အခန်း(၄)
[[U]]
အေးစက်ခဲ့သောအချိန်ကာလများလွန်မြောက်
၍တာ့ထုန်သည်နွေဦးကိုကြိုဆိုလျက်ရှိသည်။
ဆောင်းရာသီသည်အမြဲတစေနှစ်တစ်နှစ်၏ကာလအရှည်ကြာဆုံးရာသီဖြစ်စမြဲဖြစ်သည်။
ပျော်ရွှင်မြူးထူးနေသည်များကဟိုတစ်မျိုးဒီတစ်ဖုံရှိနေကြပြီးနွေဦး၏
ချဥ်းကပ်လာမှုနှင့်အတူစိတ်သစ်လူသစ်မျှော်လင့်ချက်အသစ် ဆန္ဒအသစ်များကစောင့်မျှော်လျက်ရှိသည်။
စာကြည့်ခန်းအတွင်း,
ခန့်ညားလှသောကိုယ်ဟန်သည်ခုံရှည်၌
မတ်မတ်ထိုင်လျက်ရှိပြီးဖယောင်းအသွင်မျက်နှာ၌
အပြုံးပန်းများဝေဆာနေသည်။
နွေဦး၏ဝိညာဥ်ဆွဲကပ်နေဟန်ဖြင့်မနက်ကတည်းကပြုံးတုံ့တုံ့ဖြစ်နေသူသည်ကိုယ့်ကိုယ်ကိုသတိထားမိပုံမရ
မနေ့ညကအဖြစ်အပျက်အားပြန်လည်မြင်ယောင်
ရင်းလုချန်ဆီတဖန်ပြေးသွားချင်စိတ်
တွေကိုမနည်းထိန်းချုပ်နေရသည်။
မနေ့ညလုချန်အဆောင်ကိုမသွားသည့်
တစ်ပတ်ပြည့်သောနေ့တွင်ခေတ္တအလည်
သွားခဲ့သည်။
ကိုယ်ပိုင်ဆန္ဒကိုမနည်းချုပ်တည်းနေသော
လုချန်ပုံစံလေးအားမြင်ခဲ့ရသည်။..
လုချန်ကိုစချင်သည့်အတွက်လုပ်နေကြအ
တိုင်းဇွတ်တိုးမသွားဘဲခုံပေါ်၌ကျင်းအေးအေး
လူလူထိုင်နေလိုက်သည်။
မေးစေ့အားဟန်ပါပါပွတ်လျက်ပင်
တစ်ကိုယ်လုံးအားစားမလိုဝါးမလို
ကြည့်နေသောကျင်းလုပ်ရပ်ကြောင့်
လုချန်အနေရခတ်လာသည်။
ခြေထောက်နှစ်ဖက်ကြားမှထိန်းမနိုင်သိမ်းမရ
ဖြစ်လာသောအရာလေးအားမသိသာအောင်
ဖုံးကာဖိကာဖြင့်လုချန်မျက်နှာလေးနီရဲ
တွတ်လာသည်။
အသနားခံမျက်လုံးရွဲကြီးများနဲ့လာကြည့်နေ
သော်လည်းကျင်းမသိချင်ယောင်သာဆောင်
နေလိုက်သည်။..
အထိအတွေ့ကိုတောင့်တနေသည့်ဆန္ဒတွေကို
မထိန်းချုပ်နိုင်စွာပဲမျက်လုံးအိမ်၌
ရမ္မက်ငွေ့တွေပြည့်လွမ်းလာသည်ကိုကျင်းအတိုင်းသားမြင်နေရသည်။
ရုတ်တရက်ထရပ်လိုက်သောကျင်းကြောင့်
အနားလာတော့မည်ဟုထင်မိသော်လည်းဘယ်တော့မှလိုချင်တာကိုလွယ်ကူစွာမပေးတတ်သောဥာန်ရှိသူပီပီ
"ကောင်းပြီ..ငါပြန်တော့မယ်..ကောင်းကောင်း
အနားယူပါ"
ရယ်မလိုမျက်နှာထားအားတင်းထားလိုက်ပြီး
ဝတ်ရုံအားတဖတ်ဖတ်ခါကာပြန်တော့မည့်
ဟန်ပြုလိုက်သည်။
"ဟမ်?"
ဘယ်တော့မှထိုကဲ့သို့မထိမတွေ့ဘဲမပြန်တတ်
သောကျင်းကအခုလိုစကားမျိုးဆိုလာသည့်
အတွက်လုချန်အံ့ဩနေသည့်အမူအရာက
မထိန်းချုပ်နိုင်ပဲထွက်ကျလာသည်။
"မင်းနေမကောင်းဘူးလို့ငါထင်တယ်..
ကြည့်ပါဦး..အဖျားကြောင့်မျက်နှာတစ်ခုလုံး
နီရဲနေတာပဲ..ဒီလိုအခြေအနေမှာငါ့ဒဏ်ကို
ဘယ်ခံနိုင်မလဲ..နောက်တစ်ခါထပ်လာခဲ့မယ်"
ကျန်းမာရေးအတွက်စိတ်ပူသည့်ဟန်ဆောင်လျက်ပြန်ရန်တံခါးသို့ဦးတည်လိုက်သည်။
"ကျင်း"
လုချန်အမြန်ပင်လက်ကို
မသွားစေချင်သည့်သဘောနှင့်
ဖမ်းဆွဲထားလိုက်သည်။
"ဘာဖြစ်လို့လဲ"
လုချန်ဘာမှပြန်မပြောပဲမျက်လုံးရွဲကြီးများ
ဖြင့်သာကြည့်နေပြန်သည်။
မျက်နှာလေးကနီရဲနေ၍နှုတ်ခမ်းကတင်းတင်း
စေ့ထားသည်..မညီမညာသောအသက်ရှူ
သံတွေနဲ့အတူမျက်ဝန်းအစုံကလည်းအရည်
ရွန်းလဲ့နေသည်။...
မျက်ခုံးများကလည်းတစ်စုံတစ်ရာအားနက်နက်နဲနဲတွေးနေဟန်ဖြင့်ရှုံ့တွနေကြသည်။
ထိုမျက်နှာလေးကြောင့်ကျင်းထိန်းချုပ်မှုတွေ
လွတ်ထွက်ကာစိတ်ဆန္ဒတွေအားရှေ့တန်း
တင်မိတော့မလိုပင်ဖြစ်လာသည်။
သို့သော်လည်းဒီထက်ပိုပြီးလုချန်အားစချင်၍
"ဘာဖြစ်တာလဲ...မကောင်းတော့ဘူး..
နန်းတွင်းသမားတော်ကိုအမြန်ခေါ်မှပဲ"
"ကျင်း!!!!"
တုန်ယင်နေသောအသံလေးကလိုအပ်နေပြီ
ဖြစ်ကြောင်းထုတ်ဖော်ပြောလျက်ရှိသည်။
ကျင်းကတော့မသိကျေးကွန်ပြုလျက်
နဖူးအားပြာသလဲစမ်းကာကိုယ်ပိုင်စိတ်ဆန္ဒအား
လည်းထိန်းချုပ်နေသည်။
"ငါ့ကိုပြောစမ်းပါ..ဘာဖြစ်တာလဲ
ဘယ်နေရာကမသက်မသာဖြစ်တာလဲ"
လုချန်နောက်ဆုံးတော့မခံနိုင်တော့ဘဲ
ကျင်းအားခုတင်ပေါ်သို့ပစ်ချလိုက်သည်။
ကျင်းသည်ပျော်မြူးနေသောစိတ်တွင်းအား
ထိန်းချုပ်ရင်းမျက်နှာက
ထိတ်လန့်သွားဟန်လုပ်နေသေးသည်။
"ဟေး..မင်းအခြေအနေဒီထက်ပိုဆိုးသွားရင်
ငါ့ကိုအပြစ်မပုံချ......အင်း"
နှုတ်ခမ်းတွေဆီအကြမ်းပတမ်းရောက်ရှိလာ
သောလုချန်အနမ်းတွေကြောင့်
စကားပင်ဆက်ခွင့်မရလိုက်..
အဝတ်တွေအားဖြဲနေသောလုချန်အား
ကြည့်ရင်းကျင်းကျယ်လောင်စွာရယ်မောမိသည်။
ထိုကဲ့သို့လုချန်ဘက်ကစသည်မှာရတောင့်
ရခဲဖြစ်ခဲလှသောရှားပါးအခြေအနေပင်..
သို့သော်လည်းပေါက်ကွဲလုမတတ်ဖြစ်နေသော
ကိုယ်ပိုင်အရာကြောင့်ဆက်ဦးဆောင်ခွင့်
မပြုတော့ဘဲ......
"ရယ်ရလို့လား..အရှင်မင်းကြီး"
"ဘာ!?"
အနှောက်အယှက်လာပြုသောတစ်စုံတစ်
ယောက်အားအော်လိုက်ပြီးမှလက်ရှိအခြေအနေ
အားပြန်လည်သုံးသပ်မိသွားသည်။..
ဆွေးနွေးနေသောစစ်သူကြီးမူယွဲ့
ထခုန်မတတ်ပင်လန့်ဖြန့်သွားသည်။
ကျင်းရဲ့ထူးခြားနေသောအမူအရာတွေကြောင့်
မူယွဲ့မျက်မှောင်ကျုတ်မိသည်။
နန်းတွင်းသူတွေအပြောအရ
ကျင်းသည်မနက်ပိုင်းညီလာခံ၌လည်းအဝေးသို့
တွေးဝေငေးမောလျက်ရှိသည်ဟုဆိုသည်။
ထို့ပြင်ကျေနပ်နေသောအပြုံးကြီးက
မျက်နှာထက်တည်လျက်ရှိသည်ဟုဆိုသည်။
မျက်နှာတစ်ခုလုံးကအချစ်ရိပ်လွှမ်းလျက်ရှိပြီး
ကိုယ်လုပ်တော်တွေထဲမှတစ်စုံတစ်ယောက်နဲ့
ချစ်ကြိုက်နေပြီဟူ၍လည်းဆိုကြသည်။
မကြာသေးခင်ကလည်းထူးဆန်းသောအခြင်း
အရာကဖြစ်သွားခဲ့သေးသည်။..
ကိုယ်လုပ်တော်တစ်ဦးထံတစ်ခါသွားပြီးလျှင်
ထပ်သွားလေ့မရှိသောကျင်းသည်
တစ်စုံတစ်ယောက်ထံထပ်ခါထပ်ခါ
သွားနေပြန်သည်။
အလွန်လှပသောအမျိုးသမီးလေးတစ်ဦးဖြစ်ပြီး
ဘုရင့်နှလုံးသားအားစိုးမိုးနေပြီဟု
သတင်းများကပြန့်နှံ့လျက်ရှိသည်။
ကျင်းအကြောင်းအားနားလည်လှသောမူယွဲ့အဖို့ဤသတင်းသည်သံသယဝင်ဖွယ်ကောင်းလှသည်။
ယခုလိုကိစ္စရပ်များနောက်တွင်ဝှက်ထားသောအဓိကအကြောင်းအရာရှိမည်သေချာသည်။
ထိုသို့သောအမူအရာမျိုးသည်လုချန်
အားနိုင်စားပြီးအောင်ပွဲခံသောအပြုံးသာ
ဖြစ်သည်။
"အရှင်မင်းကြီး..အရှေ့အရပ်စစ်မြေပြင်မှ
အစီရင်ခံစာရောက်ရှိလာပါသည်။"
မနေ့ညကအဖြစ်အပျက်ကိုပြန်ပြောင်းတွေး
နေခြင်းအားကြိုးကြိုးစားစားရပ်တန့်လိုက်ပြီး
မူယွဲ့ဆီသို့အာရုံစိုက်လိုက်သည်။
"ဘာတဲ့လဲ"
ငယ်စဥ်ကတည်းဆရာတူထံတွင်ပညာဆည်းပူးခဲ့ကြသည်မို့ကျင်းလေယူလေသိမ်းနားထောင်းလိုက်သည်နှင့်ဘယ်လိုစိတ်သဘောထားကြောင့်မူယွဲ့တပ်အပ်သိသည်။
ကျင်းလုပ်ရပ်များကိုမအံ့သြမိတော့ပေမဲ့လည်းဘာရည်ရွယ်ချက်များရှိသည်ကိုတော့မူယွဲ့မမှန်းဆတတ်
စိတ်မဝင်စားသေယအရာများကိုအလေးအနက်အထားတတ်သည်ကလွှဲလျှင်ကျင်းသည်အဖက်ဖက်ကပြီးပြည့်စုံသောဧကရာဇ်တစ်ပါးလည်းဖြစ်သည်။
ယခင်မင်းဆက်တွေထက်ပင်တာ့ထုန်နိုင်ငံကြွယ်ဝချမ်းသာနေသောအကြောင်းတရားများသည်လည်းဆုံးဖြတ်ချက်ချလိုက်တိုင်းမှန်ကန်သောဧကရာဇ်ကြောင့်ဆိုသည်မှာမလွဲပေ
ကြံရွယ်လိုက်သောအရာတိုင်းသည်အမှတ်သညာထားရလောက်အောင်ထူးခြားပြောင်မြောက်နေခြင်းသည်လည်းမူယွဲ့လေးစားရသောအချက်တစ်ချက်ဖြစ်သည်။
"အရှင်မင်းကြီး...ရှန်းတိုင်းပြည်၏အကူအညီ
နဲ့အတူ၃လအတွင်းတွင်တိုင်းပြည်လေးခုအား
အပိုင်သိမ်းနိုင်ခဲ့ကြောင်းဆိုပါသည်"
"အမ်း...မဆိုးပါဘူး"
ကိုယ့်လူများအားသံသယမထားတတ်သောကျင်းယခုပြောလာသောစကားသည်ရှန်းတိုင်းပြည်နှင့်သက်ဆိုင်သည်။
"အရှင်မင်းကြီး.."
"ဘာပြဿနာရှိလို့လဲ"
"အရှင်မင်းကြီး..ရှန်းတိုင်းပြည်က
ကူညီပေးမည်ဆိုပြီးအချက်အလက်သတင်း
အပေါ်ယံတွေကိုသာပေးခဲ့ပြီး
အရေးကြီးသည့်အကြောင်းအရာ
တွေအားကိုယ်တိုင်သာကိုယ်တွယ်သည်ဖြစ်၍တစ်ခုခုကိုသိုဝှက်ထားမည်ဟုကျွန်တော်မျိုး
ယူဆမိကြောင်းပါ"
"သူတို့ဆီအချက်အလက်တွေကလိုအပ်လို့လား
ကိုယ်ကိုတိုင်ကောမတိုက်နိုင်ဘူးလား"
"စွမ်းနိုင်ပါတယ်အရှင်မင်းကြီး..ဒါပေမဲ့
အချိန်ပိုကြာပါလိမ့်မည်"
ကျင်းမျက်မှောင်ကျုတ်လျက်တစ်ခုခုအား
စဉ်းစားနေပြီးတဖြည်းဖြည်းနဲ့အပြုံးတစ်ခုက
ဖြစ်တည်လာသည်။
"ဘယ်လိုလုပ်ရမလဲသိပြီ"
ရှန်းတိုင်းပြည်ရဲ့ဆန္ဒအားလက်ခံလိုက်ရုံပင်
သူတို့၏မင်းသမီးအားမိဖုရားဖြစ်လာရန်...
ကျင်းအကြောင်းပြချက်အစစ်အမှန်က
ရှန်းတိုင်းပြည်ကြောင့်မဟုတ်....
လုချန်အားထိုအခြွေအရံ၏ရုပ်သွင်အမှန်ကို
ထုတ်ဖော်ပြလျက်ဝေးဝေးနေစေချင်ရုံ
သတ်သတ်သာ....
ကျောက်ခဲတစ်ခဲနှင့်ငှက်သုံးကောင်ထိမည့်အကြံ
ပထမနှင့်အရေးအကြီးဆုံးအချက်...လုချန်
သူ့ထံပြန်လာမည်...လုချန်၏အာရုံစိုက်မှု
တွေအားအခြားသူနဲ့မျှရစရာမလိုတော့
လုချန်သည်ကျင်းတစ်ယောက်တည်း၏
အပိုင်ဖြစ်သည်။....
ဒုတိယ...ရှန်းတိုင်းပြည်မှသတင်းအချက်
အလက်တွေရမည်
တတိယ...အခြားတိုင်းပြည်တွေမှမိဖုရားနေရာ
အတွက်လုတဲ့ကိစ္စသည်လည်းငြိမ်းချမ်း
သွားပေမည်..
ဒီကိစ္စတွေအားလုံးအတွက်ရှန်းဝမ်သည်
ပြီးပြည့်စုံလှသည့်ဓားစာခံ..
ရှန်းဝမ်အကြောင်းခေါင်းထဲပေါ်လာသည်
နှင့်စိတ်မသာမယာဖြစ်လာပြန်သည်။
လုချန်အဆောင်ကိုမသွားခင်ရှန်းဝမ်
ရှိရာအဆောင်သို့သွားခဲ့သေးသည်။
အစ်ကိုလုဆိုပြီးအစချီကာလုချန်ပြောပြခဲ့
သည့်ချစ်သူအကြောင်းအားပြောပြသည်။
"အစ်ကိုလုကလေကောင်းကင်ကိုကြည့်ပြီး
ဝမ်းနည်းစွာပြုံးနေတယ်..သူ့ချစ်သူနဲ့အနာဂတ်
ကလည်းသေချာပုံမရဘူး..ချစ်သူက
အခြားသူဇနီး,မုဆိုးမဒါမှမဟုတ်မင်းသမီးတစ်
ပါးလို့သံသယဝင်ပြီးမေးတိုင်းမှာအစ်ကိုလုက
ခါးသက်စွာပင်ပြုံးပြတယ်..သူ့ချစ်သူကို
သာမန်လူဖြစ်စေချင်တယ်လို့ပြောတယ်ဒါပေမဲ့
တကယ်သာမန်လူဖြစ်မယ်ဆိုရင်သူနဲ့ဆုံတွေ့
ဖြစ်မှာမဟုတ်ဘူးတဲ့..
ကံတရားကြောင့်ပင်တွေ့ဆုံခဲ့ပြီးကံတရားကြောင့်
ပင်ဝေးရတော့ပြန်တယ်..သနားစရာမကောင်း
လွန်းဘူးလား..အရှင်မင်းကြီးရယ်...
အစ်ကိုလုကိုဒီလိုသနားစရာကောင်းတဲ့
အခြေအနေမျိုးမှာဆက်မနေပဲအချစ်သစ်ရှာ
ဖို့အတွက်တိုက်တွန်းခဲ့တယ်..
အမျိုးကောင်းသမီးဆိုရင်အစ်ကိုလုနှလုံးသား
ကိုဒီလိုကစားမှာမဟုတ်ဘူး..
အဲ့မိန်းကလေးနဲ့တွေ့ပြီးလေအစ်ကိုလုအတွက်
သွားကြိမ်းမောင်းပစ်လိုက်ချင်တယ်"
ရှန်းဝမ်၏ယူဆချက်တွေကြောင့်လုချန်
ချစ်သူကျင်းမျက်နှာထက်လူသတ်ချင်နေသော
အငွေ့အသက်တွေလွှမ်းမိုးလာသည်။
ထိုအမျိုးသမီးအပေါ်ကျင်းလည်းဒေါသထွက်
နေသည်ဟုမှတ်ယူလျက်ရှန်းဝမ်စကားဆက်ပြန်သည်။
"အဲ့ဒီအမျိုးသမီးကိုစွန့်ခွာဖို့ပြောလိုက်တိုင်းမှာ
အစ်ကိုလုကပြုံးပြပြီးသူမလုပ်နိုင်ကြောင်းနဲ့
သူ့ချစ်သူကိုယ်တိုင်ကထွက်သွားလို့ပြောမှ
သာစွန့်ခွာနိုင်တယ်လို့ပြောတယ်
ဒါယုံနိုင်စရာတောင်မရှိဘူး
အရမ်းချုပ်ကိုင်ထားတယ်..ရူးသွပ်နေတဲ့
အမျိုးသမီးပဲဖြစ်ရမယ်.
သေချာတဲ့အနာဂတ်ကိုလည်းမပေးဘူး
ထွက်သွားခွင့်ကျတော့မပြုပြန်ဘူး
အစ်ကိုလုလိုလူတစ်ယောက်ကိုချစ်သူတော်ထား
ရတာသူမကအရမ်းအရမ်းအရမ်းကိုကံကောင်း
နေပြီ....အခြားသူဆိုစွန့်ခွာသွားတာကြာနေပြီ
အဲ့လိုအမျိုးသမီးမျိုးကအစ်ကိုလုရဲ့အချစ်နဲ့
မထိုက်တန်ဘူး"
ဘယ်လောက်တောင်ရိုင်းစိုင်းလှတဲ့မင်းသမီးလဲ
ကျင်းသည်ထိုသူနှစ်ယောက်၏ခင်မင်မှုတွေ
အားဆက်လက်သည်းခံနိုင်စွမ်းမရှိတော့
•••••••••
ရှန်းဝမ်ကောင်းကင်အားကြည့်လျက်
သက်ပြင်းချမိပြန်သည်။..ညို့မှိုင်းနေသော
ကောင်းကင်ကြောင့်အစ်ကိုလုနှင့်ဒီနေ့တွေ့ရ
ပြန်ပြီမဟုတ်..
ဧကရာဇ်...
ခေါင်းထဲထိုအကြောင်းအရာပေါ်လာသည်နှင့်
ရှန်းဝမ်ပြုံးမိသည်။
ဘုရင်၏အပြုံးကိုမြင်ယောင်လိုက်တိုင်း
နှလုံးသားလေးကတဆက်ဆက်ခုန်လျက်ရှိသည်။
အစတုန်းကတော့တာ့ထုန်ဧကရာဇ်အားဆဲ
ဆိုရန်စကားပေါင်းစုံမေးမြန်းခဲ့ပေမဲ့
ဧကရာဇ်၏ရှေ့မှောက်တွင်စကားတစ်လုံးမျှ
ပင်မှတ်မိနိုင်စွမ်းမရှိတော့...
အကယ်၍ဘုရင်နဲ့အတူတူဖြတ်သန်းရမည်ဆို
လျှင်ဟူသောအတွေးကြောင့်ဦးခေါင်းကနေ
ခြေဖျားအထိနီရဲတတ်လာပြန်သည်။
မျက်နှာအမူအရာမျိုးစုံပြောင်းနေသောမင်းသမီး
လေးအားကြည့်နေရင်းအခြွေအရံတွေသက်ပြင်းချမိသည်။.
သူတို့၏မင်းသမီးလေးတော့အချစ်နဲ့
တွေ့နေပြီ..
ရွှေကဲ့သို့နှလုံးသားပိုင်ရှင်လေးဖြစ်တာကြောင့်ဘယ်သူမဆိုပြန်လည်ချစ်ခင်ကြခြင်းခံရသောမင်းသမီးလေးလည်းဖြစ်သည်။
ထိုသို့ထက်တူဘုရင်ဆီမှလည်းမင်းသမီးလေးထံအချစ်တွေပြန်လာရန်မျှော်လင့်နေမိကြသည်။
ဘုရင်လီရှန်းထံမှမင်းသမီးလေးမသိစေဘဲ
မှာကြားထားသောတာ့ထုန်နန်းတွင်းရေး၌
သူလျိုလုပ်ရန်ဟူသောအခြင်းအရာက
ရှိသေးသည်။
သူမသာသိလျှင်လက်ခံမည်တော့မဟုတ်
"အရှင်မင်းကြီး..ကြွချီလာပါသည်"
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့်
အဆောင်တော်အတွင်းမှသူများအထိတ်တလန့်
ဖြစ်ကုန်ကြသည်။
"ဘာလဲ..ဘုရင်?..ဘာလို့ဒီအချိန်ကြီးလဲ?"
ဆူညံပွတ်လောရိုက်နေမှုများသည်ကျင်း
အထဲဝင်လာသည်နှင့်တိတ်ဆိတ်သွားကြသည်။
အကုန်လုံးအားထွက်သွားခိုင်းလိုက်ပြီး
အခန်းတွင်း၌နှစ်ယောက်ပဲရှိစေသည်။
"အရှင်မင်းကြီး..မထင်မှတ်ပဲဒီအချိန်ကြီးရောက်
လာ..."
"လာလို့မရဘူးလား"
သာမန်ထက်တည်ငြိမ်အေးစက်နေသောအသံကြောင့်အမြဲတစေနွေးထွေးလှသည့်အသံသာကြားခဲ့ရသောရှန်းဝမ်လန့်ဖြန့်သွားတော့သည်။
"တောင်းပန်ပါတယ်..အရှင်မင်းကြီး"
"မင်းသမီးလီ ရှန်းဝမ်.
နွေဦး၏ပထမဆုံးရက်တွင်မိဖုရားအဖြစ်တင်
မြှောက်မည်ဖြစ်၍ဒီနေ့ကစပြီး
ပြင်ဆင်တော့..သင်ကြားစရာတွေအတွက်
လူလွှတ်လိုက်မယ်"
ရှန်းဝမ်မျက်ဝန်းတွေသည်မယုံကြည်မှုနဲ့
အတူပြူးကျယ်လာသည်။
ဘုရင်အနားတွင်အမြဲတစေရှိနေမည့်မိဖုရားအရာတဲ့လား
ဘုရားသခင်....အံ့သြမှုနှင့်အတူမူးမေ့လဲတော့မလားတောင်ထင်မိသည်။
ကျင်းသည်ထိုစကားဆိုပြီးသည်နှင့်လှည့်
ပြန်သွားသည်။
ဆုံးဖြတ်ပြီးချင်းပင်သတင်းကြားသည်နှင့်ရှန်းဝမ်ဘယ်လိုတုံ့ပြန်မလဲသိချင်သောကြောင့်ကိုယ်တိုင်လာခဲ့ချင်းသက်သက်သာရှိသည်။
"ဂုဏ်ယူပါတယ်..မင်းသမီး..အာ..နောက်ကျရင်
အဲ့ဒီလိုတပ်ခေါ်ရတော့မှာမဟုတ်ဘူး.."
"ယုရီ..ငါတကယ်..မယုံနိုင်ဘူး"
မိဖုရားအဖြစ်တင်မြှောက်လိုက်ခြင်းအားနွေဦး၏ပထမနေ့တွင်ဧကရာဇ်မှကိုယ်တိုင်လာရောက်ပြောကြားသည်။အားမယုံနိုင်သေး
အခြွေအရံများလည်းအခြင်းခြင်းတွတ်ထိုးရင်းထိုသတင်းကောင်းအားအမြန်ပင်အစီရင်ခံဖို့ပြင်နေကြသည်။.မကြာခင်ပင်မိဖုရားအရာရောက်သွားသည်နှင့်သူလျိုအလုပ်
သည်အလွယ်ပင်ဖြစ်သွားတော့မည်
••••••••
"ဘာ"
ကြားလိုက်ခြင်းတွင်လုချန်ထခုန်မတတ်ပင်
အံ့သြသင့်သွားသည်။
ထိုနေ့မျိုးရောက်လာမည်ကိုသိ၍စိတ်အားပြင်
ဆင်ထားပေမဲ့လည်းထိတ်လန့်မိသေးသည်။
အလွန်ပင်တည်ငြိမ်လှသောကျင်းအားကြည့်
လျက်လုချန်လက်သီးတင်းတင်းဆုပ်ထား
မိသည်။
အခုအချိန်မှာဘယ်လိုခံစားနေရကြောင်းကို
ကိုယ်ကိုတိုင်ပင်မသိ..ဒေါသထွက်တာလား
စိတ်ပျက်တာလား..ဝမ်းနည်းတာလား
ဘာမှမသေချာ.
"ကန့်ကွက်မယ်ဆိုရင်တောင်မရဘူး
ငါဆုံးဖြတ်ပြီးသွားပြီ"
ခံစားချက်အားနည်းနည်းလေးမှပင်
အလေးမထားသောကျင်းကြောင့်လက်ပင်း
ညှစ်သတ်ပစ်ချင်စိတ်တွေပေါက်လာသည်။
ဆဲဆိုသံတွေအားမြိုချရင်း
"ဒါဆိုလည်းဘာလို့ငါ့ကိုလာပြောနေလဲ
ငါဆီမှာကန့်ကွက်ပိုင်ခွင့်မရှိဘူးဆိုရင်လည်း
လာပြောမနေနဲ့လေ.."
လုချန်၏သဝန်တိုနေသောအမူအရာလေး
အားကြည့်လျှက်အတွင်းစိတ်အတွင်း၌
ကျင်းရွှင်မြူးနေသည်။
အံကြိတ်လျက်ဒေါသကြောင့်မျက်နှာနီရဲ
နေသည်မှာလည်းအလွန်ပင်ချစ်ဖို့ကောင်းလှပြီး
ဆွဲဆောင်မှုလည်းရှိလှသည်ဟုကျင်းထင်မိသည်။
သို့သော်လည်းကိုယ့်ဆန္ဒကိုကြိတ်မှိတ်
သိမ်းထားလျက်..
"ငါမင်းကိုပြောပြရမှာပေါ့..မင်းကငါ့ရဲ့
တရားမဝင်မိဖုရားလေ..အဲ့ဒါကြောင့်.."
"ဘယ်သူကမင်းမိဖုရားဖြစ်ချင်တယ်ပြောနေလို့လဲ!!!!!!!!"
တံခါးအားဒုန်းကနဲထုကာအော်ဟစ်နေသောလုချန်ကြောင့်ကျင်းစကားတောင်မဆုံးလိုက်နိုင်
"ရှောင်ချန်..ငါပြောတာနားထောင်ပါဦး"
ထို့သို့ကျင်းသုံးနှုန်းလိုက်တိုင်း
မိန်းမငယ်လေးများအားခေါ်ဆိုသလိုခိုင်းနှိုင်းသည်ဟုလုချန်အမြဲမှတ်ယူတတ်သည်။
"ဘာကိုနားထောင်ရဦးမှာလဲ.အရှင်မင်းကြီး
ဆုံးဖြတ်ချက်ဆိုရင်ကျွန်တော်မျိုးကနာခံရမှာ
ပဲမလား.."
"ရှောင်ချန်"
လုချန်ထိုသို့တည်ငြိမ်စွာပြန်ဖြေသည်ထက်အော်ပြီး
သောင်းကျန်းသည်ကိုကျင်းပိုသဘောကျသည်။
"နားလည်ပါပြီ..အရှင်မင်းကြီး"
ပြတ်သားသောအသံနှင့်အတူပြတင်းဘက်သို့
မျက်နှာလွှဲလိုက်သည်။..ဒီအချိန်တွင်တော့ထိုလှပလွန်း
သောမျက်နှာအားမမြင်ချင်..
ပြတင်းပေါက်အပြင်ဘက်မှရှူခင်းအားကြည့်
လျက်အတွင်းစိတ်အားမနည်းတည်ငြိမ်အောင်
စုစည်းနေရသည်။..
ဤအမျိုးသားရှေ့တွင်ပျော့ညံ့မှုဆိုသည့်အရာ
အားမပြချင်...
လုချန်ကျရှုံးခဲ့ပြီ..အသည်းနှလုံးလေးသည်။
ကွဲအက်လျက်ဆုံးရှုံးခဲ့ပြီ
အမှန်တကယ်တော့အစတည်းကသတင်း
စကားတွေလုချန်ကြားမိခဲ့သည်။
ကိုယ်လုပ်တော်တစ်ယောက်တည်းဆီကိုကျင်း
ခဏခဏသွားနေသည်ဆိုသည့်အကြောင်း..
ထိုသတင်းသည်လုချန်အဆောင်စီသို့
မလာတော့သောအချိန်မှာထွက်ပေါ်လာ
ခြင်းဖြစ်သည်။
ကျင်းလာခဲ့သောညကစိတ်ဆန္ဒအားဖော်ပြမိလိုက်
သောအခြင်းအရာကလုချန်ခေါင်းထဲ
ပေါ်လာပြန်သည်။
ပြန်တွေးကြည့်လျှင်ထိုညကကျင်းသည်သာမန်
လာလည်တာပဲဖြစ်နိုင်သည်။
ထိုကိုယ်လုပ်တော်ဆီသွားဖို့ရန်အတွက်
လုချန်အဆောင်မှပြန်ချင်သည်။
ဖြစ်ဟန်တူသည်။
ဤသည်ကိုမိမိမှမတရားတားခဲ့မိသည်။
မဟုတ်ပါလော..ရှက်ဖွယ်ကောင်းလှပါလား
ထိုညအကြောင်းတွေးလေလေလုချန်
ရှက်ရွံ့မိလေလေဖြစ်လာသည်။
ခါးဆီသို့နောက်မှသိုင်းဖက်လာသော
လက်အစုံကိုခံစားလိုက်မိသည်။
လုချန်ပုခုံးပေါ်မေးတင်လိုက်ရင်းလက်များကခါးထက်၌ရစ်တွယ်ထားကာတိုးညှင်းလှသောလေသံဖြင်ြ
"ရှောင်ချန်...ဒေါသမဖြစ်ပါနဲ့
ဘုရင်တစ်ယောက်အနေနဲ့လုပ်ဆောင်ရမဲ့
အရာတွေဆိုတာမင်းသိတာပဲ"
နူးညံ့သောလည်ပင်းသားဆီသို့
ခပ်ဖွဖွလေးနမ်းလိုက်သည်။
ထိခတ်လာသောလေငွေ့နွေးနွေးကြောင့်
လုချန်ကိုယ်လေးတုန်ယင်သွားသည်။
ကျင်း၏ချော့မှူနေမှုများကိုအရှက်တရားကြောင့်လုချန်ငြင်းဆန်နေမိသာ်
"ဒေါသထွက်ခွင့်ကောရှိလို့လား"
"နားထောင်ဦး..ငါ့နန်းဆောင်ကိုဘာလို့
ပြောင်းမလာတာလဲ...ဒါဆိုစိုးရိမ်ကြောင့်ကြ
စရာမလိုတော့ဘူး"
နူးညံ့စွာပြုံးရင်းဖြစ်ချင်သည်ကိုကျင်း
ထုတ်ဖော်ပြလိုက်သည်။
ဘာတွေများဆိုင်သွားတာလဲ..အချစ်သစ်တွေ့နေ
တာတောင်ဘာလို့ငါ့ကိုအနားမှာလာနေ
စေချင်တာလဲ
ကျင်းသည်ဟိုးအရင်ကတည်းကအမြဲတစေနန်းတော်တွင်းလာနေဖို့တိုက်တွန်းတတ်ပြီးလုချန်ကလည်းအမြဲတမ်းငြင်းဆိုလေ့ရှိသည်။
"ပြောပြီးပြီမလား..ငါမနေချင်ဘူးလို့"
ကျင်းကလည်းချစ်တော့တာမဟုတ်သည့်
အတွက်နန်းတော်မှာအမုန်းခံအချုပ်မိခံပြီး
လာမနေချင်.
ကျင်းစိတ်ပျက်မှုတွေနဲ့အတူလုချန်ကိုယ်၌လှုပ်ရှားနေမှုများကို
ရပ်တန့်ကာခုံပေါ်သို့ပြန်ထိုင်လိုက်သည်။
ဒီတစ်ခါတော့လက်ခံမည်ထင်ခဲ့ပေမဲ့လုချန်
ခေါင်းမာမှုကိုအခုအချိန်ထိမတွန်းလှန်နိုင်သေး
လုချန်..ငါထက်ပြီးရှုံးပြန်ပြီ
သူဖြစ်ချင်ဆုံးအရာအလိုချင်ဆုံးအရာသည်
လုချန်နန်းဆောင်မှာအတူတူလာနေရန်
ဖြစ်သည်။...ဘယ်သောအခါမှလုချန်နဲ့
ပတ်သတ်ပြီးမတင်းတိမ်နိုင်..
ညည်းငြူသံလေးပြန်တွေးလိုက်ရုံနှင့်ပင်
အောက်ကအရာကအလိုလိုတင်းမာလာသည်။
နန်းတော်အပြင်မှာရှိနေသောလုချန်ကြောင့်
ဘယ်လိုမှအဆင်မပြေလှ
တစ်ရက်လုံးအောင့်ထားရသလိုအရေးကိစ္စများရှိသည့်အခါဆိုလျှင်တစ်ပတ်လုံးတောင်လုချန်နှင့်တွေ့ဖို့စောင့်ရသည်။
မအောင်မြင်သောအခြင်းအရာကြောင့်ကျင်း
စိတ်ဆိုးလျက်လုချန်ရပ်နေရာသို့
ကြည့်လိုက်သည်။
နောက်ကျောပေးရပ်နေသောလုချန်ပုံရိပ်
လေးကြောင့်သူ့နှလုံးသားလေးပြန်နူးညံ့
လာပြန်သည်။
"ကောင်းပြီ..ငါမင်းကိုသတိပေးစရာလည်းရှိတယ်
မိဖုရားအသစ်နဲ့တရင်းတနှီးမနေပါနဲ့..
အရင်ကအဖြစ်အပျက်မျိုးပြန်ဖြစ်မှာ
ငါမလိုချင်ဘူး"
"ကောင်းပါပြီ..ဘုရင့်မိဖုရားတိုင်းဘုရင့်အချစ်တော်နဲ့ရင်းနှီးနေတယ်ဆိုတာယုတ္တိတောင်မတန်ဘူး"
မောင်းမတော်တွေထံတွင်ဘယ်တော့မှအကောင်းမြင်ခြင်းမခံရသောလုချန်သည်အခုလိုဘုရင့်အချစ်ခံထားရသောမောင်းမတော်ဆိုလျှင်ပိုတောင်းဆိုးပေမည်
"ဘယ်သိမလဲ..ဖြစ်နိုင်တာပဲ
ဘာပဲဖြစ်ဖြစ်ငါသတိပေးထားတာကိုမမေ့နဲ့"
မိတ်ဆွေဖြစ်နေသူ၏သရုပ်မှန်အားလုချန်သိသွားလျှင်ဖြစ်လာမည့်မျက်နှာအားကြိုတင်မြင်ယောင်ရင်းကျင်းကျေနပ်စွာပြုံးနေတော့သည်။
••••••••••••••
Bạn đang đọc truyện trên: AzTruyen.Top