အခန်း(၂)

[[U]]

လျှောက်လမ်းအသွယ်သွယ်အားရင်းနှီးကျွမ်းဝင်ခြင်းမရှိသောသူအဖို့နန်းတော်ကြီးသည်ရှုပ်ထွေးလှသောနေရာတစ်ခုဖြစ်သည်။
အခြွေအရံများတောင်တစ်ခါတစ်ရံလမ်းပျောက်တတ်သေးသည်။
နန်းတော်တွင်း၌မရေမတွက်နိုင်သောမောင်းမတော်များနှင့်ဘုရင့်အမျိုးအနွယ်များအတွက်သီးသန့်ဆောင်များကအများအပြားတည်ရှိသည်။
အဆောင်တိုင်း၌နာမည်ကိုယ်စီနှင့်အသွင်ကိုယ်စီရှိကြပြီးရာထူးမြင့်လေပို၍ကြီးကျယ်ခန့်ညားလေဖြစ်သည်။
စည်ပင်သာယာလှသောတာ့ထုန်အင်ပါယာအနေနဲ့နန်းတော်ကြီး၏ခမ်းနားမှုကတော့
ပြောစရာမလိုတော့ပေ...
ကျယ်ပြောလှသောဝန်းတစ်ခုလုံးတွင်
များပြားသောအဆောက်အအုံများတည်ရှိပြီး
လှပသောဥယျာဉ်များကလည်းနေရာအနှံ့
ပျံနှံ့လျက်ရှိသည်။

ထိုသို့ခမ်းနားကြီးကျယ်လှသောနန်းတော်ကြီး
သည်တိုင်းပြည်ငယ်လေးမှရောက်ရှိလာသော
မင်းသမီးလေးအတွက်ကတော့
အလွန်ပင်အံ့ဩသင့်စရာတွေပင်

ရက်တွေကိုရေတွက်ကြည့်လျှင်မင်းသမီး
ရှန်းဝမ်နန်းတော်သို့ရောက်နေသည်မှာ
တစ်လပင်ပြည့်တော့မည်..
အရင်တိုင်းပြည်မှအခြွေအရံခုနှစ်ယောက်နဲ့
အတူတာ့ထုန်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။
နှင်းဆီနီတွေပတ်လည်ဝန်းရံနေသော
ပတ္တမြားနန်းတော်၌နေထိုင်ရသည်။

မင်းသမီးရှန်းဝမ်သည်ထိုကဲ့သို့
သောအရာများအားစိတ်မဝင်စားလှ..
သိုင်းပညာ၌သာပိုပြီးစိတ်ဝင်စားလှသည်။
သို့ပေမဲ့ဖခမည်းတော်ကခွင့်မပြုသောကြောင့်
မင်းသမီးတို့တပ်အပ်သောပျင်းရိဖွယ်အရာ
များကိုသာလေ့လာရသည်။
ပတ္တမြားနန်းတော်တွင်းလျှောက်ကြည့်နေရင်းနှူတ်ခမ်းအစုံကအလိုမကျမှုကြောင့်ဆူပုတ်လျက်ရှိသည်
ဧကရာဇ်နှင့်ပတ်သတ်ပြီးတော့ဆိုလျှင်လည်းအခြွေအရံများပြောပြထားသလောက်သာသူမသိသည်။
ဘယ်လောက်ပင်သြဇာအာဏာရှိကြောင်းသာအပ်ကြောင်းထပ်နေသည်။
သူမအတွက်တော့ဖခမည်းတော်သည်အထူးချွန်ဆုံးသောဧကရာဇ်တစ်ပါးဖြစ်သည်။
ဖခမည်းတော်၏စစ်ရေးဗျူဟာများကြောင့်သာပဲဘေးဘီနိုင်ငံများ၏သိမ်းပိုက်မှုများကိုကြံ့ကြံ့ခံနိုင်ခဲ့သည်မဟုတ်ပါလား

ပျင်းစရာကောင်းလိုက်တာ

ဂိတ်တံခါးဆီသို့တစ်ချက်ကြည့်လိုက်ကာ
နန်းတော်သို့သွားရာလမ်းကြောင်းကို
ရှာဖွေလိုက်သည်။
တားမယ့်အခြွေအရံတွေလည်းရှိမနေသည့်
အတွက်အိမ်နေရင်းဝတ်စုံကိုပင်မလဲပဲ
ခိုးထွက်လာလိုက်သည်။..
နန်းတော်ကြီး၏အလှအပတွေကိုငေးမော
ကြည့်နေရင်းသူမတိုင်းပြည်ရှိနန်းတော်နှင့်
နှိုင်းယှဉ်ကြည့်နေမိသည်။
ပုံမှန်ထက်သာလွန်သောကြွယ်ဝချမ်းသာမှုတွေထုံလွှမ်းနေသည့်တာ့ထုန်နန်းတွင်းသည်ဆောင်းတွင်းကိုပင်နှင်းဖုံးသောမြေရှိမနေ..

ပါးပြင်ဆီသို့လေအေးများဝှေ့ဝိုက်တိုက်ခက်
လာသည့်အခါချမ်းစိမ့်သောခံစားမှုကြောင့်
တုန်ယင်လာမိသည်။

လေပြည်နဲ့အတူရောပါလာသည့်သင်းပျံလှသော
ရနံ့ကြောင့်ရနံ့ခေါ်ဆောင်ရာနောက်သို့
မင်းသမီးရှန်းဝမ်လိုက်ပါသွားမိသည်။

သူမမျက်စိရှေ့တွင်မယုံနိုင်ဖွယ်ခမ်းနား
တင့်တယ်လှသောဥယျာဉ်တော်ကြီး၌
စိမ်းစိုသောသစ်ပင်ပန်းမန်များနှင့်အတူကြာကန်
ကြီးကိုမြင်တွေ့လိုက်ရသည်။
ကြာကန်၏အလယ်တွင်အဆောင်တစ်ခုသည်
တည်ရှိနေပြီးနတ်ဘုံတစ်ဖွယ်ပင်
သာယာကြည်နူးဖွယ်ကောင်းလှသည်။
သစ်ပင်များကြားတွင်ဖုံးကွယ်နေသည်ဖြစ်၍အဆောင်ထိပ်ဖျားမျှသာမြင်နေရသည်။
မင်းသမီးရှန်းဝမ်သည်ထိုကဲ့သို့
တစ်ခါမှပင်မမြင်ဘူးသောမြင်ကွင်းကြောင့်
အံ့သြမင်သတ်နေသည်။...
ရှေ့မှာရှိနေသောရှူခင်းကြောင့်သူမကိုယ်
သူမပင်နတ်သမီးလို့ပင်ထင်မြင်မိသည်။

ဥယျာဉ်တော်၏အလှ၌ပျော်ဝင်နေ၍
အဆောင်တွင်တစ်စုံတစ်ယောက်ထိုင်နေသည်
ကိုပင်သတိမထားမိလိုက်...

အဆောင်တွင်ထိုင်နေသူသည်သူမအား
ထူးဆန်းစွာစိုက်ကြည့်လျက်ရှိသည်။
ဓားသွားကဲ့သို့တန်းလျက်ရှိနေသော
မျက်ခုံးတွေကကျုံ့နေသည်။..
အကြည့်ချင်းစုံသွားသည့်အချိန်တွင်
ရှန်းဝမ်သည်အကြည့်မလွှဲဘဲထိုသူအား
ပြန်စူးစိုက်ကြည့်လိုက်သည်။

ထိုသူသည်သူမတူထူးကဲစွာအလွန်
ခန့်ညားလှပြီးနတ်ဘုံမှဆင်းသက်လာသည့်
နတ်ဘုရားအသွင်ရှိသည်။

အနှီချောမောခန့်ညားသောသူကတော့ဘုရင့်အချစ်တော်
သခင်လု........

ကျင်းအခေါ်လွှတ်၍ဥယျာဉ်တော်အဆောင်၌
စောင့်နေသည်မှာတစ်နာရီခန့်ပင်ရှိပြီ
တမန်တုန်းကဖြစ်ပျက်ခဲ့သည့်ကိစ္စအရ
ကျင်းအမိန့်ကိုမလွန်ဆန်ရဲ...
ကျင်းကိုစောင့်ရင်းလက်ဖက်ရည်သောက်ကာရူခင်းကြည့်နေခြင်းသာတတ်နိုင်သည်။
ကျင်းရောက်လာတတ်ရာလမ်းတစ်လျှောက်မျှော်ကြည့်လိုက်တိုင်းလည်းလူသူအရိပ်အယောင်ပင်မပြ

ဤအဆောင်လေးသည်သူနဲ့ကျင်း
သီးသန့်အတွက်ရည်ရွယ်ကာဆောက်လုပ်
ထားခြင်းဖြစ်သည်။
နန်းတွင်းသူတွေဆီမှအကြည့်ခံရခြင်းကိုလုချန်
မကြိုက်မှန်းသိသည့်အတွက်
ဘုရင့်အိပ်ဆောင်နှင့်အနီးဆုံးနေရာတွင်အပြင်သူများမမြင်နိုင်အောင်
ဥယျာဉ်အားဆောက်လုပ်ရန်ကျင်းအမိန့်
ပေးခဲ့ခြင်းဖြစ်သည်။

စင်္ကြန်လမ်းတွင်အဖြူရောင်အရိပ်ကလေး
အားတွေ့သည့်အတွက်ကျင်းဟုထင်ပြီး
အမြန်မတ်တပ်ရပ်ကာကြည့်လိုက်ပေမဲ့
သေးငယ်နွဲ့နှောင်းသောဟန်ကြောင့်
ကျင်းမဖြစ်နိုင်မှန်းသိလိုက်သည်။

ခြေသံလေးများသည်တိုးလျားစွာထွက်လာပေမဲ့
သိုင်းတတ်သောကြောင့်တော့ဖြစ်မည်မထင်
ပေါ့ပါးသောခန္ဓာကိုယ်ကြောင့်သာဖြစ်နိုင်သည်။

အဖြူရောင်အရိပ်လေးသည်တစ်စတစ်စ
ရုပ်လုံးပေါ်လာကာချောမောလှသော
မိန်းမပျိုလေးတစ်ယောက်ဖြစ်နေသည်။
သူမမျက်ဝန်းတွေသည်လုံးဝန်းစူးရှလျက်ရှိသည်။
လုချန်နှင့်အကြည့်ချင်းဆုံတာတောင်သိချင်စိတ်များနှင့်သူမကဆက်ကြည့်နေသေးသည်။
သူမမျက်နှာထက်တွင်အလှတရားများကဆေးပန်းချီချယ်ထားသည်။
ထိုမိန်းမပျိုလေးသည်ရှီကျွမ်းအလားပင်
နှစ်လိုဖွယ်အသွင်ရှိသည်။....

အတိတ်ကိုပင်လုချန်ပြန်ပြောင်းသတိရမိ
သွားကာမိန်းမပျိုလေးအား..

"နှမငယ်....
လမ်းပျောက်နေတာလား"

မိန်းမပျိုလေးမထိတ်လန့်စေဖို့ရာ
လုချန်ပြုံးကာမေးလိုက်သည်။
အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့်
နန်းတော်သို့ရောက်တာမကြာသေးသောမောင်းမတော်လေးဖြစ်ဟန်တူသည်။
ထို့ပြင်မောင်းမတော်များသည်
နန်းတော်တွင်းသို့လျှောက်သွားခွင့်မရှိတာကြောင့်ယခုမှအသစ်ရောက်လာပုံရသည်။
ကျင်းကလည်းဥယျာဉ်တော်တွင်းသို့လုချန်
မှလွဲပြီးအခြားသူဝင်ခွင့်တားမြစ်ထားသည်။
မဟုတ်ပါလော..

ရှန်းဝမ်သည်အနည်းငယ်လန့်သွားပေမဲ့
အန္တရာယ်အရိပ်အယောင်မရှိသည့်လုချန်
အသွင်ကြောင့်ခေါင်းငြိမ့်ပြကာ

"နန်းတော်သို့ရောက်သည်မှာတစ်လခန့်သာ
ရှိသေးတော့ဘယ်လမ်းသွားရမယ်
မသိလို့ပါ"

"ဘယ်ကလာတာလဲ"

ကျင်းရုတ်တရက်ရောက်လာပြီးထိုသနားစဖွယ်
မိန်းကလေးအားမြင်တွေ့သွားမှာစိုးသည့်
အတွက်လုချန်စိုးရိမ်ပူပန်နေမိသည်။
မြင်လျှင်သူမကိုဘယ်လိုအပြစ်ပေးမည်
ဆိုသည်ကိုလုချန်မသိ..

"အရှေ့အရပ်မှာရှိသည့်ရှန်းနိုင်ငံကလာတာပါ"

ဒါဆိုရင်အရင်လကရောက်လာခဲ့သောရှန်းမင်းသမီး၏အခြွေအရံများထဲမှတစ်ယောက်ဖြစ်ဟန်တူသည်။

"အိမ်တော်ကိုအမြန်ပြန်သင့်ပြီထင်တယ်
အကုန်လုံးကစောင့်နေကြလိမ့်မယ်
ပြီးတော့ဒီနေရာကိုနောက်ထပ်ထက်မလာနဲ့
ဒီနေရာကသွားချင်တိုင်းသွားလာချင်တိုင်းလာ
လို့ရတဲ့နေရာမဟုတ်ဘူး"

လုချန်၏စကားကိုရှန်းဝမ်ခေါင်းမာစွာ
ပင်ငြင်းဆန်မိသည်။..လှပသောနေရာလေးသည်
ဘာကြောင့်လူတိုင်းအတွက်မဖြစ်ရသည်ကို
သူမ နားမလည်နိုင်..

"ဘာကြောင့်လဲ..ရှင်ကတော့ရတယ်..
ကျွန်မကျတော့ဘာကြောင့်လဲ"

အမှန်တကယ်ပင်ရှီကျွမ်းနဲ့တစ်ထေရာတည်း
ပင်တူလှသည်။..သွက်လက်သောအပြုအမူ
တောက်ပသောအသွင်...သိခြင်စိတ်ပြင်းပြသော
စိတ်ထားတို့သည့်တထပ်တည်းရှိသည်။

ဘာပြောရမည်မသိသောကြောင့်လုချန်
တုံ့ဆိုင်းနေမိသည်။

"ဘာပဲဖြစ်ဖြစ်အခုတော့ပြန်သင့်နေပြီ
ရဲမက်တစ်ယောက်ကိုမေးပြီးလိုက်ပို့
ခိုင်းလိုက်မယ်..ငါလည်းနန်းတွင်းနဲ့
သိပ်ရင်းနှီးတာမဟုတ်ဘူး"

ပထမတော့ရှန်းဝမ်လက်မခံပေမဲ့
ပူပန်နေသောလုချန်အမူအရာကြောင့်
လက်လျော့ကာလိုက်ပါသွားသည်။
လမ်းတစ်လျှောက်စိတ်အလိုမကျစွာခြေဆောင့်နေတာကြောင့်ကလေးဆတ်လှသည်ဟုလုချန်တွေးရင်းပြုံးမိသည်။

မသွားခင်လုချန်နဲ့ဘယ်တော့များ
ပြန်တွေ့ရမလဲမေးနေသေးသည်။

"ငါလည်းမသိဘူး"

အရိုးသားဆုံးအဖြေပင်ဖြစ်သည်။...ကျင်း
ဘယ်အချိန်အခေါ်လွှတ်မလဲသူမှမသိတာ
အနှီနတ်ဆိုးသည်လုချန်ခံစားချက်များကိုဘေးချကာသူဖြစ်ချင်တာသာဦးစားပေးတတ်သူမဟုတ်ပါလား
ဒါ့အပြင်ထိုအခြွေအရံလေးထပ်လာဖို့ကလည်းအန္တရာယ်များလှသည်။
အဆောင်သို့ပြန်လာသည့်အခါ
မကောင်းဆိုးဝါးသည်မျက်နှာရှုံမဲ့ကာထိုင်
လျက်စောင့်နေသည်။..

"ဘယ်သွားနေတာလဲ"
အကြည့်တွေကလည်းအဖြေကိုစောင့်ရင်းတင်းမာနေကြသည်။

"အာ...ငါ...အပြင်ခဏထွက်"

"ထားလိုက်တော့...လာသွားရအောင်"

အနားသို့ရောက်လာပြီးခါးမှဆွဲဖက်ကာ
ခေါ်ဆောင်သွားသည်။

"ဘယ်ကိုလဲ..???"

"ဘယ်ဖြစ်ရမှာလဲ..ငါ့အခန်းပေါ့...
ဒီမှာလုပ်ချင်လို့လား"

လုချန်မျက်နှာသည်ကြာပန်းထက်ပင်
နီရဲတတ်လာကာ

"ဒါပေမဲ့..လွန်ခဲ့တဲ့၈နာရီတုန်းကလုပ်ခဲ့သေးတယ်
လေ...ဘာလို့"

မနေ့ညကကိစ္စကခေါင်းထဲပေါ်လာပြန်သည်။
တစ်ညလုံးပင်ကုန်ဆုံးခဲ့ပြီးမနက်ကျ
လုချန်မထနိုင်တော့...

"အဲ့တော့"

နှုတ်ခမ်းအားခပ်ဖွဖွနမ်းလိုက်ပြီး

"ဒါမင်းအပြစ်ပဲလေ...မနေ့ညကအရမ်းဆွဲဆောင်မှုရှိတဲ့မင်းအသွင်ကိုပြန်မြင်ယောင်တိုင်း
ငါစိတ်တွေတအားကြွလာရော..လာပါ...ငါထိန်းမထားနိုင်တော့ဘူး"
သူလုပ်ချင်တာတွေအားကိုယ့်အပေါ်အပြစ်လာပုံချနေတာကြောင့်လုချန်ကြောင်သွားသည်။
အူလည်လည်ဖြစ်နေဆဲမှာပဲဧကရာဇ်မှအိပ်ရာတွင်းသို့ပစ်ချခြင်းကိုခံလိုက်ရသည်။
နန်းဆောင်ကုတင်သည်ထုံးစံအတိုင်း
ချစ်တင်းနှောခြင်းအတွက်သက်သေခံအရာတစ်ခုအဖြစ်တာဝန်ထမ်းဆောင်နေတော့သည်။

တစ်နာရီခန့်အကြာ...

ဘုရင်အိပ်ရာထက်တွင်လုချန်သည်ကပိုကရို
လဲလျောင်းလျက်အားအင်လျော့နည်းသည့်
အခြေအနေဖြစ်နေသည်။
သို့ပေမယ့်လည်းကျင်းကတော့
ချစ်ရည်လူးရင်းလုချန်အတွင်းအားတွေကို
အကုန်ဆုပ်ယူလိုက်သည်ထင်ရဲ့..
အားအင်အပြည့်နှင့်တတ်ကြွလျက်ရှိသည်။
ထို့နောက်လုချန်အားခေါင်းမှခြေဖျားတိုင်အောင်ရှက်စိတ်တွေမွှန်ထူလာစေနိုင်သောအကြည့်ဖြင့်ခေါင်းအစခြေအဆုံးရူစားနေတော့သည်။
လုချန်ခန္ဓာကိုယ်ရှိချွေးစေးများအား
သုတ်ပေးရင်းဖြင့်

"ရှောင်ချန်...ဒီမှာပြောင်းနေပါ..ဟုတ်ပြီလား"

ရင်ခွင်တွင်းဆွဲသွင်းကာ
နားရွက်နားသို့တိုးတိုးလေးကပ်ပြောလိုက်သည်။

လုချန်ရင်ခွင်အတွင်းမှရုန်းထွက်ကာရီဝေဝေမျက်ဝန်းအစုံအားကြည့်ရင်း

"မနေဘူး"

"ဘာလို့လဲ"

"ဘာကြောင့်လဲဆိုတာမင်းသိပါတယ်
ငါနန်းတော်ကိုမလာချင်တာနဲ့အကြောင်းပြချက်
တူတူပဲ"

မကြာသေးခင်ကမှရီဝေဝေမျက်ဝန်းများသည်ယခုတွင်တော့တောက်ပကြည်လင်လျက်ရှိပြီးလုချန်နှုတ်ခမ်းတွေအားအကြမ်းပတမ်းနမ်းရှုပ်တော့သည်။

"အာ့"

ညည်းငြူသံလေးသည်လည်ချောင်းတွင်း
မှထွက်ပေါ်လာသည်။

ကျင်းနဲ့အတူလာနေဖို့ရာငြင်းဆိုသည့်
အကြောင်းပြချက်ကတော့သိသာလှသည်။
နန်းတွင်းသူတွေ၏အကြည့်အားလုချန်
မခံစားနိုင်..
ထိုအကြောင်းအရာကိုသိသောကျင်းသည်ကြီးမားလှသောဥယျာဥ်ကြီးအားပြုလုပ်ပေးပေမဲ့လုချန်သည်ဤမျှလောက်နှင့်ယိမ်းယိုင်သွားတတ်သူမဟုတ်
ထို့ပြင်နန်းတော်တွင်း၌နေသည်ဆိုလျင်
ကိုယ်လုပ်တော်စာရင်းဝင်သွားမှာစိုးလှသည်။
မောင်းမတော်တွေထဲမှရာထူးအကြီးဆုံးဖြစ်ရင်တောင်ဒါဟာယောကျ်ားတစ်ယောက်ဂုဏ်ယူသင့်သောအရာမဟုတ်
ဂုဏ်ယူစရာရာထူးဖြစ်သည့်မူယွဲ့လက်အောက်ခံရာထူးရထားပေမဲ့ကျင်းခွင့်မပြု၍စစ်မြေပြင်ကိုရောက်ဖူးခဲ့သည်မဟုတ်

"ဒီမှာနေမယ်ဆိုရင်ငါမင်းနဲ့အချိန်ပြည့်နေပေးလို့
ရတယ်..နောက်တစ်ခုကဘယ်သူမှ
အန္တရာယ်ပြုနိုင်မှာမဟုတ်ဘူး"

ကျင်းသည်ချိုသာလှသောအသံနူးညံလှသော
အပြုံးများနှင့်ဆွဲဆောင်ရန်ကြိုးပမ်းပြန်သည်။

စိတ်မယိုင်သွားစေရန်အဝေးသို့ကြည့်နေလိုက်
ပြီး

"အန္တရာယ်အပေးဆုံးသူကမင်းပဲ
ငါဒီမှာနေမယ်ဆိုရင်နောင်နှစ်ဆောင်းတွင်း
ထိတောင်အသက်ရှင်မယ်မထင်ဘူး"

လုချန်ခေါင်းအားခပ်ဖွဖွတစ်ချက်ရိုက်ကာ

"အရမ်းခေါင်းမာတာပဲ"

"ငါတို့ညတိုင်းအတူရှိတာပဲလေ..
တူတူနေတယ်မှတ်ယူလို့ရတာပဲ"

လုချန်အပြောနှင့်အတူအတွေးတစ်ခုသည်ကျင်းခေါင်းထဲ
ရုတ်ချင်းဝင်ရောက်လာသည်။

တကယ်လို့ညတိုင်းမသွားဘူးဆိုရင်
လုချန်ကနန်းတွင်းလာနေမှာလား

"ဘာလဲ..ဘာအကြံဥာဏ်တွေ
ပေါ်လာလို့လဲ"

ပြုံးစိစိလုပ်နေသောကျင်းကြောင့်
လုချန်မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"
လုချန်ကိုဘယ်လိုဆွဲဆောင်ရန်ကောင်းမလဲစဥ်းစားရင်းလူကိုယ်တိုင်လည်းပျော်မြူးလာသည်။

ကျင်းစကားတွေကယုံရခက်ခက်ဖြစ်တာကြောင့်
လုချန်အတော်ပင်စိတ်ရှုပ်သွားပြီး
ရုတ်တရက်ခေါင်းထဲမှာရှီကျွမ်းနဲ့တူသော
မိန်းကလေးအကြောင်းပေါ်လာပြန်သည်။

"ကျင်း...ဟိုဟာ"

မေးရင်ပြင်လိုက်ပေမယ့်ဘယ်လိုလုပ်ပြီး
ကျင်းကမရေမတွက်နိုင်တဲ့မိန်းမပျိုတွေကို
မှတ်မိမှာလဲ

"ဘာကိစ္စလဲ
စိတ်ထဲမှာဘာရှိနေတာလဲ
အဲ့လိုမျိုးစိတ်ထဲသိမ်းထားတာကို
ငါမကြိုက်ဘူး"
တစ်ခုခုဆိုလျှင်မြိုသိပ်ထားသောလုချန်အကျင့်ကိုကျင်းသိသည်။

"မဟုတ်ဘူး..အရေးမကြီးပါဘူး"

စကားဆက်မပြောချင်ပုံပေါ်နေသည့်လုချန်
ကြောင့်ဆက်မမေးတေ့ာဘဲအိပ်ရာမှထကာဝတ်ရုံဝတ်ဆင်လိုက်ပြီး

"တစ်ခုခုသွားစားရအောင်
မင်းဘာမှမစားရသေးဘူးမလား"

••••••••

ပတ္တမြားနန်းတော်,

မင်းသမီးကိုအပေါက်ဝမှာလှမ်းမြင်သည်နှင့်
အခြွေအရံတွေသည်အော်ငိုကြတော့သည်။

"မင်းသမီး..."

အယုံကြည်ရဆုံး.အရင်းနှီးဆုံးဖြစ်သည့်ယုရီ
သည်အရှေ့ထွက်လာကာခါးထောက်လျက်

"ဘယ်တွေသွားနေတာလဲ..
မင်းသမီးရှန်းဝမ်"
မင်းသမီးကတော့ထုံးစံအတိုင်းချစ်စဖွယ်ကောင်းလှသောအပြုံးနှင့်လုပ်ခဲ့သည်များကိုရှောင်ဖယ်ရန်ပြင်နေသည်။
"အဲ့အပြုံးလာအပြုံးနဲ့..ဘယ်လောက်စိတ်ပူနေကြတာကိုမသိဘူးလား
အိမ်တော်အတွင်းကနေပြီးအပြင်ထွက်ခွင့်
မပြုထားဘူးလေ"

"ဒါပေမဲ..ပျင်းဖို့ကောင်းတယ်လေ"

"ခေါင်းဖျက်ခံရဖို့အတွက်သင့်တော်တဲ့အကြောင်းပြချက်တော့ဟုတ်မနေဘူးနော်"

"တောင်းပန်ပါတယ်"

မျက်တောင်များတဖြတ်ဖြတ်ခတ်ကာ
မျက်လုံးရွဲကြီးများဖြင့်တောင်းပန်တော့သည်။
ငယ်စဥ်ကတည်းကစောင့်ရှောက်လာခဲ့သူဖြစ်သည့်အတွက်မင်းသမီးဘယ်လိုနည်းလမ်းသုံးမည်အားနားလည်လှသည်။

"မင်းသမီး...ကျွန်တော်မျိုးမတောင်းဆိုပါတယ်
ဒါရှန်းတိုင်းပြည်မဟုတ်ပါဘူး
သေသေချာချာသွားလာလှုပ်ရှားရပါမယ်
တာ့ထုန်ရဲ့ဥပဒေတွေကလည်းထင်သလို
သက်ညာသည်မဟုတ်ပါ"

"မှတ်ထားပါ့မယ်"

"ဟုတ်ပြီ.အခုပြောပြပါဦး
အိမ်နေရင်းဝတ်စုံနဲ့ဘယ်တွေလျှောက်သွား
နေတာလဲ"

"အာ...အရမ်း.အရမ်း.အရမ်း.ခမ်းနားတဲ့
ဥယျာဉ်တော်ကြီး..ငါဘာမြင်ခဲ့လဲဆိုတာ
ယုံတောင်ယုံနိုင်မှာမဟုတ်ဘူး"

"မင်းသမီးကဘာမြင်ခဲ့တာလဲ"

"ကြာကန်ကြီးရဲ့အလယ်မှာအဆောင်လေးတစ်
ဆောင်ရှိတယ်...ရေကန်ကြီးကဒီနန်းဆောင်
ထက်တောင်ကြီးသေးတယ်.
အဲ့ဒီကရှူခင်းတွေကလေကမ္ဘာပေါ်မှာ
မဟုတ်ဘူးလို့တောင်ထင်မိတယ်
နတ်ပြည်ကိုရောက်သွားသလိုပဲ"

"ကျွန်တော်မျိုးမမျက်လုံးနဲ့ကိုယ်တိုင်
မြင်ချင်လိုက်တာ"

"အဲ့ဒါတော့မဖြစ်နိုင်ဘူး..အဆောင်အတွင်းမှာ
ရှိနေတဲ့နတ်သားအသွင်သူကဒါလူသားတွေ
အတွက်တားမြစ်နေရာလို့ပြောတယ်"

"မင်းသမီး..စိတ်ဝင်စားအောင်လုပ်ပြန်ပြီ
နတ်သားအသွင်သူကဘာများလဲ"

"ဟမ်...သေချာတော့မသိဘူး..
မင်းဆွေမျိုးထဲကလို့ထင်တာပဲ"

တွေ့ခဲ့ရသည့်ဖော်ရွေပျူငှာသောသူအသွင်ကိုပြန်မြင်ယောင်လာပြီး

"ဒါပေမဲ့..နန်းတွင်းနဲ့သိပ်မရင်းနှီးဘူးလို့ပြောတယ်..ဟမ်..သခင်ဒါမှမဟုတ်အထက်တန်း
လွှာထဲကဖြစ်လောက်မယ်
ကုန်းကုန်းကတလေးတစားနဲ့ဆက်ဆံတာဆိုတော့အထက်တန်းလွှာထဲကဖြစ်နိုင်တယ်"

"နာမည်ဘာတဲ့လဲ..ဘယ်လိုပုံစံမျိုးလဲ"

သံသယံဝင်ဖွယ်ကောင်းသောသူအသွင်ကြောင့်အခြွေအရံများလည်းစိတ်ပူကုန်ကြသည်။

"နာမည်ကိုမေးဖို့မေ့ခဲ့တယ်
သူကအရပ်ရှည်ပြီးအစ်ကိုတော်ထက်တောင်
ခန့်ညားလှတယ်...အသွင်ကိုကြည့်ရတာက
သိုင်းပညာမှာတော်တော်ကျွမ်းကျင်ပုံရတယ်
စကားပြောတဲ့အသံကအစ်ကိုကွမ်ရှန်း
လိုပဲ..သူနဲ့ထပ်တွေ့ချင်လိုက်တာ"

မင်းသားကွမ်ရှန်းသည်မင်းသမီး
အနှစ်သက်ဆုံးသောအစ်ကိုတော်
တစ်ပါးဖြစ်သည်။..
အိမ်ရှေ့မင်းသားကွမ်ရှန်းနဲ့နှိုင်းယှဉ်
နေတဲ့ပုံထောက်ရင်ထိုသူသည်အင်မတန်ပင်
စိတ်သဘောထားနူးညံ့သူဖြစ်လောက်မည်။
အပြောနဲ့တောင်ထိုသူအားမြင်ဖူးချင်ကြပေမဲ့ကိုယ့်တိုင်းပြည်မဟုတ်တာကြောင့်သိချင်စိတ်များထိန်းကွပ်ထားလိုက်ကြတော့သည်။

••••••••••

Bạn đang đọc truyện trên: AzTruyen.Top