အခန်း(၈)

[[U]]

လက်နှစ်ဖက်အားနောက်ပစ်ကာ
မတ်မတ်ရပ်လျက်ရှိပြီးစူးရှသည့်မျက်ဝန်းတွေက
တောင်တွေဆီသို့အကြည့်ရောက်နေသည်။
သို့သော်ငြားစိတ်အတွင်းတွင်တော့
အချိန်ကြာပျောက်ဆုံးနေခဲ့သောချစ်ရသူ
လုချန်အကြောင်းသာရှိသည်။

ရှောင်စန်းနဲ့လုချန်သည်တဲအိမ်လေးမှာ
ဘာကြောင့်နေနေရလဲဆိုတာအားလည်း
သိပြီးသွားပြီ..ဓားမြခေါင်းဆောင်သတ်လိုက်
သောသူကလည်းရှောင်စန်းအကူအညီ
တောင်းမှုကြောင့်ရုံးတော်သို့သွားကာ
သတင်းပို့ပေးမည်လုပ်သောအစ်ကိုရီဆိုသူဖြစ်သည်။

မွေးခံနီးဖွားခံနီးဇနီးသည်ကျန်ခဲ့တဲ့အတွက်
ရှောင်စန်းသည်အပြစ်ရှိသလိုခံစားရပြီး
လုချန်နဲ့အတူထိုအမျိုးသမီးကိုပါ
စောင့်ရှောက်နေခြင်းဖြစ်သည်။

ရန်သူတွေထပ်မံရောက်လာမည်ကိုလည်း
စိုးရိမ်နေရသည်..။
ဘုရင့်ဖြတ်သန်းခွင့်တံဆိပ်သယ်ဆောင်သွား
သောအစ်ကိုရီအားလည်းလုချန်နှင့်မှားကာ
သတ်လိုက်ခြင်းပင်ဖြစ်နိုင်သည်။

ထို့အပြင်စစ်တိုက်မှာကိုဟန့်တားရန်စာပို့
ခိုင်းသည်ဆိုပေမဲ့လည်းရှန်းတိုင်းပြည်
သည်တာ့ထုန်အားအခုထိတိုက်ခိုက်ရန်အရိပ်
အယောင်ပင်ပြမလာခဲ့..။

အကြံအစည်အားလုံးသည်ကျင်းအတွက်တော့
အလွန်သိသာလှသည်....။

မူယွဲ့နှင့်တင်းဖန်းအားအန်းဟွေမြို့သို့
သွားစေကာအမွှာညီထုန်ရှင်းမြို့စားထံ
စာပို့ခိုင်းလိုက်သည်။..
အခုအချိန်တွင်တော့လုချန်အနားတွင်သာ
နေချင်သည်။..

လုချန်ထက်မည်သည့်အရာကိုမှ
ကျင်းဦးစားမပေးနိုင်တော့ပါ

တစ်နှစ်...ရှာဖွေခဲ့သည်မှာတစ်နှစ်ပင်ကြာခဲ့
သည်။..ယခုပြန်တွေ့ချိန်တွင်လုချန်
ဘယ်လိုပဲဖြစ်နေပြန်ဆုံရသည်ကိုပဲ
အလွန်ကျေးဇူးတင်နေမိသည်။

ရှာဖွေစဉ်ကာလအတွင်းဘယ်တော့မှ
လက်လျော့မှမဟုတ်သလိုအဆိုးဆုံးအခြေ
အနေအထိတောင်ပြင်ဆင်ထားခဲ့သည်။

လုချန်မှာအခုတော့အလွန်ပင်နာကျင်နေရပြီ
ဒဏ်ရာတွေကအပြင်မှမမြင်ရသော်လည်း
အတွင်းမှာဆိုးရွားစွာထိခိုက်မိထားသည်ကို
ကျင်းနားလည်သည်။

သို့ပေမဲ့လည်းလုချန်ခန္ဓာကိုယ်၏ပြန်လည်
ကုသနိုင်စွမ်းသည်မြင့်မားလှပြီးကျင်းထံမှ
ကူညီပေးမှုကြောင့်လည်းအချိန်မရွေး
ပြန်လည်ကောင်းမွန်လာနိုင်သည်။..

ကျင်းစိတ်အပူဆုံးအရာမှာမှတ်ဥာဏ်တွေ
ပျောက်ဆုံးနေခြင်းပင်ဖြစ်သည်။

အခုအချိန်မှာကျင်းကိုဘယ်လိုသဘောထားမှာ
လဲ..ချစ်သူတစ်ယောက်လိုလား..
ပုံမှန်အခြေအနေမှာတောင်ကျင်း၏
အောက်မှာနေရတဲ့အဖြစ်ကိုလက်မခံနိုင်
သေးတဲ့သူကလား
ဒီလောက်နှစ်တွေကြာတာတောင်လုချန်ကနေသားကျခဲ့တာမဟုတ်ဘူး
မကြာခဏဆိုသလိုနန်းတွင်းမှဆေးများကိုသာအသုံးပြုရင်းစိတ်ပါအောင်လုပ်ခဲ့ရသည်ကလည်းအများသားဖြစ်သည်။

လုချန်အားဘယ်လိုသိမ်းသွင်းရမလဲ
စသောအတွေးများကရှုပ်ယှက်ခက်လျက်
လေကိုခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

ဘုရင်တစ်ပါးအနေနှင့်လက်ညိုးထိုးရာ
အရာမှန်သမျှရရှိပိုင်ဆိုင်နိုင်ပေမဲ့
ဘယ်အရာကမှလုချန်ကိုမှီမည်မထင်။
ဘုရင်ဆိုသောဂုဏ်ပုဒ်ထက်ပင်တန်ဖိုး
ထားရသောသူ..အရမ်းချစ်ရသောသူသည်
လုချန်တစ်ယောက်တည်းသာရှိသည်။

အခုလိုအချိန်တွေကြာပြီးပြန်လည်တွေ့ဆုံ
သည့်အတွက်စိတ်ဆန္ဒတွေအားလွှတ်ထုတ်
ပစ်ချင်ပေမဲ့လည်းဒီလိုအခြေအနေမျိုးနဲ့
အထိပင်ခံမည်မထင်ရ။

အရေးကြီးဆုံးအရာကလုချန်နှလုံးသားကို
ပြန်လည်ရယူဖို့ရာဖြစ်ပြီးထို့နောက်တွင်တော့ခန္ဓာကိုယ်အား
ဆုအဖြစ်သိမ်းယူမည်

လုချန်ပြန်ရောက်လာစေရန်နည်းလမ်း
များစဉ်းစားနေရင်းပင်အပြုံးတစ်ခုကနှုတ်ခမ်း
ထက်၌ဖြစ်တည်လာသည်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်လုချန်သည်
ကျင်းအားပြန်ချစ်လာမည်ကိုအပြည့်အဝပင်
ယုံကြည်ချက်ရှိသည်။

မှတ်ဥာဏ်မေ့သွားတာလည်းတစ်ခုကောင်းတာ
ပဲလို့မှတ်ယူလိုက်သည်။
အရာအားလုံးအားအစကပြန်စနိုင်မည်ဖြစ်ပြီး
ကြမ်းတမ်းခဲ့သောအချစ်တွေအားချိုမြိန်နူးညံ့
သောအချစ်တွေဆီသို့ပြောင်းလဲယူနိုင်သွားမည်

ကျေနပ်နေသောအပြုံးနှင့်အတူလုချန်ရှိနေရာ
တဲအိမ်အတွင်းသို့ဝင်လိုက်သည်။
မှောင်စပင်ပြိုးနေပြီလုချန်အခုချိန်ထိ
နိုးမလာသေး

"စစ်သူကြီးမူယွဲ့..အရှင်မင်းကြီးရဲ့တုံ့ပြန်မှုကိုဘယ်လိုယူဆလဲ"

ငယ်စဥ်ကတည်းကအတူကြီးပြင်းလာသူများဖြစ်၍ပိုနားလည်လောက်မည်တွေးရင်းတင်းဖန်းမေးမိသည်။
အရှင်မင်းကြီး၏အမိန့်အရကျင်းကျိုင်မှာနေထိုင်ဖို့ရန်လိုအပ်သည်များကိုတင်နေကြသောရဲမက်များကိုကြည့်ရင်းမူယွဲ့သည်မကျယ်လွန်းမတိုးလွန်းသောအသံဖြင့်ပြန်လည်ဖြေကြားလာသည်။

"အရှင်မင်းကြီးကတော့မှန်းဆဖို့ရာခက်ခဲလှတယ်..ထင်ထားသလိုမဟုတ်ပဲတည်ငြိမ်နေတာကသံသယဝင်စရာတော့ကောင်းတယ်"

နားမလည်နိုင်ဆုံးကတော့ထုန်ရှင်းမြို့စားထံပို့သောအမှာစကားပင်ဖြစ်သည်။

"ဒီလိုနေရာမျိုးမှာအရှင်မင်းကြီးနေမယ်ဆိုတာကိုငါအခုထိလက်မခံနိုင်သေးဘူး"

ဘာမှတောင်မမှတ်မိသောလုချန်နှင့်အတူတဲထဲတွင်လိုက်နေမည်ဆိုသောကျင်းအကြံအားမူယွဲ့လက်မခံနိုင်ပါ။
ဒါကြောင့်ပဲကျင်းမှမူယွဲ့အားတဲအကြီးစားထိုးရန်ပြင်ဆင်ခိုင်းခဲ့သည်။
မူယွဲ့ပုခုံးအားပုတ်ကာနှစ်သိမ့်နေသောတင်းဖန်းအတွက်လည်းလွယ်ကူလှသည်မဟုတ်ပါ
ဘယ်အချိန်မဆိုထွက်လာနိုင်သည့်ချောင်းမြောင်းသတ်ဖြတ်သူများရန်လည်းရှိတာကြောင့်တချိန်လုံးရတတ်အေးနိုင်မည်မဟုတ်။
လုချန်အားကာကွယ်ရသည့်အပြင်လုချန်အပေါ်၌မကောင်းတာတစ်ခုခုဖြစ်လာမည်ဆိုလျှင်ဒေါသထိန်းမနိုင်အောင်ထွက်တတ်သောကျင်းကြောင့်ရှောင်စန်းတို့မိသားစုကိုလည်းစောင့်ရှောက်နေရသည်။

အန်းဟွေသွားကြသောတင်းဖန်းနဲ့မူယွဲ့သည်နေမဝင်မှာပဲပြန်ရောက်လာပြီးမင်းကြီးအတွက်
တဲအမြန်ပင်ထိုးပေးကြသည်။
စစ်တပ်တဲအကြီးစားကြီးဖြစ်ပြီးလုချန်
ရှိနေရာတဲအိမ်လေး၏အနီးမှာပဲရှိသည်။
ထို့အပြင်အခြွေအရံများနှင့်ရဲမက်အချို့ကိုလည်းခေါ်ဆောင်လာခဲ့သေးသည်။
နိုးလာသောအချိန်တွင်ရောက်ရှိနေသည့်နေရာ
ကိုကြည့်ပြီးလုချန်အံ့ဩသွားတော့သည်။
တဲမှာအလွန်ပင်ခန်းနားလှပြီးအိပ်နေသည့်
အိပ်ရာမှာအရင်ထက်သုံးလေးဆမျှပင်
ကြီးမားလွန်းနေသည်။
အိပ်ရာပတ်လည်တွင်တန်ဖိုးကြီးမည့်ပုံပေါ်သည့်ပိုးသားပုဝါများနှင့်ကာရံထားသည်။

"နိုးပြီလား"

မရင်းနှီးသောပတ်ဝန်းကျင်ကြောင့်အတင်းထလိုက်တဲ့အချိန်မှာသာယာချိုမြိန်တဲ့အသံ
လေးကထွက်ပေါ်လာသည်။

"နေလို့မကောင်းသေးရင်လှဲနေလေ"

ခုံပေါ်မှာထိုင်နေသူသည်တဲထက်ပင်ခမ်းနားတင့်တယ်နေသေးသည်။
မနက်ကတွေ့ခဲ့သောနတ်သားကဲ့သို့ပင်ချောမောလှပသူသည်ညောင်စောင်းထက်တွင်ခန့်ညားစွာထိုင်လျက်ရှိသည်။
တစ်ယောက်တည်းပင်ဖြစ်သော်လည်းတစ်ခုခုကတော့မတူတော့ပေ
မနက်ကတော့ဒေါသတကြီးနှင့်နတ်ဆိုးတကောင်သဖွယ်အသွင်ပေါ်နေခဲ့သည်။
ယခုအချိန်တွင်မှိန်ပြပြမီးရောင်အောက်၌အချိုမြိန်ဆုံးအပြုံးတွေသယ်ဆောင်နေသောထိုသူအတွက်သင့်တော်သောဖော်ပြချက်စကားလုချန်ရှာမတွေ့ခဲ့ပါ

"ဘယ်နေရာလဲ"

အကြာကြီးအိပ်ပျော်နေတာနှင့်ရောထိုအမျိုးသား၏
ချိုမြိန်သောအပြုံးတွေကြောင့်ရောပေါင်းပြီးလုချန်ခေါင်းထဲ
ရီဝေဝေဖြစ်နေသည်။

"ငါ့တဲထဲမှာပေါ့"

ရယ်သံနှောနေသောအသံနှင့်ပြန်ဖြေလာပြီးဖက်လက်စစာအုပ်ကိုပိတ်၍ကျင်းထရပ်ကာလုချန်ဘေးသို့လျှောက်
လာသည်။

ဒီဘုရင်ဆိုတဲ့အမျိုးသားဟာလူသားမျိုးနွယ်
တွေထက်ပင်လှပလွန်းနေသည်။
အလှတရားတွေအားဖော်ပြရန်စကားလုံးပင်ရွေးချယ်လို့မရဘူး

ကျင်းဆီမှအကြည့်မဖယ်နိုင်ပဲလုချန်
တွေတွေကြီးထိုင်နေသည်။
ဖော့ဖယောင်းသွယ်ရှည်လျားသွယ်တန်း
နေသည့်လက်ချောင်းလေးတွေနှင့်နဖူးလာစမ်း
ချိန်တွင်ရုတ်ချင်းပင်မျက်နှာကနီရဲ
တတ်လာသည်။

"နည်းနည်းသက်သာလာပြီထင်တယ်"

အတိတ်မေ့နေသည်အားအသာထားကာ
လုချန်လက်ကလေးတွေကိုအသာဆွဲ
ယူပြီးခပ်ဖွဖွလေးဆုပ်ကိုင်နေလိုက်သည်။.
ထိုအသားလေးအားမထိရသည်မှာကြာပြီလေ

ရုတ်တရက်ကျရောက်လာသောနူးညံမှုကြောင့်
လုချန်အံ့သြပြီးမော့ကြည့်လိုက်ရာမှ
အကြည့်ခြင်းဆုံသွားကြတော့သည်။

ကြယ်လေးတွေလိုတောက်ပနေသည့်မျက်ဝန်း
တွေနဲ့စုံလိုက်သည်နှင့်လုချန်နှလုံးသားလည်း
ဆွဲညစ်သလိုအောင့်တတ်လာသည်။
ရင်းနှီးသောအငွေ့အသက်များဖုံးလွှမ်း
နေသည့်မျက်ဝန်းတွေ..ထိုမျက်ဝန်းတွေအား
အရင်ကမြင်ခဲ့ဘူးသည်။..မှတ်မိရန်ကြိုးစားလိုက်
ချိန်တွင်ခေါင်းတစ်ခုလုံးနာကျင်လာတော့သည်။

လုချန်ပုံစံအားကြည့်ပြီးရှောင်စန်း
ပြောပြဖူးသည့်အတွက်လက္ခဏာကိုသိနေ
တာကြောင့်သူ့ကိုမှတ်မိရန်ကြိုးစားနေကြောင်း
ကျင်းနားလည်လိုက်သည်။

လုချန်အားရင်ခွင်တွင်းသို့ဆွဲသွင်းလိုက်ပြီး
နားရွက်နားတိုးကပ်သွားကာ

"အဆင်ပြေပါတယ်...အရမ်းမကြိုးစားပါနဲ့
တဖြည်းဖြည်းနဲ့မှတ်မိအောင်လုပ်လို့ရတယ်
စိတ်အေးအေးထား"

ထိုစကားတွေပြောရသည်မှာကျင်းအတွက်
အလွန်ပင်ခါးသက်လှသည်။
အမြန်ဆုံးမှတ်မိစေချင်ပေမဲ့လည်းမှတ်မိရန်အတင်းကြိုးစားရာမှ
လုချန်တစ်ခုခုဖြစ်သွားမှာစိုးရိမ်လှသည်။

အခုတော့ခေါင်းကိုက်တာကိုအခွင့်ကောင်းယူ
လျက်လုချန်အားတင်းကျပ်စွာဖက်ထား
ပါတော့သည်။

နှစ်သိမ့်နေသည့်အသံလေးရယ်မွှေးပျံလှသော
ကိုယ်သင်းရနံ့လေးရယ်ကြောင့်လုချန်
မျက်လုံးတွေကိုမှိတ်လျက်အနားယူနေမိသည်။
အလွန်ပင်တမ်းတခဲ့ရသလိုခံစားရစေသောရနံ့လေးနှင့်ကျင်း၏တည်ရှိမှုကလုချန်ခံစားချက်များကိုခလောက်ဆန်စေသည်။

မနက်ကထိုအမျိုးသားကိုမြင်လိုက်ချိန်တွင်
နှလုံးသားလေးလှိုင်းထလာသည်ကို
လုချန်နားမလည်နိုင်ပါ
အကြာကြီးစောင့်မျှော်နေရသူအား
တွေ့လိုက်ရသလိုပင်ပျော်ရွှင်ဝမ်းမြောက်မှု
များကရင်၌ပြည့်လျံတတ်လာခဲ့သည်။
ထိုပျော်ရွှင်မှုအားထိုအမျိုးသားမမြင်အောင်
မနည်းပင်ဖုံးဖိထားရသည်။

ဒေါသထွက်နေသောမျက်နှာထားပြောင်းလိုက်
ချိန်တွင်လည်းကြောက်ရွံမှုတွေကအသွေးထဲ
အသားထဲကပင်ဆိမ့်တတ်လာခဲ့သည်။

အတွေးတွေနှင့်အတူရုတ်တရက်ပြန်အသိဝင်
လာပြီးဖက်ထားသောသူအားတွန်းထုတ်
လိုက်သည်။
မျက်နှာတစ်ခုလုံးနီရဲနေသောလုချန်ကြည့်
ကာချိုသာစွာပင်ပြုံးရင်း

"တစ်နေ့လုံးအိပ်ထားတာဆိုတော့
ဗိုက်ဆာနေပြီပေါ့..လာသွားရအောင်"

လုချန်အားအခြားတဲတစ်တဲဆီသို့
ဆွဲခေါ်သွားသည်။
အလယ်တွင်စားပွဲခုံရှည်ကြီး
ကထမင်းစားပွဲအဖြစ်တည်ရှိနေသည်။

ပြင်ဆင်ကြရန်အမိန့်ပေးလိုက်ပြီး
လုချန်ကိုဘေးတွင်အတင်းဆွဲကာထိုင်စေသည်။

"အစားကောင်းကောင်းမစားရတာကြာနေပြီမလား
ရှောင်စန်းကရောသေချာပြင်ပေးရဲ့လား"

အခြေအနေအားနားမလည်နိုင်ဖြစ်နေသည်လုချန်သည်ပြန်မဖြေပဲမေးခွန်းများသာမေးလာသည်။

"ဘာလို့မင်းနဲ့အတူစားရမှာလဲ"

"အတူတူစားရင်အရသာပိုရှိတာပေါ့"

ရလာမည့်အကျိုးဆက်များကိုမမှန်းမဘဲကျင်းမဆင်မခြင်ဖြေလိုက်သည်။
တူယူရန်လက်လှမ်းနေပြီးမှမူယွဲ့ နှင့်
တင်းဖန်းဆီသို့ညွှန်ပြကာ

"ဟိုဆရာနှစ်ယောက်ကရောအတူတူမစားဘဲ
ဘာလို့အဲ့ဒီမှာရပ်နေတာလဲ"

အခြေအနေအတွင်းအသွင်းခံရမည်မမျှော်လင့်ထားခဲ့သူနှစ်ယောက်လည်းလုချန်၏ရုတ်တရက်အမေးကြောင့်ဘာပြန်ဖြေရမှန်းမသိဖြစ်ကုန်ကြသည်။

"အာ့..စားပြီးပါပြီ"

ကျင်းကတော့မလိုလားဘူးဆိုသော
အေးစက်တဲ့အငွေ့အသက်တွေကိုလွှင့်ထုတ်
လျက်ရှိသည်။

"တကယ်လား...ဒါပေမဲ့အတူတူစားရမှာမဟုတ်ဘူးလား"

"အရှင်မင်းကြီး"
လုချန်အိပ်ရာမှထပြီလားနှင့်အစားစားဖို့ရန်စိုးရိမ်ပြီးရှောင်စန်းဝင်လာရာမှဧကရာဇ်နှင့်အတူထိုင်နေသော်လုချန်ကြောင့်ပြန်ထွက်ရန်ပြင်လိုက်သည်။

"အစ်ကိုကြီး..နိုးနေပြီပေါ့"

"အာ..ညီလေးစန်း.လာထိုင်
အတူတူစားရအောင်"

ရှုံမဲ့နေသောကျင်းမျက်နှာထားအားသတိမထား
မိပဲရှောင်စန်းအားဖိတ်ခေါ်လိုက်သေးသည်။

"အာ???"

အစေခံအနေနှင့်ဧကရာဇ်နှင့်တစ်ဝိုင်းတည်းထိုင်စားခြင်းသည်မသင့်တော်တာကြောင့်
ငြင်းဆိုရမည်သိသော်လည်းဘာလိုပြောရမလဲ
စကားရှာမရ..တင်းဖန်းနဲ့မူယွဲ့အားကြည့်
လိုက်ပြန်တော့လည်းအကူအညီမရပေ
နှစ်ယောက်စလုံးခေါင်းတွေခါယမ်းရင်းသူတို့ကိုယ်တိုင်လည်းဤအခြေအနေမှမလွတ်မြောက်နိုင်ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ"

ဖြူလျော်လျော်မျက်နှာထားတွေအားကြည့်ရင်း
လုချန်ခေါင်းရှုပ်သွားသည်။

"အတူတူစားလို့မရဘူးဆိုရင်..ငါရောပဲ"

"ဟုတ်ပြီ..အကုန်လုံးထိုင်ကြ"

မျက်နှာကပြုံးနေသော်လည်းဒေါသထွက်နေ
သောမျက်လုံးရိပ်တွေကြောင့်သုံးယောက်သား
မဝံမရဲထိုင်လိုက်ကြသည်။
ဧကရာဇ်နှင့်သူ၏ဘာမှနားမလည်သောအချစ်တော်နဲ့အတူထမင်းထိုင်စားရမည့်အစားလေထဲပျောက်ကွယ်သွားသည်ကတော်သေးမည်ဟုသုံးယောက်လုံးတွေးမိကြသည်။

"လုချန်..ရော့..အများကြီးစား
ကိုယ်အလေးချိန်တောင်အများကြီးကျသွားတယ်"

ချိုချိုသာသာလေးဖြင့်ကျွေးရန်ပြန်နေသော
လက်သည်ဟန့်တားမှုကြောင့်ရပ်တန့်သွား
သည်။

"အရှင်မင်းကြီး..ကျွန်တော်မျိုးဘာသာစားပါ့မယ်
အများကြီးလည်းမစားနိုင်ပါဘူး
အရှင်မင်းကြီးကမှပိုပြီးတောင်ဖြူလျော်နေသေး
တယ်..ကိုယ့်ဟာကိုယ်များများစားသင့်တယ်
မဟုတ်ဘူးလား"

တစ်ဟွတ်ဟွတ်မြည်သံသည်စားပွဲတစ်ဖက်ရှိ
သုံးယောက်ဆီမှထွက်ပေါ်လာသည်။

ကျင်း၏နဂိုမူလအသားရည်အရောင်သည်
လုချန်အတွက်တော့ဖြူဖတ်ဖြူလျော်
နိုင်နေပုံရသည်။

"အဟမ်း"

အသံထွက်လာသောသုံးယောက်ကိုရှိနေခြင်းအားမကြိုဆိုကြောင်းသတိပေး
သောအနေဖြင့်ချောင်းဟန့်ပြလိုက်သည်။

"အရှင်မင်းကြီး..ရော့..ဒီအသားစား..
ကျွန်တော်မျိုးထက်အများကြီးစားရမှာ"

အခြားသူများဘယ်လိုအခြေအနေဖြစ်နေလည်းဆိုတာရိုးသားလှသောလုချန်ကတော့မသိမထားမိဘဲကျင်းပန်းကန်ထဲဟင်းတွေပုံထည့်နေသည်။

ယဥ်ကျေးလှစွာသောအသုံးအနှုန်းဖြင့်
လုချန်ခေါ်ဝေါ်နေပုံအား
ကျင်းမကြိုက်လှသဖြင့်

"ကျင်းလို့ခေါ်လို့ရပါတယ်..ရိုရိုသေသေကြီး
ခေါ်နေစရာမလိုဘူး"

ကျင်းလို့ခေါ်သံသည်နားထက်အသားကျနေသည်ဖြစ်၍ဒေါသထွက်ပြီးပဲခေါ်ခေါ်  ချစ်ရည်လူးစဥ်ကတိုးညှင်းစွာပဲခေါ်ခေါ် မည်သည့်အခြေအနေပဲဖြစ်ဖြစ်ကျင်းကျေနပ်လှသည်။

"ဘာလို့လဲ..ဧကရာဇ်ဆိုတော့ရိုသေရမှာပဲလေ"

မည်သူမျှဘုရင်အားနာမည်ရင်းတပ်ခေါ်ပိုင်
ခွင့်မရှိ
ကြီးမားလှသောအပြစ်ဒဏ်ဖြစ်ကြောင်းလုချန်လိုလူတောင်နားလည်သည်။
ယခုသို့တစ်ဦးတည်းသောသူအား
အခွင့်အရေးပေးနေကြောင်းကိုလုချန်
နားမလည်နိုင်သေး

"ဘာလို့လဲဆိုတော့..
ငါတို့ကအရမ်းရင်းနှီးတယ်လေ"

ချစ်သူတွေပါလို့ပြော၍မဖြစ်အရိတ်အမွတ်မျှသာပြောနိုင်သည်။
ကျင်းရဲ့မျက်နှာထက်ကအပြုံးကလုံးဝပင်
ပျောက်မသွားသည်မှာလည်းလုချန်ယိုင်လာစေရန်
အကောင်းမွန်ဆုံးလက်နက်ဖြစ်ဟန်တူသည်။

"ရင်းနှီးတယ်..ဒါဆိုငါတို့ကမိတ်ဆွေကောင်း
တွေပေါ့"

ဘုရင်နှင့်မိတ်ဆွေဖြစ်နေသည်အားတွေးရင်း
လုချန်ပျော်ရွှင်ဝမ်းမြောက်မိကာ

"ဒါဆို..အရင်တုန်းကအစ်ကိုကျင်းလို့
ခေါ်တာလား"

"ဖွီး.."

မူယွဲ့သည်ရေနွေးသီးသွားပြီးတင်းဖန်း
မှာထမင်းနင်တော့သည်။
ရှောင်စန်းမှာရယ်ချင်စိတ်ကိုမနည်းထိန်း
ထားရ၍မျက်နှာကြီးနီရဲတတ်လာသည်။

လုချန်သည်မှတ်ဥာဏ်မရှိတုန်းကရော
ယခုပျောက်နေသောအချိန်တွင်လည်း
အတွေးတွေကတစ်ထေရာတည်းပင်ဖြစ်သည်။
ကျင်း၏နှလုံးသားရရှိရန်ကြိုးပမ်းမှုလုပ်ငန်းစဥ်သည်
မိတ်ဆွေအချင်းအချင်းဂရုစိုက်မှုအဖြစ်သာ
ရေစုန်မျောတော့သည်။

သုံးယောက်သားအားကြည့်ကာစိတ်မကြည်တော့သည့်အသွင့်ကြောင့်လုချန်လိုနုံအမနေသောသူများသည်ရုတ်ချင်းနားလည်သွားကြသည်။

"အရှင်မင်းကြီး..တဲလုံခြုံရေးကိုတစ်ချက်
သွားစစ်ဆေးလိုက်ပါဦးမယ်"

"စစ်သူကြီးမူယွဲ့နဲ့အတူလိုက်ပါသွားပါဦးမယ်"

"ရှောင်ယန်းနဲ့ချူးမိန်
အခြေအနေကြည့်စရာရှိလို့"

ကျင်းခွင့်ပြုချက်ကိုတောင်မစောင့်နိုင်တော့ပဲအလျှိုလျှိုပင်တဲအပြင်သို့ထွက်ပြေးသွား
ကြတော့သည်။
တဲအဝေးသို့ရောက်သောအခါ
ရယ်ချင်စိတ်များသည်မထိန်းနိုင်စွာထွက်ကြကုန်တော့သည်။

ရယ်သံများအားတဲအတွင်းမှပင်ကြားနေရပြီး
အတွင်းစိတ်ထဲမှာတော့ထပ်ခါထပ်ခါကျိန်ဆဲ
နေတော့သည်။
လူကောင်းဟန်ဆောင်ရသည်မှာလည်းအမှန်တကယ်တမ်းတော့မလွယ်ကူလှပါ။

ဝင်ပေါက်ဆီိကိုအံ့သြစွာငေးကြည့်နေသော
လုချန်အားကြည့်ရင်းကျင်း
သက်ပြင်းချမိပြန်သည်။

မိုက်မဲလိုက်တာချန်ရယ်..ဘာလို့များ
မှတ်ဥာဏ်တွေအကုန်ဆုံးရှုံးကုန်တာလဲ.

••••••••••••

စိတ်ကူးယဉ်ဆန်ဖွယ်အဖြစ်အပျက်လေးများ
ဖန်တီးနိုင်ရန်အတွက်ဒဏ်ရာကုပေးမည်
ဆိုကာမိမိတဲအတွင်းသို့လုချန်အားအတင်း
ခေါ်ထားသည်။

အစကတော့တွန့်ဆုတ်ဆုတ်ဖြစ်နေပေမဲ့လည်းရှောင်စန်းမှတိုက်တွန်းသဖြင့်လက်ခံခဲ့သည်။
မသေချာသောမေးခွန်းများစွာကပြည့်နေပေမဲ့လည်းခေါင်းငြိမ်သောအခါတွင်ပျော်ရွှင်သွားသောမင်းကြီးအသွင်ဘာမှဆက်မမေးနိုင်တော့ပဲလက်ခံခဲ့သည်။
မင်းကြီး၏အပြုံးသည်သူ့အားဘာကြောင့်
ကျေနပ်မှုဆိုသောအရာကိုပေးစွမ်းနိုင်ကြောင်း
လုချန်နားမလည်နိုင်ပါ။
ကျင်းကတော့ကိုယ့်အကြံစည်နဲ့ကိုယ်ပျော်ရွှင်နေပေမဲ့
မင်းကြီးနှင့်အတူနေခြင်းကြောင့်လုချန်မှာတော့
သက်တောင့်သက်သာမဖြစ်မှုနှင့်ရှက်ရွံမှုစသည့်
အခြေအနေများကိုခဏခဏရင်ဆိုင်ရသည်။

ပုံမှန်တိုင်းဆိုလျှင်မင်းကြီးသည်အိပ်ရာမှစောစွာ
ထသွားသည်ဖြစ်ပေမဲ့တစ်ညလုချန်
အိမ်မက်ဆိုးမှလန့်နိုးသောညတွင်တစ်ကိုယ်
လုံးအားတစ်စုံတစ်ယောက်မှပွေ့ဖက်ထားသည်
ကိုခံစားလိုက်ရသည်။
မင်းကြီးကနောက်ဘက်မှနေ၍ပွေ့ဖက်ထားခြင်း
ဖြစ်သည်။

အိပ်ရာကဒီလောက်ကြီးပါလျက်နဲ့ဘာကြောင့်
အတင်းလာပူးကပ်အိပ်နေလဲလုချန်
နားမလည်နိုင်တော့ပါ။
တဲတွင်ခုတင်တစ်ခုတည်းရှိသောကြောင့်
နှစ်ယောက်မျှသုံးနေခြင်းဖြစ်သည်။..
သို့ပေမဲ့ခုတင်ကြီးသည်ရှောင်စန်း,ချူးမိန်
ရှောင်ယန်းတို့လာအိပ်မည်ဆိုလျှင်တောင်
နေရာအကျယ်ကြီးကျန်နေဦးမည်

နောက်ပြီးကျယ်ကျယ်ဝန်းဝန်းအိပ်နိုင်ရန်
လုချန်ဘေးဘက်ကပ်အိပ်ပေးထားတာ
ဖြစ်ပေမဲ့အခုကျဘယ်လိုဖြစ်သွားလဲမသိတော့

အိပ်ရာအလယ်မှာအတူဖက်အိပ်နေတာ
ဆိုတော့ကိုယ်ကိုတိုင်ပင်အိပ်နေရင်း
လှိမ့်ကာရောက်သွားတာများလားဟု
တွေးမိပြန်သည်။

အိပ်ပျော်နေသောမင်းကြီးမနိုးရန်အသာလေး
ရုန်းထွက်ကြည့်ပေမဲ့လည်းအသေအလဲပင်
ဖက်ထားပြန်သည်။
လုံးဝရုန်း၍မရသလိုလှုပ်လို့လည်းမရ

နွေးထွေးသောကိုယ်သင်းနံ့လေးအားခံယူပြီး
အိပ်ချင်ယောင်ဆောင်ကာ
ပြုံးပြုံးကြီးဖြစ်နေသောနောက်ကမျက်နှာကို
တော့လုချန်မမြင်။

ကြိုးစားရုန်းပေမဲ့လည်းအရာမဝင်တာကြောင့်
အသာပြန်ငြိမ်နေလိုက်သည်။
ထူးဆန်းတာကတော့ဤကဲ့သို့အနေအထားသည်
လုချန်အတွက်သက်တောင့်သက်သာ
ရှိလှပြီးတစ်စုံတစ်ရာအားလွမ်းဆွတ်စေသည်။

မင်းကြီးမျက်နှာအားကြည့်ချင်လာတဲ့အတွက်
ကိုယ်လုံးလေးကိုအသာလှည့်ကာ
မျက်နှာချင်းဆိုင်လိုက်သည်။

တည်ငြိမ်အေးချမ်းစွာပင်အိပ်မောကျနေသော
ချောမောလှပသည့်မျက်နှာလေးအား
လုချန်သေချာကြည့်မိသည်။

အသားအရောင်ကလုချန်အစက
ထင်သလိုဖြူရော်နေတာဟုတ်မည်မထင်
နဂိုအသားအရောင်ဖြစ်နိုင်သည်။
အသားရောင်ကနှင်းကဲ့သို့ဖြူဖွေးလှပြီး
ရှည်လျားကော့စင်းနေသော
မျက်တောင်လေးတွေကနက်မှောင်နေတဲ့
မျက်ဝန်းလေးတွေကိုအကာအကွယ်ပြုနေသည်။

ထိုမျက်ဝန်းလေးတွေအခုအချိန်မှာမပွင့်လာပါ
စေနဲ့ဆုတောင်းရင်းအကြည့်တွေကချယ်ရီသီးကဲ့သို့နီရဲနေသည့်နှုတ်ခမ်းတွေဆီသို့
ရောက်သွားသည်။

ထိုနှုတ်ခမ်းတွေ၏အရသာကိုလုချန်
သိနေသလိုခံစားရသည်။
ဒါပေမဲ့ဘယ်နေရာမှာလဲ
ဘယ်လိုလုပ်ပြီးတော့လဲဆိုတာစဥ်းစား၍မရ

အတွေးတွေနှင့်အတူခေါင်းသည်ရုတ်တရက်နာကျင်
လာတော့သည်။
လုချန်ပြန်မှတ်မိအောင်ကြိုး
စားနေတာသိပင်မဲ့လည်းမနာကျင်စေလို၍
အတွေးမှရုန်းထွက်နိုင်ရန်ခပ်တင်းတင်းဖက်
ထားလိုက်သည်။

ရုတ်တရက်အားပါလာသောလက်များကို
လန့်သွားပေမဲ့လည်းနီးကပ်လွန်းသောမျက်နှာ
နှစ်ခုကြောင့်မင်းကြီးရဲ့အသက်ရှူဟန်လေးကို
အာရုံစိုက်သွားမိရင်းတဖြည်းဖြည်းအိပ်
ပျော်သွားတော့သည်။

လုချန်အိပ်ပျော်သွားသည်ကိုသတိထား
မိပြီးကျင်းမျက်လုံးတွေကိုဖွင့်လိုက်သည်။
တစ်လက်မခန့်မျက်နှာအားရှေ့တိုးပြီး
လုချန်နှုတ်ခမ်းတွေကိုခပ်ဖွဖွနမ်းသည်။
ချစ်ရသူလေးအားအိပ်ပျော်သွားသောအချိန်မှ
သာအကြင်နာပေးနိုင်သည်။

"ရှောင်ချန်..အကျွန်ုပ်ကိုအမြန်သတိရပါတော့"

တည်ငြိမ်နေသောလုချန်နှလုံးခုန်သံလေးအား
နားထောင်ရင်းလုချန်အားဆုံးရှုံးရမလို
ဖြစ်ခဲ့သည့်ကိစ္စရပ်တွေကခေါင်းထဲပြန်ပေါ်
လာသည်။...သူဖြစ်ချင်ခဲ့တာတစ်ခုတည်းက
လုချန်နန်းတော်သို့အတူလာနေရန်သာရှိသည်။

အရင်ထက်ပိုပြီးချစ်ခင်မြတ်နိုးတော့မည်ဟု
ဆုံးဖြတ်လိုက်ပြီးနောက်တစ်ခါထပ်ဆုံးရှုံးမှာ
စိုးရွံစွာဖြင့်ရင်ခွင်တွင်းသို့တင်းကျပ်စွာ
ဖက်ထားရင်းအိပ်စက်ခြင်းသို့ရောက်ရှိသွားတော့သည်။

ကော်နဲ့ကပ်ထားသကဲ့ပူးကပ်နေသော
အခြေအနေသည်မနက်ရောက်သောအခါမှာတော့..

မျက်နှာချင်းဆိုင်အနေအထားသည်
အနေခက်စရာဖြစ်ပေမဲ့လည်းအောက်ပိုင်း
တစ်နေရာတွင်လာထောက်နေသော
တင်းမာနေသောအရာတစ်ခုကပိုမိုအနေခက်စေသည်။

ယောက်ျားတစ်ယောက်အနေနဲ့ဘာလဲဆိုတာ
သေချာသိသည့်အတွက်မျက်နှာတစ်ခုလုံးလည်း
နီရဲတွတ်လာသည်။
လုချန်အရာကလည်း
ထိုနည်းတူတင်းမာလျက်ရှိသည်။

ကြိုးစားရုန်းကန်ကြည့်ပေမဲ့လည်း
တင်းကျပ်စွာဖက်ထားပြန်သည်။
အောက်ပိုင်းသို့ရောက်လာသောခြေထောက်
တစ်ဖက်ကြောင့်ပိုမိုပင်နီးကပ်သွားပြန်သည်။

ထိုးတက်လာသောသာယာမှုအား
ထိန်းချုပ်နိုင်ရန်အောက်နှုတ်ခမ်းတွေကို
ဖိကိုက်ထားမိသည်။

အိပ်နေရင်းပင်ကိုယ်လုံးတွေအားပွတ်
တိုက်လှုပ်ရှားလာသောကျင်းလုပ်ရပ်ကြောင့်
တင်းမာနေသောအရာနှစ်ခုသည်အချင်းချင်း
ပွတ်ဆွဲမိကုန်ကြသည်။..

အေးချမ်းစွာအိပ်မောကျနေသောမျက်နှာ
လေးကြောင့်နိုးလိုက်ဖို့ရာလုချန်အားအင်မရှိ

ရယ်ရမလိုငိုရမလိုခံစားချက်ကြီးနဲ့အတူ
အရှိန်မြင့်လာသောလှုပ်ရှားမှုတွေကြောင့်
လုချန်မျက်လုံးတွေကိုတင်းတင်းမှိတ်
ထားလိုက်သည်။

ဘုရင်သည်ယခုအချိန်တွင်မည်သို့သောအိမ်မက်မက်
ကာလှုပ်ရှားနေမှန်းလုချန်နားမလည်နိုင်ဘူး။
သူ့အားအမျိုးသမီးတစ်ဦးဟု
ထင်နေလောက်မည်ဟုလုချန်
တွေးလိုက်မိသည်။

မွေးပျံသောကိုယ်သင်းရနံပါထည့်ပေါင်း
လိုက်သည့်အခါတစ်ကိုယ်လုံးပူလောင်
တတ်လာသည်။
သာယာမှုတွေကြောင့်ညည်းသံမထွက်မိစေရန်
မနည်းပင်ထိန်းချုပ်ထားရသေးသည်။

တဖြည်းဖြည်းတိုးလာသောအရှိန်နဲ့အတူ
အသိစိတ်တွေလွှတ်ထွက်ကုန်ပြီး
သေချာစွာပင်မစဉ်းစားနိုင်တော့ပဲ
မြင့်တတ်လာသောစိတ်ဆန္ဒတွေကိုသာ
လွှတ်ထုတ်ပစ်ချင်သောစိတ်သာရှိတော့သည်။

"အင်း.."

ထိန်းထားသည့်ကြားမှညည်းသံသဲ့သဲ့လေး
ကထွက်ကြလာသည်။
ကျင်းအလွန်နှစ်သက်လှသောအသံလေးနှင့်
အတူထွန့်ထွန့်လူးနေသည့်အရာတွင်းမှ
အရည်ပူတွေကလည်းထွက်လျံကျ
ကုန်တော့သည်။

ကျင်းကိုယ်တိုင်ပင်လည်းမျက်လုံးတွေမဖွင့်မိရန်
သတိထားရင်းအချိန်အတော်ကြာပိတ်လှောင်
ထားသည့်အရည်ပူများကိုထုတ်လွှတ်
လိုက်သည်။

တစ်သက်တွင်ထိုကဲ့သို့ကိုယ့်ဆန္ဒကိုယ်တိုင်အခုလိုနည်းလမ်းသုံးပြီး
ဖြေရှင်းရမည်ဟုအတွေးပင်မရှိခဲ့။
တစ်စုံတစ်ယောက်အားပြုစုပေးရန်
စေခိုင်းလိုက်ရုံသာရှိသည်။
သို့ပေမဲ့လုချန်ကိုတော့ဒီထက်ပိုပြီးမနာကျင်စေချင်တာကြောင့်လည်းပါသည်။
မှတ်မိအောင်ကြိုးစားလိုက်တိုင်းနာကျင်သော
ဝေဒနာကိုခံစားနေရသောမျက်နှာလေးအား
ကြည့်ရင်းနှလုံးသားကအောင့်တတ်လာသည်။

အမြဲလိုလိုနာကျင်နေသောအသွင်သည်
စိတ်ဆန္ဒတွေအားမြင့်တတ်စေသည်ဆိုပြီး
အတင်းအကျပ်သိမ်းပိုက်ခဲ့ပေမဲ့လည်းထိုမျက်ဝန်းတွေ၌အချစ်ဆိုသောအရာကိုကျင်းမြင်နိုင်သည်။
အခုအချိန်သာသိမ်းပိုက်မယ်ဆိုလျင်ချစ်ခြင်းတရားအားမြင်ရဖို့ကမသေချာလှပါ။

အိပ်ချင်ယောင်ဆောင်နေလျက်ပင်ဘေးမှ
ရှက်သွေးဖြာနေသောလုချန်အားဖက်ထား
သည့်လက်ကိုဖြေလျော့ပေးလိုက်သည်။

မနက်ပိုင်းဖြစ်ခဲ့သည့်မတော်တဆမှုသည်
လုချန်အားအကြီးအကျယ်ပင်
ထိတ်လန့်စေသည်။

နေ့စဉ်လုပ်ရသည့်တောင်စဥ်ရေမရသောကိစ္စရပ်များတွင်
တောင်ကျချောင်းလေး၌ရေအတူချိုးရသည့်
အရာလည်းပါသေးသည်။
အမြဲတမ်းအတူချိုးရမည်ဟုအနှီဧကရာဇ်သည်ခေါင်းမာစွာပင်တောင်းဆိုလာသည်။

ဘုရင်၏ဖြူဖွေးကျော့ရှင်းသောအဝတ်မပါ
သည့်ခန္ဓာကိုယ်အားကြည့်လိုက်တိုင်းအောက်က
ညီလေးဘာကြောင့်လှုပ်ယွလာသည်ကို
လုချန်နားမလည်နိုင်ဖြစ်နေသည်။

ကျင်းသည်ယောက်ျားတစ်ယောက်ဖြစ်နေတာကိုတောင်ထိုအပေါ်လှုပ်ရှားနေသည့်ဘာမှန်း
မသိသောကာမဆန္ဒတွေကြောင့်ကိုယ့်ကိုယ်ကိုပင်
သတ်သေချင်လာသည်။

သူကယောက်ျားဟေ့..ယောက်ျားဟ

ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်ရန်
ထိုစကားကိုသာထပ်ခါထပ်ခါရေရွတ်နေမိသည်။

ချူးမိန်ကဲ့သိုသောချစ်ဖွယ်မိန်းကလေး
ကိုတောင်နည်းနည်းလေးမှစိတ်မဝင်စားသည့်
ညီလေးသည်နတ်သားအသွင်သူအား
တစ်ချက်ကြည့်ရုံမျှနှင့်ထောင်မတ်လာသည်တဲ့လား။

"ဟမ်..ဘာဖြစ်တာလဲ..ရေကအေးလို့လား
ဘာကအဆင်မပြေလို့လဲ"

အတိတ်မေ့နေတဲ့အချိန်မှာတောင်ဆွဲဆောင်တတ်သောခန္ဓာကိုယ်အောက်မှမလွတ်မြောက်နိုင်စွာတုန်ယင်နေသည့်လုချန်
အသွင်အားကျေနပ်နေသည်။

မိန်းကလေးအပေါင်းထက်ကိုတောင်လှပလွန်းသော
သူဖြစ်ပေမဲ့လည်းယောက်ျားလေးအစစ်အမှန်
ဖြစ်ကြောင်းလုချန်သိသည်။
အရှင်မင်းကြီးအိပ်နေသောအချိန်တွင်လုချန်
ကြည့်မိရင်းတွေ့လိုက်ရသောအရွယ်အစား
ကြောင့်ကိုယ့်ကိုယ်ကိုပင်ရှက်ရွံ့မိသွားသေးသည်။

ပြီးပြည့်စုံလှသောထိုကြွေရုပ်သွင်ခန္ဓာကိုယ်
အားထိချင်နေသောစိတ်အားလုချန်
မနည်းပင်ထိန်းနေရသည်။

"ဘာမှ..မဟုတ်ဘူး...ရေစိုနေလို့"

ထောင်မတ်နေသောအရာအားဖုံးကွယ်ရန်
အတွက်ရေနက်ပိုင်းသို့နေရာယူရင်း
ကိုယ်အပေါ်ပိုင်းကိုသာဖော်ထားလိုက်သည်။
အနားသို့တိုးလာသောကျင်းကြောင့်
လုချန်ကိုယ်လုံးလေးတုန်ယင်စပြုလာသည်။

"ဟုတ်လား..နေလို့ကောင်းအောင်
နောက်ကျောကိုနှိပ်နယ်ပေးမယ်လေ"

ချိုသာလှသောအပြုံးနှင့်အတူနောက်ကျောသို့
လက်တွေရောက်ရှိလာသည်။

ဖြည်းညှင်းစွာလှုပ်ရှားနေသည့်နူးညံ့လှသော
လက်တွေကြောင့်ညည်းသံမထွက်မိစေရန်
နှုတ်ခမ်းတွေကိုဖိကိုက်လိုက်သည်။

ကောင်းကင်ဘုံမှချီးမြှင့်ထားသည့်ဝင်းမွတ်
နေသောအသားအရေပိုင်ရှင်၏နောက်ကျော
ပြင်အားပွတ်သတ်နေရင်းပင်ကိုယ့်ဆန္ဒအား
လည်းမနည်းပင်ထိန်းချုပ်နေရသည်။

ပေါင်ကြားတွင်းမှထောင်မတ်နေသော
အရာအားထိန်းနေရင်းပင်နောက်တင်ပါး၌
လည်းပူနွေးတင်းမာနေသည့်အရာက
လာထောက်နေပြန်သည်။

အေးစိမ့်နေသောစမ်းချောင်းအတွင်းမှာပင်
ခံစားနေရသောတင်ပါးရှိပူနွေးနေသည့်အရာ
ကြောင့်လုချန်မျက်နှာတစ်ခုလုံးနီရဲတတ်လာတော့
သည်။

ဒီဘုရင်ကရောဘာကြောင့်ထောင်နေတာလဲ

အတွေးနှင့်တိုင်ပတ်နေသောလုချန်ကိုယ်လေးအားဒီဘက်ဆွဲလှည့်ကာ
ပုံမှန်ထက်ကြီးမားလှသည့်အရာအား
ကိုင်စေရန်အပြုံးနှင့်ဆွဲဆောင်လိုက်သည်။

ရမ္မက်တွေပြင်းထန်လာသည်နှင့်အမျှ
ဆင်ခြေတုံတရားသည်လည်းပျောက်ဆုံး
သွားပြီးတစ်ကိုယ်လုံးအပြင်းအထန်
တုန်ယင်လာသည်။
လှပခြင်းဆိုသောတြိယာဝိသေသနထက်တောင်သာလွန်သူအားကိုင်တွယ်နေချင်မိသည့်မိမိစိတ်ကြောင့်အံတင်းတင်းကြိတ်ရင်းထောင်မတ်နေဆဲအရာဆီသို့လက်တင်လိုက်သည်။

သင်ပြပေးချင်တာကြောင့်
ကျင်းလက်တွေကလည်းလုချန်အရာလေး
ဆီသို့ရောက်ရှိသွားသည်။
အရှေ့အနောက်ဖြည်းညှင်းစွာလှုပ်ရှားနေ
သောအရှိန်နဲ့အတူလုချန်ကိုယ်တိုင်လည်း
ကျင်းအရာလေးအားကမောက်ကမအနေအထားနှင့်ပွတ်ဆွဲနေမိသည်။

သူ့ဘက်မှစထိလာသည်ကိုရွံ့ရှာဟန်မပြပဲသာယာနေသောကျင်းကြောင့်ကျေနပ်မိပေမဲ့လည်းသေချာတော့လည်းနားမလည်နိုင်ပါ။
ပွင့်ထွက်လာသောစိတ်ခံစားချက်တွေနဲ့အတူ
အရည်ပူတွေအားလက်အတွင်းသို့
လုချန်လွှတ်ချလိုက်သည်။
တွေဝေနေသောအခိုက်မှာပဲအရာနှစ်ခုအား
ဆွဲပူးကာလှုပ်ရှားလိုက်သောကျင်းလုပ်ရပ်
ကြောင့်ဆောင့်တတ်လာသောသာယာမှုနဲ့
အော်မိမလိုပင်ဖြစ်သွားသည်။

ညည်းသံထွက်လာမည်စိုး၍အံတင်းတင်း
ကြိတ်ရင်းနောက်တစ်ခါအထွတ်အထိပ်
ရောက်သွားပြန်တော့သည်။
ကျင်းကိုယ်တိုင်လည်းမျက်လုံးတင်းတင်းမှိတ်
ကာသာယာမှုကိုခံစားရင်းအရည်ပူတွေကို
လွှတ်ထုတ်လိုက်သည်။

ဆွဲဆောင်မှုရှိလှသောထိုမျက်နှာထက်က
နှုတ်ခမ်းတွေကိုနမ်းချင်စိတ်တွေက
လုချန်စိတ်တွင်းအကြောင်းမဲ့
မြင့်တတ်လာသည်။

သာယာနေသောအခြေအနေလေးအပြီးတွင်
ရှက်ရွံမှုတွေကလည်းအလုံးလိုက်တိုးဝင်လာသည်။
တွင်းတစ်တွင်းတူးပြီးကိုယ့်ကိုယ်ကိုမြုပ်နှံပစ်
ချင်စိတ်တွေပေါက်လာကာကျင်းအား
စေ့စေ့ပင်မကြည့်နိုင်တော့ပဲ
ရေထဲမှအမြန်ပင်ထကာအဝတ်ဆွဲဝတ်ပြီး
တဲဆီသို့ပြေးတော့သည်။
ကျင်းလည်းအနောက်မှအမြန်ပင်ပြေးလိုက်ရင်း

"လုချန်..ဘာရှက်စရာရှိလို့လဲ"

ကျင်းစကားတွေကြောင့်လုချန်မျက်နှာသည်
ပိုမိုပင်နီရဲလာပြီး
မသိကျေးကျွန်ပြုကာခြေလှမ်းတွေကို
အရှိန်တင်လိုက်သည်။

"အဲ့ဒီလောက်ထိရှက်စရာမလိုပါဘူး
မူယွဲ့နဲ့တင်းဖန်းဆိုတစ်ခါတစ်လေ
အဲ့လိုလုပ်ကြတာပဲ"

အခြားသူစဥ်းစားမရတာကြောင့်အနားတွင်ရှိသောသူနှစ်ယောက်ကိုသာဆွဲထည့်လိုက်သည်။
လုချန်ခြေလှမ်းတွေရပ်တန့်သွားပြီး

"ဟုတ်လို့လား"

တဲနားမှာရပ်နေသောဓားစာခံနှစ်ယောက်က
တော့ရှက်ရွံမှုနှင့်ဒေါသတွေပေါင်းလျက်
မျက်နှာမှာဝင်တော့မည့်သူရိန်နေမင်းပမာ
နီပုပ်ပုပ်အရောင်သန်းနေကြသည်။

အလွန်အမင်းရှက်နေသောလုချန်အသွင်
နှင့်ပျော်ရိပ်မြူးနေသောကျင်းအသွင်ကြောင့်
ဘာတွေဖြစ်လာကြလဲဆိုတာ
နားလည်ကြသည်။
မူယွဲ့အသွင်ကတော့ဒေါသများ
တပွတ်ပွတ်ထနေဟန်ပေါ်ပေမဲ့တင်းဖန်းမှာအရှက်လွန်နေဟန်တူသည်။

ငြင်းဆိုရန်ပြင်နေသောစကားလုံးတွေကိုပြောရဲပြောကြည့်လေဆိုသော
မျက်နှာထားဖြင့်မျက်ခုံးတွန့်ပြသောကျင်း
ကြောင့်မြိုချလိုက်ကြရသည်။
ကျင်း၏ယုတ္တိမတန်သောစွတ်ဆွဲချက်အားသဘောမကျပေမဲ့ထွက်ပြီးတော့လည်းခွန်းတုံ့ပြန်ဖို့ရာကမဖြစ်နိုင်။
မူယွဲ့အကြောင်းသေချာသိတာကြောင့်မဟုတ်ဘူးဆိုတာထွက်မလာအောင်အေးစက်သောအကြည့်များနှင့်သတိပေးထားလိုက်သည်။
သို့ပေမဲ့လည်းလက်တုံ့ပြန်သောအနေဖြင့်

"အရှင်မင်းကြီး..အန္တရာယ်များတဲ့ဒီနေရာမှာ
ကျွန်တော်မျိုးတို့မပါပဲလျှောက်မသွားပါနဲ့"

ကျင်းနဲ့လုချန်နှစ်ယောက်တည်းမရှိနေ
စေအောင်မူယွဲ့ကြံတော့သည်။

"အခုကစပြီးအရှင်မင်းကြီးလုံခြုံရေးအတွက်
အချိန်ပြည့်အနားမှာစောင့်ရှောက်ပါရစေ"

တင်းဖန်းကလည်း
ဘေးမှထပ်ထည့်တော့သည်။

ဒါပေမဲ့လည်းအမှန်တကယ်ပင်ဘုရင်တစ်ပါးအနေနှင့်
ထိုကဲ့သို့နယ်စပ်မှာနေခြင်းသည်အလွန်
အန္တရာယ်များသည်တော့အမှန်ပင်

မူယွဲ့ နဲ့တင်းဖန်းပြောသည်အားနား
ထောင်ရင်းစိုးရိမ်စိတ်တွေက လုချန်
ရင်တွင်း၌မြင့်တတ်လာသည်။
ဘုရင်၏လုံခြုံရေးအားစိုးရိမ်မိတာလား
ကိုယ့်မိသားစုကိုစိုးရိမ်မိတာလားလုချန်
သေချာမသိ။

ထိုအရာတွေသည်အမှန်အကန်ပင်
ဖြစ်လာတော့သည်။
ရှောင်စန်း,ချူးမိန်,ရှောင်ယန်းတို့အား
ကာကွယ်လျက်လုချန်ထောင့်တစ်ထောင့်သို့
နေရာယူလိုက်သည်။
မူယွဲ့နဲ့တင်းဖန်းကတော့လုပ်ကြံသူတွေ
နဲ့ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။

လုပ်ကြံသူများသည်ကျင်းရှိရာသို့ဦးတည်
လာကြပြီးမူယွဲ့နဲ့တင်းဖန်းက
ဝင်ဝင်ကာနေကြသည်။
ဓားရှည်များတဝင်းဝင်းနှင့်ကျင်းဆီတိုးဝင်
လာသည်ကိုလုချန်ထိတ်လန့်စွာ
ကြည့်နေမိသည်။

ကျင်းကတော့အေးဆေးတည်ငြိမ်စွာပင်
မတ်တပ်ရပ်လျက်ထိုလုပ်ကြံသူတွေအား
တစ်ချက်မျှပင်မကြည့်..
မျက်လုံးတွေသည်လုချန်ဆီမှတစ်ချက်မှ
မခွာ။

အေးစက်လှစွာဒေါသရိပ်တွေလွှမ်းနေသော
ကျင်းမျက်ဝန်းတွေကြောင့်ထိုဘုရင်
ဘာကြောင့်ဒေါသထွက်နေမှန်းလုချန်
နားမလည်နိုင်ပါ။

"အရှင်မင်းကြီး..သူတို့ကိုဘယ်လိုလုပ်ရမလဲ"

လုပ်ကြံသူတွေအားတိုက်ခိုက်ရင်းနှင့်
အသေသတ်ရမလားဖမ်းထားရမလား
မသိသည့်အတွက်တင်းဖန်းမေးလိုက်သည်။

"ဘယ်ကလာလဲဘယ်သူပို့လိုက်လဲ
ငါဂရုမစိုက်ဘူး
အကုန်လုံးကိုသတ်ပစ်"

"အမိန့်တော်အတိုင်းပါ..အရှင်မင်းကြီး"

သိုင်းပညာချင်းယှဉ်လျှင်မူယွဲ့နဲ့တင်းဖန်း
ထက်နိမ့်ပေမဲ့လည်းလူအရေအတွက်
များပြားလှတာကြောင့်ကျင်းဆီထိုးဖောက်
ဝင်လာမှာလုချန်ကြည့်ရင်းစိုးရိမ်နေမိသည်။

နောက်ကျောဘက်မှဝင်လာသော
လုပ်ကြံသူအားတွေ့လိုက်ပြီးကျင်းမရှောင်နိုင်
ဘူးဟုထင်ကာလုချန်သည်
စိတ်သဘောအရကိုယ်ပင်သတိမထားမိလိုက်ပဲကျင်းဆီသို့
တိုက်ရိုက်ရောက်သွားတော့သည်။

အော်ပြီးသတိပေးရန်တောင်စိတ်ထဲမပေါ်
လိုက်ပဲကျင်းရှိရာသို့တန်းပြေးသွားသည့်
ကိုယ့်ကိုယ်ကိုအားအလွန်ပင်အံ့သြမိသွားသည်။
ကျင်းကိုဘေးသို့တွန်းလိုက်သည့်အတွက်
တိုးဝင်လာသောဓားရှည်သည်လုချန်
ဘယ်လက်ကိုသာထိုးဖောက်ဝင်သွားသည်။

"လုချန်!!!"

မထင်မှတ်ပဲတိုက်ပွဲကြားဝင်ရောက်လာသောလုချန်ကြောင့်ကျင်းလည်းအထိတ်တလန့်ဖြစ်သွားသည်။
တကယ်တမ်းတော့လုချန်အခြေအနေသည်ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီးဝင်တိုက်လို့တောင်ရပေမဲ့ကျင်းမှလှို့ဝှက်ထားခဲ့သည်။
ကိုယ်ကိုတိုင်ကသိုင်းပညာရှင်ဖြစ်သည်ကိုမေ့နေတာကြောင့်လည်းပါသည်။

သွေးတွေနှင့်လုချန်အသွင်ကြောင့်ဒေါသ
တွေအားကျင်းထိန်းချုပ်နိုင်စွမ်းမရှိတော့။
ချောင်းမြောင်းသတ်ဖြတ်သောသူများထက်ပင်ကြောက်မက်ဖွယ်ကောင်းသောအရာလုချန်မျက်ဝန်းရှေ့ရောက်ရှိလာသည်။
လေပေါ်မြောက်တတ်သွားကာခန္ဓာကိုယ်
ပတ်လည်တွင်အပြာရောင်မီးတောက်တွေက
ပတ်လည်ဝန်းရံလျက်ရှိသည်။..
အဆုံးအဆမရှိလွတ်ထွက်လာသော
အတွင်းအားတွေသည်ကျင်း၏ကြောက်လန့်
ဖွယ်အသွင်အားဖော်ပြလျက်ရှိသည်။

မြေအောက်အမှောင်လောက၏ဧကရာဇ်သည်
လုချန်မျက်လုံးရှေ့တွင်ရုပ်လုံးပေါ်နေသည်။

လေသည်အေးခဲသွား၍တကျီကျီပြုနေသော
ကျေးငှက်တွေပင်အန္တရာယ်အငွေ့အသက်
ကြောင့်အသိုက်၌ပုန်းအောင်းကာအသံ
မထွက်ရဲကြတော့။

မူယွဲ့နှင့်တင်းဖန်းသည်လည်းတိုက်ခိုက်နေတာကို
ရပ်တန့်သွားကာကြောက်လန့်ဖွယ်အသွင်
အားကြည့်နေကြသည်။

ထိတ်လန့်ဖွယ်အသွင်နဲ့တာ့ထုန်ဧကရာဇ်ကြောင့်လုပ်ကြံသူတွေလည်းအသင့်အနေအထားဖြင့်
မိမိတို့အသက်အားကာကွယ်ရန်ပြေးဖို့
ပြင်တော့သည်။

"တင်းဖန်း!!"

လုပ်ကြံသူတွေပြေးတော့မည်အားသိသည်နှင့်
တပြိုင်နက်ကျင်းဆီမှဟိန်းဟောက်သံက
ထွက်လာတော့သည်။
ဓားရှည်အားကျင်းဆီသို့တင်းဖန်း
ပစ်ပေးလိုက်သည်။

တွေ့လိုက်ရသောအရာကတော့
အဖြူရောင်အရိပ်ကလေးနဲ့အတူ
စီးဆင်းသွားသောအနီရောင်ပင်လယ်ပြင်သာဖြစ်သည်။

မျက်တောင်တစ်ဖျက်အတွင်းမှာတင်
ရန်သူအားလုံးသေကုန်ကြပြီ

အမှန်ဆိုလျှင်ရှေ့မထွက်လို၍မူယွဲ့နှင့်
တင်းဖန်းကိုသာတိုက်ခိုက်စေခဲ့သည်။
ကြမ်းတမ်းသည့်အသွင်အားလည်း
လုချန်မမြင်စေချင်တာကအဓိကဖြစ်သည်။

သို့သော်လုချန်၏ကြားဝင်မှုကြောင့်
အရာအားလုံးပြောင်းလဲသွားခဲ့သည်။
ရန်သူများသည်စိတ်အနှောက်အယှက်ပေး
သောပိုးကောင်များကဲ့သို့သေကျေကုန်ကြသည်။

သွေးစက်လက်ကျနေသောဓားရှည်ကို
ကိုင်ထားပေမဲ့လည်းအဖြူရောင်ဝတ်ရုံရှည်ကသွေးတစ်စက်မှပင်စင်ကျံခြင်းမရှိ။

"အရှင်မင်းကြီး.."

စိတ်ပြန်စုစည်းစေရန်အလို့ငှါမူယွဲ့
အသံပြုလိုက်သည်။

မူယွဲ့အသံကြောင့်အသိပြန်ဝင်လာပြီး
ဓားရှည်အားတင်းဖန်းရှိရာသို့ပစ်ချကာ
လုချန်ဆီပြေးသွားတော့သည်။

လုချန်ဆီလာမည်ပြုနေသောချူးမိန်
အားသတိပေးသည့်မျက်လုံးတွေနဲ့
ကြည့်လိုက်သောအခါ
နားလည်သည့်ချူးမိန်
ခြေလှမ်းတွေရပ်တန့်သွားသည်။

"နေကောင်းစပြုနေတဲ့အချိန်မှာဘာလို့
ဂရုမစိုက်ပဲခုန်ဝင်လာရတာလဲ
ဒဏ်ရာရသွားပြီ.."

လုချန်ကတော့ဆူပုတ်လျက်ပင်

"ဘယ်လိုလုပ်သိမှာလဲ..ခန္ဓာကိုယ်က
သူ့ဟာသူလှုပ်ရှားသွားတာကို
နောက်ပြီးတော့မင်းကသိုင်းကျွမ်းတယ်ဆိုတာ
ငါ့ကိုတစ်ခါမှလည်းမပြောဖူးဘူး
အဲ့တော့အသုံးမကျတဲ့ဘုရင်လို့ပဲထင်တာပေါ့"

"ဒီမှာ..ငါသာသိုင်းမတတ်ဘူးဆိုရင်
မင်းကိုအတွင်းအားသုံးပြီးဘယ်လိုလုပ်
ဆေးကုပေးနိုင်မှာလဲ'

ဒဏ်ရာကိုစစ်ဆေးကြည့်လိုက်တဲ့အခါ
အသက်အန္တရာယ်ထိခိုက်နိုင်သည့်
ဒဏ်ရာမဟုတ်သည့်အတွက်
ကျင်းသက်ပြင်းချမိသည်။

အတန်ငယ်သာနက်သောခြစ်ရာဖြစ်ပေမဲ့လည်း
သွေးထွက်တော့များလှသည်။

မူယွဲ့နှင့်တင်းဖန်းကတော့ဘုရင့်
အချစ်တော်အားခြစ်ရာထင်အောင်လုပ်မိတဲ့
အတွက်အသက်ပေးလိုက်ကြရသောသူများကို
ကြည့်ကာအားနာမိတော့သည်။
နောက်များဘယ်အခါမှသခင်လု၏ဆံဖျားလေးကိုပင်မထိရဟု
မှတ်ထားလိုက်ကြသည်။

လုချန်ကိုဘယ်သူမှမထိရဟုအမိန့်ထုတ်
ကာသူကိုယ်တိုင်ပင်ပြုစုပေးသည်။
သန့်ရှင်းကာဆေးထည့်ပေးသည်။
ညဘက်တွင်လုံခြုံရေးကိုအကြောင်းပြကာ
ဖက်အိပ်စေသည်။
ကျင်းရောက်လာကတည်းကဖြစ်ရပ်များကိုခြုံငုံပြောရမည်ဆိုရင်လုချန်အတွက်တော့အကြီးအကျယ်ကသိကအောက်ဖြစ်လှသည်ဟုဆိုရပေမည်
လုချန်သည်ကိုယ်ပိုင်ခံစားချက်တွေနဲ့အတူ
ပတ်လည်ရိုက်ရင်းပြဿနာတတ်လေ့ရှိသည်။
အနှီဘုရင်အားဘာကြောင့်စွဲလမ်းနေမှန်းကို
သူ့ကိုယ်သူနားမလည်နိုင်တော့
ဘာလို့ယောက်ျားလေးတစ်ယောက်အား
စိတ်ဝင်စားနေရတာလဲ

မရိုးသားသောခံစားချက်အပေါ်
လုချန်အလွန်ပင်အရှက်ရလှသည်။
ကျင်း၏နီထွေးသောလျှာလေးအား
တွေးလိုက်တာနဲ့ထောင်မတ်လာသော
အရာကြောင့်........

ရှက်ရွံမှုတွေနဲ့အတူခံစားချက်တွေအား
ထိန်းချုပ်နိုင်ရန်ကျင်းအားတတ်နိုင်သလောက်ရှောင်တော့သည်။

သို့ပေမဲ့လည်းမရေရာသောအကြောင်းပြချက်
တွေနဲ့အတူဘယ်လိုမှကျင်းအားမငြင်းဆန်နိုင်ခဲ့။
တူတူပုန်းတိုင်းကစားနေသကဲ့သို့ဖြစ်နေပြီး
ကျင်းကအမြဲတမ်းပဲဖမ်းမိနေသည်။

ဒီနေ့တွင်တော့လုချန်အရင်တဲအိမ်လေးထဲ
ဝင်လျက်ပုန်းနေသည်။
ဤဘုရင်အားခေါင်းထဲမှထုတ်နိုင်ရန်
အလို့ငှာမယုံနိုင်စရာလှပချောမောသောတဏှာရူးဘုရင်ရောက်မလာစဥ်ကတည်းကသူလုပ်နေကျဖြစ်သည့်ချူးမိန်နှင့်ရောက်တတ်ရာရာ
စကားများကိုသာပြောနေလိုက်သည်။

လူ့လောကထဲရောက်လာသည်မှာမကြာသေးသည့်
ကလေးငယ်လေးကိုလက်တွင်း၌
ပွေ့ထားသည်။

"အစ်ကိုချန်..ဒီမှာလက်ဖက်ရည်
ရှောင်ယန်းအိပ်ပျော်နေတာလား"

"အင်း..အိပ်နေပြီ"

ကလေးငယ်လေးအားကြည့်နေသည့်ချူးမိန်
မျက်ဝန်းတွေသည်တောက်ပကြည်လင်သလိုလုပပြီးအမျိုးသမီးဆန်လှသည်။
သို့ပေမဲ့အဲ့ဒီဘုရင်သည်ချူးမိန်လို
သာမန်မိန်းကလေးထက်အဆပေါင်းများစွာချောမောနေသည်။

နူးညံသိမ်မွေ့လှပေမဲ့လည်းတစ်ခါတစ်ရံကျ
ဟန်ပိုလွန်းနေပြန်သည်။
မျက်ဝန်းတွေသည်တောက်ပနေပြီး
ဥာဏ်ပညာကြီးမားမှုတွေကိုဖော်ပြလျက်
ရှိကာတစ်ခါတစ်ရံကျအေးစက်မှုတွေက
အစားဝင်နေသည်။

အကြည့်တစ်ချက်နှင့်ပင်လုချန်
နှလုံးသားအားထိုးဖောက်ဝင်ရောက်
နိုင်စွမ်းရှိသည်။

အာ..နေပါဦး..ဘာလို့ဒီလူကခေါင်းထဲ
ဝင်လာရပြန်တာလဲ

လက်ဖက်ရည်ခွက်ယူရန်လက်လှမ်းလိုက်ပေမဲ့
ကစဉ့်ကလျားဖြစ်နေသောစိတ်ကြောင့်
ခွက်မှာပြုတ်ကျသွားတော့သည်။

"အစ်ကိုချန်..သတိထား"

အဝတ်အားပေမည်စိုး၍လုချန်
လက်အားလှမ်းဆွဲလိုက်သည်။

တချိန်တည်းမှာပင်တံခါးသည်ကျယ်လောင်
စွာပင်ပွင့်လာသလို
ကျင်းအသွင်ကပေါ်လာပြီးလုချန်နှင့်ချူးမိန်
အားကြည့်လိုက်သည်။

ကျယ်လောင်သောအသံကြောင့်အတွင်းမှ
နှစ်ယောက်မှာလန့်ဖြန့်သွားပြီး
ကလေးသည်ပင်ဆူညံသံကြောင့်
လန့်နိုးလာတော့သည်။

မင်းကြီးအားမြင်လိုက်သည်နှင့်ချူးမိန်
လက်အားအမြန်ရုတ်သိမ်းလိုက်သည်။
သို့ပေမဲ့နောက်ကျစွာပင်ကျင်းက
မြင်တွေ့ပြီးပြီဖြစ်သည်။

လုချန်အသားအားထိမိသည့်ချူးမိန်
အားအခုချက်ချင်းပင်သတ်တော့မည့်အကြည့်တွေနှင့်ကြည့်လာသည်။

ချူးမိန်သတိထားမိသည်မှာကြာပြီဖြစ်သည်က
ထိုဧကရာဇ်သည်လုချန်မှလွဲ၍
အခြားသူတွေအားကြည့်သည့်အကြည့်တွေသည်
ဘယ်သောအခါမှနွေးထွေးမှုမရှိ
အမြဲတစေပင်တင်းမာလျက်ရှိသည်။
ချူးမိန်လည်း
ကလေးကိုလုချန်ဆီမှယူကာအခန်းအတွင်း
သို့ပြေးဝင်တော့သည်။

"လုချန်ဒီမှာဘာလုပ်နေတာလဲ
ရှောင်စန်းရှိတယ်လို့ပြောထားတယ်လေ
လျှောက်သွားနေမဲ့အစားမှတ်ဥာဏ်တွေပြန်
ရလာအောင်အားထုတ်သင့်တယ်
မဟုတ်ဘူးလား"

လုချန်အားချူးမိန်နှင့်ကလေးငယ်နဲ့အတူ
ရှိနေသည်အားကျင်းမနှစ်သက်လှ

"သွား...တဲကိုပြန်တော့"

သဝန်တိုမှုတွေကြောင့်နူးညံရမည်အား
ကျင်းသတိမမူမိဘဲအသံကတင်းမာသွားသည်။

ဘုရင်၏ပြောပုံဆိုပုံကြောင့်လုချန်
ဒေါသထွက်သွားကာနဂိုအခံဖြစ်သည့်မောက်မာတတ်သောဓားမြခေါင်းဆောင်လေးသည်

"မသွားဘူး..ဒီမှာပဲနေဦးမှာ..ကိုယ့်ဟာကိုယ်ပြန်"

ထုံးစံအတိုင်းခေါင်းမာနေပြန်သောလုချန်ကြောင့်ကျင်းလည်းစိတ်လျော့ကာ

"ဒီမှာနေတာကမှတ်ဥာဏ်တွေပြန်ရလာဖို့
ဘာမှအကူအညီရမှာမဟုတ်ဘူး"

"ဒါဆိုရင်ဟိုတဲထဲမှာနေတော့မှတ်မိမှာတဲ့လား"

လုချန်၏အပြောအဆိုအားမကျေနပ်လှ
ပေမဲ့လည်းကိုယ့်စိတ်ကိုယ်ထိန်းကာ
သူ့ထက်ရာထူးလွန်စွာကြီးမားသူဖြစ်ကြောင်းကိုလုချန်အမှတ်ရစေရန်နာမ်စားပြောင်းသုံးနှုန်းလိုက်သည်။

"ငါကိုယ်တော်ကူညီနိုင်တာပေါ့"

နဂိုရှိဆဲမာနတရားကမျက်ဝန်း၌ထင်ဟပ်လျက်ထောင့်ကွေးနေသောမျက်ခုံးအစုံထက်၌ပုန်ကန်ထကြွချင်သောသဘာဝကထင်ဟပ်နေသည်။

"တောင်းပန်ပါတယ်..အရှင်မင်းကြီး
အတိတ်ကိုမှတ်မိဖို့မလိုပါဘူး..
အခုလည်းအဆင်ပြေနေတာပဲ
အရှင်မင်းကြီးရဲ့အမိန့်ကိုမနာခံနိုင်တဲ့အတွက်
တောင်းပန်ပါတယ်"

လုချန်၏စကားတွေအားနားထောင်ရင်း
ကျင်းပြောစရာစကားပင်မရှိတော့။
အရှေ့တွင်ရှိနေသောလုချန်သည်စတွေ့တုန်းကပုံစံအတိုင်းဓားမြခေါင်းဆောင်အသွင်ဆောင်နေတော့သည်။
စိတ်တိုစရာကောင်းသောကိုယ့်ကိုယ်ကိိုအမြဲဂုဏ်ယူနေတတ်သောဓားမြလေး
ကျင်းအတင်းအကျပ်ပြုမူတိုင်းအော်ဟစ်ငိုကြွေးတတ်သောဓားမြလေး
စာနာစိတ်မရှိသောကျင်းချစ်ရသည့်ဝရမ်းပြေးလေး

တိတ်ဆိတ်နေသောကျင်းကြောင့်
လုချန်အားတတ်သွားကာ

"ပြီးတော့..အဲ့ဒီရယ်ဖွယ်ရာနည်းလမ်းတွေက
မှတ်ဥာဏ်တွေကိုပြန်ရရှိအောင်
ကူညီနိုင်တယ်လို့ငါမထင်ပါဘူး"

ဧကရာဇ်နှင့်ဘယ်လိုပတ်သတ်ခဲ့လည်းစဥ်းစားလိုက်တိုင်းခေါင်းကိုက်ခြင်းသာအဖတ်တင်သည်။

"ကိုယ့်ကိုယ်ကိုတောင်မမှတ်မိတဲ့ငါ့ကို
ဘာလို့အရှင်မင်းကြီးကိုမှတ်မိမယ်လို့
ထင်နေတာလဲ
အရှင်မင်းကြီးစိတ်ရှုပ်ခံမနေပါနဲ့တော့
နန်းတော်ကိုသာပြန်ပါတော့
ဒီမှာကအန္တရာယ်များပါတယ်"

လုပ်ကြံခဲ့ရသည့်ဖြစ်စဥ်ကိုလုချန်ပြန်မြင်ယောင်လာသည်။
သူ့အသက်ထက်ပင်ထိုဧကရာဇ်အသက်အားပိုစိုးရိမ်ခဲ့ရသည်။
ဒါဟာဒီနိုင်ငံဧကရာဇ်ကိုကာကွယ်ချင်လိုသောစိတ်ကြောင့်သာဖြစ်မှာပါလို့အတင်းကျိတ်မှိတိမှတ်ယူရင်းမဖြစ်နိုင်သည့်အတွေးများကိုအဝေးပို့ထားလိုက်သည်။
အတွေးတွေကကသောင်းကနင်းဖြစ်လျက်ပင်လုချန်အော်ဟစ်လိုက်သည်။

"ငါ့ကိုတစ်ယောက်တည်းထားပြီးပြန်သွားပါတော့"

ကျင်းမယုံကြည်နိုင်မှုနဲ့အတူမျက်လုံးတွေ
ပြူးကျယ်လာတော့သည်။
လုချန်သည်ဒီလိုပဲပြောလာတယ်ပေါ့

အတိတ်ကိုပြန်သတိရဖို့မလိုဘူးတဲ့လား
လုချန်ပြန်မှတ်မိရန်ကြိုးစားခဲ့သည့်
အရာရာများကအခုတော့အသုံးမကျတာတွေတဲ့လား
အပိုအလုပ်တွေတဲ့လား

ဟုတ်ပြီ..သူကဒီအတိုင်းအဆင်ပြေတယ်တဲ့
ဒါဆိုငါကရော..

အတိတ်မေ့နေတဲ့လုချန်ကတော့
ဘာကိုခံစားရမှာလဲ..အဆင်ပြေစွာနေနိုင်တာပေါ့
အရာရာမှတ်မိနေသည့်ကျင်းကရော.
လုချန်ကိုရှာတွေဖို့ရန်မြေကြီးနှင့်ကောင်းကင်ပြောင်းပြန်လှန်ခဲ့သူသည်နောက်ထပ်ခွဲခွာခြင်းဆိုတာအားခံနိုင်ရည်ရှိမည်မဟုတ်။
နောက်ပြီးချစ်ရသူအားဒီတဲအိမ်ငယ်လေးမှာ
မိသားစုသေးသေးလေးနဲ့အတူ
ထားခဲ့ရမှာလား

ဒီလုချန်ကတော့နန်းတော်ကို
တစ်ယောက်တည်းပြန်ဖို့
စေခိုင်းနေသေးသည်။

တော်လောက်ပြီ!!!!

နူးညံမှုတွေကြင်နာမှုတွေအဝေးကိုပစ်လိုက်ပြီးဘာစကားမှမဆိုပဲလက်သီးတင်းတင်းဆုတ်ကာ
ရှေ့သို့လှမ်းလာသည်။
တစ်လှမ်းချင်းတစ်လှမ်းချင်းဖြင့်သားကောင်ထောင်ဖမ်းသကဲ့သို့လုချန်ရှိရာသို့လျှောက်လှမ်းလာသည်။
အနှီကျေးဇူးကမ်းလှသောဦးနှောက်ပျက်နေသည့်လုချန်အပေါ်သူလွန်စွာအကြင်နာတရားထားခဲ့သည်။
ကျင်နာလွန်း၍ကိုယ့်ကိုယ်တိုင်မဟုတ်တော့ဘူးထင်ရလောက်အောင်ပြောင်းလဲခဲ့သည်။

အန္တရာယ်အငွေ့အသက်တွေကြောင့်
လုချန်အမြန်လှည့်ကာပြေးတော့သည်။
နောက်ဆုံးအကြိမ်ကျင်းဒီလိုအသွင်ကြောင့်ကောက်လိုက်ရသောအလောင်းကောင်များကနည်းသည်မဟုတ်ခဲ့။
သတ်မည်မဟုတ်ကြောင်းသိနေပေမဲ့လည်း
ထိုထက်ပိုကြောက်ဖို့ကောင်းသည့်
အရာလာမည်ကိုစိတ်ကခံစားမိနေသည်။

"အား..မလုပ်နဲ့.."

ဘယ်အရာကိုကြိုသိပြီးမလုပ်နဲ့ဟုအော်ဟစ်
နေမိမှန်းသူ့ကိုယ်သူပင်နားမလည်နိုင်စွာဖြစ်နေသည်။

ကျဉ်းလှသောတဲအိမ်လေးကြောင့်
ဝေးဝေးပင်မသွားလိုက်ရနံရံနှင့်
ကျောကပ်သွားတော့သည်။

လုချန်ရှေ့ဝတ်ရုံစကိုအားနှင့်ဆွဲကာ

"မင်းကများ...ငါ့ကိုအမိန့်ပေးရဲတယ်ပေါ့"

ဧကရာဇ်ဟူသောဂုဏ်ပုဒ်အားဆွဲကိုင်ထားသူအဖို့အမိန့်ပေးသူသည်ကိုယ်ကိုယ်တိုင်သာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်ကျင်းလက်
တွင်းသို့ကျရောက်သွားပြီးဘာမှမတုံ့ပြန်နိုင်ခင်မှာပဲပွေ့ချီကာ
အိမ်အတွင်းမှခေါ်သွားခြင်းခံလိုက်ရသည်။

"တင်းဖန်း!မူယွဲ့!ဒီနေရာကိုသေချာ
စောင့်ကြည့်ထား..ဘယ်သူမှဝင်မစွတ်ဖက်စေနဲ့..ဘာပဲဖြစ်ဖြစ်ခွင့်မပြုဘူး
မင်းတို့နှစ်ယောက်ကိုလည်းလိုက်လာခွင့်မရှိဘူး"

ထို့နောက်ပြန်စကားကိုတောင်မစောင့်ဘဲလုချန်ကိုပွေ့ချီရင်းပင်
တစ်နေရာသို့ထွက်ခွာသွားသည်။

ပထမတော့ထိတ်လန့်သွားပင်မဲ့တဖြည်းဖြည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ခေါင်းတွေခါယမ်းမိကြသည်။

ဒီလိုနေ့ရောက်လာမည်ဆိုတာအား
ကြိုသိနေကြသည်။...အခုအချိန်မှာတော့ဒေါသနဲ့အတူ
ရမ္မက်တွေအားထိန်းချုပ်နိုင်ရန်ဆုတောင်း
ရုံသာရှိသည်။
လုချန်ထိုင်သွားရာနေရာကိုကြည့်ပြီးစိတ်ပူစွာငိုကြွေးနေသောရှောင်စန်းကိုပုခုံးပုတ်ရင်းတင်းဖန်းနှစ်သိမ့်လိုက်သည်။

ရှောင်စန်းကတော့မှတ်ဥာဏ်ပျောက်ဆုံးနေသည့်သခင်လေးအားအရှင်မင်းကြီးမည်သို့ရူးမိုက်သောနည်းလမ်းတွေသုံးမလဲပူပန်နေတော့သည်။

•••••••••••••

Bạn đang đọc truyện trên: AzTruyen.Top