အခန်း(၅)

[[Z]]

တာ့ထုန် မင်းဆက်,ဧကရာဇ် ကျင်း စုန်,အုပ်ချုပ်သောကာလ11 နှစ်ပြည့်

နွေဦး၏ပထမနေ့....

အင်ပါယာတစ်ခုလုံးသည်ပျော်ပွဲရွှင်ပွဲအခမ်း
အနားများနှင့်သက်ဝင်လှုပ်ရှားလျက်ရှိသည်။
အထူးသဖြင့်မြို့တော်ထုန်အန်းရှိလမ်းတိုင်းတွင်
တံခွန်များစာတန်းများနှင့်ပြည့်နှက်လျက်ရှိသည်။
ကံကောင်းမှုကိုကမ်းလင့်သောအနေဖြင့်
မီးပုံးအနီရောင်များအားချိတ်ဆွဲထားကြသည်။

မိမိဖခင်အားသေကြောင်းကြံသည့်အမှုနဲ့
သီလရှင်ဝတ်သွားသည့်အရင်မိဖုရားပြီးနောက်
မိဖုရားနေရာလွတ်နေသည်မှာ၆နှစ်ခန့်ပင်ရှိပြီ
နောက်ဆုံးဒီကနေ့မှာတော့တာ့ထုန်အင်ပါယာ
၏မိဖုရားတစ်ပါးအားမြှောက်တင်မည်ဖြစ်သည်။

မြို့တော်အလယ်တွင်လူအများသည်စုဝေး
လျက်မိဖုရားမြှောက်တင်သည့်အခမ်းအနားအား
ကောင်းချီးပေးရန်စောင့်ဆိုင်းနေကြသည်။

အခမ်းအနားကျင်းပသည့်တစ်လျှောက်တွင်
လူအများကြားရပ်လျက်လုချန်စိတ်တွင်းမှာ
တော့ပရမ်းပတာဖြစ်နေသည်။..
ရှေ့ဆုံးတန်းတွင်ရပ်နေသောကြောင့်
သေချာမြင်ရပါသော်လည်း
ကိုယ့်မျက်လုံးကိုပင်မယုံကြည်နိုင်စွာဖြစ်လျက်
လိမ်လည်နေကြသည်ဟူ၍ပင်ထင်မိသည်။

ဘုရင့်ဘေးနားတွင်ယှဉ်တွဲလျက်တည်ငြိမ်စွာ
လျှောက်လမ်းလာသည့်...မိဖုရား...ရှောင်ဝမ်

ဒါဆို...ငါလွဲပြန်ပြီပေါ့..တကယ်အမှားတွေ
ထပ်လုပ်ခဲ့ပြန်ပြီ...ဘယ်တော့မှများအသိတရား
ရမှာလဲ....ကျင်း...ရှီကျွမ်း..အခုရှောင်ဝမ်

တုံးအမှုအတွက်ကိုယ့်ကိုယ်ကို
ကန်ပစ်ချင်စိတ်ပင်ပေါက်လာသည်။

ဟုတ်တာပေါ့..ရှောင်ဝမ်ကရှီကျွမ်းနဲ့တူ
တော့ကျင်းစိတ်ဝင်စားသွားမှာပေါ့..

လုချန်မျက်နှာသည်တဖြည်းဖြည်းဖြူလျော်
လာလျက်အသားတွေပင်တဆက်ဆက်တုန်
ယင်လာသည်။
ကျင်းပြောခဲ့သည့်တရင်းတနှီးမနေနဲ့ဆိုသောစကားကခေါင်းထဲပေါ်လာသည်။

ရှောင်ဝမ်ကရှီကျွမ်းနဲ့စိတ်သဘောထား
အနေအထိုင်အမူအကျင့်ချင်းတူတယ်ဆိုတာကို
မသိစေချင်တာလား

အကယ်၍မိဖုရားကအခြားသူကဖြစ်နေမယ်
ဆိုလျှင်လုချန်လုံးဝပင်
စိတ်ထဲထားမည်မဟုတ်.
ဒါပေမဲ့အခုကရှောင်ဝမ်လေ..
သူနဲ့လဲတော်တော်များများပင်ခင်မင်ရင်းနှီးခဲ့ပြီ
ကျင်းနဲ့ပတ်သတ်ပြီးခံစားချက်များလည်း
ပြောပြခဲ့ဖူးသည်။
မိတ်ဆွေကောင်းတစ်ယောက်ရပြီလို့
မှတ်ယူထားကာမှအခုတော့....

အံတင်းတင်းကြိတ်ကာကျင်းမျက်နှာအား
စေ့စေ့ကြည့်လိုက်သည်။
တဖန်ပင်အားငယ်
ဝမ်းနည်းမှုနှင့်အတူသက်ပြင်းချကာ
ခေါင်းငုံ့မိပြန်သည်။

ချောင်ရှင်းပြောတာအရမ်းမှန်သည်။..
ဘာလို့ကံဆိုးမှုတွေကငါ့ဆီပဲရောက်ရောက်
လာရတာလဲ

အစတည်းကလုချန်ဆိုသောဖြစ်တည်မှု
သည်ကျင်းအတွက်ဘာမှမဟုတ်ခဲ့တာပဲ
မိမိမိတ်ဆွေရှောင်ဝမ်အားမိဖုရားတော်ကောက်
ခြင်းအတွက်ကျင်းကိုမည်သို့မှလည်း
ပြောခွင့်ရှိမှာမဟုတ်
လုချန်သည်ပြောပိုင်ခွင့်
လည်းမရှိသလိုလုပ်ပိုင်ခွင့်လည်းမရှိသူဖြစ်သည်။။

ကျင်းစိတ်ကုန်သွားလို့ဟန်ကျိုးပြန်ပို့မည်
ဆိုလည်းပြန်လိုက်ရုံသာရှိသည်။

အတွေးဆီမှတဆင့်နာကျင်မှုနှင့်ဝမ်းနည်းမှုများ
စွာကတိုးဝင်လာလျက်လျံကျချင်နေသည်ဖြစ်
သောမျက်ရည်ပူများအားတားဆီးသည့်
အနေဖြင့်မျက်လုံးများကိုတင်းတင်း
ပိတ်ချလိုက်သည်။

လုချန်၏အမူအရာများကို
ခေါင်းဆောင်းမှတွဲကျနေသည့်ပုလဲပုတီးတန်း
များကြားမှကြည့်လျက်ကျင်းကျေနပ်စွာပင်
ပြုံးမိသည်။

••••••••

ရှန်းတိုင်းပြည်,

ရှန်းဝမ်ဖခမည်းတော်ဘုရင်လီရှန်းနှင့်
အစ်ကိုတော်အိမ်ရှေ့မင်းသားလီ ကွမ်ရှန်း
တို့သည်အရေးကြီးကိစ္စတစ်စုံတစ်ရာအား
ဆွေးနွေးလျက်ရှိသည်။..

"ဖခမည်းတော်...ယုရီရေးထားတဲ့စာမှာ
ရှောင်ဝမ်ကတာ့ထုန်မိဖုရားဖြစ်ပြီ
လို့ဆိုပါတယ်"

"အင်း..အခြားဘာပါသေးလဲ"

ဖခမည်းတော်မျက်နှာဟာသတင်းကြားပေမဲ့
လည်းဘာမှပင်ပြောင်းလဲမသွားဘူး
တကယ်ဆိုပျော်နေသင့်သည်မလား

ရှန်းဝမ်အားတာ့ထုန်သို့ပို့ခြင်းသည်
ဖခမည်းတော်၏အကြံပင်ဖြစ်သည်။
ရှန်းဝမ်၏စိတ်နေစိတ်ထားနှင့်သူမတူသော
အမူအရာလေးတွေသည်ဧကရာဇ်နှလုံးသား
အားဖမ်းချုပ်နိုင်မည်ဟုယုံကြည်၍ပို့လိုက်
ခြင်းဖြစ်သည်။

"အခြားမပါပါ..ဖခမည်းတော်..ရှန်းဝမ်အား
မိဖုရားတင်မြှောက်သည့်အခမ်းအနားပြီးသည့်နှင့်
အကြံအစည်အားစတင်မည်ဟုပြောပါတယ်"

ဘုရင်လီရှန်းသည်သက်ပြင်းချလျက်

"ကြည့်ရတာတာ့ထုန်ရဲ့စွမ်းအားဆိုတာ
ဟန်ပြမဟုတ်ဘူးထင်ပါတယ်"

"ဖခမည်းတော်..ဘာဖြစ်လို့လဲ"

"ကွမ်ရှန်း..စဉ်းစားကြည့်လိုက်လေ
ဝမ်အာအဲ့ဒီကိုရောက်တာတစ်နှစ်ပင်
မရှိသေးဘူး.မိဖုရားနေရာရတယ်ဆိုတော့
နောက်ကွယ်မှာတစ်ခုခုရှိနေမယ်မထင်ဘူးလား"

"အဲ့ဒါမကောင်းဘူးလား..ဖခမည်းတော်..
သူ့တာဝန်လည်းသူအောင်မြင်သွားပြီးလေ
တာ့ထုန်ဧကရာဇ်ကရှန်းဝမ်လေးရဲ့
စိတ်ထားကိုသဘောကျသွားလို့လည်း
ဖြစ်နိုင်တာပဲ"

"ကွမ်ရှန်း...သေချာစဉ်းစားစမ်းပါ
ဟိုတလောကတာ့ထုန်ပို့ပေးတဲ့
စစ်သားအရေအတွက်ကငါးရာပဲရှိတယ်..
ငါတို့ဆီတိုက်ဖို့လာတုန်းကစစ်သူကြီးမူယွဲ့
ဦးဆောင်လာတဲ့တပ်နဲ့ယှဉ်ရင်ပမာဏ
အလွန်ပင်နည်းတယ်."

"စစ်သူကြီးမူယွဲ့တပ်ကအင်အားတစ်သောင်း
ပင်ရှိတယ်..ရှန်းတိုင်းပြည်ကိုနေ့တစ်ဝက်နဲ့
ပင်ပြားပြားဝပ်အောင်လုပ်နိုင်တယ်"

"အမှန်ပဲ..ဒါကြောင့်မလို့ကြိုတင်ကာကွယ်
ထားရမယ်..ရှန်းဝမ်ကိုလှည့်စားပြီး
တာ့ထုန်ပို့လိုက်တာအခုမိဖုရားနေရာပင်
ရသွားပြီ....သူမအင်အားနဲ့ငါတို့တိုင်းပြည်ကို
ကာကွယ်ပေးလို့ရတယ်"

ကွမ်ရှန်းကတော့အခုအချိန်ထိရှုပ်ထွေး
နေတုန်းပင်ဖြစ်သည်။ရှန်းဝမ်သည်တာ့ထုန်၏
ဒုတိယအင်အားအကြီးဆုံးသူဖြစ်လာပါလျက်
ဖခမည်းတော်ကဘာကြောင့်စိုးရိမ်နေမှန်း
သူနားမလည်နိုင်ဖြစ်နေသည်။

ဘုရင်လီရှန်းသည်ရှန်းဝမ်အား
စစ်သူကြီးမူယွဲ့မှတိုင်းသူပြည်သားများကို
ဒုက္ခပေးမည်ဖြစ်တဲ့အတွက်အနစ်နာခံသည့်
အနေနှင့်လိုက်ပါသွားရမည်ဟုလှည့်စား
ပြောခဲ့ခြင်းဖြစ်သည်။.
စိတ်သဘောထားနူးညံ့သည့်ရှန်းဝမ်သည်
ယုံကြည်လျက်ပြည်သူတွေအသက်ရေးအတွက်
စိုးရိမ်ကာအမိန့်နာခံခဲ့သည်။

"ပြီးတော့လည်း ယုရီဆီကမသေချာမရေရာတဲ့စာတွေကလည်းသာမန်အကြောင်းအရာတွေသာပါပြီးအရေးကြီးတာတစ်ခုမှပါမလာဘူး"

ယုရီနဲ့ကျန်တဲ့သူများသည်တာ့ထုန်သို့ရောက်
နေသည်မှာနှစ်ဝက်ခန့်ရှိပေမဲ့လည်း
အခုအချိန်ထိဘာအချက်အလက်မှရေရေရာရာ
မစုံစမ်းနိုင်သေးတာတော့အမှန်ပင်ဖြစ်သည်။
တာ့ထုန်အတွင်းရုံးတော်သည်ရှန်းနိုင်ငံကဲ့သို့အပြင်းထူမတတ်ကြွသောသူများနှင့်ပြည့်မနေပဲအားကိုးလောက်သောသူများသာရှိနေခြင်းသည်။
ရှန်းနိုင်ငံအတွက်တော့အားကျစရာဖြစ်သည်။
ဖခမည်းတော်စိုးရိမ်လျင်လည်းစိုးရိမ်
ကောင်းပါပေသည်။

"ဒါဆိုဘာဆက်လုပ်သင့်လဲ.ဖခမည်းတော်"

"အင်း..ရွေးချယ်စရာမရှိတော့ဘူးထင်တယ်..
စစ်အင်အားသုံးလို့ကလည်းအချည်းနှီးပဲ
အဓိကကတာ့ထုန်ဘုရင်ရဲ့အားနည်းချက်ကို
ရှာရမယ်..အတွင်းကနေအားနည်းချက်ကိုအသုံးချတာကအကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်..အားနည်းချက်ကိုသိဖို့လိုတယ်"

နောက်ဆုံးတော့သူမတူအောင်စစ်ရေးဗျူဟာကျွမ်းကျင်လှသောဖခမည်းတော်၏စကားများကိုနားလည်သွားကာအမှန်တကယ်ပင်အထင်ကြီးမိသွားသည်။

"ဘယ်လိုအစီအစဉ်များဆွဲထားလဲ"

"ကွမ်ရှန်း..နွေရောက်ရင်တာ့ထုန်သွားပြီး
ညီမလေးဆီအလည်သွားလိုက်"

"နာခံပါ့မယ်..ဖခမည်းတော်"

တာ့ထုန်ဆီသွားခိုင်းခြင်းသည်ဘာကိုဆိုလိုတာမှန်းကွမ်ရှန်းအပြည့်အဝနားလည်သည်။

•••••••••

ရှန်းဝမ်သည်နန်းဆောင်အသစ်ရှိ
အဆောင်တော်တွင်တစ်တည်း
ထိုင်လျက်ရှိသည်။

နန်းဆောင်အသစ်သည်အရင်ပတ္တြမားနန်းတော်
ထက်ပိုမိုပင်ကြီးမားပြီးရူခင်းများနှင့်အလွန်ပင်
လှပသည်။..
သို့သော်ငြားလည်းထိုရူခင်းများအား
ငေးကြည့်လျက်ရှန်းဝမ်သက်ပြင်း
အကြိမ်ကြိမ်ချနေသည်။

အစမှာတော့မိဖုရားတော်ကောက်ခြင်းခံရသည့်
အတွက်အလွန်ပင်ပျော်မြူးနေခဲ့သည်။
သူမနဲ့အရှင်မင်းကြီးသည်အချိန်တိုင်းလိုလိုပင်
အတူရှိနေလိမ့်မည်ဟုတွေးမိခဲ့သည်။
အရှင်မင်းကြီး၏အချစ်တွေနဲ့စိတ်အာရုံတွေအား
တစ်ယောက်တည်းပင်ဖမ်းဆုပ်ထားမည်
ဟုတွေးမိခဲ့သည်။

တကယ်တမ်းတော့မိဖုရားအဖြစ်
တော်ကောက်ပြီးသည့်နောက်
နန်းဆောင်အားတစ်ခါမျှပင်ရောက်မလာခဲ့
ဘုရင့်နန်းဆောင်နှင့်မဝေးလှပေမဲ့လည်း
မအားဘူးလို့သာဆိုလာသည်။

အံ့သြစရာအကောင်းဆုံးမှာဘာလဲဆိုတော့
မင်္ဂလာဦးညတွင်သူမဘက်မှစတင်ပြီး
ခွင့်ပြုကြောင်းပြောတာတောင်တစ်ချက်မှ
မထိခြင်းပင်ဖြစ်သည်။

ဒါအပြင်အစ်ကိုလုနဲ့လည်းမတွေ့ဖြစ်တော့
မိဖုရားတင်မြှောက်သည့်နေ့တုန်းကလည်း
အကြည့်ချင်းဆုံတာတောင်ခဏခဏအကြည့်
လွှဲပစ်သည်။

အရှင်မင်းကြီးပြောတာလည်းမှန်တယ်ပဲ
သရုပ်မှန်ကိုသိရရင်ဆက်ခင်တော့မှာ
မဟုတ်ဘူးတဲ့
အရမ်းအထီးကျန်တာပဲ...

မိဖုရားဖြစ်လာတဲ့အခါအခြွအေရံတွေပင်
အလုပ်များလာလျက်စကားပြောဖော်ပင်
မရှိတော့ပဲတစ်ယောက်တည်းသာကျန်ရစ်သည်။
မကြာသေးခင်ကမှလာလည်သွားတဲ့
အစ်ကိုတော်ကွမ်ရှန်းကြောင့်လည်း
အရင်လွတ်လပ်သောဘဝကိုပိုမိုပင်
လွမ်းလာသည်။

"အား...."

"မိဖုရား..ဘယ်လိုအပြုအမူပါလဲ.."

"ယုရီii...ပျင်းလို့သေတော့မယ်"

"မိဖုရား...အတန်ငယ်တော့သည်းခံလိုက်ပါ
နွေကအလုပ်များဆုံးကာလဖြစ်တဲ့အတွက်
အရှင်မင်းကြီးမအားလပ်နိုင်တာနေမှာပါ"

ယုရီသည်ရှန်းဝမ်အားအနီးကပ်စောင့်
ရှောက်လာသူဖြစ်၍မိဖုရားဘယ်လိုခံစားနေရမှန်း
နားလည်လှသည်။
အိမ်ရှေ့မင်းသားကွမ်ရှန်းလာလည်စဉ်
အခါကပြောသွားသည့်အမိန့်ကလည်း
ရှိနေတော့ရတတ်မအေးနိုင်ဖြစ်နေသည်။
ဆောင်းဦးမပေါက်ခင်မှာတင်ဧကရာဇ်၏
အားနည်းချက်အားစုံစမ်းရမယ်ဖြစ်သည်။

ထို့နှင့်ပတ်သတ်၍ယုရီသိထားသည့်အရာ
တစ်ခုရှိသည်။
အသေအချာမသိပေမဲ့လည်း
အတင်းအဖျင်းမပြောရန်ပိတ်ပင်ထားသော
အကြောင်းအရာလည်းဖြစ်သည်။

"မိဖုရား...ကြာပန်းဥယျာဉ်ကလေ"

ကြာပန်းဥယျာဉ်လို့ပြောလိုက်သည်နှင့်ထိုနေရာနှင့်
ပတ်သတ်ပြီးထူးဆန်းသည့်အဖြစ်အပျက်က
ရှန်းဝမ်ခေါင်းထဲဝင်လာသည်။

ဘုရင့်နန်းဆောင်အားအလည်သွားချိန်တွင်
ကြာပန်းဥယျာဉ်၌နားနေပြီးစောင့်ရန်ရည်ရွယ်
ပေမဲ့လည်းအခြွအေရံတွေနှင့်မိန်းမစိုးတွေသည်
ငိုယိုလျက်မသွားရန်အပြင်းအထန်ပင်
တားမြစ်ကြသည်။
ခြေတစ်လှမ်းပင်ချခွင့်မပြုကြကာ
အလွန်ပင်စိတ်ရှုပ်စရာကောင်းသည်။

အရှင်မင်းကြီးနှင့်တွေ့၍ပြောသောအခါတွင်လည်း
ထို့နည်းတူပင်တားမြစ်လာသည်။
အစ်ကိုလုကိုစတွေ့ခဲ့သောနေရာမှာထိုဥယျာဉ်
ဖြစ်၍ဘာကြောင့်အစ်ကိုလုကျရတာလဲ
မေးသောချိန်တွင်အေးစက်သောအကြည့်အား
ပြန်ရလိုက်၍ဆက်မမေးရဲတော့ပဲငြိမ်နေရသည်။

"သိသရွေ့ကတော့ကြာပန်းဥယျာဉ်ကဘုရင်နဲ့
ဘုရင့်အချစ်တော်အတွက်သီးသန့်ဆောက်
ထားတာလို့ပြောတယ်..ဥယျာဉ်အတွင်းခြေ
ချနိုင်တာလည်းအဲ့ဒီနှစ်ယောက်ပဲရှိတယ်"

"ဘာ...ဒါ..ဒါဆိုရင်"

"မိဖုရားတွေ့ခဲ့တယ်ဆိုတဲ့သူကဘုရင့်
အချစ်တော်ဖြစ်နိုင်တယ်"

မဖြစ်နိုင်တာ..ရှန်းဝမ်မယုံနဲ့..
အစ်ကိုလုကအရှင်မင်းကြီးရဲ့အချစ်တော်လား
ဒါပေမဲ့..နှစ်..နှစ်ယောက်..လုံးက..
အမျိုးသားတွေလေ..
အမျိုးသားနှစ်ယောက်ကချစ်သူတွေဆိုတာ
ဒီကမ္ဘာမှာဖြစ်နိုင်လို့လား..

"မိဖုရား...."

"ငါ...ငါ"

အစ်ကိုလုပြောပြခဲ့သောချစ်သူဆိုတာ
အရှင်မင်းကြီးလား..ဒါကြောင့်သူ့ချစ်သူက
ဘယ်သူဆိုတာကိုပြောမပြနိုင်တာပဲ
အနာဂတ်ကမသေချာဘူးဆိုတာလည်းအမှန်ပဲ
ထွက်မသွားနိုင်ဘူးဆိုတာလည်းဟုတ်နေတာပဲ

မနာလိုမှုတွေသည်ရင်တွင်း၌
တဖြည်းဖြည်းပြည့်တတ်လာသည်။

ဘာကြောင့်အရှင်မင်းကြီးရဲ့အချစ်တော်က
အစ်ကိုလုဖြစ်နေရတာလဲ..
မောင်းမတော်တွေနဲ့တောင်ဘုရင့်အချစ်အား
ခွဲဝေမမျှချင်သောသူမသည်အမျိုးသား
အချစ်တော်တစ်ယောက်အတွက်ဆိုရင်တော့
ပြောမနေတော့ ဒါပေမဲ့ထိုသူကအစ်ကိုလု

မိဖုရားမြှောက်တင်သည့်နေ့ကလုချန်၏
မျက်နှာအမူအရာအားရုတ်တရက်
ပြန်မြင်ယောင်လာသည်။

အံ့သြသွားပြီးမနာလိုဖြစ်သွားတာလား
ကိုယ်ကသူ့ပြိုင်ဖက်ဖြစ်လာတာပဲ

စိတ်တွင်း၌တရားမျှတသောရှန်းဝမ်နှင့်
အချစ်ငွေ့တွေဖုံးအုပ်ထားသည့်ရှန်းဝမ်
သည်တိုက်ခိုက်လျက်ရှိသည်။

အရှင်မင်းကြီးသည်အစ်ကိုလုထက်သူမ
အားပိုချစ်မည်ထင်သည်။
ထို့ကြောင့်လည်း
မိဖုရားနေရာတင်မြှောက်ခဲ့တာပေါ့

ဒါဆိုကြာပန်းဥယျာဉ်ကရော..?
အစ်ကိုလုကိုကတိပေးထားမိတဲ့အတွက်
မကောင်းတတ်လို့လုပ်ပေးထားပဲနေမည်

ဒါဆိုမိဖုရားဖြစ်နေတာတောင်တချက်ကလေး
မှတောင်မထိတာကရော...?
အဆင်သင့်မဖြစ်သေးဘူးလို့ထင်ကောင်း
ထင်နေလိမ့်မည်
ခွင့်ပြုတယ်လို့ပြောတဲ့စကား
ကိုသေချာမကြားလိုက်တာနေမည်တန်ဖိုးအရှိဆုံးအရာလေးလို့သဘောထားပြီး
မထိရက်မကိုင်ရက်ဖြစ်နေတာနေမည်

ဒါဆိုတစ်ခါမှပင်ရောက်မလာတာကရော...?
ယုရီပြောသလိုမျိုးအလုပ်များနေတာပဲနေမည်

မေးခွန်းပေါင်းများစွာကခေါင်းထဲစုန်ဆန်
ကူးခတ်လျက်ရှိသည်။..
မနာလိုဝန်တိုမှုတွေကလည်းတဖြည်းဖြည်းပင်
များပြားလာသည်။
ကောင်းကင်သည်လည်းလင်းနေသည့်ကြားမှ
ပင်မှောင်ကျသွားတော့သည်။

ပြီးပြည့်စုံလှသောထိုဧကရာဇ်အားချစ်မြတ်နိုး
ရသည်မှာအမှန်ပင်မလွယ်သည့်ကိစ္စရပ်တစ်ရပ်သာဖြစ်သည်။

••••••••••••

လုချန်သည်ရှက်ရွံမှုနဲ့အတူထိုမင်းသမီး
အားထပ်တွေ့တော့မည်မဟုတ်တော့ကြောင်းကျင်းသိသည်။
လုချန်နဲ့ပတ်သတ်ပြီးတိုင်ကြားစာများ
လည်းရောက်မလာတော့

မူယွဲ့ပြောချက်အရရှန်းတိုင်းပြည်သည်
အချက်အလက်တွေအားစပေးပြီဟုဆိုသည်။
ထပ်ပြီးတော့လည်းမိဖုရားနေရာအတွက်
အပူလာတိုက်နေကြသောနိုင်ငံများလည်းရှိမလာတော့

လုချန်အဆောင်သို့လာရာလမ်းတွင်
လုချန်၏ချစ်စဖွယ်အမူအရာလေးအား
မြင်ယောင်လျက်ပြုံးပြုံးပင်ကြွချီလာသည်။
ဆွဲဆောင်မှုရှိသည့်မျက်နှာလေးအားတွေးမိပြန်
တော့လည်းထကြွလာသည့်အရာက
မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာသည်။

လုချန်အဆောင်တွင်အချိန်တိုင်းနေချင်
နေသောစိတ်အားမနည်းပင်ထိန်းထားရသည်။

ကိစ္စြပီး၍နန်းတော်ပြန်ရန်အဝတ်လဲချိန်တွင်
ကပိုကရိုလဲလျောင်းနေသောအသွင်က
မျက်စိထဲဝင်လာကာအိပ်ရာပေါ်ထပ်မံတတ်၍
နောက်တစ်ချီထပ်နွဲရပြန်သည်။

အာ..ကျင်းစိတ်ထိန်းစမ်းပါ..အဲ့လိုမလုပ်နဲ့
ခဏပဲသည်းခံ..သည်းခံ..မကြာခင်
အကြံအစည်တိုင်းဖြစ်လာတော့မယ်

လုချန်နန်းတော်တွင်းသို့လာရောက်
နေထိုင်ရန်အတွက်မိမိစိတ်ဆန္ဒအားမနည်းပင်
ထိန်းချုပ်ထားရသည်
ခေါင်းမာလှသောလုချန်သည်မကြာခင်ပင်
သူ့ဆန္ဒအားလက်ခံတော့မည်ကိုကျင်းသိသည်။

လုချန်ထိုသို့ဖြစ်နေသည်အားကြည့်ကာ
အောင်ပွဲခံမိပေမယ့်လည်းသနားစရာအသွင်
လေးကြောင့်စိတ်မသက်မသာဖြစ်မိပြန်သည်။
ဒါပေမဲ့ဒါတွေအားလုံးကလုချန်အပြစ်ပဲလေ
ဘာကြောင့်အရမ်းခေါင်းမာနေရတာလဲ..
နန်းတော်မှာလာနေပါဆိုတော့မနေဘူး..

သို့ပေမဲ့လည်းထိုခေါင်းမာမှုကြောင့်သာ
လုချန်အားချစ်မိခဲ့ခြင်းမဟုတ်ပါလော

နန်းတော်အားအတင်းလာနေခိုင်း၍ရပေမဲ့လည်း
လုချန်အပေါ်အတင်းဖိအားမပေးချင်သည်ကပါသည်။
ချစ်ရသူလေးနှင့်နှလုံးသားချင်း
အနေဝေးပြီးအေးစက်သွားမှာစိုးရိမ်လှသည်။..

ညီအစ်ကိုတွေနဲ့ပတ်သတ်ပြီးလုချန်ဆီက
ရခဲ့သည့်စိမ်းကားမှုတွေကိုတစ်သက်မမေ့နိုင်
အကယ်၍လုချန်သည်သူ့အားစွန့်ခွာ
မည်လျှင်ဘာတြွေဖစ်လာမလဲကျင်းမသိပါ

အတွေးကြောင့်ပင်ကျင်းတစ်ကိုယ်လုံး
တုန်ယင်လာသည်။
မမျှော်လင့်ထားပဲလုချန်အတွက်ကျင်းအချစ်
တွေသည်နက်ရှိုင်းသောနေရာအထိ
နေရာယူလျက်ရှိသည်။

ဤသည်ကိုသတိမထားသောလုချန်ကတော့
သိမည်မဟုတ်။ဘုရင်၏နှလုံးသား
အားလည်းဘယ်တော့မျှနားလည်မည်မဟုတ်

•••••••••••

လုချန်ပြတင်းပေါက်နားရပ်လျက်
ကျင်းနဲ့ပတ်သတ်ပြီးတွေးနေမိပြန်သည်။

မိဖုရားရှိလာသည်နှင့်ကျင်းသည်အဆောင်တွင်
မအိပ်တော့...ကိစ္စြပီးသည်နှင့်အလျင်စလိုပင်
ပြန်ပြန်သွားသည်။
ထပ်မံပင်ဖမ်းဆွဲထားဖို့စဉ်းစားမိပေမဲ့...

ဒါပေမဲ့...

ကျင်းကကြိုက်မှာမဟုတ်ဘူး
အတင်းတွန်းအားပေးတာမျိုးတွေကိုကျင်း
မကြိုက်ဘူး....ပြီးတော့သူကကျင်းအချစ်ဆုံးမှ
မဟုတ်တော့တာ..ရှောင်ဝမ်ရှိနေပြီပဲ..

အတွေးတွေနှင့်အတူလုချန်နှလုံးသားလေးနာကျင်လှသည်။

"မင်းကိုငါဂရုမစိုက်တော့ရင်ဘယ်လိုလုပ်မလဲ"

ကျင်းပြောခဲ့ဖူးသည့်စကားတစ်ခွန်း..
နောင်တတရားတွေသည်နှလုံးသား၏အောက်
ခြေမှပင်တရှိန်ထိုးမြင့်တတ်လာသည်။
ထိန်းမရနိုင်ပဲမျက်ရည်တစ်စက်
ကျမိပြန်သည်။..

လခြမ်းကွေးကွေးလေးကပင်ကျင်းအေးစက်သည့်
အပြုံးတွေနဲ့တူလှသည်။

နောက်ထပ်မျက်ရည်စီးကြောင်းများထပ်စီးကျရန်
တာဆူနေသဖြင့်အမြန်ပင်မျက်တောင်ခတ်
လိုက်ရသည်။
ဘယ်အချိန်များဟန်ကျိုးကိုပြန်ပို့မလဲ
မသိဘူးကအမြဲတွေးနေမိသည်။

တံခါးအားတစ်ဒေါက်ဒေါက်ခေါက်သံကြောင့်
မိမိကိုယ်ကိုဂရုဏာသက်နေမိသည်မှ
လန့်နိုးသွားသည်။

"ဝင်လာခဲ့"

ရှောင်စန်းမျက်နှာအမူအရာသည်
တစ်မျိုးဖြစ်နေသည်။

"ဘာဖြစ်လို့လဲ"

တုံဆိုင်းနေရင်းမှအရှေ့နားတိုးကာလုချန်
နားရွက်နားကပ်၍တိုးတိုးပြောလိုက်သည်။
ကြားချင်ပင်လုချန်သည်လည်းအံ့သြ
သွားပြီး

"ဘာလိုချင်တာတဲ့လဲ"

"မသိပါဘူး..အရှင်"

ရှောင်စန်းနောက်သို့ဧည့်သည်တွေနဲ့
တွေ့ရန်လိုက်ပါသွားသည်။

နာရီအနည်းငယ်အကြာ

ညအမှောင်တွင်မြင်းနှစ်ကောင်နှင့်အတူ
အမတ်မင်းအဆောင်မှထွက်ခွာသွားသည်။
လုချန်နဲ့ရှောင်စန်း.......
နောက်ကျန်ရစ်သည်များကတော့အရှိန်နှင့်အတူထွက်ခွာသွားသောမြင်းခြေရာခွက်များနှင့်သိပ်လျက်လိမ့်တတ်နေသောဖုန်လုံးများသာရှိသည်။

•••••••••••••••

Bạn đang đọc truyện trên: AzTruyen.Top