တစ္ႀကိမ္ဆိုလ်ွင္ေလပင္စိမ့္ဝင္ခြင့္မေပးႏိုင္။

"ကဲ.."

ဧကရာဇ္ထံမွတစ္လံုးမ်ွသာထြက္လာေသးသည္။ဝန္အမတ္မ်ားအားလံုးတုန္ယင္ကာပင့္သတ္မနည္းရိႈက္ေနၾကသည္။ျဖစ္အံ့ဆဲဆဲျဖစ္ေသာေနဝင္ခ်ိန္ကိုေၾကာက္ေၾကာက္ရြံ႔ရြံ႔ႏွင့္ေစာင့္ဆိုင္းေနၾကသည္၊

"အကၽြႏ္ုပ္မရိွတဲ့အခ်ိန္မွာဘာေတျြဖစ္သြားလဲဆိုတာတစ္ေယာက္ေယာက္မ်ားရွင္းျပေပးႏိုင္မလား?",

ဧကရာဇ္အသံသည္တည္ၾကည္ေနေပမဲ့ေၾကာက္မက္ဖြယ္ရာအႏၲရာယ္အေငြ့အသက္မ်ားကေရာယွက္ပါေနသည္။မနက္ပိုင္းရံုးေတာ္တတ္ေနၾကေသာရာထူးျမင့္ဝန္မင္းမ်ားပင္ေဆာင္းေလေၾကာင့္သစ္ကိုင္းတြင္ျပဳတ္မက်ေစရန္ဖက္တြယ္ထားေသာသစ္ရြက္မ်ားႏွယ္တုန္ရီေနၾကသည္။

ဘယ္သူမွေခါင္းေတာင္မေမာ့ရဲၾကပဲစကားစဆိုမၫ့္သူ႔ကိုေစာင့္ေမ်ွာ္ေနၾကသည္။အခုအခ်ိန္မွာသူတို႔၏အစြမ္းကုန္ေသာသတၲိသည္အသက္ရူေနျခင္းသာရိွ၏။

"ဒီကလူအမ်ားဟာအကၽြႏ္ုပ္အေပၚသစၥာေစာင့္တည္ေသာအမူထမ္းမ်ားျဖစ္၍အကၽြန္ပ္အျဖင့္လည္းလြန္စြာဝမ္းေျမာက္မိပါတယ္.အကၽြႏ္ုပ္ကိုယ္စားသစၥာေစာင့္တည္ကာလုပ္ခဲ့တဲ့ျဖစ္ရပ္မ်ားအေပၚအကၽြႏ္ုပ္ဘယ္လိုမ်ားေက်းဇူးတံု႔ျပန္ရမလဲ?"

ဧကရာဇ္ေသခ်ာစြာေရြးခ်ယ္အသံုးျပဳသြားေသာစကားလံုးမ်ားသည္သူတို႔၏ႏွလံုးဆိုင္ကိုအခၽြန္ႏွင့္စိုက္ထိုးေနသလိုႏွယ္။

ပုဂၢိုလ္ေရးကိစၥမ်ားဝင္ေရာက္ပါဝင္လာလ်ွင္ဧကရာဇ္ဘယ္လိုေတာင္ရက္စက္တတ္ေၾကာင္းသူတို႔အသိပင္ျဖစ္သည္။ျမင္သာေအာင္ျပသထားခဲ့ေသာဥပမာမ်ားစြာလည္းရိွသည္။သို႔ေသာ္ျငားလည္းသူတို႔ထံတြင္ေမ်ာ္လင့္ခ်က္မိွန္ျပျပေလးေတာ့က်န္ေသးသည္။ဝန္အမတ္အမ်ားစုသည္ထိုသို႔ျဖစ္ေနၾကေပမဲ့Liu Zhong Tangႏွင့္ၾကားေနလူတစ္စုကေတာ့မပါ။ၾကားေနလူတစ္စုသည္ႏိုင္ငံေတာ္အဆင္ေျပျပေလည္ပတ္ေနရန္သာၪီးစားေပးၿပီးသခင္လုကိုဆန႔္က်င္လိုစိတ္မရိွၾက။

“ၾကၫ့္ရတာအသင္တို႔ရဲ့မေသဆံုးႏိုင္ေသာအေလးထားရိုေသမႈေတြအတြက္ရာထူးရာခံေတျြပန္လည္စိစစ္ၿပီးသင့္ေတာ္တဲ့ေနရာစီစဥ္ေပးဖို႔လိုေနၿပီထင္တယ္..အကၽြႏ္ုပ္တစ္ေယာက္ခ်င္းစီကိုဆင့္ေခၚလိုက္မယ္..ရံုးေတာ္ၿပီးဆံုးၿပီ!!"

ဝမ္းနည္းပက္လက္ျဖစ္ေနေသာဝန္မင္းမ်ားကိုခ်န္ထားခဲ့ကာဧကရာဇ္သည္ခန္းမေဆာင္အတြင္းမွေၾကာေမာ့စြာထြက္ခြာသြားသည္။

စကားဆံုးသည္ႏွင့္ဝန္မင္းမ်ား၏မ်က္ႏွာအေရာင္သည္အေလာင္းေကာင္မ်က္ႏွာအလားပင္။ရံုးေတာ္၏မ်ွေခ်ကိုထၫ့္မတြက္ပဲအကုန္လံုးကိုရာထူးခ်ပစ္မည္ဟုအိမ္မက္ထဲမွာေတာင္ထၫ့္မမက္ဖူးခဲ့။TongXinၿမိဳ႔စားအားလည္းကိုယ္စားေတာင္းပန္ေပးရန္ေတာင္းဆို၍လည္းမရေတာ့။TongXinၿမိဳ႔စားကိုယ္တိုသ္ကလည္းအရွင္မင္းႀကီးေဝဒနာအရွင္းမေပ်ာက္ခင္အထိစာရြက္စာတမ္းမ်ားႏွင့္ေလ်ွာက္လႊာမ်ားကိုေနရာခ်ျခင္းႏွင့္ခြင့္ျပဳေပးျခင္း၌ကူညီေပးေနရသည္။

ျပန္ေျပာင္းေတြးမိျပန္ေတာ့လည္းအရွင္မင္းႀကီးမွစဥ္းစားခ်န႔္ခ်ိန္ကာသူတို႔၏အသက္ကိုလႊတ္ေပးသည္မွာလည္းအမွန္ျဖစ္သည္။တုန္လႈပ္ေျခာက္ျခားလ်က္ေရာက္ရိွလာမၫ့္ကံၾကမၼာကိုေစာင့္ေမ်ွာ္ေနၾကေသာဝန္မင္းမ်ားသည္စိတ္တြင္းတြင္ေတာ့ေနာက္မ်ားဘယ္ေတာ့မွအရွင္မင္းႀကီး၏ပုဂၢိုလ္ေရး၌ဝင္မပါေတာ့ဘူးလို႔သံဓိဠာန္ခ်လိုက္ၿပီျဖစ္သည္။အထူးသျဖင့္သခင္လုအေရးတြင္ျဖစ္သည္။ေနာက္တစ္ႀကိမ္တြင္ေတာ့ကံေကာင္းႏိုင္မည္မဟုတ္။အရွင္မင္းႀကီးသည္ေနာက္တစ္ႀကိမ္ထက္ၿပီးပုဂၢိုလ္ေရးတြင္ပါဝင္လာေသာသူမ်ားကိုဘယ္လိုရက္စက္စြာကိုယ္တြယ္ေၾကာင္းသက္ေသျပခဲ့ၿပီျဖစ္သည္။

•••••••

စာၾကၫ့္ေဆာင္သို႔က်င္းဝင္လာခ်ိန္တြင္Zhengသည္စာရြက္စာတမ္းမ်ားကိုဖတ္ရူေပးေနဆဲျဖစ္သည္။ထကာအရိုအေသေပးရန္ျပင္ေနေသာZhengကိုလက္ျပ၍လုပ္ဆဲကိစၥရပ္ကိုသာဆက္လုပ္ေစလိုက္သည္။
Zhengကိုယ္တိုင္လည္းကိစၥအလံုးစံုကိုက်င္းထံတင္ျပၿပီးၿပီျဖစ္သည္။အမိန႔္ျပန္တမ္းရိွပါလ်က္ႏွင့္ဘာလို႔ထိုသို႔ဆံုးျဖတ္ခဲ့ရေၾကာင္းကိုရွင္းျပခဲ့သည္၊

ေရာက္ရိွလာမၫ့္ၾကမၼာဆိုးမ်ားကိုသိျမင္ေနလ်က္ႏွင့္သူ႔ေဘးတြင္ရိွေသာအေရးႀကီးဆံုးေသာသူကိုရွင္းပစ္ရန္နန္းတြင္းရိွသူအမ်ားသည္ရရာအခြင့္အေရးကိုဆဲြကိုင္တတ္ၾကသည္။ထိုအေျခအေနမ်ိဳးတြင္လုခ်န္ေဘးကင္းရန္သူမေစာင့္ေရွာင္ေပးႏိုင္လ်ွင္က်င္းစိတ္ကြက္မည္ျဖစ္ေၾကာင္းZhengသိသည္။က်င္းသည္ဤသို႔သစၥာေစာင့္တည္ေသာညီေတာ္ရိွေနျခင္းအတြက္လြန္စြာေက်းဇူးတင္မိသည္။က်င္းလိုေသာအခ်ိန္တိုင္းအၿမဲရိွေနေပးသလိုသူလက္မခံႏိုင္လ်ွင္ေတာင္က်င္းဘာကိုတန္ဖိုးထားသလဲဆိုတာကိုသူသိသည္။

"အစ္ကိုေတာ္..ေစာလ်ွင္ကစစ္သူႀကီးေတြ့ခြင့္ေတာင္းသြားေသးတယ္"

က်င္းသင့္ေလ်ွာ္ရာေညာင္ေစာင္းထက္ထိုင္လိုက္ခ်ိန္တြင္Zhengဆီမွစကားဆိုလာသည္။သက္ေတာင့္သက္သာရိွေသာေညာင္ေစာင္းျဖစ္ၿပီးနဂါးပံုစံေကာက္ေၾကာင္းမ်ားေဖာ္ထားကာအဆင့္အတန္းျမင့္ေသာလက္မႈပညာႏွင့္အေသးစိတ္ၿပီးျပၫ့္စံုလွသည္။Zhengလည္းမတတ္သာပဲအမႊာျဖစ္သူ၏လွပေနမႈေအာက္တြင္ဖံုးလႊမ္းလ်က္ရိွသည္။က်င္းကိုတစ္ေန့လံုးၾကၫ့္ေနလ်ွင္ေတာင္သူပ်င္းမည္မဟုတ္။စာၾကၫ့္ေဆာင္တြင္က်င္းႏွင့္သာအခ်ိန္ကုန္ဆံုးေနရလ်ွင္ဘယ္လိုပင္မ်ားေသာအလုပ္မ်ားျဖစ္ျဖစ္Zhengလက္ခံႏိုင္သည္။အမွန္တရားကိုေတာ့Zhengဘယ္သူ႔ကိုမွဘယ္ေတာ့မွထုတ္ေဖာ္ေျပာမည္မဟုတ္။

"ေအာ္..ေစာလိုက္တာ..သူအနားယူသင့္တယ္"

Mu Yueအပါအဝင္စစ္သည္မ်ားသည္အေရ႔ွဘက္ျခမ္းအရပ္ေဒသကိုတိုက္ခိုက္ေအာင္ျမင္ၿပီးေနာက္မေန့ကပဲၿမိဳ႔ေတာ္အတြင္းေအာင္ပဲြခံရင္းျပန္ေရာက္ရိွလာၾကသည္။ခန္းနားႀကီးက်ယ္ေသာေအာင္ပဲြအတြက္တစ္ညလံုးလည္းပဲြေတာ္က်င္းပေပးခဲ့သည္။

က်င္းမ်က္ေမွာင္က်ဳံ႔ေနေသာအေၾကာင္းရင္းသည္Mu Yueနားခဲ့သည္မနားခဲ့သည္ႏွင့္မဆိုင္။

ႀကီးမားက်ယ္ေျပာလွေသာေအာင္ျမင္မႈမ်ားႏွင့္အတူပိုးမႊားေကာင္Huan Shu ChengကိုပါDatongသို႔ေခၚလာျခင္းေၾကာင့္ျဖစ္သည္။မႏွစ္ၿမိဳ႔ဖြယ္သတၲဝါသည္လုခ်န္ကေရွာင္ေနရင္ေတာင္ရသမ်ွအခြင့္အေရးရွာၿပီးလုခ်န္ႏွင့္နီးစပ္ေအာင္ႀကိဳးစားေပလိမ့္မည္။လုခ်န္ဘယ္လိုအားထုတ္မလဲေတာ့က်င္းၾကည့္ခ်င္စမ္းပါေပ၏။

အေရ႔ွဘက္ျခမ္းအရပ္ေဒသတြင္ရိုင္းစိုင္းေသာအေကာင္ႏွင့္ရင္ဆိုင္ေတြ့ရတာမလံုေလာက္၍ကိုယ့္ပိုင္နက္ထဲမွာေတာင္ျမင္ေတြ့ရၪီးမည္။သူပိုင္ေသာနန္းေတာ္ထဲတြင္ျဖစ္သည္။ဤသတၲဝါျပန္သြားသည္ႏွင့္နန္းေတာ္တစ္ခုလံုးပိုးသတ္ပစ္မည္ဟုက်င္းေတးထားလိုက္သည္။

က်င္း၏သက္ျပင္းေဖ်ာ့ေဖ်ာ့သည္Zhengနားအားရံုထက္တြင္လြတ္ေျမာက္မသြား။မေန့ညကတည္းကအစ္ကိုေတာ္သည္စိတ္ရႈပ္ေနပံုရသည္။မေန့ညထဲကေတာင္မဟုတ္စစ္သူႀကီးMuႏွင့္အလြန္ေခ်ာေမာလွပေသာMingdiအိမ္ေရ႔ွစံအတူျပန္လာကတည္းကျဖစ္သည္။

ပဲြေတာ္အခမ္းအနားအတြင္း၌လည္းအစ္ကိုေတာ္ႏွင့္အိမ္ေရ႔ွစံအၾကၫ့္ခ်င္းခဏခဏဆံုၾကသည္။လုခ်န္၏ဒုကၡမ်ားေနေသာမ်က္ႏွာပါထပ္ေပါင္းလိုက္လ်ွင္Zhengသံသယေတာ့ဝင္မိသည္။သံုးေယာက္ၾကားတြင္တစ္ခုခုေတာ့ရိွေနမွာေသခ်ာသည္၊

"ဆင့္ေခၚလိုက္"

က်င္း၏အမိန႔္သံေၾကာင့္Zheng၏အေတြးမ်ားျပတ္ေတာက္သြားသည္။

သိပ္မၾကာလိုက္Mu Yueသည္စာၾကၫ့္ေဆာင္အတြင္းသို႔မသာယာေသာမ်က္ႏွာထားႏွင့္ဝင္ေရာက္လာသည္။အရင္လိုမဟုတ္ပါပဲဇာပနအခမ္းအနားတတ္ေရာက္ေနသၫ့္အလားမည္းေမွာင္ေနသည္။အေနာက္တြင္အိမ္ေရ႔ွစံလိုက္ပါလာၿပီးDatongဧကရာဇ္ႏွင့္ရင္ဆိုင္ေတြ့ေနရတာေတာင္သူ႔နည္းသူ႔ဟန္ႏွင့္တင့္တယ္မႈရိွသည္။ကိုယ္ပိုင္အရိွန္အဝါေပ်ာက္ကြယ္သြားျခင္းမရိွပဲဧကရာဇ္ႏွင့္ေတာင္ယွဥ္ႏိုင္ေသာသူဟုေျပာလို႔ရသည္။

"အရွင္မင္းႀကီး"

Mu Yueသည္ရႈပ္ေထြးေပြလီလွေသာစကားမ်ားကိုအေရးတယူလုပ္ၿပီးေျပာတတ္သူမဟုတ္။ဒူးေထာက္ၿပီးၪီးၫြတ္၍သာအရိုအေသေပးသည္။Ding Pengလည္းအတူတူပင္ျဖစ္သည္။

"Huan Shu Cheng အရွင္မင္းႀကီးကိုဂါဝရျပဳပါတယ္
အရွင္မင္းႀကီးသက္ေတာ္ရာေက်ာ္ရွည္ပါေစ"

"ေခါင္းေမာ့ေစ"

ထို႔ေနာက္ေအးစက္စြာၾကၫ့္လာၿပီးပံုမွန္ၾကည္လင္ေသာအသံနိမ့္ႏွင့္

"ဘာေၾကာင့္မ်ားသတင္းပို႔ရန္အလ်ွင္လိုေနရတာလဲ?Mu Yue”

“ေလ်ွာက္တင္ပါသည္အရွင္မင္းႀကီး..Fuတိုင္းျပည္ႏွင့္ပတ္သတ္ၿပီးအရွင္မင္းႀကီးမွာၾကားခဲ့တဲ့အတိုင္းေအာင္ျမင္စြာလုပ္ေဆာင္ၿပီးပါၿပီ..အမိန႔္အတိုင္းအေသးစိတ္ေဆာင္ရြက္ခဲ့ပါတယ္"

ေျပာစကားအေပၚက်င္းတံု႔ျပန္မႈကိုၾကၫ့္ရန္အတြက္Mu Yueစကားရပ္လိုက္သည္။

Fuကိုမသြားခင္အခါကက်င္းသည္Mu Yueကိုလိႈ႔ဝွက္အမိန႔္ေပးခဲ့၏။လုခ်န္ေဖာ္ျပခ်က္အရကိုယ္ရံေတာ္တပ္မွဴးသည္Xiangတိုင္းျပည္ႏွင့္ပတ္သတ္ေၾကာင္းက်င္းသိရိွခဲ့သည္။က်င္းအျပစ္ဒဏ္မွအံ့ၾသသင့္ဖြယ္ေကာင္းေလာက္ေအာင္လြတ္ေျမာက္သြားေသာမင္းသားတစ္ပါးျဖစ္ႏိုင္သည္။ေခ်ာင္းေျမာင္းတိုက္ခိုက္မႈေနာက္ကြယ္မွသူျဖစ္ႏိုင္သည္။လုခ်န္ကိုထိခိုက္နာက်င္ေအာင္လုပ္ၿပီးက်င္းအေဝးသို႔ေခၚေဆာင္သြားေသာသူ။

က်င္းအမိန႔္ကေတာ့ကိုယ္ရံေတာ္တပ္မွဴးကိုအရွင္ဖမ္းမိရန္ျဖစ္သည္။ေသသြားမၫ့္အစားအရွင္ထားၿပီးႏိွပ္စက္ေစခဲ့သည္။သတ္ေသျခင္းမျပဳႏိုင္ရန္လ်ွာကိုျဖတ္ခဲ့သည္။လႈပ္ရွားျခင္းမျပဳႏိုင္ရန္ေျခလက္မ်ားကိုခ်ိဳးထားၿပီးအတြင္းအားကိုလည္းၿဖိဳခဲြလိုက္သည္။လူရႈပ္ေသာလမ္းလည္ေခါင္တြင္ခ်ထားကာမေသသြားေအာင္လည္းအေစာင့္မ်ားကိုေစာင့္က်ပ္ခိုင္းထားသည္။လုခ်န္ကိုထိခိုက္ေအာင္လုပ္ခဲ့သူအဖို႔ေသသြားျခင္းကအရမ္းလြယ္ကူေနသည္။ေမာက္မာေစာ္ကားေသာအေကာင္သည္အျခားသူမ်ားရြံရွာသနားေသာအၾကၫ့္ႏွင့္ၾကၫ့္ျခင္းကိုရင္ဆိုင္ေတြ့ေစရမည္။ေသခ်င္ေနေပမဲ့လည္းေသလို႔မရေသာဒုကၡကိုခံစားေစရမည္။Mu Yueကိုယ္တိုင္လည္းရက္စက္လွေသာက်င္းအမိန႔္ေၾကာင့္အေၾကာအခ်ဥ္မ်ားေတာင္က်ဥ္တတ္လာခဲ့သည္။သူ၏တပ္သားမ်ားကိုလည္းလုခ်န္ေလ့က်င့္ေပးလ်ွင္ခပ္ေဝးေဝးမွာသာေနဖို႔သတိေပးထားရၪီးမည္။ဘယ္လိုေတာင္စိတ္ဒုကၡေပးတဲ့သူလဲ!

လုခ်န္သံသယဝင္မည္စိုး၍လည္းက်င္းသူကိုယ္တိုင္က်လႈပ္ရွား၍မျဖစ္။လုခ်န္သည္ဤသို႔ရက္စက္မႈမ်ိဳးကိုလက္မခံႏိုင္သၫ့္ႏူးညံ့သိမ္ေမြ့ေသာသူမဟုတ္ေပမဲ့အခုအႀကိမ္ကက်င္းစိတ္တိုင္းက်ကလဲ့စားေခ်ပဲြျဖစ္ေနသည္။အစကေတာ့Mu Yueသည္အရွင္မင္းႀကီးကိုေဒါသထြက္ေအာင္လုပ္ခဲ့ေသာကိုယ္ရံေတာ္တပ္မွဴးအေပၚတကယ္ပင္သနားစိတ္ဝင္မိသည္။သို႔ေပမဲ့သူရဲေဘာေၾကာင္စြာလုပ္ခဲ့ေသာအျခင္းအရာသည္က်င္းအေပၚသက္ေရာက္သြားခဲ့သည္ျဖစ္၍Mu Yueအတြက္ဤအမိန႔္ကေတာ့ေပ်ာ္စရာပင္ေကာင္းေနသည္။Mingdiတြင္ရိွခဲ့ေသာပ်င္းစရာေန့ရက္မ်ားထဲမွေပ်ာ္စရာအခ်ိန္အခါမ်ားျဖစ္လာခဲ့သည္။

Mu Yueသည္က်င္းအယံုၾကည္ရဆံုးသူျဖစ္သလိုသူ႔စိတ္ကိုလည္းသိလွသည္။Fuတိုင္းျပည္ႏွင့္မိဖုရားကိစၥပါအပါက်န္ေသာကိစၥအဝဝကိုMu Yueေအာင္ျမင္စြာထမ္းေဆာင္ခဲ့မည္ဟုက်င္းယံုၾကည္သည္။

သူေျပာလိုက္ေသာစကားကိုက်င္းနားလည္သၫ့္အေနျဖင့္ေခါင္းၿငိမ့္ျပလာသျဖင့္Mu Yueစကားဆက္လိုက္သည္။

"သို႔ေသာ္ျငားလည္းအက်ိဳးသက္ေရာက္မႈကခန႔္မွန္းထားသလိုျဖစ္မလာပါဘူး..ကၽြန္ေတာ္မ်ိဳးတို႔တိုက္ခိုက္မႈအၿပီးမွာမတည္မႈေတြစလာပါတယ္..လူအမ်ားကလည္းအရင္တည္းကအေျခအေနမေကာင္းတဲ့အတြက္တိုက္ခိုက္မႈဒဏ္ေၾကာင့္အေျခအေနပိုဆိုးလာၾကပါတယ္"

Mu Yueရိုက်ိဳးစြာေလ်ွာက္တင္ၿပီးေနာက္ဧကရာဇ္မ်က္ႏွာထက္ဘာမ်ားေျပာင္းလဲသြားေလမလဲအေသအခ်ာေစာင့္ၾကၫ့္ေနသည္။

ရြံရွာမုန္းတီးဆံုးသူျဖစ္ေသာအိမ္ေရ႔ွစံကိုသူေခၚလာသည့္အတြက္က်င္းစိတ္အလိုမက်ျဖစ္ေနေၾကာင္းMu Yueသိသည္။Mu Yueကိုယ္တိုင္လည္းအစီရင္ခံစာတင္ရာတြင္အတင္းလိုက္ပါလာေသာအိမ္ေရ႔ွစံေၾကာင့္စိတ္မၾကည္လွ။သူကိုယ္တိုင္သာအစီရင္ခံခ်င္ေၾကာင္းေျပာလာေသာအိမ္ေရ႔ွစံသည္Mu Yueကိုအရူးလုပ္ႏိုင္သည္ဟုထင္ေနပံုရသည္။

Mu Yueတင္ျပခ်က္အရShu Chengေရ႔ွတလွမ္းတိုးလာၿပီးသူ၏ထင္ျမင္ယူဆခ်က္မ်ားကိုေျပာလာသည္။

"အရွင္မင္းႀကီး..ရိုင္းျပမႈအတြက္ခြင့္လႊတ္ေပးပါ..သို႔ေသာ္ျငားလည္းလူအမ်ားပုန္ကန္ထႂကြမႈေတြစမလာခင္အျမန္လႈပ္ရွားမႈကိုစတင္သင့္ပါတယ္..မၿငိမ္သက္ျခင္းေတြဟာပူပန္ေသာကေတြကိုျမင့္တတ္ေစၿပီးအေၾကာက္ကင္းလာပါလိမ့္မယ္"

“အဲ့ဒီေဒသကိုကိုင္တြယ္ေျဖရွင္းဖို႔အသင့္ကိုခြင့္ျပဳခဲ့တယ္မလား?"

Shu Cheng၏တာဝန္ေတြကိုေထာက္ျပရင္းDatongမွမႀကိဳဆိုေၾကာင္းကိုလည္းအရိတ္အမြတ္ျပလိုက္သည္။

"ဘာလို႔ဒီမွာရိွေနတာလဲ?"

"မွန္ပါတယ္အရွင္မင္းႀကီး..အဓိကက်ေသာကိစၥရပ္မ်ားျဖစ္တာေၾကာင့္ကၽြန္ေတာ္မ်ိဳး၏ဆံုးျဖတ္ခ်က္ကိုအရွင္မင္းႀကီးထံကိုယ္တိုင္လာေတြ့ၿပီးကိုယ္တိုင္ကိုယ္က်ခြင့္ေတာင္းခ်င္လို႔ပါ"

ထံုးစံအတိုင္းပဲက်င္း၏မႏွစ္ၿမိဳ႔ဖြယ္ရာေမးခြန္းအတြက္Shu Chengထံတြင္သင့္ေတာ္ေသာအေျဖရိွေနသည္။

'ဟုတ္ပါလိမ့္မည္..လုခ်န္ကိုေတြ့ရန္လာတယ္ဆိုတာအသိသာႀကီးကို'ဒါကေတာ့Mu Yueစိတ္တြင္း၌သာေျပာႏိုင္သည္။ေျပာခ်င္ေနလ်ွင္ေတာင္ဧကရာဇ္ႏွင့္အိမ္ေရ႔ွစံဆိုေသာရာထူးကိုေတာ့သိရမည္။

'ကိုယ္တိုင္လာေတြ့ရန္လိုအပ္သည္'ဆိုေသာစကားေၾကာင့္Zheng၏မ်က္လံုးေတျြပဴးက်ယ္သြားသည္။

ၾကၫ့္ရတာအိမ္ေရ႔ွစံသည္လည္းအစ္ကိုေတာ္၏ၫႊတ္ကြင္း၌သက္ဆင္းခဲ့သူျဖစ္ရမည္။အစ္ကိုေတာ္သည္တကယ္ပင္လူအမ်ားမွခ်စ္ကၽြမ္းဝင္လာေအာင္ဆဲြေဆာင္ႏိုင္စြမ္းရိွသည္။က်င္း၏ခ်စ္ျခင္းမ်ားကိုဘယ္သူမဆိုယွဥ္ၿပိဳင္ႏိုင္ေပမဲ့Zhengေတာ့မပါ။အမႊာျဖစ္ေသာသူကိုအလားအလာရိွေသာခ်စ္သူအျဖစ္သတ္မွတ္မည္မဟုတ္ေၾကာင္းZhengအရင္တည္းကသိၿပီးသား။မနာလိုဝန္တိုမႈေတြမ်က္ဝန္းထက္ကုတ္တြယ္တတ္လာၿပီးအိမ္ေရ႔ွစံကိုလူသတ္မႈက်ူးလြန္လိုေသာအသြင္ျဖင့္ၾကၫ့္ေနမိသည္။Shu Chengလည္းမ်က္လံုးေထာင့္ကေနရန္လိုေသာအၾကၫ့္ကိုရိပ္စားမိသည္။အမ်က္ေခ်ာင္းေခ်ာင္းထကာၾကၫ့္ေန၏။

Shu Chengအျမင္မမွားဘူးဆိုလ်ွင္မေန့ညပဲြေတာ္အခမ္းအနားတုန္းကသူလုခ်န္နားကပ္ရန္ႀကံရြယ္ေသာအခ်ိန္တြင္ေဘးတြင္ရပ္ေနေသာZhengသည္အကဲခက္ေသာအၾကၫ့္ႏွင့္ၾကၫ့္လာခဲ့သည္။စူစမ္းသိလိုစိတ္မ်ားသည္အခုအခ်ိန္မွာအမုန္းတရားမ်ားအျဖစ္ေျပာင္းလဲကုန္၏။

လုခ်န္အေပၚထားတဲ့သိုဝွက္ထားေသာခံစားခ်က္ေတြကိုသိသြားလို႔လား?အဲ့တာဆိုလ်ွင္ေတာင္ဒီေလာက္ႀကီးေဒါသထြက္ဖို႔မလို။ဒါမွမဟုတ္သူကိုယ္တိုင္လည္းလုခ်န္အေပၚခံစားခ်က္ေတြရိွေနတာလား?သူ႔အစ္ကိုေတာ္ရဲ့ခ်စ္သူျဖစ္ေနတာမလို႔မဖြင့္ေျပာႏိုင္ပဲShu Chengကိုလာၿပီးမနာလိုျဖစ္ေနတာလား?

Shu Chengခန႔္မွန္းတာသာမွန္လ်ွင္Zhengကမွပိုၿပီးသူ႔ထက္ကံေကာင္းေနေသးသည္။တစ္ေနရာတည္းေနသည္ျဖစ္၍လုခ်န္ႏွင့္ေတြ့ခ်င္တိုင္းေတြ့ႏိုင္ေပမဲ့Shu Chengမွာေတာ့ဆင္ေျခေတြထုတ္ရင္းDatongကိုလာရသည္။ဧကရာဇ္ကလည္းမၾကာခဏလာဖို႔ခြင့္ျပဳမွာမဟုတ္ေၾကာင္းကိုသိသည္။အကြာအေဝးသည္ၿငိဳညင္စရာေကာင္းလွ၏။

ဗိုက္အတြင္းမျွမင့္တတ္လာေသာမနာလိုမႈေတြနဲ႔အတူတစ္ထပ္တည္းပဲZhengကိုျပန္ၾကၫ့္လိုက္သည္။ဧကရာဇ္ထံမွလုခ်န္ကိုခိုးရမၫ့္အျပင္ဧကရာဇ္၏ညီေတာ္ကပါပါလာေသးသည္။Shu Chengသည္စိန္ေခၚလာလ်ွင္ျငင္းဆိုတတ္သူမဟုတ္ပဲလက္ခံရန္အသင့္ရိွသူျဖစ္သည္။ဘုရင့္ကိုယ္စားအုပ္ခ်ဳပ္တဲ့သူနဲ႔ေတြ့မွဘာလို႔ေနာက္ျပန္ဆုတ္ရမွာလဲ?

သူတို႔၏စိတ္တြင္းကိုဖတ္ႏိုင္ေသာသူက်င္းအဖို႔ႏႈတ္ခမ္းထက္သေဘာက်ေသာအႃပံုးကျဖစ္တည္လာသည္။Zhengအေပၚတြင္သာမန္ကိုယ္ေရးကိုယ္တာကိစၥမ်ားသက္ေရာက္မႈရိွသည္မဟုတ္။က်င္းပါဝင္ပတ္သတ္လာေသာအခါမွသာပံုမွန္အေနအထားမွပ်က္စီးယိုယြင္းတတ္သူျဖစ္သည္။Shu Chengလည္းထိုအတိုင္းပင္ျဖစ္သည္။သူႏွင့္တူေသာတည္ၿငိမ္ေအးစက္လွေသာရုပ္သြင္သည္လုခ်န္ပါလာမွေသာအတြင္းစိတ္ကိုထုတ္ျပေလ့ရိွသည္။အခ်က္မ်ားကိုေပါင္းၾကၫ့္လ်ွင္တစ္ေယာက္ႏွင့္တစ္ေယာက္မွားယြင္းစြာေကာက္ခ်က္ခ်မိေနေၾကာင္းေသခ်ာသည္။က်င္းဖြင့္ကာရယ္လိုက္ခ်င္ေပမဲအဓိပၸာယ္မွားေကာက္ျခင္းသူ႔ဟာသူေပၚလာေစခ်င္တာေၾကာင့္တိတ္တိတ္သာေနလိုက္သည္။

မေန့ညပဲြေတာ္အခမ္းအနားတည္းကႏွစ္ေယာက္စလံုး၏အမူအရာအေပၚက်င္းသေဘာေတြ့ေနခဲ့သည္။က်င္းကိုယ္စားအုပ္ခ်ဳပ္သူလည္းျဖစ္သလိုအမႊာလည္းျဖစ္ေသာZhengကိုေတြ့ၿပီးShu Chengအနည္းငယ္ေတာ့အံ့ၾသသင့္သြားသည္။ဧကရာဇ္ကိုယ္တိုင္စစ္ေျမျပင္တြင္အခ်ိန္အၾကာႀကီးေနႏိုင္ရန္အတြက္နန္းေတာ္တြင္စိတ္ႏွလံုးအစံုပံု၍ယံုၾကည္ရေသာသူေတာ့က်န္ခဲ့ေလာက္မည္။သို႔ေပမဲ့လည္းဘုရင္ခံသည္အမႊာညီေတာ္တစ္ေယာက္ျဖစ္ေနမည္လို႔မထင္ထားခဲ့။Zheng၏တံု႔ျပန္မႈသည္တမ်ိဳးေတာ့ဆန္းလွသည္။အကဲခတ္ေသာအၾကၫ့္ႏွင့္ၾကၫ့္မွာေတာ့ေသခ်ာေပမဲ့ေခါင္းအစေျခအဆံုးသံသယဝင္ေသာအၾကၫ့္ႏွင့္လည္းၾကၫ့္ေနခဲ့သည္။လုခ်န္အနားတြင္ေနရန္က်င္းအမိန႔္ေပးခဲ့ၿပီးအခ်ိန္မွာဆိုပိုဆိုးသည္။

နားလည္မႈလဲြေနျခင္းအေပၚေျဖရွင္းလိုစိတ္မရိွ။သူ႔ဘက္သို႔အာရံုေရာက္လာရန္က်င္းေခ်ာင္းဟပ္လိုက္သည္။

"အဟမ္း!"

ရႈပ္ေထြးေနေသာအၾကၫ့္မ်ားကိုဧကရာဇ္သတိျပဳမိသြားၿပီျဖစ္ေၾကာင္းနားလည္သြားသူႏွစ္ၪီးလည္းမသက္မသာႏွင့္ဧကရာဇ္ထံအၾကၫ့္ေရြ့လိုက္ၾကသည္။

"အိမ္ေရ႔ွစံHuan Shu Cheng..အသင့္ရဲ့စြမ္းေဆာင္ရည္ကိုအကၽြႏ္ုပ္သိပါတယ္..ထိုနယ္ေျမကိုအုပ္ခ်ဳပ္ဖို႔အရင္ကတည္းကတာဝန္ေပးခဲ့တာမလို႔အကၽြႏ္ုပ္ခြင့္ျပဳခ်က္ကိုေတာင္းခံဖို႔မလိုပါဘူး..အသင့္ရဲ့ဆံုးျဖတ္ခ်က္ေတြအေပၚမွာအကၽြႏ္ုပ္ယံုၾကည္ပါတယ္"

လုခ်န္ကိုႀကံရဲေသာအိမ္ေရ႔ွစံ၏ရဲတင္းမႈကိုရြံရွာစက္ဆုပ္မိေပမဲ့ဧကရာဇ္တစ္ပါးအေနနဲ႔လည္းက်င္း၏တရားစီရင္မႈေတြသည္ေျဖာင့္မတ္မွန္ကန္မႈရိွသည္။ရန္သူပဲျဖစ္ေစမိတ္ေဆြပဲျဖစ္ေစတစ္ၪီးတစ္ေယာက္၏စြမ္းေဆာင္ရည္ကိုသူျမင္ႏိုင္သည္။

"သို႔ေပမဲ့လြယ္ကူေသာတာဝန္မဟုတ္ေၾကာင္းကိုအကၽြႏ္ုပ္နားလည္ပါတယ္..ဒါေၾကာင့္လည္းအကၽြႏ္ုပ္ရဲ့သစၥာေတာ္ခံဝန္ႀကီးမ်ားကိုအသင့္ကိုကူညီရန္ထၫ့္ေပးဖို႔ဆံုးျဖတ္ၿပီးသြားပါၿပီ"

"ေက်းဇူးႀကီးမားလွပါတယ္အရွင္မင္းႀကီး..အရွင္မင္းႀကီးထံမွယံုၾကည္ျခင္းကိုရရိွသၫ့္အတြက္ကၽြန္ေတာ္မ်ိဳးေက်းဇူးတင္မဆံုးပါ..အရွင္မင္းႀကီးထံမွအေမ်ွာ္အမ်ွင္ရိွရိွနည္းလမ္းျပဆိုစကားေတြခံယူႏိုင္ရန္ကၽြန္ေတာ္မ်ိဳးDatongကိုမၾကာခဏလာခဲ့ပါၪီးမယ္"

အေမ်ွာ္အမ်ွင္ရိွရိွနည္းလမ္းျပဆိုစကားေတြခံယူႏိုင္ရန္ဆိုပဲ?အမိႈက္စကားေတြ!လုခ်န္ကိုလာရွာရင္ရွာတယ္ေပါ့!ဝန္ႀကီးမ်ား၏မနာလိုမုန္းတီးစိတ္ထားမ်ားဒဏ္ကိုခံရမၫ့္Shu Chengအလွၫ့္ျဖစ္သည္။အရိုအေသမဲ့ေသာဝန္အမတ္မ်ားကိုအျခားသူမ်ားအားသတိေပးေသာအေနျဖင့္အေဝးသို႔ပို႔ပစ္ရန္က်င္းႀကံရြယ္ထားသည္။အခြင့္အာဏာကိုပယ္ေဖ်ာက္ခ်င္တာလည္းပါၿပီးအျခားေဒသကိုလည္းအေထာက္အကူျပဳရာေရာက္သည္။Datongသစၥာေတာ္ခံဝန္မင္းမ်ားသည္Shu Chengဤကိုေနာက္တစ္ခါလာဖို႔မအားႏိုင္ေအာင္တေကာက္ေကာက္လိုက္ေပလိမ့္မည္။

သြားခြင့္ျပဳျပီျဖစ္ေၾကာင္းေျပာခ်ိန္ပင္မရလိုက္။Xiao Gui Ziသည္အားျပန္ျပၫ့္ဖို႔ရာေသာက္ေသာေဆးတစ္ဖံုကိုကိုင္၍အေဆာင္အတြင္းသို႔ဝင္လာသည္။Xiao Gui Zi၏ေနာက္တြင္ေပ်ာ္ရႊင္ျခင္း၏အရင္းအျမစ္ျဖစ္ေသာသခင္လုလိုက္ပါလာသည္။

Shu Chengကိုေတြ့သြားခ်ိန္တြင္လုကန္မ်က္ေမွာင္က်ဳံ႔မိသည္။သူ၏ပြင့္လင္းေသာစိတ္ေနစိတ္ထားအရမႏွစ္ၿမိဳ႔ေသာအမူအရာသည္လည္းမ်က္ႏွာထက္ေဖာ္ျပလ်က္ရိွသည္။Shu Chengသည္ဘာေၾကာင့္မ်ားစာၾကၫ့္ေဆာင္အတြင္းရိွေနျပန္တာလဲ?က်င္းေဆးေသာက္ခ်ိန္ျဖစ္တဲ့အတြက္လည္းသူၿပီးမွတစ္ခါျပန္လာ၍မရ။က်င္းကိုယ္တိုင္ကေရွာင္ရန္မွာၾကားထားသည္အတြက္လုခ်န္အခက္ေတြ့ေနသည္။

လုခ်န္မသာမယာႏွင့္မ်က္ေမွာင္က်ဳံ႔ေနသည္ကိုၾကၫ့္ၿပီးZhengထံတြင္အေတြးမွားတစ္ခုကဝင္လာျပန္သည္။Shu Chengရိွေနမႈအေပၚလုခ်န္ထိတ္လန႔္ေနတာလား?Shu Cheng၏အေနအထားကိုၾကၫ့္ျပန္ေတာ့လည္းဤသို႔ေသာ္လူမ်ိဳးသည္သူ၏ခ်စ္သူကိုစိတ္ဝင္စားေနလ်ွင္ဘယ္သူကမထိတ္လန႔္ပဲေနမွာလဲ?Zhengအရိုးသားဆံုးဝင္ခံရလ်ွင္သူႄကံုဆံုဖူးခဲ့ေသာၿပိဳင္ဖက္မ်ားၾကားတြင္Shu Chengသည္ေပၚလြင္ထင္ရွားေသာသူဟုဆိုရမည္။အေကာင္းတကာ့အေကာင္းဆံုးေသာစြမ္းရည္မ်ားကိုပိုင္ဆိုင္ထားသည္။အားလံုးထဲတြင္အေခ်ာေမာဆံုးေသာမ်က္ႏွာလည္ပါသည္။လုခ်န္ကိုနားလည္ေပးႏိုင္ပါသည္ဆိုေသာအၾကၫ့္ႏွင့္Zhengၾကၫ့္လိုက္သည္။

အဲ့ဒီအခ်ိန္မွာShu Chengလည္းတစ္ေလ်ွာက္လံုးသူ႔ကိုစားမလိုဝါးမလိုၾကၫ့္ေနေသာသူသည္လုခ်န္ကိုႏူးညံ့ေသာအၾကၫ့္ႏွင့္ၾကၫ့္ေနသည္ကိုျမင္လိုက္သည္။လုခ်န္ကိုခ်စ္၍ၾကၫ့္သည္ဟုသူျမင္သည္။တမဟုတ္ခ်င္းပဲမေကာင္းေသာခံစားခ်က္မ်ားသည္အားႏွင့္တိုးဝင္လာ၏။

အေရးပါအရာေရာက္ေသာသူႏွစ္ၪီး၏အၾကၫ့္တိုက္ပဲြသည္ေနာက္တစ္ႀကိမ္စတင္လာျပန္သည္။အခန္းတြင္းအခုမွဝင္လာေသာလုခ်န္ႏွင့္Xiao Gui Ziပင္ဘာေတြမ်ားျဖစ္ေနၾကလဲဆိုၿပီးလန႔္ျဖန႔္ကုန္ၾကသည္။Mu Yueကိုယ္တိုင္လည္းရုတ္တရက္ေျပာင္းလဲလာေသာအခန္းအေျခအေနေၾကာင့္အေျဖရွာမရာျဖစ္ေနသည္။တစ္ဖက္မွာေတာ့က်င္းသည္လြန္စြာေပ်ာ္ျမဴးေနေလ၏။

"လုခ်န္"

လုခ်န္၏မ်က္ခံုးရိုးမ်ားေျပေလ်ာ့ေစရန္အလို႔ငွာသူေခၚေနၾကအတိုင္းရင္းႏွီးေသာအသံုးအႏႈန္းႏွင့္ႀကိဳဆိုလိုက္သည္။လုခ်န္ဝတ္ရံုထက္ခမ္းနားထည္ဝါစြာတည္ရိွေနေသာေရႊေရာင္ဇာမဏီငွက္ကိုေတာ့ႀကိဳးစားၿပီးမသိေက်းကၽြန္ျပဳထားသည္။

"အရွင္မင္းသား"

လုခ်န္သည္အကြာအေဝးတစ္ခုရိွေစရန္အလို႔ငွာရင္းႏွီးစြာေခၚေဝၚခဲ့ေသာဆရာHuanအစားမွန္ကန္ေသာဂုဏ္ပုဒ္ျဖင့္သာတမင္ေရြးခ်ယ္သံုးႏႈန္းလိုက္ျခင္းျဖစ္သည္။Shu Chengဘာကိုရည္ရြယ္လည္းသိၿပီးေနာက္ပိုင္းက်င္းကိုတမင္ေသြးထိုးလႈံေဆာ္တာမ်ိဳးမျဖစ္ေစလို။Shu Chengႏႈတ္ဆက္မႈအေပၚယဥ္ေက်းျပဴငွာစြာတံု႔ျပန္ၿပီးေနာက္က်င္းေဘးသို႔ေပါ့ပါးစြာပင္ေလ်ွာက္သြားသည္။

"အရွင္မင္းႀကီး..ေဆးေသာက္ရန္အခ်ိန္ေရာက္ပါၿပီ"

က်င္းခ်ိဳသာစြာႃပံုးရင္း

"အင္း..အခ်ိန္ေတာင္ေရာက္ၿပီလား?ေကာင္းၿပီ..ေဆြးေနြးစရာမရိွေတာ့တဲ့အတြက္အသင္တို႔သြားလို႔ရပါၿပီ..Zhengလည္းအနားယူေတာ့"

"ကၽြန္ေတာ္မ်ိဳးအရင္သြားႏွင့္ပါမယ္"

Zhengႏွင့္အတူMu YueေကာXiao Gui Ziပါထြက္ခြာသြားသည္။အရွင္မင္းႀကီး၏ကိုယ္ေရးကိုယ္တာကိစၥကိုအကုန္လံုးနားလည္ၾကသည္။

Shu Chengပါလိုက္လာမည္ထင္ထားေပမဲ့ေခါင္းမာစြာႏွင့္ရပ္ၿမဲရပ္ေနသည္။Zhengလည္းေဒါသထြက္ကာအႏွီပိုးမႊားေကာင္ကိုအစ္ကိုေတာ္၏ေဘးမွဖယ္ရွားပစ္လိုစိတ္မ်ားကိုမနည္းထိန္းေနရသည္။

"အာ..လုခ်န္..ေန့ခင္းက်ရင္အခ်ိန္ေပးႏိုင္မလား?မျပန္ခင္မွာႂကြယ္ဝခ်မ္းသာတဲ့Datongၿမိဳ႔ေတာ္ရဲ့ျမင္ကြင္းေတြကိုျမင္ဖူးခ်င္လို႔ပါ"

အလည္သြားရန္အေၾကာင္းျပကာခ်ိန္းေတြ့ဖို႔Shu Chengရဲတင္းစြာပင္ေမးလာသည္။

Shu Cheng၏မ်က္ႏွာေျပာင္တိုက္ရဲမႈေတြအေပၚလုခ်န္အေတာ္ေတာ့အံ့ၾသသင့္မိသည္။DatongမွာရိွေနၿပီးDatongဧကရာဇ္ကိုစိန္ေခၚျခင္းသည္မိုက္မဲျခင္းသတ္သတ္သာျဖစ္သည္။

"ေတာင္းပန္ပါတယ္အရွင္မင္းသား..ကၽြန္ေတာ္မ်ိဳးက.."

“အဆင္ေျပပါတယ္..ရိုးရိုးပဲသံုးႏႈန္းလို႔ရပါတယ္"

ရိုင္းစိုင္းေသာအိမ္ေရ႔ွစံသည္လုခ်န္အျငင္းစကားမဆံုးေသးခင္ျဖတ္ေျပာလာ၏။

"အား.."

က်င္းနဖူးကိုဖိရင္းတိုးၫွင္းစြာညည္းၫူလိုက္သည္။ရလဒ္အေနျဖင့္လုခ်န္ထံမွခဲြေဝမေပးႏိုင္ေသာအာရံုစိုက္မႈေတြရရိွလိုက္သည္။

"က်င္း..ဘာျဖစ္လို႔လဲ?"

စိုးရိမ္ပူပန္မႈေတြကမ်က္ႏွာႏွင့္အသံထက္အတိုင္းသားေပၚေနၿပီးေသခ်ာသိရေစရန္က်င္းနဖူးထက္လက္တင္လာသည္။

"ဘာမွမျဖစ္ပါဘူး..ပင္ပန္းတာေနမွာ"

"အနားယူပါလို႔ေျပာရဲ့သားနဲ႔အၿမဲတမ္းရံုးေတာ္တက္တယ္..အခုၾကၫ့္ပါၪီး"

က်င္း၏က်န္းမာေရးအေပၚလြန္စြာစိတ္ပူေနသည္ျဖစ္၍သူ႔ပံုစံသည္နားပူနားဆာလုပ္ေနေသာဇနီးသည္တစ္ၪီးပံုစံျဖစ္ေနတာကိုသတိမထားမိ။အဆိပ္ေျဖၿပီးၿပီျဖစ္ၿပီးက်န္းမာေရးေကာင္းမြန္လာေပမဲ့လည္းသမားေတာ္မ်ားကိုထိုအေျခအေနအားလုခ်န္မသိေအာင္လိႈ႔ဝွက္ထားခိုင္းခဲ့သည္။လုခ်န္မွဂရုစိုက္ေပးေနသည္မ်ားကိုက်င္းသေဘာက်လွသည္။

Shu Chengထံေအာင္ႏိုင္သူအႃပံုးႏွင့္တစ္ခ်က္ၾကၫ့္ၿပီးက်င္းမ်က္ႏွာမဲ့လာေတာ့သည္။မသိလ်ွင္အလြန္နာက်င္ေနသကဲ့သို႔။

စိတ္အလိုမက်မႈေၾကာင့္Shu Chengမ်က္လံုးေတြက်ဥ္းေျမာင္းလာၿပီးဧကရာဇ္၏အခ်စ္ေတာ္ကိုရရိွႏိုင္ရန္ေနာက္တစ္ခြန္းဆိုျပန္သည္။

"ဒါဆို.."

"အရွင္မင္းသား..ကၽြန္ေတာ္မ်ိဳးလိုက္မေပးႏိုင္တာေတာင္းပန္ပါတယ္..လိုက္ပါေပးရန္စစ္သူႀကီးMuကိုေမးလို႔ရပါတယ္..အရွင္မင္းႀကီးေနမေကာင္း၍ကၽြန္ေတာ္မ်ိဳးရိွေနေပးရပါၪီးမယ္..အရွင္မင္းႀကီးစိတ္အေနွာင့္အယွက္ျဖစ္ေအာင္မလုပ္ပါနဲ႔"

ခ်ိန္းေတြ့ရန္ႀကံရြယ္ေနေသာShu Chengဆိုစကားေတြေၾကာင့္လုခ်န္ယဥ္ေက်းမွဴလည္းမထားႏိုင္ေတာ့။က်င္းဒီလိုအေျခအေနမွာဆိုပိုဆိုးသည္။

Shu Chengမ်က္လံုးထဲမွာေတာ့ဧကရာဇ္သည္နည္းနည္းေလးမွမက်န္းမာတဲ့သူပံုမေပၚ။ျဖဴေသာအသားအရည္သည္လည္းလုခ်န္ေျပာသလိုေနမေကာင္းေသာသူႏွင့္လားလားမွမတူ။အက်ိဳးသင့္အေၾကာင္းသင့္မရိွေသာဧကရာဇ္သည္လုခ်န္အနားမွာရိွေနရန္ကိုယ့္က်န္းမာေရးကိုဟန္ေဆာင္ေနျပန္သည္။ဒီတစ္ႀကိမ္နားသြားေပမဲ့အၿမဲတေစေတာ့ကံေကာင္းေနမည္မဟုတ္။

လုခ်န္ကိုေဒါသမထြက္ေစသလိုသူ႔နည္းလမ္းစဥ္မ်ားပ်က္ျပားမည္စိုး၍Shu Chengအခန္းထဲမွထြက္သြားသည္။

စာၾကၫ့္ေဆာင္အတြင္းမွေျခတစ္လွမ္းထြက္သည္ႏွင့္ေအးစက္ေနေသာေလထုသည္Zheng၏ေရခဲတမ်ွေအးစက္ေသာအၾကၫ့္မ်ားပါလ်က္ဆီးႀကိဳ၏။အက်ိဳးသင့္အေၾကာင္းသင့္မရိွေသာဧကရာဇ္ေၾကာင့္ေဒါသထြက္လာေသာShu Chengလည္းအၾကၫ့္မ်ားကိုတင္းမာေစလ်က္ျပန္ၾကၫ့္လိုက္သည္။ဤအမႊာလည္းသူ႔အမႊာအစ္ကိုကိုေခၚကာေပ်ာက္ကြယ္သြားၿပီးလုခ်န္သာေဘးနားက်န္ခဲ့ရင္ေကာင္းမွာပဲလို႔Shu Chengဆုေတာင္းေနမိသည္။

Mu Yueႏွင့္Xiao Gui Ziကိုအူလည္လည္ျဖစ္ေစေသာအၾကၫ့္တိုက္ပဲြသည္အသစ္တဖန္ျပန္စလာသည္။မသိလ်ွင္ေတြ့တဲ့ေနရာအေသသတ္မည္ဟုႄကံုးဝါးေနက်ကာေမြးကတည္းကရန္သူျဖစ္လာသၫ့္အတိုင္းပင္။

Mu Yueႏွင့္Xiao Gui Ziလည္းနားမလည္ႏိုင္စြာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္လိုက္ၾကသည္။ဒီႏွစ္ေယာက္ကဘာျဖစ္ေနတာလဲ?တစ္ရက္ပဲေတြ့ရေသးတယ္ဘယ္လိုျဖစ္ၿပီးရန္သူေတျြဖစ္သြားၾကတာလဲ?

ရႈပ္ေထြးေသာသူမ်ား၏အသည္းၫွာကိုနားမလည္ႏိုင္ပါဘူးလို႔ပဲဆံုးျဖတ္ၿပီးေဝးရာသို႔ေလ်ွာက္သြားၾကေတာ့သည္။ေအးစက္ေသာေဆာင္းရာသီကိုပို၍ေအးေစေသာမီးေတာက္ကိုေတာ့ၿငိမ္းသတ္ရန္စိတ္ကူးမရိွ။
•••••••

စာၾကၫ့္ေဆာင္အတြင္းရိွစံုတဲြသည္အေလးအနက္ထားရာကိစၥရပ္မ်ားကိုေဆြးေနြးေနၾကဆဲျဖစ္သည္။

"ေဆးေသာက္ၿပီးေတာ့ေရာသက္သာလား"

"အင္း.."

ခမ္းနားထည္ဝါေသာမ်က္ႏွာထက္က်န္းမာေနၿပီျဖစ္ေသာအသားအေရာင္ကိုလုခ်န္ျမင္ေနရသည္။ပန္းေရာင္ေဖ်ာ့ေဖ်ာ့ကလည္းထံုးစံအတိုင္းပါးထက္တည္ရိွေနသည္။က်န္းမာေနၿပီျဖစ္ေသာ္လည္းနန္းေတာ္တြင္းရိွေနလ်ွင္အျခားသူမ်ားေၾကာင့္စိတ္အေနွာင့္အယွက္ျဖစ္ရလိမ့္မည္။ေနြးေထြးမႈလည္းအေရးပါသလိုေအးခ်မ္းေသာေနရာတြင္က်င္းအားေမြးရန္လိုအပ္သည္။ဟန္က်ိဳးမွာရိွေသာေဆာင္းရာသီကေတာ့ၿမိဳ႔ေတာ္ထက္ေတာ့ပိုေနြးလွသည္။

အေတြးႏွင့္အတူေနာက္ဆံုးလာေရာက္ခဲ့ေသာCao Xinႏွင့္Ge Qingအေၾကာင္းကိုအမွတ္ရသြားသည္။ေက်ာက္တံုးတစ္တံုးႏွင့္ငွက္ႏွစ္ေကာင္ပစ္ႏိုင္လိမ့္မည္။အပန္းေျဖခရီးသြားရင္းညီအစ္ကိုေတြနဲ႔လည္းေတြ့ႏိုင္သည္။ပို၍ႀကီးမားလာၿပီျဖစ္ေသာမိသားစုႀကီးကိုျမင္ခ်င္မိ၏။

သို႔ေပမဲ့က်င္းသည္အခုတေလာသူ႔တာဝန္ေတြအေပၚ၌သာမန္ထက္ပိုၿပီးလံု႔လဝီရိယစိုက္လ်က္ရိွသည္။ဝန္ႀကီးတစ္ေယာက္ခ်င္းဆီကိုေခၚေတြ့ၿပီးအခန္းထဲမွထြက္သြားသူမ်ားမ်က္ႏွာကလည္းမႈန္မိႈင္းေန၏။က်င္းတာဝန္ေတြပစ္ၿပီးလိုက္ခဲ့ဖို႔သေဘာတူပါ့မလား"

လုခ်န္အေတာ္ၾကာစဥ္းစားေနၿပီးရဲတင္းၿပီးေမးရန္သာစိတ္ဆံုးျဖတ္လိုက္သည္။

"က်င္း..ေတာင္ဘက္ကိုခရီးသြားရင္ေကာ"

"ဘာေၾကာင့္မ်ားလဲ?"

လုခ်န္သည္တစ္ခါတစ္ရံသူ႔ညီအစ္ကိုေတြဆီသြားလည္ခြင့္ကိုအျငင္းခံရမွာသိရက္ႏွင့္ေမးေလ့ရိွသည္။က်င္းပါအတူလိုက္ဖို႔ေတာ့ဘယ္ေတာ့မွမေမးခဲ့။ထို႔အျပင္အခုလည္းရုတ္တရက္ႀကီးဆိုလာျပန္သည္။ပံုမွန္ဆိုလ်ွင္ဟန္က်ိဳးမွစာဒါမွမဟုတ္သတင္းေရာက္မွေမးေလ့ရိွသည္။

"အဲ့ဒီမွာကပိုေနြးတယ္ေလ..မင္းေနျပန္ေကာင္းဖို႔အသင့္ေတာ္ဆံုးပဲ"

တကယ့္ရည္ရြယ္ခ်က္ကိုေျပာရင္ေကာင္းမလားမေကာင္းဘူးလားေတြးရင္းတြန႔္ဆုတ္ေနသည္။

"ၿပီးေတာ့Cao Xinနဲ႔Ge Qingကိုလည္းDatongျပန္ေရာက္ရင္လာလည္မယ္လို႔ကတိေပးထားေသးတယ္..ရႈပ္ေထြးတဲ့အေျခအေနေတျြဖစ္ၿပီးမသြားျဖစ္ေသးဘူး"

"သူတို႔ဆီကိုငါနဲ႔အတူသြားခ်င္တာလား?"

က်င္းသိသေလာက္ဆိုရင္လုခ်န္ညီအစ္ကိုမ်ားႏွင့္ေကာင္းမြန္ေသာဆက္ဆံေရးရိွခဲ့တာမဟုတ္။လုခ်န္လည္းသိမွာေသခ်ာသည္။

က်င္းႏွင့္ညီအစ္ကိုမ်ားတစ္ေနရာတည္းတြင္တစ္ခ်ိန္တည္းရိွေနျခင္းသည္ေကာင္းေသာအႀကံမဟုတ္တာကိုလုခ်န္သိသည္။ဆက္ဆံေရးအဆင္မေျပၾကသၫ့္အျပင္တစ္ၪီးႏွင့္တစ္ၪီးလည္းႏွစ္သက္ၾကသည္မဟုတ္။ညီအစ္ကိုမ်ားသည္က်င္းကိုအစ္ကိုႀကီးအားလိမ္လည္လွၫ့္ဖ်ားေခၚေဆာင္သြားသူဟုျမင္သလိုက်င္းကလည္းညီအစ္ကိုမ်ားကိုလုခ်န္သူ႔ေဘးနားမွခြာကာမိသားစုရေအာင္လုပ္ေပးေနၾကေသာမ်က္ျပင္းကတ္စရာမ်ားလို႔ျမင္သည္။

ဟန္က်ိဳးမွာေရာက္ေနစဥ္တြင္ညီအစ္ကိုမ်ားကိုသူ႔ဘာသာသူသြားေတြ့လို႔ရေပမဲ့က်န္းမာေရးအေကာင္းအတိုင္းျပန္မျဖစ္ေသးေသာက်င္းကိုတစ္ေယာက္တည္းထားခဲ့၍မျဖစ္။ပ်င္းရိလာၿပီးေနရာအႏွံ႔ေလ်ွာက္သြားၾကၫ့္ေနကာမွေရာဂါေဟာင္းျပန္ထလာလိမ့္မည္။တစ္ခုေသာအခြင့္အေရးမွာက်င္းလိုက္ပါရန္ေမးဖို႔သာျဖစ္သည္။သို႔မွသာက်င္းကိုလည္းစိတ္ပူစရာမလိုပဲညီအစ္ကိုေတြနဲ႔ေပးထားေသာကတိလည္းၿပီးေျမာက္ပါလိမ့္မည္။

"ေကာင္းၿပီေလ..မင္းညီအစ္ကိုေတြကိုေတာ့ၪီးေနွာက္မရိွတဲ့စကားေတြထုတ္မေျပာဖို႔သတိေပးထား..ငါသူတို႔ေနရာအႏွံ႔ဖ်က္ဆီးပစ္တာကိုမင္းမျမင္ခ်င္ဘူးမလား"

"အင္း..ငါသတိေပးထားပါ့မယ္..ဒါေပမဲ့သူတို႔လည္းသူတို႔ေျပာင္းလဲေလာက္ပါၿပီ..ဒီေလာက္ႏွစ္ေတြၾကာၿပီကို"

"ေသခ်ာလား?သူတို႔မေျပာင္းလဲေသးရင္ဘယ္လိုလုပ္မလဲ?"

"မျဖစ္ႏိုင္တာ..သူတို႔ေျပာင္းလဲသြားၿပီဆိုတာေသခ်ာတယ္..ငါေလာင္းေၾကးေတာင္ထပ္လိုက္ၪီးမယ္"

ထံုးစံအတိုင္းပဲယံုၾကည္မႈအျပၫ့္ႏွင့္က်င္းကိုစိန္ေခၚလာသည္။Cao Xinသည္အသံက်ယ္ဆဲျဖစ္ေပမဲ့လည္းပမာဏတစ္ခုခုအထိေတာ့ယဥ္ေက်းမႈဆိုင္ရာအမူအက်င့္မ်ားကိုသင္ၾကားၿပီးေလာက္ပါၿပီ။ဧကရာဇ္ကိုတိုက္ရိုက္ေစာ္ကားရဲသည္အထိေတာ့မရဲတင္းေလာက္ပါဘူး။သူ႔ညီအစ္ကိုေတြကအရူးေတြမွမဟုတ္တာ။

လုခ်န္ကိုရင္ခြင္တြင္းဆဲြသြင္းကာ

"ေကာင္းၿပီ..အင္း..ဒီမွာေနတုန္းအခ်ိန္မွာဘာေပ်ာ္စရာေတြလုပ္သင့္လည္းစဥ္းစားရမယ္"

က်င္း၏ရႊတ္ေနာက္ေနာက္အေျပာေၾကာင့္လုခ်န္ေခါင္းယမ္းမိေတာ့သည္။

နတ္မ်ားအရွင္ပင္မယွဥ္ႏိုင္စြမ္းေသာအလွမ်ားပိုင္ရွင္က်င္းသည္လုခ်န္အခ်စ္ရဆံုးသူျဖစ္၏။ေတာက္ပလင္းလက္ေနေသာအရိွန္အဝါသည္နတ္ဘံုနတ္နန္းမွဆင္းသတ္လာသလားထင္ရသည္။ပန္းခတ္ႏွယ္အဆင္းသ႑ာန္ကိုပိုင္ဆိုင္ထားသူသည္တစ္သက္တာအတြက္သူ႔ကိုေရြးခ်ယ္ခဲ့သည္အားလုခ်န္ယံုေတာင္မယံုႏိုင္။ကံေကာင္းတာပဲလား?ကံဆိုးတာပဲလား?ထိုေမးခြန္းေတြသည္ဟိုးအခ်ိန္တည္းေကာင္းကင္ယံထက္လႊင့္ပစ္လိုက္သည္မွာၾကာလွၿပီ။

ရင္တြင္းမွာျမင့္တတ္လာတဲ့ခံစားခ်က္ေတြကဘာမ်ားပါလိမ့္?

တစ္သက္လံုးစာအတြက္ထိုလူသားႏွင့္ပဲအၿမဲတမ္းအတူရိွေနခ်င္သည္။မည္သို႔ေသာအမူကိစၥမ်ားရင္ဆိုင္ရပါေစ။မည္သို႔ေသာအခက္အခဲမ်ားႏွင့္ထိတ္တိုက္ေတြ့ရပါေစ။ထိုလူသားသာေဘးနားရိွေနပါလ်ွင္သူယံုၾကည္မႈရိွရိွႏွင့္ရင္ဆိုင္ႏိုင္ပါသည္။

ဤသို႔ေသာႏူးညံမႈ၊ဤသို႔ေသာ္စဲြလမ္းမႈ၊ဤသို႔ေသာအၾကင္နာေလးမ်ားသည္အတိုင္းအဆမရိွတျဖည္းျဖည္းႀကီးထြားလာပါလိမ့္မည္။

စိတ္ခံစားခ်က္မ်ားလႊမ္းမိုးေနေသာလုခ်န္သည္ႏွလံုးဆိုင္အတြင္းသိမ္းထားကာဘယ္ေတာ့မွေျပာျဖစ္မည္မထင္ေသာစကားကိုေလႏွင့္အတူလိုက္ပါေစလိုက္သည္။

"က်င္း..ခ်စ္တယ္"

တိုးၫွင္းလွေသာအသံသည္က်င္းနားထက္တြင္ေပ်ာက္ရွသြားျခင္းမရိွ။စကားလံုးတစ္လံုးခ်င္းဆီကိုတစ္သက္လံုးစာအတြက္ႏွလံုးသားထဲသိမ္းထားလို၍က်င္းမ်က္လံုးမ်ားမိွတ္ထားလိုက္သည္၊

လုခ်န္ပါးႏွစ္ဖက္ကိုသြယ္လ်ေသာလက္ေခ်ာင္းမ်ားႏွင့္အုပ္ကိုင္ကာအႏူးညံဆံုးေသာအနမ္းေတြကိုအခ်ိဳၿမိန္ဆံုးေသာႏႈတ္ခမ္းထက္စကားႏွင့္ေဖာ္ျပ၍မရေသာအခ်စ္မ်ားတည္ေစဖို႔ရာေပးပို႔လိုက္သည္၊

“ငါလည္းခ်စ္တယ္..ႏွလံုးသားတစ္ခုလံုးနဲ႔"

အရိုးသားဆံုးဆိုရလ်ွင္ထိုကဲ့သို႔သန႔္စင္လွေသာခ်စ္ျခင္းမ်ားကိုလက္ခံႏိုင္မည္ဟုက်င္းမထင္ထားခဲ့။

လြန္ခဲ့ေသာဆယ့္ႏွစ္ႏွစ္နန္းတတ္စဥ္အခါကေရွးျဖစ္ေဟာသူသည္အမ်ိဳးသားတစ္ၪီးႏွင့္ခ်စ္ခင္စံုမက္သြားေသာဧကရာဇ္အေနျဖင့္သမိုင္းတြင္ထင္က်န္ခဲ့မည္ဟုရဲတင္းစြာေျပာလာခဲ့သည္။အျပစ္ဒဏ္ကေသဒဏ္သာ။အခုအခ်ိန္မွာေတာ့မေျပာပေလာက္ေသာဂုဏ္သတင္းထင္က်န္ခဲ့မည္ကိုသူအေရးမစိုက္ေတာ့။အေရးႀကီးတာကအခုလက္ရိွပစၥုပၸန္သာျဖစ္သည္။အတင္းအဖ်င္းစကားေတြကိုနားေထာင္ဖို႔လည္းအနာဂတ္မွာသူရိွေနမည္မွမဟုတ္တာ။

ဂရုစိုက္ေသာအရာသည္တြယ္တာစရာဤလူသားတစ္ေယာက္တည္းသာ။ထိုအမ်ိဳးသားေဘးတြင္ရိွေနျခင္းသည္သူ၏ေပ်ာ္ရႊင္မႈျဖစ္သည္။ဘယ္ေတာ့မွလႊတ္ေပးမွာမဟုတ္။လုခ်န္ကထြက္သြားခ်င္တယ္ဆိုရင္ေတာင္သူခြင့္ျပဳမည္မဟုတ္။ေသဆံုးျခင္းကေတာင္ကဲြကြာသြားေစႏိုင္မည္မထင္၊အဘယ္ေၾကာင့္ဆိုေသာ္က်င္းသည္ေျမၾကီးလတ္ခတ္မလဲြေနာက္ဘဝအထိေတာင္လုခ်န္ကိုေခၚေဆာင္သြားမည္ျဖစ္ေသာေၾကာင့္ျဖစ္၏။

လုခ်န္ကိုအၿမဲခ်ည္ေနွာင္ထားခ်င္ေနေသာစိတ္မ်ားျဖင့္လုခ်န္ကိုယ္ေလးအားတင္းက်ပ္စြာဖက္ထားလိုက္သည္။

လုခ်န္ရင္တြင္းမွာလည္းထို႔အတူပင္ျဖစ္၏။ျဖစ္ႏိုင္ေသာအေျခအေနအထိအနားမွာအၿမဲရိွေနခ်င္သည္။က်င္းခြင့္ျပဳေနသမ်ွေပါ့။မ်ိဳးဆက္မ်ားေမြးထုတ္တာဝန္ႏွင့္ဆက္သလာေသာကိုယ္လုပ္ေတာ္မ်ားကိုပန္ၪီးခၽြေရေသာျဖစ္ရပ္ကိုလုခ်န္မႏွစ္သက္ေပမဲ့လည္းက်င္း၏သစၥာေစာင့္ထိန္းမႈေၾကာင့္လက္ခံႏိုင္ၿပီျဖစ္သည္။

တိတ္ဆိတ္မႈသည္အခန္းတြင္းလႊမ္းႃခံုထားသည္။အသက္ရႈသံသာၾကားရ၏။ႏွလံုးသားမ်ားကေတာ့တစ္ခုတည္းအေနျဖင့္စည္းခ်က္မွန္စြာခုန္ေနသည္။ဘယ္ေတာ့မွမခဲြေတာ့ဘူးလို႔ေျပာေနသလိုပင္၊ဒီဘဝမွာလည္းမခဲြသလိုေနာက္ဘဝထိတိုင္ေရစက္ဆံုခ်င္ပါေသးသည္။

အျပင္ဘက္တြင္ေတာ့ေဆာင္းရာသီ၏နတ္ဘုရားမသည္ေအးခဲေနေသာေလၫွင္းမ်ားကိုမႈတ္ထုတ္ရင္းအခန္းအတြင္းမွခ်စ္သူစံုတဲြၾကားေနွာင့္ယွက္မိမွာစိုးရိမ္ေနပံုရသည္။အျဖဴေရာင္ႏွင္းမႈန္မ်ားသည္ေျမျပင္ထက္ရင္ထင့္စရာမ်ားကိုဖံုးကာရန္တိတ္ဆိတ္စြာသက္ဆင္းေနၾကသည္။ေနမင္း၏ေရႊစင္တန္းမ်ားသည္လည္းလင္းေရာင္ျခည္ႏွင့္သူတို႔၏အေလးအျမတ္ထားမႈေတြကိုေတြ့ျမင္ေစသည္။အေမွာင္ထုဘယ္ေတာ့မျွပန႔္ကာသြားျခင္းမရိွမၫ့္အလင္းေရာင္တန္းမ်ားျဖစ္သည္။အခ်ိန္ၾကာလာသည္ႏွင့္အမ်ွေလ်ာ့ပါးသြားျခင္းမရိွေသာအခ်စ္မ်ားလည္းျဖစ္သည္။

••••••••••END••••••••••

(AN/ေနာက္ေန့extraတင္ေပးမယ္ေနာ္
အၾကာႀကီးေတာင္ပစ္ထားမိတယ္
အစ္မအေပၚကအပိုင္းေလးေတြကိုလည္းစာျပန္ျပင္ေပးထားတယ္.ပိုၿပီးဖတ္လို႔အဆင္ေျပေအာင္..Love you and enjoy your times❤️)

[[Unicode]]

Tongan၏ဆောင်းရာသီသည်အမြဲတမ်းမခံရပ်နိုင်အောင်အေးလေ့ရှိသည်။ပထမဆုံးတိုက်ခိုက်မှုအနေနှင့်နှင်းမှုန်များသည်ကမ္ဘာမြေပေါ်သို့အဆက်မပြတ်သောအခိုးအငွေ့များအနေဖြင့်စီးဆင်းလာကြ၏။ကုန်းမြေအနှံ့နှင့်သစ်ပင်များပေါ်တွင်နူးညံ့သောနှင်းအလွှာကဖုံးအုပ်ထားသည်။ဤသို့သောအချိန်အခါတွင်မိသားစုများသည်အပြင်မှာလမ်းလျှောက်နေကြခြင်းထက်နွေးထွေးပြီးသက်တောင့်သက်သာရှိသောအိမ်ထဲတွင်သာနေထိုင်ကြသည်။စကားစမြည်ပြောရင်းလက်ဖက်ရည်ပူသောက်ကာကောင်းမွန်သောအချိန်များကိုအတူတကွကုန်ဆုံးတတ်ကြသည်။

နန်းတွင်းရှိသူအများသည်လည်းသာမန်သူတွေလိုရွေးချယ်နိုင်သောအခွင့်အရေးရှိလျင်အေးစက်လှသောလေထု၏မွန်းကျပ်မှုနှင့်အတူဖိအားပေးခံရမှုတွေအစားအိမ်မှာသာနေရန်ပျော်ရွှင်စွာရွေးချယ်ပါလိမ့်မည်။ဧကရာဇ်ပြန်လည်သတိရလာပြီကြောင်းသတင်းရရှိစဥ်ကအစကတော့အလွန်ပျော်ရွှင်နေကြပေမဲ့များမကြာခင်မှာပဲအနားမနေနိုင်သောရင်ဘတ်သည်ပူပန်မှုများနှင့်လေးလံလာခဲ့သည်။ငြိမ်းချမ်းစွာစားသောက်ရသည်အနားယူရသည်ဆိုတာမရှိ။

ဤကနေ့သည်မေ့မျောနေခဲ့သောဧကရာဇ်ကျင်းဇုန်ခမ်းနားတင့်တယ်စွာနန်းပြန်တတ်သောနေ့ဖြစ်သည်။အမှန်ဆိုလျှင်ပတ်ဝန်းကျင်သည်ပျော်ရွှင်ခြင်းများဒလဟောနှင့်ချီးမြှောက်သောစကားများနဲ့သာပြည့်နေရမည်ဖြစ်သည်။ဂုဏ်ပြုစကားဆို၍သက်တော်ရာကျော်ရှည်စေကြောင်းဆုတောင်းထောပနဂပြုနေရမှာဖြစ်သည်။

ထိုအစားနန်းတော်ခန်းမဆောင်၏အခြေအနေသည်မည်းမှောင်အုံ့ဆိုင်းကာအသက်ရူရန်ပင်ခက်လှ၏။သန့်ရှင်းလတ်ဆတ်သောလေပြည်ညှင်းသည်ဝင်လာရဲပုံမရ။နံနက်ခင်းရုံးတော်အချိန်တွင်ဝန်အမတ်များအားလုံးကြမ်းပြင်ကိုကြည့်ကာခေါင်းငုံ့ထားကြသည်။ရောက်လာမည့်အခြေအနေကိုမျှော်လင့်စောင့်စားလျက်အသက်ပင်မရူရဲကြ။အေးစက်သောဆောင်းအခါဖြစ်ပေမဲ့လည်းချွေးစီးများသည်နဖူးထက်တွဲခိုနေ၏။ဒီလိုအခြေအနေမျိုးတွင်ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲကိုမတွေးတတ်ဖြစ်နေကြသည်။

မျက်နှာကာနောက်ကွယ်မှဧကရာဇ်၏အကြည့်သည်ဆောင်းတွင်းထက်ပင်အေးစက်လှ၏။ကာရန်ထားတာကြောင့်မျက်နှာထားကိုတော့သေချာမမြင်ရ။ဒေါသမဟုတ်ပေမဲ့ပျော်ရွှင်ခြင်းလည်းရှိမနေ။မှုန်မှိုင်းနေ၏။မခန့်မှန်းနိုင်သောတိတ်တဆိတ်ခြိမ်းခြောက်မှုကြောင့်ရင်ဘက်လည်းကြောက်ရွံ့မှုနှင့်အတူတဒိတ်ဒိတ်ခုန်လျက်။သို့သော်ငြားလည်းဧကရာဇ်ထံမှတိတ်တဆိတ်ရရှိနေသောမသက်မသာဖြစ်စေမှုနှင့်မအီမသာဖြစ်စေမှုတို့ကြားတွင်တုန်လှုပ်ခြောက်ခြားမှုတစ်စုံတစ်ရာကိုလည်းခံစားမိကြသည်။ဝန်အမတ်အများစုသည်ဆိုးရွားသောကံတရားရောက်ရှိလာတော့မည်ကိုကြိုတင်ခံစားမိနေကြပြီးရပ်လျက်တုန်ယင်နေကြသည်။
Xiao Gui Ziထံမှမေ့မျောနေစဥ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုကျင်းအလုံးစုံကြားသိပြီးပြီ။မနာလိုမုန်းတီးဖြစ်နေကြသောဝန်မင်းတစ်သိုက်သည်လုချန်ကိုဖယ်ရှားရန်ကြိုးပမ်းခဲ့ကြသည်။လုချန်သည်ဧကရာဌ်နှသ့်နိုင်ငံတော်အပေါ်ကံဆိုးခြင်းများကိုသာယူလာကြောင်းအတင်းအကျပ်ပြောဆိုပြီးZhengကိုအရေးယူဆောင်ရွက်ပေးရန်ဖိအားပေးခဲ့သည်။ကျင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာတွေအထိထိပါးလာကာလုချန်ကိုမူမမှန်သောလိင်တိမ်းညွတ်သူဟုစွပ်စွဲပြောဆိုခဲ့သေးသည်။ကြီးမားသောအမျက်ဒေါသလှိုင်းလုံးကိုဖိနှိပ်ထားရခြင်း၏အကျိုးဆက်အနေနှင့်လေထုသည်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေခြင်းဖြစ်သည်။

သစ္စာစောင့်သူများဖြစ်သောအချက်ကိုသာထပ်မတွက်လျှင်တစ်ဆွေလုံးတစ်မျိုးလုံးဤလူ့လောကမှမျက်တောင်တစ်ခတ်အချိန်အတွင်းပျောက်ကွယ်သွားကြလိမ့်မည်။

ပြောရလျှင်အခွင့်အရေးရတာနဲ့ထိုသို့ပြုမူကြမည်ဖြစ်ကြောင်းကျင်းကြိုတင်မှန်းဆပြီးသားဖြစ်သည်။အဲ့လောက်မျှတောင်ရဲတင်းစွာကြံစည်ခဲ့ကြကြောင်းတွေးမိလျှင်ကျင်းစိတ်ထဲမှာသတ်နေရတာတောင်အားမရ။သူရှိမနေခဲ့လျှင်လုချန်လုံခြုံမှုရှိစေဖို့ရာသေချာအောင်အတည်ပြုမှဖြစ်မည်။နောက်တစ်ကြိမ်ဆိုလျှင်လေပင်စိမ့်ဝင်ခွင့်မပေးနိုင်။

"ကဲ.."

ဧကရာဇ်ထံမှတစ်လုံးမျှသာထွက်လာသေးသည်။ဝန်အမတ်များအားလုံးတုန်ယင်ကာပင့်သတ်မနည်းရှိုက်နေကြသည်။ဖြစ်အံ့ဆဲဆဲဖြစ်သောနေဝင်ချိန်ကိုကြောက်ကြောက်ရွံ့ရွံ့နှင့်စောင့်ဆိုင်းနေကြသည်၊

"အကျွန်ုပ်မရှိတဲ့အချိန်မှာဘာတွေဖြစ်သွားလဲဆိုတာတစ်ယောက်ယောက်များရှင်းပြပေးနိုင်မလား?",

ဧကရာဇ်အသံသည်တည်ကြည်နေပေမဲ့ကြောက်မက်ဖွယ်ရာအန္တရာယ်အငွေ့အသက်များကရောယှက်ပါနေသည်။မနက်ပိုင်းရုံးတော်တတ်နေကြသောရာထူးမြင့်ဝန်မင်းများပင်ဆောင်းလေကြောင့်သစ်ကိုင်းတွင်ပြုတ်မကျစေရန်ဖက်တွယ်ထားသောသစ်ရွက်များနှယ်တုန်ရီနေကြသည်။

ဘယ်သူမှခေါင်းတောင်မမော့ရဲကြပဲစကားစဆိုမည့်သူ့ကိုစောင့်မျှော်နေကြသည်။အခုအချိန်မှာသူတို့၏အစွမ်းကုန်သောသတ္တိသည်အသက်ရူနေခြင်းသာရှိ၏။

"ဒီကလူအများဟာအကျွန်ုပ်အပေါ်သစ္စာစောင့်တည်သောအမူထမ်းများဖြစ်၍အကျွန်ပ်အဖြင့်လည်းလွန်စွာဝမ်းမြောက်မိပါတယ်.အကျွန်ုပ်ကိုယ်စားသစ္စာစောင့်တည်ကာလုပ်ခဲ့တဲ့ဖြစ်ရပ်များအပေါ်အကျွန်ုပ်ဘယ်လိုများကျေးဇူးတုံ့ပြန်ရမလဲ?"

ဧကရာဇ်သေချာစွာရွေးချယ်အသုံးပြုသွားသောစကားလုံးများသည်သူတို့၏နှလုံးဆိုင်ကိုအချွန်နှင့်စိုက်ထိုးနေသလိုနှယ်။

ပုဂ္ဂိုလ်ရေးကိစ္စများဝင်ရောက်ပါဝင်လာလျှင်ဧကရာဇ်ဘယ်လိုတောင်ရက်စက်တတ်ကြောင်းသူတို့အသိပင်ဖြစ်သည်။မြင်သာအောင်ပြသထားခဲ့သောဥပမာများစွာလည်းရှိသည်။သို့သော်ငြားလည်းသူတို့ထံတွင်မျော်လင့်ချက်မှိန်ပြပြလေးတော့ကျန်သေးသည်။ဝန်အမတ်အများစုသည်ထိုသို့ဖြစ်နေကြပေမဲ့Liu Zhong Tangနှင့်ကြားနေလူတစ်စုကတော့မပါ။ကြားနေလူတစ်စုသည်နိုင်ငံတော်အဆင်ပြေပြေလည်ပတ်နေရန်သာဦးစားပေးပြီးသခင်လုကိုဆန့်ကျင်လိုစိတ်မရှိကြ။

“ကြည့်ရတာအသင်တို့ရဲ့မသေဆုံးနိုင်သောအလေးထားရိုသေမှုတွေအတွက်ရာထူးရာခံတွေပြန်လည်စိစစ်ပြီးသင့်တော်တဲ့နေရာစီစဥ်ပေးဖို့လိုနေပြီထင်တယ်..အကျွန်ုပ်တစ်ယောက်ချင်းစီကိုဆင့်ခေါ်လိုက်မယ်..ရုံးတော်ပြီးဆုံးပြီ!!"

ဝမ်းနည်းပက်လက်ဖြစ်နေသောဝန်မင်းများကိုချန်ထားခဲ့ကာဧကရာဇ်သည်ခန်းမဆောင်အတွင်းမှကြောမော့စွာထွက်ခွာသွားသည်။

စကားဆုံးသည်နှင့်ဝန်မင်းများ၏မျက်နှာအရောင်သည်အလောင်းကောင်မျက်နှာအလားပင်။ရုံးတော်၏မျှချေကိုထည့်မတွက်ပဲအကုန်လုံးကိုရာထူးချပစ်မည်ဟုအိမ်မက်ထဲမှာတောင်ထည့်မမက်ဖူးခဲ့။TongXinမြို့စားအားလည်းကိုယ်စားတောင်းပန်ပေးရန်တောင်းဆို၍လည်းမရတော့။TongXinမြို့စားကိုယ်တိုသ်ကလည်းအရှင်မင်းကြီးဝေဒနာအရှင်းမပျောက်ခင်အထိစာရွက်စာတမ်းများနှင့်လျှောက်လွှာများကိုနေရာချခြင်းနှင့်ခွင့်ပြုပေးခြင်း၌ကူညီပေးနေရသည်။

ပြန်ပြောင်းတွေးမိပြန်တော့လည်းအရှင်မင်းကြီးမှစဥ်းစားချန့်ချိန်ကာသူတို့၏အသက်ကိုလွှတ်ပေးသည်မှာလည်းအမှန်ဖြစ်သည်။တုန်လှုပ်ခြောက်ခြားလျက်ရောက်ရှိလာမည့်ကံကြမ္မာကိုစောင့်မျှော်နေကြသောဝန်မင်းများသည်စိတ်တွင်းတွင်တော့နောက်များဘယ်တော့မှအရှင်မင်းကြီး၏ပုဂ္ဂိုလ်ရေး၌ဝင်မပါတော့ဘူးလို့သံဓိဠာန်ချလိုက်ပြီဖြစ်သည်။အထူးသဖြင့်သခင်လုအရေးတွင်ဖြစ်သည်။နောက်တစ်ကြိမ်တွင်တော့ကံကောင်းနိုင်မည်မဟုတ်။အရှင်မင်းကြီးသည်နောက်တစ်ကြိမ်ထက်ပြီးပုဂ္ဂိုလ်ရေးတွင်ပါဝင်လာသောသူများကိုဘယ်လိုရက်စက်စွာကိုယ်တွယ်ကြောင်းသက်သေပြခဲ့ပြီဖြစ်သည်။

•••••••

စာကြည့်ဆောင်သို့ကျင်းဝင်လာချိန်တွင်Zhengသည်စာရွက်စာတမ်းများကိုဖတ်ရူပေးနေဆဲဖြစ်သည်။ထကာအရိုအသေပေးရန်ပြင်နေသောZhengကိုလက်ပြ၍လုပ်ဆဲကိစ္စရပ်ကိုသာဆက်လုပ်စေလိုက်သည်။
Zhengကိုယ်တိုင်လည်းကိစ္စအလုံးစုံကိုကျင်းထံတင်ပြပြီးပြီဖြစ်သည်။အမိန့်ပြန်တမ်းရှိပါလျက်နှင့်ဘာလို့ထိုသို့ဆုံးဖြတ်ခဲ့ရကြောင်းကိုရှင်းပြခဲ့သည်၊

ရောက်ရှိလာမည့်ကြမ္မာဆိုးများကိုသိမြင်နေလျက်နှင့်သူ့ဘေးတွင်ရှိသောအရေးကြီးဆုံးသောသူကိုရှင်းပစ်ရန်နန်းတွင်းရှိသူအများသည်ရရာအခွင့်အရေးကိုဆွဲကိုင်တတ်ကြသည်။ထိုအခြေအနေမျိုးတွင်လုချန်ဘေးကင်းရန်သူမစောင့်ရှောင်ပေးနိုင်လျှင်ကျင်းစိတ်ကွက်မည်ဖြစ်ကြောင်းZhengသိသည်။ကျင်းသည်ဤသို့သစ္စာစောင့်တည်သောညီတော်ရှိနေခြင်းအတွက်လွန်စွာကျေးဇူးတင်မိသည်။ကျင်းလိုသောအချိန်တိုင်းအမြဲရှိနေပေးသလိုသူလက်မခံနိုင်လျှင်တောင်ကျင်းဘာကိုတန်ဖိုးထားသလဲဆိုတာကိုသူသိသည်။

"အစ်ကိုတော်..စောလျှင်ကစစ်သူကြီးတွေ့ခွင့်တောင်းသွားသေးတယ်"

ကျင်းသင့်လျှော်ရာညောင်စောင်းထက်ထိုင်လိုက်ချိန်တွင်Zhengဆီမှစကားဆိုလာသည်။သက်တောင့်သက်သာရှိသောညောင်စောင်းဖြစ်ပြီးနဂါးပုံစံကောက်ကြောင်းများဖော်ထားကာအဆင့်အတန်းမြင့်သောလက်မှုပညာနှင့်အသေးစိတ်ပြီးပြည့်စုံလှသည်။Zhengလည်းမတတ်သာပဲအမွှာဖြစ်သူ၏လှပနေမှုအောက်တွင်ဖုံးလွှမ်းလျက်ရှိသည်။ကျင်းကိုတစ်နေ့လုံးကြည့်နေလျှင်တောင်သူပျင်းမည်မဟုတ်။စာကြည့်ဆောင်တွင်ကျင်းနှင့်သာအချိန်ကုန်ဆုံးနေရလျှင်ဘယ်လိုပင်များသောအလုပ်များဖြစ်ဖြစ်Zhengလက်ခံနိုင်သည်။အမှန်တရားကိုတော့Zhengဘယ်သူ့ကိုမှဘယ်တော့မှထုတ်ဖော်ပြောမည်မဟုတ်။

"အော်..စောလိုက်တာ..သူအနားယူသင့်တယ်"

Mu Yueအပါအဝင်စစ်သည်များသည်အရှေ့ဘက်ခြမ်းအရပ်ဒေသကိုတိုက်ခိုက်အောင်မြင်ပြီးနောက်မနေ့ကပဲမြို့တော်အတွင်းအောင်ပွဲခံရင်းပြန်ရောက်ရှိလာကြသည်။ခန်းနားကြီးကျယ်သောအောင်ပွဲအတွက်တစ်ညလုံးလည်းပွဲတော်ကျင်းပပေးခဲ့သည်။

ကျင်းမျက်မှောင်ကျုံ့နေသောအကြောင်းရင်းသည်Mu Yueနားခဲ့သည်မနားခဲ့သည်နှင့်မဆိုင်။

ကြီးမားကျယ်ပြောလှသောအောင်မြင်မှုများနှင့်အတူပိုးမွှားကောင်Huan Shu ChengကိုပါDatongသို့ခေါ်လာခြင်းကြောင့်ဖြစ်သည်။မနှစ်မြို့ဖွယ်သတ္တဝါသည်လုချန်ကရှောင်နေရင်တောင်ရသမျှအခွင့်အရေးရှာပြီးလုချန်နှင့်နီးစပ်အောင်ကြိုးစားပေလိမ့်မည်။လုချန်ဘယ်လိုအားထုတ်မလဲတော့ကျင်းကြည့်ချင်စမ်းပါပေ၏။

အရှေ့ဘက်ခြမ်းအရပ်ဒေသတွင်ရိုင်းစိုင်းသောအကောင်နှင့်ရင်ဆိုင်တွေ့ရတာမလုံလောက်၍ကိုယ့်ပိုင်နက်ထဲမှာတောင်မြင်တွေ့ရဦးမည်။သူပိုင်သောနန်းတော်ထဲတွင်ဖြစ်သည်။ဤသတ္တဝါပြန်သွားသည်နှင့်နန်းတော်တစ်ခုလုံးပိုးသတ်ပစ်မည်ဟုကျင်းတေးထားလိုက်သည်။

ကျင်း၏သက်ပြင်းဖျော့ဖျော့သည်Zhengနားအားရုံထက်တွင်လွတ်မြောက်မသွား။မနေ့ညကတည်းကအစ်ကိုတော်သည်စိတ်ရှုပ်နေပုံရသည်။မနေ့ညထဲကတောင်မဟုတ်စစ်သူကြီးMuနှင့်အလွန်ချောမောလှပသောMingdiအိမ်ရှေ့စံအတူပြန်လာကတည်းကဖြစ်သည်။

ပွဲတော်အခမ်းအနားအတွင်း၌လည်းအစ်ကိုတော်နှင့်အိမ်ရှေ့စံအကြည့်ချင်းခဏခဏဆုံကြသည်။လုချန်၏ဒုက္ခများနေသောမျက်နှာပါထပ်ပေါင်းလိုက်လျှင်Zhengသံသယတော့ဝင်မိသည်။သုံးယောက်ကြားတွင်တစ်ခုခုတော့ရှိနေမှာသေချာသည်၊

"ဆင့်ခေါ်လိုက်"

ကျင်း၏အမိန့်သံကြောင့်Zheng၏အတွေးများပြတ်တောက်သွားသည်။

သိပ်မကြာလိုက်Mu Yueသည်စာကြည့်ဆောင်အတွင်းသို့မသာယာသောမျက်နှာထားနှင့်ဝင်ရောက်လာသည်။အရင်လိုမဟုတ်ပါပဲဇာပနအခမ်းအနားတတ်ရောက်နေသည့်အလားမည်းမှောင်နေသည်။အနောက်တွင်အိမ်ရှေ့စံလိုက်ပါလာပြီးDatongဧကရာဇ်နှင့်ရင်ဆိုင်တွေ့နေရတာတောင်သူ့နည်းသူ့ဟန်နှင့်တင့်တယ်မှုရှိသည်။ကိုယ်ပိုင်အရှိန်အဝါပျောက်ကွယ်သွားခြင်းမရှိပဲဧကရာဇ်နှင့်တောင်ယှဥ်နိုင်သောသူဟုပြောလို့ရသည်။

"အရှင်မင်းကြီး"

Mu Yueသည်ရှုပ်ထွေးပွေလီလှသောစကားများကိုအရေးတယူလုပ်ပြီးပြောတတ်သူမဟုတ်။ဒူးထောက်ပြီးဦးညွတ်၍သာအရိုအသေပေးသည်။Ding Pengလည်းအတူတူပင်ဖြစ်သည်။

"Huan Shu Cheng အရှင်မင်းကြီးကိုဂါဝရပြုပါတယ်
အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"

"ခေါင်းမော့စေ"

ထို့နောက်အေးစက်စွာကြည့်လာပြီးပုံမှန်ကြည်လင်သောအသံနိမ့်နှင့်

"ဘာကြောင့်များသတင်းပို့ရန်အလျှင်လိုနေရတာလဲ?Mu Yue”

“လျှောက်တင်ပါသည်အရှင်မင်းကြီး..Fuတိုင်းပြည်နှင့်ပတ်သတ်ပြီးအရှင်မင်းကြီးမှာကြားခဲ့တဲ့အတိုင်းအောင်မြင်စွာလုပ်ဆောင်ပြီးပါပြီ..အမိန့်အတိုင်းအသေးစိတ်ဆောင်ရွက်ခဲ့ပါတယ်"

ပြောစကားအပေါ်ကျင်းတုံ့ပြန်မှုကိုကြည့်ရန်အတွက်Mu Yueစကားရပ်လိုက်သည်။

Fuကိုမသွားခင်အခါကကျင်းသည်Mu Yueကိုလှို့ဝှက်အမိန့်ပေးခဲ့၏။လုချန်ဖော်ပြချက်အရကိုယ်ရံတော်တပ်မှူးသည်Xiangတိုင်းပြည်နှင့်ပတ်သတ်ကြောင်းကျင်းသိရှိခဲ့သည်။ကျင်းအပြစ်ဒဏ်မှအံ့သြသင့်ဖွယ်ကောင်းလောက်အောင်လွတ်မြောက်သွားသောမင်းသားတစ်ပါးဖြစ်နိုင်သည်။ချောင်းမြောင်းတိုက်ခိုက်မှုနောက်ကွယ်မှသူဖြစ်နိုင်သည်။လုချန်ကိုထိခိုက်နာကျင်အောင်လုပ်ပြီးကျင်းအဝေးသို့ခေါ်ဆောင်သွားသောသူ။

ကျင်းအမိန့်ကတော့ကိုယ်ရံတော်တပ်မှူးကိုအရှင်ဖမ်းမိရန်ဖြစ်သည်။သေသွားမည့်အစားအရှင်ထားပြီးနှိပ်စက်စေခဲ့သည်။သတ်သေခြင်းမပြုနိုင်ရန်လျှာကိုဖြတ်ခဲ့သည်။လှုပ်ရှားခြင်းမပြုနိုင်ရန်ခြေလက်များကိုချိုးထားပြီးအတွင်းအားကိုလည်းဖြိုခွဲလိုက်သည်။လူရှုပ်သောလမ်းလည်ခေါင်တွင်ချထားကာမသေသွားအောင်လည်းအစောင့်များကိုစောင့်ကျပ်ခိုင်းထားသည်။လုချန်ကိုထိခိုက်အောင်လုပ်ခဲ့သူအဖို့သေသွားခြင်းကအရမ်းလွယ်ကူနေသည်။မောက်မာစော်ကားသောအကောင်သည်အခြားသူများရွံရှာသနားသောအကြည့်နှင့်ကြည့်ခြင်းကိုရင်ဆိုင်တွေ့စေရမည်။သေချင်နေပေမဲ့လည်းသေလို့မရသောဒုက္ခကိုခံစားစေရမည်။Mu Yueကိုယ်တိုင်လည်းရက်စက်လှသောကျင်းအမိန့်ကြောင့်အကြောအချဥ်များတောင်ကျဥ်တတ်လာခဲ့သည်။သူ၏တပ်သားများကိုလည်းလုချန်လေ့ကျင့်ပေးလျှင်ခပ်ဝေးဝေးမှာသာနေဖို့သတိပေးထားရဦးမည်။ဘယ်လိုတောင်စိတ်ဒုက္ခပေးတဲ့သူလဲ!

လုချန်သံသယဝင်မည်စိုး၍လည်းကျင်းသူကိုယ်တိုင်ကျလှုပ်ရှား၍မဖြစ်။လုချန်သည်ဤသို့ရက်စက်မှုမျိုးကိုလက်မခံနိုင်သည့်နူးညံ့သိမ်မွေ့သောသူမဟုတ်ပေမဲ့အခုအကြိမ်ကကျင်းစိတ်တိုင်းကျကလဲ့စားချေပွဲဖြစ်နေသည်။အစကတော့Mu Yueသည်အရှင်မင်းကြီးကိုဒေါသထွက်အောင်လုပ်ခဲ့သောကိုယ်ရံတော်တပ်မှူးအပေါ်တကယ်ပင်သနားစိတ်ဝင်မိသည်။သို့ပေမဲ့သူရဲဘောကြောင်စွာလုပ်ခဲ့သောအခြင်းအရာသည်ကျင်းအပေါ်သက်ရောက်သွားခဲ့သည်ဖြစ်၍Mu Yueအတွက်ဤအမိန့်ကတော့ပျော်စရာပင်ကောင်းနေသည်။Mingdiတွင်ရှိခဲ့သောပျင်းစရာနေ့ရက်များထဲမှပျော်စရာအချိန်အခါများဖြစ်လာခဲ့သည်။

Mu Yueသည်ကျင်းအယုံကြည်ရဆုံးသူဖြစ်သလိုသူ့စိတ်ကိုလည်းသိလှသည်။Fuတိုင်းပြည်နှင့်မိဖုရားကိစ္စပါအပါကျန်သောကိစ္စအဝဝကိုMu Yueအောင်မြင်စွာထမ်းဆောင်ခဲ့မည်ဟုကျင်းယုံကြည်သည်။

သူပြောလိုက်သောစကားကိုကျင်းနားလည်သည့်အနေဖြင့်ခေါင်းငြိမ့်ပြလာသဖြင့်Mu Yueစကားဆက်လိုက်သည်။

"သို့သော်ငြားလည်းအကျိုးသက်ရောက်မှုကခန့်မှန်းထားသလိုဖြစ်မလာပါဘူး..ကျွန်တော်မျိုးတို့တိုက်ခိုက်မှုအပြီးမှာမတည်မှုတွေစလာပါတယ်..လူအများကလည်းအရင်တည်းကအခြေအနေမကောင်းတဲ့အတွက်တိုက်ခိုက်မှုဒဏ်ကြောင့်အခြေအနေပိုဆိုးလာကြပါတယ်"

Mu Yueရိုကျိုးစွာလျှောက်တင်ပြီးနောက်ဧကရာဇ်မျက်နှာထက်ဘာများပြောင်းလဲသွားလေမလဲအသေအချာစောင့်ကြည့်နေသည်။

ရွံရှာမုန်းတီးဆုံးသူဖြစ်သောအိမ်ရှေ့စံကိုသူခေါ်လာသည့်အတွက်ကျင်းစိတ်အလိုမကျဖြစ်နေကြောင်းMu Yueသိသည်။Mu Yueကိုယ်တိုင်လည်းအစီရင်ခံစာတင်ရာတွင်အတင်းလိုက်ပါလာသောအိမ်ရှေ့စံကြောင့်စိတ်မကြည်လှ။သူကိုယ်တိုင်သာအစီရင်ခံချင်ကြောင်းပြောလာသောအိမ်ရှေ့စံသည်Mu Yueကိုအရူးလုပ်နိုင်သည်ဟုထင်နေပုံရသည်။

Mu Yueတင်ပြချက်အရShu Chengရှေ့တလှမ်းတိုးလာပြီးသူ၏ထင်မြင်ယူဆချက်များကိုပြောလာသည်။

"အရှင်မင်းကြီး..ရိုင်းပြမှုအတွက်ခွင့်လွှတ်ပေးပါ..သို့သော်ငြားလည်းလူအများပုန်ကန်ထကြွမှုတွေစမလာခင်အမြန်လှုပ်ရှားမှုကိုစတင်သင့်ပါတယ်..မငြိမ်သက်ခြင်းတွေဟာပူပန်သောကတွေကိုမြင့်တတ်စေပြီးအကြောက်ကင်းလာပါလိမ့်မယ်"

“အဲ့ဒီဒေသကိုကိုင်တွယ်ဖြေရှင်းဖို့အသင့်ကိုခွင့်ပြုခဲ့တယ်မလား?"

Shu Cheng၏တာဝန်တွေကိုထောက်ပြရင်းDatongမှမကြိုဆိုကြောင်းကိုလည်းအရိတ်အမွတ်ပြလိုက်သည်။

"ဘာလို့ဒီမှာရှိနေတာလဲ?"

"မှန်ပါတယ်အရှင်မင်းကြီး..အဓိကကျသောကိစ္စရပ်များဖြစ်တာကြောင့်ကျွန်တော်မျိုး၏ဆုံးဖြတ်ချက်ကိုအရှင်မင်းကြီးထံကိုယ်တိုင်လာတွေ့ပြီးကိုယ်တိုင်ကိုယ်ကျခွင့်တောင်းချင်လို့ပါ"

ထုံးစံအတိုင်းပဲကျင်း၏မနှစ်မြို့ဖွယ်ရာမေးခွန်းအတွက်Shu Chengထံတွင်သင့်တော်သောအဖြေရှိနေသည်။

'ဟုတ်ပါလိမ့်မည်..လုချန်ကိုတွေ့ရန်လာတယ်ဆိုတာအသိသာကြီးကို'ဒါကတော့Mu Yueစိတ်တွင်း၌သာပြောနိုင်သည်။ပြောချင်နေလျှင်တောင်ဧကရာဇ်နှင့်အိမ်ရှေ့စံဆိုသောရာထူးကိုတော့သိရမည်။

'ကိုယ်တိုင်လာတွေ့ရန်လိုအပ်သည်'ဆိုသောစကားကြောင့်Zheng၏မျက်လုံးတွေပြူးကျယ်သွားသည်။

ကြည့်ရတာအိမ်ရှေ့စံသည်လည်းအစ်ကိုတော်၏ညွှတ်ကွင်း၌သက်ဆင်းခဲ့သူဖြစ်ရမည်။အစ်ကိုတော်သည်တကယ်ပင်လူအများမှချစ်ကျွမ်းဝင်လာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်။ကျင်း၏ချစ်ခြင်းများကိုဘယ်သူမဆိုယှဥ်ပြိုင်နိုင်ပေမဲ့Zhengတော့မပါ။အမွှာဖြစ်သောသူကိုအလားအလာရှိသောချစ်သူအဖြစ်သတ်မှတ်မည်မဟုတ်ကြောင်းZhengအရင်တည်းကသိပြီးသား။မနာလိုဝန်တိုမှုတွေမျက်ဝန်းထက်ကုတ်တွယ်တတ်လာပြီးအိမ်ရှေ့စံကိုလူသတ်မှုကျူးလွန်လိုသောအသွင်ဖြင့်ကြည့်နေမိသည်။Shu Chengလည်းမျက်လုံးထောင့်ကနေရန်လိုသောအကြည့်ကိုရိပ်စားမိသည်။အမျက်ချောင်းချောင်းထကာကြည့်နေ၏။

Shu Chengအမြင်မမှားဘူးဆိုလျှင်မနေ့ညပွဲတော်အခမ်းအနားတုန်းကသူလုချန်နားကပ်ရန်ကြံရွယ်သောအချိန်တွင်ဘေးတွင်ရပ်နေသောZhengသည်အကဲခက်သောအကြည့်နှင့်ကြည့်လာခဲ့သည်။စူစမ်းသိလိုစိတ်များသည်အခုအချိန်မှာအမုန်းတရားများအဖြစ်ပြောင်းလဲကုန်၏။

လုချန်အပေါ်ထားတဲ့သိုဝှက်ထားသောခံစားချက်တွေကိုသိသွားလို့လား?အဲ့တာဆိုလျှင်တောင်ဒီလောက်ကြီးဒေါသထွက်ဖို့မလို။ဒါမှမဟုတ်သူကိုယ်တိုင်လည်းလုချန်အပေါ်ခံစားချက်တွေရှိနေတာလား?သူ့အစ်ကိုတော်ရဲ့ချစ်သူဖြစ်နေတာမလို့မဖွင့်ပြောနိုင်ပဲShu Chengကိုလာပြီးမနာလိုဖြစ်နေတာလား?

Shu Chengခန့်မှန်းတာသာမှန်လျှင်Zhengကမှပိုပြီးသူ့ထက်ကံကောင်းနေသေးသည်။တစ်နေရာတည်းနေသည်ဖြစ်၍လုချန်နှင့်တွေ့ချင်တိုင်းတွေ့နိုင်ပေမဲ့Shu Chengမှာတော့ဆင်ခြေတွေထုတ်ရင်းDatongကိုလာရသည်။ဧကရာဇ်ကလည်းမကြာခဏလာဖို့ခွင့်ပြုမှာမဟုတ်ကြောင်းကိုသိသည်။အကွာအဝေးသည်ငြိုညင်စရာကောင်းလှ၏။

ဗိုက်အတွင်းမှမြင့်တတ်လာသောမနာလိုမှုတွေနဲ့အတူတစ်ထပ်တည်းပဲZhengကိုပြန်ကြည့်လိုက်သည်။ဧကရာဇ်ထံမှလုချန်ကိုခိုးရမည့်အပြင်ဧကရာဇ်၏ညီတော်ကပါပါလာသေးသည်။Shu Chengသည်စိန်ခေါ်လာလျှင်ငြင်းဆိုတတ်သူမဟုတ်ပဲလက်ခံရန်အသင့်ရှိသူဖြစ်သည်။ဘုရင့်ကိုယ်စားအုပ်ချုပ်တဲ့သူနဲ့တွေ့မှဘာလို့နောက်ပြန်ဆုတ်ရမှာလဲ?

သူတို့၏စိတ်တွင်းကိုဖတ်နိုင်သောသူကျင်းအဖို့နှုတ်ခမ်းထက်သဘောကျသောအပြုံးကဖြစ်တည်လာသည်။Zhengအပေါ်တွင်သာမန်ကိုယ်ရေးကိုယ်တာကိစ္စများသက်ရောက်မှုရှိသည်မဟုတ်။ကျင်းပါဝင်ပတ်သတ်လာသောအခါမှသာပုံမှန်အနေအထားမှပျက်စီးယိုယွင်းတတ်သူဖြစ်သည်။Shu Chengလည်းထိုအတိုင်းပင်ဖြစ်သည်။သူနှင့်တူသောတည်ငြိမ်အေးစက်လှသောရုပ်သွင်သည်လုချန်ပါလာမှသောအတွင်းစိတ်ကိုထုတ်ပြလေ့ရှိသည်။အချက်များကိုပေါင်းကြည့်လျှင်တစ်ယောက်နှင့်တစ်ယောက်မှားယွင်းစွာကောက်ချက်ချမိနေကြောင်းသေချာသည်။ကျင်းဖွင့်ကာရယ်လိုက်ချင်ပေမဲအဓိပ္ပာယ်မှားကောက်ခြင်းသူ့ဟာသူပေါ်လာစေချင်တာကြောင့်တိတ်တိတ်သာနေလိုက်သည်။

မနေ့ညပွဲတော်အခမ်းအနားတည်းကနှစ်ယောက်စလုံး၏အမူအရာအပေါ်ကျင်းသဘောတွေ့နေခဲ့သည်။ကျင်းကိုယ်စားအုပ်ချုပ်သူလည်းဖြစ်သလိုအမွှာလည်းဖြစ်သောZhengကိုတွေ့ပြီးShu Chengအနည်းငယ်တော့အံ့သြသင့်သွားသည်။ဧကရာဇ်ကိုယ်တိုင်စစ်မြေပြင်တွင်အချိန်အကြာကြီးနေနိုင်ရန်အတွက်နန်းတော်တွင်စိတ်နှလုံးအစုံပုံ၍ယုံကြည်ရသောသူတော့ကျန်ခဲ့လောက်မည်။သို့ပေမဲ့လည်းဘုရင်ခံသည်အမွှာညီတော်တစ်ယောက်ဖြစ်နေမည်လို့မထင်ထားခဲ့။Zheng၏တုံ့ပြန်မှုသည်တမျိုးတော့ဆန်းလှသည်။အကဲခတ်သောအကြည့်နှင့်ကြည့်မှာတော့သေချာပေမဲ့ခေါင်းအစခြေအဆုံးသံသယဝင်သောအကြည့်နှင့်လည်းကြည့်နေခဲ့သည်။လုချန်အနားတွင်နေရန်ကျင်းအမိန့်ပေးခဲ့ပြီးအချိန်မှာဆိုပိုဆိုးသည်။

နားလည်မှုလွဲနေခြင်းအပေါ်ဖြေရှင်းလိုစိတ်မရှိ။သူ့ဘက်သို့အာရုံရောက်လာရန်ကျင်းချောင်းဟပ်လိုက်သည်။

"အဟမ်း!"

ရှုပ်ထွေးနေသောအကြည့်များကိုဧကရာဇ်သတိပြုမိသွားပြီဖြစ်ကြောင်းနားလည်သွားသူနှစ်ဦးလည်းမသက်မသာနှင့်ဧကရာဇ်ထံအကြည့်ရွေ့လိုက်ကြသည်။

"အိမ်ရှေ့စံHuan Shu Cheng..အသင့်ရဲ့စွမ်းဆောင်ရည်ကိုအကျွန်ုပ်သိပါတယ်..ထိုနယ်မြေကိုအုပ်ချုပ်ဖို့အရင်ကတည်းကတာဝန်ပေးခဲ့တာမလို့အကျွန်ုပ်ခွင့်ပြုချက်ကိုတောင်းခံဖို့မလိုပါဘူး..အသင့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာအကျွန်ုပ်ယုံကြည်ပါတယ်"

လုချန်ကိုကြံရဲသောအိမ်ရှေ့စံ၏ရဲတင်းမှုကိုရွံရှာစက်ဆုပ်မိပေမဲ့ဧကရာဇ်တစ်ပါးအနေနဲ့လည်းကျင်း၏တရားစီရင်မှုတွေသည်ဖြောင့်မတ်မှန်ကန်မှုရှိသည်။ရန်သူပဲဖြစ်စေမိတ်ဆွေပဲဖြစ်စေတစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်ကိုသူမြင်နိုင်သည်။

"သို့ပေမဲ့လွယ်ကူသောတာဝန်မဟုတ်ကြောင်းကိုအကျွန်ုပ်နားလည်ပါတယ်..ဒါကြောင့်လည်းအကျွန်ုပ်ရဲ့သစ္စာတော်ခံဝန်ကြီးများကိုအသင့်ကိုကူညီရန်ထည့်ပေးဖို့ဆုံးဖြတ်ပြီးသွားပါပြီ"

"ကျေးဇူးကြီးမားလှပါတယ်အရှင်မင်းကြီး..အရှင်မင်းကြီးထံမှယုံကြည်ခြင်းကိုရရှိသည့်အတွက်ကျွန်တော်မျိုးကျေးဇူးတင်မဆုံးပါ..အရှင်မင်းကြီးထံမှအမျှော်အမျှင်ရှိရှိနည်းလမ်းပြဆိုစကားတွေခံယူနိုင်ရန်ကျွန်တော်မျိုးDatongကိုမကြာခဏလာခဲ့ပါဦးမယ်"

အမျှော်အမျှင်ရှိရှိနည်းလမ်းပြဆိုစကားတွေခံယူနိုင်ရန်ဆိုပဲ?အမှိုက်စကားတွေ!လုချန်ကိုလာရှာရင်ရှာတယ်ပေါ့!ဝန်ကြီးများ၏မနာလိုမုန်းတီးစိတ်ထားများဒဏ်ကိုခံရမည့်Shu Chengအလှည့်ဖြစ်သည်။အရိုအသေမဲ့သောဝန်အမတ်များကိုအခြားသူများအားသတိပေးသောအနေဖြင့်အဝေးသို့ပို့ပစ်ရန်ကျင်းကြံရွယ်ထားသည်။အခွင့်အာဏာကိုပယ်ဖျောက်ချင်တာလည်းပါပြီးအခြားဒေသကိုလည်းအထောက်အကူပြုရာရောက်သည်။Datongသစ္စာတော်ခံဝန်မင်းများသည်Shu Chengဤကိုနောက်တစ်ခါလာဖို့မအားနိုင်အောင်တကောက်ကောက်လိုက်ပေလိမ့်မည်။

သွားခွင့်ပြုပြီဖြစ်ကြောင်းပြောချိန်ပင်မရလိုက်။Xiao Gui Ziသည်အားပြန်ပြည့်ဖို့ရာသောက်သောဆေးတစ်ဖုံကိုကိုင်၍အဆောင်အတွင်းသို့ဝင်လာသည်။Xiao Gui Zi၏နောက်တွင်ပျော်ရွှင်ခြင်း၏အရင်းအမြစ်ဖြစ်သောသခင်လုလိုက်ပါလာသည်။

Shu Chengကိုတွေ့သွားချိန်တွင်လုကန်မျက်မှောင်ကျုံ့မိသည်။သူ၏ပွင့်လင်းသောစိတ်နေစိတ်ထားအရမနှစ်မြို့သောအမူအရာသည်လည်းမျက်နှာထက်ဖော်ပြလျက်ရှိသည်။Shu Chengသည်ဘာကြောင့်များစာကြည့်ဆောင်အတွင်းရှိနေပြန်တာလဲ?ကျင်းဆေးသောက်ချိန်ဖြစ်တဲ့အတွက်လည်းသူပြီးမှတစ်ခါပြန်လာ၍မရ။ကျင်းကိုယ်တိုင်ကရှောင်ရန်မှာကြားထားသည်အတွက်လုချန်အခက်တွေ့နေသည်။

လုချန်မသာမယာနှင့်မျက်မှောင်ကျုံ့နေသည်ကိုကြည့်ပြီးZhengထံတွင်အတွေးမှားတစ်ခုကဝင်လာပြန်သည်။Shu Chengရှိနေမှုအပေါ်လုချန်ထိတ်လန့်နေတာလား?Shu Cheng၏အနေအထားကိုကြည့်ပြန်တော့လည်းဤသို့သော်လူမျိုးသည်သူ၏ချစ်သူကိုစိတ်ဝင်စားနေလျှင်ဘယ်သူကမထိတ်လန့်ပဲနေမှာလဲ?Zhengအရိုးသားဆုံးဝင်ခံရလျှင်သူကြုံဆုံဖူးခဲ့သောပြိုင်ဖက်များကြားတွင်Shu Chengသည်ပေါ်လွင်ထင်ရှားသောသူဟုဆိုရမည်။အကောင်းတကာ့အကောင်းဆုံးသောစွမ်းရည်များကိုပိုင်ဆိုင်ထားသည်။အားလုံးထဲတွင်အချောမောဆုံးသောမျက်နှာလည်ပါသည်။လုချန်ကိုနားလည်ပေးနိုင်ပါသည်ဆိုသောအကြည့်နှင့်Zhengကြည့်လိုက်သည်။

အဲ့ဒီအချိန်မှာShu Chengလည်းတစ်လျှောက်လုံးသူ့ကိုစားမလိုဝါးမလိုကြည့်နေသောသူသည်လုချန်ကိုနူးညံ့သောအကြည့်နှင့်ကြည့်နေသည်ကိုမြင်လိုက်သည်။လုချန်ကိုချစ်၍ကြည့်သည်ဟုသူမြင်သည်။တမဟုတ်ချင်းပဲမကောင်းသောခံစားချက်များသည်အားနှင့်တိုးဝင်လာ၏။

အရေးပါအရာရောက်သောသူနှစ်ဦး၏အကြည့်တိုက်ပွဲသည်နောက်တစ်ကြိမ်စတင်လာပြန်သည်။အခန်းတွင်းအခုမှဝင်လာသောလုချန်နှင့်Xiao Gui Ziပင်ဘာတွေများဖြစ်နေကြလဲဆိုပြီးလန့်ဖြန့်ကုန်ကြသည်။Mu Yueကိုယ်တိုင်လည်းရုတ်တရက်ပြောင်းလဲလာသောအခန်းအခြေအနေကြောင့်အဖြေရှာမရာဖြစ်နေသည်။တစ်ဖက်မှာတော့ကျင်းသည်လွန်စွာပျော်မြူးနေလေ၏။

"လုချန်"

လုချန်၏မျက်ခုံးရိုးများပြေလျော့စေရန်အလို့ငှာသူခေါ်နေကြအတိုင်းရင်းနှီးသောအသုံးအနှုန်းနှင့်ကြိုဆိုလိုက်သည်။လုချန်ဝတ်ရုံထက်ခမ်းနားထည်ဝါစွာတည်ရှိနေသောရွှေရောင်ဇာမဏီငှက်ကိုတော့ကြိုးစားပြီးမသိကျေးကျွန်ပြုထားသည်။

"အရှင်မင်းသား"

လုချန်သည်အကွာအဝေးတစ်ခုရှိစေရန်အလို့ငှာရင်းနှီးစွာခေါ်ဝေါ်ခဲ့သောဆရာHuanအစားမှန်ကန်သောဂုဏ်ပုဒ်ဖြင့်သာတမင်ရွေးချယ်သုံးနှုန်းလိုက်ခြင်းဖြစ်သည်။Shu Chengဘာကိုရည်ရွယ်လည်းသိပြီးနောက်ပိုင်းကျင်းကိုတမင်သွေးထိုးလှုံဆော်တာမျိုးမဖြစ်စေလို။Shu Chengနှုတ်ဆက်မှုအပေါ်ယဥ်ကျေးပြူငှာစွာတုံ့ပြန်ပြီးနောက်ကျင်းဘေးသို့ပေါ့ပါးစွာပင်လျှောက်သွားသည်။

"အရှင်မင်းကြီး..ဆေးသောက်ရန်အချိန်ရောက်ပါပြီ"

ကျင်းချိုသာစွာပြုံးရင်း

"အင်း..အချိန်တောင်ရောက်ပြီလား?ကောင်းပြီ..ဆွေးနွေးစရာမရှိတော့တဲ့အတွက်အသင်တို့သွားလို့ရပါပြီ..Zhengလည်းအနားယူတော့"

"ကျွန်တော်မျိုးအရင်သွားနှင့်ပါမယ်"

Zhengနှင့်အတူMu YueကောXiao Gui Ziပါထွက်ခွာသွားသည်။အရှင်မင်းကြီး၏ကိုယ်ရေးကိုယ်တာကိစ္စကိုအကုန်လုံးနားလည်ကြသည်။

Shu Chengပါလိုက်လာမည်ထင်ထားပေမဲ့ခေါင်းမာစွာနှင့်ရပ်မြဲရပ်နေသည်။Zhengလည်းဒေါသထွက်ကာအနှီပိုးမွှားကောင်ကိုအစ်ကိုတော်၏ဘေးမှဖယ်ရှားပစ်လိုစိတ်များကိုမနည်းထိန်းနေရသည်။

"အာ..လုချန်..နေ့ခင်းကျရင်အချိန်ပေးနိုင်မလား?မပြန်ခင်မှာကြွယ်ဝချမ်းသာတဲ့Datongမြို့တော်ရဲ့မြင်ကွင်းတွေကိုမြင်ဖူးချင်လို့ပါ"

အလည်သွားရန်အကြောင်းပြကာချိန်းတွေ့ဖို့Shu Chengရဲတင်းစွာပင်မေးလာသည်။

Shu Cheng၏မျက်နှာပြောင်တိုက်ရဲမှုတွေအပေါ်လုချန်အတော်တော့အံ့သြသင့်မိသည်။DatongမှာရှိနေပြီးDatongဧကရာဇ်ကိုစိန်ခေါ်ခြင်းသည်မိုက်မဲခြင်းသတ်သတ်သာဖြစ်သည်။

"တောင်းပန်ပါတယ်အရှင်မင်းသား..ကျွန်တော်မျိုးက.."

“အဆင်ပြေပါတယ်..ရိုးရိုးပဲသုံးနှုန်းလို့ရပါတယ်"

ရိုင်းစိုင်းသောအိမ်ရှေ့စံသည်လုချန်အငြင်းစကားမဆုံးသေးခင်ဖြတ်ပြောလာ၏။

"အား.."

ကျင်းနဖူးကိုဖိရင်းတိုးညှင်းစွာညည်းညူလိုက်သည်။ရလဒ်အနေဖြင့်လုချန်ထံမှခွဲဝေမပေးနိုင်သောအာရုံစိုက်မှုတွေရရှိလိုက်သည်။

"ကျင်း..ဘာဖြစ်လို့လဲ?"

စိုးရိမ်ပူပန်မှုတွေကမျက်နှာနှင့်အသံထက်အတိုင်းသားပေါ်နေပြီးသေချာသိရစေရန်ကျင်းနဖူးထက်လက်တင်လာသည်။

"ဘာမှမဖြစ်ပါဘူး..ပင်ပန်းတာနေမှာ"

"အနားယူပါလို့ပြောရဲ့သားနဲ့အမြဲတမ်းရုံးတော်တက်တယ်..အခုကြည့်ပါဦး"

ကျင်း၏ကျန်းမာရေးအပေါ်လွန်စွာစိတ်ပူနေသည်ဖြစ်၍သူ့ပုံစံသည်နားပူနားဆာလုပ်နေသောဇနီးသည်တစ်ဦးပုံစံဖြစ်နေတာကိုသတိမထားမိ။အဆိပ်ဖြေပြီးပြီဖြစ်ပြီးကျန်းမာရေးကောင်းမွန်လာပေမဲ့လည်းသမားတော်များကိုထိုအခြေအနေအားလုချန်မသိအောင်လှို့ဝှက်ထားခိုင်းခဲ့သည်။လုချန်မှဂရုစိုက်ပေးနေသည်များကိုကျင်းသဘောကျလှသည်။

Shu Chengထံအောင်နိုင်သူအပြုံးနှင့်တစ်ချက်ကြည့်ပြီးကျင်းမျက်နှာမဲ့လာတော့သည်။မသိလျှင်အလွန်နာကျင်နေသကဲ့သို့။

စိတ်အလိုမကျမှုကြောင့်Shu Chengမျက်လုံးတွေကျဥ်းမြောင်းလာပြီးဧကရာဇ်၏အချစ်တော်ကိုရရှိနိုင်ရန်နောက်တစ်ခွန်းဆိုပြန်သည်။

"ဒါဆို.."

"အရှင်မင်းသား..ကျွန်တော်မျိုးလိုက်မပေးနိုင်တာတောင်းပန်ပါတယ်..လိုက်ပါပေးရန်စစ်သူကြီးMuကိုမေးလို့ရပါတယ်..အရှင်မင်းကြီးနေမကောင်း၍ကျွန်တော်မျိုးရှိနေပေးရပါဦးမယ်..အရှင်မင်းကြီးစိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ပါနဲ့"

ချိန်းတွေ့ရန်ကြံရွယ်နေသောShu Chengဆိုစကားတွေကြောင့်လုချန်ယဥ်ကျေးမှူလည်းမထားနိုင်တော့။ကျင်းဒီလိုအခြေအနေမှာဆိုပိုဆိုးသည်။

Shu Chengမျက်လုံးထဲမှာတော့ဧကရာဇ်သည်နည်းနည်းလေးမှမကျန်းမာတဲ့သူပုံမပေါ်။ဖြူသောအသားအရည်သည်လည်းလုချန်ပြောသလိုနေမကောင်းသောသူနှင့်လားလားမှမတူ။အကျိုးသင့်အကြောင်းသင့်မရှိသောဧကရာဇ်သည်လုချန်အနားမှာရှိနေရန်ကိုယ့်ကျန်းမာရေးကိုဟန်ဆောင်နေပြန်သည်။ဒီတစ်ကြိမ်နားသွားပေမဲ့အမြဲတစေတော့ကံကောင်းနေမည်မဟုတ်။

လုချန်ကိုဒေါသမထွက်စေသလိုသူ့နည်းလမ်းစဥ်များပျက်ပြားမည်စိုး၍Shu Chengအခန်းထဲမှထွက်သွားသည်။

စာကြည့်ဆောင်အတွင်းမှခြေတစ်လှမ်းထွက်သည်နှင့်အေးစက်နေသောလေထုသည်Zheng၏ရေခဲတမျှအေးစက်သောအကြည့်များပါလျက်ဆီးကြို၏။အကျိုးသင့်အကြောင်းသင့်မရှိသောဧကရာဇ်ကြောင့်ဒေါသထွက်လာသောShu Chengလည်းအကြည့်များကိုတင်းမာစေလျက်ပြန်ကြည့်လိုက်သည်။ဤအမွှာလည်းသူ့အမွှာအစ်ကိုကိုခေါ်ကာပျောက်ကွယ်သွားပြီးလုချန်သာဘေးနားကျန်ခဲ့ရင်ကောင်းမှာပဲလို့Shu Chengဆုတောင်းနေမိသည်။

Mu Yueနှင့်Xiao Gui Ziကိုအူလည်လည်ဖြစ်စေသောအကြည့်တိုက်ပွဲသည်အသစ်တဖန်ပြန်စလာသည်။မသိလျှင်တွေ့တဲ့နေရာအသေသတ်မည်ဟုကြုံးဝါးနေကျကာမွေးကတည်းကရန်သူဖြစ်လာသည့်အတိုင်းပင်။

Mu Yueနှင့်Xiao Gui Ziလည်းနားမလည်နိုင်စွာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ဒီနှစ်ယောက်ကဘာဖြစ်နေတာလဲ?တစ်ရက်ပဲတွေ့ရသေးတယ်ဘယ်လိုဖြစ်ပြီးရန်သူတွေဖြစ်သွားကြတာလဲ?

ရှုပ်ထွေးသောသူများ၏အသည်းညှာကိုနားမလည်နိုင်ပါဘူးလို့ပဲဆုံးဖြတ်ပြီးဝေးရာသို့လျှောက်သွားကြတော့သည်။အေးစက်သောဆောင်းရာသီကိုပို၍အေးစေသောမီးတောက်ကိုတော့ငြိမ်းသတ်ရန်စိတ်ကူးမရှိ။
•••••••

စာကြည့်ဆောင်အတွင်းရှိစုံတွဲသည်အလေးအနက်ထားရာကိစ္စရပ်များကိုဆွေးနွေးနေကြဆဲဖြစ်သည်။

"ဆေးသောက်ပြီးတော့ရောသက်သာလား"

"အင်း.."

ခမ်းနားထည်ဝါသောမျက်နှာထက်ကျန်းမာနေပြီဖြစ်သောအသားအရောင်ကိုလုချန်မြင်နေရသည်။ပန်းရောင်ဖျော့ဖျော့ကလည်းထုံးစံအတိုင်းပါးထက်တည်ရှိနေသည်။ကျန်းမာနေပြီဖြစ်သော်လည်းနန်းတော်တွင်းရှိနေလျှင်အခြားသူများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မည်။နွေးထွေးမှုလည်းအရေးပါသလိုအေးချမ်းသောနေရာတွင်ကျင်းအားမွေးရန်လိုအပ်သည်။ဟန်ကျိုးမှာရှိသောဆောင်းရာသီကတော့မြို့တော်ထက်တော့ပိုနွေးလှသည်။

အတွေးနှင့်အတူနောက်ဆုံးလာရောက်ခဲ့သောCao Xinနှင့်Ge Qingအကြောင်းကိုအမှတ်ရသွားသည်။ကျောက်တုံးတစ်တုံးနှင့်ငှက်နှစ်ကောင်ပစ်နိုင်လိမ့်မည်။အပန်းဖြေခရီးသွားရင်းညီအစ်ကိုတွေနဲ့လည်းတွေ့နိုင်သည်။ပို၍ကြီးမားလာပြီဖြစ်သောမိသားစုကြီးကိုမြင်ချင်မိ၏။

သို့ပေမဲ့ကျင်းသည်အခုတလောသူ့တာဝန်တွေအပေါ်၌သာမန်ထက်ပိုပြီးလုံ့လဝီရိယစိုက်လျက်ရှိသည်။ဝန်ကြီးတစ်ယောက်ချင်းဆီကိုခေါ်တွေ့ပြီးအခန်းထဲမှထွက်သွားသူများမျက်နှာကလည်းမှုန်မှိုင်းနေ၏။ကျင်းတာဝန်တွေပစ်ပြီးလိုက်ခဲ့ဖို့သဘောတူပါ့မလား"

လုချန်အတော်ကြာစဥ်းစားနေပြီးရဲတင်းပြီးမေးရန်သာစိတ်ဆုံးဖြတ်လိုက်သည်။

"ကျင်း..တောင်ဘက်ကိုခရီးသွားရင်ကော"

"ဘာကြောင့်များလဲ?"

လုချန်သည်တစ်ခါတစ်ရံသူ့ညီအစ်ကိုတွေဆီသွားလည်ခွင့်ကိုအငြင်းခံရမှာသိရက်နှင့်မေးလေ့ရှိသည်။ကျင်းပါအတူလိုက်ဖို့တော့ဘယ်တော့မှမမေးခဲ့။ထို့အပြင်အခုလည်းရုတ်တရက်ကြီးဆိုလာပြန်သည်။ပုံမှန်ဆိုလျှင်ဟန်ကျိုးမှစာဒါမှမဟုတ်သတင်းရောက်မှမေးလေ့ရှိသည်။

"အဲ့ဒီမှာကပိုနွေးတယ်လေ..မင်းနေပြန်ကောင်းဖို့အသင့်တော်ဆုံးပဲ"

တကယ့်ရည်ရွယ်ချက်ကိုပြောရင်ကောင်းမလားမကောင်းဘူးလားတွေးရင်းတွန့်ဆုတ်နေသည်။

"ပြီးတော့Cao Xinနဲ့Ge Qingကိုလည်းDatongပြန်ရောက်ရင်လာလည်မယ်လို့ကတိပေးထားသေးတယ်..ရှုပ်ထွေးတဲ့အခြေအနေတွေဖြစ်ပြီးမသွားဖြစ်သေးဘူး"

"သူတို့ဆီကိုငါနဲ့အတူသွားချင်တာလား?"

ကျင်းသိသလောက်ဆိုရင်လုချန်ညီအစ်ကိုများနှင့်ကောင်းမွန်သောဆက်ဆံရေးရှိခဲ့တာမဟုတ်။လုချန်လည်းသိမှာသေချာသည်။

ကျင်းနှင့်ညီအစ်ကိုများတစ်နေရာတည်းတွင်တစ်ချိန်တည်းရှိနေခြင်းသည်ကောင်းသောအကြံမဟုတ်တာကိုလုချန်သိသည်။ဆက်ဆံရေးအဆင်မပြေကြသည့်အပြင်တစ်ဦးနှင့်တစ်ဦးလည်းနှစ်သက်ကြသည်မဟုတ်။ညီအစ်ကိုများသည်ကျင်းကိုအစ်ကိုကြီးအားလိမ်လည်လှည့်ဖျားခေါ်ဆောင်သွားသူဟုမြင်သလိုကျင်းကလည်းညီအစ်ကိုများကိုလုချန်သူ့ဘေးနားမှခွာကာမိသားစုရအောင်လုပ်ပေးနေကြသောမျက်ပြင်းကတ်စရာများလို့မြင်သည်။

ဟန်ကျိုးမှာရောက်နေစဥ်တွင်ညီအစ်ကိုများကိုသူ့ဘာသာသူသွားတွေ့လို့ရပေမဲ့ကျန်းမာရေးအကောင်းအတိုင်းပြန်မဖြစ်သေးသောကျင်းကိုတစ်ယောက်တည်းထားခဲ့၍မဖြစ်။ပျင်းရိလာပြီးနေရာအနှံ့လျှောက်သွားကြည့်နေကာမှရောဂါဟောင်းပြန်ထလာလိမ့်မည်။တစ်ခုသောအခွင့်အရေးမှာကျင်းလိုက်ပါရန်မေးဖို့သာဖြစ်သည်။သို့မှသာကျင်းကိုလည်းစိတ်ပူစရာမလိုပဲညီအစ်ကိုတွေနဲ့ပေးထားသောကတိလည်းပြီးမြောက်ပါလိမ့်မည်။

"ကောင်းပြီလေ..မင်းညီအစ်ကိုတွေကိုတော့ဦးနှောက်မရှိတဲ့စကားတွေထုတ်မပြောဖို့သတိပေးထား..ငါသူတို့နေရာအနှံ့ဖျက်ဆီးပစ်တာကိုမင်းမမြင်ချင်ဘူးမလား"

"အင်း..ငါသတိပေးထားပါ့မယ်..ဒါပေမဲ့သူတို့လည်းသူတို့ပြောင်းလဲလောက်ပါပြီ..ဒီလောက်နှစ်တွေကြာပြီကို"

"သေချာလား?သူတို့မပြောင်းလဲသေးရင်ဘယ်လိုလုပ်မလဲ?"

"မဖြစ်နိုင်တာ..သူတို့ပြောင်းလဲသွားပြီဆိုတာသေချာတယ်..ငါလောင်းကြေးတောင်ထပ်လိုက်ဦးမယ်"

ထုံးစံအတိုင်းပဲယုံကြည်မှုအပြည့်နှင့်ကျင်းကိုစိန်ခေါ်လာသည်။Cao Xinသည်အသံကျယ်ဆဲဖြစ်ပေမဲ့လည်းပမာဏတစ်ခုခုအထိတော့ယဥ်ကျေးမှုဆိုင်ရာအမူအကျင့်များကိုသင်ကြားပြီးလောက်ပါပြီ။ဧကရာဇ်ကိုတိုက်ရိုက်စော်ကားရဲသည်အထိတော့မရဲတင်းလောက်ပါဘူး။သူ့ညီအစ်ကိုတွေကအရူးတွေမှမဟုတ်တာ။

လုချန်ကိုရင်ခွင်တွင်းဆွဲသွင်းကာ

"ကောင်းပြီ..အင်း..ဒီမှာနေတုန်းအချိန်မှာဘာပျော်စရာတွေလုပ်သင့်လည်းစဥ်းစားရမယ်"

ကျင်း၏ရွှတ်နောက်နောက်အပြောကြောင့်လုချန်ခေါင်းယမ်းမိတော့သည်။

နတ်များအရှင်ပင်မယှဥ်နိုင်စွမ်းသောအလှများပိုင်ရှင်ကျင်းသည်လုချန်အချစ်ရဆုံးသူဖြစ်၏။တောက်ပလင်းလက်နေသောအရှိန်အဝါသည်နတ်ဘုံနတ်နန်းမှဆင်းသတ်လာသလားထင်ရသည်။ပန်းခတ်နှယ်အဆင်းသဏ္ဍာန်ကိုပိုင်ဆိုင်ထားသူသည်တစ်သက်တာအတွက်သူ့ကိုရွေးချယ်ခဲ့သည်အားလုချန်ယုံတောင်မယုံနိုင်။ကံကောင်းတာပဲလား?ကံဆိုးတာပဲလား?ထိုမေးခွန်းတွေသည်ဟိုးအချိန်တည်းကောင်းကင်ယံထက်လွှင့်ပစ်လိုက်သည်မှာကြာလှပြီ။

ရင်တွင်းမှာမြင့်တတ်လာတဲ့ခံစားချက်တွေကဘာများပါလိမ့်?

တစ်သက်လုံးစာအတွက်ထိုလူသားနှင့်ပဲအမြဲတမ်းအတူရှိနေချင်သည်။မည်သို့သောအမူကိစ္စများရင်ဆိုင်ရပါစေ။မည်သို့သောအခက်အခဲများနှင့်ထိတ်တိုက်တွေ့ရပါစေ။ထိုလူသားသာဘေးနားရှိနေပါလျှင်သူယုံကြည်မှုရှိရှိနှင့်ရင်ဆိုင်နိုင်ပါသည်။

ဤသို့သောနူးညံမှု၊ဤသို့သော်စွဲလမ်းမှု၊ဤသို့သောအကြင်နာလေးများသည်အတိုင်းအဆမရှိတဖြည်းဖြည်းကြီးထွားလာပါလိမ့်မည်။

စိတ်ခံစားချက်များလွှမ်းမိုးနေသောလုချန်သည်နှလုံးဆိုင်အတွင်းသိမ်းထားကာဘယ်တော့မှပြောဖြစ်မည်မထင်သောစကားကိုလေနှင့်အတူလိုက်ပါစေလိုက်သည်။

"ကျင်း..ချစ်တယ်"

တိုးညှင်းလှသောအသံသည်ကျင်းနားထက်တွင်ပျောက်ရှသွားခြင်းမရှိ။စကားလုံးတစ်လုံးချင်းဆီကိုတစ်သက်လုံးစာအတွက်နှလုံးသားထဲသိမ်းထားလို၍ကျင်းမျက်လုံးများမှိတ်ထားလိုက်သည်၊

လုချန်ပါးနှစ်ဖက်ကိုသွယ်လျသောလက်ချောင်းများနှင့်အုပ်ကိုင်ကာအနူးညံဆုံးသောအနမ်းတွေကိုအချိုမြိန်ဆုံးသောနှုတ်ခမ်းထက်စကားနှင့်ဖော်ပြ၍မရသောအချစ်များတည်စေဖို့ရာပေးပို့လိုက်သည်၊

“ငါလည်းချစ်တယ်..နှလုံးသားတစ်ခုလုံးနဲ့"

အရိုးသားဆုံးဆိုရလျှင်ထိုကဲ့သို့သန့်စင်လှသောချစ်ခြင်းများကိုလက်ခံနိုင်မည်ဟုကျင်းမထင်ထားခဲ့။

လွန်ခဲ့သောဆယ့်နှစ်နှစ်နန်းတတ်စဥ်အခါကရှေးဖြစ်ဟောသူသည်အမျိုးသားတစ်ဦးနှင့်ချစ်ခင်စုံမက်သွားသောဧကရာဇ်အနေဖြင့်သမိုင်းတွင်ထင်ကျန်ခဲ့မည်ဟုရဲတင်းစွာပြောလာခဲ့သည်။အပြစ်ဒဏ်ကသေဒဏ်သာ။အခုအချိန်မှာတော့မပြောပလောက်သောဂုဏ်သတင်းထင်ကျန်ခဲ့မည်ကိုသူအရေးမစိုက်တော့။အရေးကြီးတာကအခုလက်ရှိပစ္စုပ္ပန်သာဖြစ်သည်။အတင်းအဖျင်းစကားတွေကိုနားထောင်ဖို့လည်းအနာဂတ်မှာသူရှိနေမည်မှမဟုတ်တာ။

ဂရုစိုက်သောအရာသည်တွယ်တာစရာဤလူသားတစ်ယောက်တည်းသာ။ထိုအမျိုးသားဘေးတွင်ရှိနေခြင်းသည်သူ၏ပျော်ရွှင်မှုဖြစ်သည်။ဘယ်တော့မှလွှတ်ပေးမှာမဟုတ်။လုချန်ကထွက်သွားချင်တယ်ဆိုရင်တောင်သူခွင့်ပြုမည်မဟုတ်။သေဆုံးခြင်းကတောင်ကွဲကွာသွားစေနိုင်မည်မထင်၊အဘယ်ကြောင့်ဆိုသော်ကျင်းသည်မြေကြီးလတ်ခတ်မလွဲနောက်ဘဝအထိတောင်လုချန်ကိုခေါ်ဆောင်သွားမည်ဖြစ်သောကြောင့်ဖြစ်၏။

လုချန်ကိုအမြဲချည်နှောင်ထားချင်နေသောစိတ်များဖြင့်လုချန်ကိုယ်လေးအားတင်းကျပ်စွာဖက်ထားလိုက်သည်။

လုချန်ရင်တွင်းမှာလည်းထို့အတူပင်ဖြစ်၏။ဖြစ်နိုင်သောအခြေအနေအထိအနားမှာအမြဲရှိနေချင်သည်။ကျင်းခွင့်ပြုနေသမျှပေါ့။မျိုးဆက်များမွေးထုတ်တာဝန်နှင့်ဆက်သလာသောကိုယ်လုပ်တော်များကိုပန်ဦးချွေရသောဖြစ်ရပ်ကိုလုချန်မနှစ်သက်ပေမဲ့လည်းကျင်း၏သစ္စာစောင့်ထိန်းမှုကြောင့်လက်ခံနိုင်ပြီဖြစ်သည်။

တိတ်ဆိတ်မှုသည်အခန်းတွင်းလွှမ်းခြုံထားသည်။အသက်ရှုသံသာကြားရ၏။နှလုံးသားများကတော့တစ်ခုတည်းအနေဖြင့်စည်းချက်မှန်စွာခုန်နေသည်။ဘယ်တော့မှမခွဲတော့ဘူးလို့ပြောနေသလိုပင်၊ဒီဘဝမှာလည်းမခွဲသလိုနောက်ဘဝထိတိုင်ရေစက်ဆုံချင်ပါသေးသည်။

အပြင်ဘက်တွင်တော့ဆောင်းရာသီ၏နတ်ဘုရားမသည်အေးခဲနေသောလေညှင်းများကိုမှုတ်ထုတ်ရင်းအခန်းအတွင်းမှချစ်သူစုံတွဲကြားနှောင့်ယှက်မိမှာစိုးရိမ်နေပုံရသည်။အဖြူရောင်နှင်းမှုန်များသည်မြေပြင်ထက်ရင်ထင့်စရာများကိုဖုံးကာရန်တိတ်ဆိတ်စွာသက်ဆင်းနေကြသည်။နေမင်း၏ရွှေစင်တန်းများသည်လည်းလင်းရောင်ခြည်နှင့်သူတို့၏အလေးအမြတ်ထားမှုတွေကိုတွေ့မြင်စေသည်။အမှောင်ထုဘယ်တော့မှပြန့်ကာသွားခြင်းမရှိမည့်အလင်းရောင်တန်းများဖြစ်သည်။အချိန်ကြာလာသည်နှင့်အမျှလျော့ပါးသွားခြင်းမရှိသောအချစ်များလည်းဖြစ်သည်။

••••••••••END••••••••••

(AN/နောက်နေ့extraတင်ပေးမယ်နော်
အကြာကြီးတောင်ပစ်ထားမိတယ်
အစ်မအပေါ်ကအပိုင်းလေးတွေကိုလည်းစာပြန်ပြင်ပေးထားတယ်.ပိုပြီးဖတ်လို့အဆင်ပြေအောင်.သက်ပုံမှားတာတွေ့ရင်မန့်ပေးဦးနော်..Love you and enjoy your times❤️)

Bạn đang đọc truyện trên: AzTruyen.Top